နှစ်တစ်ရာကျိန်စာ

နှစ်တစ်ရာကျိန်စာ(စ/ဆုံး)
———————————
ဒီနေ့သုံးဖန်လှရွာ တွင် ဘုရားတည်ရန်ပန္နက်ချမည်။
ကာလသားများမှာမြေတူးမြေသယ်သကဲ့သို့ ကျေးရွာသူပျိုဖြူကာလသမီးများကလည်းတစ်တပ်တစ်အား
တစ်ဖက်တစ်လှမ်းမှကူညီအားဖြည့်ကြသည်။
ထိုအထဲတွင် သူကြီးဦးငွေဆောင် ကအတက်ကြွဆုံး။
ဒီရွာကြီးက ရှေးအရင်တည်းကရှိခဲ့သောရွာကြီးဟုလူတိုင်းကပြောကြသည်။
ရွာနဲ့ပတ်သက်၍လည်းတစ်ထောက်တစ်ညပုံပြင်တွေအများကြီးရှိသည်။
ဦးငွေဆောင်မှာ အသက်ငါးဆယ်နားနီးသော်လည်း
အသားဖြူဖြူအရပ်မြင့်မြင့်နှင့်ခန့်တုန်းသန့်တုန်းလူပျိုကြီးဆိုလည်းမမှားပေ။

မစွံလို့လူပျိုကြီးဖြစ်နေတာတော့မဟုတ်ပေ။

စွံတော့စွံသည်။တစ်ဦးတည်းသောသားမို့ သူကိုတိုင်ကစိတ်မပါသည့်တိုင် မိဘစကားနားထောင်ကာ အိမ်ထောင်ပြုရန်အကြိမ်ကြိမ်ကြိုးစားဖူးသည်။
ဒါပေမယ့် သူနှင့်ပတ်သက်သမျှသော သူတို့သမီးလောင်းများမှာ
အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသူတွေနှင့်
တစ်ချို့ဆိုရူးသွားကြသည်။
နောက်တော့သူကလူကြမ်းတစ်ယောက်ဖြစ်ကာ
ဘယ်သမီးရှင်မှ မစပ်ဟပ်ရဲတော့ပေ။

ဦးငွေဆောင်ဧ။်မိဘဖြစ်သူ
ဦးငွေရှင်နှင့် ဒေါ်ခင်ဆောင်းတို့မှာ ပစ္စည်းဉစ္စာလည်းကုံလုံ
သားချောသားလှတစ်ယောက်မွေးထားပါသော်လည်း
သားဖြစ်သူ၏အတိတ်ကံကြောင့်
ရှေ့ရေးမလှမှာကိုရတက်မအေးရှာပဲ
သားစိတ်နှင့်ပင်ရှေ့ဆက်နောက်ဆက်ကွယ်လွန်သွားကြသည်။
ခုတော့ဦးငွေဆောင်မှာသူ၏တပည့်လေးများနှင့်နေထိုင်လေသည်။

လွန်ခဲ့သော သုံးလခန့်က ဦးငွေဆောင်၏နေအိမ်သို့
သူတော်စင်တစ်ပါးရောက်လာခဲ့သည်။
သူတော်စင်ကြှီးမှာ မုတ်ဆိတ်ကျင်စွယ်တွေနှင့် အသက်ရွယ်ကြီးရင့်လှသောပုံစံရှိသော်လည်း
စူးရှတောက်ပသောမျက်ဝန်းနှင့်
ဖျတ်လတ်သောအမူရာက
သူတော်စင်ကြီး၏သီလနှင့်သမာဓိကိုဖော်ပြနေလေသည်။
သူတော်စင်ကြီးက သူ့ဘဝအတိတ်ကံနှင့်ပတ်သက်၍ တစ်စွန်းတစ်စဟောကြားလာခဲ့သည်။
“”လူလေးအနေနဲ့ အခုဘဝမမဟုတ်ဘူး
အရင့်အရင် ဘဝတွေတည်းက အိမ်ရာထူထောင်ဖို့ကံပါမလာခဲ့ဘူး
ခုလိုဆိုးဝါးတဲ့ကံကြမ္မာကိုခံစားလာရတာ
ဘဝတစ်ရာရှိတော့မယ်””
ငွေဆောင်
“”တပည့်တော်ရဲ့အတိတ်ဘဝကိုသူတော်စင်ကြီးအနေနဲ့
