ဆရာတော်နဲ့ ဦးကြည်လွင်(စ/ဆုံး)
–——————————–
ပဲခူးမြို့ ပဲခူးတိုင်းရဲ့အထင်ကရမြို့
မြို့ရဲ့ကျက်သရေဆောင် ရွှေမော်ဓောစေတီတော်မြတ်ကြီးရယ်
ပဲခူး ဟံသာဝတီရဲ့သမိုင်းအစ ရှေးဟောင်းသမိုင်းဝင်
ဟသာင်္ကုန်းဘုရားတို့ရှိတဲ့မြို့လေ။
မိန်းကလေးတွေကိုအရမ်း ဦးစားပေးတဲ့မြို့ပေါ့ဗျာ
အင်္ဂလိပ်လိုတော့ လေဒီဖက်ဆိုလား Lady first ဆိုလား ဘာလားပဲ
အဲ့မြို့ရဲ့သင်္ကေတကိုက ဟသာင်္ဖိုပေါ်မှာဟသာင်္မ ကိုတင်ထားတာပဲကြည့်လေ။
အဲ့ဒါကို မနာလိုတဲ့သူတွေက ပဲခူးကကောင်တွေက မိန်းမကြောက်ရတာတဲ့ဗျာ။
မဖြစ်နိူင်တာနော် ချစ်တာဗျ ချစ်တာ ဘာမှလဲနားမလည်ပဲနဲ့ဝေဖန်နေကြသေးတယ်။
စာဆိုတောင်ရှိသေးတယ် ဘာတဲ့
” မိန်းမလိုချင် ပဲခူးဝင်
ရလိုရငြား ဖက်တန်းသွား
မရမချင်း ကယ်ရီးနင်း
မရအဆုံး ဟသာင်္ကုန်း ” တဲ့ဘာအဓိပ္ပာယ်လဲတော့မသိဘူး
အဲ့လိုတော့ ရှိတယ်။
ထားပါတော့ဗျာ ဇာတ်လမ်းကိုဆက်ရအောင်
ရှင်စောပုရပ်ကွက်ထဲမှာပေါ့ ရှင်စောပုရပ်ကွက်ဆိုတာတော့ ပဲခူးမှာရပ်ကွက်ကြီးပါပဲ။
အဲ့ရပ်ကွက်ထဲက ကျောင်းတစ်ကျောင်းမှာ
အခုပြောပြတဲ့ဆရာတော်သီတင်းသုံးတယ်ဗျ။
ဆရာတော်ကငယ်ဖြူ အသက်က ၃၀ ကျော်လေးပဲရှိသေးတယ်။
ပရဟိတအလုပ်တွေဆိုလဲအားကြိုးမာန်တက်လုပ် မြို့နယ် သံဃအဖွဲ့ဝင်လဲဖြစ်တော့ ဝင်ဆန့်တယ်ပေါ့ဗျာ။
တစ်နေ့ ရှင်စောပုရပ်ကွက်နဲ့ကပ်နေတဲ့ရပ်ကွက်ထဲက လူတစ်ယောက်က ဆွေမျိုးသားချင်းကလဲမရှိ ကျန်းမာရေးကလဲမကောင်းဆိုတော့ ရပ်ကွက်ထဲကနေ ဆရာတော်ဆီကိုအပ်ကြတယ်။
ဘုန်းကြီးစောင့်ရှောက်ပေးပါပေါ့။
ဒါနဲ့ဆရာတော်လဲ လက်ခံလိုက်တယ်။
အဲ့လူနာမည်က ဦးကြည်လွင် ( အမည်လွှဲ )။
သူကကျောင်းမရောက်ခင် သူ့မှာပိုင်တဲ့ခြံဝိုင်းလေးကို လူကြီးတွေရှေ့မှာအပီးစာချုပ်စာတမ်းနဲ့လှူပလိုက်တယ်။
ပီးတော့ ကျောင်းကိုရောက်ပီး ဆရာတော်က သွေးလှူအသင်းရုံးခန်းလေးမှာသူ့ကိုနေရာချထားပေးတယ် ခုတင်နဲ့ဘာနဲ့ သပ်သပ်ခတ်ခတ်ပဲ။
ဦးကြည်လွင်ကျောင်းကိုရောက်မှ ကျန်းမာရေးကပိုဆိုး
