နေဝင်မြင်သည်(စ/ဆုံး)
———————
“””အူဝဲ••••အူဝဲ•••အူဝဲ”””
“”မွေးပြီတော့•••မွေးပြီ•••”””
ကိုဖုန်းမောင်တစ်ယောက်တဲရှေ့လေးတွင်ခေါက်တုံ့ခေါက်ပြန်
လျှောက်နေမိတာဘယ်နှခေါက်မှန်းပင်မသိတော့ပေ။
တဲအတွင်းမှကလေးငိုသံနှင့်ဝမ်းဆွဲသယ်•••
ဒေါ်လှမြိုင်ကြီး၏အသံကြောင့်•••
တဲထဲအပြေးဝင်လာခဲ့လိုက်သည်။
ဒေါ်လှမြိုင်ကအလောတကြီးဝင်လာသော
သူ့ကိုမြင်သော်•••
“”ခဏနေပါဦး•••မောင်မင်းကြီးသားရယ်•••
သန့်ရှင်းရေးလေးလုပ်ပါရစေဦး”””
ဒေါ်လှမြိုင်စကားကြောင့်ဖုန်းမောင်တစ်ယောက်အပြင်
သို့ပြန်ထွက်လာခဲ့သည်။
အချိန်သည်ညဆယ့်နှစ်နာရီလောက်ရှိလောက်သည်။
ကလေးနှစ်ယောက်ကိုတဲအတွင်း၌သိပ်ထားသည်ဖြစ်ကာ•••
ခုကလေးကဖုန်းမောင်တို့အတွက်•••
သုံးယောက်မြောက်ရင်သွေးလေး။
ခေတ်ကာလအခြေအနေနှင့်•••
စားဝတ်နေရေးကြပ်တည်းသည်ကတစ်ကြောင်း၊
သူ့မိန်းမ••မြသွေး၏ကျန်းမာရေးအခြေအနေကြောင့်တစ်ကြောင်း
ကလေးထပ်မယူတော့ရန်•••
စဉ်းစားထားပေမယ့်••••
ကံအားလျှော်စွာ••မြသွေး၌•••
တတိယကိုယ်ဝန်ဆောင်လာရပြန်သည်။
ကိုယ်ဝန်ရစဉ်ကပင်•••ယခင်နှလုံးမကောင်းသောမြသွေး
မှာခဏခဏအမောဖောက်လာတာကြောင့်••••
ကလေးအားဖျက်ချရန်•••သူတိုက်တွန်းသော်လည်း
မြသွေးကလက်မခံပေ။
ဖုန်းမောင်ကိုယ်တိုင်လည်းကိုယ့်သွေးသားကို•••
ဘယ်ဖျက်ဆီးချင်ပါ့မလဲ။
သို့ပေမယ့်•••
ငယ်လင်ငယ်မယားဖြင့်သည်နှင့်အညီ•••
ဆိုးအတူကောင်းဖက်•••လောကဓံအဆိုးဟူသမျှ
အေးအတူပူအမျှ•••အတူတကွဖြတ်သန်းလာသော•••
ဇနီးသည်နှင့်စာလျှင်••••
မမြင်ရသောရင်သွေးလေးကို•••စတေး•••ရမည်ဆိုလျှင်လည်း
ဖုန်းမောင်မမှုပါ။
ဝဋ်ကြွေးဖြစ်ခဲ့လျှင်လည်း•••
ဇနီးသည်အပေါ်မသက်ရောက်စေဘဲ•••သူသာလျှင်•••
ပေးဆပ်ရန်•••ဆန္ဒရှိပါသည်။
သို့သော်•••^
မြသွေးက•••မိမိသာလျှင်အသေခံမည်•••
မိမိရင်သွေးကိုတော့မဖျက်ဆီးလိုဟုအတိအလင်း
ကြေညာလာတာမို့ဖုန်းမောင်
လက်လျှော့လိုက်မိသည်။
မြသွေးကိုယ်ဝန်ငါးလပြည့်သည့်နေ့••••