ပြောခွင့်ရှိမယ်ဆိုရင်သိချင်ပါတယ်ဘုရား”””
“”ပြောဖို့မလိုပါဘူးလူလေး
လူလေးရဲ့အတိတ်ဘဝကိုလူလေးကိုယ်တိုင်မြင်လာလိမ့်မယ်
လူလေးဘာမှလိုက်လုပ်စရာမလိုဘူး သူ့အချိန်နဲ့သူဖြစ်လာပါလိမ့်မယ်
လူလေးရဲ့ဘဝက မဖြောင့်ဖြူးလောက်ဘူးဒါကြောင့်ကံကြမ္မာအလှည့်
အပြောင်းနဲ့လောကဓံကိုကြံ့ကြံ့ခံဖို့တရားဘာဝနာတွေအားထုတ်ပါ
ကောင်းမှုကုသိုလ်တွေများများလုပ်ပါ
လူလေးဘာလုပ်လုပ်ဝေနေယျတွေကို မေတ္တာပို့အမျှဝေပါ
လူလေးလုပ်သမျှဟာလူလေးတစ်ယောက်တည်းတွက်မဟုတ်ဘူးဆိုတာမှတ်သားထားပါ”””
သူတော်စင်ကြီးမှာ မှာကြားပြီးသည်နှင့် ညအိပ်ရန်ပင့်ဖိတ်သော်လည်း
ညနက်သန်းခေါင်ကြီးမှာပင် ပျောက်ကွယ်သွစသည်မှာ
ခုဆိုရင်ငါးနှစ်တင်းတင်းပြည့်ပြီ။ခုဆိုရင်သူပြုခဲ့သော
ကုသိုလ်ကောင်းမှုတို့မှာဤသုံးဖန်လှရွာမှာလက်ညီုးထိုးမလွှဲအောင်ရှိပြီ

ဦးငွေဆောင်မှာလွန်ခဲ့သောအတိတ်ဆီအာရုံလွင့်မျောနေစဉ်
“””သူကြီးသူကြီး
လာပါဦးဗျို့ ဘာကြီးလဲမသိဘူး”””
မြေကျင်းတူးနေရာမှကြွက်နီတို့၏အော်သံကြောင့်အတွေးစပြတ်တောက်သွားရသည်၏
ဦးငွေဆောင်မှာရွာသားများဝိုင်းအုံနေသော
မြေကျင်းဆီသွားရောက်ငုံ့ကြည့်ရာ
“”ဟင်!!!!!!!!””””
သေတ္တာလိုလိုထောင့်စွန်းတစ်ခုကိုတွေ့ရသည်။
“”သူ့တပည့်ကြွက်နီက
“””ဘယ်လိုလဲ သူကြီး ဆက်တူးရမလား”””
“”ဘုရားပရဝုဏ်ထဲပါနေတာပဲ့ ဆက်တူးမှရမှာပေါ့”””
ရွာသားတစ်ချို့က
‘”””ဘုရားတည်တာကြောင့် အစောင့်အရှောက်တွေက
ရွှေသေတ္တာကြီး ပေးတယ်ထင်တယ်”””
သူကြီးဦးငွေဆောင်က
“”ကဲဟေ့ဆက်တူးကြတာပေါ့”””
ဒီတစ်ခါတော့သူကြီးပါခါးတောင်းကျိုက်လိုက်ပြီး
မြေတူးရန်ပေါက်ချွန်းကို ကောက်ကိုင်လိုက်သည်။
ရွာသူရွာသားများမှာ ဝိုင်းအုံကြည့်နေရင်း
စိတ်လှုပ်ရှားနေကြသည်။
တူးရင်းတူးရင်းနဲ့ပုံပေါ်လာသော ထိုပစ္စည်းမှာ
သေတ္တာပုံစံမဟုတ်ပဲ ကျောက်တ လားကြီးပုံစံဖြစ်လာရာ
မောတာကြောင့်ရောစိတ်လှုပ်ရှားတာကြောင့်ပါ အသီးသီးချွေးပြန်လာကြသည်။
တစ်ချို့သွေးကြောင်သောကာလသားတွေက ကျင်းနှုတ်ခမ်းပေါ်ရောက်သွားကြပြီ။
တကယ်တမ်းရုပ်လုံးပေါ်လာသောပစ္စည်းမှာသေတ္တာတစ်ခုမဟုတ်ပဲ
ကျောက်တံလားကြီးဖြစ်နေတာမို့
“””ဘာကြီးလဲမသိဘူးဖွင့်ကြည့်မှသိမယ်””””
