ပရလောကတကယ်ရှိသည်(စ\ဆုံး)
—————————–
“သမီးရေ….သမီး”
“ရှင်မေမေ….”
“မေမေတို့အမျိုးက..ပြင်းမရွာလေးမှာ…အလှူ လုပ်မှာတဲ့…အဲ့ဒါ..သမီးသွားရလိမ့်မယ်”
“မေမေကရော…မလိုက်ဘူးလား”
“ဟင့်အင်း…သမီး..မေမေက..တရားစခန်းမှာ..တစ်လအဓိဠာန်…မနက်ဖြန်သွားရမှာမို့သမီးပဲသွားလိုက်ပါ…”
“သမီးသွားလိုက်ပါမယ်…မေမေ”
ကျွန်မနာမည်ဖြူ စင်…မေမေနာမည်ကဒေါ်ဖြူ ဖြူ သင်း
…အမေတစ်ခုသမီးတစ်ခုဆိုပေမယ့်….ဖြူ စင်တို့…ကလူဆင်းရဲစရင်းထဲမပါ…ပါ
နောက်တစ်နေ့နံနက်ရောက်တော့……
ဖြူ စင်အဝတ်၅စုံလောက်…ကျောပိုးအိပ့်ထဲထည့်၍…
ကျောကုန်း၌..လွယ်ကာ..ကားထဲဝင်ထိုင်လိုက်ပြီး…
“မေမေ..သမီး…သွားတော့မယ်”
“အေးအေး…ကားကိုဂရုစိုက်မောင်း..သမီး”
“ဟုတ်ကဲ့..မေမေ”
တကယ်တော့ဖြူ စင်ကကားမောင်းအရမ်းကြမ်းသည်….ဒါ့ကြောင့်မေမေက..သတိပေးခြင်းပါ…
ဖြူ စင်တို့မြို့နဲ့…ပြင်းမရွာကတော်တော်ဝေးသည်..
ကားမောင်းရတာ…၇နာရီလောက်ကြာပါသည်..ဖြူစင်အရင်တုန်းကမေမေကို..အဲ့ရွာလေးကိုလိုက်ပို့ပေးဘူးသည်…….
….မြန်မြန်လိုက်ခြင်သော..စိတ်နဲ့..ဖြူ စင်..ကားကို….အရှိန်မြင့်လိုက်ပြီး..အမြန်နူန်းနဲ့မောင်းလိုက်သည်…..
ကားမောင်းရတာ ဖြူ စင်သဘောကျ…၏….
ထိုစဉ်…..
“ကျွီး….”
“ဖောင်း….”
ကားဘီးပေါက်တာ….ဖြူ စင်..ကားသည်အရှိန်နှင့်မို့
ပြောင်းပြန်လှန်ကာ..မှောက်သွားလေတော့သည်…
ဖြူ စင်..တစ်ကိုယ်လုံး…ပူထူသွား..သည်…ဘာဆိုဘာမှမသိတော့ပဲ..ဖြူ စင်သတိလစ်သွားပြီ…
ဒေါ်ဖြူဖြူ သင်းတစ်ယောက်ကတော့…အိမ်မှာ..တရားစခန်းသွားဖို့..အဝတ်စားတွေထည့်နေသည်…
“ကလင်..ကလင်..”
“ဟလို”
“××××××××”
“ရှင်”
ဖုန်းရဲ့တဖက်ကပြောသံကြောင့်…ဒေါ်ဖြူ ဖြူ သင်း
ထိတ်လန့်သွားပြီး..
“အမလေး..သမီးရယ်..အဖြစ်ဆိုးလိုက်တာ”
ဆေးရုံပေါ်မှာ..ဖြူ စင်တစ်ယောက်လက်နှစ်ဖက်နှင့်ခြေထောက်နှစ်ဖက်လုံးမှာ..ပတ်တီးစည်းထားသည်…အဆိုးဆုံးကတော့..မျက်ကြည်လွှာပျက်စီးသွားသည်..
“အဟင်း..ဟင်း”
“သမီးလေး…သတိရလာပြီလား…ဝမ်းသာလိုက်တာ”
ဖြူ စင်..သတိရလာတော့…
“မေမေ..မေမေဘယ်မှာလဲ”
ဖြူ စင်သတိရလာတော့မေမေ့ကိုရှာနေခြင်းကတောင်းပန်ဖို့ပါ…ဒါပေမယ့်…ဖြူ စင်အတွက်..အရာအားလုံးကအမှောင်ထုကြီးဘာလို့..ဖုံးလွှမ်းနေရပါသလဲ..
