ဒေါ်ပျော့

*မြင့်ဆောင် နှင့် ‌ဒေါ်ပျော့*📖📖📖

****************************

    (၁)

    ကိုမြင့်ဆောင်တစ်ယောက်  ရွာကိုပြန်ရောက်လာပြီးနောက်နေ့‌‌ေရာက်တော့ အမဲသားနှစ်ပိဿာကိုဝယ်ကာ နွားလှည်းကိုမောင်းပြီး တဲသို့ပြန်ခဲ့လိုက်သည်။ထို့နောက် သူဝယ်လာ‌ခဲ့သော အမဲသားနှစ်ပိဿာကို ဖိုးခေါင်ကြီးနေသည့် ဥနှဲပင်ကြီးအောက်တွင် ငှက်ပျောရွက်ခင်း၍ပုံထားလိုက်ပြီး

  “ကဲ ဦးဖိုးခေါင်ကြီး ကျုပ်တော့အိမ်ပြန်ဝင်ရဦးမယ် အဲ့ဒါခင်ဗျားကို အမဲသားကျွေးရင်းလာနှုက်က်ဆက်တာ ကျုပ်တို့ကို ကူညီခဲ့တဲအတွက်လည်း ဦးဖိုခေါင်ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်ပေမဲ့ ဖိုးခေါင်ကြီးက အရင်လို သူသိ‌တဲ့အကြောင်း သစ်ပင်သစ်ကိုင်းတွေကိုလှုပ်မပြ ဒါကြောင့် ကိုမြင့်ဆောင်လည်း ဖိုးခေါင်ကြီးဥနှဲပင်မှာရှိမနေပဲ အနီးအနားပတ်ဝန်းကျင်သို့ လှည့်ပတ်သွားနေသည်ဟုထင်လိုက်မိသည်။

     သူ၏လေးဂွသည်လည်း ကိုပြူးဆီကပြန်မယူရသေး၍ ဖိုးခေါင်ကြီးရှိမရှိကိုကြည့်လို့မရ ဒါကြောင့် သူဖိုးခေါင်ကြီးအတွက်အမဲသားများကို ဥနှဲပင်အောက်မှာ ပုံထားခဲ့လိုက်ပြီး တဲပေါ်သို့ပြန်လာကာသူ့၏စားအိုးစားခွက်များကို အိမ်သို့ပြန်ယူရန် တောင်တစ်လုံးထဲကိုထည့်နေလိုက်သည်။

     ဖိုးခေါင်ကြီးသည် တစ္ဆေသရဲတစ်‌ေကာင်ဖြစ်‌ေပမဲ့လည်း စိတ်သဘောထားကောင်းမွန်ပြီး သူ့တို့နှင့်အတူလိုက်ကာ မိစ္ဆာများကိုပင် ကူညီရှာဖွေပေးခဲ့သူဖြစ်သည်။ထို့အပြင်ကိုမြင့်‌ေဆာင်ကိုလည်းခင်မင်ပြီး သူရှိနေ၍ ဤကျတ်တက်လျှိုလယ်ပွဲနှင့် သူ၏တဲကိုစိတ်ချလက်ချထားခဲ့လိုရသည့်အပြင် သက်ရှိနွားကြီးများကိုပင် ကူညီပြီးကျောင်ပေးတတ်သူဖြစ်သည်။

     ထိုကြောင့် ကိုမြင့်ဆောင်တစ်ယောက် ဤကျတ်တက်လျှိုလယ်ပွဲကိုလုပ်ကိုင်ပြီးစီးသွား၍ ရွာကိုပြန်နေရဦးမည်ဆိုတော့ ဖိုးခေါင်ကြီး တစ်ယောက်တည်းကျန်ခဲ့မှာကို‌ေတာင် စိတ်မကောင်းသလိုဖြစ်နေမိသည်။

    ကိုမြင့်ဆောင်တစ်ယောက် ထိုသို့ ဖိုးခေါင်ကြီးအကြောင်းတွေးပြီးပစ္စည်းများကိုသိမ်းနေခိုက် ဖိုးခေါင်ကြီး တဲ‌ေပါ်တက်လာပြီး သူထိုင်နေကြ နွားစာကျွေးသည်စင်လေးပေါ်တွင်ထိုင်နေသည်။ ထိုအခါ ကိုမြင့်ဆောင်က

    “ဦးဖိုးခေါင် ခင်ဗျား စောစောကဘယ်သွားနေတာတုန်းဗျာ့   ဥနှဲပင်မှာမရှိပါဘူး”

    ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ဦးဖိုးခေါင်ကြီးက

     “ငါရှိပါတယ်ကွာ မင်းကိုလည်းမြင်ပါတယ် ငါ့အတွက် အမဲသားဝယ်လာပြီးကျွေးတာကိုလည်း စားပြီးပါပြီ ဒါနဲ့မင်းဘယ်တော့လောက် ဒီကိုပြန်လာမှာတုန်းကွ”

    ဦးဖိုးခေါင် ထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်က

    “ကျုပ် ဦးဘိုးခင် ရွာနားကလယ်တွေကိုစိုက်ပြီးရင်တော့ နှမ်းကြဲဖို့ ဒီကိုပြန်လာရဦးမှာပဲဗျာ့ ဘာဖြစ်လို့တုန်း”

    “ဘာမှတော့ မဖြစ်ပါဘူးကွာ ဒါပေမဲ့ မင်းက ဦးဘိုးခင်တစ်ခြားသူရင်းငှားတွေလိုမဟုတ်တော့ ဒီလယ်ပွဲထည်းမှာမင်းနဲ့ငါအတူနေရတာအဆင်ပြေတယ်ကွ ဒါကြောင့် မင်းဘယ်အချိန်ပြန်လာမှာတုန်းမေးနေတာ”

    “အေးဗျာ ကျုပ်လည်းခင်ဗျားနဲ့ မိတ်ဆွေဖြစ်ရတာ အဆင်ပြေပါတယ် ဒါနဲ့ ကျုပ်မရှိတုန်းတော့ ဒီလယ်ပွဲကိုဂရုစိုက်လိုက်ဦး‌ေနာ့် ကျုပ်လည်း ရွာနားကလယ်တွေစိုက်ပြီးရင် ပြန်လာမှာပါ အဲ့ဒီအခါကြရင်လည်း ခင်ဗျားအတွက် အမဲသားဝယ်လာပေးဦးမယ်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ဦးဖိုးခေါင်ကြီးက

    “မလိုတော့ပါဘူးကွာ ငါ့အတွက်ဘာမှဝယ်မလာပါနဲ့
ဒီလယ်ပွဲကိုလည်း ငါစောင့်ရှောက်ထားလိုက်ပါမယ်
ကဲ မင်းလည်းလုပ်စရာရှိတာတွေလုပ်လိုက်ဦး ငါလည်းပြန်ဦးမယ်ကွာ”

    ဖိုးခေါင်းကြီး ထိုသို့  နှုတ်ဆက်ပြီး သူနေသည့်ဥနှဲပင်ကြီးဆီကို ပြန်ဆင်းသွားသည်။ထိုအခါ ကိုမြင့်ဆောင်လည်း သူ၏ကျန်နေသေးသည့် ပစ္စည်းများကို တောင်းထဲသို့ဆက်ထည့်လိုက်ပြီး လှည်းပေါ်သို့ သွားတင်ထားလိုက်သည်။ထိုနောက် အတန်ကြာတော့မှ လွှတ်ကျောင်းထားသော နွားကြီးနှစ်ကောင်ကိုဆွဲကာ လှည်း၌တပ်ပြီး ရွာသို့ပြန်ခဲ့လိုက်သည်။
ကိုမြင့်ဆောင် ထိုသို့ ရွာပြန်သွားတာကိုမြင်တော့ ဖိုးခေါင်ကြီး စိတ်မကောင်းစွာဖြင့် သူနေသည့် ဥနှဲပင်ကြီးအောက်မှရပ်ကြည့်‌ပြီး ကျန်နေခဲ့‌ေတာ့သည်။

    (၂)

     ကိုမြင့်ဆောင်လည်း အိမ်သို့ပြန်ရောက်ပြီး နွားများကို လှည်းမှဖြုတ်၍ နွားတင်းကုပ်ထဲ၌ချည်နေစဉ် မောင်စိုးတစ်ယောက် သူ့အနားရောက်လာပြီး

    “ဦးမြင့်ဆောင် ကျုပ်တို့ရွာထဲတော့ ပြဿနာတွေတက်ကုန်ပြီဗျာ့”

   “ဟုတ်လားကွ ဘယ်သူတွေတုန်း ဘာပြဿနာတွေဖြစ်ကြတာတုန်း”

ကိုမြင့်ဆောင် ထိုသို့‌ေမးလိုက်တော့ မောင်စိုးက

     “ပြဿနာဖြစ်တာတော့ ကိုငတူးအဖေဦးသံချောင်းနဲ့ သူဘေးအိမ်က ဒေါ်ပျော့တို့ပဲဗျာ့”

    “ဟုတ်လားကွ သူတိုက ဘာတွေဘယ်လိုဖြစ်ပြီး ပြဿနာတက်ကုန်တာတုန်း”

    ထိုအခါ မောင်စိုးက

    “ဒီလိုဗျာ့  မနက်က ကိုငတူး နွားကျောင်း‌ေနရင်း အရက်မူးပြီးအိပ်ပျော်သွားလို့ သူ့နွားတွေ ဒေါ်ပျော့လယ်ထဲ ဝင်စား‌ေနတာကိုမသိလိုက်ဘူးတဲ့‌ဗျာ့
အဲ့ဒါ လယ်ထဲသွားကြည့်တဲ့ ဒေါ်ပျော့ကတွေ့ပြီး စိတ်စိုးစိုးနဲ့ ကိုငတူးအိပ်ပျော်နေတဲ့ သစ်ပင်ပေါ်ကသရဲကို ဆင်းလာခိုင်းပြီး ကိုင်ခိုင်းလိုက်တာတဲ့ဗျာ့”

    “ဟုတ်လားကွ ဒါနဲ့ ငတူးရော အခုဘယ်လိုဖြစ်နေတုန်း သရဲအကိုင်ခံလိုက်ရပြီး အတိတ်တွေဘာတွေများမေ့သွားပြီလား”

    “အဲ့ဒါတော့ မသိဘူးဗျာ့ ဒါပေမဲ့ ကိုငတူးကတော့ အခုထက်ထိမူးကြောင်မူးကြောင်ဖြစ်နေတုန်းပဲ”

