“ပြစ်ဒဏ်”(စ/ဆုံး)

Unicode Version

“ပြစ်ဒဏ်”(စ/ဆုံး)
———————-
#လယ်တွင်းသားစောချစ်
မနေ့က တောင်ငူမြို့ အ.လ.က (၂) သို့ ကျောင်းအုပ် ဆရာကြီး ဦးစံလှိုင်ရောက်လာသည်။ ညနေပိုင်းမှာ ကျောင်းသားများ ဘောလုံးကန်သည်ကို ဆရာကြီး ကွင်းဘေးမှာရပ်ပြီး ခဏကြည့်သည်။ ဆရာကြီး နှင့်အတူ ဆရာဦးလှထွန်း၊ ဆရာမဒေါ်မြင့်ဌေး၊ ဒေါ်ခင်စိုးတို့ရှိသည်။
ဆရာကြီးတို့ရှိရာသို့ ဌေးဦး လှမ်းကြည့်လိုက် သည်။ ဆရာကြီး သူ့ကို သိစေချင်သည်။ ထူးထူး ခြားခြား မှတ်မိစေချင်သည်။

“ဘာလုပ်ရမလဲ”

ဌေးဦးစဉ်းစားသည်။ ထိုအချိန်တွင် သူထံသို့ ဘောလုံးရောက်လာသည်။ ဌေးဦး စိတ်ကူးရသွား သည်။
ဘောလုံးကို တစ်ဖက်အသင်းဘက်သို့ မကန် ဘဲ ကိုယ့်ဘက်မှ ဂိုးဆီသို့ ဆွဲယူလာသည်။

“ဟေ့ကောင်… ဌေးဦး ဘာလုပ်တာလဲကွ… ဟေ့ကောင် မလုပ်နဲ့…”

သူ့ဘက်မှ လူများအော်ဟစ်ပြောဆို နေစဉ် မှာပင် ဌေးဦးက ကိုယ့်ဂိုးကိုယ် ကန်သွင်းလိုက်သည်။
ဂိုးသမားကလည်း အံ့အားသင့်ပြီး ကြည့်နေသည်။

“ဟာ… ဒီကောင်ကွာ…”
ဘောလုံးက ဂိုးတိုင်မှန်ပြီး ဘေးထွက်သွားသည်။

“ဟေ့ကောင်… မင်းဘာလုပ်တာလဲ… ထွက် ကွာ မပါနဲ့… သွား…”
သူ့ဘက်မှလူများ ဝိုင်းဆူကြ၊ ပြောကြ၍ ဌေးဦး ထွက်လာခဲ့ရသည်။
ဆရာကြီးနှင့် ဆရာမများရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ဆရာကြီးကို ဆရာ ဦးလှထွန်းက ပြောပြနေသည်။ ဝေးလွန်း၍ ဘာပြောမှန်းမသိ။
ယနေ့တော့ ဌေးဦး ဆရာကြီးနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ရတော့မည်။ တတိယတန်းမှ ခင်ပြည့်ကို ဌေးဦးဆောင့်တွန်း၍ ဖင်ထိုင်လဲကျသွားသည်။ ဌေးဦးက ပဉ္စမတန်းမှဖြစ်သည်။ တကယ်ဆို တတိယ တန်းဆရာမကို တိုင်သင့်သည်။ သို့သော် ဒုတိယ တန်း ဆရာမ ဒေါ်ခင်စိုးက ခင်ပြည့်ကိုခေါ်၍ ကျောင်းအုပ်ကြီး ရုံးခန်းသို့သွားပြီး ဆရာကြီးကို တိုင်သည်။
ဌေးဦး နောက်မှလိုက်ခဲ့သည်။ ဆရာကြီး ရုံးခန်းနားရောက်သော် ဒေါ်ခင်စိုးအသံကို အပြင်မှ ကြားရသည်။

“ဒီကောင်လေးက သိပ်ဆိုးတာ ဆရာကြီး ဒီကျောင်းမှာ သူက လူဆိုးလုပ်နေတာ။ ဘယ်သူ့မှ မကြောက်ဘူး။ ကျွန်မတို့ဆရာ၊ ဆရာမအားလုံး သူ့ကို မရိုက်ဖူးတဲ့လူမရှိဘူး။ ဘယ်လိုရိုက်ရိုက် ဘယ်တော့မှ မကြောက်ဘူး။ ပြောင်းသွားတဲ့ ဆရာကြီးဆို ရက်ရက်စက်စက်ရိုက်တာ၊ မျက်ရည် တစ်စက်မှမကျဘူး။ အခုလည်း ဆရာကြီးအသစ်ဆိုပြီး စမ်းတာ သာမန်လောက်ရိုက်ရင်တော့ သူက ကြောက်မှာ မဟုတ်ဘူး။ ဆရာကြီး အစကတည်းက သူ့ကို ဦးကျိုးအောင် ချိုးထားမှရမှာ…”

ဆရာမ ဒေါ်ခင်စိုးက တွန်းတွန်းထိုးထိုး ဦးချိုး ခိုင်းနေသည်ကို ကြားရ၏။ ဌေးဦးပြုံးလိုက်သည်။ မဲ့ပြုံး။
“သူ့ကို ဆရာကြီး ခေါ်နေတယ်လို့ ရုံးခန်း လွှတ်လိုက်ရမှာလား ဆရာကြီး…”
ဒေါ်ခင်စိုး၏ လွှတ်ချင်စိတ်ကို ဖော်ပြနေသော အမေးဖြစ်၏။

“လွှတ်လိုက်ပါ…”

