“စုန်းမရေချ”(စ/ဆုံး)

Unicode Version

“စုန်းမရေချ”(စ/ဆုံး)
—————————–
အဲဒီလို ထင်ခဲ့တာပေါ့။ ဘယ်ဟုတ်မှာလဲဗျာ..။
စုန်းမဆိုတာ လူထဲက လူအတိုင်းပါပဲ။
ကျွန်တော် အဖေဆရာကြီးနဲ့ ရွာစဉ်လိုက်ရင်း စုန်းမချောချော၊ စုန်းမ ခန့်ခန့်၊ ဝဝဖိုင့်ဖိုင့်တွေ တွေ့ခဲ့ရတယ်။
ပညာသည်အရွယ်ကောင်းချောချောလှလှလည်း ကြုံခဲ့မြင်ခဲ့ရတယ်။ ပညာသည်မှန်းမသိတော့ ကျွန်တော်တောင် သူမရဲ့အရယ်အပြုံး အပြော အလှတွေကို တိမ်းမူးပြီး စိတ်ဝင်စားနေတာကို အဖေဆရာကြီးကသိတော့ သတိပေးတယ်။
“ဟေ့ကောင် – ငမှိုင်း၊ သဘောမကျနဲ့” “ဘာဖြစ်လို့တုံး – အဖေကြီးရ”
“အဲဒါ- ပညာသည်”

“ဗျာ – ဟုတ်ရဲ့လား- အဖေကြီးရာ”
“ဟုတ်တယ်-ငါ အသိဆုံးပဲ၊ သူ ကျွေးတဲ့ အစားအစာ အရမ်းကာရော
စွတ်မစားနဲ့”
“ဘာပြုလို့တုံး – အဖေကြီး”
“အပင်းသွင်းလိုက်ရင် မင်း ဆေးကုရခက်ပြီး နောက်ဆုံး သေရော” “ဟုတ်ကဲ့”
သူတို့ ပညာသည်မှန်းကို အဖေဆရာကြီးကိုယ်တိုင် လက်တွေ့ပြခဲ့လို့ သိရတယ်။
အချို့သော ဝေဒနာရှင်တွေကို အဖေဆရာကြီးက ကိုယ်တိုင်မကုဘဲ အဲဒီ ပညာသည် မိန်းမကြီး၊ မိန်းမရွယ်တွေကို ပြန်ကုခိုင်းတာကိုး ခင်ဗျာ။ “အဖေကြီးပဲ ကုပါရှင်။ ကျွန်မတို့က ပညာနုပါသေးတယ်ရှင်”
“ဟဲ့ – ပညာနုလို့ ရောဂါအနုကိုကုခိုင်းတာပေါ့။ ငါကုတာထက်ငါ့သမီး တော်တွေ ကုရင် ချက်ချင်းပျောက်မှာ ငါသိတာပေါ့။ ကဲ-ကုပေးလိုက်ကြ စမ်း”
“အဖေကြီးပဲ ကုပါတော်”
“ငါကုပေးရင်လူနာကိုရောဂါသွင်းပြုစားတဲ့စုန်းမ၊ကဝေမ၊ပညာသည်
အရှက်ကွဲသွားမယ်နော်”
“ဟုတ်ပါပြီ ကြည့်ချင်လို့ပါရှင်။ အဖေကြီး ကုပါရှင့်” ကြည့်စမ်း.
ဒီအပြောစကားလုံးတွေရဲ့အဓိပ္ပာယ်ကို နောင်မှ ကျွန်တော် အဓိပ္ပာယ် ဖော်နိုင်တာကလား။ ပညာအကဲခတ်နေကြတာကိုး ခင်ဗျ။
ရွာတစ်ရွာက အိမ်တစ်အိမ်မှာ ရောဂါသည်စုပြီး ဆေးကုမယ်ဟေ့ ဆို
ရင် …။
လူနာရော၊ လူနာရှင်တွေရော… ရွာခံဆေးဆရာကြီးငယ်တွေရော…

ပညာသည် ဆိုသူတွေပါ စုပြုံရောက်လာ အကဲခတ် ပညာစမ်းကြတာ
အဖေဆရာကြီးကလည်းနယ်စဉ်လေးရပ်လှည့်ပြီးအောက်လမ်းဆရာ
တွေ၊ စုန်းကဝေပညာသည်တွေကို ပညာစမ်း၊ ပညာပြိုင်၊ ပညာဖလှယ်လာ တဲ့သူဆိုတော့…။
တစ်ချက် စိုက်ကြည့်လိုက်တာနဲ့ . . .။
ဘယ်သူ ဘာလဲ တန်းသိနေတာလေ။
ကျွန်တော်ကတော့ ပညာနုသေးတော့ မသိဘူးပေါ့။
အဖေကြီး ဆေးကုတာ ရှင်းတယ်ဗျ။ ဘာဆေးမှ မတိုက်ဘူး၊ မခွံ့ဘူး။ အထက်ဆရာတော် ဘုရားကြီးများထံမှာ ရေတော်စင်ချီးမြှင့်ဖို့ မေတ္တာရပ် တယ်။ ရေစင်တော်တောင်းတယ်။

ရတနာသုံးပါးကို တိုင်တည်တယ်။
ကိုယ်နှိုက်ကလည်းရတနာသုံးပါး၊ အနန္တော အနန္တငါးပါးနဲ့ စတုလောက ပါလနတ်မင်းကြီးတွေကို သက်သေပြုပြီး သစ္စာပြုတယ်။
“သူ့အသက် လူ့အသက်ကို ကာယကံမြောက် မသတ်ခဲ့ပါ။ သူတစ်ပါး သားမယား ကိုယ်ထိလက်ရောက် မစော်ကား၊ မပြစ်မှား၊ မကျူးလွန်ပါ။ သေရည်သေရက် လုံးဝမသောက်စားပါ။ ဤပညာတော်မြတ်ကြီးကိုလည်း မပြစ်မှားပါ။ ဤသစ္စာမှန်ကန်ပါက အထက်ဆရာတော်ဘုရားကြီးများ ကိုယ်တော်တိုင်ရေစင်ရေမန်းများ ချီးမြှင့်၍အင်းတိုက်၊ နတ်တိုက်၊ စုန်းတိုက်၊ ကဝေတိုက်၊ ဆရာတိုက် ရောဂါမှန်သမျှကိုကုစားနိုင်သော ရေစင်ဖြစ်ပါစေ သတည်း။ ပြုစားတိုက်ခိုက်သူအားလည်းတန်ပြန်အတိဖြစ်ပါစေသတည်း။ တပည့်တော် သစ္စာ မမှန်မကန်ကျိုးပေါက်ခဲ့ပါက၊ စည်းပေါက်ခဲ့ပါကထိုင်ရာ မထသွေးပွက်ပွက်အန်ပြီးသေလွန်ပြီးနောက်မဟာအဝီစိငရဲ၌ ဇောက်ထိုး ကျပါစေသတည်း။ နောင်ပွင့်တော်မူမည့် ဘုရားကို မဖူးမြော်ရသူ ဖြစ်ပါစေ သတည်း။ ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး ဘေးဆိုးတို့ သင့်ပါစေ သတည်း။
ကျွန်ုပ်ပြုသော သစ္စာမှန်ကန်ခဲ့ပါက အထက်ဆရာတော်ဘုရားကြီးများ ချီးမြှင့်တော်မူသော ဤသစ္စာရေစင်သည် ဆေးစွမ်းထက်၍ ရန်ဟူသမျှ အတိုက်ဟူသမျှကို ဖယ်ရှားအောင်မြင်သော ရေစင်ဖြစ်ပါစေသတည်း။ သစ္စာဆိုတာဗျာ…။
တစ်နည်း ကျိန်ဆိုလိုက်တာ…။
တိုင်တည်လိုက်တာ…။
သစ္စာပြုတယ်ဆိုတာ လိမ်ညာပြုလို့ မရဘူးခင်ဗျာ။
ကျိန်ရွယ်တာလည်း ညာကျိန် လိမ်ကျိန်လို့ မရဘူး။
သစ္စာစူး၊ ကျမ်းစူးတာ ကျွန်တော် မြင်ဖူးတယ်။ နောင်အခါကျမှ သီးသီး သန့်သန့် ရေးပြပါဦးမယ်။
ကြည့်စမ်း…။
ပြောရင်၊ ရေးရင်၊ ယုံကြပါ့မလား မသိဘူး။
သစ္စာပြုပြီး ရေဖန်ခွက်ထဲကို လက်ညှိုးနှစ်ချောင်းနဲ့ မွှေလိုက်တယ်။ ပါးစပ်ကလည်း ဆရာတော်ဘုရားကြီးများ ချီးမြှင့်သည့် ဆေးဩသဓရေစင် ဖြစ်ပါစေလို့ ပြောပြီးနောက်…။
လူနာ (ပြုစားခံရတယ်လို့ ယုံကြည်တဲ့လူနာ)ရဲ့မျက်လုံးထဲကို ရေစင် တစ်စက်စီ ခတ်လိုက်ရော …။
ငရုတ်သီးစပ်သလို ထွန့်ထွန့်လူးပြီး အော်ပါရောဗျာ။
သည့်နောက်-
ချိန်မှာပဲ..။
ဆေးကုသမားစဉ်အတိုင်းပြောဆိုကုသထုတ်ပယ်ခိုင်း
ဝုန်းဆို ထရပ်ပြီး တောက်လည်း ခတ်ရဲ့။
ထဘီလည်းတိုတိုပြင်ဝတ်ပြီးလူအုပ်ကြားကနေမိန်းမရွယ်နှစ်ယောက်
ဒယီးဒယိုင်နဲ့ ဆင်းသွားတာကို မြင်လိုက်ရတယ်။
နောင်တော့ …။
သူတို့အဖေဆရာကြီးကို လာကန်တော့ပြီး တောင်းပန်ကြလေရဲ့။
ဪ- ခုမှ သိရတယ်။
လက်စသတ်တော့ …။
သင်းတို့က ပယောဂအတိုက်နဲ့ ရွာသူရွာသားအချို့ကို ပြုစားတဲ့ စုန်း ကဝေမတွေ ဖြစ်နေတာကိုး။
နောင်အခါအဖေဆရာကြီး သင်ကြားပြောပြလို့ စုန်းကဝေပညာသည် တို့ရဲ့အမျိုးအစားနဲ့ ကြန်အင်လက္ခဏာတွေရယ်၊ သူတို့ရဲ့အတတ်ပညာတွေ ရယ်ကို သဘောပေါက် နားလည်ခဲ့ရတယ်။
ကဝေမြောက်စုန်း…
အိမ့် တလိမ့်စုန်း . . .
ကဝေ
မောက်လုံးစုန်း၊ မောက်ပြားစုန်း၊ ခေါင်းစုန်း၊ ခြေစုန်းစသည့် စုန်း၊ က အမျိုးအစား မြောက်မြားစွာရှိမှန်းကို ဗဟုသုတအဖြစ် သိခဲ့ရတယ်။ အဓိက စုန်းမျိုး (၇)ပါးမှနတ်ကဝေမြောက်စုန်းဆိုတာကလူရဲ့အသွေးအသားတောင် စားသတဲ့။ သွေးစုပ်သွေးခန်း ပြုစားတာမျိုးပေါ့။
ပြီး – ဇော်ဂနီမြောက်တဲ့ အိမ့်တလိမ့်စုန်းကလည်း အောက်နတ်တွေကို ခိုင်းနိုင်သတဲ့။
ဆိုးတာက ကဝေဇော်ဂနီ နတ်ပဲတဲ့။
အိမ်တွင်း မင်းမဟာဂီရိနတ်ကိုတောင် သူက အမိန့်ပေးပြီး ကဝေစက် တွေ လွှတ်လို့ရဆိုပဲ။

