စောက်ရှောက်သူ(စ/ဆုံး)

Unicode Version

စောက်ရှောက်သူ(စ/ဆုံး)
——————————-
ဆောင်းရာသီ၏ တစ်ခုသော နေ့တစ်နေ့တွင် ရွာ
သို့ ကျွန်မ သွားဖြစ်ခဲ့သည်။ စည်ပင်လှရွာ
သည် ကျွန်မတို့နေသော ဆင်ပေါင်ဝဲမြို့နှင့် (၈)မိုင် ခန့်သာ ကွာဝေးပြီး အဝေးပြေးလမ်းမကြီးဘေးတွင်
တည်ရှိသည်။ထို့ကြောင့်ရွာကိုသွားလိုလျှင်ရန်ကုန်၊
မကွေး၊ အောင်လံစသည်တို့ကိုပြေးဆွဲသောအဝေး ပြေးကားကြီးများဖြင့် လိုက်ပါသွားရုံသာ။ ကျွန်မသည် ရွာကို တစ်နှစ်တစ်ကြိမ်ခန့်တော့ အလည်အပတ် သွားတတ်သည်။ နီးပင်နီးသော် လည်း ကျွန်မက ပွဲရုံအလုပ်များနှင့် မအားလပ်သူမို့ တစ်နှစ်တစ်ခေါက်ပင် မနည်းရောက်အောင် သွား ရသည်။ ခါတိုင်းဆိုလျှင်တော့ နွေရာသီ အလုပ်ပါး ချိန်တွင် ရွာသို့ အလည်သွားလေ့ရှိသော်လည်း အပူ ဒဏ်ကပြင်းထန်လှသဖြင့် ဘယ်ကိုမှမသွားခဲ့ပေ။

မိုးရာသီတုန်းက ရွာမှာ စိုက်ကြ ပျိုးကြနှင့်အလုပ်တွေရှုပ်နေသဖြင့် ယခုဆောင်းရာသီမှသာရောက်လာရခြင်းဖြစ်သည်။
ရွာတွင် ကျွန်မတို့ ဆွေမျိုးတွေများစွာ ရှိကြသည်။ ဖေဖေနှင့် မေမေ၏ နှစ်ဖက်အမျိုးတွေ ဖြစ်သောကြောင့် ရွာ၏ တစ်ဝက်လောက်က ကျွန်မတို့ အမျိုးတွေ ဖြစ်နေသည်။ ကျွန်မမှာဝမ်းကွဲမောင်နှမတွေ အများကြီးရှိသလို သူငယ်ချင်းတွေကလည်း ရွာမှာပဲရှိသည်။ ကျွန်မမှာ ရွာက အမျိုးတွေကို အလွန်ချစ်သလို ရွာကိုလည်း ခင်တွယ်သည်။
သို့တိုင်အောင် ကျွန်မသည် ရွာတွင် နှစ်အကြာကြီး နေခဲ့ရသူ မဟုတ် ပါ။ ဘာမှမမှတ်မိပါ။ သို့သော်မြို့သို့ပြောင်းရွှေ့လာပြီးမှရွာသို့မကြာခဏသွား ဖြစ်သည်။ မေမေကတော့ ကျွန်မရွာကို အလွန်ခင်တွယ်စိတ်ရှိနေသည်မှာ ဇာတိချက်မြှုပ်ရာမြေ ဖြစ်သောကြောင့်ဟု ပြောသည်။ ကျွန်မကတော့ ရွာ ရောက်တိုင်းမောင်နှမတစ်တွေယာထဲကသရက်ပင်ကြီးတွေမှာ သရက်သီး ခူးဆွတ်ကြရသည့် ပျော်ရွှင်မှု၊ ညလသာသာတွင် အိမ်ရှေ့မြေကွက်လပ်မှာ ကွပ်ပျစ်ကြီးချပြီး သူငယ်ချင်းတွေစကားပြောမဝအောင် ဖြစ်ရသည့် ခံစားမှု၊ အမျိုးတွေအိမ်သို့ တစ်အိမ်ပြီးတစ်အိမ် လျှောက်လည်ပြီး လက်ဖက်သုပ်၊ အကြော်စုံနှင့်ရေနွေးကြမ်းတို့ကိုဗိုက်ကားအောင်လိုက်စားရသောအရသာ စသည်တို့ကြောင့်ရွာရောက်တိုင်းနွေးထွေးပျော်ရွှင်မှုကိုခံစားရသည်ဟုထင်
ပါသည်။
ထိုခံစားမှုများကို တောရပ်ရွာမှသာ ခံစားရနိုင်သည် မဟုတ်လား။ မြို့ မှာတော့ ထိုသို့ ရင်းနှီးပွင့်လင်းသော နွေးထွေးဖော်ရွေသော ခံစားချက်မျိုး မရရှိနိုင်တော့ပါ။ အပြုံးအတုများ၊ ဟန်ဆောင်ထားသော ခင်မင်မှုများနှင့် စိတ်ရောင်စုံလူများကြားထဲတွင် ကျွန်မတို့သည် လိုက်လျောညီထွေစွာ ဆက်ဆံနေထိုင်ကြရသည်။တကယ်တော့ကျွန်မသည်လည်းထိုသူများထဲမှ တစ်ယောက်အပါအဝင်ပဲ မဟုတ်လား။

ဆောင်းရာသီ၏ အေးမြလှသော မနက်ခင်းတွင် ကျွန်မ လိုက်ပါလာ သော အဝေးပြေးကားကြီးက ရွာဇရပ်ရှေ့တွင် ရပ်တန့်သွားသည်။ ကျွန်မ ဆင်းပြီးသောအခါကားကြီးက ဆက်လက်မောင်းထွက်သွားတော့သည်။
ကျွန်မသည် ကားပေါ်က ဆင်းဆင်းချင်း ပတ်ဝန်းကျင် အနေအထား ကို ကြည့်ပြီး မျက်လုံးပြူးသွားသည်။ မိုးမလင်းသေးပါလား…။
ဆောင်းရာသီကညတာရှည်သည်ဆိုတာကျွန်မမေ့နေခဲ့သည်။ ခါတိုင်း ဆိုလျှင် ဆင်ပေါင်ဝဲက မနက် (၅)နာရီကားဖြင့် လိုက်လာလျှင် ရွာဇရပ် ရောက်လျှင်မိုးလင်းတာနှင့်ကွက်တိပဲဖြစ်သည်။ဆောင်းရာသီဆိုတာမေ့နေ
သော ကျွန်မသည် လက်နှိပ်ဓာတ်မီးပင် ယူမလာခဲ့မိပေ။ နာရီကြည့်လိုက် တော့လည်းမနက်(၆)နာရီပင် မထိုးသေး။
ကျွန်မသည် ဇရပ်ဘေးတွင်ရပ်ကာ ရွာဘက်သို့လှမ်းကြည့်ရင်း စိတ် ပျက်သွားမိသည်။ ဒီပုံအတိုင်းဆို ကျွန်မရွာကို ဘယ်လိုသွားရမလဲ။ ရွာက ဟိုး- အတွင်းဘက်တွင် တည်ရှိပြီးဇရပ်နှင့် အတန်ငယ်ဝေးသေးသည်။ လမ်းလျှောက်သွားလျှင်ဒီလိုအချိန်ကြီးတွင်တစ်ယောက်တည်းမသွားရဲပေ။
ထို့အပြင်မှောင်ရိပ်ကျသော သစ်ပင်အုပ်ဆိုင်းဆိုင်းကြီးများအောက်မှဖြတ် သွားရဦးမည်။
ကျွန်မသည် ဖြတ်သွားရမည့်လမ်းကို လှမ်းမျှော်ကြည့်ရင်း ကြားဖူး နားဝရှိသော သရဲတစ္ဆေပုံပြင်များကို သတိရလာသည်။ ကျွန်မတို့မောင်နှမ သူငယ်ချင်းတစ်စုသည်ညအချိန်ကွပ်ပျစ်ကြီးပေါ်စုထိုင်ရင်းထွေရာလေးပါး ပြောကြရာ တစ်ခါတလေ သရဲတစ္ဆေအကြောင်းတွေ ပြောမိကြသည်။ ထို အထဲမှာ ရွာနှင့်ပတ်သက်သော ပုံပြင်တွေလည်းပါသည်။
အဆိုးဆုံးကတော့ ကျွန်မသူငယ်ချင်းရန်အောင်ပင် ဖြစ်သည်။ သူသည် စကားပြောကောင်းသူဖြစ်ရာ သူပြောသောအကြောင်းအရာတွေ ကနားထောင်ကောင်းသည်။ ရွာလာတိုင်းဇရပ်မှရွာသို့ ကျွန်မတစ်ယောက်
တည်းလာတတ်မှန်းသိသဖြင့်ကျွန်မကြောက်အောင်ထိုလမ်းတွင်သရဲရှိသည်
ဘာညာနှင့် လျှောက်ပြောတတ်သည်။
“နင်လာတဲ့လမ်းမှာလေ သရက်ပင်အကြီးကြီး သိတယ် မဟုတ်လား။ အဲဒီသရက်ပင်မှာ သရဲရှိတယ်။ ထမီရင်လျားနဲ့ ဆံပင်ဖားလျားချထားတဲ့ မိန်းမကြီးတစ်ယောက် သစ်ပင်ပေါ်က ဇောက်ထိုးကြီး ဆင်းလာတတ်တယ် တဲ့။”သူ့စကားကိုကျွန်မကမယုံတော့သူကခပ်တည်တည်ဖြင့်လျှောက်ပြော
ပြန်သည်။
“တကယ်ပြောတာ -မယုံဘူးလား။ အဲဒီလမ်းကလည်း သရဲခြောက် တယ်။ ငါ ကိုယ်တိုင် ကြုံဖူးတာ။ ငါတို့ ကျောက်ဆောင်ရွာက ပြန်လာတဲ့နေ့ တုန်းကဇရပ်ရောက်တော့မှောင်နေပြီ။ ငါနဲ့ထွန်းထွန်းနဲ့ဇရပ်မှာရပ်နေတုန်း အဲဒီလမ်းဘက်ကလှည်းသံတွေ၊ နွားငေါက်သံတွေ၊ခြူသံတွေကြားရတယ်
ဟ။အဲဒါနဲ့ရွာကလာကြိုတဲ့လှည်းလားမသိဘူးဆိုပြီးငါတို့ကလှည်းလာမယ့် လမ်းထိပ်မှာပိတ်ပြီးရပ်နေတာပေါ့။လှည်းသံကတော့တဖြည်းဖြည်းနီးလာ တယ်။ လှည်းက ပေါ်မလာဘူး။ အဲဒါနဲ့ ငါတို့လည်း ထူးဆန်းတယ်ဆိုပြီး လမ်းထဲ ဝင်ကြည့်လိုက်တော့ ဘာလှည်းမှ မရှိဘူးဗျာ။ ဟိုးဘက်ထိ လှည်းတစ်စီးမှ မရှိဘူး။ အဲဒီအချိန်ကျတော့ လှည်းသံက ပျောက်သွားပြီ။ အဲဒီကျမှ ငါတို့လည်း သရဲခြောက်မှန်းသိတာ”
တာ”
“ရန်အောင်နော် လျှောက်ပြောမနေနဲ့ ငါက တစ်ယောက်တည်း လာရ
“အံမယ် … ငါက နင်စာရေးဖို့ ဇာတ်လမ်းရအောင်လည်း ပြောရ သေးတယ်။ ဘာလည်း ဒီလိုဇာတ်လမ်းတွေရေးနေတဲ့ စာရေးဆရာမက ကြောက်တတ်တယ်လား”
“ဟဲ့ .. မကြောက်ပဲနေမလား … နင်ပြောတဲ့ပုံစံက ငါကပဲ သရဲတွေနဲ့ မိတ်ဆွေဖွဲ့ပြီး သူတို့ဆီက ဇာတ်လမ်းယူပြီးရေးတဲ့အတိုင်းပဲ”
ကျွန်မစကားကြောင့် အားလုံး ဝိုင်းရယ်ကြပါသည်။ ဒါတောင် ကျွန်မ သည်ညဉ့်နက်သန်းခေါင်ထိ ကြောက်စရာ ဝတ္ထုတွေထိုင်ရေးရင်း ကျွန်မ၏ အချစ်တော်ကြောင်လေးကစာရေးစားပွဲပေါ်ခုန်ချ၍သွေးပျက်မတတ်ထိတ်
တည်းလာတတ်မှန်းသိသဖြင့်ကျွန်မကြောက်အောင်ထိုလမ်းတွင်သရဲရှိသည်
ဘာညာနှင့် လျှောက်ပြောတတ်သည်။
“နင်လာတဲ့လမ်းမှာလေ သရက်ပင်အကြီးကြီး သိတယ် မဟုတ်လား။ အဲဒီသရက်ပင်မှာ သရဲရှိတယ်။ ထမီရင်လျားနဲ့ ဆံပင်ဖားလျားချထားတဲ့ မိန်းမကြီးတစ်ယောက် သစ်ပင်ပေါ်က ဇောက်ထိုးကြီး ဆင်းလာတတ်တယ် တဲ့။”သူ့စကားကိုကျွန်မကမယုံတော့သူကခပ်တည်တည်ဖြင့်လျှောက်ပြော
ပြန်သည်။
“တကယ်ပြောတာ -မယုံဘူးလား။ အဲဒီလမ်းကလည်း သရဲခြောက် တယ်။ ငါ ကိုယ်တိုင် ကြုံဖူးတာ။ ငါတို့ ကျောက်ဆောင်ရွာက ပြန်လာတဲ့နေ့ တုန်းကဇရပ်ရောက်တော့မှောင်နေပြီ။ ငါနဲ့ထွန်းထွန်းနဲ့ဇရပ်မှာရပ်နေတုန်း အဲဒီလမ်းဘက်ကလှည်းသံတွေ၊ နွားငေါက်သံတွေ၊ခြူသံတွေကြားရတယ်
ဟ။အဲဒါနဲ့ရွာကလာကြိုတဲ့လှည်းလားမသိဘူးဆိုပြီးငါတို့ကလှည်းလာမယ့် လမ်းထိပ်မှာပိတ်ပြီးရပ်နေတာပေါ့။လှည်းသံကတော့တဖြည်းဖြည်းနီးလာ တယ်။ လှည်းက ပေါ်မလာဘူး။ အဲဒါနဲ့ ငါတို့လည်း ထူးဆန်းတယ်ဆိုပြီး လမ်းထဲ ဝင်ကြည့်လိုက်တော့ ဘာလှည်းမှ မရှိဘူးဗျာ။ ဟိုးဘက်ထိ လှည်းတစ်စီးမှ မရှိဘူး။ အဲဒီအချိန်ကျတော့ လှည်းသံက ပျောက်သွားပြီ။ အဲဒီကျမှ ငါတို့လည်း သရဲခြောက်မှန်းသိတာ”
တာ”
“ရန်အောင်နော် လျှောက်ပြောမနေနဲ့ ငါက တစ်ယောက်တည်း လာရ
“အံမယ် … ငါက နင်စာရေးဖို့ ဇာတ်လမ်းရအောင်လည်း ပြောရ သေးတယ်။ ဘာလည်း ဒီလိုဇာတ်လမ်းတွေရေးနေတဲ့ စာရေးဆရာမက ကြောက်တတ်တယ်လား”
“ဟဲ့ .. မကြောက်ပဲနေမလား … နင်ပြောတဲ့ပုံစံက ငါကပဲ သရဲတွေနဲ့ မိတ်ဆွေဖွဲ့ပြီး သူတို့ဆီက ဇာတ်လမ်းယူပြီးရေးတဲ့အတိုင်းပဲ”
ကျွန်မစကားကြောင့် အားလုံး ဝိုင်းရယ်ကြပါသည်။ ဒါတောင် ကျွန်မ သည်ညဉ့်နက်သန်းခေါင်ထိ ကြောက်စရာ ဝတ္ထုတွေထိုင်ရေးရင်း ကျွန်မ၏ အချစ်တော်ကြောင်လေးကစာရေးစားပွဲပေါ်ခုန်ချ၍သွေးပျက်မတတ်ထိတ်

