နှုတ်ဆော့မိသူ(စ/ဆုံး)

Unicode Version

နှုတ်ဆော့မိသူ(စ/ဆုံး)
—————————
[ရေးသားသူ-အောင်ဓူဝံ]
ဒီကနေ့ကျွန်တော်ပြောပြမှာကတော့
တောင်ငူမှာဖြစ်ခဲ့တဲ့အကြောင်းလေး
တစ်ခုကိုကျွန်တော်ဉာဏ်စွမ်းရှိ
သလောက်ကျွန်တော့်ရဲ့စာဖတ်သူများ
အတွက်ပြောပြချင်ပါတယ်,
ကိုယ်တွေ့ကြုံသူကတော့ ကိုဇော်ပါ။
အဖြစ်ကဒီလို……
ကျွန်တော့်နာမည်ကကိုဇော်ပါ
တောင်ငူမှာနေပါတယ်။
ကျွန်တော်ကဝန်ထမ်းတစ်ယောက်
ဖြစ်တဲ့အတွက်မိသားစုနဲ့ခွဲပြီးနေရတယ်
ကျွန်တော်တာဝန်ကျတဲ့ဌာနနဲ့
ကျွန်တော့်မိသားစုနေတဲ့နေရာက
မိုင်၆၀လောက်ဝေးပါတယ်၊
တစ်ရက်ကျွန်တော့်သူငယ်ချင်းနဲ့
ဆိုင်တစ်ဆိုင်မှာဘီယာအတူသောက်ဖြစ်
ကြပါတယ်။
ဘီယာသောက်ရင်းအရက်လေးပါ
ပါလာတော့ဘယ်ပြောကောင်းမလဲဗျာ
အရှိန်တွေလှိမ့်တက်နေတာပေါ့။
“သူငယ်ချင်း…”
“ပြောလေ ငဇော်”
“ငါ ငါ့သားလေးကိုသတိရတယ်ကွာ
ငါငါ့သားလေးကိုခဏလောက်ဖြစ်ဖြစ်
သွားတွေ့ချင်တယ်”
“အေး…တွေ့လေကွာ”
“ဒါဖြင့်မင်းနဲ့ငါဘီယာသောက်ပြီးတာနဲ့
ငါ့အိမ်ကိုသွားကြတာပေါ့”
“အိုကေလေ သွားကြတာပေါ့
ဆိုင်ကယ်မောင်းရမှာကအဝေးကြီးပဲ
လျှော့သောက်သူငယ်ချင်း”
“အေးပါကွာ
ဒီတစ်ခွက်ပြီးရင် တော်ပါပြီ”
ဘီယာသောက်ပြီးတာနဲ့ဆိုင်ထဲကနေ
ထွက်လာခဲ့ကြတယ်။
ဆိုင်ကယ်ကအလာကတည်းက
တစ်စင်းတည်းနှစ်ယောက်အတူစီးလာ
ကြတာဗျ၊
ပြန်တော့လည်းနှစ်ယောက်အတူစီးလာတာပေါ့ဗျာ။
ဆိုင်ကယ်ပေါ်မှာသူငယ်ချင်း၂ယောက်
စကားပြောရင်းမောင်းလာခဲ့ကြတယ်
တစ်နေရာရောက်တော့ အပေါ့သွားချင်စိတ်ဖြစ်လာတာနဲ့
သူငယ်ချင်းနှစ်ယောက်ဆိုင်ကယ်ရပ်ပြီး
အပေါ့သွားလိုက်ကြတယ်။
“ဟေ့ကောင် ငဇော်
ငါတို့နှစ်ယောက်တည်းဆိုင်ကယ်စီး
နေရတာပျင်းစရာကြီးကွာ။
ငါငါ့မိတ်ဆွေတွေကိုခေါ်ခဲ့မယ်ကွာ”
ကျွန်တော့်သူငယ်ချင်းကအပေါ့သွားရင်း
စစနောက်နောက်ပြောတာနဲ့ကျွန်တော်
လည်းရယ်ပြီးပြန်ပြောလိုက်တယ်။
“ခေါ်ခဲ့ပေါ့ကွာ အဖော်ပါတော့
