နိမိတ်ဖတ်သူ

နိမိတ်ဖတ်သူ(စ/ဆုံး)

—————-

သဘာဝအလှတရားနှင့် လွန်စွာလှပသည့် ရခိုင်ရိုးမတောင်တန်းဒေသ တစ်နေရာတွင် သားမိနှစ်ယောက်
ပဲနေထိုင်. ကြသတဲ့။ တောင်ပေါ်ပတ်လည်တွင်သဘာ
ဝအလျှာက် ပေါက်နေတဲ့ သစ်ပင်စားပင်ကြီးများနှင့်
ကကွ၊ရာသီပေါ်အသီးနှံအပြင် ဆန်စပါးခင်းကြီးများ
ပါစိုက်ပျိုးထားခြင်းကြောင့် တောင်တန်းတစ်ခွင်လုံး စိမ်းလန်းစိုပြေနေလေသည်။တောင်ချေရဲ့အောက်မှာတော့ ရွာလေးတစ်ရွာရှိတယ်။ထိုကျေးရွာလေး
ရဲ့အနောက်ဘက်မှာလည်း မြစ်ချောင်းသဖွယ်စီးဆင်း
နေတဲ့ မြစ်တစ်ခုလည်း ရှိနေပြန်လေသည်။တောင်ထိပ်ကနေ ထိုမြင်ကွင်းရဲ့ အလှတရားကို
အသက်၁၂နှစ်ခန့် အရွယ်သာရှိသေးတဲ့ ကလေးတစ်
ဦး ငေးကြည့်နေရင်းကနေ မိခင်ဖြစ်သူထံ ခြေလှမ်းကျဲကြီးတွေဖြင့် ရင်ထဲမှာ မတင်မကျဖြစ်နေတဲ့
အကြောင်းအရာများ မေးမြန်းဖို့လျှောက်လာခဲ့
လေသည်။

“မေမေ. …ဘာကြောင့် လူတွေနဲ့ ဝေးရာမှာ
သားတို့ နေထိုင်ရတာလဲ….”

သားဖြစ်သူအမေးကြောင့်ဆေးပေါ့လိတ်ကြီး
ပါးစပ်မှာခဲထားတဲ့ ဒေါ်ခင်လေးဖြူက ထိုဆေး
လိတ်ကို လက်ညားမှာညပ်လိုက်ပြီး သားဖြစ်သူ
ဘက်သို့လှည့်လိုက်လေသည်။
တစ်ချိန်ကျ ဒီလိုမေးခွန်းတွေ မေးလာမယ်ဆိုတာ
သူမ ကြိုသိနေပြီးဖြစ်သည်။

“.သားရယ်. .အမေဒီအကြောင်းတွေ တွေးမိတိုင်း
ရင်တွေအရမ်းနာကျင်လွန်းလှပါတယ်။အမေကံဇာ
တာ ကိုက ဒီလိုအကြောင်းတရားတွေဖြစ်ဖို့
ကံပါလာခဲ့တာလား အမေ မသိတော့ဘူး။ ဘယ်
လောက်ကောင်းအောင်လုပ်ခဲ့လုပ်ခဲ့.
အပြစ်တွေပဲ ပုံချခံရတယ် ။.ငါသားလေး ခုလို
လူတွေနဲ့ကင်းကွာနေရတာ အမေကြောင့်ပါပဲ ”

ပြောရင်ဖြင့် ပါးပြင်ထက်က တလိမ့်လိမ့်စီးဆင်း
လာတဲ့ မျက်ရည်တွေကို သူမသုတ်လိုက်ပြီး
မျက်လုံးအိမ်ထဲက မျက်ရည်စတချို့ကိုတော့မျက်
တောင်များဖြင့် ပုက်ခက်သိမ်းဆည်းလိုက်သည်။
ထိုနောက် ရင်ထဲမှာ နှစ်အတန်ကြာအောင်သိမ်းဆည်းထားတဲ့ မိမိဇာတ်လမ်းကို သားဖြစ်သူအား.. စိတ်မကောင်းစွာဖြင့် ပြန်လည်ပြောကြား
နေမိလေသည်။ .

” သားက်ိုယ်ဝန်လွယ်ရတဲ့အချိန်.က စလို့ပေါ့ ”

•••••••••••••••••••

တိတ်ဆိတ်ငြိမ်သက်နေတဲ့ညတစ်ညမှာ မမျော်လင့်
ပဲ လူတစ်စု မီးတုတ်ကိုယ်စီရောက်လာခဲ့လေသည်။

“ကဝေမ…စုန်းမ. .ထွက်ခဲ့စမ်း. . ”

မီးတုတ်တွေကြားက လူအုပ်ကြီးတစ်စုခေါ်ဆိုသံ
တွေကြောင့် ခင်လေးဖြူ တစ်ယောက် ဘုရားဝတ်
ပြုရင်းကနေ ဆီးမီးအိမ်လေးအား လက်မှာ
ကိုင်ဆွဲလာပြီး မပေါ့မပါးကြီးဖြင့် အိမ်အပြင်ဘက်
သို့ ထွက်လာခဲ့လေသည်။

“ညကြီး.မိုးချုပ် ဘာဖြစ်လာကြတာလဲရှင်.”