လန့်ကာ တစ်အိမ်လုံးနိုးအောင် အော်ဟစ်ခဲ့မိသည်ဆိုတာ သူတို့မသိသေးပါ။
ကျွန်မသည် သူငယ်ချင်းတွေပြောသော သရဲဇာတ်လမ်းတွေကို သတိ ရလာသဖြင့်ရှေ့ဆက်သွားဖို့ပို၍ပင် ခက်ခဲလာသည်။ ဇရပ်မှာထိုင်ပြီးမိုးလင်း အောင်စောင့်လို့လည်းမဖြစ်ပါ။ ဇရပ်ကလည်း သရဲခြောက်သည်ဟုကျွန်မ ကြားဖူးသည်။ ထို့အပြင် အချိန်မတော်ကြီး မိန်းကလေးတစ်ယောက်တည်း ဇရပ်မှာ ထိုင်နေရသည်က သရဲတစ္ဆေထက်ပို၍ အန္တရာယ်များပါသည်။ သို့သော် ဆက်သွားဖို့ကလည်း မဝံ့ရဲ …။
ကျွန်မသည်ဇရပ်ဘေးမှကမူလေးပေါ်ရပ်၍ရွာလမ်းဘက်လှမ်းကြည့်
နေမိစဉ်မှာပင် လူရိပ်တစ်ခုကိုလှမ်းမြင်လိုက်ရသည်။
ဟင်…။
စောစောတုန်းက မတွေ့ရပဲ ခုမှ ရုတ်တရက် မြင်လိုက်ရသဖြင့် ကျွန်မ အံ့ဩသွားသည်။ ကျွန်မရှေ့မလှမ်းမကမ်းတွင် ကျွန်မကို ကျောခိုင်းကာ ရွာ ဘက်သို့သွားနေသောလူတစ်ယောက်။ပုံစံကတော့ယောက်ျားတစ်ယောက်
ပုံစံ။
ရုတ်တရက် တွေ့လိုက်ရ၍ အံ့ဩသွားသော်လည်း အဖော်ရလာ သဖြင့် ကျွန်မ ဝမ်းသာသွားမိသည်။ ကျွန်မက “ဦးလေး” ဟုလှမ်းအော်မည် ပြုပြီးမှ အတွေးတစ်ခု ဝင်လာကာ ပါးစပ်ကို ပြန်ပိတ်ထားလိုက်သည်။
ထိုလူဘယ်သူဆိုတာကျွန်မမသိ။လူဆိုးလား၊ လူကောင်းလားကျွန်မ မသိ။ ကိုယ်က အဖော်ရအောင်သွားခေါ်မှ ကိုယ့်ကို မဟုတ်တရုတ်လုပ်ရင် ဒုက္ခရောက်ရလိမ့်မည်။ အချိန်က မိုးမလင်းသေး။ ပြီးတော့ လူပြတ်သည့် နေရာ။ တစ်ခုခု ဖြစ်လာလျှင် ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ပေ။
ထိုအတွေးကြောင့် ကျွန်မ ထိုလူကို လှမ်းမခေါ်ရဲပဲ လိုက်သွားသင့် မသွားသင့် တွေဝေနေမိသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရှေ့မှာ လူတစ်ယောက်

