*ဖဲသမားစကား*📖📖📖
************************
အစကတည်းက တာတေ ပြောခဲ့ပါတယ်။
တာတေက လူစုံပါလို့။ ကိုပေသီးလို ပရောဂဆရာတွေနဲ့
လဲ တွဲခဲ့ဘူးတယ်။ ဘိန်းစားဘစိန်လို ဘိန်းစားတွေနဲ့လဲ
တာတေ တွဲခဲ့ဘူးတယ်။ အဲ့ဒီလိုဘဲ ကိုအောင်ချစ်တို့လို့
အရပ်တကာလှည့်ပြီး ဖဲချနေတဲ့ ဖဲသမားအကြီးစားတွေနဲ့လဲ
ပေါင်းဖူးတာပဲ။ ကိုအောင်ချစ်ဆိုတဲ့ လူက ကျုပ်တို့ ထနောင်း
ကုန်းကပါဘဲ။ အသက်က လေးဆယ်လောက် ရှိပြီဗျ။
လူပျိုကြီးတစ်ယောက်ဘဲ။ ကိုအောင်ချစ်တို့ မိဘတွေက
လူချမ်းသာတွေလေ။ ပိုင်လိုက်တဲ့ ယာတွေဆိုတာ
နည်းပါဘူးဗျာ။ ထန်းတော တစ်တောကလဲ အမွေရထား
သေးဗျာ။ ကိုအောင်ချစ်တို့မှာ မောင်နှမ သုံးယောက်ရှိတယ်။
ကိုအောင်ချစ်က အလတ်ဗျ။ အစ်မတစ်ယောက် နဲ့
ညီတစ်ယောက် ရှိတယ်။ သူ့ညီ ကိုအောင်သစ်ဆိုတာ လွှတ်
အလုပ် လုပ်တဲ့သူဗျ။ ယာကိစ္စတွေဆိုရင် သူဘဲ တာဝန်ခံ
လုပ်နေတာ။ ကိုအောင်ချစ်ကတော့ အလတ်ဆိုတဲ့ အတိုင်း
လတ်နေတဲ့လူဗျို့။ အလကားနေ လတ်ယား လတ်ယား
လုပ်နေတာဗျ။ကိုအောင်ချစ်ရဲ့ တစ်ခုတည်းသော ဝါသနာပါ
တာကတော့ ဖဲချတာဘဲဗျို့။ ဖဲဝိုင်းရှိလို့ကတော့ ကိုအောင်ချစ်
တို့က မသာခုနှစ်ရက် အောင်ချစ်ရှစ်ရက် ဆိုတဲ့ လူမျိုးဗျ။
တစ်ခါတစ်လေ အနီးအနားရွာတွေမှာ
အသုဘတွေ ဆက်နေလို့ ကိုအောင်ချစ်တစ်ယောက်
ဖဲလှည့်ရိုက်ရတာ ရွာမှာ နှစ်လလောက်တောင် ပျောက်နေ
တတ်တယ်ဗျို့။ တစ်ခါတစ်လေကျတော့လည်း ကျုပ်ကို
အဖော်ခေါ်သွားတယ်။ ကျုပ်ကတော့ သူ့လို မိုးလင်းမနေနိုင်
ဘူးဗျို့။ အိပ်ချင် လာပြီဆိုရင် ဘေးဝိုင်းဘေးတင် လှဲအိပ်လိုက်
တာဘဲဗျို့။ တစ်ရက်တော့ ကျုပ်နွားစာစဉ်းနေတုန်း
ကိုအောင်ချစ်ကြီး ပေါက်ချလာတယ်ဗျ။
” ဟ..ကောင် တာတေရ။ နားနားနေနေ လုပ်လေကွာ။
ပင်ပန်းနေပါဦးမယ်..”
” ဟာ..ကိုအောင်ချစ်။ ဘယ်က လှည့်လာတာတုံး။
ဘယ်ကမှ လှည့်လာတာ မဟုတ်ပါဘူးကွာ။
မင်းဆီကိုဘဲ လာခဲ့တာပါ “
” ဟာ ၊ လာလေ ကိုအောင်ချစ်။ ဒီမှာ ထိုင်ဗျ။ ဒီဘက်မှာ
ခုံရှိတယ် “
ကိုအောင်ချစ်က အသားညိုညို ထောင်းထောင်းမောင်းမောင်း
နှုတ်ခမ်းမွှေးလေး စစနဲ့ဗျ။ လူက လူပုံဖြောင့်။ ဒါပေမဲ့ နာမည်
ကတော့ ဆိုးသားဖဲ။ ဖဲသမားအောင်ချစ် မသိတဲ့သူ ရှိတာမှ
မဟုတ်တာ။ ရွာထဲမှာ ဆိုရင်လည်း
” အဲ့ဒီ ကိစ္စ ဘယ်သူပြောတာတုံးဗျ”
” ကိုအောင်ချစ် ပြောတာဗျ”
” အောင်ချစ် ။ ဘယ်က အောင်ချစ်လဲ။ ဖဲသမား အောင်ချစ်
်လား။ မင်းကွာ ဖဲသမား စကားများယုံလို့။ ဖဲသမား စကားဆို
တာ နှဲသမားစကားလိုဘဲကွ။
ပိန်လိုက် ဖောင်းလိုက်နဲ့တွေ့ဖူးတယ်မလား။ ပိုပြောလိုက်
လျော့ပြောလိုက်ကွ “
ကိုအောင်ချစ်တို့က ရာမှာ အဲ့ဒီလိုကိုကျော်ကြားတာဗျ။
လူချမ်းသာဆိုပေမဲ့ သူ့ကို ဘယ်သူမှ လေးစားတာ မဟုတ်ဘူး
ဗျ။ ဖဲသမား အောင်ချစ်လို့ဘဲ ခေါ်ကြတာ။ ကျုပ်က နဂါးဆေး
ပေါ့လိပ် တစ်လိပ်လေးကို မီးညှိပြီး ကိုအောင်ချစ်ကို ဆေးလိပ်
