ဘဝမကူးသည့်ဝဋ်(စ/ဆုံး)

Unicode Version

ဘဝမကူးသည့်ဝဋ်(စ/ဆုံး)
—————————–
(ဖြစ်ရပ်မှန်)
၁၉၉၀ခုနှစ်ခန့်က ကျွန်တော်သည် အလုပ်ကိစ္စတစ်ခုနှင့် ဆည်တော်ကြီးသို့ရောက်ခဲ့ပါသည်။

ဆည်တော်ကြီး၌ ပြုလုပ်ဖွယ်ကိစ္စများကို သုံးရက်အကြာ၌ ပြီးစီးသည့်နောက် ရထားနှင့်ပြန်ဖို့ရာ ဘူတာရုံသို့ရောက်လာခဲ့ပါသည်။

သို့သော် ကျွန်တော်လိုက်ပါမည့်ရထားကိုတော့မမှီတော့ပါ။

ထို့နောက် ဘူတာထဲတွင်သာထိုင်နေလိုက်ပြီး ”ညရောက်လျှင်တော့ ခုံတန်းတစ်ခုပေါ်၌အိပ်၍ နောက်တစ်နေ့ ရထားလာမှစီးပြန်တော့မည်”ဟုဆုံးဖြတ်လိုက်ပါသည်။

ထို့နောက် အဆာပြေစားသောက်ရန်အတွက် ဘူတာအတွင်းရှိလက်ဖက်ရည်ဆိုင်သို့လျှောက်လာခဲ့ပါသည်။

ဆိုင်ဆိုပေမင့် သိပ်ကြီးကြီးမားမားမဟုတ်ဘဲ ခွေးခြေခုံ လေးငါးခုံသာအတန်းလိုက်ချထားသည့်ဆိုင်ကလေးဖြစ်ပါသည်။

ထိုဆိုင်တွင်လည်း လူတစ်ယောက်သာထိုင်၍လက်ဖက်ရည်သောက်လျက်ရှိနေပါသည်။

ကျွန်တော်လည်း ထိုလူ၏ဘေးတစ်ဖက်ရှိထိုင်ခုံတွင်ဝင်ထိုင်လိုက်ပါသည်။

“အစ်ကိုဘာသောက်မလဲဗျ”

“ပေါ့ဆိမ့်ချပါ”

“ဟုတ် ဟုတ်”

ဆိုင်ရှင်လည်း လက်ဖက်ရည်ဖျော်နေခိုက်တွင် ဘေးတွင်ထိုင်နေသည့်လူက ကျွန်တော့်ကို သေချာကြည့်လေပြီး

“ညီက ဒီကမဟုတ်ဘူးနဲ့တူတယ်”

“မဟုတ်ပါဘူး။ရန်ကုန်ကပါ။ဒီကိုအလုပ်ကိစ္စနဲ့လာခဲ့တာ။ဒီနေ့ပဲပြန်မလို့။ရထားမမှီတော့လို့ကျန်ခဲ့တာ”

“ဒါဆို ဒီည ဒီဘူတာမှာပဲအိပ်မှာပေါ့”

“ဟုတ် ဒီမှာပဲ အိပ်ရမှာ”

ထိုလူအနည်းငယ်စဉ်းစားလိုက်သည်။

ပြီးနောက်

“ကဲ ဒီမှာ အဆင်ပြေမှာမဟုတ်ဘူး။အေးကလည်းအေး။ခြင်ကလည်းပေါ။ဒီတော့ ကျုပ်အိမ်ကိုလိုက်အိပ်ဗျာ။ဒီဘူတာနားလေးမှာပဲ။အိမ်မှာ ကျုပ်နဲ့ကျုပ်ဦးလေးနှစ်ယောက်ပဲရှိတယ်။တစ်ရက်တလေ လွတ်လွတ်လပ်လပ်တည်းခိုလို့ရပါတယ်။မနက်ဖြန် ရထားလာခါနီးသံချောင်းခေါက်မှ ဒီမှာပြန်လာစောင့်ပေါ့”ဟုပြောလေရာကျွန်တော်လည်း သဘောတူလိုက်ပါသည်။

ထို့နောက် မှာထားသည့်လက်ဖက်ရည်ကိုသောက်ကာ ကျသင့်ငွေကိုရှင်းပြီး တစ်ညတာတည်းခိုရန်အတွက် ထိုလူနှင့်အတူ လိုက်လာခဲ့ပါသည်။

