*ဉီးကြီးမောင်နှင့် နယ်ပြောင်းလာတဲ့သရဲ*📖📖📖
********************************************
ရေးသားသူ—-ရဲဝင်းထွန်း
ယခုနေ့ရဲ့မနက်ခင်းကောင်းကင်ကတော့တိမ်များကင်းစင်နေတာပေါ့ ကျုပ်ကလည်း အပြာရောင်ကောင်းကင်ကြီးကိုလည်း ကြည့်ရင်းနဖူးကဘုကြီးကိုလည်း လက်နဲ့ပွတ်နေမိတာပေါ့
“ငါ့သားထိပ်မှာလည်းဘုကြီးနဲ့ဘာဖြစ်ထားတာလည်း” အဖေကလည်းအိမ်ပေါ်ကဆင်းလာရင်းနဲ့ကျုပ်နဖူးကဘုကြီးကိုမြင်တော့မေးတာပေါ့ “အော်…တန်းလျားစောင်းနဲ့တိုက်မိထားတာပါအဖေရယ်ဘာမှမဖြစ်ပါဘူး” “နေပါအူးကွဘယ်လိုဖြစ်ပြီးတန်းလျားစောင်းနဲ့စောင့်မိရတာလည်း” “သတင်းစာဖတ်နေတုန်းအောက်ထွက်ကျသွားလို့ကောက်လိုက်တာပြန်ထတာတော့တိုက်မိတာပါအဖေရဲ့” ကျုပ်ကလည်းအဖေ့ကိုအမှန်အတိုင်းမပြောချင်ဘူးလေ အဖေသိသွားရင်လည်း အမေသိမယ် အမေသိရင်လည်း ဘကြီးလွန်းတင်ရဲ့နားကိုပြန်ရောက်မှာမို့ ကျုပ်ကလည်းလိမ်ပြောလိုက်တာပေါ့ “သောင်းတင်ရေသောင်းတင်” ကျုပ်နဲ့အဖေကလည်း အိမ်ထည်းကိုပြန်ဝင်ဖို့အလှည့် ခြံရှေ့ကခေါ်သံကိုကြားလိုက်ရတယ် “ဘယ်သူလည်းဗျဝင်လာခဲ့လေ” “ငါပါဟလွန်းတင်ပါ” ဘကြီးလွန်းတင်ကလည်းပြောရင်းနဲ့ခြံထည်းကိုလည်းဝင်လာတာပေါ့ ဘကြီးလွန်းတင်မြင်တာနဲ့ကျုပ်ခေါင်းကဘုကြီးကလည်းပိုနာလာသလိုခံစားရတာပေါ့ “လာထိုင်ဗျာရေနွေးလေးလည်းသောက်”
ဘကြီးလွန်းတင်ကလည်း ကွပ်ပြစ်မှာထိုင်လိုက်ပြီးတော့လည်းရေနွေးတစ်ခွက်ကိုငှဲ့လိုက်ရင်း “သောင်းတင်မင်းဆီမှာ ငရုပ်မျိုးကောင်းကောင်းများရှိလားကွ ရှိရင့လည်းငါ့ကိုနည်းနည်းလောက်ချေးစမ်းပါကွာငရုပ်ပေါ်ရင်လည်းပြန်ပေးပါ့မယ်” “ငရုပ်မျိုးဆိုရင်တော့မတင်စိန်ကိုမေးကြည့်ရမယ်ဗျ မျိုးတွေဘာတွေဆိုလည်းသူကပဲသိမ်းတာ ခုတော့မတင်စိန်မရှိဘူးဗျခုနကလေးတင်အရီးမြအိမ်ဘက်ကိုထွက်သွားတယ်” “အော်ဒါဆိုလည်းညနေမှတစ်ခေါက်ပြန်လာခဲ့မယ်လေ ဒါနဲ့သာလှထိပ်ကဘုကြီးကဘာဖြစ်တာလည်းကွ” ဘကြီးလွန်းတင်ကလည်းကျုပ်ရဲ့ထိပ်ကဘုကြီးကိုမြင်သွားတော့မေးတာပေါ့ “အော်…ဟိုလေ…အဲ့တာက တန်းလျားနဲ့ဆောင့်မိထားတာဗျဘာမှမဖြစ်ပါဘူး” “ဟားဟားဟားဟားသာလှကတော့သူ့ဘာသာနေတဲ့တန်းလျားကိုတောင်ခေါင်းနဲ့ဆောင့်ရတယ်လို့ကွာ” ဘကြီးလွန်းတင်ပြောပြီးရီနေတော့လည်းအဖေကပါပြူံးနေတာပေါ့ “ဒါနဲ့သောင်းတင်ရဲ့ညကငါ့အိမ်ကိုအကောင်နှစ်ကောင်ကပ်တယ်ကွ” ဘကြီးလွန်းတင်စကားကိုကြားတော့လည်း ကျုပ်က ခေါင်းတွေကြီးသွားတာပေါ့ “ဘာအကောင်တွေကကပ်လို့လည်းဘကြီးလွန်းတင်ရဲ့” အဖေမေးလိုက်တော့လည်းဘကြီးလွန်းတင်ကခေါင်းခါရင်းနဲ့ “မသိပါဘူးကွာငါ့အထင်တော့ခွေးတွေထင်တယ်ကွအော်သံကတော့ခွေးလိုပဲ ဒါပေမယ့်ထူးခြားတာကငါလေးနဲ့ပြစ်တော့ မတ်တပ်ကြီးတွေပြေးတာကွ မတ်တပ်ပြေးတဲ့ခွေးငါခုမှမြင်ဖူးတာကွဟားဟား” “ခွေးကောဟုတ်ပါ့မလားဗျတော်ကြာလူတွေဘာတွေအသံဖျက်ထားတာကောမဖြစ်နိုင်ဘူးလား” “အေးကွလူလားခွေးလားတော့မသိဘူးဟေ့ ညက ေလာက်လေးတစ်ချက်ကျွေးလိုက်တာနောက်ကခွေးကိုထိသွားတယ်ကွ” “ကောင်းတယ်ဗျာကောင်းတယ်လူမဟုတ်ရင် ခွေးသူခိုးတွေပဲ ဖြစ်မှာဗျလောက်လေးစာမိသွားတော့နောင်ကျင်သွားပြီထင်ပါတယ်ဗျာ” ကျုပ်ကလည်း ဘကြီးလွန်းတင်နဲ့အဖေပြောနေတာကိုတော့ဘာမှဝင်မပြောပဲခေါင်းသာညိတ်နေတာပေါ့ ကျုပ်စိတ်ထည်းမှာကလည်း တကယ်နောင်ကျင်သွားပြီလေ ပိုနာကျင်ရတာကတော့ ခွေးသူခိုးဆိုတာပဲဗျ ကျုပ်ကလည်းဘာမှမခိုးရပါဘူးဗျာ ဖိုးတုတ်ကိုအဖော်လိုက်ပေးမိတော့လည်း လောက်စာလုံးစာတစ်ချက် တင်မကပဲနဲ့ ခွေးသူခိုးဆိုပြီးတော့လည်း အဖေရဲ့ တင်စားခြင်းကို ခံလိုက်ရတာပေါ့ “ငါလည်းပြန်လိုက်အုံးမယ်ကွာညနေမှတစ်ခေါက်ပြန်လာခဲ့မယ်တင်စိန်ကိုတော့ဆက်ဆက်မေးထားလိုက်အုံး” “ဟုတ်ကဲ့ဘကြီးလွန်းတင်ကျုပ်မေးထားပါ့မယ်” ဘကြီးလွန်းတင်ကတော့ခြံထည်းကပြန်ထွက်သွားတာပေါ့ အဖေကလည်း အိမ်ထည်းဝင်သွားတော့ကျုပ်ကလည်း ကွပ်ပြစ်မှာတစ်ယောက်ထည်းကျန်ခဲ့တာပေါ့ “သာလှရေ…သာလှ” ခြံဝကလည်းခေါ်သံကြားရတယ်လေ ကျုပ်လှမ်းကြည့်လိုက်တော့လည်း ကျေးဇူးရှင်ဖိုးတုတ်ဖြစ်နေတယ် “ငါ့ကောင်ကြီးငါ့ကိုအတော်မှစိတ်ဆိုးနေတာလားငါကလည်းမရည်ရွယ်ပါဘူးကွာ” ဖိုးတုတ်ကလည်းပြောရင်းနဲ့ကျုပ်ဘေးကွပ်ပြစ်မှာလည်းဝင်ထိုင်လိုက်တာပေါ့ “မဆိုးပါဘူးကွာ ဒါနဲ့ကံကမင်းဘက်ကို လိုက်တယ်နော်” “ဟေဘာဖြစ်လို့လည်းဟ” “မင်းပဲစဉ်းစားကြည့်လေ အဓိကသူကမင်းမဟုတ်လား လေးနဲ့ပစ်တာမှန်ခဲ့ရင်တောင်ငါ့ကိုမမှန်သင့်ဘူးမင်းကိုမှန်သင့်တာခုတော့အလကားနေရင်းလေးပစ်ခံထိလာရတယ်” ကျုပ်ပြောလိုက်တော့လည်း ဖိုးတုတ်ကသွားဖြီးရင်းနဲ့ “ငါလည်း ရွေဉကိုပြောထားပေမယ့်ငနဲမကကြောင်လျှာသီးတွေစားပြီးအစောကြီးအိပ်နေတာတဲ့ကွအဲ့တာကြောင့်ငါတို့လေးပစ်ခံထိတာငါတောင်းပန်ပါတယ်သာလှရာ” “ရပါတယ်ကွာမလိုပါဘုးဒါနဲ့မင်းကဘယ်အချိန်ရွေဉနဲ့တွေ့လိုက်တာလည်း” “ခုနက လေးတင်ကွ ဒေါ်ဘုမ ဆိုင်မှာစျေးဝယ်ရင်းတွေ့တာ” “အော်ခုလေးတင်ဘကြီးလွန်းတင်ပြန်သွားတယ်ကွငရုတ်မျိုးတွေလာမေးတာ” “ငါမြင်လိုက်တယ်ကွဘကြီးလွန်းတင်ရှိနေလို့ငါမဝင်လာတာငါ့ကိုမသိပေမယ့်ရှိန်နေရတယ်ဟ” “အေးပါကွာဒါနဲ့မင်းခုလာတာဘာကိစ္စလည်းကွ”
