Unicode Version
စုန်းထီးကြီး ဦးဘသာနှင့် ခြေရာတစ်တောင် မောင်မဲခေါင် (စ/ဆုံး)
———————————————————————————
အတွဲ(၂) စာစဉ် (၁၅)
(၁)
ကိုအေးတို့ အိမ်ခွဲနေလိုက်တော့ ဦးအောင်ရှိန်တို့အိမ်က ကျယ်သွားတယ်ဗျ၊ အရင်က ဦးအောင်ရှိန်တို့အပေါ်ထပ်မှာ ဦးအောင်ရှိန်တို့လင်မယားရယ်၊ ကိုအေးတို့လင်မယားရယ် နေကြတာမဟုတ်လား၊ အခုတော့ ဦးအောင်ရှိန်တို့လင်မယားပဲရှိတော့တာပေါ့၊ အောက်ထပ်မှာကျတော့ မနှင်းကြည်နဲ့ မိသက်နဲ့အတူတူနေကြတယ်လေ။
ဒါပေမယ့် မခင်ကြည်ကတော့ မပျက်ကွက်ပါဘူးဗျာ၊ မနက်မိုးမလင်းသေးဘူး၊ ဒီဘက်အိမ်ကိုရောက်လာပြီး ချက်ပြုတ်နေပြီဗျ၊ သူတို့က အိမ်သာခွဲနေပေမယ့် အိုးစားတော့မခွဲသေးဘူးပေါ့ဗျာ။ ဒီဘက်အိမ်မှာကလည်း မခင်ကြည်မှမရှိရင် လုပ်မယ့်ကိုင်မယ့်လူမှ မရှိတာပဲဗျာ။
ကျုပ်နဲ့ကိုအေးလည်း အတွဲမိနေတာပေါ့ဗျာ၊ တစ်ရက်တော့ ညနေစာစားမလို့လုပ်နေတုန်းကိုအေးက ယာခင်းထဲကပြန်လာပြီး သူတို့အိမ်ရှေ့ကနေကျုပ်ကိုအသာလက်လှမ်းပြတယ်ဗျ၊ နှုတ်ခမ်းကိုလည်း ရှူးရှူးဆိုပြီးလုပ်ပြတော့ တစ်ခုခုတော့ တစ်ခုခုပေါ့လေ၊ ကျုပ်လည်း သူ့ဆီအပြေးလာခဲ့တယ်၊
“ဟေ့ ခင်ကြည်ဘာလုပ်နေလဲ”
“ထမင်းစားဖို့ပြင်နေတယ်လေဗျ၊ ဘာလဲသွားခေါ်ရမလား”
“မခေါ်ပါနဲ့ကွာ၊ လာစမ်းပါ၊ မင်းအမဲသားစားလား”
“စားတာပေါ့ဗျာ”
“ကောင်းပြီ၊ လာ၊ ဒါဆို ငါ့အိမ်ထဲကိုဝင်”
ကျုပ်လည်း ကိုအေးအိမ်ထဲကိုဝင်လိုက်တော့မှ ကိုအေးက ဖက်နဲ့ထုပ်ပြီးဖွက်ယူလာတဲ့အမဲသားတွဲကိုပြတယ်ဗျ၊ အသားကလတ်သလားတော့မမေးနဲ့နီရဲနေတာပဲဗျာ၊ အသားစိမ်းနံ့ကိုက မွှေးနေတာဗျ။
“လာကွာ၊ ငါတို့နှစ်ယောက် သူတို့မသိခင် အမဲသားတွေကြော်စားစို့”
ကိုအေးက မီးဖိုထဲဝင်သွားတယ်၊ ထင်းမီးမွှေးပြီးတော့ သံဒယ်အိုးကလေးတင်ပြီး နှမ်းဆီထည့်တယ်ဗျ၊ ကျုပ်ကတော့ အမဲသားတွေကို ရေဆေးပေးရတာပေါ့၊ ပြီးတာ့ ဆားနဲ့ဆနွင်းနဲ့နယ်ပေးရတယ်။ အမဲသားတွေက အသားချည်းပဲဗျာ၊ တစ်ပိဿ တောင်မကဘူးထင်တယ်။ နောက်တော့ အတုံးသေးသေးလေးတွေတုံးပြီးတော့ ဆီပူထဲထည့်လိုက်တယ်၊ အမဲသားကြော်နံ့က မွှေးပြီးတက်လာတာပေါ့ဗျာ။
“ဒါနဲ့ ကိုအေးက အမဲသားကို ဘာလို့ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲဗျ”
“မင်းကလည်း မသိဘူးလားကွ၊ အဘိုးကြီးက အမဲသားစားတာမကြိုက်ဘူးကွ”
ကိုအေးက လူလစ်ရင်တော့ ဦးအောင်ရှိန်ကို အဘိုးကြီးလို့ခေါ်သဗျ၊ သူ့မိန်းမရှေ့ကျရင်တော့ အဖေတဲ့၊ ကိုအေးမျက်နှာက သိပ်အပြောင်းအလဲမြန်တာ၊ သူအရက်မူးပြီဆိုရင် ကျုပ်ကိုယောက်ဖလို့ခေါ်တယ်၊ အမူးပြေရင်တော့ ယောက်ဖလို့သွားမပြောနဲ့၊ လက်သီးစာမိသွားမယ်မဟုတ်လား။
“အဘိုးကြီးက အထက်လမ်းဆရာဆိုတော့ အမဲသားစားတာမကြိုက်ဘူးကွ၊ ခင်ကြည်ကလည်း သူ့သမီးဆိုတော့ အမဲသားမစားဘူး၊ ငါကတော့ အမဲသားဆိုသိပ်ကြိုက်တာ၊ ဒါပေမယ့်မင်းသိတဲ့အတိုင်း အရင်က သူတို့အိမ်ကပ်နေရတာဆိုတော့ အပြင်မှာခိုးစားမှပဲရတာ၊ အခုတော့ ကိုယ့်အိမ်နဲ့ကိုယ်ဖြစ်သွားပြီမဟုတ်လား”
ကိုအေးက ကြော်ပြီးသား အမဲသားတုံးတစ်တုံးကျုပ်ကိုပေးလိုက်တော့ ကျုပ်လည်းကောက်ဝါးလိုက်တယ်၊ အမဲသားကြော်က နူးအိပြီးတော့ အရသာသိပ်ရှိတာဗျာ။ ကျုပ်လည်းအမဲသားမစားရတာ တစ်လလောက်ရှိတော့မှာဆိုတော့ ငတ်ငတ်နဲ့စားတာပေါ့ဗျာ။ ကိုအေးကလည်း အမဲသားတစ်တုံးကို ပလုပ်ပလောင်းနဲ့ဝါးတယ်၊ ပြီးတော့ မီးဖိုချောင်က ကြွက်လျှောက်တန်းပေါ်တင်ထားတဲ့ ပုလင်းတစ်လုံးကိုသွားယူတယ်၊ ပုလင်းမှာက လက်ရေးကြီးကြီးနဲ့ ရေနံဆီလို့ရေးထားသဗျ။
“ကိုအေး ဒါဘာလုပ်တာလဲ”
ကိုအေးက ရေနံဆီပုလင်းကိုဖွင့်ပြီးမော့သောက်တယ်ဗျ။ ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊ ကိုအေးတော့ သေကြောင်းကြံပြီလားပေါ့၊ သူကတော့ အေးဆေးပဲ တစ်ငုံသောက်ပြီးတော့ ကျုပ်ကိုရေနံဆီပုလင်းလှမ်းပေးတယ်။ ကျုပ်လည်းယူပြီးနမ်းလိုက်တော့ ရေနံဆီနံ့မထွက်ဘဲနဲ့ အရက်နံ့ဗျ။ ကျုပ်လည်းကိုအေးကိုရယ်ပြီးကြည့်လိုက်တာပေါ့ဗျာ။
“ဟဲဟဲ ဒီလိုပဲ လုပ်ထားရတာကွ၊ ခင်ကြည်လစ်တဲ့အချိန် ဒါလေးမော့မော့နေရတာ”
“ခင်ဗျားတော်တော်ဥာဏ်များတဲ့လူပဲ ကိုအေး”
ကျုပ်တို့လည်း အရက်လေးသောက်လိုက် အမဲကြော်လေးစားလိုက်နဲ့ပေါ့ဗျာ။
“ဒီလောက်ကောင်းတဲ့အသားကို သူတို့တွေဘာလို့ရှောင်သလဲဆိုတာ တွေးလို့ကိုမရဘူးကွာ”
ကိုအေးက ထွေလာတော့ ထုံးစံအတိုင်း စကားစလာပါရော။
“ဟုတ်တယ်ဗျာ၊ ဦးအောင်ရှိန်က အထက်လမ်းမို့မစားတာထားပါတော့၊ ဦးဘသာလည်း စုန်းဖြစ်ပြီး အမဲသားကိုမစားဘူးဗျာ၊ ကျုပ်တို့ကတော့ အမဲသားဆိုရင်သိပ်ကြိုက်တာ၊ ဟောဒီပါးစပ်ထဲကို အကောင်လိုက်မောင်းသွင်းလို့ရရင် မောင်းသွင်းချင်တာဗျ၊ ဟား၊ ဟား”
အိမ်ရှင်စိတ်ကြိုက် ဖော်လိုလိုက်ပြီးပြောရတာပေါ့ဗျာ၊ ကျုပ်တို့စားပြီးမကြာပါဘူး၊ ဖိုးတွမ်တီးကပြေးဝင်လာတယ်။
“ဖေကြီး၊ မေကြီးက ထမင်းစားမယ်တဲ့၊ အဲ၊ ဖေကြီးတို့ဘာတွေကြော်နေကြတာလဲ”
အမေးအမြန်းထူပြီး သိပ်ပါးတဲ့ဖိုးတွမ်တီးရောက်လာတော့ ကျုပ်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာလုပ်ရမှန်းမသိဘူးပေါ့ဗျာ၊ ကိုအေးက ကျုပ်ထက်အာသွက်တယ်ဗျ။
“အေး သားေရ၊ အဖေတို့ ချေသားတွေ ကြော်စားနေတာ၊ ငါ့သားစားကြည့်ပါလား”
ကိုအေးက ဖိုးတွမ်တီးကို ချေသားဆိုပြီး အမဲသားကြော်တစ်တုံးပေးလိုက်တယ်။ ဖိုးတွမ်တီးကလည်း အမဲသားကြော်ကိုစားရင်းကြိုက်သွားတယ်ထင်ပါ့။
“ကောင်းလိုက်တာဖေကြီးရာ၊ အဲဒါ ချေသားတဲ့လား”
“မင်းမစားဖူးဘူးမဟုတ်လား၊ စားကွ၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်၊ မင်းအမေကိုတော့ ပြောလို့မဖြစ်ဘူး၊ ပြောရင်မင်းကို မကျွေးတော့ဘူး”
“စိတ်ချပါဖေကြီးရာ၊ စားလို့ကောင်းလိုက်တာ နောက်တစ်တုံးလောက်”
ဖိုးတွမ်တီးပါ ကြာနေရင် မကောင်းတော့ဘူးလေဗျာ၊ ဒါနဲ့ပဲ သူ့ကိုပြန်လွှတ်လိုက်ရတယ်။ ကျုပ်တို့ခဏနေရင်လာခဲ့မယ်ဆိုပြီးတော့ ပြောလိုက်တာပေါ့ဗျာ၊ ခိုးစားရတဲ့အသားမို့လို့လားမသိဘူး သိပ်ကိုအရသာရှိတာဗျ။
ကျုပ်တို့စားနေရင်း ဗြုန်းဆို မခင်ကြည်က မီးဖိုထဲဝင်ချလာပါရော၊ ကျုပ်ကလည်း အရက်ပုလင်းကြီးမော့နေတုန်းတန်းလန်းကြီးဆိုတော့ ဖွီးခနဲဖြစ်သွားတာပေါ့ဗျာ၊ မခင်ကြည်က မီးဖိုချောင်ထဲ ကုပ်နေကြတဲ့ကျုပ်တို့ကိုကြည့်ပြီးတော့
“ရှင်တို့ချေသားတွေစားနေကြတယ်ဆို၊ ကျုပ်ကိုလည်း ကျွေးပါအုံးတော်”
ကိုအေးက အမဲသားကြော်ထည့်ထားတဲ့ပန်းကန်ကိုမခင်ကြည်ဆီကိုလှမ်းပေးတယ်ဗျ၊ ကိုအေးလက်တွေ တဆတ်ဆတ်တုန်လို့ဗျာ၊ မခင်ကြည်က အမဲသားတစ်တုံးကောက်ပြီးတော့
“ကိုအေး . . .”
“ဗျ . . . ဗျာ . . .”
“ရှင့်ဟာက ချေသားရောဟုတ်ကဲ့လား”
ကိုအေးက ဘာမှမပြောဘဲ မျက်နှာသေလေးနဲ့လုပ်နေတယ်၊ မခင်ကြည်က အသားတုန်းကိုအသေအချာအနံ့ခံကြည့်ပြီးတော့ မျက်နှာကတစ်ဖြည်းဖြည်းတင်းမာသွားတယ်။
“ဒီမယ်ကိုအေး . . .”
“ဟေ . . ခင် . . ခင်ကြည်”
“ဒါဘာသားတုန်းတော့ . . .”
“ငတင့်ကတော့ ချေ . . ချေသားလို့ပြောတာပဲကွ”
“ရှင်ကျုပ်ကိုမလိမ်နဲ့ ငတင့်ဆိုတာ အမဲသတ်တဲ့လူ၊ သူက ဘယ်ကချေသား ရမှာလဲ”
“အေး . . အေး၊ မသိပါဘူးကွာ၊ သူက ချေသားဆိုတော့လည်း . . . ဟဲ . .ဟဲ”
သူ့မိန်းမမြင်တော့ ကိုအေးအမြှီးကုပ်သွားတဲ့ရုပ်ကို ခင်ဗျားတို့ကို ပြချင်တယ်ဗျာ၊ ကိုအေးက ဘာလို့လဲမသိဘူး မခင်ကြည်တော့ သိပ်ကြောက်တာဗျ။ မခင်ကြည်က ကျုပ်ဘက်ကိုလှည့်လိုက်တယ်၊ ကျုပ်က ရေနံဆီလို့ရေးထားတဲ့ ပုလင်းအနက်ကြီးကိုင်လို့ပေါ့ဗျာ။
“ဟဲ့အလတ်ကောင်၊ နင့်လက်ထဲက ပုလင်းငါ့ကိုပေးစမ်း”
ကျုပ်လည်း ဘာပြောရမှန်းမသိ၊ ပေးရကောင်းနိုးနိုး၊ မပေးရကောင်းနိုးနိုးပေါ့ဗျာ။
“ငါ့ကိုအခုပေးစမ်းအလတ်ကောင်”
ကျုပ်ကိုထအော်တာနဲ့ ကျုပ်လည်းပေးလိုက်ရတာပေါ့ဗျာ၊ မခင်ကြည်က ပုလင်းကိုနမ်းကြည့်ပြီး
“ဟင် . . . ကြည့်စမ်း၊ ကိုအေး၊ ရှင်ပြောတော့ ရေနံဆီဆို . . .”