လူအုပ်ကြီးကြားက. .မိန်းမကြီးတစ်ဦး ထွက်လာပြီး. .
“ဘာဖြစ်ရမှာလဲ…ည.ည်းကြောင့်..
ငါသားလေး အပင်ပေါ်ပြုတ်ကျလို့သေပြီး.ဟဲ့ .”

“ရှင်”.
နားထဲကြားလိုက်ရတဲ့ စကားကြောင့် ကိုယ်နား
ကိုယ့်တောင် မယုံသင်္ကာဖြစ်မိလိုက်သည်။ ညနေ့ခင်း စိုက်ခင်းကအပြန် ဖိုးချစ်နှင့်အတူ ရွာထဲကလေး၂ယောက်အပါအဝင် အပင်ပေါ်ဆော့
ကစားနေကြတဲ့ မြင်ကွင်းကြောင့် သူမလည်း
စိုးရိမ်းတွေဖြင့် ပြောခဲ့မိခြင်းပင်ဖြစ်သည်။

“ဟဲ့ …ဟဲ့.ကလေးတွေ .ဆော့စရာဒီလောက်
ရှားရသလား.. .အပင်ပေါ်.တတ်ဆော့.ရတယ်လို့ကွယ်…ဆင်း.ခဲ့.မြန်မြန် တော်ကြာပြုတ်ကျသေတော့
မှာပဲ”

ခင်လေးဖြူ စကားက ဆော့ကစားနေတဲ့.ကလေးတွေ. အစ အဖက်မလုပ်ကြပေ။

“ဟာ..ဒီစုန်းမကြီး ကွ ကိုယ်ဟာကိုယ်ဆော့တာ
ဘာဖြစ်လဲ ”

သူမအား ရိုင်းပျစွာဆံဆက်လိုက်‌လေသည်။
စေတနာနဲ့ ပြောဆိုဆုံးမသော်လဲ မိမိစကားအား
အရာမရောက်ခဲ့တာနဲ့အတူ အိမ်သို့ခပ်သွက်သွက်
လေးလျှောက်လာခဲ့ခြင်းပင်ဖြစ်သည်။

“ကျွန်မ. သူတို့လေးတွေကို..စေတနာနဲ့..ဆုံးမပေး
တာပါ ၊ ပြုတ်ကျတယ်ဆိုတာကလဲ ကျွန်မနဲ့
မဆိုင်ပါဘူး ”

“အို. ..ဘာမဆိုင်ရမှာလဲအေ‌…ညည်းစကားကြောင့်
ဟို. လပိုင်းက ဦးဘကောင်း.မြွကိုက်လို့ သေသွားတယ်လေ အဲ့ဒါ ညည်းဘာငြင်းအုန်းမှာလဲ.”

” အဲ့နေ့က ကျွန်မလည်း ဦးလေးဘကောင်းကို
မသွားဖို့အတန်တန်ပြောပါသေးတယ်၊ ကျွန်မအာရုံ
ထဲမှာ မြွေတွေ မြင်တွေ့နေရလို့ သူ့အန္တရယ်ဖြစ်မှာစိုး
လို့ တားမိပါသေးတယ် သူ့ လဲ ကျွန်မစကားကို
နားမထောင်ခဲ့ဘူးလေ”

” အဲ့တာ ညည်းက ဝမ်းတွင်စုန်း. .”
“ရှင်..”..
“ဟုတ်တယ် ဟုတ်တယ် ဝမ်းတွင်းစုန်းမကြီး ”

ဘူးမသိဘာမသိ ဒေါ်ပုမကဝင်ပြောတော့
ကျန်တဲ့သူအားလုံးလည်း ဝိုင်းထောက်ကြလေ
သည်။.

“သူကြီးသမီး အင်းကြင်းလည်း သူအောက်လမ်းနဲ့
လုပ်လို့သေပြီး”

ဘုတ်ဆုံမ ထပ်ပြောလိုက်တဲ့စကားကြောင့်
ရွာသူကြီး မျက်နှာ နီမြန်း သွားလေပြီး
ခင်လေးဖြူအား မကျေမနှပ်ဖြင့် လှန်းကြည့်လိုက်
လေသည်။

“အဲ့စုန်းမရှိနေလို့ ရွာနာနေတာကွ”

“ဟုတ်တယ်.ဟုတ်တယ…ဒီစုန်းမကြောင့် .ဒီရွာမှာ
တစ်ယောက်ပြီး တစ်ယောက်သေနေတာ၊
အရင်နှစ်တုန်းကလည်း အရက်သမား.ဖိုတေ. .
ရေနစ်သေတယ်.သူနူတ်ကြောင့်ပဲ….”

တစ်ယောက်တစ်ပေါက်အပြစ်တင်ပြောဆိုလို့
မကုန်ဖြစ်နေကြလေသည်။ ခင်လေးဖြူ ကလည်း
တတ်နိုင်သလောက်ရှင်းပြသော်လည်းမည်သူ
ကမှ သူမစကားအား လက်မခံကြတော့ချေ။ …

“ခု ညည်း ဒီရွာမှာ..မနေနဲ့. .အခုဆင်း..”

