တစ္ဆေမနှင်း

*ကိုမြင့်ဆောင် နှင့် တစ္ဆေ မနှင်း*📖📖📖

********************************

(၁)

    မနှင်းကပ္ပိယကြီး၏အဆက်မပြတ်တီးလိုက်တဲ့ကြေးစည်သံကြောင့် သလဲကုန်းရွာအနောက်ဘက်ရှိထိမ်ပင်ရွာခေါင်းရင်းခပ်လှမ်းလှမ်းသို့လွင့်စင်လာခဲ့သည်။

    သူထိုနားရောက်တော့ကပ္ပိယကြီး၏ကြေးစည်သံကိုမကြားရတော့ ထို့ကြောင့်မနှင်းဘေးဘီကိုကြည့်လိုက်သည် သူ့နားတွင်လည်းဦးမြရှိမ‌ေန‌ေတာ့ ဦးမြဘယ်ထိအောင်လွင့်စင်သွားမှန်းလဲသူမသိ ထို့ကြောင့်ယခုမနှင်းသူတစ်ယောက်တည်းဖြစ်ကျန်ခဲ့ပြီဖြစ်သည်။

မနှင်း ခပ်ဝေးဝေးမှာလှမ်းမြင်နေရတဲ့ထိမ်ပင်ရွာကိုကြည့်ရင်းတ‌ေရွ့‌ေရွ့လာခဲ့သည် သူထိုသို့လာ‌ေနရင်းထိမ်ပင်ရွာ ရွာဦးထိပ်မှထုံးစေတီဖြူဖြူလေးကိုမြင်လိုက်ရသည်

  မနှင်းထိုစေတီလေးကိုမြင်လိုက်တော့ သူတို့၏အိမ်ကလေးအပေါ်ဆွဲလမ်းစိတ်ကြောင့် သာဓုမခေါ်ပဲ‌ေနခဲ့တာကိုနောင်တရနေမိသည်

     ထိုမျှသာမကသေးပဲထိုဆွဲလမ်းစိတ်ကိုအခြေခံပြီးဖြစ်လာတဲ့ဒေါသကြောင့် သူ့ယောက်ျားကိုမောင်ညွန့်သူ့ရှေ့မှာပင်လောင်မြိုက်ပြောက်ကွယ်သွားခဲ့ရသည် သူ့ယောက္ခမဦးမြသည်လည်းဘယ်ဆီရောက်သွားမှန်းမသိတော့ သို့သော်မနှင်းမသူ့အိမ်လေးသို့ပင်ပြန်ချင်နေမိသည်

ဒါပေမဲ့သူမပြန်ရဲ သူ့အိမ်လေးဆီသို့ပြန်သွားပါကကပ္ပိယကြီး၏ကြေးစည်သံကိုပြန်ကြားရမှာကြောက်နေမိသည် ထိုကြေးစည်သံကိုသူဘယ်လိုမှမခံစားနိုင် ထိုအသံကိုကြားလိုက်ရရင် မနှင်းသူ့ရဲ့ဦးခေါင်းတစ်ခုလုံးပွင့်ထွက်သွားမတတ်ခံစားရသည်။

    ဒါ့ကြောင့်မနှင်းအိမ်မပြန်ရဲ‌ေတာ့ပဲ ထိမ်ပင်ရွာထဲကိုဝင်သည့်လမ်းလေးအတိုင်းလာနေရင်း ရွာထိပ်ညောင်ပင်ကြီးနားသို့ရောက်ခဲ့ပြီဖြစ်သည် ထိုနားအရောက်မှာတော့ ညောင်ပင်ကြီးပေါ်မှပုဂ္ဂိုလ်တစ်ဦးဆင်းလာပြီးသူ့ကိုဟန့်တားလိုက်သည်။

    “ဟဲ့ မကောင်းဆိုးဝါးမ နင်ရွာထဲကိုဘာဝင်လုပ်မလို့တုန်းဒီကနေထွက်သွားစမ်း”

    ပြောပြောဆိုဆိုထိုပုဂ္ဂိုလ်ကမနှင်းကိုသူ၏လက်ဖြင့်ရိုက်ရန်ရွယ်လိုက်သည် ထိုသို့ရွယ်လိုက်သည်နှင့်မနှင်းနောက်သို့လွင့်စင်သွားခဲ့ရသည် သူထိုနေရာကိုဆက်မသွားရဲ‌တော့  ထိုလမ်းအတိုင်းလှည့်ပြန်သွားပါကလည်းသလဲကုန်းရွာသို့ပြန်ရောက်သွားပြီးကပ္ပိယကြီး၏ကြေးစည်သံကိုကြားနေရဦးမည်ဖြစ်သည်။

    ဒါကြောင့်မနှင်းသူနေလို့ရမည်အပင်တစ်ပင်ပင်ကိုအနီးအနားတွင်ရှာကြည့်လိုက်သည် ထိုအခါရွာတောင်ဘက်လယ်ကွင်းထဲတွင် ထန်းပင်မြင့်မြင့်ကြီးတစ်ပင်ကိုမြင်လိုက်ရပြီး မနှင်းထိုထန်းပင်ကြီးရှိရာသို့လာခဲ့လိုက်သည် သို့သော်သူထန်းပင်ကြီးအောက်ကိုရောက်သည်နှင့် ထိုထန်းပင်ပေါ်မှတစ္စေကြီးတစ်ကောင်ဆင်းလာပြီးသူ့ကိုလက်ဝါးကြီးဖြင့်ရိုက်နှက်တာခံလိုက်ရသည် ထိုအခါသူလည်းကြောက်လန့်တကြားထွက်ပြေးခဲ့ရပြန်သည်။

     မနှင်းထို့‌နေရာမှကြောက်လန့်တကြားထွက်ပြေးလာရင်လှည်းလမ်းတစ်ခုပေါ်သို့ရောက်လာခဲ့သည် သူလည်းထိုလှည်းလမ်းကြောင်းလေးအတိုင်းတရွေ့ရွေ့လာ‌ေနရင်း လှည်းလမ်းဘေးတွင်ပေါက်နေသော ထိမ်ပင်ကြီးတစ်ပင်ကိုမြင်လိုက်ရပြန်သည် မနှင်းလည်းထိုအပင်ကြီး၌နေရန်စိတ်ကူးပြီးထိမ်ပင်ကြီးရှိရာသို့လာခဲ့ပြန်သည်

  သို့သော်သူထိုအပင်ကြီးအောက်ရောက်သည်နှင့်ထိမ်ပင်သရဲကြီးဆင်းလာပြီးရိုက်သည် မနှင်းလည်းထိမ်ပင်သရဲကြီးကိုပြန်ရိုက်သည် သို့သော်သူဘယ်လိုမှပြန်မခုခံနိုင် ထိမ်ပင်သရဲကြီးရိုက်သမျှကိုသာလက်ဝါးကြီးတကာကာဖြင့်ခံနေရပြီးနာကျင်လွန်း၍တဝူးဝူးတဝါးဝါးအော်နေရသည် သူထိမ်ပင်သရဲကြီးရိုက်တာကိုကြာကြာမခံနိုင်‌ေတာ့ပဲထိုနေရာမှထွက်ပြေးခဲ့ရပြန်သည် သူ့အားပြန်ခုခံသောမနှင်းကိုထိမ်ပင်သရဲကြီးသည်အတော်ဝေးဝေးရောက်သည့်အထိနောက်ကလိုက်ပြီးရိုက်သည်။

     မနှင်းခြေဦးတည့်ရာတောတောင်လျှိုမြောင်တွေကိုဖြတ်ပြေးလာရင်းရေအိုင်ငယ်တစ်အိုင်နားသို့ရောက်လာသည် နောက်မှလိုက်ရိုက်နေ‌ေသာထိမ်ပင်သရဲကြီးလည်းတော်တော်ဝေးဝေးမှာကျန်ခဲ့ပြီမို့သူထိုရေအိုင်နားမှာရပ်လိုက်သည်