“အေးလေ၊ ခင်ကြည်ရဲ့ . . . ဒီရေကလည်း နံတယ်မဟုတ်ဘူးလား”
“တိတ်စမ်း၊ ရှင်တို့နှစ်ယောက်ပေါင်းပြီးတော့ ကျွန်မကိုမလှိမ့်တပတ်လုပ်တယ်၊ အဖေမကြိုက်၊ ကျွန်မမကြိုက်တဲ့ အမဲသားကို ခိုးစားကြတယ်၊ ပြီးတော့ အရက်ကိုလည်း ရေနံဆီဆိုပြီးတော့ ခွက်ပုန်းခုတ်ကြသေးတယ်၊ ဒါတင်မကဘဲ ကျုပ်သား . . ကျုပ်သားကလေးကိုလည်း ချေသားဆိုပြီး အမဲသားတွေ ကျွေးလိုက်တာမဟုတ်လား”
ကိုအေးက လက်သုံးချောင်းထောင်ပြီး
“သုံးတုံးထဲ ကျွေးလိုက်တာပါကွာ”
“တော်စမ်း၊ ရှင်တို့တော်တော်တရားလွန်နေပြီ၊ အဖေသိရင် ဘယ်လောက်စိတ်ဆိုးမလဲ၊ နောက်ပြီးကိုအေး၊ ရှင်က ကျွန်မမကြိုက်ဘူး၊ မစားပါနဲ့လို့ အတန်တန်တားတဲ့ အမဲသားကိုမှ အိမ်ပေါ်တင်ပြီးရအောင်စားတယ်ဆိုတာ ကျွန်မကိုစော်ကားတာပဲ၊ ရှင်ကျွန်မကို အာခံချင်တာလား”
“မဟုတ်ပါဘူးမိန်းမရာ၊ ဒီကောင်ပေါ့၊ အမဲသားစားချင်တယ်ဆိုလို့၊ ငါကအိမ်ရှင်ဆိုတော့ ဖန်တီးပေးရတာ”
“တော်ပြီ၊ ဘာမှမပြောနဲ့တော့၊ ရှင်တို့နှစ်ယောက်စလုံး ကျွန်မအိမ်ကနေအခုဆင်းသွားကြ”
ကျုပ်လည်း အိမ်ပေါ်ကနေဆင်းမလို့လုပ်တာပေါ့၊ ကိုအေးက ကျုပ်လက်ကိုလှမ်းဆွဲထားတယ်။ ပြီးတော့ မခင်ကြည်ကိုကြည့်ပြိး
“ဒီမှာခင်ကြည်၊ မင်းငါ့ကိုပြတ်နိုင်လို့လား”
ကိုအေးမေးလိုက်တော့ ဒေါ်သထွက်နေတဲ့ မခင်ကြည်က ငြိမ်ကျသွားတယ်ဗျ။
“ငါတို့ဒီအသားလေးစားတာ ဘာဖြစ်သလဲကွ၊ နောက်ပြီး မင်းဒီမှာတင်ရပ်လိုက်နော်၊ ငါတို့စားတာကို မင်းအဖေသိသွားရင် ပိုပြီးဆိုးသွားလိမ့်မယ်ကွ”
ကိုအေးက ပြန်ပြီးခြိမ်းခြောက်ပါရောဗျာ၊ မခင်ကြည်လည်း စဉ်းစားနေပြီးခေါင်းညိတ်တယ်။
“အဲဒါဆိုလည်း ပြီးတာပဲ၊ ရှင်တို့စားပြီးရင် မသိမသာကလေးနေကြ”
“ဒီလိုမှပေါ့ခင်ကြည်ရာ၊ ငါအမဲသားကြိုက်တာ မင်းလည်းသိသားနဲ့”
“ကဲပါ၊ ကျုပ်ဟိုဘက်သွားလိုက်အုံးမယ်၊ ရှင်တို့ တိုးတိုးတိတ်တိတ်လုပ်ကြနော်”
“အေးပါဟ၊ ငါတို့ဟာနဲ့ငါတို့ဆို လူတောင်မသိပါဘူး”
မခင်ကြည်က မီးဖိုထဲကထွက်သွားတယ်၊ ကျုပ်ဖြင့် ဒီတစ်ခါတော့ ကိုအေးကိုချီးကျူးမိတယ်ဗျ။
“ကိုအေးရာ၊ ခင်ဗျားကိုကျုပ် ဒီတစ်ခါတော့လေးစားသွားပြီဗျာ”
ကိုအေးကတော့ မျက်လုံးလေး ပေကလပ်၊ ပေကလပ်လုပ်ရင်း ကျုပ်ဆီက ရေနံဆီပုလင်းကြီးဆွဲပြီး မော့တော့တာပဲဗျာ။
(၂)
အဲဒီညက ကျုပ်ထမင်းပြန်မစားဖြစ်ပါဘူးဗျာ၊ စားပြီးသောက်ပြီးမှ ကိုအေးအိမ်ကနေကူးခဲ့တယ်၊ မျက်နှာသစ်ပြီး ပလုပ်လေးဘာလေးကျင်းလိုက်တော့ လူကဟန်မပျက်ဘူးပေါ့ဗျာ၊ ဦးအောင်ရှိန်က ညနေစောင်းဆိုဘုရားရှိခိုးပြီးပေမယ့် ဒေါ်အေးကြည်ကတော့ ညဘက်မှ ဘုရားရှိခိုးတာဗျ၊ ဦးဘသာနဲ့ဦးအောင်ရှိန်ထိုင်နေတဲ့အနားကို ကျုပ်လည်းမသိမသာလေးသွားတာပေါ့ဗျာ၊ သူတို့အနားလည်းသိပ်မကပ်ရဲဘူးဗျ၊ မဟုတ်ရင် ကျုပ်အမဲသားခိုးစားထားတာရယ်၊ အရက်သောက်ထားတာရယ် ပေါ်သွားမှာစိုးတာကိုး၊ ဒါနဲ့ပဲ သူတို့ရဲ့လေအောက်ဘက် ကွပ်ပျစ်ထောင့်ကလေးမှာပဲ အသာထိုင်လိုက်တယ်။
“ဒါနဲ့ ဆရာကြီးရှိန်က အမဲသားစားတာ ဘာလို့မကြိုက်တာလဲဗျ”
အမေးအမြန်းထူတဲ့ ကျုပ်က စမေးလိုက်တာပေါ့ဗျာ၊ ဦးအောင်ရှိန်က ကျုပ်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့
“အထက်လမ်းဂိုဏ်းသားတွေ တော်တော်များများက ဝက်သားစားချင်စားမယ်၊ အမဲသားတော့ မစားကြဘူးကွ၊ ဘာလို့လဲဆိုတော့ အမဲသားဆိုတာ အစိမ်းသရဲတွေ၊ ဘီလူးတွေကြိုက်တဲ့အသားတဲ့၊ အမဲသားစားထားတဲ့လူကိုဆိုရင် သူများပြုစားရလွယ်တယ်၊ အစိမ်းသရဲဖမ်းစားရလွယ်တယ်ကွ”
“ဟာဗျာ၊ နွားသေတာနဲ့ အမဲသားဖြစ်တာပဲကို၊ ဒီလောက်ကြီးကျတော့ဖြစ်နိုင်ပါ့မလား”
“ဒါက တို့အထက်လမ်းဂိုဏ်းသားတွေ လက်ဆင့်ကမ်းလာကြတဲ့ ထုံးစံပဲကွ၊ ဒါကိုဖောက်ဖျက်ရင် ဂိုဏ်းပညာကိုဖောက်ဖျက်တာနဲ့အတူတူပဲပေါ့”
“အင်းလေ၊ ထားပါတော့၊ ဒါနဲ့ဦးဘသာကရော၊ စုန်းဖြစ်ပြီး အမဲသားဘာလို့မစားတာလဲ”
ကျုပ်လည်း ဦးအောင်ရှိန်ဘက်လှည့်မရတာနဲ့ ဦးဘသာဘက်ကိုလှည့်ရတာပေါ့။ ဦးဘသာက ခေါင်းညိတ်ရင်း
“ဟေ့အလတ်ကောင်ရ၊ ငါက နွားမွေးနေတဲ့လူကွ၊ နွားမွေးတဲ့လူ အမဲသားမစားချင်ကြတာ ထုံးစံပါပဲ”
အချိန်နှောင်းနေတာနဲ့ ကျုပ်တို့လည်းလူစုခွဲပြီး အိပ်ဖို့ပြင်ကြတာပေါ့ဗျာ၊ ဦးဘသာကြီးက တခေါခေါနဲ့အိပ်သွားပေမယ့် ကျုပ်ကတော့ အရက်သောက်ထားတာကလည်း မတင်မကျနဲ့မို့လို့ အိပ်လို့မပျော်ဘဲ တစ်မျိုးကြီးဖြစ်နေတာပေါ့ဗျာ၊ ဒါနဲ့ပဲ ရေနံဆီမီးခွက်ကလေး ခေါင်းရင်းမှာထွန်းပြီးတော့ စာတစ်အုပ်ဖတ်နေတာပေါ့။
“ဘုတ်၊ ဘုတ်၊ ဘုတ်”
ညသန်းခေါင်လောက်ကျတော့ လမ်းမပေါ်မှာ လမ်းလျှောက်သံတစ်ခုကြားတယ်ဗျ၊ ကျုပ်တို့တဲကလေးက လမ်းဘေးကပ်ရပ်ဆိုတော့ ကြားရတာပေါ့၊ လူခြေသံက ထူးတော့ထူးတယ်ဗျ၊ လူတစ်ယောက်ခြေကိုဆောင့်ပြီးတော့ လမ်းလျှောက်လာတဲ့အသံမျိုးဗျ။
ကျုပ်လည်းထူးဆန်းပြီးဆက်နားထောင်နေတယ်၊ ခြေသံက တဖြည်းဖြည်းကျယ်လာပြီးတော့ တဘုတ်ဘုတ်အသံကြီးကလည်း အကျယ်ကြီးပဲဗျာ၊ ခက်တာက ကျုပ်တို့တဲမှာလည်း ပြတင်းပေါက်မရှိဘူးဗျ၊ ပြတင်းပေါက်ရှိရင် ကျုပ်က တံခါးဖွင့်ပြီးကြည့်ချင်တာ၊ ကျုပ်နားထောင်နေရင်း ခြေသံကတဖြည်းဖြည်းနီးလာတယ်ဗျ၊ နောက်တော့ ကျုပ်တို့တဲအရှေ့အရောက်မှာ ခြေသံကရပ်သွားတယ်၊ ကျုပ်လည်းထူးထူးဆန်းဆန်း တဲထဲမှာနေရင်း ကြက်သီးတွေထလာတာဗျ၊ ဒါနဲ့ပဲ ရေနံဆီမီးခွက်ကို ခပ်မြန်မြန်မှုတ်ပြီးတော့ ခြင်ထောင်ထဲဝင်ပြေးပြီး ကွေးနေလိုက်ရတာပေါ့ဗျာ။
မကြာပါဘူး၊ ကလေးငိုသံကြားရတယ်ဗျ၊ ငိုတာကတော့ အိမ်ရှေ့ မခင်ကြည်တို့အိမ်က ဖိုးတွမ်တီးငိုတဲ့အသံဖြစ်မယ်၊ မခင်ကြည်တို့လင်မယား ထပြီးစကားတွေပြောနေကြတယ်၊ ပြီးတော့ မခင်ကြည်က သူ့အိမ်ကနေဆင်းလာပြီး ကျုပ်တို့ခြံဆီကိုပြေးလာတယ်။
“အဖေရေ၊ အဖေ၊ ရေမန်းလေးဘာလေးပေးပါအုံး”
မခင်ကြည်က ဦးအောင်ရှိန်ကိုလာနှိုးတော့ ဦးအောင်ရှိန်လည်းနိုးလာတာပေါ့၊ ကျုပ်လည်းမနေနိုင်တာနဲ့ ထလိုက်လာခဲ့တယ်။
“အမခင်ကြည်၊ ဖိုးတွမ်တီးဘာဖြစ်တာလဲ”
“မသိပါဘူး၊ အိပ်နေရင်း ကယောင်ကတမ်းတွေယောင်ပြီးတော့ ထငိုတာပဲ”
ဦးအောင်ရှိန်က လှေကားပေါ်ကနေဆင်းလာပြီးတော့
“လေတွေဘာတွေထိုးသလားဟဲ့”
“မဟုတ်ပါဘူးအဖေရာ၊ လန့်လို့ငိုတာနေမှာပါ”
“ဒါဆိုငါလိုက်ခဲ့ရမလား”
“မလိုက်ပါနဲ့အဖေရာ၊ ရေမန်းပဲပေး၊ သူ့ကိုနည်းနည်းတိုက်လိုက်ရင် ကောင်းသွားမှာ၊ အဖေလည်း အိပ်ရေးပျက်ပါတယ်”
မခင်ကြည်ရေမန်းယူသွားတယ်ဗျ။ ဒါနဲ့ကျုပ်လည်း တဲကလေးထဲကိုပြန်ဝင်ခဲ့တာပေါ့၊ ကျုပ်အိပ်မလို့လုပ်နေရင်း ခုနကခြေသံနဲ့ ဖိုးတွမ်တီးငိုတာ တစ်ခုခုများဆက်စပ်နေမလားလို့ တွေးမိသေးတယ်၊ ဖိုးတွမ်တီးလည်း ပရိတ်ရည်နဲ့အဆင်ပြေသွားတယ်ထင်ပါတယ်၊ ဆက်မငိုတော့ဘူး၊ နောက်တော့ တစ်ရွာလုံးက ပြန်ပြီးငြိမ်သက်သွားတာပေါ့ဗျာ။
(၃)
မနက်မလင်းသေးဘူး၊ လူသံတွေက ဆူညံနေတာပဲဗျာ၊ ကျုပ်အိပ်တဲ့နားမှာလာပြီးတော့ စုရုံးစုရုံးနဲ့စကားတွေလာပြောနေကြတာ၊ ကျုပ်လည်း အိပ်မရတာနဲ့ အိပ်ရာထဲကနေထွက်ခဲ့တယ်၊ လူတွေက ဖိုးတွမ်တီးတို့အိမ်ရှေ့မှာ ဆူညံနေတာဗျ၊ ကျုပ်လည်း သိချင်စိတ်နဲ့လူအုပ်ကြားထဲ တိုးခဲ့တာပေါ့။
“ဘာတွေကြည့်နေတာလဲ”
“ဒီမှာကြည့်ပါလား ခြေရာကြီး”
ဖိုးတွမ်တီးတို့အိမ်အပေါ်ထပ်ကို တက်တဲ့လှေကားရင်းမှာ ခြေရာကြီးတစ်စုံက အထင်းသားဗျာ၊ အိမ်က ခြေတံရှည်အိမ်ဆိုတော့ လှေကားအတက်မှာ မြေကြီးပဲရှိတာပေါ့၊ မြေကြီးဆိုပေမယ့်လည်း မြေပျော့ပျော့မဟုတ်ဘူးဗျ၊ သံမံတလင်းလိုမျိုး မာမာတောင်တောင်နဲ့မြေကြီးမှာ ခြေရာကြီးနှစ်ခုထင်နေတာ။ ခြေရာကြီးကလည်း တစ်ခုတစ်ခုကို တစ်တောင်လောက်ရှိတယ်၊ ဒီလောက်မြေမာမာမှာ ခြေရာထင်နေတာ အံ့ဩပါရဲ့ဗျာ။
“အဲဒါ ခြေရာတစ်တောင် မောင်မဲခေါင်မို့လား”
“ဟုတ်တာပေါ့”
ရွာသားတွေက အမျိုးမျိုးပြောဆိုနေကြလို့ ကျုပ်လည်း ဦးအောင်ရှိန်အိမ်ထဲကို ပြန်လာခဲ့တယ်၊ ဦးအောင်ရှိန်က ဘုရားခန်းမှာထိုင်ရင်း ရွာလူကြီးတွေနဲ့ ဆွေးနွေးနေကြတယ်။
“ဆရာကြီး၊ ခြေရာကြည့်ပုံအရတော့ ခြေရာတစ်တောင် မောင်မဲခေါင်ကြီးပဲထင်တယ်”
ဦးအောင်ရှိန်က ခေါင်းညိတ်တယ်။
“ကျုပ်လည်း ဒီလိုပဲထင်ပါတယ်”