ရွာသားတစ်ချို့က
‘””ဟုတ်တယ်ဗျ””
ကျောက်တလားကတော့တော်တော်ကြီးသည်။
အဖုံးကိုအမြင့်တစ်ထွာလောက်ရှိသည်။
သာဒင်ဆိုသောရွာသားက
“””ဘယ် လိုလာတွေကဒီနေရာစ ည်းကမ်းမရှိလာမြုပ်ပါလိမ့်
ဒီနေရာသင်္ချိုင်းလို့လည်းမကြားဖူးပါဘူး”””
သူကြီးက
“”သာဒင်ပါးစပ်မသရမ်းရဘူးကွဒီနေရာကရှေးကတည်းကရှိခဲ့တာ
ဘယ်နေရာဘာရှိလဲဆိုတာ သိနိူင်မလားကွ”””
သူကြီးငေါက်လိုက်တော့သာဒင်မှာငြိမ်ကျသွားသော်လည်း
သူ့စကားကိုထောက်ခံသမားမရှိတာမို့မကျေနပ်လှပေ။
နာယကကြီးဦးတင်အောင်က
“””ကဲအဖုံးဖွင့်ကြည့်ရအောင် လေးတော့အတော်လေးမယ်
ဂရုတစိုက်ဖွင့်ကြ”””
ဘုရားပန္နက်ရိုက်ရာမှကျောက်တလားကြီး
ထွက်လာသည်ဆိုသောသတင်းက တစ်ရွာလုံးတစ်ခဏချင်းပျံ့နှံ့သွားတာမို့
လာရောက်ကြည့်ရှုသူများဝိုင်းအုံသွားလေတော့သည်။
သာဒင်ကြွက်နီတို့အပါအဝင် ကာလသားဆယ်ယောက်မှာကျင်းထဲတွင်နေရာယူလိုက်လေသည်။

သူကြီးက
“” ကဲတစ်နှစ်သုံးဆို တစ်ပြိုင်တည်းမမယ်နော်””””
နာယကကြီးက
“”လူဆယ်ယောက်နဲ့မရလောက်ဘူး ကဲခွေးပုတို့အဖွဲ့ဆင်း
ရပ်မနေနဲ့””””
နာယကကြီးပြောမှတလားဆိုသည်နှင့်ကျင်းပေါ်ရောက်သွားသော
ခွေးပုတို့အဖွဲ့မှာ မနေသာတော့ပဲပြန်ဆင်းလိုက်ရတော့သည်။
သူကြီးက
“”ကဲ မကြမယ် တစ် နှစ် သုံး”””
တလားအဖုံးအားစမသည်နှင့် ကြည်လင်နေသောကောင်းကင်မှာ
ချက်ချင်းမှိုင်းညှို့လာပြီး လျှပ်စီးများလက်လာလေသည်။
တလားအဖုံးမှာလူဆယ့်ငါးယောက်အားကြောင့်တကျွီကျွီအသံဖြင့်ရွေ့လာလေသည်။
ပထမဆုံးခြေထောက်မှအရိုးစုကိုစမြင်ရလေသည်။
သာဒင်မှာတလားအောက်ခြေဘက်တွင်နေရာယူထားလေသည်။
ထိုစဉ်အောက်ခြေဖက်သာကြံသေးသောတလားအဖုံးမှာသာဒင်ဖက်စောင်းကျလာကာ
“”””ဝုနှး!!!!!!!!!အားးးးးးးး””””
သာဒင်နံဘေးကရွာသားနှစ်ယောက်မှာလွတ်သွားသော်လည်း
သာဒင်ခြေထောက်တစ်ဖက်မှာတလားဖုံးအောက်ပ်နေလေတော့သည်။
“””အားးးးးကယကှကါဦး”””
ကျင်းထဲမှလူများမှာတလားထဲအရင်မကြည့်အား
တလားဖုံးအောက်မှ သာဒင်ကိုခက်ခက်ခဲခြဲ့ပန်လည်ဆွဲထုတ်ဖို့အရင်ကြိုးစားရတော့သည်။
သာဒင်ကိုဆဲံထုတ်နိုင်လိုက်သော်လည်း
ခြေထောက်တစ်ချောင်းမှာသွင်သွင်ကျိုးသွားလေတော့သည်။
သာဒင်အားမြို့ဆေးရုံပို့ရန်နွားလှည်းစီင်္စဉ်ပြီးသည်နှင့်
