တမလွန်မျက်ရည်

တမလွန်မျက်ရည်(စ/ဆုံး)

————————–

နတ်စင်ကုန်းရွာသင်္ချိုင်းသို့ လူများအသုဘပို့ လာကြလေသည်။

“….ဒူ…ဝေ….ဝေ…ဝေ….”

ကွယ်လွန်သူ “ဦးထိန်ဝင်း”အသက်(၅၃)နှစ်
အခေါင်းဘေးက စာတန်းကို ကြည့်ရင်း ရင်ထဲစိုးထိတ်သွား၏။

“….ဟင်….ငါ…ငါ့နာမည်ပါလား…ဒါ…ဒါဆို…ငါ…ငါက….သေပြီလား….မဟုတ်ဘူး….ငါမသေဘူး…”

ဦးထိန်ဝင်းတစ်ယောက် သူ့နာမည်နှင့် အခေါင်းဘေးမှ ကပ်လိုက်ခါ အနောက်မှ ရုပ်ကြိုးပြတ် ငိုကြွေးနေကြသော သူ့၏ ဇနီးနှင့် သားသမီးများကို ကြိုးစား၍ အော်ဟစ်သတိပေး နေလေသည်။

“….ဟဲ့….မခင်လှ….ငါဒီမှာလေ….ငါမသေဘူးဟ….ဟာ….သားကြီး….တင်မောင်….အဖေဒီမှာလေ….ဒီမှာသားရဲ့…..အဖေမသေဘူးလေကွာ…”

သူတစ်လမ်းလုံး အကြိမ်ကြိမ် အော်ပြောနေပါသော်လဲ သူအား မည်သူမျှ မြင်ကြပုံမရပေ မျက်ရည်တို့ကြလျှက် သူသတိပေးဖို့ ကြိုးစားနေစဥ်မှာပဲ သူ၏အခေါင်းသည် သင်္ချိုင်းထဲသို့ ရောက်လာခဲ့ချေပြီ။

“….ကဲ….ကဲ….အောက်ချကြ….တရားနာကြမယ်…”

ရွာထဲမှ ကာလသားခေါင်း ကိုဖိုးသီးက ထိုသို့ ပြောပြီး ဇရပ်ထဲမှ အခေါင်းစင်ပေါ်သို့ အခေါင်းအား တင်လိုက်ကြလေသည် ထိုနောက် ဘုန်းကြီးများက သံဝေဂတရားဒေသနာတော်များ ဟောကြားပြီးတဲ့အခါ သူ့နာမည်အား ခေါ်ပြီး အမျှဝေကြလေ၏။

“…လွန်ခဲ့သော…..၃ရက်ခန့်က…ဘဝတစ်ပါးသို့
….ကူးပြောင်းကွယ်လွန်သွားသော…ဒါယကာကြီး…ဦးထိန်ဝင်းအား…အမျှကုသိုလ်…ပေးဝေကြရအောင်…”

ထိုနောက် သူ့နာမည်အား ခေါ်ဆိုပြီး သုံးကြိမ် အမျှပေးဝေပါသော်လည်း ထူးဆန်းစွာပင် သူသာဓုခေါ်ဖို့ မေ့နေခဲ့သည် တရားနာ၍ အမျှဝေပြီးသောအခါ ကာလသားများ သူ့အခေါင်းကို ဝိုင်းမလျှက် တူးထားသော မြေကျင်းရှိရာသို့ သယ်ဆောင်သွားကြလေ၏သူအနောက်မှ လိုက်ကြည့်နေမိသည် သူ့၏ ဇနီးဖြစ်သူ မခင်လှမှာလဲ ယူကြုံးမရပဲ ငိုကြွေးနေတာကို မြင်နေရတော့ စိတ်ထဲမကောင်းပေ။

“….ကဲ…..မိသားစုတွေ…..မျက်နှာကြည့်ဦးမှာလား….”