“မောင်မဲခေါင်ဆိုရင်တော့ အဲဒါရွာကိုအစာလာတောင်းတာပဲဗျ၊ မောင်အေးတို့အိမ်ရှေ့မှာ ခြေရာပေါ်တယ်ဆိုတော့ မောင်အေးတို့ ရွာစာချရမှာပေါ့”
ဦးအောင်ရှိန်က ဒေါသထွက်သွားတယ်။
“ဒါတော့ ကျုပ်လက်မခံဘူးဗျာ၊ ကျုပ်က အထက်လမ်းဆရာပဲဗျ၊ ဒီလိုအစိမ်းသရဲက တောင်းဆိုတိုင်းကျုပ်က လုပ်ပေးရရိုးလား”
“ကျုပ်တို့လည်း လုပ်လေ့ရှိတာကိုပြောတာပါ ဆရာကြီးရာ၊ အခုရော ဆရာကြီးဘယ်လိုလုပ်မယ် စိတ်ကူးသလဲ”
“ဒီကောင်နောက်တစ်ခါလာရင်တော့ ကျုပ်အကြောင်းသိရမှာပေါ့ဗျ”
ရွာလူကြီးတွေလည်း အိမ်ပေါ်ကနေဆင်းသွားတယ်၊ ဦးအောင်ရှိန်က ကိုအေးကို ပေါက်တူးတစ်လက်နဲ့ခြေရာကို ကလော်ခိုင်းပြီးတော့ ကလော်လို့ထွက်လာတဲ့ မြေစာတွေကိုလည်း မြစ်ထဲကိုသွားစွန့်ခိုင်းတယ်ဗျ။ ကျုပ်လည်း ဦးအောင်ရှိန် စိတ်တိုနေပုံရတာနဲ့ မနှင်းကြည်ကိုပဲ ကပ်မေးရတာပေါ့။
“မမနှင်း၊ မောင်မဲခေါင်ဆိုတာ ဘာလဲဗျ”
“ခြေရာတစ်တောင် မောင်မဲခေါင်လေ၊ မောင်လေးမသိဘူးလား”
“ကြားတော့ကြားဖူးတယ်၊ ဒါပေမယ့် သေချာမသိဘူး”
“ပုံပြင်ရှိတယ်လေမောင်လေးရယ်၊ မအောင်ဖြူသေတော့ ဘီလူးဖြစ်သွားတယ်တဲ့၊ ဒါနဲ့သူ့ယောက်ျားကိုa ခါ်ပြီး တောထဲမှာ နှစ်ယောက်တည်းပေါင်းသင်းနေထိုင်တယ်၊ အဲဒီမှာ မောင်မဲခေါင်ကိုမွေးတယ်၊ မောင်မဲခေါင်က လူနဲ့ဘီလူးနဲ့စပ်မွေးတာဆိုတော့ အားလည်းသိပ်ရှိတာဆိုပဲ၊ ခြေရာကြီးတင် တစ်တောင်နဲ့တစ်ထွာရှိတယ်၊ အဲဒါကြောင့် သူ့ကို ခြေရာတစ်တောင် မောင်မဲခေါင်လို့ခေါ်ကြတာပေါ့”
“ကျုပ်နားလည်ပြီ၊ မအောင်ဖြူဆိုတာက ဖျာလိပ်နတ်ကိုပြောတာမဟုတ်လား”
“ဟုတ်တာပေါ့”
“ဒါဆို အခုခြေရာက အဲဒီမောင်မဲခေါင်ရဲ့ခြေရာလား”
“ဒီလိုတော့ ပြောကြတာပဲမောင်လေးရဲ့၊ အဲဒီမောင်မဲခေါင်ခြေရာက အိမ်တစ်အိမ်ရဲ့အရှေ့မှာပေါ်လာပြီဆိုရင် အဲဒီအိမ်ကိုသူက ထမင်းတောင်းစားတာတဲ့၊ ဆန်တစ်ပြည်၊ ကြက်တစ်ကောင်ကို ဘာမှမကိုင်ဘဲ ဒီအတိုင်းမီးကင်ပြီးတင်ပေးရတယ်၊ ပြီးရင် ကောက်ညှင်းနဲ့လူရုပ်လုပ်ပြီးတော့ အဲဒီအပေါ်မှာထပ်တင်ပြီး ဒီအိမ်က ဘယ်သူ့အတွက် ဆက်သပါတယ်၊ သူ့ကို မနှောင့်ယှက်ပါနဲ့ဆိုပြီးတော့ ရွာပြင်မှာရွာစာချပေးရတယ်တဲ့”
“ခုနက ကျုပ်ကြားတာကတော့ ဆရာကြီးက အဲဒီလိုရွာစာမချဘူး၊ နောက်တစ်ခါလာရင် သူနှိမ်နင်းမယ်ဆိုပဲ”
မနှင်းကြည်က ဘာမှတော့ဆက်မပြောတော့ဘူးဗျ၊ မခင်ကြည်ကတော့ အဲဒီနေ့က စိတ်မဖြောင့်နိုင်ဘူးထင်ပ၊ သူ့စိတ်ထဲကအတိုင်းဆိုရင်တော့ ရွာစာချလိုက်ချင်တာ၊ ဒါပေမယ့် အဖေက ဂိုဏ်းဆရာဆိုတော့လည်း မလွန်ဆန်နိုင်ဘူးပေါ့ဗျာ။
ဦးအောင်ရှိန်က တစ်နေ့လုံးဒေါသထွက်နေတယ်ဗျ၊ သူ့လိုအထက်လမ်းဂိုဏ်းဆရာရဲ့ မိသားစုကိုမှ မဲခေါင်ကပေါ်လာရတာကိုး။ ကျုပ်တို့လည်း သူနဲ့စကားမပြောဖြစ်ပါဘူးဗျာ၊ ညနေထမင်းစားပြီးတာနဲ့ ကိုယ့်တဲကလေးထဲ ကိုယ်ဝင်နေလိုက်ကြတယ်၊ ဦးဘသာနဲ့ စကားစပ်မိတော့ ဒီမဲခေါင်အကြောင်းတောင်ပြောမိလိုက်သေးတယ်ဗျ။
“အင်း၊ ငါထင်တာကတော့ ဒီကိစ္စက ဒီလောက်မရိုးရှင်းဘူးကွ”
“ဦးဘသာက ဘာကိုဆိုလိုချင်တာလဲ”
“ခြေရာတစ်တောင် မောင်မဲခေါင်ဆိုတာ တို့စုန်းတွေ၊ အောက်လမ်းတွေ တတ်အပ်တဲ့အတတ်ပညာတစ်ခုထဲမှာပါတယ်၊ မောင်မဲခေါင်ကိုဆင့်ခေါ်တဲ့ အတိုက်တစ်ခုပေါ့ကွာ”
“ဗျာ၊ ဒီဟာက အတိုက်တဲ့လား”
“မောင်မဲခေါင်ကို အမျိုးမျိုးဆင့်ခေါ်လို့ရတယ်၊ မဲခေါင်အတိုက်လုပ်ပြီဆိုရင် အရင်ဆုံးသူတို့ခြံ၀မှာ ခြေရာကြီးပေါ်တတ်တယ်ကွ၊ နောက်နေ့ရောက်ရင် ခြေရာက အိမ်ထဲပေါ်တတ်တယ်၊ ဒါက သတိပေးနေတဲ့သဘောပေါ့၊ ခြေရာအိမ်ပေါ်တက်သွားပြီဆိုရင် အဲဒီအိမ်မှာ မကောင်းတာတစ်ခုခုဖြစ်တတ်တယ်ကွ”
“ဘယ်လိုမကောင်းတာလဲ”
“လူသေတာတို့ဘာတို့ တစ်ခုခုပေါ့ကွာ”
ကျုပ်လည်းထိတ်လန့်သွားတယ်ဗျ၊
“နေစမ်းပါအုံး ဦးဘသာရာ၊ တကယ်လို့ ဒါကအောက်လမ်းအတိုက်တစ်ခုဆိုရင် ဦးအောင်ရှိန်က မသိဘူးလား”
“မင်းနားလည်အောင်ပြောရမယ်ဆိုရင်တော့ သိတော့သိတယ်၊ မသိဘူးပေါ့ကွာ၊ သိတယ်ဆိုတာက တစ်ခုခုထူးခြားတယ်ဆိုတာပေါ့၊ မသိဘူးဆိုတာက ဒါကဘယ်လိုအတိုက်လဲ၊ ဘယ်လိုစီရင်ထားတာလဲဆိုတာကို မသိနိုင်ဘူးကွ”
“ဦးအောင်ရှိန်ကြီးကလည်း ညံ့ပါ့ဗျာ၊ ဆရာလုပ်နေပြီးတော့”
“ဒီလိုပြောလို့တော့မရဘူးအလတ်ကောင်ရ၊ အထက်လမ်းနဲ့အောက်လမ်းဆိုတာ ပညာရပ်ကတစ်ခြားဆီကွ၊ မင်းကို ဥပမာပေးရရင် လက်သမားဆရာက ဆေးဆရာဆေးကုတာကိုကြည့်ရုံနဲ့ သူက ဆေးလိုက်ကုတတ်ပါ့မလား”
“ဒါကတော့ ဘယ်ကုတတ်မှာလဲဗျ”
“ဒီလိုပဲပေါ့ကွာ၊ အထက်လမ်းမှာလည်း အောက်လမ်းတွေစုန်းတွေ မသိတဲ့ပညာရပ်တွေအများကြီးရှိသလို၊ စုန်းပညာ၊ အောက်လမ်းပညာမှာလည်း အထက်လမ်းသမားတွေမသိတဲ့ ပညာရပ်တွေအများကြီးရှိတယ်၊ ဒါကိုမသိလို့ ဗဟုသုတနည်းတယ်၊ ပညာနည်းတယ်လို့ ဆိုလို့မရဘူးကွ”
“ကျုပ်နားလည်ပါပြီဦးဘသာ၊ ဒါနဲ့ ခြေရာက လှေကားခြေရင်းမှာတောင် ပေါ်နေပြီနော်”
“ဒါပေါ့ကွ၊ ဒါဆိုရင် မကြာဘူး မဲခေါင်အိမ်ပေါ်တက်လိမ့်မယ်၊ ငါ့အထင်တော့ ဒီညပဲထင်တယ်”
“လာဗျာ၊ ဒါဆိုရင် ဦးအောင်ရှိန်ကိုသွားပြောရအောင်”
ဦးဘသာက ကွမ်းတံတွေးကို ထွေးခံထဲကို ထွေးထည့်လိုက်ပြီး
“အောင်ရှိန်ကိုမင်းသွားပြောကြည့်လေ၊ သူက လက်ခံမတဲ့လား”
ဦးဘသာပြောတာလည်း ဟုတ်တယ်ဗျ၊ ဦးအောင်ရှိန်က ဦးဘသာနဲ့သူငယ်ချင်းဆိုပေမယ့် စိတ်ထားကတော့ သိပ်မတူဘူး၊ ဦးအောင်ရှိန်က ဆရာဆိုတဲ့ အရှိန်အဝါပြချင်တယ်၊ သူ့ပညာရပ်နဲ့ကြွားဝါချင်တယ်ဗျ။ အခုလည်း သူမသိတဲ့အရာကို ဦးဘသာက သိနေတယ်ဆိုတာ သွားပြောရင် ဘယ်လောက်သူငယ်ချင်းအရင်းပဲပြောပြော သူစိတ်ထဲတော့ ခုနေမှာပဲဗျာ။
“ဒါဆို ဘယ်လိုလုပ်ကြမလဲ ဦးဘသာ”
“မင်းနဲ့ငါနဲ့ မဲခေါင်ကြီးကို စောင့်ဖမ်းကြတာပေါ့ကွာ”
ကျုပ်လည်း ပြုံးပြီးတော့ ခေါင်းညိတ်လိုက်မိတယ်၊ ဦးဘသာပါတယ်ဆိုရင်တော့ ကျုပ်ဓါးတောင်ကိုလည်း ဖြတ်ရဲတယ်၊ မီးပင်လယ်ကိုလည်း ကျော်ရဲတယ်လေဗျာ၊ ဟား၊ ဟား။
(၄)
ညနက်လာပြီဗျ၊ ညသန်းခေါင်လောက်မရောက်တရောက်မှာ ရွာထိပ်ဘက်က ခွေးအူသံတွေကြားရတယ်၊ ပြီးတော့ ခွေးတွေက ရွာထဲမှာလည့်ပတ်ပြီးအူနေတော့တာ၊ ဦးဘသာက ပုဆိုးပြင်ဝတ်ပြီးဆင်းသွားတယ်၊ ကျုပ်လည်း သုံးတောင့်ထိုး လက်နှိပ်ဓါတ်မီးယူပြီးတော့ သူ့အနောက်ကနေဆင်းလိုက်လာတာပေါ့ဗျာ။
ခွေးအူသံတွေ ဆူညံနေတယ်ဆိုပေမယ့် ရွာကလူတွေက အိပ်မောကျနေတာလား၊ ဒါမှမဟုတ် ကြောက်လို့ပဲငြိမ်ကုပ်နေတာလားတော့မသိဘူး၊ ငြိမ်သက်လို့ဗျ၊ ကျုပ်တို့လမ်းလျှောက်လာရင်း ရွာထိပ်ကိုရောက်လာခဲ့တယ်၊ ရွာထိပ်ရောက်တော့ ခြေရာကြီးတွေမနည်းဘူးဗျာ။ ခြေရာကြီးကလည်း အကြီးကြီးပဲဗျ။
“ခြေရာတစ်တောင် မောင်မဲခေါင်တဲ့၊ မင်းခြေရာကို တိုင်းကြည့်စမ်းကွာ”
ကျုပ်လည်း ဖုန်တောထဲမှာ ပေါ်နေတဲ့ခြေရာကို လက်နဲ့တိုင်းကြည့်တော့ တစ်ကယ်ပဲ ကျုပ်လက်တစ်တောင်ကွက်တိပဲဗျာ၊ ဒါပေမယ့် ခြေရာတွေက ရွာထဲကိုဝင်မလာဘဲ ရွာကိုပတ်နေသလိုဖြစ်နေတာဗျ။
“အဲဒါ မဲခေါင်ကြီးရွာပတ်နေတာကွ၊ ဒီကောင်ကြီးတွေ တစ်ခုခုလုပ်ရတော့မယ်ဆို ရွာတော်ရှင်တွေကို အသိပေးတဲ့သဘောနဲ့ ရွာကိုတစ်ပတ်ပတ်ရတယ်ကွ၊ တစ်ပတ်ပြည့်ပြီးရင် ဒီကောင်ကြီး ဒီလမ်းကနေပြီးဝင်လာလိမ့်မယ်”
ကျုပ်လည်းဆက်စောင့်နေတာပေါ့ဗျာ၊ ရွာထိပ်မှာက အိမ်ခြေမရှိဘဲ သစ်ပင်လေးတွေခပ်အုပ်အုပ်ရှိတာမဟုတ်လား၊ ရွာလမ်းမကြီးကလည်း ဖြူးလို့ဗျ၊ ဒီအချိန်မှာပဲ တစ်ဘုတ်ဘုတ်နဲ့ခြေသံကြီးကိုကြားရတယ်ဗျ၊ ခြေသံကြီးနားထောင်ကတည်းကိုက ကြောက်စရာကြီးဗျာ။
“ဟော၊ ဟိုမှာလာနေပြီ”
ဦးဘသာက ရွာအဝင်လမ်းကိုလက်ညှိုးထိုးပြပေမယ့် ကျုပ်ကတော့ ဘာမှမမြင်ရဘူး၊ ဒါနဲ့ ဓါတ်မီးနဲ့ထိုးကြည့်တယ်၊ ဘာဆိုဘာမှကိုမမြင်ရတာဗျာ။
“ဦးဘသာ၊ ကျုပ်လည်း ဘာမှမမြင်ရပါလား”
ဦးဘသာက ကျုပ်မျက်လုံးကို သူ့လက်နဲ့အုပ်လိုက်တယ်ဗျ၊ ပြီးတော့
“ကဲ၊ မြင်စေဟေ့”
အဲဒီလိုအော်လိုက်ပြီး လက်ကိုဖယ်လိုက်တာနဲ့ ကျုပ်အရှေ့မှာ မဲခေါင်ကြီးကိုဘွားခနဲမြင်လိုက်ရတာဗျ၊ အကောင်အကြီးကြီးပဲ၊ အရပ်ကြီးကိုက ဆယ်ပေမကဘူးမြင့်တယ်၊ သူလမ်းလျှောက်လာတာ မသိရင် အိမ်ကြီးတစ်လုံးရွေ့လာတဲ့အတိုင်းပဲဗျာ၊ ခြေသလုံးကြီးတစ်လုံးတစ်လုံးဆိုရင် အိမ်တိုင်ကြီးတွေလောက်ကိုရှိတာ။ ခြေသံတဘုတ်ဘုတ်နဲ့ လမ်းလျှောက်လာတာ အနားရောက်လာတော့ မသိရင် မြေကြီးတွေပါတုန်နေတယ်လို့ထင်ရတယ်ဗျာ။