ရုတ်တရက်မြသွေးက•••
အရိုးအိုးဘုရားသွားချင်သည်ဟု
ဆိုလာခဲ့သည်။
ထိုဘုရားမှာ•••ဖုန်းမောင်တို့ဘိုးဘေးများလက်ထက်က
ဆရာတော်တစ်ပါး၏ဓာတ်တော်••၊အရိုးတော်များကို
ဌာပနာ၍•••စေတီတည်ထားတာဖြစ်သည်။
ထိုဘုရားလေးက•••
တခြားဘုရားများနည်းတူကုန်းကမူလေးပေါ်
တွင်မဟုတ်။
ဖုန်းမောင်တို့အိမ်ဘေးဘက်တွင်ဖြစ်သည်။
မြေနေရာနိမ့်နိမ့်တွင်•••တည်ရှိသည်ဖြစ်သော်လည်း
မိုးမည်မျှပင်ကြီး၍•••
တခြားနေရာများရေမြုပ်စေကာမူ
ထိုစီတီလေးတွင်ရေမတင်ပေ။
စေတီ၏ရှေ့တွင်•••
ဝက်သစ်ချပင်ကြီးတစ်ပင်နှင့်•••
အလွန်ကြီးသော••ကျောက်လုံးကြီရများရှိသည်။
ထိုနေရာသည်•^•
သိုက်နန်းတစ်ခုဖြစ်ကြောင်း•••
ဘိုးဘေးများကပြောစမှတ်ပြုကြသည်။
ရပ်ထဲရွာထဲအလှူလုပ်ပြီဆို•••
ဒီဘုရားသိုက်ကိုသွားကာ•••
ပန်းကန်ခွက်ယောက်တွေကိုအရေအတွက်နှင့်ငှားလို့
ရသည်။•••ညမီးထွန်းပြီး••
အရေအတွက်ပြောထားရင်မနက်ဖြန်သွား
ယူလိုက်ယုံပင်။
သို့သော်လူတွေကမရိုးသားကြတာမို့•••
ဖုန်းမောင်တို့မှတ်တစ်မိမှာတော့ဒီ
လိုငှား၍မရတော့ပါ။
တချို့•••နေဝင်ရီတရောအချိန်•••လယ်ထဲမှတက်လာသူများသည်
တစ်ခါတလေနန်းတော်လိုလို•••အဆောင်အယောင်များ•••
တီးတိုးစကားသံများနှင့်••••
လူအရိပ်အယောင်များကိုလည်းကြားရတတ်သည်ဟု
ဖုန်းမောင်တို့ရွာတွင်ပြောစမှတ်ပြုကြသည်။
ကိုယ်ဝန်ကြီးနှင့်မြသွေးအား••
ဒီလိုရာဇဝင်များရှိသော်•••
ဘုရားကို•••မသွားစေလိုသော်လည်း••
မြသွေးခေါင်းမာတာတာမို့လိုက်ပို့ရသည်။
ထိုမှစ၍
တစ်ပတ်ခြားတစ်ခါသွားရောက်လေသည်။
“”လာလို့ရပြီဖုန်းမောင်ရေ”””
ျဖုန်းမောင်မှာအိမ်ထဲမှဒေါ်လှမြိုင်၏
အသံကြောင့်အတွေးများလွင့်စင်သွားရသည်။
~~~~~~~~~~~~~~~~
{၂}
~~~~~~~~~~~~~
အခန်းထဲရောက်သည်နှင့်•••
မြသွေးနားကပ်သွားလိုက်သည်။
“”ဘာလို့ငိုတာလဲမြရယ်”””
“”ကလေး••မြကလေးက”””
ဟုတ်သည်••ကလေးမှာ••နှုတ်ခမ်းကနှာခေါင်းရင်းအထိ
ကွဲ၍နေလေသည်။
“”မငိုနဲ့မြရယ်•••