     မနှင်းရေအိုင်နားမှာရပ်ရင်း‌ေရထဲတွင်ကူးခပ်နေသည့်ငါးများကိုကြည့်ပြီးစားချင်လာသည်  ထိုကြောင့်သူရေအိုင်ထဲသို့ဆင်းကာကူးခပ်နေသောငါးများကိုဆတ်ကနဲဖမ်းလိုက်သည် ထိုနောက်သူ့လက်ထဲတွင်ပါလာသောတစ်ဖျတ်ဖျတ်ခတ်နေသည့်ငါးအရှင်တစ်ကောင်ကိုအားရပါးရကိုက်စား‌လိုက်သည်။

     ထိုအချိန် သူ့အိုင်ထဲမှာငါးများကိုစားနေသောသရဲမကိုမြင်လိုက်ရပြီးငလူးကြီးသူနေရာအပင်ကြီးပေါ်မှဆင်းလာသည် ထို့နောက်ရေအိုင်ထဲမှငါးများကိုသာမဲပြီးဖမ်းစားနေသည့်သရဲမ၏ကျောကိုသူ၏လက်ဝါးကြီးဖြင်ရိုက်ချလိုက်သည် ထိုသရဲမအားကနဲအသံနက်ကြီးဖြင့်အော်ကာရေထဲသို့လဲကြသွားသည်။

      မနှင်းသူ၏ကျောကိုလက်ဝါးဖြင့်ရိုက်လိုက်သူအားမော့ကြည့်လိုက်သည် ထိုအခါသူ့ကိုစူးစူးရဲရဲကြည့်နေသောမကောင်းစိုးဝါးကြီးတစ်ကောင်ကိုမြင်လိုက်ပြန်ရသည် မနှင်းထိတ်လန့်‌ေကြာက်ရွံ့‌ေနတုန်းမှာပဲထိုသရဲကြီးကသူ့ကိုလက်ညှိုးကြီးထိုးပြီးမေးသည်

    “နင်ဘယ်က‌ေရာက်လာတဲ့သရဲမတုန်း ငါ့‌ေရအိုင်ထဲကငါးတွေကိုပိုင်စိုးပိုင်နင်းဝင်စားနေတာ နာချင်လို့လား”

    ငလူးကြီးသူ့လက်ဝါးကိုမြှောက်ကာရိုက်မည်တကဲကဲလုပ်ရင်းမေးလိုက်သည်

    “ကျွန်မ သလဲကုန်းရွာကမနှင်းပါ စာလွန်းလို့ဒီအိုင်ထဲကငါးတွေကိုမြင်ပြီးစားမိတာပါ သင့်ငါးတွေမှန်းလဲမသိပါဘူး”

    မနှင်းထိုသို့ကြောက်ကြောက်လန့်လန့်ဖြင့်ပြောလိုက်သည်

    “နင့်ဟာနင် ဘာဖြစ်ဖြစ် ငါ့အိုင်ထဲကငါးတွေစားလို့ကတော့နာပြီသာမှတ်”

    ပြောပြောဆိုဆိုငလူးကြီးလဲနေသောမနှင်း၏ဆံပင်များကိုကိုင်ကာရေထဲမှတရွတ်တိုက်ဆွဲလာသည်
ထို့နောက်ကုန်းပေါ်အရောက်တွင်လက်တစ်ဖက်ဖြင့်အဝေးသို့လွင့်ပစ်လိုက်သည်။

    ထိုသို့ ငလူးကြီးလွင့်ပစ်လိုက်သောနေရာမှထ၍မနှင်းဒရောသောပါးထွက်ခဲ့ရပြန်သည် ထို့‌ေနာက်ကုန်းလေးတစ်ခုပေါ်သိုတက်ခဲ့ရာကုန်းထိပ်‌ေပါ်သို့အရောက်၌ မိမိရှေ့အနည်းငယ်လှမ်းသောအိုင့်လေးထဲတွင်လယ်ထွန်နေသူတစ်ဦးကိုမြင်လိုက်ရသည်။

    မနှင်းထိုသူကိုသေချာကြည့်လိုက်တော့ကိုမြင့်ဆောင်ဖြစ်မှန်းသိလိုက်သည် သူကိုမြင့်ဆောင်ကိုမြင်လိုက်တော့ဝမ်းသာသွားသည် ကိုမြင့်ဆောင်သည် သူတို့ကိုရွာမှနှင်ထုတ်ခဲ့သူဖြစ်ပေမယ့် သူတို့အတွက်လည်းကောင်းမှုကုသိုလ်လုပ်ပေးခဲသူဖြစ်သည်။

      ထိုသို့မနှင်းကိုမြင့်ဆောင်ကိုမြင်တော့အကူအညီတောင်းရန်သတိရလိုက်မိသည် ဒါ့ကြောင့်သူကိုမြင့်ဆောင်ရှိရာဆီသို့တောင်ကုန်းလေးပေါ်မှဆင်းခဲ့လိုက်သည်  သို့သော် သူရှေ့ဆက်မသွားရဲ‌တော့ ဥနှဲပင်ပေါ်မှတစ္စေသရဲကြီးတစ်ကောင်အပင်ပေါ်မှဆင်းလာပြီးသူထံသို့လာနေသည်ကိုမြင်လိုက်ရသည် ထို့ကြောင့်မနှင်း‌ေရှ့ဆက်မသွားရဲ‌ေတာ့ပဲနောက်သို့ပြန်ဆုတ်ခဲ့ရသည် ထို့နောက်သူရောက်နေရာကုန်းထိပ်လေးပေါ်မှသာကိုမြင့်ဆောင်ကိုလှမ်းကြည့်နေရသည်။

      (၂)

    ကိုမြင့်ဆောင်လည်းကပ္ပိယကြီးနဲ့အတူ မနှင်းတို့ကို ရွာမှနှင်ထုတ်ပြီးမှ အလုပ်ကိုစိတ်ဖြောင့်လက်ဖြောင့်လုပ်နိုင်တော့သည်  အခုလည်းသူရေစိမ်ထား‌သောလယ်တကွက်ကိုထွန်ဖြင့်ထွန်နေခြင်းဖြစ်သည်။

    ထိုသိုဖြင့်သိပ်မကြာခင်နေမြင့်လာပြီဖြစ်သည် ကိုမြင့်ဆောင်နွားကြီးနှစ်ကောင်ကိုထယ်ထမ်းပိုးမှဖြုတ်ကာလွှတ်ကျောင်းထားလိုက်သည်  ထိုအခါမှသူလည်းနေ့လည်စာအတွက်ပြင်ဆင်ချက်ပြုတ်ရဦးမည်ဖြစ်သည်။

    ကိုမြင့်ဆောင်လည်းနေ့လည်စာကို ထွေထွေထူးထူးလုပ်မနေတော့ပဲဖြစ်သလိုစားကာတရေးတ‌မောအိပ်လိုက်သည်။

     ကိုမြင့်ဆောင်ထိုသို့အိပ်‌ေပျာ်နေတုန်း
နားထဲ၌ မိန်းမတစ်ယောက်သူကို့ခေါ်နေသံလိုလိုကြားမိလိုက်သည် သူအိပ်နေရာမှခေါင်းထောင်လိုက်ပြီးထိုအသံကိုသေချာနားစွင့်လိုက်သည် ဟုတ်သည်မိန်းမတစ်ယောက်သူ့နာမည်ကိုခေါ်နေတာဖြစ်သည် ကိုမြင့်ဆောင်အိပ်‌ေနရာမှထလိုက်ပြီးခေါ်သံကြားရာတဲအနောက်ဘက်ခရိုးလေးဆီသို့လှမ်းကြည့်လိုက်သည်
ဒါပေမဲ့သူဘာမှမမြင်ရ သေသေချာချာ‌ထပ်ကြည့်လိုက်တော့လည်းဘယ်သူမှရှိမနေ သူ့စိတ်အထင်ရွာထဲမှမှိုရှာမျှစ်ရှာလာသောအမျိုးသမီးများ သူ့ကိုခေါ်နေတာမကြား၍လှည့်ပြန်သွားကြခြင်းမည်ဟုတွေးလိုက်မိသည်။