နောက်- စာမျက်နှာမှာ ရှေးမြန်မာမင်းများ လက်ထက်တော်တုန်းက ဇော်ဂနီ ရေချဒဏ်ခတ်ပုံအကြောင်း ဗဟုသုတအဖြစ် ရေးပြပါ့မယ်။ ကြိုတင်ပြီး မေတ္တာရပ်ပါရစေခင်ဗျာ…။
ကျွန်တော်က ဖြစ်ရပ်ဆန်းကြယ်တွေအကြောင်း ရေးချင်တဲ့ စာရေး ဆရာ ဖြစ်ချင်သူပါ။
ပယောဂကုဆရာ…။ အောက်လမ်းဆရာ …။
အထက်လမ်းဆရာ၊ ဂိုဏ်းဆရာဖြစ်ချင်သူ မဟုတ်ပါဘူး။ ဖြစ်ရပ်ဆန်း ကြယ်၊ အံ့ဖွယ်အကြောင်းတွေ ရေးချင်တော့ သိချင်တာမှန်သမျှ၊ ဆန်းကြယ် တာမှန်သမျှ အစုံလိုက်လေ့လာပါတယ်။
ဒီလိုနဲ့…
အောက်လမ်းဆရာ၊ အထက်လမ်းဆရာ၊ ဂိုဏ်းဆရာ၊ ဗိန္ဓောဆေးဆရာ တွေနဲ့ ရင်းနှီးအောင် ပေါင်းသင်းပြီး လေ့လာမေးမြန်းတော့ ကိုယ်မသိတာ တွေ အစုံသိရပါရောဗျာ။
အင်းတွေ၊ ဂါထာတွေ၊ မန္တန်တွေ၊ လက်ဖွဲ့တွေ၊ ဆေးတောင့်တွေ၊ ဂမ္ဘီရ အစီအရင်တွေ၊ ဂမ္ဘီရရုပ်တုတွေ၊ မှော်သွင်းနည်းတွေကလည်း မနည်းဘူးပဲ
ကိုး။
အာဠာဝက မှော်သွင်းနည်း…။
ပေါရိသာဒမှော်သွင်းနည်း…။
ဥပကတစ္ဆေမှော်သွင်းနည်း …။ ဒက္ခ ယက္ခ မှော်သွင်းနည်း..။ ဆီမီးမှော်သွင်းနည်း . . .။
ဘီလူးလည်ပြတ် မှော်သွင်းနည်း..။ အင်္ဂုလိမာလ မှော်သွင်းနည်း . . .။ ဝိဇ္ဇာမယ မှော်သွင်းနည်း…။

စမလေးလုံး ဘုရားမှော်သွင်းနည်း . . .။ ရေးရင် ကုန်မှာမဟုတ်ဘူး။ မှော်ပညာတွေက အများချည်းပဲ။
ပညာပြိုင်ရင်း တပည့်ခံသွားတဲ့ ပညာသည်တွေထံက သိမ်းထားတဲ့ တုတ်ပြီး ဓားပြီး သေနတ်ပြီး အင်းလက်ဖွဲ့တွေ။ ခါးပတ်၊ စလွယ်တွေ၊ ကိုး သင်္ချိုင်းမြေ၊ သိမ်ဝင်သပိတ်ကွဲ။
တိုက်နွား၊ ခံနွား၊ တိုက်ပိတုန်း၊ တိုက်မြွေ၊ ပြုံး၊ ဂဝံရုပ်၊ ဘီလူးရုပ် စသည် ဂမ္ဘီရပစ္စည်းတွေကလည်း တယ်များပဲကိုး။
အချို့မယုံကြဘူး။ ဒီဂမ္ဘီရဖြစ်ရပ်ဆန်းကြယ်တွေ၊အစီအရင်တွေကြောင့် အကောင်းအဆိုး ဖြစ်သွားရတာတွေ ရှိတယ်။ မကြုံမမြင်ဘူးရင် လက်ခံမှာမဟုတ်ဘူး။
ကျွန်တော်ကတော့ အတော်အတန် ကိုယ်တွေ့အဖြစ်အပျက်တွေ ကြုံဖူး မြင်ဖူး ကြားဖူးတော့ လက်ခံလို့ရတာ လက်ခံတယ်။
အချို့ကိစ္စတွေ ကျွန်တော် အားမပေးချင်ဘူး။
အချို့ကိစ္စတွေ သင့်လျော်တာ ရှိတယ်။
အဓိကက လုပ်ကောင်းတာနဲ့ မလုပ်ကောင်းတာကို အသိတရားနှင့် ယှဉ်၊ ဆင်ခြင်စဉ်းစားပြီးမှ လုပ်သင့်တယ်လို့ မြင်တာပါပဲ။
ကျွန်တော်တို့ မျက်စိရှေ့မှောက်မှာပဲ အကျော်အစော ကြားရပြီးပြီ။ ခြံမြေကိစ္စကြီးတစ်ခုအတွက်ဓာတ်ပုံရှင်ကိုအင်းတွေ၊ အစီအရင်တွေနဲ့
စီရင်တိုက်ခိုက်တဲ့သတင်း။
အဲ့လိုလုပ်ရင် ရရောတဲ့လား။
ဟုတ်ကဲ့ – ရတာလည်း ရှိတယ်။ မရတာလည်း ရှိပါတယ်။ ရှင်းပြပါ့မယ် . . .။

ရတနာသုံးပါး မြဲမြံတဲ့သူ၊ သရဏဂုံတည်နေတဲ့သူ၊ သမထ ဝိပဿနာ ကျင့်စဉ်တဲ့နေတဲ့သူ၊ စိတ်ကောင်းစိတ်မြတ်ရှိသူရဲ့အကျိုးစီးပွားကို ပျက်စီး ဆုံးရှုံးအောင် ပယောဂ အစီအရင်အတိုက်၊ တစ်နည်း အောက်လမ်းပညာ သည် အစီအရင်အတိုက်နဲ့ တိုက်လို့ မလွယ်ပါဘူး။
တိုက်လို့ရတာက …
ငါးပါးသီလလည်းမမြဲဘူး။ ရတနာသုံးပါးလည်းမယုံကြည်၊ မထေမဲ့မြင် လုပ်သူ၊ အကုသိုလ်လည်း များတဲ့သူ။ မဟုတ်တာမှန်သမျှ အကုန်နီးပါး လုပ် သူ၊ ဝိသမလောဘသားတွေကိုတော့ အဲဒီလို ပယောဂအစီအရင် အောက် လမ်းနည်းနဲ့ . . .။
အကျိုးစီးပွားပျက်အောင် … အသက်အန္တရာယ်ရှိအောင် . . .
ရူးသွပ်ချောက်ချားအောင် လုပ်လို့ရနိုင်ပါတယ်။ ဒါတောင် – ဗြုန်းစားချည်းလုပ်လို့မရသေးဘူး။
ကံနိမ့်ပိုင်းရောက်ချိန်ဖြစ်မှ စောစောကမလိုသူတို့စီရင်တဲ့အတိုက်တွေ
က ဝင်ရောက်ဒုက္ခပေးလို့ရတာရယ်။
ကံနိမ့်၊ ကံမြင့်ဆိုတာ ကိုယ့်ရဲ့အကျင့်သီလ အပြုအမူပါပဲ။ အကုသိုလ် အလုပ်တွေကို ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ အချိန်ရှိသမျှ လုပ်ကိုင်ကြံစည် နေရင် ကံနိမ့်မှာပါပဲ။
ကံနိမ့်ပြီဆိုရင်တော့…
မျက်စိရှေ့မှောက် ဖြစ်သွားတဲ့ ဇာတ်လမ်းလေး ပြောပြပါမယ်။
ပြီးရင် – ဇော်ဂနီ ရေချတဲ့အကြောင်း ရေးပါ့မယ်။
ကံမခိုင်တဲ့ အချိန်မှာ ပယောဂဆိုတာ ဝင်နှောက်လို့ ရတာပါပဲ။ ဒီ အချက်ကို သိရှိနားလည်တဲ့အောက်လမ်းဆရာနဲ့ တွေ့ရော။ ဖြစ်ပျက်ခဲ့ရတဲ့ ဘဝပျက် ဘဝနာဇာတ်ကို ပြောရရင် …
မခင်ကကြီးပေါ့။ နာမည်လွဲရေးတာနော်။
မခင်ကကြီးက ရှင်းရှင်းပြောရရင် မိန်းမပိုင်းလုံး၊ ပိုက်ဆံရှိတဲ့ယောက်ျား ဆိုရင် အရချိုင်လေ့ရှိတယ်။
ရုပ်ရည်ကတော့မလှပါဘူးဗျာ။ သို့သော်-ကိုယ်လုံးကိုယ်ပေါက်ကလုံး ကြီးပေါက်လှ။ စွဲမက်စရာကောင်းတဲ့ ခါးသေးရင်ချီ၊ တင်ပါးဆုံကားကား ပေါင်တံရှည်ရှည်တုတ်တုတ်ခဲခဲကြီး။
မုဆိုးဖို တစ်ခုလပ်၊ နှစ်မယားကွာတွေဆို သိပ်ခိုက်ပဲ။ လင်တစ်ယောက်ကို ကြာရှည်မပေါင်းဘူး။ လွန်လှလေးငါးခြောက်လ ပဲ။ ငွေသုံးနိုင်တဲ့ ယောက်ျားဆို လင်တော်ဖို့ ဝန်မလေးဘူး။
တစ်နေ့ – ပိုက်ဆံရှိပြီး သဘောကျနေတယ်။
ရုပ်လည်းဖြောင့်တဲ့လူကြီးတစ်ဦးကိုမခင်ကကြီး
ရင်းနှီးအောင် အမျိုးမျိုးပေါင်းလိုက်တော့ မခင်ကကြီးနဲ့ မငြိတင်လေး
ပေါ့ဗျာ။
မခင်ကကြီးက အပျော်မယား မလုပ်ဘူးဗျ။
တရားဝင် တရားရုံးမှာ လက်မှတ်ထိုးပြီး တရားဝင် လူသိရှင်ကြားပေါင်း တာ။ ငွေကုန်တော့မှအမျိုးမျိုး ရမည်ရှာပြီး တရားဝင်ကွာရှင်းတာ။ လင်လုပ် သူ မကောင်းလို့ ကွာရတာပါပေါ့။
ကြီးနဲ့။
ခက်တာက ယခု သူမ သဘောကျတဲ့ လူချမ်းသာက တရားဝင် မယား
ကိုယ့်လူကလည်း မာယာရှင်ရဲ့ညှို့ချက်မှာငြိနေပြီ။ သို့သော် – မခင်က ကြီးက ကိုယ့်လူကို လက်ရှိမယားကြီးနဲ့ တရားဝင်ကွာလိုက်ပါ။ နောက်နေ့ ကိုယ့်လူ သူမကို တရားဝင်လက်ထပ်။
ပြီး – ကိုယ့်လူ သဘောရှိတဲ့…။
ခက်တာက ကိုယ့်လူ ဘော့စ်တွေကလည်း မခင်ကကြီးရဲ့ နောက် ကြောင်းကို သိပ်မသိကြဘူး။
စွဲမက်ဖွယ်ရာ ခန္ဓာကိုယ် အသားစိုင်ပေါ်မှာပဲရာဂစိတ်ကနစ်ဝင်စပြုနေ တော့ ခံရတာများတာပေါ့။

