ပရလောကသားများ(စ\ဆုံး)
—————————-
*ကဲ မိနှောင်း ညည်းလုပ်ပုံကောင်းသေးရဲ့လား*
**မေမေကလဲ သမီးအပြစ်မှမဟုတ်တာ**
*ညည်းကငြင်းချင်သေးသပေါ့လေဟုတ်လား
မိဘမေတ္တာအိုးမဲ တွေရော အိုးဝါတွေရော အို အစုံကိုသုတ်နေတာပါပဲ၊
ရန်မဖြစ်ပါနဲ့လို့ဒီလောက်ဆုံးမနေတာတောင်
အခုတော့ကောင်းသေးသလား ၊ ကျောင်းပါပြောင်းရတော့မယ်၊*
**မေမေ ကလဲ သမီး မမှားပါဘူးဆို**
*တော်စမ်း မိနှောင်း
မြို့ကျောင်းမှာကောင်းကောင်းမနေချင်တဲ့သူဆိုတော့
ညည်းကိုရွာကျောင်းမှာထားမယ်၊ ဒါမှညည်းမှတ်မှာ*
**ထားချင်တဲ့ကျောင်းထားအမေရာ တော်ပြီ စိတ်တိုလာပြီ**
*အေးညည်းကြပ်ကြပ်သတိထားနေ ဟွင်းးဟွင်းး
မပြောလိုက်ချင်ဘူး
သမီးလေးတစ်ယောက်မွေးထားပါတယ် ယောကျာ်းလေးလားမှတ်တယ်၊ ဆိုးလိုက်တာတာတေကိုလန်နေတာပဲ၊
ဆရာမရိုက်တာကို ဆရာမကိုပြန်ရိုက်တယ်တဲ့ လူကြားလို့မှကောင်းရဲ့လား ဟမ်
မနက်ဖြန် ပေါက်ပင်ရွာကညည်းဦးလေးသာလှဆီကိုပို့မယ် *
**ပို့ပို့ **
နှောင်း ဟာ ဖတဆိုးလေးမို့ အရမ်းကိုဆိုးတဲ့ကလေးတစ်ယောက်ပင်ဖြစ်သည်
ကျောင်းစစဖွင့်တဲ့နေ့မှာပင် ကျောင်းထုတ်ခံရတဲ့ထိပင်၊
နှောင်း ဟာ ယခုနှစ်ဆို ၁၀တန်းပင်ဖြစ်သည်
မိခင်ဖြစ်သူဒေါ်လှကျေးကတော့ သမီးဖြစ်သူကိုအရမ်းချစ်တာကြောင့် ငယ်ငယ်လေးထဲကအလိုလိုက်မှုကြောင့် နှောင်း ကဆိုးနေခြင်းဖြစ်သည်
ကျောင်းဖွင့်ရက် က မိုးဦးအစပင်ဖြစ်တာကြောင့် မိုးပေါက်မိုးဖွဲလေးတွေဟာ ကဗျာဆန်စွာပင် ရွာသွန်းခနေသည်
မြေသင်းရနံ့လေးတွေရဲ့ အရသာကလဲ ပေါက်ပင်ရွာလေးရဲ့ အငွေ့အသက်ကို အပြည့်အဝပေးနေသလို
စိန်ပန်းတွေကလဲ ရွာလမ်းမတစ်လျှောက် နီလို့ရဲလို့ ဖူးပွင့်လှပနေကြသည်
ပေါက်ပင်ရွာလေးကိုခရီးဦးပြုလာတဲ့ ဒေါ်လှကျေးတို့သားအမိဟာ မကြာမီမှာပဲ ဦးလေးသာလှတို့အိမ်သို့ရောက်ရှိသွားခဲ့ကြသည်
*အကိုကြီး သာလှရေ ၊အကိုကြီး သာလှ*
×ဟေ ဘယ်သူလဲဟ×
*ညီမလေးပါ အကိုကြီး လှကျေးလေ*
×ဟာ ညီမလေး လာပြီလာပြီ×
ဦးသာလှဟာ ကွမ်းအစ်လေးကိုင်လို့ ထွက်လာလေသည်
×အပေါ်တတ်ကြ လေ ၊
ငါ့ကိုလာမယ့့်အကြောင်းတောင်ကြိုမပြောဘူး
ငါလာခေါ်မှာပေါ့ဟ×
*ပြောချိန်ကိုမရပါဘူး အကိုကြီးရယ်
အကိုကြီးတူမလေ ကျောင်းထုတ်ခံရလို့
ဒီရွာမှာကျောင်းထားမို့အတွက်အားကြင်းလာခဲဘရတာပါပဲ *
ဒေါ်လှကျေးဟာ အကိုဖြစ်သူကို အစဆုံးပြောပြလိုက်သည်
×ပူမနေနဲ့တော့ ညီမလေး
တူမလေးကိုအကိုကြီး သေချာစောင့်ရှောက်ပေးထားပါ့မယ်၊
ညီမလေးအလုပ်တွေကိုသာအာရုံစိုက်လုပ်ချေ×
*ဟုတ်ကဲ့ပါ အကိုကြီး
အခုမှပဲရင်အေးရတော့တယ်*
