တမလွန်မှရှိုက်သံ(စ/ ဆုံး)
———————–
ယနေ့သည်ကား အဖွားဒေါ်နုမေ ရဲ့ ရက်လည်နေ့ပင်ဖြစ်၏။
အဖွားကတော့ အသက် ၇၆ နှစ်မှာဆုံးတာပေါ့။
အဖွားမှာ သားသုံးယောက် သမီးနှစ်ယောက်ရှိ၏။
သားသမီးအားလုံး အိမ်ထောင်ကျပြီးဖြစ်ပေမယ့် အကြီးဆုံးသား ဖြစ်တဲ့
ဦးရွှေဖြူ ကလွဲပြီး ကျန်တဲ့ သူတွေမှာ သားသမီး မထွန်းကားချေ။
ဦးရွှေဖြူမှာကား ရွှေနှင်းဥ နှင့် ဖြူနှင်းဥ ဟူ၍သမီးနှစ်ယောက်ထွန်းကား၏။
ရွှေနှင်းဥ မှာ မိုးကျော် ဆိုသူနှင့် အိမ်ထောင်ကျပြီး ဖြစ်၍ အဖွား၏
အချစ်ဟူသမျှကို ဖြူနှင်းဥ ရထားတာပေါ့ဗျာ။
သို့ပါသော်လည်း တရွာတည်းသား အဖွားရဲ့ ရန်ဘက်ဖြစ်တဲ့ မိသားစု
က သိန်းလွင် ဆို သူနှင့် ဖြူနှင်းဥ ခိုးရာလိုက်ပြေးသွားပြီဖြစ်၏။
အဖွားသည် မြေးမဖြူနှင်းဥ အား အကြိမ်ကြိမ်အခါခါ တားပြီး မျက်စိ
ဒေါက်ထောက်ကြည့်နေတဲ့ ကြားက ခိုးရာလိုက်ပြေးသွားခြင်းကြောင်း
ဦးရွှေဖြူ နှင့် ချွေးမ နုနုယဉ် တို့ကို စိတ်ဆိုးပြီး ဘယ်တော့ မှ ခွင့်
မလွှတ်ဟုလည်း အမြဲပြောတယ်ဗျ။
ဖြူနှင်းဥ ခိုးရာလိုက်ပြေးသွားတဲ့နေ့ကစလို့ အဖွားခမျာ မစားနိုင်၊
မသောက်နိုင်။
ဖြူနှင်းဥ ကို သတိရစိတ်၊ လွမ်းစိတ်၊ သားနှင့်ချွေးမကို ဒေါသဖြစ်တဲ့
စိတ်က အဖွားကို အိပ်ရာထဲလဲစေသည်။
ဒီလိုနဲ့ ဖြူနှင်းဥ ခိုးရာလိုက်လို့ လဝက်ကျော်လောက်မှာပဲ အဖွား
ဆုံးသွားရှာ၏။
ယခုဆိုလျှင်ရက်လည်နေ့တောင်ရောက်ပြီ။
အဖွားရဲ့ အသုဘရော၊ ရက်လည်နေ့မှာပါ ဖြူနှင်းဥ ရောက်ရှိခြင်း အလျဉ်းမရှိ။
အဖွားဆုံးတာကို မသိလို့လား၊ သိလို့ တမင်မလာတာလား ဆိုတာ
ဖြူနှင်းဥ သာသိမည်ထင်။
******************
ဒီမှာ ထူးခြားတာတစ်ခုက အဖွားကို သဂြုင်္ိလ်တဲ့နေ့မှာဖြစ်တာပဲ။
အဖွားကို သဂြုင်္ိလ်တဲ့နေ့မှာ အခေါင်းထမ်းသူတွေက အခေါင်းထမ်းပြီး
သင်္ချိုင်းကုန်းသို့ သွားနေတုန်း သင်္ချိုင်းကုန်းသို့ရောက်ကာနီးမှာ
လမ်းတဝက်သို့အမြစ်တွေရောက်နေပြီဖြစ်တဲ့ ရေခံတတ်ပင်ကြီးကို ရှေ့
ဆုံးက အခေါင်းထမ်းသူနှစ်ယောက်က ရုတ်တရက် ဝင်တိုက်ပါလေရော။
နောက်က လူတွေကလည်း အခေါင်းကိုပြုတ်မကျရအောင်ထိန်းရင်း
ဟန်ချက်မညီဖြစ်ကာ အခေါင်း၏ ဝဲဘက်ထောင့် ရေခံတတ်ပင်ကြီးနဲ့
ထိမိပြီး အနည်းငယ်ပွန်းသွားတာပေါ့ဗျာ။
လူတွေကတော့ တစ်ယောက်တစ်မျိုး ဝေဖန်ပြောဆိုကြတာပေါ့။
တစ်ချို့ကလည်း အဖွားကျွတ်မှာမဟုတ်ဘူး သရဲဖြစ်မှာ၊ တစ်ချို့ကလည်း အဖွားဟာ စိတ်ကောင်းသူ အလှူအတန်းရက်ရောသူ၊ ဘုရားတကာမ၊ ကျောင်းတကာမ ဖြစ်တဲ့ အတွက် ကောင်းရာသုဂတိ ကိုပဲ
သွားမှာ စသဖြင့် ထင်ရာမြင်ရာပြောကြတာပေါ့။
ဒါပေမယ့် သူတို့ပြောကြတာဟာ အပြည့်အဝလုံးဝ မမှန်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့
အဖွားဟာ ရက်လည်နေ့မတိုင်မီအထိ ဘာခြောက်လှန့်မှု့ မှမရှိခဲ့ပေ
မယ့် ရက်လည်နေ့ရဲ့ ည မှာတော့…….
