Unicode Version
နတ်သတ်၍သေသော(စ/ဆုံး)
———————————–
“အဟင့် ဟင့် ”
“ဟင်…ဘယ်သူလဲ ”
ရွှေခင် တစ်ယောက်အိပ်ပျော်နေတုန်း
ခြေရင်းမှငိုရှိုက်သံကြားသဖြင့် နိုးလာကာ
မေးလိုက်ခြင်းဖြစ်သည်။
ရွှေခင်အားကျောပေးကာငိုကျွေးနေသည့်
အမျိုးသမီးတစ်ယောက်အားရွှေခင်မြင်နေရသည်။
မျက်နှာကိုကနောက်ကျောပေးထားသဖြင့်
မမြင်ရပေ။
“ဘယ်သူလဲ ဘာလို့ငိုနေရတာလဲ
ကျွန်မကိုသိလို့လား ”
ရွှေခင် မေးမြန်းလိုက်ပြန်သည်။
ထိုအခါမှ ရွှေခင်အားကျောပေးထားသည့်
မိန်းကလေးက ရွှေခင်ဘက်သို့ လှည့်လာပြီး
“ကျွန်မ နာမည် နန်းခင်ပါ ကျွန်မက
လွန်ခဲ့တဲ့ ၁နှစ်ကျော်က ဒီနေရာမှာ
သေခဲ့ရတာပါ”
“ရှင်…ဒါ ဒါဆို နင်က လူမဟုတ်ဘူးပေါ့”
“မှန်ပါတယ် ကျွန်မလူမဟုတ်ပါဘူး
ကျွန်မဒီနေရာမှာ မကျွတ်မလွတ်ဖြစ်နေရတာပါ”
“နင်က ဘယ်လိုဖြစ်ပြီးသေခဲ့ရတာလဲ နန်းခင်”
“ကျွန်မ ပြောပြပါ့မယ်ရှင်”
===============
“ဟေ့ နန်းခင် နန်းခင်”
“ဟဲ့ ငါဒီမှာ ညိုမြင့် ရဲ့ ဘာကိစ္စလဲ”
“ငါနင့်ကို ပြောစရာရှိလို့ ”
“ဘာများလဲ ထူးထူးဆန်းဆန်း ပြောပါဦး”
“ဒီလိုနန်းခင်ရဲ့ နောက်၂ရက်နေရင်
ငါရယ် ဟိုကောင်မ မိလုံးရယ် နတ်ပွဲ
သွားကြမလို့ နင့်ကိုလာခေါ်တာ
နင်လိုက်မယ်မလား နန်းခင်”
“လိုက်တော့လိုက်ချင်ပါတယ်အေ
ဒါပေမယ့် အိမ်ကထည့်ပါ့မလားအေ့”
“အမယ် ဒီလောက်ကတော့ နင့်မိဘတွေကို
ငါတို့ဝိုင်းပြောပေးပါ့မယ်ဟဲ့
သူတို့ထည့်ကြမှာပါ နင်လိုက်မှာလားသာပြော”
“အေး အမေတို့ကထည့်ရင် လိုက်မယ်ဟာ”
“အေး ဒါဆို ညနေကြရင် နင့်အိမ်ကို
ငါတစ်ခေါက်လာပြီး နင့်မိဘတွေကို
ငါနဲ့မိလုံးဝိုင်းပြောပေးမယ် ဟုတ်ပြီလား”
“ကျေးဇူးပါ ညိုမြင့်ရယ် ငါလည်းနတ်ပွဲတွေ
တစ်ခါမှမလိုက်ဖူးဘူးအေ့”
“နင်လိုက်သာလိုက်ခဲ့ ပျော်ဖို့အရမ်းကောင်းတာဟ”
“အေးအေး ငါလိုက်ခဲ့မယ် သူငယ်ချင်း”
ညိုမြင့် ကနတ်ပွဲလိုက်ရန်အဖော်လာစပ်သဖြင့်
လိုက်ပါရန်သဘောတူခဲ့လိုက်တော့သည်။
………………………
“အန်တီမြ အန်တီမြ ”
“ဟယ် ညိုမြင့်နဲ့ မိလုံးပါလား လာလာအိမ်ထဲ
လာကြ”
“အန်တီရေ နန်းခင်ရော ဘယ်သွားလဲ”
“နန်းခင် အပြင်ခဏသွားတယ်အေ့
ဘာလို့တုန်း မိလုံး”
“ဒီလို အန်တီမြရေ နောက်ရက်ကြရင်
ကျွန်မနဲ့ ညိုမြင့် တို့ နတ်ပွဲသွားကြမလို့
နန်းခင်ကိုပါ ခေါ်သွားချင်လို့
နန်းခင်ကလိုက်ချင်နေပေမယ့်
အန်တီမြနဲ့ ဦးတင်ခိုင်က မထည့်မှာစိုးလို့
လာပြောတာ”
“ဟ မိလုံးရ ငါတို့က တို့သမီးကို
နင်တို့နဲ့သွားရင် စိတ်မချစရာဘာရှိလို့လဲ
ထည့်တာပေါ့ဟ”
“ကျေးဇူးပါ ဦးရေ ကျွန်မသူငယ်ချင်း
နန်းခင်က ကျွန်မတို့နဲ့ တစ်ခါမှနတ်ပွဲ
မလိုက်ဖူးတော့ ခေါ်သွားချင်နေတာ
ကြာပြီတော့ အခုမှပဲ နန်းခင်နဲ့ အတူတူ
သွားရတော့မယ်”
“အေးအေး သွားတာလည်းသွားကြပေါ့
ဒါပေမယ့် စည်းနဲ့ကမ်းနဲ့ ပျော်ကြကွယ့်
နတ်ပွဲဆိုတော့ နတ်အကြိုက် နတ်မကြိုက်တာတွေရှိကြတယ်မလား
နတ်မကြိုက်တာမလုပ်မိစေနဲ့ကွယ့်
ဦး ဒါပဲမှာချင်တယ်”