ပိုကောင်းတာပေါ့ကွာ…”
“ဟေ့…ငါတို့နှစ်ယောက်တည်း
ဆိုင်ကယ်စီးရတာပျင်းနေလို့၊ငါတို့နဲ့
အတူလိုက်ခဲ့ကြကွာ…”
ကျွန်တော့်သူငယ်ချင်းက
အသံကျယ်ကြီးနဲ့အော်လိုက်ပြီး
ဆိုင်ကယ်စီကိုပြန်လာခဲ့ကြတယ်။
ကျွန်တော်လည်းဆိုင်ကယ်ပေါ်တက်ပြီး
စက်နှိုးလိုက်တယ်။
ကျုပ်သူငယ်ချင်းကဆိုင်ကယ်နောက်ကနေခွပြီးလိုက်လာတာပေါ့ဗျာ
ဒီလိုနဲ့ဆိုင်ကယ်စီးလာရင်းပေတစ်ရာ
လမ်းပေါ်အရောက်မှာတော့
ကျုပ်မောင်းလာတဲ့ဆိုင်ကယ်ကြီးက
ယိုင်ထိုးပြီးဘယ်လိုမှထိန်းလို့မရတော့ဘူးဗျာ၊လမ်းဘေးကဖြတ်သွားကြတဲ့
လူတွေကလည်းကျုပ်တို့နှစ်ယောက်ကို
လှမ်းအော်ကြတယ်ဗျ။
ဟေ့ကောင်တွေဆိုင်ကယ်ကို
အရှိန်လျှော့မောင်းကြလေကွာ
ဆိုပြီးစေတနာနဲ့သတိပေးကြတယ်ဗျ၊
ပတ်ဝန်းကျင်ကလူတွေသတိပေးတဲ့
အသံကိုနားထဲကြားလိုက်ရပေမယ့်
စိတ်ထဲမှာကြောင်ပြီးပဲနေမိတယ်
“ဟေ့ကောင် ငဇော် ဆိုင်ကယ်ကို
ဘယ်လိုမောင်းနေတာလဲကွ၊
လီဗာကိုလျှော့လေ”
“ဟင်…အေး အေး”
ကျုပ်သူငယ်ချင်းကနောက်ကနေ
သတိပေးလိုက်မှကျုပ်လည်းသတိဝင်ပြီး
ဆိုင်ကယ်လီဗာကိုအရှိန်လျှော့ဖို့
လုပ်လိုက်တယ်။
“ဟင်…ဆိုင်ကယ်လီဗာက
ငါလည်းမလုပ်ပဲသူ့ဟာသူအရှိန်တွေ
တင်နေပါလား……”
“ဟေ့ကောင် ငဇော် အရှိန်လျှော့လေကွာ”
“ငါလုပ်ပြီးပြီ မရဘူးကွ…”
“မရရင်ဆိုင်ကယ်သော့ကိုပိတ်ပြီးဆွဲနှုတ်လိုက်လေ………”
“ဂျောက်…”
ဆိုင်ကယ်သော့ကိုပိတ်ပြီးဆွဲနှုတ်
လိုက်တယ်…”
“ဟာ…ဟေ့ကောင်သော့ပိတ်ပြီး
ဆွဲနှုတ်လိုက်ပေမယ့်ဆိုင်ကယ်က
သူ့ဟာသူမောင်းနေတုန်းပဲကွ။
“ဒါဆိုပုံမှန်မဟုတ်တော့ဘူး ငဇော်”
ဆိုင်ကယ်ပေါ်မှာသူငယ်ချင်းနှစ်ယောက်
ဗြာများနေတုန်း မြို့ သစ်ဘက်ကိုရောက်လာခဲ့ကြတယ်။
မြို့ သစ်ကိုရောက်တော့မှဆိုင်ကယ်က
ပြန်ပြီးငြိမ်သွားတယ်ဗျ။
“ဟင်…”
ကျုပ်သူငယ်ချင်းကိုနောက်လှည့်
စကားပြောပြီးပြန်အလှည့်
ဆိုင်ကယ်အရှေ့မှာ
ဖြူဖြူဝတ်ရုံကြီးနဲ့တစ်ယောက်၊မည်းမည်းဝတ်ရုံကြီးနဲ့တစ်ယောက်ကို