“ရှင်.”

“အဲ့လိုမလုပ်ကြပါနဲ့.ရှင်၊ ကျွန်မ.ခင်းပွန်း သူ့အမေနေ
မကောင်းလို့မြို့တတ်သွားလို့ပါ၊ ခု ကျွန်မ ကိုယ်ဝန်ရင့်ကြီးနဲ့ဆိုတော့.ချက်ချင်းပြောင်းဖို့ဆိုတာ
ဘယ်နည်းနဲ့မှ မဖြစ်နိုင်လို့ပါ ”

“အေး. .နင်ကိုကလေး မွေးတဲ့အထိ အချိန်ပေးမယ်
ကလေးမွေးပြီးလို့ နင် ယောက်ကျားမလာခဲ့ရင်တော့
နင်ထိုက်နဲ့နင်ကံပေါ့”

ရွာသူကြီးဦးကောင်းမြတ်ပြောစကားနဲ့အတူ. .ရွာထဲက
လူတွေလဲ. အတွန့်မတတ်ကြတော့ပဲမိမိ.အိမ်သို့ပြန်
လည်သွားကြလေတော့သည် ။

အကို.ဘုန်းထက်လွင်ရယ် ရှင်မြန်မြန်ပြန်လာပါ
တော့။စိတ်ထဲက ခင်ပွန်းဖြစ်သူအား တောင်းတရင်း
အားငယ်စိတ်တွေကြောင့် ပါးပြင်းထက်က မျက်ရည်တွေလည်း ကျဆင်းလာလေသည်.။
ကိုဘုန်းထက်လွင်ဆိုတာ မြို့သားစစ်စစ် ၊ပိုက်ဆံ
ရှိ ဆရာဝန်လောင်းဖြစ်သည်။ရွာမှာ တာဝန်နဲ့
ရောက်လာခဲ့ခြင်းဖြစ်သည်။ ကိုဘုန်းထက်လွင်
ကရုပ်ချော၊.ပညာတတ် .ဆရာဝန်ဆိုတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီဆိုလည်း မမှားပေ။ မမျော်လင့်ပဲ
သူနဲ့တွေဆုံကာ. .ချစ်ကြိုက်မိခဲ့လေသည်။ သူ့မိဘ
တွေက ခင်လေးဖြူတို့လို သူဆင်းရဲမကို လုံးဝ
သဘောမတူခဲ့ဘူး ။ကိုဘုန်းထက်လွင်ကလည်း
မိဘတွေမောင်နှမတွေကြားထဲက အတိုက်အခိုက်
.လုပ်ရင်း. ခလေးဖြူကို လက်ထက်ခဲ့တယ်။

“ဆရာလေးကို .ပြူးစားလိုက်ကြတယ်တဲ့..
အဲ့ကောင်မ. .က”

“ရှူး.တိုးတိုး. .ပြောပါ.အေ. .
ဟိုမှာ..ကြားသွား.မှာဖြင့်”

လူတွေရဲ့ တိုးလျှို ပြောဆို သံတွေကြားကို အံတုရင်း
နေထိုင်ခဲ့ရလေသည်။အက်ိုက အစစအရာရာ နား
လည်မူရှိပြီး ခင်လေးဖြူကို အလွန်ဂရုစိုက်လေသည်။
ကိုယ်ဝန် ၉လထဲရောက်တော့ ကိုဘုန်းထက်လွင်
အမေအသဲအသန်ဖြစ်လို့.မြို့ကိုထွက်သွားခဲ့တာ
ဒီနေ့ဆို၅ရက်ရှိသွားပြီးဖြစ်သည်။ စိတ်ထဲက
ယောက်က္ခမဖြစ်သူ ကိုလည်း ကျန်းမာဖို့ ဆုတောင်း
မိသလို၊ ခင်ပွန်းဖြစ်သူကိုလည်း အမြန်ပြန်ရောက်
ဖို့ တတောင်းနေမိတော့သည်။
•••••••••••••••••••

“ကဲ.ခင်လေးဖြူ ပြောထားတဲ့အတိုင်း ဒီရွာကနေကလေးကိုခေါ်ပြီးထွက်ခွာပေးပါ. .”

“အို.သူကြီးရယ်. ..ကျွန်မသားလေးက၊ .လသားအရွယ်မရောက်သေးလို့ အကိုဘုန်းထက်လွင်
ပြန်လာတဲ့အထိ. .ထပ်နေခွင့်ပြုပါအုန်း…ဒါမဟုတ်.
သားလေး တစ်လပြည့်တဲ့အထိ.စောင့်ပေးပါ”

ခင်လေးဖြူစကားသံကြောင့်. သူကြီးမျက်မှောင်
ကြုတ်မိလိုက်သည်။ ရွာသူကြီးဘေးနားက
ဒေါ်ပုမကလည်း လေသံတိုးတိတ်စွာဖြင့်
“သူ..ယောက်ကျားက ဗိုက်ကြီးမှ စုန်းမမှန်းသိ
လို့ ပစ်ထားသွားသလားမသိ.”

