” ညတစ်ည ”(စ-ဆုံး)

Unicode Version

” ညတစ်ည ”(စ-ဆုံး)
——————–

ရက်မှနှစ်သို့ ရာသီအလီလီ ကူးပြောင်းသွားသော်လည်း မေ့မရနိုင်
သည့်အဖြစ်ကို … အကြောင်းတိုက်ဆိုင်တိုင်း ကိုသောင်းစိန်
တစ်ယောက် ပြန်လည်ကာ တွေးတွေးနေမိသည်…

မိမိဘ၀တွင် ထိုကဲ့သို့ သွေးပျက်ဖွယ်ကောင်းသောအချိန်တစ်ခုအား
မေ့ပစ်ဖို့ရန်မလွယ်ကူရသောအကြောင်းအရင်းကလည်းရှိခဲ့လေ
သည်……
”” ဟူးးး….. ””
သက်ပြင်းလေးအသာချလိုက်ကာ… မီးညှိထားသောစီးကရက်ကို
တစ်ရှိုက်ဖွာလိုက်လေသည်…

”” ကိုသောင်းစိန်… ရှင့်မလဲ နေ့နေ့ည… ငူငူငိုင်ငိုင်နဲ့…သားကျွေးမှု..
မယားကျွေးမှုရှိသေးတယ်ဆိုတာလည်း.. မေ့နေဦးမယ်…
ကားမဆွဲတော့ဘူးဆိုပြီး … တခြားအလုပ်လေးများ လုပ်မလား…
အောက်မေ့တယ်… ခုတော့… ကျုပ်ကချည်းရှာကျွေးနေရတာ…
တော်မရှက်ဘူးလား… ””
မနှင်းအေး၏ မြည်တွန်တောက်တီးသံက ပျံ ့လွှင့်၍သာလာသော်
လည်း ကိုသောင်းစိန်မှာမူ တုံဏိဘာဝေ ငိုင်နေဆဲ….
”” ပြောလည်းကျွဲပါးစောင်းတီးပါပဲတော်… ကဲ..ကဲ..
ကျုပ် အလုပ်သွားတော့မယ်… ထမင်းအိုးတည်ထား… ပြန်လာမှ
စျေး၀ယ်ပြန်ခဲ့မယ်… ””
မနက်ခင်းတိုင်းရေရွတ်သံသည် ကိုသောင်းစိန်နားထဲတွင် ရိုးအီနေချေပြီ…
မနှင်းအေး မည်မျှပင် ပြောဆိုဆက်ဆံပါစေ..
ကိုသောင်းစိန်မှာမူ… အင်းမလုပ်…အဲမလုပ်… ငုတ်တုတ်ထိုင်နေ
ဆဲ…ထိုင်နေမြဲက နေ့စဉ်ပင်…

ယခင်ကဆိုလျှင် ကိုသောင်းစိန်ကို ဇနီးဖြစ်သူ မနှင်းအေးက အလွန်
ပင် ကြောက်ရရှာလေသည်…ကိုသောင်းစိန်ဟုဆိုလျှင် ကားသမား
လောကတွင် မသိသူကခပ်ရှားရှားပင်…
စကားပြတ်ပြတ်ပြောတတ်သူ… လူ့ခွစာတစ်ယောက်ဖြစ်သော်
လည်း… အပေါင်းအသင်းဆိုလျှင် အလွန်ခင်မင်သူမို့ ကိုသောင်းစိန်
အား ချစ်ခင်ကြသောသူများရှိသကဲ့သို့… လက်ရုံးအားကိုးပြီး
မိန်းမအပေါ်တွင် နှိပ်စက်တတ်သူဟူ၍ ပြောစမှတ်ပြုခြင်းခံရသူလည်း
ဖြစ်ပေသည်…

သို့သော် ကိုသောင်းစိန် မည်မျှဆိုးဆိုး မနှင်းအေးသည် မေတ္တာ မပြယ် …. ကိုသောင်းစိန်အလုပ်မှ ပြန်လာပြီဆိုလျှင်… ပျာပျာသလဲ… ဆီးကြို ရှာသည်…
ကိုသောင်းစိန် စိတ်ကြည်လျှင် အကြောင်းမဟုတ်သော်လည်း….
စိတ်မကြည်သောနေ့မျိုးတွင် မနှင်းအေးမှာ နေစရာမရှိအောင် အဆူ
အဆဲခံရ… ရိုက်နှက်ခြင်းခံရ တော့သည်…

လင်ဆိုးမယား တဖားဖား ဟုဆိုရမလိုအောင်ပင် မနှင်းအေးမှာ
လိုက်ဖက်လွန်းလှသည်…
ယခုအခါ မနှင်းအေးမှာ အရပ်တကာလှည့်၍ အ၀တ်လျှော်ပြီး
အိမ်၏ စား၀တ်နေရေးကို ထမ်းနေရပြန်ချေပြီ….
ထိုကဲ့သို့ အခြေအနေမျိုးမှ ပြောင်းပြန်ဖြစ်နေသော ယခုလိုအခြေအနေမျိုး ကို သိကျွမ်းထားသူများက အံ့သြဘနန်းဖြစ်ကုန်ကြချေသည်..

ကိုသောင်းစိန်သည် ငယ်စဉ်ကတည်းက ကားမောင်းကျွမ်းကျင်
သောသူဖြစ်၍ မနှင်းအေးနှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်
ရရှိချိန်တွင် ဟိုင်းဝေးကားကိုမောင်းနှင်ခွင့် ရခဲ့လေသည်…

လမ်းကြောင်းကျွမ်းကျင်ခြင်း ကားမောင်းကျွမ်းကျင်ခြင်းတို့ကြောင့် ကိုသောင်းစိန်သည် ကားဆရာတစ်ယောက်အဖြစ် နာမည်ရလာခဲ့
တော့သည်…

ကိုသောင်းစိန်မောင်းသောကားမှာ ညနေ လေးနာရီခွဲ တွင် ကား
စထွက်ပြီး … မနက် သုံးနာရီတွင် ( ….. မြို ့ ) သို့ဆိုက်ရောက်ရ
သည်…ထိုမြို ့တွင်ပင် တစ်ညအိပ်ကာ နောက်ရက်ညနေလေးနာရီခွဲ
ကားကို ပြန်လည် မောင်းပြန်ရလေသည်…ဂိတ်ပိုင်ရှင်က ကိုသောင်း
စိန်၏ ရိုးသားမှု လူရင်းတစ်ယောက်ဖြစ်မှုတို့ကြောင့် အခြားသူများ
နှင့်မတူ အခွင့်အရေးပေးထားလေသည်…. ထိုဂိတ်တွင်ပင် ကျောချ
စရာအခန်းကျဉ်းတစ်ခန်းဖွဲ့၍ ကိုသောင်းစိန်လာလျှင် နားရန်ထား
ပေးထားသည်… ထို့ကြောင့် ကျန်ကားဆရာများက ကိုသောင်းစိန်
အား အနည်းငယ် မနာလို မရှုစိမ့်ကြပေ….

တစ်ရက်တွင် ကားဂိတ်သို့ ကားဆိုက်ရောက်ပြီး မကြာခင်မှာပင်
နောက်ထပ်၀င်လာသည့် အခြားကားဂိတ်မှ Express ကား
သည် မထိန်းနိုင်ဘဲ ကိုသောင်းစိန်တို့ ဂိတ်အား၀င်တိုက်မိတော့
သည်…ကံကောင်းထောက်မစွာ လူတစ်ဦးတစ်လေမှ မထိခိုက်
မိချေ…သို့သော် ကားဂိတ်အတွင်းတွင် ပျက်စီးသွား၍ ယခင်က
ကိုသောင်းစိန် ခဏတာ အိပ်စက်သောနေရာလည်း ဂိတ်အတွင်းမှ
ပစ္စည်းများ ယာယီခဏတာ စုပုံထားရသော အဖြစ်သို့…
ရောက်ရှိသွားတော့သည်..

ထိုကိစ္စအား ဂိတ်မှူးအချင်းချင်း နားလည်စွာဖြေရှင်း၍ ပြဿ
နာပြီးဆုံးသွားသော်လည်း ကားဂိတ်သည် ပြန်လည်ပြင်ဆင်ရမည်
ဖြစ်သဖြင့် ခါတိုင်းကဲ့သို့ ဂိတ်တွင် ကိုသောင်းစိန် အိပ်မရတော့ပေ… ကိုသောင်းစိန်လည်း အသိကားသမား များညွှန်ပေးသော
တည်းခိုခန်းသို့ သွားတည်းရန် အစပြု လာတော့သည်…

ဂိတ်မှူး ထံမှ ဆိုင်ကယ်ငှါးကာ ထိုတည်းခိုခန်းသို့ ဦးတည်လိုက်
လေသည်… မနက်သုံးနာရီခွဲ ကျော်ခါစ… အလင်းရောင်ပင်
မမြင်ရသေးသောအချိန်တွင်… တစ်ယောက်တည်းဆိုင်ကယ်
မောင်းနှင်လာခဲ့သည်… တစ်လမ်းလုံးပင်ပန်းထားသဖြင့်
မျက်လုံးကို ဇွတ်အတင်းပြူ းထားရသော်လည်း သတိမလွတ်စေ
ရန် ဂရုစိုက်ကာ မောင်းနှင်နေရသည်…

သစ်ပင်များ အုံ့ဆိုင်းဆိုင်းနှင့် နေရာတစ်ခုအရောက်တွင်…
”’ ဝုန်း… ”’
”’ ဟ… သွားပါပြီကွာ… ”’
ကိုသောင်းစိန်၏ ဆိုင်ကယ်တည့်တည့်ကို တစ်စုံတစ်ဦးက သစ်ပင်
ကွယ်ရာမှပြေးထွက်လာဟန်ရှိသဖြင့် ၀င်တိုက်မိခြင်းပင်…
အသံသည် ကျယ်လောင်လွန်းသော်လည်း ကိုသောင်းစိန်၏ဆိုင်
ကယ်မှာမူ ယိမ်းယ်ိုင်သွားသည် ဆိုရုံမျှသာ…
ဆိုင်ကယ်မီးရောင်ဖြင့် ကြည့်လိုက်ရာ မိန်းကလေးတစ်ယောက် လဲကျနေသည်ကိုတွေ့လိုက်ရတော့သည်…
ကိုသောင်းစိန်လည်း ထိတ်လန့်သွားပြီး ဆိုင်ကယ်ပေါ်မှ အမြန်ဆင်း
ကာ…
”’ ညီမလေး…. ဟေ့ ညီမ… ဘာဖြစ်သွားသေးလဲ… ”’
ထိုအခါ လဲကျနေသူ မိန်းကလေးသည် ညည်းတွားလာသံကိုကြားရ
တော့သည်…

”’ အားးး…လားး…လားး..ညီမခြေထောက်ခေါက်သွားတယ်…
အစ်ကို … ညာဖက်လက်လည်း လှုပ်မရတော့ဘူး… ”’

”’ ဟာ … ဒုက္ခပါပဲညီမရေ… ဆေးရုံသွားမလားအစ်ကိုလိုက်ပို့ပေး
ပါ့မယ်… ”’

စကားသာပြောနေရသည် ထိုမိန်းကလေး၏ မျက်နှာကို ယခုထိ
မတွေ့မြင်ရသေးပေ…ခေါင်းငုံ့ထားသဖြင့် မျက်နှာပေါ်သို့ ဆံနွယ်
များက ဖုံးအုပ်ကာနေသည်…

”’ နေပါစေအစ်ကို… ညီမကိုအိမ်ပဲ လိုက်ပို့ပေးပါလား… ”’

ထိုမိန်းကလေးမှာ အသံကချိုလွင်လွင်… လူပြတ်သောနေရာဖြစ်၍
မိန်းကလေးတစ်ယောက်တည်း မတင့်တယ်ဟု ကိုသောင်းစိန် တွေး
မိနေပြန်သည်…

