နိမိတ်အာရုံ

“နိမိတ်အာရုံ”📖📖📖

*********************

စမတစ်ယောက် မြင်လိုက်ရတဲ့မြင်ကွင်းတွေကြောင့်မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သွားခဲ့ရတယ်….
ဘာကြောင့်လည်းဆိုတော့ ပြိတ္တာတွေဆိုတာ ငယ်ငယ်ကအဘိုးပြောပြလို့သာ သိခဲ့ရတာ
လက်တွေ့မှာ ဒီလောက်ကြောက်လန့်စရာကောင်းမယ်မှန်းသူမထင်ထား နောက်ပြီးအခုလိုအပင်တစ်ပင်ထဲမှာ ပြွတ်သိပ်နေအောင် ရှိလိမ့်မယ်လို့လည်းမတွေးထား မိမိရဲ့မျက်စိတွေကိုတောင် အခါခါပွတ်သပ်ပြီး ကြည့်မိနေဆဲ ထိုစဉ် “ဟဲ့သား တရားထိုင်ရင်း ဘာလို့လဲကျသွားတာလည်း နောက်ပြီးနာခေါင်းသွေးတွေကလည်းထွက်လာသေးတယ် ငါ့သားနေမကောင်းလို့လား” အိမ်အပေါ်ထပ်မှ စိတ်ပူတစ်ကြီးပြေးဆင်းလာရင်း လှမ်းမေးလိုက်တဲ့ မိခင်ဖြစ်သူ
“နေမကောင်းတာ မဟုတ်ပါဘူး အမေရယ် သားအထင်ပြောရရင် သားအမြင်ဓာတ်ပွင့်သွားပြီထင်တယ်အမေ”
စမ ကဝမ်းသာအားရ အမေဖြစ်သူအား ပြောလိုက်လေတယ်
“ဘယ်လိုဘယ်လို ငါ့သားလေးက အမြင်ဓာတ်ပွင့်သွားပြီ ဟုတ်လား”
“ဟုတ်တယ် အမေ အခုတောင်သား မမြင်အပ်တဲ့
လောကသားတွေကိုမြင်နေရတယ် ”
“ဖြစ်နိုင်ပါ့မလားငါ့သားရယ် ငါ့သားကအခုမှ အရွယ်ငယ်ငယ်လေးပဲရှိသေးတာ အမေဖြင့် ယုံတောင်မယုံနိုင်ဘူး”
မိခင်ဖြစ်သူက ယုံရမလို မယုံရမလို ဝေခွဲမရဖြစ်နေတဲ့အချိန်
” အမေမပြောနဲ့သားတောင် ကိုယ့်ကိုယ်ကို မယုံနိုင်သေးဘူး”
ထိုသို့ပြောကာ စမ က အိမ်အပေါ်ထပ်သို့ပြန်တက်သွားလေတယ်
အပေါ်ထပ်သို့ရောက်တော့ ဘုရားခန်းရှေ့တွေငုတ်တုတ်ထိုင်နေသောအဘိုးဖြစ်သူ
“ဟာ….အဘိုး ”
စမကအံ့သြထိတ်လန့်စွာ အော်လိုက်မိတယ်
ထိုအခါအောက်အထပ်ရှိမိခင်ဖြစ်သူထံမှ
“ဟဲ့ သား ဘာဖြစ်ပြန်ပြီလည်း ”
“ဘာ..ဘာ ဘာမှမဖြစ်ပါဘူးအမေ ရုတ်တရက် ခလုတ်တိုက်မိပြီး အော်လိုက်မိတာပါ ”
“အေးအေး ဘာမှမဖြစ်ရင်လည်းပြီးတာပဲ အမေရွာထဲခနသွားလိုက်အုံးမယ်နော် သား နှာခေါင်းသွေးတွေလျှံနေတာ အမေဆေးလေးဘာလေးဝယ်ခဲ့မယ် မင်းအဖေပြန်လာရင် မီးဖိုချောင်ထဲမှာ ထမင်းဟင်းအဆင်သင့်ပြင်ထားတယ်လို့ ပြောလိုက်အုံး”
မိခင်ဖြစ်သူ ဒေါ်ခင်က ထိုသို့ဆိုကာ ရွာထဲသို့ထွက်သွားလေတယ်
