ပိုင်းလုံးမ

ပိုင်းလုံးမ(စ/ဆုံး)
————-

ကိုသက်ထွေး..ဆုံးတော့..နုယဉ်..အသက်က
၃၂နှစ်ထဲရောက်ကာစပင်ရှိသေးသည်။
နုယဉ် ကိုသက်ထွေးနဲ့အကြောင်းပါပြီး..ယောင်နောက်
ဆံထုံးပါ..ဆိုသလို..ကိုသက်ထွေးရဲ့…
ဇာတိ..မြို့ငယ်လေးသို့..
လိုက်ပါခဲ့ရသည်။

ခုတော့..အိမ်ထောင်သက်၅နှစ်..အရောက်
မမျှော်လင့်ပဲ ခင်ပွန်းသည်..ကိုသက်ထွေးက
ဆုံးပါးသွားခဲ့ရသည်၊ဒီတော့..ကျန်နေခဲ့တဲ့
နုယဉ် အတွက်..သားသမီးကလည်းမရှိ..
သူမဇာတိပြန်ဖို့ကျပြန်တော့လည်း…
နဂိုကတည်းက..အဖေအမေမရှိတော့တဲ့..သူမကို
အဒေါ်က..ကျွေးမွေးပြုစုလို့..အရွယ်ရောက်ခဲ့ရတာ။
ခုတော့..အဒေါ်ဖြစ်သူကလည်း..ဆုံးပါးသွားခဲ့ပြီ..
ကျန်နေခဲ့တဲ့ အဒေါ့်ယောက်ျားနဲ့..သားသမီးတွေ
ဆီတော့..နုယဉ် မပြန်ချင်..သူတို့ကလည်း..
နုယဉ်ကို..ကြည်ဖြူမှာမဟုတ်။

ဒီတော့..ကိုသက်ထွေးနဲ့အတူနေခဲ့တဲ့..အိမ်လေးမှာပဲ
ဆက်နေရင်း..ဆွေလိုမျိုးလိုဖြစ်နေတဲ့..အိမ်နားနီးချင်း
တွေကို..အားကိုးပြီး..နုယဉ် နေခဲ့ရသည်။

၃၀စွန်းစ မိန်းမတစ်ယောက်..
အရွယ်ကလည်းရှိ..ရုပ်ကလည်းလှတဲ့နုယဉ်ကို
အတည်သဘောရော…အပျော်သဘောရော..
ကြောချင်..ကြံချင်တဲ့..ယောက်ျားတွေမှ..
တကယ့်ကိုအများကြီး။
မိန်းတစ်ယောက်ရဲ့အကောင်းဆုံးအရွယ်..
အလှပဆုံးအချိန်မှာ…
မုဆိုးမလေးဖြစ်သွားတဲ့..နုယဉ်က..
အပျိုတွေထိုင်ငိုရမတက်..လှပပြီး
အမို့အမောက်..အဖုအထစ်..
အဝေ့အဝိုက်နဲ့..ကောက်ကြောင်းတွေက
ပုရိသတွေအတွက်..ကျိတ်မနိူင်ခဲမရဖြစ်စေသည်။

“ဒီတိုင်းတော့..အဆင်မပြေပါဘူးနုယဉ်ရယ်..
ညဉ်းက..အရွယ်ကလည်းရှိ ရုပ်ကလေးလှဆိုတော့
တဏှာရူးတဲ့ကောင်တွေနဲ့..တွေ့သွားမှာ..
ငါတော့စိုးရိမ်တယ်အေ..ညဉ်း..အိမ်ထောင်မထူ
တော့ဘူးလား….

တစ်မြို့လုံးက..မုဆိုးဖို..မုဆိုးမ..
တစ်ခုလပ်..တစ်လင်ကွာ…
ဂေါ်မစွန်..အပျိုကြီး..လူပျိုကြီးတွေပါမကျန်..
အောင်သွယ်ပေးနေတဲ့..ဒေါ်ခင်မမ ဆိုတဲ့မိန်းမကြီး
နုယဉ်ဆီရောက်လာပြီး..ခုလိုစကားချီလိုက်ခြင်း
ဖြစ်သည်။ခင်မမအောင်သွယ်ရင်…မရတာမရှိဘူး..
ကျောက်ရုပ်တောင်..ခေါင်းညိမ့်အောင်ပြောနိူင်တယ်
ဆိုပြီး..ခင်မမက…အောင်သွယ်အရာမှာ..
နာမည်ကြီးလှသည်။

“ခုထိတော့..နုယဉ် ဘာမှမစဉ်းစားသေးပါဘူး..
မမခင်ရယ်….