”’ ကဲ… အစ်ကို ကူပေးမယ်… ဖြည်းဖြည်းချင်း ထရပ်နော် ညီမ… ”’

”’ ဟုတ်.. အစ်ကို… ”’

ကိုသောင်းစိန်လည်း ဖြည်းဖြည်းချင်း တွဲကာ ထူပေးရင်း မတ်တပ်
ရပ်နိုင်သောအခါမှ ထိုမိန်းကလေး၏ သွင်ပြင်ကို မြင်ရတော့သည်…
မိန်းကလေးမှာ အသားဝါညက်ညက်… မျက်နှာဝိုင်းဝိုင်းနှင့် ဆံကေ
သာကလည်း ခါးလယ်လောက်ထိရှည်လျားကာ ..ကျစ်လျစ်သွယ်
လျ စွာ လှပလွန်းနေသည်…
အသက် ( ၂၅ )၀န်းကျင်ခန့်သာ ရှိဦးမည့် ထိုမိန်းကလေးကို…
ယခုလို အချိန်တွင် လမ်းပေါ်၌တစ်ယောက်တည်းအဖော်မပါဖြစ်နေ
ခြင်းက ထူးဆန်း၍ နေသည်…
ပရလောကသားများလားဟု သံသယ၀င်မိသော်လည်း လဲထူရန်
ကူစဉ်မှာပင် နွေးထွေးသောအပြုံး ကြောင့် သံသယသည်
ပျောက်ကွယ်၍ သွားခဲ့ပြန်သည်…

ရုတ်တရက် ကိုသောင်းစိန်သည် ရင်ဖိုသလိုလိုပင် ဖြစ်ပေါ်
လာတော့သည်… လူသူဟူ၍ မတွေ့ရသောအချိန် … အမှောင်ယံ
မကုန်ဆုံးသေးသောအချိန်တွင် ယခုကဲ့သို့ မိန်းမချောမျိုးနှင့် နှစ်
ယောက်တည်း ရှိနေသည်မှာ ရုပ်ရှင်ဇာတ်လမ်းကဲ့သို့ပင် မှတ်ထင်
ချင်စရာ….

မည်သည့်အကြောင်းရင်းကြောင့် တစ်ယောက်တည်းဖြစ်နေသည်
ကို စဉ်းစားကြည့်ရင်း စကားစမြည်မေးမြန်းကြည့်တော့သည်….

”” ညီမရယ်… ဒီလိုအချိန် ဘာလို့တစ်ယောက်တည်း အပြင်ထွက်
တာလဲ… လူရမ်းကားတွေနဲ့ တွေ့မှာ မကြောက်ဘူးလားဟင်… ””
ကိုသောင်းစိန်၏ အမေးက်ို ဒဏ်ရာဖြင့် နာကျင်သည့်ကြားမှ
မျက်၀န်းလဲ့လဲ့ဖြင့် ပြန်ကြည့်ရင်း ခေါင်းကိုသာ အသာအယာငုံ့
ပစ်လိုက်သော မိန်းကလေးကြောင့် ရင်မောသွားသလိုလို …
ကိုသောင်းစိန်တစ်ယောက် ခံစားလိုက်ရတော့သည်…

”” အရေးကြီးကိစ္စလေးရှိလို့ အရဲစွန့်ပြီး ထွက်လာတာပါအစ်ကို… ””
ချိုလွင်လွင်အသံလေးဖြင့် မဝံ့မရဲဖြေသံကြောင့် ခေတ္တခဏ ဆွံ့အ
သွားသလိုလိုပင်…..
”” ကဲ..ဟုတ်ပါပြီညီမရယ်…အခုတော်တော်နာသွားလား…
ဆေးရုံမသွားလို့ရတာသေချာလားညီမ… ””
”” ဟုတ်ကဲ့သေချာပါတယ်… တအားကြီးမဆိုးပါဘူး… ””
”” ဒါဆို ညီမအိမ်လိုက်ပို့ပေးမယ်… ဘယ်နေရာပို့ရမလဲ… ””
”” ဟိုဖက် တစ်လမ်းကျော်လေးရောက်ရင် ဘယ်ဖက်ကိုချိုးပြီး…
အထဲနဲနဲ၀င်လိုက်ရင်ရောက်ပါပြီအစ်ကို…. ””
”” အော်… အေ..အေ… အစ်ကိုလိုက်ပို့ပေးမယ်… ဆိုင်ကယ်ပေါ်
တက်လို့ရလားညီမ… ””
”” ဟုတ်… ရပါတယ်… ””

ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ကြိုးစားကာ ဆိုင်ကယ်ပေါ်သို့
တက်ထိုင်၍ သူမ၏ အိမ်ကို လမ်းညွှန်ပြရင်း လိုက်ပါလာခဲ့တော့
သည်…

”” အစ်ကိုကြောင့်ဖြစ်ရတာဆိုတော့… စိတ်လည်းမကောင်းဘူး…
အစ်ကို့ဖုန်းနံပါတ်ယူထားနော်… တစ်ခုခုဖြစ်တယ်ဆိုဖုန်းဆက်
လိုက်ပေါ့… ဆေးကုသစရိတ်ပေးပါ့မယ်ညီမ… ””

”” အစ်ကို့ကြောင့်လည်းမဟုတ်ပါဘူး…ညီမကလောကြီးပြီး လမ်း
ကူးလို့ပါအစ်ကိုရဲ့… ””
ခဏတာ တွေ့ဆုံမှုတွင်ပင် တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးကျွမ်း
၀င်သွားခဲ့တော့သည်…

”” ဒါနဲ့ အစ်ကိုက… ဘယ်ကိုသွားတာလဲ… ””
”” အော်… အစ်ကိုက တည်းခိုခန်းလိုက်ရှာနေတာ… တစ်မျိုးမထင်
နဲ့နော်… အစ်ကိုက ကားသမားလေ…ခုနမှကား၀င်လာတာ…
ဂိတ်မှာလည်းတည်းလို့မရတော့လို့… တည်းဖို့နားဖို့ပေါ့ညီမရာ…
မနက်ဖြန်ညကားပြန်မောင်းရဦးမှာဆိုတော့… အိပ်ရေး၀မှအဆင်
ပြေတယ်… ””

”” ဟုတ်ကဲ့… ဟိုလေ… တကယ်လို့ တည်းဖို့အဆင်မပြေရင် ညီမ
အိမ်မှာတစ်ညတော့တည်းလို့ရပါတယ်… ””
”” ဟာ… မလုပ်ပါနဲ့ညီမရာ…အားနာစရာကြီး… ””
”” အို…အစ်ကိုကလည်း… အားမနာပါနဲ့ … အခုလိုအစ်ကို့လို
လူကောင်းတစ်ယောက်နဲ့တွေ့ရတာပဲ ကျေးဇူးတင်နေပါပြီ… ””

ကိုသောင်းစိန်မှာ ကမ်းလှမ်းလာသည်ကို မငြင်းဆန်လိုသော်
လည်း ယခုမှတွေ့ဆုံဖူးသော မိန်းကလေးကိုအားနာသည်က
တစ်ကြောင်း… ထိုမိန်းကလေး၏ မိဘများကတစ်မျိုးတစ်မြည်
တွေးကာ စိတ်ပူပန်နေမည်စိုးသည်ကတစ်ကြောင်း… မိမိလို
အိမ်ထောင်သည်အတွက်မသင့်တော်ဟူ၍ တွက်ဆသည်ကတစ်
ကြောင်း… အကြောင်းကြောင်းကြောင့် ငြင်းဆန်လိုက်တော့
သည်….

”” ဟိုရှေ့နားကအိမ်ပဲအစ်ကို… ””
ထိုမိန်းကလေး လက်ညိုးညွှန်ပြရာ တစ်ထပ်ပျဉ်ထောင်အိမ်လေး
ရှေ့တွင် ဆိုင်ကယ်ရပ်လိုက်ပြီး…
”” ကဲ… ညီမ… အိမ်ကလူတွေကိုခေါ်လိုက်လေ… အစ်ကိုလည်း
အကျိုးအကြောင်းရှင်းပြပေးရတာပေါ့… ””
”” အိမ်မှာညီမတစ်ယောက်တည်းနေတာ… အစ်ကိုလည်းအိမ်ထဲ
၀င်လေ… ဒီတစ်ညတော့ တည်းသွားပါအစ်ကိုရဲ့… ဒီအချိန် တည်း
ခိုခန်းလည်းရှာရခက်လိမ့်မယ်… ””
”” ဟာ… မဟုတ်တာညီမရယ်…နေ… ””
”” ဘာမှမဖြစ်ဘူး…အစ်ကို့ကိုယုံတယ်…လာ…လာ.. အိမ်ထဲ၀င်ပါ
အစ်ကိုရဲ့… ””

မိန်းမချောလေးသည် ကိုသောင်းစိန်ကို ဖိတ်ခေါ်နေချေပြီ…
နဂိုကပင် ပင်ပန်းလွန်းသဖြင့် အနားယူချင်နေပြီဖြစ်သော…
ကိုသောင်းစိန်မှာ… ကြာကြာမငြင်းဆန်နိုင်တော့ပေ….

”” ညီမ… အစ်ကို့ကိုတော့ယုံပါ…ညီမကို လက်ဖျားနဲ့တောင်…
မတို့မထိစေရပါဘူး…. ””
ကိုသောင်းစိန်စကားကို သဘောကျသလို မိန်းကလေးက…
ရယ်သံသဲ့သဲ့ထွက်လာသည်…
”” ဟုတ်ပါပြီ..အစ်ကိုရယ်… ကဲ အိမ်ထဲ၀င်ပါရှင်…. ””

ကိုသောင်းစိန်လည်း အိမ်ထဲသို့ ဆိုင်ကယ်သွင်းကာ… ထိုအိမ်၌
တစ်ညတာ တည်းခိုတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်ပါတော့သည်…
အိမ်ထဲသို့ ၀င်လိုက်စဉ် ပုပ်အဲအဲ အနံ့အသက်တစ်ခုကို ရလိုက်သော်
လည်း မကြာမှီပင် ထိုအနံ့သည် ပျောက်ကွယ်၍ သွားတော့သည်…
ကိုသောင်းစိန်လည်း ထိုအနံ့အကြောင်းကို တွေးမနေတော့ပဲ
ထိုမိန်းကလေးက အိမ်ရှေ့ဧည့်ခန်းတွင် အိပ်ယာပြင်ဆင်ပေးနေ
သည်ကို ကြည့်ရင်း…..
”” ဒါနဲ့ ညီမ နာမည်က … ””
”” ဝေ၀လွင် ပါအစ်ကို…””
”” အော်… အစ်ကို့နာမည်လည်းမှတ်ထားညီမ…
ကိုသောင်းစိန်တဲ့… ””
”” ဟုတ်ကဲ့… ””
ဝေ၀လွင် ဆိုသော မိန်းကလေးသည် ဖော်ရွေကာ သွက်လက်ပုံရ
လေသည်…သူမ၏ အပြုံးတစ်ချက်ကြောင့် စိတ်များမလေလွှင့်သွား
စေရန် ကိုသောင်းစိန်မှာ အတော်ထိန်းချုပ်ထားရတော့သည်…

”” ညီမက တစ်ယောက်တည်းလည်းနေတယ်…ဒီအချိန်ကြီးဘယ်
ကပြန်လာတာတုန်း..ငါ့ညီမရဲ့… ””

