တစ္ဆေခေါသံ

*တစ္ဆေခေါ်သံ*📖📖📖

********************
အစ/အဆုံး

             ဒေးဒရဲမြို့ကတဆင့် စက်တပ်သမ္မန်လေးကိုစီးနင်းလာခဲ့ပြီးတစ်နာရီခန့်အကြာမှာ
ဒေးဒရဲမှော်ဘီကျေးရွာဆိုတဲ့ ဆိုင်းဘုတ်ကိုလှမ်းမြင်လိုက်ရပါသည်။
ကျုပ်ပခုံးကို နဘေးမှ  သက်အောင် က လှမ်းပုတ်လိုက်ပြီး

“”ဝင်းအောင်ရေ  ရောက်ပြီကွ
ရွာထဲရောက်ပြီးနေရာကျရင်   ငါတို့ ရှပ်ကီလေးဘာလေးဖဲ့  လို့ရတဲ့နေရာ အရင်ရှာကြရအောင်ကွာ””

“”ခင်ဗျားကလည်း  လာအလုပ်လုပ်တာ
ဘုန်းကြီးကျောင်းနော်…  ရှပ်ကီတွေ ရှပ်ကပ်တွေပြောမနေနဲ့   တော်ကြာ ကိုလှဆောင်က ရန်ကုန်ကို
ကိုယ့်စရိတ်နဲ့ကိုယ့်ပြန် ဆိုမှ ဟုတ်ပေ့ ဖြစ်နေမယ်””

ကျုပ် စကားကြောင့်  သက်အောင်  ခေါင်းပုသွားပါသည်။
ရွာကမ်းကိုကပ်ပြီးသည်နှင့်  သမ္မန်ပေါ်မှ ကျုပ်တို့
လူအုပ်စု  ကမ်းပေါ်တတ်လိုက်ကြသည်။
နာဂစ်မုန်တိုင်းကြီးက ပြီးစီးခဲ့သည်မှာ သုံးလခန့်သာရှိသေးသည်။
ရန်ကုန်မှာ အလုပ်အကိုင် အဆင်မပြေသည့်အတွက်
အလုပ်မရှိတာကြာခဲ့ပြီ။
လက်သမား ပန်းရံ နှစ်မျိုးလုံးရသည့် အတွက်
ကျုပ် ကို  ကိုလှဆောင်က. တနေ့  သုံးထောင်စားစရိတ်ငြိမ်းဖြင့် ခေါ်လာခဲ့ခြင်းဖြစ်သည်။
ကျုပ်အပါအဝင် အလုပ်သမား  ဆယ့်ငါးယောက်လောက်လာကြခြင်းဖြစ်သည်။

ကျုပ်နဲ့ သက်အောင် ကရန်ကုန်မှာ သောက်ဖော်သောက်ဖက်သူငယ်ချင်းတွေပါ။
အလုပ်ခေါ်တဲ့ ကိုလှဆောင်က ဆိုင်မှာ ဆုံနေကြ။
ကိုလှဆောင်က အလုပ်တချို့အပြတ်ရလျှင်အပြတ်လုပ်တတ်သည်။
အလုပ်အပြတ်မရလျှင်  နေ့စားလိုက်လုပ်တတ်သူ။
အရက်သောက်တတ်ပေမယ့်   စည်းနဲ့ကမ်းနဲ့သောက်တတ်သူဖြစ်ပြီး  တည်တည်တံတံ နေသူမို့
ကျုပ်တို့ကိုယ်တိုင်လည်း  ​ကြောက်ရသူပါ။

ကျုပ်မှာ အလုပ်မရှိတာကြာခဲ့ပြီ။
နာဂစ်ဖြစ်ပြီးခါစကတော့ အပင်လဲ  အိမ်အမိုးလှန်တာတွေ ပြန်လိုက်ရိုက်  ကြိုကြားကြိုကြားလေး
အလုပ်ဖြစ်ခဲ့သေးသည်။
ထိုရက်များမှာ ငွေစ လေးများအတော်ရွင်ခဲ့ပါသည်။
ရွာမ ရပ်ကွက်(အင်းစိန်မြို့နယ်). …မှာ
အုန်းပင်ခုတ်   အပင်ခုတ်မှန်သမျှ ဝင်းအောင်
လုပ်ခဲ့ရသည်။ ကျုပ်က အပင်ခုတ်ကျွမ်းကျင်တယ်။
ကားနံပတ်ပြားရေးတာတို့ ဆိုင်းဘုတ်ရေးတာတို့လည်း ဖြစ်သေးတယ်
Tattoo တွေဘာတွေလည်း ဘာဒီဇိုင်းလာလာ
ထိုးတတ်သေးသည်။
အလုပ်က အမြဲမရှိတာက ပြသနာပါ။
ရှိတဲ့အခါ ရှိပြီး မရှိတဲ့အခါ မရှိတော့ပါဘူး။

ကျုပ်မှာ  အမေအိုရယ်….အမလင်မယားရယ်
တူလေးနှစ်ယောက်ရယ် အတူတူနေကြသည်။
ယောက်ဖ ကဆိုက်ကားနင်းပြီး အမက မနက်ပိုင်း
ရွာမရပ်ကွက်တခွင် ပြဲပံစင်အောင် ပဲပြုတ် ရောင်းရသူ။
သူ့ဖောက်သည်နဲ့သူမို့ မနက်ရှစ်နာရီလောက်ဆို
အရောင်းအဝယ်ကိစ္စက ပြီးစီးလေပြီ။
ယောက်ဖက အရင်မသောက်တတ်ဘူး။
လူအေး ။
အမက. စွာတေးလန်   တခါတလေ တနေ့တည်း
ရန်ပွဲ သုံးပွဲ လောက်ကိုမမောတမ်းနွဲ့နိူင်သူ။
ပြီးတော့ နှစ်လုံးထီကလည်း  ထိုးလိုက်သေးတယ်။
တခါတလေ  နှစ်လုံးထီကံထလို့ ပေါက်နေရင်
ပြသနာက မရှိဘူး။
ကျုပ်အမ. နှစ်လုံးရှုံးတဲ့ရက်နဲ့ ကျုပ်မှာအလုပ်မရှိတဲ့ရက် ဆုံရင်   အမတို့ သောင်းကျန်းတော့တာပဲ။
ကျုပ်က အလုပ်ရှိရင်ရှိသလို  အမကို ပေးတယ်
အမေကိုလည်း  ပေးရတယ်။
ကျုပ်အလုပ်ပြတ်ပြီဆိုရင်တော့ ညနေစောင်းရင်
အ်ရက်ဖိုး ငါးရာ ပြန်တောင်းတတ်ပါသည်။

အမဆီက အပြောခံအဆဲခံပြီး  တောင်းတဲ့အခါ
တောင်းသည်။
အမေဆီမှာ ကျစ်ထားတာလေးရှိလျှင်လည်း
တောင်း ရသည်။
အရက်သမားလေ နေညိုရင်  လေပြိုတတ်တာ ဓမ္မတာပဲ။
အမကို နှစ်လုံးထီ အမြဲပေါက်နေပါစေဆုတောင်းပေးနေရတယ်။
ဒါမှ အလုပ်မရှိတဲ့ရက်   အရက်ဖိုးလေးကို မကျိန်မဆဲပဲ ပေးတတ်တာ။

ကျုပ်အသက်က. သုံးဆယ်နှစ်နှစ်ကျော်ခဲ့ပြီ။
အိမ်ထောင်လဲမပြုဘူး။
ယူမယ့်သူလည်း မရှိဘူးလေ။
ဘယ်လို သမီးရှင်မျိုးက ပေတီပေကပ် အရက်သမား လူဂွစာကျုပ်လို လူမျိုးကို သဘောကျလေမလဲ။
တယောက်တည်းတောင် ယပ်ကန် ယက်ကန်ဖြစ်နေတဲ့ ကျုပ်  တယောက်တည်းဘဝက ကောင်းနေပါသည်။

ညနေစောင်းရင် အရက်ဖိုး ငါးရာနဲ့ ဆိုင်သွားပေမယ့် ဒါကာတော် ရေမြေ့ရှင် တချို့နဲ့ တွေ့ရင်
ညဥ်နက်တဲ့အထိ  အပြင်မှာနေပြီးမှ မူး မူးနဲ့
ကျုပ်က အိမ်ပြန်တတ်တာလေ။
ကျုပ်တို့ လမ်းထဲဝင်ပြီး တဝက်လောက်မှာ
ဆေးရိုးပင်ကြီးတပင်ရှိတယ်။
သရဲခြောက်သလိုလို တဆင့်စကားလေးတော့ရှိခဲ့သည်။
ဒါပေမယ့် ကျုပ်ကသရဲလည်း မကြောက်ဘူး
တစ္ဆေလည်း  မကြောက်တတ်ဘူး။
ရိုးတိုးရိပ်တိတ် နဲ့လာပြနေလည်း ကျုပ်က
ဂရုကိုမစိုက်တာ။
လာခြောက်တဲ့ သရဲသာ  အမောစို့ပြီးထပ်သေရင်သေသွားလိမ့်မယ်  ကျုပ်က. အဲလိုလူစားမျိုး။

