အိုးသည်မချောင်းက တစ္ဆေသားအမိ (စ/ဆုံး)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အိုးသည်မချောင်းဟူသည်ကား ပဲခူးတိုင်း
အနောက်ဘက်ခြမ်းဒေသရွှေတောင်မြို့နယ်
နှင့် မိုးညိုမြို့နယ်တို့ အကြား ဧရာဝတီမြစ်
ကမ်းဘေးရှိ ချောင်းလေးတစ်ချောင်း၏အ
မည် ဖြစ်သည်။ ထူးခြားသည်က အိုးသည်မ
ချောင်းမှာ မြန်မာပြည်ရှိ မြစ်ချောင်းတို့၏
ထုံးစံအတိုင်း မြင့်ရာမှ နိမ့်ရာသို့ စီးဆင်း၍
ဖြစ်ပေါ်လာသော ချောင်းမဟုတ်။ ဧရာဝတီ
မြစ်ရေစီးကြောင်းက ကျောက်တောင်ကုန်း
တစ်ခုကို ကွေ့ဝိုက်စီးဆင်းရင်း ကမ်းပါးတစ်
နေရာအား ဦးတိုက်ဝင်တိုးမိသည်။
ထိုရေဦးဝင်တိုးမိသောနေရာ၌ နှစ်ကာလကြာ
မြင့်သောအခါ ကိုက်အနည်းငယ်ရှည်လျား
သည့် ချောင်းဝတစ်ခုဖြစ်ပေါ်လာ၏။ ထိုချောင်း
ဝထဲသို့ အနီးပတ်ဝန်းကျင်မှ ရေများစီးဝင်လာ
ကြသည်။ ထိုကြောင့်လည်း အင်္ဂလိပ်ခေတ်က
ရေးဆွဲခဲ့သည့် စစ်သုံးမြေပုံများတွင်လည်းကောင်း
ထို့နောက်ပိုင်းကာလများတွင် ရေးဆွဲသည့်စစ်
သုံး မြေပုံများတွင်လည်းကောင်း အိုးသည်မ
ချောင်းဟူ၍ မပါရှိခြင်းဖြစ်၏။
ယုတ်စွအဆုံးမြို့နယ်အလိုက် ရေးဆွဲသည့်
ဒေသန္တရမြေပုံတို့မှာပင် အိုးသည်မချောင်း၏
အမည်မပါရှိသော မထင်မရှားချောင်းကလေး
တစ်ခုသာ ဖြစ်သည်။ မည်သို့ပင် မထင်မရှား
ချောင်းလေး ဖြစ်နေစေကာမူ၊ ရွာနီးချုပ်စပ်
မှာတော့ အိုးသည်မချောင်း၏ ဂုဏ်သတင်း
က ကျော်ကြားလှသည်။
အိုးသည်မချောင်းဟူသည့် အမည်နာမရရှိ
လာခြင်းအကြောင်းကပင်လျှင် အိုးသည်မ
ချောင်း၏ ထူးခြားဆန်းကြယ်သော ဖြစ်စဉ်
များအား ဖော်ပြနေခြင်းပင် ဖြစ်ပါသည်။
XXXX
ဧရာဝတီမြစ်ရေစီးကြောင်းတစ်ခု ဦးတည်တိုးဝင်
မှုကြောင့် ဖြစ်ပေါ်လာသော ချောင်းကလေးကို
အိုးသည်မချောင်းဟု အမည်နာမ မရခင်က အခြား
အမည်တစ်ခု ရှိခဲ့သည်။ ထိုအမည်မှာ မင်းကြီးကုန်း
ချောင်းဟူ၍ ဖြစ်၏။ မင်းကြီးကုန်းဟူသည်မှာ ချောင်း
လေး၏ အနောက်ဘက်တွင် ကပ်လျက်တည်ရှိသော
ကျောက်တောင်ကုန်း၏ အမည်ဖြစ်သည်။
မင်းကြီးကုန်းအမည်က ရာဇဝင်တွင် ဆိုးလှသော
တရုတ်ပြေးမင်းနှင့် ဆက်စပ်နေသည်ဟု ပါးစပ်
ရာဇဝင်ရှိခဲ့၏။ တရုတ်တို့၏ ရန်ကြောင့် ထွက်ပြေး
လာရသော တရုတ်ပြေးမင်းခေတ္တနေထိုင်ခဲ့သော
ကုန်းဖြစ်၍ မင်းကြီးကုန်းဟု ခေါ်ပြီး၊ ထိုကုန်းပေါ်
မှာပင် ထိုမင်းတည်ခဲ့သော ဘုရားကို မင်းကြီးကုန်း
ဘုရားဟုလည်းကောင်း၊ ထိုကုန်းအနီးတွင် တည်
ရှိသော ရွာကိုလည်းကောင်း ခေါ်ဝေါ်ကြသည်။
ဟုတ်သည်၊ မဟုတ်သည် ခိုင်လုံသောအထောက်
အထားမရှိသေးသော်လည်း ထိုဒေသတစ်ဝိုက်တွင်
တရုတ်ပြေးမင်းနှင့် ဆက်နွယ်သော အမည်နာမ
များကို တွေ့ရှိရသည်။ မင်းကြီးကုန်းနှင့် ခရီးဆယ်
မိုင်မျှဝေးသော အကွာ၌ ရွာကြီးတစ်ရွာရှိသည်။
ထိုရွာကြီး၏ အမည်မှာ ‘တရုတ်မှော်’ဖြစ်၏။ ထို
ရွာ၏ ရှေးယခင်က အမည်ရင်းမှာ ‘တရုတ်မျှော်’
ဖြစ်သည်ဟု ပြောကြ၏။
နောက်က ထပ်ကြပ်မကွာ လိုက်လာသော တရုတ်
တပ်တို့ကို မျှော်ကြည့်ခဲ့သော နေရာဖြစ်၍ တရုတ်
မျှော်ဟု ခေါ်ခဲ့ပြီး၊ နောင်တွင် တရုတ်မှော်ဟု အ
မည်ထွင်ခဲ့ကြောင်း သိရ၏။ တရုတ်မှော်တွင် တည်
ထားသော ဘုရားကြီး တစ်ဆူ၏ ဘွဲ့မည်မှာလည်း
‘မြသိန်းတန်ဘုရား’ ဟူ၍ ဖြစ်၏။တရုတ်ပြေးမင်း၏
မိဖုရားကြီးကိုင်ဆောင်သော အသပြာတစ်သိန်း
ထိုက်တန်သည့် မြတဘက်ကို ဋ္ဌာပနာ၍ တည်ထား
သော ဘုရားဖြစ်ခြင်းကြောင့် ‘မြသိန်းတန်ဘုရား’
ဟု အမည်တွင်ခဲ့ကြောင်း သက်ကြီးစကားသက်
ငယ်ကြားခဲ့ရပြန်၏။
ထိုနည်းတူစွာပင်လျှင် မင်းကြီးကုန်းအနီးရှိ ချောင်း
ကိုလည်း မင်းကြီးကုန်းချောင်းဟု ခေါ်ခြင်းဖြစ်သည်။
မင်းကြီးကုန်းချောင်းဟု ခေါ်ဆိုရာမှ နောင်တွင် အိုး
သည်မချောင်းဟု အမည်ပြောင်းလွဲခေါ်တွင် လာ
ကြခြင်းမှာ ဤသို့ ဖြစ်သည်။
မိုးနှောင်း၊ ဆောင်းဦး ရာသီအကူးအပြောင်းကာလ
၏ နေ့တစ်နေ့။ မှောင်ရီပျိုးစ အချိန်တွင်ဖြစ်၏။ အိုး
များ အပြည့်တင်ဆောင်လာသော အိုးလှေကြီးတစ်
စင်း ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာရာက မင်းကြီး
ကုန်း ချောင်းဝထဲသို့ ရုတ်တရက် ဝင်ရောက်လာ
သည်။အိုးလှေကြီး ဧရာဝတီမြစ်ထဲမှာ ချောင်းဝထဲ
သို့ ဝင်ရောက်ခြင်းမှာ မိုးနှောင်းကာလတွင် ကြုံတွေ့
ဖြစ်ပေါ်လာသည့် လေပြင်းမုန်တိုင်းကြောင့်ဖြစ်၏။
လေကွယ်၊ မိုးကွယ်နှင့် မုန်တိုင်းဒဏ်ရာသက်သာရာ
ရရန် နီးစပ်ရာ ချောင်းထဲသို့ ဝင်ရောက်ခိုလိုက်ခြင်း
ဖြစ်သည်။ အချိန်လက်မတင်ကလေးဟု ဆိုရမည်။
သူတို့လှေ ချောင်းအတွင်းပိုင်းထိဝင်ရောက် နေရာ
ယူပြီး မကြာမီမှာပင် မိုးသီး၊မိုးပေါက်ကြီးများ တ
ဝုန်းဝုန်း၊ တဒိုင်းဒိုင်း၊ ကျရောက်လာ၏။
သဲသဲမဲမဲ ရွာချသောမိုးနှင့်အတူ လေပြင်းမုန်တိုင်း
ကြီးကလည်း ကြောက်မက်ဖွယ် တဝေါဝေါ တိုက်
ခတ်လာသည်။ မြစ်ပြင်ကြီးတစ်ခုလုံး သေမင်းတ
မန် လှိုင်းလုံးကြီးများဖြင့် ငရဲပွက်သကဲ့သို့ ဆူညံ
ဗြောင်းဆန်နေရသည်။ အိုးလှေသည် လေကွယ်၊
မိုးကွယ်ရရန်အတွက် ချောင်း၏ အတွင်းပိုင်းခပ်
ကျကျထိ ဝင်ရောက်လာသည်။ အိုးလှေပေါ်တွင်
အသက်(၄၀)ခန့် ယောက်ျားကြီးတစ်ယောက်၊
ဌင်း၏ မယားတော်စပ်သူ မိန်းမတစ်ယောက်နှင့်
ထိုလင်မယား၏ သားဖြစ်သည့် အသက်(၁၀)
နှစ်ခန့် ကောင်လေးတစ်ယောက် စုစုပေါင်း(၃)
ယောက် ပါရှိသည်။
မိန်းမဖြစ်သူမှာ လင်ယောက်ျားနှင့် သက်တူရွယ်
တူခန့်ဖြစ်ပြီး ထမင်းဟင်းချက်ပြုတ်ခြင်းနှင့် ဆိပ်
ကမ်းများ၌ ရပ်နားလျှင် အိုးရောင်းချခြင်းတို့ကို
ပြုလုပ်ရသည်။
သူတို့မိသားစုမှာအထက်အညာဖြစ်သော’မြောင်’
နယ်ဒေသ၊ ဧရာဝတီမြစ်ကမ်းရွာလေးတစ်ရွာတွင်
နေထိုင်ကြသူများဖြစ်သည်။ သူတို့ရွာနှင့် မလှမ်း
မကမ်းတွင် ကျွန်းပင်ကြီးများ အများအပြား ပေါက်
ရောက်သော တောကြီးတောင်ကြီးတွေ ရှိ၏။
တောထဲတောင်ထဲမှာပင် ကျွန်းပင်ကြီးများကို
ခုတ်လှဲ၊ လွှစင်ပေါ်ကင်ကာ သစ်ဆွဲလွှဲကြီးများ
ဖြင့် ပျဉ်ခွဲကြသည်။ ရရှိသော ပျဉ်များကို အသုံး
ပြုကာ လှေစပ်ကြ၏။ ထိုကျွန်းလှေအသစ်ကြီး
များကို ရေနံချေး မည်းနေအောင် သုတ်ပြီး ဒေ
သထွက် အိုးမျိုးစုံနှင့် မြေဖြင့် ပြုလုပ်ထားသည့်
ကလေးကစားစရာ အိုးပုတ်ချိုးရုပ်များပါ တင်
ဆောင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်
ဆင်းကြ၏။ လူစည်ကားသည့် မြို့ရွာများ၊ ရောင်း
ရေးဝယ်ရေး အဆင်ပြေရာ ဆိပ်ကမ်းများကို တစ်
ခုပြီးတစ်ခု ဆိုက်ကပ်၍ အိုးများကို ရောင်းချ
ကြသည်။
သူတို့၏ ခရီးဆုံးနေရာကား ရန်ကုန်တိုင်းအတွင်း
ရှိ မြို့ရွာအချို့ဖြစ်၏။ အချို့ကဧရာဝတီတိုင်းအ
တွင်းထိ သွားရောက်ရောင်းချကြ၏။ ခရီးဆုံးသို့
ရောက်လျှင် လှေနှင့်တကွ လှေပေါ်ပါရောင်းကုန်
ပစ္စည်းအားလုံးပါ အပြတ်ရောင်းချလိုက်သည်။
ပြီးလျှင် …
ရွာတွင် ရောင်းချရန်အတွက် အဝတ်အထည်များ
နှင့် ငါးပိငါးခြောက်များဝယ်၍ မီးရထားစီးကာ မိမိ
ရပ်ရွာသို့ ပြန်ကြသည်။ ဤကား သူတို့ရွာသူရွာသား
အများစု လုပ်လေ့လုပ်ထရှိသည့် အသက်မွေးဝမ်း
ကျောင်းအလုပ်ဖြစ်သည်။ မင်းကြီးချောင်းထဲ လှေ
ဝင်၍ ခိုနားနေရသော မိသားစုမှာလည်း သူတို့ရွာ
သား အများနည်းတူပင် အိုးရောင်းရင်း၊ လှေရောင်း
ဝယ်တာ ကိစ္စအားလုံးပြီးစီးလျှင် ရန်ကုန်မြို့ရှိ လေး
ဆူဓါတ်ပုံ ရွှေတိဂုံဘုရားကြီးကို မိသားစုအတူဖူး
မြော်ရန် အားခဲထားကြသည်။
ယခုသော်ကား အိုးသည်မ မိသားစုလေး မုန်တိုင်း
နှင့် တိုးနေလေပြီ။ မုန်တိုင်းကား အလွန်ပြင်းထန်
သော မုန်တိုင်းဖြစ်၏။ မိုးနှင့်လေနှင့် နှစ်ပါးဆိုင်
ကာ လူ့ရွာလောကကြီးအား အငြိုးကြီးကြီးဖြင့်
ဗြောင်းဆန်အောင် မွှေနှောက်ဖျက်ဆီးနေသကဲ့သို့
ရှိ၏။ သူတို့ ခိုဝင်သည့်နေရာမှာ အတန်အသင့်လေ
ကွယ် မိုးကွယ် ဖြစ်သော်လည်း အင်အားပြင်းထန်
လွန်းသော လေပြင်းမုန်တိုင်းကြီး၏ ရက်စက်မှု
ကို အလူးအလဲ ခံနေကြရသည်။
မုန်တိုင်းကား လျော့ပါးသည် မရှိ ညဉ့်နက်လေ
လေ အင်အားပြင်းလေလေ ဖြစ်၏။ မိုးကလည်း
မစဲ၊ ကြောက်မက်ဖွယ်ည၏ မှောင်ကြီးမည်းကြီး
ထဲမှာပင် သဲသဲမဲမဲ ဝုန်းဒိုင်းကြဲ၍ မုန်တိုင်းကို
စစ်ကူပေးလျက် ရှိ၏။
အိုးသည်မ မိသားစုမှာ မည်သို့မျှ မတတ်နိုင်ရှာ
ဘဲ လှေပေါင်းမိုးထဲမှာပင် တတ်သမျှ မှတ်သမျှ
ရွတ်ဖတ်ရင်း ဘုရားတနေရသည်။
လှေပေါင်းမိုးက သူတို့ကို လုံခြုံအောင် အကာ
အကွယ် မပေးနိုင်၊ သုံးယောက်စလုံးပင် မိုးရေ
များရွှဲရွှဲစိုကာ ခိုက်ခိုက်တုန်အောင် ချမ်းနေကြ
ရှာသည်။ သေမင်းတမန်လှိုင်းတို့ကလည်း အငြိုး
ကြီးလွန်းလှ၏။ သူတို့ နားရာ ချောင်းလေးထဲထိ
ဝင်လာကြသည်။ အညှာအတာ ကင်းမဲ့စွာဖြင့်
အိုးလှေကလေးကို ရိုက်ပုတ်၏။
အိုးလှေကလေးမှာ လှိုင်းတွေ ပြုသမျှ နုရမည့်
ဘဝသို့ ရောက်ရှိနေသည်။ လှိုင်းတွေပေါ် မြောက်
ပါသွားလိုက်၊ ကျွမ်းထိုးမှောက်ခုံကျလာလိုက်နှင့်
မုန်တိုင်း၏ ဆော့ကစားမှုကို ခံနေရသည်။ တစ်
ကြိမ်တွင်ကား လှေကလေးသည် အလွန်ကြီးမား
ပြီး အင်အားပြင်းလှသည့် လှိုင်းလုံးကြီး၏ ရိုက်
ပုတ်မှုကို ခံလိုက်ရသည်။
အိုးလှေလေးမှာ ပလပ်စတစ် လှေရုပ်ကလေး
တစ်ရုပ်လို မြောက်ပါသွားပြီး ချောင်းနဖူးနှင့်
ဝါးတစ်ရိုက်ခန့် အကွာ လယ်ကွက်ထဲသို့ပင်
ရောက်သွား၏။ ယောက်ျားကြီးနှင့် အိုးသည်မ
မှာ လှေနှင့်အတူ ပါသွားသော်လည်း သားက
လေးမှာမူ ရေထဲလွင့်ကျသွားပြီး လှိုင်းတို့က
မြစ်ထဲသို့ ခေါ်ယူသွားကာ နှစ်မြုပ်ပစ်လိုက်
ကြလေတော့သည်။