တလားထဲမှရုပ်အလောင်းကိုကြည့်လိုက်ရာ
မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းခန့်မှန်းရသည်။
အဝတ်အစားများ အရင်ရှေးခေတ်က မင်းသမီးများဝတ်စားသလိုဝတ်စားထားလေသည်။
ထူးဆန်းသည်မှာ တစ်ခြားနေရာအားလုံးအရိုးစုဖြစ်နေသော်လည်း
မျက်စိနှစ်လုံးမှာ သက်ရှိထင်ရှားကဲ့သို့စိမ်းတောက်နေကြသည်။
“”ကြွက်နီက
“”သူကြီး အလောင်းကောင်ကြီးကြည့်ရတာတစ်မျိုးပဲ့ မျက်လုံးကစိမ်းတောက်နေပြီး အငြိုးတကြီးကြည့်နေသလိုပဲ့ဗျ””””
သူကြဦးငွေဆောင်မှာ့ကြွက်နီေ့ပြာသောအလောင်းကောင်၏မျက်လုံးကိုကြည့်လိုက်ရာ ရင်ဘတ်ထဲတွင်စူးရှသောဝေဒနာတစ်ခုခံစားလိုက်ရသည်။
ထိုစဉ်
“”””ဝုန်းးးးဝေါးးးးးဝေါးးးးးး””””
လေပြင်းများတိုက်ကာ လေရောမိုးပါထန်လာလေတော့သည်။
လျှပ်စီးလက်ပြီး
မိုးခြိမ်းသံများမှာလည်းကြောက်ခမန်းလိလိပင်။
လျှပ်စီးလက်လိုက်တိုင်း
အလောင်းကောင်၏ခန္ဓာကိုယ်မှရွေငွေကျောက်သံပတ္တမြားတို့သည်
ဝင်းကနဲလက်ကနဲ
ရွာသားတွေပြန်ကုန်ကြတော့ ကျင်းထဲမှတလားဖုံးမသမားများသာ
ကျန်ခဲ့သည်။
ကြွက်နီက
“”သူကြီးပြန်မှရတော့မယ်ဗျ မိုးတွေအရမ်းခြိမ်းနေပြီ””
မိုးသံလေသံနှင့်မို့အော်ေ့ပြာရတာ လည်ချောင်းပင်နာလာသည်။
ခွေးပုတို့ငါးယောက်စုမှာအလောင်းကောင်ကိုယ်ပေါ်မှကျောက်သံပတ္တမြားကိုကြည့်ရင်း မျက်စိများမှာလောဘရောင်တောက်နေကြလေသည်။
သူကြီး
“”မိုးခြိမ်းလည်းးဒီအဖုံးကိုပြန်ဖုံးမှဖြစ်မယ်ကွ”””
သူကြီးကခေါင်းမာစွာပြော၍တလားအဖုံးကိုပြန်မစေသည်။
“”ဂျိမ်းးးး””
မိုကြိုးပစ်ချလိုက်ရာမဝေးသောအကွာအဝေးမို့ထုံကျင်သွားသလိုခံစားလိုက်ရသည်။ သူကြီးဦးငွေဆောင်မှာ သူခေါင်းမာနေရင် းလုံးအတွက်အန္တရာယ်ရှိတာမို့
“”ကဲ အားလုံပြန်ကြမယ် ညနေ
မိုးစဲမှပြန်လာကြမယ်””
သူကြီးေ့ပြာစကားကြောင့်ကြွက်နီမှာ ကျင်းပေါ်ပထမဆုံးဖက်တက်လိုက်လေသည်။
မိုးကပို၍ပင်သည်းထန်စွာရွာချလာလေသည်။
သူကြီးမှာအိမ်ရောက်သည့်တိုင်ကျောက်တလားနှင့်
အလောင်းကောင်ဆီပဲ့စိတ်ရောက်နေလေသည်။
သာဒင်တလားဖုံးဖိတာအလောင်းကောင်ရဲ့ပယောဂကြောင့်လား။

တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာလား
ကြွက်နီပြောတာတော့အလောင်းကောင်ရဲ့မျက်လုံးက အငြိုးနဲ့ကြည့်နေသလိုပဲ့တဲ့
သူကြည့်တာတော့ သနားစရာလို့မြင်သည်။

ညနေလောက်ရောက်တော့မိုးက စဲစပြုလာသည်။
ညနေရောက်တော့ ထိုနေရာတွင်လူများပြန်လည်စုဝေးလာကြသည်။
တလားအဖုံးအားဘယ်လိုပင်ပြန်ဖုံးသော်လည်းမရတာမို့
ညအိပ်စောင့်ရန်ကာလသားလူငယ်များထဲမှ
ရွေးချယ်လိုက်သည်။ ခွေးပုတို့အဖဲံ့မှာအတက်ကြွ ဆုံး
ကျန်လူများကတော့သိပ်စော့ချင်ပုံမရတာမို့
ခွေးပုတို့အဖွဲ့မှ ငါးယောက်နှင့်
သတ္တိကောင်းသော လူငယ်သုံးယောင်ခေါ်လိုက်သည်။
မနက်ဖြန် အစည်းအဝေးကျင်းပပြီး
ထိုအလောင်းကောင်အားဘယ်လိုလုပ်သင့်တယ်ဆိုတာတိုင်ပင်ရမည်။
(၂)

~~~~~~~~~~~~
ဦးငွေဆောင်မှာအစောင့်ကျသော ကင်းသမားများလှည့်လည်ကြည့်ရှုစစ်ဆေးလိုက်သည်။
ဒီကောင်တွေကင်းစောင့်ဖို့ခေါ်ထားတာ အိပ်ဖို့ခေါ်
ထားတာကျနေတာပဲ့
အားလုံးကုလားသေကုလားမောအိပ်နေ့ကြသည်။
နိုးနိုးကြားကြားဆိုလို့သူတစ်ယောက်ထဲ။
ကောင်းကင်မှာတော့ ကြယ်တစ်မှုန်နှစ်မှုန်လင်းနေလေသည်။
သူစဉ်းစားရင်းတလားနားကပ်လာလိုက်သည်။
သူ့မျက်စိထဲတွင်အရိုးစုအစားလှပချောမောသောမိန်းမပျိုတစ်ယောက်အသွင်ကိုမြင်လိုက်ရသည်။
မိန်းမပျိုမှာလဲလျောင်းနေရာမှ
သူ့ဘက်မျက်မှာမူပြီးတစ်ဖြည်းဖြည်း လှည့်
လာလေသည်။
“””မောင်ကြီးးး”””
ရုတ်တရက်ခေါ်လိုက်တာမို့သူနံဘေးနဘီလိုက်ကြည့်လိုက်မိသည်။
သူ့ကိုခေါ်တာလား
“””မောင်ကြီးးမယ်တင်ကိုမမှတ်မိဘူးလားဟင်
မယ်တင်လေ”””
ံပြောပြောဆိုဆို လက်ကမ်းပေးလာတာမို့အယောင်ယောင်အမှားမှား
လှမ်းကိုင်လိုက်သည်။
သူမလက်ကိူဆွဲလိုက်သည်နှင့်
အသက်ငါးဆယ်အရွယ်ဦးငွေဆောင်အရွယ်မှ
ခုပုံစံနှင့်ဆက်စပ်မှုမရှိသော ငယ်ရွယ်နုပျိုသောရှေးခေတ်အဝတ်အစားများနှင့်
ကိုယ့်ကိုယ်ကို ပြန်ုမြင်လိုက်ရသည်။
တစ်ယောက်ထဲတော့မဟုတ် အလွန်တရာ
နန်းဆန်ချောမောသော ကောင်မလေးတစ်ယောက်နှင့်
“”မောင်ကြီး မယ်တင်တို့ ရှေ့ရေး ဘယ်လိုတွေးထားတာလဲဟင်”””
“”ရင်မောရပါလား နှမရယ် ရွာနှစ်ရွာ အာဃာတ အငြိုးတွေကြားမှာ မောင်ကြီးတို့အချစ်က မြေစာပင်ဖြစ်ရမှာလားကွယ်””””
မယ်တင်ကပင့်သင့်လေးရှိုက့်ပြီး
ငွေဆောင်ရဲ့ပုခုံးထက်မှီလာလေသည်။
သုံးဖန်လှရွာဆိုတာတကယ်တော့တစ်ရွာတည်းပါ