အိမ်သူအိမ်သား တွေ ( ဖြူနှင်းဥ ရဲ့ အဖေ၊ အမေ၊ ရွှေနှင်းဥ နှင့်သူမ
ယောကျာ်း မိုးကျော် တို့ ) အိပ်မောကျနေကြတုန်း ဆွဲဆွဲငင်ငင်
ရှုိက်ငိုသံ တစ်ခုရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ခြင်းပါပဲ။
သမီးစိတ် မိခင်စိတ်နဲ့ အိပ်မပျော်ဖြစ်နေတဲ့ ဦးရွှေဖြူ တို့လင်မယားက
ကြားတော့ ဦးရွှေဖြူ တစ်ယောက်ယောက်များ ငိုနေသလား စစ်ကြည့်
တာပေါ့ ဒါပေမယ့် အိမ်မှာ ရှိတာက လေးယောက်တည်း သူတို့လင်မ
ယားက အနိုး၊ သမီးဖြစ်သူရဲ့ လင်မယားကလည်း အိပ်မောကျလို့ ။
ထိုအခါ အသံကို သေချာစွာနားထောင်ကြည့်တော့မှ မိခင်ဖြစ်သူရဲ့
အိပ်ခန်းက လာနေသောအသံဖြစ်ကြောင်း ဦးရွှေဖြူ သတိထားမိသွား
တာပေါ့။
မိန်းမဖြစ်သူကို အိပ်ရာမှာထားခဲ့ကာ လက်နှိပ်ဓာတ်မီးကလေးကို ယူပြီး
မိခင် အိပ်ခန်းဝင်ကြည့်ပြန်တော့လည်း ဘာမှ မတွေ့ပြန်။
တစ်ခါ ဦးရွှေဖြူ မိခင်ရဲ့ အိပ်ခန်းက ထွက်တယ်ဆိုရင်ပဲ ငိုရှုိက်သံက
ထမ်မံထွက်လာပြန်ရော၊ တစ်ခါ ဝင်ကြည့်ပြန်တော့ ဘာမှမရှိ။
ဦးရွှေဖြူ က ” အမေလား ” ဟု တစ်ခွန်းမေးလိုက်သောအခါ အဖွား
ဒေါ်နုမေ ရဲ့ အိပ်ကုတင်မှာ ထူးဆန်းစွာ လှုပ်ခါသွား၏။
ဦးရွှေဖြူ ဟိုဟိုသည်သည် ရှာကြည့်ပေမယ့် ဘာမှမတွေ့။ ထိုသို့ ရှာနေတုန်းမှာပင် မိန်းမဖြစ်သူရဲ့ အလန့်တကြားအော်ဟစ်သံကဟိန်းထွက်
လာ၏။
” နုနုယဉ် ဘာဖြစ်တာလဲ ”
ဦးရွှေဖြူ စိုးရိမ်စွာမေးတာပေါ့။
“ဖေကြီး စောနက ကျွန်မတို့ရဲ့ ခေါင်းရင်းမှာ အဖေကြီးရဲ့ အမေရပ်နေတာ တွေ့လိုက်ရတယ် ကြောက်စရာကြီး”
ဒေါ် နုနုယဉ် တကယ်ပင်လန့်နေ၏။
” ဟာ မဟုတ်တာကွာ ခုလောက်ဆို အမေ ကောင်းရာသုဂတိ ရောက်
နေလောက်ပြီ၊ မင်းအိပ်ချင်မူးတူးနဲ့ အမြင်မှားတာဖြစ်မှာပါကွာ”
ဦးရွှေဖြူ လည်း ပြောသာပြောရသည် စိတ်ထဲတော့ မရိုးမရွ။
” ဖေကြီးကလည်း ကျွန်မ ကလေးမှမဟုတ်တာ အမေမှအမေအစစ်
ကျွန်မကို မကျေနပ်တဲ့ မျက်နှာနဲ့ စိုက်ကြည့်နေတာ ခန္ဓာတစ်ခုလုံးလည်း ရွှံ့တွေပေလို့ရှင့်”
ဒေါ်နုနုယဉ် ကလည်း ကိုမြင်ရာကို ယုံကြည်စွာပင်ပြောနေ၏။