ကိုယ့်လူခမျာလည်း ငယ်ပေါင်းမယားကြီးကို မစွန့်ပစ်ရက်ဘူး။ သားနဲ့ သမီးလည်း ရှိနေသေးကိုး။
ဒီသံယောဇဉ်ကို မခင်ကကြီးက သိထားတယ်။
လင်မယားကွဲအောင် လုပ်တဲ့နည်း သူမမှာရှိတယ်လေ။ သူမမှာ လက် က သုံးတောင်ဝှေး အားကိုးရတဲ့ ဆရာကြီးရှိတယ်။ ပယောဂကုတဲ့ ဆရာကြီးတဲ့။
အမှန်က အောက်လမ်းဆရာကြီး။
ထုံးစံအတိုင်း အောက်လမ်းဆရာကြီးကို ထိုက်ထိုက်တန်တန် ကန် တော့ပြီး လင်မယားကွဲအောင် လုပ်ပေးပါ။ ဟောဒီဓာတ်ပုံရှင် အမျိုးသားနဲ့ ကျွန်မနဲ့ တရားဝင် စွဲစွဲလမ်းလမ်း ညားအောင် လုပ်ပေးပါ၊ ပူဆာရတာပေါ့။ အောက်လမ်းဆရာကြီးကလည်း တပည့်ရင်းဖြစ်နေတော့၊ ပြီး- အကြောင်းရင်းလည်း သိနေတော့ စီရင်ပေးလိုက်တယ်။
(အောက်လမ်းဆရာကြီးစီရင်ပေးတဲ့ နည်းပိုင်းဆိုင်ရာတော့ ရွံရှာစက် ဆုပ်ဖွယ်ကောင်းလို့ ရေးမပြတော့ပါဘူး ခင်ဗျာ)
“ရော့ – ဟောဒီ မြေမှုန့်ကို သူတို့လင်မယားအိပ်တဲ့ ဖျာအောက်မှာ ဖြူး
ခိုင်းလိုက်”
မခင်ကကြီးကကိုယ့်လူကိုအတိုက်အခိုက်ရှိတယ်။ မလိုသူရှိတယ်လို့ ဗေဒင်ဆရာနဲ့ အကြားအမြင်ဆရာက ပြောတယ်၊ စသည် “ရွေ” လိုက် တယ်။
ပြီး – သူမရဲ့ဆရာထံလည်း ခေါ်သွားပြီး စစ်ဆေးစေတယ်။
နောက်ဆုံး အသက်အန္တရာယ်ပါရှိတယ်လို့ “ခွင်”ထည့်ပြောလိုက် တော့။ ကိုယ့်လူ ကြောင်သွားတာပေါ့၊ လန့်သွားတာပေါ့။
သည့်နောက် ဆရာကြီးနှင့် ချစ်သူမယားငယ်ပြောတဲ့အတိုင်းအောက် လမ်းဆရာကြီးပေးတဲ့ မြေမှုန့်ကို သူတို့လင်မယားအိပ်တဲ့ မွေ့ရာအောက်မှာ ဖြူးပြီးအိပ်ကြရော…။

ရက်ပိုင်းအတွင်း ငယ်လင်ငယ်မယား ကြည့်မရအောင် စကားများ အမုန်းကြီး မုန်းကြ၊ ရန်ဖြစ်ကြပြီး တရားဝင်ကွာရှင်းရတဲ့ အဖြစ်ကို ရောက် သွားခဲ့တယ်။
လင်မယားကွဲတော့မှမခင်ကကြီးနဲ့ သူဌေးကလေးတို့ပျော်ရွှင်စွာညား ကြပေါင်းကြတော့တယ်ဗျာ။ စွမ်းလိုက်တဲ့ အစီအရင်ဗျာ။
တစ်နှစ်မတိုင်ခင်မှာပဲ..။
သူဌေးကလေးပိုင် ရွှေ၊ ငွေ၊စိန်ရော၊ ဒေါ်လာရောပြောင်သွားပါရောဗျာ။ မခင်ကကြီးကကြေးကြီးကစားတဲ့ဖဲသမားလေဗျာ။ ပြီး- အသုံးအဖြုန်းလည်း
ကြီးတယ်လေ။
ချိန်းဝိုင်းကောင်းရင် မန္တလေး၊ မေမြို့တောင် တက်ကစားတဲ့ ဖဲသမား ဥစ္စာ။ ကြုံပျော်မှ တကယ့်ကြုံပျော်။
နောက်ဆုံး-ပစ္စည်းဥစ္စာကုန်တော့ မခင်ကကြီးက ပြဿနာအမျိုးမျိုး
ရှာပြီး ကွာရှင်းပေးပါလို့ အရေးဆိုလာပါရော။
စည်းစိမ်ပြောင် သူဌေးလေးလည်း သဘောပေါက် နောင်တရပါပြီဗျာ။ ကွာရှင်းပေးလိုက်တယ်…။
ကွာရှင်းပြီး မယားကြီးကို ခြေသလုံးဖက် တောင်းပန်ရှာတယ်။ ငယ် ပေါင်းမယားကြီးပဲလေ၊ သားသမီးတွေလည်း ရှိသေးဥစ္စာ။ သနားကရုဏာဖြစ်ပြီး ခွင့်လွှတ်လို့ ပြန်ပေါင်းရှာတယ်။
ကိုယ့်လူလည်း နောင်တတွေရပြီး ကြိုးစားလုပ်ကိုင်လိုက်တာ နဂိုက လိုပဲစီးပွားရေးပြန်ကောင်းလာပြီးမိသားစုစိတ်ချမ်းသာတဲ့ဘဝကိုပြန်လည်
ရရှိလာခဲ့တယ်။
မခင်ကကြီးလား …။

သူမကတော့ ဖဲဝိုင်းမှာ
ရဲဖမ်းမိသွားပြီးတစ်ဖွဲ့လုံးထောင်ကျသွားတယ်။
ကံဆိုးချင်တော့ သူမရဲ့ ပိုက်ဆံအိတ်ထဲကနေ မူးယစ်ဆေးပြား (စိတ်ကြွ ဆေး) ငါးပြားပါ တွေ့သွားလို့ ထောင်သက် ပိုရှည်သွားခဲ့တယ်။ နောက်တော့ထောင်ထဲမှာပဲစိတ်မကျန်းမာရေးပါဖြစ်လာပြီးကွယ်လွန်
သွားခဲ့ရတယ်။
ပြောချင်တာက ..။
အောက်လမ်းပညာရဲ့အစွမ်းထက်ပုံပါ။
တစ်နည်း- စီရင်တဲ့ သူကိုယ်တိုင် စုန်းကဝေဖြစ်နေတယ်လေ။ ဖွင့်
မပြောဘူး၊ ဆရာအနေမျိုးပဲ နေပြတယ်။
မကောင်းတဲ့အလုပ် မှန်ပေမယ့် ထိရောက်တဲ့ လျှို့ဝှက်ပညာစွမ်းကို
သိစေချင်လို့ပါ။
သို့သော်…
သေရင် အပါယ်လားရမှာ။ စာချုပ်ပြီးသားပဲ။
အချို့သော အရပ်ဒေသတွေမှာ စုန်းကဝေ ပညာသည်ရှိတဲ့နေရာ ရှိပါ တယ်။ ပေါ်ပေါ်တင်တင်တော့ မလုပ်ရဲကြဘူး။ လူသိသွားရင် သေဖို့များလို့
ပဲ။
ဟိုးရှေးမြန်မာမင်းများလက်ထက်တုန်းကစုန်းမရေချတဲ့အပြစ်ပေးမှုမျိုး
ကို စီရင်ခဲ့ဖူးတဲ့အကြောင်း . .။
မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း စတုတ္ထတွဲမှ စာမျက်နှာ (၂၇၈)မှာ ရေး သားမှတ်တမ်းထားတာကို ဗဟုသုတအဖြစ် ရေးပြပါရစေခင်ဗျာ။ မြန်မာမင်းများလက်ထက်တော်တုန်းက ရွာတစ်ရွာမှာဖြစ်စေ၊ ရပ်ကြီး
တစ်ရပ်မှာ ဖြစ်စေ ..။

စုန်းမ၊ ကဝေမ၊ ဇော်ဂနီဆိုတာမျိုး သိခဲ့ရင်..။
ဒီစုန်းကဝေကြောင့်လည်း သူတစ်ပါး ဒုက္ခရောက်ကြောင်း သိသွားခဲ့ ရင် အဲဒီစုန်းကဝေ၊ ဇော်ဂနီမကို ရွာသူကြီး၊ မြို့သူကြီး၊ မင်းမိန့် စသည်တို့နဲ့ ရေချပြီး စီရင်ရတယ်။
ဒီနေရာမှာ ဇော်ဂနီ စုန်းအကြောင်း ပြောပြချင်ပါတယ်။
ဇော်ဂနီဆိုတာ ကဝေနတ်ကို ခေါ်ပါတယ်။
အိမ့်တလိမ့်စုန်းမျိုးဟာ ဇော်ဂနီအဆင့်ကို ပြီးမြောက်စေနိုင်လို့ (ဇော် ဂနီမြောက်)လို့ ခေါ်ကြသတဲ့။ သူတို့က ဖမ်းစားရင်“ဘူး”သွင်းတယ်။ “ဘူး”သွင်းတဲ့ လက္ခဏာက ဘူးသွင်းခံရသူသည် သမ်းသမ်းဝေဝေ ရှိပြီးသွေးဆုတ်တတ်တယ်။ ခန္ဓာကိုယ်ထဲဘူး”သွင်းခံရရင် အသွင်းခံရသူ ဟာ ဂနာမငြိမ်ဖြစ်ပြီး ရယ်လိုက် ငိုလိုက်ဖြစ်လာရော။ အစားလည်း မစားချင်တော့ဘူး။
လက်ဝဲဘက်နံစောင်းမှာ အပင်းသွင်းခံရသလိုအောင့်ပြီးအော်ရတယ်။ ပြီး – ချမ်းတုန်အော့အန်မယ်။ အဆင်းလှသူဆို မကြာချက်ချင်း ရုပ်ပြောင်း ရုပ်ဆိုး ဖြစ်သွားရော။
ဇော်ဂနီစုန်းက အဲလို “ဘူး” သွင်းတတ်တဲ့အပြင်။
ဆေးကုနေတဲ့ဆေးသမားရှိရာကိုလူမမာသတင်းမေးမလိုရောက်လာ ပြီးဆေးအကြောင်းပညာစမ်းသလိုဆေးဆရာကိုမေးပြီးစကားပက်လို့ဆေး
သိဒ္ဓိကို ပျက်ပြယ်စေသတဲ့ခင်ဗျ။
ဆေးဆရာ ဆေးကုလို့ မရအောင်လည်း ပြုစားနိုင်တာကိုး။
အိမ်တွင်း မင်းမဟာဂီရိနတ်ကိုတောင် အမိန့်ပေးစေခိုင်းလို့ရတယ်လို့ (မဟာသရဘူ မဉ္ဇူကျမ်း)မှာ ဖော်ပြပါတယ်။
တိုတိုရေးရရင် …။
ရှေးမြန်မာမင်းများ ရွှေလက်တော်မှာ စုန်းကဝေ(ဇော်ဂနီ) မှန်းသိရင် အာဏာစက်နဲ့ဖမ်းပြီး (၇)လံနက်တဲ့ရေမှာချပြီး ပြစ်ဒဏ်စီရင် ရသတဲ့။