    “မင်းဟာက ရူးကြောင် ရူးကြောင် မဟုတ်ဘူးလားကွ ဘယ့်နှယ်မူးကြောင်မူးကြောင်ဖြစ်နေရတာတုန်း”

    “ကျုပ်လည်း သေချာမသိဘူးဗျာ အဲ့ဒါသူသားကို မူးကြောင်မူးကြောင်ဖြစ်အောင် လုပ်ရမလားဆိုပြီး ဦးသံချောင်းက မကျေနပ်တာနဲ့ ဒေါ်ပျော့နဲ့စကားများရန်ဖြစ်ကြတာပဲ”

    “ဟုတ်လား အခုရောသူတို့ဘယ်လိုနေကြတုန်း တစ်ယောက်နဲ့တစ်ယောက်က အိမ်နီးနားချင်းတွေဆိုတော့”

    ကိုမြင့်ဆောင် ထိုသို့ မေးလိုက်ပြီး အိမ်အောင်တန်းလျှား‌ဆီသို့ လျှောက်လာကာ တန်းလျှားပေါ်တွင်ဝင်ထိုက်သည်။ ထိုအခါ မောင်စိုးလည်းသူလို့ပင် တန်းလျှားပေါ်သို့ဝင်ထိုင်းရင်း

    “အခုတော ဘာမှမဖြစ်တော့ဘူးဗျာ့ ဒါပေမဲ့ ဒေါ်ပျော့ကတော့ သူ့လယ်လည်းနွားစားခံရသေး သူကိုလည်းဒေါသတကြီးရန်တွေ့တဲ့ဦးသံချောင်းကို မကျေနပ်ပဲ ဦးသံချောင်းကိုပါ သရဲနဲ့ကိုင်ခိုင်းမလို့လုပ်နေတယ်တဲ့ဗျာ့”

    “ဟုတ်လားကွ သူကဘယ်လိုများ ကိုင်ခိုင်းမှာတဲ့တုန်း”

    “အဲ့ဒါတော့ ကျုပ်လည်းမသိဘူးဗျာ့ ဒါနဲ့ဦးမြင့်ဆောင်
ဒေါ်ပျော့ပြောသလို ဦးသံချောင်းကို သရဲနဲ့ကိုင်ခိုင်းမယ်ဆိုတာဖြစ်နိုင်ပါ့မလားဗျာ့ သူခိုင်းတိုင်းရောသရဲကလုပ်ပါ့မလား”

    “ဒါတော့ ငါလည်းမပြောတတ်ဘူးကွ ဒါပေမဲ့ တစ်ချို့အဲ့ဒီလို အလုပ်မျိုးတွေကိုမျော်ကိုးနေတဲ့ သရဲတစ္ဆေတွေလည်းရှိခြင်ရှိမှာပေါ့”

    ကိုမြင့်ဆောင် ထိုသို့ပြောပြီး ရေချိုးရန်ရေတွင်းဘက်သို့ ထွက်လာခဲ့လိုက်သည် ထိုအခါ မောင်စိုး ဘာမှပြန်မ‌ေမးတော့ပဲ စဉ်းစားတွေတောရင်း တန်းလျှားပေါ်မှာ ကျန်နေခဲ့တော့သည်။

    (၃)

    ဒေါ်ပျော့နှင့်ဦးသံချောင်းဆိုသည်မှာ အိမ်နီးနားချင်းဖြစ်သလို လယ်နီးနားချင်းများလည်းဖြစ်ကြပြီး သူတို့နှစ်ယောက် လယ်ထဲနွားဝင်စားသည့် ကိစ္စနှင့်ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦး မခေါ်နိုင်မပြောနိုင်တွေဖြစ်နေကြသည်။

    ဒီကြားထဲ အရက်ကြောင် ကြောင်ချင်သလိုဖြစ်နေသော ငတူးက ပါးစပ်ထဲတွေ့ရာလျှောက်ပြောနေ၍ ဦးသံချောင်း ဒေါ်ပျော့‌ေပြာသလို သူ၏ယာကွက်ထဲရှိ သရဲဖြင့်ကိုင်ခိုင်းလိုက်သည်ဆိုတာကို ယုံချင်သလိုဖြစ်နေသည်။ဒါကြောင့် မနက်ခင်းက စကားများထားသည်ကို အားမရသေးပဲ

    “တောက် ငတူးရာ မင်းမို့လို့ ဘာမဟုတ်တဲ့မုဆိုးမကိုင်ခိုင်းလိုက်တဲ့သရဲကိုင်တာ ခံလာရတယ်လို့ကွာ ငါနဲ့တော့ တခြားစီပဲ”

    ဦးသံချောင်း ထိုသို့ပြောလိုက်တော့ ငတူးက

    “ကျုပ်လည်းအိပ်ပျော်နေလို့ အကိုင်ခံလိုက်ရတာပါဗျာ  ဒီလိုမှမဟုတ်ရင် ငတူးလိုကောင်ကို ကိုင်ဖို့မပြောနဲ့ အနားတောင်ကပ်နိုင်မှာမဟုတ်ဘူး”

    “အေး ဒါဆိုတိတိကြကြပြောစမ်းကွာ မင်းကိုသရဲကဘယ်နေရာ ကိုင်လိုက်တာတုန်း ဒါမှဆေးလေးဘာလေးကုလို့ရမှာ”

   ဦးသံချောင်း ထိုသို့မေးလိုက်တော့ ငတူးက

“ကျုပ်အထင် ခေါင်းကိုကိုင်လိုက်တာ ဖြစ်မယ်ဗျာ့ အခုထက်ထိ ကျုပ်ခေါင်းကမူးနောက်နောက်ဖြစ်နေတုန်းပဲ”

“အေး ဒါဆို မင်းနားနားနေနေလိုက် အဖေပဲနွားတွေကြည့်ကျောင်းလိုက်မယ် အခုရက်ပိုင်းအတွင်းမင်း ဘာမှမလုပ်နဲ့ကွာ”

    ဦးသံချောင်း ထိုသို့ပြောလိုက်တော့ ငတူးတစ်ယောက်ဝမ်းသာသွားပြီး ထခုန်ချင်စိတ်ပင်ပေါက်သွားသည်  အမှန်တော့ ငတူးတစ်ယောက် အရက်ရှိန်မသေသေး၍ ခေါင်းထဲမူးနောက်နောက်ဖြစ်နေတာကို သရဲအကိုင်ခံရလို့ပဲ မူး‌ေနသလိုလိုပြောလိုက်ခြင်းဖြစ်သည်။

      သို့မှသာ သူ့အဖေဦးသံချောင်း သူ့ကိုနွားကျောင်းမြက်ရိတ်မလုပ်ခိုင်းမှာဖြစ်ပြီး သူလည်းရွာထဲတွင် အေးအေးဆေးဆေးနေ၍ရမည်ဖြစ်သည်။

     ထို့ကြောင့် ငတူး သူ့၏ခေါင်းကိုကိုင်ကာ မျက်နှာကိုရှုံ့မဲ့နေလိုက်ပြီး အခုပဲ သရဲကိုင်လိုက်၍ ဦးခေါင်းရှစ်စိတ်ကွဲတော့မည့်ပုံစံလုပ်နေလိုက်သည်။

     ငတူး ထိုသို့ဖြစ်နေတာမြင်တော့ ဦးသံချောင်းက မကျေမနပ်ဖြင့် တစ်ဘက်အိမ်မှ ဒေါ်ပျော့ကြားအောင် အော်ပြောလိုက်သည်

    “တောက် ဘာမှမသိသေးတဲ့ ကလေးတစ်ယောက်ကိုင်ခိုင်းမဲ့အစား သံချောင်းလိုမာတောင်နေတဲ့ငါ့ကို ကိုင်ခိုင်းလိုက်စမ်းပါကွာ”

    ဦးသံချောင်း ထိုသို့အော်ပြောလိုက်တော့ ဒေါ်ပျော့ သူ့ကိုပြောမှန်းသိပြီး

    “အေး သံချောင်းလည်းကိုင်ခိုင်းမှာ ဒုတ်ချောင်းလည်းကိုင်မှာပဲဟေ့ မယ်ပျော့ကိုလာစမ်းလို့ကတော့ ဘယ်အချောင်းဖြစ်ဖြစ်ကိုင်ကို ကိုင်ခိုင်းဦးမှာ”

    ထိုအခါ ဦးသံချောင်းက

    “အေး ကိုင်ရင်တော့ပြီးအောင်ကိုင် နောက်ကြမှ သံချောင်းမာမှန်းသိပြီး ပြန်လွတ်ဖို့မကျိုးစားနဲ့ သရဲသောဘာသော နားမလည်ဘူး သံချောင်းဒေါသ သံချောင်းပဲသိတယ်”

    “အေး ဒါဆိုလဲဒီည နင့်ကိုကိုင်ဖို့ ငါ့သရဲကိုလွှတ်လိုက်မယ်ဟေ့”

    ဒေါ်ပျော့ ထိုသို့ပြောပြီး ဒေါသတကြီးဖြင့် အိမ်ဝိုင်းထဲမှထွက်သွားသည် ဦးသံချောင်းလည်း ဒေါ်ပျော့ ထိုသို့အိမ်ဝိုင်းထဲမှထွက်သွားတာကို သူ့အိမ်မှကြည့်နေပြီး

    “လာကိုင်ခိုင်စမ်းပါကွာ သူ့သရဲဘယ်လောက်ကြာကြာကိုင်နိုင်မှာတုန်း သံချောင်းမာမှန်းသိပြီး နောက်ပြန်လှည့်ပြေးမှာမြင်ရောင်မိသေး”

    ဦးသံချောင်း ထိုသို့ ပြောလိုက်တော့ သူ့ဘေးတွင်သရဲအကိုင်ခံရသည့်သဏ္ဍန်လုပ်နေသော ငတူးက

    “အဖေ စွတ်စွတ်ပြီးလည်း ကိုင်ခိုင်းမနေနဲ့ဦး တော်ကြာတကယ်ကိုင်လိုက်လို့ ဟုတ်ပေ့ဖြစ်နေဦးမယ်”

    “ကိုင်ခိုင်းစမ်းပါစေကွာ သူကိုင်ချင်တိုင်းကိုင်လို့ရမတဲ့လား ကာယကံရှင်သံချောင်းကိုင်ခွင့်ပြုမှ ကိုင်လို့ရမှာပေါ့
ဒါကို ဒင်းကမသိပဲ ပြောချင်ရာလျှောက်ပြောနေတာ”

