နာနာဘာဝလော

နာနာဘာဝလော(စ/ဆုံး)

————-–———-

“ဂလွမ်းဂလွမ်း…ဂွမ်း”
“ဂွမ်း.ဂွမ်း..ဂလုံးဂလုံး”
ညသန်းခေါင်ကျော်အချိန်….
မီးဖိုချောင်ထဲကဟင်းအိုးတွေထမင်းအိုးတွေဖွင့်နေတဲ့အသံကိုဆူညံစွာကြားလိုက်ရတာကြောင့်…မဝေအခန်းထဲကလျှင်မြန်စွာထပြီးသွားအကြည့်…..
“ဟော့တော်…အမေ”
“အမေ.. အမေဘာလုပ်နေတာလည်း”
“ငါဆာလို့ပါအေ” ပလုပ်ပလောင်းဗလုံးဗထွေးဖြေလိုက်တဲ့အသံ။
အမေ့ပါးစပ်နဲ့လက်တွေမှာဟင်းဖတ်တွေနဲ့ထမင်းလုံးတွေက ပေပေပွပွ ပွစိထလို့။
သမီးမေးတာကိုဖြေ သမီးကိုမြင်လိုက်မှလန့်ပြီးထလိုက်တဲ့အမေ “အား…ကျွတ်ကျွတ်နာလိုက်တာသမီးရယ်”လို့ပြောပြီး ဖင်ထိုင်ရက်လဲကျသွားတဲ့အမေကြောင့်…
“သမီးရေ..မိစု..မိစု”
“မိစုရေ.. လာကူပါအုန်း”
“လာပြီအမေ လာပြီ”
အမေ့ကို ဝေနဲ့မိစုသေသေချာချာတွဲ လက်နဲ့ပါးစပ်တွေပြောင်အောင်ဆပ်ပြာနဲ့ရေပွတ်ဆေးပေးပြီးမှ အိပ်ယာထက်ဖြည်းညှင်းစွာချပေးပြီး ပြန်သိပ်ခဲ့ရပါတယ်။
ဝေ ပြန်အိပ်လို့မရတော့…။

မဝေ အမေအသက်ခုနှစ်ဆယ်ပြည့်ဖို့လအနည်းငယ်လိုတဲ့အချိန် အရင်လကပေါ့….။
အသက်ခုနှစ်ဆယ်ပေမယ့်သန်သန်မာမာဖျတ်ဖျတ်လတ်လတ်ရှိသေးတဲ့အမေက ဒီအတိုင်းထိုင်မနေတတ်။
လက်ကလည်းအငြိမ်မနေတတ်သလို ပါးစပ်ကလည်း ပွစိပွစိ ပြောတတ်သေးတာ။
“ဟဲ့မြင့်သောင်း အိမ်ရှေ့ဖိနပ်ချွတ်ကချစားနေတဲ့တန်းတွေပြန်ခွာပြီး အသစ်ထပ်ရိုက်ပါဆိုတာ ငါပြောထားတာကြာလှပြီ ခုထိမလုပ်သေးဘူး တော်နေ ဖိနပ်ချွတ်ရင်းပြိုကျလို့ဟုတ်ပေ့ဖြစ်နေအုန်းမယ်”
“ဟုတ်အမေ”
“ပြောလိုက်ရင်ဟုတ် လုပ်တော့ဖင်ကြီးလွန်းလို့လေးနေ”
“မဝေ မဝေ အိမ်ရှေ့မှာအဝတ်တွေ ပုံပုံမထားနဲ့လို့ငါခဏခဏပြောရတာ မောလှပြီ ဧည့်သည်စောင်သည်ရောက်လာလို့ အိမ်ရှေ့မှာပွနေရင် ကဲ့ရဲ့ခံရမယ်”
“ဟုတ်ပါအမေရဲ့လျှော်မလို့ပုံထားတာ လာပြီလာပြီ”
“မိစုဘာလုပ်နေလည်းဒီကောင်မလေး ဒန့်သလွန်သီးနဲ့ဒန့်သလွန်ရွက်လေးခူးခိုင်းထားတာကြာလှပြီ”
“မိစုရေ…မိစု”
“သြော်… ခေါ်မကြားအော်မကြား”
ပြောရင်းအမေကိုယ်တိုင်အိမ်ဘေးကဒန့်သလွန်ပင်ကိုသွားခုံအမြင့်တစ်ခုံကိုယ်တိုင်ယူပြီးတံချုနဲ့လှမ်းခူးတာ အခန့်မသင့်တော့ပြုတ်ကျပြီးအိပ်ယာထဲကမထနိုင်တော့။
မဝေနဲ့ငါးတန်းကျောင်းသူသမီးမိစုတို့အမေ့ကိုပြုစုရပါတော့တယ်။
တစ်လလောက်ရှိသွားပေမယ့် မသက်သာ။
မြန်မာဗိန္နောဆရာနဲ့ခေါ်ကုလည်းမသက်သာသေး။
မြို့မှာနေတဲ့မဝေအကို ကိုအကြောင်းကြားထားပေမယ့်အကိုခွင့်မရသေးတာမို့ မလာနိုင်သေး။
မဝေအကို ကိုသစ္စာကဆက်သွယ်ရေးအရာရှိ။
အမေမွေးထားတာကမဝေနဲ့မဝေအကို ကိုသစ္စာ မောင်နှမနှစ်ယောက်သာ။
အမေကဒီဇာတိမဟုတ်။တစ်ဦးတည်းသောသမီးတစ်ကောင်ကြွက်။
အဖေနဲ့အိမ်ထောင်ကျမှယောင်နောက်ဆံထုံးပါဒီရွာကိုရောက်လာသူ။
မဝေအိမ်ထောင်မကျခင်အဖေကသေသွားတော့ အမေကိုအကိုက မြို့ကိုခေါ်ပါသေးတယ်။
ယောက်ကျားခေါင်းချသွားခဲ့တဲ့ရွာကနေမသွားချင်တာတစ်ကြောင်း မဝေကိုစိတ်မချတာကတစ်ကြောင်းကြောင့်အမေ အကို့ဆီ မလိုကိသွားခဲ့ပါ။
မဝေတို့နေတဲ့ရွာလေးက စစ်ကိုင်းတိုင်းပင်လယ်ဘူးမြို့နယ်ထဲကရွာလေးတစ်ရွာ။
အိမ်ခြေနှစ်ရာနီးပါးလောက်သာရှိတဲ့ရွာလေးပါ။