ရွာတောင်ဖက်မြောက်ဖက်စိတ်ဝမ်းကွဲရာမှ
သူကြီးနှစ်ယောက်ဖြစ်သွားရသည်။
သူကြီးနှစ်ယောက်မှာလည်ငယ်ငယ်က
ကျောင်းတော်ကရန်စကြောင့်
ကြီးလာသော်လည်းမတည့်သည့်အပြင်အာဃာတတွေ ပိုများလာခဲ့သည်။
ရွာမြောက်ဖက်ခြမ်းကလူတွေကရွာတောင်ပိုင်းမသွားရရွာတောင်ဖက်ခြမ်းကလူတွေကရွာမြောက်ပိုင်းမသွားရ စသည်ဖြင့်တင်းမာလာခဲ့သည်။
တစ်နေ့မယ်တင်နှင့်ငွေံဆောင်တို့နှစ်ဦီးချစ်ကြိုက်တာ
နစ်ဖက်မိဘသိသွားရာယမ်းပုံမီးကျတော့သည်။
အငြိုးကြီးပြီးစိတ်ကြီးသောမိဘများမှာ ငွေဆောင်အား ပိတ်လှောင်ထားသလို
မယ်တင်မှာလည်း အိမ်ထဲအိမ်ပြင်မထွံက်ရအမိန့်ချခံလိုက်ရတော့သည်။
ဒါကိုမကြည့်ရက်သောအိမ်တော်ထိန်းက
ငွေဆောင်အား တိတ်တဆိတ်လွှံတ်ပေးလိုက်လေတော့သည်။
~~~~~~~~~~
ညသည်တိတ်ဆိတ်လို့နေသည်။
ကောင်းကင်မှာလည်းကြယ်ရောင်တောင်မရှိ။ထိုစဉ်
လူတစ်ယောက်သည်အမှောင်ကိုအားပြုကာ
မယ်တင်တ်ာ့အိမ်နားချည်းကပ်လာလေသည်၏
အိမ်ကခြေတံရှည်အိမ်မို့မယ်တင်အခန်းရှေ့ရောက်တော့ပြတင်းပေါက်ကိုကျောက်စရစ်ခဲနှင့်လှမ်းပစ်လိုက်ရာပြတင်းတံခါးပွင့်လာလေသည်။
မဲမဲအရိပ်က မယ်တင်ပဲ့ထင်သည်။
မယ်တင်က
စောင်ပိုင်းအားပြတင်းတံခါးမှချကာ
တွယ်ဆင်းလာလေသည်။
ငေွံံဆောင်က လျှောဆင်းလာသောမယ်တင်ကိုလှမ်းပွေ့လိုက်သည်။
“””မောင်ကြီးမယ်တင်တို့ဘယ်သွားကြမလဲဟင်”””
“””မယ်တင့်ကိုရန်ငြိုးအာဃာတွေနဲ့ဝေးတဲ့ဒီနေရာနဲ့အဝေးဆုံးကိုခေါ်သွားမယ်”””
“””ခုမယ်တင်ဘဝကိုမောင်ကြီးပိုင်သွာ့းပြီ
မောင်ကြီးခေါ်ရာမယ်တင်လိုက်ပါ့မယ်”””
ထိုစဉ်
အိမ်တစ်ဆောင်လုံးမီးတုတ်များလင်းထိန်သွားလေသည်။
“”ရပ်လိုက်စမ်း!!!!”””
မယ်တင်က
“””မောင်ကြီးဘယ်လိုလုပ်မလဲ အဘကိုမယ်တင်ကြောက်တယ်”””
ငွေဆောင်မှာမယ် တင့်လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး
ပြေးရအောင်မယ်တင်
သူတို့ချစ်သူနှစ်ဦး ကရှေ့ကပြေး သူကြီးနှင့်အဖွဲ့ကနောက်ကလောက်နှင့်
ညမှောင်မှောင်မှာ သွေးပျက်ဖွံယ်ကောင်းနေရသည်။
မယ်တင့်အဘတောင်ပိုင်းရွာသူကြီး
ဦီးရွှေဘမှာ မြှားတံအားခြောက်လှန့်ရုံပစ်လိုက်ရာ
ငွေဆောင်၏နှလုံးသားတည့်တည့်ကိုစိုက်ဝင်သွားလေတော့တော့သည်။
“”မောင်ကြီး!!!””””