    “ဒါဆိုလဲပြီးရောဗျာ ကျုပ်လည်း ရွာနောက်ပိုင်းသွားပြီး သရဲအကိုင်ခံရတာပျောက်တဲ့ဆေး သွားသောက်လိုက်ဦး”

   ငတူး ထိုသို့ပြောလိုက်တော့ ဦးသံချောင်းက အံ့ဩတကြီးအမူအယာဖြင့်

     “ဟေ အဲ့လိုဆေးမျိုးရှိလို့လားကွ”

    “ရှိတာပေါ့အဖေရ အဲ့ဒီဆေးသောက်လိုက်ရင် သရဲအကိုင်ခံရတာတင်မကဘူး ဘာကောင်ကိုင်ကိုင်အကုန်ပျောက်တယ်”

    “ဟုတ်လားကွ ဒါဆို မင်းပြန်လာရင် ငါ့အတွက်တစ်ဗူးလောက် ဝယ်ခဲ့စမ်းကွာ တော်ကြာ မယ်ပျော့ကိုင်ခိုင်းတဲ့သရဲ တကယ်လာကိုင်နေရင် အဲ့ဒီဆေးသောက်ပြီး ပြုံးပြုံးကြီး‌ေနနိုင်အောင်လို့ ဒါမှ မယ်ပျော့ရော သရဲရော သံချောင်း ဘာကောင်လဲဆိုတာသိသွားမှာ”

    ဦးသံချောင်း ထိုသို့‌ေပြာလိုက်တော့ ငတူးက

    “ဒါဆိုရင်လဲ ကျုပ်ပြန်လာရင် အဖေ့အတွက် တစ်ဘူးဝယ်ခဲ့မယ်ဗျာ ဒါပေမဲ့ ဆေးဖိုးတော့ပေးလိုက်ဦး”

    ငတူးထိုသို့ပြောလိုက်တော့ ဦးသံချောင်းက သူ့အိပ်ကပ်အတွင်းမှ ပိုက်ဆံအချို့ကိုထုတ်ပေးရင်း

” ကဲကဲမြန်မြန်သွား ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက် အပြန် ငါ့အတွက်ဝယ်ခဲ့ဖို့လည်း မမေ့နဲ့ဦး”

    ငတူး သူ့အဖေဦးသံချောင်းကို ဘာမှပြန်ပြောမနေတော့ပဲ လက်ထဲမှပိုက်ဆံကိုယူကာ ရွာအနောက်ပိုင်းသို့ ခပ်သွက်သွက်လျှောက်လာခဲ့တော့သည်။

    ငတူးတို့သားအဖနှစ်‌ေယာက် ထိုသို့စကားပြောနေချိန်ဒေါသတကြီးဖြင့် အိမ်ဝိုင်းထဲမှထွက်သွားသော ဒေါ်ပျော့ တစ်ယောက် အမဲသားသည် ဒေါ်လုံးအိမ်သို့ ရောက်နေပြီး

    “အလုံး နင့်ဆီမှာ အမဲသားရောင်းဖို့ကျန်သေးလား”

    ဒေါ်ပျော့ ထိုသို့မေးလိုက်တော့ အမဲသားပြန်ရောင်းကောင်းလာပြီဖြစ်သော ဒေါ်လုံးက

    “ရောင်းဖို့တော့ မကျန်တော့ဘူး အပျော့ ဒါပေမဲ့ငါညနေစာချက်ဖို့ ချန်ထားတဲ့တစ်ဆယ်သားလောက်တော့ရှိသေးတယ်”

    “အေး အဲ့ဒါဆိုလဲ အဲ့ဒီတစ်ဆယ်သား ငါ့ပြန်ရောင်းစမ်းပါအေ”

    “အေးပါ နင်လိုချင်ရင်ယူသွားလေ ဒါနဲ့ နင့်အိမ်မှာ အခုထိဘာမှမချက်ရသေးဘူးလား”

    ဒေါ်လုံး ထိုသို့မေးလိုက်တော့ ဒေါ်ပျော့က

     “ချက်လည်းချက်ပြီးပြီ စားလည်းစားပြီးပြီ ငါဟိုကောင့်ကိုမကျေနပ်လို့ နင့်ဆီအမဲသား လာဝယ်တာ”

    “ဘယ်အကောင်တုန်းဟဲ့ ဘယ်အကောင့်ကို မကျေနပ်လို့ ငါ့ဆီအမဲသားလာဝယ်တာတုန်း”

    “သံချောင်းပေါ့အေ သံချောင်းပေါ့ အဲ့ဒီကောင်ကိုမကျေနပ်လို့ နင့်ဆီအမဲသားလာဝယ်တာ”

    “ဟဲ့ သံချောင်းကို မကျေနပ်တာနဲ့ ငါ့ဆီအမဲးသားလာဝယ်တာ ဘာဆိုင်လို့တုန်း”

    “ဆိုင်တာပေါ့အေ ငါ့ယာခင်းထဲကသရဲကို အမဲသားကျွေးပြီး အဲ့ဒီကောင်ကိုကိုင်ခိုင်းမလို့”

    “ဟဲ့ အပျော့ နင်မဟုတ်က ဟုတ်ကတွေလျှောက်မလုပ်မနေနဲ့ တော်ကြာမဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မယ် ဒါနဲ့ နေပါဦး နင်က  သရဲကိုအမဲးသားကျွေးပြီး ဘယ်လိုကိုင်ခိုင်းမှာတုန်း”

    “ဖျားအောင် နာအောင်ပေါ့အေ ဒါမှဒီကောင်မှတ်မှာ ဒီလိုမှမဟုတ်ရင် ငါ့မှာ လယ်လည်းနွားစာခံရသေး စကားများရန်ဖြစ်ပြီး အပြောအဆိုလည်းခံရသေး နည်းနည်းမှဒီကောင့်ကိုမကျေနပ်နိုင်ဘူး”

   ဒေါ်ပျော့ ထိုသို့ပြောလိုက်တော့ ဒေါ်လုံးက စိုးရိမ်သောလေသံဖြင့်

      “အပျော့ နင်တောလုပ်တောင်လုပ်တွေ လျှောက်လုပ်မနေနဲ့ ကိုက ဒီအကြောင်းတွေဘာမှနားလည်တာမဟုတ်ဘူး တော်ကြာသရဲက သံချောင်းကိုမကိုင်ပဲ နင့်ကိုကိုင်လိုက်မှ ဟုတ်ပေ့ဖြစ်နေဦးမယ်”

   ထိုအခါ ဒေါ်ပျော့က

      “ငါ့ကို ဘာကိုင်စရာလိုလို့တုန်းဟ ငါ့ကသူ့ကိုအမဲးသားကျွေးမဲ့လူပဲ ကိုင်ချင်းကိုင် ဟိုကောင်သံချောင်းကိုပဲကိုင်မှာပေါ့ နောက်ပြီးအဲ့ဒီသရဲကလည်း ငါ့ယာခင်းထဲကသရဲပဲလေ”

    ဒေါ်ပျော့ ထိုသို့ပြောလိုက်တော့ ဒေါ်လုံးဘာမှမပြောတော့ပဲ အမဲးသားကို ယူသွားလို့လဲမပြော မယူနဲ့လို့လဲမပြောပဲနေလိုက်သည်။ဒေါ်လုံး ထိုသို့ဘာမှမပြောပဲနေတော့ ဒေါ်ပျော့က

    “ကဲ ပေးစမ်းပါအေ နင့်အမဲသားဖိုးတော့နောက်နေ့မှငါလာပေးမယ် အခုအချိန်ရှိတုန်း ငါလည်းလုပ်စရာလေးရှိတာ‌ေလးလုပ်ချင်သေးလို့”

    ဒေါ်ပျော့ ထိုသို့ပြောပြီး ဒေါ်လုံးညစာချက်ဖို့ချန်ထားသော အမဲသားတစ်ဆယ်သားလောက်ကို ကိုတိုင်မီးဖိုထဲသိုတက်ယူကာ သူ၏အိမ်သို့ပြန်ခဲ့လိုက်သည်။
ထိုနောက် ဒေါ်ပျော့တစ်ယောက် သူယူလာသော အမဲးသားများကို ချက်ပြုတ်ပြီး ချိုင့်တစ်လုံးဖြင့်ထည့်ကာ ရွာမြောက်ဘက်သူ၏လယ်များရှိရာသို့ ထွက်လာခဲ့လိုက်သည်။

    (၄)

    ဒေါ်ပျော့တစ်ယောက် သူ့လယ်ကွက်များဆီရောက်တော့  နွားစားထားသောစပါးပင်များကိုကြည့်ကာ နွားကျောင်းသော ငတူးထက် သူကို့မကျေမနပ်ဖြင့်ရန်လုပ်သော ဦးသံချောင်းကို ပိုပြီးဒေါသဖြစ်မိနေသည်။

သူ့အနေနဲ့ နွားကျောင်းရင်းသစ်ပင်‌ေအာက်တွင်အိပ်ပျော်နေသေား ငတူးကိုကြည့်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် သစ်ပင်ပေါ်ကသရဲရယ် နင်အပင်အောက်မှာအိပ်နေတဲ့ ငတူးကို ဂုတ်ချိုးပြီးနိုးအောင်လုပ်လိုက်စမ်းပါလို့‌ေပြာလိုက်ချိန် ငတူးတစ်‌ေယာက်အိပ်နေရာမှာနိုးလာပြီးသူ‌ေပြာ‌ေသာ စကားကိုကြားသွားခြင်းဖြစ်ပြီး  ပြူးပြူးပျာပျာဖြင့်ထလာကာ နွားများကို အိမ်သို့ပြန်မောင်းသွားသည်။

     ထိုနောက် သူအဖေ့ဦးသံချောင်းကို ဒေါ်ပျော့ သူအိပ်ပျော်နေတုန်း သရဲဖြင့်ကိုင်ခိုင်းလိုက်၍ ယခု သူခေါင်းမူးနေကြောင်းပြောပြလိုက်သည်။

     ငတူးထိုသို့ပြောပြလိုက်တော့ ဦးသံ‌ေချာင်းက သူ့နွားတွေဒေါ်ပျော့လယ်ထဲဝင်စားတာကို မတောင်းပန်ပဲ ငတူးကိုခေါင်းမူး‌သွားအောင် သရဲဖြင့်ကိုင်ခိုင်းလိုက်‌သည့် ဒေါ်ပျော့ကို မကျေနပ်ပဲ စကားများကြခြင်းဖြစ်သည်