“မေမေ..သမီး..မျက်လုံး..ဘာမှမမြင်ရတော့ဘူး”
ဒေါ်ဖြူဖြူ သင်းတစ်ယောက်..မသိမသာလေးမျက်ရည်ကျကာ…
“သမီး..မျက်လုံးကမျက်ကြည်လွှာ..ပျတ်စီးသွားတာ..
မျက်ကြည်လွှာ..အလှူ ရှင်..တွေ့ရင်..သမီးပြန်မြင်လာမှာတဲ့”
ဖြူ စင်ခေါင်းကိုတအားခါရမ်းကာ…
“မတွေ့ခဲ့ရင်ကော..မေမေ..သမီးမေမေ့စကားကိုနားထောင်ခဲ့သင့်တယ်..”
“သမီးရယ်…သမီးစိတ်ထိခိုက်ရင်..ပိုဆိုးလိမ့်မယ်..
ခန..အိပ့်ယာထဲလှဲနေလိုက်ပါ..ဆရာဝင်ကပြောတယ်…ဆေးရုံမှာ..ရက်၂၀လောက်..နေရမယ်တဲ့”
ဖြူ စင်မျက်လုံးကပတ်တီးကြီးနဲ့ဆိုတာဖြူ စင်သိသည်…ဖြူ စင်..ဘဝ..ကတော်တော်ဆိုးသည်…ရှင်လျက်နဲ့သေရတော့မည်လား
ဆေးရုံမှာ..ဖြူ စင်တို့မနက်ဖြန်..ဆင်းရတော့မည်..
မေမေကတော့..ပစ္စည်းတွေသိမ်းနေသည်…
ဖြူ စင်ကတော့..စတီးတုတ်လေးကိုင်ကာ..မေမေနားသွားပြီး..
“မေမေ…သမီး..မေမေ့ကို..အလုပ်လုပ်ပြီးကျေးဇူးမဆပ်ရတော့ဘူး”
ဒေါ်ဖြူဖြူ သင်း..အဝတ်စားခေါက်နေတဲ့..နေရာထလာပြီး…
“အဲ့ဒီလိုမပြောပါနဲ့…သမီးရယ်..မေမေ့အတွက်..သမီးရှိနေရင်..အရာအားလုံးပြည့်စုံပါတယ်”
ထိုအခိုက္…
“ကျွီ…”
တံခါးပွင့်ရာသို့ဒေါ်ဖြူဖြူ သင်းတစ်ယောက်လှမ်းကြည့်လိုက်တော့….
“ဒေါက်တာ”
“လူနာ..မဖြူ စင်မျက်ကြည်လွှာ..ပြန်မြင်ရတော့မယ်..
မနက်ဖြန်ခွဲစိပ့်ခန်းဝင်ဖို့အသင့်ပြင်ပါ”
“ရှင်…”
ဖြူ စင်နဲ့..ဒေါ်ဖြူဖြူ သင်းတို့အာမေဋိသံတစ်ပြိုင်တည်းထွက်သွား၏…
“ကေ်းဇူးပါဆရာ…ကေ်းဇူး ”
ဆရာကပြောပြီးပြန်ထွက်သွားသည်…
“မေမေသမီး…ပြန်မြင်ရတော့မယ် ”
“မေမေ…ဝမ်းသာလိုက်တာ..သမီးရယ်…”
နောက်တစ်နေ့…..
ဖြူ စင်နေ့လည်၁၂လောက်ရောက်တော့…ခွဲစိတ်မှုပြီးသွားပြီ….
ထို့နောက်….
ပတ်တီးလုံး၌ပတ်တီး၅ရက်လောက်စည်းထားရသေးသည်…
၅ရက်မြောက်သောနေ့… ….
“ဖြေးဖြေးဖွင့်…မျက်လုံးကိုဖြေးဖြေးဖွင့်ပါ..”
ဖြူ စင်ဖြေးညှင်းစွာဖွင့်ကြည့်လိုက်တော့…ဝေ့တို့ဝါးတား..ဖြစ်နေပြီး…တဖြေးဖြေးချင်းကြည်လင်လာသည်…ပထမဆုံးတွေ့လိုက်ရတာဒေါက်တာ..ဒေါက်တာနောက်မှာမေမေ…
“ဆရာ…သမီး..ပြန်မြင်ရပြီ…ကျေးဇူးပါ ”
ဒေါ်ဖြူဖြူ သင်းနဲ့ဖြူ စင်တို့အဲ့ဒီနေ့လေးကအရမ်းပျော်ရွှင်နေကျ၏……
၁လခန့်ကြာသော်……
ကောင်မလေးတစ်ယောက်ကရှေ့ကပြေးနေသည်
အသားမည်းမည်း..လူကြီးတစ်ယောက်က..နောက်က..ပြေးလိုက်နေသည်….