ကလေးက••ကိုယ်လက်အင်္ဂါမစုံတာမဟုတ်တာ”””
ပြောရင်းဇနီးသည်လက်ကိုဆုပ်ကိုင်၍အားပေးလိုက်သည်။
ဖုန်းမောင်လည်းစိတ်မကောင်းပါ•••
ကလေးက••ယောကျာ်းလေးဖြစ်ကာ•••
အသားအရေတွေဖွေးဆွတ်နေသလောက်နှာခမ်း
ကနှခေါင်းရင်းအထိကွဲနေလေသည်။
ကလေး•••သည်စနေသားဖြစ်လျက်
ညဆယ့်နှစ်နာရီတိတိတွင်မွေးဖွားတာဖြစ်သည်။
ထိုနေ့•••
မနက်လေးနာရီတိတိတွင်••••
ယောဂီလိုလိုဆရာလိုလိုလူကြီးတစ်ဦးရောက်
လာခဲ့သည်။
ဖုန်းမောင်သည်မနက်အစောကြီး•••
မြသွေးအတွက်••ထ၍ချက်ပြုတ်နေချိန်ဖြသ်သည်။
ရုတ်တရက်ကြီး•••
အိမ်ရှေ့တွင်ထိုလူကြီးအားတွေ့လိုက်ရတာမို့
အနည်းငယ်တော့လန့်သွားလေသည်။
အမှောင်ကြီးစိုးနေသေးတာမို့
ထိုလူကြီးမျက်နှာကမသဲကွဲပေ။
“”အဘ•••ဘယ်ကိုများသွားမှာပါလဲခင်ဗျ””
“”သားလေးတို့ဆီလာတာ””
“”ခင်ဗျာ••ဟုတ်ကဲ့••ဒါဆိုအိမ်ထဲကြွပါခင်ဗျာ””
“”နေနေ••လူလေး•••အဘခုပြောတာသာ
သေချာနာနားထောင်ပါ•••
လူလေးတို့ဒီနေ့ညဆယ့်နှစ်နာရီ
သားယောကျာ်းလေးတစ်ယောက်မွေးတယ်မဟုတ်လား”
“”ဗျာ•••အဘဘယ်လိုသိတာလဲ”””
“””ဒါကအရေးမကြီးဘူးလူလေး•••
ဒီကလေးကိုသေသေချာချာမွေးပါ•••
လူလေးတို့မိသားစုထူး
ခြားပါလိမ့်မယ်•••ဖြစ်နိုင်ရင်
အမေရောအဖေပါငါးပါးသီလမြဲပါ•••
ကလေးရဲ့နာမည်ကို••
နန္ဒသီဟလို့ပေးပေးပါ
ကလေးလုပ်ချင်တာတွေကိုမတားဆီးပါနဲ့
ကဲအဘသွားပြီ””””
ဖုန်းမောင်မတားလိုက်နိုင်ခင်ထိုအဘမှာ
ရုတ်တရက်ကြီးပျောက်ကွယ်သွားလေသည်။
“”အစ်ကို•••ဘယ်သူနဲ့စကားပြောနေတာလဲ””
“”မဟုတ်ပါဘူး••မြရဲ့•••
မြနားကြားမှားတာပါ•••
ဆက်အိပ်လိုက်ဦးနော်•••
အစ်ကိုမြစားဖို့ချက်ပြုတ်လိုက်ဦးမယ်”””
သူမှအား•••
စာကားကိုလှီးလွှဲပြောလိုက်ကာ•••
မီးဖိုချောင်သို့ပြန်ဝင်လာခဲ့သည်။
ဖုန်းမောင်စိတ်ထဲစဉ်းစားစရာတွေ
တစ်ပြုံတစ်မကြီးဝင်လာခဲ့သည်။
~~~~~~~~~~~~~~~~
ကလေးမှာ•••အဘပြောသလိုထူးခြားလာခြင်းမရှိဘဲ
အရွယ်နှင့်မမျှစွာအနာအဖျားထူပျောလှတာမို့
ဖုန်းမောင်တို့မှာငြိုငြင်စွာမွေးလာရလေသည်။