×ဒါဆိုတစ်ခါထဲကျောင်းသွားအပ်ကြမယ်×
*ဟုတ်ကဲ့ အကိုကြီး*
*မိနှောင်း ဒီရွာကျောင်းမှာလဲနင်လိမ်လိမ်မာမာစာသင်နော်၊
မေမေပြောတာကြားလား*
**ဟုတ်ကဲ့ပါ မေမေရာ **
ထိုနေ့မှာတင်ပဲ ကျောင်းအပ်တာအဆင်ပြေသွားခဲ့လေသည်
ကျောင်းအပ်ပြီးလို့ ကျောင်းပြင်သို့ထွက်နေစဥ်
**ဟင် ဟိုးကကျောင်းဆရာက စာတွေတောင်သင်နေပြီပဲ ၊
ငါဒီနေ့စတတ်ရင်ကောင်းမလား
မနက်ဖြန်မှတတ်ရင်ကောင်းမလား**
*သမီး မိနှောင်း ဘာတွေကြည့်ပြီးငေးနေတာလဲ*
**ဘာမှမဟုတ်ပါဘူး မေမေရဲ့ စာသင်ရင်ကောင်းမလား၊မသင်ရင်ကောင်းမလားတွေးနေတာပါ**
×တူမလေး မနက်ဖြန်ကစပြီး ကျောင်းတတ်ရမယ်ကြားလား×
**ဟုတ်**
နှောင်းရဲ့မိခင်လဲ အလုပ်တွေရှိသေးတာကြောင့် သမီးဖြစ်သူနှောင်းကို သေချာအပ်ခဲ့ပြီး နောက်နေ့မနက်မှာပဲမြို့ကိုပြန်သွားခဲ့သည်
မြို့၏အလှထက် ရွာလေး၏မိုးရာသီအလှကစာဖွဲ့၍မကုန်၊
နာရီအားဖြင့် မနက်၇ခွဲခန့်သို့ပင်ရောက်ရှိလို့နေပြီ၊
×သမီး နှောင်းရေ ကျောင်းသွားရအုံးမယ်လေကွယ်
ထတော့ထတော့×
ဦးလေးဖြစ်သူရဲ့နိုးတဲ့အသံကြောင့် မိနှောင်းတစ်ယောက်နိုးသွားခဲ့သည်
*လေးလေး ကလဲ နှောင်း အိပ်ချင်သေးလို့ပါ နော်နော်*
×မရဘူး ရေမိုးချိုး ထမင်းစားပြီး ကျောင်းသွားရမယ်
သမီးကဒီနှစ်၁၀တန်းနော် နှစ်ခြင်းပေါက်မအောင်ချင်ဘူးလား ×
*အာ မအောင်ချင်ပါဘူး အောင်လဲအပိုပဲ
အလုပ်တောင်ရူပ်သေးတယ်
မေမေ့ကအတင်းတတ်ခိုင်းလို့သာတတ်ရတာ ကျောင်းမတတ်ချင်ပါဘူး လေးလေးရာ*
×ခက်ပါရောလား ကွယ်
ဒါဆို သမီးမေမေကို လေးလေး စာပို့လိုက်မယ် သမီးကကျောင်းမတတ်ချင်ဘူးလို့×
*အာ အာ ထပြီ ထပြီ *
မိနှောင်းတစ်ယောက် အမြန်အိပ်ယာကထပြီး ရေမိုးချိုး အဖြူအစိမ်းလေးဝတ်စုံလေးကိုဝတ်၍
ပါးပြင်မှာ ပါးကွပ်လေးနှစ်ကွပ် ကွက်လို့ ၊ဆံပင်ကျောအလယ်လောက်မို့ မြင့်မြင့်လေးလှန်၍စီးထားသေးသည်
**လေးလေးလိုက်မပို့နဲ့တော့ နှောင်း ဘာသာပဲသွာစတော့မယ်**
×အေးပါကွယ် အေးပါ×
ထီးကလေးစောင်းလို့ ကျောင်းရှိရာသို့ဦးတည်သွားလေ၏
ကျောင်းသားအသစ်ဖြစ်တာကြောင့် အတန်းထဲကကျောင်းသူကျောင်းသားတွေဟာ ဝိုင်း၍ကြည့်နေကြသည်
စာမသင်ချင်တဲ့ သူဆိုတော့ အနောက်ဆုံးတန်းကိုမိနှောင်းတသ််ယောက်သွား၍ထိုင်ခဲ့သည်
အတန်းထဲကလူတွေကဝိုင်း၍ရီကြသည်
အနောက်ဆုံးတန်းမှာ မိနှောင်းအပါအဝင် ၂ယောက်ထဲရယ်
မိနှောင်းလဲ ဘေးကတစ်ယောက်ကို ပြုံးပြလိုက်သည်
**နင့်နာမည်ကဘယ်လိုခေါ်လဲ
ငါ့နာမည်က နှောင်းပါ
ငါကမြို့ကပြောင်းလာတာလေ**
ဘေးကတစ်ယောက်က သူ့ကိုဘာစကားမှပြန်မပြောခဲ့ချေ၊
ထိုအချိန် ဆရာမတစ်ယောက်ဝင်လာခဲ့သည်
