ဘဝနွံ

ဘဝနွံ

=====

 

( ၁ )

“အရက်ကို… ကြိုက်လို့ … သောက်တဲ့သူ သောက်ပါများလို့မိန်းမကဆူ… အေ့…မိန်းမရေ..နည်းနည်းလေး…နည်းနည်းလေး ပါကွာ။”

ကိုဖိုးစီသည် အရက်မူး၍ ပေါက်ကရများ ကို အာပြဲကြီးနှင့် ဆိုနေသည်။

ဒယိမ်းဒယိုင်နှင့် ပြန်လာသည်ကို ကြည့်ပြီး မိသွယ်စိတ်ညစ်နေမိသည်။ အလုပ် က တောက်တိုမည်ရ လိုက်လုပ်ရသည်။ ရသမျှထဲက အိမ်အတွက် တစ်ထောင်ပြန်ပေး တာကလွဲ၍ ကျန်သောပိုက်ဆံသည် အရက်ဖိုး ဖြစ်လေသည်။

 

“ကိုဖိုးစီ…ရှင်ဟာလေ..ဘယ်လောက် ပြောပြော မရဘူး။ ရှင်ဘယ်တော့မှ နောင်တ ရမှာလဲ ကိုဖိုးစီရယ်”

မိသွယ်ကသာ ပြောနေတာ ကိုဖိုးစီ ကတော့ အိပ်ရာထဲခေါင်းစိုက်နေ၏။ သမီးနှင့် သားကိုတော့ ချစ်ပါသည်။ တစ်ခါတလေ မုန့်ထုပ်လေးများ ပါလာတတ်သည်။ သို့သော် သမီးက ဖခင်အား အရက်သောက်လာလျှင် မကြည်ဖြူဖြစ်နေတတ်သည်။ သားကတော့ မသိသလိုသာနေ၏။

 

မိသွယ်သည် လမ်းထဲတွင် အဝတ်လျှော်မီးပူတိုက်သောအလုပ်ကို လုပ်ရင်း အိမ်စားစရိတ်ကို ရှာနေရ၏။ မီးပူကို အိမ်မှာတင်တိုက်ပြီး လိုက်ပို့ရသည်။ မိသွယ် အဝတ်လျှော်သော အိမ်များက မီးဖိုးပါပေးသော ကြောင့် မီးဖိုးအတွက်မပူရပေ။ မိသွယ်မီးပူ တိုက်ရင်း အိပ်နေကြသော ကိုဖိုးစီတို့ သားအဖ များကိုကြည့်ပြီး သက်ပြင်းမောကြီးချလိုက်မိတော့သည်။

 

( ၂ )

အလင်းရောင်ပြူကာစ နံနက်ခင်းလေး သည် အေးချမ်းလွန်းလှ၏။ သို့သော် မိသွယ် ဘဝကတော့ မအေးဆေးနိုင်သေးပါ။ နံနက် လေးနာရီထိုးသည်နှင့် မိသွယ် အတင်းကုန်းထ လိုက်သည်။ မျက်နှာသစ်ပြီး ထမင်းဟင်း ချက်သည်။ ထို့နောက် မီးပူတိုက်ပြီးသား အထည်များကို လိုက်ပို့၍ လျှော်စရာ အဝတ် အစားများကို ပြန်ယူလာပြီး လျှော်သည်။ မိသွယ်မသွားခင် သမီးနှင့် သားကိုနှိုးပြီး ထမင်း ကျွေးနေကြမို့ အိပ်နေသော သမီးနှင့် သားကို နှိုးလိုက်သည်။

 

“သမီးနဲ့သား…ထကြတော့။ ထမင်းကြမ်း လေးကျန်တာ ငပိကြော်နဲ့ စားလိုက်ကြ။ အမေ အဝတ်တွေ လိုက်ပို့ဦးမယ်”

“အမေ…အဖေ့အတွက်ရော မရှိတော့ဘူး လားဟင်။ သားမစားဘူး အဖေ့ကိုကျွေးလိုက် နော်”

သားလေး၏ စကားကြားမှ မိသွယ် ယောက်ျားဖြစ်သူကို လှမ်းကြည့်မိသည်။ ခြောက်နာရီကျော်နှင့် ဘယ်သောအခါမှ မထ တတ်ပေ။ ရှစ်နာရီလောက်မှ အလူးအလဲထကာ လမ်းတကာ လျှောက်သွားတော့သည်။ မိသွယ် အပူများကို မှုတ်ထုတ်လိုက်ပြီး သားဘက် လှည့်ကာ…

“သားလေး…ထမင်းက နည်းနေလို့ပါ ကွယ်။ သားအဖေက အပြင်မှာစားချင်တာ စားနေတာ။ ပူမနေနဲ့ သားလေးသာစား။ သားအဖေစားချင်လည်း နေ့လယ်စာချက်ထား တာရှိနေတာပဲ။ ထည့်စားပါစေလေ..နော် သားလေး”

“ဟဲ့… ငတူး… နင်ဟာလေ အရစ်ကို ရှည်တယ်။ ဒီလောက်အချိန်ပြည့်မူးနေတာ။ ဘယ်တုန်းက ထမင်းကို အကြောင်းလုပ်စား လို့လဲ။ ငါခေါက်လိုက်လို့ စားမှာသာစားစမ်း။ နားညည်းတယ်”

“အစ်မကလည်းဗျာ…အစ်မက အဖေ့ကို မုန်းနေတာပဲ။ ဘယ်ကြည့်ရပါ့မလဲ။ အဖေ သေမှာဆိုးလို့ပါဗျ”