“အဟွတ်အဟွတ်…..အဟွတ်”
“အား..ကျွတ်…..ကျွတ်”
နေ့ခင်းဆိုအမေကချောင်းတွေဆိုးရင်းပြုတ်ကျတဲ့အရှိန်ကြောင့် ညည်းတွားနေရရှာတာ။
အခင်းကြီးအခင်းငယ်သွားရင်ဝေနဲ့ဝေ့သမီးမိစုတို့တွဲထူလို့ခွက်ထဲမှာသာ သွားခိုင်းရတာ။
အိပ်ယာထဲပက်လက်သာနေရတဲ့အမေ ဝေနဲ့သမီးမိစုတို့ထူမှအိပ်ယာထဲကထလို့ရတဲ့အမေ။
ညညဆို လူမကူပါပဲ ခုလိုထထပြီး မီးဖိုချောင်ထဲသွားရှိတဲ့ဟင်းကျန်တဲ့ဟင်းတွေထမင်းတွေလှန်လှောစားနေတာ တစ်ခါမကပြီ။

အခန်း(၂)

“မင်းအမေခုလိုဖြစ်နေတာရိုးမှရိုးရဲ့လားမသိ”ကိုမြင့်သောင်းမဝေကိုတိုးတိုးလေးလာပြောပါတယ်။
“မဝေလည်းအဲဒါပြောချင်နေတာ နေ့ခင်းဆိုလုံးဝမထနိုင်တဲ့အမေက ညညဆိုလူအကူမပါပဲတစ်ယောက်ထည်းထထပြီးမီးဖိုချောင်ထဲသွားမွှေနှောက်စားနေတာတစ်ခုခုပဲ”
“လူကလည်းတစ်နေ့တခြားပိန်ပိန်လာတာ အမြဲညည်းနေတာ ချောင်းဆိုးလိုက်ရင်မျက်လုံးကြီးကပြူးလျှာကြီးကထွက်ဆံပင်တွေကဖားလျားကြီးနဲ့……မင်းသတိထားမိလား”
“အင်း”
“ဟို…..ဖုတ်…ဖုတ်”
“ဟုတ်တယ်ဖုတ်ဝင်နေတာနေမယ်”
“နောက်ပြီးငါတို့သမီးလေးမိစုလည်းသူ့အဘွားနားကပ်ပြီးအမြဲပြုစုနေရတာတစ်နေ့တခြားပိန်ပိန်လာပြီးဖြူဖတ်ဖြူရော်ဖြစ်လာတာမင်းသတိထားမိလား”
“ဟို….ဖုတ်ကသမီးလေးကိုသွေးစုတ်”
“ဟုတ်တယ်ဖုတ်သွေးစုတ်နေလို့သမီးအ့လိုဖြစ်လာတာနေမှာ”
“အမလေး…ပြောရင်းနဲ့ကြောက်လာပြီကိုမြင့်သောင်းရယ်…ဝေတို့ဘာလုပ်ကြရင်ကောင်းမလည်း….”
“ဗိန္နောဆရာပေးတဲ့ဆေးတွေနဲ့ကုနေတာအနာတစ်ခြားဆေးတစ်ခြားဖြစ်နေပြီထင်တယ် ဒီလိုလုပ် ကိုယ့်သူငယ်ချင်းရဲ့အဖေကိုးကွယ်တဲ့ပယောဂကုဆရာတစ်ယောက်ရှိတယ် ကိုယ်သွားစုံစမ်းလိုက်အုန်းမယ်”
“ဟုတ်.ဟုတ်”
………………….
“ရော့မဝေ..”
“ဘာတွေလည်း…”