•ကဲသားတို့သမီးတို့ ဒီနေ့ဟာ လူစုံပြီဖြစ်လို့ လူစာရင်းခေါ်မယ် နော်•
လူစာရင်းတွေခေါ်သွားလိုက်တာ ၁၅၆မြောက်က နှောင်း ဖြစ်သည်
**တီချယ် လူစာရင်းကုန်ပြီလား
တယောက်က်ယောက်ကျန်နေသေးတယ်လေ**
××ဟားးးဟားးးးဟားးးး××
အတန်းထဲကလူတွေကနှောင်းကိုကြည့်ကြည့်ပြီးရယ်နေကြသည်
**ဘာလို့ရယ်နေကြတာလဲ ရယ်စရာပါလား**
မိနှောင်းတစ်ယောက် ဒေါသထွက်ပြီး ပြောလိုက်တော့
•တော်ကြတော့ စာဆက်တင်ကြမယ်•
ကျောင်းဆင်းချိန်သို့ရောက်လာပြီဖြစ်တာကြောင့် အတန်းသူအတန်းသားမှား ကိုယ်စီ လွယ်အိတ်ကလေးတွေကိုလွယ်လို့ အသီးသီးပြန်ကြကုန်ပြီ၊
**ဟင် နင်မပြန်သေးဘူးလား **
မိနှောင်းတစ်ယောက် သူ့ဘေးမှာထိုင်တဲ့အတန်းဖော်ကို မေးလိုက်ခြင်းဖြစ်သည်
°ဟုတ်တယ် မပြန်သေးဘူး
နင်ကဘာလို့ငါ့ကို ဖော်ရွေစွာဆက်ဆံရတာလဲ°
**မသိဘူးဟ နင့်ကိုမြင်မြင်ချင်း ခင်မိသွားတာ
နင့်နာမည်ငါ့ကိုပြောအုံးလေ**
°ငါ့နာမည်က ခွန်း °
*ငါ့နာမည်ကနှောင်းပါ
ငါသွားတော့မယ်နော်
ကျောင်းမှာလဲ ဆရာမတွေပဲကျန်တော့တယ်
တော်ကြာငါ့လေးလေးပါလိုက်လာအုံးမယ်**
°အေးပါ ကောင်းကောင်းပြန်ပါ
ဒါနဲ့ နင်နဲ့ငါ သူငယ်ချင်းဖြစ်သွားတာဘယ်သူမှမသိပါစေနဲ့နော်°
**အေးပါ ငါကတိပေးပါးတယ်**
ကျောင်းစတတ်တဲ့နေ့မှာပဲ နှောင်း နဲ့ ခွန်းဆိုတဲ့မိန်းကလေးနဲ့ သူငယ်ချင်းစဖြစ်သွားကြသည်
ရာသီတွေတစ်ရွေ့ရွေ့ ပြောင်းလဲ လာသည်နှင့် စာမေးပွဲဖြေဆိုမည့် လသို့ပင် မကြာမီရောက်ရှိလာတော့မည်
•နှောင်း မင်းဒီနှစ်ရော အောင်ပါ့မလား
အတန်းထဲမှာလဲ စာအညံ့ဆုံး တစ်ဘာသာမှအောင်ရယ်ကိုမရှိဘူး ၊နောက်လဆို စာမေးပွဲဖြေဆိုရတော့မယ် ၊မင်းမှာ အနာဂတ်ရောရှိလား ဆရာမမေးတာေဖြ•
အတန်းထဲကသူတွေကတော့ နှောင်းကိုဆရာမဆူနေတော့ ကြိတ်ပြီးရယ်နေကြသည်
**ဆရာမကလဲ နှောင်းမှစာမသင်ချင်တာ အောင်လဲမအောင်ချင်ပါဘူး ၊**
မိနှောင်း ဟာ ဘယ်သူ့ကိုမှဂရုမစိုက်ိုက်သလိုနဲ့ နခမ်းလေးဆူကာပြန်ပြောခဲ့သည်
•ဆရာတွေအပေါ် ပြန်ပြောတာ ရိုင်းလှချည်လားနှောင်း ၊ •
**မသိဘူး ရိုင်းတယ်ထင်လဲ မတတ်နိုင်ဘူး၊
ဒီရွာကိုပြောင်းလာတဲ့ဆရာဆရာမတွေက လူတန်းစားခွဲခြားဆက်ဆံတယ်၊
အဲ့တာတွေလဲ နှောင်းမကြိုက်ဘူး ၊စာသင်ရင်လဲ ဘက်လိုက်တယ်၊
လူတန်းစားတူမှပေါင်းချင်ကြတယ် ၊
နှောင်းလဲမြို့ကပြောင်းလာတာမို့ ဆရာမတို့ကနှောင်းကို သိပ်မဆူတာ ၊ မေမေကလဲ ပိုက်ဆံပေးထားတာကိုး**
•မိနှောင်း နင်ဘယ်လိုပြောလိုက်တာလဲ •
**ရင်ထဲရှိတာပြောတာပဲ မတတ်နိုင်ဘူး**
မိနှောင်းတစ်ယောက် ဆရာမကိုပြန်၍ပြောခဲ့သည်