အိမ်ပြန်နောက်ကျလို့ အိမ်ရှေ့ သရက်ပင်ခြေရင်းမှာ
အိပ်ခဲ့ရတာလည်း ခဏ ခဏပဲ။
ငိုသံ ညည်းသံ  ခွေးအူသံတို့လောက်ကတော့
ကျုပ်က. လာချော့ သိပ်နေသလားတောင်
ထင်နေမိတယ်။
အခုတောင် အလုပ်မရှိလို့  ညစ်နေတဲ့အချိန်
ကိုလှဆောင်က အရက်ဆိုင်မှာ စကားစပ်မိလို့ပြောရင်းကနေ  မထင်မှတ်ပဲ   ဒေးဒရဲမှော်ဘီရွာကို
အလုပ်ပါလာခဲ့ရပြီ။

မိုးတွင်းကာလလည်း ဖြစ်ပြန်
နာဂစ်ဖြစ်ပြီးကာစ. မို့  တော်ရုံရွာခံတွေတောင်
ညဘက်တွေမှာ  အရိပ်အယောင် အော်သံ
ခြောက်လှန့်မူ့ အစရှိသဖြင့်  ခြောက်ချားနေရသော
တနယ်တရွာကို  အလုပ်အကိုင်အခွင့်အရေးကြောင့်
ကြောက်တတ်သူရော  မကြောက်တတ်သူရော
လိုက်ပါလာခဲ့ကြခြင်းဖြစ်ပါသည်။

ဒေးဒရဲမို့ကနေ  သမ္မန့်စီးပြီး ကျုပ်တို့အလုပ်လုပ်ရမယ့် ရွာ  ကို  ရောက်လာခဲ့ရပြီ။
အလုပ်လုပ်ရမယ့် ဘုန်းကြီးကျောင်းမှာ
အထုပ်ကိုယ့်စီချပြီး  ထမင်းစားဖို့အူယားဖားယား
ပြင်ကြရသည်။

“”ဝင်းအောင်    ထမင်းမစားခင်လေး
သောက်ချင်ရင်  ဒီမှာ  ငါဝယ်လာတဲ့ ပုလင်းလေးကနေ မျှသောက်ကြမယ်လေ”””

“”နေပါကွာ    ဟိုမှာ ကျောင်းထိုင်လား  တိုက်အုပ်လားမသိဘူး ငါတို့ကို ကြည့်နေတယ်
ရောက်ရောက်ချင်း  စောက်နဲ့မထွင်းနဲ့…..””

ကျုပ်စကားကြောင့် သက်အောင် ခေါင်းကုတ်သွားပြီး ကျုပ်အနားကနေ  ခပ်လှမ်းလှမ်းကို ထသွားတယ်။
နာဂစ်ဒဏ် ခံထားရတဲ့ရွာတွေမို့
အိမ်ခြေတွေဟာ ကျဲပါးပြီးအခုမှ ရွာသစ်ပြန်တည်နေရသလိုဖြစ်နေတယ်
ကျုပ်တို့ ရောက်နေတဲ့ ဘုန်းကြီးကျောင်းဟာ
အတော်လေးကို မြေနေရာကျယ်ဝန်းပြီး
ကျောင်းဝန်းရဲ့အနောက်ဘက်မှာ ချောင်းရိုးတခုက
ရွာကိုပတ်ပြီး  စီးဆင်းနေသည်။

မိုးလေးက တဖြောက်ဖြောက်နဲ့  အဆက်မပြတ်ရွာသွန်းလို့နေပြန်သည်။
ကျုပ်တို့ လူတစုဟာ
တိုက်ကျောင်းဆောင် တခုမှာ နေထိုင်ရတာဖြစ်ပါသည်။
ပေတရာပတ်လည်တိုက်ကျောင်းကြီးဖြစ်ပြီး
ကျုပ်တို့လူတစုသာ တိုက်ကျောင်းထဲတွင် နေရမှာဖြစ်ပါသည်။

ကြားမှာ ပေနှစ်ရာခြားပြီးမျက်နှာချင်းဆိုင်မှာ
ပေတရာပတ်လည်တိုက်ကျောင်းကြီးတကျောင်းရှိသည်။
ပေတရာတိုက်ကျောင်းနှစ်ကျောင်း၏ ဖိုခနောက်ဆိုင်တွင် နှစ်ထပ်တိုက်ကျောင်းတကျောင်းရှိပြီး
ထိုကျောင်းတွင် ကျောင်းထိုင်ကိုယ့်တော်  နှငအ့တိုက်အုပ်ဆရာတော်  သီတင်းသုံးပါသည်
ကျုပ်တို့နေတဲ့ ကျောင်းနဲ့မျက်နှာချင်းဆိုင်ကျောင်မှာတော့ ကိုရင် ဦးဇင်းလေးများနှင့်ဘကပ္ပိယ အချို့နေကြပြီး  ထိုကျောင်းဆောင်မှာပင်
ဆွမ်းစားဆောင်နှင့်  ဆွမ်းချက်ဆောင်ပါ   ထားရှိပါသည်။

ထမင်းစားသောက်ပြီးစီးတဲ့အခါမှာ အညောင်းပြေအညာပြေခြေလက်ဆန့်ရင်း
အဆောင်ပြတင်းဝကနေ  ချောင်းရိုးကို လှမ်းကြည့်မိလိုက်တယ်။
ချောင်းရဲ့ ဟိုမှာဘက်ဆီမှာ အိမ်တန်းစုများက
ချောင်းရိုးကိုကျောပေးပြီး  တည်ရှိနေကြသည်။
ကျောင်းဝန်းရှိလွတ်နေသောမြေသား  နေရာမှာ
မြေဇာမြက်ရိုင်းများ  က ထူထဲစွာ ပေါက်နေကြပြီး
အပင်ကြီးကြီးမားမားလည်း သိပ်မရှိပေ။
ကျောင်းဝင်း  တခုလုံးတွင်  အပင်ကြီးကြီးမားမား ဟူ၍ မြရာပင်ကြီးသုံးပင်သာ ထီးထီးကြီးရှိနေကြသည်။

ကျောင်းဆောင်နှင့် မလှမ်းမကမ်းက မြရာပင်ကြီးမှာလုံးပတ်  လေးငါးပေခန့်အထိ ရှိနေသည်ကိုတွေ့ရပါသည်။
ကျုပ်တို့က. ကျောင်းထိုင်ဘုန်းကြီးသီးတင်းသုံးတဲ့ ကျောင်းဆောင်နှင့် မျက်နှာချင်ဆိုင် မြေလွတ်နေရာမှာ  နှစ်ထပ်ကျောင်းဆောင် တခုကို အုတ်မြစ်ကစ၍  မနက်ဖြန်စတင်လုပ်ငန်းခွင်ဝင်ကြရမှာဖြစ်ပါသည်။
Foundation စလုပ်ရမည်ဖြစ်သောကြောင့်
မနက်ဖြန်ကျရင်တော့  မြေတူးပနှက်ရိုက်ခြင်းကိစ္စတွေစတင်မှာဖြစ်ပါသည်။

“”ဝင်းအောင်   မြေသားကတော့ နူန်းမြေမာမာလိုဖြစ်နေတော့ foundation တူးရတာ သိပ်တော့
ပင်ပန်းမယ်မထင်ဘူး မင်းက အရက်သောက်ပေမယ့် အလုပ်လုပ်တဲ့အချိန်ကျ မခိုမကပ်ပဲ လုပ်တတ်လို့ မင်းကိုခေါ်လာတာနော်  ကိုယ့်လူ
သက်အောင်တို့မသိစေနဲ့  မင်းကို  ငါကလေးထောင်နူန်းနဲ့ရှင်းပေးမှာ ဒါပေမယ့် ဆိုဒ်ပြီးတဲ့အထိတော့
မင်းလုပ်ပေးကွာ””

“”ဟာ  လုပ်ပေးမှာပေါ့ ကိုလှဆောင်ရာ
စိတ်ချစမ်းပါ””

“”အေး   အခု ငါ ရွာထိပ်က ကုန်ဆိုင်သွားပြီး
လိုတာလေးဝယ်မလို့ မင်းလိုက်မလား””

“”လိုက်မယ် ကိုလှဆောင်””

ကိုလှဆောင်နဲ့ ကျုပ် ကျောင်းဝင်းကနေထွက်ပြီး
ရွာလမ်းအတိုင်း  ရွာထိပ်ကိုလျှောက်လာခဲ့ကြသည်။
ကိုလှဆောင်က ဟို ဟိုဒီဒီလက်ညိုးထိုးပြရင်း