“ဟေ့မဲခေါင်ကြီး ရပ်စမ်းကွာ”
ဦးဘသာက လက်ကာပြပြီးတားလိုက်တော့ မဲခေါင်ကြီးက တုန့်ခနဲရပ်သွားတယ်။
“ဟေ့ကောင်တွေ၊ မင်းတို့ဘေးဖယ်ကြ”
မဲခေါင်အသံကြီးက အသံလုံးကြီးကြီးနဲ့ အုပ်အုပ်ကြီးဗျ၊ ဦးဘသာက ပုဆိုးပြင်ဝတ်ရင်း လမ်းမလယ်ပေါ်တက်သွားပြီးတော့
“မဖယ်ဘူးဆိုရင်ရောကွာ၊ မင်းက ဘာလုပ်ချင်တာလဲ”
“မင်းတို့ ကိစ္စမရှိဘူး၊ မင်းတို့ဖယ်ပေးကြ၊ ငါ့ကိစ္စ ငါလုပ်မယ်”
“လုပ်စရာမလိုဘူးမဲခေါင်ကြီး၊ မင်းလာလမ်းအတိုင်းပြန်လှည့်လိုက်ပါ”
မဲခေါင်ကြီးက စိတ်ဆိုးသွားတဲ့ပုံပဲဗျ၊ ဒါနဲ့ပဲ သူ့ခြေထောက်ကြီးကိုမြှောက်တင်လိုက်ပြီးတော့ ဦးဘသာကို ခြေထောက်နဲ့တက်နင်းချလိုက်တယ်၊ ကျုပ်ဖြင့်လန့်ပြီးတော့ အနောက်ကို လေးငါးလှမ်းလောက်ဆုတ်လိုက်မိတယ်ဗျ၊ ဒါပေမယ့် ဦးဘသာခေါင်းကို မနင်းမိဘဲ ခြေထောက်က လေပေါ်မှတန်းလန်းကြီးဖြစ်ပြီး ရပ်နေတယ်ဗျ။ ဦးဘသာက မဲခေါင်ကြီးကိုမော့ကြည့်ပြီး
“ငါ့ကိုနင်းမယ်မဟုတ်လား၊ နင်းလေကွ”
ဦးဘသာက သူ့ခေါင်းမှာပေါင်းထားတဲ့ သဘက်ကြီးကိုဖြုတ်ပြီးလည်ပင်းမှာတင်လိုက်တယ်၊ ပြီးတော့ သူ့နဖူးပြောင်ပြောင်ကြီးကိုလက်ညှိုးထိုးပြီးတော့
“နင်းလေကွာ၊ နင်းမယ်ဆိုရင် ဟောဒီငါ့ငယ်ထိပ်တည့်တည့်ကိုသာ နင်းချလိုက်”
မဲခေါင်ကြီးက အားစိုက်ပြီးနင်းနေပုံရတယ်ဗျ၊ နင်းနေရင်းနဲ့ တအိအိနဲ့ ဖြစ်သံညှစ်သံတွေထွက်လာတာ၊ ဒါပေမယ့် ခြေထောက်က ဦးဘသာခေါင်းကိုမထိဘဲ တစ်ပေလောက်အကွာ လေပေါ်မှရပ်နေတာဗျ။
မဲခေါင်ကြီးက နင်းမရတော့ ခြေထောက်ကိုပြန်ရုပ်သိမ်းဖို့လုပ်တယ်ဗျ၊ ဒါပေမယ့် ခြေထောက်ကိုလည်း ပြန်ရုပ်လို့မရဘူး၊ လေထဲမှာတန်းလန်းကြီးဖြစ်နေတယ်၊ မဲခေါင်ကြီးက သူ့ခြေထောက်ကို လက်နဲ့ကိုင်ပြီးတော့ ဆွဲပေမယ့်လည်း ဒီအတိုင်းပဲဗျ၊ ဒီတော့မှ ဦးဘသာကြီးက ရယ်တယ်။
“ဟား၊ ဟား၊ လုပ်စမ်းပါကွ၊ မင်းခြေထောက်ကိုမင်းပြန်ယူစမ်းပါ”
“မရဘူး၊ ကျုပ်ယူမရဘူး၊ ကျုပ်ကိုလွှတ်ပေးစမ်းပါအဘိုးကြီး”
“မင်းကိုငါဘယ်နားဖမ်းထားလို့လဲကွ”
ဦးဘသာက အနောက်ကိုသုံးလှမ်းလောက်ဆုတ်လိုက်တာတောင်မှ မဲခေါင်ကြီးက ခြေတစ်ဖက်မြှောက်ပြီးကျန်နေခဲ့တယ်။
“ကျုပ်ခြေထောက်ကိုလွှတ်ပေး”
“မင်း တို့ရွာကနေလှည့်ပြန်မယ်ဆိုရင် မင်းခြေထောက်ကိုလွှတ်ပေးမယ်”
“တောက် . . . မရဘူး၊ ငါအဲဒီကောင်ကိုသတ်မယ်၊ အဲဒီကောင်ကိုငါသတ်မယ်”
“ပြောစမ်း၊ မင်းက ဘယ်သူ့ကိုသတ်ချင်တာလဲ”
“ဟိုအိမ်က ငအေးဆိုတဲ့ကောင်ကိုသတ်ချင်တာ”
မဲခေါင်ပြောတာ ကိုအေးကိုပြောချင်တာဖြစ်မယ်ဗျ၊ ဦးဘသာက ခေါင်းညိတ်ပြီးတော့
“သူက မင်းကိုဘာလုပ်လို့လဲ”
“ငတင့်က ငါ့ကိုကျွေးဖို့ဆိုပြီးယူလာတဲ့အမဲသားကို ဒီကောင်ယူသွားတယ်၊ ပြီးတော့ ဒီကောင်စားပစ်တယ်”
ကျုပ်သိလိုက်ပါပြီ၊ မနေ့က ကိုအေးယူလာတဲ့အမဲသားက လက်စသတ်တော့ မဲခေါင်ကြီးစားဖို့အတွက်တဲ့ဗျာ။
“မင်းစိတ်ကိုလျော့လိုက်ပါ မဲခေါင်ကြီး၊ သူတို့က မသိလို့စားမိတာပဲ”
“ငါခွင့်မလွှတ်ဘူး၊ ဒီကောင့်ကိုငါသတ်ပြီးတော့ စားပစ်မယ်”
မဲခေါင်ကြီးက ဒေါသမပြေသေးဘူးဗျ၊ ဦးဘသာကြီးကလည်း မဲခေါင်ကြီးကိုကြည့်ရ့င်း တဖြည်းဖြည်းစိတ်ဆိုးလာပြီထင်တယ်။ မဲခေါင်ကြီးကိုလက်ညှိုးထိုးပြီး
“ဟေ့ကောင်၊ မင်းမပြန်ဘူးဆိုရင် ငါမင်းအမေကိုခေါ်လိုက်မှာနော်ကွ”
ဒီလိုပြောလိုက်မှ မဲခေါင်ကြီးက ထိတ်လန့်သွားပုံရတယ်ဗျ၊ သူ့အသားတွေ တဆတ်ဆတ်တုန်လာတယ်။
“မ . . . မလုပ်ပါနဲ့”
“ဒါဆိုလှည့်ပြန်တော့၊ မင်းစားချင်တဲ့အသားကို ငအေးကိုငါကျွေးခိုင်းမယ်”
“ဒါဖြင့်ရင်လည်း ကျွဲနန်းရွာအဝင်နားက သစ်ဆိမ့်ပင်ကြီးအောက်မှာ ကျုပ်အတွက် အမဲသားတွဲလာချိတ်ပေးစမ်းပါ၊ ကျုပ်စားချင်လွန်းလို့”
“ကောင်းပြီ၊ မပူနဲ့၊ ငါမနက်ဖြန်ပဲ စီစဉ်ခိုင်းလိုက်မယ်”
ဒီတော့မှ မဲခေါင်ကြီးခြေထောက်တစ်ဖက်က မြေပေါ်ကိုဘုတ်ခနဲကျသွားတယ်ဗျ၊ မဲခေါင်ကြီးက အနောက်ကိုလှည့်ပြီး တဘုတ်ဘုတ်နဲ့ ဖြည်းဖြည်းချင်းလျှောက်သွားတယ်၊ လျှောက်သွားပြီး လေးငါးဆယ်လှမ်းလောက်ရောက်တာတောင် ရွာကိုလှည့်ကြည့်နေသေးတယ်၊ ဦးဘသာက ခါးထောက်လိုက်ပြီးတော့
“အဟမ်း . . .”
ဆိုပြီး ချောင်းဟန့်လိုက်တော့မှ မဲခေါင်ကြီးက မြစ်ရိုးအတိုင်းဆင်းချသွားတော့တာပဲဗျာ၊ မဲခေါင်ထွက်သွားမှပဲ ဦးဘသာလည်း သက်ပြင်းချနိုင်တော့တယ်။ ကျုပ်ဆိုအံ့အားသင့်ပြီး ပါးစပ်ကြီးပွင့်လို့ဗျ။
“ဒါ . . ဒါနဲ့ဦးဘသာ၊ မဲခေါင်ကြီးက သူ့အမေတော့ ကြောက်သားဗျ”
“သူ့အမေက သူတို့ကိုနိုင်တယ်လေ၊ ဇာတ်ကြောင်းအရတော့ မဲခေါင်နဲ့သူ့အဖေက ဘီလူးမကြီးနဲ့နေတာကို ငြီးငွေ့လို့ တစ်ရက်တော့ သူ့အမေဘီလူးမလစ်တုန်း မဲခေါင်က အဖေကိုထမ်းပြီး ထွက်ပြေးကြတယ်တဲ့၊ ဘီလူးမကြီးက သိလို့အမြန်လိုက်တော့ မဲခေါင်ခြေလှမ်းမကို မမီဘူးပေါ့ကွာ၊ မဲခေါင်ကလည်း ဘီလူးမကြီးပိုင်နက်နယ်မြေကို ကျော်အောင်ထွက်ပြေးတော့ ဘီလူးမဆက်လိုက်လို့မရဘူးတဲ့ကွ”
“ဪ၊ ဒါကြောင့် သူ့အမေကိုခေါ်မယ်ဆိုတော့ ကြောက်သွားတာဖြစ်မယ်၊ ဒါနဲ့ ကိုအေးယူလာတဲ့အမဲသားကို ကျုပ်ပါစားလိုက်တာဗျ၊ ဟီး”
“ငါထင်ပါတယ်၊ ညတုန်းက မဲခေါင်က ငါတို့တဲကလေးကိုကြည့်နေသေးတယ်လို့ ငါခံစားရသေးတယ်၊ နောက်တော့မှ လှည့်ထွက်သွားတာ၊ ငါ့စိတ်ထင်တော့ ငါရှိနေတာကိုသိလို့လား၊ ဒါမှမဟုတ် အောင်ရှိန်တို့အိမ်ဖြစ်နေလို့လားမသိဘူး၊ မဟုတ်လို့ကတော့ တို့တဲအတက်အဆင်းမှာလည်း ခြေရာတစ်စုံကျန်နေအုံးမှာကွ”
“ဗျာ၊ အဲဒီခြေရာက ဘယ်သူ့အတွက်လဲ”
“ဘယ်သူ့အတွက်ဖြစ်ရမှာလဲ၊ ငအေးနဲ့အတူတူ သူ့အမဲသားတွေစားလိုက်တဲ့ မင်းအတွက်ပေါ့ကွာ”
“ဗျာ”
ကျွန်တော်ဘာမှမပြောနိုင်တော့ဘူးဗျာ၊ ဒီလိုနဲ့ရွာထိပ်ကနေပြန်လာခဲ့ကြတယ်။ နောက်နေ့တော့ ကိုအေးကို အကျိုးအကြောင်းခေါ်ပြီးမေးကြည့်ရတယ်၊ ကိုအေးကလည်း သူ့အဖြစ်ကိုပြောပြတယ်။
“ဒီလိုကွ၊ ငါယာတဲကပြန်လာတော့ လမ်းမှာ ငတင့်နဲ့တွေ့တယ်ကွ၊ ငတင့်လက်ထဲမှာလည်း အမဲသားတွဲကြီးဆွဲထားလို့ပေါ့၊ သူက ငါ့ကိုတွေ့တော့ ငါ့ကိုဖော်ဖော်ရွေရွေနဲ့နှုတ်ဆက်ပြီးတော့ အဲဒီအမဲသားတွဲကြီး ပေးလိုက်တာပဲကွ”
နောက်ရက်တွေ မောင်မဲခေါင်ပေါ်မလာတော့လို့ ဦးအောင်ရှိန်လဲ စိတ်အေးသွားတာပေါ့ဗျာ၊ သူကတော့ မဲခေါင်က သူ့ကိုကြောက်လို့ ထပ်မလာရဲတော့တာဆိုပြီး ရွာလူကြီးတွေကို ကြွားဝါပြောဆိုနေတယ်ဗျ၊ အဖြစ်မှန်ကိုသိတဲ့ ကျုပ်နဲ့ဦးဘသာကတော့ စိတ်ထဲမှာကြိတ်ရယ်ကြတာပေါ့ဗျာ၊
တကယ်က ငတင့်ဆိုတဲ့လူက ကိုအေးနဲ့အရင်က သူငယ်ချင်းတွေဗျ၊ မခင်ကြည်ရဲ့အချစ်ကိုလုရင်း တုတ်တစ်ပြက်၊ ဓါးတစ်ပြက်ဖြစ်ခဲ့ကြသေးတယ်ဆိုပဲ၊ အခု ကိုအေးတို့လုပ်နေတဲ့ တောင်ဘက်က ယာခင်းတွေက အရင်က ငတင့်တို့ပိုင်ခဲ့တာတဲ့ဗျာ။ ငတင့်က ကိုအေးဆီက ပိုက်ဆံချေးပြီး ပြန်မဆပ်နိုင်လို့ သူကြီးနဲ့ပြောပြီး မြေတွေကိုသိမ်းယူလိုက်တယ်ဆိုပဲ၊ ဒါကို ငတင့်က အငြိုးအတေးထားတာဖြစ်မှာပေါ့ဗျာ၊ ဦးဘသာပြောပုံအရဆိုရင် မောင်မဲခေါင်လာတာက အစီအရင်၊ အတိုက်တစ်ခုမဟုတ်လား။
“အများကြီးဖြစ်နိုင်တာပေါ့အလတ်ကောင်ရာ၊ ဒီအမဲသားက မရိုးရှင်းဘူးကွ၊ သူ့မှာ အတိုက်တစ်ခုခုပါအုံးမှာပဲ၊ ပြီးတော့ပိုဆိုးတာက သရဲအတွက်ရည်ရွယ်ထားတဲ့အမဲသားကို မင်းတို့သွားစားမိတာမဟုတ်လား၊ ဒါကြောင့် အထက်လမ်းသမားတွေက ဘာလို့အမဲသားရှောင်တယ်ဆိုတာ မင်းသိပြီမဟုတ်လားကွ”
အဲဒါကတော့ ကျုပ်ဘ၀ရဲ့သင်ခန်းစာတစ်ခုပေါ့ဗျာ၊ အမဲသားကိုငတ်ရာကနေ ကိုအေးလည်း သေတော့မလို့၊ နောက်ပြီး သူနဲ့အတူတူ ငတ်ခဲ့တဲ့ကျုပ်လည်း ကံကောင်းလို့မသေတာလေဗျာ၊ ကျုပ်တို့နဲ့ သုံးလေးတုံးစားခဲ့တဲ့ ဖိုးတွမ်တီးတောင်မှ ဦးအောင်ရှိန်ရဲ့ရေမန်းကြောင့် ပျောက်ကင်းခဲ့တာမဟုတ်လားဗျ။
ဦးဘသာပြောပုံအရဆိုရင်တော့ မောင်မဲခေါင်ဆိုတာ နတ်စိမ်းတစ်ပါးပါပဲ၊ သူက အနယ်နယ်အရပ်ရပ်မှာ ရှိနေနိုင်တယ်ပေါ့ဗျာ၊ ခင်ဗျားတို့လည်း တကယ်လို့ခြေရာကြီးကြီးတစ်ခုတွေ့တယ်ဆိုရင် လက်နဲ့တောင်ပြီးတိုင်းကြည့်ဗျာ၊ တစ်ကယ်လို့ခြေရာက တစ်တောင်ရှိမယ်၊ တစ်တောင်ထက်ကျော်မယ်ဆိုရင်တော့ အဲဒါ မဲခေါင်ကြီးမှ မဲခေါင်ကြီးအစစ်ပဲဗျို့။