ဆန်းတာတော့ အလွန်ထူးဆန်းတယ် ခင်ဗျ။ ဇော်ဂနီ ရေချရင် မြစ်ထဲမှာ ချရတယ်တဲ့။
ဘယ်လိုရေချသလဲဆိုတာကို မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာ ပါဠိလို မြန်မာလိုရေးထားလို့ စာဖတ်သူများ အလွယ်နားလည်ရအောင် မြန်မာ စကားပြောနဲ့ ကြိုးစားဖော်ပြပါ့မယ်။
ဇော်ဂနီ၊ စုန်းကဝေ၊ နတ်ကဝေကို ရေချဖို့အတွက်။
ဦးစွာ တံရှူးဝါးကို ဝါးခြမ်း (၇)ချောင်းရအောင် ခွဲစိပ်ရတယ်။ တံရှူးဝါး ဆိုတာ သုသာန်၊ သင်္ချိုင်းမှာ မီးသင်္ဂြိုဟ်ရင် လူသေကောင်ကို ထိုးလှန်ဖိတဲ့ ဝါးစူးကို ခေါ်တာပါ။
အဲဒီ တံရှူးဝါး (တံစူးဝါး) ဝါးခြမ်း (၇)ချောင်း အကွက်ယက် အောက် မှာ ဇီးသား(ဆီးသား) နှစ်ချောင်း လက်ကိုင်လို့ရအောင် အရှည်ခံပြီး ကြိုးနဲ့ ချည်ရပါမယ်။
ပြီး-ရေလုံအိုးကြီးကိုယူ …
အိုးထဲမှာ အိမ် (၇)အိမ်မှာ နေထိုင်ကြတဲ့ အိမ်သားတွေရဲ့ကျင်ငယ်ရေ နဲ့ ရက်တက်ပုန်းရည်တို့ကို ရေလုံအိုးကြီးထဲမှာ ထည့်ထား။
ပြီး- တံစူးဝါးနဲ့ လေးကြီးတစ်စင်းကို လုပ်ရမယ်။ အခြားဝါးနဲ့ မလုပ်ရ ဘူး။ ပြီးရင် – မြား (၇)စင်းလုပ်ရမယ်။ မြားကလည်း တံစူးဝါးနဲ့ပဲ လုပ်ရ တယ်။
တံစူးမြားတံ မြားရွက်ကို လင်းတငှက်ရဲ့အတောင် (၇)တောင်နဲ့ မြား ရွက် လုပ်ရတယ်။
ပန်းက (၇)မျိုး၊ ဆူးက (၇)မျိုး၊ သီးသန့်စုပုံထား။ စုံရင် – ဆူး၊ ပန်း၊ လေး၊ မြား၊ လင်းတအတောင်တို့ကိုရောထားပြီး (၇)မျိုး (၇)ပုံ အစုပြုရတယ်။ အဲဒါတွေရရင် …
ဇော်ဂနီစုန်းမကို ထဘီအဖြူဝတ်ပေးပြီး…။ ဦးခေါင်းက ဆံပင်ကို ဆံထုံး (၇)ထုံးလုပ်ပေး။

အဲဒီ ဆံထုံး (၇)ထုံးထဲကို တံစူးမြားတစ်ချောင်းစီ ထိုးသွင်း။ ပြီးရင် – စုန်းမရဲ့လက်မနှစ်ချောင်း၊ ခြေမနှစ်ချောင်း သမန်းကြိုးနဲ့ ပူးချည်။ စုန်းမရဲ့ ခါးမှာလည်း သမန်းကြိုးနဲ့ ချည်။
ဆွဲကြိုးကျတော့ ..။
ခုနစ်လံရှည်ကြိုးကိုအထုံး (၇)ထုံးထုံးပြီးလည်ပင်းမှာချည်လို့မြစ်ဆိပ် ရေဆိပ်ကို ဆွဲခေါ်သွားရတယ်။
မြစ်ဆိပ်ရောက်ရင် အပိုင်အဆိုင်အားလုံးကိုရှေးထုံးစံနှင့်ပူဇော်ပြီးစီရင် ရတဲ့အကြောင်းကို တိုင်တည်ရတယ်။
တယ်။
မြစ်ရေထဲမှာ လှေနှစ်စင်းကို တွဲချည်ထား။ လှေရဲ့အထက်မှာ တံစူးဝါး ကပ်ကိုတင်။
အဲဒီ တံစူးဝါးကပ်ပေါ်မှာမှ ဇော်ဂနီ အမည်ရှိ စုန်းမကို ထိုင်နေစေရ
သည့်နောက် လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို တစ်ပေါင်းတည်း ကြိုးနဲ့ တုပ်ချည်ထားရတယ်။ ချည်ရင်လည်း ခိုင်အောင်ချည်ရတယ်။ ချည်ပြီးရင် . . .
မြားပစ်မည့် လေးသမားတွေက မြားတွေကိုကိုင်ပြီး ဇော်ဂနီစုန်းမကိုပါ ဆဲရေးတိုင်းထွာပြောဆို ကြိမ်းဝါးရတယ်။ ပြီးတာနဲ့ –
မြားတစ်စင်းကို မိုးကောင်းကင်ရှိရာ ပစ်လွှတ်ရတယ်။
နောက်မြားတစ်စင်းကို မြေကြီးထဲ ပစ်တယ်။
နောက်မြားတစ်စင်းကို ရေဆိပ်ရှိရာ ပစ်လွှတ်၊
ကျန်တဲ့ မြားလေးစင်းကို အရှေ့အနောက်၊ တောင်မြောက်၊ အရပ်လေး မျက်နှာကို ချိန်ရွယ်ပြီး ပစ်လွှတ်ရတယ်။
မြားရွေးပစ်ပြီးရင် …
ဇော်ဂနီစုန်းမကို အိုးထဲက မစင်ရေနဲ့ ခေါင်းကနေလောင်းပြီးရင် စုန်းမ တင်လှေကိုဖောက်ကွဲအက်စေပြီး ရေနက်ထဲကို စုန်းမနဲ့အတူ ပစ်ချလိုက်ရ
တယ်။

အကယ်၍ရေထဲမှာ လှေရော၊ စုန်းမရော စုန်းစုန်းမြုပ်သွားရင် ကိစ္စ ပြီး သွားပြီ။ သို့ကလို မဟုတ်ပါဘဲ လှေကွဲလှေပေါက်လည်း မမြှုပ်။ လှေရော၊ စုန်းမရော ရေပေါ်မှာ ပေါ်နေရင် …
သို့မဟုတ်…
ကြိုးနှောင်တည်းထားတဲ့ ဇော်ဂနီစုန်းမ ရေပေါ်မှာ ပေါ်နေရင် သူ့ကို
ရွာထဲ ရပ်ထဲမှာ မနေစေရဘူး။
ရွာထဲကနေ နှင်လွှတ်ရတယ်…
ခေတ်စကားနဲ့ပြောရင် နယ်နှင်ဒဏ်ပေးတာပေါ့။
ဒါက ဇော်ဂနီစုန်းမကို ရေချစီရင်တဲ့ ရှေးထုံးစံ နည်းတစ်နည်းပါ။ နောက်ထပ် စုန်းရေချတဲ့ နည်းတစ်နည်းကတော့…။
စောစောကလို မြားပစ်၊ မစင်ရေလောင်းပြီးရင် လှေကို ပေါက်အက် ကွဲစေပြီး စုန်းမကို ရေချရတယ်။
ရေချရင် စုန်းမရဲ့ခါးကို သမန်းကြိုးခုနစ်ထုံး ချည်ကြိုးနှင့် ချည်ပြီး (၇) တောင် အနက်ရှိတဲ့ ရေမှာချရတယ်။
ကဝေစုန်းစစ်မှန်လျှင် ရေမှာ လုံးဝမနစ်ဘူးတဲ့။
အိမ့်တလိမ့်စုန်းနဲ့ နှစ်ပါးဖက်ဇော်ဂနီကျတော့ ခါးကြိုးနှစ်ထုံးနစ်သတဲ့။ ကြိုးထုံးငါးထုံးကျန်သတဲ့…။
အဲဒီမှာ မှော်ကဝေစုန်းမှန်းသိပြီဆိုတော့…
မှော်ကဝေစုန်းက မြစ်ခြားရာ အရပ်မှာ ဖမ်းစားပြုစားနိုင်တာကြောင့် မင်းမိန့်နဲ့ ရပ်ဝေးကို နှင်ပစ်ရတယ်။
ကျန်တဲ့ စုန်းတွေကတော့ သိပ်အစွမ်းအစမရှိဘူး။ ရပ်ရွာထဲမှာ အတူ နေထိုင်သည့်တိုင် အနီးရှိ (၇)အိမ်ကိုပဲ ဖမ်းစားပြုစားနိုင်တယ်။
ဒီလို စုန်းမျိုးကိုတော့ မြစ်ကူးချောင်းများ အဝေးအရပ်ကို နယ်နှင်ရ တယ်တဲ့။

စုန်းကဝေ ပညာသည်တွေ ဟိုးရှေးရှေးက ရှိခဲ့ဖူးတယ်။ အဲဒီလို ကဝေ ပညာတွေ၊ အောက်လမ်းဂမ္ဘီရလျှို့ဝှက်ဆန်းကြယ်ပညာရှင်တွေ အချို့နေရာ မှာ ရှိနေတုန်းပါပဲ။
ကောင်းသော ကံကိုပြုရင် . . . ကောင်းကံ အကျိုးကို ခံစားရမှာပါ … မကောင်းကံကို ပြုခဲ့ရင်တော့ ..
မကောင်းကံရဲ့ ဆိုးကျိုးကို ခံစားရမှာသာမက သေသည်ရဲ့အခြားမဲ့၌ အပါယ်ဘုံကိုသော်လည်းကောင်း၊ ငရဲဘုံသို့လည်းကောင်း သွားကြခံကြရ
ဦးမှာပါပဲ။
ကျွန်တော်တို့ ဘုရား၊ တရား၊ သံဃာ၊ ရတနာမြတ်သုံးပါးကို အားကိုးပြု ၍ သရဏဂုံတည်ပြီး ကောင်းသောကံကို ပြုနေသမျှ ကာလပတ်လုံး …။ အတိတ်ကံ ဝဋ်ကြွေးကို ဆပ်ရသည်မှလွဲ၍ ကျန်ရှိသည့် အချိန်များမှာ ကံကောင်းခြင်း၏အကျိုးကိုခံစားရပြီး သမ္မာဒိဋ္ဌိလမ်းပေါ်မှလူများဖြစ်အောင် ကြိုးစားသွားရဦးမည် ဖြစ်ပါကြောင်း..။

Zawgyi Version

“စုန္းမေရခ်”(စ/ဆုံး)
—————————–
အဲဒီလို ထင္ခဲ့တာေပါ့။ ဘယ္ဟုတ္မွာလဲဗ်ာ..။
စုန္းမဆိုတာ လူထဲက လူအတိုင္းပါပဲ။
ကြၽန္ေတာ္ အေဖဆရာႀကီးနဲ႔ ႐ြာစဥ္လိုက္ရင္း စုန္းမေခ်ာေခ်ာ၊ စုန္းမ ခန႔္ခန႔္၊ ဝဝဖိုင့္ဖိုင့္ေတြ ေတြ႕ခဲ့ရတယ္။
ပညာသည္အ႐ြယ္ေကာင္းေခ်ာေခ်ာလွလွလည္း ႀကဳံခဲ့ျမင္ခဲ့ရတယ္။ ပညာသည္မွန္းမသိေတာ့ ကြၽန္ေတာ္ေတာင္ သူမရဲ႕အရယ္အၿပဳံး အေျပာ အလွေတြကို တိမ္းမူးၿပီး စိတ္ဝင္စားေနတာကို အေဖဆရာႀကီးကသိေတာ့ သတိေပးတယ္။
“ေဟ့ေကာင္ – ငမႈိင္း၊ သေဘာမက်နဲ႔” “ဘာျဖစ္လို႔တုံး – အေဖႀကီးရ”
“အဲဒါ- ပညာသည္”

