” ထန်းပင်ကွေ့က သဘက်ကြီး ”(စဆုံး)

Unicode Version

” ထန်းပင်ကွေ့က သဘက်ကြီး ”(စဆုံး)
——————————————————–

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်အပေါ် အခြေခံ၍ ရေးသားထားခြင်းဖြစ်ပါသည်။

(၁)

အချိန်အားဖြင့် ၁၉၉၀ ခုနစ်ဝန်းကျင်ခန့်ကဖြစ်သည်။
ထောက်ကြံ့လမ်းဆုံအနီးတွင် “တစ်ရက်ပျော်” အမည်ရ အရက်ဖြူဆိုင်တစ်ဆိုင်ရှိလေသည်။ ထိုဆိုင်မှာ ထိုအနီးတစ်ဝိုက်တွင် လူသိများကျော်ကြားသည့်ဆိုင်တစ်ဆိုင်ဖြစ်သည်။ ညနေနေဝင်ရီတရောအချိန်မို့ ထိုအရက်ဆိုင်ကလေးတွင် အရက်သောက်သူအများအပြားနှင့် စည်ကားလျှက်ရှိသည်။

ထိုစဉ်အရက်ဆိုင်အတွင်းသို့ အရပ်မြင့်မြင့်၊ ထွားထွားကျိုင်းကျိုင်းနှင့် လူကြီးတစ်ယောက်ဝင်လာလေသည်။ အရပ်ဆိုင်အတွင်းသို့ တစ်ချက်ဝေ့ကြည့်လိုက်သည့်အခါ ဆိုင်အတွင်းရှိ စားပွဲခုံများအားလုံးမှာ စားသုံးသူများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထိုလူကြီးက ဆိုင်ထောင့်တစ်နေရာရှိ စားပွဲတစ်လုံးအားကြည့်လိုက်ကာ နှုတ်ခမ်းတွန့်ရုံကလေး ပြုံးလိုက်ပြီး ထိုစားပွဲဝိုင်းဆီသို့ဦးတည်သွားလိုက်သည်။

“ဟာ၊ ကျားသားမိုးကြိုး တိုးကြီးနဲ့ ငပွားတို့ ဒီမှာလာပြီး ခေါင်းချင်းဆုံနေပါလား”

ထိုင်ခုံတွင်ထိုင်နေသည့် လူနှစ်ယောက်မှာ ထိုလူကြီးအားမော့ကြည့်ပြီး

“ဟာ၊ ကိုဘသက်ပါလားဗျ”

“ငါမင်းတို့နဲ့အတူတူ ဝိုင်းလို့ဖြစ်တယ်မဟုတ်လား”

“သိပ်ဖြစ်တာပေါ့ဗျာ၊ လာလာ၊ ဒီဘေးမှာလာထိုင်”

တိုးကြီးဆိုသူက အနားရှိသစ်သားခွေးခြေခုံကလေးတစ်ခုကို ဆွဲယူလိုက်ကာ စားပွဲခုံအနီးတွင်ချပေးလိုက်သည်။ ထောင်ထောင်မောင်းမောင်းနှင့် ကိုဘသက်မှာ ထိုခွေးခြေခုံကလေးတွင် ဝင်ထိုင်လိုက်လေသည်။ ထိုစဉ်ဆိုင်ရှင် ဦးကြီးက ကိုဘသက်အနားသို့ ရောက်လာကာ

“ဘသက်တောင်ရောက်နေပြီကိုး၊ ဒါနဲ့အရင်အတိုင်းပဲလား”

“အရင်အတိုင်းပေါ့ဗျာ၊ ဘီအီးကောင်းကောင်း ပြင်းပြင်းပဲချ၊ အမြည်းကတော့ ကြက်ဂွေးပေါ့”

“ကြက်ဂွေးကတော့ အလကားတိုက်တာပါကွာ၊ ဒါနဲ့ ငုံးဥထည့်အုံးမလား”

“ထည့်သာထည့်ဗျာ”

ဆိုင်ရှင်ဦးကြီးထွက်သွားသည့်အခါ ကိုဘသက်က

“ဟ၊ တိုးကြီး မင်းကိုမတွေ့တာတောင် တစ်ပတ်လောက်ရှိတော့မယ်၊ ငါက မင်းချမ်းသာသွားလို့များ၊ ဆိုက်ကားမနင်းတော့တာလားလို့ ထင်နေတာကွ”

“ဟာဗျာ၊ ဘယ်က ချမ်းသာရမှာလဲဗျ၊ ထန်းပင်ကွေ့က သဘက်ကြီးအခြောက်ခံလိုက်ရလို့ ကျုပ်ဖျားနေတာ လေးငါးရက်ကြာသဗျာ၊ အခုမှ ပြန်နေကောင်းလို့ ဆိုက်ကားပြန်ဆွဲနေတာ”

ကိုဘသက်က မျက်မှောင်ကြုတ်လိုက်ပြီး

“နေပါအုံးကွ၊ ထန်းပင်ကွေ့ဆိုတာ ဘယ်ထန်းပင်ကွေ့ကိုပြောတာလဲကွ”

“ဘယ်ထန်းပင်ကွေ့ရှိမလဲဗျာ၊ ကိုးဂိတ်အကျော်၊ စက္ကူစက်နားက ထန်းပင်ကြီးနဲ့ကွေ့လေဗျ”

“ဟာကွာ၊ မင်းဟာက ဟုတ်ပါ့မလား၊ အဲဒီလမ်းကို ငါတစ်ယောက်တည်း ဖြတ်ဖြတ်ပြန်နေတာ ဒီတစ်သက်ပဲကွ၊ ဘာအခြောက်အလှန့်မှ မခံရပါဘူးကွာ”

တိုးကြီးက အရက်တစ်ခွက်ကိုကောက်မော့လိုက်ပြီး

“ကျုပ်က မဟုတ်ဘဲပြောမလားဗျ၊ ကိုဘသက်သာ မသိရင်နေမှာ၊ အဲဒီထန်းပင်ကွေ့က အခြောက်အလှန့်ကြမ်းတာ လူတိုင်းသိတယ်”

“ငါကတော့ မယုံပါဘူးကွာ”

“ကျုပ်လည်းအစက မယုံပါဘူးဗျ၊ ဒါပေမယ့် ဟိုရက်ပိုင်းက လက်တွေ့ကြုံတော့မှ ယုံသွားရတာ၊ အခုဆို နေ့ခင်းကြောင်တောင် အဲဒီလမ်းဘက်ကို ဆိုက်ကားငှားရင်တောင် လိုက်မပို့ရဲတော့ဘူးဗျ”

တိုးကြီးစကားကိုကြားသည့်အခါ ကိုဘသက်က တဟားဟားနှင့်လှောင်ပြောင်ရယ်မောလိုက်ရင်း

“မင်းကိုက ကြောက်တတ်တာပါ တိုးကြီးရာ၊ ကဲပြောစမ်း၊ မင်းကိုသဘက်ကြီးက ဘယ်လိုခြောက်လိုက်လို့လဲကွ”

“အဲဒီနေ့ကပေါ့ဗျာ၊ ကောင်းကင်မှာ မိုးတွေကလည်း ခပ်အုံ့အုံ့ရယ်ဗျ”

တိုးကြီးက အရက်ဆိုင်နံရံတစ်နေရာကိုငေးကြည့်ရင်း သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြလေတော့သည်။

(၂)

“ဟဲ့ တိုးကြီး၊ ဆိုက်ကားအားလား”

ပြည်လမ်းမကြီးအတိုင်း ဆိုက်ကားနင်းလာသည့် တိုးကြီးကို ထောက်ကြန့်လမ်းဆုံအနီးတွင် မိန်းမကြီးတစ်ယောက်က တားလိုက်လေသည်။ ထိုမိန်းမကြီးမှာ ထောက်ကြန့်ဈေးထဲတွင် ကုန်ခြောက်များရောင်းချသူဖြစ်ကာ တိုးကြီးနှင့် အတော်အတန်ရင်းနှီးလေသည်။

“ဆိုက်ကားသိမ်းပြီး တစ်ရက်ပျော်ကို သွားတော့မလို့ဗျ၊ အားတာတော့ အားပါတယ်”

“အားရင် ငါ့ကိုကူညီစမ်းပါဟယ်၊ ဟောဒီလက်ဆွဲခြင်းကို ကိုးလုံးကွင်းဘက်ပို့ပေးစမ်းပါဟယ်”

“ခင်ဗျားက မလိုက်ဘူးလား”

“အေး၊ ငါ့ညီမတစ်ယောက်က မနက်ဖြန်ဆွမ်းအပတ်ကျတယ်၊ အဲဒါ သူချက်ပြုတ်ဖို့ ငါထည့်ပေးလိုက်တာဟ၊ ငါ့မှာလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ မလိုက်အားတော့ပါဘူးဟာ၊ နင်ပဲ သွားပို့ပေးပြီး ပြန်လာခဲ့ပေါ့”

“ဟာဗျာ၊ မိုးတောင်ချုပ်တော့မယ်ဗျ”

ထိုအခါ ထိုမိန်းမကြီးက တိုးကြီးအားကြည့်ရင်း

“ဘာလဲ နင်က ကြောက်လို့လား”

ထိုစကားမှာ တိုးကြီး၏ သတ္တိကိုဆွပေးလိုက်သလိုဖြစ်သွားသည်။

“ကြောက်မလားဗျ၊ ကျုပ်နာမည်တိုးကြီးဗျ၊ ဘယ်ကောင့်ကိုမှမကြောက်ဘူး၊ မိုးချုပ်တော့မယ်ဆိုတာ ကျုပ်ဆိုက်ကားသိမ်းတာ နောက်ကျရင် အုံနာက ကျုပ်ကို ရစ်မှာစိုးလို့ဗျ”

“အေးပါဟယ်၊ ငါပိုပိုသာသာပေးပါ့မယ်ဟ၊ ငါ့မှာလည်း နင့်ဘဲခိုင်းစရာရှိလို့ပါ”

မိန်းမကြီးက ပြောပြောဆိုဆိုနှင့် ဆယ်တန်သုံးရွက်ကို ထိုးပေးလိုက်ရာ တိုးကြီးတစ်ယောက် လိုက်သင့်မလိုက်သင့် ဆုံးဖြတ်ရတော့သည်။ သုံးဆယ်ဆိုသည့် ငွေပမာဏမှာလည်း ထိုခေတ်က နည်းသည့်ငွေကြေးမဟုတ်ပေ။

“အင်း၊ ဒီကနေဆို သိပ်ဝေးတာမှမဟုတ်တာ၊ အပြန်ကျရင်လည်း မှော်ဘီဘက်ကနေ ထောက်ကြံ့ကိုလမ်းကြုံလေးဘာလေး တင်လို့ရတာပဲ”

ထိုသို့တွေးလိုက်ပြီးနောက် ဆယ်တန်သုံးရွက်အား လှမ်းယူလိုက်လေသည်။

“ပေးဗျာ၊ ပေးပေး၊ ကိုးလုံးကွင်းနားရောက်ရင် ရပြီမဟုတ်လား”

“အေးရတယ်၊ အဲဒီနားမှာ မြင့်စန်းလို့မေးလိုက်ရင် အားလုံးသိတယ်”

တိုးကြီးမှာ ဆွဲခြင်းကို ဆိုက်ကားဘေးထိုင်ခုံတွင်တင်လိုက်လေသည်။ ထိုအခါ ဆွဲခြင်းအတွင်းမှ အသားညှီနံ့ကိုရလိုက်မိသည်။ ဆွဲခြင်းအားကြည့်လိုက်ရာ ဆွဲခြင်းအောက်ဘက်တွင် အမဲသားတွဲတစ်တွဲ၊ ဝက်သားတွဲတစ်တွဲကို ဖက်နှင့်ပတ်လိပ်ထားသည်ကိုတွေ့လိုက်ရသည်။ ထိုခေတ်က ကြွပ်ကြွပ်အိတ်အသုံးမတွင်ကျယ်သေးသည်မို့ အသားငါးများကိုအတွဲလိုက်သယ်ယူကြကာ အင်ဖက်နှင့်ထုပ်လေ့ရှိသည်။

တိုးကြီးလည်း လေကလေးတချွန်ချွန်နှင့် ဆိုက်ကားကိုဆက်နင်းလာခဲ့သည်။ ကိုးဂိတ်ကိုဖြတ်သန်းပြီးသည့်အခါ ပတ်ဝန်းကျင်က အမှောင်ထုဖုံးလွှမ်းသွားပြီဖြစ်သည်။ ညနေ ခြောက်နာရီခွဲအချိန်ခန့်ဖြစ်မည်ထင်သည်။ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်တွင်လည်း လူနေအိမ်များခပ်ကျဲကျဲသာရှိကာ ရာဘာတောများက စိမ်းစိုအုံ့မှိုင်းနေလေသည်။

ထိုစဉ်က ရန်ကုန်ပြည်လမ်းမှာ ညအချိန်လူသွားလူလာရှင်းသည်။ ကားများမှာ ညနေခြောက်နာရီကျော်လျှင် အသွားအလာသိပ်မရှိတော့ပေ၊ ဟိုင်းဝေးသွားသည့် ဟီးနိုးကားကြီးများ၊ ကုန်တင်ကားများသာ ဖြတ်သန်းသွားလာတတ်သည်။ သို့သော် ကားဆက်မှာအလွန်ကျဲလှပေသည်။ တိုးကြိးဆိုက်ကားနင်းလာရင်း မိုးက တဖြောက်ဖြောက်နှင့် ရွာစပြုလာသည်မို့ ဝါးဖတ်ဖြင့်ပြုလုပ်ထားသည့် ဦးထုပ်ကိုဆောင်းလိုက်ကာ ခပ်မြန်မြန်လေးနင်းလိုက်သည်။ လမ်းမီးတိုင်များမှာ တစ်တိုင်နှင့်တစ်တိုင်အဆက်ကျဲကာ မီးတိုင်အတော်များများမှာလည်း အားအလွန်နည်းသဖြင့် မှိန်ဖျော့ဖျော့သာလင်းနေတော့သည်။

“ဂျိန်း”

မိုးတစ်ချက်ခြိမ်းလိုက်ပြီး လျှပ်တစ်ချက်ပြက်လိုက်သည့်အခါ အရှေ့တွင် ထန်းပင်ကြီးများနှင့် လမ်းကွေ့ကြီးတစ်ခုကိုမြင်လိုက်ရသည်။ ထန်းပင်ကြီးများမြင်လိုက်ရသည့်အခါ တိုးကြီးတစ်ယောက် ဘာရယ်မဟုတ်ဘဲ ကျောချမ်းသွားလေသည်။ စိတ်ထဲတွင်လည်း စနိုးစနောင့်ကြီးဖြစ်လာပြန်၏။

ထန်းပင်ကွေ့နေရာမှာ ကုန်းဆင်းကြီးဖြစ်သဖြင့် အရှိန်ဖြင့်ဆင်းရန်ပြင်ဆင်လိုက်ကာ အားကုန်နင်းမိနေသည်။ ထိုစဉ် လေအေးတစ်ချက်ကဝေ့ခနဲတိုက်သွားပြီးနောက် တိုးကြီးတစ်ယောက်ကျောရိုးများအတွင်းမှ စိမ့်နေအောင်ချမ်းလာမိသည်။ ကုန်းဆင်းကြီးအတိုင်း အရှိန်နှင့် နင်းဖြတ်လာလေရာ ထန်းပင်များကိုဖြတ်ကျော်ပြီး ညောင်ပင်ကြီးတစ်ပင်နားအရောက် နင်းနေသည့်ဆိုက်ကားမှာ တုန့်ခနဲရပ်တန့်သွားလေသည်။