ဒေါ်ခင်စိုးနှင့် ခင်ပြည့် ဆရာကြီးရုံးခန်းမှ ထွက်လာသည်။ အပြင်မှာ ရပ်နေသော ဌေးဦးကို တွေ့သည်။

“နင့်ကို ဆရာကြီး ခေါ်ခိုင်းလိုက်တယ်။ ရုံးခန်း ထဲမှာ ဆရာကြီးရှိတယ်…”

ဒေါ်ခင်စိုးက ပြောပြီး ထွက်သွားသည်။
ဌေးဦး ဆရာကြီးရုံးခန်းထဲ ဝင်သွားသည်။

“မင်းနာမည် ဌေးဦးလား”

ဆရာကြီးက မေးသည်။
ဌေးဦး ခေါင်းညိတ်ပြသည်။

“ပါးစပ်က ဖြေ”

ဆရာကြီးလေသံက မာသည်။

“ဟုတ်ပါတယ်”

“ဟုတ်ရင် လက်ပိုက်ထား …”

ဌေးဦး လက်ပိုက်လိုက်သည်။
“မင်း တတိယတန်းက မိန်းကလေးကို တွန်းလား ထိုးလား လုပ်တယ်ဆိုတာ ဟုတ်သလား”

“ဟုတ်ပါတယ်”

ဌေးဦးက မညာ။ မှန်သည့်အတိုင်း ဝန်ခံ သည်။

“မင်း ဘာလို့ အဲဒီလိုလုပ်ရတာလဲ…”

“သူက အဲဒီအတန်းမှာရှိတဲ့ ကျွန်တော့် ညီမလေးကို လုပ်လို့ပါ”

“ဒါဆိုရင် ဆရာမတိုင်ရမှာပေါ့ကွ၊ မင်းဆရာမ တိုင်လား”

“မတိုင်ပါဘူး”

“မင်းပြောသလိုဆိုရင် အဲဒီကလေးမရဲ့အစ်ကိုက သတ္တမတန်းမှာရှိတယ်ဆိုပါစို့ကွာ။ မင်းထက်လည်း အားကြီးတယ်၊ မင်းကို ဖင်ထိုင်ကျအောင် တွန်းထိုးမယ်…။ မင်းကျေနပ်မလား…”

ဌေးဦး ဘာမျှမဖြေ။
“မင်းက ဒီကျောင်းမှာ လူဆိုးလား…”

ဆရာကြီးမေးသည်က ပုံမှန်အသံဖြစ်သည်။ ဌေးဦး ဘာမျှမဖြေ။

“လူဆိုးဆိုတဲ့စကားနဲ့ ကျောင်းသားနဲ့ မလိုက်ဖက်ပါဘူးကွာ…၊ ငါ့တပည့်ကို လူကောင်း လူလိမ္မာ၊ ကျောင်းသားပဲဖြစ်စေချင်တယ်…”

ဆရာကြီးက ဌေးဦးကို လှမ်းကြည့်သည်။ ဌေးဦး ဘာပြန်ပြောရမှန်းမသိ။ သို့သော် “ငါ့တပည့်” ဟု ပြောသည်ကိုတော့ သဘောကျသလို ခံစားရသည်။ အရင်က သူ့ကို ဘယ်သူ့မှ ငါ့တပည့်ဟု မခေါ်ဖူးပါ။

“လူကောင်း လူလိမ္မာ မဖြစ်ချင်ဘူးလား”
ဌေးဦးကို ကြည့်၍ ဆရာကြီး၏အမေး။

“ဖြစ်ချင်ပါတယ်”
ဌေးဦး၏အဖြေ။

“ကျောင်းသားကောင်း တစ်ယောက်ရော မဖြစ်ချင်ဘူးလား”

“ဖြစ်ချင်ပါတယ်….”

ဆရာကြီးက စားပွဲပေါ်မှာ အသင့်ရှိသော ကြိမ်လုံး ရှည်ကြီးကို လှမ်းကြည့်လိုက်သည်။
ဤကလေးသည် အကြိမ်ပေါင်းများစွာ အရိုက် ခံရပြီးပြီ။ အရိုက်ခံရမည်ကို ကြောက်ဟန်မတူ။ ကျောင်းသားဆိုးဖြစ်ရသည်ကို ဂုဏ်ယူနေဟန် တူပါသည်။ မနေ့က ညနေ ဘောလုံးပွဲမှာပင် ဤ ကလေးကို သတိထားမိခဲ့သည်။ တိုင်သော ဆရာမ ကလည်း ယခင်ဆရာကြီးထက်ပိုပြီး လက်သံပြောင်မှ ကျေနပ်မည့်သဘော။

“ငါဘယ်လိုလုပ်ရမလဲ…”

“ကဲ… ကြာပါတယ်ကွာ… မင်းမှာ အပြစ်ရှိ သလား ပြော…”

ဆရာကြီးမေးပုံက အသံပြတ်နှင့် ဖြစ်သည်။
ဆရာကြီးကို ဌေးဦးလှမ်းကြည့်လိုက်သည်။

“ပြောလေ…”

“ဟုတ်ကဲ့… ရှိပါတယ်”

ဌေးဦး ဝန်ခံလိုက်သည်။
“အပြစ်ရှိတယ်ဆိုရင်တော့ အပြစ်ပေးရမှာ ပေါ့ကွာ…”