ရှိနေတော့ ကြောက်စိတ်လျော့ပါးသွားသည် မဟုတ်လား။ ထိုလူ့ကို အသံ မပေးပဲ နောက်မှအသာလေး လိုက်သွားရမည်။ ထိုလူ မြင်သွားခဲ့ရင်လည်း ကျွန်မကံပေါ့ဟုတွေးလိုက်သည်။
ကျွန်မက အဝတ်အစားအိတ်ကို ပခုံးတွင်လွယ်ကာ လက်ဆွဲခြင်းကို လက်တစ်ဖက်မှဆွဲရင်း ထိုလူနောက် ခပ်လှမ်းလှမ်းမှ လိုက်လာခဲ့သည်။ ထိုသို့လိုက်လာရင်းကျွန်မရှေ့မှထိုလူကိုလရောင်ဖြင့်လှမ်းကြည့်အကဲခတ်
နေမိသည်။
ထိုလူသည် ထူးဆန်းစွာပင် အထက်အောက်အဖြူရောင် ဝတ်ထား ရာ လရောင်အောက်မှာ ထင်ရှားနေသည်။ ကျွန်မအထင် အဖြူဝမ်းဆက် ဝတ်ထားတာတော့မဖြစ်နိုင်ပါ။အရောင်ဖျော့သောအဝတ်အစားကိုညဘက်
မို့အဖြူဟုထင်နေခြင်းဖြစ်နိုင်သည်။ ဘယ်သူကအဖြူရောင်ဝမ်းဆက်ကြီး ကို ဝတ်လိမ့်မလဲ …။ ဦးခေါင်းတွင် အဖြူရောင် အဝတ်တစ်ခုဖြင့် ပေါင်းထား သည်ကိုလှမ်းမြင်ရသဖြင့်အသက်ကြီးကြီးလူတစ်ယောက်ဟုကျွန်မခန့်မှန်း မိသည်။ သူ့လက်ထဲတွင် လက်နှိပ်ဓာတ်မီး (သို့မဟုတ်) လျှပ်စစ်မီးအိမ် စသည့် တစ်ခုခုကိုင်ထားဟန်ဖြင့် ခပ်ဖျော့ဖျော့ အလင်းရောင်ထွက်ပေါ်နေ သည်။ သည်အချိန်ကြီး ဒီနေရာမှာ ဘာလုပ်သလဲတော့မသိပါ။
ကျွန်မသည် သူ့နောက်မှ လိုက်လာရင်း ရန်အောင်က သရဲခြောက် သည်ဟုပြောသောသရက်ပင်ကြီးနားရောက်လာသည်။လရောင်အောက် တွင် မကောင်းဆိုးဝါးကြီး ငုတ်တုတ် ထိုင်နေသလို ထင်မြင်ရသော သရက် ပင်ကြီးနားရောက်သောအခါကျွန်မကျောရိုးထိစိမ့်ခနဲဖြစ်သွားသည်။ ယခု အခါ ရန်ကုန်တွင် စားသောက်ဆိုင် သွားဖွင့်နေသော ရန်အောင်ကို လှမ်း၍ မေတ္တာပို့လိုက်မိသည်။
နေနှင့်ဦး ။ သင်းကိုတော့ နောက်တစ်ခါ ဝတ္ထုရေးလျှင် သရဲအခြောက် ခံရကာ အကြောက်လွန်ပြီး ဂေါက်သွားသော ဇာတ်ကောင်နေရာတွင် သူ့ နာမည်ထည့်ရေးပစ်မည်ဟုတေးထားလိုက်သည်။သူပြောခဲ့သောမဟုတ်က ဟုတ်က သရဲပုံပြင်များကြောင့် ကျွန်မ အခု ဒုက္ခ ရောက်နေရသည် မဟုတ်လား။ အကယ်၍ ရှေ့မှလူသာ မရှိလျှင် ကျွန်မတစ်ယောက်တည်း ဒီသရက် ပင်အောက်မှ မဖြတ်ရဲပေ။
ရှေ့မှလူသည် ခြေလှမ်းမှန်မှန်ပင် လျှောက်နေရာ ကျွန်မလည်း မလှမ်း မကမ်းမှခပ်မှန်မှန်ပဲလျှောက်လာခဲ့သည်။ ယခုဆိုလမ်းတစ်ဝက်ပင်ရောက် လာခဲ့ပြီ။ ရွာထဲဝင်ခါမှ ထိုလူကို နှုတ်ဆက်ပြီး ဘယ်သူလည်းသိအောင် လုပ်ရ မည်ဟု တွေးနေမိသည်။ တကယ်တော့ ယခုလိုဖြစ်တာကျွန်မ ပေါ့လျော့၍ ဖြစ်သည်။ကျွန်မမောင်ဝမ်းကွဲများဖြစ်သောသန်းထိုက်နှင့်ကျော်ရဲကဇရပ်ကို ဆိုင်ကယ်ဖြင့် လာကြိုရမလားဟု မေးသေးသည်။ ကျွန်မက ဒီလို အချိန် ရောက်လိမ့်မည်ဟုမထင်သဖြင့်လာမကြိုနဲ့ပြောလိုက်မိသည်။ခါတိုင်းလည်း
ရွာကိုလမ်းလျှောက်သွားနေကျမဟုတ်လား။
ထိုသို့ လျှောက်လာရင်းမှ အတန်ကြာတော့ ရွာအရှေ့ဘက်မှ ယာခင်း ပြင်ကြီးထဲသို့ ရောက်လာသည်။ ထိုယာခင်းကြီးမှာ ရွာအနောက်ဘက်တွင် ကပ်လျက်ရှိပြီး ထိုယာခင်းကြီးကို ကျော်ဖြတ်ပြီးလျှင် ရွာထဲရောက်ပြီ ဖြစ် သည်။ ယာခင်းထဲတွင်ဘာသစ်ပင်မှလည်းမရှိတာကြောင့်ရှင်းလင်းနေကာ ဘာမှ ကြောက်စရာ မရှိတော့ပေ။ ရွာရောက်ခါနီးလာသဖြင့် ရှေ့မှလူကို နှုတ်ဆက်ရန် ကျွန်မ ခပ်သွက်သွက်လျှောက်လိုက်လာခဲ့သည်။
ထိုစဉ်မှာပင် ခြေထောက်က မြေကြီးထဲမှ သစ်မြစ်တစ်ခုကို ခလုတ် တိုက်မိ၍ ငုံ့ကြည့်လိုက်သည်။ ခေါင်းကို ပြန်မော့လိုက်သောအခါတွင်မူ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ကျွန်မရှေ့မှလူကိုမတွေ့ရတော့ပေ။
ဘုရားရေ ။
ကျွန်မ အံ့အားသင့်စွာ ရေရွတ်မိရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲ ရှာကြည့် မိသည်။ ရှင်းလင်းနေသော ယာခင်းကျယ်ကြီးထဲတွင် ထိုလူ၏ အရိပ် အယောင်ကိုပင်မတွေ့ရတော့ပါ။ လျှပ်တစ်ပြက်အတွင်းထိုလူဘယ်ရောက်
သွားတာလဲ။
ယာခင်းထဲတွင် ပုန်းစရာခိုစရာ သစ်ပင်တို့ဘာတို့ လုံးဝ မရှိပါ။ မျက်စိ တဆုံးကွင်းပြင်ကျယ်ကြီးသာ မြင်နေရသည်။ ရွာနှင့်လည်း သိပ်မနီးသေး

သဖြင့် ရွာထဲဝင်သွားတာလည်း လုံးဝ မဖြစ်နိုင်။ တစ်စက္ကန့်လောက်အချိန် လေးမှာထိုလူဘယ်လို ပျောက်ဆုံးသွားတာလဲ…။
တွေးရင်းမှ ကြောက်စိတ်က ရင်ထဲ စိမ့်ဝင်လာသည်။ ဘုရား- ဘုရား ထိုသူဟာ လူစစ်စစ်မှ ဟုတ်ပါရဲ့လား …။
ကျွန်မ ကြောက်စိတ်ကြောင့် ရင်တွေ တဒိန်းဒိန်း ခုန်လာသည်။ စော စောကအေးအေးဆေးဆေးဖြစ်နေခဲ့သောစိတ်ကချက်ချင်းပြောင်းလဲသွား
ပြီးဤနေရာတွင် ရပ်နေရသည်ကိုပင် စိတ်မလုံချင်တော့။
ကျွန်မထိုနေရာတွင် ဆက်မနေရဲတော့ဘဲရွာဘက်သို့မပြေးရုံတမည် ခြေလှမ်းများဖြင့် လျှောက်လာခဲ့မိသည်။ ထို့သို့ လျှောက်လာရင်းမှ နောက် ကျောမလုံသလိုခံစားရသဖြင့်နောက်ပြန်လှည့်ကြည့်ရတာလည်းအမော။ ရွာထဲဝင်လာပြီး လူရိပ်လူခြေတွေ့ရတော့မှ အကြောက်ပြေသွားကာ သက်ပြင်းချမိတော့သည်။
“ဟယ် … ရှင်ဝါနှင်း – ရောက်လာတယ်တော့”
ကျွန်မ အဒေါ်ဒေါ်လေးစန်းရီ၏အိမ်သို့ရောက်တော့ ညီမဝမ်းကွဲများ ဖြစ်သော မမစီ၊ မအိနှင့် မိုးမိုးတို့က ဝမ်းသာအားရကြိုဆိုကြသည်။
ကျွန်မတို့စည်ပင်လှ ရွာသူရွာသားများသည် ယောက်ျားလေးတွေကို နာမည်ရှေ့မှ မောင်တပ်ခေါ်ပြီး မိန်းကလေးများကို နာမည်ရှေ့မှ ရှင် တပ်ခေါ် ကြသည်။ ရှင်မအိ ၊ ရှင်မိုးမိုးစသည်ဖြင့် ခေါ်ကြသည်မှာ တစ်မျိုးတော့ နားထောင်ကောင်းသည်။ ကျွန်မနာမည်က ဝါဝါနှင်း မဟုတ်သော်လည်း မေမေ့နာမည်ပါအောင်ဟုဆိုကာ ရွာကအမျိုးတွေက နှင်းထည့်ကာ ရှေ့မှ ရှင်တပ်ခေါ်ကြသည်။
လား”
“ငါတို့လည်း ယာထဲသွားဖို့ ပြင်နေကြတာ နင်တစ်ယောက်တည်း
မိုးမိုးမေးခွန်းကို ကျွန်မက မချိပြုံးပြုံးရင်း-

“အင်း … တစ်ယောက်တည်းပေါ့- အငယ်တွေက ကျောင်းတက်နေ
ကြတယ်လေ”
ထို့နောက်မှာတော့မတွေ့ရတာကြာသောညီအစ်မတစ်တွေစကားတွေ ထိုင်ပြောမိကြသည်။ သို့တိုင်အောင် သိပ်ကြာကြာ မပြောနိုင်ဘဲ မိုးမိုးတို့ ညီအစ်မတွေကယာထဲသွားကြရသည်။ကျွန်မနှင့်ဒေါ်လေးစန်းရီသာအိမ်မှာ
ကျန်ခဲ့လေသည်။
မနက်စာစားပြီးသည်နှင့် ရွာဦးကျောင်းသို့သွားကာ ရန်ကုန်မှ ခေတ္တ ပြန်ကြွလာသောကျွန်မ၏အစ်ကိုဝမ်းကွဲဦးဇင်းကုမာရနှင့်သွားတွေ့ပြီးရွာဦး စေတီကိုပါ ဖူးခဲ့သည်။ ရွာဦးစေတီ၏ဘွဲ့အမည်တော်မှာ (ရန်မျိုးအောင်) စေတီတော်ဖြစ်ပြီး အလွန်တန်ခိုးကြီးသည်ဟု ရွာကလူတွေက ယုံကြည် ကိုးကွယ်ကြသည်။
ထို့နောက်မှာတော့ ဆွေမျိုးများထဲမှ လူကြီးများကို ဝယ်လာသော မုန့်ဘူးများဖြင့် သွားရောက်ကန်တော့ပြီး အမျိုးတွေအိမ်သို့ လှည့်ပတ် နှုတ်ဆက်သည်။မိုးမိုးတို့လည်းနေ့လယ်ခင်းခဏပြန်နားပြီးညနေပိုင်းယာထဲ ပြန်ထွက်ကြရသည်။ညရောက်၍အားလုံးစားသောက်ပြီးကြမှသာမောင်နှမ
တစ်တွေနှင့် သူငယ်ချင်းများ အိမ်ရှေ့မြေကွက်လပ်မှ ကွပ်ပျစ်ကြီးပေါ်တွင် ဆုံဖြစ်ကြသည်။
စကားတွေ ပြောရင်းမှ ကျွန်မက မနက်ကအကြောင်းကို သတိရပြီး သူတို့ကိုပြောပြမိသည်။ ထိုအခါ သူတို့အားလုံးအံ့ဩသွားကြလေသည်။ “နင်တွေ့တဲ့လူက အဖြူဝမ်းဆက် ဝတ်ထားပြီး ခေါင်းပေါင်းအဖြူ ပေါင်းထားတယ်ပေါ့ဟုတ်လား”
ကျွန်မတို့အုပ်စုထဲမှ အသက်အကြီးဆုံး အစပ်စုတတ်ဆုံး မနီလှိုင်က မေးသည်။
“အင်း …. ထင်တာပဲ မိုးမလင်းသေးတော့ သိပ်တော့ မမြင်ရဘူး”
“နင် … သူ့ကိုတွေ့တာ ဟိုသရက်ပင်အကြီးကြီးနားမှာ မဟုတ်လား” “ဘာဖြစ်ရမှာလည်းငါထင်တာတော့နင်နဲ့တွေ့တာဖိုးသူတော်ပဲဖြစ်မယ်ဟဲ့ အဲဒီသရက်ပင်ကြီးမှာ ဖိုးသူတော်ရှိတယ်လို့ ကြားဖူးတယ်။ တချို့လူတွေ