တည်တယ်။ ကိုအောင်ချစ်က နွားစာစဉ်းခုံဘေးက
သစ်သားကုလားထိုင်မှာ အကျအနထိုင်ပြီး နဂါးဆေးပေါ့လိပ်
ကို အားရပါးရ ဖွာလိုက်တယ်ဗျ။ ကျုပ်ကတော့ နွားစာကို
ဆက်ပြီး စဉ်းရတာပေါ့ဗျာ။
” မင်း..ပြောင်းရိုးတွေ တည်ကောင်းပါလား။ ဒါ တောင်ဖက်
အခင်းကလား”
” ဟုတ်တယ်ဗျ။တောင်ဘက်အခင်းက
ပြောင်းတွေ ရိတ်လာတာလေ။ ဒီနှစ်တော့ နွားစာ မပူရတော့
ဘူးဗျို့။ ပြောင်းတွေ လွှတ်ကောင်းတာဘဲဗျ “
အေး..ဟုတ်တယ်ကွ။ ပြောင်းတွေ ဒီနှစ်
တော်တော် ကောင်းတယ်ကွ။ နွားစာတော့
စိတ်အေးရတာပေါ့ကွာ “
” နေပါဦး..ကိုအောင်ချစ်ရဲ့။ ကျုပ်ဆီလာတာ
ကိစ္စများ ရှိနေလို့လား “
” အေး ၊ ရှိတယ်ကွ တာတေရ”
” ပြောလေ၊ကိုအောင်ချစ် “
” ဒီလိုကွ အနောက်က မီးလောင်းကုန်းရွာမှာ အသုဘ
ရှိတယ်လေ”
“ဒါများ..အဆန်းလုပ်လို့ ကိုအောင်ချစ်ရာ “
” ဟဲ၊ ဟဲ၊ ဟဲ ဆန်းတော့ မဆန်းပါဘူးကွာ။ ဒါပေမဲ့ ခါတိုင်းနဲ့
တော့ ကွာနေတယ်ကွ “
” ဟင်…ဘာများ ကွာနေလို့တုန်းဗျ”
” မီးလောင်းကုန်းက တရုတ်ဆိုင်ကြီးကို
မင်းသိတယ်မို့လား “
” ဟာ သိတာပေါ့။ ဦးအမိန်းဆိုရဲ့ တရုတ်ကြီးရဲ့ ဆိုင်လေဗျာ။
ဆိုင်ကြီးကို ဟီးနေတာဘဲလေ”
” အေး ၊ အမိန်းကြီး ဆုံးသွားပြီကွ “
” ဟာ ၊ ဟုတ်လားးကိုအောင်ချစ် “
” အေး အဲ့ဒီ အသုဘကို ရန်ကုန်က အမိန်းရဲ့ညီတွေ
တူတွေ ရောက်နေတယ်။ သူဌေးတွေက အားလုံးဖဲချကြတယ်။
အဲ့ဒါ ပွဲကြီး ပွဲကောင်း ဖြစ်မယ်ကွ “
” အော် ဒီလိုလား။ ဒါ့ထက် ကျုပ်ကြားတာ ဟုတ်လားဗျ “
” ဘာတုံးကွ..၊တာတေရဲ့ “
” ခုတစ်လော ကိုအောင်ချစ် ဖဲသိပ်မလိုက်ဘူးဆို။ ဖဲချတိုင်း
ရှုံးနေတယ် ကြားလို့့ “
” ဖဲသမားဘဲ တာတေရာ ။ ရှုံးတဲ့အခါ ရှုံး ။ နိင်တဲ့အခါ
နိင်မှာပေါ့ကွာ “
” ရန်ကုန်က တရုတ်တွေကို ခင်မျာ ယှဉ်နိင်ပါ့မလား လို့ပါ “
” မပူပါနဲ့ကွာ။ ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိပါတယ် “
” အဲ့ဒီတော့ ကိုအောင်ချစ်က ကျုပ်ကို ခေါ်သွားချင်လို့လား “
” အေးလေကွာ။ ညကျရင် မင်းနဲ့ငါ မီးလောင်ကုန်းကို
သွားမယ်လေကွာ “
” အို လုပ်လေဗျာ ။ တာတေက ဒါမျိုးဆို လိုက်ပြီးသားဘဲဗျ “
” ဒါဆိုရင် မိုးချုပ်စကို သွားကြတာပေါ့။
ငါက ခဲမယ်တို့ မီးလောင်ကုန်းက ကောင်တွေကို
မှာထားတယ် “
” စိတ်ချ ။ ကျုပ်အဆင်သင့် စောင့်နေမယ်။ ကိုအောင်ချစ်
အိမ်ကိုဘဲ လာခေါ်ပေါ့ဗျာ “
” အေးပါ ။ ငါမင်းကို လာခေါ်ပါ့မယ် “
ပြောပြောဆိုဆို ကိုအောင်ချစ် ထပြန်သွားတယ်။
ကျုပ်လည်း နွားစာတွေ ဆက်စဉ်းရတာပေါ့ဗျာ။ အမေနဲ့အဘ
ကိုလည်း ကြိုပြောပြထား လိုက်တယ်။
” တာတေရေ…သွားစို့ဟေ့ “
ညမိုးချုပ်ပြီး သိပ်မကြာခင်မှာဘဲ ကိုအောင်ချစ်ကြီး
ရောက်လာတယ်။
” ထိုင်ဦးလေ ၊ ကိုအောင်ချစ် “
” ဟဲ့၊အောင်ချစ်။ ထိုင်ဦးလေ ဟဲ့ “
အမေကပါ ကိုအောင်ချစ်ကို လှမ်းခေါ်တယ်။
ကိုအောင်ချစ်ကတော့ အိမ်ပေါ် မတက်တော့ဘူးဗျ
” မတက်တော့ဘူး၊အရီးငွေစိန်ရေ။ တာတေကို ဒီကဘဲ