ဒီနေ့ဟာ နူတ်ဆက်ပွဲဖြစ်တာမို့ နှောင်းတစ်ယောက် ခွန်းကို နူတ်ဆက်ခဲ့သည်
**ခွန်း နင်ကတော့စာကျက်နော်
ကျန်းမာရေးလဲဂရုစိုက် အုံး
စာမေးပွဲဖြေမှပြန်တွေ့မယ် **
°နှောင်း နင်တကယ်ပဲ စာမေးပွဲမအောင်ချင်ဘူးလား°
**မအောင်ချင်ပါဘူးဟာ ၊
ငါကအချုပ်အနှောင်တွေ မကြိုက်ဘူးဟ**
°နင်စာမေးပွဲဖြေနိုင်အောင် ကြိုးစားပါလား
ငါကနင့်ကို စာမေးပွဲအောင်စေချင်တာဟ
နင်စာမေးပွဲအောင်သွားရင် နင့်ဘဝမှာ အချုပ်အနှောင်တွေသိပ်မရှိတော့ဘူး°
**နင်ပြောသလို အောင်အောင်လို့ ဖြေမမယ်ပဲထား ၊ငါကနှစ်စထဲကစာတစ်လုံးမှမကျက်ခဲ့တာလေ
အခုကတလပဲကျန်တော့တယ်
ဆင်မပြေပါဘူးဟာ**
°နင်ငါနဲ့ရော စာအတူတူကျက်ချင်လား°
ထိုစကားကိုမိနှောင်းတစ်ယောက် ကြားသွားတော့ ရင်ထဲမှာတမျိုးကြီးဖြစ်သွားခဲ့သည်
နွေးထွေးစေတဲ့စကာစလုံးဟု မိနှောင်းတစ်ယောက် တွေးမိသွားသည်၊
**ငါမှစာမကျက်တတ်တာ**
°အဲ့တွက်မပူပါနဲ့ ငါသင်နေကျဆရာတစ်ယောက်ရှိတယ်၊
ဆရာကစာအသင်အပြအရမ်းတော်တယ်ဟ ၊
ချမ်းသာဆင်းရဲ လူတန်းစားမခွဲဘူး၊°
**ငါကနင့်ကိုအရမ်းခင်တာဆိုတော့ နင်စာကျက်ရင်ငါပါကျက်မယ်ဟာ **
မိနှောင်းတစ်ယောက်သဘောတူခဲ့သည်
°ဒါဆိုရင် ငါတို့ညဘက်စာကျက်ဝိုင်းကိုနင်လာခဲ့ချေ
ငါတို့ကျောင်းရဲ့ ဒေါင့်ဆုံးအခန်းAကိုလာခဲ့လေနော်°
**အေးအေး မနက်ဖြန်ကစပြီးငါလာခဲ့မယ်**
မိနှောင်းတစ်ယောက် ဘဝမှာဘာစာမှမကျက်ျက်ဘူးလို့ တွေးထားပေမယ့့် သူအခင်ရဆုံး သူငယ်ချင်းရဲ့စကားကိုတော့မငြင်းဆန်နိုင်ပေ၊
**လေးလေး နှောင်းပြောစရာရှိတယ်**
×ဟ ငါ့တူမလေးကဘာပြောမလို့လဲ ×
**သမီး ဒီနေ့ကစပြီးစာကျက်မယ်**
×ဟေ ×
ဦးလေးဖြစ်သူဟာ မျက်လုံးပါကျယ်သွားသည်
×ဟ မကြားစဖူး ပါလား
သမီးလေးမေမေသိရင်ဝမ်းသာမှာ×
**ပြောတာမပြီးသေးဘူး
ညဘက် ကျူရှင်ရှိတယ် ကျောင်းမှာ
အဲ့တာသူငယ်ချင်းတွေနဲ့စာသွားကျက်ရမယ်
ပြီးမှပြန်လာမှာ**
°ညကျူရှင် အစမ်းပါလား
လေးလေးတို့ရွာမှာ တစ်ခါမှမကြားဖူးဘူး ညကျူရှင်ရယ်လို့°
**အခုကြားဖူးပြီမလား လေးလေးရဲ့ ဘာမှမပူနဲ့တော့ သမီးဒီနှစ်အောင်ချင်သွားပြီ၊
ညဘက်သွားဖို့သာခွင့်ပြု ၊**
×ကောင်းပါပြီကွယ် တူမလေးသဘောပါ×
ဒီလိုနဲ့ ညချမ်းအချိန်ခါသို့ရောက်ရှိလို့သွားခဲ့ပြီ
တပိုတွဲလရဲ့ လပြည့်ညကကလဲ ပေါက်ပင်ရွာလေးအဖို့ လျှပ်စစ်မီးပင်မလို လင်းထိန်လို့နေ၏
မိနှောင်းတစ်ယောက် စာမလုပ်ခဲ့တာကြောင့် ဘာစာအုပ်တွေယူသွားရမှန်းမသိတော့ အစုံထည့့်၍လွယ်အိတ်လေးကိုလွယ်ကာ ကျောင်းရှိရာသို့ဦးတည်သွားခဲ့သည်
ကျောင်းအပေါ်ကဝမှာရပ်ပြီးစောင့်နေသူက
ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာအပြည့်ရှိတဲ့ ခွန်း ပင်ဖြစ်သည်
•နင်တကယ်လာတယ်နော် နှောင်း•
**ငါကနင့်စကားဆိုနားထောင်ပါတယ်ဟ**
၂ယောက်သားပျော်ရွှင်စွာ ဒေါင့်ဆုံးခန်းAကို သွားခဲ့ကြသည်
•မင်္ဂလာပါဆရာ ဝင်ခွင့်ပြုပါ•
ခွန်း က ယဥ်ကျေးစွာ အတန်းထဲကထိုင်ခုံလေးမှာ ထိုင်နေတဲ့ မွဲတဲတဲ ဆရာတစ်ဦးကိုနူတ်ဆက်လိုက်သည်
~ဝင်ခဲ့ပါ သမီးတို့~
÷ဟုတ်ကဲ့ပါဆရာ÷
~ဒီကသမီးနာမည်ကဘယ်လိုခေါ်လဲ~
**သမီးနာမည်က နှောင်းပါ ဒီနှစ်မှ ကျောင်းပြောင်းလာတာ ၊**
~စာသင်တော့မှဆိုတော့ သမီးဘယ်ဘာသာတွေပိုင်ပြီလဲ ဆရာ့ကိုပြော~
**တစ်ဘာသာမှမပိုင်သေးဘူး
သမီးကစာမေးပွဲမဖြေချင်ဘူး ၊စာလဲမလုပ်ချင်ဘူး
ခွန်း ကို ခင်လို့ စာကျက်ဖို့ဆုံးဖြတ်လိုက်တာ**
~ဘာပဲဖြစ်ဖြစ် ဆရာတွေဟာ တပည့်တွေရဲ့ပီတိကိုစားနေရတာ၊ ဆရာကောင်းတို့မည်သည် ဘက်လိုက်ခြင်းမရှိ ၊ တပည့်တွေအပေါ် စေတနာ ၊အနစ်နာ ၊ဂရုနာထားပြီး သင်ကြားပေးရတယ်
ဒါဟာ ဆရာတွေရဲ့တာဝန်ပဲ~
မိနှောင်းတစ်ယောက် အခုလို ဆရာတစ်ယောက်ရဲ့တပည့်အပေါ်ထားတဲ့စေတနာကို ပေါ်လွင်စွာမြင်တွေ့ခဲ့ရသည်
**ဆရာ သမီးကို စာသင်ပေးပါနော် သမီးစာမေးပွဲဖြေချင်တယ် အောင်လဲအောင်ချင်တယ်ဆရာ**
~သမီးဆီက ဒီစကားကြားရတာဝမ်းသာပါတယ်ကွယ် ၊ဆရာ့ဆီမှာဆိုဘယ်သူမှစာမသင်ချင်ကြဘူးကွဲ့~
ထိုနေ့ညကစပြီး မိနှောင်းတစ်ယောက် စာနဲ့သာလုံးပန်းနေတော့သည် ၊စာမေးပွဲကတစ်လပဲကျန်တာကြောင့် အဆပေါင်းများစွာ အသည်းသန်ကိုကြိုးစားနေတော့သည်
ဆရာဖြစ်သူကလဲ အသင်အပြအရမ်းကောင်းလွန်းတာကြောင့် မိနှောင်းတစ်ယောက် စာပိုရလာသည်
**လေးလေး သမီးသွားတော့မယ်နော်**
×သမီးလေး စာလုပ်ရတာကောအဆင်ပြေလား စာမေးပွဲကရက်ပိုင်းပဲလိုတော့တာသမီးရဲ့×
**စာတွေရနေပါပြီ လေးလေးရဲ့ ဆရာကအသင်ပြကောင်းတယ်လေ ဒါကြောင့်မို့ အေးဆေးဖြစ်နေတာပေါ့
သွားပြီသွားပြီ တာ့တာ**
×ဟမ် ဆရာ
ငါတို့ရွာကကျောင်းမှာ ကျောင်းဆရာရှိတာမကြားမိပါဘူး ၊ ×
ဦးသာလှတစ်ယောက် တစ်ယောက်ထဲအတွေးလွန်ပြီးကျန်ခဲ့လေ၏
**ဟေး ခွန်း **
ကျောင်းတံခါးဝမှာ ရပ်စောင့်နေတဲ့ ခွန်းကို နှောင်းကပြုံးပြီးလှမ်းခေါ်လိုက်သည်
•နှောင်းရယ် နောက်ကျလိုက်တာ ငါကနင်မလာတော့ဘူးလားဆိုပြီး စောင့်နေရတာ•
**မလာပဲနေပါ့မလားဟ စာမေးပွဲက ၁၀ရက်ပဲလိုတော့တာလေ ဆရာ့ကိုလဲကန်တော့ရအုံးမယ် ၊ပြီးတော့နင့်ကိုလဲလက်ဆောင်ပေးစရာရှိတယ် **
•လာ အတန်းထဲအရင်သွားရအောင် ဆရာမျှော်နေတယ်•
ဒီနေ့ဟာ ခါတိုင်းနေ့ရက်တွေနဲ့မတူ တိတ်ဆိတ်လွန်းနေသည်