အရိုင်းအစိုင်း မိုးသီးမိုးပေါက်တို့နှင့် ခက်ထန်
ကြမ်းကြုတ်သည့် မုန်တိုင်းတို့သည် တစ်ညလုံး
အားရအောင် ရမ်းကား ဖျက်ဆီးပြီးမှ တစ်စ
တစ်စ ငြိမ်သက်သွားသည်။ နံနက်မိုးသောက်
အလင်းရောက်လာလေပြီ။ အရှေ့အရပ်ဆီမှ
နေရောင်ခြည်တို့ ကျရောက်ဖြာဆင်းလာ၏။
လောကကြီးသည် ညက အဖြစ်အပျက်များကို
မေ့ဖျောက်ပစ်ကာ သာယာသော နေ့တစ်နေ့ကို
ထပ်မံဖန်ဆင်းလိုက်ပြန်တော့သည်။
XXXXX
အီး…ဟီး…ဟီး…ဟင့်…ဟင့်
မပဋာမြေလူး၊ အသည်းအသန် အော်ဟစ် ငိုကြွေး
နေသော မိန်းမတစ်ယောက်၊ ကူကယ်ရာမဲ့ဘဝဖြင့်
ခါးစည်းခံရုံကလွဲ၍ ဘာမျှမတတ်နိုင်ဘဲ တောက်
ခတ်ရင်း၊ မချင့်မရဲရေရွတ်ရင်း မျက်ရည်တွေ
တတွေတွေစီးကျနေရှာသော ယောက်ျားတစ်
ယောက်နှင့် ချောင်းကမ်းပေါ်တင်နေသော လှေ
ပျက်တစ်စင်းကို မင်းကြီးကုန်းရွာသားများ တွေ့
လိုက်ကြသည်။ ညက တိုက်ခတ်သည့် လေပြင်း
မုန်တိုင်းမိပြီး အတိဒုက္ခရောက်ရသည့် ခရီးသွား
များ ဖြစ်မည်ဟု တွေးမိလိုက်၏။ ထိုကြောင့် ချဉ်း
ကပ်၍ မေးမြန်းကြည့်ကြသည်။
ထိုအခါမှ အိုးလှေမိသားစုလေး၏ ဆိုးဝါးလှသည့်
ကံကြမ္မာကို သိရှိကြ၏။ သူတို့ရွာအနီးကိုမှ ဆိုက်
ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီး မိသားစုဘဝလေး
အစိတ်စိတ် အမွှာမွှာ ကွဲသွားရရှာသူတို့အတွက်
လည်း ကိုယ်ချင်းစာ၍ ရင်နင့်ကြေကွဲကြရ၏။
ရွာလူကြီးက ဦးဆောင်ပြီး ရွာသူရွာသား အားလုံး
ပါဝင်ကာ လိုအပ်သမျှ ပံ့ပိုးကူညီကြသည်။
ရေထဲကျသွားသော အိုးသည်လင်မယား၏ သား
လေးအား လိုက်လံရှာဖွေပေးကြသည်။ ဧရာဝတီ
မြစ်ကြီးကား သားလေး၏ ရုပ်ခန္ဓာကို မည်မျှဝေး
လံသော အရပ်ဒေသအထိ ခေါ်ဆောင်သွားသည်
မသိ။ ရှာဖွေ၍ မတွေ့ကြ။ ရွာက အိုးသည်လင်
မယားခေတ္တတည်းခို နေထိုင်နိုင်ရေးအတွက် အိမ်
တစ်လုံး စီစဉ်ပေးသည်။
စားရေးသောက်ရေး မပူမပင်ရအောင်လည်း စီစဉ်
ဆောင်ရွက်ပေးကြသည်။ မင်းကြီးကုန်း ရွာသူရွာ
သားတို့၏ ကိုယ်ချင်းစာတရား၊ မေတ္တာစိတ်ထား
တို့ကား အိုးသည်လင်မယားအပေါ် နွေးနွေးထွေး
ထွေး ရှိလှသည်။ မည်သို့ပင် ဖြစ်စေ အိုးသည်
မ၏ သားအတွက် တောက်လောင်နေသော မီး
ကြီးကိုကား ငြိမ်းအောင် မငြိမ်းသတ်နိုင်ပါပေ။
အိုးသည်မသည် သူ၏သားလေးအပေါ်လာ လိမ့်
နိုးနှင့် သားလေး ရေထဲကျသည့်နေရာသို့ သွား
ကာ အချိန်နှင့်အမျှ ငိုကြွေးပူဆွေးလျက်ရှိသည်။
နေလုံးကြီး အနောက်ဘက်ဧရာဝတီမြစ်ရေ
ပြင်ထဲသို့ ငုပ်လျှိုးဝင်ရောက်ပျောက်ကွယ်ချိန်မှ
လင်ယောက်ျားဖြစ်သူက ချော့မော့၍ ရွာထဲသို့
ပြန်ခေါ်ခဲ့၏။ ဤသို့ဖြင့် ရက်သတ္တပတ်ကာလကို
ရောက်ရှိလာခဲ့သည်။ ရွာသူရွာသားတို့သည် အိုး
သည်လင်မယား၏ သားလေးအား သေဆုံးသွား
ပြီဟူ၍သာ ယူဆလိုက်ကြသည်။ ထို့ကြောင့်
အိုးသည်လင်မယားနှင့် တိုင်ပင်ကာ ရက်လည်
ဆွမ်းသွတ်ခြင်း အမှုကို ပြုလုပ်ပေးကြ၏။
သံဃာတော်များပင့်ဖိတ်ဆွမ်းကပ်လှူဒါန်းခြင်း၊
ဆွမ်းသွတ်တရားနာခြင်းနှင့် ကောင်းမှုအစုစုတို့၏
အဖို့ဘာတို့အား ရေစက်ချ အမျှပေးဝေခြင်း ပြု
လုပ်ကြသည်။ လေမုန်တိုင်းမိသည့်နေ့မှာ စပြီး
ခုနှစ်ရက်ပတ်လုံး ကိုယ်ရောစိတ်ပါ ပင်ပန်းလွန်း
လှသောကြောင့် အိုးသည်ယောက်ျားသည် ထို
နေ့ညကျမှ စိတ်ကို လျော့ချကာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားခဲ့၏။
နောက်တစ်နေ့နံနက် အရုဏ်တက်ချိန်၊ ရွာဦး
ကျောင်းက အုန်းမောင်းခေါက်သံကြားမှ လန့်
နိုးလာသည်။ သူနိုးသည့်အချိန်၌ မိန်းမဖြစ်သူ
ကို မတွေ့ရ။ အနီးပတ်ဝန်းကျင်သို့ လိုက်လံ
ရှာဖွေသော်လည်း မတွေ့၊
“သူ သွားနေကျနေရာကို သွားတာပဲ ဖြစ်မယ်
ဘယ်အချိန်ကတည်းက ထွက်သွားတာလဲ မသိ
ဘူး ဒုက္ခတွေတော့ ရောက်ကုန်တော့မှာပဲ”
လင်ယောက်ျားသည် သူ့မိန်းမ အမြဲသွားပြီးငို
နေကျ ချောင်းကမ်းပါး နေရာသို့ အလျင်အမြန်
လိုက်သွား၏။
“ညဦးပိုင်းကတည်းက သွားပြီး တစ်ညလုံးငိုနေ
တာ ဆိုရင်တော့ ”
ကြုံတွေ့နိုင်သည့် ကံကြမ္မာဆိုးကြောင့် သူဆက်၍
မတွေးနိုင်အောင်ရှိ၏။ မိမိရင်မှ ဖြစ်သော သား
ငယ်အား သေကွဲ ကွဲသော ဆုံးရှုံးလိုက်ရသော
မိခင်တစ်ဦး၏ ရင်ထဲမှ အပူက ဘယ်မီးနှင့်မျှ မတူ
သည့် အနှိုင်းမဲ့မီးဖြစ်သည်။ ထိုမီးကြောင့် သူ့ရင်
တစ်ခုလုံး အပူကြီး ပူလောင်နေရ၏။
နှလုံးသားတို့ တဖျစ်ဖျစ်ကွဲအက်လာကာခန္ဓာကိုယ်
ကြီးကလည်း ပြာကျမတတ် ကျွမ်းလောင်လျက်ရှိ၏။
ရက်သတ္တ၊ တစ်ပတ်ကြာမြင်ခဲ့သည့်တိုင် သားအ
တွက် ခံစားနေရသော စိတ်ဝေဒနာက လျော့ပါးသက်
သာခြင်း မရှိ၊ ပို၍ ပို၍ တိုးကာ အရူးတစ်ပိုင်းကဲ့သို့
ဖြစ်နေသည့် မိန်းမဖြစ်သူအတွက် သူစိုးရိမ်နေမိ၏။
ထို့ကြောင့် ချောင်းကမ်းပါးသို့ အလျင်အမြန်
လိုက်သွားခြင်း ဖြစ်သည်။ သူချောင်းကမ်းပါး
အတိုင်းပင် ပြေးလာသည်။ ချိုင့်ဝှမ်းတစ်ခုကို
တက်ပြီးသည်နှင့် ချောင်းဝဘက်ဆီကို မျှော်
ကြည့်သည်။ မြင်ကွင်းထဲ၌ ခွေခွေလေးလဲကျ
နေသော လူတစ်ယောက်ပုံသဏ္ဍာန်ကို လှမ်း
တွေ့လိုက်၏။
“ဟင်…”
စိုးရိမ်ခြင်းနှင့် ထိတ်လန့်ခြင်းတွေ တစ်ပြိုင်တည်း
ခံစားလိုက်ရပြီး သူတုန်လှုပ်သွားသည်။
“မဟုတ်ပါစေနဲ့၊ မိန်းမ ဘာမှ မဖြစ်ပါစေနဲ့ ”
ဟု ဆုတောင်းရင်း ပို၍ လျင်မြန်စွာ ပြေးသွားခဲ့သည်။
တဖြည်းဖြည်းလဲကျနေသော သဏ္ဍာန်နှင့် နီးကပ်
လာသည်။ မြင်ကွင်းကလည်း တစ်စတစ်စ ထင်
ထင်ရှားရှားမြင်လာရသည်။ သူဆုတောင်းမပြည့်
ခဲ့ပါ။ အခြေအနေက သူစိုးရိမ်သည့်အတိုင်းပင်
ဖြစ်လာခဲ့သည်။ ခွေခွေလေးလဲကျနေသူမှာ
သူ့မိန်းမဖြစ်နေခဲ့လေသည်။
သူ အရူးတစ်ယောက်လို ပြေးသွားကာ ပွေ့ထူ
လိုက်သည်။ မည်သည့် အချိန်ကတည်းက ရောက်
ရှိပြီး မည်ကဲ့သို့ ဖြစ်ပျက် သေဆုံးသွားသည်မသိရ။
အိုးသည်မ၏ သက်မဲ့ ခန္ဓာကိုယ်က အေးစက်တောင့်
တင်း၍ပင်နေပြီဖြစ်ပါသည်။ မုန်တိုင်းထန်သည့်ည
မှာပင် သူတို့မိသားစုဘဝလေး မုန်တိုင်းထန်ခဲ့ရသည်။
ရှိစုမဲ့စုပစ္စည်းဥစ္စာအားလုံးဆုံးရှုံးရသည့်အပြင် ရက်
စက်သော သေမင်းတမန်လှိုင်းတို့က သူ၏သား
ကလေးကိုပါ ရေအောက်သို့ ဆွဲယူနှစ်မြှုပ်ပစ်
လိုက်ကြသည်။
ထို့နောက် သားလေးရက်လည်သည့်နေ့၊တစ်ပတ်
ပြည့်သော နေ့မှာပင် ဇနီးမယားဖြစ်သူက သားစိတ်
ကြောင့် နှလုံးကြေကွဲ၊ သေပွဲဝင် ရရှာ၏။ သားနှင့်
မယားကို ရက်သတ္တ၊ တစ်ပတ်စီခြား၍ သေကွဲကွဲ
ခဲ့ရသော အိုးသည်ယောက်ျားမှာလည်း မယားဖြစ်
သူ ရက်လည်ပြီး နောက်တစ်နေ့မှာပင် ရွာကို နှုတ်
ဆက်၍ သူ့ဇာတိရပ်ရွာသို့ ပြန်သွားရှာတော့သည်။
လမ်းခရီးတွင် ကုန်ကျမည့် ကားခ၊ ရထားခများနှင့်
စားသောက်သွားရန် အတွက်ပါ ရွာသူရွာသားများ
က လုံလောက်အောင် ထောက်ပံ့ကူညီလိုက်ကြ၏။
ဤသို့ဖြင့် အိုးသည်မိသားစုလေး၏ အဖြစ်အပျက်
သည် သနားဖွယ်ရာ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ပမာ
ရွာကလေး၌ ကျန်ရစ်ခဲ့သည်။ ထိုမှ ရက်လအတန်
ကြာလွန်မြောက်ခဲ့သော အခါ၌ တဖြည်းဖြည်း မှုံ
ဝါးလာပြီး မေ့လျော့စပြုလာခဲ့သည်။ ထိုအချိန်မှာ
ပင် အိုးသည်မိသားစုနှင့် ပက်သက်ဆက်သွယ်
သော ထူးခြားသည့် အဖြစ်အပျက်တို့ ပြန်လည်
နိုးထပေါ်ပေါက်လာခဲ့၏။
ထိုအဖြစ်အပျက်များကြောင့်ပင်လျှင် မင်းကြီး
ကုန်းချောင်းဟူသော အမည် ပျောက်ကာ အိုး
သည်မချောင်းဟု အမည်သစ် ပေါ်ပေါက်လာ
ခြင်းဖြစ်ပါသည်။
XXXXX
“ချောင်းဝမှာ သရဲတစ္ဆေရှိတယ်လို့ ဘယ်တုန်းကမှ
မကြားဖူးခဲ့ဘူး၊ မင်းဟာက ဟုတ်မှ ဟုတ်ရဲ့လားကွာ”
“ဟ၊ ငါက မဟုတ်ဘဲနဲ့ အဟုတ်လုပ်ပြီး ပြောပါ့
မလားကွ၊ ငါ တကယ် မြင်ခဲ့၊ တွေ့ခဲ့လို့ ပြောတာ
ပေါ့၊ အဲဒီတုန်းက ဦးချာကြီးလည်းပါတယ်၊ မယုံ
မေးကြည့်လိုက်”
ဝင်းညွှန့်နှင့် ချစ်လင်းတို့ ဧရာဝတီသဲသောင်စပ်ရှိ
ယာယီတံငါတဲလေးတွင် ရေနွေးကြမ်းသောက်ရင်း
စကားအချေအတင်များနေကြခြင်းဖြစ်၏။ သူတို့
နှစ်ယောက်က ငါးတန်ပိုက်တန်းချဖို့ အလှည့်ကျ
သူတွေ ဖြစ်၏။ သည်လိုပွင့်လင်းရာသီဆိုလျင်
အောက်အရပ်ဒေသမြစ်ထဲ၊ ပင်လယ်ထဲ၌ ကျက်
စားနေထိုင်သော ငါးတန်ငါးကြီးတွေ အထက်အညာရှိ တန်ခိုးကြီးဘုရားများသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း
ဆန်တက်ကာ ဘုရားဖူးသွားကြ၏။ ဘယ်နေ့ ဘယ်
ရက်က မြစ်အောက်ဘက်ရှိ ဘယ်မြို့ဘက်ရွာအနီးမှာ
ငါးတန်တွေ ရောက်ရှိကြောင်း တစ်ရွာမှ တစ်ရွာ၊ တစ်
ဆင့်ပြီး သတင်းစကားပို့ကြသည်။
ငါးတန်တံငါများက မိမိတို့မြို့ရွာအနီးငါးကြီးတွေ
ရောက်ရှိလာမည့်ရက်ကို တွက်ချက်၍ ဧရာဝတီ
မြစ်ကြီးကို ကန့်လန့်ဖြတ်ပိုက်ကြီးများချကာ ဖမ်း
ဆီးကြ၏။ တံငါအစုအလိုက်မဲချပြီး ကိုယ့်အလှည့်
ကျသည့်ရက်မှာ ကိုယ်ပိုက်ချကြသည်။ ငါးဖမ်း
ကြသည်။ ငါးတန်တံငါဟု ဆိုခြင်းမှာ သူတို့သည်
ငါးတန်ငါးများရောက်လာသည့် ရာသီ၌သာ ငါး
တန်များကို ဖမ်းဆီးသော တံငါအလုပ်လုပ်ကိုင်
ခြင်းကြောင့် ဖြစ်သည်။
ငါးတန်ရာသီအလုပ် လုပ်ပြီးလျှင် ကျန်ကာလတစ်
လျှောက်လုံး တံငါအလုပ် မလုပ်တော့၊ ကိုင်းအလုပ်
ယာအလုပ်လုပ်ကြ၏။ ပဲစင်းငုံ၊ မြေပဲ၊ ငရုတ်၊ ခရမ်း
ချဉ်စသည်ဖြင့် ကိုင်းသီးနှံယာသီးနှံစိုက်ကြ၏။ အချို့
ကမူ ငါးတန်တစ်ရာသီလုပ်လျှင် တစ်နှစ်စားလောက်
သည်ဟု ဆိုကာ ဘာအလုပ်မျှ မလုပ်တော့၊ ကြက်
ဝိုင်း၊ ဖဲဝိုင်း၊ အနီထောင်ဝိုင်းစသည့်ဖြင့် လောင်း
ကစားမျိုးစုံကို နယ်အစုံလိုက်ကာ ကစားကြသည်။
ကံကောင်း၍ နိုင်လျှင် မြိုးမြိုးမြက်မြက်စားရသည်။
ရှိရှိသမျှ ပြောင်နေအောင် ရှုံးလျှင်လည်းကိစ္စမရှိ။
ငါးတန်ဒိုင်ထံမှ နောက်တစ်ရာသီအတွက် အသုံး