    ကိုမြင့်ဆောင်ဆက်မအိပ်ဖြစ်တော့ပဲ လယ်ကန်သင်းရိုးမှကိုင်းများကိုခုတ်နေရင်းတဖြည်းဖြည်းမိုးချုပ်လာပြီဖြစ်သည် ထိုအခါကြမှသူလည်းရေမိုးချိုးကာ လွှတ်ကျောင်းထားသောနွားကြီးနှစ်ကောင်ကို တဲအတွင်းဆွဲချည်လိုက်သည် ထို့နောက်ညစာချက်ပြုတ်စားသောက်ပြီးစောစောပင်အိပ်လိုက်တော့သည်။

    ကိုမြင့်ဆောင်အိပ်ပျော်သွားသည်မှာမည်မျှကြာသွားသည်မသိ သူ့နားထဲတွင်နေ့လည်ကလိုပဲသူ၏နာမည်ကိုခေါ်နေသံကြားလိုက်ရပြန်သည် ကိုမြင့်ဆောင်သေချာနားစိုက်ထောင်ကြည့်သည် တိတ်ဆိတ်နေသည့်အချိန်ဖြစ်‌ေသာ‌ေကြာင့်အသံကိုသူကောင်းကောင်းကြားနေရသည်

     ကိုမြင့်ဆောင်အိပ်ရာမှထလိုက်ပြီးလက်နှိပ်ဓာတ်မီးကိုယူကာတဲအတွင်းမှထွက်လိုက်သည် ထိုနောက်လွယ်အိပ်ထဲမှလေးဂွကိုထုတ်ယူလိုက်ပြီးလက်မှဆုပ်ကိုင်ကာထိုနေရာသို့သွားကြည့်ဖိုပြင်လိုက်သည် ထိုအချိန်ဥနှဲပင်ပေါ််မှဦးဖိုးခေါင်ကြီးဆင်းလာပြီးသူထံသို့ရောက်လာသည်
ထိုနောက်ဦးဖိုးခေါင်ကြီးကသူ့ကိုမေးသည်

    “မြင့်ဆောင်ဘယ်သွားမလို့တုန်းကွ”

    “ဟိုခရိုးပေါ်က ကျုပ်နာမည်ကိုခေါ်နေသံကြားလို့ အဲ့ဒါသွားကြည့်မလို့ဗျ”

    သူထိုသို့ပြန်ပြောလိုက်တော့ဦးဖိုးခေါင်ကြီးကဆက်ပြောပြန်သည်

    “အဲ့ဒါသရဲမတစ်ကောင်ပဲကွ နေ့လည်တည်းကသူမင်းဆီကိုလာဖို့ပဲ ဒါပေမဲ့ငါရှိနေလို့မလာရဲပဲ အဲ့ဒီပေါ်ကနေလှမ်းကြည့်နေတာ”

    “ဟုတ်လား ဒါဆိုကျုပ်သွားကြည့်လိုက်ဦးမယ်ဗျာ ဒါမှသူဘယ်သူလဲဆိုတာသိရမှာ နောက်ပြီးကျုပ်ဆီကိုဘာလာလုပ်တာလဲမေးကြည့်ရဦးမယ်”

    “အေးမင်းကြည့်ချင်ရင်သွားကြည့်‌လေ သူကိုကြည့်ရတာ‌မင်းကိုအန္တရာယ်ပြုမဲ့ပုံတော့မပေါ်ပါဘူး”

    “ဒါဆိုလည်းကျုပ်သွားလိုက်ဦးမယ် ဦးဖိုးခေါင်ကြီးမလိုက်ခဲ့တော့နဲ့ တော်ကြာဦးဖိုးခေါင်ကြီးကိုကြောက်လန့်ပြီးထွက်ပြေးသွားရင် ဘယ်သူမှန်းမသိပဲဖြစ်နေမှာဆိုးရတယ်”

    ကိုမြင့်ဆောင်လည်းဦးဖိုးခေါင်ကြီးကိုထိုသို့ပြောပြီးသရဲမရှိနေရာသို့ထွက်ခဲ့လိုက်သည် ဦးဖိုးခေါင်ကြီးကတော့ဘာမှမပြောပဲထိုနေရာမှာသာရပ်ပြီးကိုမြင့်ဆောင်ကိုလိုက်ကြည့်နေသည်။

     ကိုမြင့်ဆောင်ထိုနေရာသို့လျှောက်လာရင်းကုန်းတက်လေးတစ်ဝက်အရောက်၌ ကုန်းထိပ်ပေါ်မှ‌ေနပြီးသူ့ကိုရပ်ကြည့်နေသောသရဲမကိုမြင်လိုက်ရသည် ကိုမြင့်ဆောင်ထိုသရဲမဆီသွားမည်အလုပ်ထိုသရဲမကသူ့ကိုလှမ်းပြောလိုက်သည်။

    “ကိုမြင့်ဆောင် အဲ့နားမှာပဲရပ်နေပါကျွန်မဆီရောက်အောင်မလာခဲ့ပါနဲ့”

   ကိုမြင့်ဆောင်ထိုအသံကိုကြားလိုက်တော့ထိုသရဲမသည်မနှင်းဖြစ်မှန်းသိလိုက်သည် ထိုကြောင့်သူရှေ့ဆက်မသွားတော့ပဲထိုနေရာမှသာရပ်ရင်းလှမ်းမေးလိုက်သည်

    “နင်မနှင်းမဟုတ်လား ဘာဖြစ်လို့ငါရှိတဲ့နေရာကိုလာရတာတုန်း”

    သူထိုသို့မေးလိုက်တော့မနှင်းပြန်ဖြေသည်

    “ဟုတ်ပါတယ်ကိုမြင့်ဆောင် ကျွန်မမနှင်းပါ ကိုမြင့်ဆောင်ကိုဒုက္ခပေးဖို့လာတာ မဟုတ်ပါဘူး ကျွန်မဒုက္ခရောက်နေလို့ အကူအညီတောင်းဖို့လာခဲ့တာပါ”

    ကိုမြင့်ဆောင်သည်လည်းသလဲကုန်းရွာသားတစ်ယောက်ပင်ဖြစ်သည် ထိုကြောင့်သူကိုဒုက္ခပေးမည်ဆိုပါကကပ္ပိယကြီး၏ကြေးစည်သံကိုပြန်ကြားနေရမည်ဖြစ်သည် သူကိုတိုင်လဲကိုမြင့်ဆောင်ကိုဒုက္ခပေးလိုစိတ်မရှိ ကိုမြင့်ဆောင်သည်လူကောင်းတစ်ယောက်ဖြစ်ပြီးသူတို့အတွက်ပင်ကောင်းမှုကုသိုလ်လုပ်ပေးခဲ့ဘူးသူဖြစ်သည် ။

    “ကဲမနှင်း နင်ဘာ‌ေတွဒုက္ခဖြစ်လို့ငါကဘယ်လိုကူညီရမှာတုန်း”

    ကိုမြင့်ဆောင်မေးလိုက်တော့ မနှင်း ကပ္ပိယကြီး၏ကြေးစည်သံကြားပြီးနောက် သူကြုံ‌ေတွ့ခဲ့ရသည်‌များကိုပြောပြလိုက်သည် ထို့နောက်ကိုမြင့်ဆောင်ကိုသူ့အတွက်နေစရာလေးတစ်ခုရအောင်ကူညီပေးဖို့ပြောသည်။

မနှင်းထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်စဉ်းစားရကြပ်သွားသည်ဘယ်လိုကူညီရမှန်းမသိ ဒါပေမဲ့သူဖိုးခေါင်ကြီးကိုသတိရမိလိုက်ပြီး မနှင်းအားပြန်ပြောလိုက်သည်။