သြဇာရွက်တွေ ပယောဂကုဆရာအစီအရင်တွေလုပ်ထားတာ အဲဒီအရွက်တွေကိုအမေ့အိပ်ယာအောက်ထားလိုက် သွားသွား အမေမသိစေနဲ့အုန်း”
အမေအိပ်နေတုန်းအမေ့အိပ်ယာကိုအသာလေးမ သြဇာရွက်တွေထည့်ပြီး အသာလေးလှည့်အထွက်…..
“သမီး”
“အမလေး”
မျက်လုံးကြီးပြူးပြီးဝေ့လက်ကိုလှမ်းဆွဲလိုက်တဲ့အမေကြောင့် မဝေအရမ်းထိတ်လန့်သွားမိပါတယ်။
“ရေ…ရေ….ပူတယ်”
“ရေလား……ဟုတ်”
မိစုကိုခေါ် မိစုနဲ့မဝေ အမေ့ကိုထူပေးပြီး ကြောက်ကြောက်လန့်လန့်နဲ့ရေတိုက်ပါတယ်။
စိတ်ထဲမှာတော့ဖုတ်ဝင်နေတဲ့အမေ ဖုတ်ကောင်ကြီးကများ ငါ့လုပ်ရပ်သိ့သွားလေမလားလို့ တထိတ်ထိတ်။
“ကိုမြင့်သောင်း”
“ဝေ အမေ့အိပ်ယာအောက်မှာသြဇာရွက်တွေထည့်ထားတာ အမေကပူတယ်တဲ့ရေတောင်းသောက်တယ်”
“အဲဒါဆိုသေချာနေပြီပဲ”
“နောက်တစ်မျိုးထပ်လုပ်ရအုန်းမယ်”
……………..
“ရော့မဝေဒါတွေအမေ့အိပ်ယာအောက်မှာဖြန့်ခင်းထားလိုက်”
“ဘာတွေလည်းကိုမြင့်သောင်း”
“မေးမနေနဲ့ဆရာကလုပ်ခိုင်းတာဒီမယ်ဒီနေရာကနေကိုင်ဒီလိုမျိုးဖြန့်ခင်း။
ဖျာကြမ်းအစုတ်တွေကိုဘေးကနေပလတ်စတစ်နဲ့ပတ်ချည်ထားတာတွေ။
ဝေ့ကိုပလတ်စတစ်နဲ့ချည်ထားတဲ့နေရာကနေကိုင်ခိုင်းပြီးအမေ့အိပ်ယာအောက်မှာဖြန့်ခင်းထားခိုင်းတာပါ။
မဝေလည်းကြောက်ကြောက်နဲ့အမေ့ကိုယ်ထဲဝင်နေတဲ့ဖုတ်ထွက်သွားပြီးရောဆိုပြီးအမေ့အိပ်ယာဘေးတွေမှာအသာလေးထိုးထည့်ထားလိုက်ပါတယ်။
ခဏနေတော့အမေအော်လိုက်တာ။
ဝေရောမိစုရောအမေအော်နေတာကိုမကြည့်ရက်။သွားလည်းမဆွဲရဲ။
အမေအော်တာက”အမလေးယားလိုက်တာ သမီးရေအမေ့ကိုကယ်ပါအုန်းယားလွန်းလို့သေပါပြီ”
အမေ့တစ်ကိုယ်လုံးသူ့လက်နဲ့သူကုတ်ခြစ်ပြီးအိပ်ယာထက်မှာ အလူးလူးအလှိမ့်လှိမ့်။
အမေ့ကိုကြည့်ပြီးမဝေမျက်ရည်ကျတယ်။
“အမေရယ် အမေ့ကိုသနားတယ် ဒါပေမယ့်အမေ့ကိုယ်ထဲဝင်နေတဲ့ဖုတ် မြန်မြန်ထွက်သွားပါစေတော့ရယ်……….လို့”