“”ဒီရွာက နာဂစ်မဖြစ်ခင်က အရမ်းစည်နေပြီကွ
ဘာလိုလို အကုန်ရတယ်။
ကာရာအိုကေ ဆိုင်တွေမှ လေးငါးဆိုင်ကိုရှိတာ။
ဒါ….ငါ့မိန်းမ. အေးခင် တို့ရွာလေ
အခုမြင်နေရတာက ရွာရဲ့ သုံးပုံတပုံပဲ ရှိတော့တာ
နာဂစ်မှာအထိနာတဲ့ရွာတရွာပဲ
တို့ ဘုန်းကြီးတောင်   နှစ်ထပ်ကျောင်းဆောင်ရှိနေလို့ ပျံလွန်တော်မမူတာဝေ””

“”သြော်……..””. …..ဟုသာရေရွက်ပြီး
ကျုပ်  နေရာဒေသအသစ်ကို လိုက်ကြည့်နေ

မိသည်။

လျှောက်လာရင်းကနေ ရွာထိပ်က ကုန်ဆိုင်ကိုရောက်လာပါတော့တယ်
ကုန်ဆိုင်ဆိုပေမယ့်   ပေသုံးဆယ်ခန့်ရှိမျက်နှာစာအကျယ်အပြည့် သွပ်မိုးထားသော  လက်ဖက်ရည်ဆိုင်လိုလို ပုံစံမျိုးပါ။
ဆိုင်အတွင်းတွင် စားပွဲဝိုင်း လေးငါးဝိုင်းချထားပြီး
ရွာကာလသားအချို ထိုင်နေကြသည်။
အတွင်းညာဘက်ထောင့်မှာ ဆန် ဆီ မုန့်မျိုးစုံနှင့်ကုန်ခြောက်များကို  ရောင်းချနေသည်။

“”ဒါ  ငါ့မိန်းမရဲ့ မောင်ဝမ်းကွဲဆိုင်ကွ။
ကာရာအိုကေလည်းဆိုလို့ရတယ်။
ကော်ဖီမစ် အအေးမျိုးစုံအပြင်  အရက်တွေဘာတွေပါ အစုံရောင်းတယ်
ဒီကောင်တွေအိမ်က ခြေတံရှည်ပြီးတောင့်လို့
မသေပဲကျန်ခဲ့တာပေါ့ကွာ””

ဆိုင်မှ အရက်အနည်းငယ်ကို အိတ်အမဲလေးတလုံးနှင့် ဖွက်ပြီး ကိုလှဆောင်က ဝယ်လာပေးသည်

“”ဘုန်းကြီးသိရင်တော့ မကောင်းဘူးနော်
ခိုးသောက်ရမှာ။ သောက်ခါနီး တောင်းပန်ပြီးသောက်ကြနော်  မြေကြမ်းတယ်   “”

ဆိုင်မှ ပြန်ထွက်လာတော့ ကျုပ်တို့သမ္မန်ကပ်ခဲ့တဲ့ လှေဆိပ်ကို လှမ်းမြင်နေရတယ်။
လှေပေ်နဲ့ မလှမ်းမကမ်းမှာ နတ်နန်းလေး တခုကို တွေ့လိုက်ရတယ်
ဒါ……ရွာတော်ရှင် နတ်နန်းပဲ ဖြစ်ရမယ်

“”ကိုလှဆောင်   ရွာတော်ရှင် နတ်နန်းကို ကျနော်ဦးသွားခိုက်ချင်လို့ဗျာ   ခဏ””

ကျုပ်က. လူကသာအရက်သမား အမေစကားဆို
မြေဝယ်မကျ နားထောင်တတ်သူ။
အမေက အမြဲပြောဘူးတယ်။

“”တပြည်တရွာကို အကြောင်းကြီးငယ်ရှိလို့
သွားရရင်ရောက်တဲ့ ရွာက. ရွာတော်ရှင်ကို အရိုအသေပေးရတယ်  ကိုယ့်ကရိုသေသမူ့ရှိထားတော့ တော်ရုံ ဘေးဆိုး ကပ်ဆိုးကို
ကာကွယ်ရာရောက်တယ်  သား””

ကျုပ်ရိုသေသမူ့နဲ့ ဦးခိုက်နေတာကို
ကိုလှဆောင်က သဘောတကျနဲ့ လှမ်းကြည့်နေပြန်တယ်။
ကျုပ်နဲ့ ကိုလှဆောင် တယောက်ပခုံး တယောက်ဖက်ပြီးပြန်လာခဲ့ပါသည်။
ညနေ ခြောက်နာရီခန့်မှာထမင်းစားဖို့ဆိုပြီး
ကပ္ပိယ နဲ့ ဘုန်းကြီးကျောင်းသားလေးများမှ
ကျုပ်တို့အဆောင်ကို ထမင်းအိုး ဟင်းအိုးနဲ့ ပါးကန်ခွက်ယောက်တွေ သယ်လာပေးပါတယ်။

တော်ပါသေးရဲ့….
ဘုန်းကြီးက. ထမင်းလာစမ်းကြဟေ့  လို့
ခေါ်မကျွေးလို့ သာ။
နို့မို့သာ ဆို….အရက်သမားတွေ ဒုက္ခရောက်ရချည့်ရဲ့လေ။

ထိန်းထိန်းသိမ်းသိမ်း ခိုးကြောင်ခိုးဝှက် သောက်စားလို့ပြီးမှ တအုပ်စုလုံးထမင်းစားကြသည်။
စားသောက်ပြီး ခဏအကြာမှာ
ကျောင်းတိုက်အတွင်း  hall ကြီးမှာ တန်းစီပြီး
အိပ်ယာပြင်ကြသည်။
တနေကုန်ခရီးပန်းလာသည်မို့ အသီးသီး အိပ်ယာဝင်ကြပါသည်။
လျှပ်စစ်မီး မဟုတ်ပဲ မီးစက်ဖြင့်မောင်းထားသည့်အတွက် ညကိုးနာရီကျော်မှာ မီးစက်ပိတ်ပြီး
ကျောင်းဝန်းကြီးတခုလုံး ပိတ်မှောင်၍သွားပါတော့သည်။
ခေါတ်ဟောင်းရေနံဆီ မီးအိမ် နှစ်လုံးကို
အခန်းရဲ့တဘက် စီမှာ ချိပ်ဆွဲပေးထားပါသည်။

ည…..သည်တဖြည်းဖြည်းချင်း  ဆိတ်ငြိမ်သွားလေပြီ။
ကျုပ်က ခြင်ထောင်အတွင်းမှာ  ဓတ်ခဲလက်နှိပ်ဓတ်မီး ခြောက်လက်မ ဓါးတို တချောင်း
မီးခြစ်တလုံးကို ထား၍
မအိပ်ခင်   ဘုရားကန့်တော့လေသည်။

“””သွကာသ သွကာသ သွကာသ…….
………………………….
………………””

ကျုပ်က. နူတ်ထွက်ရုံလေး  ရွက်ဆိုပြီး
ဘုရားကန့်တော့နေစဥ်မှာပင်း

“”ကိုရင်မိုးညို…… ကိုရင်မိုးညို
မိနွယ်    ကိုကယ်ပါ  မိနွယ်ကြောက်တယ်
ကိုရင်မိုးညို   မိနွယ်ကိုလာကယ်ပါ
အား……..အာ်း………..အား.”””

အသံနက်ကြီးတခု က. စူးရှစွာ နားစည်တွင်းထိ
လာရောက်ရိုက်ခတ်လို့နေပါတော့သည်။

အသံနက်ကြီးကခဏခဏ ကြားနေပြန်တယ်
ကျုပ်နဲ့ မလှမ်းမကမ်းမှာ သက်အောင်နဲ့ ကျော်သန်းဦးမအိပ်ကြသေးပဲ ထိုင်စကားပြောနေကြသည်။
သူတို့နစ်ယောက်ရဲ့ စကားအသွားအလာအရ
အသံနက်ကြီးကို ကြားပုံပင်မပေါ်ပေ။
ကျုပ်တယောက်တည်းသာကြားနေရသည့်
ပုံပေါ်နေပြန်သည်။

“”သက်အောင်……မင်းတို့မအိပ်ကျသေးဘူးလား””

အမှန်က သူတို့အိပ်တာ မအိပ်တာ ကျုပ်အလုပ်မဟုတ်ပါ။
တမင် စကားစလိုက်ခြင်းသာ ဖြစ်ပါတယ်။

“”အိပ်မှာပေါ့ ယောက်ဖရာ
ဒီမှာ စကားကောင်းနေလို့ပါ ခဏနေ အိပ်တော့မယ်””