ထိုသို့ ပြောနေကြတုန်း သမီးကြီး ရွှေနှင်းဥ ၏ အသံက ထမ်မံထွက်
လာပြန်သည်။
” မိန်းမ ဘာဖြစ်တာလဲ” ဟု ယောက်ျားဖြစ်သူက စိုးရိမ်တစ်ကြီးမေး
သလို
” ဟေ့ သမီး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ” ဟု
မိဘနှစ်ပါးက မေးရင်း အပြေးအလွှားရောက်လာကြ၏။
” အဖေ အမေ အဖွားလေ အဖွား သမီးခြေထောက်ကို လာဆွဲတယ်
အဖွားရဲ့ လက်က ရေခဲတုံးကြီး အတိုင်းပဲ သမီးကြောက်တယ်”
အော် လူတွေလူတွေ သက်ရှိထင်ရှားရှိတုန်းကတော့ ချစ်လှပါတယ်၊
ကြိုက်လှပါတယ်၊ ခင်တွယ်မြတ်နိုးလှပါတယ် ဘယ်လောက်ပဲပြော
ပြော သေတော့ ကြောက်ကြတာပဲလား။
ဒါ့ကြောင်း ဆရာတော်ဘုရားကြီးတစ်ပါးက
” မနေရလို့၊ သေကြတဲ့အခါ
ကိုယ့်နောက်ကိုများ၊ ဘာများပါမှာ
ပစ္စည်းဟူက၊ မြူမှမပါ
ကိုယ်ပြုထား ကံများကို့နောက်ပါ” ဟု
စပ်ဆိုဖူးခဲ့တာနေမယ်။
ထိုနေ့ တစ်ညလုံး အဖွားဒေါ်နုမေ အမျိုးမျိုးခြောက်လှန့်နေ၍ ဦးရွှေဖြူ
တို့ လေးယောက်လုံး အိမ်ထဲမှာ မအိပ်ရဲတော့ပဲ ဦးရွှေဖြူ ရဲ့ အငယ်ဆုံး ညီမလေးရဲ့ အိမ်မှာပဲ သွားနေလိုက်ကြရတယ်။
မနက်ရောက်တော့ ရွာကျောင်းဆရာတော်ကို ပင့်ဖိတ်၊ ပရိတ်တရားနာ၊
လှူဖွယ်တွေလှူဒါန်း၊ ရေစက်ချ၊ အမျှပေးဝေကြတာပေါ့၊
ဆရာတော်ဘုရား ရှိနေတုန်းက ဘာမှမဖြစ်ပေမယ့်၊ ဆရာတော်ဘုရား
ပြန်ကြွပြီးလို့၊ ဖိတ်ကြားထားတဲ့ ရပ်မိရပ်ဖများကို ကျွေးမွေးလှူဒါန်း
နေတုန်း
” ဒုန်း ဒုန်း ဒုန်း ” ဆိုတဲ့ အသံဟာ လှေကားကနေ ဒေါ်နုမေ ရဲ့အိပ်ခန်း သို့ တရောက်ထိ မြည်ဟီးသွားတာ အားလုံးအားလိုက်ကြ
ရတာပေါ့ဗျာ။
ဆူညံ နေတဲ့ အသံက မီးကိုရေနဲ့ ငြိမ်းလိုက်သလို ငြိမ်သွားတာပေါ့။
ပြီးတာနဲ့ ရှိုက်ကြီးတငင် ငိုသံက ထွက်လာပါလေရော။
မိန်းမ တစ်ချို့တောင် ကြောက်လို့ထွက်သွားသေးတယ်။
ယောကျာ်းကြီး တွေက ခြေကိုဖွဖွနင်းပြီး တတ်ကြည့်ကြပေမယ့် ဘာမှ
ကို မရှိ။
******************
အဲဒီနေ့ ည
ဦးရွှေဖြူရယ်၊ ညီနှစ်ယောက်ရယ်၊ သားမက်ဖြစ်သူရယ်၊ ရွာထဲက
သရဲပြေးဘအေး လို့ ပြောကြတဲ့ သတ္တိရှင် လေးငါးယောက်ပေါင်းပြီး