စောင့်တော့မယ်ဗျို့ “
” အေးအေးဒါဆိုလဲ ပြီးရော။ ဒါ့ထက် မီးလောင်ကုန်းက
အမိန်း ဆုံးသွားပြီဆို။ တာတေပြောမှ သိတာဟေ့”
” ဟုတ်တယ် အရီးရဲ့။ အမိန်းကြီး ဆုံးသွားပြီ။
ကျုပ်တို့ အခု အဲ့ဒီကို သွားမှာ “
” အေးပါ တာတေပြောပါတယ်။ ရန်တွေ ဘာတွေ
မဖြစ်ကြနဲ့နော် “
” စိတ်ချပါ အရီး စိတ်ချပါ “
ကျုပ်အိမ်ပေါ်က ဆင်းလာတော့ ကိုအောင်ချစ် လက်ထဲမှာ
အထုပ်တစ်ထုပ် ဆွဲပြီး စောင့်နေတယ်။ ကျုပ်တို့ နှစ်ယောက်
မြောက်တံခါးက ထွက်ပြီး အနောက်ဘက်ကို လာခဲ့တယ်။
” လက်ထဲက ဘာအထုပ်တုံး ကိုအောင်ချစ်ရဲ့”
” ဟဲ ၊ ဟဲ မဖဲဝါ အတွက်လေကွာ “
” ဗျာ…မဖဲဝါအတွက်”
” အေးလေကွာ၊ငါ ဒီည စီးပွားဖြစ် ရိုက်မှာကွ။ ဒီတော့
ငါ့အစွမ်းတစ်ခုထဲနဲ့တော့ ဘယ်ဖြစ်မလဲကွာ။ မဖဲဝါ
အကူအညီ ယူရမှာပေါ့ “
” ဟာ ဒါဆိုရင် အခု ဘယ်ကိုသွားမှာတုံး “
” မီးလောင်ကုန်း သချိုင်းကို အရင်ဝင်မယ်လေကွာ။
အဲ့ဒီမှာ မဖဲဝါကို ဒီအသားခေါက်ဆွဲကြော် ဝင်ကျွေးမယ်လေ။
ပြီးတော့ မဖဲဝါနဲ့ အပေးအယူ လုပ်ရမှာပေါ့ “
” ဒီခေါက်ဆွဲကြော်က အပိန့်ဆိုင်ကလား “
” အေးပေါ့ကွ တာတေရ ။ အပိန့် ခေါက်ဆွဲကြော်ပေါ့။ ရွာမှာ
က အပိန့်ကလွဲရင် ဘယ်သူရှိဦးမှာလဲ “
” ဟုတ်ပါဘူးဗျာ ၊ ဟိုတစ်လောက အပိန်
ဆိုင်ပိတ်ထားတယ် ကြားလို့ပါ”
” အေး ဟုတ်တယ်ကွ။ အခုမှ ပြန်ဖွင့်တာ။ သူ့အဒေါ် နေမ
ကောင်းလို့ သတင်းသွားမေးတာ ဆိုလားဘဲ “
ကျုပ်ကတော့ ကျောထဲမှာ စိမ့်ခနဲ ဖြစ်သွားတာဗျို့။
” ကိုအောင်ချစ်ရာ့့ခင်များဒါတွေအရင်က
လုပ်ဖူးလို့လားဗျာ “
” ဘာလဲ..မဖဲဝါ ကိစ္စလား “
” အေးလေ ဗျာ။ ကိုယ့်ဟာကိုယ် လုပ်ပါဗျာ။ ခင်များမှာ နိင်မဲ့
ကံရှိရင် နိင်မှာပါ ကိုအောင်ချစ်ရာ”
” ဟ တာတေရ။ အောင်ချစ်ဆိုတဲ့ ကောင်က ကံသမားမဟုတ်
ဘူးကွ။ ဥာဏ်သမားကွ ဥာဏ်သမား။ ဥာဏ်သမားမို့လို့
ဖဲချတာပေါ့ကွ။ ဖဲဆိုတာ ဥာဏ်သမားတွေရဲ့ အလုပ်လေကွာ။
ဖဲသမားတစ်ယောက် ဖဲနိင်ဖို့ဆိုရင် ဘာမဆို လုပ်မှာဘဲ
ကွ တာတေရ။ ဘာလဲ မင်းက မဖဲကို ကြောက်နေလို့လား “
” ဟာ..ဒီလိုတော့ မဟုတ်ပါဘူးဗျာ”
” ဒါဆို ပြီးရောပေါ့ကွာ
ဟော…ပြောရင်ဆိုရင်းနဲ့ မီးလောင်ကုန်း သုသာန်တောင်
ရောက်ပြီကွ။ လာကွာ.. နေရာကောင်းကောင်းလေး ရှာလိုက်
ရအောင်။ ဟော တွေ့ပြီကွ။ ဟိုရှေ့က သူကြီးဦးသူတော်ရဲ့
အုတ်ဂူ ပေါ်မှာ ကျွေးတာပေါ့ကွာ “
ပြောပြောဆိုဆိုနဲ့ ကိုအောင်ချစ်က အပိန့်ဆိုင်က ဝယ်လာတဲ့
အသားခေါင်ဆွဲကြော်ကို ဖြည်တယ်။
တောဓလေ့ဆိုတော့ ခေါက်ဆွဲကြော်ကို ငှက်ပျောဖက်နဲ့
ထုတ်ထားတာပေါ့ဗျာ။ ပူပူနွေးနွေး ရှိပါသေးတယ်။
ကိုအောင်ချစ်က ခေါက်ဆွဲကြော်ထုပ်ကို သေသေချာချာ
ပြင်လိုက်ပြီးတော့ ရေပုလင်းကို ဖွင့်ချလိုက်တယ်
” သချိုင်းစောင့်ကြီး မဖဲဝါ။ ရောက်ရာအရပ်က ဒီကို အမြန်လာ
ပါ။ ကျွုန်ပ်က ဖိတ်မန္တက ပြုပါတယ်။ အနီးအနားမှာ ရှိတဲ့
နာနာဘာဝက အပေါင်းကလည်း မဖဲဝါကို အမြန်ဆုံး