မြေကျင်းထဲသို့ အခေါင်းထည့့်မြုပ်ခါနီး သုဘရာဇာကြီး ဦးလူအေး မေးလာသောကြောင့်။

“….ကြည့်ပါရစေရှင်….ကျွန်မယောကျာ်းရဲ့….မျက်နှာကို….နောက်ဆုံးအနေနဲ့ကြည့်ပါရစေ…အဟင့်…ဟင့်..”

သူ၏ သားနှင့်သမီးကလဲ ပြာပြာသလဲဖြင့်။

…ကြည့်ပါရစေဗျာ….အဖေ့မျက်နှာကို…. နောက်ဆုံးအကြိမ်….ကြည့်ပါရစေ….”

ဦးထိန်ဝင်း သူ့အလောင်းနားမှာ ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နှင့် သွေပျက်ခြောက်ခြားနေလေသည် ထိုနောက် အခေါင်းအံဖုံးအား ရွာသားတစ်ယောက်မှ ဆွဲဖွင့်လိုက်သောအခါ။

“…ဟင်…”

ဦးထိန်ဝင်း သူ့အလောင်းကို ပြန်ကြည့်ခါ လန့်ဖြန့်သွားလေသည် မျက်လုံးများ တစ်ဝက်ခန့် ပွင့်နေပြီး ထိုပွင့်နေသော မျက်လုံးထဲမှ အပုပ်ရေများကြလျှက် ညိုမည်းနေခဲ့လေပြီ။

“….အကိုကြီးရေ….ကျွန်မတို့ကို….ထားခဲ့ပြီလား….ကျွန်မ….ဘယ်လိုဖြေရမှာလဲ….အကိုကြီးရဲ့…”

“..အဖေရေ….သားတို့ကို….စိတ်ချသွားပြီးလား…အဖေရဲ့…..အီး…..ဟီး…..ဟီး…”

ဦးထိန်ဝင်း သူ၏ သားသမီးများနှင့် ဇနီးဖြစ်သူတို့ယူကြုံးမရပဲ အပူလုံးကြွနေတာကို ကြည့်ရင်
ရင်ထဲ စို့နင့်လျှက် မျက်ရည်တို့ စီးကြနေခဲ့သည်
သူစိတ်မကောင်းစွာ ကြည့်နေရင်း တစ်ခုခုကို သတိထားမိသွားသည်။

“…ဟင်….ငါ့လက်က….ကျောက်စိမ်းလက်စွပ်…မရှိတော့ပါလား….”

ဦးထိန်းဝင်းဟာ နတ်စင်ကုန်းရွာမှာ ချမ်းသာကြွယ်ဝဆုံးလုံးပြောလို့ရတဲ့လူ ဆန်စက်ဆီစက်တွေနဲ့သူပိုင်ပြီး လယ်ယာမြေတွေဟာလဲ လက်ညှိုးထိုး မလွဲတဲ့ တောသူဌေးကြီး တစ်ဦးပင်ဖြစ်သည် သူမှာအဖိုးတန်လှသော ကျောက်စိမ်းလက်စွပ်ကြီး တစ်ကွင်းရှိပြီး အမြဲလိုလို သူ့လက်မှာ အမြတ်တနိုးနဲ့ဝတ်ဆင်းထားလေ့ရှိသည် အခု သူမြင်နေရသော သူ့အလောင်း လက်မှာ မရှိတော့ပေ။

“….ဟာ….ငါ့ကိုဝတ်ပေးထားတဲ့….အဝတ်အစားတွေကလဲ….အပေါစားတွေပါလား…..ငါဝတ်နေကြ…ဘန်ကောက်ပုဆိုးနဲ့ ….တိုက်ပုံလေးတောင်…. မပါတော့ပါလား……ငါ့လက်စွပ်လည်း….မရှိတော့ဘူး…

ဦးထိန်ဝင်း နှမြောတသဖြစ်လျှက် ကြည့်နေစဥ်မှာပဲ။

“..ကဲ…..ကဲ….အားလုံးပဲ….မြေမြုပ်ကြရအောင်…”