တောင်အဲဒီသရက်ပင်နားမှာအဖြူဝမ်းဆက်ဝတ်ထားတဲ့ဖိုးသူတော်ကြီးကို တစ်ခါတလေတွေ့ကြတယ်တဲ့၊ နင်တွေ့တဲ့ပုံစံအတိုင်းပဲတဲ့”
ကျွန်မတို့နယ်မှာ သစ်ပင်စောင့်နတ်ရုက္ခစိုးကို ဖိုးသူတော်ဟု ခေါ်ဝေါ် ကြသည်။မနီလှိုင်စကားကြောင့်မေမေပြောပြခဲ့ဖူးတာလေးကိုကျွန်မသတိရ
သွားသည်။
ကျွန်မတို့နယ်က ရွာလေးတစ်ရွာတွင် အမှန်တကယ် ဖြစ်ခဲ့ဖူးသော ဖြစ်ရပ်လေးဖြစ်သည်။ ထိုရွာကလူနှစ်ယောက်သည်အမှန်တကယ်ဖြစ်ခဲ့ဖူး တာလေးကို ကျွန်မ သတိရသွားသည်။
ထိုရွာက လူနှစ်ယောက်သည် ယာထဲတွင် စကားများရန်ဖြစ်ကြရင်း တစ်ယောက်ကိုကျန်တစ်ယောက်က ဓားဖြင့် ခုတ်လိုက်သည်။
ထိုလူသေလုမျောပါး ဖြစ်နေစဉ် ဓားဖြင့်ခုတ်သူကသေပြီဟုထင်ကာ ဆူးခက်ဆူးကိုင်းများဖြင့် အုပ်ခဲ့သည်။ ထို့နောက် ထိုလူက ရွာသို့ ပြန်သွား လေသည်။အချိန်တန်၍ဓားခုတ်ခံရသူပြန်မလာသောအခါရွာကလူများက
မီးတုတ်များဖြင့်လိုက်ရှာကြသည်။ဓားခုတ်ခံရသူမှာ သတိလစ်မသွားဘဲ
သူက
ရွာသားများ၏သူ့နာမည်ကိုအော်ဟစ်ခေါ်သံများကိုကြားနေရသည်။ ပြန်ထူးချင်သော်လည်းခံစားနေရသောဝေဒနာကြောင့် မထူးနိုင်ပေ။ ထို အချိန်တွင် အထက်အောက် အဖြူရောင် ဝတ်ထားသော အဘိုးအို တစ် ယောက်ကသူ့အနီးသို့လာကာ နူးညံ့ချိုသာစွာဖြင့်….
“လူလေး..ထူးလိုက်လေ -လူလေးကိုခေါ်နေကြတယ်ထူးလိုက်လေ”
ဟုပြောနေသည်။ထိုလူကြီး၏အဆက်မပြတ်ပြောနေသောစကားသံကြောင့် သူ သတိလွတ်မသွားဘဲ လိုက်ရှာသူများကို အသံပေးနိုင်ခဲ့သည်။ သူ့အသံ ကြောင့် လိုက်ရှာသူများ ရောက်လာသောအခါ သူ့အနားတွင် ဘယ်သူ့ကိုမှ မတွေ့ရဟုပြောကြသည်။ထိုအကြောင်းကိုထိုလူကျန်းမာရေးပြန်ကောင်းမွန် လာသည့်အခါပြန်လည်ပြောပြခြင်းဖြစ်သည်။ထိုလူကတော့ သူ့အသက်ကို ဖိုးသူတော်ကြီးကကယ်တင်ခဲ့သည်ဟုယုံကြည်နေလေသည်။

ရုက္ခစိုးနတ်မင်းများနှင့်ပတ်သက်၍ ကျွန်မဦးလေးများပြောတာတွေ ကိုလည်း ကြားဖူးသည်။ ဦးလေးတစ်ယောက်ဆိုလျှင် တောမှာနေ၍ တောင်ယာလုပ်သူတစ်ဦးဖြစ်ပြီးယာခင်းအလုပ်အားချိန်ဆိုလျှင်အိမ်မှနွား များကိုလွှတ်ကာတောထဲသို့နွားကျောင်းထွက်ရသည်။ထိုအခါမျိုးတွင်သူက နွားများကို စားကျက်တွင် လွှတ်ထားပြီး သစ်ပင်အရိပ်ကောင်းကောင်းတွင် အိပ်နေတတ်သည်။ သူအိပ်နေစဉ်နွားများတခြားသို့ထွက်သွားလျှင် ဝတ်ဖြူ စင်ကြယ်နှင့်အဘိုးအိုတစ်ယောက်က သူ့ကိုလာနှိုးတတ်သည်။
လူလေး … ထ – ထ နွားတွေ သွားကုန်ပြီ … ဟု ပြောပြီးနှိုးသဖြင့် သူ့အချိန်မီ နိုးလာရတတ်သည်။ သို့သော် နိုးလာသောအခါ ဘယ်သူ့ကိုမှ မတွေ့ရတော့ဘဲစောစောကအဖြစ်က အိပ်မက်လိုလိုဖြစ်နေတတ်သည်တဲ့။ ဦးလေးက သူကိုယ်တိုင် ကြုံခဲ့ရသောအဖြစ်ကိုပြောပြခဲ့ခြင်းဖြစ်သည်။

ရုက္ခစိုးနတ်ဆိုသည်မှာ လူတွေကို ကူညီစောင့်ရှောက်ပေးတတ်
သည်ဟု လူကြီးသူမတွေက ပြောကြသည်။ ကြီးမားသော သစ်ပင်ကြီးများ သက်တမ်းရင့်သော သစ်ပင်ကြီးများတွင် ရုက္ခစိုးရှိသည်တဲ့။ ထို့ကြောင့် ထို သို့သစ်ပင်ကြီးများအောက်တွင်အပေါ့အလေးမစွန့်ရ။ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်းမပြုရဟုလူကြီးများကတားမြစ်ခဲ့ကြသည်။ ကျွန်မတို့လူငယ်များ ကတော့ ရုက္ခစိုးရှိသည်ဆိုတာ ကြားသာကြားဖူးပြီး ဘယ်သူမှ လက်တွေ့ မကြုံဘူးကြသဖြင့်ယုံတာလည်းမဟုတ်။ မယုံတာလည်းမဟုတ်ဘဲဒဏ္ဍာရီ
ပုံပြင်တစ်ခုလိုသာ သဘောထားခဲ့ကြသူတွေဖြစ်သည်။
ယခုတော့ လက်တွေ့ ကြုံလာရသော ဖြစ်ရပ်က စဉ်းစားစရာ ဖြစ်လာ ခဲ့ပြီ။ မနက်ဝေလီဝေလင်းအချိန်မှာကျွန်မရှေ့ကလမ်းပြပေးခဲ့သူဟာလူကြီး တွေပြောကြတဲ့ရုက္ခစိုးနတ်မင်းလား။ကျွန်မတစ်ယောက်တည်းမသွားရဲမှန်း သိသဖြင့် ရှေ့မှ ကိုယ်ယောင်ပြပေးခဲ့ခြင်းလား။ မမြင်နိုင်သော ပရလောက သားများမခြောက်လှန့်မနှောင့်ယှက်နိုင်အောင်ကာကွယ်စောင့်ရှောက်ပေး
ခဲ့ခြင်းလား …။
ကျွန်မ သေချာ မသိတော့ပါ။ သေချာသိတာတစ်ခုကတော့ ထိုသူ၏ ကူညီစောင့်ရှောက်မူကြောင့် ကျွန်မသည် စိတ်အေးချမ်းသာစွာဖြင့် ရွာသို့ ဖြောင့်ဖြောင့် တန်းတန်းရောက်လာခဲ့သည်။ မကောင်းသော ပယောဂများ ကြောင့် စိတ်ညှိုးနွမ်း ချောက်ချားမှုများ ဖြစ်ရခြင်းမှ ကင်းဝေးခဲ့သည်။ ထို ကျေးဇူးတို့ကြောင့် ထိုဝတ်ဖြူစင်ကြယ်နှင့် သူတော်ကောင်းကြီးကို ကျွန်မ ဘယ်တော့မှ မမေ့နိုင်တော့ပါ။
သဘာဝလွန်သော ဂမ္ဘီရဝတ္ထုဇာတ်လမ်းများကို ရေးသားနေသော ကျွန်မသည်ကိုယ်တိုင်ကြုံတွေ့လိုက်ရသောထိုထူးဆန်းအံ့ဩဖွယ်ဖြစ်ရပ် ကလေးကို တစ်သက်တာလုံး သတိရနေမိပါတော့သည်။
>> နတ်မိမယ်

Zawgyi Version

ေစာက္ေရွာက္သူ(စ/ဆုံး)
——————————-
ေဆာင္းရာသီ၏ တစ္ခုေသာ ေန႔တစ္ေန႔တြင္ ႐ြာ
သို႔ ကြၽန္မ သြားျဖစ္ခဲ့သည္။ စည္ပင္လွ႐ြာ
သည္ ကြၽန္မတို႔ေနေသာ ဆင္ေပါင္ဝဲၿမိဳ႕ႏွင့္ (၈)မိုင္ ခန႔္သာ ကြာေဝးၿပီး အေဝးေျပးလမ္းမႀကီးေဘးတြင္
တည္ရွိသည္။ထို႔ေၾကာင့္႐ြာကိုသြားလိုလွ်င္ရန္ကုန္၊
မေကြး၊ ေအာင္လံစသည္တို႔ကိုေျပးဆြဲေသာအေဝး ေျပးကားႀကီးမ်ားျဖင့္ လိုက္ပါသြား႐ုံသာ။ ကြၽန္မသည္ ႐ြာကို တစ္ႏွစ္တစ္ႀကိမ္ခန႔္ေတာ့ အလည္အပတ္ သြားတတ္သည္။ နီးပင္နီးေသာ္ လည္း ကြၽန္မက ပြဲ႐ုံအလုပ္မ်ားႏွင့္ မအားလပ္သူမို႔ တစ္ႏွစ္တစ္ေခါက္ပင္ မနည္းေရာက္ေအာင္ သြား ရသည္။ ခါတိုင္းဆိုလွ်င္ေတာ့ ေႏြရာသီ အလုပ္ပါး ခ်ိန္တြင္ ႐ြာသို႔ အလည္သြားေလ့ရွိေသာ္လည္း အပူ ဒဏ္ကျပင္းထန္လွသျဖင့္ ဘယ္ကိုမွမသြားခဲ့ေပ။