အခန်း(၃)
“ကိုမြင့်သောင်းဘာလုပ်မလို့လည်း”
ကိုမြင့်သောင်းနဲ့လူသုံးယောက်။
တစ်ယောက်ကယောဂီအညိုရောင်တဘက်ကြီးနဲ့ခေါင်းပေါင်းထားသူ။အသားကညိုညစ်ညစ်လက်မှာလည်းဇီးစေ့ပုတီးကြီးပတ်လို့။
နောက်တစ်ယောက်က ကိုမြင့်သောင်းသူငယ်ချင်း။
နောက်တစ်ယောက်ကတော့ ပယောဂဆရာကြီးတပည့်ဖြစ်မယ်ထင်ပါတယ်။
လူပုံကပုကွကွစုတ်ချွန်းချွန်းငဇင်ရိုင်းနှုတ်ခမ်းမွှေးကကျဲတိကျဲတဲ။ပခုံးမှာကချည်ကြမ်းအမဲရောင်အစနဲ့ချုပ်ထားတဲ့လွယ်အိတ်အကြီးကြီးကဖောင်းကားလွန်းစွာ။
“အမေ့ကိုယ်ထဲကဖုတ်ထုတ်မလို့ဆရာတွေခေါ်လာတာ”
“ဖြစ်ပါ့မလားကိုမြင့်သောင်းရယ် အမေေဥှားဘယျလိုလုပျမလညျးအမေ့ကိုမသစေခေငြျဘူး ဖုတ်ကောင်ပဲထွက်သွားစေချင်တာ”
“နင်အသာနေစမ်းပါ ဆရာတွေကြည့်လုပ်ပါ့မယ်”
“တော်ပါပြီအကိုရယ်မလုပ်ပါနဲ့တော့ အမေ့ကိုသနားလွန်းလို့ပါ”
“အမေ့ကိုဝေ မကြည့်ရက်တော့ပါဘူး”
“မင်းဝင်မပါနဲ့”လို့ဝေ့ပုခုံးကိုတွန်းတိုက်ပြီးကိုမြင့်သောင်းနဲ့လူသုံးယောက်အမေ့အခန်းထဲကိုအတင်းဝင်သွားပြီးအမေ့ကိုအပြင်ခေါ်ထုတ်လာပါတယ်။
ဝေအမေ့ကိုအတင်းဝင်ဆွဲမလို့အလုပ်ကိုမြင့်သောင်းကဝေ့ကိုချုပ်ထားလိုက်ပါတယ်။
အမေ့လက်နဲ့ခြေထောက်ကိုအုန်းဆံကြိုးတွေနဲ့ချည်ပြီး”ပါးစပ်ဟ ပါးစပ်ဟ”လို့ပြောနေတော့…..အမေလည်းသိတယ်ထင်ပါတယ် ပါးစပ်ကိုအတင်းပိတ်ထားတာဝေမြင်ရပါတယ်။
“ဒီဖုတ်ကတော်တော်ခေါင်းမာတဲ့ဖုတ်ငါ့အကြောင်းသိစေရမယ်”
“”မလုပ်ကြပါနဲ့အမေ့ကိုမလုပ်ကြပါနဲ့”
“မင်းပဲဖုတ်ထုတ်ချင်တယ်ဆို”
“မဟုတ်ဘူးမဟုတ်ဘူးဒီလိုအတင်းဓမ္မကြီးတော့မလုပ်ကြပါနဲ့”
“ဘာမှမလုပ်ဘူးဖုတ်ထုတ်ဆေးအတွင်းစက်ဖြတ်ဆေးလို့ခေါ်တယ်အတွင်းစက်ဖြတ်ဆေးတိုက်မလို့”အညိုရောင်တဘက်ကြီးခေါင်းပေါင်းထားသူကဝင်ဖြေလိုက်ပါတယ်။
“မလုပ်နဲ့အမေ့ကိုဘာစက်ဖြတ်ဆေးမှမတိုက်နဲ့…အု”
ကိုမြင့်သောင်းဝေ့ပါးစပ်ကိုသူ့လက်တွေနဲ့ပိတ်ထားလိုက်ပါတယ်။
……
“ဟေ့ကောင်တွေရပ်လိုက်”
ဝေ့အကို ကိုသစ္စာနှင့်အတူရွာသူကြီ။
ရွာသားသုံးယောက်။
နောက်မျက်နှာစိမ်းသုံးယောက်။
“အကိုသစ္စာ”
“ညီမလေး”
“အမေ”
“ဟောသမီးမိစု”
“ဟုတ်တယ်အမေ ဦးကြီးရွာရောက်နေတာတပတ်လောက်ရှိပြီအဖေ့ကိုရောအမေ့ကိုပါမပြောနဲ့ဆိုလို့သမီးမပြောတာ”
“အကိုရောက်လာတာဝမ်းသာလိုက်တာ”
“အမေလေအမေ”
“အမေ အမေ့ကိုကြိုးတုပ်ထားတာမြန်မြန်လာအကိုမြန်မြန်လာ”
……….
“ဟေ့ ကောင် တွေ စစ်စရာရှိအကုန်စစ် ”
“ဆရာဒီအဘွားကိုတိုက်မယ်ဆိုတဲ့ဟာတွေက ပိုးသတ်ဆေးတွေ”
“ဘာ”
“ကြွက်သတ်ဆေးတွေ”
“ကွာဒီကောင်တွေကတော့..တောက်”
“တစ်အိမ်လုံးရှာကြည့်ကွာ”
“ဆရာအဘွားအိပ်ယာပေါ်မှာနဲ့အိပ်ယာအောက်မှာအမှုန့်တွေ ခွေးလှေးယားသီးမှုန့်တွေနဲ့တခြားဘာမှုန့်တွေလည်းမသိဘူးအရွက်ခြောက်တွေရော..”
“အေးအကုန်ထုပ်ယူလာခဲ့ဓါတ်ခွဲစစ်ဆေးကြည့်ရမယ်”
ကိုမြင့်သောင်း ပယောဂဆရာ ကိုမြင့်သောင်းသူငယ်ချင်း ပယောဂဆရာကြီးရဲ့တပည့် အားလုံးလက်ထိပ်တန်းလန်းနဲ့ပါသွားခဲ့ပါပြီ။