သားနှင့်သမီးပြောနေသော စကားကို ကြားပြီး မိသွယ် သက်ပြင်းမောကြီး ချလိုက် မိသည်။

သမီးက အချိန်ပြည့် အရက်မူးနေသော ဖခင်အား မကျေမနပ်ဖြစ်နေတတ်သည်။ အပျိုပေါက်လေးဖြစ်နေ၍ ရှက်တတ်နေ၏။ မိသွယ်အတွေးကိုရပ်ပြီး တစ်နေ့တာ အလုပ်ကို စလုပ်ဖို့ အဝတ်ခြင်းကိုယူကာ ထွက်လာခဲ့လိုက် သည်။

 

( ၃ )

“ဟဲ့…မိသွယ်။ ငါနေမကောင်းဖြစ်နေလို့ အိမ်သန့်ရှင်းရေးမလုပ်နိုင်ဖြစ်နေတာ။ ငါ့ကို ဒီနေ့ကူလုပ်ပေးစမ်းပါဟယ်။ အင်္ကျီက နောက်မှလျှော်ပေါ့။ နင်လည်း ပိုက်ဆံပိုသုံးရ တာပေါ့”

“ဟုတ်ကဲ့ပါ…မမအေး။ မိသွယ် ဝိုင်းကူ လုပ်ပေးပါ့မယ်”

မသွယ်အဝတ်လျှော် မီးပူတိုက်ပေးနေကြ မမအေးက အိမ်ရှင်းခိုင်းနေ၏။

ပိုက်ဆံချမ်းသာပြီး အိမ်မှာ အိမ်ဖော်မထား ပေ။ ယောက်ျားကို စိတ်မချဖြစ်နေသော မမအေးကို ငေးကြည့်နေမိသည်။ ခြံအကျယ် ကြီးနှင့် အိမ်ကြီးထဲ သားသမီးမရှိ။ ယောက်ျား အလုပ်သွားလျှင် တစ်ယောက်တည်းနေရ သည်။ မိသွယ် အိမ်ပေါ်ကို ရောက်ဖူးချင်နေမိ သည်မှာ ကြာပြီ။ ယခု ဆန္ဒပြည့်သွားလေ သည်။

မိသွယ်ကိုအပေါ်ထပ်သို့ ခေါ်သွားလေ သည်။ အပေါ်ထပ်ရောက်သောအခါ မိသွယ် အံ့သြနေမိ၏။ ဗီရိုကြီးကြီးထဲ အဝတ်စားများ ပြည့်နေသည်။ မိသွယ်ဘဝတွင် အိပ်မက်တောင် မမက်ဖူးခဲ့ပေ။ ကိုယ်ပိုင်ဝယ်နိုင်သည်က ပါထိုင်းထဘီနှင့် အရိပ်ပန်းစလေးလောက်သာ ဝယ်နိုင်သည်။ ယခုဗီရိုထဲတွင် ဖိတ်ဖိတ် တောက်နေသော ချိတ်များရောင်စုံ တစ်ထပ် လိုက် တွေ့နေရ၏။ မိသွယ် ကြည့်မဝသေး ခင်မှာ….

“မိသွယ်…ရေချိုးခန်းကို အရင်ဆေးပေး နော်။ ငါရေမကိုင်နိုင်လို့ပါ။ သူများလုပ်တာ စိတ်တိုင်းမကျပေမယ့် နေမကောင်းလို့သာ ခိုင်းရတာ”

“ဟုတ်မမအေး…မိသွယ် သေသေချာချာ လုပ်ပေးပါ့မယ်။ မမအေး နားနေပါနော်”

မိသွယ်ငေး၍ မဝသေးသော်လည်း အလုပ် လုပ်ဖို့ပြောနေသည့် မမအေးအသံကြောင့် အလုပ်စလုပ်ဖို့ ရေချိုးခန်းထဲ ဝင်လိုက် လေသည်။ တီဗွီထဲသာ မြင်ဖူးသော်လည်း ယခုမျက်စိရှေ့မှာတွေ့ရသော ရေချိုးခွက်အဖြူ ရှည်ကြီးကို မိသွယ်ကိုင်ကြည့်နေမိသည်။

ပိုက်ဆံချမ်းသာသော လူတန်းစားများ အတွက် အသေးအမွှား ဖြစ်သည်။ သို့သော် လည်း မိသွယ်တို့လို ဘဝသမားများအတွက် တော့ နန်းတော်ကြီးသဖွယ် ဖြစ်ရသည်။ ရေချိုး ခန်းထဲက မှန်တင်ခုံပေါ် ရှင်းသောအခါ…..

“ဟင်…လက်စွပ်လေးပါလား။ လှလိုက် တာ ရွှေလက်စွပ်လေးပဲ ဖြစ်မယ်”ဟု မိသွယ် ရေရွတ်လိုက်မိ၏။ ရွှေရောင်ဝင်းလက်ပြီး အထဲက ကျောက်ကလေးများက တလက်လက် ဖြစ်နေသည်။ တန်ဖိုးနည်းမည် မဟုတ်မှန်း တော့ မိသွယ်နားလည်သည်။ လက်စွပ်လေး ရောင်းလိုက်လျှင် မိသွယ်တို့ချောင်လည်သွားနိုင်သည်။

“အို…ပြေလည်သွားလည်း တခဏပဲ ဖြစ်မှာပါ ငါယူတာသိရင် ငါ့ကိုယုံကြည်တော့မယ်မထင်တော့ဘူးလေ”

လောဘများကို ချုပ်တည်းလိုက်ပါသည်။ ဘဝပဲဆင်းရဲချင် ဆင်းရဲသွာပါစေ အကျင့် သိက္ခာကိုတော့ ဆင်းရဲမခံနိုင်ပေ။ မိသွယ်သည် လက်စွပ်လေးကိုပြန်ပေးဖို့ ဆုံးဖြတ်၍ သန့်ရှင်း ရေး ဆက်လုပ်လိုက်ပါသည်။

 

( ၄ )