ငွေကြိုယူလိုက်ကြသည်။ နောက်နှစ်ငါးတန်ချိန်မှာ
ဒိုင်က လော်ရီကားကြီးဖြင့် ရွာအထိ ရောက်လာ
ကာ ငါးတွေကို သိမ်း၏။ လောင်းကစားသမား
ကား အကြွေးပေးရ၍ ငါးဖိုး တစ်ပြားမှ မရ။ သို့
သော်လည်း ကိစ္စမရှိ။ နောက်ငါးတန်ရာသီအတွက်
အသုံးငွေကြိုယူ ပြန်လေ၏။ မလိမ္မာသူတို့ဘဝက
ဤသို့ပင် လုံးလည်ချာလည် လိုက်နေလေ့ရှိသည်။
လောင်းကစားမလုပ်သော လိမ္မာသူတို့ကား တစ်
ရာသီတည်းနှင့် တစ်နှစ်လုံးထိုင်စားနိုင်အောင်ရရှိ၍
ရွှေတွဲလွဲ၊ ငွေတွဲလွဲနေနိုင်ကြ၏။
ဝင်းညွန့်၊ ချစ်လင်းနှင့် ဦးချာတိတ်(ခေါ်)ဦးချာကြီး
တို့မှာ ငါးတန်တံငါချင်းတူသော်လည်း ဝင်းညွန့်နှင့်
ချစ်လင်းတို့့က ပိုက်ပိုင်များဖြစ်သည်။ ဦးချာကြီးမှာ
မူ ပိုက်မဝယ်နိုင်၍ ရရှိသည့်အထဲမှ သတ်မှတ်ထား
သည့် ဝေပုံကျကိုသာ ရယူရသူ ဖြစ်သည်။ တစ်
နေ့က ပိုက်ချရန် အလှည့်ကျသဖြင့် ချစ်လင်းနှင့်
ဦးချာကြီးတို့ မြစ်ကမ်းစပ်သို့ ဆင်းခဲ့ကြသည်။
ချောင်းဝအနီးတွင် တစ္ဆေခြောက်ခံရ၏။ ထိုအ
ကြောင်းကို စကားစပ်မီသဖြင့် ချစ်လင်းကပြော
ပြ၏။ သူ့စကားကို ဝင်းညွန့်က မယုံသောကြောင့်
အချေအတင်စကားများနေရခြင်းဖြစ်သည်။
“အဲဒီတုန်းက ဦးချာကြီးလည်း ပါတယ်၊ မယုံ
မေးကြည့်လိုက်”ဟူသော ချစ်လင်း၏ စကား
ကြောင့် ဝင်းညွန့်၊ ဦးချာကြီးကို ကြည့်လိုက်၏။
ဦးချာကြီးက ဖက်ကြီးဆေးပေါ့လိပ်ကို တစ်ချက်
နှစ်ချက် ဖွာလိုက်သည်၊ ပြီးမှ…
“ဟုတ်တယ်ကွ မနေ့ညနေ၊ မှောင်ရီပျိုးစ
လောက် ငါနဲ့ ချစ်လင်းရွာက ထွက်လာခဲ့
တာ၊ မှောင်ရီပျိုးစပေမယ့် အလင်းရောင်
ကောင်းကောင်း ကျန်သေးတယ်၊ သူ့နဲ့ငါ
က ငါးတန်ပိုက်ကြီးကို ဝါးလုံးလျှိုပြီး ထမ်း
လာကြတာ၊ သူက ရှေ့က၊ ငါက နောက်က
ချောင်းဝနားလည်းရောက်ရော ချစ်လင်း
တုံ့ခနဲ ရပ်သွားတယ်။ ငါလည်း ဘာဖြစ်တာ
လဲလို့ပေါ့ကွာ၊ ချစ်လင်းက ထမ်းလာတဲ့ ဝါး
လုံးကို မြေပေါ်အသာချလိုက်တယ်။ သူက
ထမ်းထားတဲ့ ဝါးလုံးကို ချတော့ ငါလည်း
ဘုမသိဘမသိနဲ့ ငါ့ပုခုံးပေါ်က ဝါးလုံးကို
ဖြုတ်ပြီး ချရတာပေါ့။ နောက်ပြီးသူက လက်
ဟန် ခြေဟန်နဲ့ ငါ့ကို ခေါ်ပြီး လက်ညှိုး ထိုး
ပြတယ်။ ငါကြည့်လိုက်တော့ ချောင်းကမ်း
ပါးထိပ်မှာ လူနှစ်ယောက်ရပ်နေတာတွေ့
ရတယ်။ သူတို့က ငါတို့ကို ကျောပေးပြီး မြစ်
ဘက်ကို ရပ်ကြည့်နေကြတာဟေ့၊ တစ်
ယောက်က ဆံပင်ကို ဖားလျားဖြန့်ချထား
တယ်၊ မိန်းမတစ်ယောက်ကွ။တစ်ယောက်ကတော့
ကိုယ်ခန္ဓာသေးသေး ညှက်ညှက်နဲ့ အရပ်က
မိန်းမရဲ့ချိုင်းလောက်ပဲ ရှိမယ်”
“ဒါနဲ့ပဲ တစ္ဆေသရဲဖြစ်ရော့လား၊ အဓိပ္ပါယ်
မရှိပါဘူး ဦးချာကြီးရာ”
တမင်ကပ်ပြောနေခြင်းလား၊ အမှန်တကယ်မယုံ
ကြည့်၍ ပြောခြင်းလားတော့ မသိ။ ဝင်းညွန့်က
ဇွတ်တရွတ်ပင် မယုံကြောင်း ပြောနေသည်။
“နေဦး၊ ငါ့စကားဆုံးအောင် နားထောင်ဦး၊
ဒီလိုအချိန်ကြီးမှာ ဒီလိုအနေအထားက ငါတို့
ဆီမှာ မြင်နေကျ မဟုတ်တော့၊ သူရော ငါရော
တိတ်တဆိတ်ပဲ ရပ်ကြည့်နေမိတယ်။ ခဏ
ကြာတော့ သူတို့နှစ်ယောက်ဟာ ငါတို့ဘက်
ကို လှည့်ကြည့်ပြီး လျှောက်လာကြတယ်…
ထူးဆန်းတာက သူတို့နှစ်ယောက်စလုံး ဘာ
စကားမှ မပြောကြဘူး၊ လူသွားလမ်းလေး
အတိုင်း သွားပြီး မင်းကြီးကုန်းပေါ် တက်
သွားကြတယ်…”
“ဒါများ ဦးချာကြီးရယ်၊ မင်းကြီးကုန်းပေါ်တက်
ပြီး ဘုရားဖူးတာနေမှာပေါ့ …ဟား ဟား ဟား”
ဝင်းညွန့်က ကြားဖြတ်ပြောရင်း ဟားတိုက်ရယ်
မောလိုက်သည်။ လှောင်ရယ် ရယ်လိုက်ခြင်း
ပင် ဖြစ်သည်။
“ဒီကောင် ဝင်းညွန့်၊ တမင်တကာ ကပ်သပ်ပြော
နေတာဗျာ ဦးချာကြီး၊ လူရာသွင်းပြီး ပြောပြမနေ
နဲ့တော့ …”
ဒေါပွနေသော ချစ်လင်းက ဝင်ပြောသည်။
ဦးချာကြီးက ချစ်လင်းကို လက်ကာပြရင်း
“နေဦး ဝင်းညွန့်၊ ဆုံးအောင် နားထောင်…
အဲဒီနှစ်ယောက် မင်းကြီးကုန်းပေါ်တက်သွား
တဲ့ လမ်းက ငါတို့ရပ်နေတဲ့နေရာနဲ့ ဝါးတစ်ရိုက်
တောင် မဝေးဘူး၊ အလင်းရောင်ကလည်း ရှိ
သေးတော့ လင်းလင်းကျင်းကျင်းပဲ သူတို့မျက်နှာ
တွေကိုငါမြင်ရတယ်။သေးသေးညှက်ညှက်နဲ့
တစ်ယောက်က ကောင်လေးတစ်ယောက်ကွ
ဆံပင်ရှည်ဘုတ်သိုက်နဲ့ အသက်(၉)နှစ်၊ (၁၀)နှစ်
လောက် ရှိမယ်၊ ငါသူ့ကို တစ်ခါမှ မမြင်ဖူးဘူး
ငါတို့ မင်းကြီးကုန်းရွာက မဟုတ်ဘူးဆိုတာ
သေချာတယ်၊ ဆံပင်ဖားလျားနဲ့ မိန်းမကိုတော့
ငါသေသေချာချာ သိတယ်ကွ၊ အဲဒါက ဘယ်သူ
လဲဆိုတော့ ချောင်းဝထဲမှ မုန်တိုင်းမိပြီး သား
လေးဆုံးသွားတဲ့ အိုးသည်မပဲ၊ မင်းမှတ်မိသေး
လား၊ တို့ရွာကတောင် ဝိုင်းဝန်းစောင့်ရှောက်
ထားသေးတယ်လေ…”
“အဲဒီအိုးသည်မက သူ့သားလေး ရက်လည်တဲ့
နေ့မှာပဲ ရင်ကွဲနာကျပြီး သေသွားတာ မဟုတ်လား”
“အေး ဟုတ်တယ်၊ ငါတွေ့လိုက်တဲ့ မိန်းမဟာ
သားလေးသေလို့ သူပါရင်ကွဲနာကျပြီး လိုက်
သေသွားတဲ့ အဲဒီ အိုးသည်မပဲကွ”
“ဗျာ”
သည်တစ်ကြိမ်တော့ ဦးချာကြီး စကားကို ဝင်း
ညွန့် မငြင်းတော့ အလန့်တကြားအော်ရင်း ဦး
ချာကြီးအနီးသို့ တိုးကပ်သွားပါတော့သည်။
XXXXX
အိုးသည်မ တစ္ဆေသားအမိ၏ သတင်းက တစ်စ
တစ်စ လူပြောများလာသည်။
“တစ္ဆေမိန်းမက အိုးသည်မမှ အိုးသည်မ
အစစ်ပဲဟေ့…”
“သူနဲ့ အတူတူတွေ့တဲ့ ကောင်လေးကတော့
ရေထဲကျသွားတယ်ဆိုတဲ့ သူ့သားလေးပဲ ဖြစ်မယ်”
” အိုးသည်မတစ်ယောက် သူ့သားလေးကို
တမလွန်ဘဝမှာ ပြန်တွေ့သွားတာပေါ့ …”
“အိုးသည်မနဲ့ သူ့သားကို ချောင်းကမ်းပါးထိပ်မှာ
တွေ့ခဲ့တယ်”
“မင်းကြီးကုန်းပေါ် တက်သွားတာ မြင်လိုက်တယ်”
“ဘုရားကုန်းပေါ်တက်သွားတာ ဆိုတော့ အိုးသည်
မတို့ တစ္ဆေသားအမိနှစ်ယောက်စလုံးဘုရားမှာ နေ
ကြတာ ဖြစ်မယ်…”
လူပြောများလာသလို တွေ့သူမြင်သူလည်း
တဖြည်းဖြည်း များလာသည်။ထူးခြားသည်မှာ
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်အောင်
လန့်အောင် ခြောက်လှန့်မှု မပြုခြင်းဖြစ်သည်။
ချောင်းကမ်းပါးထိပ်၌ ရပ်နေပုံနှင့် မင်းကြီးကုန်း
ပေါ် တက်သွားပုံတို့ကိုသာ လူအများက မြင်ကြ
တွေ့ကြရသည်။
အိုးသည်မတစ္ဆေသားအမိကို ဘုရားပေါ်မှာ တွေ့
ရသည်ဟူ၍မူ မည်သည့်ရွာသူရွာသားမျှ မပြောကြ။
ထို့အပြင် အိုးသည်မ တစ္ဆေသားအမိသည် တွေ့သူ
မြင်သူ မည့်သူကိုမျှ အန္တရာယ်မပေး။ ကြောက်အောင်
လန့်အောင်၊ ခြောက်လှန့်ခြင်းလည်းမပြု။ ချောင်းဝ
နှင့် မင်းကြီးကုန်း နေရာကွက်ကွက်လေးမှာပင် သူ
တို့ဘာသာ သွားလာနေခြင်းဖြစ်၏။
“တစ္ဆေမယုံဘူး”ဟု ချစ်လင်းနှင့် ဦးချာကြီးကို
ကန့်လန့်တိုက်ငြင်းခဲ့သော ဝင်းညွန့်ပင်လျှင်
လက်တွေ့မျက်မြင်တွေ့မြင်လိုက်ရ၍ အိုးသည်မ
တစ္ဆေ သားအမိ ရှိကြောင်း လက်ခံသွားရပြီဖြစ်သည်။
ထိုအတောအတွင်းမှာပင် အိုးသည်မတစ္ဆေနှင့် ပတ်သက်သည့်အဖြစ်အပျက်က ပြောစမှတ်တွင်
အောင်ဖြစ်ပျက်လာပြန်သည်။ တစ်နေ့ရွာထဲက
ယောက်ျားကလေးသုံးယောက် အိုးသည်မချောင်း
ထဲမှာ လှေစီးဆော့ကစားကြ၏။
လှေက အရှည်ငါးပေခြောက်ပေလောက်သာ
ရှိသည့် တစ်ယောက်စီးလှေကလေး… ၊
ရေကျွမ်းကျင်သော လူကြီးတစ်ယောက်အနေ
ဖြင့် မည်သို့မျှ အန္တရာယ်မရှိသော်လည်း က
လေးတို့ အတွက်မူ ဘေးရန် မကင်းသော
လှေကလေးဖြစ်သည်။
ကလေးတွေက ဆယ်နှစ်ခန့်အရွယ်လေးတွေချည်း
ဖြစ်၏။ ချောင်းစပ်မှာ ငါးစမ်းရင်း၊ ပုစွန်စမ်းရင်း လှေ
ကလေးကို တွေ့၍ ဆော့ကစားကြခြင်း ဖြစ်သည်။
လှေကို လှော်ခတ်ရင်းနှင့် ချောင်းဝသို့ရောက်လာ၏။
ချောင်းဝမှာက ဧရာဝတီမြစ်ရေ ဦးတိုက်စီးဆင်းနေ
သည့် နေရာ ရှိ၏။
ထိုနေရာအရောက်၌ သူတို့လှေကလေးကို မြစ်
ရေစီးက ကန့်လန့်ဝင်တိုးလိုက်၏။ ထို့ကြောင့်
လှေမှောက်သွားသည်။ ကလေးနှစ်ယောက်က
ကြောက်လန့်တကြား ကူးခတ်ရင်း ကမ်းပေါ်ရောက်
သွားသော်လည်း ကျန်တစ်ယောက်မှာမူ ရေမကူး
တတ်သောကြောင့် ရေထဲ၌ မြုပ်ချည် ပေါ်ချည်
ဖြစ်ကာ မျောပါသွား၏။
ထိုအချိန်က အနီးအနားတွင် လူမရှိ၍ ကလေး
နှစ်ယောက်က လူမြင်ရသော နေရာအထိ ပြေး
သွားကာ အကျိုးအကြောင်း ပြောပြကြသည်။
မျောပါသွားသည့်ကလေးကို ကယ်တင်ရန် လူ
အများ ပြေးလိုက်လာကြ၏။ ရေစီးနှင့် မျောပါ
သွားသည်ဆို၍ အချို့က အောက်ဘက်မှ ကြိုပြီး
စောင့်ကြသည်။ အချို့က ကမ်းစပ်မှ အစုန်၊
အဆန် ပြေးလွှာရှာဖွေကြ၏။
မည်သို့ပင် ကြိုးစားရှာဖွေကြသော်လည်း ကလေး
၏ အရိပ်အယောင်ကိုပင် မတွေ့ကြရတော့ပေ…၊
ထိုအချိန်မှာပင် ကလေးရေနစ်သည့် သတင်းကို
ရွာထဲမှ ကြားသိသွားဟန်တူ၏။ လူအုပ်စုတစ်စု
ရွာထဲမှ ပြေးထွက်လာကြသည်။ ကလေး၏ မိခင်
နှင့် အစ်မတို့ကား ကမ်းစပ်တွင် ရင်ဘတ်စည်တီး၊
ရှိုက်ကြီးတငင် ငိုကြွေးသူငိုကြွေး၊ မြေပေါ်တွင်
လူးလှိမ့်၍ အော်ဟစ်တမ်းတသူက တမ်းတနှင့်
ကမ္ဘာပျက်သကဲ့သို့ ဆူညံပွက်လောရိုက်လျက်
ရှိသည်။ လှေမှောက်သည့်အချိန်နှင့် ဆိုလျှင်
တစ်နာရီနီးပါး ကြာမြင့်သွားပြီဖြစ်သည်။
ကလေးကို အသက်နှင့် ခန္ဓာတွဲလျက် ပြန်ရရန်
မလွယ်တော့ကြောင်း အားလုံးပင် သဘောပေါက်
လိုက်ကြ၏။ ကလေး၏ ဖခင်နှင့် ယောက်ျားကြီး
အချို့တို့ လှေနှင့် ထီးကို လှော်ခတ်ပြီး မြစ်အောက်
ဘက်သို့ စုန်ဆင်းသွားကြသည်။
ကလေးအလောင်းမြစ်ကမ်းစပ်တစ်နေရာရာတွင် တင်ကျန်နေနိုင်သည် ဖြစ်၍ သွားရောက်ရှာဖွေ
ဆယ်ယူရန် ထွက်သွားကြခြင်းဖြစ်သည်။ သူတို့
ထွက်သွား၍ မကြာခင်မှာပင် ထူးခြားဆန်းကြယ်
သော အခြင်းအရာကို ရွာသူရွာသားများ မြင်တွေ့
လိုက်ကြသည်။ ကလေးတစ်ယောက်သည် ဘုရား
ကုန်းပေါ်မှ ဆင်းကာ သူတို့လူအုပ်ကြီးရှိရာသို့
လျှောက်လာ၏။
ထိုကလေးမှာ လှေမှောက်ပြီး မြစ်ရေစီးထဲတွင်
မျောပါသွားသည်ဆိုသော ကလေးဖြစ်နေကြောင်း