ကလေးအကြီးနှစ်ယောက်မှာလည်း
ကျောင်းနေအရွယ်ရောက်လာတာမို့
ကလေးနှစ်ယောက်၏ကျောင်းစရိတ်
ကလေးငယ်လေး၏ဆေးဖိုးကြောင့်
ဖုန်းမောင်တို့မိသားစုအတော်ကြပ်တည်းခဲ့လေသည်။
ဒီကြားထဲမြသွေးမှာအမောခဏခဏဖောက်လေသည်။
အကြပ်အတည်းကြားများကပင်•••
နှစ်များကိုဖြတ်သန်းရှည်ကြာလာကာ•••
ကလေးမှာသုံးနှစ်အထိပြည့်လာခဲ့သည်။
အဘပြောသလိုပင်ကလေးနာမည်အား
နန္ဒသီဟဟုပေးခဲ့လေသည်။
တစ်နေ့ကလေးမှာ•••
မြသွေးနှင့်အတူနေ့လည်ခင်းအိပ်နေရင်း
ပျောက်သွားခဲ့လေသည်။
တစ်ရွာလုံးနှံ့နေအောင်ရှာသော်လည်း•••
မတွေ့တာမို့•••မြသွေးမှာအရူးမီးဝိုင်းနေလေပြီ။
နောက်ဆုံး•••
အိမ်ပြန်လာခဲ့ရာ•••
နန္ဒလေးမှာယခင်သိပ်ထားသော
နေရာတွင်••သူ့အစ်မများနှင့်ဆော့နေလေသည်။
မြသွေးမှာ•••
သားလေးအားမြင်သည်နှင့်အပြေးဖက်လိုက်လေသည်။
“”သားရယ်•••””””
“”သမီးတို့••မောင်လေးကိုအရိုးအိုးဘုရားကနေခေါ်ခဲ့တာ””
“”ဟင်•••ဒါ•••ဒါတွေက••””
ဟုတ်သည်••ကလေးခြေနှစ်ဖက်တွင်ရွှေခြေချင်း•••
လက်နှစ်ဖက်တွင်•••ရွှေလက်ကောက်နှစ်ဖက်•••
လက်တွင်ကိုင်ကာဆော့နေသော•••
သာမန်ရေခွက်အရွယ်••
ရွှေဖလားကြောင့်မြသွေးရော••
ဖုန်းမောင်ပါလန့်သွားရသည်။
“”သမီးတို့သိလား•••ဒါတွေဘယ်ကရလဲ”””
“”ဘုရားမှာမောင်လေးဆော့နေတာမေမေ
ဒီမှာ”””
အကြီးမစံပယ်က•••
ရွှေခြေနင်းလေးတစ်ခုထုတ်ပေးပြန်သည်။
“”အစ်ကို••ကျွန်မသားလေးကဘာလဲ•••
ပစ္စည်းတွေကရော•••မြသွေးတို့မိသားစု
တစ်ခုခုမဖြစ်ပါဘူးနော်”””
“””မဖြစ်ပါဘူးကွယ်•••””
ပြောလိုက်သူမှာဖုန်းမောင်မဟုတ်။
ဘယ်အချိန်ကအိမ်ထဲရောက်နေသည်မသိသော•••
နန္ဒလေးမွေးစဉ်က•••
မနက်လေးနာရီရောက်လာခဲ့သော•••
ယောဂီရောင်ဝတ်အဘဖြစ်သည်။
“”ဟင်•••အဘ”””
“”လူလေးတို့ကိုရှင်းပြဖို့အချိန်တန်ပြီမို့အဘရောက်လာခဲ့တာ
ဒီပစ္စည်းတွေက•••ဒီကလေးနဲ့သက်ဆိုင်တဲ့ပစ္စည်း
တွေပါ••လူကလေးတို့မိသားစု
ဘဝကို••ဒါတွေထုခွဲရောင်း