ကုန်းဆင်းကြီးဖြစ်သည်မို့ အားစိုက်မနင်းလျင်ပင် အရှိန်ဖြင့်သွားလာနိုင်သည့် ဆိုက်ကားမှာ ယခုတော့ ဘီးသုံးဘီးလုံး တုန့်ခနဲရပ်သွားပြီး ရှေ့ဆက်တိုးမရဘဲဖြစ်သွားလေသည်။ တိုးကြီးမှာ မတ်တပ်ထရပ်ပြီး အားစိုက်နင်းသော်လည်း ဆိုက်ကားခြေနင်းပြားမှာ နင်းမရတော့သလို ဘီးများမှာလည်း အရှေ့သို့မလိမ့်တော့ပေ၊ ထိုအခိုက် တိုးကြီးနံဘေး ဆိုက်ကားခုံပေါ်တွင်တင်ထားသည့် ဆွဲခြင်းကြီးမှာ တဝုန်းဝုန်းနှင့်လှုပ်ခတ်နေလေသည်။

လျှပ်စီးတစ်ချက် လက်သွားသည့်အချိန်တွင် ထိုဆွဲခြင်းကြီးအား လက်ဖြူဖြူကြီးတစ်ဖက်က နှိုက်နေသည်ကိုမြင်တွေ့လိုက်ရသည်၊ တိုးကြီးမှာ ကြောက်စိတ်ထက်၊ ဒေါသစိတ်ဖြစ်သွားကာ ဆိုက်ကားဘားတန်းတွင် အသင့်ဆောင်ထားသည့် သံပိုက်လုံးအားလက်ဖြင့်စမ်းကာ ဖြုတ်ယူလိုက်သည်။ ဆိုက်ကားနင်းသူမို့ အရေးကြုံလျှင်အသုံးပြုနိုင်ရန်အတွက် နှစ်တောင်ခန့်ရှိသည့် သံပိုက်လုံးတစ်လုံးအား အမြဲဆောင်ထားသူဖြစ်ရာ ယခုလည်း ထိုလက်ကြီးအားတွေ့လိုက်ရသည့်အချိန်တွင် လက်တစ်ဖက်က သံပိုက်လုံးအားအသင့်ဖြုတ်လိုက်မိတော့သည်။

သံပိုက်လုံးဖြင့် ဆွဲခြင်းအားမွှေနှောက်နေသည့် လက်ကြီးကို အားကုန်လွှဲရိုက်ထည့်လိုက်သည်။ သို့သော် ထိုလက်ကြီးကိုရိုက်ရသည်မှာ သတ္တဝါတစ်ဦးကို ရိုက်ရသည်နှင့်မတူဘဲ သစ်ပင်ကြီးတစ်ခု၊ သစ်လုံးကြီးတစ်လုံးကို ရိုက်နှက်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီးနောက် အားဖြင့်လွှဲရိုက်သည့် တိုးကြီး၏လက်ပင် ရိုက်သည့်အရှိန်ကြောင့် အောင့််သွားရသည်။

“ဟေ့ကောင်၊ ပြန်ချ၊ မင်းလက်ကို ပြန်ချလိုက်စမ်း”

တိုးကြီးက ပါးစပ်မှဟစ်အော်ကာ ထိုလက်ကြီးအား သုံးလေးချက်ခန့် ဆက်လက်ထုရိုက်နေမိသည်။ ထိုအချိန် ဆိုက်ကားအနောက်ဘက်မှ ဝင်းလက်နေသည့် မျက်လုံးကြီးနှစ်လုံးကိုမြင်တွေ့လိုက်ရကာ ဆိုက်ကားမှာ ဝုန်းခနဲကျွမ်းပစ်ကာ ထောင်သွားလေသည်။ တိုးကြီးလည်း ဆိုက်ကားပေါ်မှ ကျွမ်းပစ်ကာ ပြုတ်ကျတော့၏။ ထိုသဘက်ကြီးမှာ တိုးကြီး၏ ဆိုက်ကားနောက်မြှီးကို ကိုင်မြှောက်ကာ မတင်လိုက်ခြင်းဖြစ်သည်။ တိုးကြီးတစ်ယောက် ကားလမ်းမပေါ် ပြုတ်ကျကာ ပြန်ကုန်းထလိုက်သည့်အခါ သူ့ဆိုက်ကားမှာ ဘီးများမိုးပေါ်ထောင်လျက် ပက်လက်လန်နေပြီဖြစ်သည်။ တိုးကြီးမှာ စဉ်းစားမနေတော့ဘဲ ခြေဦးတည့်ရာ သို့ထွက်ပြေးခဲ့ရာ ထောက်ကြံ့လမ်းဆုံသို့ ပြန်ရောက်မှန်းမသိရောက်သွားလေတော့သည်။

“ဟား၊ ဟား မင်းပြောတာ ဟုတ်ပါ့မလားတိုးကြီးရာ၊ ငါတော့ ယုံရခက်ခက်ပဲကွ”

တိုးကြီးစကားအား နားထောင်ပြီးသည့်အခါ ကိုဘသက်တစ်ယောက် ခွက်ထိုးခွက်လန်ရယ်မောလေတော့သည်။ တိုးကြီးမှာ အနည်းငယ်ဒေါသထွက်သွားပြီး

“မဟုတ်ပဲ ပြောပါ့မလားဗျ၊ ကျုပ်က ခင်ဗျားတို့ကို ဘာဖြစ်လို့လိမ်ပြောရမှာလဲ၊ ကျုပ်ကိုယ်တိုင်တွေ့ခဲ့တော့မှ ကျုပ်လည်းယုံသွားတာ”

ကိုဘသက်က မယုံသော်လည်း ငပွားကတော့ ယုံကြည်သွားသည်။

“ဟုတ်တယ် ကိုဘသက်၊ အဲဒီကွေ့က တကယ်ကြမ်းတာ၊ တိုးကြီးမပြောနဲ့ ထောက်ကြံ့ကဆိုက်ကားသမားတွေရော၊ မှော်ဘီက ဆိုက်ကားသမားတွေရော အဲဒီထန်းပင်ကွေ့က ညောင်ပင်ကြီးအနားကို ညနေမိုးချုပ်ဆိုရင် မဖြတ်ရဲဘူးဗျ၊ အစားအသောက်တွေ၊ အသားစိမ်းငါးစိမ်းတွေ ပါရင် ပိုတောင်ဆိုးတာပေါ့ဗျာ”

ထိုအခိုက် ဆိုင်ရှင်ဦးကြီးမှာ ဘီအီးတစ်လုံးနှင့် ဖန်ခွက်တစ်ခွက်ကို လာချလေသည်။ မကြာခင်မှာပင် အငွေ့တထောင်းထောင်းထနေသည့် ကြက်ဂွေးတောက်ဟင်းရည်ကို လာချပေးသည်။ ဗမာကြက်ခြေထောက်၊ ကြက်ခေါင်းများကို အသေအချာပြုတ်ထားသည့် ကြက်ပြုတ်ရည်အတွင်းသို့ ဂွှေးတောက်ရွက်ကလေးများ ပါးပါးလှီးထားသည်ကို ခပ်လာပေးသည်။ ငုံးဥတစ်လုံးကိုလည်း စွပ်ပြုတ်ရည်အတွင်းသို့ ဖောက်ထည့်ထားကာ ငရုတ်ကောင်းပါးပါးဖြူးထားသဖြင့် မွှေးကြိုင်နေလေတော့သည်။

ကိုဘသက်မှာ စွပ်ပြုတ်ရည်ကို တစ်ဇွန်းခပ်သောက်ပြီးနောက်

“ကောင်းလိုက်တာကွာ၊ ခံတွင်းကိုရှင်းသွားတာပဲ”

“ကိုဘသက်၊ အမြည်းက ဒါပဲလားဗျ”

“ဘယ်ဟုတ်ပါ့မလဲကွာ၊ ဟေ့ မင်းတို့ဆိုင်မှာ အမဲကြွပ်ကြော်ရသေးလား”

“ရတာပေါ့ ကိုဘသက်ရာ”

“အေး၊ အဲဒါလေးတစ်ပွဲလောက်ချစမ်းပါကွာ၊ မင်းတို့ဆိုင်က အမဲကြွပ်ကြော်က ဟောဒီထောက်ကြန့်တစ်ခွင်လုံးက အမဲကြွပ်ကြော်တွေထက် အများကြီးသာတယ်ကွ”

ဆိုင်ရှင်ဦးကြီး ပြန်ထွက်သွားတော့မှ ငပွားက စကားဆက်သည်။

“ကျုပ်လည်း အဲဒီကွေ့အကြောင်းတွေ ကြားဖူးတယ်၊ အဲဒီကွေ့မှာ သိုက်တွေလည်းရှိတယ်ဆိုပဲဗျ၊ သိုက်နန်းရှင်တွေ ဘာတွေ တွေ့ရတတ်တယ်ဆိုပဲ”

နဂိုကတည်းကမှ အယုံအကြည်မရှိသည့် ကိုဘသက်က ငွေပွားအား မျက်မှောင်ကြုတ်ကာ ကြည့်ရင်း

“လာပြန်ပြီကွာ၊ ဘာသိုက်ရှိတာလဲကွ၊ ပုရွက်ဆိတ်သိုက်လား၊ ဟား၊ ဟား”

“အိုဗျာ၊ သိုက်ပါဆိုနေမှ ဘာသိုက်လဲဆိုတာ ကျုပ်သိမလားဗျ၊ တွေ့ဖူးတာကတော့ ကျုပ်ဘကြီးကိုယ်တိုင်တွေ့ဖူးတာဗျ”

“ဟေ၊ ပြောစမ်းပါအုံးကွာ”

ကိုဘသက်က မြှောက်ပေးလိုက်သည်မို့ ငပွားတစ်ယောက် အရက်ခွက်ကိုမော့သောက်လိုက်ကာ

“အဲဒါကတော့ ဆောင်းတွင်းကြီးပဲဗျ”

(၃)

ထိုစဉ်က ပြည်လမ်းမကြီးမှာ ကားအသုံးပြုသူနည်းပါးလှသည်။ မှော်ဘီနှင့် ထောက်ကြံ့ကြားတွင် ခြံစိုက်၊ ယာစိုက်သူ တောင်သူများရှိကြသည်။ ထိုတောင်သူများမှာ မိမိတို့၏ ယာထွက်ကုန်များအား ထောက်ကြံ့ဈေးသို့ သွားရောက်ရောင်းချကြလေ့ရှိသည်။ မနက်ခင်းဈေးမီရန်အတွက် မနက်စောစောထကာ တောင်းကြီးများကိုရွက်ပြီး ထောက်ကြံ့သို့လမ်းလျှောက်ကာ ဈေးရောင်းထွက်ကြသည်။

ဈေးသည်မိန်းမကြီးတစ်ယောက်နှင့် ဆယ်နှစ်အရွယ်ခန့်ရှိ ကောင်လေးတစ်ယောက်တို့မှာ မှော်ဘီမြို့ဘက်မှနေ၍ ထောက်ကြံ့ှဆီသို့ ပြည်လမ်းမကြီးအတိုင်း ဦးတည်ကာလမ်းလျှောက်လာကြလေသည်။ မနက်ခင်း ဝေလီဝေလင်းအချိန်မို့ နှင်းမကွဲသေးဘဲ ကားလမ်းဝန်းကျင်တစ်ခွင်တွင် မြူထူများကျဆင်းနေလေသည်။

သားအမိနှစ်ယောက် စကားတပြောပြောနှင့် လမ်းလျှောက်လာရင်း ထိုညောင်ပင်ကြီးအနီးသို့ရောက်လာခဲ့လေသည်။ ဘေးပတ်ဝန်းကျင်တွင် ရာဘာတောကြီးများရှိသဖြင့် အုပ်မှိုင်းနေကာ အလင်းရောင်ကောင်းစွာမရသေးပေ၊ ဆယ်နှစ်သားအရွယ်ကောင်လေးထံတွင် လက်နှိပ်ဓါတ်မီးတစ်လက်ပါလာသော်လည်း ဓါတ်ခဲအားကုန်မည်စိုး၍ အချိန်ပြည့်ထွန်းမထားဘဲ တစ်ချက်တစ်ချက်သာ ထွန်းဖွင့်လျက် သားအမိနှစ်ယောက် လမ်းလျှောက်လာကြခြင်းဖြစ်သည်။ လမ်းကွေ့မရောက်မီအချိန်တွင် နွားလှည်းသံများကိုကြားရသည်။ နွားလှည်းသွားလာနေသည့်အသံများ၊ နွားများကို ငေါက်ငမ်းကြိမ်းမောင်းနေသည့်အသံကို ကြားလိုက်ရခြင်းဖြစ်သည်။

“အမေရေ၊ နွားလှည်းသံကြားတယ်ဗျ၊ ဧကန္တထောက်ကြံ့ကိုသွားနေတဲ့ လှည်းဖြစ်မယ်၊ သားတို့လှည်းကြုံလိုက်လို့ရမယ်ထင်တယ်”

ထိုခေတ်က မှော်ဘီမှ ဆန်ကြိတ်သူများ၊ ဈေးဝယ်ထွက်သူများမှာ နွားလှည်းများဖြင့် သွားလာတတ်သည်ဖြစ်ရာ ကောင်လေးမှာ လှည်းကြုံလိုက်ချင်ပုံရလေသည်။ အမေဖြစ်သူက ဈေးတောင်းခေါင်းရွက်ထားရင်း လမ်းမကိုတစ်ချက်ကြည့်လျှက်

“ဟဲ့သား၊ ဒီအသံတွေက မရိုးဘူး၊ နွားလှည်းဆိုရင်လည်း တစ်လှည်းနှစ်လှည်းပေါ့၊ အခုဟာက လှည်းအတန်းလိုက်ကြီးသွားနေတဲ့ပုံပဲ၊ ခလောက်သံတွေ ခြူသံတွေဆိုရင်လည်း ညံနေတာပဲသားရဲ့”

မိခင်ပြောမှ ထိုကောင်လေးမှာ နားစွင့်လျှက်သေချာနားထောင်လိုက်မိသည်။ ဟုတ်သည်။ နွားလှည်းမှာ တစ်စင်းတည်းဖြစ်ပုံမရ၊ ဆယ့်လေးငါးစင်း တစ်ပြိုင်နက်တည်း သွားလာနေသည့်အသံများဖြစ်သည်။ လှည်းသံများကြားထဲတွင် လူများစကားပြောဆိုနေသံကိုလည်း ကြားရလေသည်။ သားအမိနှစ်ယောက် ထိုအသံများကို နားစွင့်ကာ ဆက်လျှောက်သွားကြရင်း လမ်းကွေ့အရောက်တွင် အသံများကပိုမိုဆူညံလာသည်။ သို့သော် ဖြောင့်ဖြူးလှသည့် ကားလမ်းမကြီးတစ်ခွင်တွင် နွားလှည်းမပြောနှင့် လူရိပ်လူခြေပင်မတွေ့ရ၊ သို့သော် အသံများကတော့ အတိုင်းသားကြားနေရသည်။