ကိုသောင်းစိန်အမေးကို ရီဝေ၀ဖြင့် ပြန်လည်ကြည့်လိုက်ပြီး မျက်နှာ
တစ်ချက်ညိုးနွမ်းသွားတော့သည်… ပြီးနောက် အားတင်းကာပြုံးပြ
ရှာရင်း….
”” ညီမကိုလည်း တစ်မျိုးမထင်ပါနဲ့ အစ်ကို… အမှန်တော့ညီမက…
ညီမက… မိန်းမပျက်ပါအစ်ကိုရယ်… အဟင့်…ဟင့်… ””
ပြောပြောဆိုဆို ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာကာ ငိုရှိုက်နေ
သဖြင့် ကိုသောင်းစိန်လည်း စိတ်မကောင်းဖြစ်သွားခဲ့ရတော့သည်…

”” ညီမတို့လို မိန်းကလေးတွေကို အုပ်ထိန်းတဲ့ အစ်မကြီးရှိတယ်…
သူ့နာမည်က… မညို တဲ့… မနေ့ညနေလောက်က မညိုက ညီမကို
အခေါ်ခိုင်းတယ်အစ်ကို… ဖောက်သည်အသစ်ရလို့တဲ့… ညီမက
အသုံးတော်ခံရမယ်ပေါ့လေ… ခါတိုင်းဆိုညီမ မငြင်းပါဘူး…
မနေ့က ညီမရင်ထဲနေလို့မကောင်း ဖြစ်နေလို့ … မသွားပါရစေနဲ့..
တောင်းပန်တာ… မရတဲ့အပြင် ညီမကို ပါးရိုက်တာ နှစ်ချက် သုံး
ချက်တောင်အစ်ကိုရဲ့… အဲ့ဒါနဲ့ပဲ ညီမလည်း အားတင်းပြီးသွား
လိုက်တော့… ဖောက်သည်အသစ်ဆိုတဲ့သူက … ညီမတို့ရွာက …
သူကြီးသားဖြစ်နေတယ်လေ… ””

ပြောရင်း မောသွားသည့်ပုံပင် ကျနေသောမျက်ရည်ကို တစ်ချက်
သုတ်လိုက်ပြီး….
”” သူကတော့ ညီမကို မှတ်မိပုံမရပါဘူး… ညီမကတော့မှတ်မိနေ
တော့.. ဆက်မနေချင်တော့ဘူး… ဒါပေမယ့် သူကျေနပ်အောင်တော့
နေပေးခဲ့ရတာပေါ့… ကြာလာတော့ သူညီမကို မှတ်မိသွားတယ်
်အစ်ကို… နင်ဝေ၀လွင် မဟုတ်လားဆိုပြီးမေးတယ်…
ညီမလည်း တော်တော်လန့်သွားမိတယ်… ညီမမှာက မိဘမရှိတော့
အဘွားဆီမှာပဲ နေခဲ့ရတာလေ… အဘွားကဆင်းရဲတယ်…
ရွာမှာ အလုပ်အကိုင်မကောင်းတော့ မြို့တက်လာပြီးအလုပ်လုပ်
ရင်း ဒီမကောင်းတဲ့အလုပ်ကို စိတ်မပါပဲလုပ်ခဲ့ရတယ်အစ်ကို…
ပိုက်ဆံချောင်ချောင်လည်လည်ရတာလည်း ဒီအလုပ်ပဲရှိတာလေ…
ရတဲ့ပိုက်ဆံကို ရွာကအဘွားကိုပို့ပေးတယ်… အိမ်လည်းပြင်ဆောက်
လို့ပြီးပြီ… ညီမဒီအလုပ်လုပ်တာ အဘွားကိုပြန်ပြောမှာ တအား
ကြောက်မိတယ်… အဘွားသိရင် တခါတည်း စိတ်ထိခိုက်ပြီးလဲ
သွားမှာ…အစ်ကိုရဲ့… အဟင့်… ဟီးး.. ဟီးး… ””

ပြောနေရင်း အားရအောင် ငိုချလိုက်သော ဝေ၀လွင်အား
စိတ်မကောင်းစွာကြည့်ရင်း ကိုသောင်းစိန် တစ်ယောက် အသနား
ပိုလာခဲ့တော့သည်…
”” စိတ်မကောင်းမဖြစ်ပါနဲ့ညီမရယ်…ဘ၀ဆိုတာ ဒီလိုပါပဲကွာ…
ကဲ..တိတ်…တိတ်… ””

”” ညီမအဖြစ်က ဆိုးလွန်းပါတယ်အစ်ကို… အဲ့ဒါနဲ့ ညီမလည်းအတင်း
ဇွတ်ငြင်းပစ်လိုက်တယ်လေ… မဟုတ်ပါဘူးဆိုပြီးတော့… သူက…
နင်ဝေ၀လွင်မှဝေ၀လွင် အစစ်.. ငါ့ကိုလာလိမ်မနေနဲ့ … ရွာရောက်
ရင် နင့်အဘွားဆီ အကုန်ပြန်ပြောပလိုက်မယ် ငါ့ကိုဘာမှတ်နေလဲ…
ဆိုပြီး ညီမဆံပင်ကိုဆောင့်ဆွဲပစ်တယ်အစ်ကို… ညီမလည်းခုမှတော့
မထူးတော့ဘူးလေ… ဝေ၀လွင်ဟုတ်ပါတယ်..အဘွားကိုပြန်မပြော
ပြပါနဲ့လို့ လက်အုပ်ချီပြီးတောင်းပန်ပါသေးတယ်… အဲ့လူက လူစိတ်
မရှိတဲ့သူ… ညီမကိုလေ… သူ့ကိုနှ ုတ်ပိတ်ခပေးရမယ်တဲ့ … ညီမ
လည်းပေးမယ်ပေါ့… ဘယ်လောက်ပေးရမလဲမေးတော့… ဆယ်
သိန်းပေးရမယ်တဲ့… ဆယ်သိန်းတော့ညီမမှာမရှိဘူးလို့… သုံး
သိန်းတော့ပေးပါ့မယ်လို့ … ပြောတာမရဘူးအစ်ကိုရယ်….
အဲ့ဒါနဲ့ ညီမကို ရိုက်တာ… နင်ပေးမလား… ငါတစ်ရွာလုံးကို ပြော
လိုက်ရမလားဆိုပြီး… ညီမလည်း… စိတ်တိုလာတာနဲ့ အနားမှာ
ရှိတဲ့ … ပန်းအိုးနဲ့ ခေါင်းကိုရိုက်ပစ်လိုက်မိတယ်…သူ့ခေါင်းမှာသွေး
တွေအများကြီးထွက်လာတာ မြင်တော့… ကြောက်ပြီးအဲ့နေရာက
ထွက်ပြေးလာတာ… အစ်ကို့ဆိုင်ကယ်နဲ့ တိုက်မိတော့တာပါပဲ… ””

ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး တသိမ့်သိမ့် ငိုရှိုက်နေသော
သူမကို စိတ်မကောင်းစွာနှင့် ကိုသောင်းစိန်တစ်ယောက်ထွေး
ပွေ့ကာ ရင်ခွင်တွင်းသို့ ဆွဲသွင်းလိုက်မိတော့သည်….
သူမကလည်း ကိုသောင်းစိန်၏ ပုခုံးပေါ်မှီရင်း အားရပါးရ င်ိုရှိုက်
နေလေပြီ….
”” ညီမကြောင့် အစ်ကိုလည်း စိတ်ညစ်သွားရပြီ… မိုးတောင်လင်း
တော့မယ်…အစ်ကိုနားပါတော့နော်… အေးအေးဆေးဆေးအိပ်ပါ..
ညီမကိစ္စကို ခေါင်းထဲထည့်မနေပါနဲ့တော့နော်…. ””

”” အေးပါညီမရယ်… အစ်ကိုနားလိုက်ဦးမယ်…ညီမလည်းနား
တော့… ဟုတ်ပြီလား… ””
”” ဟုတ်… ””
မျက်ရည်များသုတ်ရင်း ခေါင်းလေးညိမ့်ပြကာ ပြုံးပြနေရှာသော
စွဲညို့ရှင် မိန်းကလေးကြောင့် ကိုသောင်းစိန်မှာ ရင်ဖို၍သွားမိ
တော့သည်… ထိုခဏလေးတွင် ဇနီးဖြစ်သူ မနှင်းအေးနှင့် သား
ဖြစ်သူကိုလည်း မေ့လျော့နေခဲ့ချေလေပြီ….

ကိုသောင်းစိန်အိပ်ပျော်နေရင်းမှ အသံကြားသဖြင့် လန့်နိုး၍လာခဲ့
ရသည်… သနပ်ခါးသွေးနေသံ … မနက်ငါးနာရီခန့်ဖြစ်၍ စိတ်ထဲ
မှလည်း ဝေ၀လွင် တစ်ယောက် အိပ်ယာနိုးနေချေပြီဟု တွေးလိုက်
မိတော့သည်…
သနပ်ခါးသွေးနေသံသည် တဖြည်းဖြည်းကျယ်၍လာနေသည်…
လူကလည်း ပင်ပန်းကာ အိပ်ရေးမ၀သဖြင့် မူးရိပ်ရိပ်….
ထိုစဉ်မှာပင် ပုပ်အဲအဲအနံ့အသက်က နှာခေါင်း၀တွင် မသတီချင်
စရာကောင်းလောက်အောင် ဝေ့ကနဲ ဝိုက်ကနဲ … ကိုသောင်းစိန်
တစ်ယောက် အသက်ရှုပင် ကြပ်လာရတော့သည်…

အနံ့သည် ဆိုးသထက် ဆိုးလာသည်မို့… ဆက်လက်၍ အိပ်စက်
မရနိုင်လာတော့ပေ… အိပ်ယာမှ အသာအယာထကာ …
ဝေ၀လွင်အခန်းဖက်သို့ လျှောက်လှမ်းသွားပြီး… ခန်းဆီးစကို
‘မ’ ကြည့်လိုက်ရာ….ဆိုးရွားသောအနံ့သည် ထိုအခန်းမှထွက်
လာသည်ကို သတိပြုမိလိုက်လေသည်…
အနံ့အသက်နှင့်အတူ ယင်မမည်းအုပ်ကြီးတစ်အုပ်က …
တဝီ..ဝီ .. ဖြင့် ထပျံသွားသေးသည်….
ထိုအနံ့ကို မသိလေဟန်…ဝေ၀လွင်သည် အခန်း၀ကိုကျောပေး
ကာ မှန်ရှေ့တွင် ထိုင်နေလေသည်… ကျောက်ပျဉ်ပေါ်တွင် သွေးထားသော သနပ်ခါးကိုလက်ဖြင့်အသာအယာယူရင်း သူမ၏ မျက်နှာကို
မလိမ်းပဲ သူမပေါင်ပေါ်မှ အရာတစ်ခုခုကို လိမ်းခြယ်၍နေသည်…

ကိုသောင်းစိန်လည်း ရုတ်တရက်ကြောင်အမ်းအမ်းဖြစ်သွားပြီး
အခန်းတွင်းသို့အနည်းငယ်တိုး၍ ၀င်ကာ မှန်ပြင်ပေါ်တွင်ပေါ်သော
အရာကို စူးစိုက်ကြည့်လိုက်စဉ်တွင်….
ကြည့်မှန်တွင် ဝေ၀လွင် ရှိမနေပဲ… အခန်းတွင်းရှိပစ္စည်းများသာ
မှန်ပေါ်တွင် ပေါ်နေတော့သည်…
အလွန်အံ့သြသွားမိ၍ ဝေ၀လွင်အား ကြည့်လိုက်ရာ …
ရုပ်ပျက်ဆင်းပျက်ဖြင့် ဆံပင်ဖားလျားချထားသော မိန်းမတစ်ယောက်
သည် ပေါင်ပေါ်တွင် ဝေ၀လွင်ခေါင်းပြတ်အားတင်၍ ထိုခေါင်းပြတ်အား သနပ်ခါးလိမ်းပေးရင်း ကိုသောင်းစိန်ဖက်လှည့်ကြည့်လာလေသည်…
ထိုပေါင်ပေါ်မှ ခေါင်းပြတ်မှ မျက်လုံးပွင့်လာပြီး…
”” အစ်ကို နိုးလာပြီလား … ””
အသံ မှာ ကြောက်ခမန်းလိလိ ဖြင့် ပြောလာ၍ ကိုသောင်းစိန်မှာ
အကြောက်လွန်ပြီး ဒူးတုန်ကာ ကြောင်အမ်းအမ်းဖြင့် ရပ်ကြည့်
နေမိသည်…
လူတစ်ကိုယ်လုံး တုန်ယင်လာပြီး သတိပြန်၀င်လာကာ ငယ်သံ
ပါအောင် အော်ရင်း အိမ်ပေါ်မှဆင်းပြေးလိုက်တော့သည်….