မိခင်ဖြစ်သူထွက်သွားတော့မှ ဘုရားခန်းရှေ့တွင် ဝတ်ဖြစ်စင်ကြယ်ကိုကျနစွာဝတ်လျက် ကိုယ်ရောင်ကိုယ်ဝါတောက်များ တောက်ပနေသောအဘိုးကိုကြည့်ကာ
” အဘိုး တစ်ကယ်အဘိုးပါနော် ” စမကဝမ်းသာအားရပြောလိုက်ပေမဲ့ အဘိုးဖြစ်သူထံမှ ဘာတုံ့ပြန်မူမှထွက်မလာပဲ သူ့အားလက်ယှက်ခေါ်နေခဲ့တယ်
စမကဘာကြောင့်လည်းဆိုတာ နားမလည်ပေမဲ့ အဘိုးဖြစ်သူနားကပ်သွားပြီ အဘိုးဖြစ်သူရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်လေတယ်
ထိုအခါအဘိုးဖြစ်သူက စမရဲ့နားနှစ်ဖက်ကိုကိုင်ကာ ပွတ်သပ်လိုက်တယ်
“ကြားရပြီလား လူလေး ”
အဘိုးဖြစ်သူဆီမှပါးစပ်မလှုပ်ပဲ အသံထွက်လာတာကြောင့် အံ့သြရပြန်တယ်
“မအံ့သြနဲ့လူလေး အဘိုးက မနောနဲ့ပြောနေတာကွဲ့
အခုကလူလေးကို အဘိုး အကြားဓာတ်ဖွင့်ပေးလိုက်တာ ”
“အီး….ဟီး…ဟီး အဘိုး…”
စမကငိုချလိုက်တယ်
“ကျွန်တော်အဘိုးကို လွမ်းနေတာဗျ နောက်ဆုံးတော့ အဘိုးနဲ့တွေ့ခွင့်ရပြီ နနှစ်….နနှစ်ကြီးများတောင် ကြာခဲ့ပြီအဘိုးရာ…..”
“ဟား….ဟား..မငိုပါနဲ့ လူလေးရာ မင်းကတော့
အသက်သာကြီးလာတာ အခုထိကလေးဆန်နေတုန်းပဲလားကွ. အဘိုးက လူလေးနားမှာ အမြဲရှိပါတယ် လူလေးကပါရမီမရင့်သေးတော့ မမြင်ရသေးတာ
ကဲအခုတော့ မြင်နေရပြီမဟုတ်လား ဟားးး….ဟားး”
စမကမျက်ရည်တွေသုတ်ကာ ဝမ်းသာအားရမျက်နာဖြင့်
“အဘိုး အဘိုးမရှိတော့ ကျွန်တော့်မှာ မေးခွန်းတွေတောင်လို ပုံနေခဲ့တာဗျ ဘယ်သူမှ ကျွန်တော့်မေးခွန်းတွေကို ဖြေပေးမဲ့သူမရှိကြဘူး”
“အဘိုးသိပါတယ် လူလေးမေးချင်နေတဲ့ မေးခွန်းတွေ ”
“ဟာ တကယ်လားအဘိုး ”
“ထပ်ပြီးတော့ အင်းစမတွေအကြောင်းပဲမလား”
“အဘိုးသိနေတာလား”
“ဟား…ဟား သိတာပေါ့ကွ”
“အင်းစမတွေဆိုတာ ဂိုဏ်းတစ်ခုခုကို ဝင်ပြီး သုံးတာက ပိုပြီး အန္တရာယ်ကင်းတယ်လူလေး အင်းစမတွေဆိုတာ အထက်အလယ်အောက် ဘယ်လမ်းကသုံးသုံးစွမ်းကြတယ်ကွယ့် အဲ့ဒီအင်းစမတွေကို မသမာသူတွေတွေ့သွားရင် သူတို့အကျိုးစီးပွာအတွက်သုံးတယ် နောက်ပြီး လူတွေကို ဒုက္ခပေးဖို့အတွက် သုံးကြတာပေါ့ကွာ ”
“ဟုတ်လားအဘိုး ဒါဆို အင်းစမရဲ့အစောင့်တွေကကော သူတို့ကကောင်းတဲ့ အစောင့်တွေမဟုတ်ကြဘူးလား”