“ဟဲ့သား၊ လမ်းပေါ်ကိုဓါတ်မီးနဲ့ထိုးကြည့်စမ်း”

မိခင်ပြောသဖြင့် လမ်းမပေါ်ကို ဓါတ်မီးနှင့်ထိုးကြည့်လိုက်ရာ လက်မခန့်အရွယ်ရှိ ဖြူဖြူရွရွအကောင်ကလေးများမှာ အုံလိုက်ကျင်းလိုက် ကားလမ်းမကြီးကိုဖြတ်သန်းကာ သွားလာနေကြသည်။ ထိုအကောင်မျိုးကို သူတို့တစ်သက် တစ်ခါမှမမြင်ဖူးခဲ့ပေ၊ မည်သည့်အကောင်မျိုးဖြစ်သည်ဆိုသည်ကိုလည်း မခန့်မှန်းနိုင်ပေ၊ ထိုအကောင်များမှာ အကောင်ရေ ထောင်နှင့်ချီရှိမည်ထင်ရပြီး ကားလမ်းမကြီးကို လျှင်မြန်စွာဖြတ်ကူးနေလေသည်။ လှည်းသံ၊ နွားသံ၊ စကားပြောသံများမှာလည်း ထိုအကောင်လေးများထံမှ ကြားနေရခြင်းဖြစ်သည်။

အကောင်လေးများမှာ တစ်ဖက်ရာဘာတောကြီးအတွင်းမှ ထွက်လာကြကာ၊ ကားလမ်းမတစ်ဖက်ခြမ်း ရာဘာတောကြီးအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေသည်။ စုစုပေါင်း အချိန်ငါးမိနစ်ခန့်ပင် မကြာလိုက်ပေ၊ ထိုတော့မှ မိခင်ဖြစ်သူက သားအားလက်ဆွဲပြီး အပြေးတစ်ပိုင်းဖြင့် သုတ်ခြေတင်လာခဲ့ကြသည်။ ထောက်ကြံ့ရောက်ခါနီးမှ သားအမိနှစ်ယောက် အုတ်ခုံတစ်ခုတွင်ထိုင်ကာ အမောဖြေနေကြရလေသည်။

“အမေရေ၊ သားတို့ခုနက တွေ့ခဲ့တာ ဘာတွေလဲအမေရ”

“အမေကြားဖူးတာကတော့ အဲဒါသိုက်နန်းရှင်တွေပဲသားရဲ့၊ သူတို့က ပိုးကောင်မွှားကောင်ပုံစံလေးတွေဆိုပေမယ့် လှည်းသံ၊ လူသံတွေထွက်နေတာ ထူးဆန်းတယ်မဟုတ်လား၊ အရင်ရှေးလူကြီးတွေပြောခဲ့တာကလည်း ဒီအနီးအနားမှာ သိုက်တွေရှိတယ်လို့ ပြောဖူးတယ်ဆိုတော့ အမေ့အထင်ကတော့ သိုက်နန်းရှင်တွေ၊ သိုက်ရွေ့တာ၊ သိုက်ပြောင်းတာ ဖြစ်ချင်ဖြစ်မှာသားရဲ့”

“အဖြစ်ကတော့ အဲဒါပါပဲဗျာ၊ အဲဒီကလေးက ကျုပ်ဘကြီးပဲဗျ၊ သူကိုယ်တိုင်မြင်ခဲ့တာ”

အယုံအကြည်မရှိသည့် ကိုဘသက်မှာ ရယ်လျှက်

“မင်းပြောတာ ပိုပြီးယုတ္တိမရှိတော့ဘူး ငပွားရေ၊ မင်းဘကြီးက သိုက်သမိုင်းကားတွေ များများကြည့်ထားပုံရတယ်ကွ”

ငပွားစကားကို ကိုဘသက်ကမယုံသော်လည်း တိုးကြီးက ခေါင်းညိတ်လျှက်

“ဖြစ်နိုင်တယ်ကွ၊ သိုက်နန်းရှင်လား၊ ဘာလားတော့မသိဘူး၊ အဲဒီကွေ့နားမှာ မိန်းကလေးတွေက ဆိုက်ကားတွေ၊ ကားတွေ တားစီးတတ်တယ်တဲ့ကွ၊ မင်းဗိုက်ပူကားမောင်းတဲ့ ကိုဝင်းမောင်ကြီးကိုသိတယ်မဟုတ်လားကွ”

“သိတော့သိတယ်၊ တိုက်ကြီးနဲ့ ထောက်ကြံ့နဲ့ကို လိုင်းကားဆွဲမောင်းနေတဲ့သူမဟုတ်လား”

“အေးကွ၊ အရင်က သူလိုင်းကားမမောင်းဘူး၊ သူက ကုန်တင်ဒေါ့ဂျစ်မောင်းတာကွ၊ ရန်ကုန်နဲ့ပြည်နဲ့ကို အစုန်အဆန်ကားမောင်းတယ်ပေါ့ကွာ၊ တစ်ရက်တော့ ထောက်ကြံ့ကိုစပါးလာချပြီးတော့ ပြည်ကိုခါလီကြီးအပြန်မှာ ညကလည်း မှောင်နေပြီဆိုပဲကွ”

ပြောရင်းဆိုရင်း တိုးကြီးမှာ အရက်တစ်ကျိုက်မော့လိုက်ပြီးနောက် ခွီးခနဲမြိုချလိုက်ရင်း

“အဲဒါ အဲဒီလမ်းကွေ့နားရောက်တော့ မိန်းကလေးတစ်ယောက်က ကားကိုတားတယ်ဆိုပဲကွ၊ ညမိုးချုပ်ကြီးကျမှ မိန်းကလေးကလည်း တားတယ်ဆိုတော့ ကိုဝင်းမောင်က ညည့်ငှက်ကလေးတွေထင်ပြီး ကားပေါ်ကောက်တင်သွားတာပေါ့ကွာ၊ သူကလည်း နည်းနည်းပါးပါးရှုပ်တယ်မဟုတ်လားကွ”

“ဟုတ်တာပေါ့ဗျာ၊ ဒါနဲ့ဆက်ပြောပါအုံး”

“မိန်းကလေးက ခေါင်းကိုငုံ့ထားတယ်တဲ့ကွ၊ ကိုဝင်းမောင်က ကားမောင်းရင်း အဲဒီမိန်းကလေးကို ရိသဲ့သဲ့တွေပြောရင်း ပါးစပ်အရသာခံပြီး မောင်းလာတာတဲ့ကွာ၊ မိန်းကလေးက ဘာမှလည်းပြန်မပြောဘဲ ခေါင်းပဲငုံ့နေတာဆိုပဲ၊ ကားမောင်းနေရင်း မှော်ဘီလောက်ရောက်တော့ ဒီမိန်းကလေးရဲ့ပေါင်ကို လက်နဲ့ကိုင်လိုက်တဲ့အခါ သူ့ပေါင်က လူနဲ့မတူဘဲ ရေခဲတုံးကြီးလို အေးစက်နေတာပဲတဲ့ကွာ၊ ကိုဝင်းမောင်လည်း ကြောက်ကြောက်နဲ့ ကားအထဲကမီးလုံးကိုဖွင့်ပြီး သေချာကြည့်လိုက်တော့မှ ဒီမိန်းကလေးရဲ့မျက်နှာမှာ နှာခေါင်းတွေ၊ ပါးစပ်တွေ မပါဘူးတဲ့ကွ”

“ဟာကွာ၊ ကြောက်စရာကောင်းလိုက်တာ၊ နားထောင်ရင်း ကြက်သီးတောင်ထလာပြီ”

“ဒါတင်ဘယ်ကမလဲ၊ ကိုဝင်းမောင်က ကြောက်သွားတော့ ဒီမိန်းကလေးက သူ့ကိုခုန်အုပ်ပြီး သူ့လည်ပင်းကို အတင်းညှစ်တာပဲတဲ့ဟေ့၊ ကိုဝင်းမောင်လည်း အားကုန်ရုန်းပြီးတော့ ကားတံခါးဖွင့်ပြီး ခုန်ချပြေးတာ ဖိနပ်တောင်မပါဘူးတဲ့ကွာ၊ ဒီလူကံကောင်းလို့မသေတာ၊ အဲဒီနောက်ပိုင်းကတည်းက ညဘက်ဆိုအဲဒီနေရာကနေ ကားဖြတ်မမောင်းရဲတော့ဘူးကွ”

“ဟုတ်ပါ့ကွာ၊ ငါသာဆိုရင်လည်း ကြောက်မှာပဲကွ”

ထိုအခါ ကိုဘသက်က စားပွဲခုံကို ဝုန်းခနဲထုထည့်လိုက်သဖြင့် တစ်ဆိုင်လုံးငြိမ်ကျသွားကာ ကိုဘသက်ကိုဝိုင်းကြည့်နေကြလေသည်။

“ဟေ့ကောင်၊ မင်းတို့ကောင်တွေက ငကြောက်တွေပဲကွ၊ တစ္ဆေသရဲကိုများ ကြောက်ရတယ်လို့ကွာ၊ ဒီမှာ ငါကအဲဒီလမ်းကနေ ညတိုင်းဖြတ်နေတဲ့ကောင်ကွ၊ မင်းတို့ပြောတဲ့သရဲဆိုလား သဘက်ဆိုလား အဲဒီကောင်ကို တစ်ခါမှကိုမတွေ့ဖူးဘူးကွာ”

“ဟာ၊ ဒါကတော့ ကိုဘသက်က တမင်ကပ်ပြောတာပဲဗျ”

“ဟုတ်တယ်ကိုဘသက်၊ ကိုဘသက်မယုံဘူးဆိုရင် အမဲသားဆွဲပြီး အဲဒီလမ်းကနေ ဖြတ်ကြည့်လိုက်စမ်းဗျာ”

“ဟား၊ ဟား မင်းတို့က ငါ့ကိုစိန်လာခေါ်နေကြတယ်ပေါ့ဟုတ်လား၊ ငါ့နာမည်ဘသက်ပါကွ၊ ဝါးနက်ချောင်းမှာ ဘသက်ဆိုရင် မသိတဲ့လူမရှိဘူး၊ ဟေ့ ဆိုင်ရှင် . . . ဆိုင်ရှင်”

ဆိုင်ရှင်ဦးကြီးက ကိုဘသက်အနီးသို့ရောက်လာခဲ့သည်။

“မင်းတို့ဆိုင်မှာ အမဲသားအစိမ်းရှိသလားကွ”

“အစိမ်းတော့မရှိဘူး၊ ကြော်ပြီးသားပဲရှိတယ်”

“အေး၊ အဲဒါဆိုရင်လည်း အမဲကြော်ငါးကျပ်ဖိုး ငါ့အတွက်ထုပ်ပေးစမ်းကွာ၊ ဒီလောက်တောင်ဖြစ်တဲ့ကောင်တွေ၊ မင်းတို့ပြောတဲ့အဲဒီလမ်းကနေ ငါအမဲကြော်ထုပ်ကိုင်ပြီး ဖြတ်ပြမယ်ကွ”

“ကိုဘသက်၊ ခင်ဗျား သရဲကိုမယုံဘူးဆိုတိုင်း လျှောက်မလုပ်နဲ့နော်ဗျ”

“နေစမ်းပါကွာ၊ ဟောဒီမှာတွေ့လား ဓါးမြှောင်၊ ဘသက်ကို သရဲဖြစ်ဖြစ်လူဖြစ်ဖြစ် လာစမ်းလို့မရဘူးကွ၊ ငါဓါးနဲ့တွေ့ရင် မင်းတို့သရဲ အူပွင့်ထွက်သွားမယ်ကွ၊ ဘာမှတ်နေလဲ”

ဘသက်မှာ အာပေါင်အာရင်းသန်သန်နှင့်ပြောဆိုနေသည်ကို ဆိုင်ထဲမှလူများက ကြည့်ကာ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြလေသည်။ တိုးကြီးမှာ သက်ပြင်းတစ်ချက်ချလျှက်

“တားမရဘူးဆိုရင်လည်း လုပ်ပေါ့ကိုဘသက်ရာ”

“ဟေဟေ့၊ ငါအဲဒီကနေဖြတ်ပြီး ဘာမှမဖြစ်ရင် မင်းတို့ဘာပေးမလဲကွ”

တိုးကြီးနှင့် ငပွားမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြရင်း

“ကဲဗျာ၊ ကိုဘသက်က စိန်ခေါ်နေမှတော့ မထူးပါဘူး၊ ကိုဘသက် အမဲကြော်ဆွဲပြီးဖြတ်သွားလို့ ဘာမှမဖြစ်ဘူးဆိုရင် နောက်နေ့ကျုပ်တို့နှစ်ယောက်က ကိုဘသက်ကို အရက်အဝတိုက်မယ်ဗျာ၊ ဟုတ်ပြီလား”

“ဟား၊ ငါကလည်း ဒါမျိုးမှကြိုက်တာကွ၊ သရဲရေ မင်းကျေးဇူးနဲ့ ငါတော့ မနက်ဖြန်အရက်အဝသောက်ရမှာ မြင်ယောင်သေးတယ်ကွ၊ ဟေး ဟေး”

ဆိုင်ရှင်က အမဲကြော်လေးငါးတုံးကို ဆီစိမ်စက္ကူနှင့်ထုပ်ကာ သင်အူကြိုးဖြင့် ချည်နှောင်၍ အတွဲကလေးလုပ်ပေးလိုက်သည်။ ကိုဘသက်မှာ ကျသင့်ငွေရှင်းပေးပြီးနောက် လက်တစ်ဖက်က ဘီအီးအရက်ပုလင်းတစ်လုံးဆွဲလျှက် အခြားလက်တစ်ဖက်က အမဲကြော်ထုပ်ကိုကိုင်ဆွဲကာ ဆိုင်အတွင်းမှ ထွက်လာခဲ့လေတော့သည်။

(၄)

လပြည့်နီးပြီမို့ ထိုနေ့က လရောင်က ဝင်းဝင်းပပသာနေလေသည်။ အချိန်က ခန့်မှန်းခြေ ညရှစ်နာရီခန့်ရှိခဲ့ပြီဖြစ်သည်။ လူနေအိမ်များကိုဖြတ်သန်းလာပြီးသည့်နောက် မြို့အစွန်အဖျားရောက်လာလေသည်။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ လူနေအိမ်များက တဖြည်းဖြည်းကျဲပါးသည်ထက် ကျဲပါးသွားပြီးနောက် သစ်တောကြီးများနှင့် ခြံဝန်းကျယ်ကြီးများသာ ကျန်ရှိနေလေတော့သည်။

ကိုဘသက်မှာ ဓါးမြှောင်တစ်လက်ကိုခါးကြားထိုးကာ သီချင်းတစ်ပုဒ်ကို ဟစ်အော်သီဆိုရင်း ကားလမ်းအတိုင်းလှမ်းလျှောက်လာခဲ့သည်။ လက်ထဲမှအရက်ပုလင်းကိုလည်း မော့ကာ မော့ကာ သောက်ရင်း အရက်တစ်ပိုင်းကျိုးခဲ့ခြေပြီ၊ ဆိုင်တွင်လည်း အရက်တစ်လုံးနီးပါးသောက်ခဲ့သည်မို့ ကိုဘသက်တစ်ယောက် ရေချိန်အတော်ကိုက်နေပြီဖြစ်သည်။