    “ကဲ မနှင်းအခုလောလောဆယ်တော့ ငါမကူညီနိုင်သေးဘူး ဒါပေမဲ့ဖိုးခေါင်ကြီးနဲ့တွေ့ပြီး နင့်အတွက်အကူအညီ
တောင်းကြည့်ဦးမယ် နင်ဒီမှာပဲခဏနေဦး”

      ကိုမြင့်ဆောင်ထိုသို့ပြောပြီးတဲသိုပြန်ခဲ့လိုက်သည်
မနှင်းကတော့ကုန်းလေးပေါ်မှာသာရပ်ပြီးကျန်နေခဲ့တော့သည်။

    ကိုမြင့်ဆောင်တဲသို့ပြန်ရောက်တော့ဖိုးခေါင်ကြီးသည်ဥနှဲပင်ကြီးဆီပြန်မသွားသေးပဲထိုနေရာမှာပင်ရှိနေသေးသည် ဒါကြောင့်ကိုမြင့်ဆောင်လည်းမနှင်း၏အခက်အခဲများကိုဖိုးခေါင်ကြီးအားပြောပြလိုက်သည် ထိုအခါဖိုးခေါင်ကြီးကသူကိုပြန်ပြောသည်။

    “ဒါတော့ငါမကူညီနိုင်ဘူးမြင့်ဆောင် ဒါပေမဲ့ ဒီတောထဲမှာဒို့လိုသရဲတစ္စေတွေကိုဩဇာညောင်းတဲ့သရဲကြီးတစ်ကောင်တော့ရှိတယ်ကွ သူဆီကိုသွားပြောကြည့်ရင် နေစရာတစ်နေရာတော့ရနိုင်မယ်ထင်တာပဲ”

    ဖိုးခေါင်ကြီး၏စကားကိုကြားပြီးကိုမြင့်ဆောင်မနှင်းအတွက်ဝမ်းသာသွားသည် ထို့ကြောင့်သူဖိုးခေါင်ကြီးအားပြန်ပြောလိုက်သည်

    “ကဲဒါဆိုလဲဦးဖိုးခေါင် အဲ့ဒီသရဲကြီးဆီသွားပြီးအကူအညီတောင်းကြည့်ဦးဗျာ”

    ” အခုတော့သွားလို့မရတော့ဘူးကွ မနက်ဖြန်ကြမှပဲသွားပြောကြည့်ရမှာ တကယ်လို့သူကူညီပေးမယ်ဆိုရင်‌ေနာက်‌ေန့ညကြသူ့ဆီပြန်သွားကြတာပေါ့”

    “အေးဗျာအဲ့ဒါဆိုကျုပ်မနှင်းကိုအကျိုးအကြောင်းသွားပြောလိုက်ဦးမယ်”

    ကိုမြင့်ဆောင်ထိုသို့ပြောပြီးမနှင်းဆီတစ်ခါပြန်လာခဲ့ရပြန်သည် ထို့နောက်မနှင်းအားထိုကိစ္စကိုအသိပေးကာတဲသိုပြန်လာပြီးအိပ်လိုက်တော့သည်။

     (၃)

    မနက်မိုးလင်းလာတော့ ကိုမြင့်ဆောင်တစ်ယောက်လေးဂွကိုကိုင်ကာဥနှဲပင်ကြီးကိုသွားကြည့်လိုက်သည်
ဖိုးခေါင်ကြီးကိုမတွေ့ရ ဖိုးခေါင်ကြီးသည်သူပြောခဲ့သည့်စကားအတိုင်းပင်သရဲကြီးဆီသွားပြောနေပြီဖြစ်မှန်းသိလိုက်သည်

     ဤသိုဖြင့်နေ့လည်နေ့ခင်းအလုပ်နားချိန်ရောက်တော့
ဦးဖိုးခေါင်ကြီးတဲပေါ်သို့ရောက်လာသည်။

    “ဦးဖိုးခေါင်ကြီး ဘယ်လိုတုန်းဗျ သရဲကြီးကကူညီမယ်တဲ့လား”

    ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ဦးဖိုးခေါင်ကြီးကပြန်ဖြေသည်။

    “ဒီနေညသူဆီခေါ်ခဲ့ဖို့ပြောလိုက်တယ်ကွ ဒီနားမှာရှိသမျှသရဲတစ္စေအကုန်ခေါ်ပြီးသူတို့ဆီကအကူအညီ တောင်းပေးလိမ့်မယ် ရတာမရတာ‌ေတာ့သူ့ကုသိုလ်နဲ့သူ‌ေပါ့ကွာ မင်းရောလိုက်ခဲ့ရင်လိုက်ခဲ့ပါလား”

   ဖိုခေါင်ကြီးထိုသို့‌ေခါ်လိုက်တော့ကိုမြင့်ဆောင်လည်းသူလိုက်မည့်အကြောင်းပြန်ပြောလိုက်သည်။

  ထိုသို့ဖြင့်တဖြည်းဖြည်းအချိန်ကုန်လွန်လာကာ နေဝင်မိုးချုပ်သို့ပင်ရောက်ခဲ့ပြီဖြစ်သည် ထိုအခါဖိုးခေါင်ကြီးသည်သူနေသောဥနှဲပင်ကြီးပေါ်မှဆင်းလာပြီး ကိုမြင့်ဆောင်ကိုလာ၍ခေါ်သည်။

    “မြင့်ဆောင်သွားရအောင်ကွာ ဒီအချိန်လောက်သွားမှအတော်ပဲ”

    ဖိုးခေါင်ကြီးထို့ပြောလိုက်တော့ကိုမြင့်ဆောင်လည်းလေးဂွကိုကိုင်ကာတဲအတွင်းမှထွက်လိုက်သည် ထို့နောက်မနှင်းရှိရာကုန်းလေးပေါ်သို့ အရင်လာခဲ့လိုက်ပြီး မနှင်းကိုခေါ်ကာ သရဲကြီးနေသည့်နေရာသို့ထွက်ခဲ့လိုက်‌ေတာ့သည်။

     ဤသို့ဖြင့်ဖိုးခေါင်ကြီးကရှေ့မှနေပြီးသွားသည်သူနောက်မှမနှင်းကလိုက်သည်သူတို့နှစ်ယောက်နှင့်ခပ်လှမ်းလှမ်းမှနေပြီးကိုမြင့်ဆောင်သည်လေးဂွကိုကိုင်ကာလိုက်ခဲ့တော့သည်။

    ထိုသို့ဖြင့်သူတို့သွားနေကြရင်းသစ်ပင်ကြီးတစ်ပင်ကိုမြင်လိုက်ရသည့်ထိုသစ်ပင်ကြီးသည်ဖုန်းဆိုးတောထဲတွင်ထည်းထည်းကြီးရှိနေခြင်းဖြစ်သည်

      ဖုန်းဆိုးတောဖြစ်သည့်အတိုင်းသစ်ပင်ကြီးကြီးမားမားမရှိပဲသစ်ပင်ငယ်ခြုံဘုတ်များသာရှိသည် ကြီးကြီးမားမားဆို၍ကိုမြင့်ဆောင်မြင်လိုက်ရသည့်သစ်ပင်ကြီးတစ်ပင်သာရှိသည်

     ထိုဖုန်းဆိုးတောစပ်သို့ရောက်တော့ ဦးဖိုးခေါင်ကြီးက ကိုမြင့်ဆောင်နှင့်မနှင်းကိုနေခဲ့ရန်ပြောသည်
ထို့နောက်အပင်ကြီးဆီသို့သူတစ်ယောက်တည်းဆက်သွားလိုက်သည်။

    ကိုမြင့်ဆောင် ဦးဖိုးခေါင်ကြီးကိုလိုက်ကြည့်နေမိသည် သူထိုသို့ကြည့်နေခိုက်ဦးဖိုးခေါင်ကြီးသည်အပင်ကြီးအောက်သို့ရောက်သွားပြီဖြစ်သည်

