တမလွန်မှဒေါ်သီ

** တမလွန်မှဒေါ်သီ **(စ/ဆုံး)
——––——————–
ဒေါ်သီဆိုတာကျုပ်ရဲ့အဒေါ်ပါ…ဘာသာတရားအလွန်လိုက်စားတဲ့သူတစ်ယောက်ဆိုလဲမမှားပါဘူး။ လူချစ်လူခင်လဲအင်မတန်ပေါ
တယ်။ ဘုရားဖူးသွားပြီဆိုလို့ကတော့ဒေါ်သီက အရှေ့ဆုံးကပဲ။ သူမှာ သမီး၂ယောက် သား၁ယောက်ရှိတယ်…။ ဒေါ်သီက သားသမီးရတာကံမကောင်းဘူးဆိုရမယ်။ သားကအရက်နာကျပြီးသေပြီ။
သမီးအကြီးကတော့အိမ်ထောင်ဆက် ၃ဆက်ရှိပြီဖြစ်သည်။ အငယ်ကတော့ ပြင်ဦးလွင်မှာသူ့ယောကျာ်းနဲ့နေတယ် တစ်နှစ်တစ်ခေါက်တော့ဒေါ်သီရှိတဲ့
ရွာလေးကိုအလည်လာပါတယ်..။ ကျန်တဲ့အချိန်တွေ
ကတော့ ဒေါ်သီတို့လင်မယားနှစ်ယောက်ပဲအိမ်
မှာရှိတာများတယ်။

ကျုပ်တို့အိမ်နဲ့တော့သိပ်မဝေးပါဘူးဗျ…လမ်းထိပ်ထွက်တာနဲ့ရောက်ပြီ။ နေ့ခင်းနေ့လည်ဆိုအိမ်
ရောက်လာတယ်။အဖွားနဲ့စကားလေးပြော ဖက်ကြမ်းဆေးလိပ်လေးဖွာကြရင်းပေါ့။ ကျုပ်တို့အညာမှာက မိန်းကလေးတွေလဲဆေးလိပ်သောက်တယ်ဗျ…
မြို့ကလူတွေအတွက်ကတော့ဒါကထူးဆန်းနေသလို
ဖြစ်နေတာပေါ့ဗျာ…။

” ငါ့တူ စီဝေရန် နင်တို့ မုံရွာသွားဖြစ်ရင်ခေါ်အုံးနော်”

” ခေါ်မှာပေါ့ဗျ ဘုရားဖူးချင်လို့မှတ်လား”

“ဒါပေါ့အေ ”

” ဟုတ်ကဲ့ပါဗျာ သွားရင်ဆိုင်ကယ်နဲ့အဒေါ်ဆီတန်း
လာခဲ့မယ်”

ညနေစောင်းပြီဆိုတာနဲ့ ဘုန်းကြီးကျောင်းမှာပုတီးစိပ်တရားထိုင်နေကြဗျ…တစ်ခါတစ်လေ ကျုပ်လဲလိုက်သွားသေးတယ်…။ ဒေါ်သီယောကျာ်းက
တော့အမြဲတမ်းမူးရူးနေတာ…။ အရက်မမူးတဲ့အချိန်
ဆိုရင်တော့ကောင်းရှာပါတယ်.. မိန်းမကိုထမင်းချက်ကျွေးတယ် အိမ်အလုပ်တွေသူပဲလုပ်တာ မိန်းမကို
တော့အတော်ချစ်တဲ့လူကြီးဗျ…။ သူချက်ကျွေးတဲ့
ကြက်သားချက်ကိုတော့အကြိုက်ဆုံးပဲဗျာ…။ ညနေ
ခင်းဆိုရင် ဦးလေးအရက်မသောက်ထားဘူးဆိုရင်
ကျုပ်ကိုဆိုင်ကယ်နဲ့လာခေါ်တယ် ရေတွင်းသွားချိုး
တာပေါ့ဗျာ…။အညာနွေဆိုတာအတော်လေးပူတယ်
ဗျ…မြို့တွေမှာဆိုရင်တိုက်တွေထဲမှာနေရတာဆိုတော့တော်ပါသေးတယ်…ဒီမှာတော့ မရဘူး နေ့ခင်းဆိုငရဲကျနေသလားပဲ…ကျုပ်ဆိုဘုန်းကြီးကျောင်းဝန်းထဲက အရိပ်ကောင်းတဲ့သစ်ပင်ကြီးအောက်မှာဖျာခင်းပြီးသွားအိပ်တာဗျို့…။ ရွာမှာကတော်တော်နဲ့ကို
နေကအေးတာမဟုတ်ဘူး…၅နာရီလောက်မှနေလို့
ထိုင်လို့ကောင်းတာ…။