“ဟုတ်ပါရဲ့. .”

လျို့ဝှက်ပြောဆိုသံတချို့ကြောင့် ခင်လေးဖြူလည်း အလိုလိုဝမ်းနည်းလာခဲ့သည်။ အကို တစ်ကယ်ပဲ
ခင်လေးတို့ သားအမိကို ထားသွားခဲ့ပြီးလား ။

သူကြီးကဆက်လျက်၍.ပြောလိုက်သည်
..” ဒီမှာခင်လေးဖြူ မင်းကြောင့် အားလုံးဒုက္ခ
ရောက်မယ့်အရာမျိုး ငါမလိုလားဘူး၊
ဒါကြောင့် တို့ဒီရွာလေးက..အမြန်ဆုံးပြောင်းပေးပါ
.. ငါ မေတ္တာရပ်ခံပါတယ်”

သူကြီးစကားကြောင့်အားလုံးက ထောက်ခံကြလေသည်.။
အို.လူတွေ စာနာစိတ်မရှိလိုက်ကြတာ အခုလို
သူ့တစ်ပါးဒုက္ခရောက်နေတာတောင် မကူညီတဲ့အပြင်.ဝိုင်းဝန်. အပြစ်တွေတင်လိုက်ကြတာ.။
မြေနိမ့်ရာ လှံစိုက်ချင်နေကြပါလား။

” တစ်ချိန်ကျ ဒီရွာသူရွာသားတွေလည်း ကျွန်မလို
ဒုက္ခမရောက်ပါစေနဲ့လို့ ကျွန်မဆုတောင်းပေးခဲ့ပါ
တယ် ”

ခင်လေးဖြူ စကားကြောင့် တစ်ရွာလုံးကလူတွေ
အားလုံးလည်း တုန်လူပ်ချောက်ခြားသွားစေတာ
အမှန်ပင်ဖြစ်သည်။

ခင်လေးဖြူလည်း မျက်ရည်စတွေ သုတ်လိုက်ပြီး
ဤရွာက ထွက်ခွာသွားဖို့ အမြန်ဆုံးပြင်ဆင်လိုက်
တော့သည်။ ကလေးတစ်ဖက်နဲ့မို့ အဝတ်အစားတစ်ချို့ နှင့်အတူ မိမိသားလေးအား ပွေ့ချီကာ
ဤရွာလေးအား ကျောခိုင်းထွက်လာခဲ့သည်။
ကံဆိုးမသွားရာမိုးလိုက်ရွာဆိုသကဲ့သို့ မိုးကတော့
အညိုးကြီးစွာ ရွာချနေမိတော့သည်။ ရင်ခွင်
ထဲ က သားကို မိုးရေမဆိုအောင် အရိပ်ကောင်း
တဲ့အပင်တစ်ခုမှာ နားခိုလိုက်ပြီး ပါးပြင်ထက်က
မျက်ရည်တွေကလည်း မိုးနဲ့အတူ ရောနှောသွား
လေတော့သည်။ မိုးလည်း တိတ်သွားတော့
သူမလည်း ဘယ်ကိုခရီးဆက်ရမလဲဆိုတာ မစဥ်စားတတ်တော့ပေ။

” အလို မိန်းကလေးပါလား ”

အသံကြားရာ လှည့်ကြည့်တော့ အဖိုးအိုတို့
ဇနီးမောင်နှံပင် ဖြစ်လေသည်။

” ဒီက သမီးက ဘယ်ကိုခရီးဆက်မလို့လဲ”

” ဘယ်ကိုသွားလို့ ဘယ်ကိုလာရမှန်းမသိတော့ပါ
ဘူးအဘိုးနဲ့ အဘွားရယ် ” ပြောရင်း မျက်ရည်တွေကျလာပြီး သူမဘဝရဲ့ ဖြစ်ကြောင်းကုန်စင် အား ပြောပြမိလေသည်။

” သမီး ဘဝရဲ့ အကြောင်းတွေကြားရတာ
စိတ်မချမ်းမြေ့စရာပါပဲ၊ ဘာမှ စိတ်အား မငယ်
ပါနဲ့ကွယ်၊ အဖိုးတို့နဲ့ လိုက်ခဲ့နော် ၊အဖိုးတို့ဇနီး
မောင်နှံ က ဟိုတောင်ပေါ်မှာ နေထိုင်ကြတာကွယ်
အခု မျှစ်ချိုးလာရင်းနဲ့ မိုးခိုနေကြတာ”