အားလုံးက တအံ့တသြ တွေ့မြင်လိုက်ကြရသည်။
လူကြီးများက ထိုကလေးကို ဝိုင်းဝန်းကာ အကျိုး
အကြောင်းမေးမြန်းကြည့်ကြ၏။
“လှေမှောက်ပြီး ရေစီးထဲမှာ သားမျောပါသွား
ပါတယ်…အဲဒီအချိန်မှာပဲ သားနောက်ကို အဒေါ်
ကြီးတစ်ယောက် ရေကူးပြီး လိုက်လာတယ်၊ အဲ
ဒီအဒေါ်ကြီးက သားကို ရေထဲကနေ ဆွဲခေါ်ပြီး
ကယ်တယ်၊ ကမ်းစပ်ရောက်တော့ ဘုရားကုန်း
ပေါ်ကို ပွေ့ချီသွားပြီး ရေတွေအန်အောင်လုပ်
ပေးတယ်၊ ကောင်းကောင်းသက်သာသွားတော့
မှ ‘သားလေး ဒီလမ်းအတိုင်းဆင်းသွား’ဆိုပြီး
ပြန်ခိုင်းလိုက်တယ်”
ကလေး၏ ပြောစကားကြောင့် အားလုံးပင် အံ့
အားသင့်သွားကြသည်။ ကလေးအား ရေထဲမှ
ကယ်တင်သူမှာ အဒေါ်ကြီး တစ်ယောက်တဲ့၊
မည်သို့သော မိန်းမသားတစ်ဦးသည် ဤမျှခက်
ခဲသော၊ အသက်အန္တရာယ်ရှိသော ကယ်တင်မှု
ကြီးကို စွန့်စွန့်စားစား လုပ်ဆောင်ခဲ့ပါသနည်း။
ယခု၊ ထိုကယ်တင်ရှင် အမျိုးသမီးကြီး ဘယ်
ရောက်သွားပြီနည်း၊ အဖြေမရှိသော ပဟေဠိ
တစ်ပုဒ်လို ထူးခြားဆန်းကြယ်ဖြစ်နေ၏။
အချို့က ကလေးငယ်ကို ကယ်တင်ခဲ့သည့်
အမျိုးသမီးကို တွေ့လိုတွေ့ငြား ဘုရားကုန်း
ပေါ်အနှံ့တက်ရောက်ကြည့်ရှုကြ၏။
ရေစိုအဝတ်များမှ ကျကျန်ရစ်ဟန်တူသော
ရေစက်များ၊ ရေကွက်များကို တွေ့ရ၏။
လူနှင့်တူသူဟူ၍တော့ မည်သည့် တစ်စုံတစ်ခု
ကိုမျှ မတွေ့ကြချေ။
“ပြောစမ်းပါဦး၊ သားကိုကယ်တဲ့ အဒေါ်ကြီးကို
သားမြင်ဖူးလား၊ တို့ရွာကပဲလား”
“အဒေါ်ကြီးကို သားတစ်ခါမှ မမြင်ဖူးဘူး၊
သားတို့ရွာက မဟုတ်ဘူးနဲ့ တူတယ်…”
“ဒါဆိုရင် သူ့ရဲ့ပုံပန်းသဏ္ဍာန်ကရော…”
“နည်းနည်းပိန်တယ်၊ ဆံပင်တွေကို ဒီအတိုင်း
ဖြန့်ချထားတယ်…”
“သားက မမေးဘူးလား၊ အဒေါ်ကြီး
ဘယ်မှာနေတာလဲလို့”
“သား မမေးမိဘူး၊ ဒါပေမဲ့ အဒေါ်ကြီးက ပြော
တယ်၊ သူတို့က ဒီမင်းကြီးကုန်းပေါ်က ဘုရား
ဝင်းထဲမှာ နေတာတဲ့၊ သူ့မှာလည်း သားနဲ့ ရွယ်
တူ သားလေးတစ်ယောက် ရှိတယ်၊ သားနေ
ကောင်းသွားရင် အတူလာကစားလို့ ပြောတယ်”
“သူ့မှာ သားနဲ့ ရွယ်တူ ကလေးရှိတယ်တဲ့
ဟုတ်လား”
“ဟုတ်ကဲ့၊ အဲဒီလို ပြောတယ်…”
“ဒါ …ဒါဆိုရင် …ကလေးကို ကယ်လိုက်တာ
အိုးသည်မ သားအမိပဲ ဖြစ်မယ်…၊ မုန်တိုင်းမိပြီး
ဒုက္ခရောက်လာတဲ့ သူတို့လင်မယားနှစ်ယောက်
ကို ငါတို့မင်းကြီးကုန်းရွာသူရွာသားတွေက စေ
တနာသန့်သန့်နဲ့ အစစအရာရာ ကူညီကြတယ်၊
နေစရာ စားစရာ ပေးခဲ့ကြတယ်၊ ဒီကျေးဇူးတရား
တွေကို ထောက်ထားပြီး တို့ရွာက ကလေးရေ
နစ်တာကို အသက်ကယ်ပြီး ကျေးဇူးတုံ့ပြန်တာ
ပဲ ဖြစ်မယ်”
ရေနစ်သူ ကလေးငယ်အား အိုးသည်မတစ္ဆေ
ကယ်သည့်သတင်းကြောင့် တစ်ရွာလုံး အုန်း
အုန်းကျွတ်ကျွတ် ဖြစ်သွားကြသည်။
ဟုတ်တော့လည်း ဟုတ်၏။ မြစ်ရေစီးထဲ မျောပါ
သွားသော ကလေးကို လူသားတစ်ဦးတစ်ယောက်
မျှရှိမနေသော နေရာ၌ ကယ်တင်ခံထားရသည်ဟု
ဆိုလျှင် ကယ်တင်ရှင်မှာ တန်ခိုးရှင်တစ်ယောက်သာ
ဖြစ်ရမည်ဖြစ်သည်။ကယ်တင်ခံရသူကလေးကို
မေးကြည့်တော့လည်း တန်ခိုးရှင်၏ ရုပ်လက္ခဏာ
သွင်ပြင်က အိုးသည်မမှ လွဲ၍ အခြားမည်သူမျှ
မဖြစ်နိုင်ကြောင်း တွေ့နေရ၏။ အိုးသည်မတစ္ဆေ
၏ ကယ်တင်မှုကြောင့် သေကံ မရောက်ခဲ့သူ က
လေး၏ မိဘများက အိုးသည်မကို ကျေးဇူးတုံ့ပြန်
ကြသည်။
စားကောင်း သောက်ဖွယ်များ ချက်ပြုတ်ပြီး
သားလေး ရေနစ်သည့်နေရာ၊ ကမ်းပါးပေါ်၌
ထားကာ အိုးသည်မ တစ္ဆေသားအမိကို ကျွေး
မွေး၏။ ရက်အတန်ကြာအောင် သွားရောက်
ကျွေးမွေးရာက နောက်ပိုင်းတွင် ကမ်းပါးမြေကြီး
ပေါ်၌ ချထားကာ ကျွေးမွေးခြင်း မပြုတော့။
လူကြီးရင်စို့ခန့်တိုင်စိုက်ပြီး တိုင်ထိပ်၌ နတ်ကွန်းပုံ
သဏ္ဍာန်အဆောက်အုံလေးဆောက်ကာ တင်မြောက်
ပသ ကျွေးမွေးကြသည်။ နတ်ကွန်းပုံစံ ဆောက်လုပ်
တင်မြောက်ကျွေးမွေးသည့်အချိန်က စ၍ အခေါ်
အဝေါ်များ ပြောင်းလဲသွားသည်။
နတ်စင်ရွာလေးကို ‘အိုးသည်မနတ်စင်’ဟု ခေါ်ကြ
သည်။နောင်တွင် ချောင်းအမည်မှာလည်း အိုးသည်
မချောင်းဟု ပြောင်းလဲသွားခဲ့ရခြင်းဖြစ်သည်။
နှစ်ကာလကြာမြင့်ခဲ့ပြီး၏ နောက်ပိုင်းတွင်ကား
အိုးသည်မ နတ်ကွန်းလေးသည် ရေလုပ်သား
များနှင့် ငါးတန်တံငါသည်များ…
လုပ်ငန်းကိုင်ငန်းအဆင်ပြေစေရန်နှင့် ဘေးအန္တရာယ်
ကင်းရှင်းစေရန်အတွက်…၊ ဆုတောင်းရာ၊ တင်မြှောက်
ပသရာ နေရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါ
တော့သည်။ အိုးသည်မ တစ္ဆေသားအမိနှင့် ပက်သက်
သည့် ထူးထူးခြားခြား အခြားဖြစ်စဉ်တစ်ခုကိုလည်း
မင်းကြီးကုန်း ရွာသူရွာသားများ ကြုံခဲ့ရသေး၏။
ထိုအဖြစ်အပျက်မှာ မင်းကြီးကုန်းရွာအား လူဆိုး၊
သူခိုးတို့ရန်မှ စောင့်ရှောက်ပေးခဲ့သည့် ဖြစ်စဉ်
ဖြစ်သည်။ အဖြစ်အပျက်မှာ ဤသို့ဖြစ်၏။ မှောင်
မည်းနေသော ညတစ်ည၏ သန်းခေါင်ယံ၌ မင်း
ကြီးကုန်းခြေရင်း မြစ်ကမ်းစပ်သို့ လူသုံးယောက်
လှေတစ်စင်းဖြင့် ရောက်လာသည်။
သူတို့သည် ရှေးဟောင်းပစ္စည်းခိုးယူသူများဖြစ်၏။
မင်းကြီးကုန်းပေါ်တွင် တည်ထားသော ဘုရားစေတီရှိ
ကြေးဝါဖြင့် သွန်းလုပ်ထားသည့် ရှေးဟောင်းဗုဒ္ဓ ဆင်း
တုတော်နှစ်ဆူကို ခိုးယူရန် ရောက်လာကြခြင်း ဖြစ်
သည်။သူတို့သည် လှေတွင် အစောင့်အဖြစ်တစ်
ယောက် ထားခဲ့ပြီး ဘုရားကုန်းပေါ်သို့ နှစ်ယောက်
တက်လာကြသည်။
ဘုရားဝန်းကျင်၏ အနေအထားကို နေ့ခင်းကတည်း
က ကြိုတင်လေ့လာထားပြီးဖြစ်၍ သွက်သွက်လက်
လက်ပင် လှုပ်ရှားနေကြသည်။ ဆင်းတုတော်နှစ်ဆူ
ပူဇော်ထားရှိသော နေရာကလည်း တံခါးအရံအတား
မရှိသဖြင့် လွယ်လင့်တကူပင် ရောက်ရှိလာကြသည်။
သူတို့အတွက် အစစအရာရာ အဆင်ပြေချောမော
လျက်ရှိ၏။ ဤနေရာသည် မင်းကြီးကုန်းရွာနှင့် ခပ်
လှမ်းလှမ်းတွင် ရှိ၏။
ဘုရားဝင်းအတွင်းတွင်လည်း မည်သူတစ်ဦးတစ်
ယောက်မျှ နေထိုင်ခြင်းမရှိ။ ထိုအကြောင်းအချက်
များကြောင့် သူတို့၏ မကောင်းမှုကို မည်သူကမျှ
ဟန့်တား၊ နှောင်ယှက်ခြင်း မပြုနိုင်ကြ၊ ထို့ကြောင့်
ပင် လွတ်လွတ်လှုပ်ရှားနိုင်ကြခြင်း ဖြစ်သည်။
ခိုးသူတို့သည် ဆင်းတုတော်တစ်ဆူကို ဂုံနီအိတ်
တစ်လုံးစီထည့်ကာ တစ်ယောက်တစ်အိတ်ထမ်း
ပြီး ပြန်ဆင်းလာကြသည်။ ဘုရားပရိဝုဏ်ကို လွန်
သည်နှင့် သူတို့ရှေ့မှ ရပ်နေသည့် လူနှစ်ယောက်
ကို တွေ့လိုက်ရ၏။
မိန်းမတစ်ယောက်နှင့် လူငယ်တစ်ယောက်ဖြစ်၏။
“ဘုရားဆင်းတုတော်တွေကို ယူမသွားနဲ့ …”
မိန်းမဆီက အသံထွက်လာ၏။ ရုတ်တရက်မို့
သူတို့ထိတ်လန့်သွားကြသည်။ သို့သော် မိန်းမနှင့်
ကလေးမှာ သူတို့လို လူစားမျိုးတွေအတွက်
မှုစရာမဟုတ်ပါချေ။ ထို့ကြောင့် အတင်းတိုး
တိုက်သွားရန်နှင့် လိုအပ်ပါက အသင့်ပါလာ
သော ဓါးများကို သုံး၍ ရှင်းလင်းဖယ်ရှားရန်
ဆုံးဖြတ်လိုက်၏။
သူတို့သည် ဓါးများကို အသင့်ကိုင်ကာ ရှေ့သို့
တိုးဝင်သွားကြသည်။ သို့သော် ကြုံတွေ့နေသည့်
အခြေအနေက သူတို့ထင်မှတ်ထားသလို လွယ်လွယ်
ကူကူ မဟုတ်ပါ။ သူတို့အနီးသို့ မရောက်မီမှာပင်
ထိုမိန်းမနှင့် လူငယ်ကလေးတို့ သူတို့ရှေ့မှ ဖျက်ခနဲ
ပျောက်သွားသည်…၊ သူတို့ အံ့သြထိတ်လန့်သွားကြ
သည်။ တစ်ဆက်တည်းမှာပင် ဆင်းတုတော်ထည့်
ထားသည့် အိတ်ကို နောက်မှ အတင်းဆွဲတာခံရ၏။
လှည့်ကြည့်တော့လည်း ဘယ်သူမှမရှိ။ ထိုအခါမှ
သူတို့တွေလိုက်သည့် မိန်းမနှင့် လူငယ်ကလေး
မှာ လူသားစင်စစ်မဟုတ်ဘဲ နာနာဘာဝတစ္ဆေ
သရဲများဖြစ်ကြောင်း သဘောပေါက်သွားကြ၏။
ကြောက်လန့်တုန်လှုပ်ခြင်းကြီးစွာဖြင့် ကုန်းပေါ်
က ဒရောသောပါး ပြေးဆင်းကြသည်။
တစ္ဆေသားအမိကလည်း သူတို့နောက်မှ ထပ်ကြပ်မကွာလိုက်ကာ သူတို့ထမ်းထား
သည့်အိတ်ကို အတင်းဆွဲလုကြ၏။ သူတို့က
လည်း အိတ်ပါမသွားအောင် တင်းတင်းကျပ်
ကျပ်ကိုင်ရင်း တရှုးထိုးပြေးဆင်းကြ၏။ ကုန်း
တစ်ဝက်ခန့်အရောက်မှာတော့ အားကောင်း
သော လက်ကြီးများက သူတို့ကို တွန်းချလိုက်
သည်။ နှစ်ယောက်စလုံး ကုန်းပေါ်မှ တလိမ့်
ခေါက်ကွေးလိမ့်ကျပြီး သတိလစ်မေ့မြောသွား
ကြသည်။ လှေပေါ်တွင် အစောင့်ကျန်ရစ်ခဲ့
သူမှာလည်း မည်သို့ ဖြစ်သည်မသိ၊
အဖော်များကို စောင့်နေရင်း ရုတ်တရက် အိပ်
ပျော်သွားသည်။ သူ့အဖော်နှစ်ယောက် ဘုရား
ကုန်းပေါ်မှာ တစ္ဆေသားအမိနှင့် ရင်ဆိုင်နေရ
ခြင်းကို သူမသိ၊ ကုန်းပေါ်က လိမ့်ကျလာပြီး
လှေနှင့် မလှမ်းမကမ်း မြေကြီးပေါ်၌ သတိလစ်
မေ့မြော နေခြင်းကိုလည်း သူမသိပါချေ။
အရုဏ်မတက်မီမှာတော့ သူတို့သုံးယောက်စလုံး
ကို သက်သေခံပစ္စည်းများနှင့်တကွ ဖမ်းမိလာကြ
သည်။ ငါးဖမ်းရန် မြစ်ထဲ ဆင်းလာသော တံငါများ
က သူတို့ကို ဦးစွာ တွေ့ရှိခြင်း ဖြစ်သည်။
အပိုင်ရဲစခန်းသို့ မပို့အပ်မီ ရွာလူကြီး ဦးသောင်း
သောင်းက စစ်ဆေးကြည့်၏။ သူတို့က ရှေး
ဟောင်းဆင်းတုတော်ခိုးယူခဲ့ကြကြောင်း ဝန်
ခံပြီး ဘုရားကုန်းပေါ်တွင် တစ္ဆေခြောက်ခံရ
ကြောင်း ပြောပြကြ၏။
တစ္ဆေမှာ မိန်းမတစ်ယောက်နှင့် လူငယ်ကလေး
တစ်ယောက်ဖြစ်ပြီး၊ သူတို့က …
“ဘုရားဆင်းတုတော်တွေကို ယူမသွားနဲ့ ”
လို့ ပြောကာ အိတ်တွေကို လိုက်လုကြောင်းနှင့်
နောက်ဆုံးတွင် သူတို့နှစ်ယောက်စလုံးကို ကုန်း
ပေါ်မှ တွန်းချခဲ့ကြောင်းများ ပြောပြသည်။ ဦး
သောင်းသောင်းက ခေါင်းတညိတ်ညိတ်ဖြင့်
နားထောင်ရင်း သူတို့ကို ပြောလိုက်သည်။
“မင်းတို့ တွေ့ခဲ့တဲ့ မိန်းမနဲ့ ကလေးဟာ အိုးသည်မ
နဲ့ သူရဲ့ သားလေးပါ။ သူတို့က ငါတို့မင်းကြီးကုန်း
ရွာကို စောင့်ရှောက်ပေးနေတဲ့ နာနာဘာဝ တစ္ဆေ
သားအမိနှစ်ယောက်ပေါ့ကွာ…”
ပြီးပါပြီ
LIKE & SHARE ပေးသွားကြပါဦး
မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့(ချောင်းဦး)
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
#ပရလောက
#ညမဖတ်ရ
အိုးသည္မေခ်ာင္းက တေစၦသားအမိ (စ/ဆုံး)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အိုးသည္မေခ်ာင္းဟူသည္ကား ပဲခူးတိုင္း
အေနာက္ဘက္ျခမ္းေဒသေ႐ႊေတာင္ၿမိဳ႕နယ္
ႏွင့္ မိုးညိဳၿမိဳ႕နယ္တို႔ အၾကား ဧရာဝတီျမစ္
ကမ္းေဘးရွိ ေခ်ာင္းေလးတစ္ေခ်ာင္း၏အ
မည္ ျဖစ္သည္။ ထူးျခားသည္က အိုးသည္မ
ေခ်ာင္းမွာ ျမန္မာျပည္ရွိ ျမစ္ေခ်ာင္းတို႔၏
ထုံးစံအတိုင္း ျမင့္ရာမွ နိမ့္ရာသို႔ စီးဆင္း၍
ျဖစ္ေပၚလာေသာ ေခ်ာင္းမဟုတ္။ ဧရာဝတီ
ျမစ္ေရစီးေၾကာင္းက ေက်ာက္ေတာင္ကုန္း
တစ္ခုကို ေကြ႕ဝိုက္စီးဆင္းရင္း ကမ္းပါးတစ္
ေနရာအား ဦးတိုက္ဝင္တိုးမိသည္။
ထိုေရဦးဝင္တိုးမိေသာေနရာ၌ ႏွစ္ကာလၾကာ
ျမင့္ေသာအခါ ကိုက္အနည္းငယ္ရွည္လ်ား
သည့္ ေခ်ာင္းဝတစ္ခုျဖစ္ေပၚလာ၏။ ထိုေခ်ာင္း
ဝထဲသို႔ အနီးပတ္ဝန္းက်င္မွ ေရမ်ားစီးဝင္လာ
ၾကသည္။ ထိုေၾကာင့္လည္း အဂၤလိပ္ေခတ္က
ေရးဆြဲခဲ့သည့္ စစ္သုံးေျမပုံမ်ားတြင္လည္းေကာင္း
ထို႔ေနာက္ပိုင္းကာလမ်ားတြင္ ေရးဆြဲသည့္စစ္
သုံး ေျမပုံမ်ားတြင္လည္းေကာင္း အိုးသည္မ
ေခ်ာင္းဟူ၍ မပါရွိျခင္းျဖစ္၏။
ယုတ္စြအဆုံးၿမိဳ႕နယ္အလိုက္ ေရးဆြဲသည့္
ေဒသႏၲရေျမပုံတို႔မွာပင္ အိုးသည္မေခ်ာင္း၏
အမည္မပါရွိေသာ မထင္မရွားေခ်ာင္းကေလး
တစ္ခုသာ ျဖစ္သည္။ မည္သို႔ပင္ မထင္မရွား
ေခ်ာင္းေလး ျဖစ္ေနေစကာမူ၊ ႐ြာနီးခ်ဳပ္စပ္
မွာေတာ့ အိုးသည္မေခ်ာင္း၏ ဂုဏ္သတင္း
က ေက်ာ္ၾကားလွသည္။
အိုးသည္မေခ်ာင္းဟူသည့္ အမည္နာမရရွိ
လာျခင္းအေၾကာင္းကပင္လွ်င္ အိုးသည္မ
ေခ်ာင္း၏ ထူးျခားဆန္းၾကယ္ေသာ ျဖစ္စဥ္
မ်ားအား ေဖာ္ျပေနျခင္းပင္ ျဖစ္ပါသည္။
XXXX
ဧရာဝတီျမစ္ေရစီးေၾကာင္းတစ္ခု ဦးတည္တိုးဝင္
မႈေၾကာင့္ ျဖစ္ေပၚလာေသာ ေခ်ာင္းကေလးကို
အိုးသည္မေခ်ာင္းဟု အမည္နာမ မရခင္က အျခား
အမည္တစ္ခု ရွိခဲ့သည္။ ထိုအမည္မွာ မင္းႀကီးကုန္း
ေခ်ာင္းဟူ၍ ျဖစ္၏။ မင္းႀကီးကုန္းဟူသည္မွာ ေခ်ာင္း
ေလး၏ အေနာက္ဘက္တြင္ ကပ္လ်က္တည္ရွိေသာ
ေက်ာက္ေတာင္ကုန္း၏ အမည္ျဖစ္သည္။
မင္းႀကီးကုန္းအမည္က ရာဇဝင္တြင္ ဆိုးလွေသာ
တ႐ုတ္ေျပးမင္းႏွင့္ ဆက္စပ္ေနသည္ဟု ပါးစပ္
ရာဇဝင္ရွိခဲ့၏။ တ႐ုတ္တို႔၏ ရန္ေၾကာင့္ ထြက္ေျပး
လာရေသာ တ႐ုတ္ေျပးမင္းေခတၱေနထိုင္ခဲ့ေသာ
ကုန္းျဖစ္၍ မင္းႀကီးကုန္းဟု ေခၚၿပီး၊ ထိုကုန္းေပၚ
မွာပင္ ထိုမင္းတည္ခဲ့ေသာ ဘုရားကို မင္းႀကီးကုန္း
ဘုရားဟုလည္းေကာင္း၊ ထိုကုန္းအနီးတြင္ တည္
ရွိေသာ ႐ြာကိုလည္းေကာင္း ေခၚေဝၚၾကသည္။
ဟုတ္သည္၊ မဟုတ္သည္ ခိုင္လုံေသာအေထာက္
အထားမရွိေသးေသာ္လည္း ထိုေဒသတစ္ဝိုက္တြင္
တ႐ုတ္ေျပးမင္းႏွင့္ ဆက္ႏြယ္ေသာ အမည္နာမ
မ်ားကို ေတြ႕ရွိရသည္။ မင္းႀကီးကုန္းႏွင့္ ခရီးဆယ္
မိုင္မွ်ေဝးေသာ အကြာ၌ ႐ြာႀကီးတစ္႐ြာရွိသည္။
ထို႐ြာႀကီး၏ အမည္မွာ ‘တ႐ုတ္ေမွာ္’ျဖစ္၏။ ထို
႐ြာ၏ ေရွးယခင္က အမည္ရင္းမွာ ‘တ႐ုတ္ေမွ်ာ္’
ျဖစ္သည္ဟု ေျပာၾက၏။
ေနာက္က ထပ္ၾကပ္မကြာ လိုက္လာေသာ တ႐ုတ္
တပ္တို႔ကို ေမွ်ာ္ၾကည့္ခဲ့ေသာ ေနရာျဖစ္၍ တ႐ုတ္
ေမွ်ာ္ဟု ေခၚခဲ့ၿပီး၊ ေနာင္တြင္ တ႐ုတ္ေမွာ္ဟု အ
မည္ထြင္ခဲ့ေၾကာင္း သိရ၏။ တ႐ုတ္ေမွာ္တြင္ တည္
ထားေသာ ဘုရားႀကီး တစ္ဆူ၏ ဘြဲ႕မည္မွာလည္း
‘ျမသိန္းတန္ဘုရား’ ဟူ၍ ျဖစ္၏။တ႐ုတ္ေျပးမင္း၏
မိဖုရားႀကီးကိုင္ေဆာင္ေသာ အသျပာတစ္သိန္း
ထိုက္တန္သည့္ ျမတဘက္ကို ႒ာပနာ၍ တည္ထား
ေသာ ဘုရားျဖစ္ျခင္းေၾကာင့္ ‘ျမသိန္းတန္ဘုရား’
ဟု အမည္တြင္ခဲ့ေၾကာင္း သက္ႀကီးစကားသက္
ငယ္ၾကားခဲ့ရျပန္၏။
ထိုနည္းတူစြာပင္လွ်င္ မင္းႀကီးကုန္းအနီးရွိ ေခ်ာင္း
ကိုလည္း မင္းႀကီးကုန္းေခ်ာင္းဟု ေခၚျခင္းျဖစ္သည္။
မင္းႀကီးကုန္းေခ်ာင္းဟု ေခၚဆိုရာမွ ေနာင္တြင္ အိုး
သည္မေခ်ာင္းဟု အမည္ေျပာင္းလြဲေခၚတြင္ လာ
ၾကျခင္းမွာ ဤသို႔ ျဖစ္သည္။
မိုးေႏွာင္း၊ ေဆာင္းဦး ရာသီအကူးအေျပာင္းကာလ
၏ ေန႔တစ္ေန႔။ ေမွာင္ရီပ်ိဳးစ အခ်ိန္တြင္ျဖစ္၏။ အိုး
မ်ား အျပည့္တင္ေဆာင္လာေသာ အိုးေလွႀကီးတစ္
စင္း ဧရာဝတီျမစ္အတိုင္း စုန္ဆင္းလာရာက မင္းႀကီး
ကုန္း ေခ်ာင္းဝထဲသို႔ ႐ုတ္တရက္ ဝင္ေရာက္လာ
သည္။အိုးေလွႀကီး ဧရာဝတီျမစ္ထဲမွာ ေခ်ာင္းဝထဲ
သို႔ ဝင္ေရာက္ျခင္းမွာ မိုးေႏွာင္းကာလတြင္ ႀကဳံေတြ႕
ျဖစ္ေပၚလာသည့္ ေလျပင္းမုန္တိုင္းေၾကာင့္ျဖစ္၏။
ေလကြယ္၊ မိုးကြယ္ႏွင့္ မုန္တိုင္းဒဏ္ရာသက္သာရာ
ရရန္ နီးစပ္ရာ ေခ်ာင္းထဲသို႔ ဝင္ေရာက္ခိုလိုက္ျခင္း
ျဖစ္သည္။ အခ်ိန္လက္မတင္ကေလးဟု ဆိုရမည္။
သူတို႔ေလွ ေခ်ာင္းအတြင္းပိုင္းထိဝင္ေရာက္ ေနရာ
ယူၿပီး မၾကာမီမွာပင္ မိုးသီး၊မိုးေပါက္ႀကီးမ်ား တ
ဝုန္းဝုန္း၊ တဒိုင္းဒိုင္း၊ က်ေရာက္လာ၏။
သဲသဲမဲမဲ ႐ြာခ်ေသာမိုးႏွင့္အတူ ေလျပင္းမုန္တိုင္း
ႀကီးကလည္း ေၾကာက္မက္ဖြယ္ တေဝါေဝါ တိုက္
ခတ္လာသည္။ ျမစ္ျပင္ႀကီးတစ္ခုလုံး ေသမင္းတ
မန္ လႈိင္းလုံးႀကီးမ်ားျဖင့္ ငရဲပြက္သကဲ့သို႔ ဆူညံ
ေျဗာင္းဆန္ေနရသည္။ အိုးေလွသည္ ေလကြယ္၊
မိုးကြယ္ရရန္အတြက္ ေခ်ာင္း၏ အတြင္းပိုင္းခပ္
က်က်ထိ ဝင္ေရာက္လာသည္။ အိုးေလွေပၚတြင္
အသက္(၄၀)ခန္႔ ေယာက္်ားႀကီးတစ္ေယာက္၊
ဌင္း၏ မယားေတာ္စပ္သူ မိန္းမတစ္ေယာက္ႏွင့္
ထိုလင္မယား၏ သားျဖစ္သည့္ အသက္(၁၀)
ႏွစ္ခန္႔ ေကာင္ေလးတစ္ေယာက္ စုစုေပါင္း(၃)
ေယာက္ ပါရွိသည္။
မိန္းမျဖစ္သူမွာ လင္ေယာက္်ားႏွင့္ သက္တူ႐ြယ္
တူခန္႔ျဖစ္ၿပီး ထမင္းဟင္းခ်က္ျပဳတ္ျခင္းႏွင့္ ဆိပ္
ကမ္းမ်ား၌ ရပ္နားလွ်င္ အိုးေရာင္းခ်ျခင္းတို႔ကို
ျပဳလုပ္ရသည္။
သူတို႔မိသားစုမွာအထက္အညာျဖစ္ေသာ’ေျမာင္’
နယ္ေဒသ၊ ဧရာဝတီျမစ္ကမ္း႐ြာေလးတစ္႐ြာတြင္
ေနထိုင္ၾကသူမ်ားျဖစ္သည္။ သူတို႔႐ြာႏွင့္ မလွမ္း
မကမ္းတြင္ ကြၽန္းပင္ႀကီးမ်ား အမ်ားအျပား ေပါက္
ေရာက္ေသာ ေတာႀကီးေတာင္ႀကီးေတြ ရွိ၏။
ေတာထဲေတာင္ထဲမွာပင္ ကြၽန္းပင္ႀကီးမ်ားကို
ခုတ္လွဲ၊ လႊစင္ေပၚကင္ကာ သစ္ဆြဲလႊဲႀကီးမ်ား
ျဖင့္ ပ်ဥ္ခြဲၾကသည္။ ရရွိေသာ ပ်ဥ္မ်ားကို အသုံး
ျပဳကာ ေလွစပ္ၾက၏။ ထိုကြၽန္းေလွအသစ္ႀကီး
မ်ားကို ေရနံေခ်း မည္းေနေအာင္ သုတ္ၿပီး ေဒ
သထြက္ အိုးမ်ိဳးစုံႏွင့္ ေျမျဖင့္ ျပဳလုပ္ထားသည့္
ကေလးကစားစရာ အိုးပုတ္ခ်ိဳး႐ုပ္မ်ားပါ တင္
ေဆာင္ကာ ဧရာဝတီျမစ္ေၾကာင္းအတိုင္း စုန္
ဆင္းၾက၏။ လူစည္ကားသည့္ ၿမိဳ႕႐ြာမ်ား၊ ေရာင္း
ေရးဝယ္ေရး အဆင္ေျပရာ ဆိပ္ကမ္းမ်ားကို တစ္
ခုၿပီးတစ္ခု ဆိုက္ကပ္၍ အိုးမ်ားကို ေရာင္းခ်
ၾကသည္။
သူတို႔၏ ခရီးဆုံးေနရာကား ရန္ကုန္တိုင္းအတြင္း
ရွိ ၿမိဳ႕႐ြာအခ်ိဳ႕ျဖစ္၏။ အခ်ိဳ႕ကဧရာဝတီတိုင္းအ
တြင္းထိ သြားေရာက္ေရာင္းခ်ၾက၏။ ခရီးဆုံးသို႔
ေရာက္လွ်င္ ေလွႏွင့္တကြ ေလွေပၚပါေရာင္းကုန္
ပစၥည္းအားလုံးပါ အျပတ္ေရာင္းခ်လိုက္သည္။
ၿပီးလွ်င္ …
႐ြာတြင္ ေရာင္းခ်ရန္အတြက္ အဝတ္အထည္မ်ား
ႏွင့္ ငါးပိငါးေျခာက္မ်ားဝယ္၍ မီးရထားစီးကာ မိမိ
ရပ္႐ြာသို႔ ျပန္ၾကသည္။ ဤကား သူတို႔႐ြာသူ႐ြာသား
အမ်ားစု လုပ္ေလ့လုပ္ထရွိသည့္ အသက္ေမြးဝမ္း
ေက်ာင္းအလုပ္ျဖစ္သည္။ မင္းႀကီးေခ်ာင္းထဲ ေလွ
ဝင္၍ ခိုနားေနရေသာ မိသားစုမွာလည္း သူတို႔႐ြာ
သား အမ်ားနည္းတူပင္ အိုးေရာင္းရင္း၊ ေလွေရာင္း
ဝယ္တာ ကိစၥအားလုံးၿပီးစီးလွ်င္ ရန္ကုန္ၿမိဳ႕ရွိ ေလး
ဆူဓါတ္ပုံ ေ႐ႊတိဂုံဘုရားႀကီးကို မိသားစုအတူဖူး
ေျမာ္ရန္ အားခဲထားၾကသည္။
ယခုေသာ္ကား အိုးသည္မ မိသားစုေလး မုန္တိုင္း
ႏွင့္ တိုးေနေလၿပီ။ မုန္တိုင္းကား အလြန္ျပင္းထန္
ေသာ မုန္တိုင္းျဖစ္၏။ မိုးႏွင့္ေလႏွင့္ ႏွစ္ပါးဆိုင္
ကာ လူ႔႐ြာေလာကႀကီးအား အၿငိဳးႀကီးႀကီးျဖင့္
ေျဗာင္းဆန္ေအာင္ ေမႊေႏွာက္ဖ်က္ဆီးေနသကဲ့သို႔
ရွိ၏။ သူတို႔ ခိုဝင္သည့္ေနရာမွာ အတန္အသင့္ေလ
ကြယ္ မိုးကြယ္ ျဖစ္ေသာ္လည္း အင္အားျပင္းထန္
လြန္းေသာ ေလျပင္းမုန္တိုင္းႀကီး၏ ရက္စက္မႈ
ကို အလူးအလဲ ခံေနၾကရသည္။
မုန္တိုင္းကား ေလ်ာ့ပါးသည္ မရွိ ညဥ့္နက္ေလ
ေလ အင္အားျပင္းေလေလ ျဖစ္၏။ မိုးကလည္း
မစဲ၊ ေၾကာက္မက္ဖြယ္ည၏ ေမွာင္ႀကီးမည္းႀကီး
ထဲမွာပင္ သဲသဲမဲမဲ ဝုန္းဒိုင္းႀကဲ၍ မုန္တိုင္းကို
စစ္ကူေပးလ်က္ ရွိ၏။
အိုးသည္မ မိသားစုမွာ မည္သို႔မွ် မတတ္ႏိုင္ရွာ
ဘဲ ေလွေပါင္းမိုးထဲမွာပင္ တတ္သမွ် မွတ္သမွ်
႐ြတ္ဖတ္ရင္း ဘုရားတေနရသည္။
ေလွေပါင္းမိုးက သူတို႔ကို လုံၿခဳံေအာင္ အကာ
အကြယ္ မေပးႏိုင္၊ သုံးေယာက္စလုံးပင္ မိုးေရ
မ်ား႐ႊဲ႐ႊဲစိုကာ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေနၾက
ရွာသည္။ ေသမင္းတမန္လႈိင္းတို႔ကလည္း အၿငိဳး
ႀကီးလြန္းလွ၏။ သူတို႔ နားရာ ေခ်ာင္းေလးထဲထိ
ဝင္လာၾကသည္။ အညႇာအတာ ကင္းမဲ့စြာျဖင့္
အိုးေလွကေလးကို ႐ိုက္ပုတ္၏။
အိုးေလွကေလးမွာ လႈိင္းေတြ ျပဳသမွ် ႏုရမည့္
ဘဝသို႔ ေရာက္ရွိေနသည္။ လႈိင္းေတြေပၚ ေျမာက္
ပါသြားလိုက္၊ ကြၽမ္းထိုးေမွာက္ခုံက်လာလိုက္ႏွင့္
မုန္တိုင္း၏ ေဆာ့ကစားမႈကို ခံေနရသည္။ တစ္
ႀကိမ္တြင္ကား ေလွကေလးသည္ အလြန္ႀကီးမား
ၿပီး အင္အားျပင္းလွသည့္ လႈိင္းလုံးႀကီး၏ ႐ိုက္
ပုတ္မႈကို ခံလိုက္ရသည္။
အိုးေလွေလးမွာ ပလပ္စတစ္ ေလွ႐ုပ္ကေလး
တစ္႐ုပ္လို ေျမာက္ပါသြားၿပီး ေခ်ာင္းနဖူးႏွင့္
ဝါးတစ္႐ိုက္ခန္႔ အကြာ လယ္ကြက္ထဲသို႔ပင္
ေရာက္သြား၏။ ေယာက္်ားႀကီးႏွင့္ အိုးသည္မ
မွာ ေလွႏွင့္အတူ ပါသြားေသာ္လည္း သားက
ေလးမွာမူ ေရထဲလြင့္က်သြားၿပီး လႈိင္းတို႔က