မီးအိမ်လေးမှိန်တုတ်တုတ်အခန်းAလေးရှိရာသို့ ဦးတည်လျှောက်နေလေ၏
ထိုင်နေကြအတိုင်းထိုင်နေတဲ့ဆရာကိုတွေ့တော့ ဝမ်းသာသွားသည်
**ဆရာ ဝင်ခွင့်ပြုပါ**
~ဝင်လာခဲ့သမီး ~
ဆရာ့အသံကခါတိုင်းနှင့်မတူ အေးစက်နေသည်
**ဆရာ သမီးဆရာ့ကိုကန်တော့ပါရစေ
သမီးကအဆောင်အယောင်တွေကို သဘောမကျတော့ ဆရာ့ကို သမီးရင်ထဲကလာတဲ့ ကန်တော့ခြင်းမျိုးနဲ့ပဲသမီးကန်တော့ပါရစေ**
ဆရာ၏မျက်ဝန်းထဲမှ မျက်ရည်များတသွင်သွင်စီးကျလို့နေသည်
~ဆရာ့ဘဝမှာ အခုလို ဆရာ့ကိုရိုရိုသေသေကန်တော့ဖူးတာဆိုလို့သမီးတစ်ယောက်ပဲရှိပါသေးတယ်ကွယ်~
**ဆရာ့အပေါ်မှာ ကာယံကံ ဝစီယံ မနောကံ နှင့်ပြစ်မှားခဲ့ပါက သမီးကိုခွင့်လွှတ်ပေးပါနော်**
×ခွင့်လွှတ်ပါတယ် သမီးရယ် ခွင့်လွှတ်ပါတယ်×
**ဟင် ခွန်းရော ဘယ်ရောက်သွားတာလဲမသိဘူး ဆရာ**
×သူအပြင်ခဏထွက်သွားတယ် သမီး၊
သမီး စာမေးပွဲကိုသေချာအောင်အောင်ဖြေဆိုပါ
ဆရာတို့သမီးလေးကိုမျှော်နေပါတယ်×
**ဟုတ်ကဲ့ပါဆရာ သမီးဖြေဆိုနိုင်မှာပါ
ဒါနဲ့ မျှော်နေမယ်ဆိုတာကဘာကိုဆိုလိုတာလဲဆရာ**
~သမီးလေးစာမေးပွဲအောင်စာရင်းမှာ ပါလာတဲ့နေ့မှာ ဒီကျောင်းမှာ မကျွတ်မလွတ်ဖြစ်နေတဲ့ နာနာဘာဝတွေအတွက်နဲ့ ဆရာ့အတွက်ပါ အမျှဝေပေးပါသမီး~
ရုတ်တရက်ဆိုလို ဆရာကပျောက်ကွယ်၍သွားပါတော့သည်
**ဟင် ဒါဒါ မဖြစ်နိုင်ဘူး **
တစ်ခန်းလုံးလဲ ဘာအလင်းရောင်မှမရှိတော့ချေ
မိနှောင်းတစ်ယောက် ဘာလုပ်ရမှန်းမသိ ကြောက်စိတ်ကဝင်လာသည်
**ခွန်း ခွန်း ရေ နင်ဘယ်မှာလဲ ငါကြောက်တယ်ဟ **
မိနှောင်း တစ်ယောက် အခန်းပြင်သို့ထွက်ပြီး ခွန်းကိုရှာပါတော့သည်
ပါလာတဲ့ လက်နှိပ်ဓာတ်မီးလေးကို ဖွင့်ကာ ဟိုထိုးဒီထိုးနဲ့ လိုက်ရှာနေသည်
ထိုအချိန် အနောက်ဘက်မှ
°နှောင်း ငါဒီမှာလေ •
အသံကြားရာသို့လှည့်ကြည့်မိရာ ဇတ်ကြီးကျိုး၍ နှောင်းကိုကြည့်နေတဲ့ခွန်းကိုမြင်သွားလေ၏
**သ သ သ သရဲ**
×သမီး သမီး နှောင်း
သတိရပြီလား×
**ဟင် သရဲ သရဲ သမီးတွေ့လိုက်တယ် လေးလေးသမီးကြောက်တယ်**
×လေးလေးလဲသမီးပြန်လာမယ့့်ချိန်ပြန်မလာလို့ လိုက်လာတော့ ကျောင်းထဲမှာသတိမေ့နေတာတွေ့တာပဲ×
**ဒါ ဒါဆို ဆရာနဲ့ခွန်းက သေပြီးသားတွေပေါ့ **
×သမီး အဲ့တာပဲမေးမလို့ ေလးလေးတို့ကျောင်းမှာ ဘယ်ဆရာမှမရှိပါဘူး သမီးရဲ့×
**ဆရာ ဦးမြင့်မောင်လေ လေးလေးရဲ့ **
×ဟေ×
ဦးသာလှတစ်ယောက် ဆွံအသွားသည်
**လေးလေး ဆရာ့ကိုမသိဘူးလား**
×သိတာပေါ့ကွယ် လေးလေးရဲ့ သူငယ်ချင်းတွေ ဒီရွာကပဲကွယ့်၊
တပည့်တွေအပေါ် အင်မတန်မှစေတနာကောင်းလွန်းတဲ့ဆရာတစ်ဆူပဲ၊