မြင်လိုက်ရတယ်………”
ဒါသရဲတစ္ဆေတွေဖြစ်မယ်လို့
ကျုပ်စိတ်ကနေအတတ်သိလိုက်တယ်
သူများတွေပြောသလို အူတွေကလီစာ
တွေထွက်ကျနေတာမျိုးတော့
မဟုတ်ဘူးဗျ။
ဒါနဲ့ကျုပ်လည်းပါးစပ်ကနေ
ဗုဒ္ဓသရဏံဂစ္ဆာမိ၊ဓမ္မံသရဏံဂစ္ဆာမိ
သံဃံသရဏံဂစ္ဆာမိလို့ရွတ်လိုက်ရော
ဆိုင်ကယ်အရှေ့ကဖြူဖြူမည်းမည်း
သရဲနှစ်ကောင်လည်းပျောက်သွားတယ်။
သရဲနှစ်ကောင်လည်းပျောက်သွားရော
ကျုပ်တို့အရှေ့တည့်တည့်မှာ အရှိန်ပြင်းပြင်းမောင်းလာတဲ့ကုန်တင်ကားကြီးတစ်စင်းကိုဘွားကနဲ
မြင်လိုက်ရတယ်။
ကျုပ်လည်းတုံ့ဆိုင်းမနေတော့ပဲ
ဆိုင်ကယ်လက်ကိုင်ကိုဆွဲပြီးကွေ့ချ
လိုက်တာ၁၅ပေလောက်မြင့်တဲ့
ကျောက်ပုံကြီးပေါ်ကိုအရှိန်ပြင်းပြင်းနဲ့
ရောက်သွားပြီးဆိုင်ကယ်ရောလူပါ
တခြားစီဖြစ်သွားကြတယ်။
ကျောက်ပုံနဲ့အရှိန်ပြင်းပြင်း
ထိခိုက်မိတော့ ကျုပ်ရဲ့မေးရိုးကပြုတ်ထွက်သွားတယ်
ပြီးတော့ဘယ်ဘက်လက်လည်း
ကျိုးသွားတာပေါ့ဗျာ။
ကျုပ်နဲ့ကျုပ်သူငယ်ချင်းကံကောင်းလို့
မသေတာဗျာ……
ကျုပ်သူငယ်ချင်းပါးစပ်သရမ်းပြီး
နှုတ်ဆော့လို့အခုလိုပရလောကသားတွေ
ကကျုပ်တို့နောက်ကနေလိုက်လာကြတာပေါ့ဗျာ။
အဲဒီအဖြစ်အပျက်ကကျွန်တော့်
ဘဝတစ်လျောက်လုံးဘယ်တော့မှ
မမေ့နိုင်တဲ့အဖြစ်တစ်ခုပေါ့ဗျာ။
အဲဒါဖြစ်တုန်းကကျုပ်သားလေးအသက်
၃နှစ်ပဲရှိသေးတယ်လေ
အခုတော့ကျွန်တော့်သားလေးတောင်
ဆယ်ကျော်သက်အရွယ်ကိုရောက်နေပြီ
ဗျ။
စာဖတ်သူတွေကိုအထူးမှာချင်တာက
ပရလောကသားတွေကိုသွားပြီး
ပါးစပ်မသရမ်းမိပါစေနဲ့လို့။
ကျုပ်အခုလိုသေကံမရောက်သက်
မပျောက်တာဘုရားရဲ့ဂုဏ်တော်
ကျေးဇူးတော်တွေကိုအမှတ်ရပြီး
ရွတ်ဆိုမိလိုက်လို့ သေဘေးကသီသီလေး
လွတ်ခဲ့ရတာဗျ။
တချို့ လူတွေယုံချင်မှလည်းယုံမယ်
ကျုပ်ကတော့ကျုပ်ကိုယ်တွေ့မို့
ဘုရားဂုဏ်တော်တွေဘယ်လောက်
အစွမ်းထက်ကြောင်းသိခဲ့ရပြီပေါ့ဗျာ။
အားလုံးကျန်းမာကြပါစေ