ထိုစဉ်…….
“ကယ်ကြပါဦး”
ကောင်မလေးတစ်ယောက်အသံ…
“ခြမ်း….”
ကောင်မလေးက…ပြတင်းပေါက်မှန်ကိုဝင်တိုက်ကာ…တိုက်ပေါ်ကခုန်ချ…သွားသည်…ကောင်မလေးရဲ့နောက်ကလိုက်နေသောအသားမဲမဲလူကလည်း
လိုက်၍ခုန်ချသည်….
“ခြမ်း…”
“အား…”
ဖြူ စင်ငုပ်တုပ်ထထိုင်လိုက်သည်…အိမ်မက်..ဖြူ စင်မက်နေတာ..လွန်ခဲ့တဲ့တစ်လလောက်တုန်းကလဲ..ဖြူစင်ဒီလိုပဲ..အိမ်မက်တွေမက်နေတာ…
နောက်တစ်နေ့နံနက် ရောက်တော့….
“မေမေ…သမီး..ညတုန်းက..အိမ်မက်မက်တယ်..”
“ဟိုအိမ်မက်ပဲလား..သမီး”
“ဟုတ်တယ်…မေမေ..”
“သမီး…စွဲလမ်းနေလို့ဖြစ်မှာပါ…”
“ဟင့်အင်း…သမီး..ဘာမှမစွဲလမ်းဘူးမေမေ..လွန်ခဲ့တဲ့တစ်လလောက်ကတည်းက…အဲ့ဒီ..အိမ်မက်မက်နေတာ”
“သမီးရယ်..ဒီတစ်ညလောက်တော့…နေကြည့်လိုက်ပါ..ဒီညမှ..အဲ့အိမ်မက်ထပ်မက်ရင်မေမေတို့…တခုခုစီစဉ်ကြတာပေါ့”
“ဟုတ်ကဲ့..မေမေ”
“မေမေ..စျေးသွားဦးမယ်…သမီး”
“ဟုတ်”
ဖြူ စင်အိမ်မှာတစ်ယောက်ထည်းကျန်ခဲ့သည်……ညတုန်းကအကြောင်းစဉ်းစားနေမိ၏….
ဒေါ်ဖြူဖြူ သင်းစျေးသို့ရောက်တော့…..
“ဟင်…ဒေါက်တာ”
“ဒေါ်ဖြူဖြူ သင်းပါလာ..စျေးဝယ်လာတာလား…”
“ဟုတ်တယ်…ဒေါက်တာ…ဒေါက်တာကရောစျေးဝယ်လာတာလား”
“ဟုတ်တယ်ဗျ…..ဖြူ စင်ရောမျက်လုံးအောင့်တာတွေဘာတွေဖြစ်လား”
“သု့မျက်လုံးကတော့…ကောင်းပါတယ်..ဒါပေမယ့်
ညတိုင်းအိမ်မက်ဆိုးတွေမက်နေလေရဲ့ဒေါက်တာ”
ဒေါ်ဖြူဖြူ သင်းတစ်ယောက်ဖြူ စင်ရဲ့အိမ်မက်ကိုအကြောင်းစုံပြောလိုက်တော့….
“ဗျာ…အဲ့ဒါ..မျက်လုံးပိုင်ရှင်ကောင်မလေး..ရဲ့ဖြစ်ရပ်ပဲ”
“ဘယ်လို…ဒေါက်တာ..ပြန်ပြောပါ”
“ဖြူ စင်ဆေးရုံမှာဆင်းမဲ့နောက်ဆုံးရက်ရောက်တော့
ဆေးရုံမှာ…လူသေအလောင်းနှစ်လုံးရောက်လာတယ်…..အဲ့ဒီနှစ်ယောက်ထဲကတစ်ယောက်ကောင်မလေးတစ်ယောက် . …..နောက်တစ်ယောက်က..အသားမဲမဲလူတစ်ယောက်…သူတို့နှစ်ယောက်သေရတဲ့အကြောင်းရင်းက…ကောင်မလေးနာမည်ကသဲသဲ….သူ့မှာအဖေလဲမရှိတော့ဘူး..အမေလဲမရှိတော့ဘူး…မိထွေးနဲ့နေတာ…တစ်နေ့တော့..သဲသဲရဲ့မိထွေးဟာ…အမွေတွေအကုန်လုံးကို…သူတစ်ယောက်ထဲ..ပိုင်ဆိုင်ချင်ခဲ့တဲ့အတွက်…လူငှါးပြီး…သတ်ဖို့
လူသတ်သမားကို…သဲသဲအခန်းထဲဝင်ခိုင်းခဲ့တယ်…
သဲသဲလဲလူသတ်သမားကိုမြင်တော့အော်တာပေါ့….