     ထို့နောက်အပင်ကြီးကိုမော့ကြည့်ကာ သူတို့ရောက်ပြီဆိုသည်အကြောင်းပြောလိုက်သည် ဦးဖိုးခေါင်ကြီးထိုသို့ပြောလိုက်တော့ သစ်ပင်ကြီးပေါ်မှမဲမဲအကောင်ကြီးတစ်ကောင်ဆင်းလာတာကိုမြင်လိုက်ရသည်။

     ထိုအကောင်ကြီး၏အရပ်သည်ဆယ်ပေကျော်မျှလောက်ရှိပြီးကိုလုံးကြီးသည်အမွှေရှည်ကြီးများဖြင့်ဖုံးလွှမ်းနေသည် ထိုသရဲကြီးနှင့်ယှဉ်ကြည့်လိုက်တော့ဦးဖိုးခေါင်ကြီးသည်ပင်လျှင်သရဲပေါက်စသာသာလောက်ဖြစ်သွားသည် ဒါကြောင့်ဖိုးခေါင်ကြီးသည်ထိုအကောင်ကြီးကိုသရဲကြီးဟု‌ေခါ်မှန်းကိုမြင့်ဆောင်သိလိုက်သည်။

     အတန်ကြတော့ထိုသရဲကြီးသည် ခေါင်းကြီးကိုမော့လျှက်အရပ်လေးမျက်နှာသို့လှည့်ပြီးအော်လိုက်သည်
ထိုအော်သံကြီးကိုကြားပြီးကိုမြင့်ဆောင်နှင့်ခပ်ကွာကွာတွင်ရပ်နေသောမနှင်းသည် နားနှစ်ဖက်ကိုပိတ်ထားလိုက်ရသည်။

      ထိုသရဲကြီးအော်လိုက်ပြီးမရှေ့မနောက်မှာပင်သူနေသည့်အပင်ကြီးပေါ်မှအရိပ်မဲကြီးနှစ်ရိပ်ခုန်ဆင်းလာပြန်သည်

      ထိုနောက်အရပ်လေးမျက်နှာမှမဲမဲအရိပ်များဖုန်းဆိုးတောနေရာသို့အလုအယက်ပြေးလာနေကြတာကိုတွေ့လိုက်ရသည်

     ထိုအရိပ်မဲများသည်သရဲကြီးရဲအော်သံကိုကြားပြီးရောက်လာကြသောသရဲတစ္စေများဖြစ်ကြသည်
ကိုမြင့်ဆောင်ဒီလောက်များပြားသောတစ္စေသရဲများကိုတစ်ခါမှမတွေ့ဘူး အခုကိုတိုင်မြင်လိုက်ရတော့သူအံဩနေမိသည်။

     ထိုသို့ဖြင့်ခဏကြာတော့ဖုန်းဆိုးမြေတစ်ခုလုံးတစ္စေသရဲများဖြင့်ပြည့်နှက်ကုန်သည် ထိုအခါကြမှသူတို့ကိုခေါ်လိုက်သောသရဲအကြီးကြီးသည်အောက်သို့ထိုင်ချလိုက်သည် သူသည်ခြေနှစ်ဖက်ကိုကွေးကွေးကြီးဆင်းကာသစ်ပင်ကြီးကိုကျောမှီပြီးထိုင်နေခြင်းဖြစ်သည်။

     ထိုအခါကြမှကိုမြင့်ဆောင်ထိုသရဲကြီးကိုသေချာမြင်လိုက်ရသည် ထိုသရဲကြီး၏ပါးစပ်တွင်ကြီးမားသောဓါးဒါဏ်ရာကြီးကန့်လန့်ဖြတ်ရှိနေသည် ထိုဓါးဒါဏ်ရာကြောင်ဖြစ်မည်ထင်သည် သူ၏နှာခေါင်းတစ်ဖက်သည်လည်းမရှိတော့ပေ

ခဏနေ‌ကြာတော့ထိုသရဲကြီးသည်ထိုင်ရာမှနေပြီး ဖုန်းဆိုးတောမှာရောက်နေသည့်သရဲများကိုဝေ့ကြည့်လိုက်သည် ထိုနောက်သူသည်သရဲအားလုံးအပေါ်ဩဇာညောင်းသည့်အသံကြီးဖြစ်ပြောလိုက်တော့သည်။

    “တရဲညားအားနုံးချုံပနား”

    သူထိုသို့ပြောလိုက်တော့သူ့ကိုကြည့်နေကြသည်သရဲများဘာပြန်ပြောရမှန်းမသိ ကြောင်ကြည့်နေကြသည်
အတန်ကြာတော့မှ စုံပါပြီသရဲကြီးဟုသံပြိုင်ပြောလိုက်ကြသည် ထိုအခါကြမှသရဲကြီးသည်ဆက်၍ပြောသည်။

    “ကဲ တရဲအားနုံးချုံရင်ထိုင်နိုင်ပါညီခညာ”

    သူသည်အားလုံးစုံရင်ထိုင်နိုင်ပါပြီခင်ဗျာဟုပြောလိုက်ခြင်းဖြစ်သည်သို့သော်သရဲတစ်ကောင်မှမထိုင်ကြအားလုံးသူမပြောခင်ကတည်းကထိုင်နေကြပြီဖြစ်သည်
တချို့နားရွက်ကြီးတွေကိုဖျာခင်းပြီးအိပ်နေသူလည်းရှိသည် တွဲလောင်းကြနေသောလျှာကြီးကိုလက်ဖြင့်လိပ်ကာပါးစပ်နားရောက်မှအောက်ပြန်ချလိုက်လုပ်‌ေနသည့်လျှာသရဲများလည်းရှိသည် တချို့သရဲမိဖများနှင့်ပါလာကြသောသရဲပေါက်စများဆိုလျှင်ဖုန်းဆိုးတောထဲမှာပေါက်နေသည့်အပင်ခပ်နိမ့်နိမ့်များပေါ်တက်လိုက်ခုန်ချလိုက်ဖြင့်ပျော်ပျော်ပါးပါးဆော့ကစားနေကြသေးသည်။

    “ငြှုပ် ဒီ‌နေ့ ခညားနှို့ကို ခေါ်နှိုက်ရတာကဒေါ့”

    သရဲကြီးဆက်မပြောသေးဘဲသရဲများကိုဝေ့ကြည်လိုက်သည်သူပြောတာတွေကိုစိတ်ဝင်စားမှုရှိမရှိသိခြင်၍ဖြစ်သည်ထိုနောက်သူဆက်ပြောပြန်သည်။

    “အထုမှတရဲတောတိုးမဲ့ တညည်း တရဲနောကငိုထဝင်မဲ့
တရဲမတ‌ေငါင်နဲ့မိတ်ထက်ပေးညှင်နို့ ခြစ်တယ်”

    သရဲကြီးထံမှထိုသို့အခုမှသရဲလောကိုစဝင်မည့်သရဲတောစတိုးမည့်သရဲမတကောင်နှင်မိတ်ဆက်ပေးချင်သည်ဆို၍သရဲများအားလုံးခေါင်းထောင်ကြည့်ကြသည်ဆက်ပြီးသရဲကြီးပြောမည့်စကားများကိုနားစွင့်နေကြသည်။

    “ကဲ ဖိုးနှောင် မင်းတောင်မငို ရှေ့နှုတ်နှိုက်ချမ်း”

    သရဲကြီးကြီးသည်သူ့ရှေ့တွင်ထိုင်နေသောဖိုးခေါင်ကြီးကိုကြည့်၍ပြောနေခြင်းဖြစ်သည် ဖိုးခေါင်ကြီးသူ့ကိုပြောနေမှန်းမသိ ဒါကြောင့်ဘာမှပြန်မပြောပဲသရဲကြီးကိုသာကြည့်နေသည် သရဲကြီးဆက်ပြီးပြောပြန်သည်