“ဒီလိုလည်းမဟုတ်သေးဘူးလူလေးရဲ့ အင်းစမတွေရဲ့အစောင့်က လူတွေမှာစောင့်တဲ့ကိုယ်စောင့်နတ်တွေလိုပဲကွ ကောင်းတဲ့လမ်းကိုသွားရင် ကောင်းတဲ့အစောင့်အရှောက်တွေအားကြီးလာပြီး မကောင်းတဲ့အစောင့်အရှောက်တွေက ရှောင်ဖယ်သွားကြတယ် အေး အဲ့လိုပဲ မကောင်းတဲ့လမ်းကို သွားရင်နကောင်းတဲ့အစောင့်အရှောက်တွေကအားကြီးလာပြီး ကောင်းတဲ့အစောင့်အရှောက်တွေကရှောင်ဖယ်သွားကြတာကွ ဒါ့ကြောင့် အစွမ်းကြီးတာပေါ့ကွာ”
“အော် နောက်ပြီးသိချင်တာ တစ်ခုရှိသေးတယ် အဘိုး ဇော်ဂျီ ဆိုတာ ဝိဇ္ဇာလား အောက်လမ်းလားအဘိုး ”
“အင်းးး ဇော်ဂျီဆိုတာ ဝိဇ္ဇာပဲလူလေးရ”
“ဒါဆို ဘာလို့သူက သူယောင်မယ်တွေနဲ့ ပျော်မွေ့တိုင်း ဘုန်းတန်ခိုး မကျသွားတာလည်းအဘိုး”
“လူလေးကတော့ ကြံကြံဖန်ဖန်တွေ မေးလည်းမေးတတ်တယ်ကွာ ဟ ဟ လူငယ်ဆိုတော့လည်း ဒီလိုပေါ့ကွာ ”
“ဟဲ ဟဲ အဘိုးကလည်း အဘိုးကိုမမေးရတာ နှစ်ပေါက်နေပြီလေဗျာ ”
“ဒီလိုကွယ့် ဘာကြောင့်ဘုန်းတန်မခိုးမကျတာလည်းဆိုရင် ဇော်ဂျီတွေက သူတို့ ကျင့်စဉ်တစ်ခုအောင်ဖို့အတွက် ဆေးဥဆေးဖုတွေရှာပြီး ဆေးဖော်ရတယ်ကွယ့် သူတို့ကိုင်ထားတဲ့တောင်ဝှေးတွေဆိုတာ တကယ်တော့ ဆေးကြိတ်တဲ့ ဆေးကြိတ်တံတွေပေါ့လူလေး အဲ့ဒီတောင်ဝှေး(ဆေးကြိတ်တံ)တွေနဲ့ အစွမ်းရှိတဲ့ဂမုန်းပင် ဆေးဥ ဆေးမြစ် ဆေးပင်ပေါင်းစုံကို ကြိတ်တာများလာတော့ သူတို့ရဲ့တောင်ဝှေးတွေက အစွမ်းထက်လာကြတော့တာပေါ့ကွယ် အေးအဲ့ဒါကြောင့်ပဲ သူယောင်သီးလို့ခေါ်တဲ့ မိန်းမပျိုပုံစံ အသီးတွေကို အဲ့ဒီတောင်ဝှေးနဲ့ထိလိုက်ဒါနဲ့ နတ်သမီးတစ်မျှလှပတဲ့ ပျိုကညာ လေးတွေ ဖြစ်သွားပြီ ဇော်ဂျီခိုင်းသမျှလုပ်ပေးရတာပေါ့ကွယ် ကပြတယ် ဖျော်ဖြေတယ် ပေါ့ကွာ ဒါဆိုဘာလို့ဘုန်းကံမကျဒါလည်းဆိုရင် ဇော်ဂျီကဆေးဝိဇ္ဇာဖြစ်တဲ့အတွက်ကြောင့် ဖော်သမျှဆေးတွေ အမြဲတမ်းစားနေတော့ ဘုန်းတန်ခိုးတွေက အမြဲတမ်း ရှိနေတာပေါ့ကွယ် ”
” အော် ဒါ့ကြောင့်ကို ဒါနဲ့အဘိုးက အခုဘယ်မှာ နေတာလည်း ”
“အဘိုးက လူလေးစောနားကတွေ့တဲ့ နာနာဘာဝတွေရဲ့ အပင်မှာ အချုပ်ပဲကွ ”
“ဟာ ဟုတ်လား ဒါဆိုအဘိုးက အဲ့နေရာမှာ အုပ်ထိန်းသူပေါ့ ”