ဆရာကြီးက စားပွဲပေါ်မှ ကြိမ်လုံးရှည်ကြီးကို ကောက်ယူပြီး မတ်တတ်ထလိုက်သည်။ အရိုက်ခံ ရတော့မည်ဟု ဌေးဦး နားလည်လိုက်သည်။ ဆရာကြီးက အရပ်ရှည်သည်။ အရွယ်ကလည်း အရွယ်ကောင်း၊ ခွန်အားလည်းကောင်းပုံရသည်။ ယခင်ဆရာကြီး ထက်ပင် ပိုပြီး ရိုက်ချက် လက်သံ ပြောင်လိမ့်မည်ဟု ဌေးဦး မျှော်လင့်ထားလိုက် သည်။

“ဆရာပေးတဲ့ ပြစ်ဒဏ်ခံမလား…”

ဆရာကြီး၏ အမေးကို ဌေးဦး မဖြေဘဲ နေလိုက် သည်။ ဖြေရန်မလိုဟု ထင်သောကြောင့် ဖြစ်သည်။

“ပြောလေ… ဆရာပေးတဲ့ ပြစ်ဒဏ်ခံမလား…”

ဆရာကြီး စိတ်မရှည်ဖြစ်သွားဟန် တူပါ သည်။ မေးသည့်လေသံက မာသည်။

“ခံပါ့မယ်…”
ဌေးဦးမဖြေချင်သော်လည်း ဖြေလိုက်ပါသည်။

“အဲဒီနေရာက ထွက်လိုက်။ ဒီဘက်ကိုလာ…”
ဆရာကြီးက သူ့လက်မှ ကြိမ်လုံးရှည်နှင့် စားပွဲဘေးနေရာလွတ်သို့ ညွှန်ပြသည်။ ဌေးဦး နားလည်လိုက်ပါပြီ။ စားပွဲဘေးမှ ကွက်လပ်ကျယ်မှာ အားပါးတရ ရိုက်တော့မည်ဟူ၍-

ဆရာကြီး ညွှန်ပြရာ စားပွဲဘေးသို့ ဌေးဦးသွားပါ သည်။ ဆရာကြီးအသစ်၏ လက်ရာကို မမှန်းဆနိုင်သေး၍ ရင်ထဲမှာ တုန်လှုပ်လျက်-

ဌေးဦးက ရပ်မိသည်နှင့် အရိုက်ခံရန် အသင့် အနေအထားဖြင့် အံကိုတင်းတင်း ကျိတ်လိုက်သည်။ လက်ကိုတင်းတင်း ပိုက်လိုက်သည်။ တစ်ကိုယ်လုံးမှ အကြောအခြင်များကိုလည်း တင်းထားလိုက်သည်။ သူ့အတွေ့အကြုံအရ ဤသို့ တင်းတောင့်ထားလျှင် အသားပေါ်သို့ ကျလာသော တုတ်ချက်ကိုခံနိုင်သည်။
ဆရာကြီးက တုတ်ကိုကိုင်လျက် ဌေးဦးဘေးသို့ လျှောက်လာသည်။

“မောင်ဌေးဦးကို ဆရာ ဘယ်လိုအပြစ်ပေး မလဲဆိုရင်… ဟိုမှာကြည့်-

ဆရာကြီးက သူ့လက်ထဲမှာ ကြိမ်လုံးဖြင့် ပြတင်းပေါက်အပြင်သို့ ညွှန်ပြသည်။

“ဟိုစက္ကူစုတ်အဖြူလေး နေရာမှာ ဘန်ဒါပင် (ဘာဒန်ပင်) တစ်ပင်စိုက်ပေးပါ။ မနက်နေပူရင် ဆရာကြီးအခန်းက ပူနေတယ်။ အဲဒီအပင်ကို မင်းရှင်အောင် စိုက်၊ ရှင်အောင် ရေလောင်း…”
အဲဒါမင်းကို ဆရာကြီးပေးတဲ့ အပြစ်ဒဏ်ပဲ…။
ဆရာကြီး ရုံးခန်းအရိပ်ရအောင် သစ်ပင်လေး စိုက် ပေး…”

ဌေးဦး ဘယ်လိုမျှ မျှော်လင့်မထားသော အပြစ်ပေးခြင်းဖြစ်၏။

“ဘယ်လိုလဲ… စိုက်ပေးနိုင်မလား…”
ဆရာကြီးက မေးသည်။

“စိုက်ပေးနိုင်ပါတယ်… ဆရာကြီး…”
ဌေးဦး ဝမ်းသာအားရ ဖြေသည်။

ဘာဒန်ပင်မှာ ငါးပေခန့်ရှိ၍ ဌေးဦး အရပ် ထက်ပင်မြင့်သည်။ ဆရာကြီး ရုံးခန်း အရိပ်မြန်မြန် ရစေချင်၍ တတ်နိုင်သမျှ ကြီးသောအပင်ကို လိုက်ရှာခြင်းဖြစ်သည်။ အဖေကြီး၏ ခြံထဲမှ ရခြင်းဖြစ် သည်။ ဆရာကြီးအပြစ်ပေးပုံကို ပြောပြ၍ အဖေကြီး သဘောကျပြီး သူကိုယ်တိုင် အမြစ်များပါအောင် ဂရုတစိုက် တူးပေးသည်။ မြေးအဘိုးနှစ်ယောက် ညနေပိုင်းနေအေးချိန်တွင် ဆရာကြီးပြသောနေရာလေးမှာ ဘာဒန်ပင်လေးကို ကျင်းတူးစိုက်ပျိုးနေ ကြသည်။

မြေဆွေးထည့်သည်။ ရေလောင်းသည်။ နောက်တစ်နေ့မနက် ဆရာကြီး ကျောင်းလာသောအခါ သူပြသောနေရာမှာ စိမ်းစို ရှင်သန်နေသော ဘာဒန်ပင်လေးကို တွေ့ရသည်။
ဘာဒန်ပင်လေးက ဆရာကြီး မျှော်မှန်း ထားသည်ထက် ပို၍အရွယ်ကြီးနေသည်။ ဘေးမှာ ဝါးခြမ်းကလေးများ ပတ်လည်ရံ၍ ခြံခတ်ထားသည်။ ဝတ်ကျေ တမ်းကျေမဟုတ်၊ အသေအချာလုပ်ထား၍ ဆရာကြီး အံ့ဩနေသည်။
ဆရာကြီးက ကျောင်းသားတစ်ယောက်ကို ပဉ္စမတန်းမှ ဌေးဦးကို ခေါ် လာရန် ပြောသည်။ မကြာမီပင် ဆရာကြီး ၏ ရုံးခန်းသို့ ဌေးဦး ရောက်လာသည်။

“မောင်ဌေးဦး ဒီအပင်ကို မင်းခု မနက် စိုက်လိုက်တာလား”

“မဟုတ်ပါဘူး ဆရာကြီး မနေ့ညနေက စိုက်တာပါ…”

“ဆရာက ဒီလောက်အပင်ကြီးကြီး ရဖို့ မမျှော်လင့်ပါဘူးကွာ မင်း အပင်က ဆရာထင်တာထက် ပိုကြီးနေတယ်”

“ဆရာကြီးရုံးခန်း အရိပ်မြန်မြန် ရစေချင်လို့ပါ..”
ဌေးဦး ပြောပုံက ရိုးရိုးလေးဖြစ်၏။ သို့သော် သူ့စိတ်ထားကို ဖော်ပြနေသည်။
ဆရာကြီးက ဘာဒန်ပင်လေးဆီသို့ လှမ်းကြည့်ရင်းမှ-
“ငါ့တပည့်လုပ်ထားတာက ပေးတဲ့ အပြစ်ဒဏ်ကို တာဝန်ကျေဆိုတာမျိုး မဟုတ်ဘူးကွာ၊ စေတနာပါတယ်။ မင်းဟာ လူဆိုးမဟုတ်ရုံမကဘူးကွ၊ လူကောင်း၊ လူလိမ္မာ ကျောင်းသားကောင်းတစ်ယောက် ဖြစ်သွားပြီ”ဟု ပြောလိုက်သည်။
ဆရာကြီး၏ ချီးကျူးစကားသည် ဌေးဦးရင်မှာ ထူးခြားစွာ ခံစားရသည်။ ယခင်က ဤသို့ ချီးကျူးသည်ကို တစ်ခါမျှ မခံခဲ့ရ။ အဆူအပြော အမာန် အငေါက် အရိုက်အနှက် အမျိုးမျိုးသာ ခံနေရသည်။
ဆရာကြီးက တပည့်ဖြစ်သူ ဌေးဦး အနီးသို့ လျှောက်လာသည်။
“ငါ့တပည့်အတွက် ဆရာဝမ်းသာ ဂုဏ်ယူပါတယ်။ ငါ့တပည့်က ဆရာထင်တာထက်ပိုပြီး လိမ္မာလွယ်တဲ့ကလေးပဲ။ ဆရာကြီးတစ်ယောက်ထဲ မဟုတ်ဘူး၊ ကျန်တဲ့ ဆရာ၊ ဆရာမတွေပါ ငါ့တပည့်ကို ချစ်ခင်လာကြအောင် လိမ္မာတဲ့ ကျောင်းသားဖြစ်လိုက်စမ်းပါ…”

ဆရာကြီးက တိုက်တွန်းစကား ပြောရင်း ဌေးဦး၏ ခေါင်းကို သူ၏ လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ဆရာကြီး၏ မေတ္တာစကားနှင့် ကြင်နာသောအပြုအမူကြောင့် ဌေးဦးရင်မှာ ကြည်နူးစွာ ခံစားရခြင်းနှင့်အတူ မျက်လုံး အိမ်မှ မျက်ရည်များပါးပေါ်သို့ စီးကျ လာ၏။ ပြင်းထန်စွာ အရိုက်ခံရစဉ်က တစ်စက်မျှမကျခဲ့သောမျက်ရည်။ ကြင်နာသည်ကို ကြည်နူးမှ ကျရသည်။

ဌေးဦး ရင်ထဲမှာ ဆုံးဖြတ်လိုက် သည်။
“ဆရာကြီးဖြစ်စေချင်သလို ဆရာ၊ ဆရာမ အားလုံး ချစ်ခင်အောင် လိမ္မာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်စေရမည်” ဟူ၍-

#လယ်တွင်းသားစောချစ်

Zawgyi Version

“ျပစ္ဒဏ္”(စ/ဆံုး)
———————-
#လယ္တြင္းသားေစာခ်စ္
မေန႔က ေတာင္ငူၿမိဳ႕ အ.လ.က (၂) သို႔ ေက်ာင္းအုပ္ ဆရာႀကီး ဦးစံလႈိင္ေရာက္လာသည္။ ညေနပိုင္းမွာ ေက်ာင္းသားမ်ား ေဘာလုံးကန္သည္ကို ဆရာႀကီး ကြင္းေဘးမွာရပ္ၿပီး ခဏၾကည့္သည္။ ဆရာႀကီး ႏွင့္အတူ ဆရာဦးလွထြန္း၊ ဆရာမေဒၚျမင့္ေဌး၊ ေဒၚခင္စိုးတို႔ရွိသည္။
ဆရာႀကီးတို႔ရွိရာသို႔ ေဌးဦး လွမ္းၾကည့္လိုက္ သည္။ ဆရာႀကီး သူ႔ကို သိေစခ်င္သည္။ ထူးထူး ျခားျခား မွတ္မိေစခ်င္သည္။