မကြာခင် လရောင်အောက်တွင် ထန်းပင်ကြီးများကို လှမ်းတွေ့လိုက်ရသည်။ လမ်းကွေ့ကြီးမှာ ကုန်းဆင်းဖြစ်သဖြင့် ဖြူးနေအောင်မြင်ရသည်။ ကိုဘသိုက်က အရက်ပုလင်းကိုမော့လိုက်ရင်း

“လာစမ်း၊ ဘယ်မလဲသရဲ၊ မင်းလာစမ်း”

ပါးစပ်မှ အော်ရင်း ကုန်းဆင်းအတိုင်းဆင်းလာခဲ့သည်။ သို့သော် လမ်းတစ်လျှောက် တိုးကြီးနှင့် ငပွားတို့ပြောသည့် သရဲကို အရိပ်အယောင်ပင်မမြင်ရပေ၊ ညောင်ပင်ကြီးအနားရောက်လာသည့်အခါ ညောင်ပင်ကြီးကိုတစ်ချက်မော့ကြည့်လိုက်မိသည်။ အကိုင်းအခက်များဝေေ၀ဆာဆာနှင့်ပေါက်ရောက်နေသည့် ညောင်ပင်ကြီးမှာ ကြီးမားလွန်းလှသည်။

“အလကားပါကွာ၊ ဒီကောင်တွေ မဟုတ်တမ်းတရားတွေကို အရသာခံပြီးပြောနေကြတာ၊ ဘာသရဲမှမရှိပါဘူး”

စိတ်ထဲမှရေရွတ်လိုက်ပြီးနောက် လမ်းဆက်လျှောက်ရန်ပြင်လိုက်သေးသည်။ သို့သော်လည်း စိတ်ထဲတွင် သရဲအားစိန်ခေါ်ချင်လာသဖြင့်

“ဟေ့ကောင်၊ သဘက်ဆိုတဲ့ကောင်၊ ဆင်းလာခဲ့လေကွာ၊ ဟောဒီမှာ မင်းကြိုက်တဲ့ အမဲကြော်လည်းပါတယ်ကွ၊ လာစမ်းပါ၊ လာယူလေကွ၊ ဟား၊ ဟား”

ကိုဘသက်မှာ လက်ထဲမှ အမဲကြော်ထုပ်အား ကိုင်မြှောက်ပြလိုက်သေးသည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ လမ်းလျှောက်လာသည့်အခါတွင် ဘုတ်ခနဲသစ်ပင်ပေါ်မှ ပြုတ်ကျလာသံကိုကြားလိုက်ရသည်။ ပြုတ်ကျသံက လူတစ်ယောက်ကျသည်နှင့်မတူဘဲ အိတ်ကြီးတစ်အိတ်ကျသကဲ့သို့ အသံကြီးဖြစ်နေလေသည်။ ကိုဘသက်လည်း ဘာရယ်မဟုတ် အနောက်သို့လှည့်ကြည့်လိုက်သည့်အခါ ညောင်ပင်အောက်တွင် လေးဖက်ထောက်လျှက် အကောင်ကြီးတစ်ကောင်ကို ကုန်းကုန်းကြီးတွေ့လိုက်ရသည်။

အကောင်ကြီးမှာ အခြားသရဲများကဲ့သို့မဟုတ်ဘဲ တစ်ကိုယ်လုံးဆင်စွယ်ရောင်ဖြူဖွေးနေလေသည်။ မျက်လုံးကြီးများမှာ ဝင်းလက်နေပြန်သည်။ ထိုသဘက်ကြီးကိုတွေ့လိုက်တော့မှ ကိုဘသက်တစ်ယောက် ကျောထဲစိမ့်တက်လာကာ ကြက်သီးများထလာလေသည်။

“မင်းလားကွ သဘက်ဆိုတာ”

ကိုဘသက်က ခါးကြားမှ ဓါးမြှောင်ကိုဆွဲထုတ်လိုက်သည်။ ထိုအခါ သဘက်ကြီးက မတ်တပ်ထလိုက်ရာ အလွန်ရှည်လျားသည့် အရပ်ကြီးရှိပြီး လက်တံခြေတံကြီးများကလည်း ထန်းပင်လုံးကဲ့သို့ ရှည်မြောမြောကြီးဖြစ်သည်။ ကိုဘသက်ဆီသို့ လက်လှမ်းလာပြီးနောက် လက်ထဲမှ အမဲကြော်ထုပ်ကို ဝုန်းခနဲဆွဲလုယူသည်။ ကိုဘသက်ကလည်း လက်ထဲမှ ဓါးမြှောင်ဖြင့် သဘက်ကြီး၏လက်ကို အားကုန်ထိုးစိုက်ချသော်လည်း သဘက်ကြီးအားမထိုးမိဘဲ လေကိုသာထိုးမိသကဲ့သို့ရှိသည်။

တိုက်ခိုက်၍မရသည့်အခါ ကိုဘသက်တစ်ယောက် ကြောက်လန့်စိတ်ဝင်လာမိသည်။ သို့နှင့် လက်ထဲမှအရက်ပုလင်းနှင့် ဓါးကိုပစ်ချလိုက်ကာ ခြေကုန်သုတ်ပြေးတော့သည်။ ထိုစဉ်မှာပင် သဘက်ကြီး၏ လက်ဝါးက သူ၏ ကျောပြင်ပေါ်သို့ကျပြီး ဝုန်းခနဲအသံကြီးမြည်ကာ ကိုဘသက်လည်း အရှေ့သို့ ကျွမ်းပစ်လိမ့်ကျသွားတော့၏။ မြေပေါ်မှ ဖုတ်ဖတ်ခါထပြီးသည့်အခါ မှော်ဘီဘက်သို့ တစ်ချိုးတည်းပြေးလေတော့သည်။

အလောင်းအစားပြုလုပ်ထားပြီး ကိုဘသက်တစ်ယောက် သုံးလေးရက်ခန့် ပေါ်မလာသည့်အခါ တိုးကြီးနှင့် ငပွားတို့မှာ အလွန်စိတ်ပူပန်သွားကြပြီး ကိုဘသက်နေထိုင်သည့် ဝါးနက်ချောင်းကျေးရွာကလေးဆီသို့ မေးစမ်းကာ လိုက်လာကြသည်။ ထိုစဉ်က ဝါးနက်ချောင်းရွာကလေးမှာ အတော်အတန်ခေါင်သည်။ တစ်အိမ်နှင့်တစ်အိမ်မှာလည်း အလွန်အလှမ်းဝေးသည်။ အများစုမှာ ခြံဝန်းကျယ်ကြီးများဖြစ်သည်။ ခြံအကျယ်ကြီးတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့သည့်အခါ ခြံအလယ်တွင် မြေစိုက်တဲကလေးတစ်လုံးကိုတွေ့ရသည်။ ရွာခံတစ်ယောက်က ထိုတဲမှာ ကိုဘသက်အိမ်ဖြစ်သည်ဟု ဆိုသဖြင့် တဲဆီသို့ ဦးတည်လာကြသည်။

“ကိုဘသက်၊ ကိုဘသက်ရှိပါသလား”

“ရှိပါတယ်ရှင့်၊ ဝင်ခဲ့ပါ”

မိန်းကလေးတစ်ယောက်အသံကြားလိုက်ရသဖြင့် တိုးကြီးနှင့် ငပွားတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြရင်း တဲအိမ်အတွင်းသို့ဝင်လာခဲ့ကြသည်။ ထိုအချိန် တဲခေါင်းရင်းတစ်နေရာတွင် စောင်ကြီးခေါင်းမြီးခြုံလျက် တုန်တုန်ယင်ယင်ဖြစ်နေသည့် ကိုဘသက်ကိုတွေ့လိုက်ရသည်။ မိန်းကလေးက ကိုဘသက်၏ ညီမဖြစ်မည်ထင်သည်။

“ဟာ၊ ကိုဘသက်၊ ဘယ်လိုဖြစ်တာလဲဗျာ”

ကိုဘသက်မှာ တိုးကြီးနှင့်ငပွားအား ပြူးကြောင်ကြောင်နှင့်စိုက်ကြည့်နေလေသည်။ ဘသက်ညီမက သူတို့အနီးတွင်ထိုင်လိုက်ပြီး

“ဘာဖြစ်တယ်ဆိုတာ ရှင်တို့တကယ်မသိဘူးလား”

တိုးကြီးတို့ ခေါင်းခါလိုက်သည့်အခါ

“ကိုဘသက်ကို ထန်းပင်ကွေ့က သဘက်ကြီးက ရိုက်ထည့်လိုက်တာ အခုလိုဖြစ်သွားတော့တာပါပဲရှင်၊ သူ့ကျောမှာလည်း လက်ဝါးရာကြီးရှိသေးတယ်”

ကိုဘသက်မှာ ကြောင်တောင်တောင်နှင့်ဖြစ်နေလေသည်။ မိန်းကလေးက ကိုဘသက်ခြုံထားသည့် စောင်ကြီးကိုဆွဲဖယ်လိုက်ပြီး ကျောပြင်ကိုလှန်ပြလိုက်သည့်အခါ ညိုပုပ်ပုပ်ဖြစ်နေသည့် လက်ဝါးရာကြီးကိုတွေ့မြင်လိုက်ကြရသည်။

“ဟာ၊ လက်ဝါးရာကြီးက နည်းတာကြီးမဟုတ်ဘူးဗျာ၊ ကျောလုံးအပြည့်ပဲ”

“ဟုတ်ပါတယ်၊ အခုတော့ ရွာထဲက ဗိန္ဓောဆရာကြီးနဲ့ ကုသပေးနေပါတယ်”

“အေးဗျာ၊ ကိုဘသက်ဒီလိုဖြစ်မယ်လို့ ကျုပ်တို့ထင်ကိုမထင်ထားဘူး”

တိုးကြီးနှင့်ငပွားမှာ သူတို့အိတ်ကပ်ထဲမှ ငွေနှစ်ဆယ်ဆီထုတ်လိုက်ကြကာ ဘသက်၏ ညီမအားပေးလိုက်ကြသည်။ ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်လခန့်ကြာသည့်အခါမှသာ ကိုဘသက်တစ်ယောက် တစ်ရက်ပျော် အရက်ဆိုင်သို့ ရောက်ချလာလေသည်။ သူတွေ့ကြုံခဲ့သည့် အဖြစ်အပျက်များကို ဆိုင်တွင်အာပေါင်အာရင်းသန်သန်နှင့် ပြောဆိုလေရာ ဆိုင်မှလူများက အံ့သြဘနန်းဖြစ်ကြရသည်။

ညနေငါးနာရီခန့်တွင်ပင် ကိုဘသက်တစ်ယောက် ဆိုင်မှပြန်ရင်ပြင်ဆင်နေသည့်အခါ တိုးကြီးက

“ဗျို့ ကိုဘသက်၊ ပြန်တော့မလို့လားဗျ”

“အေးကွာ၊ ငါးနာရီဆိုတော့ မှော်ဘီကိုထွက်မယ့် နောက်ဆုံးကားမီသေးတယ်ကွ၊ ငါအဲဒီကားနဲ့ပြန်မယ်”

“အေးအေးဆေးဆေးနေပါအုံးဗျ၊ အရင်ကလည်း ညရောက်မှ လမ်းလျှောက်ပြန်တာမဟုတ်လား”

ငပွားပြောလိုက်သည့်အခါ ကိုဘသက်က ပြုံးဖြီးဖြီးနှင့်

“ငါဘယ်သူ့ကိုမှတော့မကြောက်ဘူးကွ၊ ဒါပေမယ့် အဲဒီထန်းပင်ကွေ့က သဘက်ကြီးကိုတော့ ကြောက်တယ်ဟေ့၊ ကြောက်သွားပြီကွ”

ဟုပြောဆိုကာ ဆိုင်အတွင်းမှ သုတ်ခြေတင်လျက် ထွက်ခွာသွားလေတော့သည်။

ပြီးပါပြီ။

#အဂ္ဂဇော် #သရဲ #ဖြစ်ရပ်မှန်

Zawgyi Version

” ထန္းပင္ေကြ႕က သဘက္ႀကီး ”(စဆုံး)
——————————————————–

ဤဇာတ္လမ္းသည္ ျဖစ္ရပ္မွန္အေပၚ အေျခခံ၍ ေရးသားထားျခင္းျဖစ္ပါသည္။

(၁)

အခ်ိန္အားျဖင့္ ၁၉၉၀ ခုနစ္ဝန္းက်င္ခန႔္ကျဖစ္သည္။
ေထာက္ႀကံ့လမ္းဆုံအနီးတြင္ “တစ္ရက္ေပ်ာ္” အမည္ရ အရက္ျဖဴဆိုင္တစ္ဆိုင္ရွိေလသည္။ ထိုဆိုင္မွာ ထိုအနီးတစ္ဝိုက္တြင္ လူသိမ်ားေက်ာ္ၾကားသည့္ဆိုင္တစ္ဆိုင္ျဖစ္သည္။ ညေနေနဝင္ရီတေရာအခ်ိန္မို႔ ထိုအရက္ဆိုင္ကေလးတြင္ အရက္ေသာက္သူအမ်ားအျပားႏွင့္ စည္ကားလွ်က္ရွိသည္။

ထိုစဥ္အရက္ဆိုင္အတြင္းသို႔ အရပ္ျမင့္ျမင့္၊ ထြားထြားက်ိဳင္းက်ိဳင္းႏွင့္ လူႀကီးတစ္ေယာက္ဝင္လာေလသည္။ အရပ္ဆိုင္အတြင္းသို႔ တစ္ခ်က္ေဝ့ၾကည့္လိုက္သည့္အခါ ဆိုင္အတြင္းရွိ စားပြဲခုံမ်ားအားလုံးမွာ စားသုံးသူမ်ားျဖင့္ ျပည့္ႏွက္ေနၿပီျဖစ္သည္။ ထိုလူႀကီးက ဆိုင္ေထာင့္တစ္ေနရာရွိ စားပြဲတစ္လုံးအားၾကည့္လိုက္ကာ ႏႈတ္ခမ္းတြန႔္႐ုံကေလး ၿပဳံးလိုက္ၿပီး ထိုစားပြဲဝိုင္းဆီသို႔ဦးတည္သြားလိုက္သည္။

“ဟာ၊ က်ားသားမိုးႀကိဳး တိုးႀကီးနဲ႔ ငပြားတို႔ ဒီမွာလာၿပီး ေခါင္းခ်င္းဆုံေနပါလား”

ထိုင္ခုံတြင္ထိုင္ေနသည့္ လူႏွစ္ေယာက္မွာ ထိုလူႀကီးအားေမာ့ၾကည့္ၿပီး

“ဟာ၊ ကိုဘသက္ပါလားဗ်”

“ငါမင္းတို႔နဲ႔အတူတူ ဝိုင္းလို႔ျဖစ္တယ္မဟုတ္လား”

“သိပ္ျဖစ္တာေပါ့ဗ်ာ၊ လာလာ၊ ဒီေဘးမွာလာထိုင္”