“ဟုတ်တယ်လူလေး အဘိုးကအဲ့ဒီအပင်မှာနေတဲ့
နာနာဘာဝအုပ်ထိန်းသူပဲ ”
“ဒါဆို အဘိုးကို အဝေးကြီးသွားတွေ့စရာမလိုတော့ဘူးပေါ့ ပျော်လိုက်တာဗျာ…”
“ဒါနဲ့အဘိုးစောနားကပြောတဲ့ လူတွေမှာရှိတဲ့ကိုယ်စောင့်နတ်တွေဆိုတာ ဘလိုမျိုးလည်း”
” လူတွေမှာရှိတဲ့ကိုယ်စောင့်နတ်က တစ်ဆယ့်တစ်ပါးရှိတယ်ကွယ့်လူလေးရဲ့ အဘိုးစောနားကပြောသလိုပေါ့ ကောင်းတာလုပ်တဲ့သူကကောင်းတဲ့ကိုယ်စောင့်နတ်တွေအင်အားကြီးလာပြီး မကောင်းတဲ့နတ်တွေ ရှောင်သွားကြလိုက်မယ်ဆိုတာ ကောင်းတဲ့နတ်တွေကစောင့်ရှောက်နေတဲ့သူဆိုရင် အဲ့ဒီလူဟာ အမြဲတမ်းကောင်းတာလုပ်ဖို့ သတိရနေတတ်တယ်ကွယ့် ”
“ဒါဆို အဲ့ဒီတစ်ဆယ့်တစ်ပါးနတ်က ဘယ်နတ်တွေလည်းဟင်အဘိုး…”
“အဲ့ဒီနတ်တွေကတော့
(၁)သတ္တဘာဂနတ်မင်း(နဖူးစာကိုရေးသည်)
(၂)သူရဿတီနတ်မင်း(ပညာတိုးပွားစေသည်
(၃)သကျနတ်မင်း(စည်းစိမ်ဥစ္စာတိုးပွားစေသည်)
(၄)မဟိရာဇာနတ်မင်း(အိပ်မက်ကိုပေးတတ်သည်)
(၅)ဝါဓပူရနတ်မင်း(နိမိတ်ကိုပြသည်)
(၆)ဇနသူရနတ်မင်း(ကောင်းမှုပြုသည်ကိုမှတ်သားသည်)
(၇)ကရဝါနတ်မင်း(ကာမသုခကိုပေးတတ်သည်)
(၈)ဃောတကနတ်မင်း(သွားလေရာသို့လိုက်၍စောင့်ရှောက်တတ်သည်)
(၉)ကလျာဏမိတ္တနတ်မင်း(ကောင်းသောစကားပြောဆိုရာ၌မှတ်သားသည်)
(၁၀)စန္ဒဒေဝီနတ်မင်း(ကျက်သရေကိုစောင့်ရှောက်သည်)
(၁၁)နရိန္ဒာနတ်မင်း(အိပ်သောအခါဦးခေါင်းရင်းကစောင့်ရှောက်သည်)
တွေပဲဖြစ်တယ်ကွယ့် ဒါ့ကြောင့်ကိုယ်စောင့်နတ်တွေကိုလည်းအမြဲမေတ္တာပို့ရတယ် လူလေး ဒါနဲ့မကြာခင်လူလေးရဲ့အဖေပြန်လာတော့မယ် နှောင်မှတစ်ဖန်ဆုံကြတာပေါ့လူလေး လူလေးရဲ့ သမာဓိတွေတိုးတက်လာပြီး ဒီ့ထက်ပိုပြီး ကြိုးစားပါလူလေး”
“ဒီနေ့တော့ သိချင်တာတွေသိလိုက်ရပြီဗျာ ကျေးဇူးတင်ပါတယ်အဘိုး ကျွန်တော်ကျင့်ရမဲ့ ကျင့်စဉ်တွေကိုလည်း လမ်းပြပေးပါအဘိုး”
စမကသိချင်တာတွေမေးပြီး အဘိုးဖြစ်သူအား ကန်တော့လိုက်တယ်
“အေးကွယ် အဘိုးလူလေးရဲ့အနားမှာအမြဲရှိပါတယ်” အဘိုးဖြစ်သူကထိုသို့ပြောပြီး မျက်စိရှေ့မှပျောက်ကွယ်သွားချိန် အဖေဖြစ်သူပြန်ရောက်လာခဲ့တယ်…
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညအချိန်မှာတော့ ငြိမ်သက်စွာတရားထိုင်နေတဲ့ စမရဲ့ သမထစွမ်းအားတွေဟာ