ကျွန်မလည်း မငြင်းသာတော့ပဲ အဖိုးတို့နဲ့အတူ
လိုက်ဖို့ဆုံးဖြတ်ချက်ချမိလိုက်တော့သည်။
အဖိုးတို့အဘွားတို့ ကောင်းမူနဲ့ ပဲ အသက်ရှင်
နေထိုင်ခဲ့ပြီး တောင်ရာအလုပ်ကိုလည်း အဘိုးတို့
ဇနီးမောင်နှံအတူ လုပ်ကိုင်နေထိုင်ခဲ့ကြလေသည်။
အဖိုးနှင့်အဘွားကလည်း သားသမီးအရင်းလို
ချစ်ကြပြီး ခင်လေးဖြူကလည်း မိခင်အရင်းပမာ
ပြုစုလုပ်ကျွေးနေမိတော့သည်။အချိန်တွေလည်း တစ်ရွေ့ရွေ့ ကုန်ဆုံးသွားတာနှင့်အတူ သားဖြစ်သူ
၇နှစ်ပြည့်နေ့မှာပဲအဖိုးတို့ဇနှီးမောင်နှံလည်း ရှေ့
ဆင့်နောက်ဆင့် ကွယ်လွန်သွားကြလေတော့သည်။

•••••••••••••••••••••

အမေဖြစ်သူရဲ့ဘဝအမှန်ကြားလိုက်ရတော့
ဆူးထက်လည်း ရွာကလူတွေအပေါ်တော်တော်
လေး စိတ်နာမိခဲ့တာအမှန်။

“ဒါနဲ့အမေ..အဖေ .ပြန်လာခဲ့လားဟင်..”

ထက်မံမေးလိုက်တဲ့ စူးထက် စကားကြောင့်
ဒေါ်ခင်လေးဖြူလည်း အောက်နှာခမ်းသားအား
ပြတ်လုမတတ်ကိုက်မိလိုက်သည်။

“မင်း.အဖေက.အမေနဲ့မင်းကို.အပြီးထားသွားခဲ့တာ.”

အမေစကားကြောင့် ဆူးခက်နှလုံးသားထဲ နင့်ခနဲ ဖြစ်မိသွားလေသည်။ အဖေအကြာင်းကြားရတော့ အဖေကိုအရမ်းမုန်းမိသည်။

“ဒါဆို…အဖေက အရမ်းရက်စက်တာပဲတာ”.

“အို..သားရယ်…သားအဖေကိုတော့
မပြစ်မမှားမိစေနဲ့..အဖေက..အဖေပါပဲ…”

“ဟုတ်ကဲ့ပါ..အမေ..”

စကားပြောဆိုနေရင်း..ဒေါ်ခင်လေးဖြူ တစ်စုံတစ်ခု
ကို ရုတ်တရက် လှန်းမြင်လိုက်တာကြောင့် ချက်ချင်း မတ်တတ်ထ ရပ်လိုက်သည်။

“သားသား..လောင်းစာဆီနဲ့မီးမြန်မြန်ယူခဲ့…”
“ဗျာ”
အမေဖြစ်သူရဲ့ရုတ်တရပ်..စကားသံကြောင့်သားဖြစ်
သူ စူးထက် ဘာမှနားမလဲဖြစ်နေမိတော့သည်။

“ဟဲ့..ကြားလား..အမေပြောတာ”

“ဟုတ်ဟုတ်..ကဲ့…အမေ…”

စူးထက်.လည်း ဘာမှတွေးဝေမနေတော့ပဲ
အိမ်ထဲသို့အလျင်အမြန်ပြေးသွားခဲ့လေသည်။
ဒေါ်ခင်လေးဖြူက စပါးစ်ိုက်ခင်းနားရပ်နေ
ရင်းကနေ သားဖြစ်သူရောက်လာတော့…
“သား…စပါးခင်းတွေကို..လောင်းစာဆီတွေလောင်း
ပြီး မီးရိူ့လိုက်”
“ဟုတ်.ဟုတ်.အမေ..”
အမေဖြစ်သူရဲ့ ခိုင်းစေချက်ကို နားမလည်နိုင်ပေ
မယ့် အမေဆန္ဒအတိုင်း လုပ်ပေးလိုက်လေသည်။
ဆူးထက်လည်း ယူဆောင်လာတဲ့ လောင်းစာဆီ
မီးတုတ်အား မနုမရင့် ရွှေဝါရောင်သန်နေတဲ့စပါးခင်းအား စတင်မီးရိူ့လိုက်လေသည်။ ဝုန်းကတည်း မီးတောက်ကြီးနှင့်အတူ စပါခင်းကြီးအားမီးတွေရဲ့
ဝါးမြိုခြင်းကိုခံလိုက်ရလေတော့သည်။
•••••••••••••••••••

“သူကြီး..သူကြီး…မီးမီး…မီးဗျို့”

“ဟဲ့..ဘယ်မှာလောင်းနေတာလဲ…”

“တောင်ပေါ်မှာ..”
.​
“ဟေ..ဒါဆိုဘယ်ဖြစ်မလဲ၊ တောင်ထိတ်
မီးလောင်ရင် ရွာအန္တရယ် ကျရောက်မယ်လို့
ငါအဖေပြောတာ ကြားဖူးတယ်၊ ချက်ချင်း မောင်းထုကြော်ငြာပြီး တောင်ပေါ်သို့ တစ်ယာက်မကျန်သွားကြရအောင်….”