ထိုသို့ပြောပြီး သူအခေါင်းအံဖုံးအား ပြန်ပိတ်ပြီး မြေကျင်းထဲသို့ ကြိုးဖြင့် ချနေတာကို ကြည့်ရင်း ရင်ထဲ ပြောမပြတတ်သော ဆို့နင့်ကြေကွဲခြင်းတို့ဖြင့် ဦးထိန်ဝင်း မျက်ရည်ကြရ၏။

~~~~~~

လရောင် ရေးရေးအောက်မှာ ညက အိပ်မောကြနေလေပြီ စမ်းတဝါးဝါးဖြင့် ဦးထိန်ဝင်း လျှောက်လာခဲ့သည့် လမ်းတစ်လျှောက်မှာတော့ ပုံသဏ္ဍာန်မျိုးစုံနှင့် နာနာဘဝများကို တွေ့ရသည် တစ်ချို့ကမိသားစုနဲ့ ကလေးတွေနဲ့ရှိကြပြီး တစ်ချို့ကတော့ ပိန်လှီ​ခြောက်ကပ်နေသည် ကိုယ်လက်အင်္ဂါ မပြည့်စုံသူတွေလဲရှိသလို တစ်ချို့သော နာနာဘဝများ၏ ရုပ်ရည်မှာသွေးပျက်လုမတတ် ကြောက်မက်ဖွယ်ရာများပင် ဖြစ်နေလေသည် ဦးထိန်ဝင်း ကြောက်လန့်နေသော စိတ်ကြောင့် ခြေလှမ်းကို အမြန်လှမ်းလိုက်ပြီး သူ့ရဲ့မိသားစု နေထိုင်ရာ အိမ်ကြီးဆီသို့ သူပြန်နေခြင်းပင်ဖြစ်၏။

“….အူးးးး…..ဝူးးးးးးး…..ဝူးးးးး…”

သူလာရာလမ်းတစ်လျှောက် ခွေးများက သူ့အားကြည့်ပြီး စွဲစွဲငင်ငင် အူနေကြလေသည် ခပ်မြန်မြန် လျှောက်လာလိုက်တာ သူ့အိမ်ကြီးရှေ့သို့ ရောက်လာသည် သူခြံထဲသို့ဝင်ဖို့ ကြိုးစားလိုက်စဥ် တစ်စုံတစ်ယောက်က သူ့အား အားနှင့် ဆောင့်တွန်းလိုက်သကဲ့သို့ဖြစ်ပြီး နောက်ပြန်လဲကြသွားသည် သူ့အားတွန်းသူကို လိုက်ရှာသော်လဲ မတွေ့ရပေ လဲကြရာမှ
ပြန်ထလိုက်ပြီး နောက်တစ်ကြိမ် ထပ်ဝင်ဖို့ ကြိုးစားသော်လဲ ပထမအကြိမ်တုန်းကလိုပဲ ဆောင့်တွန်းခံရပြန်၏။

“…ဒါ…..ဒါ…ကျွန်တော်အိမ်ပါဗျာ….ကျွန်တော်အိမ်ထဲကို….ကျွန်တော်ဝင်ချင်လို့ပါ…”

ဦးထိန်ဝင်း ​ထိုသို့ ပြောလိုက်သောအခါ။

“….ဟား…..ဟား….ဟား….
….မင်းက….ဒီအိမ်ရှင်မဟုတ်တော့ဘူး….ဒီအိမ်နဲ့မင်း……ဘဝခြားသွားခဲ့ပြီကွ…”

“ဟင်”

“…ဟာ…..မဟုတ်တာဗျာ….ဒီအိမ်က….ကျုပ်အိမ်ဗျ…ကျုပ်မိန်းမနဲ့….ကျုပ်သားသမီးတွေဆီကို…ကျုပ်ပြန်ချင်လို့ပါဗျာ….ဝင်ပါရစေ…”

ဦးထိန်ဝင်း စကားကြောင့် တစ်ဖက်က အသံခဏတိတ်ဆိတ်သွားပြီးနောက် ။