“စိတ်ချပါ ဦးရေ ကျွန်မတို့ အနေအထိုင်
အပြောအဆိုမမှားအောင် ထိန်းပါ့မယ်”
“ဟယ် မိလုံးနဲ့ ညိုမြင့် ဘယ်တုန်းက
ရောက်နေကြတာလဲ”
“သိပ်မကြာသေးဘူး နန်းခင်ရဲ့
အခုလေးတင်ပဲရောက်တာ
ဦးလေးနဲ့အန်တီမြက နင့်ကို
ငါတို့နဲ့လိုက်ဖို့ သဘောတူတယ်တဲ့”
“တကယ်လား အဖေနဲ့အမေ”
“တကယ်ပေါ့ သမီးကလည်း
အမေတို့ကနောက်ပ့ါမလား”
“ဟေဟေး ငါ့သူငယ်ချင်းတွေနဲ့
နတ်ပွဲသွားရတော့မယ် ဟ”
“ကောင်မ သွားတောင်မသွားရသေးဘူး
ပျော်နေတာကြည့်ပါဦး မျောက်လေး
ငှက်ပျောသီးရသလိုပဲ ”
“ဟုတ်ပါ့အေ ဖြစ်နေလိုက်ပုံများ အံ့သြပါ့”
သူငယ်ချင်းဖြစ်သူ မိလုံးနှင့်ညိုမြင့်တို့က
နန်းခင်အားစနောက်ပြောဆိုလိုက်ခြင်းပင်။
……………………
နောက်တစ်နေ့တွင် သူငယ်ချင်းသုံးယောက်
နတ်ပွဲသို့လာခဲ့ကြတော့သည်။
“ဟယ် လူတွေကလည်းအများကြီး
လာကြသားပဲ ဟဲ့”
“အေး ဒါတောင်ပွဲတော်ရက်မကျသေးဘူး
ပွဲရက်ဆိုရင် ဒီထက်တောင် စည်သေးတယ်
လာဘုရားအရင်ဝင်ကြစို့ နန်းခင်”
“လာ မိလုံး ဘုရားသွားကြမယ်”
သူငယ်ချင်း၃ယောက် ဘုရားသို့
အရင်ဝင်ကာ ဘုရားအားဖူးမြှော်
ကန်တော့လိုက်ကြသည်။
ပြီးနောက် ဘုရားအတွင်း၌ထားရှိသော
အလှူခံပုံး၌ ငွေများထည့်ကာ လှူဒါန်းလိုက်ပြီး
နတ်နန်းရှိရာသို့ ထွက်လာခဲ့ကြတော့သည်။
“နတ်ဆက် ဖို့ပန်းဝယ်ရမယ် လာ”
ညိုမြင့်က ပန်းသည်ဆီသို့ခေါ်ဆောင်သွားပြီး
သူငယ်ချင်း၃ယောက် ပန်းသည်ဆီမှ
ပန်းများဝယ်ကာ နတ်နန်းအပေါ်သို့
တက်ခဲ့ကြတော့သည်။
===========
နတ်ဆက်ပြီးသည်နှင့် နတ်နန်းအောက်ဆင်းလာလိုက်သည်နှင့်
“ဟဲ့ မိလုံး ညိုမြင့် ငါအပေါ့သွားချင်လို့ဟဲ့
ဘယ်မှာသွားရမလဲ”
“ရွာထဲရောက်မှ သွားပါဟယ် ဒီအနားမှာ
ရေအိမ်မှမရှိတာ ဒီရွာထဲကအသိအိမ်ရောက်မှ
ရှင်းလိုက်ပါ ဒီမှာသွားလို့မရဘူးလေ”
“ဟာ အဲ့ဒါမှ ဒုက္ခပဲ ငါမရတော့ဘူးဟ
အရမ်းသွားချင်နေပြီ ခဏလေးပါ”
“အို…မဖြစ်ပါဘူး နင်နတ်ကိုင်ခံရလိမ့်မယ်
မဖြစ်ပါဘူး ဒီနေရာကအမှားမခံဘူး နန်းခင်ရဲ့”
“ဟာ မှားတာတွေ မမှားတာတွေ နောက်ထား
ငါတော့မရတော့ဘူး ဟိုနားက ခြုံလေးနောက်
ငါသွားပြီဟေ့”
“ဟဲ့ ဟဲ့ နန်းခင် ဟာဒီကောင်မနဲ့တော့
ဒုက္ခပါပဲ”
“နန်းခင် ကလည်းဘယ်လိုမှကိုပြောမရဘူးအေ”
မိလုံးနှင့်ညိုမြင့် တို့၂ယောက်နန်းခင်အား
ပြောမရသဖြင့်စိတ်တိုကာ ကျန်နေခဲ့ကြသည်။
=============
“ဟူး အခုမှပဲ နေရထိုင်ရ သက်သာသွား…
“ဘုံး”
“ဟင်…နန်းခင်”
“ဟဲ့ နန်းခင် လဲကျသွားပြီ”
နန်းခင် အပေါ့သွားပြီးထွက်အလာ
ရုတ်တရက်လဲကျသွားသဖြင့်
မိလုံးနှင့်ညိုမြင့် တို့သူငယ်ချင်း၂ယောက်
နန်းခင်လဲကျရာနေရာသို့
ပြေးလာကာ
“နန်းခင် နန်းခင် သတိထားလေ သူငယ်ချင်း
ဟဲ့ မိလုံးလုပ်ပါဦး ခေါ်လို့မရတော့ဘူး”
“အသက်ရှူ ရဲ့လား ညိုမြင့် စမ်းကြည့်ပါဦး”
နန်းခင်၏နှာခေါင်းဝအား လက်တေ့၍
စမ်းကြည့်လိုက်လေသည်။
“ဟင်…”
“ဘာ ဘာဖြစ်လို့လည်း ညိုမြင့် ”
“နန်း နန်းခင် အသက်မရှိတော့ဘူး”