ျမစ္ထဲသို႔ ေခၚယူသြားကာ ႏွစ္ျမဳပ္ပစ္လိုက္
ၾကေလေတာ့သည္။
အ႐ိုင္းအစိုင္း မိုးသီးမိုးေပါက္တို႔ႏွင့္ ခက္ထန္
ၾကမ္းၾကဳတ္သည့္ မုန္တိုင္းတို႔သည္ တစ္ညလုံး
အားရေအာင္ ရမ္းကား ဖ်က္ဆီးၿပီးမွ တစ္စ
တစ္စ ၿငိမ္သက္သြားသည္။ နံနက္မိုးေသာက္
အလင္းေရာက္လာေလၿပီ။ အေရွ႕အရပ္ဆီမွ
ေနေရာင္ျခည္တို႔ က်ေရာက္ျဖာဆင္းလာ၏။
ေလာကႀကီးသည္ ညက အျဖစ္အပ်က္မ်ားကို
ေမ့ေဖ်ာက္ပစ္ကာ သာယာေသာ ေန႔တစ္ေန႔ကို
ထပ္မံဖန္ဆင္းလိုက္ျပန္ေတာ့သည္။
XXXXX
အီး…ဟီး…ဟီး…ဟင့္…ဟင့္
မပဋာေျမလူး၊ အသည္းအသန္ ေအာ္ဟစ္ ငိုေႂကြး
ေနေသာ မိန္းမတစ္ေယာက္၊ ကူကယ္ရာမဲ့ဘဝျဖင့္
ခါးစည္းခံ႐ုံကလြဲ၍ ဘာမွ်မတတ္ႏိုင္ဘဲ ေတာက္
ခတ္ရင္း၊ မခ်င့္မရဲေရ႐ြတ္ရင္း မ်က္ရည္ေတြ
တေတြေတြစီးက်ေနရွာေသာ ေယာက္်ားတစ္
ေယာက္ႏွင့္ ေခ်ာင္းကမ္းေပၚတင္ေနေသာ ေလွ
ပ်က္တစ္စင္းကို မင္းႀကီးကုန္း႐ြာသားမ်ား ေတြ႕
လိုက္ၾကသည္။ ညက တိုက္ခတ္သည့္ ေလျပင္း
မုန္တိုင္းမိၿပီး အတိဒုကၡေရာက္ရသည့္ ခရီးသြား
မ်ား ျဖစ္မည္ဟု ေတြးမိလိုက္၏။ ထိုေၾကာင့္ ခ်ဥ္း
ကပ္၍ ေမးျမန္းၾကည့္ၾကသည္။
ထိုအခါမွ အိုးေလွမိသားစုေလး၏ ဆိုးဝါးလွသည့္
ကံၾကမၼာကို သိရွိၾက၏။ သူတို႔႐ြာအနီးကိုမွ ဆိုက္
ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ရွိလာၿပီး မိသားစုဘဝေလး
အစိတ္စိတ္ အမႊာမႊာ ကြဲသြားရရွာသူတို႔အတြက္
လည္း ကိုယ္ခ်င္းစာ၍ ရင္နင့္ေၾကကြဲၾကရ၏။
႐ြာလူႀကီးက ဦးေဆာင္ၿပီး ႐ြာသူ႐ြာသား အားလုံး
ပါဝင္ကာ လိုအပ္သမွ် ပံ့ပိုးကူညီၾကသည္။
ေရထဲက်သြားေသာ အိုးသည္လင္မယား၏ သား
ေလးအား လိုက္လံရွာေဖြေပးၾကသည္။ ဧရာဝတီ
ျမစ္ႀကီးကား သားေလး၏ ႐ုပ္ခႏၶာကို မည္မွ်ေဝး
လံေသာ အရပ္ေဒသအထိ ေခၚေဆာင္သြားသည္
မသိ။ ရွာေဖြ၍ မေတြ႕ၾက။ ႐ြာက အိုးသည္လင္
မယားေခတၱတည္းခို ေနထိုင္ႏိုင္ေရးအတြက္ အိမ္
တစ္လုံး စီစဥ္ေပးသည္။
စားေရးေသာက္ေရး မပူမပင္ရေအာင္လည္း စီစဥ္
ေဆာင္႐ြက္ေပးၾကသည္။ မင္းႀကီးကုန္း ႐ြာသူ႐ြာ
သားတို႔၏ ကိုယ္ခ်င္းစာတရား၊ ေမတၱာစိတ္ထား
တို႔ကား အိုးသည္လင္မယားအေပၚ ေႏြးေႏြးေထြး
ေထြး ရွိလွသည္။ မည္သို႔ပင္ ျဖစ္ေစ အိုးသည္
မ၏ သားအတြက္ ေတာက္ေလာင္ေနေသာ မီး
ႀကီးကိုကား ၿငိမ္းေအာင္ မၿငိမ္းသတ္ႏိုင္ပါေပ။
အိုးသည္မသည္ သူ၏သားေလးအေပၚလာ လိမ့္
ႏိုးႏွင့္ သားေလး ေရထဲက်သည့္ေနရာသို႔ သြား
ကာ အခ်ိန္ႏွင့္အမွ် ငိုေႂကြးပူေဆြးလ်က္ရွိသည္။
ေနလုံးႀကီး အေနာက္ဘက္ဧရာဝတီျမစ္ေရ
ျပင္ထဲသို႔ ငုပ္လွ်ိဳးဝင္ေရာက္ေပ်ာက္ကြယ္ခ်ိန္မွ
လင္ေယာက္်ားျဖစ္သူက ေခ်ာ့ေမာ့၍ ႐ြာထဲသို႔
ျပန္ေခၚခဲ့၏။ ဤသို႔ျဖင့္ ရက္သတၱပတ္ကာလကို
ေရာက္ရွိလာခဲ့သည္။ ႐ြာသူ႐ြာသားတို႔သည္ အိုး
သည္လင္မယား၏ သားေလးအား ေသဆုံးသြား
ၿပီဟူ၍သာ ယူဆလိုက္ၾကသည္။ ထို႔ေၾကာင့္
အိုးသည္လင္မယားႏွင့္ တိုင္ပင္ကာ ရက္လည္
ဆြမ္းသြတ္ျခင္း အမႈကို ျပဳလုပ္ေပးၾက၏။
သံဃာေတာ္မ်ားပင့္ဖိတ္ဆြမ္းကပ္လႉဒါန္းျခင္း၊
ဆြမ္းသြတ္တရားနာျခင္းႏွင့္ ေကာင္းမႈအစုစုတို႔၏
အဖို႔ဘာတို႔အား ေရစက္ခ် အမွ်ေပးေဝျခင္း ျပဳ
လုပ္ၾကသည္။ ေလမုန္တိုင္းမိသည့္ေန႔မွာ စၿပီး
ခုႏွစ္ရက္ပတ္လုံး ကိုယ္ေရာစိတ္ပါ ပင္ပန္းလြန္း
လွေသာေၾကာင့္ အိုးသည္ေယာက္်ားသည္ ထို
ေန႔ညက်မွ စိတ္ကို ေလ်ာ့ခ်ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္
အိပ္ေပ်ာ္သြားခဲ့၏။
ေနာက္တစ္ေန႔နံနက္ အ႐ုဏ္တက္ခ်ိန္၊ ႐ြာဦး
ေက်ာင္းက အုန္းေမာင္းေခါက္သံၾကားမွ လန္႔
ႏိုးလာသည္။ သူႏိုးသည့္အခ်ိန္၌ မိန္းမျဖစ္သူ
ကို မေတြ႕ရ။ အနီးပတ္ဝန္းက်င္သို႔ လိုက္လံ
ရွာေဖြေသာ္လည္း မေတြ႕၊
“သူ သြားေနက်ေနရာကို သြားတာပဲ ျဖစ္မယ္
ဘယ္အခ်ိန္ကတည္းက ထြက္သြားတာလဲ မသိ
ဘူး ဒုကၡေတြေတာ့ ေရာက္ကုန္ေတာ့မွာပဲ”
လင္ေယာက္်ားသည္ သူ႔မိန္းမ အၿမဲသြားၿပီးငို
ေနက် ေခ်ာင္းကမ္းပါး ေနရာသို႔ အလ်င္အျမန္
လိုက္သြား၏။
“ညဦးပိုင္းကတည္းက သြားၿပီး တစ္ညလုံးငိုေန
တာ ဆိုရင္ေတာ့ ”
ႀကဳံေတြ႕ႏိုင္သည့္ ကံၾကမၼာဆိုးေၾကာင့္ သူဆက္၍
မေတြးႏိုင္ေအာင္ရွိ၏။ မိမိရင္မွ ျဖစ္ေသာ သား
ငယ္အား ေသကြဲ ကြဲေသာ ဆုံးရႈံးလိုက္ရေသာ
မိခင္တစ္ဦး၏ ရင္ထဲမွ အပူက ဘယ္မီးႏွင့္မွ် မတူ
သည့္ အႏႈိင္းမဲ့မီးျဖစ္သည္။ ထိုမီးေၾကာင့္ သူ႔ရင္
တစ္ခုလုံး အပူႀကီး ပူေလာင္ေနရ၏။
ႏွလုံးသားတို႔ တဖ်စ္ဖ်စ္ကြဲအက္လာကာခႏၶာကိုယ္
ႀကီးကလည္း ျပာက်မတတ္ ကြၽမ္းေလာင္လ်က္ရွိ၏။
ရက္သတၱ၊ တစ္ပတ္ၾကာျမင္ခဲ့သည့္တိုင္ သားအ
တြက္ ခံစားေနရေသာ စိတ္ေဝဒနာက ေလ်ာ့ပါးသက္
သာျခင္း မရွိ၊ ပို၍ ပို၍ တိုးကာ အ႐ူးတစ္ပိုင္းကဲ့သို႔
ျဖစ္ေနသည့္ မိန္းမျဖစ္သူအတြက္ သူစိုးရိမ္ေနမိ၏။
ထို႔ေၾကာင့္ ေခ်ာင္းကမ္းပါးသို႔ အလ်င္အျမန္
လိုက္သြားျခင္း ျဖစ္သည္။ သူေခ်ာင္းကမ္းပါး
အတိုင္းပင္ ေျပးလာသည္။ ခ်ိဳင့္ဝွမ္းတစ္ခုကို
တက္ၿပီးသည္ႏွင့္ ေခ်ာင္းဝဘက္ဆီကို ေမွ်ာ္
ၾကည့္သည္။ ျမင္ကြင္းထဲ၌ ေခြေခြေလးလဲက်
ေနေသာ လူတစ္ေယာက္ပုံသ႑ာန္ကို လွမ္း
ေတြ႕လိုက္၏။
“ဟင္…”
စိုးရိမ္ျခင္းႏွင့္ ထိတ္လန္႔ျခင္းေတြ တစ္ၿပိဳင္တည္း
ခံစားလိုက္ရၿပီး သူတုန္လႈပ္သြားသည္။
“မဟုတ္ပါေစနဲ႔၊ မိန္းမ ဘာမွ မျဖစ္ပါေစနဲ႔ ”
ဟု ဆုေတာင္းရင္း ပို၍ လ်င္ျမန္စြာ ေျပးသြားခဲ့သည္။
တျဖည္းျဖည္းလဲက်ေနေသာ သ႑ာန္ႏွင့္ နီးကပ္
လာသည္။ ျမင္ကြင္းကလည္း တစ္စတစ္စ ထင္
ထင္ရွားရွားျမင္လာရသည္။ သူဆုေတာင္းမျပည့္
ခဲ့ပါ။ အေျခအေနက သူစိုးရိမ္သည့္အတိုင္းပင္
ျဖစ္လာခဲ့သည္။ ေခြေခြေလးလဲက်ေနသူမွာ
သူ႔မိန္းမျဖစ္ေနခဲ့ေလသည္။
သူ အ႐ူးတစ္ေယာက္လို ေျပးသြားကာ ေပြ႕ထူ
လိုက္သည္။ မည္သည့္ အခ်ိန္ကတည္းက ေရာက္
ရွိၿပီး မည္ကဲ့သို႔ ျဖစ္ပ်က္ ေသဆုံးသြားသည္မသိရ။
အိုးသည္မ၏ သက္မဲ့ ခႏၶာကိုယ္က ေအးစက္ေတာင့္
တင္း၍ပင္ေနၿပီျဖစ္ပါသည္။ မုန္တိုင္းထန္သည့္ည
မွာပင္ သူတို႔မိသားစုဘဝေလး မုန္တိုင္းထန္ခဲ့ရသည္။
ရွိစုမဲ့စုပစၥည္းဥစၥာအားလုံးဆုံးရႈံးရသည့္အျပင္ ရက္
စက္ေသာ ေသမင္းတမန္လႈိင္းတို႔က သူ၏သား
ကေလးကိုပါ ေရေအာက္သို႔ ဆြဲယူႏွစ္ျမႇဳပ္ပစ္
လိုက္ၾကသည္။
ထို႔ေနာက္ သားေလးရက္လည္သည့္ေန႔၊တစ္ပတ္
ျပည့္ေသာ ေန႔မွာပင္ ဇနီးမယားျဖစ္သူက သားစိတ္
ေၾကာင့္ ႏွလုံးေၾကကြဲ၊ ေသပြဲဝင္ ရရွာ၏။ သားႏွင့္
မယားကို ရက္သတၱ၊ တစ္ပတ္စီျခား၍ ေသကြဲကြဲ
ခဲ့ရေသာ အိုးသည္ေယာက္်ားမွာလည္း မယားျဖစ္
သူ ရက္လည္ၿပီး ေနာက္တစ္ေန႔မွာပင္ ႐ြာကို ႏႈတ္
ဆက္၍ သူ႔ဇာတိရပ္႐ြာသို႔ ျပန္သြားရွာေတာ့သည္။
လမ္းခရီးတြင္ ကုန္က်မည့္ ကားခ၊ ရထားခမ်ားႏွင့္
စားေသာက္သြားရန္ အတြက္ပါ ႐ြာသူ႐ြာသားမ်ား
က လုံေလာက္ေအာင္ ေထာက္ပံ့ကူညီလိုက္ၾက၏။
ဤသို႔ျဖင့္ အိုးသည္မိသားစုေလး၏ အျဖစ္အပ်က္
သည္ သနားဖြယ္ရာ ဝတၳဳဇာတ္လမ္းတစ္ပုဒ္ပမာ
႐ြာကေလး၌ က်န္ရစ္ခဲ့သည္။ ထိုမွ ရက္လအတန္
ၾကာလြန္ေျမာက္ခဲ့ေသာ အခါ၌ တျဖည္းျဖည္း မႈံ
ဝါးလာၿပီး ေမ့ေလ်ာ့စျပဳလာခဲ့သည္။ ထိုအခ်ိန္မွာ
ပင္ အိုးသည္မိသားစုႏွင့္ ပက္သက္ဆက္သြယ္
ေသာ ထူးျခားသည့္ အျဖစ္အပ်က္တို႔ ျပန္လည္
ႏိုးထေပၚေပါက္လာခဲ့၏။
ထိုအျဖစ္အပ်က္မ်ားေၾကာင့္ပင္လွ်င္ မင္းႀကီး
ကုန္းေခ်ာင္းဟူေသာ အမည္ ေပ်ာက္ကာ အိုး
သည္မေခ်ာင္းဟု အမည္သစ္ ေပၚေပါက္လာ
ျခင္းျဖစ္ပါသည္။
XXXXX
“ေခ်ာင္းဝမွာ သရဲတေစၦရွိတယ္လို႔ ဘယ္တုန္းကမွ
မၾကားဖူးခဲ့ဘူး၊ မင္းဟာက ဟုတ္မွ ဟုတ္ရဲ႕လားကြာ”
“ဟ၊ ငါက မဟုတ္ဘဲနဲ႔ အဟုတ္လုပ္ၿပီး ေျပာပါ့
မလားကြ၊ ငါ တကယ္ ျမင္ခဲ့၊ ေတြ႕ခဲ့လို႔ ေျပာတာ
ေပါ့၊ အဲဒီတုန္းက ဦးခ်ာႀကီးလည္းပါတယ္၊ မယုံ
ေမးၾကည့္လိုက္”
ဝင္းၫႊန္႔ႏွင့္ ခ်စ္လင္းတို႔ ဧရာဝတီသဲေသာင္စပ္ရွိ
ယာယီတံငါတဲေလးတြင္ ေရေႏြးၾကမ္းေသာက္ရင္း
စကားအေခ်အတင္မ်ားေနၾကျခင္းျဖစ္၏။ သူတို႔
ႏွစ္ေယာက္က ငါးတန္ပိုက္တန္းခ်ဖို႔ အလွည့္က်
သူေတြ ျဖစ္၏။ သည္လိုပြင့္လင္းရာသီဆိုလ်င္
ေအာက္အရပ္ေဒသျမစ္ထဲ၊ ပင္လယ္ထဲ၌ က်က္
စားေနထိုင္ေသာ ငါးတန္ငါးႀကီးေတြ အထက္အညာရွိ တန္ခိုးႀကီးဘုရားမ်ားသို႔ ဧရာဝတီျမစ္ေၾကာင္းအတိုင္း
ဆန္တက္ကာ ဘုရားဖူးသြားၾက၏။ ဘယ္ေန႔ ဘယ္
ရက္က ျမစ္ေအာက္ဘက္ရွိ ဘယ္ၿမိဳ႕ဘက္႐ြာအနီးမွာ
ငါးတန္ေတြ ေရာက္ရွိေၾကာင္း တစ္႐ြာမွ တစ္႐ြာ၊ တစ္
ဆင့္ၿပီး သတင္းစကားပို႔ၾကသည္။
ငါးတန္တံငါမ်ားက မိမိတို႔ၿမိဳ႕႐ြာအနီးငါးႀကီးေတြ
ေရာက္ရွိလာမည့္ရက္ကို တြက္ခ်က္၍ ဧရာဝတီ
ျမစ္ႀကီးကို ကန္႔လန္႔ျဖတ္ပိုက္ႀကီးမ်ားခ်ကာ ဖမ္း
ဆီးၾက၏။ တံငါအစုအလိုက္မဲခ်ၿပီး ကိုယ့္အလွည့္
က်သည့္ရက္မွာ ကိုယ္ပိုက္ခ်ၾကသည္။ ငါးဖမ္း
ၾကသည္။ ငါးတန္တံငါဟု ဆိုျခင္းမွာ သူတို႔သည္
ငါးတန္ငါးမ်ားေရာက္လာသည့္ ရာသီ၌သာ ငါး
တန္မ်ားကို ဖမ္းဆီးေသာ တံငါအလုပ္လုပ္ကိုင္
ျခင္းေၾကာင့္ ျဖစ္သည္။
ငါးတန္ရာသီအလုပ္ လုပ္ၿပီးလွ်င္ က်န္ကာလတစ္
ေလွ်ာက္လုံး တံငါအလုပ္ မလုပ္ေတာ့၊ ကိုင္းအလုပ္
ယာအလုပ္လုပ္ၾက၏။ ပဲစင္းငုံ၊ ေျမပဲ၊ င႐ုတ္၊ ခရမ္း
ခ်ဥ္စသည္ျဖင့္ ကိုင္းသီးႏွံယာသီးႏွံစိုက္ၾက၏။ အခ်ိဳ႕
ကမူ ငါးတန္တစ္ရာသီလုပ္လွ်င္ တစ္ႏွစ္စားေလာက္
သည္ဟု ဆိုကာ ဘာအလုပ္မွ် မလုပ္ေတာ့၊ ၾကက္
ဝိုင္း၊ ဖဲဝိုင္း၊ အနီေထာင္ဝိုင္းစသည့္ျဖင့္ ေလာင္း
ကစားမ်ိဳးစုံကို နယ္အစုံလိုက္ကာ ကစားၾကသည္။
ကံေကာင္း၍ ႏိုင္လွ်င္ ၿမိဳးၿမိဳးျမက္ျမက္စားရသည္။
ရွိရွိသမွ် ေျပာင္ေနေအာင္ ရႈံးလွ်င္လည္းကိစၥမရွိ။
ငါးတန္ဒိုင္ထံမွ ေနာက္တစ္ရာသီအတြက္ အသုံး