ချပြီးမြှင့်တင်ပါ^•ဥပါဒ်မဖြစ်ပါဘူး”””
“”အဘကဘယ်လိုရောက်လာတဲလဲခင်ဗျာ
ကျွန်တော်တို့သားလေးရဲ့
အတိတ်ကိုရော•••
အဘပြောနိုင်သလားခင်ဗျာ”””
“””အဘအနည်းအကျဉ်းတော့ပြောခဲ့ပါ့မယ်”””
“”တကယ်တော့^••
ဒီကလေးက••••လူလေးတို့
မနီးမဝေးအရိုးအိုးစေတီက•••
ဘုရားသိုက်ကလာတာပါ••••
နန်ဒသီဟဆိုတာ•••
သိုက်နန်းမှာ•••
သိုက်နန်းရှင်မယ်တော်ခမည်းတော်ပြီးရင်
တစ်ဦးတည်းသောသားယောကျာ်းလေးပါ^••
အစ်မတော်သုံးယောက်နဲ့••••
အခြွေအရံက••တွေကြားမှာမင်းသားလေးပေါ့•••
တစ်နေ့နန္ဒသီဟဟာ•••••
အခြွေအရံသိုက်နန်းတွေကိုငြီးငွေ့လာခဲ့တယ်။
လူ့ပြည်လူ့ရွာမှာ
လူအဖြစ်နဲ့သာသနာပြုချင်လာတယ်••••
အစ်မတွေကသဘောမတူ•••
ခွင့်မပြုပေမယ့်•••
နန္ဒသီဟက••စိတ်ဓာတ်ပြင်းထန်လွန်းတာမို့
ခွင့်ပြုလိုက်ရတယ်••••
ဒါပေမယ့်••••
နန်ဒသီဟဟာ•••
အိမ်ရာထူထောင်မှုမပြုရဘူးး
လောကီစည်းစိမ်တွေခံစားခွင့်မရှိဘူး••••
တကယ်လို့•••
ဒီလိုလောကီစည်းစိမ်တွေနဲ့
အချိန်ဖြုန်းးရင်•••သူနဲ့ပတ်သက်သမျှသူတွေ
ဒုက္ခရောက်နိုင်တယ်•••
ဒီတော့•••လူကလေးတို့က•••
ကောင်းကောင်းလမ်းပြသွန်သင်ဖို့လိုတယ်ကွယ်•••
အဘအရင်တစ်ခေါက်ပြောခဲ့သလိုပဲ•••
လူကလေးတို့မိဘနှစ်ပါးလုံးကိုယ်တိုင်က
ငါးပါးသီလကိုခါးဝတ်ပုဆိုးလိုမြဲဖို့လိုလိမ့်မယ်””””
“”ဟုတ်ကဲ့ပါ••အဘ••ကျွန်တော်တို့သေချာထိန်းသိမ်းပါ့မယ်”””
“”ကဲ•••အဘသွားလိုက်ဦးမယ်””
“”အဘကဘယ်သွားမှာလဲ”””
“”အဘအရိုးအိုးဘုရားမှာကိုးရက်တိတိအဓိဌာန်ဝင်မှာပါလူလေး
ကဲသွားပြီ”””
“””ဟုတ်ကဲ့အဘ”””
ဖုန်းမောင်နှင့်မြသွေးမှာ••••
နန္ဒလေး၏ပစ္စည်းများကိုကြည့်၍
ဝမ်းသာရမည့်မစား•••စိုးရွံ့မှုများလာခဲ့သည်။
သို့သော်လည်းလက်ရှိဘဝအကြပ်အတည်းက
လွတ်မြောက်ခွင့်ရမည်မို့••••
ဖုန်းမောင်တို့နည်းနည်းအသက်ရှူချောင်ရလေသည်။
~~~~~~~~~~~~~~~~~~~~~
{၃}
ဇာတ်သိမ်း
~~~~:~~~~~~
အချိန်ရာသီတွေတရွေ့ရွေ့ကုန်ဆုံးလာလိုက်သည်မှာ
ကိုဖုန်းမောင်မမြသွေးမှ•••