သက်အောင် စကားအရ အသံနက်ကြီးကိုသူတို့မကြားတာကျိန်းသေနေပြန်သည်။
အသံနက်ကြီးမှာ ပြန်ပျောက်သွားပြန်သည်။
ကျုပ်က အရက်သောက်တာက သောက်တာပဲ
ပရမ်းပတာအရက်သမားတော့ မဟုတ်ဘူး။
ဘာသာတရားကိုင်းရှိုင်းတဲ့ မိခင်နဲ့ ကြီးပြင်းလာခဲ့သူမို့ ညတိုင်းဘုရားရှစ်ခိုး တယ်
တခါတလေ အသိတရားလေးဝင်ရင် ဝါတွင်း
အရက်ဖြတ်တာတို့ သတ်သတ်လွှတ်စားတာတို့
အဓိဋ္ဌာန် ဝင်တာတို့တွေလုပ်တတ်တယ်

အရက်ဖြတ်ပြီးလည်း တကယ် နေနိူင်ပါလျှက်နဲ့
အဖော်အပေါင်း အဆွယ်ကောင်းတဲ့အခါ
ပြန် ပြန် သောက်မိသွားတတ်တာပါပဲ။
အခုတော့ ကျုပ်အရက်ဖြတ်မယ်ပြောရင်
အမေအိုကမဲ့ပြတတ်တယ်
မလိမ္မာတဲ့ သားမိုက်ပေမယ့် မကောင်းတာကို
မကောင်းမှန်းသိတယ်။
ဒါကြောင့် အရက်သောက်တတ်ပေမယ့်
ညစဥ် ဘုရားရှစ်ခိုးအမျှဝေမေတ္တာတွေပို့တတ်တဲ့
အရက်သမားသူတော်ကောင်းလေးတယောက်ပါ

ဒီနေ့မှ ရောက်တဲ့ မျက်နှာစိမ်းမြို့ရွာလေးရဲ့
ပထမဆုံးညမှာကျုပ်လို ဘုရားတရားသမားကိုမှ
နာနာဘာဝ ဝိနာဘာဝ တို့က
အသံပေး ခြောက်လှန့်ချင်နေကြတယ်။
အိပ်မရတဲ့အတူတူထထိုင်လိုက်ပြီး
မဟာဝေဒဗ္ဗဂါထာတော် ကို ကိုးခေါက်တိတိရွက်ဆိုလိုက်တယ်။

အသံတို့မှာ ဆိတ်ငြိမ်လို့ သွားလေပြီ
မလှမ်းမကမ်းက သက်အောင်တို့လည်း အိပ်ယာဝင်လို့ ဟောက်သံများပင် ထွက်လို့လာချေပြီ။
ပင်ပန်းလာတဲ့အရှိန်နဲ့ မှေးစင်းလာတဲ့ မျက်လုံးကြောင့် ကျုပ် အိပ်ပျော်လို့ သွားပါသည်။

“”အမေ……. အမေ သမီးကြောက်တယ်
ရေတွေတအားတတ်လာပြီ ကယ်ပါဦး
ကိုရင်မိုးညို မိနွယ် ဒီမှာလေကိုရင်မိုးညို
မိနွယ် မြရာပင်ကြီးရဲ့ ဂိုဏ်းကို ဖမ်းဆွဲထားတာ
မရတော့ဘူး မိနွယ် လက်တွေမမြဲတော့ဘူး
မိနွယ် အရမ်းလည်းချမ်းနေပြီ
မိနွယ် လွှတ်ချလိုက်တော့မယ်
မိနွယ် လွှတ်ချလိုက်တော့မယ် အားးးးးးးးး””

ကျုပ် လန့်နိူးသွားပြန်တယ်
ပတ်ဝန်းကျင်တခုလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်
ကျုပ်နား နားကို ကပ်ပြီး သေသေချာချာကို
လာပြောနေတဲ့အသံပါ
အိပ်မက်လား……?
တကယ်လား……..?
ကျိန်းသေတာကတော့ မိနွယ်ဆိုတဲ့ အမျိုးသမီး
တယောက်ရဲ့ ငိုကြေံးသံ ကိုရင်မိုးညို ဆိုသူကို
အော်ဟစ်အကူအညီတောင်းနေတဲ့ အသံ တခုပါ
ကျုပ် အိပ်ရေးကမဝ လူက အိပ်ချင်နေပါရဲ့။
တယောက်တည်း….အသံနဲ့ အခြောက်ခံနေရသည်

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ဘုရားကန့်တော့ခြင်းအမူ့ကိုပြုပြီး
ကျုပ် မရမက ကြိုးစားပြီးအိပ်ပစ်လိုက်တာ
ဒီတကြိမ့်တော့ မိုးစင်စင်လင်းမှ နိူးလာခဲ့ရတော့လေသည်။

#######

မနက် ခုနှစ်နာရီခန့်ကတည်းကပေါက်တူး တရွင်းငန်းပြားအစရှိသည်တို့ဖြင့် အဆောက်အဦးဆောက်မည့်မြေနေရာတွင် ကျုပ်တို့လူအုပ် အလုပ်ရှုပ်နေကြလေပြီ။
အဆာပြေထမင်းကြမ်း နှင့် ရွာထဲမှ လာရောင်းသော
ခေါင်းရွက်ဗျပ်ထိုးအကြော်သည် အဒေါ်ကြီးဆီမှ
ဘူးသီးကြော် တွေဝယ်ပြီး စားခဲ့ကြပြီးဖြစ်သည်။
ကျောင်ထိုင်ဆရာတော်က တူးကြဆွကြသည့်
မြေနေရာအထိ ရွံ့တွေ ဗွတ်တွေ အပေခံပြီး
လာရောက်ကွပ်ကဲနေပါသည်။

“”ရှင်ကောဝိဒ ဒီနေရာက လွတ်ပါတယ်နော်
မလွတ်မှာစိုးနေတာ တော်ကြာအထိတ်တလန့်တွေဖြစ်ကုန်မှာစိုးလို့””

“”လွတ်လောက်ပါတယ်ဘုရား
နဂိုကတည်းက ဒီနေရာမှာ ကျောင်းဆောက်မှာမို့
သေသေချာချာ လွတ်လွတ်ကင်းကင်း
လုပ်ခိုင်းခဲ့တာပါ ကြောင့်ကြတော် မမူပါနဲ့””

“”အေးကွာ လူဆိုတာ သေမျိုးချည်းပဲ
အ န စ္စ ဒု က္ခ အ န တ္တ မမြဲခြင်းတရားတွေပါပဲလေ””

ကိုယ်တော် နှစ်ပါးပြောနေသောစကားအချို့ကို
အနီးဆုံးမှာ ရှိတဲ့ ကျုပ်ကအတိုင်းသားကြားနေရသည်။
စကားအသွားအလာတို့က ထူးဆန်းနေသယောင်
ထင်မိပါသည်။
ထိုထူးဆန်းသော စကားတို့သည် ခဏချင်းပင်အဖြေမှန်ပေါ်လာလေတော့သည်။

“”အမလေး..:. …..ဘာကြီးတွေလဲဟ””

“”ဟာ နံလိုက်တာကွာ ဟောင်နေတာပဲ အပုတ်နံက””

“”ကိုလှဆောင်ရေ လာကြည့်ပါဦးဗျ
ဆက်တောင်မတူးရဲတော့ဘူး အောင်မလေးဗျာ””

ကျုပ်ရော ကိုလှဆောင်ပါ သက်အောင်တို့လူစုနားကို အပြေးသွားလိုက်သည်။
မြေတူးပေါက်စာများ ကြားတွင် လွန်ခဲ့သော
သုံးလခန့်က ရုပ်ကြွင်း များမှာ သုံးလဆိုသောအတိုင်းအတာ အရ ရိ ရွဲ ပျက်စီးနေသည်မှာမြင်၍ပင်မကောင်းပေ။
ကျောင်းထိုင်ကိုယ်တော် က အနားကိုရောက်သည်။

“”အရှင်ဘုရား ဘယ်လိုလုပ်ရမလဲ ဘုရား””

“”ဒကာ လှဆောင်ရေ မတတ်နိူင်ဘူး
မလွတ်ရင် ဖော်ရမှာပဲ ဟိုးမြရာပင်အောက်ခြေအောက်ကိုလွတ်လွတ်ကင်းကင်း ရွေ့ မြုပ် ပေးရမှာပဲ ကြည့်ပြီးတော့ သီးခံပြီး လုပ်ပေးကြပါ
ဘုန်းကြီးက ဒီရက်တွေအတွက် အလုပ်သမားတွေကိုသက်သက် နေ့စားခတရက်စာဆီ အပိုဆောင်းပေးပါမယ်””

နောက်ဆုံးမှာတော့ ကျုပ်တိူ့လူတစု
စိတ်မသက်သာလှစွာ အ နိ ဋ္ဌာ ရုံမြင်ကွင်းများ
အပုတ်နံလိူင်လိူင်များကြားမှာ ဇောချွေးတွေပျံသည့်အထိ တူးကြ ဆွကြ နေရာပြောင်းမြုပ်နှံကြနှင့်
အလုပ်တွေရှုပ်ခဲ့ကြသည်။
ယောကျ်ားသားများပေမယ့် အော့နှလုံးနာစရာတွေမို့ အော့အန်သူက အန် ပျို့သူကပျို့နှင့်
အတော်လေးကို စိတ်ပျက်စရာကောင်းလွန်းလှသည်။