#အောင်ဓူဝံ #ပရလောက #ဖြစ်ရပ်မှန်

Zawgyi Version

ႏႈတ္ေဆာ့မိသူ(စ/ဆုံး)
—————————
[ေရးသားသူ-ေအာင္ဓူဝံ]
ဒီကေန႔ကြၽန္ေတာ္ေျပာျပမွာကေတာ့
ေတာင္ငူမွာျဖစ္ခဲ့တဲ့အေၾကာင္းေလး
တစ္ခုကိုကြၽန္ေတာ္ဉာဏ္စြမ္းရွိ
သေလာက္ကြၽန္ေတာ့္ရဲ႕စာဖတ္သူမ်ား
အတြက္ေျပာျပခ်င္ပါတယ္,
ကိုယ္ေတြ႕ႀကဳံသူကေတာ့ ကိုေဇာ္ပါ။
အျဖစ္ကဒီလို……
ကြၽန္ေတာ့္နာမည္ကကိုေဇာ္ပါ
ေတာင္ငူမွာေနပါတယ္။
ကြၽန္ေတာ္ကဝန္ထမ္းတစ္ေယာက္
ျဖစ္တဲ့အတြက္မိသားစုနဲ႔ခြဲၿပီးေနရတယ္
ကြၽန္ေတာ္တာဝန္က်တဲ့ဌာနနဲ႔
ကြၽန္ေတာ့္မိသားစုေနတဲ့ေနရာက
မိုင္၆၀ေလာက္ေဝးပါတယ္၊
တစ္ရက္ကြၽန္ေတာ့္သူငယ္ခ်င္းနဲ႔
ဆိုင္တစ္ဆိုင္မွာဘီယာအတူေသာက္ျဖစ္
ၾကပါတယ္။
ဘီယာေသာက္ရင္းအရက္ေလးပါ
ပါလာေတာ့ဘယ္ေျပာေကာင္းမလဲဗ်ာ
အရွိန္ေတြလွိမ့္တက္ေနတာေပါ့။
“သူငယ္ခ်င္း…”
“ေျပာေလ ငေဇာ္”
“ငါ ငါ့သားေလးကိုသတိရတယ္ကြာ
ငါငါ့သားေလးကိုခဏေလာက္ျဖစ္ျဖစ္
သြားေတြ႕ခ်င္တယ္”
“ေအး…ေတြ႕ေလကြာ”
“ဒါျဖင့္မင္းနဲ႔ငါဘီယာေသာက္ၿပီးတာနဲ႔
ငါ့အိမ္ကိုသြားၾကတာေပါ့”
“အိုေကေလ သြားၾကတာေပါ့
ဆိုင္ကယ္ေမာင္းရမွာကအေဝးႀကီးပဲ
ေလွ်ာ့ေသာက္သူငယ္ခ်င္း”
“ေအးပါကြာ
ဒီတစ္ခြက္ၿပီးရင္ ေတာ္ပါၿပီ”
ဘီယာေသာက္ၿပီးတာနဲ႔ဆိုင္ထဲကေန
ထြက္လာခဲ့ၾကတယ္။
ဆိုင္ကယ္ကအလာကတည္းက
တစ္စင္းတည္းႏွစ္ေယာက္အတူစီးလာ
ၾကတာဗ်၊
ျပန္ေတာ့လည္းႏွစ္ေယာက္အတူစီးလာတာေပါ့ဗ်ာ။
ဆိုင္ကယ္ေပၚမွာသူငယ္ခ်င္း၂ေယာက္
စကားေျပာရင္းေမာင္းလာခဲ့ၾကတယ္
တစ္ေနရာေရာက္ေတာ့ အေပါ့သြားခ်င္စိတ္ျဖစ္လာတာနဲ႔
သူငယ္ခ်င္းႏွစ္ေယာက္ဆိုင္ကယ္ရပ္ၿပီး
အေပါ့သြားလိုက္ၾကတယ္။
“ေဟ့ေကာင္ ငေဇာ္
ငါတို႔ႏွစ္ေယာက္တည္းဆိုင္ကယ္စီး
ေနရတာပ်င္းစရာႀကီးကြာ။
ငါငါ့မိတ္ေဆြေတြကိုေခၚခဲ့မယ္ကြာ”
ကြၽန္ေတာ့္သူငယ္ခ်င္းကအေပါ့သြားရင္း
စစေနာက္ေနာက္ေျပာတာနဲ႔ကြၽန္ေတာ္
လည္းရယ္ၿပီးျပန္ေျပာလိုက္တယ္။
“ေခၚခဲ့ေပါ့ကြာ အေဖာ္ပါေတာ့
