ဖခင်ကိုပြစ်မှားသောသူ(စ/ဆုံး)
———————————–
“အဖိုးကြီး ကျုပ်မရှိတော့ရင် ကိုယ့်ကိုဂရုစိုက်နော်”
“မင်းနှယ်ကွာ အဖွားကြီးရာ သွားမယ့်သွား ကျုပ်အရင်သွားမယ့်သူပါ ကျုပ်ကမျက်မမြင်ဒုက္ခိတပါကွာ”
ဦးထွန်းမြတို့ လင်မယား နေ့လည်စား စားအပြီး အိမ်ရှေ့မန်ကျည်းပင်အောက် ကွပ်ပျစ်ပေါ်ထိုင်ပြီး စကားစမြည်ပြောနေကြခြင်းဖြစ်သည်။
ဦးထွန်းမြတို့မှာ သားတစ်ယောက်သာ ထွန်းကားသည်။တစ်ဦးတည်းသော သားမို့ ငယ်စဥ်ကတည်း အလိုလိုက်ကာ ချစ်သည်။ကြီးလာတော့ ဆိုးလာသည်။မိဘစကားကိုလည်း နားမထောင်တော့ပေ။တစ်ဇွတ်ထိုး ဂျစ်ကန်ကန် ဆိုးသည်။သူ့ရှာသော ပြဿနာများကို ဦးထွန်းမြတို့ လိုက်ရှင်းပေးပေါင်း မနည်းတော့ချေ။
ငယ်စဥ်က အလိုလိုက်မှုကြောင့် မိဘများကို မချေမငံဆက်ဆံတတ်သည်။ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုသည်။ဦးထွန်းမြတို့ လင်မယားမှာ စိတ်မချမ်းသာရပေ။
ဦးထွန်းမြတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အားပေးနှစ်သိမ့်ပေမဲ့ အသက်အရွယ်ရလာတော့ အားငယ်ရှာသည်။အရင်လို မသန်မာတော့ဘဲ ချူချာလာသည်။အဖွားသည် အဖိုးမရှိရင် မဖြစ်တော့သလို အဖိုးသည်လည်း အဖွားမရှိရင် မဖြစ်တော့ပေ။”ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ”ဆိုသော ဆိုရိုးစကားအတိုင်း တစ်ဦးကို တစ်ဦးမှီခိုနေရသည်။
တစ်နေ့တော့ အဖွားသည် လူကြီးရောဂါဖြင့် အဖိုးကို သားမိုက်ထံ စိတ်ချစွာ ထားခဲ့ကာလောကကြီးကနေ ထွက်ခွာသွားသည်။သားလေးသည် အမေမဆုံးခင်နှစ်ရက်အလိုကဘဲ မိန်းမခိုးပြေးသွားသည်။
မိန်းကလေးဘက်က သဘောမတူ၍ ခိုးပြေးလိုက်ခြင်းဖြစ်သည်။
သူ့မိခင်၏ နောက်ဆုံးခရီးလည်း ရောက်မလာပေ။ဘယ်ရောက်လိူ့ရောက်မှန်းမသိပေ။အဖွားဆုံးသွား တော့အဖိုးမှာ ယူကြုံးမရစွာ “သူတစ်ယောက်တည်းကို ထားခဲ့ရသလား” ရင်ဘတ်စည်တီးကာ ငိုရှိုက်နေသည်။
အဖိုး၏သားလေးကို ရွာနီးချင်းမှာ လိုက်လံရှာသော်လည်း မတွေ့ရပေ။အဖွား၏ နာရေးသည်လည်း ရွာက အကျဥ်းချုပ်လုပ်လိုက်ရသည်။အဖိုးက မျက်မမြင်ဆိုတော့ အားကိုးလို့မရ။
အဖွား၏ နာရေးအပြီးတစ်ပတ်လောက်မှ အဖိုး၏သားကအိမ်ကို သူ့၏အမျိုးသမီးနှင့်ရောက်လာသည်။အဖိုးကလည်း သားလေးရောက်လာတော့ဝမ်းသာအားရစွာ ကြိုဆိုသည်။
အားကိုးစရာ သားကလေး အိမ်ပြန်ရောက်တော့ ဝမ်းသာမိမှာပေါ့။မိဘဘဲလေ သားဘယ်လောက်ဆိုးဆိုး ချစ်နေမှာဘဲ။
“သား လူကလေး ရဲ့အမေ ဆုံးပြီကွဲ့သားကလေး ဘယ်တွေသွားနေတာလဲ”
“ဒီမှာ အဖေ ကျုပ်အမေသေတာမသေတာ ဂရုမစိုက်ဘူး ခင်ဗျားဝမ်းနည်းပြီး လွမ်းနေရင် ခင်ဗျားပါ လိုက်သွား ကျုပ်အိမ်ကိုကျုပ်ပြန်လာတာ ကောင်းကောင်းမနားရဘူး နားညည်းနေတာဘဲ”
မိခင်ကွယ်လွန်သွားသည်ကို နောင်တရလို့ ရမှန်းလည်းမသိ၊ဝမ်းနည်းရမှန်းလည်း နားမလည်ပေ။အဖိုးကို ပြစ်ပြစ်နှယ်နှယ် ပြောဆိုသည်။
အဖိုးကို ထမင်းလည်းကျွေးချင်မှကျွေးသည်။ကျွေးတော့လည်း သူတို့အကျန်သာကျွေးသည်။အဖိုးက မျက်မမြင်ဆိုပြီး ကြှေးခငြျသလျိုသာကြှေးတော့သည်။သူ့အမျိုးသမီးက မလုပ်ကောင်းဘူးပြောရင် မျက်ထောင့်နီဖြင့်ကြည့်သည်။သူ့အမျိုးသမီးက ပါးစပ်မဟရဲတော့ပေ။
သူတို့မရှိတုန်း အဖိုးက မမြင်မစမ်းနဲ့ ထမင်းအိုးကို နှိုက်ယူသည်။ဒါကို သူမြင်တော့ အဖိုးကို နှစ်ပြားမတန်အောင်၊ဖခင်ဆိုသော အသိတရားပျောက်ကာ ဆူဆဲသည်။သူ့အမျိုးသမီးက အဖိုးကို ထမင်းကျွေးရင်လည်း ထမင်းပန်းကန်ကို လုယူကာ သွန်ပစ်သည်။
“သားငယ် အဖေဗိုက်ဆာလွန်းလို့ပါကွာ။အဖေ့ထမင်းပန်းကန်လေးတော့ ပြန်ပေးနော်”
“ဘာ ခင်ဗျားထမင်းပန်းကန်တဲ့လား ဘယ်မလဲ ခင်ဗျားထမင်း ခင်ဗျားအလုပ်ကျမလုပ်ဘဲ ထမင်းစားစရာကိုမလိုတာ”
“ထမင်းစားချင်ရင် အလုပ်လုပ်ရတယ်အဖိုးကြီးရဲ့ ထမင်းစားပြီးအသက်ရှည်အောင် ဆက်မနေနဲ့ ခင်ဗျားလည်း ခင်ဗျားမိန်းမနောက်လိုက်သွားဗျာ။ခင်ဗျားလို ဆန်ကုန်မြေလေးလိုလူက မြန်မြန်သေ မြန်မြန်နားအေးတယ်”
အဖိုးမှာတော့ ဝမ်းနည်းလွန်း၍ ငိုသာငိုတော့သည်။သွားလေသူ အဖွားကြီးကို တမ်းတသည်။အဖိုးဗိုက်ဆာလွန်း၍ ဘုန်းကြီးဆီ တောင်းစားဖို့သွားသည်။အဖိုးလို ဒုက္ခိတက ဆယ့်ငါးမိနစ်ခရီးကိုတစ်နာရီကြာအောင်သွားရသည်။ချော်လဲလိုက် ပြန်ထလိုက် တုန်တုန်ချိချိဖြင့် ဘုန်းကြီးကျောင်းအရောက်သွားသည်။
ကျောင်းအောက်ရောက်တော့ ဆရာတော်ကို အော်ခေါ်ကာ သူ့သားက သူ့ကို ထမင်းမကျွေးကြောင်း၊အပြစ်တင်ကြောင်း ငိုယိုကာ တိုင်တောသည်။ဗိုက်ဆာလွန်း၍ ဆရာ့တော်ဆီ ထမင်းအကျန်လေးများ ကျွေးဖို့ ရောက်လာကြောင်းပြောသည်။
“ဟေ ဘယ်လိုဖြစ်ရတာတုန်းကွဲ့ ”
“သားကလေးက တပည့်တော်ကို ထမင်းမကျွေးတာ သုံးနပ်ရှိပြီဘုရား”
“အခုစမ်းအေးကော တကာကြီး ”