“” ဝင်းအောင်ရေ ငါတော့ ထမင်းစားနိူင်မယ်မထင်ဘူး စိတ်ပျက်လိုက်တာကွာ””

“”ဟေ့ရောင်…ပြောမနေနဲ့ အတူတူပဲ “”

ကျုပ်တို့မှာ ဒီဘက်မှာ မြေပေါက်လိုက်
မြရာပင်ကြီးအောက် တူးလိုက်နှင့် တနေကုန်လုပ်ပေမယ့် ခရီးမတွင်ကြပေ။
မြရာပင်ကြီးအောက်မှာ ကျုပ် ပေါက််တူးနဲ့
အားကုန်လွဲ လွဲပြီးပေါက်နေလိုက်သည်။
ပေါက်လိုက်သည့် အရှိန်ကြောင့် မြေနူန်းက ဖွထွက်
သွားပြီး လူ အစိတ်အပိုင်းတခု ပေါ်လာသည်။
လက် ချောင်းလေးများက အသားရယ်လိူ့သိတ်မရှိတော့ပေ။
ကြည့်လိုက်ရုံနှင့် အမျိုးသမီးတယောက်၏ လက်ဆိုတာကိုမြင်ရုံနှင့်သိလိုက်သည်။
လူသေ မြင်လို့လည်း အံသြမနေတော့ပဲ လွတ်တဲ့ နေရာဘက်အခြမ်းဆီ တိုးပေါက်နေလိုက်သည်။
ပေါက်နေရင်းမှ လက်သန်းကြွယ်ဆီမှ ဝင်းလက်လက်အရောင်ကို မြင်လိုက်ရ၍ လှမ်းစမ်းလိုက်ရာ လက်စွပ်လေးဖြစ်နေသည်မို့ ဘေးဘေးဝဲယာက လူတွေမသိအောင် ချွတ်ယူထားလိုက်သည်။

မြရာပင်ကြီး အောက်မှာက ထိုရုပ်အလောင်းတခုသာရှိနေသည်မို့ ကျောင်းဆောက်မည့် မြေနေရာမှာ
ရှိနေသည့် ရုပ်အလောင်းအချို့ကို တာလပတ်အစိမ်းစကြီးခင်းပြီး မြရာပင်ကြီးအောက်ကတွင်းကြီးထဲ ရွှေ့ကြရသည်။
ခုနှစ်လောင်းတိတိ ရှိပါသည်။
မြရာပင်ကြီး အောက်က ရုပ်အလောင်းနှင့်စုစုပေါင်း
ရှစ်လောင်းတိတိကို အပြီးအစီးမြုပ်နှံလိုက်ကြသည်
အားလုံးပြီးစီးချိန်မှာ ညနေသုံးနာရီပင်ရှိလေပြီ။
ဘုန်းကြီး ကလည်း ကျုပ်တို့ကို အားနာနာဖြင့်
အလုပ်သိမ်းခိုင်းလိုက်လေတော့သည်။

အလုပ်သိမ်းပြီးသည်နှင့် အားလုံးရေကိုတဝကြီးချိုး
ခေါင်းလျှော် နှင့် စိမ်ပြေနပြေကို အချိန်ကြာကြာချိုးကြလေသည်။
ညနေ အတော်လေးစောင်းသောအခါ
ကိုလှဆောင်ထံ ခွင့်တောင်းပြီး
ကျုပ် သက်အောင် နဲ့ ကျော်သန်းဦးတို့သုံးဦးသား
ရွာထိပ်က ကိုလှဆောင်ယောက်ဖဆိုင်ကို ထွက်လာခဲ့ကြပါတော့သည်။
ဆိုင်ရောက်တော့ ထိုင်သောက်ချင်ကြောင်း အကျိုးအကြောင်းပြောပြလိုက်တော့
ကိုလှဆောင်ယောက်ဖက ဖော် ဖော် ရွေ ရွေ ဆီးကြိုပြီး ခုံတဝိုင်းစီစဥ်ပေးပါသည်။

“”နေ့လည်က မြေတူးရင်းနဲ့ အလောင်းတွေ ပြန်ပေါ်လို့ဆိုဗျ
အဲဒါနာဂစ်ရက်က ကျောင်းဝင်းထဲ ရောက်လာတဲ့
အလောင်းတွေလေ။
အကုန်လုံးစုပြီး မြုပ်လိုက်ရတာ။
ဒါပေမယ့် စမြုပ်တုန်းက အဲနေရာမှာမဟုတ်ဘူးတဲ့နော်
ကျောင်းဆောကိရမယ့်နေရာမို့ လွတ်လွတ်ကင်းကင်း
မြုပ်ထားတာ ဘယ်လိုဖြစ်လို့ နေရာတွေရွှေ့လာတာလဲ မသိဘူး အမှတ်တော့ မမှားဘူး
အလောင်းတွေဝိုင်းမြုပ်တော့
ကျွန်တော်တောင်ပါတယ်””

ကိုလှဆောင်ယောက်ဖ ကိုတင်ငြိမ်းက အဖြစ်အပျက်တချို့ထူးဆန်းမှု့ကို တရင်းတနှီးပြောပြနေသည်။
ယနေ့အချိန်ထိ ညစဥ် ညတိုင်းအော်သံနက်ကြီးများ
အရိပ်အယောင်များ ထင်သာမြင်သာခြောက်လှန့်မှု့များ ရှိကြောင်း
ရွာသူရွာသားများမှ မကျွတ်မလွတ်သူများကို
အခါအခွင့်သင့်သလို မေ တ္တာ ပို့ အမျှဝေ ကုသိုလ်ပြုပေးနေကြကြောင်း စုံလင်စွာ ပြောပြလာသည်။

“”ကိုတင်ငြိမ်းရော…..သေသေချာချာ အခြောက်ခံရဘူးလား””

“”ဟာဗျာ…..ခံရတာပေါ့ ခင်ဗျားတို့အခုပြန်မယ့် လမ်းတဝက်မှာ ပျဥ်းမပင်ကြီးတပင်ရှိတယ်
အဲဒီမှာက သရဲမဗျ ။
ကျနော်ကို ပြီးခဲ့တဲ့ တလ လောက်က လိုက်ဆွဲတာ
ဖိနပ်ပါကျွတ်ကျန်ခဲ့တဲ့အထိ ပြေးခဲ့ရတယ်
အခုထိ ရင်တုန်မပြေသေးဘူး””

ကျုပ်တို့ ည ခုနှစ်နာရီလောက်မှာ တယောက်ပခုံး
တယောက်ဖက်ပြီး သုံးယောက်သားပြန်လာခဲ့တယ်
လက်ထဲမှာတော့ ကိုတင်ငြိမ်းဆီက ငှားလာတဲ့
လက်နှိပ်ဓာတ်မီးတချောင်းနှင့် ဟိုထိုးဒီထိုး
ပြန်လာခဲ့ကြသည်။

“”ဝင်းအောင်…..””

“”ဘယလဲ ကျော်သန်းဦးရာ””

“”လုပ်ပါဦး……ငါ့ခြေထောက်တဘက်ကို လက်အေးအေးကြီးလာ လာ ဆွဲနေတယ်
အောင် မြတ် လေး လေး…လေး””

ကျုပ်တို့သုံးယောက်မှာ ကျော်သန်းဦးက အဝဆုံး
ကျုပ်က လူနံပိန်
ကျော်သန်းဦး…အလန့်တကြားဖြစ်နေတာကိုကြည့်ပြီး လက်နှိပ်ဖဓာတ်မီးနဲ့ လမ်းဟိုမှာဒီဘက်ကို
ထိုးကြည့်လိုက်တော့ ကိုတင်ငြိမ်း ပြောပြလိုက်တဲ့
ပျဥ်းမပင်ကြီးကို တွေ့လိုက်ရပါသည်။

“”အေး….မင်းကိုလာဆွဲတာ ကိုတင်ငြိမ်းပြောတဲ့
သရဲမဖြစ်မယ် ပြေးပြီဆရာတို့ရေ””

တယောကျပခုဲးတယောကျဖကျတှယျထားသညျမြားကို
ပြေလျှော့လိုက်ကြပြီး
ဖနောင့် နှင့်တင်ပါး တသားတည်းကျလုအောင်
သုံးယောက်သား ဘုန်းကြီးကျောင်းသို့
ပြေးကြလေတော့သည်။
ကျုပ်က သရဲသိတ်မကြောက်ပေမယ့်
နောက်ကျကျန်သူမဖြစ်လို၍ အားသွန်ပြေးရာ
ရှေ့ဆုံးမှပင် ပန်းဝင်ခဲ့လေသည်။