“….မရဘူး….မင်းမှာ….အိမ်ထဲကို….ဝင်လို့ရလောက်တဲ့….ကုသိုလ်ကံ…..ရှိမနေဘူး…..ဒါကြောင့်….သွားပေတော့…”

ဦးထိန်ဝင်း မသွားနိုင်သေးပါ မိန်းမနဲ့သားသမီးတွေကို တွေ့ချင်သေးသည် ထိုကြောင့် အိမ်ရှေ့ ခြံစည်းရိုးအနားမှာ ထိုင်လျှက် တစ်စုံတစ်ယောက်ကို အကူအညီတောင်းဖို့ စောင့်နေရင်း ဗိုက်ကလဲ ဆာနေပါပြီ သိပ်မကြာပါ အိမ်ရှေ့ခြံခါးနားသို့ လူတစ်ယောက် ချဥ်းကပ်လာသည်ကို ဦးထိန်ဝင်း တွေ့လိုက်ရ၍ အမြန်ထခါ ထိုလူအနားသို့ပြေးသွားလိုက်သည်။

“….ဒီလူ….ညကြီးအချိန်မတော်…ငါ့ခြံနားကို..ဘာလာလုပ်တာလဲ…ငါ့ပစ္စည်းတွေကို…ခိုးဖို့များလား…”

နေ့လည်က သူ့အသုဘကို မြေချတဲ့ကိစ္စတွေနဲ့ ပင်ပန်းနေပြီး အခုချိန်လောက်ဆို သူ့မိသားစုလဲ အိပ်မောကြနေလောက်ပြီဖြစ်ပေလိမ့်မည်။

“….ဟေ့လူ….ခင်များ….ဘာလာလုပ်တာလဲ….
…ဟေ့လူ….ကျုပ်ခေါ်နေတာ….မကြားဘူးလား…”

ဦးထိန်ဝင်း မည်မျှပင် ခေါ်နေပါသော်လည်း ထိုလူမှာကြားဟန်မရှိပေ ခြံထဲကိုသာ အကဲခတ်ကြည့်နေ၏ ခဏကြာသော်အခါ ခြံထဲမှ လူတစ်ယောက် ခပ်မြန်မြန် ထွက်လာသည်အနည်းငယ် မှောင်နေ သောကြောင့် မျက်နှာကိုတော့ သဲသဲကွဲကွဲ မမြင်ရပေ။

“..အကို….ဒီအချိန်ကြီး….ဘာလာလုပ်တာလဲ…
….ကလေးတွေ….မအိပ်သေးဘူး….သိသွားရင်…အကုန်ပြသနာတတ်ကုန်မှာ…”

ခြံတံခါးအနား မျက်နှာခြင်းဆိုင်လျှက် ​ပြောလာသောတစ်ဖက်မှ အသံကို ဦးထိန်ဝင်း နားစွင့်လိုက်တော့။

“..ဟင်….ဒါ…..ဒါ….မခင်လှအသံပဲ…..နင်….နင်တို့..”

ဦးထိန်ဝင် မြေပေါ်သို့ ထိုင်ချလျှက် အခြေအနေကို သဘောပေါက်လိုက်ပါပြီ မျက်ရည်က ကြရပြန်လေပြီ ။

“…ညီမ….အကိုလေ….ငွေနည်းနည်းလိုနေလို့….
….နည်းနည်းလောက်….ကူညီပါဦးနော်…”

ခြံစည်းရိုးအနား ကပ်လာသူမှာ မခင်လှဆီမှ ပိုက်ဆံ တောင်းနေသည်ကို ဦးထိန်ဝင်း မြင်နေကြားနေရ၏။

“….ကဲ….အကို….ခဏစောင့်နော်….ညီမယူပေးမယ်…”

ထိုသို့ပြောပြီး မခင်လှ အိမ်ပေါ်သို့ ပြန်တတ်သွားကာသိပ်မကြာပါ ပြန်ဆင်းလာ၏။