ပိုေကာင္းတာေပါ့ကြာ…”
“ေဟ့…ငါတို႔ႏွစ္ေယာက္တည္း
ဆိုင္ကယ္စီးရတာပ်င္းေနလို႔၊ငါတို႔နဲ႔
အတူလိုက္ခဲ့ၾကကြာ…”
ကြၽန္ေတာ့္သူငယ္ခ်င္းက
အသံက်ယ္ႀကီးနဲ႔ေအာ္လိုက္ၿပီး
ဆိုင္ကယ္စီကိုျပန္လာခဲ့ၾကတယ္။
ကြၽန္ေတာ္လည္းဆိုင္ကယ္ေပၚတက္ၿပီး
စက္ႏႈိးလိုက္တယ္။
က်ဳပ္သူငယ္ခ်င္းကဆိုင္ကယ္ေနာက္ကေနခြၿပီးလိုက္လာတာေပါ့ဗ်ာ
ဒီလိုနဲ႔ဆိုင္ကယ္စီးလာရင္းေပတစ္ရာ
လမ္းေပၚအေရာက္မွာေတာ့
က်ဳပ္ေမာင္းလာတဲ့ဆိုင္ကယ္ႀကီးက
ယိုင္ထိုးၿပီးဘယ္လိုမွထိန္းလို႔မရေတာ့ဘူးဗ်ာ၊လမ္းေဘးကျဖတ္သြားၾကတဲ့
လူေတြကလည္းက်ဳပ္တို႔ႏွစ္ေယာက္ကို
လွမ္းေအာ္ၾကတယ္ဗ်။
ေဟ့ေကာင္ေတြဆိုင္ကယ္ကို
အရွိန္ေလွ်ာ့ေမာင္းၾကေလကြာ
ဆိုၿပီးေစတနာနဲ႔သတိေပးၾကတယ္ဗ်၊
ပတ္ဝန္းက်င္ကလူေတြသတိေပးတဲ့
အသံကိုနားထဲၾကားလိုက္ရေပမယ့္
စိတ္ထဲမွာေၾကာင္ၿပီးပဲေနမိတယ္
“ေဟ့ေကာင္ ငေဇာ္ ဆိုင္ကယ္ကို
ဘယ္လိုေမာင္းေနတာလဲကြ၊
လီဗာကိုေလွ်ာ့ေလ”
“ဟင္…ေအး ေအး”
က်ဳပ္သူငယ္ခ်င္းကေနာက္ကေန
သတိေပးလိုက္မွက်ဳပ္လည္းသတိဝင္ၿပီး
ဆိုင္ကယ္လီဗာကိုအရွိန္ေလွ်ာ့ဖို႔
လုပ္လိုက္တယ္။
“ဟင္…ဆိုင္ကယ္လီဗာက
ငါလည္းမလုပ္ပဲသူ႔ဟာသူအရွိန္ေတြ
တင္ေနပါလား……”
“ေဟ့ေကာင္ ငေဇာ္ အရွိန္ေလွ်ာ့ေလကြာ”
“ငါလုပ္ၿပီးၿပီ မရဘူးကြ…”
“မရရင္ဆိုင္ကယ္ေသာ့ကိုပိတ္ၿပီးဆြဲႏႈတ္လိုက္ေလ………”
“ေဂ်ာက္…”
ဆိုင္ကယ္ေသာ့ကိုပိတ္ၿပီးဆြဲႏႈတ္
လိုက္တယ္…”
“ဟာ…ေဟ့ေကာင္ေသာ့ပိတ္ၿပီး
ဆြဲႏႈတ္လိုက္ေပမယ့္ဆိုင္ကယ္က
သူ႔ဟာသူေမာင္းေနတုန္းပဲကြ။
“ဒါဆိုပုံမွန္မဟုတ္ေတာ့ဘူး ငေဇာ္”
ဆိုင္ကယ္ေပၚမွာသူငယ္ခ်င္းႏွစ္ေယာက္
ျဗာမ်ားေနတုန္း ၿမိဳ႕ သစ္ဘက္ကိုေရာက္လာခဲ့ၾကတယ္။
ၿမိဳ႕ သစ္ကိုေရာက္ေတာ့မွဆိုင္ကယ္က
ျပန္ၿပီးၿငိမ္သြားတယ္ဗ်။
“ဟင္…”
က်ဳပ္သူငယ္ခ်င္းကိုေနာက္လွည့္
စကားေျပာၿပီးျပန္အလွည့္
ဆိုင္ကယ္အေရွ႕မွာ
ျဖဴျဖဴဝတ္႐ုံႀကီးနဲ႔တစ္ေယာက္၊မည္းမည္းဝတ္႐ုံႀကီးနဲ႔တစ္ေယာက္ကို