အဲဒီခြေရာကြီးတွေကို တခြားနေရာတွေမှာတွေ့တာက ဖြစ်လေ့ဖြစ်ထရှိပေမယ့် ခြံ၀၊ အိမ်၀နဲ့ အိမ်ပေါ်အတက်အဆင်းမှာတွေ့တယ်ဆိုရင်တော့ ခြေရာတစ်တောင် မောင်မဲခေါင် အတိုက် တိုက်ခံရတာဖြစ်ပြီလို့သာ မှတ်လိုက်ကြတော့ဗျို့။
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #သရဲ #စုန်း #horror
Zawgyi Version
စုန္းထီးႀကီး ဦးဘသာႏွင့္ ေျခရာတစ္ေတာင္ ေမာင္မဲေခါင္ (စ/ဆုံး)
———————————————————————————
အတြဲ(၂) စာစဥ္ (၁၅)
(၁)
ကိုေအးတို႔ အိမ္ခြဲေနလိုက္ေတာ့ ဦးေအာင္ရွိန္တို႔အိမ္က က်ယ္သြားတယ္ဗ်၊ အရင္က ဦးေအာင္ရွိန္တို႔အေပၚထပ္မွာ ဦးေအာင္ရွိန္တို႔လင္မယားရယ္၊ ကိုေအးတို႔လင္မယားရယ္ ေနၾကတာမဟုတ္လား၊ အခုေတာ့ ဦးေအာင္ရွိန္တို႔လင္မယားပဲရွိေတာ့တာေပါ့၊ ေအာက္ထပ္မွာက်ေတာ့ မႏွင္းၾကည္နဲ႔ မိသက္နဲ႔အတူတူေနၾကတယ္ေလ။
ဒါေပမယ့္ မခင္ၾကည္ကေတာ့ မပ်က္ကြက္ပါဘူးဗ်ာ၊ မနက္မိုးမလင္းေသးဘူး၊ ဒီဘက္အိမ္ကိုေရာက္လာၿပီး ခ်က္ျပဳတ္ေနၿပီဗ်၊ သူတို႔က အိမ္သာခြဲေနေပမယ့္ အိုးစားေတာ့မခြဲေသးဘူးေပါ့ဗ်ာ။ ဒီဘက္အိမ္မွာကလည္း မခင္ၾကည္မွမရွိရင္ လုပ္မယ့္ကိုင္မယ့္လူမွ မရွိတာပဲဗ်ာ။
က်ဳပ္နဲ႔ကိုေအးလည္း အတြဲမိေနတာေပါ့ဗ်ာ၊ တစ္ရက္ေတာ့ ညေနစာစားမလို႔လုပ္ေနတုန္းကိုေအးက ယာခင္းထဲကျပန္လာၿပီး သူတို႔အိမ္ေရွ႕ကေနက်ဳပ္ကိုအသာလက္လွမ္းျပတယ္ဗ်၊ ႏႈတ္ခမ္းကိုလည္း ရႉးရႉးဆိုၿပီးလုပ္ျပေတာ့ တစ္ခုခုေတာ့ တစ္ခုခုေပါ့ေလ၊ က်ဳပ္လည္း သူ႔ဆီအေျပးလာခဲ့တယ္၊
“ေဟ့ ခင္ၾကည္ဘာလုပ္ေနလဲ”
“ထမင္းစားဖို႔ျပင္ေနတယ္ေလဗ်၊ ဘာလဲသြားေခၚရမလား”
“မေခၚပါနဲ႔ကြာ၊ လာစမ္းပါ၊ မင္းအမဲသားစားလား”
“စားတာေပါ့ဗ်ာ”
“ေကာင္းၿပီ၊ လာ၊ ဒါဆို ငါ့အိမ္ထဲကိုဝင္”
က်ဳပ္လည္း ကိုေအးအိမ္ထဲကိုဝင္လိုက္ေတာ့မွ ကိုေအးက ဖက္နဲ႔ထုပ္ၿပီးဖြက္ယူလာတဲ့အမဲသားတြဲကိုျပတယ္ဗ်၊ အသားကလတ္သလားေတာ့မေမးနဲ႔နီရဲေနတာပဲဗ်ာ၊ အသားစိမ္းနံ႔ကိုက ေမႊးေနတာဗ်။
“လာကြာ၊ ငါတို႔ႏွစ္ေယာက္ သူတို႔မသိခင္ အမဲသားေတြေၾကာ္စားစို႔”
ကိုေအးက မီးဖိုထဲဝင္သြားတယ္၊ ထင္းမီးေမႊးၿပီးေတာ့ သံဒယ္အိုးကေလးတင္ၿပီး ႏွမ္းဆီထည့္တယ္ဗ်၊ က်ဳပ္ကေတာ့ အမဲသားေတြကို ေရေဆးေပးရတာေပါ့၊ ၿပီးတာ့ ဆားနဲ႔ဆႏြင္းနဲ႔နယ္ေပးရတယ္။ အမဲသားေတြက အသားခ်ည္းပဲဗ်ာ၊ တစ္ပိႆ ေတာင္မကဘူးထင္တယ္။ ေနာက္ေတာ့ အတုံးေသးေသးေလးေတြတုံးၿပီးေတာ့ ဆီပူထဲထည့္လိုက္တယ္၊ အမဲသားေၾကာ္နံ႔က ေမႊးၿပီးတက္လာတာေပါ့ဗ်ာ။
“ဒါနဲ႔ ကိုေအးက အမဲသားကို ဘာလို႔ခိုးေၾကာင္ခိုးဝွက္လုပ္ေနတာလဲဗ်”
“မင္းကလည္း မသိဘူးလားကြ၊ အဘိုးႀကီးက အမဲသားစားတာမႀကိဳက္ဘူးကြ”
ကိုေအးက လူလစ္ရင္ေတာ့ ဦးေအာင္ရွိန္ကို အဘိုးႀကီးလို႔ေခၚသဗ်၊ သူ႔မိန္းမေရွ႕က်ရင္ေတာ့ အေဖတဲ့၊ ကိုေအးမ်က္ႏွာက သိပ္အေျပာင္းအလဲျမန္တာ၊ သူအရက္မူးၿပီဆိုရင္ က်ဳပ္ကိုေယာက္ဖလို႔ေခၚတယ္၊ အမူးေျပရင္ေတာ့ ေယာက္ဖလို႔သြားမေျပာနဲ႔၊ လက္သီးစာမိသြားမယ္မဟုတ္လား။
“အဘိုးႀကီးက အထက္လမ္းဆရာဆိုေတာ့ အမဲသားစားတာမႀကိဳက္ဘူးကြ၊ ခင္ၾကည္ကလည္း သူ႔သမီးဆိုေတာ့ အမဲသားမစားဘူး၊ ငါကေတာ့ အမဲသားဆိုသိပ္ႀကိဳက္တာ၊ ဒါေပမယ့္မင္းသိတဲ့အတိုင္း အရင္က သူတို႔အိမ္ကပ္ေနရတာဆိုေတာ့ အျပင္မွာခိုးစားမွပဲရတာ၊ အခုေတာ့ ကိုယ့္အိမ္နဲ႔ကိုယ္ျဖစ္သြားၿပီမဟုတ္လား”
ကိုေအးက ေၾကာ္ၿပီးသား အမဲသားတုံးတစ္တုံးက်ဳပ္ကိုေပးလိုက္ေတာ့ က်ဳပ္လည္းေကာက္ဝါးလိုက္တယ္၊ အမဲသားေၾကာ္က ႏူးအိၿပီးေတာ့ အရသာသိပ္ရွိတာဗ်ာ။ က်ဳပ္လည္းအမဲသားမစားရတာ တစ္လေလာက္ရွိေတာ့မွာဆိုေတာ့ ငတ္ငတ္နဲ႔စားတာေပါ့ဗ်ာ။ ကိုေအးကလည္း အမဲသားတစ္တုံးကို ပလုပ္ပေလာင္းနဲ႔ဝါးတယ္၊ ၿပီးေတာ့ မီးဖိုေခ်ာင္က ႂကြက္ေလွ်ာက္တန္းေပၚတင္ထားတဲ့ ပုလင္းတစ္လုံးကိုသြားယူတယ္၊ ပုလင္းမွာက လက္ေရးႀကီးႀကီးနဲ႔ ေရနံဆီလို႔ေရးထားသဗ်။
“ကိုေအး ဒါဘာလုပ္တာလဲ”
ကိုေအးက ေရနံဆီပုလင္းကိုဖြင့္ၿပီးေမာ့ေသာက္တယ္ဗ်။ က်ဳပ္ျဖင့္လန႔္သြားတာပဲဗ်ာ၊ ကိုေအးေတာ့ ေသေၾကာင္းႀကံၿပီလားေပါ့၊ သူကေတာ့ ေအးေဆးပဲ တစ္ငုံေသာက္ၿပီးေတာ့ က်ဳပ္ကိုေရနံဆီပုလင္းလွမ္းေပးတယ္။ က်ဳပ္လည္းယူၿပီးနမ္းလိုက္ေတာ့ ေရနံဆီနံ႔မထြက္ဘဲနဲ႔ အရက္နံ႔ဗ်။ က်ဳပ္လည္းကိုေအးကိုရယ္ၿပီးၾကည့္လိုက္တာေပါ့ဗ်ာ။
“ဟဲဟဲ ဒီလိုပဲ လုပ္ထားရတာကြ၊ ခင္ၾကည္လစ္တဲ့အခ်ိန္ ဒါေလးေမာ့ေမာ့ေနရတာ”
“ခင္ဗ်ားေတာ္ေတာ္ဥာဏ္မ်ားတဲ့လူပဲ ကိုေအး”
က်ဳပ္တို႔လည္း အရက္ေလးေသာက္လိုက္ အမဲေၾကာ္ေလးစားလိုက္နဲ႔ေပါ့ဗ်ာ။
“ဒီေလာက္ေကာင္းတဲ့အသားကို သူတို႔ေတြဘာလို႔ေရွာင္သလဲဆိုတာ ေတြးလို႔ကိုမရဘူးကြာ”
ကိုေအးက ေထြလာေတာ့ ထုံးစံအတိုင္း စကားစလာပါေရာ။
“ဟုတ္တယ္ဗ်ာ၊ ဦးေအာင္ရွိန္က အထက္လမ္းမို႔မစားတာထားပါေတာ့၊ ဦးဘသာလည္း စုန္းျဖစ္ၿပီး အမဲသားကိုမစားဘူးဗ်ာ၊ က်ဳပ္တို႔ကေတာ့ အမဲသားဆိုရင္သိပ္ႀကိဳက္တာ၊ ေဟာဒီပါးစပ္ထဲကို အေကာင္လိုက္ေမာင္းသြင္းလို႔ရရင္ ေမာင္းသြင္းခ်င္တာဗ်၊ ဟား၊ ဟား”
အိမ္ရွင္စိတ္ႀကိဳက္ ေဖာ္လိုလိုက္ၿပီးေျပာရတာေပါ့ဗ်ာ၊ က်ဳပ္တို႔စားၿပီးမၾကာပါဘူး၊ ဖိုးတြမ္တီးကေျပးဝင္လာတယ္။
“ေဖႀကီး၊ ေမႀကီးက ထမင္းစားမယ္တဲ့၊ အဲ၊ ေဖႀကီးတို႔ဘာေတြေၾကာ္ေနၾကတာလဲ”
အေမးအျမန္းထူၿပီး သိပ္ပါးတဲ့ဖိုးတြမ္တီးေရာက္လာေတာ့ က်ဳပ္တို႔ႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ဘာလုပ္ရမွန္းမသိဘူးေပါ့ဗ်ာ၊ ကိုေအးက က်ဳပ္ထက္အာသြက္တယ္ဗ်။
“ေအး သားေရ၊ အေဖတို႔ ေခ်သားေတြ ေၾကာ္စားေနတာ၊ ငါ့သားစားၾကည့္ပါလား”
ကိုေအးက ဖိုးတြမ္တီးကို ေခ်သားဆိုၿပီး အမဲသားေၾကာ္တစ္တုံးေပးလိုက္တယ္။ ဖိုးတြမ္တီးကလည္း အမဲသားေၾကာ္ကိုစားရင္းႀကိဳက္သြားတယ္ထင္ပါ့။
“ေကာင္းလိုက္တာေဖႀကီးရာ၊ အဲဒါ ေခ်သားတဲ့လား”
“မင္းမစားဖူးဘူးမဟုတ္လား၊ စားကြ၊ ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္ေနာ္၊ မင္းအေမကိုေတာ့ ေျပာလို႔မျဖစ္ဘူး၊ ေျပာရင္မင္းကို မေကြၽးေတာ့ဘူး”
“စိတ္ခ်ပါေဖႀကီးရာ၊ စားလို႔ေကာင္းလိုက္တာ ေနာက္တစ္တုံးေလာက္”
ဖိုးတြမ္တီးပါ ၾကာေနရင္ မေကာင္းေတာ့ဘူးေလဗ်ာ၊ ဒါနဲ႔ပဲ သူ႔ကိုျပန္လႊတ္လိုက္ရတယ္။ က်ဳပ္တို႔ခဏေနရင္လာခဲ့မယ္ဆိုၿပီးေတာ့ ေျပာလိုက္တာေပါ့ဗ်ာ၊ ခိုးစားရတဲ့အသားမို႔လို႔လားမသိဘူး သိပ္ကိုအရသာရွိတာဗ်။
က်ဳပ္တို႔စားေနရင္း ျဗဳန္းဆို မခင္ၾကည္က မီးဖိုထဲဝင္ခ်လာပါေရာ၊ က်ဳပ္ကလည္း အရက္ပုလင္းႀကီးေမာ့ေနတုန္းတန္းလန္းႀကီးဆိုေတာ့ ဖြီးခနဲျဖစ္သြားတာေပါ့ဗ်ာ၊ မခင္ၾကည္က မီးဖိုေခ်ာင္ထဲ ကုပ္ေနၾကတဲ့က်ဳပ္တို႔ကိုၾကည့္ၿပီးေတာ့
“ရွင္တို႔ေခ်သားေတြစားေနၾကတယ္ဆို၊ က်ဳပ္ကိုလည္း ေကြၽးပါအုံးေတာ္”
ကိုေအးက အမဲသားေၾကာ္ထည့္ထားတဲ့ပန္းကန္ကိုမခင္ၾကည္ဆီကိုလွမ္းေပးတယ္ဗ်၊ ကိုေအးလက္ေတြ တဆတ္ဆတ္တုန္လို႔ဗ်ာ၊ မခင္ၾကည္က အမဲသားတစ္တုံးေကာက္ၿပီးေတာ့
“ကိုေအး . . .”
“ဗ် . . . ဗ်ာ . . .”
“ရွင့္ဟာက ေခ်သားေရာဟုတ္ကဲ့လား”
ကိုေအးက ဘာမွမေျပာဘဲ မ်က္ႏွာေသေလးနဲ႔လုပ္ေနတယ္၊ မခင္ၾကည္က အသားတုန္းကိုအေသအခ်ာအနံ႔ခံၾကည့္ၿပီးေတာ့ မ်က္ႏွာကတစ္ျဖည္းျဖည္းတင္းမာသြားတယ္။
“ဒီမယ္ကိုေအး . . .”
“ေဟ . . ခင္ . . ခင္ၾကည္”
“ဒါဘာသားတုန္းေတာ့ . . .”
“ငတင့္ကေတာ့ ေခ် . . ေခ်သားလို႔ေျပာတာပဲကြ”
“ရွင္က်ဳပ္ကိုမလိမ္နဲ႔ ငတင့္ဆိုတာ အမဲသတ္တဲ့လူ၊ သူက ဘယ္ကေခ်သား ရမွာလဲ”
“ေအး . . ေအး၊ မသိပါဘူးကြာ၊ သူက ေခ်သားဆိုေတာ့လည္း . . . ဟဲ . .ဟဲ”
သူ႔မိန္းမျမင္ေတာ့ ကိုေအးအျမႇီးကုပ္သြားတဲ့႐ုပ္ကို ခင္ဗ်ားတို႔ကို ျပခ်င္တယ္ဗ်ာ၊ ကိုေအးက ဘာလို႔လဲမသိဘူး မခင္ၾကည္ေတာ့ သိပ္ေၾကာက္တာဗ်။ မခင္ၾကည္က က်ဳပ္ဘက္ကိုလွည့္လိုက္တယ္၊ က်ဳပ္က ေရနံဆီလို႔ေရးထားတဲ့ ပုလင္းအနက္ႀကီးကိုင္လို႔ေပါ့ဗ်ာ။
“ဟဲ့အလတ္ေကာင္၊ နင့္လက္ထဲက ပုလင္းငါ့ကိုေပးစမ္း”
က်ဳပ္လည္း ဘာေျပာရမွန္းမသိ၊ ေပးရေကာင္းႏိုးႏိုး၊ မေပးရေကာင္းႏိုးႏိုးေပါ့ဗ်ာ။
“ငါ့ကိုအခုေပးစမ္းအလတ္ေကာင္”
က်ဳပ္ကိုထေအာ္တာနဲ႔ က်ဳပ္လည္းေပးလိုက္ရတာေပါ့ဗ်ာ၊ မခင္ၾကည္က ပုလင္းကိုနမ္းၾကည့္ၿပီး
“ဟင္ . . . ၾကည့္စမ္း၊ ကိုေအး၊ ရွင္ေျပာေတာ့ ေရနံဆီဆို . . .”