“ဖြစ်မှဖြစ်ရလေ နန်းခင်ရယ် အတန်တန်တားနေတဲ့ကြားကဟာ
အခုတော့ အီး ဟီး ဟီး”
“လာ လာကြပါဦး ဒီမှာကျွန်မသူငယ်ချင်း
ဒုက္ခရောက်နေလို့ လာကြပါဦး”
ညိုမြင့်က အသံခပ်ကျယ်ကျယ်ဖြင့်
အော်ဟစ်အကူအညီတောင်းသံကြောင့်
ဈေးရောင်းနေကြသည့် လူများရောက်လာကြသည်။
“ဘာဖြစ်တာလဲ ညီမလေးတို့”
“ကျွန်မသူငယ်ချင်း လဲကျပြီးခေါ်လို့မရတော့ဘူးရှင်
ကျွန်မတို့ သူငယ်ချင်းရဲ့အလောင်းကို
ရွာပြန်သယ်ဖို့ ကူညီပေးကြပါရှင်”
“ဘယ်လိုဖြစ်တာလဲ ကလေးမ”
မိလုံးလည်း လူအများအားရှင်းပြန်ရန်
ဟန်ပြင်လိုက်စဉ် လာပြီးကြည့်ကြသည့်
လူအများထဲမှ အမျိုသမီးတစ်ယောက်က
“ဘာဖြစ်ရမှာလဲ ငါ့နတ်နန်း ငါ့ပိုင်နက်ထဲ
လာပြီးစော်စော်ကားကား လုပ်ရတယ်လို့
မှတ်ပြီလား ဟမ် အခုဘယ့်နှယ့်ရှိစ
သေပြီမလား သေအောင်ကိုကိုင်လိုက်တာ”
“ဟင်…”
“ဟာ”
“နတ်ဝင်စီးနေတာပဲ ချော့ကြပါဟဲ့”
“မသိလို့ မိုက်မဲမိကြတာ
ခွင့်လွှတ်ပါ နောက်မမှားစေရပါဘူး
သမီးတော်ကြီးတို့ တောင်းပန်ပါတယ်”
“ငါ့ရပ် ငါ့ရွာကိုလာပြီး စော်ကားရင်
ဘာဖြစ်မလဲဆိုတာ နင်တို့သိအောင်
ငါလက်တွေ့ ပြလိုက်တာ နောက်တစ်ခါ
ငါ့နေရာ ငါ့နတ်နန်းအနားလာပြီး
စော်ကားရဲစော်ကားကြည့်
တစ်ရွာလုံးမီးလောင်တိုက်သွင်းလိုက်လို့
ရတယ်နော် ဟင်းဟင်း”
“စိတ်လျှော့ပါ သမီးတော်ကြီးတို့
တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး”
“ကိုင်း ငါသွားမယ် နောက်နောင်
ဒီလိုအမှားမျိုးထပ်မဖြစ်စေနဲ့”
ထိုသို့ ပြောပြီးသည်နှင့်အမျိုးသမီးမှာ
လဲကျသွားသဖြင့် ဈေးရောင်းသည့်
လူများကသတိရအောင်ပြုစုနေကြလေသည်။
………………………
ထိုစဉ် ရွာလူကြီးများရောက်လာကြပြီး
အဖြစ်အပျက်အလုံးစုံအားသိရှိသွားကာ
“နတ်ကိုမှ သွားစော်ကားမိတာကိုး
ဖြစ်လာမှလည်း ဘာတတ်နိုင်တော့မှာလဲ
ဒီသေဆုံးသွားတဲ့ မိခင်ဖခင် ဆွေမျိုးတွေ
သိပြီးကြပြီလား”
“မသိသေးပါဘူးရှင် ”
“ဒါဆိုရင် ငါ့တူမကြီးတို့က
ကိုယ့်ရွာကိုပြန်ပြီး အကြောင်းပေးကြပါ
ဦးကြီးတို့က ဒီမှာစောင့်ပေးနေပါ့မယ်
ဟုတ်ပြီလား”
“ဟုတ်ကဲ့ ရှင့်”
“မိလုံး နင်ပြန်လိုက် ငါနန်းခင်
အလောင်းကိုစောင့်နေခဲ့မယ်
နင်ဟိုရောက်ရင် ဖြစ်ကြောင်းကုန်စင်
ပြောပြပြီး နန်းခင်မိဘတွေကို
ဒီကိုခေါ်လာခဲ့ပါဟာ ဟီး ဟီး အင့်”
“အေးပါ ငါပြောလိုက်ပါ့မယ် ”
“ဟေ့ သံခဲ မင်းဒီကလေးမနဲ့လိုက်သွားပေးလိုက်
အကူအညီလိုရင် ဘာမဆိုလုပ်ပေးလိုက်”
“ဟုတ်ကဲ့ လာ ညီမ”
မိလုံးလည်း ကိုသံခဲဆိုသူနှင့်ရွာပြန်သွားတော့သည်။
နာရီပိုင်းခန့် အကြာမှာတော့ နန်းခင်၏
မိဘဆွေမျိုးများလိုက်လာကြလေသည်။
“သမီးရေ သမီး ဖြစ်မှဖြစ်ရလေ သမီးရဲ့
အမေအတန်တန် မှာနေတဲ့ကြားက
ဖြစ်မှဖြစ်ရလေ သမီးလေးရယ်”
“စိတ်ကိုလျှော့ပါ မိန်းမရာ
တို့သမီးလေး အဖို့ကိုက ဒီလို
ဖြစ်ဖို့ပါလာတာကိုး”
“ကျွန်မတို့သမီးလေး အဖြစ်ဆိုးလိုက်တာတော်”
“ကဲ ကဲ ငိုတာလည်းငိုပေါ့ ကလေးမလေးရဲ့
အလောင်းကို ပြန်သယ်ဖို့ရှိသေးတယ်မလား