    ထိုအခါ ဒေါ်ပျော့က စပါးပင်များကို နွားစားခံရ၍ စိတ်ဆိုးနေသည့်အချိန် ဦးသံချောင်းက မတောင်းပန်းပဲ ရန်တွေ့နေသဖြင့် ပို၍စိတ်ဆိုးသွားပြီး ယခုကဲ့သို့ သရဲနှင့်တကယ်ကိုင်ခိုင်းရန် အမဲသားဟင်းချက်၍ယူလာခြင်းဖြစ်သည်။

   ဒေါ်ပျော့ သူယူလာသော အမဲသားဟင်းချိုင့်ကို အဖုံးဖွင့်၍ ငတူအိပ်ပျော်ခဲ့သော သစ်ပင်ကြီးအောက်တွင် ချလိုက်ပြီး

    “ဒီသစ်ပင်မှာရှိတဲ့ သစ်ပင်စောင့်သရဲကြီး ကျုပ်စပါးပင်တွေကို ဝင်စားသွားတဲ့နွားတွေရဲ့ပိုင်ရှင် သံချောင်းကို  ဖျားအောင်နာအောင်လုပ်ပေးပါ တကယ်လို့အဲ့ဒီလိုလုပ်ပေးရင် နောက်နေ့လည်း သင့်ကိုအမဲသားဟင်းချက်ပြီးလာပို့ပါဦးမယ်”

    ဒေါ်ပျော့ ထိုသို့ပြောလိုက်‌တယ်ဆိုရင်ပဲ သူရှေ့မှာရှိ‌ေနသည့် သစ်ပင်ကြီးသည် လေမတိုက်ပဲနှင့် သစ်ကိုင်းများယိမ်းထိုးနေပြီး တဝေါဝေါမြည်လာသည်။

    ဒေါ်ပျော့လည်း သူပြောလိုက်၍ သစ်ပင်ကြီးထိုသို့ ဖြစ်လာတာကိုမြင်လိုက်ရပြီး ထိုနားတွင် ဆက်မနေရဲတော့ပဲထိုင်ရာမှထကာ  ရွာဘက်ကိုခပ်မြန်မြန်ပြန်‌ေလျှာက်လာသည် သူ၏တစ်ကိုယ်လုံးလည်း ကြောက်ရွံ့စိတ်တိုဖြင့် တဆတ်ဆတ်တုန်နေပြီး ဇောချွေးများပင်ပြန်နေပြီဖြစ်သည်  ဒေါ်ပျော့လည်းစိတ်ကိုတင်းထားပြီး ရွာသို့ရောက်အောင်ပြန်နေရင်း သူလုပ်တာမှားမှန်းသိလိုက်ပြီဖြစ်သည်။

  သို့သော် ဒေါ်ပျော့လုပ်လိုက်သောအမှားသည် ထိုမျှနှင့်ပင်ပြီးမသွားသေးပဲ တစ်ရွာလုံးစိုးရိမ်ထိတ်လန့်စရာ‌ေတွဖြစ်‌ကုန်သည်  သူအမဲသားသွားကျွေးလိုက်သောသရဲသည် ဒေါ်ပျော့ရွာကို ပြန်နေတာကိုကြည့်ပြီး မကျေမနပ်ဖြစ်နေသည် ဒေါ်ပျော့ သူ့ကိုကျွေး‌ေသာအမဲသားဟင်းသည် မဖြစ်စလောက်အနည်းငယ်သာဖြစ်၍ သူစားရသည်မှာမဝ ဒါကြောင့်သူ ဒေါ်ပျော့ဆီမှအမဲသားဟင်းထပ်စားလိုနေပြီး ရွာကိုပြန်နေသော ဒေါ်ပျော့နောက်သို့ လိုက်သွားပြီး ဒေါ်ပျော့၏ကိုယ်ထဲသို့ ဝင်ပူးလိုက်သည် ထိုသို့သရဲအပူးခံလိုက်ရသော ဒေါ်ပျော့တစ်ယောက် ဘာမှမသိတော့ပဲ တစ်ကိုယ်လုံးတုန်တက်ကာ မျက်ထောင့်နီကြီးနှင့် ဖြစ်လာပြီး  သူအိမ်သို့တန်းတန်းမတ်မတ်ပင်ပြန်သွားသည်။

    ထို့နောက် သူအိမ်သို့ရောက်တော့ အိမ်အောက်တန်းလျှားပေါ်တွင် ထိုင်နေသော သူ့သမီးရွှေမိကို မျက်ထောင့်နီကြီးဖြင့်ကြည့်ကာ

    “ဟဲ့ ကောင်မ ငါ့အတွက် အမဲသားတစ်ပိဿာဝယ်ပြီးဟင်းအမြန်သွားချက်စမ်း”

     ရွှေမိ ဒေါ်ပျော့ ပြောလိုက်သောအသံကြီးကိုကြားကာ ရုတ်တရက်အံ့ဩထိတ်လန့်သွားပြီး သူ့အမေဒေါ်ပျော့ကို သေချာကြည့်လိုက်မိသည် ထိုအခါ ဒေါ်ပျော့သည် အရင်လိုမဟုတ်ပဲ တကိုယ်လုံးတုန်တုန်ယင်ယင်ဖြစ်နေပြီး သူ့ကိုလည်းစားမတတ်ဝါးမတတ်ကြည့်နေတာမြင်လိုက်ရ‌ေတာ့ တစ်ကိုယ်လုံးကြက်သီးများထလာပြီး ရွှေမိတစ်ယောက် ကြောက်ရွံ့စိုးရိမ်လာသည် ထိုအခါ ဒေါ်ပျော့က

    “ဟဲ့ ငါပြောတာမကြားဘူးလား နင်ပါသေချင်လို့လား
သွားငါ့အတွက် အခု အမဲသားဟင်းအမြန်ချက်စမ်း”

   ဒေါ်ပျော့ ထိုသို့ပျောလိုက်တော့ ရွှေမိက

    “ဒီအချိန်ကြီး အမဲသားဘယ်သွားဝယ်ရမှာတုန်း
နောက်ပြီးအဲ့လောက်အများကြီးဘာလုပ်ဖို့လဲ”

    “ငါစားဖို့ပေါ့ဟဲ့ နင့်ဟာနင့်ဘယ်မှာဝယ်ဝယ် ငါ့အမဲသားဟင်းစားရဖို့ပဲအရေးကြီးတယ်”

    ရွှေမိလည်း သူ့အမေဒေါ်ပျော့ပုံမှန်မဟုတ်ပဲ တစ်ခုခုဖြစ်လာတာကို ရိပ်မိလိုက်ပြီး

    “ကဲ ဒါဆိုလည်း ကျုပ်အမဲသား သွားဝယ်လိုက်ဦးမယ်”

    ရွှေမိ ပြောပြောဆိုဆိုအိမ်ဝိုင်ထဲမှ ထွက်ရန်ပြင်လိုက်သည် ထိုအခါဒေါ်ပျော့က

    “နင်မြန်မြန်လာနော် မိုးချုပ်လို့မှ ငါအမဲသားဟင်းမစားရရင် ဒေါ်ပျော့သေပြီသာမှတ်”

    ရွှေမိဘာမှပြန်မပြောပဲ အိမ်ဝိုင်းထဲမှခပ်သွက်သွက်ထွက်လာသည် သူအိမ်ဝိုင်းထဲထွက်လာတာကို ဘေးအိမ်မှဦးသံချောင်းမြင်လိုက်ပြီး လမ်းပေါ်ရောက်လာသော ရွှေမိကို

    “ဟဲ့ရွှေမိ နင်အမေဘာဖြစ်လာတာတုန်း”

    “မသိပါဘူးဦးလေးရယ် အိမ်ပြန်လာပြီး ကျုပ်ကို အမဲသားတစ်ပိဿာ အမြန်ချက်‌ေပးရမယ်ပြောနေလို့”

    “ဟုတ်လား အဲ့ဒီအမဲသာ တစ်ပိဿာက ဘာလုပ်ဖို့ချက်ခိုင်းတာတုန်း”

    “သူစားဖို့တဲ့ အမေ့ကိုကြည့်ရတာ ပုံမှန်မဟုတ်ဘူး ဦးလေး တစ်ခုခုဖြစ်လာပုံပဲ”

    “အေး ငါလည်း သူလယ်ထဲကပြန်လာကတည်းကကြည့်နေတာ အခုနင်ထွက်လာမြင်လို့ ဘာတွေဖြစ်နေတာတုန်းမေးကြည့်တာ အခုနင်ဘယ်သွားမှာတုန်း အမဲသားသွားဝယ်မလို့လား”

    “ဒီအချိန်ကြီး ဘယ်လိုလုပ်အမဲသားဝယ်လို့ ရမှာလည်းဦးလေးရဲ့ ဦးမြင့်ဆောင်ကြီးဆီသွားပြီးအကျိုးအကြောင်း ပြောပြမလို့ အဲဒါအိမ်ဘက်ကို ခဏကြည့်ထားလိုက်ပါဦး”

    “အေးအေး သွား ငါကြည့်ထားလိုက်မယ် လိုအပ်တာရှိရင်လည်း ငါ့ကိုပြောကြားလား တကယ်လို့ အမဲသားတွေဘာတွေ မဖြစ်မနေဝယ်ရမယ်ဆိုရင်လည်း ငတူးကို မြို့လွှတ်ပြီး ဝယ်ခိုင်းလိုက်မယ်”

    “ဟုတ်ကဲ့ ဦးလေးဒါဆိုကျုပ်သွားလိုက်ဦးမယ်”

    ရွှေမိလည်း ထိုသို့ပြောပြီး ရွာနောက်ပိုင်းသို့ခပ်သုပ်သုပ်ထွက်သွားသည် ဦးသံချောင်းလည်း သူ့ဝိုင်းထဲမှနေပြီး ဒေါ်ပျော့ကို လှမ်းကြည့်နေသည်။
ဦးသံချောင်းနှင့်ဒေါ်ပျော့တို့သည် ငယ်စဉ်ကတည်းကပင် အတူကြီးပြင်းလာခဲ့ကြသော သူငယ်ချင်းများဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးပြောမနာဆိုမနာများဖြစ်ကြသည်
နှစ်တိုင်းလိုလိုပင် ဤကဲသို့ကောက်ပင်များကိုအနည်းနှင့်အများ‌ေတာ့ နွားစားခံရနေကြ  ဒါပေမဲ့ ထိုအချိန်တုန်းကတော့ ဘာမှမဖြစ် ယခုနှစ်မှသာ ထူးထူးခြားခြား ငတူးခေါင်းမူးတာနှင့်ပတ်သက်ပြီး တစ်ယောက်တစ်ခွန်း စကားများကြခြင်းဖြစ်သည်။