အကြောင်းကြားပေးကြပါ။ ကျွန်ုပ်က အသားခေါက်ဆွဲကြော်နဲ့
တင်မြှောက်ပါတယ်လို့ “
ကိုအောင်ချစ်က ခေါင်းကြီးမော့ပြီး ဟိုကြည့်ဒီကြည့် လုပ်ပြီး
ပြောနေတာဗျ။ ကျုပ် ဂူပေါ်က ခေါက်ဆွဲကြော်ထုပ်ကို ကြည့်နေ
တာဗ်။
” ဟာ “
ကျုပ် ယောင်အော်မိလိုက်တယ်။ ခေါက်ဆွဲကြော်တွေ
ပြိုက်ခနဲ ပြိုက်ခနဲလျော့သွားနေတာဗျ။
” ဟ့့ကောင် တာတေ။ ဘာလို့အော်တာလဲ “
” ကိုအောင်ချစ် ခင်ဗျား ခေါက်ခွဲကြော် တွေကို ကြည့်ပါဦး “
” ဟေ ဟုတ်သားဘဲ။ ဟာ မဖဲဝါ စားနေပြီဟေ့့့”
ကိုအောင်ချစ်က လက်ဝါးနှစ်ဖက် ကို ပွတ်ရင်း ပြုံးပြုံးကြီး
လုပ်နေတာဗျ။ ဝမ်းသာအားရ ဖြစ်နေတဲ့ပုံဘဲ ဗျို့။
” မဖဲဝါ ကျုပ် ဒီည မီးလောင်ကုန်းက တရုတ်အမိန်းရဲ့
အသုဘမှာ ဖဲချမလို့ဗျ။ ရန်ကုန်က သူဌေးတွေနဲ့ ချရမှာ။
ကျုပ်ကို တစ်ဝိုင်းလုံး ရှိသမျှ ငွေတွေ သိမ်းကျုံးယူနိင်အောင်
လုပ်ပေးပါ။ ကျုပ် မဖဲဝါကို အမဲသား သုံးပိသာ ချက်ကျွေးပါ့
မယ်။ ကျုပ်ကို နိင်အောင်သာ လုပ်ပေး။ ဟောဒီ ဂူပေါ်မှာကို
အခုလို လာကျွေးမှာပါ။ ဒီကောင် သက်သေပါဗျာ”
ဘုရား ဘုရား သူ့ဘာသူ ပြောတာမဟုတ်ဘူးဗျာ။
ကျုပ်နာမည်ကို ထည့်ပြောလိုက်တယ်။ တော်တော်ဆိုးတဲ့
ကိုအောင်ချစ်ဗျာ။
ကျုပ် ကြည့်နေတုန်းမှာဘဲ ခေါက်ခွဲကြော်တွေ ကုန်သွားပါရော
လား။ ဘယ်ရောက်သွားတယ် ဆိုတာတော့ ကျုပ်လည်း
မသိဘူးဗျ။
” ဟာ့့့ရေတွေပါ ကုန်ပြီဗျို့ “
” အေးကွ။ မဖဲဝါလည်း ဆာနေပုံရတယ်။ ဟုတ်ပြီ မဖဲဝါ။
ကျုပ်ကိုသာ ကျုပ်ပြောသလို ဖြစ်အောင် လုပ်ပေး။
ကျုပ် အမဲသားသုံးပိသာ တိတိ ချက်ပြီး လာကျွေးပါ့မယ် “
ကိုအောင်ချစ်က လက်သုံးချောင်းတောင် ထောင်ပြ လိုက်သေး
တယ်ဗျ။
အားလုံး ကျွေးမွေးပြောဆိုပြီးတော့ ကျုပ်နဲ့ ကိုအောင်ချစ်
မီးလောင်ကုန်းရွာထဲကို ဝင်ခဲ့တယ်ဗျ။
တရုတ်အမိန်းက ရွာလယ်ပိုင်းမှာ နေတာဆိုတော့
ကျုပ်တို့နှစ်ယောက်ရွာလည်ကို လာခဲ့ကြတယ်။
အသုဘအိမ်က အောက်လင်းဓာတ်မီးတွေ ထွန်းထားတယ်ဗျ။
လင်းထိန်နေတာဘဲ။ မနက်ဖြန် အသုဘ ချမှာဆိုတော့
ချက်ပြုတ်နေကြတယ်။
” ဟာ ကိုအောင်ချစ် လာ ဗျာ “
မီးလောင်ကုန်းက ကာဘသားခေါင်း ဖိုးချွန်းဆိုတဲ့ ကောင်က
ကိုအောင်ချစ်ကို ခရီးကြိုလိုက်တယ်
” ဟော့ဒါ ကျုပ်ပြောတဲ့ ကိုအောင်ချစ်ပါဘဲဗျာ။
ထနောင်းကုန်းက လူချမ်းချမ်းသာသာ
ဖဲဝိဇ္ဇာအောင်ချစ် ပေါ့ဗျာ “
” ဟာ ဖဲဝိဇ္ဇာ လား။ ကောင်းလာပေါ့။ ဝ တို့လည်း ဖဲဝိဇ္ဇာတွေ
ပါဘဲ။ ဟဲ ဟဲ ပျော်စရာ ကောင်းလာပေါ့။ ဟုတ်လား။
ဒါ့ထက် ပိုက်ဆံ များများလော့ ပါလယ်နော်..ဟဲ ဟဲ “
” ဟာ ထောင်ကဲရာ ပါပါတယ်။ ဒါပေမဲ့ ကျုပ်က ပိုက်ဆံ ဆိုတာ
ထက် ဂုန်နီအိတ်ကို ဂရုစိုက် ယူလာရတာဗျ “
” အလို ဂုန်နီအိတ် ဟုတ်စ ။ ဂုန်နီအိတ်က ဘာလုပ်ဖို့တုံး “
” ထောင်ကဲတို့ဆီက ကျုပ်နိင်မဲ့ ငွေတွေ ပိုက်ဆံတွေ
ထည့်ရအောင်လေ “
” အော် စီလိုလား။ ဟဲ ဟဲ ဖဲဝိဇ္ဇာကလည်း ရယ်စရာလဲ