အချိန်ရှိတုန်း လုပ်မှဖြစ်မယ်”
“ဟုတ်ကဲ့ ကျွန်တော်တို့သမီးလေး
အခုလိုဖြစ်ရတာ သူမှားတာလည်း
ပါပါတယ် အခုလိုကူညီပေးကြတာကိုလည်း
ကျေးဇူးတင်ပါတယ်ဗျာ
ကဲ နန်းခင်ကိုပြန်သယ်ကြစို့”
ဤသို့ဖြင့် နန်းခင်၏အလောင်းအား
ရွာသို့ပြန်သယ်သွားကြလေသည်။
………………………
နန်းခင်နေခဲ့သည့် ရွာမှာပင် နန်းခင်အတွက်
ရက်လည်လုပ်ပေးခဲ့ကြလေသည်။
“ဒါဆို နန်းခင်က နတ်သတ်လို့သေခဲ့ရတာပေါ့”
“ဟုတ်ပါတယ် နန်းခင်ရဲ့တဇွတ်ထိုး
လုပ်ရက်ကြောင့် နန်းခင် အခုလို
သေခဲ့ရတာပါ ”
“နန်းခင် မိဘတွေက နန်းခင်အတွက်
ကုသိုလ်တွေလုပ်ပြီးအမျှအတန်းမပေးကြဘူးလား”
“နန်းခင် အဲ့ဒါတွေမသိဘူး နန်းခင်သေပြီးကတည်းက ဒီရွာမှာပဲ
ဝိညာဉ်ကကျန်နေခဲ့တာ နန်းခင်နေခဲ့တဲ့ရွာကို
နန်းခင်သွားလို့မရဘူးဖြစ်နေတယ်
ပြီးတော့ အမေတို့အဖေတို့
နန်းခင်အတွက် ကုသိုလ်တွေလုပ်ပြီး
အမျှအတန်းပေးသလားဆိုတာ
နန်းခင်မသိနိုင်ဘူး ဒီရွာကလူတွေကလည်း
နန်းခင်နဲ့မရင်းနှီးကြလို့ ထင်ပါရဲ့
အတွက်ဘယ်သူမှ ကျွတ်လွတ်အောင်
လုပ်မပေးကြပါဘူး ”
“သြော် ဖြစ်မှဖြစ်ရလေ နန်းခင်ရယ်
နန်းခင်ကျွတ်လွတ်အောင် ရွှေခင်
လုပ်ပေးပါ့မယ်”
“ရွှေခင် တကယ်ပြောတာလားဟင်”
“တကယ်ပြောတာပေါ့ နန်းခင်ရဲ့
နန်းခင်ကိုအခုလို ဘဝကြီးမှာ
ဆက်မနေစေချင်ဘူး
ဒါကြောင့်မနက်ဖြန်ကြရင်
နန်းခင်အတွက် ဒီရွာမှာ ကုသိုလ်ကောင်းမှုတွေ
ရွှေခင်ပြုလုပ်ပေးပါ့မယ် နန်းခင် သာဓုခေါ်မယ်မလား”
“ခေါ်မှာပေါ့ ရွှေခင်ရဲ့ ကျေးဇူးအရမ်းတင်ပါတယ်
အခုလို နန်းခင်ကိုကူညီပေးလို့”
“မလိုပါဘူး နန်းခင်ရယ် ရပါတယ်”
ထိုသို့ ပြောပြီးသည်နှင့် နန်းခင် မှာ
ရုတ်တရက် ပျောက်သွားတော့သည်။
…………………………
နောက်တစ်နေ့ မနက်လင်းသည်နှင့်
ရွှေခင်ရွာထဲသို့ ထွက်လာပြီး နန်းခင်အား
ရည်စူးကာ ဘုရား၌ အလှူအတန်းများ
ပြုပေးလိုက်သည်။
ထို့နောက် ဂေါပကလူကြီးများထံသို့
သွားကာဘဝတစ်ပါးသို့ကူးပြောင်းသွားသော
မနန်းခင်အားရည်စူးပြီး
အလှူငွေများထည့်ဝင်လှူဒါန်းခဲ့လေသည်။
“ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော
မနန်းခင် အားရည်စူး၍ လှူဒါန်းရသော
အကျိုးကြောင့် မနန်းခင်အား အမျှ အမျှ အမျှ ပေးဝေလိုက်သည်နှင့်တပြိုင်နက်
ရောက်ရာဘဝဘုံဌာနကနေပြီးတော့
သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ပြီး
ကောင်းရာမွန်ရာ ဘုံဘဝသို့ ခံစားစံစား
နိုင်ပါစေ ”
ဂေါပက လူကြီး၏ မိုက်တစ်လုံးဖြင့်
ပေးဝေလိုက်သည့် အသံက ရွာကြီးတစ်ရွာလုံး
ပျံ့နှံ့ရောက်ရှိသွားလေတော့သည်။
“သာဓု သာဓု သာဓု ပါဘုရား”
နန်းခင်၏ သာဓုခေါ်သံကိုတော့
မည်သူမှကြားနိုင်လိမ့်မည် မထင်ပေ။
“နန်းခင် ကောင်းရာမွန်ရာ ဘုံဘဝသို့
စံမြန်းရောက်ရှိပါစေလို့
ရွှေခင် ဆုတောင်းပေးပါတယ်
နန်းခင် ရေ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော့
သာဓု သာဓု သာဓု”
ပြီးပါပြီ…