“ဟုတ်ကဲ့…သူကြီး”

.လှအေးလည်း.ချက်ချင်းဆိုသလို အပြေးအလွှာ
သွားကာ မောင်းထု..အသိပေးနိုးဆော်လိုက်သည်။
ခဏအကြာ ရွာထဲ.က..‌ေယာက်ကျား.၊မိန်းမ
.ကလေးပါမကျန်အကုန်ရောက်ရှိလာလေသည်။

.”.ကဲ,,,ကဲ..ရွာမှာအန္တာရယ် တစ်ခုဖြစ်တော့မယ်..
ဒါကြောင့်.နတ်တွေက..သတိပေးနေတာနေမှာ
လာ..လာအကုန်လုံးတောင်ပေါ်တတ်ကြအောင်”

ပြောပြောဆိုဖြင့် တောင်ပေါ်သို့ရင်တထိတ် နဲ့
အားလုံး တတ်လာကြလေသည်….။

“..ဟိုစုန်းမ..ပြောသလို တို့ရွာဒုက္ခရောက်တော့မှာ
အမှန်.ပဲလား ”

တောင်ပေါ်သို့ ရင်တမမဖြင့် တတ်လာကြလေသည်။
တောင်ထိပ်ရောက်တော့.ခင်လေးဖြူတို့ သားမိအား
မြင်လိုက်ကြတော့ ရွာသူရွာသားတွေလည်း
ပါး‌စပ်ဟောင်းသား ဖြစ်နေကြသည်

” နင် နင် ခင်လေးဖြူ မဟုတ်လား ”

သူကြီးဦးကောင်းမြတ် အမေးကြောင့် ခင်လေးဖြူက ခေါင်းညိမ့်ပြလိုက်လေသည်။

“သိတ် ဟုတ်တာပေါ့ရှင် …ရှင်တို့ တွေ လူမဆန်
စွာ ရွာကမောင်းထုတ်လိုက်လို့ ဒီတောင်ထိပ်ပေါ်
မှာ ဇာတ်မြုတ်ပြီး နေခဲ့တာ ၁၂နှစ်တောင် ကြာ
ခဲ့ပြီးပေါ့ …”

“ဒါဆို.ငါတို့အလိမ်ခံပြီးပေါ့… ရွာဒုက္ခရောက်မယ်
ဆိုတာ.တစ်ကယ်မဟုတ်ဖူး”

“ဟုတ်ပအေ..အလကား၊ အားအားယားယား
စပါးခင်းကြီးကို မီးရိူ့ရတယ်လို”

ရွာသူရွာသားတွေရဲ့ တစ်ယောက်တစ်ပေါက်
ပြောဆိုသံတွေကြားက သူကြီးဦးကောင်းမြတ်က
ဆက်ပြောလေသည်..

“..ခင်လေးဖြူ..နင်ရူးနေသလား ပင်ပင်ပန်းပန်း
စိုက်ထားတဲ့..စပါးခင်းကြီးကို.မီးရိူ့ရတယ်လို့.
နောက်ပြီး ငါ.တို့ကို.အလန့်တကြားလုပ်တယ်”
ဦးကောင်းမြတ် အမေးကြောင့် ခင်လေးဖြူက
နီမြန်းနေတဲ့မိုးကောင်းကင်ကြီးကို လက်ညိုးထိုး
ပြလိုက်သည်။

“ဟိုမှာတွေ့လား ဦးကောင်းမြတ်..”

ခင်လေးဖြူ လက်ညိုးထိုးတဲ့.ဘက်သို့ စူးထက်
အပါဝင် ရွာသားတွေအကုန်..ဝိုင်းကြည့်ကြလေသည်။

နီရဲတောက်နေတဲ့..ထောင့် တစ်နေရာက တိမ်စိုင်းတွေ
အဖြေးဖြေး မဲညို့လာလေပြီး လေညင်း
လေး တစ်ချက် တိုက်ခိုက်သွားလေသည်။
ထိုအရာကို မြင်တော့ ရွာသူရွာသားတွေလည်း
စိုးရိမ်တကြီး ဖြစ်မိကြလေသည်။

“မုန်းတိုင်း…မုန်းတိုင်း..လာနေပြီးလားမသိဟေ့”

“အေး..ကြောက်စရာကြီး……”

“.အေးဟယ် ”

စကားသံတွေအဆုံးမှာပဲ လေများစတင်တိုက်ခိုက်
လာတော့ တစ်ရွာလုံးကလူတွေလည်း ရုန်းရင်းဆန်
ခတ် ဖြစ်နေကြလေသည်။

“ဘာရပ်ကြည့်နေကြတာလဲ မကြာခင်မုန်းတိုင်း
ဝင်တော့မှာ…ကလေး.တွေ.အမျိုးသမီးတွေ
အသက်ကြီးအဘိုးအဘွားတွေ ကျွန်မ
တဲအတွင်းထဲ.ဝင်နေကြပါ ”

ခင်လေးဖြူ ရဲ့ စိုးရိမ် စကားကြားလိုက်ရတော့
သူ့မအပေါ် အကောင်းမမြင်ခဲ့ကြတဲ့ ရွာသူရွာသား
တွေလည်းနောင်တအကြီးအကျယ်ရနေမိတော့
သည်။