မိသွယ် သန့်ရှင်းရေးလုပ်ပြီးသောအခါ မမအေးကို လက်စွပ်လေးပြပြီး ပြန်ပေးလိုက် ပါသည်။ မမအေးသည် သိပ်ပြီးဝမ်းသာ သွား၏။ မိသွယ်ကိုလည်း ကျေးဇူးအခါခါ တင်နေသည်။

“မိသွယ်ရယ်…ကျေးဇူးတင်ပါတယ်။ ဒါ…ငါ့ယောက်ျားလက်စွပ်လေးလေ။ တကယ်လို့ နင်ယူသွားလည်း အပြင်မှာပျောက်တယ်ပဲ ထင်မှာ။ ဒါစိန်လက်စွပ် မိသွယ်ရဲ့”

“ဟင်…မမအေး စိန်လက်စွပ် ဟုတ်လား။ မိသွယ်ဖြင့် မမြင်ဖူးလို့ ကျောက်တွေပဲ ထင်တာ။ မမအေး…မိသွယ်ကို သေသေချာချာ ကြည့်ခွင့်ပြုပါလား။ မိသွယ် စိန်ကိုမမြင်ဖူး လို့ပါ”

 

မိသွယ်အဖြစ်က စိန်မှန်းမသိ ကျောက်မှန်း မသိတဲ့ ဘဝဖြစ်သည်။ မမအေးသည် မိသွယ်ကို ကျေးဇူးတင်၍ ပိုက်ဆံနှစ်သောင်း ပေးလေ သည်။ သန့်ရှင်းရေးလုပ်ခက ငါးထောင် အဝတ် လျှော်ခအကုန်ပေါင်းပြီး နှစ်သောင်းခွဲတိတိ မိသွယ်ရလေသည်။ မိသွယ်ပျော်နေမိ၏။ ကျန်အဝတ်လျှော်ခများနှင့် အားလုံးပေါင်းလျှင် လေးသောင်းရ၍ မိသွယ်စိတ်ကူးများ အရောင် လက်လာသည်။

 

သမီးနှင့် သားအတွက် လိုတာလေး ဝယ်ပေးဖို့ မိသွယ်စဉ်းစားနေမိသည်။ သမီးက အပျိုပေါက်ကလေးဖြစ်နေ၍ လှချင်နေသည်။ မောင်နှမနှစ်ယောက်ကို ဖိနပ်တစ်ရံဆီ ဝယ်ပေးရဦးမည်။

အပြုံးပန်းဝေလျက် မိသွယ် အိမ်ပြန်လာ ခဲ့သည်။ ခြေလှမ်းတိုင်းက ပေါ့ပါးနေတော့ သည်။

 

( ၅ )

မိသွယ် ခြံဝရောက်သည်နှင့် အိမ်ရှေ့တွင် သားလေးက ငိုနေ၏။ မိသွယ်ကိုတွေ့သော အခါ….

“အမေ…အမေ…အဖေအရက်သောက်ရင်း ရန်ဖြစ်တာ ခေါင်းကွဲသွားတယ်။ ဆေးခန်းကို မမပါ လိုက်သွားတယ်”

“ဟင်… သားလေး အိမ်မှာပဲနေနော်။ အမေဆေးခန်းကို လိုက်သွားဦးမယ်”

မိသွယ်ဘဝက ပျော်တာတောင် ရဲရဲမပျော် ရဲသော ဘဝဖြစ်သည်။ အစောတုန်းက အပြုံး ဖျဖျလေးနေရာ ယခုတော့ မဲ့နေသယောင် ဖြစ်သွားခဲ့၏။ ကိုဖိုးစီကိုခေါ်သွားသော ဆေးခန်းကိုလိုက်ရင်း ခြေထောက်များက လေးလံလာသည်။

မိသွယ် ဆေးခန်းထဲဝင်သွားသည်နှင့် ပက်တီးခေါင်းမှာ အဖွေးသားနှင့်ထိုင်နေသော ကိုဖိုးစီကိုတွေ့ရသည်။

“မိန်းမ… ငါ နည်းနည်းလေး…မဆို သလောက်လေးမူးတာပါ။ နည်းနည်းလေး ပါကွာ…နော်”

“ကိုဖိုးစီ… ရှင်ဟာလေ အရှက်ရော အကြောက်ရော ကန်းကုန်နေတဲ့လူပါလား”

မိသွယ်ကို တွေ့သည်နှင့် ပြောနေကြ လက်သုံးစကားအတိုင်း အာပေါင်သန်သန်နှင့် ပြောနေသည်။ ကိုဖိုးစီကို ကြည့်ပြီး မိသွယ် စိတ်ပျက်နေမိ၏။ သမီးက မိသွယ်ဆီပြေးလာ ပြီး….

“အမေ…သမီးအဲ့ဒါကြောင့် စိတ်ညစ်တာ။ အရက်သောက်လည်း အေးအေးဆေးဆေး မသောက်ဘူး။ သူများကို ရန်သွားစပြီး မထိန်း နိုင်ပဲလဲတာတဲ့။ ခုံစွန်းနဲ့ထိပြီး ခေါင်းပေါက် သွားတာတဲ့လေ”

“အေးပါ…သမီးရယ်။ အမေတောင်းပန်ပါ တယ်။ ဒါပေမဲ့ သမီးအဖေပဲမလား။ သမီး ပြောရင် သမီးပဲ ငရဲကြီးမှာပေါ့ကွယ်”

မိသွယ်သည် သမီးကို စိတ်မခုအောင် ပြောနေသော်လည်း သမီးက နားဝင်ပုံမရပါ။ မိသွယ်ကို မျက်လုံးပြူးပြီး ကြည့်နေသည်။

“အမေက ဘာလို့တောင်းပန်နေတာလဲ။ အမေ့အမှားမှ မဟုတ်တာ။ အဖေ့အမှားပဲကို”

 