အခန်း(၄)

အကိုရဲ့ပြောပြချက်။
“ညီမလေးကအမေ့အကြောင်းကြားပြီးသိပ်မကြာဘူးအကိုခွင့်ရတာနဲ့ရွာကိုတန်းလာတာရွာထဲဝင်ဖို့ကနှစ်လမ်းရှိပေမယ့်အကို့စိတ်ကဘယ်လိုဖြစ်တယ်မသိအနောက်လမ်းထန်းတောဘက်ကဖြတ်ချင်တာနဲ့ပတ်ပြီးဖြတ်လာလိုက်တာ…….”
“”ပစိပစပ်ကလည်းများဥစ္စာလည်းချောက်လွန်းလှတဲ့ဒီအဘွားကြီးမြန်မြန်မသေနိုင်ဘူးကွာ”ဆိုတဲ့စကားကြားလိုက်တော့ ဒီအသံကြားဖူးပါတယ်ပေါ့”
“အဲဒါနဲ့အကိုလည်းခြေဖွဖွနင်းပြီးအသံလာရာကိုသွားချောင်းကြည့်တော့လား…..လား….ယောက်ဖမြင့်သောင်းနဲ့အပေါင်းအသင်းသုံးယောက်။
သူတိုကလူမရှိဘူးအထင်နဲ့ပြောဆိုနေကြတာ။
သူတို့ပြောတာအစအဆုံးနားထောင်ပြီးအကိုအကြောင်းစုံသိခဲ့ရတာညီမလေး”
“အမေကအမေ့ရဲ့လက်ဝတ်လက်စားတွေကိုအိမ်နောက်ဖကိကသရကိပင်ခြေရင်းမှာသွားမြုပ်ထားတာကိုဒီကောင်မြင့်သောင်းမတော်တဆမြင်သွားတာ”
အမေနောက်တစ်နေရာပြောင်းမမြှပ်ခင်လိမ့်ကျပြီးအိပ်ယာထဲကမထနိုင်တဲ့အချိန်မြင့်သောင်းကအကုန်တူးဖော်ယူပြီးကြက်ဝိုင်းဂျင်ဝိုင်းလောင်းကစားဝိုင်းတွေမှာသုံးဖြုန်းပစ်တာဘာမှမကျန်တော့ဘူး။တကယ်လို့အမေပြန်ကောင်းလာရင်သူ့အကြောင်းတွေပေါ်တော့မှာလေ။အဲဒါကြောင့်ညီမလေးကိုအမေကဖုတ်ဝင်နေတယ်လို့အယုံသွင်းပြီးအမေ့ကိုတစ်ချက်ခုတ်နှစ်ချက်ပြတ်အသေသတ်ဖို့လုပ်တာ။”
“တကယ်လို့အမေသေသွားခဲ့ရင်ဖုတ်ထွက်သွားလို့လူကအသေကောင်ပဲကျန်ခဲ့တာလို့လုပ်မယ်လေ”
“ဖွတ်ထွက်မှတောင်ပို့မှန်းသိခဲ့ရပါတယ်အကိုရယ် ညီမလေးတကယ်မှားခဲ့ပါတယ် အကိုသာရောက်မလာခဲ့ရင်ညီမလေးကကိုယ့်အမေကိုယ်ပြန်သတ်တဲ့လူသတ်သမကြီးဖြစ်တော့မှာ”
“ညီမလေးကရိုးတယ်ရိုးလွန်းတော့အတယ်တုံးတယ်ယုံလွယ်တယ် အဲဒါကြောင့်အမေကညီမလေးကိုစိတ်မချတာအကိုသိတယ် အကိုလည်းရွာကသတင်းတွေမျက်ခြေမပြတ်နားစွင့်နေလို့သာခုလိုမျိုးအမေ့အသက်ကိုအချိန်မှီကယ်ခဲ့နိုင်တာညီမလေး အကိုကြိုရောက်နေပြီးအကုန်စီစဥ်နိုင်ခဲ့တာ”