“…ရော့အကို…..ဒီထဲမှာ….ဘယ်လောက်ရှိလဲ…မသိပေမယ့်….အကိုအတွက်….လုံလောက်မှာပါ..”

တစ်ဖက်မှ ပေးလာသော ငွေထုပ်လေးအား လှမ်းယူလိုက်တာကို မြင်နေရသော ဦးထိန်ဝင်းတစ်ယောက်။

“…ဟဲ့….မခင်လှ….အဲ့ဒီပိုက်ဆံတွေက….ငါပင်ပင်ပန်းပန်းနဲ့….ရှာထားရတဲ့ငွေတွေဟ….နင်တို့ဟာ….ရက်စက်လိုက်ကြတာဟာ……ငါသေတာတောင်ရက်မလည်သေးဘူး…..နင်တို့လုပ်ရက်ကြတယ်…”

ဦးထိန်ဝင်း ပြောလဲပြော ငိုလဲငို သို့သော် သူ၏ ငိုသံကို မည်သူမျှ မကြားနိုင်တော့ပါမခင်လှ ခြံတံခါးဖွင့်ပေးပြီး ထိုလူလဲ အထဲသို့ လိုက်ပါ
သွားကာ ခြံထောင့် ပိတောက်ပင်ကြီးအောက်
အမှောင်ရိပ်ကို အားပြုလျှက် မြင်မကောင်းအောင်ဖြစ်ပျက်နေသော မြင်ကွင်းအား မြင်နေရသောဦးထိန်ဝင်းလဲ ထိုမြင်ကွင်းအားကျောခိုင်း ကာ ထွက်လာခဲ့လိုက်ပါတော့သည် အမှောင်ထဲမှာ သူဗိုက်လဲအတော်ဆာနေပြီးဖြစ်သည် ရင်ထဲမှာ ဝမ်းနည်းခြင်း ဒေါသဖြစ်ခြင်းများနဲ့ သူဘယ်ဆီ လျှောက်နေမှန်းမသိ
သူလျှောက်လာခဲ့တာ အတော်ကြာပြီဖြစ်သော
ကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်၍ ညောင်ပင်ကြီးတစ်ပင်အောက် ခေတ္တထိုင်နားလိုက်သည်။

“…ဟေ့ကောင်……ထိန်ဝင်း….”

သူနာမည်အား ခေါ်လိုက်သံကြောင့် သူဝမ်းသာအားရနှင့် လိုက်ရှာနေမိသည် ။

“…ဟေ့ကောင်…..ငါဒီမှာကွ…”

အသံလာရာဆီသို့ သူမော့ကြည့်လိုက်တော့
ညောင်ကိုင်းကြီးပေါ်မှ လူတစ်ယောက် ဆင်းလာသည်အနားရောက်လို့ သေခြာကြည့်တော့။

“..ဟာ…..သိန်းလှ…..သူငယ်ချင်း….. မင်း….မင်း…”

သူမြင်လိုက်ရသူက ကြို့ပင်ရွာမှ သူ၏သူငယ်ချင်း သိန်းလှဖြစ်ပြီး လွန်ခဲ့သော ၃နှစ်ခန့်လောက်ထဲက သွေးတိုးရောဂါနှင့် ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“..သူငယ်ချင်း….မင်းက…ဘယ်လိုဖြစ်ပြီး…ဒီမှာရှိနေတာလဲကွ…”

သိန်းလှ အဝတ်အစား တောက်တောက်ပြောင်ပြောင်ဖြင့် သူအနားလာထိုင်ပြီး။

“…ဒီလိုကွ…ငါသေသွားတုန်းက…ငါလဲမင်းလိုပဲ…ဒုက္ခအကြီးအကျယ်….ရောက်ခဲ့ရပါတယ်..