မိသွယ်မည်သို့ ရှင်းပြရမည်နည်း။ မိန်းမ တစ်ယောက်၏ ရွေးချယ်မှုသည် အပျိုစင်ဘဝ မှာသာရှိသည်။ ရွေးချယ်ခွင့်ရှိသည့် အချိန်မှာ မှားယွင်းစွာ ဆုံးဖြတ်မိပါက တစ်ဘဝလုံး အမှားနွံထဲမှာ နစ်မွန်းသွားကြရသည်။ အိမ်ထောင်သည် ဘဝမှာ အမှားကိုပြင်ဆင်ခွင့် မရှိတော့ပေ။ နောက်ပြန်လှည့်၍လည်း မရ တော့ပါ။ သားသမီးများ ရလာခဲ့လျှင် ငဲ့ညှာ ထောက်ထားစရာများနှင့် ပို၍ပို၍ အမှားနွံထဲ နစ်ခဲ့ရ၏။ ဘဝအတွက် ရွေးချယ်ခွင့်ရှိနေချိန် အမှားအယွင်း နည်းဖို့သေသေချာချာ ဆုံးဖြတ် ကြရသည်။

 

သို့သော်မိသွယ်ကတော့ ရွေးချယ်မရတော့ ပေမဲ့ သမီးလေးကို ရွေးချယ်မှုမမှားအောင် ရှင်းပြ ရပေဦးမည်။ ဆေးခန်းထဲမို့ သမီးလေးကို မပြောချင်သော်လည်း အိမ်ပြန်ရောက်ရင်တော့ ပြောပြထားရမည်။ မိသွယ်အတွေး မဆုံးခင် မှာဘဲ ဆရာဝန်ခေါ်သံကြောင့် အတွေးရပ်သွား ၏။

“လူနာကိုဖိုးစီ ဇနီးလား”

“ဟုတ်…ဟုတ်ပါတယ်ဆရာ။ မိသွယ်က ကိုဖိုးစီမိန်းမပါ။ ဆေးဖိုး ဘယ်လောက် ကျလဲဟင်”

“ဆေးဖိုးရော… ချုပ်တာက ခြောက်ချက် ချုပ်ရတယ်။ အကုန် သုံးသောင်းရှစ်ထောင် ကျတယ်။ အနာကိုက်ရင် ဒီဆေးကိုတိုက်။ တစ်ပတ်နေရင်ပြန်လာပြ ချုပ်ရိုးဖြေရမယ်။ ဒီကြားထဲ မူးတာတို့ အန်တာတို့ဖြစ်ရင် ပြန်လာ ပြပါ။ ပြန်လို့ရပြီ”

ဆရာဝန်ပြောနေသော စကားကို နားထောင်ရင်း မိသွယ်ကိုယ်တိုင် မူးချင်အန်ချင် လာမိသည်။ စိတ်ထဲကလည်း ဘုရားတမိ၏။ ဆေးဖိုးသုံးသောင်းရှစ်ထောင် တောင်းလိုက် လေသည်။ မိသွယ်ပင်ပင်ပန်းပန်းရှာထားသော ပိုက်ဆံလေးက တခဏအတွင်း ကုန်သွားတော့ သည်။ ဆိုက်ကားခ ကျန်နေပါသေးသည်။

“သမီး…သမီးနဲ့ သမီးအဖေ ဆိုက်ကားနဲ့ ပြန်သွားကြ။ အမေနောက်ကပဲလိုက်လာမယ်”

မျက်နှာမကောင်းသော သမီးကိုကြည့်ပြီး မိသွယ်စိတ်မကောင်းဖြစ်မိသည်။

“ကဲ… ကိုဖိုးစီ ။ ရှင်လည်း အိမ်ကြရင် ငြိမ်ငြိမ်လေးနေပြီး အိပ်နေနော်။ မိသွယ် နောက်ကလိုက်ခဲ့မယ်။ ပြန်ကြတော့”

“အေးပါ…မိန်းမရယ်”

ဆိုက်ကားပေါ်တက်ပြီး ထွက်သွားကြ သော ကိုဖိုးစီနှင့် သမီးအား မျက်စိတဆုံး ကြည့်နေလိုက်သည်။

မိသွယ်ရင်ဘတ်ထဲ စူးကနဲ့ အောင့်တက် လာ၏။ မျက်ဝန်းမှ မျက်ရည်များ ရစ်သိုင်းလား ပြီး မျက်ရည်စတို့သည် တပေါက်ပေါက် ကြွေကျလာတော့သည်။

 

ဖူးငုံနှင်း

the mirror daily

7-6-2020

#လေးစားစွာcreditပေးပါသည်

ဘဝႏြံ

=====

 

( ၁ )

“အရက္ကို… ႀကိဳက္လို႔ … ေသာက္တဲ့သူ ေသာက္ပါမ်ားလို႔မိန္းမကဆူ… ေအ့…မိန္းမေရ..နည္းနည္းေလး…နည္းနည္းေလး ပါကြာ။”

ကိုဖိုးစီသည္ အရက္မူး၍ ေပါက္ကရမ်ား ကို အာၿပဲႀကီးႏွင့္ ဆိုေနသည္။

ဒယိမ္းဒယိုင္ႏွင့္ ျပန္လာသည္ကို ၾကည့္ၿပီး မိသြယ္စိတ္ညစ္ေနမိသည္။ အလုပ္ က ေတာက္တိုမည္ရ လိုက္လုပ္ရသည္။ ရသမွ်ထဲက အိမ္အတြက္ တစ္ေထာင္ျပန္ေပး တာကလြဲ၍ က်န္ေသာပိုက္ဆံသည္ အရက္ဖိုး ျဖစ္ေလသည္။

 