တိုးႀကီးဆိုသူက အနားရွိသစ္သားေခြးေျခခုံကေလးတစ္ခုကို ဆြဲယူလိုက္ကာ စားပြဲခုံအနီးတြင္ခ်ေပးလိုက္သည္။ ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ ကိုဘသက္မွာ ထိုေခြးေျခခုံကေလးတြင္ ဝင္ထိုင္လိုက္ေလသည္။ ထိုစဥ္ဆိုင္ရွင္ ဦးႀကီးက ကိုဘသက္အနားသို႔ ေရာက္လာကာ

“ဘသက္ေတာင္ေရာက္ေနၿပီကိုး၊ ဒါနဲ႔အရင္အတိုင္းပဲလား”

“အရင္အတိုင္းေပါ့ဗ်ာ၊ ဘီအီးေကာင္းေကာင္း ျပင္းျပင္းပဲခ်၊ အျမည္းကေတာ့ ၾကက္ေဂြးေပါ့”

“ၾကက္ေဂြးကေတာ့ အလကားတိုက္တာပါကြာ၊ ဒါနဲ႔ ငုံးဥထည့္အုံးမလား”

“ထည့္သာထည့္ဗ်ာ”

ဆိုင္ရွင္ဦးႀကီးထြက္သြားသည့္အခါ ကိုဘသက္က

“ဟ၊ တိုးႀကီး မင္းကိုမေတြ႕တာေတာင္ တစ္ပတ္ေလာက္ရွိေတာ့မယ္၊ ငါက မင္းခ်မ္းသာသြားလို႔မ်ား၊ ဆိုက္ကားမနင္းေတာ့တာလားလို႔ ထင္ေနတာကြ”

“ဟာဗ်ာ၊ ဘယ္က ခ်မ္းသာရမွာလဲဗ်၊ ထန္းပင္ေကြ႕က သဘက္ႀကီးအေျခာက္ခံလိုက္ရလို႔ က်ဳပ္ဖ်ားေနတာ ေလးငါးရက္ၾကာသဗ်ာ၊ အခုမွ ျပန္ေနေကာင္းလို႔ ဆိုက္ကားျပန္ဆြဲေနတာ”

ကိုဘသက္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

“ေနပါအုံးကြ၊ ထန္းပင္ေကြ႕ဆိုတာ ဘယ္ထန္းပင္ေကြ႕ကိုေျပာတာလဲကြ”

“ဘယ္ထန္းပင္ေကြ႕ရွိမလဲဗ်ာ၊ ကိုးဂိတ္အေက်ာ္၊ စကၠဴစက္နားက ထန္းပင္ႀကီးနဲ႔ေကြ႕ေလဗ်”

“ဟာကြာ၊ မင္းဟာက ဟုတ္ပါ့မလား၊ အဲဒီလမ္းကို ငါတစ္ေယာက္တည္း ျဖတ္ျဖတ္ျပန္ေနတာ ဒီတစ္သက္ပဲကြ၊ ဘာအေျခာက္အလွန႔္မွ မခံရပါဘူးကြာ”

တိုးႀကီးက အရက္တစ္ခြက္ကိုေကာက္ေမာ့လိုက္ၿပီး

“က်ဳပ္က မဟုတ္ဘဲေျပာမလားဗ်၊ ကိုဘသက္သာ မသိရင္ေနမွာ၊ အဲဒီထန္းပင္ေကြ႕က အေျခာက္အလွန႔္ၾကမ္းတာ လူတိုင္းသိတယ္”

“ငါကေတာ့ မယုံပါဘူးကြာ”

“က်ဳပ္လည္းအစက မယုံပါဘူးဗ်၊ ဒါေပမယ့္ ဟိုရက္ပိုင္းက လက္ေတြ႕ႀကဳံေတာ့မွ ယုံသြားရတာ၊ အခုဆို ေန႔ခင္းေၾကာင္ေတာင္ အဲဒီလမ္းဘက္ကို ဆိုက္ကားငွားရင္ေတာင္ လိုက္မပို႔ရဲေတာ့ဘူးဗ်”

တိုးႀကီးစကားကိုၾကားသည့္အခါ ကိုဘသက္က တဟားဟားႏွင့္ေလွာင္ေျပာင္ရယ္ေမာလိုက္ရင္း

“မင္းကိုက ေၾကာက္တတ္တာပါ တိုးႀကီးရာ၊ ကဲေျပာစမ္း၊ မင္းကိုသဘက္ႀကီးက ဘယ္လိုေျခာက္လိုက္လို႔လဲကြ”

“အဲဒီေန႔ကေပါ့ဗ်ာ၊ ေကာင္းကင္မွာ မိုးေတြကလည္း ခပ္အုံ႔အုံ႔ရယ္ဗ်”

တိုးႀကီးက အရက္ဆိုင္နံရံတစ္ေနရာကိုေငးၾကည့္ရင္း သူႀကဳံေတြ႕ခဲ့ရသည့္ အျဖစ္အပ်က္မ်ားကို ျပန္ေျပာင္းေျပာျပေလေတာ့သည္။

(၂)

“ဟဲ့ တိုးႀကီး၊ ဆိုက္ကားအားလား”

ျပည္လမ္းမႀကီးအတိုင္း ဆိုက္ကားနင္းလာသည့္ တိုးႀကီးကို ေထာက္ၾကန႔္လမ္းဆုံအနီးတြင္ မိန္းမႀကီးတစ္ေယာက္က တားလိုက္ေလသည္။ ထိုမိန္းမႀကီးမွာ ေထာက္ၾကန႔္ေဈးထဲတြင္ ကုန္ေျခာက္မ်ားေရာင္းခ်သူျဖစ္ကာ တိုးႀကီးႏွင့္ အေတာ္အတန္ရင္းႏွီးေလသည္။

“ဆိုက္ကားသိမ္းၿပီး တစ္ရက္ေပ်ာ္ကို သြားေတာ့မလို႔ဗ်၊ အားတာေတာ့ အားပါတယ္”

“အားရင္ ငါ့ကိုကူညီစမ္းပါဟယ္၊ ေဟာဒီလက္ဆြဲျခင္းကို ကိုးလုံးကြင္းဘက္ပို႔ေပးစမ္းပါဟယ္”

“ခင္ဗ်ားက မလိုက္ဘူးလား”

“ေအး၊ ငါ့ညီမတစ္ေယာက္က မနက္ျဖန္ဆြမ္းအပတ္က်တယ္၊ အဲဒါ သူခ်က္ျပဳတ္ဖို႔ ငါထည့္ေပးလိုက္တာဟ၊ ငါ့မွာလည္း အလုပ္တစ္ဖက္နဲ႔ဆိုေတာ့ မလိုက္အားေတာ့ပါဘူးဟာ၊ နင္ပဲ သြားပို႔ေပးၿပီး ျပန္လာခဲ့ေပါ့”

“ဟာဗ်ာ၊ မိုးေတာင္ခ်ဳပ္ေတာ့မယ္ဗ်”

ထိုအခါ ထိုမိန္းမႀကီးက တိုးႀကီးအားၾကည့္ရင္း

“ဘာလဲ နင္က ေၾကာက္လို႔လား”

ထိုစကားမွာ တိုးႀကီး၏ သတၱိကိုဆြေပးလိုက္သလိုျဖစ္သြားသည္။

“ေၾကာက္မလားဗ်၊ က်ဳပ္နာမည္တိုးႀကီးဗ်၊ ဘယ္ေကာင့္ကိုမွမေၾကာက္ဘူး၊ မိုးခ်ဳပ္ေတာ့မယ္ဆိုတာ က်ဳပ္ဆိုက္ကားသိမ္းတာ ေနာက္က်ရင္ အုံနာက က်ဳပ္ကို ရစ္မွာစိုးလို႔ဗ်”

“ေအးပါဟယ္၊ ငါပိုပိုသာသာေပးပါ့မယ္ဟ၊ ငါ့မွာလည္း နင့္ဘဲခိုင္းစရာရွိလို႔ပါ”

မိန္းမႀကီးက ေျပာေျပာဆိုဆိုႏွင့္ ဆယ္တန္သုံး႐ြက္ကို ထိုးေပးလိုက္ရာ တိုးႀကီးတစ္ေယာက္ လိုက္သင့္မလိုက္သင့္ ဆုံးျဖတ္ရေတာ့သည္။ သုံးဆယ္ဆိုသည့္ ေငြပမာဏမွာလည္း ထိုေခတ္က နည္းသည့္ေငြေၾကးမဟုတ္ေပ။

“အင္း၊ ဒီကေနဆို သိပ္ေဝးတာမွမဟုတ္တာ၊ အျပန္က်ရင္လည္း ေမွာ္ဘီဘက္ကေန ေထာက္ႀကံ့ကိုလမ္းႀကဳံေလးဘာေလး တင္လို႔ရတာပဲ”

ထိုသို႔ေတြးလိုက္ၿပီးေနာက္ ဆယ္တန္သုံး႐ြက္အား လွမ္းယူလိုက္ေလသည္။

“ေပးဗ်ာ၊ ေပးေပး၊ ကိုးလုံးကြင္းနားေရာက္ရင္ ရၿပီမဟုတ္လား”

“ေအးရတယ္၊ အဲဒီနားမွာ ျမင့္စန္းလို႔ေမးလိုက္ရင္ အားလုံးသိတယ္”

တိုးႀကီးမွာ ဆြဲျခင္းကို ဆိုက္ကားေဘးထိုင္ခုံတြင္တင္လိုက္ေလသည္။ ထိုအခါ ဆြဲျခင္းအတြင္းမွ အသားညႇီနံ႔ကိုရလိုက္မိသည္။ ဆြဲျခင္းအားၾကည့္လိုက္ရာ ဆြဲျခင္းေအာက္ဘက္တြင္ အမဲသားတြဲတစ္တြဲ၊ ဝက္သားတြဲတစ္တြဲကို ဖက္ႏွင့္ပတ္လိပ္ထားသည္ကိုေတြ႕လိုက္ရသည္။ ထိုေခတ္က ႂကြပ္ႂကြပ္အိတ္အသုံးမတြင္က်ယ္ေသးသည္မို႔ အသားငါးမ်ားကိုအတြဲလိုက္သယ္ယူၾကကာ အင္ဖက္ႏွင့္ထုပ္ေလ့ရွိသည္။

တိုးႀကီးလည္း ေလကေလးတခြၽန္ခြၽန္ႏွင့္ ဆိုက္ကားကိုဆက္နင္းလာခဲ့သည္။ ကိုးဂိတ္ကိုျဖတ္သန္းၿပီးသည့္အခါ ပတ္ဝန္းက်င္က အေမွာင္ထုဖုံးလႊမ္းသြားၿပီျဖစ္သည္။ ညေန ေျခာက္နာရီခြဲအခ်ိန္ခန႔္ျဖစ္မည္ထင္သည္။ လမ္းေဘးဝဲယာတစ္ဖက္တစ္ခ်က္တြင္လည္း လူေနအိမ္မ်ားခပ္က်ဲက်ဲသာရွိကာ ရာဘာေတာမ်ားက စိမ္းစိုအုံ႔မႈိင္းေနေလသည္။

ထိုစဥ္က ရန္ကုန္ျပည္လမ္းမွာ ညအခ်ိန္လူသြားလူလာရွင္းသည္။ ကားမ်ားမွာ ညေနေျခာက္နာရီေက်ာ္လွ်င္ အသြားအလာသိပ္မရွိေတာ့ေပ၊ ဟိုင္းေဝးသြားသည့္ ဟီးႏိုးကားႀကီးမ်ား၊ ကုန္တင္ကားမ်ားသာ ျဖတ္သန္းသြားလာတတ္သည္။ သို႔ေသာ္ ကားဆက္မွာအလြန္က်ဲလွေပသည္။ တိုးႀကိးဆိုက္ကားနင္းလာရင္း မိုးက တေျဖာက္ေျဖာက္ႏွင့္ ႐ြာစျပဳလာသည္မို႔ ဝါးဖတ္ျဖင့္ျပဳလုပ္ထားသည့္ ဦးထုပ္ကိုေဆာင္းလိုက္ကာ ခပ္ျမန္ျမန္ေလးနင္းလိုက္သည္။ လမ္းမီးတိုင္မ်ားမွာ တစ္တိုင္ႏွင့္တစ္တိုင္အဆက္က်ဲကာ မီးတိုင္အေတာ္မ်ားမ်ားမွာလည္း အားအလြန္နည္းသျဖင့္ မွိန္ေဖ်ာ့ေဖ်ာ့သာလင္းေနေတာ့သည္။

“ဂ်ိန္း”

မိုးတစ္ခ်က္ၿခိမ္းလိုက္ၿပီး လွ်ပ္တစ္ခ်က္ျပက္လိုက္သည့္အခါ အေရွ႕တြင္ ထန္းပင္ႀကီးမ်ားႏွင့္ လမ္းေကြ႕ႀကီးတစ္ခုကိုျမင္လိုက္ရသည္။ ထန္းပင္ႀကီးမ်ားျမင္လိုက္ရသည့္အခါ တိုးႀကီးတစ္ေယာက္ ဘာရယ္မဟုတ္ဘဲ ေက်ာခ်မ္းသြားေလသည္။ စိတ္ထဲတြင္လည္း စႏိုးစေနာင့္ႀကီးျဖစ္လာျပန္၏။

ထန္းပင္ေကြ႕ေနရာမွာ ကုန္းဆင္းႀကီးျဖစ္သျဖင့္ အရွိန္ျဖင့္ဆင္းရန္ျပင္ဆင္လိုက္ကာ အားကုန္နင္းမိေနသည္။ ထိုစဥ္ ေလေအးတစ္ခ်က္ကေဝ့ခနဲတိုက္သြားၿပီးေနာက္ တိုးႀကီးတစ္ေယာက္ေက်ာ႐ိုးမ်ားအတြင္းမွ စိမ့္ေနေအာင္ခ်မ္းလာမိသည္။ ကုန္းဆင္းႀကီးအတိုင္း အရွိန္ႏွင့္ နင္းျဖတ္လာေလရာ ထန္းပင္မ်ားကိုျဖတ္ေက်ာ္ၿပီး ေညာင္ပင္ႀကီးတစ္ပင္နားအေရာက္ နင္းေနသည့္ဆိုက္ကားမွာ တုန႔္ခနဲရပ္တန႔္သြားေလသည္။

ကုန္းဆင္းႀကီးျဖစ္သည္မို႔ အားစိုက္မနင္းလ်င္ပင္ အရွိန္ျဖင့္သြားလာႏိုင္သည့္ ဆိုက္ကားမွာ ယခုေတာ့ ဘီးသုံးဘီးလုံး တုန႔္ခနဲရပ္သြားၿပီး ေရွ႕ဆက္တိုးမရဘဲျဖစ္သြားေလသည္။ တိုးႀကီးမွာ မတ္တပ္ထရပ္ၿပီး အားစိုက္နင္းေသာ္လည္း ဆိုက္ကားေျခနင္းျပားမွာ နင္းမရေတာ့သလို ဘီးမ်ားမွာလည္း အေရွ႕သို႔မလိမ့္ေတာ့ေပ၊ ထိုအခိုက္ တိုးႀကီးနံေဘး ဆိုက္ကားခုံေပၚတြင္တင္ထားသည့္ ဆြဲျခင္းႀကီးမွာ တဝုန္းဝုန္းႏွင့္လႈပ္ခတ္ေနေလသည္။