မယ်တင့်အော်သံက အမှောင်ထုကိုဖောက်ထွက်သွားလေသည်။
မြောက်ဖက်ရွာငွေဆောင် အဘဉီးပန်းဆောင်မှာလည်း
ငွေဆောင်ပျောက်သွားသည်နှင့်လိုက်ရှာလာရာ ရွာနှစ်ရွာအကြားစေတီတည်ရာကုန်းကမူတွင်
သား၏အဖြစ်ဆိုးကိုတွေ့လိုက်ရလေတော့သည်။
မယ်တင်မှာငိုကြွေးနေရာမှချက်ချင်းရပ်သွားကာ
ငွေဆောင်၏နောက်ကျောမှစိုက်နေသော
မြားကိုဆွဲနုတ်ကာ သူမလည်ပင်းအား
ထိုးစိုက်လိုက်လေတော့သည်။
မယ်တင်မှာမသေခင်တွင်
“””ငါ့သည်ငါ့ချစ်သူကိုအသက်ပေးခဲ့သည်။
ငါ့ချစ့်သူကလွဲရင်ငါ့အလောင်းအားဒီနေရာကရွေ့သူများသည် အသေဆိုးနှင့်သေကြရမည်”””
မယ်တင်မှာ ကြောက်မက်ဖွယ်ကြိမ်စာတိုက်ပြီး
ငွေဆောင်ဘေးမှာတင်မျက်စိကြီးပြူးထွက်ကာ
အသက်ပျောက်သွားလေသည်။
ထိုအခါမှနှစ်ဖက်လူကြီးများသတိဝင်လာကာ
“”အားးးးသမီးရယ်အဖြစ်ဆိုးလိုက်တာ အဘအပြစ်ပါ”””
ငွေဆောင်အလောင်းအားရွာမြောက်ပိုင်းအားယူသွားကာ မီးသဂြိုလ်လိုက်လေသည်။
မယ်တင်၏အလောင်းမှာကားရွာထဲရွေ့ရာ မိုးကြိုးတွေပစ် လျှက်စီးတွေလက်ကာ ရွာသားအချို့မိုးကြိုးထိရာပါသွားကြလေသည်။
ဦးရွှေဘမှာ သမီးအလောင်းအားရွေ့မရသည့်အဆုံးနှောင်းလူများအလွယ်တကူမရွှေ့နိုင်ရန်ကျောက်တံလားတစ်ခုစီစဉ်ကာ
ထိုနေရာတွင်ပင်မြှုပ်နှံလိုက်လေသည်။
ဦးရွှေဘမှာလည်းထိုစိတ်နှင့်ပင်ကွယ်လွန်သွားလေသည်။
ဒီကြားထဲနှစ်ပေါင်းများစွာ ထိုအလောင်းအားတူးဖော်သူမှန်သမျှ
အကြောင်းအမျိူးမျိုးကြောင့်
အသေဆိုးနှင့်သေကြရလေသည်။
~~~~~~~
{၃}
ဇာတ်သိမ်း
“”သူကြီး သူကြီး””
ဦးငွေဆောင်မှာလှုပ်နိုးခံလိုက်ရတာကြောင့်နိးလာလေသည်။
“”မယ်တင်””
သူ့နှူတ်မှအသံကြောင့်
“”ဘယ်ကမယ်တင်လဲသူကြီးရဲ့
အားလူံးဒုက္ခရောက်ကုန်ြင်္ပီ”””
သူကြီးကနားမလည်နိုင်စွာကြည့်၍
“”ဘယ်လိုတွေဖြစ်တာလဲ”””
“””ခွေးပု ခွေးပုတို့အဖွဲ့””
သူကြီး ကြွက်နီစကားမဆုံခင် အပြေးအလွှားထကြည့်လိုက်ရာရုပ်ပျက်ဆင်းပျက်အသက်ပျောက်နေသော
ခွေးပုလူလေးယောက်တွေ့ရလေသည်။
“”ဟင်!!!!!!””
“”ခွေးပုရော ခွေးပုကိုရှာကြ”””
ခွေးပုကိုရှာတွေ့လိုက်သော်လည်း
ခွေးပုမှာ ကယောင်ခြောက်ခြားတွေပြောကာစိတ်မူမမှန်တော့။
သူတို့အဖွဲ့ညနေတည်းက အလောင်းကောင်ခန္ဒကိုယ်က
ရွှေငွေကျောက်သံပတ္တမြားတွေကိုလောဘတက်နေကြတာ အားလုံးအိပ်ချိန်တွင်လောဘဇောကပ်ကာ
အကြံစည်ကိုအကောင်အထည်ဖေါ်ကြရာ
ခုတော့မဖြစ်သင့်တာဖြစ်ရပြီ။
အလောင်းများအားရွာပြင်သင်္ချိုင်းသို့ဆောင်ယူသဂြိုလ်လိုက်လေသည်။
ခွေးပုမှာ
“”အား!!!!!သရဲမ မလာနဲ့ အီးးးးဟီးးးး”””