ဇာတ်လမ်းလေးဖတ်ပြီးရင် လက်မလေးနှိပ်ခဲ့နော်
#အောင်ဓူဝံ #ရေစကြိ
Zawgyi Version
နတ္သတ္၍ေသေသာ(စ/ဆံုး)
———————————–
“အဟင့္ ဟင့္ ”
“ဟင္…ဘယ္သူလဲ ”
ေရႊခင္ တစ္ေယာက္အိပ္ေပ်ာ္ေနတုန္း
ေျခရင္းမွငိုရႈိက္သံျကားသျဖင့္ နိုးလာကာ
ေမးလိုက္ျခင္းျဖစ္သည္။
ေရႊခင္အားေက်ာေပးကာငိုေက်ြးေနသည့္
အမ်ိုးသမီးတစ္ေယာက္အားေရႊခင္ျမင္ေနရသည္။
မ်က္ႏွာကိုကေနာက္ေက်ာေပးထားသျဖင့္
မျမင္ရေပ။
“ဘယ္သူလဲ ဘာလို့ငိုေနရတာလဲ
က်ြန္မကိုသိလို့လား ”
ေရႊခင္ ေမးျမန္းလိုက္ျပန္သည္။
ထိုအခါမွ ေရႊခင္အားေက်ာေပးထားသည့္
မိန္းကေလးက ေရႊခင္ဘက္သို့ လွည့္လာျပီး
“က်ြန္မ နာမည္ နန္းခင္ပါ က်ြန္မက
လြန္ခဲ့တဲ့ ၁ႏွစ္ေက်ာ္က ဒီေနရာမွာ
ေသခဲ့ရတာပါ”
“ရွင္…ဒါ ဒါဆို နင္က လူမဟုတ္ဘူးေပါ့”
“မွန္ပါတယ္ က်ြန္မလူမဟုတ္ပါဘူး
က်ြန္မဒီေနရာမွာ မက်ြတ္မလြတ္ျဖစ္ေနရတာပါ”
“နင္က ဘယ္လိုျဖစ္ျပီးေသခဲ့ရတာလဲ နန္းခင္”
“က်ြန္မ ေျပာျပပါ့မယ္ရွင္”
===============
“ေဟ့ နန္းခင္ နန္းခင္”
“ဟဲ့ ငါဒီမွာ ညိုျမင့္ ရဲ႕ ဘာကိစၥလဲ”
“ငါနင့္ကို ေျပာစရာရွိလို့ ”
“ဘာမ်ားလဲ ထူးထူးဆန္းဆန္း ေျပာပါဦး”
“ဒီလိုနန္းခင္ရဲ႕ ေနာက္၂ရက္ေနရင္
ငါရယ္ ဟိုေကာင္မ မိလံုးရယ္ နတ္ပြဲ
သြားျကမလို့ နင့္ကိုလာေခၚတာ
နင္လိုက္မယ္မလား နန္းခင္”
“လိုက္ေတာ့လိုက္ခ်င္ပါတယ္ေအ
ဒါေပမယ့္ အိမ္ကထည့္ပါ့မလားေအ့”
“အမယ္ ဒီေလာက္ကေတာ့ နင့္မိဘေတြကို
ငါတို့ဝိုင္းေျပာေပးပါ့မယ္ဟဲ့
သူတို့ထည့္ျကမွာပါ နင္လိုက္မွာလားသာေျပာ”
“ေအး အေမတို့ကထည့္ရင္ လိုက္မယ္ဟာ”
“ေအး ဒါဆို ညေနျကရင္ နင့္အိမ္ကို
ငါတစ္ေခါက္လာျပီး နင့္မိဘေတြကို
ငါနဲ့မိလံုးဝိုင္းေျပာေပးမယ္ ဟုတ္ျပီလား”
“ေက်းဇူးပါ ညိုျမင့္ရယ္ ငါလည္းနတ္ပြဲေတြ
တစ္ခါမွမလိုက္ဖူးဘူးေအ့”
“နင္လိုက္သာလိုက္ခဲ့ ေပ်ာ္ဖို့အရမ္းေကာင္းတာဟ”
“ေအးေအး ငါလိုက္ခဲ့မယ္ သူငယ္ခ်င္း”
ညိုျမင့္ ကနတ္ပြဲလိုက္ရန္အေဖာ္လာစပ္သျဖင့္
လိုက္ပါရန္သေဘာတူခဲ့လိုက္ေတာ့သည္။
………………………
“အန္တီျမ အန္တီျမ ”
“ဟယ္ ညိုျမင့္နဲ့ မိလံုးပါလား လာလာအိမ္ထဲ
လာျက”
“အန္တီေရ နန္းခင္ေရာ ဘယ္သြားလဲ”
“နန္းခင္ အျပင္ခဏသြားတယ္ေအ့
ဘာလို့တုန္း မိလံုး”
“ဒီလို အန္တီျမေရ ေနာက္ရက္ျကရင္
က်ြန္မနဲ့ ညိုျမင့္ တို့ နတ္ပြဲသြားျကမလို့
နန္းခင္ကိုပါ ေခၚသြားခ်င္လို့
နန္းခင္ကလိုက္ခ်င္ေနေပမယ့္
အန္တီျမနဲ့ ဦးတင္ခိုင္က မထည့္မွာစိုးလို့
လာေျပာတာ”
“ဟ မိလံုးရ ငါတို့က တို့သမီးကို
နင္တို့နဲ့သြားရင္ စိတ္မခ်စရာဘာရွိလို့လဲ
ထည့္တာေပါ့ဟ”
“ေက်းဇူးပါ ဦးေရ က်ြန္မသူငယ္ခ်င္း
နန္းခင္က က်ြန္မတို့နဲ့ တစ္ခါမွနတ္ပြဲ
မလိုက္ဖူးေတာ့ ေခၚသြားခ်င္ေနတာ
ျကာျပီေတာ့ အခုမွပဲ နန္းခင္နဲ့ အတူတူ
သြားရေတာ့မယ္”
“ေအးေအး သြားတာလည္းသြားျကေပါ့
ဒါေပမယ့္ စည္းနဲ့ကမ္းနဲ့ ေပ်ာ္ျကကြယ့္
နတ္ပြဲဆိုေတာ့ နတ္အျကိုက္ နတ္မျကိုက္တာေတြရွိျကတယ္မလား