“ဗ်ာ – ဟုတ္ရဲ႕လား- အေဖႀကီးရာ”
“ဟုတ္တယ္-ငါ အသိဆုံးပဲ၊ သူ ေကြၽးတဲ့ အစားအစာ အရမ္းကာေရာ
စြတ္မစားနဲ႔”
“ဘာျပဳလို႔တုံး – အေဖႀကီး”
“အပင္းသြင္းလိုက္ရင္ မင္း ေဆးကုရခက္ၿပီး ေနာက္ဆုံး ေသေရာ” “ဟုတ္ကဲ့”
သူတို႔ ပညာသည္မွန္းကို အေဖဆရာႀကီးကိုယ္တိုင္ လက္ေတြ႕ျပခဲ့လို႔ သိရတယ္။
အခ်ိဳ႕ေသာ ေဝဒနာရွင္ေတြကို အေဖဆရာႀကီးက ကိုယ္တိုင္မကုဘဲ အဲဒီ ပညာသည္ မိန္းမႀကီး၊ မိန္းမ႐ြယ္ေတြကို ျပန္ကုခိုင္းတာကိုး ခင္ဗ်ာ။ “အေဖႀကီးပဲ ကုပါရွင္။ ကြၽန္မတို႔က ပညာႏုပါေသးတယ္ရွင္”
“ဟဲ့ – ပညာႏုလို႔ ေရာဂါအႏုကိုကုခိုင္းတာေပါ့။ ငါကုတာထက္ငါ့သမီး ေတာ္ေတြ ကုရင္ ခ်က္ခ်င္းေပ်ာက္မွာ ငါသိတာေပါ့။ ကဲ-ကုေပးလိုက္ၾက စမ္း”
“အေဖႀကီးပဲ ကုပါေတာ္”
“ငါကုေပးရင္လူနာကိုေရာဂါသြင္းျပဳစားတဲ့စုန္းမ၊ကေဝမ၊ပညာသည္
အရွက္ကြဲသြားမယ္ေနာ္”
“ဟုတ္ပါၿပီ ၾကည့္ခ်င္လို႔ပါရွင္။ အေဖႀကီး ကုပါရွင့္” ၾကည့္စမ္း.
ဒီအေျပာစကားလုံးေတြရဲ႕အဓိပၸာယ္ကို ေနာင္မွ ကြၽန္ေတာ္ အဓိပၸာယ္ ေဖာ္ႏိုင္တာကလား။ ပညာအကဲခတ္ေနၾကတာကိုး ခင္ဗ်။
႐ြာတစ္႐ြာက အိမ္တစ္အိမ္မွာ ေရာဂါသည္စုၿပီး ေဆးကုမယ္ေဟ့ ဆို
ရင္ …။
လူနာေရာ၊ လူနာရွင္ေတြေရာ… ႐ြာခံေဆးဆရာႀကီးငယ္ေတြေရာ…

ပညာသည္ ဆိုသူေတြပါ စုၿပဳံေရာက္လာ အကဲခတ္ ပညာစမ္းၾကတာ
အေဖဆရာႀကီးကလည္းနယ္စဥ္ေလးရပ္လွည့္ၿပီးေအာက္လမ္းဆရာ
ေတြ၊ စုန္းကေဝပညာသည္ေတြကို ပညာစမ္း၊ ပညာၿပိဳင္၊ ပညာဖလွယ္လာ တဲ့သူဆိုေတာ့…။
တစ္ခ်က္ စိုက္ၾကည့္လိုက္တာနဲ႔ . . .။
ဘယ္သူ ဘာလဲ တန္းသိေနတာေလ။
ကြၽန္ေတာ္ကေတာ့ ပညာႏုေသးေတာ့ မသိဘူးေပါ့။
အေဖႀကီး ေဆးကုတာ ရွင္းတယ္ဗ်။ ဘာေဆးမွ မတိုက္ဘူး၊ မခြံ႕ဘူး။ အထက္ဆရာေတာ္ ဘုရားႀကီးမ်ားထံမွာ ေရေတာ္စင္ခ်ီးျမႇင့္ဖို႔ ေမတၱာရပ္ တယ္။ ေရစင္ေတာ္ေတာင္းတယ္။

ရတနာသုံးပါးကို တိုင္တည္တယ္။
ကိုယ္ႏႈိက္ကလည္းရတနာသုံးပါး၊ အနေႏၲာ အနႏၲငါးပါးနဲ႔ စတုေလာက ပါလနတ္မင္းႀကီးေတြကို သက္ေသျပဳၿပီး သစၥာျပဳတယ္။
“သူ႔အသက္ လူ႔အသက္ကို ကာယကံေျမာက္ မသတ္ခဲ့ပါ။ သူတစ္ပါး သားမယား ကိုယ္ထိလက္ေရာက္ မေစာ္ကား၊ မျပစ္မွား၊ မက်ဴးလြန္ပါ။ ေသရည္ေသရက္ လုံးဝမေသာက္စားပါ။ ဤပညာေတာ္ျမတ္ႀကီးကိုလည္း မျပစ္မွားပါ။ ဤသစၥာမွန္ကန္ပါက အထက္ဆရာေတာ္ဘုရားႀကီးမ်ား ကိုယ္ေတာ္တိုင္ေရစင္ေရမန္းမ်ား ခ်ီးျမႇင့္၍အင္းတိုက္၊ နတ္တိုက္၊ စုန္းတိုက္၊ ကေဝတိုက္၊ ဆရာတိုက္ ေရာဂါမွန္သမွ်ကိုကုစားႏိုင္ေသာ ေရစင္ျဖစ္ပါေစ သတည္း။ ျပဳစားတိုက္ခိုက္သူအားလည္းတန္ျပန္အတိျဖစ္ပါေစသတည္း။ တပည့္ေတာ္ သစၥာ မမွန္မကန္က်ိဳးေပါက္ခဲ့ပါက၊ စည္းေပါက္ခဲ့ပါကထိုင္ရာ မထေသြးပြက္ပြက္အန္ၿပီးေသလြန္ၿပီးေနာက္မဟာအဝီစိငရဲ၌ ေဇာက္ထိုး က်ပါေစသတည္း။ ေနာင္ပြင့္ေတာ္မူမည့္ ဘုရားကို မဖူးေျမာ္ရသူ ျဖစ္ပါေစ သတည္း။ ကုန္းသြား ကုန္းေဘး၊ ေရသြား ေရေဘး ေဘးဆိုးတို႔ သင့္ပါေစ သတည္း။
ကြၽႏ္ုပ္ျပဳေသာ သစၥာမွန္ကန္ခဲ့ပါက အထက္ဆရာေတာ္ဘုရားႀကီးမ်ား ခ်ီးျမႇင့္ေတာ္မူေသာ ဤသစၥာေရစင္သည္ ေဆးစြမ္းထက္၍ ရန္ဟူသမွ် အတိုက္ဟူသမွ်ကို ဖယ္ရွားေအာင္ျမင္ေသာ ေရစင္ျဖစ္ပါေစသတည္း။ သစၥာဆိုတာဗ်ာ…။
တစ္နည္း က်ိန္ဆိုလိုက္တာ…။
တိုင္တည္လိုက္တာ…။
သစၥာျပဳတယ္ဆိုတာ လိမ္ညာျပဳလို႔ မရဘူးခင္ဗ်ာ။
က်ိန္႐ြယ္တာလည္း ညာက်ိန္ လိမ္က်ိန္လို႔ မရဘူး။
သစၥာစူး၊ က်မ္းစူးတာ ကြၽန္ေတာ္ ျမင္ဖူးတယ္။ ေနာင္အခါက်မွ သီးသီး သန႔္သန႔္ ေရးျပပါဦးမယ္။
ၾကည့္စမ္း…။
ေျပာရင္၊ ေရးရင္၊ ယုံၾကပါ့မလား မသိဘူး။
သစၥာျပဳၿပီး ေရဖန္ခြက္ထဲကို လက္ညႇိဳးႏွစ္ေခ်ာင္းနဲ႔ ေမႊလိုက္တယ္။ ပါးစပ္ကလည္း ဆရာေတာ္ဘုရားႀကီးမ်ား ခ်ီးျမႇင့္သည့္ ေဆးဩသဓေရစင္ ျဖစ္ပါေစလို႔ ေျပာၿပီးေနာက္…။
လူနာ (ျပဳစားခံရတယ္လို႔ ယုံၾကည္တဲ့လူနာ)ရဲ႕မ်က္လုံးထဲကို ေရစင္ တစ္စက္စီ ခတ္လိုက္ေရာ …။
င႐ုတ္သီးစပ္သလို ထြန႔္ထြန႔္လူးၿပီး ေအာ္ပါေရာဗ်ာ။
သည့္ေနာက္-
ခ်ိန္မွာပဲ..။
ေဆးကုသမားစဥ္အတိုင္းေျပာဆိုကုသထုတ္ပယ္ခိုင္း
ဝုန္းဆို ထရပ္ၿပီး ေတာက္လည္း ခတ္ရဲ႕။
ထဘီလည္းတိုတိုျပင္ဝတ္ၿပီးလူအုပ္ၾကားကေနမိန္းမ႐ြယ္ႏွစ္ေယာက္
ဒယီးဒယိုင္နဲ႔ ဆင္းသြားတာကို ျမင္လိုက္ရတယ္။
ေနာင္ေတာ့ …။
သူတို႔အေဖဆရာႀကီးကို လာကန္ေတာ့ၿပီး ေတာင္းပန္ၾကေလရဲ႕။
ဪ- ခုမွ သိရတယ္။
လက္စသတ္ေတာ့ …။
သင္းတို႔က ပေယာဂအတိုက္နဲ႔ ႐ြာသူ႐ြာသားအခ်ိဳ႕ကို ျပဳစားတဲ့ စုန္း ကေဝမေတြ ျဖစ္ေနတာကိုး။
ေနာင္အခါအေဖဆရာႀကီး သင္ၾကားေျပာျပလို႔ စုန္းကေဝပညာသည္ တို႔ရဲ႕အမ်ိဳးအစားနဲ႔ ၾကန္အင္လကၡဏာေတြရယ္၊ သူတို႔ရဲ႕အတတ္ပညာေတြ ရယ္ကို သေဘာေပါက္ နားလည္ခဲ့ရတယ္။
ကေဝေျမာက္စုန္း…
အိမ့္ တလိမ့္စုန္း . . .
ကေဝ
ေမာက္လုံးစုန္း၊ ေမာက္ျပားစုန္း၊ ေခါင္းစုန္း၊ ေျခစုန္းစသည့္ စုန္း၊ က အမ်ိဳးအစား ေျမာက္ျမားစြာရွိမွန္းကို ဗဟုသုတအျဖစ္ သိခဲ့ရတယ္။ အဓိက စုန္းမ်ိဳး (၇)ပါးမွနတ္ကေဝေျမာက္စုန္းဆိုတာကလူရဲ႕အေသြးအသားေတာင္ စားသတဲ့။ ေသြးစုပ္ေသြးခန္း ျပဳစားတာမ်ိဳးေပါ့။
ၿပီး – ေဇာ္ဂနီေျမာက္တဲ့ အိမ့္တလိမ့္စုန္းကလည္း ေအာက္နတ္ေတြကို ခိုင္းႏိုင္သတဲ့။
ဆိုးတာက ကေဝေဇာ္ဂနီ နတ္ပဲတဲ့။
အိမ္တြင္း မင္းမဟာဂီရိနတ္ကိုေတာင္ သူက အမိန႔္ေပးၿပီး ကေဝစက္ ေတြ လႊတ္လို႔ရဆိုပဲ။

ေနာက္- စာမ်က္ႏွာမွာ ေရွးျမန္မာမင္းမ်ား လက္ထက္ေတာ္တုန္းက ေဇာ္ဂနီ ေရခ်ဒဏ္ခတ္ပုံအေၾကာင္း ဗဟုသုတအျဖစ္ ေရးျပပါ့မယ္။ ႀကိဳတင္ၿပီး ေမတၱာရပ္ပါရေစခင္ဗ်ာ…။
ကြၽန္ေတာ္က ျဖစ္ရပ္ဆန္းၾကယ္ေတြအေၾကာင္း ေရးခ်င္တဲ့ စာေရး ဆရာ ျဖစ္ခ်င္သူပါ။
ပေယာဂကုဆရာ…။ ေအာက္လမ္းဆရာ …။
အထက္လမ္းဆရာ၊ ဂိုဏ္းဆရာျဖစ္ခ်င္သူ မဟုတ္ပါဘူး။ ျဖစ္ရပ္ဆန္း ၾကယ္၊ အံ့ဖြယ္အေၾကာင္းေတြ ေရးခ်င္ေတာ့ သိခ်င္တာမွန္သမွ်၊ ဆန္းၾကယ္ တာမွန္သမွ် အစုံလိုက္ေလ့လာပါတယ္။
ဒီလိုနဲ႔…
ေအာက္လမ္းဆရာ၊ အထက္လမ္းဆရာ၊ ဂိုဏ္းဆရာ၊ ဗိေႏၶာေဆးဆရာ ေတြနဲ႔ ရင္းႏွီးေအာင္ ေပါင္းသင္းၿပီး ေလ့လာေမးျမန္းေတာ့ ကိုယ္မသိတာ ေတြ အစုံသိရပါေရာဗ်ာ။
အင္းေတြ၊ ဂါထာေတြ၊ မႏၲန္ေတြ၊ လက္ဖြဲ႕ေတြ၊ ေဆးေတာင့္ေတြ၊ ဂမၻီရ အစီအရင္ေတြ၊ ဂမၻီရ႐ုပ္တုေတြ၊ ေမွာ္သြင္းနည္းေတြကလည္း မနည္းဘူးပဲ
ကိုး။
အာဠာဝက ေမွာ္သြင္းနည္း…။
ေပါရိသာဒေမွာ္သြင္းနည္း…။
ဥပကတေစၦေမွာ္သြင္းနည္း …။ ဒကၡ ယကၡ ေမွာ္သြင္းနည္း..။ ဆီမီးေမွာ္သြင္းနည္း . . .။
ဘီလူးလည္ျပတ္ ေမွာ္သြင္းနည္း..။ အဂၤုလိမာလ ေမွာ္သြင္းနည္း . . .။ ဝိဇၨာမယ ေမွာ္သြင္းနည္း…။