မိုးရာသီတုန္းက ႐ြာမွာ စိုက္ၾက ပ်ိဳးၾကႏွင့္အလုပ္ေတြရႈပ္ေနသျဖင့္ ယခုေဆာင္းရာသီမွသာေရာက္လာရျခင္းျဖစ္သည္။
႐ြာတြင္ ကြၽန္မတို႔ ေဆြမ်ိဳးေတြမ်ားစြာ ရွိၾကသည္။ ေဖေဖႏွင့္ ေမေမ၏ ႏွစ္ဖက္အမ်ိဳးေတြ ျဖစ္ေသာေၾကာင့္ ႐ြာ၏ တစ္ဝက္ေလာက္က ကြၽန္မတို႔ အမ်ိဳးေတြ ျဖစ္ေနသည္။ ကြၽန္မမွာဝမ္းကြဲေမာင္ႏွမေတြ အမ်ားႀကီးရွိသလို သူငယ္ခ်င္းေတြကလည္း ႐ြာမွာပဲရွိသည္။ ကြၽန္မမွာ ႐ြာက အမ်ိဳးေတြကို အလြန္ခ်စ္သလို ႐ြာကိုလည္း ခင္တြယ္သည္။
သို႔တိုင္ေအာင္ ကြၽန္မသည္ ႐ြာတြင္ ႏွစ္အၾကာႀကီး ေနခဲ့ရသူ မဟုတ္ ပါ။ ဘာမွမမွတ္မိပါ။ သို႔ေသာ္ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕လာၿပီးမွ႐ြာသို႔မၾကာခဏသြား ျဖစ္သည္။ ေမေမကေတာ့ ကြၽန္မ႐ြာကို အလြန္ခင္တြယ္စိတ္ရွိေနသည္မွာ ဇာတိခ်က္ျမႇဳပ္ရာေျမ ျဖစ္ေသာေၾကာင့္ဟု ေျပာသည္။ ကြၽန္မကေတာ့ ႐ြာ ေရာက္တိုင္းေမာင္ႏွမတစ္ေတြယာထဲကသရက္ပင္ႀကီးေတြမွာ သရက္သီး ခူးဆြတ္ၾကရသည့္ ေပ်ာ္႐ႊင္မႈ၊ ညလသာသာတြင္ အိမ္ေရွ႕ေျမကြက္လပ္မွာ ကြပ္ပ်စ္ႀကီးခ်ၿပီး သူငယ္ခ်င္းေတြစကားေျပာမဝေအာင္ ျဖစ္ရသည့္ ခံစားမႈ၊ အမ်ိဳးေတြအိမ္သို႔ တစ္အိမ္ၿပီးတစ္အိမ္ ေလွ်ာက္လည္ၿပီး လက္ဖက္သုပ္၊ အေၾကာ္စုံႏွင့္ေရေႏြးၾကမ္းတို႔ကိုဗိုက္ကားေအာင္လိုက္စားရေသာအရသာ စသည္တို႔ေၾကာင့္႐ြာေရာက္တိုင္းေႏြးေထြးေပ်ာ္႐ႊင္မႈကိုခံစားရသည္ဟုထင္
ပါသည္။
ထိုခံစားမႈမ်ားကို ေတာရပ္႐ြာမွသာ ခံစားရႏိုင္သည္ မဟုတ္လား။ ၿမိဳ႕ မွာေတာ့ ထိုသို႔ ရင္းႏွီးပြင့္လင္းေသာ ေႏြးေထြးေဖာ္ေ႐ြေသာ ခံစားခ်က္မ်ိဳး မရရွိႏိုင္ေတာ့ပါ။ အၿပဳံးအတုမ်ား၊ ဟန္ေဆာင္ထားေသာ ခင္မင္မႈမ်ားႏွင့္ စိတ္ေရာင္စုံလူမ်ားၾကားထဲတြင္ ကြၽန္မတို႔သည္ လိုက္ေလ်ာညီေထြစြာ ဆက္ဆံေနထိုင္ၾကရသည္။တကယ္ေတာ့ကြၽန္မသည္လည္းထိုသူမ်ားထဲမွ တစ္ေယာက္အပါအဝင္ပဲ မဟုတ္လား။

ေဆာင္းရာသီ၏ ေအးျမလွေသာ မနက္ခင္းတြင္ ကြၽန္မ လိုက္ပါလာ ေသာ အေဝးေျပးကားႀကီးက ႐ြာဇရပ္ေရွ႕တြင္ ရပ္တန႔္သြားသည္။ ကြၽန္မ ဆင္းၿပီးေသာအခါကားႀကီးက ဆက္လက္ေမာင္းထြက္သြားေတာ့သည္။
ကြၽန္မသည္ ကားေပၚက ဆင္းဆင္းခ်င္း ပတ္ဝန္းက်င္ အေနအထား ကို ၾကည့္ၿပီး မ်က္လုံးျပဴးသြားသည္။ မိုးမလင္းေသးပါလား…။
ေဆာင္းရာသီကညတာရွည္သည္ဆိုတာကြၽန္မေမ့ေနခဲ့သည္။ ခါတိုင္း ဆိုလွ်င္ ဆင္ေပါင္ဝဲက မနက္ (၅)နာရီကားျဖင့္ လိုက္လာလွ်င္ ႐ြာဇရပ္ ေရာက္လွ်င္မိုးလင္းတာႏွင့္ကြက္တိပဲျဖစ္သည္။ေဆာင္းရာသီဆိုတာေမ့ေန
ေသာ ကြၽန္မသည္ လက္ႏွိပ္ဓာတ္မီးပင္ ယူမလာခဲ့မိေပ။ နာရီၾကည့္လိုက္ ေတာ့လည္းမနက္(၆)နာရီပင္ မထိုးေသး။
ကြၽန္မသည္ ဇရပ္ေဘးတြင္ရပ္ကာ ႐ြာဘက္သို႔လွမ္းၾကည့္ရင္း စိတ္ ပ်က္သြားမိသည္။ ဒီပုံအတိုင္းဆို ကြၽန္မ႐ြာကို ဘယ္လိုသြားရမလဲ။ ႐ြာက ဟိုး- အတြင္းဘက္တြင္ တည္ရွိၿပီးဇရပ္ႏွင့္ အတန္ငယ္ေဝးေသးသည္။ လမ္းေလွ်ာက္သြားလွ်င္ဒီလိုအခ်ိန္ႀကီးတြင္တစ္ေယာက္တည္းမသြားရဲေပ။
ထို႔အျပင္ေမွာင္ရိပ္က်ေသာ သစ္ပင္အုပ္ဆိုင္းဆိုင္းႀကီးမ်ားေအာက္မွျဖတ္ သြားရဦးမည္။
ကြၽန္မသည္ ျဖတ္သြားရမည့္လမ္းကို လွမ္းေမွ်ာ္ၾကည့္ရင္း ၾကားဖူး နားဝရွိေသာ သရဲတေစၦပုံျပင္မ်ားကို သတိရလာသည္။ ကြၽန္မတို႔ေမာင္ႏွမ သူငယ္ခ်င္းတစ္စုသည္ညအခ်ိန္ကြပ္ပ်စ္ႀကီးေပၚစုထိုင္ရင္းေထြရာေလးပါး ေျပာၾကရာ တစ္ခါတေလ သရဲတေစၦအေၾကာင္းေတြ ေျပာမိၾကသည္။ ထို အထဲမွာ ႐ြာႏွင့္ပတ္သက္ေသာ ပုံျပင္ေတြလည္းပါသည္။
အဆိုးဆုံးကေတာ့ ကြၽန္မသူငယ္ခ်င္းရန္ေအာင္ပင္ ျဖစ္သည္။ သူသည္ စကားေျပာေကာင္းသူျဖစ္ရာ သူေျပာေသာအေၾကာင္းအရာေတြ ကနားေထာင္ေကာင္းသည္။ ႐ြာလာတိုင္းဇရပ္မွ႐ြာသို႔ ကြၽန္မတစ္ေယာက္
တည္းလာတတ္မွန္းသိသျဖင့္ကြၽန္မေၾကာက္ေအာင္ထိုလမ္းတြင္သရဲရွိသည္
ဘာညာႏွင့္ ေလွ်ာက္ေျပာတတ္သည္။
“နင္လာတဲ့လမ္းမွာေလ သရက္ပင္အႀကီးႀကီး သိတယ္ မဟုတ္လား။ အဲဒီသရက္ပင္မွာ သရဲရွိတယ္။ ထမီရင္လ်ားနဲ႔ ဆံပင္ဖားလ်ားခ်ထားတဲ့ မိန္းမႀကီးတစ္ေယာက္ သစ္ပင္ေပၚက ေဇာက္ထိုးႀကီး ဆင္းလာတတ္တယ္ တဲ့။”သူ႔စကားကိုကြၽန္မကမယုံေတာ့သူကခပ္တည္တည္ျဖင့္ေလွ်ာက္ေျပာ
ျပန္သည္။
“တကယ္ေျပာတာ -မယုံဘူးလား။ အဲဒီလမ္းကလည္း သရဲေျခာက္ တယ္။ ငါ ကိုယ္တိုင္ ႀကဳံဖူးတာ။ ငါတို႔ ေက်ာက္ေဆာင္႐ြာက ျပန္လာတဲ့ေန႔ တုန္းကဇရပ္ေရာက္ေတာ့ေမွာင္ေနၿပီ။ ငါနဲ႔ထြန္းထြန္းနဲ႔ဇရပ္မွာရပ္ေနတုန္း အဲဒီလမ္းဘက္ကလွည္းသံေတြ၊ ႏြားေငါက္သံေတြ၊ျခဴသံေတြၾကားရတယ္
ဟ။အဲဒါနဲ႔႐ြာကလာႀကိဳတဲ့လွည္းလားမသိဘူးဆိုၿပီးငါတို႔ကလွည္းလာမယ့္ လမ္းထိပ္မွာပိတ္ၿပီးရပ္ေနတာေပါ့။လွည္းသံကေတာ့တျဖည္းျဖည္းနီးလာ တယ္။ လွည္းက ေပၚမလာဘူး။ အဲဒါနဲ႔ ငါတို႔လည္း ထူးဆန္းတယ္ဆိုၿပီး လမ္းထဲ ဝင္ၾကည့္လိုက္ေတာ့ ဘာလွည္းမွ မရွိဘူးဗ်ာ။ ဟိုးဘက္ထိ လွည္းတစ္စီးမွ မရွိဘူး။ အဲဒီအခ်ိန္က်ေတာ့ လွည္းသံက ေပ်ာက္သြားၿပီ။ အဲဒီက်မွ ငါတို႔လည္း သရဲေျခာက္မွန္းသိတာ”
တာ”
“ရန္ေအာင္ေနာ္ ေလွ်ာက္ေျပာမေနနဲ႔ ငါက တစ္ေယာက္တည္း လာရ
“အံမယ္ … ငါက နင္စာေရးဖို႔ ဇာတ္လမ္းရေအာင္လည္း ေျပာရ ေသးတယ္။ ဘာလည္း ဒီလိုဇာတ္လမ္းေတြေရးေနတဲ့ စာေရးဆရာမက ေၾကာက္တတ္တယ္လား”
“ဟဲ့ .. မေၾကာက္ပဲေနမလား … နင္ေျပာတဲ့ပုံစံက ငါကပဲ သရဲေတြနဲ႔ မိတ္ေဆြဖြဲ႕ၿပီး သူတို႔ဆီက ဇာတ္လမ္းယူၿပီးေရးတဲ့အတိုင္းပဲ”
ကြၽန္မစကားေၾကာင့္ အားလုံး ဝိုင္းရယ္ၾကပါသည္။ ဒါေတာင္ ကြၽန္မ သည္ညဥ့္နက္သန္းေခါင္ထိ ေၾကာက္စရာ ဝတၳဳေတြထိုင္ေရးရင္း ကြၽန္မ၏ အခ်စ္ေတာ္ေၾကာင္ေလးကစာေရးစားပြဲေပၚခုန္ခ်၍ေသြးပ်က္မတတ္ထိတ္
တည္းလာတတ္မွန္းသိသျဖင့္ကြၽန္မေၾကာက္ေအာင္ထိုလမ္းတြင္သရဲရွိသည္
ဘာညာႏွင့္ ေလွ်ာက္ေျပာတတ္သည္။
“နင္လာတဲ့လမ္းမွာေလ သရက္ပင္အႀကီးႀကီး သိတယ္ မဟုတ္လား။ အဲဒီသရက္ပင္မွာ သရဲရွိတယ္။ ထမီရင္လ်ားနဲ႔ ဆံပင္ဖားလ်ားခ်ထားတဲ့ မိန္းမႀကီးတစ္ေယာက္ သစ္ပင္ေပၚက ေဇာက္ထိုးႀကီး ဆင္းလာတတ္တယ္ တဲ့။”သူ႔စကားကိုကြၽန္မကမယုံေတာ့သူကခပ္တည္တည္ျဖင့္ေလွ်ာက္ေျပာ
ျပန္သည္။
“တကယ္ေျပာတာ -မယုံဘူးလား။ အဲဒီလမ္းကလည္း သရဲေျခာက္ တယ္။ ငါ ကိုယ္တိုင္ ႀကဳံဖူးတာ။ ငါတို႔ ေက်ာက္ေဆာင္႐ြာက ျပန္လာတဲ့ေန႔ တုန္းကဇရပ္ေရာက္ေတာ့ေမွာင္ေနၿပီ။ ငါနဲ႔ထြန္းထြန္းနဲ႔ဇရပ္မွာရပ္ေနတုန္း အဲဒီလမ္းဘက္ကလွည္းသံေတြ၊ ႏြားေငါက္သံေတြ၊ျခဴသံေတြၾကားရတယ္
ဟ။အဲဒါနဲ႔႐ြာကလာႀကိဳတဲ့လွည္းလားမသိဘူးဆိုၿပီးငါတို႔ကလွည္းလာမယ့္ လမ္းထိပ္မွာပိတ္ၿပီးရပ္ေနတာေပါ့။လွည္းသံကေတာ့တျဖည္းျဖည္းနီးလာ တယ္။ လွည္းက ေပၚမလာဘူး။ အဲဒါနဲ႔ ငါတို႔လည္း ထူးဆန္းတယ္ဆိုၿပီး လမ္းထဲ ဝင္ၾကည့္လိုက္ေတာ့ ဘာလွည္းမွ မရွိဘူးဗ်ာ။ ဟိုးဘက္ထိ လွည္းတစ္စီးမွ မရွိဘူး။ အဲဒီအခ်ိန္က်ေတာ့ လွည္းသံက ေပ်ာက္သြားၿပီ။ အဲဒီက်မွ ငါတို႔လည္း သရဲေျခာက္မွန္းသိတာ”
တာ”
“ရန္ေအာင္ေနာ္ ေလွ်ာက္ေျပာမေနနဲ႔ ငါက တစ္ေယာက္တည္း လာရ
“အံမယ္ … ငါက နင္စာေရးဖို႔ ဇာတ္လမ္းရေအာင္လည္း ေျပာရ ေသးတယ္။ ဘာလည္း ဒီလိုဇာတ္လမ္းေတြေရးေနတဲ့ စာေရးဆရာမက ေၾကာက္တတ္တယ္လား”
“ဟဲ့ .. မေၾကာက္ပဲေနမလား … နင္ေျပာတဲ့ပုံစံက ငါကပဲ သရဲေတြနဲ႔ မိတ္ေဆြဖြဲ႕ၿပီး သူတို႔ဆီက ဇာတ္လမ္းယူၿပီးေရးတဲ့အတိုင္းပဲ”
ကြၽန္မစကားေၾကာင့္ အားလုံး ဝိုင္းရယ္ၾကပါသည္။ ဒါေတာင္ ကြၽန္မ သည္ညဥ့္နက္သန္းေခါင္ထိ ေၾကာက္စရာ ဝတၳဳေတြထိုင္ေရးရင္း ကြၽန္မ၏ အခ်စ္ေတာ္ေၾကာင္ေလးကစာေရးစားပြဲေပၚခုန္ခ်၍ေသြးပ်က္မတတ္ထိတ္