“ကိုဖိုးစီ…ရွင္ဟာေလ..ဘယ္ေလာက္ ေျပာေျပာ မရဘူး။ ရွင္ဘယ္ေတာ့မွ ေနာင္တ ရမွာလဲ ကိုဖိုးစီရယ္”

မိသြယ္ကသာ ေျပာေနတာ ကိုဖိုးစီ ကေတာ့ အိပ္ရာထဲေခါင္းစိုက္ေန၏။ သမီးႏွင့္ သားကိုေတာ့ ခ်စ္ပါသည္။ တစ္ခါတေလ မုန္႔ထုပ္ေလးမ်ား ပါလာတတ္သည္။ သို႔ေသာ္ သမီးက ဖခင္အား အရက္ေသာက္လာလွ်င္ မၾကည္ျဖဴျဖစ္ေနတတ္သည္။ သားကေတာ့ မသိသလိုသာေန၏။

 

မိသြယ္သည္ လမ္းထဲတြင္ အဝတ္ေလွ်ာ္မီးပူတိုက္ေသာအလုပ္ကို လုပ္ရင္း အိမ္စားစရိတ္ကို ရွာေနရ၏။ မီးပူကို အိမ္မွာတင္တိုက္ၿပီး လိုက္ပို႔ရသည္။ မိသြယ္ အဝတ္ေလွ်ာ္ေသာ အိမ္မ်ားက မီးဖိုးပါေပးေသာ ေၾကာင့္ မီးဖိုးအတြက္မပူရေပ။ မိသြယ္မီးပူ တိုက္ရင္း အိပ္ေနၾကေသာ ကိုဖိုးစီတို႔ သားအဖ မ်ားကိုၾကည့္ၿပီး သက္ျပင္းေမာႀကီးခ်လိုက္မိေတာ့သည္။

 

( ၂ )

အလင္းေရာင္ျပဴကာစ နံနက္ခင္းေလး သည္ ေအးခ်မ္းလြန္းလွ၏။ သို႔ေသာ္ မိသြယ္ ဘဝကေတာ့ မေအးေဆးႏိုင္ေသးပါ။ နံနက္ ေလးနာရီထိုးသည္ႏွင့္ မိသြယ္ အတင္းကုန္းထ လိုက္သည္။ မ်က္ႏွာသစ္ၿပီး ထမင္းဟင္း ခ်က္သည္။ ထို႔ေနာက္ မီးပူတိုက္ၿပီးသား အထည္မ်ားကို လိုက္ပို႔၍ ေလွ်ာ္စရာ အဝတ္ အစားမ်ားကို ျပန္ယူလာၿပီး ေလွ်ာ္သည္။ မိသြယ္မသြားခင္ သမီးႏွင့္ သားကိုႏႈိးၿပီး ထမင္း ေကြၽးေနၾကမို႔ အိပ္ေနေသာ သမီးႏွင့္ သားကို ႏႈိးလိုက္သည္။

 

“သမီးနဲ႔သား…ထၾကေတာ့။ ထမင္းၾကမ္း ေလးက်န္တာ ငပိေၾကာ္နဲ႔ စားလိုက္ၾက။ အေမ အဝတ္ေတြ လိုက္ပို႔ဦးမယ္”

“အေမ…အေဖ့အတြက္ေရာ မရွိေတာ့ဘူး လားဟင္။ သားမစားဘူး အေဖ့ကိုေကြၽးလိုက္ ေနာ္”

သားေလး၏ စကားၾကားမွ မိသြယ္ ေယာက္်ားျဖစ္သူကို လွမ္းၾကည့္မိသည္။ ေျခာက္နာရီေက်ာ္ႏွင့္ ဘယ္ေသာအခါမွ မထ တတ္ေပ။ ရွစ္နာရီေလာက္မွ အလူးအလဲထကာ လမ္းတကာ ေလွ်ာက္သြားေတာ့သည္။ မိသြယ္ အပူမ်ားကို မႈတ္ထုတ္လိုက္ၿပီး သားဘက္ လွည့္ကာ…

“သားေလး…ထမင္းက နည္းေနလို႔ပါ ကြယ္။ သားအေဖက အျပင္မွာစားခ်င္တာ စားေနတာ။ ပူမေနနဲ႔ သားေလးသာစား။ သားအေဖစားခ်င္လည္း ေန႔လယ္စာခ်က္ထား တာရွိေနတာပဲ။ ထည့္စားပါေစေလ..ေနာ္ သားေလး”

“ဟဲ့… ငတူး… နင္ဟာေလ အရစ္ကို ရွည္တယ္။ ဒီေလာက္အခ်ိန္ျပည့္မူးေနတာ။ ဘယ္တုန္းက ထမင္းကို အေၾကာင္းလုပ္စား လို႔လဲ။ ငါေခါက္လိုက္လို႔ စားမွာသာစားစမ္း။ နားညည္းတယ္”

“အစ္မကလည္းဗ်ာ…အစ္မက အေဖ့ကို မုန္းေနတာပဲ။ ဘယ္ၾကည့္ရပါ့မလဲ။ အေဖ ေသမွာဆိုးလို႔ပါဗ်”

သားႏွင့္သမီးေျပာေနေသာ စကားကို ၾကားၿပီး မိသြယ္ သက္ျပင္းေမာႀကီး ခ်လိုက္ မိသည္။

သမီးက အခ်ိန္ျပည့္ အရက္မူးေနေသာ ဖခင္အား မေက်မနပ္ျဖစ္ေနတတ္သည္။ အပ်ိဳေပါက္ေလးျဖစ္ေန၍ ရွက္တတ္ေန၏။ မိသြယ္အေတြးကိုရပ္ၿပီး တစ္ေန႔တာ အလုပ္ကို စလုပ္ဖို႔ အဝတ္ျခင္းကိုယူကာ ထြက္လာခဲ့လိုက္ သည္။

 

( ၃ )