     ထိုသို့စကားများကြသည် ဆိုသော်လည်း ဦးသံချောင်း၏စိတ်ထဲမှာတော့ ကြီးကြီးမားမားဒေါသမဖြစ် သူငယ်ချင်း အချင်းချင်း စကားနိုင်လုသည့်သဘောသာဖြစ်ပြီး ဤကဲ့သို့ ဒေါ်ပျော့တစ်ယောက် ဒုက္ခရောက်မည့် အဖြစ်မျိုးနှင့်ကြုံနေရတော့ မနေနိုင် ဒါကြောင့်သူလည်း အိမ်ဝိုင်းထဲမှနေပြီး ဒေါ်ပျော့ကို စောင့်ကြည့်နေပြီးငတူးလည်းထိုသို့ပင်ဖြစ်သည်။

    (၅)

    ထိုသို့ဖြင့် ရွှေမိတစ်ယောက် ရွာနောက်ပိုင်းရှိ ဦးဘိုခင်အိမ်သို့ အိမ်အောက်တန်းလျှားပေါ်တွင် ထိုင်နေသော ကိုမြင့်ဆောင်ကိုတွေ့လိုက်ရပြီး အကျိုးအကြောင်းပြောပြကာ အိမ်သို့လိုက်ခဲ့ရန်ခေါ်လိုက်သည်။

    ကိုမြင့်ဆောင်လည်း ချက်ချင်းပင် ရွှေမိနဲ့လိုက်လာခဲ့ပြီး ဒေါ်ပျော့အိမ်သို့ရောက်တော့

    “ဟဲ့ကောင်မ နင်ငါလုပ်ခိုင်းတဲ့အတိုင်းမလုပ်ပဲ ဘယ်ကအကောင်တွေခေါ်လာတာတုန်း သေချင်လို့လား”

    ဒေါ်ပျော့ ထိုသို့ပြောလိုက်တာကိုကြည့်ပြီး ကိုမြင့်ဆောင် ဒေါ်ပျော့၏ကိုယ်ထဲသို့ မကောင်းဆိုးဝါးသရဲတစ္ဆေတစ်ကောင်ပူးကပ်နေမှန်းသိလိုက်ပြီး

    “မင်းဘယ်သူတုန်း ဘာကြောင့်ဒေါ်ပျော့ကိုယ်ထဲပူးကပ်ပြီး နှောက်ယှက်နေရတာတုန်း”

    ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ဒေါ်ပျော့၏ကိုယ်ထဲသို့ပူးကပ်နေသော တစ္ဆေသရဲက

    “ငါ ဒေါ်ပျော့အမဲသားကျွေးခဲ့တဲ့ သစ်ပင်မှာနေတဲ့သရဲပဲကွ”

    “ဒါဆိုမင်းဘာလို့ ကိုယ့်ကိုကျွေးမွေးခဲ့တဲ့လူကို နှောက်ယှက်ရတာတုန်း”

    “အေးငါ့ကိုဝအောင် မကျွေးလို့နှောက်ယှက်တာကွ သူကငါ့ကို အမဲသားဟင်းမဖြစ်စလောက်ကျွေးပြီး သံချောင်းကို ဖျားအောင်နာအောင်လုပ်ခိုင်းတယ် အဲဒါကိုမကျေနပ်လို့ ဒီကိုလိုက်လာတာ ငါ့ကိုအမဲသားဟင်းဝအောင်မကျွေးရင် သံချောင်းကိုမလုပ်ဘူး ဒင်းကိုသေအောင်လုပ်သတ်ပစ်မယ်”

    ကိုမြင့်ဆောင် ထိုအခါကြမှ မလုပ်တတ်မကိုင်တတ်ဖြင့် ထင်မိထင်ရာလျှောက်လုပ်လာခဲ့သော ဒေါ်ပျော့တစ်ယောက် ကိုယ့်ရှုးကိုယ်ပတ်နေမှန်းသိလိုက်ရပြီး

    “ကဲ ဒါဆိုလဲ မင်းကျွေးခိုင်းတဲ့အတိုင်း မင်းနေတဲ့အပင်အောက်ကို ငါကိုယ်တိုင်လာကျွေးမယ် ဒါပေမဲ့ အခုမင်းနှောက်ယှက်နေတဲ့ဒေါ်ပျော့ကို ဆက်မနှောက်ယှက်တော့ပဲ မင်းနေရာကိုမင်းပြန်တော့”

    ကိုမြင့်ဆောင် ထိုပြောလိုက်တော့ ဒေါ်ပျော့ကိုယ်ထဲဝင်းပူနေသောသရဲက

    “အေး မင်းပြောတဲ့အတိုင်း ဂတိတည်ပါစေ ဒီလိုမှမဟုတ်ရင်တော့ ဒေါ်ပျော့တင်မကဘူး မင်းတို့တစ်ရွာလုံးဒုက္ခရောက်စေရမယ်”

    ဒေါ်ပျော့ကိုယ်ထဲမှသရဲ ထိုသို့ပြောပြီးဒေါ်ပျော့၏ကိုယ်ထဲမှခွါကာ သူ့နေရာသူပြန်သွာသည်။ထိုအခါ ဒေါ်ပျော့တစ်ယောက် သတိပြန်ရလာပြီး သူ့ဘေးမှကြည့်နေသော ကိုမြင့်ဆောင်နဲ့ ဦးသံချောင်းတို့ သားအဖကိုကြည့်ကာ ‌သူ့သမီးရွှေမိကိုမေးလိုက်သည်

    “ဟဲ့ ရွှေမိ ငါဘယ်လိုဖြစ်ပြီးအိမ်ကိုပြန်ရောက်‌ေနတာတုန်း လယ်ထဲသွားပြီးပြန်လာနေတုန်းရှိသေးတယ်မဟုတ်ဘူးလား”

    ဒေါ်ပျော့တစ်ယောက် သူ့ကိုသရဲဝင်ပူးလိုက်သည့် လယ်ထဲမှ ပြန်လာသည့်အချိန်ကိုသာ မှတ်မိပြီး ထိုနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကိုသတိမရတော့ ဒါကြောင့်ရွှေမိက

    “ဘယ်ကသာ လယ်ထဲကပြန်လာတုန်းရှိရမှာလဲ အ‌မေ့ကို သရဲဝင်ပူးပြီး အိမ်ရောက်လာလို့ ကျုပ်ကိုတောင် အမဲသားတစ်ပိဿာချက်ကျွေးခိုင်းနေသေးတယ်”

    ရွှေမိထိုသို့ပြောလိုက်မှ ဒေါ်ပျော့သူလုပ်ခဲ့တာတွေကို သတိရပြီး

    “အေးဟယ် ငါလည်းစိတ်ပေါက်ပေါက်နဲ့ မလုပ်သင့်တာတွေသွားလုပ်မိတယ် အခုမှမှားမှန်းသိလိုက်ရတယ်”

    ဒေါ်ပျော့ ထိုသို့ပြောပြီး ဦးသံချောင်းတို့သားအဖကိုကြည့်ကာ

    “သံချောင်းရယ် ငါ့နင့်ကို့တောင်းပန်းပါတယ် နောက်ဒီလိုမလုပ်တော့ပါဘူး”

    ထိုအခါ ဦးသံချောင်းက

    “နောက်လည်းမလုပ်နဲ့ ရှေ့လည်းမလုပ်တော့နဲ့ နင်အဲ့ဒီလိုလုပ်လို့ ငါကဘာမှမဖြစ်သွားဘူး နင်ပဲအခုဒုက္ခရောက်ပြီမဟုတ်လား”

    ဦးသံချောင်း ထိုသို့ပြောလိုက်တော့ ဒေါ်ပျော့ ဘာမှမပျောတော့ပဲညိမ်နေလိုက်သည် ထိုအခါဦးသံချောင်းက

    “ကဲကဲ ဒီအတိုင်းနေလို့မဖြစ်ဘူး စောစောကပြောသွားတဲ့သရဲကို အမဲသားသွားကျွေးရဦးမယ်မဟုတ်လား ငတူး မင်းမြို့သွားပြီး အမဲသားတစ်ပိဿာဝယ်ခဲ့လိုက်ကွာ”

    ဦးသံချောင်း ထိုသို့ပြောပြီး သူ့အိပ်ထဲမှပိုက်ဆံအချို့ကိုထုတ်ကာ ငတူးကိုပေးလိုက်သည် ငတူးလည်းအချိန်ဆိုင်းမနေတော့ပဲ သူ့အိမ်မှစက်ဘီးကိုဝင်ယူကာ မြို့သို့ခပ်မြန်မြန်နင်းထွက်ခဲ့လိုက်သည်။

    ထိုအချိန် ဒေါ်ပျော့၏အိမ်သို့ လူများရောက်လာကာ
အကျိုးအကြောင်းမေးမြန်းကြပြီး ဒေါ်ပျော့ကို အိမ်ပေါ်သို့ခေါ်သွားကာ ဘုရားစင်ရှေ့၌ထား၍ ပရိတ်ရေတိုက်ပရိတ်ကြိုးများချည်ပေးလိုက်သည်။

    ကိုမြင့်ဆောင် ဦးသံချောင်းနှင့် ယောက်ျားသားများကတော့ အိမ်အောက်တန်းလျှာပေါ်တွင်ထိုင်ကာ ငတူးပြန်ရောက်လာမည့်အချိန်ကို ‌‌ေစာင့်နေကြသည်။

    ထိုသို့ဖြစ် ငတူးပြန်ရောက်လာတော့ ဝယ်လာခဲ့သော အမဲသားတစ်ပိဿာကို ချက်လိုက်ပြီး တောင်းထဲ၌ထည့်ကာ ဒေါ်ပျော့ သရဲသွားကျွေးခဲ့သည့်သစ်ပင်ကြီးအောက်သို့ ကိုမြင့်ဆောင် ယူလာခဲ့လိုက်သည်။ထို့နောက် သစ်ပင်အောက်တွင် ငှက်ပျောရွက်ခင်၍ပုံလိုက်ပြီး