လန႔္ကာ တစ္အိမ္လုံးႏိုးေအာင္ ေအာ္ဟစ္ခဲ့မိသည္ဆိုတာ သူတို႔မသိေသးပါ။
ကြၽန္မသည္ သူငယ္ခ်င္းေတြေျပာေသာ သရဲဇာတ္လမ္းေတြကို သတိ ရလာသျဖင့္ေရွ႕ဆက္သြားဖို႔ပို၍ပင္ ခက္ခဲလာသည္။ ဇရပ္မွာထိုင္ၿပီးမိုးလင္း ေအာင္ေစာင့္လို႔လည္းမျဖစ္ပါ။ ဇရပ္ကလည္း သရဲေျခာက္သည္ဟုကြၽန္မ ၾကားဖူးသည္။ ထို႔အျပင္ အခ်ိန္မေတာ္ႀကီး မိန္းကေလးတစ္ေယာက္တည္း ဇရပ္မွာ ထိုင္ေနရသည္က သရဲတေစၦထက္ပို၍ အႏၲရာယ္မ်ားပါသည္။ သို႔ေသာ္ ဆက္သြားဖို႔ကလည္း မဝံ့ရဲ …။
ကြၽန္မသည္ဇရပ္ေဘးမွကမူေလးေပၚရပ္၍႐ြာလမ္းဘက္လွမ္းၾကည့္
ေနမိစဥ္မွာပင္ လူရိပ္တစ္ခုကိုလွမ္းျမင္လိုက္ရသည္။
ဟင္…။
ေစာေစာတုန္းက မေတြ႕ရပဲ ခုမွ ႐ုတ္တရက္ ျမင္လိုက္ရသျဖင့္ ကြၽန္မ အံ့ဩသြားသည္။ ကြၽန္မေရွ႕မလွမ္းမကမ္းတြင္ ကြၽန္မကို ေက်ာခိုင္းကာ ႐ြာ ဘက္သို႔သြားေနေသာလူတစ္ေယာက္။ပုံစံကေတာ့ေယာက္်ားတစ္ေယာက္
ပုံစံ။
႐ုတ္တရက္ ေတြ႕လိုက္ရ၍ အံ့ဩသြားေသာ္လည္း အေဖာ္ရလာ သျဖင့္ ကြၽန္မ ဝမ္းသာသြားမိသည္။ ကြၽန္မက “ဦးေလး” ဟုလွမ္းေအာ္မည္ ျပဳၿပီးမွ အေတြးတစ္ခု ဝင္လာကာ ပါးစပ္ကို ျပန္ပိတ္ထားလိုက္သည္။
ထိုလူဘယ္သူဆိုတာကြၽန္မမသိ။လူဆိုးလား၊ လူေကာင္းလားကြၽန္မ မသိ။ ကိုယ္က အေဖာ္ရေအာင္သြားေခၚမွ ကိုယ့္ကို မဟုတ္တ႐ုတ္လုပ္ရင္ ဒုကၡေရာက္ရလိမ့္မည္။ အခ်ိန္က မိုးမလင္းေသး။ ၿပီးေတာ့ လူျပတ္သည့္ ေနရာ။ တစ္ခုခု ျဖစ္လာလွ်င္ ဘယ္သူမွ ကယ္ႏိုင္မွာမဟုတ္ေပ။
ထိုအေတြးေၾကာင့္ ကြၽန္မ ထိုလူကို လွမ္းမေခၚရဲပဲ လိုက္သြားသင့္ မသြားသင့္ ေတြေဝေနမိသည္။ ဘာပဲျဖစ္ျဖစ္ ကိုယ္ေရွ႕မွာ လူတစ္ေယာက္