“ေအးေလ၊ ခင္ၾကည္ရဲ႕ . . . ဒီေရကလည္း နံတယ္မဟုတ္ဘူးလား”
“တိတ္စမ္း၊ ရွင္တို႔ႏွစ္ေယာက္ေပါင္းၿပီးေတာ့ ကြၽန္မကိုမလွိမ့္တပတ္လုပ္တယ္၊ အေဖမႀကိဳက္၊ ကြၽန္မမႀကိဳက္တဲ့ အမဲသားကို ခိုးစားၾကတယ္၊ ၿပီးေတာ့ အရက္ကိုလည္း ေရနံဆီဆိုၿပီးေတာ့ ခြက္ပုန္းခုတ္ၾကေသးတယ္၊ ဒါတင္မကဘဲ က်ဳပ္သား . . က်ဳပ္သားကေလးကိုလည္း ေခ်သားဆိုၿပီး အမဲသားေတြ ေကြၽးလိုက္တာမဟုတ္လား”
ကိုေအးက လက္သုံးေခ်ာင္းေထာင္ၿပီး
“သုံးတုံးထဲ ေကြၽးလိုက္တာပါကြာ”
“ေတာ္စမ္း၊ ရွင္တို႔ေတာ္ေတာ္တရားလြန္ေနၿပီ၊ အေဖသိရင္ ဘယ္ေလာက္စိတ္ဆိုးမလဲ၊ ေနာက္ၿပီးကိုေအး၊ ရွင္က ကြၽန္မမႀကိဳက္ဘူး၊ မစားပါနဲ႔လို႔ အတန္တန္တားတဲ့ အမဲသားကိုမွ အိမ္ေပၚတင္ၿပီးရေအာင္စားတယ္ဆိုတာ ကြၽန္မကိုေစာ္ကားတာပဲ၊ ရွင္ကြၽန္မကို အာခံခ်င္တာလား”
“မဟုတ္ပါဘူးမိန္းမရာ၊ ဒီေကာင္ေပါ့၊ အမဲသားစားခ်င္တယ္ဆိုလို႔၊ ငါကအိမ္ရွင္ဆိုေတာ့ ဖန္တီးေပးရတာ”
“ေတာ္ၿပီ၊ ဘာမွမေျပာနဲ႔ေတာ့၊ ရွင္တို႔ႏွစ္ေယာက္စလုံး ကြၽန္မအိမ္ကေနအခုဆင္းသြားၾက”
က်ဳပ္လည္း အိမ္ေပၚကေနဆင္းမလို႔လုပ္တာေပါ့၊ ကိုေအးက က်ဳပ္လက္ကိုလွမ္းဆြဲထားတယ္။ ၿပီးေတာ့ မခင္ၾကည္ကိုၾကည့္ၿပိး
“ဒီမွာခင္ၾကည္၊ မင္းငါ့ကိုျပတ္ႏိုင္လို႔လား”
ကိုေအးေမးလိုက္ေတာ့ ေဒၚသထြက္ေနတဲ့ မခင္ၾကည္က ၿငိမ္က်သြားတယ္ဗ်။
“ငါတို႔ဒီအသားေလးစားတာ ဘာျဖစ္သလဲကြ၊ ေနာက္ၿပီး မင္းဒီမွာတင္ရပ္လိုက္ေနာ္၊ ငါတို႔စားတာကို မင္းအေဖသိသြားရင္ ပိုၿပီးဆိုးသြားလိမ့္မယ္ကြ”
ကိုေအးက ျပန္ၿပီးၿခိမ္းေျခာက္ပါေရာဗ်ာ၊ မခင္ၾကည္လည္း စဥ္းစားေနၿပီးေခါင္းညိတ္တယ္။
“အဲဒါဆိုလည္း ၿပီးတာပဲ၊ ရွင္တို႔စားၿပီးရင္ မသိမသာကေလးေနၾက”
“ဒီလိုမွေပါ့ခင္ၾကည္ရာ၊ ငါအမဲသားႀကိဳက္တာ မင္းလည္းသိသားနဲ႔”
“ကဲပါ၊ က်ဳပ္ဟိုဘက္သြားလိုက္အုံးမယ္၊ ရွင္တို႔ တိုးတိုးတိတ္တိတ္လုပ္ၾကေနာ္”
“ေအးပါဟ၊ ငါတို႔ဟာနဲ႔ငါတို႔ဆို လူေတာင္မသိပါဘူး”
မခင္ၾကည္က မီးဖိုထဲကထြက္သြားတယ္၊ က်ဳပ္ျဖင့္ ဒီတစ္ခါေတာ့ ကိုေအးကိုခ်ီးက်ဴးမိတယ္ဗ်။
“ကိုေအးရာ၊ ခင္ဗ်ားကိုက်ဳပ္ ဒီတစ္ခါေတာ့ေလးစားသြားၿပီဗ်ာ”
ကိုေအးကေတာ့ မ်က္လုံးေလး ေပကလပ္၊ ေပကလပ္လုပ္ရင္း က်ဳပ္ဆီက ေရနံဆီပုလင္းႀကီးဆြဲၿပီး ေမာ့ေတာ့တာပဲဗ်ာ။
(၂)
အဲဒီညက က်ဳပ္ထမင္းျပန္မစားျဖစ္ပါဘူးဗ်ာ၊ စားၿပီးေသာက္ၿပီးမွ ကိုေအးအိမ္ကေနကူးခဲ့တယ္၊ မ်က္ႏွာသစ္ၿပီး ပလုပ္ေလးဘာေလးက်င္းလိုက္ေတာ့ လူကဟန္မပ်က္ဘူးေပါ့ဗ်ာ၊ ဦးေအာင္ရွိန္က ညေနေစာင္းဆိုဘုရားရွိခိုးၿပီးေပမယ့္ ေဒၚေအးၾကည္ကေတာ့ ညဘက္မွ ဘုရားရွိခိုးတာဗ်၊ ဦးဘသာနဲ႔ဦးေအာင္ရွိန္ထိုင္ေနတဲ့အနားကို က်ဳပ္လည္းမသိမသာေလးသြားတာေပါ့ဗ်ာ၊ သူတို႔အနားလည္းသိပ္မကပ္ရဲဘူးဗ်၊ မဟုတ္ရင္ က်ဳပ္အမဲသားခိုးစားထားတာရယ္၊ အရက္ေသာက္ထားတာရယ္ ေပၚသြားမွာစိုးတာကိုး၊ ဒါနဲ႔ပဲ သူတို႔ရဲ႕ေလေအာက္ဘက္ ကြပ္ပ်စ္ေထာင့္ကေလးမွာပဲ အသာထိုင္လိုက္တယ္။
“ဒါနဲ႔ ဆရာႀကီးရွိန္က အမဲသားစားတာ ဘာလို႔မႀကိဳက္တာလဲဗ်”
အေမးအျမန္းထူတဲ့ က်ဳပ္က စေမးလိုက္တာေပါ့ဗ်ာ၊ ဦးေအာင္ရွိန္က က်ဳပ္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေတာ့
“အထက္လမ္းဂိုဏ္းသားေတြ ေတာ္ေတာ္မ်ားမ်ားက ဝက္သားစားခ်င္စားမယ္၊ အမဲသားေတာ့ မစားၾကဘူးကြ၊ ဘာလို႔လဲဆိုေတာ့ အမဲသားဆိုတာ အစိမ္းသရဲေတြ၊ ဘီလူးေတြႀကိဳက္တဲ့အသားတဲ့၊ အမဲသားစားထားတဲ့လူကိုဆိုရင္ သူမ်ားျပဳစားရလြယ္တယ္၊ အစိမ္းသရဲဖမ္းစားရလြယ္တယ္ကြ”
“ဟာဗ်ာ၊ ႏြားေသတာနဲ႔ အမဲသားျဖစ္တာပဲကို၊ ဒီေလာက္ႀကီးက်ေတာ့ျဖစ္ႏိုင္ပါ့မလား”
“ဒါက တို႔အထက္လမ္းဂိုဏ္းသားေတြ လက္ဆင့္ကမ္းလာၾကတဲ့ ထုံးစံပဲကြ၊ ဒါကိုေဖာက္ဖ်က္ရင္ ဂိုဏ္းပညာကိုေဖာက္ဖ်က္တာနဲ႔အတူတူပဲေပါ့”
“အင္းေလ၊ ထားပါေတာ့၊ ဒါနဲ႔ဦးဘသာကေရာ၊ စုန္းျဖစ္ၿပီး အမဲသားဘာလို႔မစားတာလဲ”
က်ဳပ္လည္း ဦးေအာင္ရွိန္ဘက္လွည့္မရတာနဲ႔ ဦးဘသာဘက္ကိုလွည့္ရတာေပါ့။ ဦးဘသာက ေခါင္းညိတ္ရင္း
“ေဟ့အလတ္ေကာင္ရ၊ ငါက ႏြားေမြးေနတဲ့လူကြ၊ ႏြားေမြးတဲ့လူ အမဲသားမစားခ်င္ၾကတာ ထုံးစံပါပဲ”
အခ်ိန္ေႏွာင္းေနတာနဲ႔ က်ဳပ္တို႔လည္းလူစုခြဲၿပီး အိပ္ဖို႔ျပင္ၾကတာေပါ့ဗ်ာ၊ ဦးဘသာႀကီးက တေခါေခါနဲ႔အိပ္သြားေပမယ့္ က်ဳပ္ကေတာ့ အရက္ေသာက္ထားတာကလည္း မတင္မက်နဲ႔မို႔လို႔ အိပ္လို႔မေပ်ာ္ဘဲ တစ္မ်ိဳးႀကီးျဖစ္ေနတာေပါ့ဗ်ာ၊ ဒါနဲ႔ပဲ ေရနံဆီမီးခြက္ကေလး ေခါင္းရင္းမွာထြန္းၿပီးေတာ့ စာတစ္အုပ္ဖတ္ေနတာေပါ့။
“ဘုတ္၊ ဘုတ္၊ ဘုတ္”
ညသန္းေခါင္ေလာက္က်ေတာ့ လမ္းမေပၚမွာ လမ္းေလွ်ာက္သံတစ္ခုၾကားတယ္ဗ်၊ က်ဳပ္တို႔တဲကေလးက လမ္းေဘးကပ္ရပ္ဆိုေတာ့ ၾကားရတာေပါ့၊ လူေျခသံက ထူးေတာ့ထူးတယ္ဗ်၊ လူတစ္ေယာက္ေျခကိုေဆာင့္ၿပီးေတာ့ လမ္းေလွ်ာက္လာတဲ့အသံမ်ိဳးဗ်။
က်ဳပ္လည္းထူးဆန္းၿပီးဆက္နားေထာင္ေနတယ္၊ ေျခသံက တျဖည္းျဖည္းက်ယ္လာၿပီးေတာ့ တဘုတ္ဘုတ္အသံႀကီးကလည္း အက်ယ္ႀကီးပဲဗ်ာ၊ ခက္တာက က်ဳပ္တို႔တဲမွာလည္း ျပတင္းေပါက္မရွိဘူးဗ်၊ ျပတင္းေပါက္ရွိရင္ က်ဳပ္က တံခါးဖြင့္ၿပီးၾကည့္ခ်င္တာ၊ က်ဳပ္နားေထာင္ေနရင္း ေျခသံကတျဖည္းျဖည္းနီးလာတယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္တို႔တဲအေရွ႕အေရာက္မွာ ေျခသံကရပ္သြားတယ္၊ က်ဳပ္လည္းထူးထူးဆန္းဆန္း တဲထဲမွာေနရင္း ၾကက္သီးေတြထလာတာဗ်၊ ဒါနဲ႔ပဲ ေရနံဆီမီးခြက္ကို ခပ္ျမန္ျမန္မႈတ္ၿပီးေတာ့ ျခင္ေထာင္ထဲဝင္ေျပးၿပီး ေကြးေနလိုက္ရတာေပါ့ဗ်ာ။
မၾကာပါဘူး၊ ကေလးငိုသံၾကားရတယ္ဗ်၊ ငိုတာကေတာ့ အိမ္ေရွ႕ မခင္ၾကည္တို႔အိမ္က ဖိုးတြမ္တီးငိုတဲ့အသံျဖစ္မယ္၊ မခင္ၾကည္တို႔လင္မယား ထၿပီးစကားေတြေျပာေနၾကတယ္၊ ၿပီးေတာ့ မခင္ၾကည္က သူ႔အိမ္ကေနဆင္းလာၿပီး က်ဳပ္တို႔ၿခံဆီကိုေျပးလာတယ္။
“အေဖေရ၊ အေဖ၊ ေရမန္းေလးဘာေလးေပးပါအုံး”
မခင္ၾကည္က ဦးေအာင္ရွိန္ကိုလာႏႈိးေတာ့ ဦးေအာင္ရွိန္လည္းႏိုးလာတာေပါ့၊ က်ဳပ္လည္းမေနႏိုင္တာနဲ႔ ထလိုက္လာခဲ့တယ္။
“အမခင္ၾကည္၊ ဖိုးတြမ္တီးဘာျဖစ္တာလဲ”
“မသိပါဘူး၊ အိပ္ေနရင္း ကေယာင္ကတမ္းေတြေယာင္ၿပီးေတာ့ ထငိုတာပဲ”
ဦးေအာင္ရွိန္က ေလွကားေပၚကေနဆင္းလာၿပီးေတာ့
“ေလေတြဘာေတြထိုးသလားဟဲ့”
“မဟုတ္ပါဘူးအေဖရာ၊ လန႔္လို႔ငိုတာေနမွာပါ”
“ဒါဆိုငါလိုက္ခဲ့ရမလား”
“မလိုက္ပါနဲ႔အေဖရာ၊ ေရမန္းပဲေပး၊ သူ႔ကိုနည္းနည္းတိုက္လိုက္ရင္ ေကာင္းသြားမွာ၊ အေဖလည္း အိပ္ေရးပ်က္ပါတယ္”
မခင္ၾကည္ေရမန္းယူသြားတယ္ဗ်။ ဒါနဲ႔က်ဳပ္လည္း တဲကေလးထဲကိုျပန္ဝင္ခဲ့တာေပါ့၊ က်ဳပ္အိပ္မလို႔လုပ္ေနရင္း ခုနကေျခသံနဲ႔ ဖိုးတြမ္တီးငိုတာ တစ္ခုခုမ်ားဆက္စပ္ေနမလားလို႔ ေတြးမိေသးတယ္၊ ဖိုးတြမ္တီးလည္း ပရိတ္ရည္နဲ႔အဆင္ေျပသြားတယ္ထင္ပါတယ္၊ ဆက္မငိုေတာ့ဘူး၊ ေနာက္ေတာ့ တစ္႐ြာလုံးက ျပန္ၿပီးၿငိမ္သက္သြားတာေပါ့ဗ်ာ။
(၃)
မနက္မလင္းေသးဘူး၊ လူသံေတြက ဆူညံေနတာပဲဗ်ာ၊ က်ဳပ္အိပ္တဲ့နားမွာလာၿပီးေတာ့ စု႐ုံးစု႐ုံးနဲ႔စကားေတြလာေျပာေနၾကတာ၊ က်ဳပ္လည္း အိပ္မရတာနဲ႔ အိပ္ရာထဲကေနထြက္ခဲ့တယ္၊ လူေတြက ဖိုးတြမ္တီးတို႔အိမ္ေရွ႕မွာ ဆူညံေနတာဗ်၊ က်ဳပ္လည္း သိခ်င္စိတ္နဲ႔လူအုပ္ၾကားထဲ တိုးခဲ့တာေပါ့။
“ဘာေတြၾကည့္ေနတာလဲ”
“ဒီမွာၾကည့္ပါလား ေျခရာႀကီး”
ဖိုးတြမ္တီးတို႔အိမ္အေပၚထပ္ကို တက္တဲ့ေလွကားရင္းမွာ ေျခရာႀကီးတစ္စုံက အထင္းသားဗ်ာ၊ အိမ္က ေျခတံရွည္အိမ္ဆိုေတာ့ ေလွကားအတက္မွာ ေျမႀကီးပဲရွိတာေပါ့၊ ေျမႀကီးဆိုေပမယ့္လည္း ေျမေပ်ာ့ေပ်ာ့မဟုတ္ဘူးဗ်၊ သံမံတလင္းလိုမ်ိဳး မာမာေတာင္ေတာင္နဲ႔ေျမႀကီးမွာ ေျခရာႀကီးႏွစ္ခုထင္ေနတာ။ ေျခရာႀကီးကလည္း တစ္ခုတစ္ခုကို တစ္ေတာင္ေလာက္ရွိတယ္၊ ဒီေလာက္ေျမမာမာမွာ ေျခရာထင္ေနတာ အံ့ဩပါရဲ႕ဗ်ာ။
“အဲဒါ ေျခရာတစ္ေတာင္ ေမာင္မဲေခါင္မို႔လား”
“ဟုတ္တာေပါ့”
႐ြာသားေတြက အမ်ိဳးမ်ိဳးေျပာဆိုေနၾကလို႔ က်ဳပ္လည္း ဦးေအာင္ရွိန္အိမ္ထဲကို ျပန္လာခဲ့တယ္၊ ဦးေအာင္ရွိန္က ဘုရားခန္းမွာထိုင္ရင္း ႐ြာလူႀကီးေတြနဲ႔ ေဆြးေႏြးေနၾကတယ္။
“ဆရာႀကီး၊ ေျခရာၾကည့္ပုံအရေတာ့ ေျခရာတစ္ေတာင္ ေမာင္မဲေခါင္ႀကီးပဲထင္တယ္”
ဦးေအာင္ရွိန္က ေခါင္းညိတ္တယ္။
“က်ဳပ္လည္း ဒီလိုပဲထင္ပါတယ္”
“ေမာင္မဲေခါင္ဆိုရင္ေတာ့ အဲဒါ႐ြာကိုအစာလာေတာင္းတာပဲဗ်၊ ေမာင္ေအးတို႔အိမ္ေရွ႕မွာ ေျခရာေပၚတယ္ဆိုေတာ့ ေမာင္ေအးတို႔ ႐ြာစာခ်ရမွာေပါ့”