ေငြႀကိဳယူလိုက္ၾကသည္။ ေနာက္ႏွစ္ငါးတန္ခ်ိန္မွာ
ဒိုင္က ေလာ္ရီကားႀကီးျဖင့္ ႐ြာအထိ ေရာက္လာ
ကာ ငါးေတြကို သိမ္း၏။ ေလာင္းကစားသမား
ကား အေႂကြးေပးရ၍ ငါးဖိုး တစ္ျပားမွ မရ။ သို႔
ေသာ္လည္း ကိစၥမရွိ။ ေနာက္ငါးတန္ရာသီအတြက္
အသုံးေငြႀကိဳယူ ျပန္ေလ၏။ မလိမၼာသူတို႔ဘဝက
ဤသို႔ပင္ လုံးလည္ခ်ာလည္ လိုက္ေနေလ့ရွိသည္။
ေလာင္းကစားမလုပ္ေသာ လိမၼာသူတို႔ကား တစ္
ရာသီတည္းႏွင့္ တစ္ႏွစ္လုံးထိုင္စားႏိုင္ေအာင္ရရွိ၍
ေ႐ႊတြဲလြဲ၊ ေငြတြဲလြဲေနႏိုင္ၾက၏။
ဝင္းၫြန္႔၊ ခ်စ္လင္းႏွင့္ ဦးခ်ာတိတ္(ေခၚ)ဦးခ်ာႀကီး
တို႔မွာ ငါးတန္တံငါခ်င္းတူေသာ္လည္း ဝင္းၫြန္႔ႏွင့္
ခ်စ္လင္းတို႔့က ပိုက္ပိုင္မ်ားျဖစ္သည္။ ဦးခ်ာႀကီးမွာ
မူ ပိုက္မဝယ္ႏိုင္၍ ရရွိသည့္အထဲမွ သတ္မွတ္ထား
သည့္ ေဝပုံက်ကိုသာ ရယူရသူ ျဖစ္သည္။ တစ္
ေန႔က ပိုက္ခ်ရန္ အလွည့္က်သျဖင့္ ခ်စ္လင္းႏွင့္
ဦးခ်ာႀကီးတို႔ ျမစ္ကမ္းစပ္သို႔ ဆင္းခဲ့ၾကသည္။
ေခ်ာင္းဝအနီးတြင္ တေစၦေျခာက္ခံရ၏။ ထိုအ
ေၾကာင္းကို စကားစပ္မီသျဖင့္ ခ်စ္လင္းကေျပာ
ျပ၏။ သူ႔စကားကို ဝင္းၫြန္႔က မယုံေသာေၾကာင့္
အေခ်အတင္စကားမ်ားေနရျခင္းျဖစ္သည္။
“အဲဒီတုန္းက ဦးခ်ာႀကီးလည္း ပါတယ္၊ မယုံ
ေမးၾကည့္လိုက္”ဟူေသာ ခ်စ္လင္း၏ စကား
ေၾကာင့္ ဝင္းၫြန္႔၊ ဦးခ်ာႀကီးကို ၾကည့္လိုက္၏။
ဦးခ်ာႀကီးက ဖက္ႀကီးေဆးေပါ့လိပ္ကို တစ္ခ်က္
ႏွစ္ခ်က္ ဖြာလိုက္သည္၊ ၿပီးမွ…
“ဟုတ္တယ္ကြ မေန႔ညေန၊ ေမွာင္ရီပ်ိဳးစ
ေလာက္ ငါနဲ႔ ခ်စ္လင္း႐ြာက ထြက္လာခဲ့
တာ၊ ေမွာင္ရီပ်ိဳးစေပမယ့္ အလင္းေရာင္
ေကာင္းေကာင္း က်န္ေသးတယ္၊ သူ႔နဲ႔ငါ
က ငါးတန္ပိုက္ႀကီးကို ဝါးလုံးလွ်ိဳၿပီး ထမ္း
လာၾကတာ၊ သူက ေရွ႕က၊ ငါက ေနာက္က
ေခ်ာင္းဝနားလည္းေရာက္ေရာ ခ်စ္လင္း
တုံ႔ခနဲ ရပ္သြားတယ္။ ငါလည္း ဘာျဖစ္တာ
လဲလို႔ေပါ့ကြာ၊ ခ်စ္လင္းက ထမ္းလာတဲ့ ဝါး
လုံးကို ေျမေပၚအသာခ်လိုက္တယ္။ သူက
ထမ္းထားတဲ့ ဝါးလုံးကို ခ်ေတာ့ ငါလည္း
ဘုမသိဘမသိနဲ႔ ငါ့ပုခုံးေပၚက ဝါးလုံးကို
ျဖဳတ္ၿပီး ခ်ရတာေပါ့။ ေနာက္ၿပီးသူက လက္
ဟန္ ေျခဟန္နဲ႔ ငါ့ကို ေခၚၿပီး လက္ညႇိဳး ထိုး
ျပတယ္။ ငါၾကည့္လိုက္ေတာ့ ေခ်ာင္းကမ္း
ပါးထိပ္မွာ လူႏွစ္ေယာက္ရပ္ေနတာေတြ႕
ရတယ္။ သူတို႔က ငါတို႔ကို ေက်ာေပးၿပီး ျမစ္
ဘက္ကို ရပ္ၾကည့္ေနၾကတာေဟ့၊ တစ္
ေယာက္က ဆံပင္ကို ဖားလ်ားျဖန္႔ခ်ထား
တယ္၊ မိန္းမတစ္ေယာက္ကြ။တစ္ေယာက္ကေတာ့
ကိုယ္ခႏၶာေသးေသး ညႇက္ညႇက္နဲ႔ အရပ္က
မိန္းမရဲ႕ခ်ိဳင္းေလာက္ပဲ ရွိမယ္”
“ဒါနဲ႔ပဲ တေစၦသရဲျဖစ္ေရာ့လား၊ အဓိပၸါယ္
မရွိပါဘူး ဦးခ်ာႀကီးရာ”
တမင္ကပ္ေျပာေနျခင္းလား၊ အမွန္တကယ္မယုံ
ၾကည့္၍ ေျပာျခင္းလားေတာ့ မသိ။ ဝင္းၫြန္႔က
ဇြတ္တ႐ြတ္ပင္ မယုံေၾကာင္း ေျပာေနသည္။
“ေနဦး၊ ငါ့စကားဆုံးေအာင္ နားေထာင္ဦး၊
ဒီလိုအခ်ိန္ႀကီးမွာ ဒီလိုအေနအထားက ငါတို႔
ဆီမွာ ျမင္ေနက် မဟုတ္ေတာ့၊ သူေရာ ငါေရာ
တိတ္တဆိတ္ပဲ ရပ္ၾကည့္ေနမိတယ္။ ခဏ
ၾကာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ငါတို႔ဘက္
ကို လွည့္ၾကည့္ၿပီး ေလွ်ာက္လာၾကတယ္…
ထူးဆန္းတာက သူတို႔ႏွစ္ေယာက္စလုံး ဘာ
စကားမွ မေျပာၾကဘူး၊ လူသြားလမ္းေလး
အတိုင္း သြားၿပီး မင္းႀကီးကုန္းေပၚ တက္
သြားၾကတယ္…”
“ဒါမ်ား ဦးခ်ာႀကီးရယ္၊ မင္းႀကီးကုန္းေပၚတက္
ၿပီး ဘုရားဖူးတာေနမွာေပါ့ …ဟား ဟား ဟား”
ဝင္းၫြန္႔က ၾကားျဖတ္ေျပာရင္း ဟားတိုက္ရယ္
ေမာလိုက္သည္။ ေလွာင္ရယ္ ရယ္လိုက္ျခင္း
ပင္ ျဖစ္သည္။
“ဒီေကာင္ ဝင္းၫြန္႔၊ တမင္တကာ ကပ္သပ္ေျပာ
ေနတာဗ်ာ ဦးခ်ာႀကီး၊ လူရာသြင္းၿပီး ေျပာျပမေန
နဲ႔ေတာ့ …”
ေဒါပြေနေသာ ခ်စ္လင္းက ဝင္ေျပာသည္။
ဦးခ်ာႀကီးက ခ်စ္လင္းကို လက္ကာျပရင္း
“ေနဦး ဝင္းၫြန္႔၊ ဆုံးေအာင္ နားေထာင္…
အဲဒီႏွစ္ေယာက္ မင္းႀကီးကုန္းေပၚတက္သြား
တဲ့ လမ္းက ငါတို႔ရပ္ေနတဲ့ေနရာနဲ႔ ဝါးတစ္႐ိုက္
ေတာင္ မေဝးဘူး၊ အလင္းေရာင္ကလည္း ရွိ
ေသးေတာ့ လင္းလင္းက်င္းက်င္းပဲ သူတို႔မ်က္ႏွာ
ေတြကိုငါျမင္ရတယ္။ေသးေသးညႇက္ညႇက္နဲ႔
တစ္ေယာက္က ေကာင္ေလးတစ္ေယာက္ကြ
ဆံပင္ရွည္ဘုတ္သိုက္နဲ႔ အသက္(၉)ႏွစ္၊ (၁၀)ႏွစ္
ေလာက္ ရွိမယ္၊ ငါသူ႔ကို တစ္ခါမွ မျမင္ဖူးဘူး
ငါတို႔ မင္းႀကီးကုန္း႐ြာက မဟုတ္ဘူးဆိုတာ
ေသခ်ာတယ္၊ ဆံပင္ဖားလ်ားနဲ႔ မိန္းမကိုေတာ့
ငါေသေသခ်ာခ်ာ သိတယ္ကြ၊ အဲဒါက ဘယ္သူ
လဲဆိုေတာ့ ေခ်ာင္းဝထဲမွ မုန္တိုင္းမိၿပီး သား
ေလးဆုံးသြားတဲ့ အိုးသည္မပဲ၊ မင္းမွတ္မိေသး
လား၊ တို႔႐ြာကေတာင္ ဝိုင္းဝန္းေစာင့္ေရွာက္
ထားေသးတယ္ေလ…”
“အဲဒီအိုးသည္မက သူ႔သားေလး ရက္လည္တဲ့
ေန႔မွာပဲ ရင္ကြဲနာက်ၿပီး ေသသြားတာ မဟုတ္လား”
“ေအး ဟုတ္တယ္၊ ငါေတြ႕လိုက္တဲ့ မိန္းမဟာ
သားေလးေသလို႔ သူပါရင္ကြဲနာက်ၿပီး လိုက္
ေသသြားတဲ့ အဲဒီ အိုးသည္မပဲကြ”
“ဗ်ာ”
သည္တစ္ႀကိမ္ေတာ့ ဦးခ်ာႀကီး စကားကို ဝင္း
ၫြန္႔ မျငင္းေတာ့ အလန္႔တၾကားေအာ္ရင္း ဦး
ခ်ာႀကီးအနီးသို႔ တိုးကပ္သြားပါေတာ့သည္။
XXXXX
အိုးသည္မ တေစၦသားအမိ၏ သတင္းက တစ္စ
တစ္စ လူေျပာမ်ားလာသည္။
“တေစၦမိန္းမက အိုးသည္မမွ အိုးသည္မ
အစစ္ပဲေဟ့…”
“သူနဲ႔ အတူတူေတြ႕တဲ့ ေကာင္ေလးကေတာ့
ေရထဲက်သြားတယ္ဆိုတဲ့ သူ႔သားေလးပဲ ျဖစ္မယ္”
” အိုးသည္မတစ္ေယာက္ သူ႔သားေလးကို
တမလြန္ဘဝမွာ ျပန္ေတြ႕သြားတာေပါ့ …”
“အိုးသည္မနဲ႔ သူ႔သားကို ေခ်ာင္းကမ္းပါးထိပ္မွာ
ေတြ႕ခဲ့တယ္”
“မင္းႀကီးကုန္းေပၚ တက္သြားတာ ျမင္လိုက္တယ္”
“ဘုရားကုန္းေပၚတက္သြားတာ ဆိုေတာ့ အိုးသည္
မတို႔ တေစၦသားအမိႏွစ္ေယာက္စလုံးဘုရားမွာ ေန
ၾကတာ ျဖစ္မယ္…”
လူေျပာမ်ားလာသလို ေတြ႕သူျမင္သူလည္း
တျဖည္းျဖည္း မ်ားလာသည္။ထူးျခားသည္မွာ
မည္သူတစ္ဦးတစ္ေယာက္ကိုမွ် ေၾကာက္ေအာင္
လန္႔ေအာင္ ေျခာက္လွန္႔မႈ မျပဳျခင္းျဖစ္သည္။
ေခ်ာင္းကမ္းပါးထိပ္၌ ရပ္ေနပုံႏွင့္ မင္းႀကီးကုန္း
ေပၚ တက္သြားပုံတို႔ကိုသာ လူအမ်ားက ျမင္ၾက
ေတြ႕ၾကရသည္။
အိုးသည္မတေစၦသားအမိကို ဘုရားေပၚမွာ ေတြ႕
ရသည္ဟူ၍မူ မည္သည့္႐ြာသူ႐ြာသားမွ် မေျပာၾက။
ထို႔အျပင္ အိုးသည္မ တေစၦသားအမိသည္ ေတြ႕သူ
ျမင္သူ မည့္သူကိုမွ် အႏၲရာယ္မေပး။ ေၾကာက္ေအာင္
လန္႔ေအာင္၊ ေျခာက္လွန္႔ျခင္းလည္းမျပဳ။ ေခ်ာင္းဝ
ႏွင့္ မင္းႀကီးကုန္း ေနရာကြက္ကြက္ေလးမွာပင္ သူ
တို႔ဘာသာ သြားလာေနျခင္းျဖစ္၏။
“တေစၦမယုံဘူး”ဟု ခ်စ္လင္းႏွင့္ ဦးခ်ာႀကီးကို
ကန္႔လန္႔တိုက္ျငင္းခဲ့ေသာ ဝင္းၫြန္႔ပင္လွ်င္
လက္ေတြ႕မ်က္ျမင္ေတြ႕ျမင္လိုက္ရ၍ အိုးသည္မ
တေစၦ သားအမိ ရွိေၾကာင္း လက္ခံသြားရၿပီျဖစ္သည္။
ထိုအေတာအတြင္းမွာပင္ အိုးသည္မတေစၦႏွင့္ ပတ္သက္သည့္အျဖစ္အပ်က္က ေျပာစမွတ္တြင္
ေအာင္ျဖစ္ပ်က္လာျပန္သည္။ တစ္ေန႔႐ြာထဲက
ေယာက္်ားကေလးသုံးေယာက္ အိုးသည္မေခ်ာင္း
ထဲမွာ ေလွစီးေဆာ့ကစားၾက၏။
ေလွက အရွည္ငါးေပေျခာက္ေပေလာက္သာ
ရွိသည့္ တစ္ေယာက္စီးေလွကေလး… ၊
ေရကြၽမ္းက်င္ေသာ လူႀကီးတစ္ေယာက္အေန
ျဖင့္ မည္သို႔မွ် အႏၲရာယ္မရွိေသာ္လည္း က
ေလးတို႔ အတြက္မူ ေဘးရန္ မကင္းေသာ
ေလွကေလးျဖစ္သည္။
ကေလးေတြက ဆယ္ႏွစ္ခန္႔အ႐ြယ္ေလးေတြခ်ည္း
ျဖစ္၏။ ေခ်ာင္းစပ္မွာ ငါးစမ္းရင္း၊ ပုစြန္စမ္းရင္း ေလွ
ကေလးကို ေတြ႕၍ ေဆာ့ကစားၾကျခင္း ျဖစ္သည္။
ေလွကို ေလွာ္ခတ္ရင္းႏွင့္ ေခ်ာင္းဝသို႔ေရာက္လာ၏။
ေခ်ာင္းဝမွာက ဧရာဝတီျမစ္ေရ ဦးတိုက္စီးဆင္းေန
သည့္ ေနရာ ရွိ၏။
ထိုေနရာအေရာက္၌ သူတို႔ေလွကေလးကို ျမစ္
ေရစီးက ကန္႔လန္႔ဝင္တိုးလိုက္၏။ ထို႔ေၾကာင့္
ေလွေမွာက္သြားသည္။ ကေလးႏွစ္ေယာက္က
ေၾကာက္လန္႔တၾကား ကူးခတ္ရင္း ကမ္းေပၚေရာက္
သြားေသာ္လည္း က်န္တစ္ေယာက္မွာမူ ေရမကူး
တတ္ေသာေၾကာင့္ ေရထဲ၌ ျမဳပ္ခ်ည္ ေပၚခ်ည္
ျဖစ္ကာ ေမ်ာပါသြား၏။
ထိုအခ်ိန္က အနီးအနားတြင္ လူမရွိ၍ ကေလး
ႏွစ္ေယာက္က လူျမင္ရေသာ ေနရာအထိ ေျပး
သြားကာ အက်ိဳးအေၾကာင္း ေျပာျပၾကသည္။
ေမ်ာပါသြားသည့္ကေလးကို ကယ္တင္ရန္ လူ
အမ်ား ေျပးလိုက္လာၾက၏။ ေရစီးႏွင့္ ေမ်ာပါ
သြားသည္ဆို၍ အခ်ိဳ႕က ေအာက္ဘက္မွ ႀကိဳၿပီး
ေစာင့္ၾကသည္။ အခ်ိဳ႕က ကမ္းစပ္မွ အစုန္၊
အဆန္ ေျပးလႊာရွာေဖြၾက၏။
မည္သို႔ပင္ ႀကိဳးစားရွာေဖြၾကေသာ္လည္း ကေလး
၏ အရိပ္အေယာင္ကိုပင္ မေတြ႕ၾကရေတာ့ေပ…၊
ထိုအခ်ိန္မွာပင္ ကေလးေရနစ္သည့္ သတင္းကို
႐ြာထဲမွ ၾကားသိသြားဟန္တူ၏။ လူအုပ္စုတစ္စု
႐ြာထဲမွ ေျပးထြက္လာၾကသည္။ ကေလး၏ မိခင္
ႏွင့္ အစ္မတို႔ကား ကမ္းစပ္တြင္ ရင္ဘတ္စည္တီး၊
ရႈိက္ႀကီးတငင္ ငိုေႂကြးသူငိုေႂကြး၊ ေျမေပၚတြင္
လူးလွိမ့္၍ ေအာ္ဟစ္တမ္းတသူက တမ္းတႏွင့္
ကမာၻပ်က္သကဲ့သို႔ ဆူညံပြက္ေလာ႐ိုက္လ်က္
ရွိသည္။ ေလွေမွာက္သည့္အခ်ိန္ႏွင့္ ဆိုလွ်င္
တစ္နာရီနီးပါး ၾကာျမင့္သြားၿပီျဖစ္သည္။
ကေလးကို အသက္ႏွင့္ ခႏၶာတြဲလ်က္ ျပန္ရရန္
မလြယ္ေတာ့ေၾကာင္း အားလုံးပင္ သေဘာေပါက္
လိုက္ၾက၏။ ကေလး၏ ဖခင္ႏွင့္ ေယာက္်ားႀကီး
အခ်ိဳ႕တို႔ ေလွႏွင့္ ထီးကို ေလွာ္ခတ္ၿပီး ျမစ္ေအာက္
ဘက္သို႔ စုန္ဆင္းသြားၾကသည္။
ကေလးအေလာင္းျမစ္ကမ္းစပ္တစ္ေနရာရာတြင္ တင္က်န္ေနႏိုင္သည္ ျဖစ္၍ သြားေရာက္ရွာေဖြ
ဆယ္ယူရန္ ထြက္သြားၾကျခင္းျဖစ္သည္။ သူတို႔
ထြက္သြား၍ မၾကာခင္မွာပင္ ထူးျခားဆန္းၾကယ္
ေသာ အျခင္းအရာကို ႐ြာသူ႐ြာသားမ်ား ျမင္ေတြ႕
လိုက္ၾကသည္။ ကေလးတစ္ေယာက္သည္ ဘုရား
ကုန္းေပၚမွ ဆင္းကာ သူတို႔လူအုပ္ႀကီးရွိရာသို႔
ေလွ်ာက္လာ၏။
ထိုကေလးမွာ ေလွေမွာက္ၿပီး ျမစ္ေရစီးထဲတြင္
ေမ်ာပါသြားသည္ဆိုေသာ ကေလးျဖစ္ေနေၾကာင္း
အားလုံးက တအံ့တၾသ ေတြ႕ျမင္လိုက္ၾကရသည္။