လူသတ်သမားလူမည်းကြီးက..သဲသဲကိုပြောတယ်
မင်းငါ့ကိုယူရင်….မင်းကိုမသတ်ပဲ..မင်းမိထွေးနဲ့ဝေးတဲ့ဟိုးအဝေးကြီးမှာ…ငါမိန်းမအဖြစ်ထားမယ်…လို့ပြောခဲ့တယ်…သဲသဲကဒါကိုလက်မခံပဲ…အတင်းပြေးသည်…တံခါးမကြီးကသော့ပိတ်ထားတော့..သဲသဲလဲပြတင်းပေါက်ကခုန်ချလိုက်တယ်…အဲ့လူသတ်သမားလူမည်းကြီး..ကလဲ..သဲသဲကို..နောက်ဘဝထိ
သူပိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့..လိုက်ခုန်ချတာပဲ”
“ဪ…သနားစရာပဲ…ဒေါက်တာ..အဲ့ဒါကျွန်မသမီးအိမ်မက်ထဲဘာလို့လာမက်နေတာလဲ..”
“ဖြူ စင်ရဲ့ခွဲစိပ့်မှုခံယူခဲ့တဲ့မျက်ကြည်လွှာ..ကသဲသဲရဲ့မျက်ကြည်လွှာပဲ…အဲ့ဒါ..အိမ်မက်မဟုတ်ဘူး…မျက်လုံးထဲမှာလာပေါ်နေတာပဲ…သဲသဲက..အကျွတ်မလွှတ်သေးတာပဲ…ခင်ဗျားတို့အမျှအတမ်း…ပေးဝေလိုက်ရင်…ဒီအိမ်မက်..မက်မှာမဟုတ်တော့ဘူး…”
“ဟုတ်ကဲ့…ဒေါက်တာ”
ဒေါ်ဖြူဖြူ သင်းကိုဒေါက်ဆန်းကအဖြစ်ပျက်လုံးစုံတို့
ပြောပြပြီးနူတ်ဆက်ကာပြန်သွား၏…
အိမ်ပြန်ရောက်တော့….သမီးဖြစ်သူဖြူ စင်ကို…အကြောင်းစုံပြန်ပြောပြ၍…..
“မေမေရယ်…သမီး..သနားလိုက်တာ ”
“မေမေတို့မနက်ဖြန်..သံဃာတော်တွေကိုအိမ်ထဲ့ပင့်ပြီး…တရားနာအမျှအတမ်းတွေပေးဝေးရမယ်…သမီး”
“ဟုတ်ကဲ့မေမေ….”
ဖြူ စင်တို့လှူ ဖွယ်ပစ္စည်းအစုစုတို့ချက်ချင်းသွားဝယ်လိုက်၏……
နောက်တစ်နေ့ရောက်တော့….
ဖြူ စင်တို့ခြံကြီးထဲမှာ….အိမ်နီးနားချင်း…တချို့နဲ့..ဆွမ်းကပ်ကာ…သဲသဲအားသာဓုခေါ်စေ၏…
“ဒါကာမလေး…သဲသဲအား….ရောက်ရာဘုံဘဝမှာ
သာဓုခေါ်နိုင်ပါစေ….အမျှပေး၏..အမျှ…အမျှ..မျှ”
ထိုစဉ်…..
ဖြူ စင်ဘေးမှာ…အိမ်မက်ထဲကသဲသဲဆိုတဲ့ကောင်မလေး..လက်အုပ်ချီ…ကာ..တုန်ရီသောအသံဖြင့်..သာဓုခေါ်တာ…ဖြူစင်တစ်ယောက်တည်းကြားရမြင်ရသည်မဟုတ်ပါလား……
အဲ့ဒီနေ့ကစပြီး…ဖြူ စင်အိမ်မက်ထဲမှာ..သဲသဲဆိုတဲ့ကောင်မလေးလုံးဝကိုပေါ်မလာတော့ပါလေ…..
(ကျေးဇူးပါ.. ..အပျင်းပြေဖက်ရအောင်ပါ…နာမည်မည်နဲ့ရွာနာမည်..တူခဲ့ရင်ခွင့်လွှတ်ပါအမှားပါရင်တောင်းပန်ပါတယ်ရှင်..တခြားဝတ္ထု နှက့်ဆင်တူသွားလျှင်ခဲ့လည်းမရည်ရွယ်ထားပါစိတ်ကူးသက်သက်သာဖြစ်သည်)
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။