ကိုသောင်းစိန်၏ အော်သံကြောင့် ပတ်၀န်းကျင်မှ လူများစုရုံးလာ
ပြီး… မေးမြန်းကြရာ… ဖြစ်ကြောင်းကုန်စင်ပြောပြ၍ …
အိမ်နီးနားချင်းများက ဝေ၀လွင်၏ အိမ်ပေါ်သို့ တက်ကြည့်ကြ
လေသည်…
ထိုအခါမှ…. ဝေ၀လွင်အလောင်းအား အခန်းတွင်းတွင် …တွေ့ရှိ
ကြတော့သည်…ဝေ၀လွင်မှာ အခန်းတွင်းတွင် ခေါင်းပြတ်၍
သေဆုံးခဲ့ခြင်းပင်…
ရပ်ကွက်လူကြီးများနှင့် ရဲများရောက်လာကာ…အမှုကိုစစ်ဆေး
ကြတော့သည်….

သူမနာမည်သည် ဝေ၀လွင်မှာ မှန်ကန်ပြီး…
သူမသည် အပျော်မယ်တစ်ယောက်ဆိုသည်လည်း မှန်ကန်နေခဲ့
သည်… ကိုသောင်းစိန်အားပြောပြသည့် အဖြစ်သည်လည်း မှန်ကန်ပါသည်…
သို့သော် ထိုသူကြီးသား၏ ခေါင်းအား ပန်းအိုးဖြင့်ရိုက်ခဲ့ပြီး…
နောက်ပိုင်း… အကြောင်းအရာများကို ပြောမသွားခဲ့ပေ…
နောက်ပိုင်းဖြစ်ကြောင်းကုန်စင်မှာ….
လွန်ခဲ့သော သုံးရက်ခန့်ကဖြစ်သည်….
သူကြီးသားအား ပန်းအိုးဖြင့် ရိုက်နှက်ခဲ့ပြီး ထွက်ပြေးလာသော
ဝေ၀လွင်နောက်သို့ ခေါင်းမှသွေးအလိမ်းလိမ်းဖြင့် သူကြီးသား
သည် အနောက်မှထပ်ကြပ်မကွာ လိုက်လာခဲ့လေသည်…

ဝေ၀လွင် မှာသူမနောက်လိုက်ပါလာသည်ကို မသိရှိပဲ အိမ်သို့
သာတန်းတန်းမတ်မတ်ပြန်ပြေးလေရာ… ကိုသောင်းစိန်နှင့်
တိုက်မိသောနေရာတွင်… ကားတစ်စီးဖြင့်တိုက်မိမလို ဖြစ်ခဲ့
တော့သည်…ထိုကားသည် လှည့်မကြည့်ပဲဆက်မောင်းသွား
သဖြင့် ဝေ၀လွင်မှာ ခြေထောက်ဒဏ်ရာနှင့်ပင် အိမ်သို့ ပြန်
ခဲ့ရလေသည်… အိမ်ရှေ့သို့ရောက်သော် အနောက်မှလိုက်မှီလာ
သော သူကြီးသားမှ ဝေ၀လွင်အား ဆံပင်ဆောင့်ဆွဲကာ
ပါးစပ်အားလက်ဖြင့်ပိတ်ပြီး..အိမ်ပေါ်အတင်းတက်လာတော့သည်…
အိမ်ပေါ်သို့ရောက်သော် ဝေ၀လွင်အား လည်ပင်းညစ်ထား
တော့သည်…

ထို့နောက်ဝေ၀လွင်ပိုင်ဆိုင်သမျှ တောင်းရာ လည်ပင်းညစ်ထား
ဒဏ်ကြောင့် အသံပင်မထွက်နိုင်ရှာတော့ချေ…မပေး၍လည်ပင်း
ဆက်ညစ်ထားလေရာ ….လက်လွန်သွားပြီး ဝေ၀လွင်မှာ
မေ့မျောသွားတော့သည်… ဝေ၀လွင် မေ့မျောနေသည်ကို သေပြီ
အထင်နှင့် ထိုသူလည်းအလောင်းဖျောက်ပစ်ရန် အိမ်တံခါးကို
အသာပိတ်ပြီး လိုအပ်သည်များကို မြန်မြန် သွားရှာဖွေတော့
သည်… နေ့လည်လောက်တွင် လိုအပ်သည်များ ရှာ၀ယ်ကာ…
ည လူခြေတိတ်ချိန်တွင် ပြန်လာပြီး ဝေ၀လွင် အား အိတ်တွင်းသို့
ထည့့်ရာ ထည့်မရပဲရှိနေ၍ ပါလာသောဓါးဖြင့် ခေါင်းဖြတ်ပစ်လိုက်တော့သည်… ထိုအခါမှ အမှန်ပင် ဝေ၀လွင်သည် သေဆုံးသွားခဲ့ရတော့သည်…
ထိုအချိန်တွင် အိမ်ရှေ့မှ ခေါ်သံကြောင့် နားစွင့်နေရာ…
မညိုမှ လူတစ်ယောက်အား ဝေ၀လွင်ကို အခေါ်ခိုင်းခဲ့ခြင်းဖြစ်
သည်… သူကြီးသားလည်း အသံမထွက်ပဲ ငြိမ်နေကာ ၀င်လာ
လျှင် ဓါးဖြင့်ခုတ်ပစ်ရန်အသင့်ပြင်ထားသော်လည်း ထိုသူမှာ
ကံကောင်းစွာဖြင့် ခြံထဲ၀င်မလာချေ…ထို့နောက် လူမရှိဟု မှတ်
ထင်ကာ အိမ်ရှေ့တွင်ဖုန်းခေါ်ကာဖုန်းဆက်နေလေတော့သည်…

သူကြီးသားလည်း လူလာသဖြင့် အလောင်းဖျောက်ရန်အချိန်မမှီတော့သောကြောင့် သူ၏ပစ္စည်းများကို လျှင်မြန်စွာသိမ်းဆည်းပြီး
လက်ရာခြေရာဖျက်၍ အလောင်းအားထားခဲ့ပြီး ထိုသူထွက်သွား
သည်နှင့် ဝေ၀လွင်၏အိမ်မှ ထွက်ပြေးပုန်းရှောင်နေတော့သည်…
ထိုအဖြစ်အပျက်ကို ကိုသောင်းစိန်မှ မညို၏ဖောက်သည်ဖြစ်သူ
သတ်သည်ဟု စွပ်စွဲချက်အရ စုံစမ်းထောက်လှမ်းရင်း သူကြီးသား
ကို ဖမ်းဆီးရမိ၍ အမှုမှန်ပေါ်ပေါက်သွားခဲ့ရလေသည်…

ကိုသောင်းစိန်လည်း သူကြီးသားကိုဖမ်းမမိခင်ကာလတွင် ခံ၀န်
ချုပ်ဖြင့် ထိုမြို ့၌ ကြာလအတန်ကြာ အမှုရင်ဆိုင်ခဲ့ရတော့သည်…
အမှုမှန်ပေါ်ပေါက်ပြီးသည်နှင့် ကိုသောင်းစိန်သည် ထိုသွေးပျက်
ဖွယ်ကောင်းသောအဖြစ်အပျက်ကို မေ့မရနိုင်ပဲဖြစ်နေသောကြောင့်
ကားဂိတ်မှ အလုပ်ထွက်ကာ အိမ်မှာပင် ငူငူငိုင်ငိုင်ဖြင့် ငြိမ်ကုတ်
ကာသွားလေတော့သည်…
သူ၏ ဇနီးဖြစ်သူ မနှင်းအေးအားလည်း ယခင်လို မရိုက်နှက် မဆဲဆို
တော့ပေ…
ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် ဝေ၀လွင်ငှါးနေသောအိမ်သည်
ဖျက်ပစ်ကာ အသစ်ပြန်လည်ဆောက်လုပ်လိုက်ပြီး …
ထိုမြို ့ခံများနှင့် အခြားမြို ့မှ ကားသမားများသည် ကားကြီးကွင်း
နှင့် မနီးမဝေးတွင်ရှိသော အုံ့ဆိုင်းဆိုင်းသစ်ပင်များကို မနက်
သုံးနာရီ လေးနာရီခန့်တွင် ဖြတ်မောင်းမိတိုင်း မိန်းကလေးတစ်
ယောက် ပြေးထွက်လာကာ တိုက်မိမလို ဖြစ်သွားတတ်သည်ဟူ
၍လည်းကောင်း တိုက်မိသဖြင့် ကားရပ်ကာဆင်းကြည့်သော်လည်း
မည်သူမှမတွေ့ရကြောင်း ပြောစမှတ်တွင် ကျန်နေရစ်လေတော့
သည်……..

Zawgyi Version

” ညတစ္ည ”(စ-ဆုံး)
——————–

ရက္မွႏွစ္သို႔ ရာသီအလီလီ ကူးေျပာင္းသြားေသာ္လည္း ေမ့မရႏိုင္
သည့္အျဖစ္ကို … အေၾကာင္းတိုက္ဆိုင္တိုင္း ကိုေသာင္းစိန္
တစ္ေယာက္ ျပန္လည္ကာ ေတြးေတြးေနမိသည္…

မိမိဘ၀တြင္ ထိုကဲ့သို႔ ေသြးပ်က္ဖြယ္ေကာင္းေသာအခ်ိန္တစ္ခုအား
ေမ့ပစ္ဖို႔ရန္မလြယ္ကူရေသာအေၾကာင္းအရင္းကလည္းရွိခဲ့ေလ
သည္……
”” ဟူးးး….. ””
သက္ျပင္းေလးအသာခ်လိုက္ကာ… မီးညႇိထားေသာစီးကရက္ကို
တစ္ရႈိက္ဖြာလိုက္ေလသည္…

”” ကိုေသာင္းစိန္… ရွင့္မလဲ ေန႔ေန႔ည… ငူငူငိုင္ငိုင္နဲ႔…သားေကြၽးမႈ..
မယားေကြၽးမႈရွိေသးတယ္ဆိုတာလည္း.. ေမ့ေနဦးမယ္…
ကားမဆြဲေတာ့ဘူးဆိုၿပီး … တျခားအလုပ္ေလးမ်ား လုပ္မလား…
ေအာက္ေမ့တယ္… ခုေတာ့… က်ဳပ္ကခ်ည္းရွာေကြၽးေနရတာ…
ေတာ္မရွက္ဘူးလား… ””
မႏွင္းေအး၏ ျမည္တြန္ေတာက္တီးသံက ပ်ံ ့လႊင့္၍သာလာေသာ္
လည္း ကိုေသာင္းစိန္မွာမူ တုံဏိဘာေဝ ငိုင္ေနဆဲ….
”” ေျပာလည္းကြၽဲပါးေစာင္းတီးပါပဲေတာ္… ကဲ..ကဲ..
က်ဳပ္ အလုပ္သြားေတာ့မယ္… ထမင္းအိုးတည္ထား… ျပန္လာမွ
ေစ်း၀ယ္ျပန္ခဲ့မယ္… ””
မနက္ခင္းတိုင္းေရ႐ြတ္သံသည္ ကိုေသာင္းစိန္နားထဲတြင္ ႐ိုးအီေနေခ်ၿပီ…
မႏွင္းေအး မည္မွ်ပင္ ေျပာဆိုဆက္ဆံပါေစ..
ကိုေသာင္းစိန္မွာမူ… အင္းမလုပ္…အဲမလုပ္… ငုတ္တုတ္ထိုင္ေန
ဆဲ…ထိုင္ေနၿမဲက ေန႔စဥ္ပင္…