ဦးေအာင္ရွိန္က ေဒါသထြက္သြားတယ္။
“ဒါေတာ့ က်ဳပ္လက္မခံဘူးဗ်ာ၊ က်ဳပ္က အထက္လမ္းဆရာပဲဗ်၊ ဒီလိုအစိမ္းသရဲက ေတာင္းဆိုတိုင္းက်ဳပ္က လုပ္ေပးရ႐ိုးလား”
“က်ဳပ္တို႔လည္း လုပ္ေလ့ရွိတာကိုေျပာတာပါ ဆရာႀကီးရာ၊ အခုေရာ ဆရာႀကီးဘယ္လိုလုပ္မယ္ စိတ္ကူးသလဲ”
“ဒီေကာင္ေနာက္တစ္ခါလာရင္ေတာ့ က်ဳပ္အေၾကာင္းသိရမွာေပါ့ဗ်”
႐ြာလူႀကီးေတြလည္း အိမ္ေပၚကေနဆင္းသြားတယ္၊ ဦးေအာင္ရွိန္က ကိုေအးကို ေပါက္တူးတစ္လက္နဲ႔ေျခရာကို ကေလာ္ခိုင္းၿပီးေတာ့ ကေလာ္လို႔ထြက္လာတဲ့ ေျမစာေတြကိုလည္း ျမစ္ထဲကိုသြားစြန႔္ခိုင္းတယ္ဗ်။ က်ဳပ္လည္း ဦးေအာင္ရွိန္ စိတ္တိုေနပုံရတာနဲ႔ မႏွင္းၾကည္ကိုပဲ ကပ္ေမးရတာေပါ့။
“မမႏွင္း၊ ေမာင္မဲေခါင္ဆိုတာ ဘာလဲဗ်”
“ေျခရာတစ္ေတာင္ ေမာင္မဲေခါင္ေလ၊ ေမာင္ေလးမသိဘူးလား”
“ၾကားေတာ့ၾကားဖူးတယ္၊ ဒါေပမယ့္ ေသခ်ာမသိဘူး”
“ပုံျပင္ရွိတယ္ေလေမာင္ေလးရယ္၊ မေအာင္ျဖဴေသေတာ့ ဘီလူးျဖစ္သြားတယ္တဲ့၊ ဒါနဲ႔သူ႔ေယာက္်ားကိုa ခၚၿပီး ေတာထဲမွာ ႏွစ္ေယာက္တည္းေပါင္းသင္းေနထိုင္တယ္၊ အဲဒီမွာ ေမာင္မဲေခါင္ကိုေမြးတယ္၊ ေမာင္မဲေခါင္က လူနဲ႔ဘီလူးနဲ႔စပ္ေမြးတာဆိုေတာ့ အားလည္းသိပ္ရွိတာဆိုပဲ၊ ေျခရာႀကီးတင္ တစ္ေတာင္နဲ႔တစ္ထြာရွိတယ္၊ အဲဒါေၾကာင့္ သူ႔ကို ေျခရာတစ္ေတာင္ ေမာင္မဲေခါင္လို႔ေခၚၾကတာေပါ့”
“က်ဳပ္နားလည္ၿပီ၊ မေအာင္ျဖဴဆိုတာက ဖ်ာလိပ္နတ္ကိုေျပာတာမဟုတ္လား”
“ဟုတ္တာေပါ့”
“ဒါဆို အခုေျခရာက အဲဒီေမာင္မဲေခါင္ရဲ႕ေျခရာလား”
“ဒီလိုေတာ့ ေျပာၾကတာပဲေမာင္ေလးရဲ႕၊ အဲဒီေမာင္မဲေခါင္ေျခရာက အိမ္တစ္အိမ္ရဲ႕အေရွ႕မွာေပၚလာၿပီဆိုရင္ အဲဒီအိမ္ကိုသူက ထမင္းေတာင္းစားတာတဲ့၊ ဆန္တစ္ျပည္၊ ၾကက္တစ္ေကာင္ကို ဘာမွမကိုင္ဘဲ ဒီအတိုင္းမီးကင္ၿပီးတင္ေပးရတယ္၊ ၿပီးရင္ ေကာက္ညႇင္းနဲ႔လူ႐ုပ္လုပ္ၿပီးေတာ့ အဲဒီအေပၚမွာထပ္တင္ၿပီး ဒီအိမ္က ဘယ္သူ႔အတြက္ ဆက္သပါတယ္၊ သူ႔ကို မေႏွာင့္ယွက္ပါနဲ႔ဆိုၿပီးေတာ့ ႐ြာျပင္မွာ႐ြာစာခ်ေပးရတယ္တဲ့”
“ခုနက က်ဳပ္ၾကားတာကေတာ့ ဆရာႀကီးက အဲဒီလို႐ြာစာမခ်ဘူး၊ ေနာက္တစ္ခါလာရင္ သူႏွိမ္နင္းမယ္ဆိုပဲ”
မႏွင္းၾကည္က ဘာမွေတာ့ဆက္မေျပာေတာ့ဘူးဗ်၊ မခင္ၾကည္ကေတာ့ အဲဒီေန႔က စိတ္မေျဖာင့္ႏိုင္ဘူးထင္ပ၊ သူ႔စိတ္ထဲကအတိုင္းဆိုရင္ေတာ့ ႐ြာစာခ်လိုက္ခ်င္တာ၊ ဒါေပမယ့္ အေဖက ဂိုဏ္းဆရာဆိုေတာ့လည္း မလြန္ဆန္ႏိုင္ဘူးေပါ့ဗ်ာ။
ဦးေအာင္ရွိန္က တစ္ေန႔လုံးေဒါသထြက္ေနတယ္ဗ်၊ သူ႔လိုအထက္လမ္းဂိုဏ္းဆရာရဲ႕ မိသားစုကိုမွ မဲေခါင္ကေပၚလာရတာကိုး။ က်ဳပ္တို႔လည္း သူနဲ႔စကားမေျပာျဖစ္ပါဘူးဗ်ာ၊ ညေနထမင္းစားၿပီးတာနဲ႔ ကိုယ့္တဲကေလးထဲ ကိုယ္ဝင္ေနလိုက္ၾကတယ္၊ ဦးဘသာနဲ႔ စကားစပ္မိေတာ့ ဒီမဲေခါင္အေၾကာင္းေတာင္ေျပာမိလိုက္ေသးတယ္ဗ်။
“အင္း၊ ငါထင္တာကေတာ့ ဒီကိစၥက ဒီေလာက္မ႐ိုးရွင္းဘူးကြ”
“ဦးဘသာက ဘာကိုဆိုလိုခ်င္တာလဲ”
“ေျခရာတစ္ေတာင္ ေမာင္မဲေခါင္ဆိုတာ တို႔စုန္းေတြ၊ ေအာက္လမ္းေတြ တတ္အပ္တဲ့အတတ္ပညာတစ္ခုထဲမွာပါတယ္၊ ေမာင္မဲေခါင္ကိုဆင့္ေခၚတဲ့ အတိုက္တစ္ခုေပါ့ကြာ”
“ဗ်ာ၊ ဒီဟာက အတိုက္တဲ့လား”
“ေမာင္မဲေခါင္ကို အမ်ိဳးမ်ိဳးဆင့္ေခၚလို႔ရတယ္၊ မဲေခါင္အတိုက္လုပ္ၿပီဆိုရင္ အရင္ဆုံးသူတို႔ၿခံ၀မွာ ေျခရာႀကီးေပၚတတ္တယ္ကြ၊ ေနာက္ေန႔ေရာက္ရင္ ေျခရာက အိမ္ထဲေပၚတတ္တယ္၊ ဒါက သတိေပးေနတဲ့သေဘာေပါ့၊ ေျခရာအိမ္ေပၚတက္သြားၿပီဆိုရင္ အဲဒီအိမ္မွာ မေကာင္းတာတစ္ခုခုျဖစ္တတ္တယ္ကြ”
“ဘယ္လိုမေကာင္းတာလဲ”
“လူေသတာတို႔ဘာတို႔ တစ္ခုခုေပါ့ကြာ”
က်ဳပ္လည္းထိတ္လန႔္သြားတယ္ဗ်၊
“ေနစမ္းပါအုံး ဦးဘသာရာ၊ တကယ္လို႔ ဒါကေအာက္လမ္းအတိုက္တစ္ခုဆိုရင္ ဦးေအာင္ရွိန္က မသိဘူးလား”
“မင္းနားလည္ေအာင္ေျပာရမယ္ဆိုရင္ေတာ့ သိေတာ့သိတယ္၊ မသိဘူးေပါ့ကြာ၊ သိတယ္ဆိုတာက တစ္ခုခုထူးျခားတယ္ဆိုတာေပါ့၊ မသိဘူးဆိုတာက ဒါကဘယ္လိုအတိုက္လဲ၊ ဘယ္လိုစီရင္ထားတာလဲဆိုတာကို မသိႏိုင္ဘူးကြ”
“ဦးေအာင္ရွိန္ႀကီးကလည္း ညံ့ပါ့ဗ်ာ၊ ဆရာလုပ္ေနၿပီးေတာ့”
“ဒီလိုေျပာလို႔ေတာ့မရဘူးအလတ္ေကာင္ရ၊ အထက္လမ္းနဲ႔ေအာက္လမ္းဆိုတာ ပညာရပ္ကတစ္ျခားဆီကြ၊ မင္းကို ဥပမာေပးရရင္ လက္သမားဆရာက ေဆးဆရာေဆးကုတာကိုၾကည့္႐ုံနဲ႔ သူက ေဆးလိုက္ကုတတ္ပါ့မလား”
“ဒါကေတာ့ ဘယ္ကုတတ္မွာလဲဗ်”
“ဒီလိုပဲေပါ့ကြာ၊ အထက္လမ္းမွာလည္း ေအာက္လမ္းေတြစုန္းေတြ မသိတဲ့ပညာရပ္ေတြအမ်ားႀကီးရွိသလို၊ စုန္းပညာ၊ ေအာက္လမ္းပညာမွာလည္း အထက္လမ္းသမားေတြမသိတဲ့ ပညာရပ္ေတြအမ်ားႀကီးရွိတယ္၊ ဒါကိုမသိလို႔ ဗဟုသုတနည္းတယ္၊ ပညာနည္းတယ္လို႔ ဆိုလို႔မရဘူးကြ”
“က်ဳပ္နားလည္ပါၿပီဦးဘသာ၊ ဒါနဲ႔ ေျခရာက ေလွကားေျခရင္းမွာေတာင္ ေပၚေနၿပီေနာ္”
“ဒါေပါ့ကြ၊ ဒါဆိုရင္ မၾကာဘူး မဲေခါင္အိမ္ေပၚတက္လိမ့္မယ္၊ ငါ့အထင္ေတာ့ ဒီညပဲထင္တယ္”
“လာဗ်ာ၊ ဒါဆိုရင္ ဦးေအာင္ရွိန္ကိုသြားေျပာရေအာင္”
ဦးဘသာက ကြမ္းတံေတြးကို ေထြးခံထဲကို ေထြးထည့္လိုက္ၿပီး
“ေအာင္ရွိန္ကိုမင္းသြားေျပာၾကည့္ေလ၊ သူက လက္ခံမတဲ့လား”
ဦးဘသာေျပာတာလည္း ဟုတ္တယ္ဗ်၊ ဦးေအာင္ရွိန္က ဦးဘသာနဲ႔သူငယ္ခ်င္းဆိုေပမယ့္ စိတ္ထားကေတာ့ သိပ္မတူဘူး၊ ဦးေအာင္ရွိန္က ဆရာဆိုတဲ့ အရွိန္အဝါျပခ်င္တယ္၊ သူ႔ပညာရပ္နဲ႔ႂကြားဝါခ်င္တယ္ဗ်။ အခုလည္း သူမသိတဲ့အရာကို ဦးဘသာက သိေနတယ္ဆိုတာ သြားေျပာရင္ ဘယ္ေလာက္သူငယ္ခ်င္းအရင္းပဲေျပာေျပာ သူစိတ္ထဲေတာ့ ခုေနမွာပဲဗ်ာ။
“ဒါဆို ဘယ္လိုလုပ္ၾကမလဲ ဦးဘသာ”
“မင္းနဲ႔ငါနဲ႔ မဲေခါင္ႀကီးကို ေစာင့္ဖမ္းၾကတာေပါ့ကြာ”
က်ဳပ္လည္း ၿပဳံးၿပီးေတာ့ ေခါင္းညိတ္လိုက္မိတယ္၊ ဦးဘသာပါတယ္ဆိုရင္ေတာ့ က်ဳပ္ဓါးေတာင္ကိုလည္း ျဖတ္ရဲတယ္၊ မီးပင္လယ္ကိုလည္း ေက်ာ္ရဲတယ္ေလဗ်ာ၊ ဟား၊ ဟား။
(၄)
ညနက္လာၿပီဗ်၊ ညသန္းေခါင္ေလာက္မေရာက္တေရာက္မွာ ႐ြာထိပ္ဘက္က ေခြးအူသံေတြၾကားရတယ္၊ ၿပီးေတာ့ ေခြးေတြက ႐ြာထဲမွာလည့္ပတ္ၿပီးအူေနေတာ့တာ၊ ဦးဘသာက ပုဆိုးျပင္ဝတ္ၿပီးဆင္းသြားတယ္၊ က်ဳပ္လည္း သုံးေတာင့္ထိုး လက္ႏွိပ္ဓါတ္မီးယူၿပီးေတာ့ သူ႔အေနာက္ကေနဆင္းလိုက္လာတာေပါ့ဗ်ာ။
ေခြးအူသံေတြ ဆူညံေနတယ္ဆိုေပမယ့္ ႐ြာကလူေတြက အိပ္ေမာက်ေနတာလား၊ ဒါမွမဟုတ္ ေၾကာက္လို႔ပဲၿငိမ္ကုပ္ေနတာလားေတာ့မသိဘူး၊ ၿငိမ္သက္လို႔ဗ်၊ က်ဳပ္တို႔လမ္းေလွ်ာက္လာရင္း ႐ြာထိပ္ကိုေရာက္လာခဲ့တယ္၊ ႐ြာထိပ္ေရာက္ေတာ့ ေျခရာႀကီးေတြမနည္းဘူးဗ်ာ။ ေျခရာႀကီးကလည္း အႀကီးႀကီးပဲဗ်။
“ေျခရာတစ္ေတာင္ ေမာင္မဲေခါင္တဲ့၊ မင္းေျခရာကို တိုင္းၾကည့္စမ္းကြာ”
က်ဳပ္လည္း ဖုန္ေတာထဲမွာ ေပၚေနတဲ့ေျခရာကို လက္နဲ႔တိုင္းၾကည့္ေတာ့ တစ္ကယ္ပဲ က်ဳပ္လက္တစ္ေတာင္ကြက္တိပဲဗ်ာ၊ ဒါေပမယ့္ ေျခရာေတြက ႐ြာထဲကိုဝင္မလာဘဲ ႐ြာကိုပတ္ေနသလိုျဖစ္ေနတာဗ်။
“အဲဒါ မဲေခါင္ႀကီး႐ြာပတ္ေနတာကြ၊ ဒီေကာင္ႀကီးေတြ တစ္ခုခုလုပ္ရေတာ့မယ္ဆို ႐ြာေတာ္ရွင္ေတြကို အသိေပးတဲ့သေဘာနဲ႔ ႐ြာကိုတစ္ပတ္ပတ္ရတယ္ကြ၊ တစ္ပတ္ျပည့္ၿပီးရင္ ဒီေကာင္ႀကီး ဒီလမ္းကေနၿပီးဝင္လာလိမ့္မယ္”
က်ဳပ္လည္းဆက္ေစာင့္ေနတာေပါ့ဗ်ာ၊ ႐ြာထိပ္မွာက အိမ္ေျခမရွိဘဲ သစ္ပင္ေလးေတြခပ္အုပ္အုပ္ရွိတာမဟုတ္လား၊ ႐ြာလမ္းမႀကီးကလည္း ျဖဴးလို႔ဗ်၊ ဒီအခ်ိန္မွာပဲ တစ္ဘုတ္ဘုတ္နဲ႔ေျခသံႀကီးကိုၾကားရတယ္ဗ်၊ ေျခသံႀကီးနားေထာင္ကတည္းကိုက ေၾကာက္စရာႀကီးဗ်ာ။
“ေဟာ၊ ဟိုမွာလာေနၿပီ”
ဦးဘသာက ႐ြာအဝင္လမ္းကိုလက္ညႇိဳးထိုးျပေပမယ့္ က်ဳပ္ကေတာ့ ဘာမွမျမင္ရဘူး၊ ဒါနဲ႔ ဓါတ္မီးနဲ႔ထိုးၾကည့္တယ္၊ ဘာဆိုဘာမွကိုမျမင္ရတာဗ်ာ။
“ဦးဘသာ၊ က်ဳပ္လည္း ဘာမွမျမင္ရပါလား”
ဦးဘသာက က်ဳပ္မ်က္လုံးကို သူ႔လက္နဲ႔အုပ္လိုက္တယ္ဗ်၊ ၿပီးေတာ့
“ကဲ၊ ျမင္ေစေဟ့”
အဲဒီလိုေအာ္လိုက္ၿပီး လက္ကိုဖယ္လိုက္တာနဲ႔ က်ဳပ္အေရွ႕မွာ မဲေခါင္ႀကီးကိုဘြားခနဲျမင္လိုက္ရတာဗ်၊ အေကာင္အႀကီးႀကီးပဲ၊ အရပ္ႀကီးကိုက ဆယ္ေပမကဘူးျမင့္တယ္၊ သူလမ္းေလွ်ာက္လာတာ မသိရင္ အိမ္ႀကီးတစ္လုံးေ႐ြ႕လာတဲ့အတိုင္းပဲဗ်ာ၊ ေျခသလုံးႀကီးတစ္လုံးတစ္လုံးဆိုရင္ အိမ္တိုင္ႀကီးေတြေလာက္ကိုရွိတာ။ ေျခသံတဘုတ္ဘုတ္နဲ႔ လမ္းေလွ်ာက္လာတာ အနားေရာက္လာေတာ့ မသိရင္ ေျမႀကီးေတြပါတုန္ေနတယ္လို႔ထင္ရတယ္ဗ်ာ။
“ေဟ့မဲေခါင္ႀကီး ရပ္စမ္းကြာ”
ဦးဘသာက လက္ကာျပၿပီးတားလိုက္ေတာ့ မဲေခါင္ႀကီးက တုန႔္ခနဲရပ္သြားတယ္။