ညအိပ်ချိန်ရောက်တော့
ကြောက်အားပိုနေသည့်ကြားမှ ရယ်စရာလုပ်ပြီး
ပြန်ပြောင်းပြောမိကြသေးသည်။
အိပ်ခါနီး ကျောင်းဆောင်ပြင်ပရှိ အိမ်သာကို
တယောက်တည်းမသွားကြပဲ ကျုပ်တို့သုံးယောက်
စုပြီးသွားကြသေးသည်။
ကျော်သန်းဦးအိမ်သာထဲ ရောက်နေတော့မှ

“”မင်းတိူ့ ကြောက်မှာစိုးလို့ ငါမပြောခဲ့တာ
ညက အသံနက်ကြီးနဲ့ မိန်းမတယောက်အော် အော်ငိုနေတာ။ နံမည်တွေတက်တပ်ပြီး ခေါ်နေတာ
ငါဆို အိပ်တောင်မပျော်ဘူး””

“”တကယ်ရီး……….လား
နံမည်က ဘယ်လိုခေါ်ခေါ်ပြီး ငိုတာလဲ””

ကျော်သန်းဦးက အိမ်သာထဲကမပြီးနိူင်မစီးနိူင်ဖြင့်
လှမ်းမေးနေပြန်သည်။

“”ဝက်စုတ် ရာ မပြီးတော့ဘူး စိတ်ပျက်တယ်
နံမည်သိတော့….မင်းဘာလုပ်မှာလဲ”””

သက်အောင်က စိတ်မရှည်စွာလှမ်းငေါက်နေသည်။
ကျနော်က သက်အောင်ပခုံးကိုအသာပုတ်၍

“”သက်အောင်ရာ…….သိချင်လို့မေးတာပဲ
မေးပါစေ…….သရဲမက ငိုငိုပြီး တ နေတာသနားစရာကွာ””

“”အေး.:. …….သိချင်လို့ကွ နံမည်က ဘာတဲ့လဲ””

“”ကျော်::. .:သန်း.:. :. …ဦး..::. ..””

ပြောပြီးပြီးချင်း ကျုပ်နဲ့သက်အောင်
ကျော်သန်းဦးကိုထားခဲ့ပြီး အိမ်သာရှေ့မှ ကျောင်းဆောင်အတွင်း.::ပြေးဝင်ကြလေသည်။
ကျော်သန်းဦးမှာ……ပူဆိုးမနိူင် ပုဝါမနိူင်ဖြင့်
အိမ်သာထဲမှ ဒရောသောပါး ပြေးထွက်လာတော့သည်။

“””*** လို့မှပဲ.::::::ကြောက်ပါတယ်ဆိုမ

ငါ ရိုး @@@^^^^!!!!!*****””

ကျော်သန်းဦး ဆဲဆိုနေပုံကိုကြည့်ပြီး
အကြောက်တရားတချိူ့ ပြေလျှော့ကာ
ရယ်မောမိကြပါတော့သည်။

#########

ည……….အရင်ညကလိုပင် အမှောင်ထူက ပိတ်ပိတ်
မှောင်နေသည်။
ကျုပ်……. ညရှစ်နာရီခွဲလောက်ထဲက
အိပ်ပျော်စွားခဲ့ရာ သန်းခေါင်သန်းလွဲမှာ တရေးနိူးလာခဲ့ပါသည်။

“”ရှပ်.:::. …..ရှပ်…….ရှပ်””

ခြေသံအချို့ကြားနေရ၍
ခေါင်းထောင်ကြည့်မိသည်။
ခြေသံက ကျုပ်ခြင်ထောင်နားမှာ ရပ်သွားပြန်သည်။

“”ကျမ လက်စွပ်ပြန်ပေး ပြန်ပေးးးးးးးး ပြန်ပေး””

ကျုပ်ခြင်ထောင်ဘေးကနေ မိန်းမတယောက်လာပြောနေသည်။
ကျုပ်မဟုတ်ပဲ..:. .တခြားတယောက်သာဆိုရင်
လိပ်ပြာလွင့်သွားနိုင်ပါသည်။
ကျုပ်ကတော့…. မကြောက်ပါ။
မကြားသလိုနေပြီး…..တဘက်စောင်းအိပ်လိုက်သည်။
မျက်စိကိုပါ မှိတ်ထားလိုက်သည်။

ကျုပ် ခ န္ဒာ ကိုယ့်ကြီး ရုတ်တရက် လေထဲမှာမြှောက်တတ်သွားပါသည်။
ရင်အစုံဟာ.:::ရုတ်တရက်လိူက်ကနဲ ဖြစ်သွားရသည်။
ခြင်ထောင်ကြီး က အလိုလို လွင့်သွားပြီး
လူက လေပေါ်ဖြည်းဖြည်းချင်းမြှောက်တတ်လာခြင်းဖြစ်သည်။
ကျုပ်က ခေါင်းအုံးအောက်က ကိုးလုံးပုတီးလေးကို
မရမက လှမ်းယူလိုက်ပါသည်။
ကျုပ် မျက်စိကိုမဖွင့်ရဲ မှိတ်ထားလျှက်ကနေ
လူကိုယ့်လုံးကြီးက ကျောင်းဆောင်အတွင်းမှ နံရံများကို ကျော်ဖောက်၍ ကျောင်းအပြင်ဘက်
မြရာပင်ကြီးရှိရာ ဆီသို့ လွင့် ၍ လွင့် ၍
လာချေလေပြီ။
ကျုပ်ခန္ဒာကိုယ့်ကြီး ဘယ်အချိန် ပြုတ်ကျလေမလည်း တွေးပြီး အသဲထဲ အေးကနဲ ဖြစ်လာပြန်သည်။

ဖြည်းညည်းစွာ မြရာပင်ကြီးခြေရင်းမှာ ကျုပ် ကျလာတယ်။
မြေသားဟာ အေးစက်စွာ စိုထိူင်းနေလေသည်။
ကျုပ်က အိပ်ခါနီးချမ်းနေ၍ ရှပ်လက်ရှည်တထည်ကို ကောက်ဝတ်ထားခြင်းဖြစ်သည်။
မကြောက်တတ်ဘူးဆိုပေမယ့် ကျုပ် မြေပြင်မှာ
ကွေးကွေးလေးသာ ဆက်အိပ်နေမိသည်။
အိပ်နေရင်းက ဘုရားစာတွေကိုသာအဆက်မပြတ်
ရွက်ဆိုနေမိသည်။
ကျုပ် ကောက်ဝတ်လာတဲ့ အင်္ကျီအိတ်ကပ်လေးမှာ မနက်က မြေတူးရင်း အလောင်းကောင်က
ချွတ်ယူလာတဲ့ လက်စွပ်လေး ပါလာသည်။

“””ဟား …..ဟား………ဟား
မိနွယ်မ ကကိုရင်မိုးညိုကို မျှော်နေတာပါ
ဘယ်နှယ့် ဘယ့်နှယ့်.::. ကိုပိန်တာရိုး က
ရောက်လာတာတုန်း”

အမယ်အမယ်…လာ လာချည့်သေး ဒင်း အစွမ်းကြောင့်
ကျုပ်က အပြင်ရောက်လာတာလေ သူလိုသရဲမဆီ ကျုပ်က လာစရာလား။
ဒေါသကြောင့် အိပ်နေရာမှ ထထိုင်လိုက်ပြီး
မိူးကြယ်ရောင်လေး အဖျောက်အောက်ကနေ
သရဲမ ရှိရာကို ကြည့်လိုက်သည်
သဲသံကွဲကွဲ မမြင်ရပေမယ့်
ပိန်ပိန်ပါးပါး အရပ် အနေတော်နှင့်
ဆံပင် အချို့ က လေထဲ လွင့်နေသော အရိပ်တခုကို
တွေ့နေရသည်။

“”ဟဲ့….ငါက နင်ခေါ်လို့ ရောက်လာတာ
ကိုရင်မိုးညို လည်းမဟုတ်ဘူးလေ
ငါ့ နံမည် ဝင်းအောင်…ပြော:. .ဘာပြောချင်လို့လဲ
မြန်မြန်ပြော……””

“”အမယ်.::. .နင်:. .”ကိုရင်မိုးညို မဟုတ်တာသိပါတယ် ငါ့လင် ကိုရင်မိုးညိုက နင့်လိုငပိန်ငပါးမှ
မဟုတ်တာ ဗလတောင့်တောင့်ရုပ်ဖြောင့်ဖြောင့်ဟဲ့””

“”ဟဲ့…..လိုရင်းပြောဘာလဲ””

“”ငါ့ လက်စွပ်နင်မနက်က ယူသွားတယ်လေ””

“”သြော်……ဒါကြောင့်လားရော့ ရော့
ပြန်ယူထား ဘာလဲ မနက်ကမြရာပင်အောက်က
ပုပ်ပွနေတဲ့ အလောင်းက နင်လား””

ကျုပ် ပြောလဲပြော အိတ်ကပ်ထဲက လက်စွပ်ကို
ထုတ်ပြီး ကောက်ပေါက်ပေးလိုက်ရာ
လက်စွပ်မှာ မြရာပင်ကြီး ပင်စည်ထိ ရောက်သွားပုံရပါသည်။