“မင်းကိုဉီးကြီးမောင်ကခေါ်ခိုင်းလိုက်လို့ကွ ငါကလည်းမင်းဆီလာမလို့ဆိုတော့အတော်ဖြစ်သွားတာပေါ့” “နေပါအုံးဉီးကြီးမောင်ကဘာလုပ်ဖို့ခေါ်တာလည်း” “အဲ့တာတော့ငါလည်းမသိဘူးကွဉီးကြီးမောင်ခေါ်ခိုင်းလို့ပြောပြတာ” “အော်အေးအေးဒါဆိုလည်းငါသွားလိုက်အုံးမယ်မင်းကောလိုက်အုံးမလား” “မလိုက်တော့ပါဘူးကွာ ငါကလည်းမင်းကိုလာတောင်းပန်တာအိမ်မှာကလည်းလုပ်စရာတွေရှိသေးတယ်ကွ” “ဖိုးတုတ်ရာတောင်းပန်စရာလိုလိုလားကွာအချင်းချင်းတွေပဲရပါတယ်ငါလည်းသွားလိုက်အုံးမယ်ကွမင်းလည်းပြန်မယ်ဆိုပြန်လေကွာ” “အေးအေးဒါဆိုလည်းငါပြန်လိုက်အုံးမယ်” ဖိုးတုတ်ကလည်းခြံထည်းကထွက်သွားတာပေါ့ “အဖေ့ကျုပ်ရွာထည်းခနသွားလိုက်အုံးမယ်ဗျဉီးကြီးမောင်ခေါ်ထားလို့” အိမ်ပေါ်ကဆင်းလာတဲ့အဖေ့ကိုလည်းကျုပ်ကပြောလိုက်တာပေါ့ “အော်အေးအေးသွားလေသားရဲ့အဖေအိမ်မှာရှိပါတယ်” ကျုပ်ကလည်းရွာလမ်းမအတိုင်းဉိးကြီးမောင်အိမ်ကိုလည်းထွက်လာခဲ့တာပေါ့ “ဗျို့ဉီးကြီးမောင်…” “သာလှဝင်ခဲ့လေငါအထည်းမှာရှိတယ်” ကျုပ်ခေါ်လို်က်တော့လည်း အိမ်ထည်းကဉီးကြီးမောင်ရဲ့တုံ့ပြန်သံကိုလည်းကြားရတာပေါ့ ကျုပ်ကလည်း အိမ်ထည်းကိုဝင်လာခဲ့တယ် “ဉီးကြီးမောင်ကျုပ်ကိုခေါတယ်ဆိုဗျ” “ဟုတ်တယ်သာလှရဲ့ ကဲကဲခုတော့ခနထိုင်အုံးပြီးကာမှပြောပြမယ်” ဉီးကြီးမောင်ကလည်းကျုပ်ကိုတန်းလျားမှာထိုင်ခိုင်းပြီးတော့လည်းအိမ်ပေါ်ကိုတက်သွားတယ်ဗျ ခနကြာတော့လည်း ဉီးကြီးမောင်ကပြန်ဆင်းလာတယ်ဗျ လက်ထည်းမှာကလည်း ဗူးနီနီလေးတစ်ဗူးကိုင်လာတယ်ဗျ “ကဲသာလှဒီဗူးထည်းမှာမှော်စွမ်းအားကိုအဆင့်မြှင့်တဲ့ဆေးရည်ပါတယ်မင်းသောက်ထားလိုက်” ဉီးကြီးမောင်ကလည်းပြောရင်းနဲ့ဗူးလေးကိုလည်းကျုပ်ဆီကိုကမ်းပေးတာပေါ့ “နေပါအုံးဉီးကြီးမောင်ရဲ့ဉီးကြီးမောင်ပဲသောက်လိုက်ပါလားကျုပ်ကမှော်အဆင့်မြှင့်ရင်တောင်အသုံးမှမချတတ်ပဲဗျ” “ငါ့အတွက်ကသောက်ပြီးပြီကွဒါကမင်းအတွက်သောက်လိုက်သာလှဒါကလည်းရှားတယ် အဘိုးကွမ်ညကလာပေးလို့ရတာ” ကျုပ်ကလည်းဉီးကြီးမောင်ကမ်းပေးတဲ့ဗူးလေးကိုကိုင်ရင်းနဲ့လည်း “အဘိုးကွမ်ဆိုတာဉီးကြီးမောင်မှော်ဆင့်တက်တုန်းကတွေ့ခဲ့တဲ့အဘိုးလား” “အေးလေကွာအဘိုးကွမ်ကပြောသွားသေးတယ်ကွသာလှကသိပ်အကြာကြီးမလိုတော့ပါဘုးတဲ့မင်းလိုမှော်ဆရာတစ်ယောက်ဖြစ်လာမှာတဲ့” “အဘုိးကွမ်ကသာပြောနေတာပါကျုပ်ကခုချိန်ထိဘာမှတတ်သေးတာမဟုတ်ဘူး” “ပညာရပ်တစ်ခုကလည်းခနလေးနဲ့တော့ဘယ်တတ်ပါ့မလည်းအချိန်တော့ပေးရမှာပေါ့ကွာကဲကဲသောက်စရာရှိတာသောက်လိုက်အုံး” ကျုပ်ကလည်းဗူးကိုဖွင့်မော့ချလိုက်တာပေါ့ ကျုပ်ရင်ထည်းလည်းပူခနဲဖြစ်သွားတယ်ဗျ ခဗျားတို့သိအောင်ပြောရရင် မီးခဲကြီးမျိုချလိုက်သလိုပဲဗျ ကျုပ်ကလည်း မအီမသာမျက်နှာနဲ့ ရေတစ်ခွက်ကိုလည်းအမြန်သောက်ရတာပေါ့ “ပူလိုက်တာဉီးကြီးမောင်ရာဘာတွေပါလို့ဒီလောက်ပူတယ်မသိဘူး” “ငါလည်းဘယ်သိပါ့မလည်းကွာအဘိုးကွမ်ကမင်းအတွက်ပါပေးလို့မင်းကိုတိုက်ရတာ” “အော်ဒါနဲ့ကျုပ်ကိုခေါ်တာဘာကိစ္စလည်းဗျ” “အော်..ဒီဆေးရည်တိုက်ဖို့ခေါ်တာလေကွာကျန်တဲ့ကိစ္စမရှိပါဘူး” “မသိပါဘူးဗျာကျုပ်ကတခြားကိစ္စရှိလို့များခေါ်တယ်ထင်နေတာဒါဆိုလည်းကျုပ်ပြန်လိုက်အုံးမယ်ဗျ” “ပြန်တော့မလု့ိလားကွအေးအေးပြန်မယ်ဆိုလည်းဂရုစိုက်ပြန်ဒီဆေးကနည်းနည်းမူးတယ်ကွ” ကျုပ်ကလည်းဉီးကြီးမောင်အိမ်ကပြန်လာခဲ့တာပေါ့ ကျုပ်ပြန်လာတဲ့လမ်းတစ်ဝက်ရောက်တော့လည်း သွေးများကဆူပွက်လာပြီး လူကလည်းအိပ်ချင်လိုမူးလာတာဗျ ကျုပ်ကလည်းအိမ်ကိုအမြန်ပြန်ရောက်အောင်လျောက်ပြီးတော့လည်း ကွပ်ပြစ်မှာထိုးအိပ်လိုက်တာပေါ့ ကျုပ်နိုးလာတော့လည်း ေန့လည်စာစားချိန်တောင်ရောက်နေပြီ
ထိုနေ့မှစပြီးတော့လည်း ဉီးကြီးမောင်နဲ့ သိပ်မတွေ့ဖြစ်တော့ဘူးဗျ မိုးဉီးကျလာတာကြောင့် အလုပ်ခွင်တွေကလည်းပြန်ဝင်နေရပြီမိုလို့ အလုပ်တွေကလည်းရှုပ်နေတာပေါ့ ဉီးကြီးမောင်နဲ့လည်း စကားအေးအေးဆေးဆေးရယ်လို့မပြောရတာကြာပီဗျ ကျုပ်ကလည်းဒီနေ့တော့ ဉီးကြီးမောင်အိမ်ကိုထွက်လာခဲ့တယ် မိုးများ အနည်းငယ်ရွာထားတာကြောင့်ရွာလမ်းမလေးကလည်း မြေသင်းနံ့များနဲ့ရှိနေတာပေါ့
“ဉီးကြီးမောင်…ဉီးကြီးမောင်” “သာလှလားဝင်ခဲ့လေကွာ” ကျုပ်ကလည်းခြံတံခါးကိုဖွင့် ဉီးကြီးမောင်အိမ်ထည်းကိုလည်းဝင်လာခဲ့တာပေါ့ “သာလှကတော့အခုမှပေါ်လာတော့တယ်ကွာကဲထိုင်ပါအုံးဘာကိစ္စလည်း” ဉီးကြီးမောင်ကလည်းကျုပ်ကိုပြောရင်းနဲ့ ရေနွေးတွေငှဲ့နေတာဗျ “ဉီးကြီးမောင်ကလည်းဗျာကျုပ်ကကိစ္စရှိမှလာရမှာလားဗျဉီးကြီးမောင်ဆီမရောက်တာကြာပြီမိုလို့ရောက်လာတာ” “အော်မသိပါဘူးကွာတစ်ခါမှပေါ်မလာတော့ဘာကိစ္စများရှိလို့လည်းလို့တွေးနေတာ” “ဉီးကြီးမောင်ကလယ်မှမလုပ်သေးတာဗျ ဉီးကြီးမောင်လယ်လုပ်ရင်တော့ကျုပ်တို့နေ့တိုင်းစကားတွေပြောလို့ရတာပေါ့” ကျုပ်ပြောလိုက်တော့လည်းဉီးကြီးမောင်ကခေါင်းညိတ်ရင်း “မလုပ်တော့တာတော့မဟုတ်ပါဘူးကွာငါလည်းခုရက်ပိုင်းမှော်တံစဉ်ကိုမှော်သွင်းနေလို့ကွမှော်ဝင်ပြီးမှလုပ်တော့မယ်” “အော်မသိပါဘူးကျုပ်ကဉီးကြီးမောင်လယ်မလုပ်တော့ဘူးထင်နေတာ” “မဟုတ်ပါဘူးကွာဒါနဲ့မင်းတို့ပျိုးကောကြဲပီးပီလား” “ပျိုးကတော့ကြဲပြီးပြီဗျခုနေ့အလုပ်လေးနားလို့ဉီးကြီးမောင်ဆီထွက်လာတာ” “အော်ဒါနဲ့အရီးမြရဲ့မြေးနှင်းပွင့်တောင်ပြန်ရောက်နေပြီတဲ့ကွ” “နှင်းပွင့်ဟုတ်လားကျုပ်ကမေ့တောင်မေ့နေတာဗျသူကရွာကနေအတော်ကြာကြာပြောက်သွားတယ်နော်” “အေးကွရန်ကုန်ကအဒေါ်ဆီမှာနေရင်းနဲ့အလုပ်လုပ်နေတယ်ကြားတယ်ကွ သူထွက်သွားတာကလည်းဘယ်သူမှတော်ရုံသတိမထားမိဘူးကွ ကုန်ကုန်ပြောရရင်အရီးမြမှာမြေးနှင်းပွင့်ရှိတယ်ဆိုတာတောင်မေ့နေကြတာကွ” “ဟ…ဉီးကြီးမောင်ပြောတာကျုပ်ကိုပြောနေသလိုပဲဗျ ကျုပ်လည်းနှင်းပွင့်ကအရီးမြမြေးဆိုတာတောင်မသိတော့လောက်အောင်မေ့နေတာဗျ” “ဟာကွာမင်းဟာကလွန်လွန်းအားကြီးပါတယ်အသက်ကြီးတဲ့ငါတောင်မမေ့သေးဘူး” “ဒါနဲ့ဉီးကြီးမောင်ဘယ်တော့လယ်ထည်းဆင်းမလည်းဗျ”
“မှော်တံစဉ်မှော်သွင်းတာကလည်းနှစ်ရက်လောက်နေရင်ပြီးလောက်ပါပြီဒီတော့နှစ်ရက်လောက်ကြာရင်တော့ဆင်းမယ်စိတ်ကူးထားတယ်” “အော်ဒါဆိုလည်းကျုပ်မပျင်းရတော့ဘူးေပါ့ဗျာ ဒါနဲ့ကျုပ်လည်းပြန်လိုက်အုံးမယ်ဗျ နေ့လည်စာစားချိန်တောင်ရောက်နေပြီ” “ငါ့အိမ်မှာပဲနေ့လည်စာစားသွားပါလားကွ” “နေပါ့စေဗျာရပါတယ်ကျုပ်ပြန်လိုက်အုံးမယ်ဉီးကြီးမောင်” ကျုပ်ကလည်းဉီးကြီးမောင်ကိုနှုတ်ဆက်ပြီးတော့လည်း အိမ်ကိုပြန်လာခဲ့တယ် ကျုပ်ပြန်ရောက်တော့လည်း အဖေနဲ့အမေကထမင်းတောင်စားနေကြပီဗျ ကျုပ်ကလည်း အဖေအမေနဲ့အတူ ထမင်းဝင်စားလိုက်တာပေါ့ နောက်တစ်နေ့ရဲ့မနက်ခင်းအချိန်ကိုရောက်လာခဲ့ပြိဗျ မနက်ခင်းရဲ့ရာသီဉတုကလည်းသာယာနေတာပေါ့ ကျုပ်နဲ့အဖေကလည်းမနက်စာစားပြီးတာနဲ့ ပေါက်တူးတစ်ယောက်တစ်လက်ထမ်းပြိးတော့လည်းလယ်ထည်းကိုထွကလာခဲ့တာပေါ့ “ငါ့သားမနေ့ကဉီးကြီးမောင်အိမ်ကိုသွားသေးတယ်ဆိုဉီးကြီးမောင်နဲ့ဘာတွေပြောဖြစ်ကြသေးလည်း”
“ဘာရယ်လို့တော့မပြောဖြစ်ပါဘူးအဖေရယ် ဘယ်တော့လယ်ထည်းဆင်းမလည်းမေးတော့နှစ်ရက်လောက်ကြာရင်တော့ဆင်းမယ်ပြောတယ်ဗျ” “အော်..အေးပေါ့ကွာလူကြီးဆိုတော့လည်းဖြေးဖြေးချင်းလုပ်မှာဖြစ်မှာပေါ့” ကျုပ်နဲ့အဖေကလည်းစကားဆက်မပြောဖြစ်တော့ဘူးလေ လယ်ထည်းမှာလိုအပ်သည်များကိုလည်းလုပ်နေတာပေါ့ လယ်ထည်းမှာကလည်း ခုမှပျိုးကြဲတာမိုလို့ ထွေထွေးထူးထူးတော့လုပ်စရာမလိုဘူးဗျ ကျုပ်တို့ကလည်း နေ့လည်ထမင်းစားချိန်ရောက်တော့ လုပ်လက်စတွေကိုဖြုတ်ပြီးတော့လည်း ပြန်လာခဲ့ပေါ့ အိမ်ရောက်တော့လည်း အမေချက်ထားတဲ့ မြေပဲငါးပိချက်အနံ့လေးကလည်း မွှေးနေတာဗျ တို့စရာအဖြစ်ကတော့ သခွားသီးလေးနဲ့ ဘူးညွှန့်ပြုတ်လေးဗျ ကျုပ်ကလည်း သခွားသီးစိတ်လေးကိုထမင်းပေါ်ပုံ မြေပဲငပိရည်လေးစမ်းပြီး