    “ကဲ ဒေါ်ပျော့ ကိုယ်ထဲကိုဝင်ပူးကပ်ခဲ့တဲ့ဒီအပင်မှာနေတဲ့သရဲ သင်စားချင်တဲ့ အမဲသားဟင်းကို အခုလာကျွေးပါပြီ ဒေါ်ပျော့ကို နောက်ထပ်မနှောင်ယှက်ပါနဲ့ သင်စားလို့ရပါပြီ”

    ကိုမြင့်ဆောင်လည်း သူ့ထုံးစံအတိုင်းပြောပြီး သစ်ပင်အောက်မှထွက်ခဲ့လိုက်သည် ထိုနောက့် မကြာခင်မိုးချုပ်တော့မည့်ဖြစ်၍ သူနဲ့အတူပါလာသော ငတူးကိုခေါ်ကာရွာသို့ပြန်ခဲ့လိုက်တော့သည်။

     သူတို့ ရွာကိုပြန်ရောက်တော့ ဒေါ်ပျော့လည်း သူ့ကိုပူးကပ်ခဲ့သည့်သရဲအား သူပြောသည့်အတိုင်း အမဲသားဟင်းကျွေးပြီးသွာပြီဖြစ်၍ အနည်းငယ်စိတ်အေးသွားသည် ဒါပေမဲ့ သူနေ့လည်ခင်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်မြင်ရောင်ပြီး ကြောက်ရွံ့စိတ်ကတော့ ရှိနေတုန်းပင်ဖြစ်သည်။

    ထိုသိုဖြစ် ခဏနေတော့ ကိုမြင့်ဆောင်လည်း မိုးချုပ်နေပြီဖြစ်၍ ဒေါ်ပျော့တို့သားအမိကိုနှုတ်ဆက်ကာ အိမ်သို့ပြန်လာခဲ့လိုက်တော့သည်။

    (၆)

    ကိုမြင့်ဆောင် ဦးဘိုးခင်အိမ်သို့ပြန်ရောက်တော့ ရေမိုးချိုး ညစာစားပြီး အိမ်အောက်တန်းလျှားပေါ်တွင်ထိုင်နေတုန်း ကိုပြူးရောက်လာပြီး

    “မြင့်ဆောင် ဒေါ်ပျော့ကဘယ်လိုဖြစ်တာတုန်းကွ”

    ကိုပြူးထိုသို့ပြောပြီး တန်းလျှားပေါ်တွင်ဝင်ထိုင်လိုက်သည်။ကိုပြူးတစ်ယောက် တစ်နေ့လုံးတောထဲသွားနေ၍ ဒေါ်ပျော့ မည်သို့ဖြစ်သည်ကိုမသိ သူအိမ်ပြန်ရောက်၍ သူအိမ်ဘေးနားကလူတွေ ပြောဆိုနေသံကြားတော့မှ ကိုမြင့်ဆောင်ဆီလာ၍သတင်းမေးခြင်းဖြစ်သည်။ကိုမြင့်ဆောင်လည်းကိုပြူး ထိုသို့မေးလိုက်တော့

    “ဒီလိုဟေ့ ဒေါ်ပျော့ကသူ့လယ်ထဲ ဦးသံချောင်းနွားတွေ ဝင်စားတာကို မကျေနပ်လို့စကားများကြရင်း ဦးသံချောင်းကို သရဲနဲ့တိုက်တယ်တဲ့ကွာ အဲ့ဒါသရဲက ဦးဘသံချောင်းကိုဘာမှမလုပ်ပဲ သူ့ကိုဝင်းပူးပြီး အမဲသားချက်ကျွေးခိုင်းနေလို့ ငါနဲ့ငတူး သွားကျွေးလိုက်ရတာ”

    “ဟုတ်လားကွ ဒေါ်ပျော့ကလည်း အခုမှထူးထူးဆန်းဆန်းတွေလျှောက်လုပ်နေတာ အရင်လည်း သူ့လယ်ထဲဦးသံချောင်းနွားတွေဝင်စားနေကြကို”

    “အေးကွာ ငါလည်းသေချာမသိပါဘူး ရွှေမိလာခေါ်လို့လိုက်သွားတော့မှ ဒေါ်‌ပျော့ကိုသရဲဝင်ပူးနေမှန်းသိလိုက်ရတာ အဲ့ဒါနဲ့ ငါလည်းသူဘာဖြစ်ချင်တုန်းမေးပြီး သူပြောတဲ့အတိုင်းလုပ်ပေးလိုက်တာပဲ”

    “အေးပေါ့ကွာ သူ‌ေပြာတဲ့အတိုင်းလုပ်‌ေပးလိုက်တော့လဲ နားအေးသွားဝာာပေါ့ ဒါနဲ့ ဒေါ်ပျော့တစ်ယောက်
သူ့လယ်ထဲရော သွားရဲပါတော့မလားမသိဘူး”

    “ဒါတော့ ငါလည်း မပြောတတ်ဘူးကွာ ဒါပေမဲ့ လယ်တွေကစိုက်ပြီးသွားပြီဆိုတော့ သိပ်ပူစရာတော့မလိုတော့ပါဘူး သူမသွားရဲလဲ ဦးသံချောင်းပဲ ကြည့်ရှုပေးထားမှာပေါ့”

    “အေးပေါ့ကွာ လယ်နီးနားချင်းတွေဆိုတော့ ဒီလိုပဲစောင့်ရှောက်ပေးရမှာပေါ့  ဒါပေမဲ့ ငတူးကိုတော့ နွားကျောင်းခိုင်းရဲမှမဟုတ်တော့ဘူး”

    ကိုပြူး ထိုသို့ပြုံးစိစိဖြင့်ပြောလိုက်တော့

    “အခုလည်း အဲဒီကောင်ငတူးကြောင့် ဒီလိုတွေဖြစ်ကုန်တာပေါ့ကွာ သူဟာသူ အရက်နာကြတာကို သာသာမနေပဲ
ဒေါ်ပျော့ ပြောလိုက်လို့ သရဲကိုင်ပြီးခေါင်းမူးသလိုလိုဘာလိုလိုလျှောက်လုပ်နေတာ”

    “ငတူး အကြောင်းတော့ ပြောမနေနဲ့ မြင့်ဆောင် ဒီကောင်ကဒီလိုပဲ သူအလုပ်လုပ်ရမှာပြင်းရင် တစ်ခုခုအကြောင်းပြပြီး ရှောင်ထွက်နေကြ နောက်ပြီးကိုလှမောင်အရက်ဆိုင်သွားပြီး တနေကုန်ထိုင်သောက်နေတာ”

    “ဒါပေမဲ့ ဒီကောင်လည်း ဒေါ်ပျော့အခုလိုဖြစ်သွားတော့
စိတ်မကောင်းဘူးကွ သူကိုယ်တိုင်းပဲ အမဲသားတွဘာတွေ သွားဝယ်ပြီးတော့ ငါနဲ့တောင်အဖေါ်လိုက်ခဲ့သေးတယ်ကွ”

    “အေးပေါ့ကွ ကိုယ်ရွာသားတစ်ယောက်ဒီလိုဖြစ်တယ်‌ဆိုတော့လည်း ဘယ်နေနိုင်မတုန်း”

    ထိုသို့ဖြစ် ကိုမြင့်ဆောင်နဲ့ကိုပြူးတို့နှစ်‌ေယာက်စကားပြောနေကြသည်မှာ ညကိုးနာရီထိုးချိန်လောက်ပင်ရောက်သွားပြီဖြစ်သည်။ထိုအချိန် ရွာမြောက်ဘက်ရှိလယ်ကွင်းများကိုသွားသည့် လှည်းလမ်းပေါ်မှခွေးဟောင်သံများကိုကြားလိုက်ရပြီး သူတို့နှစ်ယောက်နားစွင့်နေလိုက်ကြသည်။

      ကိုမြင့်ဆောင်နှင့်ကိုပြူးသည် သရဲတစ္ဆေများနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိသူများဖြစ်ကြ၍ ယခုခွေးဟောင်သံများသည် လူတစ်ယောက်ကို မြင်၍ဟောင်နေသည့်အသံနှင့်မတူပဲ သရဲတ‌ေစ္ဆတစ်ကောင်မြင်ပြီး ဟောင်နေသည့်ပုံမျိုးဖြစ်နေသည်။ ဒါကြောင့် ကိုပြူးက

    “မြင့်ဆောင်ရေ ခွေးဟောင်သံတွေကြားရတာတော့ ရွာထဲတော့ တစ်ခုခုဝင်လာပြီနဲ့တူတယ်ကွ”

    ကိုပြူးထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

    “ဒါဆိုလည်း သွားကြည့်တာပေါ့ကွာ မင်းဆီမှာငါ့လေးဂွ ပါခဲ့လား”

    “အေးပါတယ်ကွ”

    ကိုပြူး ထိုသို့ပြောပြီး သူလွယ်အိပ်ထဲမှလေးဂွကိုထုတ်ယူ၍ ကိုမြင့်ဆောင်ကိုပေးလိုက်သည်။ထိုအချိန်မှာပဲ ရွာအနောက်ဘက်ဆီမှခွေးဟောင်သံများကို ထပ်ကြားလိုက်ရပြီး

    “ဟ မြင့်ဆောင် ဟုတ်တော့မဟုတ်တော့ဘူးကွ ရွာအနောက်ဘက်မှာလည်း တစ်ကောင်ရောက်နေပြန်ပြီး”

    ကိုပြူး ထိုသို့ပြောလိုက်တော့

    “ဒါဆိုလည်း ‌ရွာအနောက်ဘက်ကအကောင်ကို အရင်သွားကြည့်မယ်ကွာ”

    ကိုမြင့်ဆောင် ထိုသို့ပြောပြီး သူတို့နှင့်ပိုနီးသည့် ရွာအနောက်ဘက်ကို ထွက်ခဲလိုက်သည် ကိုပြူးလည်းသူနောက်မှလိုက်လာပြီး သူတို့နှစ်ယောက် ရွာအပြင်ဘက်ကိုရောက်တော့ လှည်းလမ်းပေါ်တွင်ရပ်နေသော ဖိုးခေါင်ကြီးကို မြင်လိုက်ရပြီး