နောက်တော့….ငါလှူထားတဲ့….ငါတို့ရွာတံတား….ရေစက်ချပြီးတဲ့အခါ….သာဓုခေါ်ခွင့်ရခဲ့လို…အခုလို….အခြေအနေနဲ့….ခံစားစံစားခွင့်…ရခဲ့တာပဲ​…”

“…သြော်…ဒါ့ကြောင့်ကိုး..”

ထိုနောက် သူစကားဆက်ပြောလာသည်။

“…မင်းသိတဲ့အတိုင်းပဲ….ထိန်ဝင်းရေ….ငါတို့တွေက…မသေခင်မှာ….သားအတွက်….သမီးအတွက်…ဇနီးမယားအတွက်….သူတစ်ပါးဆီက….တရားသည်ဖြစ်စေ….မတရားသည်ဖြစ်စေ…ငါတို့ငွေတွေကို….ရှာဖွေခဲ့ကြတယ်….ငါတို့အနေအထားနဲ့…..အလှူကြီးပေးနိုင်ပါလျှက် ….မေ့လျှော့နေခဲ့ကြတယ်….မလှူတန်းနိုင်ခဲ့ကြဘူး..ဒါနအမှု့..သီလအမှု့..ဘာဝနာအမှု့..တွေကို…စည်းစိမ်းရစ်ပြီး…မဆိုင်သလိုနေခဲ့ကြတာ….ကဲအခု….ငါတို့ရဲ့….ပိုင်ဆိုင်မှု့တွေ…ဘယ်မှာလဲ….ငါတို့ထားခဲ့ရပြီလေ….ငါတို့ရဲ့… မိသားစုတွေကလဲ….ငါတို့အပေါ်….မသိတတ်ကြဘူးလေ….မတရားတဲ့နည်းနဲ့….ငါတို့ရှာ..သမျှ…စားကြတော့အများ….အခုခံရတော့ ….တစ်ယောက်ထဲမဟုတ်လား….အဖြေက…ဒါပဲသူငယ်ချင်း..”

ဦးထိန်ဝင်း သူသက်ရှိထင်ရှား ရှိစဥ်အခါက သူ့အပေါ်ဂရုစိုက်ပြ ကြင်နာပြနေကြတဲ့ သူ့ရဲ့ မိသားစုရဲ့ ပုံရိပ်များကို ပြန်လည် အမှတ်ရရင်း ငိုမိပြန်ပါသည်။

“..ကဲ….သူငယ်ချင်း….ထိန်းဝင်း….မင်းရဲ့…
….အကုသိုလ်ကံကြောင့်….ငါမင်းကို…ကြာကြာလက်ခံထားလို့….မရဘူးကွ…သွားပေဦးတော့…
..သူငယ်ချင်းရေ….”

သိန်းလှသည် ဦးထိန်ဝင်းအား နှုတ်ဆက်ရင်း အပင်ပေါ်သို့ ပြန်တတ်သွားလေတော့သည်။

ညောင်ပင်အောက်မှ ဦးထိန်ဝင်း ထွက်လာခဲ့ပြီး အမှောင်ထဲ ခရီးဆက်ရပြန်လေသည် ဆာလောင်လှပြီးဖြစ်သော ဝမ်းဗိုက်တို့က တဂွီဂွီနှင့် အော်မည်လျှက် လမ်းတစ်လျှောက် စားစရာ ရလိုရငြား လိုက်ကြည့်နေခဲ့သည် တစ်နေရာရောက်တော့ ထန်းပင်ကြီးအောက် မိသားစုတစ်စု တစ်ခုခုကို စားနေကြတာကို ဦးထိန်ဝင်း မြင်တွေ့လိုက်ရသည်နှင့်အပြေး အလွှားသွားကာ တောင်းစားမိတော့သည်။

“…နောင်ကြီးတို့….စားစရာလေးများရှိရင်….