အဖွားဒေါ်နုမေ ရဲ့ အိပ်ခန်းမှာထိုင်ပြီးစောင့်ကြည့်နေကြတာပေါ့။
လက်ထဲမှာလည်း ဓာတ်မီးကိုယ်စီ၊ တုတ်ကိုယ်စီနဲ့။
ဦးရွှေဖြူ နဲ့ ညီနှစ်ယောက်က ပြူတင်းဝ နားမှထိုင်ကြပြီး သတ္တိရှင်တွေ
နဲ့ ဦးရွှေဖြူရဲ့ သားမက်က ဒေါ်နုမေ ရဲ့ ကုတင်မှာထိုင်လို့ အခြေအနေစောင်းကြည့်နေကြတာပေါ့။
ည ၁၀ နာရီလောက်မှာပဲ ” ရွှမ်း ရွှမ်း ရွှမ်း ” ဆိုတဲ့ အသံက
အိမ်ရှေ့က ထွက်ပေါ်လာပါလေရော။
ဦးရွှေဖြူ က ဓာတ်မီးထိုးပြီးကြည့်လိုက်တော့ အကောင် အထည်ကို
မမြင်ရဘဲ တံမျက်လှည်းနေတာတဲ့ဗျ။
ဦးရွှေဖြူ တခြားလူတွေကို ခေါ်ပြီးပြတော့ အားလုံး ထင်ထင်ရှားရှား
ကိုမြင်လိုက်ရတယ်တဲ့။
အားလုံးတစ်ပြိုင်တည်း ဓာတ်မီးထွန်းပြီးကြည့်လိုက်ကြတော့ ခြေတံ
ရှည်တံမျက်စည်းကမြေကြီးပေါ်လဲကျသွားပြီး အရိပ်မည်းတစ်ခု ရိပ်ကနဲထွက်ပြေးတာကို ကွက်ကွက်ကွင်းကွင်းကို မြင်လိုက်ကြရသတဲ့ဗျ။
ခဏနေတော့ အိမ်ပေါ် ကို ခြေဖနှောက်ဖြင့် ဆင့်ပြီးတတ်လာသလိုမျိုး
” ဒုန်း ဒုန်း ဒုန်း ” မြည်ပြီးတတ်လာလိုက်တာ အောက်ခြေကို အုတ်
ဖြင့်စီခြယ် အပေါ်ပိုင်းကို ကျွန်းသက်သက်နဲ့ ဆောက်လုပ်ထားတဲ့ အိမ်
ကြီးတောင် တုန်ခါသွားသတဲ့ဗျ။
ပြီးလည်းပြီးရော ပန်းကန်တွေကိုရိုက်ခွဲတဲ့ အသံတွေ၊ ပြူတင်းတွေ၊
အိပ်ခန်းတံခါးတွေကို ဖွင့်ချည်ပိတ်ချည် လုပ်တဲ့ အသံက ဆူညံစွာပင်
ထွက်ပေါ်လာလေပါရော။
ဒါတင်မကသေးပဲ ဦးရွှေဖြူ ရဲ့ နောက်ကျောကို လာပုတ်သတဲ့။
ဦးရွှေဖြူ အလန့်တကြားနောက်လှည့်ကြည့်တော့ ဘာကို မရှိဘူးတဲ့ဗျ။
ပြီးတော့ ဒေါ်နုမေ ရဲ့ အိပ်ကုတင်မှာ ထိုင်နေတဲ့ ရွာသားတစ်ယောက်
ကို ကုတင်အောက်က လက်မည်းမည်း နဲ့ ဆွဲချ လိုက်တာ ရွာသားခမျာ ကြမ်းမှာ ဝုန်း ကနဲကျသွားတာပဲတဲ့ဗျ။
ရွာသားက ကြောက်ကြောက် နဲ့ ဆဲပါလေရောတဲ့။
ဦးရွှေဖြူ က မနည်းတားထားရတာပေါ့ဗျာ။
ဦးရွှေဖြူ တို့ မီးဖိုချောင်ခန်းသို့ ဝင်ကြည့်ကြတော့ လည်း ဘာကွဲနေတာမှ မရှိပဲ အားလုံး ပကတိ အတိုင်းတဲ့။
ဒီမှာတင် အပေါ်က ငိုရှုက်သံက ကျယ်လောင်စွာပင် ထွက်လာပြန်သ