နောက်မှ ထိုလူ၏နာမည်မှာ ကိုချစ်ဝင်းဟူ၍သိရပါသည်။

ကိုချစ်ဝင်း၏အိမ်သို့ရောက်တော့ ၎င်း၏ဦးလေးဆိုသူအား အိမ်ရှေ့မန်ကျည်းပင်အောက်တွင်ထိုင်နေသည်ကိုတွေ့ရပါသည်။

တစ်ဖန် မန်ကျည်းပင်၏ပင်စည်တွင် ချိုင်းထောက်တစ်ခုကိုလည်း ထောင်ထားသည်ကိုတွေ့ရပြန်သည်မို့ ကျွန်တော်လည်း ထိုဦးလေးအား အသေအချာကြည့်လိုက်ရာ ၎င်း၏ညာဘက်ခြေထောက်မှာ ပေါင်အလည်လောက်မှပြတ်နေသည်ကိုတွေ့ရပါသည်။

ထိုအခိုက်တွင် ခွေးတစ်ကောင်သည် ခြံစည်းရိုးကြားမှ ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ထိုဦးလေးအနားသို့သွားပါသည်။

ထိုခွေး၏ညာဘက်ခြေထောက်မှာ ဒူးဆစ်မှနေ တိတိရိရိပြတ်နေပါသည်။

ထိုခွေးသည် ဦးလေး၏အနားသို့ရောက်တော့ အနားတွင်ချထားသည့်ခွက်ထဲမှအစာကို အနည်းငယ်မျှသာစားပြီး အဲဒီဦးလေး၏ဘေးတွင် ခွေခွေလေးအိပ်ပါတော့သည်။

ယင်းအချင်းအရာကိုမြင်ရတော့ ကျွန်တော်လည်း တွေးမိပါသည်။

“အင်း အိမ်ရှင်ကလည်း ညာဘက်ခြေထောက်ပြတ်နေတယ်။မွေးထားတဲ့ခွေးကလည်း ညာဘက်ခြေထောက်ပြတ်နေတယ်။ဘယ်လိုပါလိမ့်”

ယင်းသို့တွေးမိပေမင့် မေးရမှာအားနာမိသောကြောင့် မမေးဖြစ်လိုက်ပါချေ။

သို့ဖြင့် ညနေစောင်းအချိန်သို့ရောက်တော့ ကျွန်တော်လည်း ပျင်းပျင်းရှိသည်မို့ မနက်က ထိုင်ခဲ့သည့် ဘူတာမှလက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့ပါသည်။

ဆိုင်ရှင်ကလည်း ကျွန်တော့်ကိုမြင်မြင်ချင်းမှတ်မိသွားပါသည်။

“သြော် အစ်ကို ဟိုလူ့အိမ်မှာလိုက်တည်းရတာအဆင်ပြေလား”

“အင်း ပြေပါတယ်။ဒါနဲ့အဲဒီအိမ်က သူ့ဦးလေးဆိုတဲ့သူရော၊သူတို့မွေးထားတဲ့ခွေးလေးကပါ ခြေထောက်ကိုယ်စီပြတ်နေတယ်။အဲဒါတော်တော်ထူးနေတယ်”

ကျွန်တော်သိချင်သည့်ကိစ္စကိုအဖြေသိရလို သိရငြား ထိုသို့ပြောကြည့်တော့ ဆိုင်ရှင်က အောက်ပါအတိုင်းပြန်လည်ပြောပြပါသည်။

“ဒီလိုဗျ။အဲဒီဦးလေးနာမည်က ဦးလှမြင့်တဲ့။အရင်တုန်းက သူက ရထားတွဲတွေပေါ်ဈေးလိုက်ရောင်းတဲ့ရထားဈေးသည်ပေါ့ဗျာ။လွန်ခဲ့တဲ့သုံးနှစ်လောက်က သူရထားပေါ်ဈေးရောင်းထွက်ခါနီး ညနေဈေးရောင်းက ပြန်လာရင်စားဖို့ဆိုပြီး ကြက်သားဟင်းချက်ထားခဲ့တယ်။