သက်ပြင်းလေးတစ်ချက်..ကျိတ်ချရင်း..
နုယဉ်က ပြောလိုက်သည်။

“နုယဉ်..မမက..ညဉ်းကို..ကိုယ့်ညီမလေးလို
သဘောထားလို့ပြောမယ်နော်…
ညဉ်းဘဝအတွက်လည်း..လုံခြုံအောင်..
တစ်ဘဝလုံးအတွက်လည်းစိတ်အေးရအောင်..
စိန်သုံးလုံးပွဲရုံပိုင်ရှင်..ဦးကြင်သက်ကို..ညဉ်းယူ
လိုက်ပါ့လား..အဲတာဆို..ညဉ်းသူဌေးကတော်..
ဖြစ်ပြီ….

“အို….
မမခင်ရယ်..ကိုယ့်အဖေအရွယ်ကြီးကို..
နုယဉ်မယူချင်ပါဘူး…

နုယဉ်က..အကြောက်အကန်ငြင်းဆန်သည်။

“ညဉ်းတို့..အဲတာကြောင့်ခက်တာ..
နုယဉ်.ခုညဉ်းကိုကြိုက်နေတဲ့..ညဉ်းကလည်း..
ကျိတ်ပြီးသဘောကျနေတဲ့..မောင်မြတ်သူဆိုတာ..
လူပျိုဆိုတဲ့ဂုဏ်ကလွဲရင်..ဘာပြစရာရှိလို့လည်းအေ..
သေသွားတဲ့..ညဉ်း ယောက်ျားသက်ထွေးနဲ့..
ဘာထူးလို့လည်း…ဒီမယ်ငါ့ညီမ..ချစ်တာတွေ..
မေတ္တာတွေဆိုတာ..အိမ်ထောင်ဆိုတဲ့..
အဆောက်ဦးတစ်ခုကို..တည်ဆောက်လိုက်တာနဲ့..
ငြမ်းအဆင့်ပဲ..ဘာမှအရေးမပါတော့ဘူး…
ဘယ်လောက်ချစ်ချစ်..ငွေမရှိရင်..အိမ်ထောင်ရေး
ဆိုတာ..ပျော်စရာမကောင်းသလို..မသာယာဘူးညီမ..
ကြာလေ..ကြာလေ…ချစ်တာတွေမေတ္တာတွေက
အိမ်ထောင်ရေးမှာ..အရေးမပါလေပဲ…
ပြည့်စုံရင်..အိမ်ထောင်တစ်ခုဟာ..ချစ်ချစ်..
မချစ်ချစ်..သာယာတာပဲနုယဉ်..
ခုကြည့်လေ..ညဉ်းချစ်လှပါပြီဆိုပြီး..
ပြည့်စုံအောင်ထားမပေးနိူင်တဲ့ယောက်ျားနဲ့..
အိမ်ထောင်ကျဘူးတာပဲ…
ပိုက်ဆံမရှိတဲ့အခါ..ကဲ..ဘယ်မလဲ..ညဉ်းအချစ်
အသုံးဝင်သေးရဲ့လား…စဉ်းစားစမ်းပါအေ…

စကားကိုရှည်လျားစွာပြောပြီး..ဒေါ်ခင်မမက
နုယဉ်ကို အကဲခတ်လိုက်သည်။အပြောကောင်းလွန်း
တဲ့..ဒေါ်ခင်မမကြောင့်..နုယဉ်..တွေဝေသွားမိသည်။

“ပိုက်ဆံမရှိရင်..ပျော်စရာ မကောင်းဘူးဆိုတာတော့
ဟုတ်တယ်….