“ဘာလုပ္ရမလဲ”

ေဌးဦးစဥ္းစားသည္။ ထိုအခ်ိန္တြင္ သူထံသို႔ ေဘာလုံးေရာက္လာသည္။ ေဌးဦး စိတ္ကူးရသြား သည္။
ေဘာလုံးကို တစ္ဖက္အသင္းဘက္သို႔ မကန္ ဘဲ ကိုယ့္ဘက္မွ ဂိုးဆီသို႔ ဆြဲယူလာသည္။

“ေဟ့ေကာင္… ေဌးဦး ဘာလုပ္တာလဲကြ… ေဟ့ေကာင္ မလုပ္နဲ႔…”

သူ႔ဘက္မွ လူမ်ားေအာ္ဟစ္ေျပာဆို ေနစဥ္ မွာပင္ ေဌးဦးက ကိုယ့္ဂိုးကိုယ္ ကန္သြင္းလိုက္သည္။
ဂိုးသမားကလည္း အံ့အားသင့္ၿပီး ၾကည့္ေနသည္။

“ဟာ… ဒီေကာင္ကြာ…”
ေဘာလုံးက ဂိုးတိုင္မွန္ၿပီး ေဘးထြက္သြားသည္။

“ေဟ့ေကာင္… မင္းဘာလုပ္တာလဲ… ထြက္ ကြာ မပါနဲ႔… သြား…”
သူ႔ဘက္မွလူမ်ား ဝိုင္းဆူၾက၊ ေျပာၾက၍ ေဌးဦး ထြက္လာခဲ့ရသည္။
ဆရာႀကီးႏွင့္ ဆရာမမ်ားရွိရာဘက္သို႔ တစ္ခ်က္ လွမ္းၾကည့္လိုက္သည္။ ဆရာႀကီးကို ဆရာ ဦးလွထြန္းက ေျပာျပေနသည္။ ေဝးလြန္း၍ ဘာေျပာမွန္းမသိ။
ယေန႔ေတာ့ ေဌးဦး ဆရာႀကီးႏွင့္ ထိပ္တိုက္ ရင္ဆိုင္ေတြ႕ရေတာ့မည္။ တတိယတန္းမွ ခင္ျပည့္ကို ေဌးဦးေဆာင့္တြန္း၍ ဖင္ထိုင္လဲက်သြားသည္။ ေဌးဦးက ပၪၥမတန္းမွျဖစ္သည္။ တကယ္ဆို တတိယ တန္းဆရာမကို တိုင္သင့္သည္။ သို႔ေသာ္ ဒုတိယ တန္း ဆရာမ ေဒၚခင္စိုးက ခင္ျပည့္ကိုေခၚ၍ ေက်ာင္းအုပ္ႀကီး ႐ုံးခန္းသို႔သြားၿပီး ဆရာႀကီးကို တိုင္သည္။
ေဌးဦး ေနာက္မွလိုက္ခဲ့သည္။ ဆရာႀကီး ႐ုံးခန္းနား​ေရာက္ေသာ္ ေဒၚခင္စိုးအသံကို အျပင္မွ ၾကားရသည္။

“ဒီေကာင္ေလးက သိပ္ဆိုးတာ ဆရာႀကီး ဒီေက်ာင္းမွာ သူက လူဆိုးလုပ္ေနတာ။ ဘယ္သူ႔မွ မေၾကာက္ဘူး။ ကြၽန္မတို႔ဆရာ၊ ဆရာမအားလုံး သူ႔ကို မ႐ိုက္ဖူးတဲ့လူမရွိဘူး။ ဘယ္လို႐ိုက္႐ိုက္ ဘယ္ေတာ့မွ မေၾကာက္ဘူး။ ေျပာင္းသြားတဲ့ ဆရာႀကီးဆို ရက္ရက္စက္စက္႐ိုက္တာ၊ မ်က္ရည္ တစ္စက္မွမက်ဘူး။ အခုလည္း ဆရာႀကီးအသစ္ဆိုၿပီး စမ္းတာ သာမန္ေလာက္႐ိုက္ရင္ေတာ့ သူက ေၾကာက္မွာ မဟုတ္ဘူး။ ဆရာႀကီး အစကတည္းက သူ႔ကို ဦးက်ိဳးေအာင္ ခ်ိဳးထားမွရမွာ…”

ဆရာမ ေဒၚခင္စိုးက တြန္းတြန္းထိုးထိုး ဦးခ်ိဳး ခိုင္းေနသည္ကို ၾကားရ၏။ ေဌးဦးၿပဳံးလိုက္သည္။ မဲ့ၿပဳံး။
“သူ႔ကို ဆရာႀကီး ေခၚေနတယ္လို႔ ႐ုံးခန္း လႊတ္လိုက္ရမွာလား ဆရာႀကီး…”
ေဒၚခင္စိုး၏ လႊတ္ခ်င္စိတ္ကို ေဖာ္ျပေနေသာ အေမးျဖစ္၏။

“လႊတ္လိုက္ပါ…”

ေဒၚခင္စိုးႏွင့္ ခင္ျပည့္ ဆရာႀကီး႐ုံးခန္းမွ ထြက္လာသည္။ အျပင္မွာ ရပ္ေနေသာ ေဌးဦးကို ေတြ႕သည္။

“နင့္ကို ဆရာႀကီး ေခၚခိုင္းလိုက္တယ္။ ႐ုံးခန္း ထဲမွာ ဆရာႀကီးရွိတယ္…”