“အလုပ်သွားတာပါဘုရား”
“ညနေ အဲ့ကောင်လာရင် ဆရာတော့်ဆီလွတ်အုန်း”
ညနေ သူ့သားပြန်လာတော့ ဆရာ့တော်ကြီးဆီသွားဖို့ပြောသည်။သူ့သားက ဆရာတော်ဆီကပြန်လာတော့ အဖိုးကိုဆူသည်။
“ဒီနေ့ ဆရာတော်ဆီ ထမင်းတောင်းစားဆိုအဖိုးကြီးဟုတ်သလား”
“ဟုတ်တယ်သားလေး အဖေဗိုက်ဆာလွန်းလို့ပါသားရယ်”
“ဗိုက်ဆာရင် အိမ်ကထမင်းတွေစားလေ မရှိရင် ကိုယ့်ဘာကို ချက်စားလေ”
“နောက်ခါ အဖေ့မသွားတော့ဘူးနော် သားကလေး”
မျက်နှာငယ်စွာ သူ့သားလေးကို တောင်းပန်ရှာသည်။
အဖိုးက ဘုန်းကြီးဆီကို ထမင်းတောင်းစားတာကို အပြစ်ဒဏ်ခတ်တဲ့အနေနဲ့ အဖိုးကို ထမင်းသုံးရက်တိတိအငတ်ထားသည်။”ဘယ်သူလာကျွေးကျွေးမစားနဲ့ သူများလာကျွေးတာစားရင် သတ်ပစ်မှာ”ဟု အဖိုးကိုခြိမ်းခြောက်ထားသည်။
အဖိုးကလည်း သူ့သားကိုကြောက်၍ မစားရဲပေ။သူ့ကတော့ အဖိုးကို မဝရေစာ သာ ကျွေးသည်။အသက်အရွယ်ရလာတော့ အားအင်ချိနဲ့ကာ ဆုံးသွားသည်။
အဖိုးဆုံးအပြီးမှာ သူ့က တောထဲသွားပြီး သစ်ပင်ခုတ်သည်။သူ့ခုတ်သော သစ်ပင်မှာ သူ့ဘက်လဲကျကာ သူ့ပေါင်ကိုထိသည်။သူ့ဘက်ကျလာမည်ကို စိုးရိမ်ပြီး ရှောင်ပေမဲ့မလွတ်ပေ။ဒဏ်ရာပြင်းပြင်းထန်ထန် မဟုတ်ပါဘဲ သူအကြီးအကျယ်ခံစားရသည်။ဝဋ်လည်တာဖြစ်မည်။
ဆေးရုံသွားကုသည်။သို့သော် မပျောက်ပေ။မြန်မာဆေးလိမ်းသည်၊သောက်သည် မသက်သာပေ။တစ်နေ့တစ်ခြားပိုပိုပွားလာသည်။ဗေဒင်ဆရာ၊အထက်လမ်းဆရာများကို ပြသည်။မပျောက်ပေ။
ဗေဒင်ဆရာများ ပြောပြချက်အရ သူသည် ဖခင်ကို ပြစ်မှား၍ဝဋ်လည်သည်။သူ့အနာသည် ခြေချောင်းလေးတွေကစပြီး ပေါင်ရင်းထိ ပွားပွားလာသည်။ပြည်တရွဲရွဲ၊လောက်တထောင်းထောင်းနဲ့ဖြစ်လာသည်။
သူ၏ဝေဒနါကို သုံးနှစ်သုံးမိုးခံစားရသည်။သူ့ဖခင်ကိုပြစ်မှား၍ ဖြစ်တည်လာကြောင့်ဆိုပြီး သိရတော့ သူနောင်တရကာ “အဖေ သားမှားပါတယ်၊သားတောင်းပန်ပါတယ်”တသွင်သွင်သာရွတ်ဆိုသည်။သို့သော် အဖိုးတော့မကြားတော့ပေ။အဖိုးရှိခဲ့လျှင် သူ့တောင်းပန်တာကို ခွင့်လွှတ်ပေမဲ့ ဝဋ်တော့ လည်မြဲသာလည်မည်။
အနန္တငါးပါး တစ်ပါးအပါအဝင်ဖြစ်သော မိဘကို ပြစ်မှားသောကြောင့် သူသည် ပဉ်စနန်ဒိယကံထိုကျပသေညျ။ဝဋျသညျ နောက်ဘဝတောင်မစောင့်ဘဲ ယခုဘဝ၌ပင် အပြစ်ဒဏ်ခတ်သည်။ထို့ကြောင့် မိဘများကို မပြစ်မှားမိစေနှင့်။
ကံ့ကော်ညို
မှတ်ချက်။ ။အမေပြောပြသော ဖြစ်ရပ်မှန်ကို ရေးသားထားသည်။