လွ်ပ္စီးတစ္ခ်က္ လက္သြားသည့္အခ်ိန္တြင္ ထိုဆြဲျခင္းႀကီးအား လက္ျဖဴျဖဴႀကီးတစ္ဖက္က ႏႈိက္ေနသည္ကိုျမင္ေတြ႕လိုက္ရသည္၊ တိုးႀကီးမွာ ေၾကာက္စိတ္ထက္၊ ေဒါသစိတ္ျဖစ္သြားကာ ဆိုက္ကားဘားတန္းတြင္ အသင့္ေဆာင္ထားသည့္ သံပိုက္လုံးအားလက္ျဖင့္စမ္းကာ ျဖဳတ္ယူလိုက္သည္။ ဆိုက္ကားနင္းသူမို႔ အေရးႀကဳံလွ်င္အသုံးျပဳႏိုင္ရန္အတြက္ ႏွစ္ေတာင္ခန႔္ရွိသည့္ သံပိုက္လုံးတစ္လုံးအား အၿမဲေဆာင္ထားသူျဖစ္ရာ ယခုလည္း ထိုလက္ႀကီးအားေတြ႕လိုက္ရသည့္အခ်ိန္တြင္ လက္တစ္ဖက္က သံပိုက္လုံးအားအသင့္ျဖဳတ္လိုက္မိေတာ့သည္။

သံပိုက္လုံးျဖင့္ ဆြဲျခင္းအားေမႊေႏွာက္ေနသည့္ လက္ႀကီးကို အားကုန္လႊဲ႐ိုက္ထည့္လိုက္သည္။ သို႔ေသာ္ ထိုလက္ႀကီးကို႐ိုက္ရသည္မွာ သတၱဝါတစ္ဦးကို ႐ိုက္ရသည္ႏွင့္မတူဘဲ သစ္ပင္ႀကီးတစ္ခု၊ သစ္လုံးႀကီးတစ္လုံးကို ႐ိုက္ႏွက္လိုက္ရသကဲ့သို႔ ခံစားလိုက္ရၿပီးေနာက္ အားျဖင့္လႊဲ႐ိုက္သည့္ တိုးႀကီး၏လက္ပင္ ႐ိုက္သည့္အရွိန္ေၾကာင့္ ေအာင့္္သြားရသည္။

“ေဟ့ေကာင္၊ ျပန္ခ်၊ မင္းလက္ကို ျပန္ခ်လိုက္စမ္း”

တိုးႀကီးက ပါးစပ္မွဟစ္ေအာ္ကာ ထိုလက္ႀကီးအား သုံးေလးခ်က္ခန႔္ ဆက္လက္ထု႐ိုက္ေနမိသည္။ ထိုအခ်ိန္ ဆိုက္ကားအေနာက္ဘက္မွ ဝင္းလက္ေနသည့္ မ်က္လုံးႀကီးႏွစ္လုံးကိုျမင္ေတြ႕လိုက္ရကာ ဆိုက္ကားမွာ ဝုန္းခနဲကြၽမ္းပစ္ကာ ေထာင္သြားေလသည္။ တိုးႀကီးလည္း ဆိုက္ကားေပၚမွ ကြၽမ္းပစ္ကာ ျပဳတ္က်ေတာ့၏။ ထိုသဘက္ႀကီးမွာ တိုးႀကီး၏ ဆိုက္ကားေနာက္ျမႇီးကို ကိုင္ေျမႇာက္ကာ မတင္လိုက္ျခင္းျဖစ္သည္။ တိုးႀကီးတစ္ေယာက္ ကားလမ္းမေပၚ ျပဳတ္က်ကာ ျပန္ကုန္းထလိုက္သည့္အခါ သူ႔ဆိုက္ကားမွာ ဘီးမ်ားမိုးေပၚေထာင္လ်က္ ပက္လက္လန္ေနၿပီျဖစ္သည္။ တိုးႀကီးမွာ စဥ္းစားမေနေတာ့ဘဲ ေျခဦးတည့္ရာ သို႔ထြက္ေျပးခဲ့ရာ ေထာက္ႀကံ့လမ္းဆုံသို႔ ျပန္ေရာက္မွန္းမသိေရာက္သြားေလေတာ့သည္။

“ဟား၊ ဟား မင္းေျပာတာ ဟုတ္ပါ့မလားတိုးႀကီးရာ၊ ငါေတာ့ ယုံရခက္ခက္ပဲကြ”

တိုးႀကီးစကားအား နားေထာင္ၿပီးသည့္အခါ ကိုဘသက္တစ္ေယာက္ ခြက္ထိုးခြက္လန္ရယ္ေမာေလေတာ့သည္။ တိုးႀကီးမွာ အနည္းငယ္ေဒါသထြက္သြားၿပီး

“မဟုတ္ပဲ ေျပာပါ့မလားဗ်၊ က်ဳပ္က ခင္ဗ်ားတို႔ကို ဘာျဖစ္လို႔လိမ္ေျပာရမွာလဲ၊ က်ဳပ္ကိုယ္တိုင္ေတြ႕ခဲ့ေတာ့မွ က်ဳပ္လည္းယုံသြားတာ”

ကိုဘသက္က မယုံေသာ္လည္း ငပြားကေတာ့ ယုံၾကည္သြားသည္။

“ဟုတ္တယ္ ကိုဘသက္၊ အဲဒီေကြ႕က တကယ္ၾကမ္းတာ၊ တိုးႀကီးမေျပာနဲ႔ ေထာက္ႀကံ့ကဆိုက္ကားသမားေတြေရာ၊ ေမွာ္ဘီက ဆိုက္ကားသမားေတြေရာ အဲဒီထန္းပင္ေကြ႕က ေညာင္ပင္ႀကီးအနားကို ညေနမိုးခ်ဳပ္ဆိုရင္ မျဖတ္ရဲဘူးဗ်၊ အစားအေသာက္ေတြ၊ အသားစိမ္းငါးစိမ္းေတြ ပါရင္ ပိုေတာင္ဆိုးတာေပါ့ဗ်ာ”

ထိုအခိုက္ ဆိုင္ရွင္ဦးႀကီးမွာ ဘီအီးတစ္လုံးႏွင့္ ဖန္ခြက္တစ္ခြက္ကို လာခ်ေလသည္။ မၾကာခင္မွာပင္ အေငြ႕တေထာင္းေထာင္းထေနသည့္ ၾကက္ေဂြးေတာက္ဟင္းရည္ကို လာခ်ေပးသည္။ ဗမာၾကက္ေျခေထာက္၊ ၾကက္ေခါင္းမ်ားကို အေသအခ်ာျပဳတ္ထားသည့္ ၾကက္ျပဳတ္ရည္အတြင္းသို႔ ေဂႊးေတာက္႐ြက္ကေလးမ်ား ပါးပါးလွီးထားသည္ကို ခပ္လာေပးသည္။ ငုံးဥတစ္လုံးကိုလည္း စြပ္ျပဳတ္ရည္အတြင္းသို႔ ေဖာက္ထည့္ထားကာ င႐ုတ္ေကာင္းပါးပါးျဖဴးထားသျဖင့္ ေမႊးႀကိဳင္ေနေလေတာ့သည္။

ကိုဘသက္မွာ စြပ္ျပဳတ္ရည္ကို တစ္ဇြန္းခပ္ေသာက္ၿပီးေနာက္

“ေကာင္းလိုက္တာကြာ၊ ခံတြင္းကိုရွင္းသြားတာပဲ”

“ကိုဘသက္၊ အျမည္းက ဒါပဲလားဗ်”

“ဘယ္ဟုတ္ပါ့မလဲကြာ၊ ေဟ့ မင္းတို႔ဆိုင္မွာ အမဲႂကြပ္ေၾကာ္ရေသးလား”

“ရတာေပါ့ ကိုဘသက္ရာ”

“ေအး၊ အဲဒါေလးတစ္ပြဲေလာက္ခ်စမ္းပါကြာ၊ မင္းတို႔ဆိုင္က အမဲႂကြပ္ေၾကာ္က ေဟာဒီေထာက္ၾကန႔္တစ္ခြင္လုံးက အမဲႂကြပ္ေၾကာ္ေတြထက္ အမ်ားႀကီးသာတယ္ကြ”

ဆိုင္ရွင္ဦးႀကီး ျပန္ထြက္သြားေတာ့မွ ငပြားက စကားဆက္သည္။

“က်ဳပ္လည္း အဲဒီေကြ႕အေၾကာင္းေတြ ၾကားဖူးတယ္၊ အဲဒီေကြ႕မွာ သိုက္ေတြလည္းရွိတယ္ဆိုပဲဗ်၊ သိုက္နန္းရွင္ေတြ ဘာေတြ ေတြ႕ရတတ္တယ္ဆိုပဲ”

နဂိုကတည္းကမွ အယုံအၾကည္မရွိသည့္ ကိုဘသက္က ေငြပြားအား မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ရင္း

“လာျပန္ၿပီကြာ၊ ဘာသိုက္ရွိတာလဲကြ၊ ပု႐ြက္ဆိတ္သိုက္လား၊ ဟား၊ ဟား”

“အိုဗ်ာ၊ သိုက္ပါဆိုေနမွ ဘာသိုက္လဲဆိုတာ က်ဳပ္သိမလားဗ်၊ ေတြ႕ဖူးတာကေတာ့ က်ဳပ္ဘႀကီးကိုယ္တိုင္ေတြ႕ဖူးတာဗ်”

“ေဟ၊ ေျပာစမ္းပါအုံးကြာ”

ကိုဘသက္က ေျမႇာက္ေပးလိုက္သည္မို႔ ငပြားတစ္ေယာက္ အရက္ခြက္ကိုေမာ့ေသာက္လိုက္ကာ

“အဲဒါကေတာ့ ေဆာင္းတြင္းႀကီးပဲဗ်”

(၃)

ထိုစဥ္က ျပည္လမ္းမႀကီးမွာ ကားအသုံးျပဳသူနည္းပါးလွသည္။ ေမွာ္ဘီႏွင့္ ေထာက္ႀကံ့ၾကားတြင္ ၿခံစိုက္၊ ယာစိုက္သူ ေတာင္သူမ်ားရွိၾကသည္။ ထိုေတာင္သူမ်ားမွာ မိမိတို႔၏ ယာထြက္ကုန္မ်ားအား ေထာက္ႀကံ့ေဈးသို႔ သြားေရာက္ေရာင္းခ်ၾကေလ့ရွိသည္။ မနက္ခင္းေဈးမီရန္အတြက္ မနက္ေစာေစာထကာ ေတာင္းႀကီးမ်ားကို႐ြက္ၿပီး ေထာက္ႀကံ့သို႔လမ္းေလွ်ာက္ကာ ေဈးေရာင္းထြက္ၾကသည္။

ေဈးသည္မိန္းမႀကီးတစ္ေယာက္ႏွင့္ ဆယ္ႏွစ္အ႐ြယ္ခန႔္ရွိ ေကာင္ေလးတစ္ေယာက္တို႔မွာ ေမွာ္ဘီၿမိဳ႕ဘက္မွေန၍ ေထာက္ႀကံ့ွဆီသို႔ ျပည္လမ္းမႀကီးအတိုင္း ဦးတည္ကာလမ္းေလွ်ာက္လာၾကေလသည္။ မနက္ခင္း ေဝလီေဝလင္းအခ်ိန္မို႔ ႏွင္းမကြဲေသးဘဲ ကားလမ္းဝန္းက်င္တစ္ခြင္တြင္ ျမဴထူမ်ားက်ဆင္းေနေလသည္။

သားအမိႏွစ္ေယာက္ စကားတေျပာေျပာႏွင့္ လမ္းေလွ်ာက္လာရင္း ထိုေညာင္ပင္ႀကီးအနီးသို႔ေရာက္လာခဲ့ေလသည္။ ေဘးပတ္ဝန္းက်င္တြင္ ရာဘာေတာႀကီးမ်ားရွိသျဖင့္ အုပ္မႈိင္းေနကာ အလင္းေရာင္ေကာင္းစြာမရေသးေပ၊ ဆယ္ႏွစ္သားအ႐ြယ္ေကာင္ေလးထံတြင္ လက္ႏွိပ္ဓါတ္မီးတစ္လက္ပါလာေသာ္လည္း ဓါတ္ခဲအားကုန္မည္စိုး၍ အခ်ိန္ျပည့္ထြန္းမထားဘဲ တစ္ခ်က္တစ္ခ်က္သာ ထြန္းဖြင့္လ်က္ သားအမိႏွစ္ေယာက္ လမ္းေလွ်ာက္လာၾကျခင္းျဖစ္သည္။ လမ္းေကြ႕မေရာက္မီအခ်ိန္တြင္ ႏြားလွည္းသံမ်ားကိုၾကားရသည္။ ႏြားလွည္းသြားလာေနသည့္အသံမ်ား၊ ႏြားမ်ားကို ေငါက္ငမ္းႀကိမ္းေမာင္းေနသည့္အသံကို ၾကားလိုက္ရျခင္းျဖစ္သည္။

“အေမေရ၊ ႏြားလွည္းသံၾကားတယ္ဗ်၊ ဧကႏၲေထာက္ႀကံ့ကိုသြားေနတဲ့ လွည္းျဖစ္မယ္၊ သားတို႔လွည္းႀကဳံလိုက္လို႔ရမယ္ထင္တယ္”

ထိုေခတ္က ေမွာ္ဘီမွ ဆန္ႀကိတ္သူမ်ား၊ ေဈးဝယ္ထြက္သူမ်ားမွာ ႏြားလွည္းမ်ားျဖင့္ သြားလာတတ္သည္ျဖစ္ရာ ေကာင္ေလးမွာ လွည္းႀကဳံလိုက္ခ်င္ပုံရေလသည္။ အေမျဖစ္သူက ေဈးေတာင္းေခါင္း႐ြက္ထားရင္း လမ္းမကိုတစ္ခ်က္ၾကည့္လွ်က္

“ဟဲ့သား၊ ဒီအသံေတြက မ႐ိုးဘူး၊ ႏြားလွည္းဆိုရင္လည္း တစ္လွည္းႏွစ္လွည္းေပါ့၊ အခုဟာက လွည္းအတန္းလိုက္ႀကီးသြားေနတဲ့ပုံပဲ၊ ခေလာက္သံေတြ ျခဴသံေတြဆိုရင္လည္း ညံေနတာပဲသားရဲ႕”

မိခင္ေျပာမွ ထိုေကာင္ေလးမွာ နားစြင့္လွ်က္ေသခ်ာနားေထာင္လိုက္မိသည္။ ဟုတ္သည္။ ႏြားလွည္းမွာ တစ္စင္းတည္းျဖစ္ပုံမရ၊ ဆယ့္ေလးငါးစင္း တစ္ၿပိဳင္နက္တည္း သြားလာေနသည့္အသံမ်ားျဖစ္သည္။ လွည္းသံမ်ားၾကားထဲတြင္ လူမ်ားစကားေျပာဆိုေနသံကိုလည္း ၾကားရေလသည္။ သားအမိႏွစ္ေယာက္ ထိုအသံမ်ားကို နားစြင့္ကာ ဆက္ေလွ်ာက္သြားၾကရင္း လမ္းေကြ႕အေရာက္တြင္ အသံမ်ားကပိုမိုဆူညံလာသည္။ သို႔ေသာ္ ေျဖာင့္ျဖဴးလွသည့္ ကားလမ္းမႀကီးတစ္ခြင္တြင္ ႏြားလွည္းမေျပာႏွင့္ လူရိပ္လူေျခပင္မေတြ႕ရ၊ သို႔ေသာ္ အသံမ်ားကေတာ့ အတိုင္းသားၾကားေနရသည္။