“ဟဲ့…မိသြယ္။ ငါေနမေကာင္းျဖစ္ေနလို႔ အိမ္သန္႔ရွင္းေရးမလုပ္ႏိုင္ျဖစ္ေနတာ။ ငါ့ကို ဒီေန႔ကူလုပ္ေပးစမ္းပါဟယ္။ အက်ႌက ေနာက္မွေလွ်ာ္ေပါ့။ နင္လည္း ပိုက္ဆံပိုသုံးရ တာေပါ့”

“ဟုတ္ကဲ့ပါ…မမေအး။ မိသြယ္ ဝိုင္းကူ လုပ္ေပးပါ့မယ္”

မသြယ္အဝတ္ေလွ်ာ္ မီးပူတိုက္ေပးေနၾက မမေအးက အိမ္ရွင္းခိုင္းေန၏။

ပိုက္ဆံခ်မ္းသာၿပီး အိမ္မွာ အိမ္ေဖာ္မထား ေပ။ ေယာက္်ားကို စိတ္မခ်ျဖစ္ေနေသာ မမေအးကို ေငးၾကည့္ေနမိသည္။ ၿခံအက်ယ္ ႀကီးႏွင့္ အိမ္ႀကီးထဲ သားသမီးမရွိ။ ေယာက္်ား အလုပ္သြားလွ်င္ တစ္ေယာက္တည္းေနရ သည္။ မိသြယ္ အိမ္ေပၚကို ေရာက္ဖူးခ်င္ေနမိ သည္မွာ ၾကာၿပီ။ ယခု ဆႏၵျပည့္သြားေလ သည္။

မိသြယ္ကိုအေပၚထပ္သို႔ ေခၚသြားေလ သည္။ အေပၚထပ္ေရာက္ေသာအခါ မိသြယ္ အံ့ၾသေနမိ၏။ ဗီ႐ိုႀကီးႀကီးထဲ အဝတ္စားမ်ား ျပည့္ေနသည္။ မိသြယ္ဘဝတြင္ အိပ္မက္ေတာင္ မမက္ဖူးခဲ့ေပ။ ကိုယ္ပိုင္ဝယ္ႏိုင္သည္က ပါထိုင္းထဘီႏွင့္ အရိပ္ပန္းစေလးေလာက္သာ ဝယ္ႏိုင္သည္။ ယခုဗီ႐ိုထဲတြင္ ဖိတ္ဖိတ္ ေတာက္ေနေသာ ခ်ိတ္မ်ားေရာင္စုံ တစ္ထပ္ လိုက္ ေတြ႕ေနရ၏။ မိသြယ္ ၾကည့္မဝေသး ခင္မွာ….

“မိသြယ္…ေရခ်ိဳးခန္းကို အရင္ေဆးေပး ေနာ္။ ငါေရမကိုင္ႏိုင္လို႔ပါ။ သူမ်ားလုပ္တာ စိတ္တိုင္းမက်ေပမယ့္ ေနမေကာင္းလို႔သာ ခိုင္းရတာ”

“ဟုတ္မမေအး…မိသြယ္ ေသေသခ်ာခ်ာ လုပ္ေပးပါ့မယ္။ မမေအး နားေနပါေနာ္”

မိသြယ္ေငး၍ မဝေသးေသာ္လည္း အလုပ္ လုပ္ဖို႔ေျပာေနသည့္ မမေအးအသံေၾကာင့္ အလုပ္စလုပ္ဖို႔ ေရခ်ိဳးခန္းထဲ ဝင္လိုက္ ေလသည္။ တီဗြီထဲသာ ျမင္ဖူးေသာ္လည္း ယခုမ်က္စိေရွ႕မွာေတြ႕ရေသာ ေရခ်ိဳးခြက္အျဖဴ ရွည္ႀကီးကို မိသြယ္ကိုင္ၾကည့္ေနမိသည္။

ပိုက္ဆံခ်မ္းသာေသာ လူတန္းစားမ်ား အတြက္ အေသးအမႊား ျဖစ္သည္။ သို႔ေသာ္ လည္း မိသြယ္တို႔လို ဘဝသမားမ်ားအတြက္ ေတာ့ နန္းေတာ္ႀကီးသဖြယ္ ျဖစ္ရသည္။ ေရခ်ိဳး ခန္းထဲက မွန္တင္ခုံေပၚ ရွင္းေသာအခါ…..

“ဟင္…လက္စြပ္ေလးပါလား။ လွလိုက္ တာ ေ႐ႊလက္စြပ္ေလးပဲ ျဖစ္မယ္”ဟု မိသြယ္ ေရ႐ြတ္လိုက္မိ၏။ ေ႐ႊေရာင္ဝင္းလက္ၿပီး အထဲက ေက်ာက္ကေလးမ်ားက တလက္လက္ ျဖစ္ေနသည္။ တန္ဖိုးနည္းမည္ မဟုတ္မွန္း ေတာ့ မိသြယ္နားလည္သည္။ လက္စြပ္ေလး ေရာင္းလိုက္လွ်င္ မိသြယ္တို႔ေခ်ာင္လည္သြားႏိုင္သည္။

“အို…ေျပလည္သြားလည္း တခဏပဲ ျဖစ္မွာပါ ငါယူတာသိရင္ ငါ့ကိုယုံၾကည္ေတာ့မယ္မထင္ေတာ့ဘူးေလ”

ေလာဘမ်ားကို ခ်ဳပ္တည္းလိုက္ပါသည္။ ဘဝပဲဆင္းရဲခ်င္ ဆင္းရဲသြာပါေစ အက်င့္ သိကၡာကိုေတာ့ ဆင္းရဲမခံႏိုင္ေပ။ မိသြယ္သည္ လက္စြပ္ေလးကိုျပန္ေပးဖို႔ ဆုံးျဖတ္၍ သန္႔ရွင္း ေရး ဆက္လုပ္လိုက္ပါသည္။