ရွိေနေတာ့ ေၾကာက္စိတ္ေလ်ာ့ပါးသြားသည္ မဟုတ္လား။ ထိုလူ႔ကို အသံ မေပးပဲ ေနာက္မွအသာေလး လိုက္သြားရမည္။ ထိုလူ ျမင္သြားခဲ့ရင္လည္း ကြၽန္မကံေပါ့ဟုေတြးလိုက္သည္။
ကြၽန္မက အဝတ္အစားအိတ္ကို ပခုံးတြင္လြယ္ကာ လက္ဆြဲျခင္းကို လက္တစ္ဖက္မွဆြဲရင္း ထိုလူေနာက္ ခပ္လွမ္းလွမ္းမွ လိုက္လာခဲ့သည္။ ထိုသို႔လိုက္လာရင္းကြၽန္မေရွ႕မွထိုလူကိုလေရာင္ျဖင့္လွမ္းၾကည့္အကဲခတ္
ေနမိသည္။
ထိုလူသည္ ထူးဆန္းစြာပင္ အထက္ေအာက္အျဖဴေရာင္ ဝတ္ထား ရာ လေရာင္ေအာက္မွာ ထင္ရွားေနသည္။ ကြၽန္မအထင္ အျဖဴဝမ္းဆက္ ဝတ္ထားတာေတာ့မျဖစ္ႏိုင္ပါ။အေရာင္ေဖ်ာ့ေသာအဝတ္အစားကိုညဘက္
မို႔အျဖဴဟုထင္ေနျခင္းျဖစ္ႏိုင္သည္။ ဘယ္သူကအျဖဴေရာင္ဝမ္းဆက္ႀကီး ကို ဝတ္လိမ့္မလဲ …။ ဦးေခါင္းတြင္ အျဖဴေရာင္ အဝတ္တစ္ခုျဖင့္ ေပါင္းထား သည္ကိုလွမ္းျမင္ရသျဖင့္အသက္ႀကီးႀကီးလူတစ္ေယာက္ဟုကြၽန္မခန႔္မွန္း မိသည္။ သူ႔လက္ထဲတြင္ လက္ႏွိပ္ဓာတ္မီး (သို႔မဟုတ္) လွ်ပ္စစ္မီးအိမ္ စသည့္ တစ္ခုခုကိုင္ထားဟန္ျဖင့္ ခပ္ေဖ်ာ့ေဖ်ာ့ အလင္းေရာင္ထြက္ေပၚေန သည္။ သည္အခ်ိန္ႀကီး ဒီေနရာမွာ ဘာလုပ္သလဲေတာ့မသိပါ။
ကြၽန္မသည္ သူ႔ေနာက္မွ လိုက္လာရင္း ရန္ေအာင္က သရဲေျခာက္ သည္ဟုေျပာေသာသရက္ပင္ႀကီးနားေရာက္လာသည္။လေရာင္ေအာက္ တြင္ မေကာင္းဆိုးဝါးႀကီး ငုတ္တုတ္ ထိုင္ေနသလို ထင္ျမင္ရေသာ သရက္ ပင္ႀကီးနားေရာက္ေသာအခါကြၽန္မေက်ာ႐ိုးထိစိမ့္ခနဲျဖစ္သြားသည္။ ယခု အခါ ရန္ကုန္တြင္ စားေသာက္ဆိုင္ သြားဖြင့္ေနေသာ ရန္ေအာင္ကို လွမ္း၍ ေမတၱာပို႔လိုက္မိသည္။
ေနႏွင့္ဦး ။ သင္းကိုေတာ့ ေနာက္တစ္ခါ ဝတၳဳေရးလွ်င္ သရဲအေျခာက္ ခံရကာ အေၾကာက္လြန္ၿပီး ေဂါက္သြားေသာ ဇာတ္ေကာင္ေနရာတြင္ သူ႔ နာမည္ထည့္ေရးပစ္မည္ဟုေတးထားလိုက္သည္။သူေျပာခဲ့ေသာမဟုတ္က ဟုတ္က သရဲပုံျပင္မ်ားေၾကာင့္ ကြၽန္မ အခု ဒုကၡ ေရာက္ေနရသည္ မဟုတ္လား။ အကယ္၍ ေရွ႕မွလူသာ မရွိလွ်င္ ကြၽန္မတစ္ေယာက္တည္း ဒီသရက္ ပင္ေအာက္မွ မျဖတ္ရဲေပ။
ေရွ႕မွလူသည္ ေျခလွမ္းမွန္မွန္ပင္ ေလွ်ာက္ေနရာ ကြၽန္မလည္း မလွမ္း မကမ္းမွခပ္မွန္မွန္ပဲေလွ်ာက္လာခဲ့သည္။ ယခုဆိုလမ္းတစ္ဝက္ပင္ေရာက္ လာခဲ့ၿပီ။ ႐ြာထဲဝင္ခါမွ ထိုလူကို ႏႈတ္ဆက္ၿပီး ဘယ္သူလည္းသိေအာင္ လုပ္ရ မည္ဟု ေတြးေနမိသည္။ တကယ္ေတာ့ ယခုလိုျဖစ္တာကြၽန္မ ေပါ့ေလ်ာ့၍ ျဖစ္သည္။ကြၽန္မေမာင္ဝမ္းကြဲမ်ားျဖစ္ေသာသန္းထိုက္ႏွင့္ေက်ာ္ရဲကဇရပ္ကို ဆိုင္ကယ္ျဖင့္ လာႀကိဳရမလားဟု ေမးေသးသည္။ ကြၽန္မက ဒီလို အခ်ိန္ ေရာက္လိမ့္မည္ဟုမထင္သျဖင့္လာမႀကိဳနဲ႔ေျပာလိုက္မိသည္။ခါတိုင္းလည္း
႐ြာကိုလမ္းေလွ်ာက္သြားေနက်မဟုတ္လား။
ထိုသို႔ ေလွ်ာက္လာရင္းမွ အတန္ၾကာေတာ့ ႐ြာအေရွ႕ဘက္မွ ယာခင္း ျပင္ႀကီးထဲသို႔ ေရာက္လာသည္။ ထိုယာခင္းႀကီးမွာ ႐ြာအေနာက္ဘက္တြင္ ကပ္လ်က္ရွိၿပီး ထိုယာခင္းႀကီးကို ေက်ာ္ျဖတ္ၿပီးလွ်င္ ႐ြာထဲေရာက္ၿပီ ျဖစ္ သည္။ ယာခင္းထဲတြင္ဘာသစ္ပင္မွလည္းမရွိတာေၾကာင့္ရွင္းလင္းေနကာ ဘာမွ ေၾကာက္စရာ မရွိေတာ့ေပ။ ႐ြာေရာက္ခါနီးလာသျဖင့္ ေရွ႕မွလူကို ႏႈတ္ဆက္ရန္ ကြၽန္မ ခပ္သြက္သြက္ေလွ်ာက္လိုက္လာခဲ့သည္။
ထိုစဥ္မွာပင္ ေျခေထာက္က ေျမႀကီးထဲမွ သစ္ျမစ္တစ္ခုကို ခလုတ္ တိုက္မိ၍ ငုံ႔ၾကည့္လိုက္သည္။ ေခါင္းကို ျပန္ေမာ့လိုက္ေသာအခါတြင္မူ အံ့ဩဖြယ္ေကာင္းေလာက္ေအာင္ပင္ ကြၽန္မေရွ႕မွလူကိုမေတြ႕ရေတာ့ေပ။
ဘုရားေရ ။
ကြၽန္မ အံ့အားသင့္စြာ ေရ႐ြတ္မိရင္း ပတ္ဝန္းက်င္ကို ေဝ့ဝဲ ရွာၾကည့္ မိသည္။ ရွင္းလင္းေနေသာ ယာခင္းက်ယ္ႀကီးထဲတြင္ ထိုလူ၏ အရိပ္ အေယာင္ကိုပင္မေတြ႕ရေတာ့ပါ။ လွ်ပ္တစ္ျပက္အတြင္းထိုလူဘယ္ေရာက္
သြားတာလဲ။
ယာခင္းထဲတြင္ ပုန္းစရာခိုစရာ သစ္ပင္တို႔ဘာတို႔ လုံးဝ မရွိပါ။ မ်က္စိ တဆုံးကြင္းျပင္က်ယ္ႀကီးသာ ျမင္ေနရသည္။ ႐ြာႏွင့္လည္း သိပ္မနီးေသး

သျဖင့္ ႐ြာထဲဝင္သြားတာလည္း လုံးဝ မျဖစ္ႏိုင္။ တစ္စကၠန႔္ေလာက္အခ်ိန္ ေလးမွာထိုလူဘယ္လို ေပ်ာက္ဆုံးသြားတာလဲ…။
ေတြးရင္းမွ ေၾကာက္စိတ္က ရင္ထဲ စိမ့္ဝင္လာသည္။ ဘုရား- ဘုရား ထိုသူဟာ လူစစ္စစ္မွ ဟုတ္ပါရဲ႕လား …။
ကြၽန္မ ေၾကာက္စိတ္ေၾကာင့္ ရင္ေတြ တဒိန္းဒိန္း ခုန္လာသည္။ ေစာ ေစာကေအးေအးေဆးေဆးျဖစ္ေနခဲ့ေသာစိတ္ကခ်က္ခ်င္းေျပာင္းလဲသြား
ၿပီးဤေနရာတြင္ ရပ္ေနရသည္ကိုပင္ စိတ္မလုံခ်င္ေတာ့။
ကြၽန္မထိုေနရာတြင္ ဆက္မေနရဲေတာ့ဘဲ႐ြာဘက္သို႔မေျပး႐ုံတမည္ ေျခလွမ္းမ်ားျဖင့္ ေလွ်ာက္လာခဲ့မိသည္။ ထို႔သို႔ ေလွ်ာက္လာရင္းမွ ေနာက္ ေက်ာမလုံသလိုခံစားရသျဖင့္ေနာက္ျပန္လွည့္ၾကည့္ရတာလည္းအေမာ။ ႐ြာထဲဝင္လာၿပီး လူရိပ္လူေျခေတြ႕ရေတာ့မွ အေၾကာက္ေျပသြားကာ သက္ျပင္းခ်မိေတာ့သည္။
“ဟယ္ … ရွင္ဝါႏွင္း – ေရာက္လာတယ္ေတာ့”
ကြၽန္မ အေဒၚေဒၚေလးစန္းရီ၏အိမ္သို႔ေရာက္ေတာ့ ညီမဝမ္းကြဲမ်ား ျဖစ္ေသာ မမစီ၊ မအိႏွင့္ မိုးမိုးတို႔က ဝမ္းသာအားရႀကိဳဆိုၾကသည္။
ကြၽန္မတို႔စည္ပင္လွ ႐ြာသူ႐ြာသားမ်ားသည္ ေယာက္်ားေလးေတြကို နာမည္ေရွ႕မွ ေမာင္တပ္ေခၚၿပီး မိန္းကေလးမ်ားကို နာမည္ေရွ႕မွ ရွင္ တပ္ေခၚ ၾကသည္။ ရွင္မအိ ၊ ရွင္မိုးမိုးစသည္ျဖင့္ ေခၚၾကသည္မွာ တစ္မ်ိဳးေတာ့ နားေထာင္ေကာင္းသည္။ ကြၽန္မနာမည္က ဝါဝါႏွင္း မဟုတ္ေသာ္လည္း ေမေမ့နာမည္ပါေအာင္ဟုဆိုကာ ႐ြာကအမ်ိဳးေတြက ႏွင္းထည့္ကာ ေရွ႕မွ ရွင္တပ္ေခၚၾကသည္။
လား”
“ငါတို႔လည္း ယာထဲသြားဖို႔ ျပင္ေနၾကတာ နင္တစ္ေယာက္တည္း
မိုးမိုးေမးခြန္းကို ကြၽန္မက မခ်ိၿပဳံးၿပဳံးရင္း-

“အင္း … တစ္ေယာက္တည္းေပါ့- အငယ္ေတြက ေက်ာင္းတက္ေန
ၾကတယ္ေလ”
ထို႔ေနာက္မွာေတာ့မေတြ႕ရတာၾကာေသာညီအစ္မတစ္ေတြစကားေတြ ထိုင္ေျပာမိၾကသည္။ သို႔တိုင္ေအာင္ သိပ္ၾကာၾကာ မေျပာႏိုင္ဘဲ မိုးမိုးတို႔ ညီအစ္မေတြကယာထဲသြားၾကရသည္။ကြၽန္မႏွင့္ေဒၚေလးစန္းရီသာအိမ္မွာ
က်န္ခဲ့ေလသည္။
မနက္စာစားၿပီးသည္ႏွင့္ ႐ြာဦးေက်ာင္းသို႔သြားကာ ရန္ကုန္မွ ေခတၱ ျပန္ႂကြလာေသာကြၽန္မ၏အစ္ကိုဝမ္းကြဲဦးဇင္းကုမာရႏွင့္သြားေတြ႕ၿပီး႐ြာဦး ေစတီကိုပါ ဖူးခဲ့သည္။ ႐ြာဦးေစတီ၏ဘြဲ႕အမည္ေတာ္မွာ (ရန္မ်ိဳးေအာင္) ေစတီေတာ္ျဖစ္ၿပီး အလြန္တန္ခိုးႀကီးသည္ဟု ႐ြာကလူေတြက ယုံၾကည္ ကိုးကြယ္ၾကသည္။
ထို႔ေနာက္မွာေတာ့ ေဆြမ်ိဳးမ်ားထဲမွ လူႀကီးမ်ားကို ဝယ္လာေသာ မုန႔္ဘူးမ်ားျဖင့္ သြားေရာက္ကန္ေတာ့ၿပီး အမ်ိဳးေတြအိမ္သို႔ လွည့္ပတ္ ႏႈတ္ဆက္သည္။မိုးမိုးတို႔လည္းေန႔လယ္ခင္းခဏျပန္နားၿပီးညေနပိုင္းယာထဲ ျပန္ထြက္ၾကရသည္။ညေရာက္၍အားလုံးစားေသာက္ၿပီးၾကမွသာေမာင္ႏွမ
တစ္ေတြႏွင့္ သူငယ္ခ်င္းမ်ား အိမ္ေရွ႕ေျမကြက္လပ္မွ ကြပ္ပ်စ္ႀကီးေပၚတြင္ ဆုံျဖစ္ၾကသည္။
စကားေတြ ေျပာရင္းမွ ကြၽန္မက မနက္ကအေၾကာင္းကို သတိရၿပီး သူတို႔ကိုေျပာျပမိသည္။ ထိုအခါ သူတို႔အားလုံးအံ့ဩသြားၾကေလသည္။ “နင္ေတြ႕တဲ့လူက အျဖဴဝမ္းဆက္ ဝတ္ထားၿပီး ေခါင္းေပါင္းအျဖဴ ေပါင္းထားတယ္ေပါ့ဟုတ္လား”
ကြၽန္မတို႔အုပ္စုထဲမွ အသက္အႀကီးဆုံး အစပ္စုတတ္ဆုံး မနီလႈိင္က ေမးသည္။
“အင္း …. ထင္တာပဲ မိုးမလင္းေသးေတာ့ သိပ္ေတာ့ မျမင္ရဘူး”
“နင္ … သူ႔ကိုေတြ႕တာ ဟိုသရက္ပင္အႀကီးႀကီးနားမွာ မဟုတ္လား” “ဘာျဖစ္ရမွာလည္းငါထင္တာေတာ့နင္နဲ႔ေတြ႕တာဖိုးသူေတာ္ပဲျဖစ္မယ္ဟဲ့ အဲဒီသရက္ပင္ႀကီးမွာ ဖိုးသူေတာ္ရွိတယ္လို႔ ၾကားဖူးတယ္။ တခ်ိဳ႕လူေတြ