လာတယ်လေ
အိပ်ယာထဲကတောင်မထနိူင်တော့ဘူး သေးတွေချီးတွေလဲအိပ်ယာထဲပဲပါချနေတော့ ကျောင်းကဦးဇင်းတွေ ကိုရင်လေးတွေ
သွေးလှူအသင်းသားတွေကပဲ ချီးကလူ သေးကလူ မရွံမရှာ
ပြုစုနေရတာပေါ့။
တစ်နေ့ဆရာတော်ကစာရေးသူဆီကိုဖုန်းဆက်ပြီး ဆေးရုံတင်မှရတော့မယ် မင်းလာခဲ့ ကူညီပေးဦးဆိုတော့ ကျောင်းကို
ရောက်သွားတဲ့အခါ ဦးကြည်လွင်ကယဲ့ယဲ့လေးပဲကျန်တော့
တယ်။
ဒါနဲ့ဆေးရုံပို့ဖို့ ဝိုင်းမ ဟိုရောက်တော့လဲ ကားပေါ်ကနေဝိုင်းချ လှည်းနဲ့တင် အခန်းကလဲ ဆေးရုံမှာမရဘူး ကော်ရစ်ဒါမှာပဲထားရတယ်။
နံလိုက်တာဗျာမသေခင်ထဲကအနံ့တွေက ထွက်နေတာ။
သွေးလှူအသင်းက ကိုမီးခွက်ဆိုလဲတစ်ကယ်အားကိုးရတာ လက်အိပ်စွပ် ကိုယ်တိုင်လုပ်တာ ရှာမှရှားတဲ့ပုဂ္ဂိုလ်ပဲ
လူသာငယ်တာစိတ်ဓာတ်ကတော့ လေးစားဖို့တော်တော်
ကောင်းတယ်ဗျ။
သိပ်မကြာပါဘူးလေ ဆေးရုံကပြန်ကြိုလာပြီး ဆုံးတာပါပဲ။
ကျောင်းကနေပဲ ကမကထလုပ်ပြီး နာရေးကုသိုလ်လုပ်ရတော့တာပေါ့ ။
ပရဟိတအဖွဲ့စည်းတွေလဲ တော်တော်လာကြတော့ ဆွေမရှိပေမဲ့ နောက်ဆုံးခရီးစည်ရှာပါပေတယ်ဗျာ။
ဒီလိုနဲ့ လတွေလဲ နဲနဲကြာလာလေတော့ ဆရာတော်လဲ အိန္ဒိယမှာ ပရိယတ္တိစာပေထပ်သင်ဖို့အကြောင်းဖန်လာလေတော့
ဦးကြည်လွင်လှူထားတဲ့ခြံလေးကိုရောင်းပလိုက်တယ်။
ဦးကြည်လွင်အတွက် လမ်းအလှူ ငါးသိန်း ရေတွင်းတူး သံဃာတော်တွေကိုမနက်ဆွမ်းကပ်မယ်ပေါ့။
ည ၁၀ အချိန်လောက် ကျောင်းထောင့်မှာ
” ဦးကြည်လွင်ရေ မနက်ကျရင်အလှူအတွက်အမျှပေးမယ် ”
” ကြားသိရရင် လာခဲ့ပါဖိတ်ပါတယ် ”
အဲ့လိုပြောလိုက်တယ် ဆိုရင်ပဲ ဟိုဖက်အဆောင်ပေါ်ခေါင်မိုးက
” ဝုန္း ”
ဘုန်းကြီးနဲနဲတော့ လန့်သွားတယ်
ကျောင်းပေါ်တက်ခါနီး အပေါက်ဝရှေ့ရောက်တော့
” ဦးကြည်လွင်ရှိသလား ”
” ဂျွတ် ဂျွတ် ဂျွတ် ”
ရေသန့်ဘူးကိုလက်နဲ့ညှစ်တဲ့အသံ ဘုန်းကြီးလှည့်ကြည့်တော့ ဘာဗူးမှမရှိဘူး
ဆရာတော်လဲ ကျောင်းပေါ်သုတ်ခနဲ တက်လိုက်တော့တယ်။
= = = = = = = =
အပိုင်း ( ၂ )