ဒီလိုနဲ့ ညနေဈေးရောင်းက ပြန်လာတော့ ထုံးစံအတိုင်း ဘူတာဘေးနားကဆိုင်မှာ အရက်ဝင်သောက်တယ်။အဲဒီနေ့က အဖော်လည်းစုံသွားတော့ ခါတိုင်းထက် ပိုသောက်၊ပိုမူးပြီး ပြန်သွားတယ်။

အိမ်ရောက်တော့ မနက်က ချက်ထားခဲ့တဲ့ကြက်သားဟင်းတွေကိုကြည့်တော့ ဟင်းအိုးက မှောက်နေပြီ။ကြက်သားလည်း တစ်တုံးမှမရှိတော့ဘူး။ခွေးစားလို့ကုန်ပြီ။

အဲဒီမှာသူလည်း အရက်မူးလာတာရော၊ဗိုက်ဆာတာရောပေါင်းပြီး ဒေါသတွေထွက်သွားတယ်။

ဒါကြောင့် အိမ်အပြင်ဘက်ထွက်ပြီး ခွေးကိုချော့ပြီးခေါ်တယ်။ခွေးကလည်း အစာကျွေးဖို့ခေါ်တယ်မှတ်ပြီး အနားကိုရောက်လာတယ်။

အဲဒီတော့မှ ”ငါစားဖို့ချက်ထားတဲ့ဟင်းတွေ မင်းစားလို့ကုန်ပြီ။ဒီတော့ မင်းကိုငါကပြန်သတ်စားရတော့မယ်”ဆိုပြီး အနားမှာရှိတဲ့ ထင်းခုတ်ဓားနဲ့ကောက်ခုတ်လိုက်တော့ ခွေးကလည်း ကြောက်လန့်ပြီး ပြန်လှည့်အပြေးဆိုတော့ နောက်ခြေထောက်တစ်ချောင်းကိုပဲခုတ်မိပြီး ပြတ်ကျန်ခဲ့တယ်။

ခွေးလည်းထော့နဲ့ ထော့နဲ့နဲ့ တဂိန်ဂိန်အော်ပြီး သွေးရူးသွေးတန်းလျှောက်ပြေးနေတော့တာ။

အဲဒီတော့မှ သူလည်း တော်တော်စိတ်မကောင်းဖြစ်သွားပြီး ထမင်းလည်းမစားနိုင်တော့ဘူး။အရက်သောက်ထားတာတောင် အဲဒီညမှာအိပ်မပျော်တော့ဘူး။

နောက်တစ်နေ့မနက် ရထားလာတော့ သူလည်း ထုံးစံအတိုင်း ရထားတွဲတွေပေါ်ဈေးလိုက်ရောင်းတယ်။

အဲဒီမှာ ညကအိပ်မပျော်ဖြစ်တာရော၊အရက်နာကျတာရောပေါင်းပြီး ဘယ်လိုဖြစ်တာလဲမသိဘူး။တစ်သက်လုံး ရထားတွဲတွေပေါ်ခုန်ကူးပြီးဈေးရောင်းလာခဲ့တာ။အဲဒီမနက်ကျမှ ခြေချော်လက်ချော်ဖြစ်ပြီး ရထားတွဲပေါ်ကပြုတ်ကျသွားတယ်။

ထူးဆန်းတာက တွဲနှစ်တွဲကြားထဲပြုတ်ကျသွားခဲ့ပေမယ့် တခြားဒဏ်ရာတစ်ခုမှမရဘဲ ညာဘက်ခြေထောက်ကိုပဲရထားဘီးကတက်ကြိတ်သွားပြီး တိတိရိရိပြတ်သွားတော့တာ။

ကြည့်ရတာ ဝဋ်က နောင်ဘဝအထိတောင်မကူးဘဲ နေ့ချင်းညချင်းလည်ပစ်လိုက်တာများလားမပြောတတ်ပါဘူး။

အဲဒီနောက် သူလည်းနောင်တတွေရသွားပြီး အရက်လုံးဝမသောက်တော့ဘူး။ဈေးလည်းမရောင်းနိုင်တော့ဘူး။သူ့တူလေးရဲ့လုပ်စာပဲထိုင်စားနေရင်း ..တစ်နေကုန်သူ့ခွေးနဲ့ပဲ အချိန်ကုန်နေတော့တာ။