ကိုသက်ထွေးနဲ့..နေခဲ့ရတဲ့ဘဝကိုတွေးရင်း..
နုယဉ်ကပြောလိုက်မိသည်။
အဆင်မပြေမှု့တွေ ရုန်းကန်နေရတာနှင့်ကို..
အချစ်ဆိုတာ..နုယဉ်အတွက်..စိတ်ကူးယဉ်ခွင့်
မရခဲ့။ခက်ခက်ခဲခဲ..လုပ်ကိုင်ရင်းနဲ့..သူမ..ကိုးကွယ်
ခဲ့တဲ့..အချစ်က..ကြက်ပျောက်ငှက်ပျောက်နဲ့..
အိမ်ထောင်သက်၅နှစ်အတွင်းမှာ..ဘယ်ရှာရမှန်းကို
နုယဉ်မသိခဲ့တော့။

ဒေါ်ခင်မမက..သူ့အကွက်ထဲကို..နုယဉ် ဝင်လာပြီ
ဆိုတာ..သိတာနဲ့..စကားလုံးတွေနဲ့..
တလစပ်..နုယဉ် နားကိုပစ်သွင်းတော့သည်၊။

“ယောက်ျား ဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်..ငယ်တာချောတာ
လေးနဲ့..နေချင်တဲ့သူချည်းပဲနုယဉ်..
ယောက်ျား မိန်းမဆိုပြီး..လိင်ကွဲပြားသွားတာပဲရှိတာ..
အားလုံးကအတူတူပဲ…
ဦးကြင်သက်ဆိုတာ..အသက်ရှစ်ဆယ်တမ်းရောက်
နေပြီ..ဒါကို..အဲဒီလူကြီးက..မမခင်ကို..ဆေးပေး
မီးယူလေးတစ်ယောက်လောက်ရှာပေးပါတဲ့..
နောက်ကြောင်းရှင်းပြီး..ရုပ်ရည်အသင့်တင့်ရှိတဲ့
သုံးဆယ့်ငါးထက်မပိုတဲ့..မိန်းမမျိုး..သူက
လိုချင်တာတဲ့…ဟင်း..ဟင်း…

ဒေါ်ခင်မမက..စကားကိုရပ်ပြီး..မချိပြုံး..ပြုံးလိုက်သည်။
နုယဉ်ကတော့..အညို့ခံထားရတဲ့.သူတစ်ယောက်လို
ဘာမှမပြောနိူင်ပဲ..ခင်မမစကားတွေကိုသာ..
နားထောင်နေမိသည်။

“နုယဉ်လည်း..လူပဲလေ..ငယ်ငယ်ချောချော
ယောက်ျားနဲ့ပဲ..အတူနေချင်မှာပေါ့…
မမခင်နားလည်ပါတယ်…
ဒါပေမဲ့…စောစောကပြောသလို..
မရိုးမအီခင်ပဲ..ညဉ်းပျော်မှာ…
နောက်ကျရင်…ပိုက်ဆံမရှိတာနဲ့..
ညဉ်းတစ်ဘဝလုံး..လူးလှိမ့်နေအောင်ခံစားရမှာ..
မမခင်ပြောမယ်..သေချာနားထောင်..

စကားကိုဖြတ်လိုက်ပြီး..ခင်မမက…နုယဉ်လက်တစ်
ဖက်ကို..ဆုပ်ကိုင်လိုက်သည်။

“ညီမ..မမခင်ပြောမယ်…ညဉ်းအသက်က
ခုမှသုံးဆယ်စွန်းစွန်းလေးပဲရှိသေးတာ….
ဟိုလူကြီးက..၇၀ကျော်လို့..၈၀တမ်းနားရောက်နေပြီ..
ညဉ်းအသက်.လေးဆယ်မရောက်ခင်..အဲဒီလူကြီး
ကိစ္စချောမှာအသေချာပဲ…အဲဒီတော့..သားထောက်
သမီးခံမရှိတဲ့..ဒီမုဆိုးဖိုကြီးသေတာနဲ့..ငါ့ညီမက
လင်ပိုင်ပစ္စည်းမယားဆိုင်ဆိုသလို…
ချက်ချင်းသူဌေးမလေးဖြစ်သွားလိမ့်မယ်။
လေးဆယ်ဆိုတဲ့အရွယ်ဟာ..ကျန်းမာတဲ့မိန်းမ
တစ်ယောက်အတွက်…ငွားငွားစွင့်စွင့်ပွင့်နေတဲ့
နှင်းဆီပန်းကြီးလိုပဲညီမ..သိပ်လှတဲ့အရွယ်ပေါ့..
အဲဒီအခါကျမှ..ငါ့ညီမလေးက..ငယ်တာယူမလား..
ချောတာယူမလား..ကြိုက်တဲ့ယောက်ျား..
ခေါင်းခေါက်ယူလို့ရတယ်ညီမ..ဟင်း…ဟင်း….