” စီဝေရန်ရေ ”

” အေး ရဲရင့်လာလေ”

“နေကအတော်လေးပူတယ်ကွာ”

“အေးကွ ငါတောင်ခဏနေရင်ဘုန်းကြီးကျောင်းသွားအိပ်တော့မှာ ”

” ဘုန်းကြီးကျောင်းဆိုလို့ငါမင်းကိုပြောရအုံးမယ်သတင်းကြားပြီးပြီလား”

“ဘာသတင်းလဲကွ ”

” တောင်ဘုန်းကြီးကျောင်းဝန်းထဲမှာမနေ့ကလူသေ
အလောင်းတစ်လောင်းတွေ့လို့တဲ့ကွ”

” ဟာ ဟုတ်လား”

“အေး အခုအဲ့ဒါရဲတွေနဲ့အလုပ်ရှုပ်နေကြတယ် ”

ရွာမှာဒီလိုကိစ္စက ဖြစ်ထောင့်ဖြစ်ခဲဗျ…သေသွားတဲ့လူကလည်း…ကျုပ်တို့ရွာကမဟုတ်ဘူးဗျ
ကျုပ်အထင်ကတော့… တခြားရွာကလူတွေသတ်ပြီး
ဘုန်းကြီးကျောင်းဝန်းထဲပစ်သွားတာနေမယ်ဗျ…
တောင်ကျောင်းမှာက ဆရာတော်ရယ်ကိုရင်လေး
၄ပါး၅ပါးလောက်ပဲရှိတာ အဲ့တော့အလောင်းလာပစ်
သွားတာမသိလိုက်ဘူးနေမှာပေါ့ဗျာ…။ဒီကိစ္စကိုကျုပ်အဖေတို့ကြားတော့ ညဘက်ဆိုရင်အပြင်မထွက်
ခိုင်းတော့ဘူးဗျ… စိတ်မချလို့တဲ့…။ဒီလိုနဲ့တစ်လ
လောက်ကြာတဲ့အထိရွာမှာခုလိုထပ်မဖြစ်တော့ဘူးဗျ…ထိုအခါမှသာအမေကသွားခိုင်းတော့တယ်…။

” ဟျောင့် ငာဟိုဘက်ရွာအလှူသွားမလို့လိုက်အုံးမလား”

” အေးလိုက်မယ်လေ ”

” ၂ညအိပ်ရမှာနော် အဲ့အလှူကငါအဒေါ်ရဲ့မောင်အလှူမို့လို့ ”

“အေးပါဟ ရပါတယ် ငါနေမှာပေါ့”