    “ဦးဖိုးခေါင် ခင်ဗျားဘယ်လိုရောက်နေတာတုန်း တဲမှာတစ်ခုခုဖြစ်နေလို့လား”

    ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ဦးဖိုးခေါင်ကြီးက

    “ဘာမှမဖြစ်ပါဘူးကွ ငါလည်းဒီဘက်ကိုရောက်တုန်း မင်းကိုများတွေ့ရမလားဆိုပြီး ဒီနားရပ်နေတာကွ”

    ဦးဖိုးခေါင်ကြီး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်စိတ်မကောင်း  ဦးဖိုးခေါင်ကြီးသည် သူကိုခင်မင်၍ ရွာကိုလိုက်လာမှန်း သိလိုက်သည် ဒါပေမဲ့ လူတွေလိုအိမ်သို့ခေါ်၍မရ ဒါ့အပြင် ယခုလက်ရှိလည်း ရွာအရှေ့ပိုင်းသို့ မကောင်းဆိုးဝါးတစ်ကောင် ဝင်ရောက်လာနေမှန်းသိတာကြောင့် ဦးဖိုးခေါင်ကြီးကို စကားကောင်ကောင်းမပြောနိုင် ဒါကြောင့်

    “ဦးဖိုးခေါင် ကျုပ်တို့ရွာအရှေ့ပိုင်းကို မကောင်းဆိုးဝါးတစ်ကောင်ဝင်လာနေတယ်ဗျာ့ အဲ့ဒါကျုပ်သွားကြည့်မှဖြစ်မယ်”

    ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ဦးဖိုခေါင်ကြီးက

    “အေး ငါလည်းခွေးဟောင်သံတွေကြားတယ် ရွာအပြင်ကနေသွားပြီးကြည့်လိုက်မယ်”

    ဦးဖိုးခေါင် ထိုသို့ပြောပြီး ရွာအပြင်တိုင်းပတ်ကာ ခွေးဟောင်သံကြားသည့်ဘက်သို့ ထွက်သွာသည်။ ထိုအခါ ကိုမြင့်ဆောင်နဲ့ကိုပြူးလည်း ရွာအလယ်လမ်းအတိုင်း ရွာအရှေ့ပိုင်းသို့ ‌လျှောက်လာခဲ့လိုက်သည်။သူတို့ထိုသို့ ရွာလည်လမ်းအတိုင်းလျှောက်လာနေစဉ် ရွာမြောက်ပိုင်းမှခွေးဟောင်သည် ရွာအရှေ့ပိုင်းသို့ရောက်သွားပြီး ဒေါ်ပျော့၏ အိမ်ရှေ့လမ်းပေါ်မှာဝိုင်းဟောင်နေသည့်အသံကြားလိုက်ရပြီး

    “မြင့်ဆောင်ရေ မင်းတို့သွားကျွေးတဲ့သရဲ အမဲသားမဝလို့ထပ်လာပြန်ပြီနဲ့ တူတယ်ကွ”

    ကိုပြူး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

    “အင်း မင်းပြောတာဖြစ်နိုင်တယ်ကွ  ဒီကောင်က အမဲသားမစားရတာ ကြာနေပြီဖြစ်တဲ့သရဲဆိုတော့
အခုကျွေးမယ့်လူရှိနေတော့ ထပ်လာတောင်းတာဖြစ်ရမယ် သူ့ကိုမကျွေးရင်တော့ ဒေါ်ပျော့ကို တစ်ခုခုလုပ်မဲ့ပုံပဲကွ”

    “ဒီလိုဆိုရင်တော့ ငပြူးအကြောင်းပြရသေးတာပေါ့ကွာ”

    ကိုပြူးထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

    “မင်းနပန်းသွားလုံးဦးမလို့လား ဒီကောင်ကနပန်းလုံးမှာတော့မဟုတ်ဘူး တခါတည်းဂုတ်ချိုးသတ်မဲ့ကောင်”

    ကိုမြင့်ဆောင်နဲ့ကိုပြူးတို့နှစ်‌ေယာက်ထိုသို့‌ေပြာလာကြရင်း ရွာအ‌ေရှ့ပိုင်းကို ရောက်လာကြပြီဖြစ်သည်
ထိုအခါကိုပြူးကတော့ ဘာမှမမြင်ရ ကိုမြင့်ဆောင်ကတော့ လက်ထဲတွင်လေးဂွကိုင်ထား၍ မြင်နေရပြီး

    “ငပြူး ဒီကောင်ဒို့‌ပြောတဲ့အတိုင်းပဲကွ ဒေါ်ပျော့အိမ်ဝိုင်းရှေ့မှာရပ်ပြီး အိမ်ထဲကိုလှမ်းကြည့်နေတယ် ငါ့အထင် ဒေါ်ပျော့ကိုရှာ‌ေနတဲပုံပဲ”

    “ဟုတ်လား အကောင်ဘယ်လောက်ကြီးတုန်းကွ”

    “ကြီးတော့ အကြီးသားကွ ခုနှစ်ပေရှစ်ပေလောက်ရှိမယ် တစ်ကိုယ်လုံးအမွှေးရှည်ကြီးတွေနဲ့ကွ”

    “ဟုတ်လား ဒါဆိုငါနပန်းဝင်လုံးလို့မဖြစ်ဘူး မင်းလေးဂွနဲ့ပဲဆော်ကွာ”

    ကိုပြူးနှင့်ကိုမြင့်ဆောင် ထိုသို့ပြောပြီး ဦးသံချောင်းအိမ်ဝိုင်းထဲသို့ဝင်လိုက်ပြီး ထိုအိမ်ဝိုင်းထဲမှလေးဂွဖြင့်ပစ်ထုတ်ကြံရန်လိုက်သည် သို့မှသာ ထိုသရဲသူလာရာလမ်းအတိုင်းပြန်လှည့်သွားနိုင်မှာဖြစ်ပြီး လမ်းပေါ်ကနေပြီး မျက်နှာချင်းဆိုင်ပစ်ပါက နောက်ပြန်လှည့်မပြေးပဲ ရွာထဲသို့ လျှောက်ပြေးနေမှာဆိုးရသည်။

     ထိုကြောင့်ကိုမြင့်ဆောင်လည်း ဦးသံချောင်းအိမ်ဝိုင်းထဲမှနေပြီး လမ်းပေါ်ရပ်နေသည့်ထိုမကောင်းဆိုးဝါးကောင်ကိုလေးဂွဖြင်ပစ်လိုက်သည် သူထိုသို့ပစ်နေတာကိုလည်း သူနှင့်အတူပါလာသော ငပြူးတင်မကပဲ ခွေးဟောင်သံများကြားပြီး
အိမ်ဝိုင်းထဲမှနေပြီး လမ်းဘက်ကိုကြည့်နေသော ဦးသံချောင်းတို့သားအဖပါမြင်နေရသည်။သို့သော် သူတို့နှစ်ယောက်ကတော့ ကိုမြင့်ဆောင် ဘာကိုပစ်လို့ပစ်နေမှန်းမသိ ဒီအတိုင်းသာ ရပ်ကြည့်နေကြပြီး

    “မြင့်ဆောင် မင်းသရဲကိုမြင်ရလား ဒါမှမဟုတ်ရမ်းသန်းပစ်နေတာလား”

    ဦးသံချောင်းထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်က

    “မြင်တာပေါ့ဗျာ ခင်ဗျားရောကြည့်ဦးမလား”

    “တော်ပါပြီကွာ ကြည့်မနေတော့ပါဘူး မင်းမြင်နေရရင်လဲငါမြင်နေရသလိုပါပဲ”

    ဦးသံချောင်း သရဲကိုမကြည့်ရဲ၍ထိုသို့ပြောလိုက်ခြင်းဖြစ်ပြီး ငတူးကတော့

    “ကိုမြင့်ဆောင် ကျုပ်ကြည့်ဦးမယ်ဗျာ ခင်ဗျားလေးဂွခဏလောက်ပေးစမ်းပါ”

    ငတူးထိုသို့ပြောလိုက်တော့ ဦးသံချောင်းက

    “ဟေ့ကောင် မင်းမဟုတ်ကဟုတ်ကလျှောက်ကြည့်မနေနဲ့ တော်ကြာမင်းက သရဲမြင်ပြီး ငါနဲ့တူတယ်လိုလုပ်နေဦးမှာ”

    ဦးသံချောင်း ထိုသို့ပြောလိုက်တော့ ငတူးက

    “ကျုပ်က မှန်တာကိုပဲပြောတတ်တာပါဗျာ”

    ငတူး ထိုသို့ပြောလိုက်တော့ ဦးသံချောင်းက

    “ဘာ မှန်တာပြောတာတုန်း မင်းမဟုတ်ကဟုတ်လျှောက်ပြောလို့ ဒီလိုဖြစ်ရတာ ကိုယ့်ဟာကို အရက်နာကြတာကို အရက်နာကြတယ်မပြောပဲ သရဲကိုင်သလိုတစ္ဆေကိုင်သလိုလျှောက်ပြောနေတာ”

    ဦးသံချောင်း ထိုသို့ပြောလိုက်တော့ ငတူးဘာမှမပြောတော့ပဲ ကိုမြင့်ဆောင် လေးဂွဖြင့်ပစ်နေတာကိုသာကြည့်နေသည်။ကိုမြင့်ဆောင်လည်း ဘာလက်ဖွဲ့ ဘာအင်းမှာမပါပဲ သာမာန် လောက်စာလုံးဖြင့်သာပစ်နေရ၍ သရဲသည်တော်တော်နှင့်မပြေး လေးဂွဖြင့်ပစ်နေသောကိုမြင့်ဆောင်ကိုသာ စူးစူးရဲရဲကြည့်နေပြီး အတန်ကြာတော့မှ သူ့ကိုမြင်၍ လေးဂွဖြင့်ပစ်နေမှန်းသိလိုက်ပြီး ရွာထဲမှထွက်သွားသည် သူထိုသို့ထွက်သွားသည့် လမ်းတလျှောက် ခွေးများနောက်ကလိုက်၍ဟောင်သွားကြပြီး
တဖြည်းဖြည်း ရွာအပြင်ဘက်ကိုရောက်သွားသည်။