စားလိုက်ရတာကလည်း အတော်မြိန်တာဗျ ကျုပ်ကလည်းထမင်းစားပြီးတော့ မန်းကျည်းပင်ကြီးအောက်မှာသွားထိုင်နေတာပေါ့ နေကလည်းမိုးအုံ့နေကြီးဖြစ်လို့ အတော်ပူတာဗျ မန်းကျည်းပင်ကြီးအောက်က လေတိုက်တော့လည်းအပူကတော့သက်သာပါတယ် “ငါ့သား မင်းကောင်မလေးဆီမသွားဘူးလားကွ” အဖေကလည်းကျုပ်အနားထိုင်ရင်းနဲ့လည်းပြောလိုက်တာပေါ့ “အဖေက ကျုပ်မှာကောင်မလေးရှိမှန်းဘယ်လိုသိတုန်းဗျ” ကျုပ်ပြောတော့လည်းအဖေကရီတာပေါ့ “ဟားဟားဟားသာလှရာမင်းကိုငါမွေးထားတာပါကွာငါအကုန်သိတယ် မင်းကောင်မလေးကသင်းနွယ်မလားကွ” အဖေပြောတော့လည်းကျုပ်ကအံ့သြ မိတာပေါ့ “နေပါအုံးဗျ အဖေအကြားအမြင်တွေများရတေတာလားဘယ်လိုသိတုန်းဗျ” “မင်းနဲ့အခင်ဆူံးဖိုးတုတ်ကိုမေးလိုက်တော့အကုန်သိရတာပေါ့ကွာ ငါ့သားလည်းအရွယ်ရောက်နေပြီပဲချစ်သူရည်းစားထားတာထားပေါ့ကွာ အဖေကမင်းကိုချစ်သူရည်းစားနဲ့မြင်ချင်နေတာကြာပြီကွဟားဟား” အဖေပြောတော့မှကျုပ်ကလည်းသင်းနွယ်ကိုသတိရမိတာပေါ့ ကျုပ်ကလည်းသင်းနွယ်ဆီမရောက်ဖြစ်တာကလည်း အတော်တောင်ကြာပြီဗျ သင်းနွယ်လည်း မြို့ပြန်သွားပြီလားမပြန်သေးဘူးလားလည်းမသိဘူးလေ အဖေကလည်းကျုပ်ကိုပြောပြီးတော့ ပြုံးရင်းနဲ့ အိမ်ထည်းပြန်ဝင်သွားတယ်ဗျ ကျုပ်ကလည်း အခုမှသင်းနွယ်အကြောင်းကိုပြန်တွေးနေမိတာပေါ့ ကျုပ်ကလည်းသိပ်ကြာကြာမတွေးလိုက်ရပါဘူးအိပ်ချင်လာတာနဲ့ အိပ်လိုက်တာပေါ့ ကျုပ်နိုးလာတော့လည်း ညနေ ၄နာရီတောင်ထိုးတော့မယ်ဗျ ကျုပ်ကလည်း အိပ်ယာထသွေးများလေးနေတာကြောင့်လည်း ဖိုးတုတ်အိမ်ဘက်ကိုလမ်းလျှောက်ထွက်ခဲ့တာပေါ့ ဖိုးတုတ်အိမ်ရောက်တော့လည်း ဖိုးတုတ်ကိုမတွေ့ရဘူးလေ ဖိုးတုတ်မရှိတော့လည်းဉီးကြီးမောင်အိမ်ဘက်ထွက်ခဲ့တာပေါ့ “ခေါ်မနေနဲ့သာလှရေငါဒီမှာရှိတယ်ကွ” ကျုပ်ကလည်း ဉီးကြီးမောင်အိမ်ရှေ့ရောက်တော့ ခေါ်မယ်လုပ်နေတုန်း ခြံထောင့် တမာပင်လေးအောက်ကလည်းဉီးကြီးမောင်အသံကိုကြားရတာပေါ့ ကျုပ်ကလည်း ဖိနပ်ကိုချွတ်ဖင်ခုထိုင်လိုက်တာပေါ့ “ဉီးကြီးမောင်ဒီတမာပင်အောက်မှာဘာလုပ်နေတာလည်းဗျ” “အော်မှော်တံစဉ်အတွက် တံစဉ်ရိုးလုပ်နေတာကွ” “ဒါနဲ့လက်ရှိတံစဉ်ရိုးကလည်းကောင်းတယ်မဟုတ်လား” “မင်းအမြင်မှာတော့ကောင်းတာပေါ့ကွာ ပညာရပ်အရဆိုရင်တော့မကောင်းဘူးမှော်တံစဉ်ကိုတစ်နှစ်မှတစ်ခါးပဲသူံးလို့ရတာကွ နောက်နှစ်ရောက်လို့သုံးချင်ရင်လည်း အရိုးအသစ်လဲပေးပြီးမှသုံးရတယ်ကွအရိုးမလဲပဲသုံးရင်တော့အစွမ်းမပြဘူးကွ” ဉီးကြီးမောင်ကလည်းပြောရင်းနဲ့ သစ်သားတံစဉ်ရိုးတစ်ခုကိုလည်းပုံဖော်နေတာပေါ့ “ဒါနဲ့ဉီးကြီးမောင်မှော်တံစဉ်ကရိတ်သိမ်းကာမှသုံးလို့ရတာမဟုတ်လား” “အေးလေကွာဘာဖြစ်လို့လည်း” “အော်ဒါနဲ့များဗျာ လယ်ထည်းဆင်းမယ့်ကိစ္စကို မှော်တံစဉ်ပိးတဲ့အထိပဲစောင့်နေရသေးတယ်” ကျုပ်ပြောလိုက်တော့လည်းဉီးကြီးမောင်က ကျုပ်ကိုမျက်စောင်းထိုးတယ်ဗျ “ဟ သာလှကတော့ကွာမသိပဲပြောပြန်ပြီ မှော်တံစဉ်မပြီးပဲလယ်လုပ်ငန်းစလိုက်ရင်ဟိုမပြီးဒီမပြီးဖြစ်နေမှာဆိုးလို့ကွတစ်ခုခုကိုအပိုင်လုပ်လိုက်တာ မှော်တံစဉ်ကလည်းတစ်ခုခုမှားလို့မရဘူးကွအဲ့တာကြောင့်မှော်တံစဉ်ပြီးမှလယ်ထည်းဆင်းမယ်ပြောတာ” “ဟဲဟဲကျုပ်ကဘယ်သိမလည်းဗျာ” ကျုပ်ကလည်းသွားဖြှီးလို်က်တာပေါ့ ဉီးကြီးမောင်ကလည်း တံစဉ်အရိုးသစ်လေးကိုလည်းအချောသတ်နေတယ်ဗျ ကျုပ်ကလည်း တံစဉ်လုပ်နေတာကြည့်ရတာကြာလာတော့လည်း ငြီးလာတာနဲ့ ပတ်ဝန်းကျင်ကိုလည်းဟိုကြည့်ဒီကြည့်လုပ်နေတာပေါ့ ကျုပ်ကလည်း ပတ်ဝန်းကျင်ကိုကြည့်ရင်းနဲ့ရွာထိပ်ဘက်ကိုလည်းအကြည့်ရောက်သွားတာပေါ့ “ဟာ…ဉီးကြီးမောင်လုပ်ပါအုံးဗျဟိုခလေးမလေးနောက်မှာဘာကောင်ကြီးကပ်ပါလာတာလည်းမသိဘူး” ကျုပ်ကလည်းရွာအဝင်လမ်းအတိုင်းလျှောက်လာတဲ့၁၄နှစ်အရွယ် ခလေးမလေးရဲ့ကျောပေါ်မှာလည်း မဲမဲအကောင်ကြီးက ကပ်ပြီးလိုက်လာတာဗျ ကျုပ်ကလည်း ဉီးကြိးမောင်ကိုအလန့်တကြားပြောရင်းနဲ့ထိုနေရာကိုလည်းပြလိုက်တာပေါ့ “ဟ ဒီကောင်မလေးကတော့သရဲစီးခံရပြီဟေ့သွားကြရအောင်” ဉီးကြီးမောင်ကလည်းတံစဉ်အသွားနဲ့ အရိုးလေးကို တမာပင်ဂွပေါ်မှာတင်လိုက်ပြီးတော့လည်း ရွာထိပ်ကိုပြေးထွက်ခဲ့တာပေါ့ ဉီးကြီးမောင်အိမ်ကလည်း ရွာအစွန်ဆူံးမှာရှိတာဗျ အနီးအနားမှာကလည်း အိမ်တွေကလှမ်းတယ်ဗျ ဒီတော့လည်း ဘယ်သူကမှ ခလေးမလေးကိုလှမ်းမြင်ပုံမရဘူးဗျ ကျုပ်တို့ကခလေးမလေးနဲ့ ဝါးတစ်ပြန်လောက်အကွာရောက်တော့ရပ်လိုက်တယ် ဉီးကြီးမောင်ကလည်းရှေ့ကိုခြေတစ်လှမ်းးတိုးပြီးတော့လည်း “မကောင်းစိုးဝါးနာနာဘာဝကောင်အခုချက်ချင်းရွာစည်းအစပ်မှာရပ်နေစမ်း” ဉီးကြီးမောင်ပြောလိုက်တော့လည်း ကလေးမလေးက ရပ်သွားတယ်ဗျ
သူ့မျက်နှာကိုသေချာကြည့်လိုက်တော့လည်း မျက်ဖြူကြီးလန်လို့ဗျ “ဉီးကြီးမောင်ခလေးမလေးအခြေနေသိပ်မကောင်းဘူးနော်ဗျ” “ငါသိတယ်သာလှဟိုသရဲက ထိန်းချုပ်ထားတာ” ဉီးကြီးမောင်ကလည်းကျုပ်ကိုပြောပြီးတော့လည်း လက်ကိုပိုက်လိုက်တယ်ဗျ “မင်းတို့ကိစ္စမဟုတ်ဘူးငါ့ကိစ္စကိုဝင်မရှုပ်နဲ့မင်းတို့နှစ်ယောက်မသေချင်ရင်ရှေ့ကဖယ်စမ်း” “အောင်မယ်မင်းကများရာရာစစ မင်းကြည့်ရတာဒီနယ်ကဟုတ်ပုံမတူဘူးမင်းဘယ်ကလည်း” “မေးတော့လည်းပြောရတာပေါ့ငါကမြိုင်ကလေးမှာသောင်းကျန်းလွန်းလို့နယ်နှင်ဒဏ္နဲ့ဒီရောက်လာတာငါ့နာမည်ငထွားတဲ့ကွ” “အော်. အေးပေါ့လေအသစ်ပြောင်းလာတဲ့ကောင်ဆိုတော့ငါ့အကြောင်းဘယ်သိပါ့မလည်းကဲမင်းသိအောင်လည်းငါ့အကြောင်းပြရသေးတာပေါ့” ဉီးကြီးမောင်ကလည်းပြောရင်းနဲ့ပါးစပ်ကလည်းတစ်ခုခုကိုပွစိပွစိနဲ့ရွတ်နေတာဗျ ကျုပ်ကလည်းဉီးကြီးမောင်ကိုတစ်လှည့် သရဲဲကြီးကိုတစ်လှည့်ကြည့်နေတာပေါ့ သရဲကြီးကလည်းဘာမှမခံစားရသလိုအေးအေးဆေးဆေးရှိနေတာဗျ “ဟာ..” ကျုပ်ကလည်းအံသြလို့ရေရွတ်မိလိုက်တာပေါ့အကြောင်းကလည်း ခလေးမလေးအပေါ်ကသရဲကြီးကတော့ တစ်ယောက်ယောက်ကဆောင့်ကန်လိုက်သလိုဘေးကိုလည်းလွှင့်ထွက်သွားတာဗျ ထိုတော့မှလည်းခလေးမလေးက ခွေလဲကျသွားတာဗျ “ယက္ခဒီကောင့်ကိုချုပ်ထားစမ်းကွာ” သရဲကြီးကလည်း လဲကျနေရာကလူးလဲထပြီးတော့လည်း ခလေးမလေးထံပြေးဝင်တာကြောင့်ဉီးကြီးမောင်ကလည်းအမြန်အဆန်အမိန့်ပေးလိုက်တယ်ဗျ သရဲကြီးကလည်း လယ်များနောက်ကိုပြစ် ဒူးကြီးထောက်ပြီးတော့လည်းရွာဝင်လမ်းဘေးကလယ်ကွင်းထည်းမှာရှိတာပေါ့ “သာလှခလေးမလေးကိုချီပြီးရွာထည်းကိုသွားတော့” ဉီးကြီးမောင်ပြောလိုက်တော့လည်းကျုပ်ကခလေးမလေးကိုချီပြီး ရွာထည်းကိုလည်းပြန်ဝင်ခဲ့တယ်ရွာထည်းရောက်တော့လည်း နီးစပ်ရာအိမ်တစ်အိမ်မှာထားခဲ့ပြီးတော့လည်းရွာပြင်ကိုပြေးထွက်ခဲ့တာပေါ့ ကျုပ်ရောက်တော့လည်းဉီးကြီးမောင်တစ်ယောက်ထည်းကိုသာတွေ့ရတာပေါ့ “ဉီးကြီးမောင်သရဲကြီးကောဗျ” “မရှိတော့ဘူးကွငါဆုံးမလွှတ်လိုက်ပြီဒီကောင်ကခေါင်းတော့အမာသားကွအဲ့တာကြောင့်လည်းနရင်းသူံးလေးချက်အုပ်ပေးလိုက်သေးတယ် ဒါနဲ့ဟိုခလေးမလေးအခြေနေကော” “မသိဘူးလေဗျာရွာထည်းမှာထားခဲ့ပြီးပြန်ပြေးလာတာ” “သာလှကတော့လုပ်တော့မယ်ကဲကဲရွာထည်းပြန်ကြရအောင်” ဉီးကြီးမောင်နဲ့ကျုပ်ကလည်းရွာထည်းကိုပြန်ဝင်ခဲ့တာပေါ့ ခလေးမလေးသတိပြန်ရလာလို့ပြောပြကာမှလည်း အကြောင်းစုံသိရတာပေါ့ ထိုခလေးမလေးကလည်း ဟိုဘက်ရွာကသူ့အဒေါ်ဆီသွားလည်ရင်းနဲ့အိမ်ပြန်နောက်ကျသွားတာတဲ့ဗျ လမ်းခုလတ်ရောက်တော့လည်း နေကအတော်စောင်းနေပြီ ကြောက်ပေမယ့်စိတ်ကိုထိမ်းပြီးလျှောက်လာရင်းက ဝါးရုံပင်ကြီးတစ်ပင်အောက်ရောက်တော့ တစ်ခုခုကလည်း ကျောကုန်းပေါ်ကိုပြုတ်ကြလာသလိုရှိပြီး ဘာမှမမှတ်မိတော့တာလို့လည်းဆိုတယ်ဗျ ဉီးကြီးမောင်ကလည်းပရိတ်ရေများသောက်ခိုင်းပြီးတော့လည်း ပရိတ်ရေနဲ့မျက်နှာသစ်ခိုင်းတယ်ဗျ အဲ့နေ့ကလည်း ကျုပ်အိမ်ကိုည၇နာရီလောက်မှပြန်ရောက်တယ်ဗျ ကျုပ်ပြန်ရောက်တော့လည်း အဖေနဲ့အမေတောင်ထမင်းစာပြီးပြီဗျ။