နတ္မျကိုက္တာမလုပ္မိေစနဲ့ကြယ့္
ဦး ဒါပဲမွာခ်င္တယ္”
“စိတ္ခ်ပါ ဦးေရ က်ြန္မတို့ အေနအထိုင္
အေျပာအဆိုမမွားေအာင္ ထိန္းပါ့မယ္”
“ဟယ္ မိလံုးနဲ့ ညိုျမင့္ ဘယ္တုန္းက
ေရာက္ေနျကတာလဲ”
“သိပ္မျကာေသးဘူး နန္းခင္ရဲ႕
အခုေလးတင္ပဲေရာက္တာ
ဦးေလးနဲ့အန္တီျမက နင့္ကို
ငါတို့နဲ့လိုက္ဖို့ သေဘာတူတယ္တဲ့”
“တကယ္လား အေဖနဲ့အေမ”
“တကယ္ေပါ့ သမီးကလည္း
အေမတို့ကေနာက္ပ့ါမလား”
“ေဟေဟး ငါ့သူငယ္ခ်င္းေတြနဲ့
နတ္ပြဲသြားရေတာ့မယ္ ဟ”
“ေကာင္မ သြားေတာင္မသြားရေသးဘူး
ေပ်ာ္ေနတာျကည့္ပါဦး ေမ်ာက္ေလး
ငွက္ေပ်ာသီးရသလိုပဲ ”
“ဟုတ္ပါ့ေအ ျဖစ္ေနလိုက္ပံုမ်ား အံ့ျသပါ့”
သူငယ္ခ်င္းျဖစ္သူ မိလံုးႏွင့္ညိုျမင့္တို့က
နန္းခင္အားစေနာက္ေျပာဆိုလိုက္ျခင္းပင္။
……………………
ေနာက္တစ္ေန့တြင္ သူငယ္ခ်င္းသံုးေယာက္
နတ္ပြဲသို့လာခဲ့ျကေတာ့သည္။
“ဟယ္ လူေတြကလည္းအမ်ားျကီး
လာျကသားပဲ ဟဲ့”
“ေအး ဒါေတာင္ပြဲေတာ္ရက္မက်ေသးဘူး
ပြဲရက္ဆိုရင္ ဒီထက္ေတာင္ စည္ေသးတယ္
လာဘုရားအရင္ဝင္ျကစို့ နန္းခင္”
“လာ မိလံုး ဘုရားသြားျကမယ္”
သူငယ္ခ်င္း၃ေယာက္ ဘုရားသို့
အရင္ဝင္ကာ ဘုရားအားဖူးေျမွာ္
ကန္ေတာ့လိုက္ျကသည္။
ျပီးေနာက္ ဘုရားအတြင္း၌ထားရွိေသာ
အလွဴခံပံုး၌ ေငြမ်ားထည့္ကာ လွဴဒါန္းလိုက္ျပီး
နတ္နန္းရွိရာသို့ ထြက္လာခဲ့ျကေတာ့သည္။
“နတ္ဆက္ ဖို့ပန္းဝယ္ရမယ္ လာ”
ညိုျမင့္က ပန္းသည္ဆီသို့ေခၚေဆာင္သြားျပီး
သူငယ္ခ်င္း၃ေယာက္ ပန္းသည္ဆီမွ
ပန္းမ်ားဝယ္ကာ နတ္နန္းအေပၚသို့
တက္ခဲ့ျကေတာ့သည္။
===========
နတ္ဆက္ျပီးသည္ႏွင့္ နတ္နန္းေအာက္ဆင္းလာလိုက္သည္ႏွင့္
“ဟဲ့ မိလံုး ညိုျမင့္ ငါအေပါ့သြားခ်င္လို့ဟဲ့
ဘယ္မွာသြားရမလဲ”
“ရြာထဲေရာက္မွ သြားပါဟယ္ ဒီအနားမွာ
ေရအိမ္မွမရွိတာ ဒီရြာထဲကအသိအိမ္ေရာက္မွ
ရွင္းလိုက္ပါ ဒီမွာသြားလို့မရဘူးေလ”
“ဟာ အဲ့ဒါမွ ဒုကၡပဲ ငါမရေတာ့ဘူးဟ
အရမ္းသြားခ်င္ေနျပီ ခဏေလးပါ”
“အို…မျဖစ္ပါဘူး နင္နတ္ကိုင္ခံရလိမ့္မယ္
မျဖစ္ပါဘူး ဒီေနရာကအမွားမခံဘူး နန္းခင္ရဲ႕”
“ဟာ မွားတာေတြ မမွားတာေတြ ေနာက္ထား
ငါေတာ့မရေတာ့ဘူး ဟိုနားက ျခံုေလးေနာက္
ငါသြားျပီေဟ့”
“ဟဲ့ ဟဲ့ နန္းခင္ ဟာဒီေကာင္မနဲ့ေတာ့
ဒုကၡပါပဲ”
“နန္းခင္ ကလည္းဘယ္လိုမွကိုေျပာမရဘူးေအ”
မိလံုးႏွင့္ညိုျမင့္ တို့၂ေယာက္နန္းခင္အား
ေျပာမရသျဖင့္စိတ္တိုကာ က်န္ေနခဲ့ျကသည္။
=============
“ဟူး အခုမွပဲ ေနရထိုင္ရ သက္သာသြား…
“ဘံုး”
“ဟင္…နန္းခင္”
“ဟဲ့ နန္းခင္ လဲက်သြားျပီ”
နန္းခင္ အေပါ့သြားျပီးထြက္အလာ
ရုတ္တရက္လဲက်သြားသျဖင့္
မိလံုးႏွင့္ညိုျမင့္ တို့သူငယ္ခ်င္း၂ေယာက္
နန္းခင္လဲက်ရာေနရာသို့
ေျပးလာကာ
“နန္းခင္ နန္းခင္ သတိထားေလ သူငယ္ခ်င္း
ဟဲ့ မိလံုးလုပ္ပါဦး ေခၚလို့မရေတာ့ဘူး”
“အသက္ရွဴ ရဲ႕လား ညိုျမင့္ စမ္းျကည့္ပါဦး”
နန္းခင္၏ႏွာေခါင္းဝအား လက္ေတ့၍
စမ္းျကည့္လိုက္ေလသည္။
“ဟင္…”
“ဘာ ဘာျဖစ္လို့လည္း ညိုျမင့္ ”