သူ့တူကလည်း မိဘတွေမရှိ၊နေစရာလည်းမရှိတော့လို့ သူနဲ့လာနေတာ။

ဒီတော့ နေစရာမရှိတဲ့သူက နေစရာအတွက်မပူရတော့သလို၊လုပ်မစားနိုင်တော့တဲ့သူ့အတွက်ကလည်း စားစရာမပူရတော့ဘူးပေါ့”

အဖြစ်အပျက်တွေကိုပြောပြပြီးသည့်နောက် ဆိုင်ရှင်လည်း ရေနွေးကြမ်းကိုငှဲ့သောက်လိုက်ပါသည်။

ထိုအခါမှကျွန်တော်လည်း လက်ဖက်ရည်သောကိဖို့သတိရသွားပြီး မှာယူသောက်လိုက်ရပါသည်။

ပြီးနောက် ကျသင့်ငွေကိုရှင်း၍ ဆိုင်ရှင်ကိုနှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။

အိမ်သို့ရောက်တော့ ဦးလှမြင့်သည် သူ၏ခွေးလေးကိုသာပွတ်သပ်ပေးနေသည်ကိုတွေ့ရပါသည်။

သူ့ပုံစံက ရွှင်ရွှင်ပြပြဖြစ်မနေပါ။

ကြည့်ရသည်မှာ သူခြေထောက်ပြတ်ခဲ့ရသည်ထက် ခွေးကိုလက်လွတ်စပယ်ပြုလုပ်ခဲ့သည့်လုပ်ရက်အတွက်သာ နောင်တရနေခြင်းဖြစ်ပါလိမ့်မည်။

နောက်တစ်နေ့ရောက်တော့ ဘူတာမှသံချောင်းခေါက်သ့ထွက်ပေါ်လာသည်မို့ ကျွန်တော်လည်း ၎င်းတို့တူဝရီးနှစ်ယောက်ကိုနှုတ်ဆက်ပြီး ဘူတာရုံသို့ခပ်သွက်သွက်လျှောက်လာခဲ့ပါသည်။

သို့သော်လမ်းခုလတ်သို့အရောက်တွင် ဦးလှမြင့်ကို စိတ်မကောင်းစွာဖြင့် သမင်လည်ပြန်လှည့်၍ကြည့်မိပါသည်။

ဦးလှမြင့်ကမူ သူ၏ခွေးကိုသာ လက်ဖြင့်သနား ယုယစွာ ပွတ်သပ်ပေးနေပါတော့သည်။

(ဝန်ခံချက်။ ။ကျွန်တော်၏ “ဝဋ်”ဝတ္ထုတိုကို လျှို့ဝှက်ဆန်းကြယ်pageမှcopyကူး၍ပြန်လည်ဖော်ပြရာ စာဖတ်ပရိသတ်တစ်ယောက်မှ သူခရီးသွားရင်း ကြုံခဲ့ရသည့်အထက်ပါ

အဖြစ်အပျက်ကိုဝင်မန့်လေရာ ကျွန်တော်ကလည်း ဤအဖြစ်ကိုဝတ္ထုအဖြစ်ပြန်ရေးလိုကြောင်းခွင့်တောင်းလေရာ ၎င်းကလည်းခွင့်ပြုခဲ့ပါသည်။

စင်စစ်သော် ကျွန်တော်သည် အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်၍ပြန်ရေးလေ့ရှိပေမင့် ယခုသူပြောပြသည်မှာ တကယ့်သဘာဝကျကျဖြစ်သည်မို့ ပြောပြ သည့်အတိုင်းကိုသာ ဖတ်ရှု၍အဆင်ပြေအောင် ပြန်လည်ရေးသားလိုက်ရခြင်းဖြစ်ပါသည်။)

အားလုံးအေးချမ်းပါစေ…။

ဆရာဆွေ(တောင်တွင်း)

Zawgyi Version

ဘဝမကူးသည့္ဝဋ္(စ/ဆံုး)
—————————–
(ျဖစ္ရပ္မွန္)
၁၉၉၀ခုႏွစ္ခန္႔က ကြၽန္ေတာ္သည္ အလုပ္ကိစၥတစ္ခုႏွင့္ ဆည္ေတာ္ႀကီးသို႔ေရာက္ခဲ့ပါသည္။

ဆည္ေတာ္ႀကီး၌ ျပဳလုပ္ဖြယ္ကိစၥမ်ားကို သုံးရက္အၾကာ၌ ၿပီးစီးသည့္ေနာက္ ရထားႏွင့္ျပန္ဖို႔ရာ ဘူတာ႐ုံသို႔ေရာက္လာခဲ့ပါသည္။