ယခင္ကဆိုလွ်င္ ကိုေသာင္းစိန္ကို ဇနီးျဖစ္သူ မႏွင္းေအးက အလြန္
ပင္ ေၾကာက္ရရွာေလသည္…ကိုေသာင္းစိန္ဟုဆိုလွ်င္ ကားသမား
ေလာကတြင္ မသိသူကခပ္ရွားရွားပင္…
စကားျပတ္ျပတ္ေျပာတတ္သူ… လူ႔ခြစာတစ္ေယာက္ျဖစ္ေသာ္
လည္း… အေပါင္းအသင္းဆိုလွ်င္ အလြန္ခင္မင္သူမို႔ ကိုေသာင္းစိန္
အား ခ်စ္ခင္ၾကေသာသူမ်ားရွိသကဲ့သို႔… လက္႐ုံးအားကိုးၿပီး
မိန္းမအေပၚတြင္ ႏွိပ္စက္တတ္သူဟူ၍ ေျပာစမွတ္ျပဳျခင္းခံရသူလည္း
ျဖစ္ေပသည္…

သို႔ေသာ္ ကိုေသာင္းစိန္ မည္မွ်ဆိုးဆိုး မႏွင္းေအးသည္ ေမတၱာ မျပယ္ …. ကိုေသာင္းစိန္အလုပ္မွ ျပန္လာၿပီဆိုလွ်င္… ပ်ာပ်ာသလဲ… ဆီးႀကိဳ ရွာသည္…
ကိုေသာင္းစိန္ စိတ္ၾကည္လွ်င္ အေၾကာင္းမဟုတ္ေသာ္လည္း….
စိတ္မၾကည္ေသာေန႔မ်ိဳးတြင္ မႏွင္းေအးမွာ ေနစရာမရွိေအာင္ အဆူ
အဆဲခံရ… ႐ိုက္ႏွက္ျခင္းခံရ ေတာ့သည္…

လင္ဆိုးမယား တဖားဖား ဟုဆိုရမလိုေအာင္ပင္ မႏွင္းေအးမွာ
လိုက္ဖက္လြန္းလွသည္…
ယခုအခါ မႏွင္းေအးမွာ အရပ္တကာလွည့္၍ အ၀တ္ေလွ်ာ္ၿပီး
အိမ္၏ စား၀တ္ေနေရးကို ထမ္းေနရျပန္ေခ်ၿပီ….
ထိုကဲ့သို႔ အေျခအေနမ်ိဳးမွ ေျပာင္းျပန္ျဖစ္ေနေသာ ယခုလိုအေျခအေနမ်ိဳး ကို သိကြၽမ္းထားသူမ်ားက အံ့ၾသဘနန္းျဖစ္ကုန္ၾကေခ်သည္..

ကိုေသာင္းစိန္သည္ ငယ္စဥ္ကတည္းက ကားေမာင္းကြၽမ္းက်င္
ေသာသူျဖစ္၍ မႏွင္းေအးႏွင့္ အိမ္ေထာင္က်ၿပီး သားတစ္ေယာက္
ရရွိခ်ိန္တြင္ ဟိုင္းေဝးကားကိုေမာင္းႏွင္ခြင့္ ရခဲ့ေလသည္…

လမ္းေၾကာင္းကြၽမ္းက်င္ျခင္း ကားေမာင္းကြၽမ္းက်င္ျခင္းတို႔ေၾကာင့္ ကိုေသာင္းစိန္သည္ ကားဆရာတစ္ေယာက္အျဖစ္ နာမည္ရလာခဲ့
ေတာ့သည္…

ကိုေသာင္းစိန္ေမာင္းေသာကားမွာ ညေန ေလးနာရီခြဲ တြင္ ကား
စထြက္ၿပီး … မနက္ သုံးနာရီတြင္ ( ….. ၿမိဳ ့ ) သို႔ဆိုက္ေရာက္ရ
သည္…ထိုၿမိဳ ့တြင္ပင္ တစ္ညအိပ္ကာ ေနာက္ရက္ညေနေလးနာရီခြဲ
ကားကို ျပန္လည္ ေမာင္းျပန္ရေလသည္…ဂိတ္ပိုင္ရွင္က ကိုေသာင္း
စိန္၏ ႐ိုးသားမႈ လူရင္းတစ္ေယာက္ျဖစ္မႈတို႔ေၾကာင့္ အျခားသူမ်ား
ႏွင့္မတူ အခြင့္အေရးေပးထားေလသည္…. ထိုဂိတ္တြင္ပင္ ေက်ာခ်
စရာအခန္းက်ဥ္းတစ္ခန္းဖြဲ႕၍ ကိုေသာင္းစိန္လာလွ်င္ နားရန္ထား
ေပးထားသည္… ထို႔ေၾကာင့္ က်န္ကားဆရာမ်ားက ကိုေသာင္းစိန္
အား အနည္းငယ္ မနာလို မရႈစိမ့္ၾကေပ….

တစ္ရက္တြင္ ကားဂိတ္သို႔ ကားဆိုက္ေရာက္ၿပီး မၾကာခင္မွာပင္
ေနာက္ထပ္၀င္လာသည့္ အျခားကားဂိတ္မွ Express ကား
သည္ မထိန္းႏိုင္ဘဲ ကိုေသာင္းစိန္တို႔ ဂိတ္အား၀င္တိုက္မိေတာ့
သည္…ကံေကာင္းေထာက္မစြာ လူတစ္ဦးတစ္ေလမွ မထိခိုက္
မိေခ်…သို႔ေသာ္ ကားဂိတ္အတြင္းတြင္ ပ်က္စီးသြား၍ ယခင္က
ကိုေသာင္းစိန္ ခဏတာ အိပ္စက္ေသာေနရာလည္း ဂိတ္အတြင္းမွ
ပစၥည္းမ်ား ယာယီခဏတာ စုပုံထားရေသာ အျဖစ္သို႔…
ေရာက္ရွိသြားေတာ့သည္..

ထိုကိစၥအား ဂိတ္မႉးအခ်င္းခ်င္း နားလည္စြာေျဖရွင္း၍ ျပႆ
နာၿပီးဆုံးသြားေသာ္လည္း ကားဂိတ္သည္ ျပန္လည္ျပင္ဆင္ရမည္
ျဖစ္သျဖင့္ ခါတိုင္းကဲ့သို႔ ဂိတ္တြင္ ကိုေသာင္းစိန္ အိပ္မရေတာ့ေပ… ကိုေသာင္းစိန္လည္း အသိကားသမား မ်ားၫႊန္ေပးေသာ
တည္းခိုခန္းသို႔ သြားတည္းရန္ အစျပဳ လာေတာ့သည္…

ဂိတ္မႉး ထံမွ ဆိုင္ကယ္ငွါးကာ ထိုတည္းခိုခန္းသို႔ ဦးတည္လိုက္
ေလသည္… မနက္သုံးနာရီခြဲ ေက်ာ္ခါစ… အလင္းေရာင္ပင္
မျမင္ရေသးေသာအခ်ိန္တြင္… တစ္ေယာက္တည္းဆိုင္ကယ္
ေမာင္းႏွင္လာခဲ့သည္… တစ္လမ္းလုံးပင္ပန္းထားသျဖင့္
မ်က္လုံးကို ဇြတ္အတင္းျပဴ းထားရေသာ္လည္း သတိမလြတ္ေစ
ရန္ ဂ႐ုစိုက္ကာ ေမာင္းႏွင္ေနရသည္…

သစ္ပင္မ်ား အုံ႔ဆိုင္းဆိုင္းႏွင့္ ေနရာတစ္ခုအေရာက္တြင္…
”’ ဝုန္း… ”’
”’ ဟ… သြားပါၿပီကြာ… ”’
ကိုေသာင္းစိန္၏ ဆိုင္ကယ္တည့္တည့္ကို တစ္စုံတစ္ဦးက သစ္ပင္
ကြယ္ရာမွေျပးထြက္လာဟန္ရွိသျဖင့္ ၀င္တိုက္မိျခင္းပင္…
အသံသည္ က်ယ္ေလာင္လြန္းေသာ္လည္း ကိုေသာင္းစိန္၏ဆိုင္
ကယ္မွာမူ ယိမ္းယ္ိုင္သြားသည္ ဆို႐ုံမွ်သာ…
ဆိုင္ကယ္မီးေရာင္ျဖင့္ ၾကည့္လိုက္ရာ မိန္းကေလးတစ္ေယာက္ လဲက်ေနသည္ကိုေတြ႕လိုက္ရေတာ့သည္…
ကိုေသာင္းစိန္လည္း ထိတ္လန္႔သြားၿပီး ဆိုင္ကယ္ေပၚမွ အျမန္ဆင္း
ကာ…
”’ ညီမေလး…. ေဟ့ ညီမ… ဘာျဖစ္သြားေသးလဲ… ”’
ထိုအခါ လဲက်ေနသူ မိန္းကေလးသည္ ညည္းတြားလာသံကိုၾကားရ
ေတာ့သည္…

”’ အားးး…လားး…လားး..ညီမေျခေထာက္ေခါက္သြားတယ္…
အစ္ကို … ညာဖက္လက္လည္း လႈပ္မရေတာ့ဘူး… ”’

”’ ဟာ … ဒုကၡပါပဲညီမေရ… ေဆး႐ုံသြားမလားအစ္ကိုလိုက္ပို႔ေပး
ပါ့မယ္… ”’

စကားသာေျပာေနရသည္ ထိုမိန္းကေလး၏ မ်က္ႏွာကို ယခုထိ
မေတြ႕ျမင္ရေသးေပ…ေခါင္းငုံ႔ထားသျဖင့္ မ်က္ႏွာေပၚသို႔ ဆံႏြယ္
မ်ားက ဖုံးအုပ္ကာေနသည္…

”’ ေနပါေစအစ္ကို… ညီမကိုအိမ္ပဲ လိုက္ပို႔ေပးပါလား… ”’

ထိုမိန္းကေလးမွာ အသံကခ်ိဳလြင္လြင္… လူျပတ္ေသာေနရာျဖစ္၍
မိန္းကေလးတစ္ေယာက္တည္း မတင့္တယ္ဟု ကိုေသာင္းစိန္ ေတြး
မိေနျပန္သည္…

”’ ကဲ… အစ္ကို ကူေပးမယ္… ျဖည္းျဖည္းခ်င္း ထရပ္ေနာ္ ညီမ… ”’

”’ ဟုတ္.. အစ္ကို… ”’

ကိုေသာင္းစိန္လည္း ျဖည္းျဖည္းခ်င္း တြဲကာ ထူေပးရင္း မတ္တပ္
ရပ္ႏိုင္ေသာအခါမွ ထိုမိန္းကေလး၏ သြင္ျပင္ကို ျမင္ရေတာ့သည္…
မိန္းကေလးမွာ အသားဝါညက္ညက္… မ်က္ႏွာဝိုင္းဝိုင္းႏွင့္ ဆံေက
သာကလည္း ခါးလယ္ေလာက္ထိရွည္လ်ားကာ ..က်စ္လ်စ္သြယ္
လ် စြာ လွပလြန္းေနသည္…
အသက္ ( ၂၅ )၀န္းက်င္ခန္႔သာ ရွိဦးမည့္ ထိုမိန္းကေလးကို…
ယခုလို အခ်ိန္တြင္ လမ္းေပၚ၌တစ္ေယာက္တည္းအေဖာ္မပါျဖစ္ေန
ျခင္းက ထူးဆန္း၍ ေနသည္…
ပရေလာကသားမ်ားလားဟု သံသယ၀င္မိေသာ္လည္း လဲထူရန္
ကူစဥ္မွာပင္ ေႏြးေထြးေသာအၿပဳံး ေၾကာင့္ သံသယသည္
ေပ်ာက္ကြယ္၍ သြားခဲ့ျပန္သည္…

႐ုတ္တရက္ ကိုေသာင္းစိန္သည္ ရင္ဖိုသလိုလိုပင္ ျဖစ္ေပၚ
လာေတာ့သည္… လူသူဟူ၍ မေတြ႕ရေသာအခ်ိန္ … အေမွာင္ယံ
မကုန္ဆုံးေသးေသာအခ်ိန္တြင္ ယခုကဲ့သို႔ မိန္းမေခ်ာမ်ိဳးႏွင့္ ႏွစ္
ေယာက္တည္း ရွိေနသည္မွာ ႐ုပ္ရွင္ဇာတ္လမ္းကဲ့သို႔ပင္ မွတ္ထင္
ခ်င္စရာ….