အဆပေါင်းများစွာ တည်ငြိမ်လာခဲ့တာ
အပ်ကျသံပင် မကြားရလောက်အောင်ပင်
အာရုံတွေဟာလည်း အလင်းတန်းကြီးတစ်ခုအဖြစ်ပြောင်းကာ ထိုအလင်းတန်းကြီးရဲ့ အထဲ မှာတော့ အာရုံလေးမျိုးပေါ်လာခဲ့တယ် ပြေးလွှားနေကြတဲ့ လူများ မီးတောက်မီးလျှံတွေကြားထဲ ပစ်ခတ်နေကြတဲ့ သေနတ်သမားများ
တစ်ခြားတဖက်မှာတော့ အစာရေစာပြတ်လတ်မှုကြောင့် လုယက်နေကြတဲ့လူများ
ကျန်တဲ့တစ်ဖက်မှာတော့ ရောဂါတွေရဲ့နှိပ်စက်မှုကြောင့် လဲကျနေတဲ့လူများ
ထိုအချိန် “လူလေးအာရုံနောက်မလိုက်မိစေနဲ့”ဆိုတဲ့စကားက စမရဲ့နားထဲတွင်အထင်းသားကြားလိုက်ရတာကြောင့်သတိပြန်ဝင်လာခဲ့ပြီး အာရုံပြောင်းကာ
တရားပြန်မှတ်နေခဲ့တယ် စမရဲ့အတွေးထဲမှာတော့ ထိုသို့ပေါ်လာတဲ့ အာရုံတွေရဲ့အကြောင်းကို သိချင်နေဆဲ
အတန်ကြာအောင်တရားထိုင်ပြီး တရားဖြုတ်ချိန်မှာတော့ ဘေးမှာထိုင်နေတဲ့အဘိုးဖြစ်သူအားတွေ့လိုက်ရတယ်
ထိုအခါစမက “ဟာအဘိုး အဘိုးရောက်လာတာနဲ့အတော်ပဲ ကျွန်တော်တရားထိုင်နေတုန်း ပေါ်လာတဲ့ အာရုံတွေကိုအဘိုးသိတယ်မလား အဲ့တာတွေကဘာကြောင့်လည်း အဘိုး”
“အေးကွယ် အဲ့တာတွေကအနာဂတ်မှာဖြစ်လာမဲ့ နိမိတ်တွေပဲလူလေး လူတွေရဲ့လောဘဒေါသမောဟတွေကြောင့် ထိုအချိန်မှာ ဗြဟ္မာ တွေတောင် မကယ်နိုင်ကြဘူးလူလေးရဲ့ ”
“ဟာ …ဒါဆို လူတွေအများကြီး ဆုံးရှုံးရအုံးမှာပေါ့အဘိုး”
“ဟုတ်တယ်လူလေး လူလေးရဲ့အမြင်ဓာတ်ကတော်တော်ပေါက်ရောက်လာပြီပဲ ကြိုးစားလူလေး
နှောင်တစ်ချိန်ကြရင် လူလေးတွေးလိုက်ယုံနဲ့ အရာအားလုံးကို လူလေး သိနိုင်လိမ့်မယ်”
“ဟုတ်အဘိုး ကျွန်တော်ဒီ့ထက်ပိုပြီး ကြိုးစားပါ့မယ်”
“အဘိုးအခုလာရတဲ့အကြောင်းရင်းက လူလေးကို “အရဟံသိဒ္ဓိ” ပုတီးစိပ်စေချင်လို့ပဲ ဘာတွေစွမ်းလည်းဆိုတာတော့ လူလေး အဓိဋ္ဌာန် ဝင်ပြီးရင် သိလာမှာပါ စောင့်ထိန်းရမှာကတော့ ငါးပါးသီလကိုအဓိကထားပြီးထိန်းရမယ် နောက်တစ်ချက်ကတော့
သက်သက်လွတ်ပဲစားရလိုက်မယ်လူလေး
ဘယ်လိုလည်း လုပ်နိုင်ရဲ့လား”
“ကျွန်တော် လုပ်နိုင်ပါတယ် အဘိုး ”
“အေးကွယ် ဒါဆို အဘိုးပြန်တော့မယ်လူလေး…”
Part 3…
Comming soon!