သို႔ေသာ္ ကြၽန္ေတာ္လိုက္ပါမည့္ရထားကိုေတာ့မမွီေတာ့ပါ။

ထို႔ေနာက္ ဘူတာထဲတြင္သာထိုင္ေနလိုက္ၿပီး ”ညေရာက္လွ်င္ေတာ့ ခုံတန္းတစ္ခုေပၚ၌အိပ္၍ ေနာက္တစ္ေန႔ ရထားလာမွစီးျပန္ေတာ့မည္”ဟုဆုံးျဖတ္လိုက္ပါသည္။

ထို႔ေနာက္ အဆာေျပစားေသာက္ရန္အတြက္ ဘူတာအတြင္းရွိလက္ဖက္ရည္ဆိုင္သို႔ေလွ်ာက္လာခဲ့ပါသည္။

ဆိုင္ဆိုေပမင့္ သိပ္ႀကီးႀကီးမားမားမဟုတ္ဘဲ ေခြးေျခခုံ ေလးငါးခုံသာအတန္းလိုက္ခ်ထားသည့္ဆိုင္ကေလးျဖစ္ပါသည္။

ထိုဆိုင္တြင္လည္း လူတစ္ေယာက္သာထိုင္၍လက္ဖက္ရည္ေသာက္လ်က္ရွိေနပါသည္။

ကြၽန္ေတာ္လည္း ထိုလူ၏ေဘးတစ္ဖက္ရွိထိုင္ခုံတြင္ဝင္ထိုင္လိုက္ပါသည္။

“အစ္ကိုဘာေသာက္မလဲဗ်”

“ေပါ့ဆိမ့္ခ်ပါ”

“ဟုတ္ ဟုတ္”

ဆိုင္ရွင္လည္း လက္ဖက္ရည္ေဖ်ာ္ေနခိုက္တြင္ ေဘးတြင္ထိုင္ေနသည့္လူက ကြၽန္ေတာ့္ကို ေသခ်ာၾကည့္ေလၿပီး

“ညီက ဒီကမဟုတ္ဘူးနဲ႔တူတယ္”

“မဟုတ္ပါဘူး။ရန္ကုန္ကပါ။ဒီကိုအလုပ္ကိစၥနဲ႔လာခဲ့တာ။ဒီေန႔ပဲျပန္မလို႔။ရထားမမွီေတာ့လို႔က်န္ခဲ့တာ”

“ဒါဆို ဒီည ဒီဘူတာမွာပဲအိပ္မွာေပါ့”

“ဟုတ္ ဒီမွာပဲ အိပ္ရမွာ”

ထိုလူအနည္းငယ္စဥ္းစားလိုက္သည္။

ၿပီးေနာက္

“ကဲ ဒီမွာ အဆင္ေျပမွာမဟုတ္ဘူး။ေအးကလည္းေအး။ျခင္ကလည္းေပါ။ဒီေတာ့ က်ဳပ္အိမ္ကိုလိုက္အိပ္ဗ်ာ။ဒီဘူတာနားေလးမွာပဲ။အိမ္မွာ က်ဳပ္နဲ႔က်ဳပ္ဦးေလးႏွစ္ေယာက္ပဲရွိတယ္။တစ္ရက္တေလ လြတ္လြတ္လပ္လပ္တည္းခိုလို႔ရပါတယ္။မနက္ျဖန္ ရထားလာခါနီးသံေခ်ာင္းေခါက္မွ ဒီမွာျပန္လာေစာင့္ေပါ့”ဟုေျပာေလရာကြၽန္ေတာ္လည္း သေဘာတူလိုက္ပါသည္။

ထို႔ေနာက္ မွာထားသည့္လက္ဖက္ရည္ကိုေသာက္ကာ က်သင့္ေငြက္ိုရွင္းၿပီး တစ္ညတာတည္းခိုရန္အတြက္ ထိုလူႏွင့္အတူ လိုက္လာခဲ့ပါသည္။

ေနာက္မွ ထိုလူ၏နာမည္မွာ ကိုခ်စ္ဝင္းဟူ၍သိရပါသည္။

ကိုခ်စ္ဝင္း၏အိမ္သို႔ေရာက္ေတာ့ ၎၏ဦးေလးဆိုသူအား အိမ္ေရွ႕မန္က်ည္းပင္ေအာက္တြင္ထိုင္ေနသည္ကိုေတြ႕ရပါသည္။