အပြောကောင်းလာဘဲ ဟဲ ဟဲ ပျော်ပျော်ပါးပါးပေါ့ “
ခနကြာတော့ ဖဲဝိုင်းစပြီ။ ကိုအောင်ချစ်နဲ့ မြို့ပေါ်က
တရုတ်တွေ ပွဲစပြီပေါ့။ ကျုပ်က ကိုအောင်ချစ်နောက်မှာ
ပြောရမှာ အံ့သြစရာပါဗျာ။ ပွဲစတဲ့ အလှည့်ကစပြီး
ကိုအောင်ချစ် နိုင်တာ သိသိသာသာကို ဖြစ်တာပါဗျ။
အခြားတစ်ယောက် တစ်လှည့်နိင်ရင် ကျုပ်မပြောဘူး။
အခုဟာက အလှည့်တိုင်းကို ကိုအောင်ချစ်နိင်တာဗျ။
တစ်ယောက်မှ ဘယ်သူမှ မနိင်ဘူး။
ထောင်ကဲကြီးတွေ အံ့သြပြီး တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်ကြကုန်တဲ့ အထိကို ဖြစ်တာဗျို့။
တရုတ်တွေ ဒေါသဖြစ်လာတော့ ပိုမဲတာပေါ့ဗျာ။ ငွေတွေဆို
တာ ပြောမနေပါနဲ့တော့ဗျာ။ ဖွေးနေတာပေါ့။ သေချာပေါက်
နိင်ပြီထင်တဲ့ အလှည့်ပါ။ ထောင်ကဲတွေ ဖိထိုးတာပေါ့ဗျာ။
နောက်ဆုံး ကျုပ်လူ ကိုအောင်ချစ်ဘဲ နိင်တာဗျို့။ မဖဲဝါ
လုပ်ပေးနေတယ်ဆိုတာ သေချာလိုက်တာဗျာ။ တဖြေးဖြေးနဲ့
ညည့်နက် ညည့်နက်ရာက သန်းခေါင်ကျော်။ သန်းခေါင်ကျော်
ရာကနေ အာရုဏ်။ ဝိုင်းထဲက ရှိသမျှ ငွေတွေ ကျုပ်တို့
အိတ်ကြီးထဲမှာ ချည်းဗျ။ ကိုအောင်ချစ်ပြောသလို
ကျုပ်တို့ ဂုန်နီအိတ်တော့ မပါပါဘူး။ ဒါပေမဲ့ ဖိုးချွန်းကိုတော့
ဂျုံအိတ် တစ်အိတ် ရှာခိုင်းလိုက်ရတယ်ဗျို့။ မိုးလင်းတော့
ဝိုင်းသိမ်းပြီးရှုံ့အိတ်ကို ဖိသိပ်ပြီး ကြိုးနဲ့ စည်းခဲ့ရတာဗျို့။
အပြန်လမ်းမှာ ကျုပ်က ကိုအောင်ချစ်ကို ပြောတယ်။
” ကိုအောင်ချစ်ရေ ခင်ဗျားကို မဖဲဝါ လုပ်ပေးတာကတော့
အသိသာချည်းပါဗျာ။ ခင်ဗျားပြောတဲ့ ကတိအတိုင်း
အမဲသားဝယ်ဖို့ လုပ်ပေတော့ဗျို့ “
” အေး..လုပ်ရမှာပေါ့ကွာ။ ရွှာရောက်မှဘဲ အိမ်က အလုပ်
သမားတစ်ယောက်ကို မြို့တက်ပြီး အမဲသားဝယ် ခိုင်းရမှာဘဲ
တာတေရေ “
” ကောင်းတယ် ၊ သေသေချာချာ လုပ်ဗျာ။ ညကျတော့
ဝယ်ကျွေးလိုက်ပေါ့ “
” အေးလေ ၊ မင်းပါ လိုက်ခဲ့ပေါ့ကွာ “
” ဟာ လိုက်ရမှာပေါ့ဗျ “
ညရောက်တော့ ကိုအောင်ချစ် ရောက်လာတယ်။
” တာတေရေ သွာစို့ဟေ့”
ကျုပ်ကလည်း အဆင်သင့် စောင့်နေတာဆိုတော
့ ချက်ချင်းထလိုက်ပြီး ဝိုင်းထဲက ထွက်လာခဲ့တာပေါ့ဗျာ။
လမ်းရောက်တော့ ကိုအောင်ချစ်လက်မှာ ဘာမှမတွေ့တော့
ကျုပ် အံ့သြသွားတယ်။
” ဟာ ကိုအောင်ချစ်။ ဘယ်မှာတုံး ခင်ဗျား အမဲသား “
” ဟာကွာ ငါတို့ ယာမှာလုပ်တဲ့ တက်ပွားဆိုတဲ့ကောင်ကို
မြို့လွှတ်ပြီး အမဲသားဝယ် ခိုင်းလိုက်တာ မရခဲ့ဘူးကွ။
သူသွားတော့ နောက်ကျသွားလို့တဲ့။ အမဲသားကုန်သွားတာ
လို့ ပြောတာဘဲကွာ “
” ဟာ ဒီလိုဆိုရင် ခင်ဗျား ဘယ်လိုလုပ်မလဲမဖဲဝါ ကိစ္စကို “
” ဟာကွာ။ တာတေကလည်း ကြောက်တတ်လိုက်တာလွန်
ရောကွာ။ ဒီနေ့မရတော့ နောက်နေ့ ကျွေးမှာပေါ့ကွာ။
စားချင်ရင် စောင့်ပေါ့ကွ “
” ဟာ ခင်ဗျားဟာက မဟုတ်သေးပါဘူးဗျာ “
မဖဲဝါက သူ့ ကတိအတိုင်း ခင်ဗျားကို လုပ်ပေးခဲ့ ပြီးပြီလေဗျာ။
ခင်ဗျားဘက်ကလည်း စကားတည်မှပေါ့ဗျ “
” ဟကောင် တာတေ။ ငါညက တစ်ညလုံး ဖဲနိင်တာကို