လူႀကီးမ်ားက ထိုကေလးကို ဝိုင္းဝန္းကာ အက်ိဳး
အေၾကာင္းေမးျမန္းၾကည့္ၾက၏။
“ေလွေမွာက္ၿပီး ေရစီးထဲမွာ သားေမ်ာပါသြား
ပါတယ္…အဲဒီအခ်ိန္မွာပဲ သားေနာက္ကို အေဒၚ
ႀကီးတစ္ေယာက္ ေရကူးၿပီး လိုက္လာတယ္၊ အဲ
ဒီအေဒၚႀကီးက သားကို ေရထဲကေန ဆြဲေခၚၿပီး
ကယ္တယ္၊ ကမ္းစပ္ေရာက္ေတာ့ ဘုရားကုန္း
ေပၚကို ေပြ႕ခ်ီသြားၿပီး ေရေတြအန္ေအာင္လုပ္
ေပးတယ္၊ ေကာင္းေကာင္းသက္သာသြားေတာ့
မွ ‘သားေလး ဒီလမ္းအတိုင္းဆင္းသြား’ဆိုၿပီး
ျပန္ခိုင္းလိုက္တယ္”
ကေလး၏ ေျပာစကားေၾကာင့္ အားလုံးပင္ အံ့
အားသင့္သြားၾကသည္။ ကေလးအား ေရထဲမွ
ကယ္တင္သူမွာ အေဒၚႀကီး တစ္ေယာက္တဲ့၊
မည္သို႔ေသာ မိန္းမသားတစ္ဦးသည္ ဤမွ်ခက္
ခဲေသာ၊ အသက္အႏၲရာယ္ရွိေသာ ကယ္တင္မႈ
ႀကီးကို စြန္႔စြန္႔စားစား လုပ္ေဆာင္ခဲ့ပါသနည္း။
ယခု၊ ထိုကယ္တင္ရွင္ အမ်ိဳးသမီးႀကီး ဘယ္
ေရာက္သြားၿပီနည္း၊ အေျဖမရွိေသာ ပေဟဠိ
တစ္ပုဒ္လို ထူးျခားဆန္းၾကယ္ျဖစ္ေန၏။
အခ်ိဳ႕က ကေလးငယ္ကို ကယ္တင္ခဲ့သည့္
အမ်ိဳးသမီးကို ေတြ႕လိုေတြ႕ျငား ဘုရားကုန္း
ေပၚအႏွံ႔တက္ေရာက္ၾကည့္ရႈၾက၏။
ေရစိုအဝတ္မ်ားမွ က်က်န္ရစ္ဟန္တူေသာ
ေရစက္မ်ား၊ ေရကြက္မ်ားကို ေတြ႕ရ၏။
လူႏွင့္တူသူဟူ၍ေတာ့ မည္သည့္ တစ္စုံတစ္ခု
ကိုမွ် မေတြ႕ၾကေခ်။
“ေျပာစမ္းပါဦး၊ သားကိုကယ္တဲ့ အေဒၚႀကီးကို
သားျမင္ဖူးလား၊ တို႔႐ြာကပဲလား”
“အေဒၚႀကီးကို သားတစ္ခါမွ မျမင္ဖူးဘူး၊
သားတို႔႐ြာက မဟုတ္ဘူးနဲ႔ တူတယ္…”
“ဒါဆိုရင္ သူ႔ရဲ႕ပုံပန္းသ႑ာန္ကေရာ…”
“နည္းနည္းပိန္တယ္၊ ဆံပင္ေတြကို ဒီအတိုင္း
ျဖန္႔ခ်ထားတယ္…”
“သားက မေမးဘူးလား၊ အေဒၚႀကီး
ဘယ္မွာေနတာလဲလို႔”
“သား မေမးမိဘူး၊ ဒါေပမဲ့ အေဒၚႀကီးက ေျပာ
တယ္၊ သူတို႔က ဒီမင္းႀကီးကုန္းေပၚက ဘုရား
ဝင္းထဲမွာ ေနတာတဲ့၊ သူ႔မွာလည္း သားနဲ႔ ႐ြယ္
တူ သားေလးတစ္ေယာက္ ရွိတယ္၊ သားေန
ေကာင္းသြားရင္ အတူလာကစားလို႔ ေျပာတယ္”
“သူ႔မွာ သားနဲ႔ ႐ြယ္တူ ကေလးရွိတယ္တဲ့
ဟုတ္လား”
“ဟုတ္ကဲ့၊ အဲဒီလို ေျပာတယ္…”
“ဒါ …ဒါဆိုရင္ …ကေလးကို ကယ္လိုက္တာ
အိုးသည္မ သားအမိပဲ ျဖစ္မယ္…၊ မုန္တိုင္းမိၿပီး
ဒုကၡေရာက္လာတဲ့ သူတို႔လင္မယားႏွစ္ေယာက္
ကို ငါတို႔မင္းႀကီးကုန္း႐ြာသူ႐ြာသားေတြက ေစ
တနာသန္႔သန္႔နဲ႔ အစစအရာရာ ကူညီၾကတယ္၊
ေနစရာ စားစရာ ေပးခဲ့ၾကတယ္၊ ဒီေက်းဇူးတရား
ေတြကို ေထာက္ထားၿပီး တို႔႐ြာက ကေလးေရ
နစ္တာကို အသက္ကယ္ၿပီး ေက်းဇူးတုံ႔ျပန္တာ
ပဲ ျဖစ္မယ္”
ေရနစ္သူ ကေလးငယ္အား အိုးသည္မတေစၦ
ကယ္သည့္သတင္းေၾကာင့္ တစ္႐ြာလုံး အုန္း
အုန္းကြၽတ္ကြၽတ္ ျဖစ္သြားၾကသည္။
ဟုတ္ေတာ့လည္း ဟုတ္၏။ ျမစ္ေရစီးထဲ ေမ်ာပါ
သြားေသာ ကေလးကို လူသားတစ္ဦးတစ္ေယာက္
မွ်ရွိမေနေသာ ေနရာ၌ ကယ္တင္ခံထားရသည္ဟု
ဆိုလွ်င္ ကယ္တင္ရွင္မွာ တန္ခိုးရွင္တစ္ေယာက္သာ
ျဖစ္ရမည္ျဖစ္သည္။ကယ္တင္ခံရသူကေလးကို
ေမးၾကည့္ေတာ့လည္း တန္ခိုးရွင္၏ ႐ုပ္လကၡဏာ
သြင္ျပင္က အိုးသည္မမွ လြဲ၍ အျခားမည္သူမွ်
မျဖစ္ႏိုင္ေၾကာင္း ေတြ႕ေနရ၏။ အိုးသည္မတေစၦ
၏ ကယ္တင္မႈေၾကာင့္ ေသကံ မေရာက္ခဲ့သူ က
ေလး၏ မိဘမ်ားက အိုးသည္မကို ေက်းဇူးတုံ႔ျပန္
ၾကသည္။
စားေကာင္း ေသာက္ဖြယ္မ်ား ခ်က္ျပဳတ္ၿပီး
သားေလး ေရနစ္သည့္ေနရာ၊ ကမ္းပါးေပၚ၌
ထားကာ အိုးသည္မ တေစၦသားအမိကို ေကြၽး
ေမြး၏။ ရက္အတန္ၾကာေအာင္ သြားေရာက္
ေကြၽးေမြးရာက ေနာက္ပိုင္းတြင္ ကမ္းပါးေျမႀကီး
ေပၚ၌ ခ်ထားကာ ေကြၽးေမြးျခင္း မျပဳေတာ့။
လူႀကီးရင္စို႔ခန္႔တိုင္စိုက္ၿပီး တိုင္ထိပ္၌ နတ္ကြန္းပုံ
သ႑ာန္အေဆာက္အုံေလးေဆာက္ကာ တင္ေျမာက္
ပသ ေကြၽးေမြးၾကသည္။ နတ္ကြန္းပုံစံ ေဆာက္လုပ္
တင္ေျမာက္ေကြၽးေမြးသည့္အခ်ိန္က စ၍ အေခၚ
အေဝၚမ်ား ေျပာင္းလဲသြားသည္။
နတ္စင္႐ြာေလးကို ‘အိုးသည္မနတ္စင္’ဟု ေခၚၾက
သည္။ေနာင္တြင္ ေခ်ာင္းအမည္မွာလည္း အိုးသည္
မေခ်ာင္းဟု ေျပာင္းလဲသြားခဲ့ရျခင္းျဖစ္သည္။
ႏွစ္ကာလၾကာျမင့္ခဲ့ၿပီး၏ ေနာက္ပိုင္းတြင္ကား
အိုးသည္မ နတ္ကြန္းေလးသည္ ေရလုပ္သား
မ်ားႏွင့္ ငါးတန္တံငါသည္မ်ား…
လုပ္ငန္းကိုင္ငန္းအဆင္ေျပေစရန္ႏွင့္ ေဘးအႏၲရာယ္
ကင္းရွင္းေစရန္အတြက္…၊ ဆုေတာင္းရာ၊ တင္ေျမႇာက္
ပသရာ ေနရာတစ္ခု အျဖစ္သို႔ ေျပာင္းလဲသြားခဲ့ပါ
ေတာ့သည္။ အိုးသည္မ တေစၦသားအမိႏွင့္ ပက္သက္
သည့္ ထူးထူးျခားျခား အျခားျဖစ္စဥ္တစ္ခုကိုလည္း
မင္းႀကီးကုန္း ႐ြာသူ႐ြာသားမ်ား ႀကဳံခဲ့ရေသး၏။
ထိုအျဖစ္အပ်က္မွာ မင္းႀကီးကုန္း႐ြာအား လူဆိုး၊
သူခိုးတို႔ရန္မွ ေစာင့္ေရွာက္ေပးခဲ့သည့္ ျဖစ္စဥ္
ျဖစ္သည္။ အျဖစ္အပ်က္မွာ ဤသို႔ျဖစ္၏။ ေမွာင္
မည္းေနေသာ ညတစ္ည၏ သန္းေခါင္ယံ၌ မင္း
ႀကီးကုန္းေျခရင္း ျမစ္ကမ္းစပ္သို႔ လူသုံးေယာက္
ေလွတစ္စင္းျဖင့္ ေရာက္လာသည္။
သူတို႔သည္ ေရွးေဟာင္းပစၥည္းခိုးယူသူမ်ားျဖစ္၏။
မင္းႀကီးကုန္းေပၚတြင္ တည္ထားေသာ ဘုရားေစတီရွိ
ေၾကးဝါျဖင့္ သြန္းလုပ္ထားသည့္ ေရွးေဟာင္းဗုဒၶ ဆင္း
တုေတာ္ႏွစ္ဆူကို ခိုးယူရန္ ေရာက္လာၾကျခင္း ျဖစ္
သည္။သူတို႔သည္ ေလွတြင္ အေစာင့္အျဖစ္တစ္
ေယာက္ ထားခဲ့ၿပီး ဘုရားကုန္းေပၚသို႔ ႏွစ္ေယာက္
တက္လာၾကသည္။
ဘုရားဝန္းက်င္၏ အေနအထားကို ေန႔ခင္းကတည္း
က ႀကိဳတင္ေလ့လာထားၿပီးျဖစ္၍ သြက္သြက္လက္
လက္ပင္ လႈပ္ရွားေနၾကသည္။ ဆင္းတုေတာ္ႏွစ္ဆူ
ပူေဇာ္ထားရွိေသာ ေနရာကလည္း တံခါးအရံအတား
မရွိသျဖင့္ လြယ္လင့္တကူပင္ ေရာက္ရွိလာၾကသည္။
သူတို႔အတြက္ အစစအရာရာ အဆင္ေျပေခ်ာေမာ
လ်က္ရွိ၏။ ဤေနရာသည္ မင္းႀကီးကုန္း႐ြာႏွင့္ ခပ္
လွမ္းလွမ္းတြင္ ရွိ၏။
ဘုရားဝင္းအတြင္းတြင္လည္း မည္သူတစ္ဦးတစ္
ေယာက္မွ် ေနထိုင္ျခင္းမရွိ။ ထိုအေၾကာင္းအခ်က္
မ်ားေၾကာင့္ သူတို႔၏ မေကာင္းမႈကို မည္သူကမွ်
ဟန္႔တား၊ ေႏွာင္ယွက္ျခင္း မျပဳႏိုင္ၾက၊ ထို႔ေၾကာင့္
ပင္ လြတ္လြတ္လႈပ္ရွားႏိုင္ၾကျခင္း ျဖစ္သည္။
ခိုးသူတို႔သည္ ဆင္းတုေတာ္တစ္ဆူကို ဂုံနီအိတ္
တစ္လုံးစီထည့္ကာ တစ္ေယာက္တစ္အိတ္ထမ္း
ၿပီး ျပန္ဆင္းလာၾကသည္။ ဘုရားပရိဝုဏ္ကို လြန္
သည္ႏွင့္ သူတို႔ေရွ႕မွ ရပ္ေနသည့္ လူႏွစ္ေယာက္
ကို ေတြ႕လိုက္ရ၏။
မိန္းမတစ္ေယာက္ႏွင့္ လူငယ္တစ္ေယာက္ျဖစ္၏။
“ဘုရားဆင္းတုေတာ္ေတြကို ယူမသြားနဲ႔ …”
မိန္းမဆီက အသံထြက္လာ၏။ ႐ုတ္တရက္မို႔
သူတို႔ထိတ္လန္႔သြားၾကသည္။ သို႔ေသာ္ မိန္းမႏွင့္
ကေလးမွာ သူတို႔လို လူစားမ်ိဳးေတြအတြက္
မႈစရာမဟုတ္ပါေခ်။ ထို႔ေၾကာင့္ အတင္းတိုး
တိုက္သြားရန္ႏွင့္ လိုအပ္ပါက အသင့္ပါလာ
ေသာ ဓါးမ်ားကို သုံး၍ ရွင္းလင္းဖယ္ရွားရန္
ဆုံးျဖတ္လိုက္၏။
သူတို႔သည္ ဓါးမ်ားကို အသင့္ကိုင္ကာ ေရွ႕သို႔
တိုးဝင္သြားၾကသည္။ သို႔ေသာ္ ႀကဳံေတြ႕ေနသည့္
အေျခအေနက သူတို႔ထင္မွတ္ထားသလို လြယ္လြယ္
ကူကူ မဟုတ္ပါ။ သူတို႔အနီးသို႔ မေရာက္မီမွာပင္
ထိုမိန္းမႏွင့္ လူငယ္ကေလးတို႔ သူတို႔ေရွ႕မွ ဖ်က္ခနဲ
ေပ်ာက္သြားသည္…၊ သူတို႔ အံ့ၾသထိတ္လန္႔သြားၾက
သည္။ တစ္ဆက္တည္းမွာပင္ ဆင္းတုေတာ္ထည့္
ထားသည့္ အိတ္ကို ေနာက္မွ အတင္းဆြဲတာခံရ၏။
လွည့္ၾကည့္ေတာ့လည္း ဘယ္သူမွမရွိ။ ထိုအခါမွ
သူတို႔ေတြလိုက္သည့္ မိန္းမႏွင့္ လူငယ္ကေလး
မွာ လူသားစင္စစ္မဟုတ္ဘဲ နာနာဘာဝတေစၦ
သရဲမ်ားျဖစ္ေၾကာင္း သေဘာေပါက္သြားၾက၏။
ေၾကာက္လန္႔တုန္လႈပ္ျခင္းႀကီးစြာျဖင့္ ကုန္းေပၚ
က ဒေရာေသာပါး ေျပးဆင္းၾကသည္။
တေစၦသားအမိကလည္း သူတို႔ေနာက္မွ ထပ္ၾကပ္မကြာလိုက္ကာ သူတို႔ထမ္းထား
သည့္အိတ္ကို အတင္းဆြဲလုၾက၏။ သူတို႔က
လည္း အိတ္ပါမသြားေအာင္ တင္းတင္းက်ပ္
က်ပ္ကိုင္ရင္း တရႈးထိုးေျပးဆင္းၾက၏။ ကုန္း
တစ္ဝက္ခန္႔အေရာက္မွာေတာ့ အားေကာင္း
ေသာ လက္ႀကီးမ်ားက သူတို႔ကို တြန္းခ်လိုက္
သည္။ ႏွစ္ေယာက္စလုံး ကုန္းေပၚမွ တလိမ့္
ေခါက္ေကြးလိမ့္က်ၿပီး သတိလစ္ေမ့ေျမာသြား
ၾကသည္။ ေလွေပၚတြင္ အေစာင့္က်န္ရစ္ခဲ့
သူမွာလည္း မည္သို႔ ျဖစ္သည္မသိ၊
အေဖာ္မ်ားကို ေစာင့္ေနရင္း ႐ုတ္တရက္ အိပ္
ေပ်ာ္သြားသည္။ သူ႔အေဖာ္ႏွစ္ေယာက္ ဘုရား
ကုန္းေပၚမွာ တေစၦသားအမိႏွင့္ ရင္ဆိုင္ေနရ
ျခင္းကို သူမသိ၊ ကုန္းေပၚက လိမ့္က်လာၿပီး
ေလွႏွင့္ မလွမ္းမကမ္း ေျမႀကီးေပၚ၌ သတိလစ္
ေမ့ေျမာ ေနျခင္းကိုလည္း သူမသိပါေခ်။
အ႐ုဏ္မတက္မီမွာေတာ့ သူတို႔သုံးေယာက္စလုံး
ကို သက္ေသခံပစၥည္းမ်ားႏွင့္တကြ ဖမ္းမိလာၾက
သည္။ ငါးဖမ္းရန္ ျမစ္ထဲ ဆင္းလာေသာ တံငါမ်ား
က သူတို႔ကို ဦးစြာ ေတြ႕ရွိျခင္း ျဖစ္သည္။
အပိုင္ရဲစခန္းသို႔ မပို႔အပ္မီ ႐ြာလူႀကီး ဦးေသာင္း
ေသာင္းက စစ္ေဆးၾကည့္၏။ သူတို႔က ေရွး
ေဟာင္းဆင္းတုေတာ္ခိုးယူခဲ့ၾကေၾကာင္း ဝန္
ခံၿပီး ဘုရားကုန္းေပၚတြင္ တေစၦေျခာက္ခံရ
ေၾကာင္း ေျပာျပၾက၏။
တေစၦမွာ မိန္းမတစ္ေယာက္ႏွင့္ လူငယ္ကေလး
တစ္ေယာက္ျဖစ္ၿပီး၊ သူတို႔က …
“ဘုရားဆင္းတုေတာ္ေတြကို ယူမသြားနဲ႔ ”
လို႔ ေျပာကာ အိတ္ေတြကို လိုက္လုေၾကာင္းႏွင့္
ေနာက္ဆုံးတြင္ သူတို႔ႏွစ္ေယာက္စလုံးကို ကုန္း
ေပၚမွ တြန္းခ်ခဲ့ေၾကာင္းမ်ား ေျပာျပသည္။ ဦး
ေသာင္းေသာင္းက ေခါင္းတညိတ္ညိတ္ျဖင့္
နားေထာင္ရင္း သူတို႔ကို ေျပာလိုက္သည္။
“မင္းတို႔ ေတြ႕ခဲ့တဲ့ မိန္းမနဲ႔ ကေလးဟာ အိုးသည္မ
နဲ႔ သူရဲ႕ သားေလးပါ။ သူတို႔က ငါတို႔မင္းႀကီးကုန္း
႐ြာကို ေစာင့္ေရွာက္ေပးေနတဲ့ နာနာဘာဝ တေစၦ
သားအမိႏွစ္ေယာက္ေပါ့ကြာ…”
ၿပီးပါၿပီ
LIKE & SHARE ေပးသြားၾကပါဦး
မူရင္းေရးသူ ဆရာ ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)
စာဖတ္သူမ်ား စိတ္႐ႊင္လန္းပါေစ
#ပရေလာက
#ညမဖတ္ရ