ျမင္လိုက္ရတယ္………”
ဒါသရဲတေစၦေတြျဖစ္မယ္လို႔
က်ဳပ္စိတ္ကေနအတတ္သိလိုက္တယ္
သူမ်ားေတြေျပာသလို အူေတြကလီစာ
ေတြထြက္က်ေနတာမ်ိဳးေတာ့
မဟုတ္ဘူးဗ်။
ဒါနဲ႔က်ဳပ္လည္းပါးစပ္ကေန
ဗုဒၶသရဏံဂစာၦမိ၊ဓမၼံသရဏံဂစာၦမိ
သံဃံသရဏံဂစာၦမိလို႔႐ြတ္လိုက္ေရာ
ဆိုင္ကယ္အေရွ႕ကျဖဴျဖဴမည္းမည္း
သရဲႏွစ္ေကာင္လည္းေပ်ာက္သြားတယ္။
သရဲႏွစ္ေကာင္လည္းေပ်ာက္သြားေရာ
က်ဳပ္တို႔အေရွ႕တည့္တည့္မွာ အရွိန္ျပင္းျပင္းေမာင္းလာတဲ့ကုန္တင္ကားႀကီးတစ္စင္းကိုဘြားကနဲ
ျမင္လိုက္ရတယ္။
က်ဳပ္လည္းတုံ႔ဆိုင္းမေနေတာ့ပဲ
ဆိုင္ကယ္လက္ကိုင္ကိုဆြဲၿပီးေကြ႕ခ်
လိုက္တာ၁၅ေပေလာက္ျမင့္တဲ့
ေက်ာက္ပုံႀကီးေပၚကိုအရွိန္ျပင္းျပင္းနဲ႔
ေရာက္သြားၿပီးဆိုင္ကယ္ေရာလူပါ
တျခားစီျဖစ္သြားၾကတယ္။
ေက်ာက္ပုံနဲ႔အရွိန္ျပင္းျပင္း
ထိခိုက္မိေတာ့ က်ဳပ္ရဲ႕ေမး႐ိုးကျပဳတ္ထြက္သြားတယ္
ၿပီးေတာ့ဘယ္ဘက္လက္လည္း
က်ိဳးသြားတာေပါ့ဗ်ာ။
က်ဳပ္နဲ႔က်ဳပ္သူငယ္ခ်င္းကံေကာင္းလို႔
မေသတာဗ်ာ……
က်ဳပ္သူငယ္ခ်င္းပါးစပ္သရမ္းၿပီး
ႏႈတ္ေဆာ့လို႔အခုလိုပရေလာကသားေတြ
ကက်ဳပ္တို႔ေနာက္ကေနလိုက္လာၾကတာေပါ့ဗ်ာ။
အဲဒီအျဖစ္အပ်က္ကကြၽန္ေတာ့္
ဘဝတစ္ေလ်ာက္လုံးဘယ္ေတာ့မွ
မေမ့ႏိုင္တဲ့အျဖစ္တစ္ခုေပါ့ဗ်ာ။
အဲဒါျဖစ္တုန္းကက်ဳပ္သားေလးအသက္
၃ႏွစ္ပဲရွိေသးတယ္ေလ
အခုေတာ့ကြၽန္ေတာ့္သားေလးေတာင္
ဆယ္ေက်ာ္သက္အ႐ြယ္ကိုေရာက္ေနၿပီ
ဗ်။
စာဖတ္သူေတြကိုအထူးမွာခ်င္တာက
ပရေလာကသားေတြကိုသြားၿပီး
ပါးစပ္မသရမ္းမိပါေစနဲ႔လို႔။
က်ဳပ္အခုလိုေသကံမေရာက္သက္
မေပ်ာက္တာဘုရားရဲ႕ဂုဏ္ေတာ္
ေက်းဇူးေတာ္ေတြကိုအမွတ္ရၿပီး
႐ြတ္ဆိုမိလိုက္လို႔ ေသေဘးကသီသီေလး
လြတ္ခဲ့ရတာဗ်။
တခ်ိဳ႕ လူေတြယုံခ်င္မွလည္းယုံမယ္
က်ဳပ္ကေတာ့က်ဳပ္ကိုယ္ေတြ႕မို႔
ဘုရားဂုဏ္ေတာ္ေတြဘယ္ေလာက္
အစြမ္းထက္ေၾကာင္းသိခဲ့ရၿပီေပါ့ဗ်ာ။
အားလုံးက်န္းမာၾကပါေစ
#ေအာင္ဓူဝံ #ပရေလာက #ျဖစ္ရပ္မွန္