…ကျုပ်ကို…နည်းနည်းလောက်….မျှပါလားဗျာ…တောသူဌေးဘဝနဲ့ အကောင်းဆုံး အစားအစာတွေကိုသာ အဆင်သင့် စားသုံးခဲ့ရတဲ့ဘဝမို့ အခုလိုတောင်းရမ်း စားရသည့်အဖြစ်ကြောင့် ဝမ်းနည်းကြေကွဲခြင်းတို့ ဆွတ်ပြန့်နေလေ၏။ ထမင်းဝိုင်းမှ အမျိုးသား ဖြစ်သူက လှည့်ကြည့်ပြီး။

“…သြော်….ခင်များက….အသစ်ထင်တယ်…ကုသိုလ်အမှု့လဲ….နည်းခဲ့တယ်ထင်ပ..”

ဦးထိန်ဝင်း ဘာမှ မပြောသာ မျက်နှာငယ်နှင့် ခေါင်းငုံ့လျှက်။

“…ကဲ…ဒီလိုလုပ်…စားချင်ရင်တော့…..ကျုပ်တို့စားနေတဲ့….ဟော့ဒီက…ထမင်းသိုးတွေကို….ခင်များကိုကျွေးပါ့မယ်……စားလို့ရမရကတော့… ခင်များရဲ့..ကုသိုလ်ကံပဲပေါ့…..ရော့..”

ဦးထိန်ဝင်း ထိုလူကမ်းပေးသော ထမင်းသိုးများကိုမဝံ့မရဲ လှမ်းယူလိုက်ပါသည်။

“…စားပါဗျာ….ဒါတောင်….ကျုပ်တို့မိသားစု….
…သူများတွေ….စွန့်ပစ်ထားတဲ့….ထမင်းသိုးတွေကို..ကံကောင်းလို့…..ရလာခဲ့တာ…”

ဦးထိန်ဝင်း လက်ထဲမှ ထမင်းသိုးများကို စားရန်
ဟန်ပြင်လိုက်စဥ်။

“…ဟာ….”

ထမင်းသိုးများ ရုတ်တရက် ပျောက်ဆုံးသွားလေ၏။

“…ထ….ထမင်းတွေ….ဘယ်ရောက်ကုန်တာလဲ…”

ဘေးမှ ထမင်းပေးသောလူက ဟက်ဟက် ပက်ပက် ရယ်မောရင်းက။

“…ဟား…..ဟား…..ဟား…

…ဒီမှာနောင်ကြီး…ခင်များရဲ့….အကုသိုလ်ကံကလဲ…ဘယ်သေးပါ့မလဲ….ဒီတစ်သက်တော့….ခင်များအစားအစာ….ဝမ်းထဲရောက်မှာ….မဟုတ်တော့ဘူး….ကဲ….သွားပေဦးတော့…..ခင်များကြောင့်…ကျုပ်တို့ပါ….အစားအစာ..ငတ်ကုန်လိမ့်မယ်…သွားပေတော့…”

ဦးထိန်ဝင်း ဆာလောင်မွတ်သိပ်စွာနဲ့ ထိုနေရာမှ
လှည့်ထွက်ခဲ့ရပြန်သည် ဆာလောင်မှု့ဒဏ်ကို
ကျိတ်မှိတ်ခံစားရင်း မိမိဘဝရဲ့ အကုသိုလ်ကံကြီးမားပုံကိုတွေးကာ ဝမ်းနည်းမျက်ရည် ကြရလေပြီ သူအမှောင်ထဲမှာ လျှောက်နေရင်း ရုတ်တရက် လဲကြသွားလေသည်။

“…အား…”

မြေကြီးနဲ့ရိုတ်မိသောကြောင့် သူနာကျင်သွား၏
ပြန်ထဖို့ ကြိုစားလိုက်ပေမယ့် သူအား ထူးဆန်းစွာလူသန်ကြီး နှစ်ယောက်မှ ဖိထားကြလေတော့သည်။

“…ဟေ့လူတွေ….ဘာလုပ်တာလဲ….လွှတ်…. လွှတ်…”