“နန္း နန္းခင္ အသက္မရွိေတာ့ဘူး”
“ျဖစ္မွျဖစ္ရေလ နန္းခင္ရယ္ အတန္တန္တားေနတဲ့ျကားကဟာ
အခုေတာ့ အီး ဟီး ဟီး”
“လာ လာျကပါဦး ဒီမွာက်ြန္မသူငယ္ခ်င္း
ဒုကၡေရာက္ေနလို့ လာျကပါဦး”
ညိုျမင့္က အသံခပ္က်ယ္က်ယ္ျဖင့္
ေအာ္ဟစ္အကူအညီေတာင္းသံေျကာင့္
ေစ်းေရာင္းေနျကသည့္ လူမ်ားေရာက္လာျကသည္။
“ဘာျဖစ္တာလဲ ညီမေလးတို့”
“က်ြန္မသူငယ္ခ်င္း လဲက်ျပီးေခၚလို့မရေတာ့ဘူးရွင္
က်ြန္မတို့ သူငယ္ခ်င္းရဲ႕အေလာင္းကို
ရြာျပန္သယ္ဖို့ ကူညီေပးျကပါရွင္”
“ဘယ္လိုျဖစ္တာလဲ ကေလးမ”
မိလံုးလည္း လူအမ်ားအားရွင္းျပန္ရန္
ဟန္ျပင္လိုက္စဥ္ လာျပီးျကည့္ျကသည့္
လူအမ်ားထဲမွ အမ်ိုသမီးတစ္ေယာက္က
“ဘာျဖစ္ရမွာလဲ ငါ့နတ္နန္း ငါ့ပိုင္နက္ထဲ
လာျပီးေစာ္ေစာ္ကားကား လုပ္ရတယ္လို့
မွတ္ျပီလား ဟမ္ အခုဘယ့္ႏွယ့္ရွိစ
ေသျပီမလား ေသေအာင္ကိုကိုင္လုိုက္တာ”
“ဟင္…”
“ဟာ”
“နတ္ဝင္စီးေနတာပဲ ေခ်ာ့ျကပါဟဲ့”
“မသိလို့ မိုက္မဲမိျကတာ
ခြင့္လႊတ္ပါ ေနာက္မမွားေစရပါဘူး
သမီးေတာ္ျကီးတို့ ေတာင္းပန္ပါတယ္”
“ငါ့ရပ္ ငါ့ရြာကိုလာျပီး ေစာ္ကားရင္
ဘာျဖစ္မလဲဆိုတာ နင္တို့သိေအာင္
ငါလက္ေတြ့ ျပလိုက္တာ ေနာက္တစ္ခါ
ငါ့ေနရာ ငါ့နတ္နန္းအနားလာျပီး
ေစာ္ကားရဲေစာ္ကားျကည့္
တစ္ရြာလံုးမီးေလာင္တိုက္သြင္းလိုက္လို့
ရတယ္ေနာ္ ဟင္းဟင္း”
“စိတ္ေလ်ွာ့ပါ သမီးေတာ္ျကီးတို့
ေတာင္းပန္ပါတယ္ ေနာက္မျဖစ္ေစရပါဘူး”
“ကိုင္း ငါသြားမယ္ ေနာက္ေနာင္
ဒီလိုအမွားမ်ိုးထပ္မျဖစ္ေစနဲ႕”
ထိုသို့ ေျပာျပီးသည္ႏွင့္အမ်ိုးသမီးမွာ
လဲက်သြားသျဖင့္ ေစ်းေရာင္းသည့္
လူမ်ားကသတိရေအာင္ျပုစုေနျကေလသည္။
………………………
ထိုစဥ္ ရြာလူျကီးမ်ားေရာက္လာျကျပီး
အျဖစ္အပ်က္အလံုးစံုအားသိရွိသြားကာ
“နတ္ကိုမွ သြားေစာ္ကားမိတာကိုး
ျဖစ္လာမွလည္း ဘာတတ္နိုင္ေတာ့မွာလဲ
ဒီေသဆံုးသြားတဲ့ မိခင္ဖခင္ ေဆြမ်ိုးေတြ
သိျပီးျကျပီလား”
“မသိေသးပါဘူးရွင္ ”
“ဒါဆိုရင္ ငါ့တူမျကီးတို့က
ကိုယ့္ရြာကိုျပန္ျပီး အေျကာင္းေပးျကပါ
ဦးျကီးတို့က ဒီမွာေစာင့္ေပးေနပါ့မယ္
ဟုတ္ျပီလား”
“ဟုတ္ကဲ့ ရွင့္”
“မိလံုး နင္ျပန္လိုက္ ငါနန္းခင္
အေလာင္းကိုေစာင့္ေနခဲ့မယ္
နင္ဟိုေရာက္ရင္ ျဖစ္ေျကာင္းကုန္စင္
ေျပာျပျပီး နန္းခင္မိဘေတြကို
ဒီကိုေခၚလာခဲ့ပါဟာ ဟီး ဟီး အင့္”
“ေအးပါ ငါေျပာလိုက္ပါ့မယ္ ”
“ေဟ့ သံခဲ မင္းဒီကေလးမနဲ့လိုက္သြားေပးလိုက္
အကူအညီလိုရင္ ဘာမဆိုလုပ္ေပးလိုက္”
“ဟုတ္ကဲ့ လာ ညီမ”
မိလံုးလည္း ကိုသံခဲဆိုသူႏွင့္ရြာျပန္သြားေတာ့သည္။
နာရီပိုင္းခန့္ အျကာမွာေတာ့ နန္းခင္၏
မိဘေဆြမ်ိုးမ်ားလိုက္လာျကေလသည္။
“သမီးေရ သမီး ျဖစ္မွျဖစ္ရေလ သမီးရဲ႕
အေမအတန္တန္ မွာေနတဲ့ျကားက
ျဖစ္မွျဖစ္ရေလ သမီးေလးရယ္”
“စိတ္ကိုေလ်ွာ့ပါ မိန္းမရာ
တို့သမီးေလး အဖို့ကိုက ဒီလို
ျဖစ္ဖို့ပါလာတာကိုး”
“က်ြန္မတို့သမီးေလး အျဖစ္ဆိုးလိုက္တာေတာ္”
“ကဲ ကဲ ငိုတာလည္းငိုေပါ့ ကေလးမေလးရဲ႕