လယ်ပိုင်ရှင်သူဌေး•••
ဦးဖုန်းမောင်မမြသွေးဖြစ်လေပြီ။
အဘပြောသလိုနန္ဒအားထိန်းကျောင်းရန်မလွယ်လှပါ။
ယခုလည်း•••
ရွာထိပ်ကုက္ကိုပင်ကြီးအောက်တွင်ဖြစ်သည်။
“”ချဟ•••ဖေ့သားကြီး”””
“”ဟာ•••ခွပ်လိုက်တော့လေ””
“”အေး•••ဟုတ်ပြီ”””
“”ဟာ•••ပြေးပြီဟ”””
ကြက်ဝိုင်းမှအသံများဖြစ်ကာ•••
ပြေးထွက်သွားသောကြက်အား•••
နန္ဒမှာအမိအရလိုက်ဖမ်းရင်း•••••
မိသည်နှင့်ခြေနှစ်ချောင်းအားကိုင်ဆွဲကာ
ကုက္ကိုပင်နှင့်ဆွဲဖွတ်လိုက်လေသည်။
ကြက်မှာ•••ပါးစပ်မှသွေးများကျလာကာ
အကြောတစ်ချက်နှစ်ချက်ဆွဲလျက်ငြိမ်ကျသွားလေသည်။
“”ဒါပဲ့ကွ•••ဟေ့ကောင်တွေ•••
ကိုကြီးသာအောင်တို့ထန်းတောကိုလစ်ကြမယ်•••ဟေ့”””
နန္ဒပြောလိုက်သည်နှင့်
နန္ဒဘေးမှသာပေါင်းညာစား
တစ်သိုက်မှာအမြီးနှံ့လျက်ပါလာကြသည်။
မည်မျှပင်ရုပ်ရည်အကျည်းတန်စေကာမူ
နန္ဒတွင်•••ငွေရှိသည်။
ငွေဖြင့်အရာရာကိုပြီးမြောက်နိုင်လေသည်။
ယခုလည်း••••
ကြက်ပွဲ၌ရှုံးသောတိုက်ကြက်သားဟင်း
ဖြင့်•••ထန်းရည်ရှိန်အတော်ရနေလေပြီ။
“”ကိုကြီး•••သာမောင်ကျုပ်တို့ဝိုင်း
ထပ်ချဦးလေဗျာ””””
“”ဒီတစ်လုံးဆိုကုန်ပြီတပ်မှူးလေးရ”””
အားလုံးကနန်ဒသီဟအစား•••
တပ်မှူးလေးဟုခေါ်စမှတ်ပြုကြလေသည်။
“”ရှိတဲ့တစ်လုံးချဗျာ””””
“”အေးကွလာပြီ”””
ထန်းရည်နောက်ဆုံးတသ်ဦးအကုန်တွင်
အားလုံးမှာဇက်ကျိုးနေကြလေပြီ။
“”ကဲ••••ကျုပ်ပြန်ပြီ”””
“”ရရဲ့လား••တပ်မှူးလေးရ””
“”သိပ်ရ””
နန္ဒမှာပြောရင်းခါးတွင်ဖိနပ်ထိုးလိုက်ကာ
ဒယီးဒယိုင်ထရပ်လေသည်။
မှောင်နေပြီမို့စီးသွားလျှင်•••
လမ်းမှာကျွတ်ကျကျန်ခဲ့နိုင်သည်။
နန္ဒရွာလည်လမ်းတစ်လျှောက်လျှောက်လာရင်း
သီချင်းများပင်အော်ဆိုလာခဲ့သည်။
အရိုးအိုးစေတီနားမှ
ဖြတ်အလျှောက်•••
ယခင်အရိုးအိုးစေတီနေရာတွင်ပြိုးပြင်လက်နေသော
အဆောက်အအုံ••••
ကိုတွေ့တာမို့မူးမူးနှင့်ဝင်လာခဲ့သည်။
သူ့ကိုမြင်တော့••••
နန်းတွင်းအဝတ်အစားများနှင့်သူများက
ဦးညွတ်သွားကြသည်။