ခင်လေးဖြူတို့တဲလေးက ခိုင်မာမူဆောက်ထားတဲ့
အပြင် တဲအိမ်အတွင်းကလည်း ထင်ထားတာထက်
ပိုကျယ်ဝန်းသည်။ လူအယောက်၅၀နီးပါး ခိုဝင်လို့
ရသည့်မဟုတ်လား။

စူးထက်က မိမိအိမ်အတွင်းသို့ လာရောက်တဲခိုတဲ့
သူတွေကိုလည်း နေရာထိုင်ခင်းရေး အမြန်ပြု
လုပ်ပေးနေလေသည်။ ခဏအကြာ ကောင်ကင်ကြီး
တစ်ခွင်လုံး အမှောင်ကျသွားပြီး လေပြင်းများနဲ့အတူ..မိုးသည်းထန်စွာသွင်းနေမိလာတော့သည်.။

“ဝေါ..ဝေါ……”

ကြောက်မက်ဖွယ် ရေလိူင်းလုံးကြီးတွေကလည်း
တောင်ခြေက ရွာလေးအား လေပြင်းများနှင့်အတူ
ဝါးမြိုလိုက်တော့သည်။

အားလုံးသော ရွာသူရွာသားတွေလည်း
ခင်လေးဖြူ.တို့သားမိရဲ့ ကယ်တင်မူကြောင့်
အသက်ဘေးမှလွတ်မြှောက်သွားခဲ့လေသည်။
လေပြင်း တိုက်ခိုက်မူဒဏ်တွေကြောင့်လည်း
တောင်ခြေအနားက ရွာလေးကတော့
မြစ်ရေများ ဖုံးလွမ်းသွားခဲ့လေတော့သည်။

အားလုံးသော ရွာသူရွာသားတွေလဲ ခင်လေးဖြူ
တို့ သားမိအား ကျေးဇူးတင်မိ အကြောင်း
ပြောလို့မကုန်ဖြစ်နေမိကြသည်။

တချို့ကမိမိအမှားများကိုဝန်ချတောင်းပန်ကြ
လေသည်.။ ၂ရက်အကြာမှာတော့ မြစ်ရေများ
ကျဆင်းသွား၍ သူကြီးမပါအဝင် အားလုံးက
လူ‌တွေလည်းရွာမှာ ပြန်နေကြ.ဖို့ ပြောဆိုကြသော်
လည်း ခင်လေးဖြူက.ငြင်းဖယ်ခဲ့လေသည်.။
သူကြီးဦးကောင်းမြတ်လည်း ခင်လေးဖြူတို့
သားမိအားနူတ်ဆက်ကာ မိမိရွာသို့ ရွာသူရွာသား
တွေနဲ့ပြန်လာခဲ့ကြလေတော့သည်.။

**********

“ခင်ရေ ..ခင်ရေ…”

အသက်၄၀ကျော်ခန့် အမျိုးသားတစ်ဦးခေါ်ဆိုသံ
ကြောင့် စူးထက်လည်း .ထိုအမျိုးသားကိုအကဲခက်
ကြည့် မိလိုက်လေသည်။ ထိုလူက စူးထက် မြင်တော့ ဝမ်းသာအားရဖြစ်သွားလေသည်။

“သားတောင်အရွယ်ရောက်နေပြီးပဲ..
ဒါနဲ့သားအမေရော..”

“ရှိ…ရှိတယ်ဦး. .”

စူးထက် စကားဆုံးတော့ အနောက်က ခင်လေး
ဖြူလည်းရောက်လာခဲ့လေသည်။

“ရှင်…ရှင်.ကိုဘုန်းထက်လွင်..”

“ဟုတ်ပါတယ်… ကိုယ်.မင်းတို့သားမိအပေါ်
တာဝန်မကျေဖြစ်သွားခဲ့တာ အကိုတောင်းပန်
ပါတယ်ကွာ ”

” အော်.ရှင်.က ကိုယ်အပြစ်တော့ကိုယ်သိသားပဲ”

“အဲ့လို.မဟုတ်ဘူး. ခင် ကိုယ်ရှင်းပြပါရစေ..”

“အို….ဘာမှလာမရှင်းပြနဲ့..ရှင်.ပြစ်ထားခဲ့တဲ့ အချိန်မှာ
ကျွန်မတို့သားမိ..ဘယ်လောက်ထိဒုက္ခရောက်တယ်ဆိုတာရှင်မှမသ်ိတာ…”

ထိုအချိန်..သူကြီး ဦးကောင်းမြတ်ရောက်ရှိလာလေ
သည်။

” ခင်လေးဖြူ..အဲ့.ဒါ.ဦး.အပြစ်ပါ.ကွယ်”

“ရှင်.”