“ဒီမယ်အကိုပြောပြမယ်ညီမလေး”
“အမေအိပ်ယာထဲလဲနေတဲ့အချိန်မှာအသားတွေကျွေးသလားညီမလေး”
“ကျွေးတယ်အကိုဆန်ပြုတ်ထဲကြက်သားနုတ်နုတ်စင်းထည့်တိုက်တယ်တခါတလေငါးဆန်ပြုတ်တိုက်တယ်အကို”
“အမေ အများကြီးစားနိုင်သလား”
“မစားနိုင်ဘူးအကိုတခါတလေပန်းကန်လုံးတစ်ဝက်ပဲကုန်တယ်”
“အမေ ဝမယ်လို့ထင်သလားညီမလေး”
“အင်း….ဝမယ်လို့မထင်ပါဘူးဒါပေမယ့်ခဏခဏတော့ညီမလေးတိုက်ပါတယ်”
အကိုကလက်ကာပြပြီး………
“အဲဒါအဖြေပဲညီမလေး အသားစားထမင်းစားနေကြအမေကဘယ်လို ဝမှာလည်း”
“လူပမာအမေဆိုပြီးကျွေးတာကနည်းတော့ညသန်းခေါင်အချိန်ရောက်တော့ဆာလာမှာပေါ့ညီမလေး”
“ညီမလေးအစာနည်းနည်းလေးပဲနေ့ခင်းမှာစားထား ညဘက်မှာ မစာပါဘူးလို့အာမခံနိုင်သလား”
“အာမမခံနိုင်ပါဘူးအကို”
“အေးအဲလိုပဲပေါ့ ကိုကိုတို့အမေလည်းညဘက်ဆာရှာမှာပေါ့ ဆာတော့သမီးနဲ့မြေးလည်းအော်ပြီးမနှိုးရဲဗိုက်ကလည်းတအားဆာလာတာကြောင့် ဖင်တရွတ်တွန်း ဖင်တရွတ်တွန်းနဲ့မီးဖိုချောင်ဆီကိုတရွေ့ရွေ့သွားရပြီးအိုးတွေခွက်တွေလှန်လှောစားရရှာတာမှာ ညီမလေးတို့အထင်အမြင်တွေအကုန်မှားကြတော့တာပါပဲ။”
ဝေမျက်ရည်တွေတွေကျရပါပြီ။
“ညီမလေးအမေ့ကိုဖုတ်ဝင်နေတယ်ဆိုတဲ့အစွဲနဲ့အမေ့အပေါ်မှာအကုသိုလ်အကြီးကြီးတွေလုပ်ခဲ့မိပါတယ်ညီမလေးကိုခွင့်လွတ်ပါအကိုရယ်….ဟီးးးးဟင့်ဟင့်…..”
“မငိုနဲ့ညီမလေးအကို့အမှားတွေလည်းပါပါတယ်”
“ညီမလေးနဲ့အမေ့ကိုအကိုပစ်ထားသလိုဖြစ်ခဲ့တာအကိုလည်းနောင်တရမိပါတယ် မြင့်သောင်းအကြောင်းသိခဲ့တဲ့အကိုအစကထည်းကညီမလေးတို့အမေတိုကိုအတင်းအကျပ်အနားမှာခေါ်ထားခဲ့ရမှာအကို့အမှားလည်းပါခဲ့ပါတယ် တိတ်…တိတ်တော့ညီမလေး အကိုတို့ပြင်ဆင်ချိန်ရခဲ့ပါပြီညီမလေးရယ် ဒီညအကို အမေ့နားမှာပဲပြုစုစောင့်ရှောက်ပြီးအိပ်လိုက်မယ်””