တစ်နေ့မှာ မြို့ကျောင်းကဆရာမတွေ ပြောင်းလာကြတယ်၊
မြို့ကလာတဲ့ ဆရာမတွေဆိုတော့ ရွာကလူတွေဟာ သဲသဲလူပ်နေကြတာကွဲ့၊
တပည့်တွေကလဲ ဆရာမြင့်မောင် ဆီသိပ်ပြီးမလာကြတော့ဘူး၊
နောက်ဆုံးပြောရရင် ဆရာမြင့်မောင်စာသင်ရင်တောင် ကလေးတွေကမလေးစားတော့ဘူး၊ ဂရုလဲမစိုက်ိုက်ကြဘူး၊
သင်နေတဲ့ဆရာကအရှေ့ကသင်နေပေမယ့် ဆော့နေကြတာကများလွန်းတယ် ၊
သူ့တပည့်တွေက သူ့ကိုအလေးမထားတာကြောင့် အဲ့ဒီကျောင်းမှာပဲ ဆွဲကြိုးချသေသွားခဲ့တယ်လေ×
**ဒါဆို ခွန်းကရော သမီးသူငယ်ချင်းခွန်း လေ**
×အဲ့ဒီကလေးမလေးက ဆင်းရဲတယ် ၊
စာတော်ပေမယ့်လဲ ဆင်းရဲတာကြောင့်လူရာမဝင်ခဲ့ဘူး၊ကုန်ကုန်ပြောရရင် အဆင့်၁ရ့၁ရပေမယ့်လဲ အဆင့် ၁၀လောက်ဖြစ်ရင်ဖြစ်သွားတာ၊
ရွယ်တူအချင်းချင်းတွေကပဲ နှိမ်ကြတယ် ၊ပြောဆိုကြတယ်၊
တစ်နေ့မှာ သူတို့အတန်းပိုင်ဆရာမက ကျောင်းကပွဲပြုလုပ်ကြမယ် ဆိုပြီး ကလေးတွေကိုပြောပြတယ်လေ၊ ဒါပေမယ့့် ဆရာမကအစ ခွန်း အပေါ်ကို ခွဲခြားဆက်ဆံတာကြောင့် ခွန်းဟာ စိတ်ဓာတ်တွေကျပြီး ဆွဲကြိုးချသေသွားခဲ့တယ်လေ×
**ဖြစ်မှဖြစ်ရလေ ခွန်းရယ် **
မိနှောင်းတစ်ယောက် တရူတ်ရူတ်နဲ့ငိုကြွေးနေလေ၏
×ရှိသေးတယ် အဲ့လိုနဲ့မပြီးသွားဘူး လွန်ခဲ့တဲ့ နှစ်က
အခန်းAမှာ စာသင်လို့ မရလောက်တဲ့ထိကိုဖြစ်ခဲ့ရတယ်၊
ကျောင်းဆရာမဝင်လာပြီဆိုတာနဲ့ အခန်းရဲ့အလယ်တည့့်တည့့်ကနေ ဆွဲကြိုးချပြီးသေတဲ့ ဆရာမောင်မြင့်ရောက်ရောက်လာတယ်
ဆရာမတွေလဲ မဝင်ရဲတော့ဘူး အခန်းAကို၊
နောက်တစ်ခုက အိမ်သာသွားတဲ့ ဘယ်သူမဆို အနောက်နေ လက်နဲ့ လှမ်းဆွဲပြီး ဇတ်ကျိုးနေတဲ့ ပုံစံနဲ့ကိုခြောက်လှန့်ခဲ့တာ
တစ်ခါတစ်လေ ကျောက်သင်ပုန်းပေါ်မှာ စာတွေရေးနေတတ်တယ် နောက်ဆုံး အခန်းAကိုပိတ်ထားရတဲ့အထိပါပဲကွယ်×
**လေးလေးတို့ကအမျှမဝေပေးဘူးလား **
×ဝေပေးပေမယ့် မရခဲ့ပါဘူးလေ×
စာမေးပွဲဖြေဆိုရက်ရောက်ပြီမို့ မိနှောင်းတစ်ယောက်စာကိုသာအာရုံစိုက်ပြီးလုပ်နေတော့သည်
၆ဘာသာအကုန်ပြီးစီးပြီးနောက် မိနှောင်း မေမေက မြို့ကိုပြန်ခေါ်သွားခဲ့သည်ပဲ
**မေမေ မနက်ဖြန်စာမေးပွဲအောင်စာရင်းထွက်ပြီနော်**
•ငါ့သမီးက စာကိုစိတ်မဝင်စားပါဘူးအခုမှ အောင်စာရင်းကိုလာပြီးမေးနေတယ်•
**သမီးဘဝတွက်အရေးကြးတယ် မေမေရဲ့**
•ဟုတ်ပါပြီ ဟုတ်ပါပြီ•
တစ်ညလုံး ရင်ခုန်စွာနဲ့ ဦးလေးရဲ့ ဖုန်းဆက်လာမည့် အချိန်ကိုစောင့်ဆိုင်းနေလေတော့သည်
×××××တီ×××××××တီ×××တီ××××
ဖုန်းသံကြောင့် မိခင်ဖြစ်သူ ဒေါ်လှကျေးဟာ အိမ်ရှေ့သို့ပြေးထွက်လာပြီး
•ဟဲလို •
×ညီမလေး အကိုကြီးပါ