အမျိုးစုံအော်ကာအရူးတစ်ယောက်လိုခုန်ပေါက်ပြေးလွှားနေလေတော့သည်။
ရွာရှိလူကြီးများက
“”ဒီအလောင်းကောင်ကို ဘယ်လိုလုပ်မလဲ
လူတွေအန္တရာယ်ရှိလာပြီ ခုဆိုအမြဲငြိမ်းချမ်းခဲ့တဲ့ကျုပ်တို့ရွာလေး သေပျောက် အပျက်အစီးတွေရှိလာပြီ။”””
သူကြီးက
“”ဒီအလောင်းကောင်ကိုနေရာရွေ့မယ် စေတီဖြစ်အောင်တည်ရမယ်
အလောင်းကောင်ပစ္စည်းတွေကို ဌာပနာထည့်မယ်အမျှဝေမယ်””
နာယကကြီးက
“”ခက်တာကဒီအလောင်းနဲ့ပတ်သက်လို့ဘယ်သူမှ
မလုပ်ရဲတော့ဘူ”””
“”ကျုပ်ဦးဆောင်လုပ်ပါ့မယ် ကျင်းပေါ်က ကူညီပေးရင်
ရပါပြီ”””
~~~~~~~~~~
အလောင်းရွှေ့မည့်နေ့
ကျောက်တလားကြီးအား ကြိုးတွေနဲ့တုတ်နှောင်ကာ အပေါ်ဆွဲတင်ရန်စီစဉ်ထားသည်။
သူကြီးတစ်ယောက်သာကျင်းထဲမှာ
သူကြီးသည်အလောင်းကောင်နားကပ်သွားရင်း
“”မယ်တင် မောင်ကြီးသာသနာပြုတာကူညီပါ
ကျိန်စာလည်းပြေချိန်တန်ပါပြီ
ဒီနှစ်တစ်ရာလုံးမယ်တင့်ကိုစောင့်စေမိတဲ့အတွက်မောင်ကြီးကိုခွင့်လွတ်ပါ
ကိစ္စတွေအားလုံးပြီးရင်မောင်ကြီးနဲ့မယ်တင်
ငြိမ်းချမ်းတဲ့နေရာလေးမှာ တူတူရှိကြမယ်”””
အလောင်းကောင်၏မျက်လုံးဆီမှကျလာသောမျက်ရည်စက်ကိုသူကြီး
ငွေဆောင်မှလွှဲရင် ဘယ်သူမှမမြင်လိုက်
သူကြီး အလောင်းကောင်၏မျက်လုံးကိုမှိတ်လိုက်ကာ
လည်ပင်းမှမြှားတံကိုဆွဲနတ်လိုက်သည်။
“”ကဲ အားလုံးကျောက်တလားကိုတင်မယ် ဝိုင်းဆွဲကြ””
သူကြီးအော်သံကြောင့် ရွာသားများဝိုင်းဆွဲကြရာ
အလောင်းကောင်နှင့်ကျောက်တလားမှာ ကျင်းပေါ်အလွယ်တကူရောက်ရှိလာခဲ့သည်။
အလောင်းအားရွာပြင်သချိၤုင်းတွင် သဂြိုလ်ပြီးနောက်အလောင်းဘေးတွင် အုတ်ဂူအလွတ်တစ်လုံးအား ထပ်မံစီစဉ်လိုက်သည်။
ထို့နောက်ဘုရားပန္နက်ချပြီး အလောင်းကောင်မှရွေငွေလက်ဝတ်ရတနာများ
ဌာပနာကာနေ့မအားမနား
စေတီတည်လိုက်တာ တစ်လအတွင်းမှာပင် စေတီတော်ကိုဖူးမျှော်လိုက်ရသည်။
စေတီတော် ထီးတင်အပြီးညမှာပင်
သူကြီးဦးငွေဆောင်မှာ
ဘာရောဂါအနာတရမျှမရှိဘဲ
အိပ်ရာထဲတွင်ကွယ်လွန်သွားလေသည်။
ကြွက်နီမှာ သူကြီးအကြောင်းစုံရှင်းပြပြီး၍ သူကြီးအား
မယ်တင်ဘေးအုပ်ဂူအလွတ်မှာ သဂြိုလ်လိုက်လေသည်။
တစ်ရွာလုံး ဝမ်းနည်းယူကြူံးမရရှိသော်လည်း ကြွက်နီမှာ သူကြီးအတွက်ဝမ်းသာပါသည်။
ခုဆိုသူကြီးတိူ့ချစ်သူနှစ်ယောက်ငြိမ်းချမ်းရာ
ရောက်နေလောက်ပြီ။
ကြွက်နီမှာ အဘိုးကြွက်နီဖြစ်လာသည့်တိုင်
ဒီသစ္စာတရားကြီးမားသောလွမ်းမောဖွယ်ရာ
ဇာတ်လမ်းလေးကို
တစ်ထောင့်တစ်ညပုံပြင်အဖြစ်ပြောမိနေဦးမှာပါ။ ။
The end
ပြီးပါပြီ
အမှားပါခဲ့ရင် နားလည်ပေးပါခင်ဗျာ။