မည္သည့္အေၾကာင္းရင္းေၾကာင့္ တစ္ေယာက္တည္းျဖစ္ေနသည္
ကို စဥ္းစားၾကည့္ရင္း စကားစျမည္ေမးျမန္းၾကည့္ေတာ့သည္….

”” ညီမရယ္… ဒီလိုအခ်ိန္ ဘာလို႔တစ္ေယာက္တည္း အျပင္ထြက္
တာလဲ… လူရမ္းကားေတြနဲ႔ ေတြ႕မွာ မေၾကာက္ဘူးလားဟင္… ””
ကိုေသာင္းစိန္၏ အေမးက္ို ဒဏ္ရာျဖင့္ နာက်င္သည့္ၾကားမွ
မ်က္၀န္းလဲ့လဲ့ျဖင့္ ျပန္ၾကည့္ရင္း ေခါင္းကိုသာ အသာအယာငုံ႔
ပစ္လိုက္ေသာ မိန္းကေလးေၾကာင့္ ရင္ေမာသြားသလိုလို …
ကိုေသာင္းစိန္တစ္ေယာက္ ခံစားလိုက္ရေတာ့သည္…

”” အေရးႀကီးကိစၥေလးရွိလို႔ အရဲစြန္႔ၿပီး ထြက္လာတာပါအစ္ကို… ””
ခ်ိဳလြင္လြင္အသံေလးျဖင့္ မဝံ့မရဲေျဖသံေၾကာင့္ ေခတၱခဏ ဆြံ႕အ
သြားသလိုလိုပင္…..
”” ကဲ..ဟုတ္ပါၿပီညီမရယ္…အခုေတာ္ေတာ္နာသြားလား…
ေဆး႐ုံမသြားလို႔ရတာေသခ်ာလားညီမ… ””
”” ဟုတ္ကဲ့ေသခ်ာပါတယ္… တအားႀကီးမဆိုးပါဘူး… ””
”” ဒါဆို ညီမအိမ္လိုက္ပို႔ေပးမယ္… ဘယ္ေနရာပို႔ရမလဲ… ””
”” ဟိုဖက္ တစ္လမ္းေက်ာ္ေလးေရာက္ရင္ ဘယ္ဖက္ကိုခ်ိဳးၿပီး…
အထဲနဲနဲ၀င္လိုက္ရင္ေရာက္ပါၿပီအစ္ကို…. ””
”” ေအာ္… ေအ..ေအ… အစ္ကိုလိုက္ပို႔ေပးမယ္… ဆိုင္ကယ္ေပၚ
တက္လို႔ရလားညီမ… ””
”” ဟုတ္… ရပါတယ္… ””

ေျခေထာက္ေထာ့နဲ႔ေထာ့နဲ႔ျဖင့္ ႀကိဳးစားကာ ဆိုင္ကယ္ေပၚသို႔
တက္ထိုင္၍ သူမ၏ အိမ္ကို လမ္းၫႊန္ျပရင္း လိုက္ပါလာခဲ့ေတာ့
သည္…

”” အစ္ကိုေၾကာင့္ျဖစ္ရတာဆိုေတာ့… စိတ္လည္းမေကာင္းဘူး…
အစ္ကို႔ဖုန္းနံပါတ္ယူထားေနာ္… တစ္ခုခုျဖစ္တယ္ဆိုဖုန္းဆက္
လိုက္ေပါ့… ေဆးကုသစရိတ္ေပးပါ့မယ္ညီမ… ””

”” အစ္ကို႔ေၾကာင့္လည္းမဟုတ္ပါဘူး…ညီမကေလာႀကီးၿပီး လမ္း
ကူးလို႔ပါအစ္ကိုရဲ႕… ””
ခဏတာ ေတြ႕ဆုံမႈတြင္ပင္ တစ္ေယာက္ႏွင့္တစ္ေယာက္ရင္းႏွီးကြၽမ္း
၀င္သြားခဲ့ေတာ့သည္…

”” ဒါနဲ႔ အစ္ကိုက… ဘယ္ကိုသြားတာလဲ… ””
”” ေအာ္… အစ္ကိုက တည္းခိုခန္းလိုက္ရွာေနတာ… တစ္မ်ိဳးမထင္
နဲ႔ေနာ္… အစ္ကိုက ကားသမားေလ…ခုနမွကား၀င္လာတာ…
ဂိတ္မွာလည္းတည္းလို႔မရေတာ့လို႔… တည္းဖို႔နားဖို႔ေပါ့ညီမရာ…
မနက္ျဖန္ညကားျပန္ေမာင္းရဦးမွာဆိုေတာ့… အိပ္ေရး၀မွအဆင္
ေျပတယ္… ””

”” ဟုတ္ကဲ့… ဟိုေလ… တကယ္လို႔ တည္းဖို႔အဆင္မေျပရင္ ညီမ
အိမ္မွာတစ္ညေတာ့တည္းလို႔ရပါတယ္… ””
”” ဟာ… မလုပ္ပါနဲ႔ညီမရာ…အားနာစရာႀကီး… ””
”” အို…အစ္ကိုကလည္း… အားမနာပါနဲ႔ … အခုလိုအစ္ကို႔လို
လူေကာင္းတစ္ေယာက္နဲ႔ေတြ႕ရတာပဲ ေက်းဇူးတင္ေနပါၿပီ… ””

ကိုေသာင္းစိန္မွာ ကမ္းလွမ္းလာသည္ကို မျငင္းဆန္လိုေသာ္
လည္း ယခုမွေတြ႕ဆုံဖူးေသာ မိန္းကေလးကိုအားနာသည္က
တစ္ေၾကာင္း… ထိုမိန္းကေလး၏ မိဘမ်ားကတစ္မ်ိဳးတစ္ျမည္
ေတြးကာ စိတ္ပူပန္ေနမည္စိုးသည္ကတစ္ေၾကာင္း… မိမိလို
အိမ္ေထာင္သည္အတြက္မသင့္ေတာ္ဟူ၍ တြက္ဆသည္ကတစ္
ေၾကာင္း… အေၾကာင္းေၾကာင္းေၾကာင့္ ျငင္းဆန္လိုက္ေတာ့
သည္….

”” ဟိုေရွ႕နားကအိမ္ပဲအစ္ကို… ””
ထိုမိန္းကေလး လက္ညိဳးၫႊန္ျပရာ တစ္ထပ္ပ်ဥ္ေထာင္အိမ္ေလး
ေရွ႕တြင္ ဆိုင္ကယ္ရပ္လိုက္ၿပီး…
”” ကဲ… ညီမ… အိမ္ကလူေတြကိုေခၚလိုက္ေလ… အစ္ကိုလည္း
အက်ိဳးအေၾကာင္းရွင္းျပေပးရတာေပါ့… ””
”” အိမ္မွာညီမတစ္ေယာက္တည္းေနတာ… အစ္ကိုလည္းအိမ္ထဲ
၀င္ေလ… ဒီတစ္ညေတာ့ တည္းသြားပါအစ္ကိုရဲ႕… ဒီအခ်ိန္ တည္း
ခိုခန္းလည္းရွာရခက္လိမ့္မယ္… ””
”” ဟာ… မဟုတ္တာညီမရယ္…ေန… ””
”” ဘာမွမျဖစ္ဘူး…အစ္ကို႔ကိုယုံတယ္…လာ…လာ.. အိမ္ထဲ၀င္ပါ
အစ္ကိုရဲ႕… ””

မိန္းမေခ်ာေလးသည္ ကိုေသာင္းစိန္ကို ဖိတ္ေခၚေနေခ်ၿပီ…
နဂိုကပင္ ပင္ပန္းလြန္းသျဖင့္ အနားယူခ်င္ေနၿပီျဖစ္ေသာ…
ကိုေသာင္းစိန္မွာ… ၾကာၾကာမျငင္းဆန္ႏိုင္ေတာ့ေပ….

”” ညီမ… အစ္ကို႔ကိုေတာ့ယုံပါ…ညီမကို လက္ဖ်ားနဲ႔ေတာင္…
မတို႔မထိေစရပါဘူး…. ””
ကိုေသာင္းစိန္စကားကို သေဘာက်သလို မိန္းကေလးက…
ရယ္သံသဲ့သဲ့ထြက္လာသည္…
”” ဟုတ္ပါၿပီ..အစ္ကိုရယ္… ကဲ အိမ္ထဲ၀င္ပါရွင္…. ””

ကိုေသာင္းစိန္လည္း အိမ္ထဲသို႔ ဆိုင္ကယ္သြင္းကာ… ထိုအိမ္၌
တစ္ညတာ တည္းခိုေတာ့မည္ဟု စိတ္ပိုင္းျဖတ္လိုက္ပါေတာ့သည္…
အိမ္ထဲသို႔ ၀င္လိုက္စဥ္ ပုပ္အဲအဲ အနံ႔အသက္တစ္ခုကို ရလိုက္ေသာ္
လည္း မၾကာမွီပင္ ထိုအနံ႔သည္ ေပ်ာက္ကြယ္၍ သြားေတာ့သည္…
ကိုေသာင္းစိန္လည္း ထိုအနံ႔အေၾကာင္းကို ေတြးမေနေတာ့ပဲ
ထိုမိန္းကေလးက အိမ္ေရွ႕ဧည့္ခန္းတြင္ အိပ္ယာျပင္ဆင္ေပးေန
သည္ကို ၾကည့္ရင္း…..
”” ဒါနဲ႔ ညီမ နာမည္က … ””
”” ေဝ၀လြင္ ပါအစ္ကို…””
”” ေအာ္… အစ္ကို႔နာမည္လည္းမွတ္ထားညီမ…
ကိုေသာင္းစိန္တဲ့… ””
”” ဟုတ္ကဲ့… ””
ေဝ၀လြင္ ဆိုေသာ မိန္းကေလးသည္ ေဖာ္ေ႐ြကာ သြက္လက္ပုံရ
ေလသည္…သူမ၏ အၿပဳံးတစ္ခ်က္ေၾကာင့္ စိတ္မ်ားမေလလႊင့္သြား
ေစရန္ ကိုေသာင္းစိန္မွာ အေတာ္ထိန္းခ်ဳပ္ထားရေတာ့သည္…

”” ညီမက တစ္ေယာက္တည္းလည္းေနတယ္…ဒီအခ်ိန္ႀကီးဘယ္
ကျပန္လာတာတုန္း..ငါ့ညီမရဲ႕… ””