ေဒၚခင္စိုးက ေျပာၿပီး ထြက္သြားသည္။
ေဌးဦး ဆရာႀကီး႐ုံးခန္းထဲ ဝင္သြားသည္။

“မင္းနာမည္ ေဌးဦးလား”

ဆရာႀကီးက ေမးသည္။
ေဌးဦး ေခါင္းညိတ္ျပသည္။

“ပါးစပ္က ေျဖ”

ဆရာႀကီးေလသံက မာသည္။

“ဟုတ္ပါတယ္”

“ဟုတ္ရင္ လက္ပိုက္ထား …”

ေဌးဦး လက္ပိုက္လိုက္သည္။
“မင္း တတိယတန္းက မိန္းကေလးကို တြန္းလား ထိုးလား လုပ္တယ္ဆိုတာ ဟုတ္သလား”

“ဟုတ္ပါတယ္”

ေဌးဦးက မညာ။ မွန္သည့္အတိုင္း ဝန္ခံ သည္။

“မင္း ဘာလို႔ အဲဒီလိုလုပ္ရတာလဲ…”

“သူက အဲဒီအတန္းမွာရွိတဲ့ ကြၽန္ေတာ့္ ညီမေလးကို လုပ္လို႔ပါ”

“ဒါဆိုရင္ ဆရာမတိုင္ရမွာေပါ့ကြ၊ မင္းဆရာမ တိုင္လား”

“မတိုင္ပါဘူး”

“မင္းေျပာသလိုဆိုရင္ အဲဒီကေလးမရဲ႕အစ္ကိုက သတၱမတန္းမွာရွိတယ္ဆိုပါစို႔ကြာ။ မင္းထက္လည္း အားႀကီးတယ္၊ မင္းကို ဖင္ထိုင္က်ေအာင္ တြန္းထိုးမယ္…။ မင္းေက်နပ္မလား…”

ေဌးဦး ဘာမွ်မေျဖ။
“မင္းက ဒီေက်ာင္းမွာ လူဆိုးလား…”

ဆရာႀကီးေမးသည္က ပုံမွန္အသံျဖစ္သည္။ ေဌးဦး ဘာမွ်မေျဖ။

“လူဆိုးဆိုတဲ့စကားနဲ႔ ေက်ာင္းသားနဲ႔ မလိုက္ဖက္ပါဘူးကြာ…၊ ငါ့တပည့္ကို လူေကာင္း လူလိမၼာ၊ ေက်ာင္းသားပဲျဖစ္ေစခ်င္တယ္…”

ဆရာႀကီးက ေဌးဦးကို လွမ္းၾကည့္သည္။ ေဌးဦး ဘာျပန္ေျပာရမွန္းမသိ။ သို႔ေသာ္ “ငါ့တပည့္” ဟု ေျပာသည္ကိုေတာ့ သေဘာက်သလို ခံစားရသည္။ အရင္က သူ႔ကို ဘယ္သူ႔မွ ငါ့တပည့္ဟု မေခၚဖူးပါ။

“လူေကာင္း လူလိမၼာ မျဖစ္ခ်င္ဘူးလား”
ေဌးဦးကို ၾကည့္၍ ဆရာႀကီး၏အေမး။

“ျဖစ္ခ်င္ပါတယ္”
ေဌးဦး၏အေျဖ။

“ေက်ာင္းသားေကာင္း တစ္ေယာက္ေရာ မျဖစ္ခ်င္ဘူးလား”

“ျဖစ္ခ်င္ပါတယ္….”

ဆရာႀကီးက စားပြဲေပၚမွာ အသင့္ရွိေသာ ႀကိမ္လုံး ရွည္ႀကီးကို လွမ္းၾကည့္လိုက္သည္။
ဤကေလးသည္ အႀကိမ္ေပါင္းမ်ားစြာ အ႐ိုက္ ခံရၿပီးၿပီ။ အ႐ိုက္ခံရမည္ကို ေၾကာက္ဟန္မတူ။ ေက်ာင္းသားဆိုးျဖစ္ရသည္ကို ဂုဏ္ယူေနဟန္ တူပါသည္။ မေန႔က ညေန ေဘာလုံးပြဲမွာပင္ ဤ ကေလးကို သတိထားမိခဲ့သည္။ တိုင္ေသာ ဆရာမ ကလည္း ယခင္ဆရာႀကီးထက္ပိုၿပီး လက္သံေျပာင္မွ ေက်နပ္မည့္သေဘာ။

“ငါဘယ္လိုလုပ္ရမလဲ…”

“ကဲ… ၾကာပါတယ္ကြာ… မင္းမွာ အျပစ္ရွိ သလား ေျပာ…”

ဆရာႀကီးေမးပုံက အသံျပတ္ႏွင့္ ျဖစ္သည္။
ဆရာႀကီးကို ေဌးဦးလွမ္းၾကည့္လိုက္သည္။

“ေျပာေလ…”

“ဟုတ္ကဲ့… ရွိပါတယ္”

ေဌးဦး ဝန္ခံလိုက္သည္။
“အျပစ္ရွိတယ္ဆိုရင္ေတာ့ အျပစ္ေပးရမွာ ေပါ့ကြာ…”

ဆရာႀကီးက စားပြဲေပၚမွ ႀကိမ္လုံးရွည္ႀကီးကို ေကာက္ယူၿပီး မတ္တတ္ထလိုက္သည္။ အ႐ိုက္ခံ ရေတာ့မည္ဟု ေဌးဦး နားလည္လိုက္သည္။ ဆရာႀကီးက အရပ္ရွည္သည္။ အ႐ြယ္ကလည္း အ႐ြယ္ေကာင္း၊ ခြန္အားလည္းေကာင္းပုံရသည္။ ယခင္ဆရာႀကီး ထက္ပင္ ပိုၿပီး ႐ိုက္ခ်က္ လက္သံ ေျပာင္လိမ့္မည္ဟု ေဌးဦး ေမွ်ာ္လင့္ထားလိုက္ သည္။