“ဟဲ့သား၊ လမ္းေပၚကိုဓါတ္မီးနဲ႔ထိုးၾကည့္စမ္း”

မိခင္ေျပာသျဖင့္ လမ္းမေပၚကို ဓါတ္မီးႏွင့္ထိုးၾကည့္လိုက္ရာ လက္မခန႔္အ႐ြယ္ရွိ ျဖဴျဖဴ႐ြ႐ြအေကာင္ကေလးမ်ားမွာ အုံလိုက္က်င္းလိုက္ ကားလမ္းမႀကီးကိုျဖတ္သန္းကာ သြားလာေနၾကသည္။ ထိုအေကာင္မ်ိဳးကို သူတို႔တစ္သက္ တစ္ခါမွမျမင္ဖူးခဲ့ေပ၊ မည္သည့္အေကာင္မ်ိဳးျဖစ္သည္ဆိုသည္ကိုလည္း မခန႔္မွန္းႏိုင္ေပ၊ ထိုအေကာင္မ်ားမွာ အေကာင္ေရ ေထာင္ႏွင့္ခ်ီရွိမည္ထင္ရၿပီး ကားလမ္းမႀကီးကို လွ်င္ျမန္စြာျဖတ္ကူးေနေလသည္။ လွည္းသံ၊ ႏြားသံ၊ စကားေျပာသံမ်ားမွာလည္း ထိုအေကာင္ေလးမ်ားထံမွ ၾကားေနရျခင္းျဖစ္သည္။

အေကာင္ေလးမ်ားမွာ တစ္ဖက္ရာဘာေတာႀကီးအတြင္းမွ ထြက္လာၾကကာ၊ ကားလမ္းမတစ္ဖက္ျခမ္း ရာဘာေတာႀကီးအတြင္းသို႔ တိုးဝင္ကာ ေပ်ာက္ကြယ္သြားေလသည္။ စုစုေပါင္း အခ်ိန္ငါးမိနစ္ခန႔္ပင္ မၾကာလိုက္ေပ၊ ထိုေတာ့မွ မိခင္ျဖစ္သူက သားအားလက္ဆြဲၿပီး အေျပးတစ္ပိုင္းျဖင့္ သုတ္ေျခတင္လာခဲ့ၾကသည္။ ေထာက္ႀကံ့ေရာက္ခါနီးမွ သားအမိႏွစ္ေယာက္ အုတ္ခုံတစ္ခုတြင္ထိုင္ကာ အေမာေျဖေနၾကရေလသည္။

“အေမေရ၊ သားတို႔ခုနက ေတြ႕ခဲ့တာ ဘာေတြလဲအေမရ”

“အေမၾကားဖူးတာကေတာ့ အဲဒါသိုက္နန္းရွင္ေတြပဲသားရဲ႕၊ သူတို႔က ပိုးေကာင္မႊားေကာင္ပုံစံေလးေတြဆိုေပမယ့္ လွည္းသံ၊ လူသံေတြထြက္ေနတာ ထူးဆန္းတယ္မဟုတ္လား၊ အရင္ေရွးလူႀကီးေတြေျပာခဲ့တာကလည္း ဒီအနီးအနားမွာ သိုက္ေတြရွိတယ္လို႔ ေျပာဖူးတယ္ဆိုေတာ့ အေမ့အထင္ကေတာ့ သိုက္နန္းရွင္ေတြ၊ သိုက္ေ႐ြ႕တာ၊ သိုက္ေျပာင္းတာ ျဖစ္ခ်င္ျဖစ္မွာသားရဲ႕”

“အျဖစ္ကေတာ့ အဲဒါပါပဲဗ်ာ၊ အဲဒီကေလးက က်ဳပ္ဘႀကီးပဲဗ်၊ သူကိုယ္တိုင္ျမင္ခဲ့တာ”

အယုံအၾကည္မရွိသည့္ ကိုဘသက္မွာ ရယ္လွ်က္

“မင္းေျပာတာ ပိုၿပီးယုတၱိမရွိေတာ့ဘူး ငပြားေရ၊ မင္းဘႀကီးက သိုက္သမိုင္းကားေတြ မ်ားမ်ားၾကည့္ထားပုံရတယ္ကြ”

ငပြားစကားကို ကိုဘသက္ကမယုံေသာ္လည္း တိုးႀကီးက ေခါင္းညိတ္လွ်က္

“ျဖစ္ႏိုင္တယ္ကြ၊ သိုက္နန္းရွင္လား၊ ဘာလားေတာ့မသိဘူး၊ အဲဒီေကြ႕နားမွာ မိန္းကေလးေတြက ဆိုက္ကားေတြ၊ ကားေတြ တားစီးတတ္တယ္တဲ့ကြ၊ မင္းဗိုက္ပူကားေမာင္းတဲ့ ကိုဝင္းေမာင္ႀကီးကိုသိတယ္မဟုတ္လားကြ”

“သိေတာ့သိတယ္၊ တိုက္ႀကီးနဲ႔ ေထာက္ႀကံ့နဲ႔ကို လိုင္းကားဆြဲေမာင္းေနတဲ့သူမဟုတ္လား”

“ေအးကြ၊ အရင္က သူလိုင္းကားမေမာင္းဘူး၊ သူက ကုန္တင္ေဒါ့ဂ်စ္ေမာင္းတာကြ၊ ရန္ကုန္နဲ႔ျပည္နဲ႔ကို အစုန္အဆန္ကားေမာင္းတယ္ေပါ့ကြာ၊ တစ္ရက္ေတာ့ ေထာက္ႀကံ့ကိုစပါးလာခ်ၿပီးေတာ့ ျပည္ကိုခါလီႀကီးအျပန္မွာ ညကလည္း ေမွာင္ေနၿပီဆိုပဲကြ”

ေျပာရင္းဆိုရင္း တိုးႀကီးမွာ အရက္တစ္က်ိဳက္ေမာ့လိုက္ၿပီးေနာက္ ခြီးခနဲၿမိဳခ်လိုက္ရင္း

“အဲဒါ အဲဒီလမ္းေကြ႕နားေရာက္ေတာ့ မိန္းကေလးတစ္ေယာက္က ကားကိုတားတယ္ဆိုပဲကြ၊ ညမိုးခ်ဳပ္ႀကီးက်မွ မိန္းကေလးကလည္း တားတယ္ဆိုေတာ့ ကိုဝင္းေမာင္က ညည့္ငွက္ကေလးေတြထင္ၿပီး ကားေပၚေကာက္တင္သြားတာေပါ့ကြာ၊ သူကလည္း နည္းနည္းပါးပါးရႈပ္တယ္မဟုတ္လားကြ”

“ဟုတ္တာေပါ့ဗ်ာ၊ ဒါနဲ႔ဆက္ေျပာပါအုံး”

“မိန္းကေလးက ေခါင္းကိုငုံ႔ထားတယ္တဲ့ကြ၊ ကိုဝင္းေမာင္က ကားေမာင္းရင္း အဲဒီမိန္းကေလးကို ရိသဲ့သဲ့ေတြေျပာရင္း ပါးစပ္အရသာခံၿပီး ေမာင္းလာတာတဲ့ကြာ၊ မိန္းကေလးက ဘာမွလည္းျပန္မေျပာဘဲ ေခါင္းပဲငုံ႔ေနတာဆိုပဲ၊ ကားေမာင္းေနရင္း ေမွာ္ဘီေလာက္ေရာက္ေတာ့ ဒီမိန္းကေလးရဲ႕ေပါင္ကို လက္နဲ႔ကိုင္လိုက္တဲ့အခါ သူ႔ေပါင္က လူနဲ႔မတူဘဲ ေရခဲတုံးႀကီးလို ေအးစက္ေနတာပဲတဲ့ကြာ၊ ကိုဝင္းေမာင္လည္း ေၾကာက္ေၾကာက္နဲ႔ ကားအထဲကမီးလုံးကိုဖြင့္ၿပီး ေသခ်ာၾကည့္လိုက္ေတာ့မွ ဒီမိန္းကေလးရဲ႕မ်က္ႏွာမွာ ႏွာေခါင္းေတြ၊ ပါးစပ္ေတြ မပါဘူးတဲ့ကြ”

“ဟာကြာ၊ ေၾကာက္စရာေကာင္းလိုက္တာ၊ နားေထာင္ရင္း ၾကက္သီးေတာင္ထလာၿပီ”

“ဒါတင္ဘယ္ကမလဲ၊ ကိုဝင္းေမာင္က ေၾကာက္သြားေတာ့ ဒီမိန္းကေလးက သူ႔ကိုခုန္အုပ္ၿပီး သူ႔လည္ပင္းကို အတင္းညႇစ္တာပဲတဲ့ေဟ့၊ ကိုဝင္းေမာင္လည္း အားကုန္႐ုန္းၿပီးေတာ့ ကားတံခါးဖြင့္ၿပီး ခုန္ခ်ေျပးတာ ဖိနပ္ေတာင္မပါဘူးတဲ့ကြာ၊ ဒီလူကံေကာင္းလို႔မေသတာ၊ အဲဒီေနာက္ပိုင္းကတည္းက ညဘက္ဆိုအဲဒီေနရာကေန ကားျဖတ္မေမာင္းရဲေတာ့ဘူးကြ”

“ဟုတ္ပါ့ကြာ၊ ငါသာဆိုရင္လည္း ေၾကာက္မွာပဲကြ”

ထိုအခါ ကိုဘသက္က စားပြဲခုံကို ဝုန္းခနဲထုထည့္လိုက္သျဖင့္ တစ္ဆိုင္လုံးၿငိမ္က်သြားကာ ကိုဘသက္ကိုဝိုင္းၾကည့္ေနၾကေလသည္။

“ေဟ့ေကာင္၊ မင္းတို႔ေကာင္ေတြက ငေၾကာက္ေတြပဲကြ၊ တေစၦသရဲကိုမ်ား ေၾကာက္ရတယ္လို႔ကြာ၊ ဒီမွာ ငါကအဲဒီလမ္းကေန ညတိုင္းျဖတ္ေနတဲ့ေကာင္ကြ၊ မင္းတို႔ေျပာတဲ့သရဲဆိုလား သဘက္ဆိုလား အဲဒီေကာင္ကို တစ္ခါမွကိုမေတြ႕ဖူးဘူးကြာ”

“ဟာ၊ ဒါကေတာ့ ကိုဘသက္က တမင္ကပ္ေျပာတာပဲဗ်”

“ဟုတ္တယ္ကိုဘသက္၊ ကိုဘသက္မယုံဘူးဆိုရင္ အမဲသားဆြဲၿပီး အဲဒီလမ္းကေန ျဖတ္ၾကည့္လိုက္စမ္းဗ်ာ”

“ဟား၊ ဟား မင္းတို႔က ငါ့ကိုစိန္လာေခၚေနၾကတယ္ေပါ့ဟုတ္လား၊ ငါ့နာမည္ဘသက္ပါကြ၊ ဝါးနက္ေခ်ာင္းမွာ ဘသက္ဆိုရင္ မသိတဲ့လူမရွိဘူး၊ ေဟ့ ဆိုင္ရွင္ . . . ဆိုင္ရွင္”

ဆိုင္ရွင္ဦးႀကီးက ကိုဘသက္အနီးသို႔ေရာက္လာခဲ့သည္။

“မင္းတို႔ဆိုင္မွာ အမဲသားအစိမ္းရွိသလားကြ”

“အစိမ္းေတာ့မရွိဘူး၊ ေၾကာ္ၿပီးသားပဲရွိတယ္”

“ေအး၊ အဲဒါဆိုရင္လည္း အမဲေၾကာ္ငါးက်ပ္ဖိုး ငါ့အတြက္ထုပ္ေပးစမ္းကြာ၊ ဒီေလာက္ေတာင္ျဖစ္တဲ့ေကာင္ေတြ၊ မင္းတို႔ေျပာတဲ့အဲဒီလမ္းကေန ငါအမဲေၾကာ္ထုပ္ကိုင္ၿပီး ျဖတ္ျပမယ္ကြ”

“ကိုဘသက္၊ ခင္ဗ်ား သရဲကိုမယုံဘူးဆိုတိုင္း ေလွ်ာက္မလုပ္နဲ႔ေနာ္ဗ်”

“ေနစမ္းပါကြာ၊ ေဟာဒီမွာေတြ႕လား ဓါးေျမႇာင္၊ ဘသက္ကို သရဲျဖစ္ျဖစ္လူျဖစ္ျဖစ္ လာစမ္းလို႔မရဘူးကြ၊ ငါဓါးနဲ႔ေတြ႕ရင္ မင္းတို႔သရဲ အူပြင့္ထြက္သြားမယ္ကြ၊ ဘာမွတ္ေနလဲ”

ဘသက္မွာ အာေပါင္အာရင္းသန္သန္ႏွင့္ေျပာဆိုေနသည္ကို ဆိုင္ထဲမွလူမ်ားက ၾကည့္ကာ တစ္ေယာက္တစ္ေပါက္ေျပာဆိုေနၾကေလသည္။ တိုးႀကီးမွာ သက္ျပင္းတစ္ခ်က္ခ်လွ်က္

“တားမရဘူးဆိုရင္လည္း လုပ္ေပါ့ကိုဘသက္ရာ”

“ေဟေဟ့၊ ငါအဲဒီကေနျဖတ္ၿပီး ဘာမွမျဖစ္ရင္ မင္းတို႔ဘာေပးမလဲကြ”

တိုးႀကီးႏွင့္ ငပြားမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကရင္း

“ကဲဗ်ာ၊ ကိုဘသက္က စိန္ေခၚေနမွေတာ့ မထူးပါဘူး၊ ကိုဘသက္ အမဲေၾကာ္ဆြဲၿပီးျဖတ္သြားလို႔ ဘာမွမျဖစ္ဘူးဆိုရင္ ေနာက္ေန႔က်ဳပ္တို႔ႏွစ္ေယာက္က ကိုဘသက္ကို အရက္အဝတိုက္မယ္ဗ်ာ၊ ဟုတ္ၿပီလား”

“ဟား၊ ငါကလည္း ဒါမ်ိဳးမွႀကိဳက္တာကြ၊ သရဲေရ မင္းေက်းဇူးနဲ႔ ငါေတာ့ မနက္ျဖန္အရက္အဝေသာက္ရမွာ ျမင္ေယာင္ေသးတယ္ကြ၊ ေဟး ေဟး”

ဆိုင္ရွင္က အမဲေၾကာ္ေလးငါးတုံးကို ဆီစိမ္စကၠဴႏွင့္ထုပ္ကာ သင္အူႀကိဳးျဖင့္ ခ်ည္ေႏွာင္၍ အတြဲကေလးလုပ္ေပးလိုက္သည္။ ကိုဘသက္မွာ က်သင့္ေငြရွင္းေပးၿပီးေနာက္ လက္တစ္ဖက္က ဘီအီးအရက္ပုလင္းတစ္လုံးဆြဲလွ်က္ အျခားလက္တစ္ဖက္က အမဲေၾကာ္ထုပ္ကိုကိုင္ဆြဲကာ ဆိုင္အတြင္းမွ ထြက္လာခဲ့ေလေတာ့သည္။