ေတာင္အဲဒီသရက္ပင္နားမွာအျဖဴဝမ္းဆက္ဝတ္ထားတဲ့ဖိုးသူေတာ္ႀကီးကို တစ္ခါတေလေတြ႕ၾကတယ္တဲ့၊ နင္ေတြ႕တဲ့ပုံစံအတိုင္းပဲတဲ့”
ကြၽန္မတို႔နယ္မွာ သစ္ပင္ေစာင့္နတ္႐ုကၡစိုးကို ဖိုးသူေတာ္ဟု ေခၚေဝၚ ၾကသည္။မနီလႈိင္စကားေၾကာင့္ေမေမေျပာျပခဲ့ဖူးတာေလးကိုကြၽန္မသတိရ
သြားသည္။
ကြၽန္မတို႔နယ္က ႐ြာေလးတစ္႐ြာတြင္ အမွန္တကယ္ ျဖစ္ခဲ့ဖူးေသာ ျဖစ္ရပ္ေလးျဖစ္သည္။ ထို႐ြာကလူႏွစ္ေယာက္သည္အမွန္တကယ္ျဖစ္ခဲ့ဖူး တာေလးကို ကြၽန္မ သတိရသြားသည္။
ထို႐ြာက လူႏွစ္ေယာက္သည္ ယာထဲတြင္ စကားမ်ားရန္ျဖစ္ၾကရင္း တစ္ေယာက္ကိုက်န္တစ္ေယာက္က ဓားျဖင့္ ခုတ္လိုက္သည္။
ထိုလူေသလုေမ်ာပါး ျဖစ္ေနစဥ္ ဓားျဖင့္ခုတ္သူကေသၿပီဟုထင္ကာ ဆူးခက္ဆူးကိုင္းမ်ားျဖင့္ အုပ္ခဲ့သည္။ ထို႔ေနာက္ ထိုလူက ႐ြာသို႔ ျပန္သြား ေလသည္။အခ်ိန္တန္၍ဓားခုတ္ခံရသူျပန္မလာေသာအခါ႐ြာကလူမ်ားက
မီးတုတ္မ်ားျဖင့္လိုက္ရွာၾကသည္။ဓားခုတ္ခံရသူမွာ သတိလစ္မသြားဘဲ
သူက
႐ြာသားမ်ား၏သူ႔နာမည္ကိုေအာ္ဟစ္ေခၚသံမ်ားကိုၾကားေနရသည္။ ျပန္ထူးခ်င္ေသာ္လည္းခံစားေနရေသာေဝဒနာေၾကာင့္ မထူးႏိုင္ေပ။ ထို အခ်ိန္တြင္ အထက္ေအာက္ အျဖဴေရာင္ ဝတ္ထားေသာ အဘိုးအို တစ္ ေယာက္ကသူ႔အနီးသို႔လာကာ ႏူးညံ့ခ်ိဳသာစြာျဖင့္….
“လူေလး..ထူးလိုက္ေလ -လူေလးကိုေခၚေနၾကတယ္ထူးလိုက္ေလ”
ဟုေျပာေနသည္။ထိုလူႀကီး၏အဆက္မျပတ္ေျပာေနေသာစကားသံေၾကာင့္ သူ သတိလြတ္မသြားဘဲ လိုက္ရွာသူမ်ားကို အသံေပးႏိုင္ခဲ့သည္။ သူ႔အသံ ေၾကာင့္ လိုက္ရွာသူမ်ား ေရာက္လာေသာအခါ သူ႔အနားတြင္ ဘယ္သူ႔ကိုမွ မေတြ႕ရဟုေျပာၾကသည္။ထိုအေၾကာင္းကိုထိုလူက်န္းမာေရးျပန္ေကာင္းမြန္ လာသည့္အခါျပန္လည္ေျပာျပျခင္းျဖစ္သည္။ထိုလူကေတာ့ သူ႔အသက္ကို ဖိုးသူေတာ္ႀကီးကကယ္တင္ခဲ့သည္ဟုယုံၾကည္ေနေလသည္။

႐ုကၡစိုးနတ္မင္းမ်ားႏွင့္ပတ္သက္၍ ကြၽန္မဦးေလးမ်ားေျပာတာေတြ ကိုလည္း ၾကားဖူးသည္။ ဦးေလးတစ္ေယာက္ဆိုလွ်င္ ေတာမွာေန၍ ေတာင္ယာလုပ္သူတစ္ဦးျဖစ္ၿပီးယာခင္းအလုပ္အားခ်ိန္ဆိုလွ်င္အိမ္မွႏြား မ်ားကိုလႊတ္ကာေတာထဲသို႔ႏြားေက်ာင္းထြက္ရသည္။ထိုအခါမ်ိဳးတြင္သူက ႏြားမ်ားကို စားက်က္တြင္ လႊတ္ထားၿပီး သစ္ပင္အရိပ္ေကာင္းေကာင္းတြင္ အိပ္ေနတတ္သည္။ သူအိပ္ေနစဥ္ႏြားမ်ားတျခားသို႔ထြက္သြားလွ်င္ ဝတ္ျဖဴ စင္ၾကယ္ႏွင့္အဘိုးအိုတစ္ေယာက္က သူ႔ကိုလာႏႈိးတတ္သည္။
လူေလး … ထ – ထ ႏြားေတြ သြားကုန္ၿပီ … ဟု ေျပာၿပီးႏႈိးသျဖင့္ သူ႔အခ်ိန္မီ ႏိုးလာရတတ္သည္။ သို႔ေသာ္ ႏိုးလာေသာအခါ ဘယ္သူ႔ကိုမွ မေတြ႕ရေတာ့ဘဲေစာေစာကအျဖစ္က အိပ္မက္လိုလိုျဖစ္ေနတတ္သည္တဲ့။ ဦးေလးက သူကိုယ္တိုင္ ႀကဳံခဲ့ရေသာအျဖစ္ကိုေျပာျပခဲ့ျခင္းျဖစ္သည္။

႐ုကၡစိုးနတ္ဆိုသည္မွာ လူေတြကို ကူညီေစာင့္ေရွာက္ေပးတတ္
သည္ဟု လူႀကီးသူမေတြက ေျပာၾကသည္။ ႀကီးမားေသာ သစ္ပင္ႀကီးမ်ား သက္တမ္းရင့္ေသာ သစ္ပင္ႀကီးမ်ားတြင္ ႐ုကၡစိုးရွိသည္တဲ့။ ထို႔ေၾကာင့္ ထို သို႔သစ္ပင္ႀကီးမ်ားေအာက္တြင္အေပါ့အေလးမစြန႔္ရ။ ႐ုန႔္ရင္းၾကမ္းတမ္းစြာ ဆဲဆိုျခင္းမျပဳရဟုလူႀကီးမ်ားကတားျမစ္ခဲ့ၾကသည္။ ကြၽန္မတို႔လူငယ္မ်ား ကေတာ့ ႐ုကၡစိုးရွိသည္ဆိုတာ ၾကားသာၾကားဖူးၿပီး ဘယ္သူမွ လက္ေတြ႕ မႀကဳံဘူးၾကသျဖင့္ယုံတာလည္းမဟုတ္။ မယုံတာလည္းမဟုတ္ဘဲဒ႑ာရီ
ပုံျပင္တစ္ခုလိုသာ သေဘာထားခဲ့ၾကသူေတြျဖစ္သည္။
ယခုေတာ့ လက္ေတြ႕ ႀကဳံလာရေသာ ျဖစ္ရပ္က စဥ္းစားစရာ ျဖစ္လာ ခဲ့ၿပီ။ မနက္ေဝလီေဝလင္းအခ်ိန္မွာကြၽန္မေရွ႕ကလမ္းျပေပးခဲ့သူဟာလူႀကီး ေတြေျပာၾကတဲ့႐ုကၡစိုးနတ္မင္းလား။ကြၽန္မတစ္ေယာက္တည္းမသြားရဲမွန္း သိသျဖင့္ ေရွ႕မွ ကိုယ္ေယာင္ျပေပးခဲ့ျခင္းလား။ မျမင္ႏိုင္ေသာ ပရေလာက သားမ်ားမေျခာက္လွန႔္မေႏွာင့္ယွက္ႏိုင္ေအာင္ကာကြယ္ေစာင့္ေရွာက္ေပး
ခဲ့ျခင္းလား …။
ကြၽန္မ ေသခ်ာ မသိေတာ့ပါ။ ေသခ်ာသိတာတစ္ခုကေတာ့ ထိုသူ၏ ကူညီေစာင့္ေရွာက္မူေၾကာင့္ ကြၽန္မသည္ စိတ္ေအးခ်မ္းသာစြာျဖင့္ ႐ြာသို႔ ေျဖာင့္ေျဖာင့္ တန္းတန္းေရာက္လာခဲ့သည္။ မေကာင္းေသာ ပေယာဂမ်ား ေၾကာင့္ စိတ္ညႇိဳးႏြမ္း ေခ်ာက္ခ်ားမႈမ်ား ျဖစ္ရျခင္းမွ ကင္းေဝးခဲ့သည္။ ထို ေက်းဇူးတို႔ေၾကာင့္ ထိုဝတ္ျဖဴစင္ၾကယ္ႏွင့္ သူေတာ္ေကာင္းႀကီးကို ကြၽန္မ ဘယ္ေတာ့မွ မေမ့ႏိုင္ေတာ့ပါ။
သဘာဝလြန္ေသာ ဂမၻီရဝတၳဳဇာတ္လမ္းမ်ားကို ေရးသားေနေသာ ကြၽန္မသည္ကိုယ္တိုင္ႀကဳံေတြ႕လိုက္ရေသာထိုထူးဆန္းအံ့ဩဖြယ္ျဖစ္ရပ္ ကေလးကို တစ္သက္တာလုံး သတိရေနမိပါေတာ့သည္။
>> နတ္မိမယ္