    “ဟဲ့ ဖိုးနှောင် မင်းတောင်မငို ရှေ့နှုတ်နှိုက်ချမ်းနို့”

    သရဲကြီးသည်သူပြောတာကိုနားမလည်ပဲသူ့ကိုသာကြည့်နေသောဖိုးခေါင်ကြီးကိုစိတ်မရှည်တော့ ဒါကြောင့်ဆင်းထားသောခြေထောက်ကြီးဖြင့်ထိုးသည်။ထို့နောက်

    “ဟဲ့ဖိုးနှောင်မင့်ငါကြောနေတာ ကြားဖူးနား”

    ထိုသို့သရဲကြီးကသူ့ကိုခြေထောက်နဲ့ထိုးမှသူ့ကိုပြောနေမှန်းဖိုးခေါင်ကြီးသိလိုက်သည်ဒါ‌ေကြာင့်သူလည်းသရဲကြီးကိုပြန်ပြောလိုက်သည်

    “ဟာသရဲကြီးကလဲ ကျုပ်နာမည် ဖိုးနှောင်မဟုတ်ဘူးဗျ
ဖိုးခေါင် နာမည်ကိုပီအောင်ခေါ်”

    ဖိုးခေါင်ကြီးထိုသို့ပြောလိုက်တော့သရဲကြီးနဲနဲစိတ်ဆိုးလာပြီးခတ်ဆတ်ဆတ်ပြောသည်

    “မင်းဟာမင်း ဖိုးနှောင်နှောင်မနှောင်နှောင် ငါချိတ်မဝင်ချားဘူး မင်းခေါ်လာနဲ့တောင်မငိုတာရှေ့ထုတ်”

    ထိူအခါကြမှဖိုးခေါင်ကြီးသူခေါ်လာတဲ့မနှင်းကိုရှေ့ထုတ်ခိုင်းမှန်းသိလိုက်သည် ထိုကြောင့်မနှင်းကိုသူတို့နားလာရန်ခေါ်လိုက်သည် မနှင်းလည်းထိုအခါကြမှသူရှေ့တွင်ထိုင်နေသောသရဲများအားကျော်ခွတက်နင်း၍ ဖိုးခေါင်ကြီးနှင့်သရဲကြီးထံသို့သွားလိုက်သည် သရဲကြီးလည်းသူ့ရှေ့ရောက်လာသောမနှင်းအားသေချာကြည့်လိုပြီးပြောလိုက်သည်။

    “တရဲမအတစ်ဆိုတာနင်လား”

    “ကျွန်မနာမည် မနှင်းပါ အတစ်မဟုတ်ပါဘူး”

    “အေးလေ ငါကြောတာနင်တရဲမအတစ်မို့လား”

    “အတစ်မဟုတ်ပါဘူးမနှင်းပါရှင့်”

    “ရောခက်တော့နေဂျီ ငါကြောတာနင်အခုမှရောက်လာတဲ့တရဲမအတစ်ချက်ချက်မဟုတ်လားအဲ့ဒါကြောတာ
နင့်နာမည်မေးနေတာမဟုတ်ဘူး”

    ထိုသို့မေးလိုက်မှမနှင်းသဘောပေါက်သွားပြီးသရဲကြီးအားပြန်ပြောလိုက်သည်

    “ဟုတ်ပါတယ်ကျွန်မအခုမှရောက်လာတဲ့သရဲမပါ ဒါပေမဲ့အသစ်စက်စက်တော့မဟုတ်ပါဘူး သရဲဘဝရောက်နေတာ လေးငါးခြောက်နှစ်ခုနှနှစ်ရှစ်နှစ်လောက်ရှိပါပြီး သရဲကြီး”

    “ဒါတွေထား‌ေတာ့အခုနင့်ပုံကိုကြည့်ချမ်း ဆံပင်‌ေမွးဖားလျှား မျက်တွင်းကနက်နက်ဒီကြားထဲအိုင်းရှဲဒိုးတွေဆိုးထားသေး ငါတောင်သရဲအချင်းချင်းကြောက်လာတယ်  နောက်တခါဒီလိုသရဲထူတဲနေရာတွေကိုလာရင်
အနဲဆုံးဆံပင်လေးတော့ဖီးခဲ့ကြားလား”

    “ခေါင်ဘီးမရှိလိုပါသရဲကြီး”

    “ခေါင်းဘီးမရှိရင်တွေ့တဲ့ထွန်တုံးနဲ့ခေါင်းကိုခြစ်လာခဲ့
ဒါမှမဟုတ်လမ်းဘေးကတွေ့တဲ့ရေအိုင်ထဲခေါင်းထိုးနှစ်ခဲ့ကြားလား”

  “ဟုတ်ကဲ့”

    မနှင်းထိုသို့‌ပြောလိုက်တော့သရဲကြီးကသူနှင့်စကားပြောနေရာမှ ကျန်သရဲများထံကြည့်၍ပြောလိုက်ပြန်သည် ယခုအခါမှာတော့သရဲကြီးသည်ဒေါသဖြစ်ပြီးစကားများပီလာပြီဖြစ်သည်။

    “ကဲ တွေ့တဲ့အတိုင်းပဲ ဒီသရဲမနေစရာမရှိလို့အကူအညီလာတောင်းတာ ဘယ်သရဲကူညီးနိုင်မလဲ”

    သရဲကြီးထိုသို့မေးလိုက်တော့ဘယ်သရဲတစ်ကောင်မှကူညီမည့်သူမရှိအားလုံးတိတ်ဆိတ်နေသည် စောစောကသစ်ပင်ပေါ်တက်ဆော့နေသည့်သရဲပေါက်စများပင်လျှင်အောက်သို့ဝပ်ထိုင်နေကြသည်

     ထိုသို့ဘာတုံ့ပြန်သံမှမကြား၍သရဲကြီးကထပ်မေးလိုက်သည်။

    “ဟို သလဲကုန်းသုဿန်ဇရပ်မှာနေတဲ့ဗိုက်ကြီးသည်သရဲမှ နင်အဖော်ရအောင်သူ့ကိုနင့်ဇရပ်မှာခေါ်ထားပါလား”

    “အို မဖြစ်ဘူသရဲကြီး တော်ကြာကျွန်မယောက်ျားရောက်လာရင် ဒီကောင်မနဲ့ဘယ်လိုမှမဖြစ်ဘူး ကျွန်မယောက်ျားအကြောင်းကျွန်မကောင်းကောင်းသိတယ်
မဖြစ်ပါဘူးသရဲကြီးရယ်”

    “ကဲအဲ့ဒါဆိုနင့်ယောက်ျားဘယ်မှာတုန်း အဲ့ဒီကောင်ကိုထိန်းထိန်းသိမ်းသိမ်းနေဘို့ငါပြောပေးမယ် ဘယ်မှာလဲအဲ့ကောင်ပြစမ်း”

    “အခုတော့မပါသေးဘူး ဒါပေမဲနောက်တော့သူလည်းရောက်လာမှာပဲ”

    “ဒါဆိုနင့်လင်ကအခုဘယ်သွားနေလို့တုန်း”

    “ကျွန်မယောက်ျားကအခု လူ့ဘဝမှာပဲရှိပါသေးတယ်
လူ့ဘဝမှာနောက်မိန်းမယူထားလို့ သရဲဘဝရောက်ရင်လဲအဲ့လိုမဖြစ်အောင်ကြိုကာထားတဲ့သဘောပါ”

    သရဲကြီးလည်းဗိုက်ကြီးသည်သရဲမလက်မခံ၍နောက်တစ်ယောက်ကိုထပ်မေးရပြန်သည်။

    “ကဲဟိုထိမ်ပင်ရွာကသစ်ပင်ပေါ်ကပြုတ်ကြသေပြီးသရဲဖြစ်လာတဲ့ကောင် မင်းနေတဲ့သစ်ပင်မှာရောခေါ်ထားနိုင်မလား”