သူရုန်းကန်နေပေမယ့် ထိုလူသန်ကြီးများက
အားရအောင် ရယ်မောလျှက်။

“..ဟား….ဟား….ဟား….
…မင်းက…သားအတွက်…မယားအတွက်နဲ့….
…မတရားသဖြင့်….စီပွားရှာခဲ့တဲ့ကောင်…. ကုသိုလ်ကောင်းမှု့….တစ်ပဲသားတောင်….မပြုခဲ့တဲ့ကောင်….မင်းနဲ့တန်တဲ့….ငရဲကို…အခုသွားရတော့မယ်…လိုက်ခဲ့ပေတော့..”

ထိုလူသန်ကြီးများ၏ စကားကြောင့် သူထိတ်လန့်သွားပြီး။

“…ဟင့်အင်း….မလိုက်ဘူး…မလိုက်ပါရစေနဲ့ဗျာ…ကျုပ်ကို….မိသားစုဆီ….ပြန်ခွင့်ပြုပါဗျာ..အီး….ဟီး….ဟီး….ကျုပ်ကိုမခေါ်သွားပါနဲ့..”

သူထိုသို့ ပြောတော့ ဖိထားသော လူသန်ကြီးက။

“..မင်းက….တော်တော်…အမှတ်မရှိတဲ့ကောင်….
…မင်းကို….သံသရာမှာ…ဒီလိုအမှားမျိုးတွေ…မပြုလုပ်တော့အောင်…..မင်းမိသားစုနဲ့….တွေ့ပေးခဲ့ပြီးပြီ….မင်းမိန်းမက…မင်းကိုတောင်…သတိရလို့လား….မင်းရဲ့သားနဲ့သမီးကရော…သိရကြလို့လားကွ… ဟား….ဟား….ဟား…”

ဤစကားကို ကြားရတော့ ဦးထိန်ဝင်း ငြိမ်သက်သွားလေသည် သူတို့ပြောတာလဲ ဟုတ်တာပါပဲလေသြော် တမလွန်ဘဝက သူတို့၏ ကျေးဇူးရှင်ဖြစ်သူ မိမိ၏ မျက်ရည်ကို မြင်နိုင်ကြတော့မည် မဟုတ်ပေ သံသရာ တစ်လျှောက်လုံး ဤသို့ မည်မျှပင် ငိုခဲ့ရပြီလဲ တမလွန်မျက်ရည်တွေ ဘယ်လောက်တောင်
ကြခဲ့ရပြီလဲ မသိတော့ပေ စိတ်ကို လျှော့ချလိုက်ရင်းကိုယ်ပြုသမျှကံ ကိုယ်သာလျှင် ဆိုင်သည်မို့ဒီဘဝ ဒီခန္ဓာနဲ့ ပေးဆပ်ပေဦးတော့ ထိန်ဝင်းရေဟုတွေးရင်း ထိုလူသန်ကြီးများ ခေါ်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့ရပါတော့သည် ညသည်လဲ တိတ်ဆိတ်ငြိမ်သက်လျှက်သူ၏ မိသားစု အိမ်ကြီးဆီမှ ရယ်မောသံ သဲ့သဲ့ကတော့ ပတ်ဝန်းကျင်၌ မကြားတကြားပင် ရှိနေပါတော့သည်။

လူလောကနဲ့ သံသရာဝယ်
တွေ့ဆုံကြုံကွဲ မမြဲဓမ္မတာ
စည်းစိမ်ဥစ္စာ ရှိသော်ငြားလဲ
ထားခဲ့ရပြန် ကိုယ်ထိုက်မှစံ
မမြဲနိစ္စ ဤကာယအတွက်
ကုသိုလ်အမှု့ နေ့စဥ်ပြုပါ။

ပြီးပါပြီ
.
ဆက်လက်ကြိုးစားပါဦးမည်
.
.#လေလွင့်လူ(တွံတေး)