ကိုေသာင္းစိန္အေမးကို ရီေဝ၀ျဖင့္ ျပန္လည္ၾကည့္လိုက္ၿပီး မ်က္ႏွာ
တစ္ခ်က္ညိဳးႏြမ္းသြားေတာ့သည္… ၿပီးေနာက္ အားတင္းကာၿပဳံးျပ
ရွာရင္း….
”” ညီမကိုလည္း တစ္မ်ိဳးမထင္ပါနဲ႔ အစ္ကို… အမွန္ေတာ့ညီမက…
ညီမက… မိန္းမပ်က္ပါအစ္ကိုရယ္… အဟင့္…ဟင့္… ””
ေျပာေျပာဆိုဆို ပါးျပင္ေပၚသို႔ မ်က္ရည္မ်ားစီးက်လာကာ ငိုရႈိက္ေန
သျဖင့္ ကိုေသာင္းစိန္လည္း စိတ္မေကာင္းျဖစ္သြားခဲ့ရေတာ့သည္…

”” ညီမတို႔လို မိန္းကေလးေတြကို အုပ္ထိန္းတဲ့ အစ္မႀကီးရွိတယ္…
သူ႔နာမည္က… မညိဳ တဲ့… မေန႔ညေနေလာက္က မညိဳက ညီမကို
အေခၚခိုင္းတယ္အစ္ကို… ေဖာက္သည္အသစ္ရလို႔တဲ့… ညီမက
အသုံးေတာ္ခံရမယ္ေပါ့ေလ… ခါတိုင္းဆိုညီမ မျငင္းပါဘူး…
မေန႔က ညီမရင္ထဲေနလို႔မေကာင္း ျဖစ္ေနလို႔ … မသြားပါရေစနဲ႔..
ေတာင္းပန္တာ… မရတဲ့အျပင္ ညီမကို ပါး႐ိုက္တာ ႏွစ္ခ်က္ သုံး
ခ်က္ေတာင္အစ္ကိုရဲ႕… အဲ့ဒါနဲ႔ပဲ ညီမလည္း အားတင္းၿပီးသြား
လိုက္ေတာ့… ေဖာက္သည္အသစ္ဆိုတဲ့သူက … ညီမတို႔႐ြာက …
သူႀကီးသားျဖစ္ေနတယ္ေလ… ””

ေျပာရင္း ေမာသြားသည့္ပုံပင္ က်ေနေသာမ်က္ရည္ကို တစ္ခ်က္
သုတ္လိုက္ၿပီး….
”” သူကေတာ့ ညီမကို မွတ္မိပုံမရပါဘူး… ညီမကေတာ့မွတ္မိေန
ေတာ့.. ဆက္မေနခ်င္ေတာ့ဘူး… ဒါေပမယ့္ သူေက်နပ္ေအာင္ေတာ့
ေနေပးခဲ့ရတာေပါ့… ၾကာလာေတာ့ သူညီမကို မွတ္မိသြားတယ္
္အစ္ကို… နင္ေဝ၀လြင္ မဟုတ္လားဆိုၿပီးေမးတယ္…
ညီမလည္း ေတာ္ေတာ္လန္႔သြားမိတယ္… ညီမမွာက မိဘမရွိေတာ့
အဘြားဆီမွာပဲ ေနခဲ့ရတာေလ… အဘြားကဆင္းရဲတယ္…
႐ြာမွာ အလုပ္အကိုင္မေကာင္းေတာ့ ၿမိဳ႕တက္လာၿပီးအလုပ္လုပ္
ရင္း ဒီမေကာင္းတဲ့အလုပ္ကို စိတ္မပါပဲလုပ္ခဲ့ရတယ္အစ္ကို…
ပိုက္ဆံေခ်ာင္ေခ်ာင္လည္လည္ရတာလည္း ဒီအလုပ္ပဲရွိတာေလ…
ရတဲ့ပိုက္ဆံကို ႐ြာကအဘြားကိုပို႔ေပးတယ္… အိမ္လည္းျပင္ေဆာက္
လို႔ၿပီးၿပီ… ညီမဒီအလုပ္လုပ္တာ အဘြားကိုျပန္ေျပာမွာ တအား
ေၾကာက္မိတယ္… အဘြားသိရင္ တခါတည္း စိတ္ထိခိုက္ၿပီးလဲ
သြားမွာ…အစ္ကိုရဲ႕… အဟင့္… ဟီးး.. ဟီးး… ””

ေျပာေနရင္း အားရေအာင္ ငိုခ်လိုက္ေသာ ေဝ၀လြင္အား
စိတ္မေကာင္းစြာၾကည့္ရင္း ကိုေသာင္းစိန္ တစ္ေယာက္ အသနား
ပိုလာခဲ့ေတာ့သည္…
”” စိတ္မေကာင္းမျဖစ္ပါနဲ႔ညီမရယ္…ဘ၀ဆိုတာ ဒီလိုပါပဲကြာ…
ကဲ..တိတ္…တိတ္… ””

”” ညီမအျဖစ္က ဆိုးလြန္းပါတယ္အစ္ကို… အဲ့ဒါနဲ႔ ညီမလည္းအတင္း
ဇြတ္ျငင္းပစ္လိုက္တယ္ေလ… မဟုတ္ပါဘူးဆိုၿပီးေတာ့… သူက…
နင္ေဝ၀လြင္မွေဝ၀လြင္ အစစ္.. ငါ့ကိုလာလိမ္မေနနဲ႔ … ႐ြာေရာက္
ရင္ နင့္အဘြားဆီ အကုန္ျပန္ေျပာပလိုက္မယ္ ငါ့ကိုဘာမွတ္ေနလဲ…
ဆိုၿပီး ညီမဆံပင္ကိုေဆာင့္ဆြဲပစ္တယ္အစ္ကို… ညီမလည္းခုမွေတာ့
မထူးေတာ့ဘူးေလ… ေဝ၀လြင္ဟုတ္ပါတယ္..အဘြားကိုျပန္မေျပာ
ျပပါနဲ႔လို႔ လက္အုပ္ခ်ီၿပီးေတာင္းပန္ပါေသးတယ္… အဲ့လူက လူစိတ္
မရွိတဲ့သူ… ညီမကိုေလ… သူ႔ကိုႏွ ုတ္ပိတ္ခေပးရမယ္တဲ့ … ညီမ
လည္းေပးမယ္ေပါ့… ဘယ္ေလာက္ေပးရမလဲေမးေတာ့… ဆယ္
သိန္းေပးရမယ္တဲ့… ဆယ္သိန္းေတာ့ညီမမွာမရွိဘူးလို႔… သုံး
သိန္းေတာ့ေပးပါ့မယ္လို႔ … ေျပာတာမရဘူးအစ္ကိုရယ္….
အဲ့ဒါနဲ႔ ညီမကို ႐ိုက္တာ… နင္ေပးမလား… ငါတစ္႐ြာလုံးကို ေျပာ
လိုက္ရမလားဆိုၿပီး… ညီမလည္း… စိတ္တိုလာတာနဲ႔ အနားမွာ
ရွိတဲ့ … ပန္းအိုးနဲ႔ ေခါင္းကို႐ိုက္ပစ္လိုက္မိတယ္…သူ႔ေခါင္းမွာေသြး
ေတြအမ်ားႀကီးထြက္လာတာ ျမင္ေတာ့… ေၾကာက္ၿပီးအဲ့ေနရာက
ထြက္ေျပးလာတာ… အစ္ကို႔ဆိုင္ကယ္နဲ႔ တိုက္မိေတာ့တာပါပဲ… ””

ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပၿပီး တသိမ့္သိမ့္ ငိုရႈိက္ေနေသာ
သူမကို စိတ္မေကာင္းစြာႏွင့္ ကိုေသာင္းစိန္တစ္ေယာက္ေထြး
ေပြ႕ကာ ရင္ခြင္တြင္းသို႔ ဆြဲသြင္းလိုက္မိေတာ့သည္….
သူမကလည္း ကိုေသာင္းစိန္၏ ပုခုံးေပၚမွီရင္း အားရပါးရ င္ိုရႈိက္
ေနေလၿပီ….
”” ညီမေၾကာင့္ အစ္ကိုလည္း စိတ္ညစ္သြားရၿပီ… မိုးေတာင္လင္း
ေတာ့မယ္…အစ္ကိုနားပါေတာ့ေနာ္… ေအးေအးေဆးေဆးအိပ္ပါ..
ညီမကိစၥကို ေခါင္းထဲထည့္မေနပါနဲ႔ေတာ့ေနာ္…. ””

”” ေအးပါညီမရယ္… အစ္ကိုနားလိုက္ဦးမယ္…ညီမလည္းနား
ေတာ့… ဟုတ္ၿပီလား… ””
”” ဟုတ္… ””
မ်က္ရည္မ်ားသုတ္ရင္း ေခါင္းေလးညိမ့္ျပကာ ၿပဳံးျပေနရွာေသာ
စြဲညိဳ႕ရွင္ မိန္းကေလးေၾကာင့္ ကိုေသာင္းစိန္မွာ ရင္ဖို၍သြားမိ
ေတာ့သည္… ထိုခဏေလးတြင္ ဇနီးျဖစ္သူ မႏွင္းေအးႏွင့္ သား
ျဖစ္သူကိုလည္း ေမ့ေလ်ာ့ေနခဲ့ေခ်ေလၿပီ….

ကိုေသာင္းစိန္အိပ္ေပ်ာ္ေနရင္းမွ အသံၾကားသျဖင့္ လန္႔ႏိုး၍လာခဲ့
ရသည္… သနပ္ခါးေသြးေနသံ … မနက္ငါးနာရီခန္႔ျဖစ္၍ စိတ္ထဲ
မွလည္း ေဝ၀လြင္ တစ္ေယာက္ အိပ္ယာႏိုးေနေခ်ၿပီဟု ေတြးလိုက္
မိေတာ့သည္…
သနပ္ခါးေသြးေနသံသည္ တျဖည္းျဖည္းက်ယ္၍လာေနသည္…
လူကလည္း ပင္ပန္းကာ အိပ္ေရးမ၀သျဖင့္ မူးရိပ္ရိပ္….
ထိုစဥ္မွာပင္ ပုပ္အဲအဲအနံ႔အသက္က ႏွာေခါင္း၀တြင္ မသတီခ်င္
စရာေကာင္းေလာက္ေအာင္ ေဝ့ကနဲ ဝိုက္ကနဲ … ကိုေသာင္းစိန္
တစ္ေယာက္ အသက္ရႈပင္ ၾကပ္လာရေတာ့သည္…

အနံ႔သည္ ဆိုးသထက္ ဆိုးလာသည္မို႔… ဆက္လက္၍ အိပ္စက္
မရႏိုင္လာေတာ့ေပ… အိပ္ယာမွ အသာအယာထကာ …
ေဝ၀လြင္အခန္းဖက္သို႔ ေလွ်ာက္လွမ္းသြားၿပီး… ခန္းဆီးစကို
‘မ’ ၾကည့္လိုက္ရာ….ဆိုး႐ြားေသာအနံ႔သည္ ထိုအခန္းမွထြက္
လာသည္ကို သတိျပဳမိလိုက္ေလသည္…
အနံ႔အသက္ႏွင့္အတူ ယင္မမည္းအုပ္ႀကီးတစ္အုပ္က …
တဝီ..ဝီ .. ျဖင့္ ထပ်ံသြားေသးသည္….
ထိုအနံ႔ကို မသိေလဟန္…ေဝ၀လြင္သည္ အခန္း၀ကိုေက်ာေပး
ကာ မွန္ေရွ႕တြင္ ထိုင္ေနေလသည္… ေက်ာက္ပ်ဥ္ေပၚတြင္ ေသြးထားေသာ သနပ္ခါးကိုလက္ျဖင့္အသာအယာယူရင္း သူမ၏ မ်က္ႏွာကို
မလိမ္းပဲ သူမေပါင္ေပၚမွ အရာတစ္ခုခုကို လိမ္းျခယ္၍ေနသည္…