မင်းက မဖဲဝါ အစွမ်းချည်းထင်နေတာ။ ငါ့အစွမ်းလည်း
အများကြီ ပါပါတယ်ကွ။ ငါ့ခေါင်းတွေလည်း ထူပူနေအောင်
စဉ်းစားရတာကွ “
” ဟာ မဟုတ်သေးပါဘူး ကိုအောင်ချစ်ရာ။ ခင်များ အစွမ်း
မပါဘူးလို့ ကျုပ် မပြောပါဘူးဗျာ။ ဖဲဝိုင်းဘဲဗျာ တစ်လှည့်စီ
တော့ နိင်ကြမှာပေါ့။ အခုဟာက ခင်ဗျားချည်း နိင်တာဆိုတော့
ခင်ဗျားအစွမ်း မဟုတ်ဘူးလို့ ကျုပ်ထင်တယ်ဗျာ “
” ဟား ဟား ဒါဆို မင်းဒီည ကြည့်လိုက်လေ။ ဘယ်သူ့
အစွမ်းလဲ မင်းသိစေရမယ် “
ကျုပ်ကတော့ စကားကို မလေးစားတဲ့ ကိုအောင်ချစ်ကို
တော်တော် စိတ်ပျက်သွားမိတာ အမှန်ဘဲဗျာ။ ဖဲနိင်ချင်တော့
မဖဲဝါနဲ့ အပေးအယူ လုပ်တယ်။ တကယ်နိင်တော့ သူ့အစွမ်း
လို့ နိင်သလို ပြောတယ်။ တကယ်ကို ဖဲသမားစကားပါဘဲ
ဗျာ။ အမိန်းတို့ အိမ်ရောက်တော့ တရုတ်တွေက ကိုအောင်ချစ်
ကို စောင့်နေကြတယ်ဗျ။ ညကအဖြစ်အပျက်ကိုတော့
သိပ်ကျေနပ်ကြပုံ မပေါ်ဘူး။ ကျုပ်လူ ကိုအောင်ချစ်ကတော့
အောင်ပွဲရ စစ်သူကြီး ပုံစံနဲ့ပေါ့ဗျာ။ ခနလောက် စကားစမည်
ပြောဆိုကြပြီးတော့ ဖဲဝိုင်းစပြီး ဆင်တော့တာဘဲဗျို့့။
ပထမတစ်လှည့် ကိုအောင်ချစ် နိင်တယ်။ တရုတ်တွေ
မျက်နှာနည်းနည်း ပျက်သွားတယ်ဗျ။ ဒုတိယအလှည့်လည်း
ကိုအောင်ချစ်ဘဲ နိင်ပြန်ရောဗျ။ ကိုအောင်ချစ်ကြီး
မျက်နှာကတော့ ပြုံးပြုံးကြီးပေါ့ဗျာ။
တတိယအလှည့် ရှုံးပြီဗျို့။ ကိုအောင်ချစ် ရှုံးပြီ။ စတုတ္ထအလှည့်
ရှုံးပြန်ပြီ။ နောက်တစ်လှည့် ရှုံး။ သန်းခေါင်ကျော်တော့
ကိုအောင်ချစ်ကြီး ပါသမျှ ကုန်ပြီဗျို့။ ဒါပေမဲ့ကိုအောင်ချစ်က
လူပါးဗျ။ ညကနိင်ထားတဲ့ ငွေတွေ အကုန်ပြန်ယူခဲ့တာမှ
မဟုတ်တာ။ နည်းနည်းဘဲ ပြန်ယူလာတာဗျ။ နောက်ဆုံး
ကိုအောင်ချစ် တင်းသွားပြီးတော့
” ဝိုင်းမဖျက်နဲ ။ ကျုပ်နေရာမှာ တစ်ယောက် ခနဝင်ထား။
ကျုပ်ရွာပြန်ပြီး ငွေတွေ ပြန်ယူပြီး ချက်ချင်းပြန်လာမယ်။
မနက်ဖြန် တစ်နေ့လုံး ဆက်ရိုက်မယ် “
တရုတ်တွေ လက်ခုပ်တီးပြီး သြဘာပေးကြတယ်။
” ဖဲဆိုတာ စီလိုဘဲ ဝိဇ္ဇာရယ်။ ငွေတွေ ပြန်ယူခဲ့မယ် ဆိုလော့
ကောင်းလာပေါ့။ ဝလို့ ညက ရူံးထားတဲ့ ပိုက်ဆံတွေ
ပြန်ရလာပေါ့ “
ကိုအောင်ချစ် ပိုတင်းသွားပြီး ချက်ချင်းကို ပြန်တာဗျို့။
အိမ်ပြင်ရောက်တော့
” တာတေ ခနနေဦး။ မီးလောင်ကုန်း ရွာဖျားမှာ
အရက်ဖိုရှိတယ်ကွ။ ငါနည်းနည်း သောက်ချင်တယ် “
” လာပါဗျာ။ သောက်ချင်ရင်လည်း ကိုယ့်ရွာရောက်မှ သောက်
စမ်းပါ။ ငပိန့်ကို အချိန်မရွေး နှိုးလို့ရပါတယ် “
” ဟာ မနေနိင်တော့ဘုးကွာ။ ငါနည်းနည်းတော့
သောက်မှ ဖြစ်မယ်ကွ “
တကယ်ကို ဇွတ်တရွတ် လူဗျ။ မီးလောင်ကုန်း ရွာအဖျားကို
တက်သွားတယ်။ ပြီးတော့ သူပြောတဲ့ အရက်ဖိုက
လူကို အရက်တစ်ပုလင်း ရောင်းဖို့ပြောတယ်။
” ဟာ ကိုကြီးအောင်ချစ်ပါလား ။ ရော့ဗျာ ရော့။
ညကကိုကြီးအောင်ချစ် နိင်သွားတဲ့ သတင်း ကျုပ်တို့
အားလုံးကြားပါတယ်ဗျာ..”