ဒီကျောင်းရောက်ပီးကထဲက ကျုပ်ကျန်းမာရေးကလဲ ချူချာလာလိုက်တာဗျာ
ဦးဇင်းတွေ သွေးလှူအသင်းသားတွေကို အားနာလိုက်တာ
ကျုပ်ရဲ့ချီးကလူ သေးကလူကိုမရွံမရှာပြုစုနေကြတာ။
အဲ့နေ့ကအရမ်းဖြစ်တော့ ကျုပ်ကိုဆေးရုံပို့ကြတယ် ဟိုစာရေးဆရာဆိုတဲ့ကောင်လေးလဲ ရောက်လာတယ်။
ဆေးရုံရောက်တော့ ကားပေါ်ကနေ မချတာ အရမ်းနံနေတော့ စာရေးဆရာဆိုတဲ့ကောင် မျက်နှာဗျာ ရှုံ့မဲ့နေတာပဲ ရွံလို့ဖြစ်မှာပေါ့။
မီးခွက်လေးကတော့ မရွံမရှာ ကိုင်တွယ်ပီးလုပ်ပေးရှာပါတယ်
ကျေးဇူးတင်တယ်ဗျာအရမ်းပဲ။
ဒီလိုနဲ့ဆေးရုံကပြန်ဆင်းပီးမကြာဘူး ကျုပ်လဲပေါ့ပါးသွားတော့တယ်။
သူတို့ပြောတာတော့ ကျုပ်ကိုသေပြီတဲ့လေ။
ကျောင်းကဦးဇင်းတွေက ဆရာတော်မသိခင် အနောက်နားကသစ်ပင်လေးမှာ လုံချည်နဲ့အင်္ကျီပါတ်ပေးပြီး
” ဦးကြည်လွင် ဒီမှာပဲနေကြားလား ”
” အဲ့နေရာကိုပေးတယ် “ပြောလို့ အဲ့မှာနေရတယ်ဗျို့
၃လေးလလောက်ကြာတော့ ည ၁၀ နာရီလောက်မယ်
” ဦးကြည်လွင်ရေ မနက်ကျရင် အလှူအတွက်အမျှပေးမယ် ”
” ကြားသိရရင် လာခဲ့ပါဖိတ်ပါတယ် ”
ဆိုပီးဆရာတော်က ခေါ်တယ်ဗျ
ဒါနဲ့ကျုပ်လဲ အပင်ပေါ်ကနေ အမိုးစွန်းပေါ်ခုန်ချလိုက်တယ်လေ
ဝုန်းခနဲပဲ ဝမ်းသာတာကိုးဗျ။
ဆရာတော်က လှည့်ကြည့်တယ် ပြီးတော့ သူ့ကျောင်းပေါ်တက်ပီး
” ဦးကြည်လွင် ရှိသလားတဲ့ ”
ကျုပ်လဲရှိကြောင်းကို ဟိုဖက်နားမှာကျနေတဲ့ ရေဘူးက်ို ကျုပ်လက်အရှည်ကြီးနဲ့ လှမ်းပြီးညှစ်ပလိုက်တယ်လေ။
ဆရာတော်လှမ်းကြည့်တော့ဘာမှမရှိဘူး ဘယ်ရှိမလဲ
ကျုပ်လက်ကအရှည်ကြီးရယ်
ဆရာတော်လန့်သွားတယ်ထင်တယ်။
ကျောင်းပေါ်ခပ်သုတ်သုတ်တက်သွားတယ် 🙂
ကျုပ်လဲကျုပ်အပင်ဆီပြန်လာပြီး ဆရာတော်ခေါ်မဲ့အချိန်ကို သစ်ပင်ပေါ်မှာထိုင်ပီးစောင့်နေလိုက်တော့တာပေါ့။
နောက်နေ့မနက်ရောက်တော့ ကျုပ်လဲမစောင့်နိူင်တော့တာနဲ့ဆရာတော်ကျောင်းရှေ့သွားပြီး ကျောင်းပေါ်တက်မယ်
လုပ်တော့
” ဘုန္း ”
ကျောကိုကော့သွားတာပဲ သိပ်တော့မနာဘူး
” မင်းကို ဘယ်သူကပေးတက်လို့လဲ ”
” ဆရာတော် ခေါ်ထားလို့ပါ ”