“” နင့် နံမည် ဘယ်သူလဲ””

“”ဝင်းအောင်””

ကျုပ်ကို သရဲမက မေးခွန်းထုတ်နေပြန်တယ်
ကျုပ်ကလည်း:. .စိတ်လိုလက်ရ ပြန်ဖြေပေးနေမိသည်။

“”နင်နံမည် ကရော””

“”နွယ်နွယ်ဦး ရွာတောင်ပိုင်းမှာ သားအမိနှစ်ယောက်တည်းနေကြတာ
မုန်တိုင်းတိုက်တဲ့ညက မိနွယ် ရည်းစားကိုရင်မိုးညိုနဲ့ မဂ်လာဆောင်အထွက်နေ့ပဲ
မုန်တိုင်းတွေ တိုက် ရေတွေတအားတတ်လာပြီး
မိနွယ် အမေ နဲ့ ကိုရင်မိုးညို တို့ တကွဲတပြားစီရောက်သွားခဲ့တာ။
မိနွယ် မြရာကိုင်း ကြီးဆွဲထားရင်းကနေ နောက်ဆုံး
ရေထဲပြုတ်ကျခဲ့ရတာ။
အမေနဲ့ ကိုရင် ကိုလိုက်ရှာနေတာအခုထိပဲ
မိနွယ် ဘယ်သူ့မှမတွေ့ဘူး
မိနွယ် ဒီနေရာကနေ ဘယ်မှသွားလို့လဲမရဘူး
မိနွယ် အမေနဲ့ ကိုရင်မိုးညိုကိုတွေ့ချင်လိုက်တာ””

အမှောင်ထဲမှာ သဲသဲကွဲကွဲမမြင်ရပေမယ့်
အရိပ်အယောင်လေးတခုက သနားစဖွယ်ပြောပြနေလေသည်။

“”အေး……..ဒါပဲမဟုတ်လား
ငါ အထဲဝင်တော့မယ် ငါချမ်းလဲချမ်းနေပြီ””

“”ငါက:. ….နင်သရဲမကြောက်တတ်မှန်းသိလို့ ခေါ်လာပြီးစကားပြောတာ ဒါပေမယ့် နင်သေချာမကြုံဘူးလို့ပါ
နင့်နဖူးတွေ့ ဒူးတွေ့ဆိုရင် ကြောက်မှာပါ
ချောင်းရိုးဘက်ကိုကြည့်လိုက်စမ်း””

ကျုပ် ချောင်းရိုးဘက်ကို ကြည့်လိုက်ရာ
အနီရဲရဲမျက်လုံးပေါင်းများစွာက ကျုပ်ရှိရာကို
စိုက်ကြည့်နေကြပြီး
ဝူး…ဝူး…ဝါး ..ဝါး….အသံဆိုးကြီးများဖြင့် ကျုပ်ရှိရာကို ရွေ့လျား၍ လာနေတော့သည်။
ကျုပ်လဲ အလန့်တကြားကြောက်စိတ်ဖြင့်

“”မလာနဲ့…………မလာနဲ့…….””. ……ဟု
ကုန်းအော်လိုက်လေသည်။

“”ဟေ့ရောင်……မိုးလင်းမှ အိပ်မက်တွေမက်ပြီး
ဘာတွေထအော်နေတာလဲ””

ကျုပ်အိပ်ယာကနေ လူးလဲထလိုက်ရတယ်။
ကျုပ် စိတ်ထဲ မြရာပင်ကြီးအောက်မှာရောက်နေတယ်ထင်ခဲ့တာလေ။
အခုတော့……ကျုပ်က အိပ်ယာထက်မှာပဲရှိနေခဲ့သည်။

အလုပ်လုပ်ရမှာမို့ မျက်နှာ ထသစ်ဖို့ ရေအုတ်ကန်ကိုသွားလိုက်သည်။
ရေအုတ်ကန်မှာ သက်အောင်က မျက်နှာသစ်နေသည်။
သက်အောင်က ကျုပ်ကို ပဲကြည့် ကြည့်နေတယ်

“”ဝင်းအောင်….မင်း အ င်္ကျီ ကျောတခုလုံး ရွံ့တွေပေကျံနေပါလား::::ဘယ်လိုဖြစ်တာတုန်း””

အမှန့်တကယ်ပင် ရွံ့နွံ့များပေကျံနေလေသည်။
မနေ့က အလောင်းကနေချွတ်ယူလာသောလက်စွပ်လည်းမရှိတော့ပေ။
ကျုပ်များအထားမှားလေသလားလို့ လိုက်ရှာမိသေးသည်။
သို့သော်.:. ..ဘယ်မှာမှ ရှာမတွေ့တော့။
ပျောက်ချင်းမလှ ပျောက်သွားပါသည်။

ထိုနေ့က အလုပ်သာလုပ်နေရသည် စိတ်ထဲမှာ
ဘဝင်မကျ။
အလုပ်သမားအချို့ ခဏနားချိန်တိုင်း မြရာပင်ကြီး
အောက်မှာ လှဲအိပ်ကြ ထိုင်ကြနှင့် နေကြသည်
ကျုပ်ကတော့ မြရာပင်အောက်ကို သွား၍ပင််မထိုင်
တော့ပေ။
မနေ့ကလို ရုပ်ပျက်ဆင်းပျက် အလောင်းကောင်တွေ မကိုင်ရတော့သည့်အတွက်တော့
အလုပ်လုပ်ရတာ စိတ်ထဲပျော်နေကြပါသည်။

ညနေ အလုပ်သိမ်းပြီးရေမိုးချိုးကာ
မနေ့က ဆိုင်ကိုသွားကြဖို့ တိုင်ပင်ကြပြန်သည်။

“”ဟီး..::::::လိုက်လဲ လိုက်ချင်တယ်
သရဲခြောက်ခံရမှာလည်း ကြောက်တယ်ကွာ””

“”ကြောက်ပေမယ့် သွားမယ်ကွာ
ပါဆယ် ဝယ်လာခဲ့မယ် ဒါပေမယ့်နော်
ကျော်သန်းဦး မင်းပါလိုက်ခဲ့ရမှာ
မလိုက်ရင် မတိုက်ဘူး””

“”အေးကွာ….လိုက်ခဲ့မယ် ပြေးဟေ့ဆိုလည်း
ပြေးကြတာပေါ့ မဟုတ်ဘူးလား””

သွားခါနီး သက်အောင် အိမ်သာဝင်နေ၍
စောင့်နေရသေးသည်။
ပြတင်းဝကနေ မြရာပင်ကြီးကို လှမ်းကြည့်လိုက်ရာ
အရောင်လက်လက် တခုကိုတွေ့နေရ၍
အပင်အောက်ကိုလျှောက်လာကြည့်လိုက်သည်။
အပင်ခြေရင်းမှာ ပျောက်နေတဲ့လက်စွပ်လေးကို
ပြန်တွေ့ရလေသည်။
နေကုန်နေခမ်း အလုပ်သမားတွေ လာထိုင်နေကြပေမယ့့် မည်သူတဦးတယောက်မှ မတွေ့ကြသည်မှာ ထူးဆန်းလွန်းနေပါတော့သည်။

“”ဝင်းအောင်ရေ…..သွားကြမယ်””

ကိုတင်ငြိမ်းဆိုင်ရောက်တော့ အရက်ဝယ်ရင်း
ညက သရဲအဆွဲခံရသည့်အဖြစ်ကို ပြန်ပြောပြဖြစ်သည်။

“”ရွာထဲမှာ နာဂစ်တုန်းက အလောင်းပြန်မရတဲ့သူတွေ သေသလား ရှင်သလား ပျောက်သလားမသိတဲ့သူတွေ အများကြီးမှ အများကြီးပဲ
ရွာတောင်ပိုင်းက ဒေါ်အေးရီ တို့ဆို
သူရော..သမီးရော…သားမက်ပါ ပျောက်သွားတာ
အလောင်းလည်းပြန်မရဘူး
မုန်တိုင်းမတိုက်ခင်ရက်က မှ သမီးကမဂ်လာဆောင်တာလေ။
သနားပါတယ် သားမက်ကောင်းလေးရပြီး
မုဆိုးမသားအမိ အေးချမ်းမလားမှတ်တယ်
အဖြစ်ဆိုးကြရှာတာပဲ””

ကိုတင်ငြိမ်းစကားကြောင့် ကျုပ်ခေါင်းထောင်မိသွားသည်။
အဖြစ်အပျက်လေးက အတော်လေးတိုက်ဆိုင်နေရှာသည်။

“”သနားစရာပဲနော်….သူတို့ကိအမျှအတမ်းမဝေကြဘူးလား””

“”ရွာက စုပေါင်းပြီး ပ ရိ တ် ရွက် မေ တ္တာ ပို့ အမျှဝေကြတာပေါ့
သူတို့ မိသားစုကိုလည်းရည်စူးပြီးလှူပေးကြပါတယ်””””