    “ဟာသရဲကြီးကလည်းကျုပ်ကိုတိုင်ကသစ်ပင်ပေါ်ကပြုတ်ကြပြီးသေထားပါတယ်ဆိုဘယ်လိုလုပ်သစ်ပင်ပေါ်နေရဲမှာလဲဗျာ”

    “ဟုတ်လား ဒါဆိုမင်းဘယ်မှာနေတုန်း”

    “ထန်းပင်ပေါ်မှာ”

    “ဟေ”

    သရဲကြီးမျက်လုံးပြူးသွာသည်ထို့နောက်ထိုသရဲအားအံဩတကြီးပြန်‌မေးလိုက်သည်။

    “ဟ သရဲကောင်ရ ထန်းပင်နဲ့သစ်ပင်အတူတူပဲမဟုတ်ဘူးလား”

    “မတူပါဘူးသရဲကြီး သစ်ပင်ကသစ်ပင် ထန်းပင်ကထန်းပင် သပ်သပ်ဆီပါ”

    “အမြင့်တက်‌ေနရတာခြင်းအတူတူထန်းပင်ကပိုတောင်မြင့်သေးတယ်လေကွာနောက်ပြီးအခက်အလက်လဲမရှိမင်းမကြောက်ဘူးလား”

    “မကြောက်ပါဘူးသရဲကြီးကျုပ်သေခဲ့ရတာကသစ်ပင်ပေါ်ကပြုတ်ကြလို့ပါထန်းပင်ပေါ်ကပြုတ်ကြလို့မဟုတ်ဘူး ဒါကြောင့်ထန်းပင်ပေါ်နေရတာမကြောက်ပါဘူး”

     “ကဲဒါဆိုမင်းနေတဲ့ထန်းပင်ပေါ်မှရောခေါ်ထားနိုင်မလား”

“ဟာဗျာ ကျဉ်းကျဉ်းကျုပ်ကျုပ်မနေတတ်ပါဘူး တော်ကြာထန်းပင်ပေါ်ကပါပြုတ်ကြပြီးထပ်သေနေရင်နောက်ဘဝဘယ်အပင်မမနေရဲပဲဖြစ်နေလိမ့်မယ်”

“ကဲဒါဆိုလည်း ဟိုထိမ်ပင်သရဲမင်းရောလက်ခံနိုင်မလား”

    “ဟာဗျာရှုပ်ရှုပ်ယှက်ယှက် လက်ခံလားလက်မခံလားအဲ့ကောင်မမေးကြည့် မနေ့ကကျုပ်‌ေနတဲ့ထိမ်ပင်အောက်ရောက်လာလို့ဆင်းတွယ်လိုက်ရသေးတယ်”

    “ဟေ မင်းတို့က”

    သရဲကြီးစကားဆုံးအောင်မပြောရသေးခင်ထိမ်ပင်သရဲကြားဖြတ်ပြောလိုက်သည်

    “ကျုပ်ထိမ်ပင်အောက်ရောက်လာလို့ဆင်းပြီးလက်ဝါးနဲ့ရိုက်လိုက်တာကိုပြောတာဗျ တစ်မျိုးထင်မနေနဲ့ သရဲမတွေနဲ့ရှုပ်ရှုပ်ယှက်ယှက်အတူမနေတတ်ဘူး”

    “လာပြန်ပြီရှုပ်ရှုပ်ယှက်ယှက် လူ့ဘဝတုန်းကရည်းစားလင်နောက်လိုက်သွားလို့ ထိမ်ပင်မှာဆွဲကြိုးချသေပြီးသရဲဖြစ်လာတဲ့ကောင်ကများ ကြီးကြီးကျယ်ကျယ်”

    “ကဲ ငလူးကြီးမင်းသစ်ပင်မှာခေါ်ထားလိုက်ကွာ မင်းဗိုက်စာတော့လဲ မင်းအိုင်ထဲကငါးလေးဖားလေးဖမ်းကျွေးခိုင်းလိုရတာပေါ့ ဘယ်လိုလဲခေါ်ထားမယ်မို့လား”

    သရဲကြီးငလူးကိုအားကိုတကြီးမေးလိုက်သည် ထိုအခါငလူးကြီးကခေါင်းခါခါလည်ခါခါဖြင့်

    “ဟာမဖြစ်ဘူးသရဲကြီး ဒီသရဲမတော်တော်အစားကြီးတဲ့သရဲမ မနေ့ကကျုပ်အိုင်ထဲလာပြီးငါးတွေကိုစားနေတာများဗျာ သူ့သာခေါ်ထားလို့ကတော့ကျုပ်အိုင်ထဲကငါးတွေ မိုးမချုပ်ခင်မျိုးပြုတ်သွားလိမ့်မယ် မဖြစ်ပါဘူးဗျာ”

    ထိုသို့ငလူးကြီးပြူးပြူးပြာပြာညင်းရင်းသရဲကြီးကိုစကားတခွန်းထပ်ပြောလိုက်သည်

    “သရဲကြီးသူ့ကိုသရဲကြီးပဲခေါ်ထားလိုက်ပါလား”

ငလူးကြီးထိုသို့ပြောလိုက်တော့သရဲကြီးကစိတ်မချမ်းမြေ့သည်အသံကြီးဖြင့်ပြောလိုက်သည်

    “မဖြစ်လို့ပေါ့ကွာ ဖြစ်နိုင်ရင်သူကိုငါနေတဲ့ဟောဒီသစ်ပင်ကြီးမှာပဲ”

    သရဲကြီးစကားဆုံးအောင်မပြောလိုက်ရသူနေသည့်သစ်‌ပင်ပေါ်မှခုန်ဆင်းလာပြီးသူဘေးတွင်ကပ်ထိုင်နေသောသရဲမနှစ်ကောင်ကသူကိုစူးစူးရဲရဲကြည့်ကာတဟင်းဟင်းလုပ်နေကြသည် သရဲမနှစ်ကောင်ထိုသို့လုပ်နေတာကိုမြင်ပြီးသရဲကြီးဆက်မ‌ေပြာရဲ‌ေတာ့ပဲစကားလမ်းကြောင်းပြောင်းလိုက်ရသည်

    “ကဲဒီလိုဆိုဒီသရဲမကိုဘယ်သရဲမှလက်မခံနိုင်ရင် သူကိုငါ့ဆီခေါ်လာတဲ့ ဖိုးခေါင်ကြီးကပဲ”

    “ဟာမလုပ်ပါနဲ့သရဲကြီးကျုပ်အသက်လဲကြီးပါပြီ နောက်ပြီးတော့”

    “မင်းဘာတွေ‌ေပြာနေတာတုန်း  ငါပြောတာမင်းကပဲသူ့ကိုငါ့ဆီခေါ်လာဖို့မင်းကိုအကူအညီတောင်းခဲ့တဲ့သူ့မိတ်ဆွေလူသားဆီပြန်ပို့လိုက်ဖို့ပြောမလို့ကွ”

    သရဲကြီးလည်းထိုသို့ပြောပြီး သရဲများကိုနှုတ်ဆက်ကာသူနေသောသစ်ပင်ကြီးပေါ်သိုပြန်တက်သွားတော့သည် ထိုသို့သရဲကြီးသစ်ပင်ပေါ်တက်သွားပြီးနောက် ကျန်သည့်သရဲများလည်းမိမိတို့နေထိုင်ရာသစ်ပင်များသိုပြန်သွားကြတော့သည်။

     ထိုအခါဖိုးခေါင်ကြီး မနှင်းနဲ့ကိုမြင့်ဆောင်တို့လည်းစိတ်မကောင်းစွာတဲသို့ပြန်ခဲ့ရတော့သည်။

(၄)

    နောက်နေ့မနက်ရောက်တော့ကိုမြင့်ဆောင်လယ်ထွန်နေရင်းတစ်ခုစဉ်းစားမိလိုက်သည် မနှင်း၏အကြောင်းများကိုကပ္ပိယကြီးသိအောင်ပြောလိုက်ပြီး သူတို့နှစ်ယောက်တိုင်ပင်ကာ မနှင်းအတွက်တစ်ခုခုလုပ်ပေးရန်ဖြစ်သည်။