” အေး ခဏစောင့်ဦး ”
အဲ့အချိန်မှာ ဆရာတော်က
” အလှူအတွက်ရေစက်ချ အမျှဝေမယ်”
” ဦးကြည်လွင်ရှိရင် တက်လာခဲ့ပါ ”
” မင်းကိုခေါ်ဘီ သွားတော့ ”
ဆိုပီး ခုနလူကြီးကလမ်းဖယ်ပေးတယ်
တစ်ကျောင်းလုံးမှာ သံဃာငါးပါးပဲရှိတယ် ရေစက်ခွက်လေးချလို့
” ဦးကြည်လွင် ရောက်လာခဲ့ပြီဆိုရင် ရေစက်ခွက်ရှေ့ အဲ့နေရာမှာထိုင်ပါ ”
ဆိုတော့ ဒီခွက်အလွတ်က လက်စသတ်တော့ကျုပ်အတွက်ကိုးဗျ
ဆရာတော်က တရားပေးပြီးနောက် ကျုပ်အပါဝင် ၃၁ဘုံသားတွေကိုအမျှဝေပြီ
” ဦးကြည်လွင်နှင့်တစ်ကွ အားလုံးကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ”
ကျုပ်ရဲ့နှုတ်က လွှတ်ခနဲ
” သာဓု သာဓု သာဓု ”
ပထမအကြိမ်ပဲ သာဓုခေါ်ရသေးတယ်
ဟာ!
ကျုပ်ပါတ်ဝန်းကျင်မှာ တစ်ဖြည်းဖြည်းနဲ့လင်းလာလိုက်တာ
ခုနကသံဃာ ငါးပါးပဲတွေ့တာ အခုတော့ လူတွေအများကြီးပါလား တရာနာနေကြတာလေ။
” အားလုံး ကြားကြားအမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ”
” သာဓု သာဓု သာဓု ”
နဲနဲအားပါလာတယ်ဗျ သာဓုခေါ်ရတာ
ဟော ကျောင်းခေါင်မိုးပေါ်က အလင်းတန်းကြီးကျလာပြီ ကျုပ်ကိုယ်ပေါ်ကိုတည့်တည့်ပဲဗျာ။
” အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါ
ကုန်လော့ ”
ဒါနောက်ဆုံးအခေါက်ပဲ
” သာဓု သာဓု သာဓု ”
အားရပါးရ သာဓုခေါ်လိုက်တာ အသံကတော်တော်ကျယ်သွားတယ်ထင်တယ်
အားလုံးကကျုပ်ရှိတဲ့ဖက်ကိုလှည့်ကြည့်ကြတယ်။
ဆရာတော်လည်းပြုံးပြုံးကြီးဗျာ
ကျုပ် ကျုပ် ကျုပ်ကိုယ်ကအငွေ့တွေထွက်လာပြီ
ဟာ !
တစ်ဖြည်းဖြည်းနဲ့ကိုယ်ကိုတစ်ဝက်လောက် အငွေ့တွေဖြစ်ပီး အလင်းတန်းဆီကိုရွေ့နေပြီ ကျုပ် ကောင်းတဲ့ဘဝကိုထပ်ကူးတော့မယ်ထင်တယ်
ဆရာတော်ရယ် ကိုမီးခွက်ရယ် ဦးဇင်းတွေရယ် သွေးလှူအသင်းသားတွေရယ် စာရေးဆရာရယ်
ကျုပ် အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်ဗျာ။
ပြီးပါပြီ
စာဖတ်ရင်းနဲ့ ဘဝအမောများပြေပျောက်ကြပါစေ။
@ @ @ @@ @ @ @ @ @ @ @ @ @ @ @ @ @ @
ှ