“ဆရာေပးတဲ့ ျပစ္ဒဏ္ခံမလား…”

ဆရာႀကီး၏ အေမးကို ေဌးဦး မေျဖဘဲ ေနလိုက္ သည္။ ေျဖရန္မလိုဟု ထင္ေသာေၾကာင့္ ျဖစ္သည္။

“ေျပာေလ… ဆရာေပးတဲ့ ျပစ္ဒဏ္ခံမလား…”

ဆရာႀကီး စိတ္မရွည္ျဖစ္သြားဟန္ တူပါ သည္။ ေမးသည့္ေလသံက မာသည္။

“ခံပါ့မယ္…”
ေဌးဦးမေျဖခ်င္ေသာ္လည္း ေျဖလိုက္ပါသည္။

“အဲဒီေနရာက ထြက္လိုက္။ ဒီဘက္ကိုလာ…”
ဆရာႀကီးက သူ႔လက္မွ ႀကိမ္လုံးရွည္ႏွင့္ စားပြဲေဘးေနရာလြတ္သို႔ ၫႊန္ျပသည္။ ေဌးဦး နားလည္လိုက္ပါၿပီ။ စားပြဲေဘးမွ ကြက္လပ္က်ယ္မွာ အားပါးတရ ႐ိုက္ေတာ့မည္ဟူ၍-

ဆရာႀကီး ၫႊန္ျပရာ စားပြဲေဘးသို႔ ေဌးဦးသြားပါ သည္။ ဆရာႀကီးအသစ္၏ လက္ရာကို မမွန္းဆႏိုင္ေသး၍ ရင္ထဲမွာ တုန္လႈပ္လ်က္-

ေဌးဦးက ရပ္မိသည္ႏွင့္ အ႐ိုက္ခံရန္ အသင့္ အေနအထားျဖင့္ အံကိုတင္းတင္း က်ိတ္လိုက္သည္။ လက္ကိုတင္းတင္း ပိုက္လိုက္သည္။ တစ္ကိုယ္လုံးမွ အေၾကာအျခင္မ်ားကိုလည္း တင္းထားလိုက္သည္။ သူ႔အေတြ႕အႀကဳံအရ ဤသို႔ တင္းေတာင့္ထားလွ်င္ အသားေပၚသို႔ က်လာေသာ တုတ္ခ်က္ကိုခံႏိုင္သည္။
ဆရာႀကီးက တုတ္ကိုကိုင္လ်က္ ေဌးဦးေဘးသို႔ ေလွ်ာက္လာသည္။

“ေမာင္ေဌးဦးကို ဆရာ ဘယ္လိုအျပစ္ေပး မလဲဆိုရင္… ဟိုမွာၾကည့္-

ဆရာႀကီးက သူ႔လက္ထဲမွာ ႀကိမ္လုံးျဖင့္ ျပတင္းေပါက္အျပင္သို႔ ၫႊန္ျပသည္။

“ဟိုစကၠဴစုတ္အျဖဴေလး ေနရာမွာ ဘန္ဒါပင္ (ဘာဒန္ပင္) တစ္ပင္စိုက္ေပးပါ။ မနက္ေနပူရင္ ဆရာႀကီးအခန္းက ပူေနတယ္။ အဲဒီအပင္ကို မင္းရွင္ေအာင္ စိုက္၊ ရွင္ေအာင္ ေရေလာင္း…”
အဲဒါမင္းကို ဆရာႀကီးေပးတဲ့ အျပစ္ဒဏ္ပဲ…။
ဆရာႀကီး ႐ုံးခန္းအရိပ္ရေအာင္ သစ္ပင္ေလး စိုက္ ေပး…”

ေဌးဦး ဘယ္လိုမွ် ေမွ်ာ္လင့္မထားေသာ အျပစ္ေပးျခင္းျဖစ္၏။

“ဘယ္လိုလဲ… စိုက္ေပးႏိုင္မလား…”
ဆရာႀကီးက ေမးသည္။

“စိုက္ေပးႏိုင္ပါတယ္… ဆရာႀကီး…”
ေဌးဦး ဝမ္းသာအားရ ေျဖသည္။

ဘာဒန္ပင္မွာ ငါးေပခန႔္ရွိ၍ ေဌးဦး အရပ္ ထက္ပင္ျမင့္သည္။ ဆရာႀကီး ႐ုံးခန္း အရိပ္ျမန္ျမန္ ရေစခ်င္၍ တတ္ႏိုင္သမွ် ႀကီးေသာအပင္ကို လိုက္ရွာျခင္းျဖစ္သည္။ အေဖႀကီး၏ ၿခံထဲမွ ရျခင္းျဖစ္ သည္။ ဆရာႀကီးအျပစ္ေပးပုံကို ေျပာျပ၍ အေဖႀကီး သေဘာက်ၿပီး သူကိုယ္တိုင္ အျမစ္မ်ားပါေအာင္ ဂ႐ုတစိုက္ တူးေပးသည္။ ေျမးအဘိုးႏွစ္ေယာက္ ညေနပိုင္းေနေအးခ်ိန္တြင္ ဆရာႀကီးျပေသာေနရာေလးမွာ ဘာဒန္ပင္ေလးကို က်င္းတူးစိုက္ပ်ိဳးေန ၾကသည္။