ဒေါ်ခင်မမက..နုယဉ်ကို..မေးဆက်ပြပြီး..
ဘယ်လိုလဲ..ဆိုတဲ့သဘောဖြင့်မေးလိုက်သည်။

“အဲလိုဆိုရင်..နုယဉ်က ပိုင်းလုံးမဖြစ်နေမှာပေါ့…

“အိုး….နုယဉ်ရယ်…သူများလင်ရယ်..
အပျော်ပါးမက်တဲ့ယောက်ျားတွေရယ်ကို..ခဏလေး
အတူအိပ်ပြီး..ငွေချူစားတဲ့ ပိုင်းလုံးမတွေထက်..
ညဉ်းက အများကြီးအဆင့်မြင့်တယ်…
ပိုင်းလုံးတော့..ပိုင်းလုံးပေါ့အေ…
သမာအာဇီဝကျတဲ့..အထက်တန်းစား..ပိုင်းလုံးမပေါ့…
……. ……………. …

နောက်တော့..နုယဉ်.ခင်မမစကားတွေနားယောင်ပြီး
ဦးကြင်သက်ကို..လက်ခံလိုက်သည်။
ခင်မမပြောသလို..လူနေမှု့အဆင်တန်းက..
ချက်ချင်း..နုယဉ်အတွက်ပြောင်းလဲသွားသည်။
အဝတ်အစား..အသုံးဆောင်မှအစ..
သူမအိပ်မက်တောင်မမက်ဖူးတဲ့…တကယ့်..
အကောင်းစားတွေ…ငွေဆိုတာတော့..
ဖောသီလောသီနဲ့ ရေလိုကိုသုံးလို့ရသည်။
…………………
ခက်တာက..သူအို..သူနာ..သူသေဆိုတဲ့အထဲက
သူအိုဖြစ်နေပြီး..နာစပြုနေတဲ့..လူအိုကြီးတစ်ယောက်
နဲ့..တကုတင်..တစ်အိပ်ယာထဲအတူအိပ်စက်ရတာ
ကြီးက..နုယဉ်အတွက်..သေလောက်အောင်..
စိတ်ပျက်..အောင့်အီး သည်းခံ နေရသည်။
ယောက်ျားများ..ဖွဲတစ်ဆုပ်ကို.မ နိူင်သမျှ
တဏှာသက်မကုန်ဘူးဆိုတဲ့စကား..ဦးကြင်သက်နဲ့
တွေ့မှ..တကယ်ဆိုတာ..နုယဉ်သိရသည်။

ဒီလိုနဲ့..အစကတည်းက သူအိုဖြစ်နေတဲ့..
ဦးကြင်သက်ဟာ..တဖြည်းဖြည်း.. နာစပြုလာပြီး
သူနာ..ဘဝရောက်လာသည်။
သူအို..သူနာ…သူသေဆိုတဲ့လောကနိယာမ..
သဘောအရ..သေဖို့နောက်ဆုံးအချိန်…

ဒီနေ့ကို..နုယဉ်..အမြဲတမ်းမျှော်လင့်နေခဲ့တာ…
ဒါဟာသူမ..ရိုးသားစွာ..ဝန်ခံခြင်းဖြစ်သည်၊။

“မရတောဘူး.မနုယဉ်..