.ဦးကောင်းမြတ်.စကားသံကြောင့်
ခင်လေးဖြူလည်း .နားမလည်အကြည့်မျိုး
ဖြင့်ကြည့်မိလိုက်လေသည်။

“ဟုတ်တယ်..ခွင့်မလွတ်နိုင်တဲ့အပြစ်ပါ”

ဦးကောင်းမြတ်က..သူ့အပြစ်ကို.ပြန်လည်ပြောကြား
ခဲ့လေသည်…။

“အဖြစ်ကဒီလိုပါကွယ်..မောင်ဘုန်းထက်လွင် အမေအသည်အသန်ဖြစ်လို့မြို့တတ်သွားတော့..သူ့အမေဆုံးပါးသွားတယ်လေ။ မိခင်.နာရေးကိစ္စနဲ.သူ့လည်းရက်ကြာသွားခဲ့တယ်။ရွာပြန်ရောက်တော့ ခင်လေးဖြူတို့.သားမိ မရှိတာနဲ့ဦးလေးလည်း သေဆုံးသွား
ခဲ့တဲ့သမီးစိတ်နဲ့ ခင်လေးဖြူအပေါ် အရမ်းမုန်းတီး
ခဲ့တယ်။ သမီးဖြစ်သူ အင်ကြင်းကမောင်ဘုန်းထက်ကို အရူးအမူးချစ်ခဲ့တယ်လေ.ခင်လေးဖြူနဲ့လက်ထက်သွားတော့ သမီးလေးအင်ကြင်း ခင်ဗျာ.
အလွမ်းတွေရဲ့.နှိမ်စက်မူဒဏ်ကြောင့် စားမဝင်၊အိပ်မပျော် ဖြစ်ခဲ့ပြီးသေဆုံးသွားရှာတယ်.၊ .အဲ့ဒါနဲ့ပဲ…ခင်လေးဖြူကို. ဦးအပြစ်မရှိမပြစ်ရှာခဲ့တယ်။ ဒါနဲ့မောင်ထက်ဘုန်းလွင်ပြန်ရောက်လာတော့..
ခင်လေးဖြူတို့သားမိအကြောင်းမေးတော့…မီးဖွားခါနီးမှာ..ဆုံးပါးသွားခဲ့တယ်လို့ ပလီဆယ်ပြီးပြောဆိုမိခဲ့တယ်။မောင်ထက်ဘုန်းလွင်လဲ. အတော်ခံစားသွားရရှာတယ်.။ဒီရွာ.မှာနေရင်..ခင်လေးဖြူကို.သတ်ိရမှာစိုးလို့
ဆိုပြီး မြို့က်ို.ပြန်.တတ်သွားခဲ့.ရှာတယ်ပေါ့ “..

“ဟုတ်ပါတယ်..ခင် .ခုဦးလေးကောင်းမြတ် သတင်း
ပေးမူကြောင့်ပဲ .ခင်လေးတို့သားမိဆီ.အရာက်.ပြေး
လာခဲ့တာပေါ့.. ခု..ခင်လေး တို့သားမိကို..မြို့ခေါ်သွားမယ်.”.

ဖေဖေ.အကြောင်းအား အကြောင်းအစုံ..သိခဲ့.ရတော့.
ဆူးခက်လည်း အရမ်းပျော်သွားခဲ့လေသည်။

“အမေ..အဖေမှာ.အပြစ်မရှိလောက်ပါဘူး
ကံစေရာအတိုင်း..ဖြစ်သွားခဲ့တာပါ ဖေဖေ.က်ို
ခွင့်လွတ်ပေးလိုက်ပါ..နော်.”

ခင်လေးဖြူလည်း သားလေးကိုကြည့်ရင်း
ပြုံးပြလိုက်လေသည်။…ဘုန်းထက်လွင်လည်း
.ခင်လေးဖြူအနား တိုးကပ်လာရင်း ခင်လေးဖြူ
လက်တစ်စုံအား ဆုတ်ကိုင်ကာ.
“ကိုယ်.ဘယ်တော့မှ…ခင်လေးတို့သားအမိကို
ခွဲမသွားတော့ဆိုတာ ကိုယ့်အသက်ကိုလောင်းကြေး
ထပ်ပြီး ကတိပေးပါတယ် ခင်ရယ် ”

ပြောရင်းဖြင့် ခင်လေးဖြူတို့သားမိကိုအား
တင်းတင်းကြပ်ကြပ် ဖက်ထားမိလိုက်လေသည်။.

သူကြီးဦးကောင်းမြတ်လဲ သူတို့နှစ်ဦးကို ကြည့်မိပြီး
ပီတိ .မျက်ရည်များကျလာလေတော့သည်။

ထိုအချိန်ကစ၍ တစ်ရွာလုံးကလူတွေလည်းအယူသီးမူ မရှိကြတော့ပဲ အေးအေးချမ်းချမ်း
လုပ်ကိုင်စားသောက်နေထိုင်ကြလေတော့သည်။
(ပြီးပါပြီး)

စာပေချစ်မြတ်နိုးသူအားလုံး ချစ်ခင်လေးစားလျက်ပါ
စာရေးသူ – အလင်းရောင်

စာရေးသူကိုလေးစားစွာဖြင့် Credit ပေးပါတယ်