 

( ၄ )

မိသြယ္ သန္႔ရွင္းေရးလုပ္ၿပီးေသာအခါ မမေအးကို လက္စြပ္ေလးျပၿပီး ျပန္ေပးလိုက္ ပါသည္။ မမေအးသည္ သိပ္ၿပီးဝမ္းသာ သြား၏။ မိသြယ္ကိုလည္း ေက်းဇူးအခါခါ တင္ေနသည္။

“မိသြယ္ရယ္…ေက်းဇူးတင္ပါတယ္။ ဒါ…ငါ့ေယာက္်ားလက္စြပ္ေလးေလ။ တကယ္လို႔ နင္ယူသြားလည္း အျပင္မွာေပ်ာက္တယ္ပဲ ထင္မွာ။ ဒါစိန္လက္စြပ္ မိသြယ္ရဲ႕”

“ဟင္…မမေအး စိန္လက္စြပ္ ဟုတ္လား။ မိသြယ္ျဖင့္ မျမင္ဖူးလို႔ ေက်ာက္ေတြပဲ ထင္တာ။ မမေအး…မိသြယ္ကို ေသေသခ်ာခ်ာ ၾကည့္ခြင့္ျပဳပါလား။ မိသြယ္ စိန္ကိုမျမင္ဖူး လို႔ပါ”

 

မိသြယ္အျဖစ္က စိန္မွန္းမသိ ေက်ာက္မွန္း မသိတဲ့ ဘဝျဖစ္သည္။ မမေအးသည္ မိသြယ္ကို ေက်းဇူးတင္၍ ပိုက္ဆံႏွစ္ေသာင္း ေပးေလ သည္။ သန္႔ရွင္းေရးလုပ္ခက ငါးေထာင္ အဝတ္ ေလွ်ာ္ခအကုန္ေပါင္းၿပီး ႏွစ္ေသာင္းခြဲတိတိ မိသြယ္ရေလသည္။ မိသြယ္ေပ်ာ္ေနမိ၏။ က်န္အဝတ္ေလွ်ာ္ခမ်ားႏွင့္ အားလုံးေပါင္းလွ်င္ ေလးေသာင္းရ၍ မိသြယ္စိတ္ကူးမ်ား အေရာင္ လက္လာသည္။

 

သမီးႏွင့္ သားအတြက္ လိုတာေလး ဝယ္ေပးဖို႔ မိသြယ္စဥ္းစားေနမိသည္။ သမီးက အပ်ိဳေပါက္ကေလးျဖစ္ေန၍ လွခ်င္ေနသည္။ ေမာင္ႏွမႏွစ္ေယာက္ကို ဖိနပ္တစ္ရံဆီ ဝယ္ေပးရဦးမည္။

အၿပဳံးပန္းေဝလ်က္ မိသြယ္ အိမ္ျပန္လာ ခဲ့သည္။ ေျခလွမ္းတိုင္းက ေပါ့ပါးေနေတာ့ သည္။

 

( ၅ )

မိသြယ္ ၿခံဝေရာက္သည္ႏွင့္ အိမ္ေရွ႕တြင္ သားေလးက ငိုေန၏။ မိသြယ္ကိုေတြ႕ေသာ အခါ….

“အေမ…အေမ…အေဖအရက္ေသာက္ရင္း ရန္ျဖစ္တာ ေခါင္းကြဲသြားတယ္။ ေဆးခန္းကို မမပါ လိုက္သြားတယ္”

“ဟင္… သားေလး အိမ္မွာပဲေနေနာ္။ အေမေဆးခန္းကို လိုက္သြားဦးမယ္”

မိသြယ္ဘဝက ေပ်ာ္တာေတာင္ ရဲရဲမေပ်ာ္ ရဲေသာ ဘဝျဖစ္သည္။ အေစာတုန္းက အၿပဳံး ဖ်ဖ်ေလးေနရာ ယခုေတာ့ မဲ့ေနသေယာင္ ျဖစ္သြားခဲ့၏။ ကိုဖိုးစီကိုေခၚသြားေသာ ေဆးခန္းကိုလိုက္ရင္း ေျခေထာက္မ်ားက ေလးလံလာသည္။

မိသြယ္ ေဆးခန္းထဲဝင္သြားသည္ႏွင့္ ပက္တီးေခါင္းမွာ အေဖြးသားႏွင့္ထိုင္ေနေသာ ကိုဖိုးစီကိုေတြ႕ရသည္။

“မိန္းမ… ငါ နည္းနည္းေလး…မဆို သေလာက္ေလးမူးတာပါ။ နည္းနည္းေလး ပါကြာ…ေနာ္”

“ကိုဖိုးစီ… ရွင္ဟာေလ အရွက္ေရာ အေၾကာက္ေရာ ကန္းကုန္ေနတဲ့လူပါလား”

မိသြယ္ကို ေတြ႕သည္ႏွင့္ ေျပာေနၾက လက္သုံးစကားအတိုင္း အာေပါင္သန္သန္ႏွင့္ ေျပာေနသည္။ ကိုဖိုးစီကို ၾကည့္ၿပီး မိသြယ္ စိတ္ပ်က္ေနမိ၏။ သမီးက မိသြယ္ဆီေျပးလာ ၿပီး….