ဆိုပြီး..ဆရာဝန်က..နုယဉ်ကို..အခန်းအပြင်မှာ
ဦးကြင်သက်အခြေနေကိုပြောရင်း..ရွှန်းရွှန်းစားစားကြီး
ကြည့်ရင်းပြောလိုက်သည်။
ဒီအကြည့်..ဒီအမူယာတွေဟာ..အညှီငတ်နေတဲ့
သားစားသတ္တဝါရဲ့..ဟန်ပန်ဆိုတာ..နုယဉ်က
နောကြေပြီးသား။

“ဘယ်တတ်နိုင်မလည်း..ဒေါက်တာ…
အစ်ကိုကြီးကံပေါ့…ဒေါက်တာလည်း..
အကောင်းဆုံးလုပ်ပေးပြီးပြီပဲ…

ဆရာဝန်ပြန်သွားတော့..နုယဉ်..ဦးကြင်သက်ရှိရာ
အခန်းထဲပြန်ဝင်လိုက်သည်။

ကုတင်ပေါ်မှာ အဖိုးကြီးက..ဖုတ်လှိုက်ဖုတ်လှိုက်
ဖြစ်နေပြီး…အသက်ကို..မနည်းအားပြုပြီး
ရှုနေရရှာသည်။
သူဘေးမှာ..နုယဉ်လာထိုင်တာမြင်တော့
အဖိုးကြီးက..နုယဉ်လက်ကလေးကိုဆုပ်ကိုင်ပြီး..
လေသံဖျော့ဖျော့လေးဖြင့်…

“နု…အစ်ကိုကြီးကိုချစ်လားဟင်…

ရော…အဲတာကြည့်တော့..သင်္ချိုင်းကိုခြေတစ်ဖက်က
လှမ်းနေပြီ..တဏှာရူး နေတာက..မပြီးသေးဘူး…
ယောက်ျားတွေများ…ရွံစရာကောင်းလိုက်တာ…
နုယဉ်က..မပြုံးချင်ပေမဲ့..ပြုံးပြပြီး..
ခေါင်းလေးငြိမ့်၍.. .

“ချစ်တာပေါ့..အစ်ကိုကြီးရယ်….

နုယဉ်စကားကြားတော့.အဖိုးကြီးက…
ဟောက်ပက်ဖြစ်ပြီး…
ချိုင့်ဝင်နေတဲ့..မျက်တွင်းနက်နက်ကြီးတွေထဲ..
ကျဉ်းမြှောင်းမြှောင်းမျက်လုံးတစ်စုံက..
အရောင်တွေလက်လာပြီး..ပါးချောင်နားချောင်တွေ
ကျနေတဲ့..ပါးစပ်က..မလှမပပြုံးလိုက်တာကိုကြည့်ပြီး
နုယဉ်.. အော်ဂလီဆန်ချင်သလိုတောင်..
ဖြစ်သွားသည်။

“အနိစ်စ ဒုက်ခ အနတ်တ
အနိစ်စ ဒုက်ခ အနတ်တ..
သဗ်ဗသေတ်တာ ကမ်မသကာ..
.
တဏှာရူး ပြီး..တရားရွတ်ရင်း..အဖိုးကြီးက
အသက်ထွက်သွားတော့..နုယဉ်ပြုံးမိသည်။
ဘုရားယောင်ယောင်..တရားယောင်ယောင်..
မ မြင်ရင်အကြောထောင်ဆိုတဲ့စကား..တယ်ဟုတ်
ပါလားဆိုပြီး..တွေးလိုက်မိသည်။
…………… ….

ခုတော့..အဖိုးကြီးလည်းသေပြီ..
နုယဉ်လည်း…သူဌေးမကြီးဖြစ်နေခဲ့ပြီ…
ခက်တာက…အဖိုးကြီးက..သေတော့သေတယ်…
………
အဖိုးကြီးမသေခင်
၁၂အရွယ်သားတစ်ယောက်နဲ့…
၉နှစ်အရွယ်..အမြွှာသမီးနှစ်ယောက်..
ပေါင်းလိုက်တော့..ကလေးသုံးယောက်..ရပြီးမှ
အဖိုးကြီး သေသွားတာက..နုယဉ်အတွက်…
စောက်ပြဿနာ…

✍၈. ၉. ၂၀၂၃
⏱ညနေ ၄နာရီ ၃၅မိနစ်

#ပီယ_ရွှေညာမြေ