တူမလေး စာမေးပွဲအောင်တယ်ဟ×
•တကယ် တကယ်ပြောတာလားအကိုကြီး
နောက်နေတာမဟုတ်ပါဘူးနော်•
မိခင်ဖြစ်သူဒေါ်လှကျေး တစ်ယောက် ဝမ်းသာမျက်ရည်တွေကျလို့နေလေသည်
×ရိုးရိုး အောင်တယ်ထင်နေလား
ဂုဏ်ထူး ၃ဘာသာပါတယ်ဟ ပါတယ်×
•တကယ် အကိုကြီး ဟာ ညီမလေးဖြစ်ဝမ်းသာလို့ အသက်ပါထွက်နိုင်တယ်
ဖုန်းချလိုက်တော့မယ်နော် အကိုကြီးတူမကိုပြောရအုံးမယ်•
×အေးအေး×
•သမီးရေ သမီးနှောင်း
ဒီကောင်မလေးဘယ်ရောက်နေတာပါလိမ့်•
ဒေါ်လှကျေးတစ်ယောက် သမီးဖြစ်သူနှောင်းရဲ့အခန်းထဲသို့ဝင်သွားခဲ့သည်
•ဟင် သမီးဘာလို့အထုတ်အပိုးတွေထည့့်နေတာလဲ•
**လေးလေးတို့ရွာသွားမလို့ဒီနေ့ပဲ
မေမေပြောထားတယ်နော် စာမေးပွဲအောင်ရင် သမီးဖြစ်ချင်တာကြိုက်တာလုပ်လို့၊
အခုမေမေပါလိုက်ခဲ့တော့ **
နှောင်း ဟာ အကျိုးအကြောင်းအကုန်ပြောပြလိုက်သည်
မိခင်ဖြစ်သူဟာ အားလုံးကိုသဘောပေါက်ပြီး
ချက်ချင်း ပေါက်ပင်ရွာလေးကို အရောက်သွားခဲ့သည်
မိနှောင်းဆရာပြောထားတဲ့အတိုင်း စာမေးပွဲအောင်စာရင်းထွက်တဲ့နေ့မှာ အမျှဝေမည့်ကိစ္စပင်ဖြစ်သည်
အမျှဝေပြီးနောက်
မိနှောင်းဟာ ညဘက်ပဲ ကျောင်းတွင်းသို့သွားခဲ့သည်
ဒီတစ်ခါတော့သူမ မကြောက်တော့ပေ၊
သူမကျောင်းရှေ့ဝသို့ရောက်တော့
**ခွန်းး**
မိနှောင်းတစ်ယောက် ဆွံအသွားသည်
ခွန်း ဟာ အရင်ကထက်ပြုံးလို့ပျော်လို့
°နှောင်း နင်ပြုလုပ်ပေးတဲ့ ကုသိုလ်တွေ ငါတို့ရကြပါတယ်၊
ငါနင့်ကိုအမြဲသတိရနေမှာပါ နှောင်း
အခုငါသွားရတော့မယ်
နင့်ကိုဆရာစောင့်နေတယ် သွားလိုက်အုံးနော်°
ခွန်း ဟာ လက်ကလေးပြကာပျောက်ကွယ်သွားတော့သည်
နှောင်း တစ်ယောက် သူ၏ဆရာဆီသို့ အပြေးလေးသွားခဲ့သည်
အခန်းဝတွင်စီး၍ကြိုနေသော တည်ကြည်ခန့်ညားလှသောအသွင်နှင့် နှောင်း ကိုပြုံးပြနေလေသည်
×သမီး ကတိတည်လို့ ဆရာဝမ်းသာပါတယ်×
**ဆရာ့ကို သမီးနောက်ဆုံးအနေနဲ့ ကန်တော့ပါရစေနော်ဆရာ**
×ကန်တော့ပါကွယ် ကန်တော့ပါ
ဆရာ့ရဲ့နောက်ဆုံးအချိန်မှာ တပည့်တွေရဲ့ အောင်မြင်မှုကိုမြင်ရတော့ ပီတိဖြစ်ရပါတယ်ကွယ်
ဆရာဆိုတာပီတိကိုပဲစားတာကွယ့်×
မိနှောင်းတစ်ယောက် ဆရာ့ကိုကန်တော့လို့အပြီးမှာ
ဆရာဖြစ်သူကိုမတွေ့ရတော့ပါဘူး
**ဆရာကောင်းတွေရဲ့မေတ္တာကိုသမီးနားလည်ပါပြီ ဆရာ**
နှောင်း ဟာ စိတ်ထဲမှာရေရွတ်ရင်း မျက်ရည်စတွေကိုသုတ်လျှက် ကျောင်းထဲကနေလှည့်ထွက်လာပါတော့သည်။
ပြီးပါပြီ။
နှောင်းနွေ (ကိုယ်တိုင်ရေး)
ကျောင်းဆရာ\မတွေဟာပီတိကိုစားသုံးသလို
စာရေးသူတွေကလဲ စာဖတ်သူတို့တို့ရဲ့ အာပေးမှုကိုစားသုံးချင်ကြပါတယ်။
စာဖတ်သူများကိုအစဥ်လေးစားလျှက်။