    ထိုအချိန် ရွာအပြင်ဘက်တွင် စောင့်နေသောဖိုးခေါင်ကြီးက ထိုသရဲရွာထဲကထွက်လာသည်နှင့် ပြေးပြီးလက်ဝါးဖြင့်ရိုက်လိုက်သည် ထိုအခါ သူကိုလက်ဝါးဖြင့်ရိုက်လိုက်သော ဖိုးခေါင်ကြီးကိုကြည့်ပြီး ထိုသရဲလည်းဒေါသတကြီးဖိုးခေါင်ကြီးကိုပြန်ရိုက်လိုက်သည်။

    ထိုသို့ဖြင့် ဖိုးခေါင်ကြီးနှင့်ထိုသရဲတို့ တပြန်တလှည့်လက်ဝါးဖြင့်ရိုက်နေကြရင်း ထိုနေရာတွင်ခွေးဟောင်သံများဖြင့်ဆူညံနေပြီး ကိုမြင့်ဆောင်နှင့်ကိုပြူးလည်းရပ်ကြည့်နေကြသည်။သူတို့နှစ်ယောက်သည် ထိုရွာထဲဝင်လာသည့်သရဲ ပြန်ထွက်သွာကတည်းလိုက်လာခြင်းဖြစ်ပြီး ယခုဖိုးခေါင်ကြီးနှင့်တွေ့ပြီး တပြန်တလှည့်ရိုက်နေတာကိုလည်းကိုမြင့်‌ေဆာင်မြင်နေရသည်။ကိုမြင့်ဆောင် ထိုသို့မြင်နေရတာကိုသိပြီး ကိုပြူးက

    “မြင့်ဆောင် ဖိုးခေါင်ကြီးနဲ့ တွယ်နေတာလားကွ”

    “အေးဟုတ်တယ် ဖိုးခေါင်ကြီးရောက်လာတာ အတော်ဖြစ်သွားတာပေါ့ကွာ ဒီလိုမှမဟုတ်ရင် ဒို့ဆီမှာလည်း ဒီသရဲကို နာကျင်အောင်လုပ်နိုင်တဲ့ပစ္စည်းဘာတစ်ခုမှမရှိဘူး”

    ကိုမြင့်ဆောင် ထိုသို့ပြောပြီး ဖိုးခေါင်ကြီးနှင့်ထိုသရဲတစ်ကောင်နှင့်တစ်ကောင်ရိုက်ပုတ်နေကြတာကိုကြည့်နေသည်။ထိုသို့ဖြင့် အချိန်ကြာလာတော့ ရွာထဲဝင်လာသည့်သရဲ ဖိုးခေါင်ကြီးရိုက်ပုတ်တာကို မခံနိုင်တော့ ဖိုးခေါင်းကြီးက‌တော့ ထိုသရဲရိုက်ပုတ်တာကို ခံရပေမဲ့ ဘာမှမဖြစ် သူအနေနဲ့ဒီလိုမျိုး ရိုက်ပုတ်နေရတာကိုကျင့်သားရနေပြီဖြစ်ပြီး ကိုမြင့်ဆောင်တို့နှင့်လိုက်နေသည့်တစ်လျှောက်လုံး သရဲတစ္ဆေအမျိုးမျိုးနှင့် လုံးထွေသတ်ပုတ်နေရသည်မဟုတ်ပါလား ယခုလည်း ထိုရွာထဲဝင်လာသည့်သရဲ ဖိုးခေါင်ကြီးကို မယှဉ်နိုင်တော့ပဲ နောက်သို့လှည့်ပြေးသွာသည် ဒါပေမဲ့ ဖိုးခေါင်ကြီးက အလွတ်မပေးပဲ နောက်မှနေပြီးလက်ဝါးကြီးများဖြင့် တဘုန်းဘုန်းလိုက်ရိုက်သည်။

    ထိုအခါ ထိုသရဲလည်းတဝူးဝူးတဝါးတဝါးအော်ပြီး သူနေသည့် သစ်ပင်သို့ရောက်အောင်အမြန်ပြေးတော့သည်
ဖိုးခေါင်ကြီးကလည်း နောက်မှလိုက်၍ရိုက်သည်
ကိုမြင့်ဆောင်နှင့်ကိုပြူးကလည်း သူတို့နောက်မှပြေး၍လိုက်လာသည်။

     ထိုသိုဖြင့် ရွာထဲဝင်လာသောသရဲ သူနေသည့်သစ်ပင်သို့အရောက် သစ်ပင်ပေါ်တက်ပြေးဖို့လုပ်သည် ဒါပေမဲ့ဖိုးခေါင်ကြီးက အတက်မခံပဲဆွဲချပြီး လက်ဝါးဖြင့်တဘုန်းဘုန်းဆက်ရိုက်သည် ထိုအခါ ထိုသရဲလည်း သူနေသည့်သစ်ပင်မှာပင်မနေရဲတော့ ထိုသစ်ပင်နှင့်ဝေးရာသို့ပြေးထွက်သွားတော့သည်။

    ထိုအခါဖိုးခေါင်ကြီးက ဆက်မလိုက်တော့ပဲ ကိုမြင့်ဆောင်တို့ကို လှည့်၍ကြည့်လိုက်ပြီး

    “ကဲမြင့်ဆောင် ငါတော့ဒီကောင့်ကိုနှင်ထုတ်လိုက်ပြီ ရွာထဲမပြောနဲ့ ဒီသစ်ပင်နားတောင်ပြန်လာရဲတော့မှာမဟုတ်ဘူး”

    ဖိုးခေါင်ကြီး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

    “အေးဗျာ ဦးဖိုးခေါင်ကြီးရောက်လာလို့သာပေါ့ ဒီလိုမှမဟုတ် ဒီသရဲက ဒီအပင်နေပြီး ရွာထဲကလူတွေကို ဒုက္ခပေးနေဦးမှာ”

    “ကဲမင်းတို့လည်း ပြန်ကြတော့ ငါလည်းဒီအပင်မှနေပြီး ဟိုကောင်ပြန်လာမလာစောင့်ကြည့်လိုက်ဦးမယ် တကယ်လို့ပြန်လာရင်လည်း ပြန်မလာရဲအောင်ဆက်တွယ်လိုက်ဦးမယ်”

    ဖိုးခေါင်ကြီး ထိုသို့ပြောပြီး ထိုသရဲနေသည့်သစ်ပင်ပေါ်သို့တက်သွားသည် ထိုအခါကြမှ ကိုမြင့်ဆောင်နှင့်ကိုပြူးလည်း ရွာသို့ပြန်လာခဲ့ကြရင်း ကိုပြူးက

    “မြင့်ဆောင် သစ်ပင်ပေါ်တက်သွားတာ ဖိုးခေါင်ကြီးမဟုတ်လားကွ မင်းပြောနေတာတွေကို ငါကြားလိုက်ပါတယ်”

    “အေးဟုတ်တယ် ဦးဖိုးခေါင်ကြီး အဲ့ဒီသစ်ပင်မှာနေပြီး
ဟိုသရဲပြန်လာမလာကို စောင့်ကြည့်မလိုတဲ့”

    ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကိုပြူးက

    “အေးကွာ ဖိုးခေါင်ကြီး ရွာနားရောက်လာတော့ ဒိုရွာထဲ တော်ယုံသရဲတစ္ဆေဝင်နိုင်တော့မှာမဟုတ်ဘူး နောက့်ပြီး ဒေါ်ပျော့အတွက်လည်း အန္တရာယ်ကင်းသွားတာပေါ့ကွာ ဒီလိုမှမဟုတ်ရင် ‌စောစောကသရဲက ဒေါ်ပျော့လယ်ထဲလာရင်အန္တရာယ်ပြုခြင်ပြုနေဦးမှာ”

    ကိုပြူးထိုသို့ပြောလိုက်သည်မှာ ဖြစ်နိုင်သည် စောစောကရွာထဲဝင်လာသောသရဲသည် ဒေါ်ပျော့ကို အန္တရာယ်ပြုဖို့ရောက်လာခြင်းဖြစ်ပြီး တကယ်လို့ရွာထဲမှာ အန္တရာယ်မပြုနိုင်ရင်တောင် ဒေါ်ပျော့လယ်ထဲရောက်လာချိန် သူ့အတွက်အခွင့်အရေးဖြစ်ပြီး ထိုအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ် သို့သော်ဖိုးခေါင်ကြီးရောက်လာပြီး သူ့ကိုနှင်ထုတ်လိုက်တာကြောင့် သူလည်းဆက်ပြီး အန္တရာယ်ပြုနိုင်တော့မှာမဟုတ်သလို သူကိုယ်တိုင်ပင်အဝေးသို့ထွက်ပြေးသွားရပြီဖြစ်သည်။

    ထိုသို့ဖြင့် ကိုမြင့်ဆောင်နှင့်ကိုပြူး ရွာထဲပြန်ရောက်တော့ ရွာသားအချို့ပင်အိပ်နေကြပြီးဖြစ်ပြီး ဦးသံချောင်းတို့သားအဖကတော့ မအိပ်သေးပဲ ရွာပေါက်ဝကစောင့်နေတာတွေ့လိုက်ရပြီး

    “မြင့်ဆောင် ဘယ်လိုတုန်းကွ စောစောကသရဲ သူ့နေရာသူပြန်ရောက်သွားပြီလား”

    ဦးသံချောင်းထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်ကမဖြေပဲ ကိုပြူးက

    “ပြန်ရောက်ယုံတင်မကဘူး ဟိုဘက်တောင်လွန်သွားပြီ”

    ကိုပြူးထိုသို့ပြောလိုက်တော့ ဦးသံချောင်းက

    “ဟေ ဘယ့်နဲ ဟိုဘက်လွန်သွားတာတုန်းကွ အဲ့ဒီသရဲက သူ့အပင်သူမမှတ်မိဘူးလား ဒါမှမဟုတ် အဲ့ဒီအပင်မှာမနေရဲတော့တာလား”

ဦးသံချောင်းထိုသို့မေးလိုက်မှ ကိုမြင့်ဆောင်လည်း အဖြစ်မှန်ကိုရှင်ပြလိုက်ပြီး ဒေါ်ပျော့ကိုလည်းကျောက်ရွံ့မနေတော့ရန်ပြောခိုင်းလိုက်သည်။ထို့နောက် ကိုပြူးနှင့်အတူအိမ်သို့ပြန်လာခဲ့ပြီး အိမ်သို့ရောက်တော့ ကိုပြူးလည်းသူကိုနှုတ်ဆက်ကာ သူ့အိမ်သို့ပြန်သွားလေတော့သည်။

အားလုံးကို လေးစားစွာဖြင့်  – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။