စမေလးလုံး ဘုရားေမွာ္သြင္းနည္း . . .။ ေရးရင္ ကုန္မွာမဟုတ္ဘူး။ ေမွာ္ပညာေတြက အမ်ားခ်ည္းပဲ။
ပညာၿပိဳင္ရင္း တပည့္ခံသြားတဲ့ ပညာသည္ေတြထံက သိမ္းထားတဲ့ တုတ္ၿပီး ဓားၿပီး ေသနတ္ၿပီး အင္းလက္ဖြဲ႕ေတြ။ ခါးပတ္၊ စလြယ္ေတြ၊ ကိုး သခ်ႋဳင္းေျမ၊ သိမ္ဝင္သပိတ္ကြဲ။
တိုက္ႏြား၊ ခံႏြား၊ တိုက္ပိတုန္း၊ တိုက္ေႁမြ၊ ၿပဳံး၊ ဂဝံ႐ုပ္၊ ဘီလူး႐ုပ္ စသည္ ဂမၻီရပစၥည္းေတြကလည္း တယ္မ်ားပဲကိုး။
အခ်ိဳ႕မယုံၾကဘူး။ ဒီဂမၻီရျဖစ္ရပ္ဆန္းၾကယ္ေတြ၊အစီအရင္ေတြေၾကာင့္ အေကာင္းအဆိုး ျဖစ္သြားရတာေတြ ရွိတယ္။ မႀကဳံမျမင္ဘူးရင္ လက္ခံမွာမဟုတ္ဘူး။
ကြၽန္ေတာ္ကေတာ့ အေတာ္အတန္ ကိုယ္ေတြ႕အျဖစ္အပ်က္ေတြ ႀကဳံဖူး ျမင္ဖူး ၾကားဖူးေတာ့ လက္ခံလို႔ရတာ လက္ခံတယ္။
အခ်ိဳ႕ကိစၥေတြ ကြၽန္ေတာ္ အားမေပးခ်င္ဘူး။
အခ်ိဳ႕ကိစၥေတြ သင့္ေလ်ာ္တာ ရွိတယ္။
အဓိကက လုပ္ေကာင္းတာနဲ႔ မလုပ္ေကာင္းတာကို အသိတရားႏွင့္ ယွဥ္၊ ဆင္ျခင္စဥ္းစားၿပီးမွ လုပ္သင့္တယ္လို႔ ျမင္တာပါပဲ။
ကြၽန္ေတာ္တို႔ မ်က္စိေရွ႕ေမွာက္မွာပဲ အေက်ာ္အေစာ ၾကားရၿပီးၿပီ။ ၿခံေျမကိစၥႀကီးတစ္ခုအတြက္ဓာတ္ပုံရွင္ကိုအင္းေတြ၊ အစီအရင္ေတြနဲ႔
စီရင္တိုက္ခိုက္တဲ့သတင္း။
အဲ့လိုလုပ္ရင္ ရေရာတဲ့လား။
ဟုတ္ကဲ့ – ရတာလည္း ရွိတယ္။ မရတာလည္း ရွိပါတယ္။ ရွင္းျပပါ့မယ္ . . .။

ရတနာသုံးပါး ၿမဲၿမံတဲ့သူ၊ သရဏဂုံတည္ေနတဲ့သူ၊ သမထ ဝိပႆနာ က်င့္စဥ္တဲ့ေနတဲ့သူ၊ စိတ္ေကာင္းစိတ္ျမတ္ရွိသူရဲ႕အက်ိဳးစီးပြားကို ပ်က္စီး ဆုံးရႈံးေအာင္ ပေယာဂ အစီအရင္အတိုက္၊ တစ္နည္း ေအာက္လမ္းပညာ သည္ အစီအရင္အတိုက္နဲ႔ တိုက္လို႔ မလြယ္ပါဘူး။
တိုက္လို႔ရတာက …
ငါးပါးသီလလည္းမၿမဲဘူး။ ရတနာသုံးပါးလည္းမယုံၾကည္၊ မေထမဲ့ျမင္ လုပ္သူ၊ အကုသိုလ္လည္း မ်ားတဲ့သူ။ မဟုတ္တာမွန္သမွ် အကုန္နီးပါး လုပ္ သူ၊ ဝိသမေလာဘသားေတြကိုေတာ့ အဲဒီလို ပေယာဂအစီအရင္ ေအာက္ လမ္းနည္းနဲ႔ . . .။
အက်ိဳးစီးပြားပ်က္ေအာင္ … အသက္အႏၲရာယ္ရွိေအာင္ . . .
႐ူးသြပ္ေခ်ာက္ခ်ားေအာင္ လုပ္လို႔ရႏိုင္ပါတယ္။ ဒါေတာင္ – ျဗဳန္းစားခ်ည္းလုပ္လို႔မရေသးဘူး။
ကံနိမ့္ပိုင္းေရာက္ခ်ိန္ျဖစ္မွ ေစာေစာကမလိုသူတို႔စီရင္တဲ့အတိုက္ေတြ
က ဝင္ေရာက္ဒုကၡေပးလို႔ရတာရယ္။
ကံနိမ့္၊ ကံျမင့္ဆိုတာ ကိုယ့္ရဲ႕အက်င့္သီလ အျပဳအမူပါပဲ။ အကုသိုလ္ အလုပ္ေတြကို ကာယကံ၊ ဝစီကံ၊ မေနာကံနဲ႔ အခ်ိန္ရွိသမွ် လုပ္ကိုင္ႀကံစည္ ေနရင္ ကံနိမ့္မွာပါပဲ။
ကံနိမ့္ၿပီဆိုရင္ေတာ့…
မ်က္စိေရွ႕ေမွာက္ ျဖစ္သြားတဲ့ ဇာတ္လမ္းေလး ေျပာျပပါမယ္။
ၿပီးရင္ – ေဇာ္ဂနီ ေရခ်တဲ့အေၾကာင္း ေရးပါ့မယ္။
ကံမခိုင္တဲ့ အခ်ိန္မွာ ပေယာဂဆိုတာ ဝင္ေႏွာက္လို႔ ရတာပါပဲ။ ဒီ အခ်က္ကို သိရွိနားလည္တဲ့ေအာက္လမ္းဆရာနဲ႔ ေတြ႕ေရာ။ ျဖစ္ပ်က္ခဲ့ရတဲ့ ဘဝပ်က္ ဘဝနာဇာတ္ကို ေျပာရရင္ …
မခင္ကႀကီးေပါ့။ နာမည္လြဲေရးတာေနာ္။
မခင္ကႀကီးက ရွင္းရွင္းေျပာရရင္ မိန္းမပိုင္းလုံး၊ ပိုက္ဆံရွိတဲ့ေယာက္်ား ဆိုရင္ အရခ်ိဳင္ေလ့ရွိတယ္။
႐ုပ္ရည္ကေတာ့မလွပါဘူးဗ်ာ။ သို႔ေသာ္-ကိုယ္လုံးကိုယ္ေပါက္ကလုံး ႀကီးေပါက္လွ။ စြဲမက္စရာေကာင္းတဲ့ ခါးေသးရင္ခ်ီ၊ တင္ပါးဆုံကားကား ေပါင္တံရွည္ရွည္တုတ္တုတ္ခဲခဲႀကီး။
မုဆိုးဖို တစ္ခုလပ္၊ ႏွစ္မယားကြာေတြဆို သိပ္ခိုက္ပဲ။ လင္တစ္ေယာက္ကို ၾကာရွည္မေပါင္းဘူး။ လြန္လွေလးငါးေျခာက္လ ပဲ။ ေငြသုံးႏိုင္တဲ့ ေယာက္်ားဆို လင္ေတာ္ဖို႔ ဝန္မေလးဘူး။
တစ္ေန႔ – ပိုက္ဆံရွိၿပီး သေဘာက်ေနတယ္။
႐ုပ္လည္းေျဖာင့္တဲ့လူႀကီးတစ္ဦးကိုမခင္ကႀကီး
ရင္းႏွီးေအာင္ အမ်ိဳးမ်ိဳးေပါင္းလိုက္ေတာ့ မခင္ကႀကီးနဲ႔ မၿငိတင္ေလး
ေပါ့ဗ်ာ။
မခင္ကႀကီးက အေပ်ာ္မယား မလုပ္ဘူးဗ်။
တရားဝင္ တရား႐ုံးမွာ လက္မွတ္ထိုးၿပီး တရားဝင္ လူသိရွင္ၾကားေပါင္း တာ။ ေငြကုန္ေတာ့မွအမ်ိဳးမ်ိဳး ရမည္ရွာၿပီး တရားဝင္ကြာရွင္းတာ။ လင္လုပ္ သူ မေကာင္းလို႔ ကြာရတာပါေပါ့။
ႀကီးနဲ႔။
ခက္တာက ယခု သူမ သေဘာက်တဲ့ လူခ်မ္းသာက တရားဝင္ မယား
ကိုယ့္လူကလည္း မာယာရွင္ရဲ႕ညႇိဳ႕ခ်က္မွာၿငိေနၿပီ။ သို႔ေသာ္ – မခင္က ႀကီးက ကိုယ့္လူကို လက္ရွိမယားႀကီးနဲ႔ တရားဝင္ကြာလိုက္ပါ။ ေနာက္ေန႔ ကိုယ့္လူ သူမကို တရားဝင္လက္ထပ္။
ၿပီး – ကိုယ့္လူ သေဘာရွိတဲ့…။
ခက္တာက ကိုယ့္လူ ေဘာ့စ္ေတြကလည္း မခင္ကႀကီးရဲ႕ ေနာက္ ေၾကာင္းကို သိပ္မသိၾကဘူး။
စြဲမက္ဖြယ္ရာ ခႏၶာကိုယ္ အသားစိုင္ေပၚမွာပဲရာဂစိတ္ကနစ္ဝင္စျပဳေန ေတာ့ ခံရတာမ်ားတာေပါ့။