ေျမေဆြးထည့္သည္။ ေရေလာင္းသည္။ ေနာက္တစ္ေန႔မနက္ ဆရာႀကီး ေက်ာင္းလာေသာအခါ သူျပေသာေနရာမွာ စိမ္းစို ရွင္သန္ေနေသာ ဘာဒန္ပင္ေလးကို ေတြ႕ရသည္။
ဘာဒန္ပင္ေလးက ဆရာႀကီး​ ေမွ်ာ္မွန္း ထားသည္ထက္ ပို၍အ႐ြယ္ႀကီးေနသည္။ ေဘးမွာ ဝါးျခမ္းကေလးမ်ား ပတ္လည္ရံ၍ ၿခံခတ္ထားသည္။ ဝတ္ေက် တမ္းေက်မဟုတ္၊ အေသအခ်ာလုပ္ထား၍ ဆရာႀကီး အံ့ဩေနသည္။
ဆရာႀကီးက ေက်ာင္းသားတစ္ေယာက္ကို ပၪၥမတန္းမွ ေဌးဦးကို ေခၚ လာရန္ ေျပာသည္။ မၾကာမီပင္ ဆရာႀကီး ၏ ႐ုံးခန္းသို႔ ေဌးဦး ေရာက္လာသည္။

“ေမာင္ေဌးဦး ဒီအပင္ကို မင္းခု မနက္ စိုက္လိုက္တာလား”

“မဟုတ္ပါဘူး ဆရာႀကီး မေန႔ညေနက စိုက္တာပါ…”

“ဆရာက ဒီေလာက္အပင္ႀကီးႀကီး ရဖို႔ မေမွ်ာ္လင့္ပါဘူးကြာ မင္း အပင္က ဆရာထင္တာထက္ ပိုႀကီးေနတယ္”

“ဆရာႀကီး႐ုံးခန္း အရိပ္ျမန္ျမန္ ရေစခ်င္လို႔ပါ..”
ေဌးဦး ေျပာပုံက ႐ိုး႐ိုးေလးျဖစ္၏။ သို႔ေသာ္ သူ႔စိတ္ထားကို ေဖာ္ျပေနသည္။
ဆရာႀကီးက ဘာဒန္ပင္ေလးဆီသို႔ လွမ္းၾကည့္ရင္းမွ-
“ငါ့တပည့္လုပ္ထားတာက ေပးတဲ့ အျပစ္ဒဏ္ကို တာဝန္ေက်ဆိုတာမ်ိဳး မဟုတ္ဘူးကြာ၊ ေစတနာပါတယ္။ မင္းဟာ လူဆိုးမဟုတ္႐ုံမကဘူးကြ၊ လူေကာင္း၊ လူလိမၼာ ေက်ာင္းသားေကာင္းတစ္ေယာက္ ျဖစ္သြားၿပီ”ဟု ေျပာလိုက္သည္။
ဆရာႀကီး၏ ခ်ီးက်ဴးစကားသည္ ေဌးဦးရင္မွာ ထူးျခားစြာ ခံစားရသည္။ ယခင္က ဤသို႔ ခ်ီးက်ဴးသည္ကို တစ္ခါမွ် မခံခဲ့ရ။ အဆူအေျပာ အမာန္ အေငါက္ အ႐ိုက္အႏွက္ အမ်ိဳးမ်ိဳးသာ ခံေနရသည္။
ဆရာႀကီးက တပည့္ျဖစ္သူ ေဌးဦး အနီးသို႔ ေလွ်ာက္လာသည္။
“ငါ့တပည့္အတြက္ ဆရာဝမ္းသာ ဂုဏ္ယူပါတယ္။ ငါ့တပည့္က ဆရာထင္တာထက္ပိုၿပီး လိမၼာလြယ္တဲ့ကေလးပဲ။ ဆရာႀကီးတစ္ေယာက္ထဲ မဟုတ္ဘူး၊ က်န္တဲ့ ဆရာ၊ ဆရာမေတြပါ ငါ့တပည့္ကို ခ်စ္ခင္လာၾကေအာင္ လိမၼာတဲ့ ေက်ာင္းသားျဖစ္လိုက္စမ္းပါ…”

ဆရာႀကီးက တိုက္တြန္းစကား ေျပာရင္း ေဌးဦး၏ ေခါင္းကို သူ၏ လက္ျဖင့္ ညင္သာစြာ ပြတ္သပ္ေပးလိုက္သည္။ ဆရာႀကီး၏ ေမတၱာစကားႏွင့္ ၾကင္နာေသာအျပဳအမူေၾကာင့္ ေဌးဦးရင္မွာ ၾကည္ႏူးစြာ ခံစားရျခင္းႏွင့္အတူ မ်က္လုံး အိမ္မွ မ်က္ရည္မ်ားပါးေပၚသို႔ စီးက် လာ၏။ ျပင္းထန္စြာ အ႐ိုက္ခံရစဥ္က တစ္စက္မွ်မက်ခဲ့ေသာမ်က္ရည္။ ၾကင္နာသည္ကို ၾကည္ႏူးမွ က်ရသည္။

ေဌးဦး ရင္ထဲမွာ ဆုံးျဖတ္လိုက္ သည္။
“ဆရာႀကီးျဖစ္ေစခ်င္သလို ဆရာ၊ ဆရာမ အားလုံး ခ်စ္ခင္ေအာင္ လိမၼာတဲ့ ေက်ာင္းသားတစ္ေယာက္ျဖစ္ေစရမည္” ဟူ၍-

#လယ္တြင္းသားေစာခ်စ္