တစ္ဖန္ မန္က်ည္းပင္၏ပင္စည္တြင္ ခ်ိဳင္းေထာက္တစ္ခုကိုလည္း ေထာင္ထားသည္ကိုေတြ႕ရျပန္သည္မို႔ ကြၽန္ေတာ္လည္း ထိုဦးေလးအား အေသအခ်ာၾကည့္လိုက္ရာ ၎၏ညာဘက္ေျခေထာက္မွာ ေပါင္အလည္ေလာက္မွျပတ္ေနသည္ကိုေတြ႕ရပါသည္။

ထိုအခိုက္တြင္ ေခြးတစ္ေကာင္သည္ ၿခံစည္း႐ိုးၾကားမွ ေျခေထာက္ေထာ့နဲ႔ေထာ့နဲ႔ျဖင့္ ထိုဦးေလးအနားသို႔သြားပါသည္။

ထိုေခြး၏ညာဘက္ေျခေထာက္မွာ ဒူးဆစ္မွေန တိတိရိရိျပတ္ေနပါသည္။

ထိုေခြးသည္ ဦးေလး၏အနားသို႔ေရာက္ေတာ့ အနားတြင္ခ်ထားသည့္ခြက္ထဲမွအစာကို အနည္းငယ္မွ်သာစားၿပီး အဲဒီဦးေလး၏ေဘးတြင္ ေခြေခြေလးအိပ္ပါေတာ့သည္။

ယင္းအခ်င္းအရာကိုျမင္ရေတာ့ ကြၽန္ေတာ္လည္း ေတြးမိပါသည္။

“အင္း အိမ္ရွင္ကလည္း ညာဘက္ေျခေထာက္ျပတ္ေနတယ္။ေမြးထားတဲ့ေခြးကလည္း ညာဘက္​ေျခေထာက္ျပတ္ေနတယ္။ဘယ္လိုပါလိမ့္”

ယင္းသို႔ေတြးမိေပမင့္ ေမးရမွာအားနာမိေသာေၾကာင့္ မေမးျဖစ္လိုက္ပါေခ်။

သို႔ျဖင့္ ညေနေစာင္းအခ်ိန္သို႔ေရာက္ေတာ့ ကြၽန္ေတာ္လည္း ပ်င္းပ်င္းရွိသည္မို႔ မနက္က ထိုင္ခဲ့သည့္ ဘူတာမွလက္ဖက္ရည္ဆိုင္သို႔ထြက္လာခဲ့ပါသည္။

ဆိုင္ရွင္ကလည္း ကြၽန္ေတာ့္ကိုျမင္ျမင္ခ်င္းမွတ္မိသြားပါသည္။

“ေၾသာ္ အစ္ကို ဟိုလူ႔အိမ္မွာလိုက္တည္းရတာအဆင္ေျပလား”

“အင္း ေျပပါတယ္။ဒါနဲ႔အဲဒီအိမ္က သူ႔ဦးေလးဆိုတဲ့သူေရာ၊သူတို႔ေမြးထားတဲ့ေခြးေလးကပါ ေျခေထာက္ကိုယ္စီျပတ္ေနတယ္။အဲဒါေတာ္ေတာ္ထူးေနတယ္”

ကြၽန္ေတာ္သိခ်င္သည့္ကိစၥကိုအေျဖသိရလို သိရျငား ထိုသို႔ေျပာၾကည့္ေတာ့ ဆိုင္ရွင္က ေအာက္ပါအတိုင္းျပန္လည္ေျပာျပပါသည္။

“ဒီလိုဗ်။အဲဒီဦးေလးနာမည္က ဦးလွျမင့္တဲ့။အရင္တုန္းက သူက ရထားတြဲေတြေပၚေစ်းလိုက္ေရာင္းတဲ့ရထားေစ်းသည္ေပါ့ဗ်ာ။လြန္ခဲ့တဲ့သုံးႏွစ္ေလာက္က သူရထားေပၚေစ်းေရာင္းထြက္ခါနီး ညေနေစ်းေရာင္းက ျပန္လာရင္စားဖို႔ဆိုၿပီး ၾကက္သားဟင္းခ်က္ထားခဲ့တယ္။