အေလာင္းကို ျပန္သယ္ဖို့ရွိေသးတယ္မလား
အခ်ိန္ရွိတုန္း လုပ္မွျဖစ္မယ္”
“ဟုတ္ကဲ့ က်ြန္ေတာ္တို့သမီးေလး
အခုလိုျဖစ္ရတာ သူမွားတာလည္း
ပါပါတယ္ အခုလိုကူညီေပးျကတာကိုလည္း
ေက်းဇူးတင္ပါတယ္ဗ်ာ
ကဲ နန္းခင္ကိုျပန္သယ္ျကစို့”
ဤသို့ျဖင့္ နန္းခင္၏အေလာင္းအား
ရြာသို့ျပန္သယ္သြားျကေလသည္။
………………………
နန္းခင္ေနခဲ့သည့္ ရြာမွာပင္ နန္းခင္အတြက္
ရက္လည္လုပ္ေပးခဲ့ျကေလသည္။
“ဒါဆို နန္းခင္က နတ္သတ္လို့ေသခဲ့ရတာေပါ့”
“ဟုတ္ပါတယ္ နန္းခင္ရဲ႕တဇြတ္ထိုး
လုပ္ရက္ေျကာင့္ နန္းခင္ အခုလို
ေသခဲ့ရတာပါ ”
“နန္းခင္ မိဘေတြက နန္းခင္အတြက္
ကုသိုလ္ေတြလုပ္ျပီးအမ်ွအတန္းမေပးျကဘူးလား”
“နန္းခင္ အဲ့ဒါေတြမသိဘူး နန္းခင္ေသျပီးကတည္းက ဒီရြာမွာပဲ
ဝိညာဥ္ကက်န္ေနခဲ့တာ နန္းခင္ေနခဲ့တဲ့ရြာကို
နန္းခင္သြားလို့မရဘူးျဖစ္ေနတယ္
ျပီးေတာ့ အေမတို့အေဖတို့
နန္းခင္အတြက္ ကုသိုလ္ေတြလုပ္ျပီး
အမ်ွအတန္းေပးသလားဆိုတာ
နန္းခင္မသိနိုင္ဘူး ဒီရြာကလူေတြကလည္း
နန္းခင္နဲ့မရင္းႏီွးျကလို့ ထင္ပါရဲ႕
အတြက္ဘယ္သူမွ က်ြတ္လြတ္ေအာင္
လုပ္မေပးျကပါဘူး ”
“ေျသာ္ ျဖစ္မွျဖစ္ရေလ နန္းခင္ရယ္
နန္းခင္က်ြတ္လြတ္ေအာင္ ေရႊခင္
လုပ္ေပးပါ့မယ္”
“ေရႊခင္ တကယ္ေျပာတာလားဟင္”
“တကယ္ေျပာတာေပါ့ နန္းခင္ရဲ႕
နန္းခင္ကိုအခုလို ဘဝျကီးမွာ
ဆက္မေနေစခ်င္ဘူး
ဒါေျကာင့္မနက္ျဖန္ျကရင္
နန္းခင္အတြက္ ဒီရြာမွာ ကုသိုလ္ေကာင္းမႈေတြ
ေရႊခင္ျပုလုပ္ေပးပါ့မယ္ နန္းခင္ သာဓုေခၚမယ္မလား”
“ေခၚမွာေပါ့ ေရႊခင္ရဲ႕ ေက်းဇူးအရမ္းတင္ပါတယ္
အခုလို နန္းခင္ကိုကူညီေပးလို့”
“မလိုပါဘူး နန္းခင္ရယ္ ရပါတယ္”
ထိုသို့ ေျပာျပီးသည္ႏွင့္ နန္းခင္ မွာ
ရုတ္တရက္ ေပ်ာက္သြားေတာ့သည္။
…………………………
ေနာက္တစ္ေန့ မနက္လင္းသည္ႏွင့္
ေရႊခင္ရြာထဲသို့ ထြက္လာျပီး နန္းခင္အား
ရည္စူးကာ ဘုရား၌ အလွဴအတန္းမ်ား
ျပုေပးလိုက္သည္။
ထို့ေနာက္ ေဂါပကလူျကီးမ်ားထံသို့
သြားကာဘဝတစ္ပါးသို့ကူးေျပာင္းသြားေသာ
မနန္းခင္အားရည္စူးျပီး
အလွဴေငြမ်ားထည့္ဝင္လွဴဒါန္းခဲ့ေလသည္။
“ဘဝတစ္ပါးသို့ ကူးေျပာင္းသြားေသာ
မနန္းခင္ အားရည္စူး၍ လွဴဒါန္းရေသာ
အက်ိုးေျကာင့္ မနန္းခင္အား အမ်ွ အမ်ွ အမ်ွ ေပးေဝလိုက္သည္ႏွင့္တျပိုင္နက္
ေရာက္ရာဘဝဘံုဌာနကေနျပီးေတာ့
သာဓု သာဓု သာဓု ေခၚဆိုနိုင္ျပီး
ေကာင္းရာမြန္ရာ ဘံုဘဝသို့ ခံစားစံစား
နိုင္ပါေစ ”
ေဂါပက လူျကီး၏ မိုက္တစ္လံုးျဖင့္
ေပးေဝလိုက္သည့္ အသံက ရြာျကီးတစ္ရြာလံုး
ပ်ံ႕ႏွံ႕ေရာက္ရွိသြားေလေတာ့သည္။
“သာဓု သာဓု သာဓု ပါဘုရား”
နန္းခင္၏ သာဓုေခၚသံကိုေတာ့
မည္သူမွျကားနိုင္လိမ့္မည္ မထင္ေပ။
“နန္းခင္ ေကာင္းရာမြန္ရာ ဘံုဘဝသို့
စံျမန္းေရာက္ရွိပါေစလို့
ေရႊခင္ ဆုေတာင္းေပးပါတယ္
နန္းခင္ ေရ အမ်ွ အမ်ွ အမ်ွ
ယူေတာ္မူျကပါကုန္ေလာ့
သာဓု သာဓု သာဓု”
ျပီးပါျပီ…
ဇာတ္လမ္းေလးဖတ္ျပီးရင္ လက္မေလးႏွိပ္ခဲ့ေနာ္
#ေအာင္ဓူဝံ #ေရစျကိ