“အေမ…သမီးအဲ့ဒါေၾကာင့္ စိတ္ညစ္တာ။ အရက္ေသာက္လည္း ေအးေအးေဆးေဆး မေသာက္ဘူး။ သူမ်ားကို ရန္သြားစၿပီး မထိန္း ႏိုင္ပဲလဲတာတဲ့။ ခုံစြန္းနဲ႔ထိၿပီး ေခါင္းေပါက္ သြားတာတဲ့ေလ”

“ေအးပါ…သမီးရယ္။ အေမေတာင္းပန္ပါ တယ္။ ဒါေပမဲ့ သမီးအေဖပဲမလား။ သမီး ေျပာရင္ သမီးပဲ ငရဲႀကီးမွာေပါ့ကြယ္”

မိသြယ္သည္ သမီးကို စိတ္မခုေအာင္ ေျပာေနေသာ္လည္း သမီးက နားဝင္ပုံမရပါ။ မိသြယ္ကို မ်က္လုံးျပဴးၿပီး ၾကည့္ေနသည္။

“အေမက ဘာလို႔ေတာင္းပန္ေနတာလဲ။ အေမ့အမွားမွ မဟုတ္တာ။ အေဖ့အမွားပဲကို”

 

မိသြယ္မည္သို႔ ရွင္းျပရမည္နည္း။ မိန္းမ တစ္ေယာက္၏ ေ႐ြးခ်ယ္မႈသည္ အပ်ိဳစင္ဘဝ မွာသာရွိသည္။ ေ႐ြးခ်ယ္ခြင့္ရွိသည့္ အခ်ိန္မွာ မွားယြင္းစြာ ဆုံးျဖတ္မိပါက တစ္ဘဝလုံး အမွားႏြံထဲမွာ နစ္မြန္းသြားၾကရသည္။ အိမ္ေထာင္သည္ ဘဝမွာ အမွားကိုျပင္ဆင္ခြင့္ မရွိေတာ့ေပ။ ေနာက္ျပန္လွည့္၍လည္း မရ ေတာ့ပါ။ သားသမီးမ်ား ရလာခဲ့လွ်င္ ငဲ့ညႇာ ေထာက္ထားစရာမ်ားႏွင့္ ပို၍ပို၍ အမွားႏြံထဲ နစ္ခဲ့ရ၏။ ဘဝအတြက္ ေ႐ြးခ်ယ္ခြင့္ရွိေနခ်ိန္ အမွားအယြင္း နည္းဖို႔ေသေသခ်ာခ်ာ ဆုံးျဖတ္ ၾကရသည္။

 

သို႔ေသာ္မိသြယ္ကေတာ့ ေ႐ြးခ်ယ္မရေတာ့ ေပမဲ့ သမီးေလးကို ေ႐ြးခ်ယ္မႈမမွားေအာင္ ရွင္းျပ ရေပဦးမည္။ ေဆးခန္းထဲမို႔ သမီးေလးကို မေျပာခ်င္ေသာ္လည္း အိမ္ျပန္ေရာက္ရင္ေတာ့ ေျပာျပထားရမည္။ မိသြယ္အေတြး မဆုံးခင္ မွာဘဲ ဆရာဝန္ေခၚသံေၾကာင့္ အေတြးရပ္သြား ၏။

“လူနာကိုဖိုးစီ ဇနီးလား”

“ဟုတ္…ဟုတ္ပါတယ္ဆရာ။ မိသြယ္က ကိုဖိုးစီမိန္းမပါ။ ေဆးဖိုး ဘယ္ေလာက္ က်လဲဟင္”

“ေဆးဖိုးေရာ… ခ်ဳပ္တာက ေျခာက္ခ်က္ ခ်ဳပ္ရတယ္။ အကုန္ သုံးေသာင္းရွစ္ေထာင္ က်တယ္။ အနာကိုက္ရင္ ဒီေဆးကိုတိုက္။ တစ္ပတ္ေနရင္ျပန္လာျပ ခ်ဳပ္႐ိုးေျဖရမယ္။ ဒီၾကားထဲ မူးတာတို႔ အန္တာတို႔ျဖစ္ရင္ ျပန္လာ ျပပါ။ ျပန္လို႔ရၿပီ”

ဆရာဝန္ေျပာေနေသာ စကားကို နားေထာင္ရင္း မိသြယ္ကိုယ္တိုင္ မူးခ်င္အန္ခ်င္ လာမိသည္။ စိတ္ထဲကလည္း ဘုရားတမိ၏။ ေဆးဖိုးသုံးေသာင္းရွစ္ေထာင္ ေတာင္းလိုက္ ေလသည္။ မိသြယ္ပင္ပင္ပန္းပန္းရွာထားေသာ ပိုက္ဆံေလးက တခဏအတြင္း ကုန္သြားေတာ့ သည္။ ဆိုက္ကားခ က်န္ေနပါေသးသည္။

“သမီး…သမီးနဲ႔ သမီးအေဖ ဆိုက္ကားနဲ႔ ျပန္သြားၾက။ အေမေနာက္ကပဲလိုက္လာမယ္”

မ်က္ႏွာမေကာင္းေသာ သမီးကိုၾကည့္ၿပီး မိသြယ္စိတ္မေကာင္းျဖစ္မိသည္။

“ကဲ… ကိုဖိုးစီ ။ ရွင္လည္း အိမ္ၾကရင္ ၿငိမ္ၿငိမ္ေလးေနၿပီး အိပ္ေနေနာ္။ မိသြယ္ ေနာက္ကလိုက္ခဲ့မယ္။ ျပန္ၾကေတာ့”

“ေအးပါ…မိန္းမရယ္”

ဆိုက္ကားေပၚတက္ၿပီး ထြက္သြားၾက ေသာ ကိုဖိုးစီႏွင့္ သမီးအား မ်က္စိတဆုံး ၾကည့္ေနလိုက္သည္။

မိသြယ္ရင္ဘတ္ထဲ စူးကနဲ႔ ေအာင့္တက္ လာ၏။ မ်က္ဝန္းမွ မ်က္ရည္မ်ား ရစ္သိုင္းလား ၿပီး မ်က္ရည္စတို႔သည္ တေပါက္ေပါက္ ေႂကြက်လာေတာ့သည္။

 

ဖူးငုံႏွင္း

the mirror daily

7-6-2020

#ေလးစားစြာcreditေပးပါသည္