ဒီလိုနဲ႔ ညေနေစ်းေရာင္းက ျပန္လာေတာ့ ထုံးစံအတိုင္း ဘူတာေဘးနားကဆိုင္မွာ အရက္ဝင္ေသာက္တယ္။အဲဒီေန႔က အေဖာ္လည္းစုံသြားေတာ့ ခါတိုင္းထက္ ပိုေသာက္၊ပိုမူးၿပီး ျပန္သြားတယ္။

အိမ္ေရာက္ေတာ့ မနက္က ခ်က္ထားခဲ့တဲ့ၾကက္သားဟင္းေတြကိုၾကည့္ေတာ့ ဟင္းအိုးက ေမွာက္ေနၿပီ။ၾကက္သားလည္း တစ္တုံးမွမရွိေတာ့ဘူး။ေခြးစားလို႔ကုန္ၿပီ။

အဲဒီမွာသူလည္း အရက္မူးလာတာေရာ၊ဗိုက္ဆာတာေရာေပါင္းၿပီး ေဒါသေတြထြက္သြားတယ္။

ဒါေၾကာင့္ အိမ္အျပင္ဘက္ထြက္ၿပီး ေခြးကိုေခ်ာ့ၿပီးေခၚတယ္။ေခြးကလည္း အစာေကြၽးဖို႔ေခၚတယ္မွတ္ၿပီး အနားကိုေရာက္လာတယ္။

အဲဒီေတာ့မွ ”ငါစားဖို႔ခ်က္ထားတဲ့ဟင္းေတြ မင္းစားလို႔ကုန္ၿပီ။ဒီေတာ့ မင္းကိုငါကျပန္သတ္စားရေတာ့မယ္”ဆိုၿပီး အနားမွာရွိတဲ့ ထင္းခုတ္ဓားနဲ႔ေကာက္ခုတ္လိုက္ေတာ့ ေခြးကလည္း ေၾကာက္လန္႔ၿပီး ျပန္လွည့္အေျပးဆိုေတာ့ ေနာက္ေျခေထာက္တစ္ေခ်ာင္းကိုပဲခုတ္မိၿပီး ျပတ္က်န္ခဲ့တယ္။

ေခြးလည္းေထာ့နဲ႔ ေထာ့နဲ႔နဲ႔ တဂိန္ဂိန္ေအာ္ၿပီး ေသြး႐ူးေသြးတန္းေလွ်ာက္ေျပးေနေတာ့တာ။

အဲဒီေတာ့မွ သူလည္း ေတာ္ေတာ္စိတ္မေကာင္းျဖစ္သြားၿပီး ထမင္းလည္းမစားႏိုင္ေတာ့ဘူး။အရက္ေသာက္ထားတာေတာင္ အဲဒီညမွာအိပ္မေပ်ာ္ေတာ့ဘူး။

ေနာက္တစ္ေန႔မနက္ ရထားလာေတာ့ သူလည္း ထုံးစံအတိုင္း ရထားတြဲေတြေပၚေစ်းလိုက္ေရာင္းတယ္။

အဲဒီမွာ ညကအိပ္မေပ်ာ္ျဖစ္တာေရာ၊အရက္နာက်တာေရာေပါင္းၿပီး ဘယ္လိုျဖစ္တာလဲမသိဘူး။တစ္သက္လုံး ရထားတြဲေတြေပၚခုန္ကူးၿပီးေစ်းေရာင္းလာခဲ့တာ။အဲဒီမနက္က်မွ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ၿပီး ရထားတြဲေပၚကျပဳတ္က်သြားတယ္။

ထူးဆန္းတာက တြဲႏွစ္တြဲၾကားထဲျပဳတ္က်သြားခဲ့ေပမယ့္ တျခားဒဏ္ရာတစ္ခုမွမရဘဲ ညာဘက္ေျခေထာက္ကိုပဲရထားဘီးကတက္ႀကိတ္သြားၿပီး တိတိရိရိျပတ္သြားေတာ့တာ။

ၾကည့္ရတာ ဝဋ္က ေနာင္ဘဝအထိေတာင္မကူးဘဲ ေန႔ခ်င္းညခ်င္းလည္ပစ္လိုက္တာမ်ားလားမေျပာတတ္ပါဘူး။