အဲ့ရွာကကျုပ်တို့ရွာနဲ့တော့သိပ်မဝေးပါဘူးဗျာ….ဆိုင်ကယ်နဲ့ဆို ၁၅မိနစ်နဲ့ရောက်တယ်။ အဲ့မှာ
ကျုပ်တို့နှစ်ညအိပ်ပြီးပြန်လာခဲ့တယ်…။ ဧည့်ဝတ်ကျေတဲ့ရွာပါဗျာ…။ ရွာပြန်ရောက်တော့ ဒေါ်သီကမရှိ
တော့ဘူးဗျ…ဘုရားဖူးထွက်သွားပြီဆိုပဲဗျ…။ ခုသွား
တာ မန်းလေးကိုတဲ့..။နောက်၃ရက်လောက်ကြာတော့ရွာကိုပြန်ရောက်လာကြတယ်။ ဒေါ်သီဆုံးတယ်လို့သတင်းကြားရောဗျို့…။ အတော်ထူးဆန်းတယ်ဗျာ…ဘုရားဖူးပြီးပြန်လာတဲ့သူကသေရတယ်လို့။
သွေးတိုးပြီးသေတာလို့ပြောတယ်ဗျ…။ သက်ကြီးပိုင်းတွေဆိုတော့ဒါတွေဂရုစိုက်ရတယ်…။ စိတ်မကောင်းဘူးဗျာ…ဒီလောက်ထိ ကုသိုလ်လုပ်တဲ့သူကြမှ
ဖြစ်ရတယ်လို့။ ညနေကြတော့ အလောင်းပြင်ပြီး
နေပြီပေါ့။ သူသမီးတွေကိုဖုန်းဆက်သတင်းပို့
တော့ဒီနေ့ထွက်လာခဲ့ကြမယ်လို့ပြောပါတယ်…။

နောက်ရက်ရောက်တော့သူသမီးတွေလဲရောက်
လာတာပေါ့။ အမေရှိခင်တုန်းကတော့မလာပဲသေ
တော့မှအမေဆီလာပြီးငိုယိုကြတယ်…တရားကျစရာကောင်းတယ်..။အလောင်းကိုအဲ့နေ့မှပဲမြေမြုပ်
သဂြိုလ်လိုက်တယ်။ ညကြတော့ဖဲတွေရိုက်ကြတာပေါ့ဗျာ…ကျုပ်လဲအပါအဝင်ပေါ့။ အဲ့ကာလတုန်းက
ရွာမှာလျှပ်စစ်မီးမရသေးဘူးလေ…။ ဘုန်းကြီးကျောင်းကပေးတဲ့မီးပဲရတာ၁၀နာရီဆိုရင်ဖြတ်ပြီ…။
ဒီလိုနဲ့ည၂နာရီလောက်ကြတော့အကုန်လုံးပြန်ကုန်
ကြပြီ။ကျုပ်ကအိပ်ချင်လို့ဆိုပြီး၁၂လောက်ထဲက
ကုလားထိုင်ပေါ်မှာအိပ်ပျော်နေတာ…နိုးလဲနိုးလာရောတစ်ယောက်မှတောင်မရှိတော့ဘူး။ သူ့သမီးတွေ
ကတော့အထဲမှာအိပ်နေတာပေါ့။ ကျုပ်လဲအိမ်ပြန်
အိပ်အုံးမယ်ဆိုပြီးဆိုင်ကယ်ပေါ်တက်ပြီးစက်နိုးတာပေါ့။လမ်းတစ်ဝက်လောက်ရောက်တော့ဆိုင်ကယ်ကထိုးရပ်သွားရောဗျို့…အဲ့ဒါနဲ့မထူးတော့ပါဘူးဆိုပြီး ဆိုင်ကယ်မီးဖွင့်ပြီး တွန်းသွားလိုက်တယ်။
အဲ့အချိန်မှာအနောက်ကနေ…

” တူလေး တူလေး”