(၄)

လျပည့္နီးၿပီမို႔ ထိုေန႔က လေရာင္က ဝင္းဝင္းပပသာေနေလသည္။ အခ်ိန္က ခန႔္မွန္းေျခ ညရွစ္နာရီခန႔္ရွိခဲ့ၿပီျဖစ္သည္။ လူေနအိမ္မ်ားကိုျဖတ္သန္းလာၿပီးသည့္ေနာက္ ၿမိဳ႕အစြန္အဖ်ားေရာက္လာေလသည္။ လမ္းေဘးတစ္ဖက္တစ္ခ်က္ရွိ လူေနအိမ္မ်ားက တျဖည္းျဖည္းက်ဲပါးသည္ထက္ က်ဲပါးသြားၿပီးေနာက္ သစ္ေတာႀကီးမ်ားႏွင့္ ၿခံဝန္းက်ယ္ႀကီးမ်ားသာ က်န္ရွိေနေလေတာ့သည္။

ကိုဘသက္မွာ ဓါးေျမႇာင္တစ္လက္ကိုခါးၾကားထိုးကာ သီခ်င္းတစ္ပုဒ္ကို ဟစ္ေအာ္သီဆိုရင္း ကားလမ္းအတိုင္းလွမ္းေလွ်ာက္လာခဲ့သည္။ လက္ထဲမွအရက္ပုလင္းကိုလည္း ေမာ့ကာ ေမာ့ကာ ေသာက္ရင္း အရက္တစ္ပိုင္းက်ိဳးခဲ့ေျခၿပီ၊ ဆိုင္တြင္လည္း အရက္တစ္လုံးနီးပါးေသာက္ခဲ့သည္မို႔ ကိုဘသက္တစ္ေယာက္ ေရခ်ိန္အေတာ္ကိုက္ေနၿပီျဖစ္သည္။

မၾကာခင္ လေရာင္ေအာက္တြင္ ထန္းပင္ႀကီးမ်ားကို လွမ္းေတြ႕လိုက္ရသည္။ လမ္းေကြ႕ႀကီးမွာ ကုန္းဆင္းျဖစ္သျဖင့္ ျဖဴးေနေအာင္ျမင္ရသည္။ ကိုဘသိုက္က အရက္ပုလင္းကိုေမာ့လိုက္ရင္း

“လာစမ္း၊ ဘယ္မလဲသရဲ၊ မင္းလာစမ္း”

ပါးစပ္မွ ေအာ္ရင္း ကုန္းဆင္းအတိုင္းဆင္းလာခဲ့သည္။ သို႔ေသာ္ လမ္းတစ္ေလွ်ာက္ တိုးႀကီးႏွင့္ ငပြားတို႔ေျပာသည့္ သရဲကို အရိပ္အေယာင္ပင္မျမင္ရေပ၊ ေညာင္ပင္ႀကီးအနားေရာက္လာသည့္အခါ ေညာင္ပင္ႀကီးကိုတစ္ခ်က္ေမာ့ၾကည့္လိုက္မိသည္။ အကိုင္းအခက္မ်ားေဝေ၀ဆာဆာႏွင့္ေပါက္ေရာက္ေနသည့္ ေညာင္ပင္ႀကီးမွာ ႀကီးမားလြန္းလွသည္။

“အလကားပါကြာ၊ ဒီေကာင္ေတြ မဟုတ္တမ္းတရားေတြကို အရသာခံၿပီးေျပာေနၾကတာ၊ ဘာသရဲမွမရွိပါဘူး”

စိတ္ထဲမွေရ႐ြတ္လိုက္ၿပီးေနာက္ လမ္းဆက္ေလွ်ာက္ရန္ျပင္လိုက္ေသးသည္။ သို႔ေသာ္လည္း စိတ္ထဲတြင္ သရဲအားစိန္ေခၚခ်င္လာသျဖင့္

“ေဟ့ေကာင္၊ သဘက္ဆိုတဲ့ေကာင္၊ ဆင္းလာခဲ့ေလကြာ၊ ေဟာဒီမွာ မင္းႀကိဳက္တဲ့ အမဲေၾကာ္လည္းပါတယ္ကြ၊ လာစမ္းပါ၊ လာယူေလကြ၊ ဟား၊ ဟား”

ကိုဘသက္မွာ လက္ထဲမွ အမဲေၾကာ္ထုပ္အား ကိုင္ေျမႇာက္ျပလိုက္ေသးသည္။ ထို႔ေနာက္ တစ္ဖက္သို႔လွည့္ကာ လမ္းေလွ်ာက္လာသည့္အခါတြင္ ဘုတ္ခနဲသစ္ပင္ေပၚမွ ျပဳတ္က်လာသံကိုၾကားလိုက္ရသည္။ ျပဳတ္က်သံက လူတစ္ေယာက္က်သည္ႏွင့္မတူဘဲ အိတ္ႀကီးတစ္အိတ္က်သကဲ့သို႔ အသံႀကီးျဖစ္ေနေလသည္။ ကိုဘသက္လည္း ဘာရယ္မဟုတ္ အေနာက္သို႔လွည့္ၾကည့္လိုက္သည့္အခါ ေညာင္ပင္ေအာက္တြင္ ေလးဖက္ေထာက္လွ်က္ အေကာင္ႀကီးတစ္ေကာင္ကို ကုန္းကုန္းႀကီးေတြ႕လိုက္ရသည္။

အေကာင္ႀကီးမွာ အျခားသရဲမ်ားကဲ့သို႔မဟုတ္ဘဲ တစ္ကိုယ္လုံးဆင္စြယ္ေရာင္ျဖဴေဖြးေနေလသည္။ မ်က္လုံးႀကီးမ်ားမွာ ဝင္းလက္ေနျပန္သည္။ ထိုသဘက္ႀကီးကိုေတြ႕လိုက္ေတာ့မွ ကိုဘသက္တစ္ေယာက္ ေက်ာထဲစိမ့္တက္လာကာ ၾကက္သီးမ်ားထလာေလသည္။

“မင္းလားကြ သဘက္ဆိုတာ”

ကိုဘသက္က ခါးၾကားမွ ဓါးေျမႇာင္ကိုဆြဲထုတ္လိုက္သည္။ ထိုအခါ သဘက္ႀကီးက မတ္တပ္ထလိုက္ရာ အလြန္ရွည္လ်ားသည့္ အရပ္ႀကီးရွိၿပီး လက္တံေျခတံႀကီးမ်ားကလည္း ထန္းပင္လုံးကဲ့သို႔ ရွည္ေျမာေျမာႀကီးျဖစ္သည္။ ကိုဘသက္ဆီသို႔ လက္လွမ္းလာၿပီးေနာက္ လက္ထဲမွ အမဲေၾကာ္ထုပ္ကို ဝုန္းခနဲဆြဲလုယူသည္။ ကိုဘသက္ကလည္း လက္ထဲမွ ဓါးေျမႇာင္ျဖင့္ သဘက္ႀကီး၏လက္ကို အားကုန္ထိုးစိုက္ခ်ေသာ္လည္း သဘက္ႀကီးအားမထိုးမိဘဲ ေလကိုသာထိုးမိသကဲ့သို႔ရွိသည္။

တိုက္ခိုက္၍မရသည့္အခါ ကိုဘသက္တစ္ေယာက္ ေၾကာက္လန႔္စိတ္ဝင္လာမိသည္။ သို႔ႏွင့္ လက္ထဲမွအရက္ပုလင္းႏွင့္ ဓါးကိုပစ္ခ်လိုက္ကာ ေျခကုန္သုတ္ေျပးေတာ့သည္။ ထိုစဥ္မွာပင္ သဘက္ႀကီး၏ လက္ဝါးက သူ၏ ေက်ာျပင္ေပၚသို႔က်ၿပီး ဝုန္းခနဲအသံႀကီးျမည္ကာ ကိုဘသက္လည္း အေရွ႕သို႔ ကြၽမ္းပစ္လိမ့္က်သြားေတာ့၏။ ေျမေပၚမွ ဖုတ္ဖတ္ခါထၿပီးသည့္အခါ ေမွာ္ဘီဘက္သို႔ တစ္ခ်ိဳးတည္းေျပးေလေတာ့သည္။

အေလာင္းအစားျပဳလုပ္ထားၿပီး ကိုဘသက္တစ္ေယာက္ သုံးေလးရက္ခန႔္ ေပၚမလာသည့္အခါ တိုးႀကီးႏွင့္ ငပြားတို႔မွာ အလြန္စိတ္ပူပန္သြားၾကၿပီး ကိုဘသက္ေနထိုင္သည့္ ဝါးနက္ေခ်ာင္းေက်း႐ြာကေလးဆီသို႔ ေမးစမ္းကာ လိုက္လာၾကသည္။ ထိုစဥ္က ဝါးနက္ေခ်ာင္း႐ြာကေလးမွာ အေတာ္အတန္ေခါင္သည္။ တစ္အိမ္ႏွင့္တစ္အိမ္မွာလည္း အလြန္အလွမ္းေဝးသည္။ အမ်ားစုမွာ ၿခံဝန္းက်ယ္ႀကီးမ်ားျဖစ္သည္။ ၿခံအက်ယ္ႀကီးတစ္ခုအတြင္းသို႔ ဝင္ေရာက္ခဲ့သည့္အခါ ၿခံအလယ္တြင္ ေျမစိုက္တဲကေလးတစ္လုံးကိုေတြ႕ရသည္။ ႐ြာခံတစ္ေယာက္က ထိုတဲမွာ ကိုဘသက္အိမ္ျဖစ္သည္ဟု ဆိုသျဖင့္ တဲဆီသို႔ ဦးတည္လာၾကသည္။

“ကိုဘသက္၊ ကိုဘသက္ရွိပါသလား”

“ရွိပါတယ္ရွင့္၊ ဝင္ခဲ့ပါ”

မိန္းကေလးတစ္ေယာက္အသံၾကားလိုက္ရသျဖင့္ တိုးႀကီးႏွင့္ ငပြားတို႔မွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကရင္း တဲအိမ္အတြင္းသို႔ဝင္လာခဲ့ၾကသည္။ ထိုအခ်ိန္ တဲေခါင္းရင္းတစ္ေနရာတြင္ ေစာင္ႀကီးေခါင္းၿမီးၿခဳံလ်က္ တုန္တုန္ယင္ယင္ျဖစ္ေနသည့္ ကိုဘသက္ကိုေတြ႕လိုက္ရသည္။ မိန္းကေလးက ကိုဘသက္၏ ညီမျဖစ္မည္ထင္သည္။

“ဟာ၊ ကိုဘသက္၊ ဘယ္လိုျဖစ္တာလဲဗ်ာ”

ကိုဘသက္မွာ တိုးႀကီးႏွင့္ငပြားအား ျပဴးေၾကာင္ေၾကာင္ႏွင့္စိုက္ၾကည့္ေနေလသည္။ ဘသက္ညီမက သူတို႔အနီးတြင္ထိုင္လိုက္ၿပီး

“ဘာျဖစ္တယ္ဆိုတာ ရွင္တို႔တကယ္မသိဘူးလား”

တိုးႀကီးတို႔ ေခါင္းခါလိုက္သည့္အခါ

“ကိုဘသက္ကို ထန္းပင္ေကြ႕က သဘက္ႀကီးက ႐ိုက္ထည့္လိုက္တာ အခုလိုျဖစ္သြားေတာ့တာပါပဲရွင္၊ သူ႔ေက်ာမွာလည္း လက္ဝါးရာႀကီးရွိေသးတယ္”

ကိုဘသက္မွာ ေၾကာင္ေတာင္ေတာင္ႏွင့္ျဖစ္ေနေလသည္။ မိန္းကေလးက ကိုဘသက္ၿခဳံထားသည့္ ေစာင္ႀကီးကိုဆြဲဖယ္လိုက္ၿပီး ေက်ာျပင္ကိုလွန္ျပလိုက္သည့္အခါ ညိဳပုပ္ပုပ္ျဖစ္ေနသည့္ လက္ဝါးရာႀကီးကိုေတြ႕ျမင္လိုက္ၾကရသည္။

“ဟာ၊ လက္ဝါးရာႀကီးက နည္းတာႀကီးမဟုတ္ဘူးဗ်ာ၊ ေက်ာလုံးအျပည့္ပဲ”

“ဟုတ္ပါတယ္၊ အခုေတာ့ ႐ြာထဲက ဗိေႏၶာဆရာႀကီးနဲ႔ ကုသေပးေနပါတယ္”

“ေအးဗ်ာ၊ ကိုဘသက္ဒီလိုျဖစ္မယ္လို႔ က်ဳပ္တို႔ထင္ကိုမထင္ထားဘူး”

တိုးႀကီးႏွင့္ငပြားမွာ သူတို႔အိတ္ကပ္ထဲမွ ေငြႏွစ္ဆယ္ဆီထုတ္လိုက္ၾကကာ ဘသက္၏ ညီမအားေပးလိုက္ၾကသည္။ ထိုအျဖစ္အပ်က္မ်ား ျဖစ္ပြားၿပီး တစ္လခန႔္ၾကာသည့္အခါမွသာ ကိုဘသက္တစ္ေယာက္ တစ္ရက္ေပ်ာ္ အရက္ဆိုင္သို႔ ေရာက္ခ်လာေလသည္။ သူေတြ႕ႀကဳံခဲ့သည့္ အျဖစ္အပ်က္မ်ားကို ဆိုင္တြင္အာေပါင္အာရင္းသန္သန္ႏွင့္ ေျပာဆိုေလရာ ဆိုင္မွလူမ်ားက အံ့ၾသဘနန္းျဖစ္ၾကရသည္။

ညေနငါးနာရီခန႔္တြင္ပင္ ကိုဘသက္တစ္ေယာက္ ဆိုင္မွျပန္ရင္ျပင္ဆင္ေနသည့္အခါ တိုးႀကီးက

“ဗ်ိဳ႕ ကိုဘသက္၊ ျပန္ေတာ့မလို႔လားဗ်”

“ေအးကြာ၊ ငါးနာရီဆိုေတာ့ ေမွာ္ဘီကိုထြက္မယ့္ ေနာက္ဆုံးကားမီေသးတယ္ကြ၊ ငါအဲဒီကားနဲ႔ျပန္မယ္”

“ေအးေအးေဆးေဆးေနပါအုံးဗ်၊ အရင္ကလည္း ညေရာက္မွ လမ္းေလွ်ာက္ျပန္တာမဟုတ္လား”

ငပြားေျပာလိုက္သည့္အခါ ကိုဘသက္က ၿပဳံးၿဖီးၿဖီးႏွင့္

“ငါဘယ္သူ႔ကိုမွေတာ့မေၾကာက္ဘူးကြ၊ ဒါေပမယ့္ အဲဒီထန္းပင္ေကြ႕က သဘက္ႀကီးကိုေတာ့ ေၾကာက္တယ္ေဟ့၊ ေၾကာက္သြားၿပီကြ”

ဟုေျပာဆိုကာ ဆိုင္အတြင္းမွ သုတ္ေျခတင္လ်က္ ထြက္ခြာသြားေလေတာ့သည္။

ၿပီးပါၿပီ။

#အဂၢေဇာ္ #သရဲ #ျဖစ္ရပ္မွန္