“ေဟ့ေကာင္ေတြ၊ မင္းတို႔ေဘးဖယ္ၾက”
မဲေခါင္အသံႀကီးက အသံလုံးႀကီးႀကီးနဲ႔ အုပ္အုပ္ႀကီးဗ်၊ ဦးဘသာက ပုဆိုးျပင္ဝတ္ရင္း လမ္းမလယ္ေပၚတက္သြားၿပီးေတာ့
“မဖယ္ဘူးဆိုရင္ေရာကြာ၊ မင္းက ဘာလုပ္ခ်င္တာလဲ”
“မင္းတို႔ ကိစၥမရွိဘူး၊ မင္းတို႔ဖယ္ေပးၾက၊ ငါ့ကိစၥ ငါလုပ္မယ္”
“လုပ္စရာမလိုဘူးမဲေခါင္ႀကီး၊ မင္းလာလမ္းအတိုင္းျပန္လွည့္လိုက္ပါ”
မဲေခါင္ႀကီးက စိတ္ဆိုးသြားတဲ့ပုံပဲဗ်၊ ဒါနဲ႔ပဲ သူ႔ေျခေထာက္ႀကီးကိုေျမႇာက္တင္လိုက္ၿပီးေတာ့ ဦးဘသာကို ေျခေထာက္နဲ႔တက္နင္းခ်လိုက္တယ္၊ က်ဳပ္ျဖင့္လန႔္ၿပီးေတာ့ အေနာက္ကို ေလးငါးလွမ္းေလာက္ဆုတ္လိုက္မိတယ္ဗ်၊ ဒါေပမယ့္ ဦးဘသာေခါင္းကို မနင္းမိဘဲ ေျခေထာက္က ေလေပၚမွတန္းလန္းႀကီးျဖစ္ၿပီး ရပ္ေနတယ္ဗ်။ ဦးဘသာက မဲေခါင္ႀကီးကိုေမာ့ၾကည့္ၿပီး
“ငါ့ကိုနင္းမယ္မဟုတ္လား၊ နင္းေလကြ”
ဦးဘသာက သူ႔ေခါင္းမွာေပါင္းထားတဲ့ သဘက္ႀကီးကိုျဖဳတ္ၿပီးလည္ပင္းမွာတင္လိုက္တယ္၊ ၿပီးေတာ့ သူ႔နဖူးေျပာင္ေျပာင္ႀကီးကိုလက္ညႇိဳးထိုးၿပီးေတာ့
“နင္းေလကြာ၊ နင္းမယ္ဆိုရင္ ေဟာဒီငါ့ငယ္ထိပ္တည့္တည့္ကိုသာ နင္းခ်လိုက္”
မဲေခါင္ႀကီးက အားစိုက္ၿပီးနင္းေနပုံရတယ္ဗ်၊ နင္းေနရင္းနဲ႔ တအိအိနဲ႔ ျဖစ္သံညႇစ္သံေတြထြက္လာတာ၊ ဒါေပမယ့္ ေျခေထာက္က ဦးဘသာေခါင္းကိုမထိဘဲ တစ္ေပေလာက္အကြာ ေလေပၚမွရပ္ေနတာဗ်။
မဲေခါင္ႀကီးက နင္းမရေတာ့ ေျခေထာက္ကိုျပန္႐ုပ္သိမ္းဖို႔လုပ္တယ္ဗ်၊ ဒါေပမယ့္ ေျခေထာက္ကိုလည္း ျပန္႐ုပ္လို႔မရဘူး၊ ေလထဲမွာတန္းလန္းႀကီးျဖစ္ေနတယ္၊ မဲေခါင္ႀကီးက သူ႔ေျခေထာက္ကို လက္နဲ႔ကိုင္ၿပီးေတာ့ ဆြဲေပမယ့္လည္း ဒီအတိုင္းပဲဗ်၊ ဒီေတာ့မွ ဦးဘသာႀကီးက ရယ္တယ္။
“ဟား၊ ဟား၊ လုပ္စမ္းပါကြ၊ မင္းေျခေထာက္ကိုမင္းျပန္ယူစမ္းပါ”
“မရဘူး၊ က်ဳပ္ယူမရဘူး၊ က်ဳပ္ကိုလႊတ္ေပးစမ္းပါအဘိုးႀကီး”
“မင္းကိုငါဘယ္နားဖမ္းထားလို႔လဲကြ”
ဦးဘသာက အေနာက္ကိုသုံးလွမ္းေလာက္ဆုတ္လိုက္တာေတာင္မွ မဲေခါင္ႀကီးက ေျခတစ္ဖက္ေျမႇာက္ၿပီးက်န္ေနခဲ့တယ္။
“က်ဳပ္ေျခေထာက္ကိုလႊတ္ေပး”
“မင္း တို႔႐ြာကေနလွည့္ျပန္မယ္ဆိုရင္ မင္းေျခေထာက္ကိုလႊတ္ေပးမယ္”
“ေတာက္ . . . မရဘူး၊ ငါအဲဒီေကာင္ကိုသတ္မယ္၊ အဲဒီေကာင္ကိုငါသတ္မယ္”
“ေျပာစမ္း၊ မင္းက ဘယ္သူ႔ကိုသတ္ခ်င္တာလဲ”
“ဟိုအိမ္က ငေအးဆိုတဲ့ေကာင္ကိုသတ္ခ်င္တာ”
မဲေခါင္ေျပာတာ ကိုေအးကိုေျပာခ်င္တာျဖစ္မယ္ဗ်၊ ဦးဘသာက ေခါင္းညိတ္ၿပီးေတာ့
“သူက မင္းကိုဘာလုပ္လို႔လဲ”
“ငတင့္က ငါ့ကိုေကြၽးဖို႔ဆိုၿပီးယူလာတဲ့အမဲသားကို ဒီေကာင္ယူသြားတယ္၊ ၿပီးေတာ့ ဒီေကာင္စားပစ္တယ္”
က်ဳပ္သိလိုက္ပါၿပီ၊ မေန႔က ကိုေအးယူလာတဲ့အမဲသားက လက္စသတ္ေတာ့ မဲေခါင္ႀကီးစားဖို႔အတြက္တဲ့ဗ်ာ။
“မင္းစိတ္ကိုေလ်ာ့လိုက္ပါ မဲေခါင္ႀကီး၊ သူတို႔က မသိလို႔စားမိတာပဲ”
“ငါခြင့္မလႊတ္ဘူး၊ ဒီေကာင့္ကိုငါသတ္ၿပီးေတာ့ စားပစ္မယ္”
မဲေခါင္ႀကီးက ေဒါသမေျပေသးဘူးဗ်၊ ဦးဘသာႀကီးကလည္း မဲေခါင္ႀကီးကိုၾကည့္ရ႕င္း တျဖည္းျဖည္းစိတ္ဆိုးလာၿပီထင္တယ္။ မဲေခါင္ႀကီးကိုလက္ညႇိဳးထိုးၿပီး
“ေဟ့ေကာင္၊ မင္းမျပန္ဘူးဆိုရင္ ငါမင္းအေမကိုေခၚလိုက္မွာေနာ္ကြ”
ဒီလိုေျပာလိုက္မွ မဲေခါင္ႀကီးက ထိတ္လန႔္သြားပုံရတယ္ဗ်၊ သူ႔အသားေတြ တဆတ္ဆတ္တုန္လာတယ္။
“မ . . . မလုပ္ပါနဲ႔”
“ဒါဆိုလွည့္ျပန္ေတာ့၊ မင္းစားခ်င္တဲ့အသားကို ငေအးကိုငါေကြၽးခိုင္းမယ္”
“ဒါျဖင့္ရင္လည္း ကြၽဲနန္း႐ြာအဝင္နားက သစ္ဆိမ့္ပင္ႀကီးေအာက္မွာ က်ဳပ္အတြက္ အမဲသားတြဲလာခ်ိတ္ေပးစမ္းပါ၊ က်ဳပ္စားခ်င္လြန္းလို႔”
“ေကာင္းၿပီ၊ မပူနဲ႔၊ ငါမနက္ျဖန္ပဲ စီစဥ္ခိုင္းလိုက္မယ္”
ဒီေတာ့မွ မဲေခါင္ႀကီးေျခေထာက္တစ္ဖက္က ေျမေပၚကိုဘုတ္ခနဲက်သြားတယ္ဗ်၊ မဲေခါင္ႀကီးက အေနာက္ကိုလွည့္ၿပီး တဘုတ္ဘုတ္နဲ႔ ျဖည္းျဖည္းခ်င္းေလွ်ာက္သြားတယ္၊ ေလွ်ာက္သြားၿပီး ေလးငါးဆယ္လွမ္းေလာက္ေရာက္တာေတာင္ ႐ြာကိုလွည့္ၾကည့္ေနေသးတယ္၊ ဦးဘသာက ခါးေထာက္လိုက္ၿပီးေတာ့
“အဟမ္း . . .”
ဆိုၿပီး ေခ်ာင္းဟန႔္လိုက္ေတာ့မွ မဲေခါင္ႀကီးက ျမစ္႐ိုးအတိုင္းဆင္းခ်သြားေတာ့တာပဲဗ်ာ၊ မဲေခါင္ထြက္သြားမွပဲ ဦးဘသာလည္း သက္ျပင္းခ်ႏိုင္ေတာ့တယ္။ က်ဳပ္ဆိုအံ့အားသင့္ၿပီး ပါးစပ္ႀကီးပြင့္လို႔ဗ်။
“ဒါ . . ဒါနဲ႔ဦးဘသာ၊ မဲေခါင္ႀကီးက သူ႔အေမေတာ့ ေၾကာက္သားဗ်”
“သူ႔အေမက သူတို႔ကိုႏိုင္တယ္ေလ၊ ဇာတ္ေၾကာင္းအရေတာ့ မဲေခါင္နဲ႔သူ႔အေဖက ဘီလူးမႀကီးနဲ႔ေနတာကို ၿငီးေငြ႕လို႔ တစ္ရက္ေတာ့ သူ႔အေမဘီလူးမလစ္တုန္း မဲေခါင္က အေဖကိုထမ္းၿပီး ထြက္ေျပးၾကတယ္တဲ့၊ ဘီလူးမႀကီးက သိလို႔အျမန္လိုက္ေတာ့ မဲေခါင္ေျခလွမ္းမကို မမီဘူးေပါ့ကြာ၊ မဲေခါင္ကလည္း ဘီလူးမႀကီးပိုင္နက္နယ္ေျမကို ေက်ာ္ေအာင္ထြက္ေျပးေတာ့ ဘီလူးမဆက္လိုက္လို႔မရဘူးတဲ့ကြ”
“ဪ၊ ဒါေၾကာင့္ သူ႔အေမကိုေခၚမယ္ဆိုေတာ့ ေၾကာက္သြားတာျဖစ္မယ္၊ ဒါနဲ႔ ကိုေအးယူလာတဲ့အမဲသားကို က်ဳပ္ပါစားလိုက္တာဗ်၊ ဟီး”
“ငါထင္ပါတယ္၊ ညတုန္းက မဲေခါင္က ငါတို႔တဲကေလးကိုၾကည့္ေနေသးတယ္လို႔ ငါခံစားရေသးတယ္၊ ေနာက္ေတာ့မွ လွည့္ထြက္သြားတာ၊ ငါ့စိတ္ထင္ေတာ့ ငါရွိေနတာကိုသိလို႔လား၊ ဒါမွမဟုတ္ ေအာင္ရွိန္တို႔အိမ္ျဖစ္ေနလို႔လားမသိဘူး၊ မဟုတ္လို႔ကေတာ့ တို႔တဲအတက္အဆင္းမွာလည္း ေျခရာတစ္စုံက်န္ေနအုံးမွာကြ”
“ဗ်ာ၊ အဲဒီေျခရာက ဘယ္သူ႔အတြက္လဲ”
“ဘယ္သူ႔အတြက္ျဖစ္ရမွာလဲ၊ ငေအးနဲ႔အတူတူ သူ႔အမဲသားေတြစားလိုက္တဲ့ မင္းအတြက္ေပါ့ကြာ”
“ဗ်ာ”
ကြၽန္ေတာ္ဘာမွမေျပာႏိုင္ေတာ့ဘူးဗ်ာ၊ ဒီလိုနဲ႔႐ြာထိပ္ကေနျပန္လာခဲ့ၾကတယ္။ ေနာက္ေန႔ေတာ့ ကိုေအးကို အက်ိဳးအေၾကာင္းေခၚၿပီးေမးၾကည့္ရတယ္၊ ကိုေအးကလည္း သူ႔အျဖစ္ကိုေျပာျပတယ္။
“ဒီလိုကြ၊ ငါယာတဲကျပန္လာေတာ့ လမ္းမွာ ငတင့္နဲ႔ေတြ႕တယ္ကြ၊ ငတင့္လက္ထဲမွာလည္း အမဲသားတြဲႀကီးဆြဲထားလို႔ေပါ့၊ သူက ငါ့ကိုေတြ႕ေတာ့ ငါ့ကိုေဖာ္ေဖာ္ေ႐ြေ႐ြနဲ႔ႏႈတ္ဆက္ၿပီးေတာ့ အဲဒီအမဲသားတြဲႀကီး ေပးလိုက္တာပဲကြ”
ေနာက္ရက္ေတြ ေမာင္မဲေခါင္ေပၚမလာေတာ့လို႔ ဦးေအာင္ရွိန္လဲ စိတ္ေအးသြားတာေပါ့ဗ်ာ၊ သူကေတာ့ မဲေခါင္က သူ႔ကိုေၾကာက္လို႔ ထပ္မလာရဲေတာ့တာဆိုၿပီး ႐ြာလူႀကီးေတြကို ႂကြားဝါေျပာဆိုေနတယ္ဗ်၊ အျဖစ္မွန္ကိုသိတဲ့ က်ဳပ္နဲ႔ဦးဘသာကေတာ့ စိတ္ထဲမွာႀကိတ္ရယ္ၾကတာေပါ့ဗ်ာ၊
တကယ္က ငတင့္ဆိုတဲ့လူက ကိုေအးနဲ႔အရင္က သူငယ္ခ်င္းေတြဗ်၊ မခင္ၾကည္ရဲ႕အခ်စ္ကိုလုရင္း တုတ္တစ္ျပက္၊ ဓါးတစ္ျပက္ျဖစ္ခဲ့ၾကေသးတယ္ဆိုပဲ၊ အခု ကိုေအးတို႔လုပ္ေနတဲ့ ေတာင္ဘက္က ယာခင္းေတြက အရင္က ငတင့္တို႔ပိုင္ခဲ့တာတဲ့ဗ်ာ။ ငတင့္က ကိုေအးဆီက ပိုက္ဆံေခ်းၿပီး ျပန္မဆပ္ႏိုင္လို႔ သူႀကီးနဲ႔ေျပာၿပီး ေျမေတြကိုသိမ္းယူလိုက္တယ္ဆိုပဲ၊ ဒါကို ငတင့္က အၿငိဳးအေတးထားတာျဖစ္မွာေပါ့ဗ်ာ၊ ဦးဘသာေျပာပုံအရဆိုရင္ ေမာင္မဲေခါင္လာတာက အစီအရင္၊ အတိုက္တစ္ခုမဟုတ္လား။
“အမ်ားႀကီးျဖစ္ႏိုင္တာေပါ့အလတ္ေကာင္ရာ၊ ဒီအမဲသားက မ႐ိုးရွင္းဘူးကြ၊ သူ႔မွာ အတိုက္တစ္ခုခုပါအုံးမွာပဲ၊ ၿပီးေတာ့ပိုဆိုးတာက သရဲအတြက္ရည္႐ြယ္ထားတဲ့အမဲသားကို မင္းတို႔သြားစားမိတာမဟုတ္လား၊ ဒါေၾကာင့္ အထက္လမ္းသမားေတြက ဘာလို႔အမဲသားေရွာင္တယ္ဆိုတာ မင္းသိၿပီမဟုတ္လားကြ”
အဲဒါကေတာ့ က်ဳပ္ဘ၀ရဲ႕သင္ခန္းစာတစ္ခုေပါ့ဗ်ာ၊ အမဲသားကိုငတ္ရာကေန ကိုေအးလည္း ေသေတာ့မလို႔၊ ေနာက္ၿပီး သူနဲ႔အတူတူ ငတ္ခဲ့တဲ့က်ဳပ္လည္း ကံေကာင္းလို႔မေသတာေလဗ်ာ၊ က်ဳပ္တို႔နဲ႔ သုံးေလးတုံးစားခဲ့တဲ့ ဖိုးတြမ္တီးေတာင္မွ ဦးေအာင္ရွိန္ရဲ႕ေရမန္းေၾကာင့္ ေပ်ာက္ကင္းခဲ့တာမဟုတ္လားဗ်။
ဦးဘသာေျပာပုံအရဆိုရင္ေတာ့ ေမာင္မဲေခါင္ဆိုတာ နတ္စိမ္းတစ္ပါးပါပဲ၊ သူက အနယ္နယ္အရပ္ရပ္မွာ ရွိေနႏိုင္တယ္ေပါ့ဗ်ာ၊ ခင္ဗ်ားတို႔လည္း တကယ္လို႔ေျခရာႀကီးႀကီးတစ္ခုေတြ႕တယ္ဆိုရင္ လက္နဲ႔ေတာင္ၿပီးတိုင္းၾကည့္ဗ်ာ၊ တစ္ကယ္လို႔ေျခရာက တစ္ေတာင္ရွိမယ္၊ တစ္ေတာင္ထက္ေက်ာ္မယ္ဆိုရင္ေတာ့ အဲဒါ မဲေခါင္ႀကီးမွ မဲေခါင္ႀကီးအစစ္ပဲဗ်ိဳ႕။
အဲဒီေျခရာႀကီးေတြကို တျခားေနရာေတြမွာေတြ႕တာက ျဖစ္ေလ့ျဖစ္ထရွိေပမယ့္ ၿခံ၀၊ အိမ္၀နဲ႔ အိမ္ေပၚအတက္အဆင္းမွာေတြ႕တယ္ဆိုရင္ေတာ့ ေျခရာတစ္ေတာင္ ေမာင္မဲေခါင္ အတိုက္ တိုက္ခံရတာျဖစ္ၿပီလို႔သာ မွတ္လိုက္ၾကေတာ့ဗ်ိဳ႕။
ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #သရဲ #စုန္း #horror