“”ဟားးးးဟားးးးးငါအိပျမကျမကျနတောပဲ”””
“””မောင်လေး•••မင်းသိပ်မိုက်တယ်”””
နန္ဒမှာနောက်မှထွက်လာသော
မိန်းမအသံကြောင့်•••လှည့်ကြည့်လိုက်မိသည်။
“”ဝါးးးးနတ်သမီးဆိုတာဒါမျိုးထင်ရဲ့လှလိုက်တာ”””
“”ခင်ဗျားကနတ်သမီးလား””
“”မင်းရဲ့အမတော်••နန္ဒမာလာပါ•••
တကယ်လို့လူ့ပြည်မှာ•••
ဒီလိုပုံစံဆက်မိုက်နေရင်•••
အစ်မတော်တို့ပေးထားတဲ့ကတိကိုဖျက်ပြီးသိုက်နန်း
ပြန်ခေါ်ရလိမ့်မယ်•••”””””
“”ခင်ဗျားဘာပြောနေတာလဲ”””
“”မင်းကလူ့ပြည်သွားပြီးသာသနာပြုချင်တယ်ဆိုလို့
လူပြည်သွားဖို့လွတ်လိုက်တာ•••
တကယ်တော့မင်းကဒီသိုက်နန်းရဲ့
မင်းသားပဲ”””
“”ဟာ•••ကျုပ်မူးလာပြီ”””
“”ဒါအစ်မတော်•••နောက်ဆုံးသတိပေးတာပဲ
ရောက်တုန်းရောက်ခိုက်ဒီမှာတစ်ညအိပ်သွားပါ
အစ်မတော်နေရာစီစဉ်လိုက်မယ်”””
နန္ဒမှာမူးလည်းမူးအိပ်လည်းအိပ်ချင်ပြီမို့••••
ထိုနန်းတွင်းအဝတ်အစားများနှင့်အမျိုးသမီးပြင်ပေးသော
နေရာတွင်အိပ်လိုက်သည်။အိစက်ညက်ညောလွန်းသော•••
အတွေ့ကြောင့်••အိပ်ရာနှင့်ကျောပြင်ထိသည်နှင့်•ခဏအကြာ
နန္ဒအိပ်မောကျသွားမိလေသည်။
“”မောင်လေး•••
မောင်လေး•••ထပါဦး””””
အိပ်ပျော်ရုံရှိသေး•••
လှုပ်နိုးခံလိုက်ရတာမို့ မျက်လုံးအားပွတ်ရင်း
ကြည့်လိုက်တော့ညကအစ်မတော်ဆိုသူ
မဟုတ်။အိမ်ကမမကြီးဖြစ်နေလေသည်။
“”မောင်လေးရယ်•••
ဘာလို့ဒီမှာလာအိပ်နေတာလဲ””
“”မေမေညကအမောဖောက်လို့””
“”ဗျာ•••ဟုတ်လားမကြီး””
“”ဟုတ်တယ်••မောင်လေးကိုတစ်မေးတည်းမေးနေတာ
မမထွန်းအောင်တို့အိမ်ရောက်သွားသေးတယ်•••
မတွေ့လို့ဒီမှာလာရှာတာ””
“”မေမေအရမ်းနေမကောင်းဖြစ်နေတာလား”””
“”ဟုတ်တယ်•••မြန်မြန်လာ”””
နန္ဒအိမ်ရောက်တော့”••
ကုတင်ပေါ်တွင်မေမေကအရိုးပေါ်အရေတင်လျက်•••
တစ်သားတည်းကပ်နေလေသည်။
အဖေကနန္ဒကိုမြင်သည်နှင့်•••
“”မြ••သားလာပြီ””
မေမေ့ကိုမြင်တော့•••နန္ဒအရမ်းဝမ်းနည်းသွားရသည်။
သူကသားမိုက်ပါ။
အမေနေမကောင်းမှန်းသိသိနှင့်တစ်ချိန်လုံးစိတ်အလိုလိုက်