ကိုေသာင္းစိန္လည္း ႐ုတ္တရက္ေၾကာင္အမ္းအမ္းျဖစ္သြားၿပီး
အခန္းတြင္းသို႔အနည္းငယ္တိုး၍ ၀င္ကာ မွန္ျပင္ေပၚတြင္ေပၚေသာ
အရာကို စူးစိုက္ၾကည့္လိုက္စဥ္တြင္….
ၾကည့္မွန္တြင္ ေဝ၀လြင္ ရွိမေနပဲ… အခန္းတြင္းရွိပစၥည္းမ်ားသာ
မွန္ေပၚတြင္ ေပၚေနေတာ့သည္…
အလြန္အံ့ၾသသြားမိ၍ ေဝ၀လြင္အား ၾကည့္လိုက္ရာ …
႐ုပ္ပ်က္ဆင္းပ်က္ျဖင့္ ဆံပင္ဖားလ်ားခ်ထားေသာ မိန္းမတစ္ေယာက္
သည္ ေပါင္ေပၚတြင္ ေဝ၀လြင္ေခါင္းျပတ္အားတင္၍ ထိုေခါင္းျပတ္အား သနပ္ခါးလိမ္းေပးရင္း ကိုေသာင္းစိန္ဖက္လွည့္ၾကည့္လာေလသည္…
ထိုေပါင္ေပၚမွ ေခါင္းျပတ္မွ မ်က္လုံးပြင့္လာၿပီး…
”” အစ္ကို ႏိုးလာၿပီလား … ””
အသံ မွာ ေၾကာက္ခမန္းလိလိ ျဖင့္ ေျပာလာ၍ ကိုေသာင္းစိန္မွာ
အေၾကာက္လြန္ၿပီး ဒူးတုန္ကာ ေၾကာင္အမ္းအမ္းျဖင့္ ရပ္ၾကည့္
ေနမိသည္…
လူတစ္ကိုယ္လုံး တုန္ယင္လာၿပီး သတိျပန္၀င္လာကာ ငယ္သံ
ပါေအာင္ ေအာ္ရင္း အိမ္ေပၚမွဆင္းေျပးလိုက္ေတာ့သည္….

ကိုေသာင္းစိန္၏ ေအာ္သံေၾကာင့္ ပတ္၀န္းက်င္မွ လူမ်ားစု႐ုံးလာ
ၿပီး… ေမးျမန္းၾကရာ… ျဖစ္ေၾကာင္းကုန္စင္ေျပာျပ၍ …
အိမ္နီးနားခ်င္းမ်ားက ေဝ၀လြင္၏ အိမ္ေပၚသို႔ တက္ၾကည့္ၾက
ေလသည္…
ထိုအခါမွ…. ေဝ၀လြင္အေလာင္းအား အခန္းတြင္းတြင္ …ေတြ႕ရွိ
ၾကေတာ့သည္…ေဝ၀လြင္မွာ အခန္းတြင္းတြင္ ေခါင္းျပတ္၍
ေသဆုံးခဲ့ျခင္းပင္…
ရပ္ကြက္လူႀကီးမ်ားႏွင့္ ရဲမ်ားေရာက္လာကာ…အမႈကိုစစ္ေဆး
ၾကေတာ့သည္….

သူမနာမည္သည္ ေဝ၀လြင္မွာ မွန္ကန္ၿပီး…
သူမသည္ အေပ်ာ္မယ္တစ္ေယာက္ဆိုသည္လည္း မွန္ကန္ေနခဲ့
သည္… ကိုေသာင္းစိန္အားေျပာျပသည့္ အျဖစ္သည္လည္း မွန္ကန္ပါသည္…
သို႔ေသာ္ ထိုသူႀကီးသား၏ ေခါင္းအား ပန္းအိုးျဖင့္႐ိုက္ခဲ့ၿပီး…
ေနာက္ပိုင္း… အေၾကာင္းအရာမ်ားကို ေျပာမသြားခဲ့ေပ…
ေနာက္ပိုင္းျဖစ္ေၾကာင္းကုန္စင္မွာ….
လြန္ခဲ့ေသာ သုံးရက္ခန္႔ကျဖစ္သည္….
သူႀကီးသားအား ပန္းအိုးျဖင့္ ႐ိုက္ႏွက္ခဲ့ၿပီး ထြက္ေျပးလာေသာ
ေဝ၀လြင္ေနာက္သို႔ ေခါင္းမွေသြးအလိမ္းလိမ္းျဖင့္ သူႀကီးသား
သည္ အေနာက္မွထပ္ၾကပ္မကြာ လိုက္လာခဲ့ေလသည္…

ေဝ၀လြင္ မွာသူမေနာက္လိုက္ပါလာသည္ကို မသိရွိပဲ အိမ္သို႔
သာတန္းတန္းမတ္မတ္ျပန္ေျပးေလရာ… ကိုေသာင္းစိန္ႏွင့္
တိုက္မိေသာေနရာတြင္… ကားတစ္စီးျဖင့္တိုက္မိမလို ျဖစ္ခဲ့
ေတာ့သည္…ထိုကားသည္ လွည့္မၾကည့္ပဲဆက္ေမာင္းသြား
သျဖင့္ ေဝ၀လြင္မွာ ေျခေထာက္ဒဏ္ရာႏွင့္ပင္ အိမ္သို႔ ျပန္
ခဲ့ရေလသည္… အိမ္ေရွ႕သို႔ေရာက္ေသာ္ အေနာက္မွလိုက္မွီလာ
ေသာ သူႀကီးသားမွ ေဝ၀လြင္အား ဆံပင္ေဆာင့္ဆြဲကာ
ပါးစပ္အားလက္ျဖင့္ပိတ္ၿပီး..အိမ္ေပၚအတင္းတက္လာေတာ့သည္…
အိမ္ေပၚသို႔ေရာက္ေသာ္ ေဝ၀လြင္အား လည္ပင္းညစ္ထား
ေတာ့သည္…

ထို႔ေနာက္ေဝ၀လြင္ပိုင္ဆိုင္သမွ် ေတာင္းရာ လည္ပင္းညစ္ထား
ဒဏ္ေၾကာင့္ အသံပင္မထြက္ႏိုင္ရွာေတာ့ေခ်…မေပး၍လည္ပင္း
ဆက္ညစ္ထားေလရာ ….လက္လြန္သြားၿပီး ေဝ၀လြင္မွာ
ေမ့ေမ်ာသြားေတာ့သည္… ေဝ၀လြင္ ေမ့ေမ်ာေနသည္ကို ေသၿပီ
အထင္ႏွင့္ ထိုသူလည္းအေလာင္းေဖ်ာက္ပစ္ရန္ အိမ္တံခါးကို
အသာပိတ္ၿပီး လိုအပ္သည္မ်ားကို ျမန္ျမန္ သြားရွာေဖြေတာ့
သည္… ေန႔လည္ေလာက္တြင္ လိုအပ္သည္မ်ား ရွာ၀ယ္ကာ…
ည လူေျခတိတ္ခ်ိန္တြင္ ျပန္လာၿပီး ေဝ၀လြင္ အား အိတ္တြင္းသို႔
ထည့့္ရာ ထည့္မရပဲရွိေန၍ ပါလာေသာဓါးျဖင့္ ေခါင္းျဖတ္ပစ္လိုက္ေတာ့သည္… ထိုအခါမွ အမွန္ပင္ ေဝ၀လြင္သည္ ေသဆုံးသြားခဲ့ရေတာ့သည္…
ထိုအခ်ိန္တြင္ အိမ္ေရွ႕မွ ေခၚသံေၾကာင့္ နားစြင့္ေနရာ…
မညိဳမွ လူတစ္ေယာက္အား ေဝ၀လြင္ကို အေခၚခိုင္းခဲ့ျခင္းျဖစ္
သည္… သူႀကီးသားလည္း အသံမထြက္ပဲ ၿငိမ္ေနကာ ၀င္လာ
လွ်င္ ဓါးျဖင့္ခုတ္ပစ္ရန္အသင့္ျပင္ထားေသာ္လည္း ထိုသူမွာ
ကံေကာင္းစြာျဖင့္ ၿခံထဲ၀င္မလာေခ်…ထို႔ေနာက္ လူမရွိဟု မွတ္
ထင္ကာ အိမ္ေရွ႕တြင္ဖုန္းေခၚကာဖုန္းဆက္ေနေလေတာ့သည္…

သူႀကီးသားလည္း လူလာသျဖင့္ အေလာင္းေဖ်ာက္ရန္အခ်ိန္မမွီေတာ့ေသာေၾကာင့္ သူ၏ပစၥည္းမ်ားကို လွ်င္ျမန္စြာသိမ္းဆည္းၿပီး
လက္ရာေျခရာဖ်က္၍ အေလာင္းအားထားခဲ့ၿပီး ထိုသူထြက္သြား
သည္ႏွင့္ ေဝ၀လြင္၏အိမ္မွ ထြက္ေျပးပုန္းေရွာင္ေနေတာ့သည္…
ထိုအျဖစ္အပ်က္ကို ကိုေသာင္းစိန္မွ မညိဳ၏ေဖာက္သည္ျဖစ္သူ
သတ္သည္ဟု စြပ္စြဲခ်က္အရ စုံစမ္းေထာက္လွမ္းရင္း သူႀကီးသား
ကို ဖမ္းဆီးရမိ၍ အမႈမွန္ေပၚေပါက္သြားခဲ့ရေလသည္…

ကိုေသာင္းစိန္လည္း သူႀကီးသားကိုဖမ္းမမိခင္ကာလတြင္ ခံ၀န္
ခ်ဳပ္ျဖင့္ ထိုၿမိဳ ့၌ ၾကာလအတန္ၾကာ အမႈရင္ဆိုင္ခဲ့ရေတာ့သည္…
အမႈမွန္ေပၚေပါက္ၿပီးသည္ႏွင့္ ကိုေသာင္းစိန္သည္ ထိုေသြးပ်က္
ဖြယ္ေကာင္းေသာအျဖစ္အပ်က္ကို ေမ့မရႏိုင္ပဲျဖစ္ေနေသာေၾကာင့္
ကားဂိတ္မွ အလုပ္ထြက္ကာ အိမ္မွာပင္ ငူငူငိုင္ငိုင္ျဖင့္ ၿငိမ္ကုတ္
ကာသြားေလေတာ့သည္…
သူ၏ ဇနီးျဖစ္သူ မႏွင္းေအးအားလည္း ယခင္လို မ႐ိုက္ႏွက္ မဆဲဆို
ေတာ့ေပ…
ထိုအျဖစ္အပ်က္ျဖစ္ၿပီးေနာက္ ေဝ၀လြင္ငွါးေနေသာအိမ္သည္
ဖ်က္ပစ္ကာ အသစ္ျပန္လည္ေဆာက္လုပ္လိုက္ၿပီး …
ထိုၿမိဳ ့ခံမ်ားႏွင့္ အျခားၿမိဳ ့မွ ကားသမားမ်ားသည္ ကားႀကီးကြင္း
ႏွင့္ မနီးမေဝးတြင္ရွိေသာ အုံ႔ဆိုင္းဆိုင္းသစ္ပင္မ်ားကို မနက္
သုံးနာရီ ေလးနာရီခန္႔တြင္ ျဖတ္ေမာင္းမိတိုင္း မိန္းကေလးတစ္
ေယာက္ ေျပးထြက္လာကာ တိုက္မိမလို ျဖစ္သြားတတ္သည္ဟူ
၍လည္းေကာင္း တိုက္မိသျဖင့္ ကားရပ္ကာဆင္းၾကည့္ေသာ္လည္း
မည္သူမွမေတြ႕ရေၾကာင္း ေျပာစမွတ္တြင္ က်န္ေနရစ္ေလေတာ့
သည္……..