ကိုအောင်ချစ် နောက်ထပ် ပိုတင်းသွားတယ်။ ညက နိင်တဲ့
သတင်းကြားရင် ဒီည ရှုံးတဲ့သတင်းလည်း ကြားမှာဘဲ။
ရွာပြင်ရောက်တော့ တမာပင်ကြီးရောက်မှာ ထိုင်ပြီး မော့တယ်
ဗျ။ အမြည်းမပါ ဘာမပါနဲ့ ။ ဒီအတိုင်းကို မော့နေတာ။
တော်တော်လေး သောက်ပြီးမှ
” ကဲ တာတေ။ ရပြီဟေ့။ လာ သွားကြစို့ မင်းရှေ့ကသွား “
သွားစို့သာ ပြောတယ်။ ခြေထောက်က သိပ်မမှန်ချင်ဘူးဗျ။
နည်းနည်း ယိုင်ချင်နေပြီ။ ကျုပ်တို့ ထနောင်းကုန်းဘက်ကို
ဦးတည်လိုက်ကြတယ်။ ဘယ်လိုသွားသွား မီးလောင်ကုန်း
သချိုင်းကို ဖြတ်ရမှာဘဲလေ။
ကျုပ်က ရှေ့က ဦးဆောင်ပြီး သွားရတယ်။
” အလကားဟာမ။ အမဲသားမရလို့ မကျွေးတာကို မကျေနပ်
ဖူးထင်တယ်။ ဒီည ပါသမျှ ပြန်ကုန်အောင် လုပ်တယ်။
သောက်ကမြင်းမကြီး မဖဲဝါ “
” ဟာ ဟေ့လူ။ ခင်ဗျားပါးစပ် ပိတ်ထား။ ခင်ဗျား ဘာတွေ
ပြော နေတာတုံး “
” ဟာ တာတေ မင်းကလည်း ကြောက်တတ် လိုက်တာ
လွန်ရောကွာ။ ဒီဟာမကြီး မဟုတ်တာ လုပ်လို့
ငါပြောနေတာကွ။
ငါ့ကို ဒီလိုလုပ်စရာလား ။ အမဲသားမရလို့ မကျွေးတာလေ။
ငါ့ကို ဘာလုပ်လို့ ရသလဲ။ ဟဲ့ကောင်မစုတ် မဖဲဝါ။
နင်က သရဲမ။ ငါကလူလေ။ နင်ဘာလုပ်လို့ ရသလဲ “
ကိုအောင်ချစ်က ကျုပ်ပြောပေမဲ့ မရဘုးဗျ။ အကျီင်္ ရင်လွယ်ကြီး
နဲ့ဗျ။ ပုဆိုးကြီးကလည်း တိုတို ဝတ်ထားသေးရဲ့။
မတ်တပ်ရပ်ပြီး အရက်ပုလင်းကို မော့နေပြန်တယ်ဗျို့။
ကျုပ်လည်း တော်တော်ကို စိတ်ကုန်သွားတာဗျာ။ ညက
ုနိုင်တုံးကတော့ မျက်နှာတစ်မျိုးဗျ။ ဒီည ရှုံးတော့ ကျတော့
မူးရူးလို့။ လောကမှာ အရှုံးဒဏ် မခံနိင်တဲ့ လူဟာ
ယောကျာ်းပီသတဲ့သူ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်။
” ကိုအောင်ချစ်လာပါဗျာ။ ရွာရောက်မှဘဲ
ခင်ဗျားကြိုက်သလောက် သောက်ဗျာ”
ကျုပ်ပြောတော့ အရက်ပုလင်းကို အဖုံးပိတ်ပြီး
ဆက်လျှောက်ပြန်တယ်။ ဟော ရောက်ပြီ့့။ မီးလောင်ကုန်း
သချိုင်းကို ရောက်ပြီ။ ကျုပ်က ရှေ့က ခပ်သုတ်သုတ် လျှောက်
တယ်။ သူကြီးဦးသူတော်ရဲ့ဂူ ။ မနေ့က မဖဲဝါ တင်မြှောက်တဲ့
ဂူရှေ့ကို ရောက်တော့ ကျုပ်က ပိုပြီး ခပ်သုတ်သုတ်
လျှောက်တယ်။
” တာတေ ဒီဂူမို့လား။ မနေ့က ငါတို့ ဒီကောင်မကြီးကို
တင်မြှောက်တာ ခေါက်ဆွဲကြော် တွေ စားသွားတာလေ။
ဒီနေ့ အမဲသား မသားရတော့ ငါ့ကို ရှုံးအောင်လုပ်တယ်။
ဟ မဖဲဝါ။
နင်က ဘာကောင်မလဲ။ အောင်ချစ်ကို နင်ဘာလုပ်လို့
ရမှာမို့လို့လဲ့့။ ငါက လူလေ သရဲမရဲ့။
ဟား ဟား ဟား ဟား “
” ဘုန်း “
” အင့်”
ဟာ ကျုပ်သွားတဲ့ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားတယ်။
ချက်ချင်း နောက်လှည့် ကြည့်မိတယ်။ ကိုအောင်ချစ်ကြီး
လက်ထဲက အရက်ပုလင်း လွတ်ကျသွားတယ်။
ကျောကြီးကော့ပြီး ခေါင်းကြီးက အပေါ် လန်နေတယ်။
” ဘုန်း”
ဟာ နောက်တစ်ချက်။
” အင့် “
ကိုအောင်ချစ် မချိမဆန့် အော်တဲ့ အသံဗျ။
ဟာ သွေးတွေဗျ။ ကိုအောင်ချစ် ပါးစပ်က စီးကြလာတဲ့
သွေးတွေဗျ။ ကိုအောင်ချစ် ဒူးထောက် ကျသွားတယ်။
အကျီင်္ရင်ဘတ် ဟကွဲနဲ့ ပါးစပ်က သွေးတွေ စီးကျနေတယ်။
မျက်လုံးကြီး တွေ ပြူးထွက်နေတာ မြင်လို့ကို မကောင်းပါဘူး
ဗျာ။ ကျုပ်က ရှေ့တော်တော် လှမ်းလှမ်းကို ရောက်နေပြီဗျ။
ချက်ချင်းပြေးမယ် အလုပ်မှာ
” တာတေ ပြေး “
ကိုအောင်ချစ် ပါးစပ်က နောက်ဆုံးထွက်လာတဲ့ အသံနက်ကြီး
ဗျ။ ဒီတုံးမှာကိုအောင်ချစ် နောက်ကနေ ဘွားခနဲပေါ်လာတဲ့