     ကိုမြင့်ဆောင်လည်းသူစဉ်းစားထားသည့်အတိုင်းနေ့လည်အလုပ်နားတော့ ကပ္ပိယကြီးရှိရာဘုန်းကြီးကျောင်းသို့ထွက်လာခဲ့တော့သည်။

      ထိုနောက်ဘုန်းကြီးကျောင်းသို့ရောက်တော့ကပ္ပိယကြီးအားမနှင်း၏အဖြစ်အပြက်များကိုပြောပြလိုက်သည် ကပ္ပိယကြီးလည်းမနှင်းတွေ့ကြုံနေရသည်များကိုသိရှိလိုက်ပြီးစိတ်မကောင်းဖြစ်ရပြန်သည် ဒါနဲ့ကိုမြင့်ဆောင်ကိုမနှင်းအတွက်ရည်စူးပြီးကောင်းမှုတစ်ခုခုပြုလုပ်ရန်ပြောလိုက်သည်။

    “ကဲမောင်မြင့်ဆောင် မင်းဆွမ်းတစ်ပွဲချက်ပြီးကျောင်းကိုယူလာခဲ့ မနှင်းကိုလည်းတပါတည်းခေါ်ခဲ့လိုက် ကျောင်းရောက်တော့ဆရာတော်ကိုသူ့ကိုယ်စားဆွမ်းကပ်အဲ့ဒီကုသိုလ်အတွက်မနှင်းကိုအမျှပေးဝေလိုက်ရင် သူဒီဘဝကျွတ်လွှတ်သွားနိုင်တယ် ဒါမှမဟုတ်ဒီဘဝနဲ့ပဲသူ့အတွက်‌ေနစရာစားစရာရသွားနိုင်တယ်ကွဲ့”

    ကပ္ပိယကြီးထိုသို့ရှင်းပြလိုက်တော့ကိုမြင့်ဆောင်ဝမ်းသာသွားသည်  ဒါပေမဲ့သူသိချင်တာတစ်ခုပ္ပိယကြီးကို‌ေမးလိုက်သည်

    “မနှင်းဒီကိုရောလိုက်လာရဲပါ့မလားမသိဘူးဗျ သူကပ္ပိယကြီးရဲ့‌ကြေးစည်သံကိုပြန်ကြားရမှာကြောက်နေတယ်”

    ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ကပ္ပိယကြီးကပြန်ရှင်းပြသည်

” အဲ့ဒီကြေးစည်သံဟာသူရဲစိတ်ခံစားမှုအပါ်မှာမူတည်ပြီးဖြစ်တာပါကွယ် သူသာအမြင်မှန်ရပြီးဒေါသမောဟမဖြစ်ရင်ဘာသံမှမကြားရနိုင်ပါဘူး”

    ကပ္ပိယကြီးထိုသို့ပြောလိုက်မှကိုမြင့်ဆောင်လည်းသဘောပေါက်သွားပြီးတဲသို့ပြန်ခဲ့လိုက်တော့သည်။

    နောက်နေ့မနက်ရောက်တော့ကိုမြင့်ဆောင်လည်းဆွမ်းတစ်ပွဲချက်ပြီးချိုင့်နှင့်ထည့်ကာ မနှင်းကိုခေါ်၍ကျောင်းသို့လာခဲ့လိုက်သည် မနှင်းသည်ရွာသို့ပြန်လာရမှာကြောက်နေသည် ကပ္ပိယကြီး၏ကြေးစည်သံကိုသူဆက်မကြားရဲ ကိုမြင့်ဆောင်ကပ္ပိယကြီးပြောသည့်အတိုင်းရှင်းပြလိုက်မှသာလိုက်လာခဲ့သည်။

    ထိုသို့ဖြင့်ဘုန်းကြီးကျောင်းရောက်တော့မနှင်းသည်ကျောင်းဝိုင်းအပြင်မှာနေခဲ့သည်

     ကိုမြင့်ဆောင်လည်းကျောင်းဝိုင်းထဲဝင်ကာကပ္ပိယကြီးနှင့်အတူဆွမ်းပွဲပြင်၍ ဆရာတော်အားမနှင်းအတွက်ရည်စူးပြီးဆွမ်းကပ်သည့်အကြောင်းလျှောက်ထားလိုက်သည်

ထို့‌ေနာက်မနှင်းကျောင်းဝိုင်းအပြင်ဘက်မှာရှိနေတာကိုလျှောက်တင်လိုက်သည် ဆရာတော်ကမနှင်းကိုသွားခေါ်ရန်ကိုမြင့်ဆောင်ကိုပြောသည်။

ကိုမြင့်ဆောင်သွားခေါ်လိုက်တော့မနှင်းလက်အုပ်ကလေးချီပြီလိုက်လာသည် သူကျောင်းဝိုင်းထဲဝင်လိုက်တော့စိတ်ထဲ၌ကြည်နူးသလိုလိုဝမ်းနည်းသလိုလိုခံစားလိုက်ရသည်

  ဒီလိုနဲ့တဖြည်းဖြည်းဆွမ်းစားကျောင်းလေထဲရောက်လာတော့သူကိုယ်စားဆရာတော်ကိုဆွမ်းကပ်လှူပေးနေသည့်ကပ္ပိယကြီနှင့်ကိုမြင့်ဆောင်ကိုကြည့်ပြီးကျေးဇူးတင်နေမိသည်

     ထိုနောက်ဆွမ်းစားကျောင်းလေးအတွင်းမှာရှိသည့် ဗုဒ္ဓဆင်းတုတော်ကိုလည်း ရှိခိုးဦးချလိုက်သည်

     ဆွမ်းဘုန်းပေးနေသည့်ဆရာတော်ကြီးကိုလည်းဦးချကန်တော့လိုက်ပြန်သည် ထို့‌ေနာက်ဆရာတော်ကြီးဆွမ်းဘုန်း‌ေပးနေတာကိုဆွမ်းစားကျောင်းထောင့်လေးမှထိုင်ကြည့်ရင်းသူ၏စိတ်သည်တဖြည်းဖြည်းတည်ငြိမ်အေးချမ်းလာသည်

   ဆရာတော်ကြီးဆွမ်းဘုန်းပေးတာကိုစောင့်ရင်းသူကိုကြည့်ပြီးပြုံးပြနေသည့်ကပ္ပိယကြီးကိုပင် ပြန်လည်ပြုံးပြနေမိသလိုကိုယ်ကိုကိုထင်လိုက်မိသည်

  ထိုနောက်ဆရာတော်ဆွမ်းအကျိုးတရားများကိုဟောကြားတော့လည်းသူစိတ်ဝင်တစားနာယူနေမိသည်
ရေစက်ချအမျှဝေတော့လည်း သူသာဓုခေါ်နေရင်းအလွန်ဝမ်းမြောက်ကြည်းနူးလာကာ သူသည်

    ကပ္ပိယကြီးသည်ရေစက်ချအမျှဝေပြီးပြီဖြစ်၍ မနှင်းကိုလှည့်ကြည်လိုက်သည် သို့သော်သူထိုင်နေသည့်နေရာလေးတွင်သူမကိုမတွေ့ရတော့

    ကပ္ပိယကြီးသည်ခေါင်းတညိတ်ညိတ်လုပ်ရင်းကိုမြင့်ဆောင်ကိုပြုံးပြသည် ကပ္ပိယကြီးအပြုံးကိုကြည့်ပြီး မနှင်းဒီဘဝမှလွှတ်မြောက်သွားပြီဆိုတာ ကိုမြင့်ဆောင်သိလိုက်ပြီဖြစ်သည်။

    စာစဉ်(၁၀) အားမကြာမီ တင်ဆက်ပေးပါမည်

အားလုံးကို လေးစားစ‌ွာဖြင့်  – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။