ကိုယ့္လူခမ်ာလည္း ငယ္ေပါင္းမယားႀကီးကို မစြန႔္ပစ္ရက္ဘူး။ သားနဲ႔ သမီးလည္း ရွိေနေသးကိုး။
ဒီသံေယာဇဥ္ကို မခင္ကႀကီးက သိထားတယ္။
လင္မယားကြဲေအာင္ လုပ္တဲ့နည္း သူမမွာရွိတယ္ေလ။ သူမမွာ လက္ က သုံးေတာင္ေဝွး အားကိုးရတဲ့ ဆရာႀကီးရွိတယ္။ ပေယာဂကုတဲ့ ဆရာႀကီးတဲ့။
အမွန္က ေအာက္လမ္းဆရာႀကီး။
ထုံးစံအတိုင္း ေအာက္လမ္းဆရာႀကီးကို ထိုက္ထိုက္တန္တန္ ကန္ ေတာ့ၿပီး လင္မယားကြဲေအာင္ လုပ္ေပးပါ။ ေဟာဒီဓာတ္ပုံရွင္ အမ်ိဳးသားနဲ႔ ကြၽန္မနဲ႔ တရားဝင္ စြဲစြဲလမ္းလမ္း ညားေအာင္ လုပ္ေပးပါ၊ ပူဆာရတာေပါ့။ ေအာက္လမ္းဆရာႀကီးကလည္း တပည့္ရင္းျဖစ္ေနေတာ့၊ ၿပီး- အေၾကာင္းရင္းလည္း သိေနေတာ့ စီရင္ေပးလိုက္တယ္။
(ေအာက္လမ္းဆရာႀကီးစီရင္ေပးတဲ့ နည္းပိုင္းဆိုင္ရာေတာ့ ႐ြံရွာစက္ ဆုပ္ဖြယ္ေကာင္းလို႔ ေရးမျပေတာ့ပါဘူး ခင္ဗ်ာ)
“ေရာ့ – ေဟာဒီ ေျမမႈန႔္ကို သူတို႔လင္မယားအိပ္တဲ့ ဖ်ာေအာက္မွာ ျဖဴး
ခိုင္းလိုက္”
မခင္ကႀကီးကကိုယ့္လူကိုအတိုက္အခိုက္ရွိတယ္။ မလိုသူရွိတယ္လို႔ ေဗဒင္ဆရာနဲ႔ အၾကားအျမင္ဆရာက ေျပာတယ္၊ စသည္ “ေ႐ြ” လိုက္ တယ္။
ၿပီး – သူမရဲ႕ဆရာထံလည္း ေခၚသြားၿပီး စစ္ေဆးေစတယ္။
ေနာက္ဆုံး အသက္အႏၲရာယ္ပါရွိတယ္လို႔ “ခြင္”ထည့္ေျပာလိုက္ ေတာ့။ ကိုယ့္လူ ေၾကာင္သြားတာေပါ့၊ လန႔္သြားတာေပါ့။
သည့္ေနာက္ ဆရာႀကီးႏွင့္ ခ်စ္သူမယားငယ္ေျပာတဲ့အတိုင္းေအာက္ လမ္းဆရာႀကီးေပးတဲ့ ေျမမႈန႔္ကို သူတို႔လင္မယားအိပ္တဲ့ ေမြ႕ရာေအာက္မွာ ျဖဴးၿပီးအိပ္ၾကေရာ…။

ရက္ပိုင္းအတြင္း ငယ္လင္ငယ္မယား ၾကည့္မရေအာင္ စကားမ်ား အမုန္းႀကီး မုန္းၾက၊ ရန္ျဖစ္ၾကၿပီး တရားဝင္ကြာရွင္းရတဲ့ အျဖစ္ကို ေရာက္ သြားခဲ့တယ္။
လင္မယားကြဲေတာ့မွမခင္ကႀကီးနဲ႔ သူေဌးကေလးတို႔ေပ်ာ္႐ႊင္စြာညား ၾကေပါင္းၾကေတာ့တယ္ဗ်ာ။ စြမ္းလိုက္တဲ့ အစီအရင္ဗ်ာ။
တစ္ႏွစ္မတိုင္ခင္မွာပဲ..။
သူေဌးကေလးပိုင္ ေ႐ႊ၊ ေငြ၊စိန္ေရာ၊ ေဒၚလာေရာေျပာင္သြားပါေရာဗ်ာ။ မခင္ကႀကီးကေၾကးႀကီးကစားတဲ့ဖဲသမားေလဗ်ာ။ ၿပီး- အသုံးအျဖဳန္းလည္း
ႀကီးတယ္ေလ။
ခ်ိန္းဝိုင္းေကာင္းရင္ မႏၲေလး၊ ေမၿမိဳ႕ေတာင္ တက္ကစားတဲ့ ဖဲသမား ဥစၥာ။ ႀကဳံေပ်ာ္မွ တကယ့္ႀကဳံေပ်ာ္။
ေနာက္ဆုံး-ပစၥည္းဥစၥာကုန္ေတာ့ မခင္ကႀကီးက ျပႆနာအမ်ိဳးမ်ိဳး
ရွာၿပီး ကြာရွင္းေပးပါလို႔ အေရးဆိုလာပါေရာ။
စည္းစိမ္ေျပာင္ သူေဌးေလးလည္း သေဘာေပါက္ ေနာင္တရပါၿပီဗ်ာ။ ကြာရွင္းေပးလိုက္တယ္…။
ကြာရွင္းၿပီး မယားႀကီးကို ေျခသလုံးဖက္ ေတာင္းပန္ရွာတယ္။ ငယ္ ေပါင္းမယားႀကီးပဲေလ၊ သားသမီးေတြလည္း ရွိေသးဥစၥာ။ သနားက႐ုဏာျဖစ္ၿပီး ခြင့္လႊတ္လို႔ ျပန္ေပါင္းရွာတယ္။
ကိုယ့္လူလည္း ေနာင္တေတြရၿပီး ႀကိဳးစားလုပ္ကိုင္လိုက္တာ နဂိုက လိုပဲစီးပြားေရးျပန္ေကာင္းလာၿပီးမိသားစုစိတ္ခ်မ္းသာတဲ့ဘဝကိုျပန္လည္
ရရွိလာခဲ့တယ္။
မခင္ကႀကီးလား …။

သူမကေတာ့ ဖဲဝိုင္းမွာ
ရဲဖမ္းမိသြားၿပီးတစ္ဖြဲ႕လုံးေထာင္က်သြားတယ္။
ကံဆိုးခ်င္ေတာ့ သူမရဲ႕ ပိုက္ဆံအိတ္ထဲကေန မူးယစ္ေဆးျပား (စိတ္ႂကြ ေဆး) ငါးျပားပါ ေတြ႕သြားလို႔ ေထာင္သက္ ပိုရွည္သြားခဲ့တယ္။ ေနာက္ေတာ့ေထာင္ထဲမွာပဲစိတ္မက်န္းမာေရးပါျဖစ္လာၿပီးကြယ္လြန္
သြားခဲ့ရတယ္။
ေျပာခ်င္တာက ..။
ေအာက္လမ္းပညာရဲ႕အစြမ္းထက္ပုံပါ။
တစ္နည္း- စီရင္တဲ့ သူကိုယ္တိုင္ စုန္းကေဝျဖစ္ေနတယ္ေလ။ ဖြင့္
မေျပာဘူး၊ ဆရာအေနမ်ိဳးပဲ ေနျပတယ္။
မေကာင္းတဲ့အလုပ္ မွန္ေပမယ့္ ထိေရာက္တဲ့ လွ်ိဳ႕ဝွက္ပညာစြမ္းကို
သိေစခ်င္လို႔ပါ။
သို႔ေသာ္…
ေသရင္ အပါယ္လားရမွာ။ စာခ်ဳပ္ၿပီးသားပဲ။
အခ်ိဳ႕ေသာ အရပ္ေဒသေတြမွာ စုန္းကေဝ ပညာသည္ရွိတဲ့ေနရာ ရွိပါ တယ္။ ေပၚေပၚတင္တင္ေတာ့ မလုပ္ရဲၾကဘူး။ လူသိသြားရင္ ေသဖို႔မ်ားလို႔
ပဲ။
ဟိုးေရွးျမန္မာမင္းမ်ားလက္ထက္တုန္းကစုန္းမေရခ်တဲ့အျပစ္ေပးမႈမ်ိဳး
ကို စီရင္ခဲ့ဖူးတဲ့အေၾကာင္း . .။
ျမန္မာမင္း အုပ္ခ်ဳပ္ပုံစာတမ္း စတုတၳတြဲမွ စာမ်က္ႏွာ (၂၇၈)မွာ ေရး သားမွတ္တမ္းထားတာကို ဗဟုသုတအျဖစ္ ေရးျပပါရေစခင္ဗ်ာ။ ျမန္မာမင္းမ်ားလက္ထက္ေတာ္တုန္းက ႐ြာတစ္႐ြာမွာျဖစ္ေစ၊ ရပ္ႀကီး
တစ္ရပ္မွာ ျဖစ္ေစ ..။

စုန္းမ၊ ကေဝမ၊ ေဇာ္ဂနီဆိုတာမ်ိဳး သိခဲ့ရင္..။
ဒီစုန္းကေဝေၾကာင့္လည္း သူတစ္ပါး ဒုကၡေရာက္ေၾကာင္း သိသြားခဲ့ ရင္ အဲဒီစုန္းကေဝ၊ ေဇာ္ဂနီမကို ႐ြာသူႀကီး၊ ၿမိဳ႕သူႀကီး၊ မင္းမိန႔္ စသည္တို႔နဲ႔ ေရခ်ၿပီး စီရင္ရတယ္။
ဒီေနရာမွာ ေဇာ္ဂနီ စုန္းအေၾကာင္း ေျပာျပခ်င္ပါတယ္။
ေဇာ္ဂနီဆိုတာ ကေဝနတ္ကို ေခၚပါတယ္။
အိမ့္တလိမ့္စုန္းမ်ိဳးဟာ ေဇာ္ဂနီအဆင့္ကို ၿပီးေျမာက္ေစႏိုင္လို႔ (ေဇာ္ ဂနီေျမာက္)လို႔ ေခၚၾကသတဲ့။ သူတို႔က ဖမ္းစားရင္“ဘူး”သြင္းတယ္။ “ဘူး”သြင္းတဲ့ လကၡဏာက ဘူးသြင္းခံရသူသည္ သမ္းသမ္းေဝေဝ ရွိၿပီးေသြးဆုတ္တတ္တယ္။ ခႏၶာကိုယ္ထဲဘူး”သြင္းခံရရင္ အသြင္းခံရသူ ဟာ ဂနာမၿငိမ္ျဖစ္ၿပီး ရယ္လိုက္ ငိုလိုက္ျဖစ္လာေရာ။ အစားလည္း မစားခ်င္ေတာ့ဘူး။
လက္ဝဲဘက္နံေစာင္းမွာ အပင္းသြင္းခံရသလိုေအာင့္ၿပီးေအာ္ရတယ္။ ၿပီး – ခ်မ္းတုန္ေအာ့အန္မယ္။ အဆင္းလွသူဆို မၾကာခ်က္ခ်င္း ႐ုပ္ေျပာင္း ႐ုပ္ဆိုး ျဖစ္သြားေရာ။
ေဇာ္ဂနီစုန္းက အဲလို “ဘူး” သြင္းတတ္တဲ့အျပင္။
ေဆးကုေနတဲ့ေဆးသမားရွိရာကိုလူမမာသတင္းေမးမလိုေရာက္လာ ၿပီးေဆးအေၾကာင္းပညာစမ္းသလိုေဆးဆရာကိုေမးၿပီးစကားပက္လို႔ေဆး
သိဒၶိကို ပ်က္ျပယ္ေစသတဲ့ခင္ဗ်။
ေဆးဆရာ ေဆးကုလို႔ မရေအာင္လည္း ျပဳစားႏိုင္တာကိုး။
အိမ္တြင္း မင္းမဟာဂီရိနတ္ကိုေတာင္ အမိန႔္ေပးေစခိုင္းလို႔ရတယ္လို႔ (မဟာသရဘူ မၪၨဴက်မ္း)မွာ ေဖာ္ျပပါတယ္။
တိုတိုေရးရရင္ …။
ေရွးျမန္မာမင္းမ်ား ေ႐ႊလက္ေတာ္မွာ စုန္းကေဝ(ေဇာ္ဂနီ) မွန္းသိရင္ အာဏာစက္နဲ႔ဖမ္းၿပီး (၇)လံနက္တဲ့ေရမွာခ်ၿပီး ျပစ္ဒဏ္စီရင္ ရသတဲ့။