တဲ့။
ဦးရွှေဖြူ ရဲ့ ညီ အငယ်ဆုံးက ” အကိုကြီး ကျွန်တော် ကြောက်လာပြီ
ဗျ ပြန်ကြရအောင် နော် ” လို့
ပြောတော့ ငိုသံတိတ်သွား ပြီး အိမ်ထဲက ပစ္စည်း တွေနဲ့ ပစ်ပေါက်ပါ
လေရောတဲ့။
ထိတော့ ထိတယ်၊ ဒါပေမယ့် ကြည့်လိုပ်ပြန်ရင် ဘာပစ္စည်း မှ မဟုတ်
တဲ့ဗ်။
ပစ်တာက မာကျောကျော ပစ္စည်းနဲ့ ပေမယ့် တကယ်တမ်းကျတော့
ဘာမှ မရှိဘူးတဲ့ နာတော့နာတယ်တဲ့ဗျ။
ဦးရွှေဖြူ က
” ညီလေး အဲဒါ အမေပါကွာ ငါတို့ကို အသက်အန္တရာယ်ထိခိုက်
လောက် အောင် ခြောက်မှာ မဟုတ်ပါဘူး မကြောက်နဲ့” ဟု
ပြောလိုက်မှ ပစ္စည်းတွေနဲ့ ပစ်ပေါက်တာ ရပ်သွားသတဲ့ဗျ။
ဒါပေမယ့် လှေကား အဆင်းမှာပဲ ဦးရွှေဖြူ ရဲ့ ခြေထောက်နှစ်ဖက်ကို
တယောက်ယောက်က တုတ်ချည်ထားသလို နေရာက ရွေ့လို့ကိုမရဖြစ်နေသတဲ့။
ဦးရွှေဖြူ ကြိုးစားရုန်းကန်လေ မမြင်ရတဲ့ တစ်ယောက် က တင်းတင်း
ကျပ်ကျပ် လုပ်လေသတဲ့။
ဦးရွှေဖြူ လည်း ကြောက်ပြီး
” အမေရယ် အမေချစ်တဲ့ မြေး သားရဲ့ သမီးမိုက် ဖြူနှင်းဥ ကိုမတား
နိုင်လိုက်တဲ့ အတွက် သားတောင်းပန်ပါတယ် သားတို့ကို ခွင့်လွှတ်ပါ
ပြီးတော့ အမေ့ကို အိမ်မှာနေလို့မရအောင်လည်း သားမလုပ်တော့ပါ
ဘူး ဒီအိမ်က အမေရဲ့ အိမ်ပါ အမေကြိုက်သလိုနေပါ အမေချစ်တဲ့
မြေးမ သားရဲ့ သမီးမိုက် ဖြူနှင်းဥ ကို သားရအောင်ရှာပြီး ခေါ်ခဲ့ပါ့မယ်
ကတိပေးပါတယ်” ဟု
ပြောလိုက်မှ တုတ်ချည်ထားသလိုခံစားနေရတာက လွတ်သွားပြီး
ဘာမှမဖြစ်တော့ဘူးတဲ့ဗျ။
ဦးရွှေဖြူ က ဆက်ပြီး
” ဒါပေမယ့် အမေ သားကို ကတိတစ်ခုတော့ပေးရမယ် အဲဒါက
ဖြူနှင်းဥ ရွာကို မရောက်မချင်း ဒီအိမ်မှာ အမေရှိနေတယ် ဆိုတဲ့
အကြောင်းကို ဘယ်သူ့ကိုမှမပြပါဘူး ဆိုတဲ့ ကတိကို အမေပေးပါ”
ဟု ပြောလိုက်ပါတယ်ဗျ။
*******************
အဲဒီည မနက် လင်းကာနီးမှ ဦးရွှေဖြူ အိပ်ပျော် သွားတယ်တဲ့။
ဦးရွှေဖြူ ရဲ့ အိမ်မက်ထဲသို့ ဒေါ်နုမေ ဝမ်းနည်းငိုကြွေးစွာရောက်ရှိ
လာပြီး ” ဘယ်လောက်ပဲ သူ့အတွက် ကုသိုလ် လုပ်လုပ်၊ အမျှဝေဝေ၊ ဖြူနှင်းဥ ကို မမြင်ရပဲ သူဒီဘဝ က ကျွတ်မှာ မဟုတ်ဘူး” ဆိုတဲ့