“”စိတ်မကောင်းစရာပဲဗျာ…ဒါနဲ့ နံမည်တွေကဘယ်လိုခေါ်တုန်း””

“”ဘာလဲ…ခင်ဗျားက အမျှဝေပေးမှာလား
ဒေါ်အေးရီ ကိုမိုးညို……နွယ်နွယ်ဦး…….တဲ့””

အဲဒီညက ကျုပ် အိပ်ယာထဲမှာ လက်စွပ်လေးကိုင်ပြီး ဘယ်လိုမှ အိပ်မရခဲ့ဘူး။
အမှန်က မိနွယ် ဆိုတဲ့ သရဲမက သူမအမေနဲ့
သူမ လင်ယောကျာ်းပါ ကွယ်လွန်ခဲ့ပြီဖြစ်တာကို
မသိရှာခဲ့ပါလား။
ညစဥ်ညတိုင်း တစ္ဆေတကောင်ရဲ့ခေါ်သံနဲ့
ခေါ်နေရှာပါလား။
ကျုပ်…သနားလိုက်သည့်ဖြစ်ချင်း။
ညဥ့်အတော်နက်လာတော့ ကျုပ် ကိုးလုံးပုတီးလေး
ကို ကိုင်ပြီးမြရာပင်ကြီးအောက်..လျှောက်လာခဲ့သည်။

အပင်ကြီးအောက် မကြောက်မလန့်ထိုင်နေမိသည်။
ဘာသံမှ မကြားရ တိတ်ဆိတ်လွန်းနေသည်။
အတန်ကြာထိုင်ပြီးနောက် ကျုပ်အနားကို
တစုံတဦးရောက်လာသလို…ခံစားလိုက်ရသည်။

“”နင်…မကြောက်မရွံ့နဲ့ ဘာလို့ထွက်လာတာလဲ
ငါက..နင့်ကိုဘာမှမလုပ်ပေမယ့် အခြားသူတွေ
နင့်ကို…ခြောက်လန့်မှာမကြောက်ဘူးလား””

“”မကြောက်ဘူး….နင်မနေ့က လက်စွပ်ကိုဘာလို့
ပြန့်ယူမထားတာလဲ””

“”မယူတော့ဘူး….နင့်ကိုပေးတာ အဖိုးမများပါဘူး
ရောင်းပြီးရင်.နင်တဝက်သုံးပါ…ကျန်တဲ့တဝက်ကို
ငါ့အတွက် ပြီးတော့ မုန်တိုင်းတိုက်တဲ့နေ့က
ငါလိုပဲ ကွယ်လွန်သွားကြသူတွေအတွက်ရည်စူးပြီး
ကျောင်းဆောက်တဲ့အထဲမှာ ထည့်လှူပေးပါ
လှူဒါန်းပြီးတဲ့အခါမှာ… ငါနံမည်ကိုတပ်ခေါ်ပြီး
အမျှဝေပေးပါ””

“”ဘာလို့ ငါ့ကိုမှရွေးခိုင်းရတာလဲ””

“”ရေစက်တခုခု ရှိခဲ့လို့ နေမှာပေါ့
နင်ရောက်လာမယ်ဆိုတာ…..သိနေလို့စောင့်နေတာ””

“”သြော်””

ကျုပ်ရောက်လာမယ်ဆိုတာကျသိပြီး
မိခင် နှင့်…လင်သား သေဆုံးခဲ့ပြီကို မသိရှာသော
ထို တ စ္ဆေ မကို ဂ ရု ဏာ သက်မိသည်။
ကျုပ်သိတဲ့အကြောင်းကို ပြန်မပြောပြလိုပေ။
ကျုပ် နူတ်ဆိတ်ပြီးပြန်လာခဲ့လိုက်သည်။
ကျုပ်အိပ်ယာထဲရောက်တော့
သူမရဲ့ ရှိုက်ကြီးတငင် ငိုကြွေးသံကိုကြားရသည်။
သူမ၏ မိခင်နှင့် လင်ယောကျာ်းကို
အားကိုးတကြီးခေါ်သံကို ကြားနေရသည်။
ကျုပ်ဘဝတသက်တာမှာ တ စ္ဆေ တကောင်ကို
သနားမိဘူးခြင်းပါပဲ။

ကျုပ်လည်း အခုရက်ပိုင်းမှ ရောက်ခါစမို့
တပတ်လောက်ကြာမှ ကိုလှဆောင်ကို ငွေထုတ်ချင်ကြောင်းပြောပြရသည်။

“”မင်းက ပိုက်ဆံထုတ်ပြီး…ဘာသုံးဖို့လဲ””

“”ကျနော်ကို ဆယ့်ငါးရက်စာရှင်းပေးထားပါကိုလှဆောင်
ပြီးတော့ အခုထုတ်တဲ့ ပိုက်ဆံက ကျနော်သုံးဖို့မဟုတ်ဘူး။
ကျောင်းထိုင် ကို လှူချင်တာ။
ကျောင်းဆောက်တဲ့ ထဲမှာ ထည့်လှူချင်တာ””

“”အေးပါ….သဘက်ခါကျရင် ငါငွေတဖြတ်ရှင်းရမှာ
အဲ့ကျရင် မင်းကိုပေးမယ်
မင်းအဲ့နေ့ကျမှ ကျောင်းထိုင်ကိုလှူလိုက်ပေါ့””

ကျုပ်လက်စွပ်လေးကိုရောင်းဖို့စိတ်မကူးပဲ
သူမကိုရော ကွယ်လွန်ခဲ့သူတွေအတွက်ရည်စူးပြီး
ကျုပ်လုပ်အားခနဲ့ လှူဖို့ ဆုံးဖြတ်လိုက်သည်။
ညစဥ်ညတိုင်းလည်း သူမရဲ့ခေါ်သံကို ကြားနေခဲ့ရတယ်
ကျုပ် ကိုလှဆောင်ဆီက ငွေရပြီး
ကျောင်းထိုင်ကို အကျိုးအကြောင်းတင်လျှောက်ပြီး
လှူဒါန်းလိုက်သည်။
သူမအမည် သူမမိခင်အမည်နှင့်
သူမခင်ပွန်း…..ကိုရင်မိုးညို ကိုပါ အမည်တပ်၍
အမျှဝေပေးခဲ့ပါသည်။

ကျုပ်…အဲ့ရွာမှာ ခြောက်လကြာခဲ့တယ်။
အမျှဝေပြီး တဲ့ညကတည်းက
သူမရဲ့ ငိုကြွေးသံကို ကိုပ်မကြားရတော့ဘူး
ကျုပ်နဲ့ သူမရဲ့အဖြစ်အပျက်ကိုဘယ်သူ့ကိုမှ
ကျုပ် မပြောပြဖြစ်ခဲ့ဘူး။
အဲ့ဒီအဖြစ်အပျက်တွေရဲ့နောက်မှာ ဘာကြောင့်မှန်း
မသိပဲ ကျုပ်အရက်မသောက်ချင်လို့ အရက်ဖြတ်ခဲ့တယ်။
အရက်လည်းပြတ်ခဲ့တယ်။

သေလွန်ပြီးသည့်တိုင် မိခင်ကို အားကိုးတကြီး
တမ်းတနေတဲ့ သူမကို ကြည့်ပြီး
မိခင်ရဲ့ တန်ဖိုးကို မိခင်ရဲ့မေတ္တာကို ပိုတန်ဖိုးထားလာခဲ့တယ်။
ကျုပ်….မိခင်အိုကြီးကို နောက်ဆုံးထွက်သက်အထိ
တရိုတသေ လုပ်ကျွေးပြုစုခဲ့သည်။
မိခင်ဆုံးပါးသွားချိန်မှာ
ဒေးဒရဲမှော်ဘီရွာလေးကို ပြန်လာပြီး
ရာသက်ပန် သာသနာဘောင်ဝင်ခဲ့သည်။
မြရာပင်ကြီးကတော့…ယနေ့အချိန်ထိရှိနေပါသေးသည်
မကျွတ်မလွတ်သူတွေကို မေတ္တာပို့ အမျှဝေခဲ့တာ
အခုဆိုရင်…..ဆယ့်လေးနှစ်တိုင်ခဲ့ပါပြီ
ကျုပ်မှာလက်စွပ်ကလေးမရှိတော့ပါ။
ကျောင်းဝိုင်းထဲက တည်တဲ့စေတီလေးရဲ့
ဋ္ဌာပနာမှာ ထည့်သွင်းလှူဒါန်းခဲ့ပါသည်။
ကျုပ်ကတော့ မြရာပင်ကြီးအောက်မှာ
တရားဘာဝနာစီးဖြန်းရင်း………….

နာဂစ်မုန်တိုင်းမှာကွယ်လွန်ခဲ့ကြသူများ
ကောင်းရာသုဂတိလားပါစေ။

ယွန်းနှင်းဆီခိုင်