ကျုပ်အနောက်ကိုလှည့်ကြည့်မိလိုက်တယ်…ဘာမှမရှိဘူး…ကျုပ်ကိုဒေါ်သီများခြောက်နေသလားပေါ့။ ကျုပ်စစချင်းတော့မကြောက်သေးပါဘူး အဲ့ဒါနဲ့
ဆိုင်ကယ်ကိုဆက်တွန်းပြီးသွားတာပေါ့။ အဲ့ချိန်မှာ
ဒေါ်သီက ဆိုင်ကယ်မီးရောင်အောက်မှာ ကျုပ်ကို
ပြုံးပြီး လက်ယှက်ခေါ်နေတာ…ကျုပ်ဖြင့်ကြောက်
လိုက်တာဗျာ…ဆိုင်ကယ်ကိုထားပြီးအိမ်ကိုတချိုးတည်းသုတ်ချေတင်တော့တာပဲ…။ ဒေါ်သီရက်လည်တဲ့
နေ့ရောက်မှသာ အဲ့အိမ်ကိုသွားဖြစ်တော့တယ်။.
ရက်လည်တဲ့ညမှာ… ကျုပ်ရယ်ရဲရင့်ရယ်ကရေတွင်းကရေချိုးပြန်လာချိန်… အရှေ့ကနေလက်တားနေတော့မြင်တော့ရပ်ပေးလိုက်တယ်။

“တူလေးတို့ ဒေါ်လေးလမ်းကြုံလိုက်ချင်လို့ရလား”

” ဟုတ်ကဲ့ရပါတယ်တက်လေ ”

ဟိုဘက်လှည့်ပြီးပြောနေတာဗျ…အဲ့ဒါနဲ့သူမျက်နှာကျုပ်တို့ဘက်လှည့်လာတယ်…ဒေါ်သီကြီးဗျ..

“လိုက်မယ်နော် လိုက်မယ်နော်” အဲ့လိုပြောပြီး
ပြုံးပြီးကြည့်နေတာကတကယ်ကိုကျောချမ်းစရာပါ
ဗျာ…။ကျုပ်တို့လဲချက်ချင်းဆိုင်ကယ်မောင်းပြေး
လိုက်တယ်…။နောက်နေ့ကြတော့ဒေါ်သီသတင်းတွေကတစ်ရွာလုံး ပြောနေကြရောဗျ… တချို့ဆို
ဒေါ်သီအိမ်ရှေ့ကဖြတ်ပြီဆိုရင်အိမ်ထဲဝင်ပါအုံး
ဆိုပြီး ခြံဝကနေ လှမ်းခေါ်တာတဲ့ဗျို့…။ ခြင်းခတ်တဲ့
အကိုတွေဆိုရင် ခြင်းလုံးအဲ့အိမ်ထဲကျသွားလို့သွားကောက်တော့… အိမ်ထဲမှာသူယောကျာ်းကလဲမရှိဘူးတဲ့ဗျ…အဲ့ဒါနဲ့ဝင်ကောက်တော့… ချောင်းဆိုးသံ
တွေကြားရတာတဲ့ဗျ… ပြီးတော့ သူတို့ပြန်ထွက်မဲ့အိမ်ဝမှာရပ်နေတာ…သူတို့ဆို ဒေါ်သီကိုမမြင်ချင်
ယောင်ဆောင်ပြီးပြန်ထွက်လာရတာတဲ့ဗျ…။ ထိုအိမ်
ကြီးကိုနောက်တော့ဘယ်သူမှမလာနေတော့ဘူးတဲ့။
သူရဲ့ယောကျာ်းလဲဘယ်ရောက်သွားမှန်းမသိပါဘူးဗျာ။ သားသမီးတွေကလဲမနေကြတော့အိမ်ကိုဒီ
တိုင်းပစ်ထားကြတာတဲ့ဗျ။

ကျုပ်ဆိုရင်ဒီအိမ်ရှေ့ကဘယ်တော့မှမဖြတ်ဝံ
ရဲတော့ပါဘူးဗျာ….။

ပြီးပါပြီ
ဆက်လက်ကြိုးစားပါဦးမည်…
စာဖတ်သူတွေကိုအစဉ်လေးစားလျက်
#ဝိုင်စီရဲ
#Yc_Yèl…