အကြာင်းကို ဝမားနည်းစွာပြောလာသတဲ့ဗျ။
တိုက်တိုက်ဆိုင်ဆိုင်ပင် နံနက် လင်းတာနဲ့ ဖြူနှင်းဥ တစ်ယောက်ငိုပြီး
ရောက်ရှိလာတယ်ဗျ၊ သိန်းလွင် လည်းပါတာပေါ့။
မနေ့ည က ဖြူနှင်းဥ ကို အဖွားဖြစ်သူက အိမ်မက်လာပေးလို့ချက်ချင်း
လိုက်လာတာတဲ့။
ုဖြနှင်းဥ ကို အကျိုးအကြောင်း ချော့မော့ပြီးပြောပြရတော့တာပေါ့။
ဖြူနှင်းဥ လည်း အဖွားဆုံးပြီဆိုတာသိတာနဲ့ သင်္ချိုင်းသုိ့ပြေးသွားပြီး
” ဘရားတကာမ၊ ကျောင်းတကာမ၊ ဒေါ်နုမေ အသက် ( ၇၆ )
နှစ်” လို့
ရေးထားတဲ့ မြေစာပုံကို ဖက်ကာငိုပါလေရော။
မိဘ နဲ့ ဆွေမျိုးတွေက မနည်း ချော့ ခေါ်ရတယ်။
အဲဒီနေ့ မနက်မှာပဲ အချိန်ရသေးတာနဲ့ ဆရာတော်ဘုရားကို တစ်ခါပင့်၊
ပြီးတစ်ခါ ထပ်ပြီး အလှူအတန်းလုပ်ရတော့တာပေါ့။
တရားမဟောမီမှာတော့ ဖြူနှင်းဥ ကိုတိုင် အဖွားဖြစ်သူကို တရားနာဖို့
သူမကိုယ်တိုင်သွားခေါ်ပြီး သာဓု အသေအချာခေါ်ဖို့ သူမကိုယ်တိုင်
ဝမ်းနည်းစွာပြောတာပေါ့ဗျာ။
သူမကတော့ ရောက်ကတည်းက ငိုနေတာ လုံးဝမတိတ်။
ရေစက်ချလို့၊ အမျှဝေ သာဓုသုံးကြိမ်ခေါ် အပြီးမှာ အိမ်ကြီးတစ်ခါ
ထပ်ပြီး တုန်ခါသွားတယ်ဗျ။
အဲဒီနေ့က စပြီး ငိုရှုိက်သံတွေလည်း မကြားရတော့သလို ခြောက်လှန့်
တာတွေလည်းမရှိတော့ဘူးဗျ။
သိန်းလွင် မိသားစုနဲ့ ဖြူနှင်းဥ ရဲ့ မိသားစုတို့ကလည်း သင့်မြတ်သွား
ကြပြီးသူတို့နှစ်ယောက်ကို ကြီးကျယ်ခမ်းစွာပင်မင်္ဂလာဆောင်ပေးလိုက်
ကြတယ်ဗျ။
တစ်နှစ်ကျော်ကျော်ကြီးလောက်ကြာတဲ့အခါမှာတော့ ဖြူနှင်းဥ မှာ
ချစ်စရာကောင်းသော သမီးရတနာလေး သမီးဦး ဖွားမြင်ခဲ့တယ်ဗျ။
ဖြူနှင်းဥ ကတော့ အဖွားဒေါ်နုမေ ဝင်စားတာဖြစ်ကြောင်းကို ဖြူနှင်းဥ
သံသယ ကင်းစွာ ယုံကြည်ထားပါသတဲ့ဗျာ။
********************************
***************************
ပြီးပါပြီ
***********************************
ရွှင်လန်းချမ်းမြေ့ကြပါစေ
***************************************
လေးစားစွာဖြင့် = wizard
******************************