ပေတေနေတာ။
မေမေ့မျက်လုံးက•••
နန္ဒဘက်ရွေ့လာကာ•••
လေသံလေးထွက်လာလေသည်။
“”သား•••မေမေသွားရတော့မယ်”””
“”ဘယ်သွားမှာလဲ•••မေမေရ•••
သားဆေးဆရာပင့်မယ်လေ”””
“”မေမေပြောတာနားထောင်ပါသား••••
သားလေး••ဆက်မမိုက်ပါနဲ့တော့နော်•••
သားကသာသနာပြုဖို့လူ့ပြည်ရောက်လာတာ
ဒီလိုဆက်နေရင်ငါ့သား
ဘေးတွေ့တော့မယ်””
“”သား•••ဆေးဆရာသွားပင့်မယ်မေမေ””
“”နေပါ••သား'””
မေမေကထိုမျှသာပြောလျက်မျက်လုံးများအား
ဖျော့လာလေသည်။
သူ့လက်အားဆုပ်ကိုင်ထားသော••••
လက်ကတဖြည်းဖြည်းအားလျှော့လာနေလေသည်။
“”မေမေ••ထူးဦးလေ••••
သား•••လိမ္မာတာကြည့်သွားပါဦးဗျာ””””
“”မြရယ်••••••”””
“”မမေ•••အီးးးးဟီးးးး””””
မေမေတကယ်ပင်နန္ဒတို့ဘဝထဲက•••
ထွက်သွားလေသည်။မေမေကွယ်လွန်ပြီးနောက်•••
ဖေဖေ့မှာနန္ဒမသိသေးသော
နန္ဒအတိတ်ဘဝအားပြောပြလေသည်။
နန္ဒမှာ^•••
ထိုအကြောင်းများသိပြီးနောက်•••
အိမ်မှရုတ်တရက်ပျောက်ကွယ်သွားခဲ့လေသည်။
နန္ဒပျောက်ပြီးတစ်လအကြာ••••
အရိုးအိုးစေတီသို့ဦးပဉ္ဇင်းတစ်ပါးရောက်လာခဲ့သည်။
ထိုဦးပဉ္ဇင်းလေးကားအခြားမဟုတ်•••
နန္ဒသီဟတစ်ဖြစ်လည်း•••
ကိုယ်တော်လေး••ခေမာနန္ဒပင်တည်း။
ဦးဖုန်းမောင်မှာ•••
သားဖြစ်သူအား•••
ဆွမ်းစားကြွရန်ပင့်သော်လည်း•••
ပင့်ဆွမ်းမသုံး၊ခံဆွမ်းသာသုံသည်တဲ့လေ••••
သားဖြစ်သူမှာ•••
တစ်လအတွင်း••••ပါရမီဓာတ်ခံရှိသူပီပီ•••
ကြည်ညိုစရာကိုယ်တော်အသွင်•••
ဖြစ်နေလေပြီ။
မင်းကိုမြင်စေချင်လိုက်တာမြရယ်••••••
ဦးဖုန်းမောင်မှာ••••
သားဖြစ်သူကိုယ်တော်နားအကြာကြီးနေချင်သော်လည်း••
သူ့အပါးခွာကာ•••
အေးအေးလူလူတရားထိုင်နေပြီမို့
ဦးဖုန်းမောင်မှာအိမ်ပြန်လာခဲ့လေတော့သည်။
ထိုအချိန်မှစ၍•••
နန္ဒသီဟနာမည်ကွယ်ပျောက်ကာ••••
နယ်လှည့်သာသာနာပြုကိုယ်တော်
ခေမာနန္ဒအဖြစ်ထင်ရှားလာခဲ့လေတော့သည်။
~~~~~~~~~~~~~~~~
The end.
7:55pm
M.M.K
#MMKhorrorstories
Writer Mon Mon Khaing
#credit