ဖြူဖြူကြီးဗျ။ အရပ်ကိုးပေ ဆယ်ပေတော့ အသာလေးဘဲ။
ဆံပင်ဖားလားကြီးနဲ့
” ဟာ” ကျုပ် ပြေးပြီ။ တစ်ချိုးတည်းဘဲ။ နောက်ကို
လှည့်ကို မကြည့်တော့ဘူးဗျို့။ မီးလောင်ကုန်းသချိုင်း
ပြီးတော့ဆပ်သမြောင်လျှို့၊
ပြီးတော့ယာကြီးကုန်း ၊ ပြီးတော့ သဲချောင်း ပြီးတော့မှ
ကျုပ်တို့ရွာထနောင်းကုန်း။ ရွာရောက်တော့ ကျုပ် သတိလစ်ပြီး
ခွေခနဲ လဲကျသွားတယ်။ ကျုပ်နားထဲမှာ ဆူဆူညံညံ အသံတွေ
ကို မသဲမကွဲ ကြားရတယ်ဗျ။ ခဏပါဘဲ။ နောက်တော့ အားလုံး
လစ်ထွက်သွားကာ။
ကျုပ် သတိရတော့ ကျုပ်တို့ အိမ်ဝိုင်းထဲ ပြန်ရောက်နေပြီဗျ။
အိမ်ထောင့်က မန်ကျည်းပင်ကြီးအောက်က ကွပ်ပျစ်ပေါ်မှာ
ကျုပ်ကို နှာနှပ်တဲ့ သူက နှပ်နေလေရဲ့။ ဒီအထဲမှာ
ကိုအောင်ချစ်ရဲ့ ညီ ကိုအောင်သစ်လည်းပါတယ်ဗျ။ ကျုပ်
ကောင်းကောင်း သတိရတော့မှ ဝိုင်းမေးကြတယ်။
ကျုပ်ကလည်း ဖြစ်သမျှတွေကို အားလုံး ပြောပြလိုက်တယ်။
” ဟာ့့ကိုအောင်ချစ် ပေါက်ကရတွေ လျှောက်လုပ်တာကို
နင်က မတားဘူးလား တာတေ “
ကျုပ်အမေတာင် ကျုပ်ကို အပြစ်ပြောနေတာဗျ။ ချက်ခြင်းဘဲ
ရွာထဲမှာ လူစုကြတယ်။ ည (2)နာရီ ထိုးနေပြီဗျ။
ဓာတ်မီးတွေ ဒုတ်တွေ ဓားတွေနဲ့ ရွာပြင်ထွက်တယ်။
ကျုပ်က လမ်းပြပေါ့ဗျာ။ မီးလောင်ကုန်းကို ရောက်တော့
မီးလောင်ကုန်းရွာသားတွေလည်း အလန့်တကြား
ထွက်လာကြတာပေါ့။
” ဟဲ့ ဘယ်သူတွေ ဘယ်လို ဖြစ်လာကြတာတုံး “
ကျုပ်က အဖြစ်အပျက်တွေ ပြောပြတော့ သူတို့ရွာသားတွေပါ
လိုက်လာကြတယ်ဗျ။ မီးလောင်ကုန်း သချိုင်းရောက်တော့
့ သူကြီးဦးသူတော်ရဲ့ ဂူနားမှာ မှောက်ခုံကြီး လဲနေတဲ့
ကိုအောင်ချစ်ကြီးရဲ့ အလောင်းကိုဘဲ တွေ့ကြရ တော့တာပေါ့
ဗျာ။ အသက်မရှိတော့တဲ့ ကိုအောင်ချစ် ခန္ဓာကိုယ်ကြီးက
မှောက်ခုံကြီး သေနေတာဗျ။ ဓာတ်မီးနဲ့ ဝိုင်းထိုးကြည့်ကြ
တာပေါ့ဗျာ့့့။ အလောင်းကို ကိုအောင်သစ်နဲ့ ကျုပ်
ဆွဲလှန်လိုက်တော့…
” အောင်မလေး “
မကြောက်တတ် အလန့်တတ်တဲ့ ထနောင်းကုန်းက
လူငယ်တွေတောင် လန့်အော်ကြတယ်ဗျို့။ ကိုအောင်ချစ်
အလောင်းမှာ မျက်စိကြီးတွေ အပြင်ကို ပြူးထွက် နေပြီးတော့
ပါးစပ်ကြီးကလည်း ဟနေတယ်ဗျ။ ဝေဒနာကို မချိမဆန့်
ခံစားပြီး သေသွားရတာ သူ့မျက်နှာမှာ အထင်းသား
ပေါ်နေတယ်ဗျ။ အလောင်းကို တစ်ခါပြန်မှောက်ပြီး
ကျောကုန်းကို ကြည့်လိုက်တော့..
” ဟာ”
ကြည့်နေတဲ့ လူတွေ လန့်ပြီး အော်ကြပြန်တယ်။
ကိုအောင်ချစ်ကြီးရဲ့ ကျောကုန်းမှာ လက်ဝါးရာကြီး နှစ်ခုဗျ။
နည်းတဲ့ လက်ဝါးကြီး မဟုတ်ဘူးဗျို့။ စောင်တစ်ထည်
ပြန်ယူပြီး ပုခက်လုပ်အလောင်းကို ရွာအရောက်
သယ်ခဲ့ကြတယ်။ထုံးစံအတိုင်း လူသေမှု့ဖြစ်နေတော့ ရဲစခန်း
အကြောင်းကြားပြီး ဆေးရုံပို့ရတာပေါ့ဗျာ။
ကျုပ်ကိုလည်းစစ်ကြတာပေါ့။ အမိန်းအိမ်က ဖဲရိုက်တဲ့
တရုတ်တွေ အရက်ဖိုက လူ။ ပြီးတော့ ကျုပ်တို့နဲ့ အဲ့ဒီညက
ဖဲအတူရိုက်တဲ့ လူတွေ အသုဘမှာ ကပ်လိုက်တဲ့ လူတွေ
အားလုံး အစစ်ဆေး ခံကြရတယ်။ ကျုပ်ကိုတော့ အပြန်ပြန်
အလှန်လှန် စစ်တာပေါ့။ ကျုပ်ကလည်း အမှန်အတိုင်းထက်
ပိုပြီး ဘာမှကို မပြောတတ်ဘုးလေ။ အားလုံးကို အမှန်ဘဲ
ထွက်ဆိုခဲ့တာပေါ့။ နောက်တော့လည်း အမှု့ကိစ္စ ပိတ်ခဲ့ရ
တာပေါ့ဗျာ။ ကိုအောင်ချစ် သေတဲ့ညက ကျုပ်ပါတယ်ဆိုတာ
အားလုံးသိကြတာပေါ့ဗျာ။ ဒီတစ်ခါတော့ ခင်ဗျားတစ်ယောက်
တည်း သိတာမဟုတ်တော့ ဘူးဗျို့……
ပြီးပါပြီ
ရွင်လန်းချမ်းမြေ့ကြပါစေ