ဆန္းတာေတာ့ အလြန္ထူးဆန္းတယ္ ခင္ဗ်။ ေဇာ္ဂနီ ေရခ်ရင္ ျမစ္ထဲမွာ ခ်ရတယ္တဲ့။
ဘယ္လိုေရခ်သလဲဆိုတာကို ျမန္မာမင္းအုပ္ခ်ဳပ္ပုံစာတမ္းမွာ ပါဠိလို ျမန္မာလိုေရးထားလို႔ စာဖတ္သူမ်ား အလြယ္နားလည္ရေအာင္ ျမန္မာ စကားေျပာနဲ႔ ႀကိဳးစားေဖာ္ျပပါ့မယ္။
ေဇာ္ဂနီ၊ စုန္းကေဝ၊ နတ္ကေဝကို ေရခ်ဖို႔အတြက္။
ဦးစြာ တံရႉးဝါးကို ဝါးျခမ္း (၇)ေခ်ာင္းရေအာင္ ခြဲစိပ္ရတယ္။ တံရႉးဝါး ဆိုတာ သုသာန္၊ သခ်ႋဳင္းမွာ မီးသၿဂႋဳဟ္ရင္ လူေသေကာင္ကို ထိုးလွန္ဖိတဲ့ ဝါးစူးကို ေခၚတာပါ။
အဲဒီ တံရႉးဝါး (တံစူးဝါး) ဝါးျခမ္း (၇)ေခ်ာင္း အကြက္ယက္ ေအာက္ မွာ ဇီးသား(ဆီးသား) ႏွစ္ေခ်ာင္း လက္ကိုင္လို႔ရေအာင္ အရွည္ခံၿပီး ႀကိဳးနဲ႔ ခ်ည္ရပါမယ္။
ၿပီး-ေရလုံအိုးႀကီးကိုယူ …
အိုးထဲမွာ အိမ္ (၇)အိမ္မွာ ေနထိုင္ၾကတဲ့ အိမ္သားေတြရဲ႕က်င္ငယ္ေရ နဲ႔ ရက္တက္ပုန္းရည္တို႔ကို ေရလုံအိုးႀကီးထဲမွာ ထည့္ထား။
ၿပီး- တံစူးဝါးနဲ႔ ေလးႀကီးတစ္စင္းကို လုပ္ရမယ္။ အျခားဝါးနဲ႔ မလုပ္ရ ဘူး။ ၿပီးရင္ – ျမား (၇)စင္းလုပ္ရမယ္။ ျမားကလည္း တံစူးဝါးနဲ႔ပဲ လုပ္ရ တယ္။
တံစူးျမားတံ ျမား႐ြက္ကို လင္းတငွက္ရဲ႕အေတာင္ (၇)ေတာင္နဲ႔ ျမား ႐ြက္ လုပ္ရတယ္။
ပန္းက (၇)မ်ိဳး၊ ဆူးက (၇)မ်ိဳး၊ သီးသန႔္စုပုံထား။ စုံရင္ – ဆူး၊ ပန္း၊ ေလး၊ ျမား၊ လင္းတအေတာင္တို႔ကိုေရာထားၿပီး (၇)မ်ိဳး (၇)ပုံ အစုျပဳရတယ္။ အဲဒါေတြရရင္ …
ေဇာ္ဂနီစုန္းမကို ထဘီအျဖဴဝတ္ေပးၿပီး…။ ဦးေခါင္းက ဆံပင္ကို ဆံထုံး (၇)ထုံးလုပ္ေပး။

အဲဒီ ဆံထုံး (၇)ထုံးထဲကို တံစူးျမားတစ္ေခ်ာင္းစီ ထိုးသြင္း။ ၿပီးရင္ – စုန္းမရဲ႕လက္မႏွစ္ေခ်ာင္း၊ ေျခမႏွစ္ေခ်ာင္း သမန္းႀကိဳးနဲ႔ ပူးခ်ည္။ စုန္းမရဲ႕ ခါးမွာလည္း သမန္းႀကိဳးနဲ႔ ခ်ည္။
ဆြဲႀကိဳးက်ေတာ့ ..။
ခုနစ္လံရွည္ႀကိဳးကိုအထုံး (၇)ထုံးထုံးၿပီးလည္ပင္းမွာခ်ည္လို႔ျမစ္ဆိပ္ ေရဆိပ္ကို ဆြဲေခၚသြားရတယ္။
ျမစ္ဆိပ္ေရာက္ရင္ အပိုင္အဆိုင္အားလုံးကိုေရွးထုံးစံႏွင့္ပူေဇာ္ၿပီးစီရင္ ရတဲ့အေၾကာင္းကို တိုင္တည္ရတယ္။
တယ္။
ျမစ္ေရထဲမွာ ေလွႏွစ္စင္းကို တြဲခ်ည္ထား။ ေလွရဲ႕အထက္မွာ တံစူးဝါး ကပ္ကိုတင္။
အဲဒီ တံစူးဝါးကပ္ေပၚမွာမွ ေဇာ္ဂနီ အမည္ရွိ စုန္းမကို ထိုင္ေနေစရ
သည့္ေနာက္ လက္ႏွစ္ဖက္၊ ေျခႏွစ္ဖက္ကို တစ္ေပါင္းတည္း ႀကိဳးနဲ႔ တုပ္ခ်ည္ထားရတယ္။ ခ်ည္ရင္လည္း ခိုင္ေအာင္ခ်ည္ရတယ္။ ခ်ည္ၿပီးရင္ . . .
ျမားပစ္မည့္ ေလးသမားေတြက ျမားေတြကိုကိုင္ၿပီး ေဇာ္ဂနီစုန္းမကိုပါ ဆဲေရးတိုင္းထြာေျပာဆို ႀကိမ္းဝါးရတယ္။ ၿပီးတာနဲ႔ –
ျမားတစ္စင္းကို မိုးေကာင္းကင္ရွိရာ ပစ္လႊတ္ရတယ္။
ေနာက္ျမားတစ္စင္းကို ေျမႀကီးထဲ ပစ္တယ္။
ေနာက္ျမားတစ္စင္းကို ေရဆိပ္ရွိရာ ပစ္လႊတ္၊
က်န္တဲ့ ျမားေလးစင္းကို အေရွ႕အေနာက္၊ ေတာင္ေျမာက္၊ အရပ္ေလး မ်က္ႏွာကို ခ်ိန္႐ြယ္ၿပီး ပစ္လႊတ္ရတယ္။
ျမားေ႐ြးပစ္ၿပီးရင္ …
ေဇာ္ဂနီစုန္းမကို အိုးထဲက မစင္ေရနဲ႔ ေခါင္းကေနေလာင္းၿပီးရင္ စုန္းမ တင္ေလွကိုေဖာက္ကြဲအက္ေစၿပီး ေရနက္ထဲကို စုန္းမနဲ႔အတူ ပစ္ခ်လိုက္ရ
တယ္။

အကယ္၍ေရထဲမွာ ေလွေရာ၊ စုန္းမေရာ စုန္းစုန္းျမဳပ္သြားရင္ ကိစၥ ၿပီး သြားၿပီ။ သို႔ကလို မဟုတ္ပါဘဲ ေလွကြဲေလွေပါက္လည္း မျမႇဳပ္။ ေလွေရာ၊ စုန္းမေရာ ေရေပၚမွာ ေပၚေနရင္ …
သို႔မဟုတ္…
ႀကိဳးေႏွာင္တည္းထားတဲ့ ေဇာ္ဂနီစုန္းမ ေရေပၚမွာ ေပၚေနရင္ သူ႔ကို
႐ြာထဲ ရပ္ထဲမွာ မေနေစရဘူး။
႐ြာထဲကေန ႏွင္လႊတ္ရတယ္…
ေခတ္စကားနဲ႔ေျပာရင္ နယ္ႏွင္ဒဏ္ေပးတာေပါ့။
ဒါက ေဇာ္ဂနီစုန္းမကို ေရခ်စီရင္တဲ့ ေရွးထုံးစံ နည္းတစ္နည္းပါ။ ေနာက္ထပ္ စုန္းေရခ်တဲ့ နည္းတစ္နည္းကေတာ့…။
ေစာေစာကလို ျမားပစ္၊ မစင္ေရေလာင္းၿပီးရင္ ေလွကို ေပါက္အက္ ကြဲေစၿပီး စုန္းမကို ေရခ်ရတယ္။
ေရခ်ရင္ စုန္းမရဲ႕ခါးကို သမန္းႀကိဳးခုနစ္ထုံး ခ်ည္ႀကိဳးႏွင့္ ခ်ည္ၿပီး (၇) ေတာင္ အနက္ရွိတဲ့ ေရမွာခ်ရတယ္။
ကေဝစုန္းစစ္မွန္လွ်င္ ေရမွာ လုံးဝမနစ္ဘူးတဲ့။
အိမ့္တလိမ့္စုန္းနဲ႔ ႏွစ္ပါးဖက္ေဇာ္ဂနီက်ေတာ့ ခါးႀကိဳးႏွစ္ထုံးနစ္သတဲ့။ ႀကိဳးထုံးငါးထုံးက်န္သတဲ့…။
အဲဒီမွာ ေမွာ္ကေဝစုန္းမွန္းသိၿပီဆိုေတာ့…
ေမွာ္ကေဝစုန္းက ျမစ္ျခားရာ အရပ္မွာ ဖမ္းစားျပဳစားႏိုင္တာေၾကာင့္ မင္းမိန႔္နဲ႔ ရပ္ေဝးကို ႏွင္ပစ္ရတယ္။
က်န္တဲ့ စုန္းေတြကေတာ့ သိပ္အစြမ္းအစမရွိဘူး။ ရပ္႐ြာထဲမွာ အတူ ေနထိုင္သည့္တိုင္ အနီးရွိ (၇)အိမ္ကိုပဲ ဖမ္းစားျပဳစားႏိုင္တယ္။
ဒီလို စုန္းမ်ိဳးကိုေတာ့ ျမစ္ကူးေခ်ာင္းမ်ား အေဝးအရပ္ကို နယ္ႏွင္ရ တယ္တဲ့။

စုန္းကေဝ ပညာသည္ေတြ ဟိုးေရွးေရွးက ရွိခဲ့ဖူးတယ္။ အဲဒီလို ကေဝ ပညာေတြ၊ ေအာက္လမ္းဂမၻီရလွ်ိဳ႕ဝွက္ဆန္းၾကယ္ပညာရွင္ေတြ အခ်ိဳ႕ေနရာ မွာ ရွိေနတုန္းပါပဲ။
ေကာင္းေသာ ကံကိုျပဳရင္ . . . ေကာင္းကံ အက်ိဳးကို ခံစားရမွာပါ … မေကာင္းကံကို ျပဳခဲ့ရင္ေတာ့ ..
မေကာင္းကံရဲ႕ ဆိုးက်ိဳးကို ခံစားရမွာသာမက ေသသည္ရဲ႕အျခားမဲ့၌ အပါယ္ဘုံကိုေသာ္လည္းေကာင္း၊ ငရဲဘုံသို႔လည္းေကာင္း သြားၾကခံၾကရ
ဦးမွာပါပဲ။
ကြၽန္ေတာ္တို႔ ဘုရား၊ တရား၊ သံဃာ၊ ရတနာျမတ္သုံးပါးကို အားကိုးျပဳ ၍ သရဏဂုံတည္ၿပီး ေကာင္းေသာကံကို ျပဳေနသမွ် ကာလပတ္လုံး …။ အတိတ္ကံ ဝဋ္ေႂကြးကို ဆပ္ရသည္မွလြဲ၍ က်န္ရွိသည့္ အခ်ိန္မ်ားမွာ ကံေကာင္းျခင္း၏အက်ိဳးကိုခံစားရၿပီး သမၼာဒိ႒ိလမ္းေပၚမွလူမ်ားျဖစ္ေအာင္ ႀကိဳးစားသြားရဦးမည္ ျဖစ္ပါေၾကာင္း..။