“သွားသွားအိပ်တော့ညီမလေး ”

အခန်း(၅)
အမေ့ကိုသတ်ရန်ကြိုတင်ကြံစည်မှု သတ်ရန်ကြံစည်မှု စတဲ့ပြစ်မှုတွေနဲ့ကိုမြင့်သောင်းနဲ့အပေါင်းအပါ တစ်စုထောင်ဒါဏ်(၇)နှစ် စီ ကျသွားခဲ့ပါပြီ။
အမေရယ်ဝေရယ်သမီးလေးမိစုတို့အားလုံးအကိုနဲ့အတူအကိုတို့မြို့ကိုပြောင်းလာခဲ့ကြ ပါပြီ။ အမေ့ကိုမြို့က အဂ်လိပ် ဆရာဝန်တွေနဲ့သေသေချာချာ ပြ သလိ ပ် စစ် ဓါတ်မှန်တွေရိုက်ကြည့်တော့မှအမေ့ရောဂါကအဆုတ်တီဘီ။ အဲဒါကြောင့်မို့အမေချောင်းခဏခဏဆိုးတာဖျားတာ(နှုံး နေတာ)ပိန်ပိန်လာတာကိုပြုတ်ကျတဲ့အရှိန်နဲ့ခါးနဲနဲထိလို့မထနိုင်တာနဲ့ရောပြီး ရွာဓလေ့မတိုးတက်တဲ့အမြင်အစွဲ တွေနဲ့ဖုတ်ဝင်တာလို့သတ်မှတ်ပြီးဖုတ်စွဲ စွဲခဲ့မိတဲ့ကျွန်မ မဝေအင်မတန်မှ နောင်တရ ခဲ့မိပါတယ်။
သမီးလေးမိစုလည်းတကယ်တော့တီဘီရောဂါဖြစ်နေတာပါ။ ကိုယ်ခံအားကောင်းတဲ့ကျွန်မဘာမှမဖြစ်ပေမယ့်ကိုယ်ခံအားနည်း တဲ့အမေနဲ့သမီးမိစုတို့တီဘီရောဂါကူးစက်ခံရတာပါ။
တီဘီဆေးမှန်မှန်သောက်ပြီးဝဖြိုးစိုပြေကျန်းမာလာတဲ့အမေ့ကို ဝေအသက်ရှင်နေသမျှကာလပတ်လုံးအတိုးချပြီးပြုစု စောင့်ရှောက်သွားမှာပါ။
အသိနည်းဗဟုသုတနည်းခဲ့လိုအမှားတွေလုပ်ခဲ့မိခဲ့တဲ့ ့သမီးကိုအမေခွင့်လွှတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်အမေ ။

စံဌာနီထွန်း