အဲဒီေနာက္ သူလည္းေနာင္တေတြရသြားၿပီး အရက္လုံးဝမေသာက္ေတာ့ဘူး။ေစ်းလည္းမေရာင္းႏိုင္ေတာ့ဘူး။သူ႔တူေလးရဲ႕လုပ္စာပဲထိုင္စားေနရင္း ..တစ္ေနကုန္သူ႔ေခြးနဲ႔ပဲ အခ်ိန္ကုန္ေနေတာ့တာ။

သူ႔တူကလည္း မိဘေတြမရွိ၊ေနစရာလည္းမရွိေတာ့လို႔ သူနဲ႔လာေနတာ။

ဒီေတာ့ ေနစရာမရွိတဲ့သူက ေနစရာအတြက္မပူရေတာ့သလို၊လုပ္မစားႏိုင္ေတာ့တဲ့သူ႔အတြက္ကလည္း စားစရာမပူရေတာ့ဘူးေပါ့”

အျဖစ္အပ်က္ေတြကိုေျပာျပၿပီးသည့္ေနာက္ ဆိုင္ရွင္လည္း ေရေႏြးၾကမ္းကိုငွဲ႔ေသာက္လိုက္ပါသည္။

ထိုအခါမွကြၽန္ေတာ္လည္း လက္ဖက္ရည္ေသာကိဖို႔သတိရသြားၿပီး မွာယူေသာက္လိုက္ရပါသည္။

ၿပီးေနာက္ က်သင့္ေငြကိုရွင္း၍ ဆိုင္ရွင္ကိုႏႈတ္ဆက္ကာ ျပန္လာခဲ့ေတာ့သည္။

အိမ္သို႔ေရာက္ေတာ့ ဦးလွျမင့္သည္ သူ၏ေခြးေလးကိုသာပြတ္သပ္ေပးေနသည္ကိုေတြ႕ရပါသည္။

သူ႔ပုံစံက ႐ႊင္႐ႊင္ျပျပျဖစ္မေနပါ။

ၾကည့္ရသည္မွာ သူေျခေထာက္ျပတ္ခဲ့ရသည္ထက္ ေခြးကိုလက္လြတ္စပယ္ျပဳလုပ္ခဲ့သည့္လုပ္ရက္အတြက္သာ ေနာင္တရေနျခင္းျဖစ္ပါလိမ့္မည္။

ေနာက္တစ္ေန႔ေရာက္ေတာ့ ဘူတာမွသံေခ်ာင္းေခါက္သ့ထြက္ေပၚလာသည္မို႔ ကြၽန္ေတာ္လည္း ၎တို႔တူဝရီးႏွစ္ေယာက္ကိုႏႈတ္ဆက္ၿပီး ဘူတာ႐ုံသို႔ခပ္သြက္သြက္ေလွ်ာက္လာခဲ့ပါသည္။

သို႔ေသာ္လမ္းခုလတ္သို႔အေရာက္တြင္ ဦးလွျမင့္ကို စိတ္မေကာင္းစြာျဖင့္ သမင္လည္ျပန္လွည့္၍ၾကည့္မိပါသည္။

ဦးလွျမင့္ကမူ သူ၏ေခြးကိုသာ လက္ျဖင့္သနား ယုယစြာ ပြတ္သပ္ေပးေနပါေတာ့သည္။

(ဝန္ခံခ်က္။ ။ကြၽန္ေတာ္၏ “ဝဋ္”ဝတၳဳတိုကို လွ်ိဳ႕ဝွက္ဆန္းၾကယ္pageမွcopyကူး၍ျပန္လည္ေဖာ္ျပရာ စာဖတ္ပရိသတ္တစ္ေယာက္မွ သူခရီးသြားရင္း ႀကဳံခဲ့ရသည့္အထက္ပါ

အျဖစ္အပ်က္ကိုဝင္မန္႔ေလရာ ကြၽန္ေတာ္ကလည္း ဤအျဖစ္ကိုဝတၳဳအျဖစ္ျပန္ေရးလိုေၾကာင္းခြင့္ေတာင္းေလရာ ၎ကလည္းခြင့္ျပဳခဲ့ပါသည္။

စင္စစ္ေသာ္ ကြၽန္ေတာ္သည္ အျဖစ္အပ်က္ေတြကို ဇာတ္လမ္းဆင္၍ျပန္ေရးေလ့ရွိေပမင့္ ယခုသူေျပာျပသည္မွာ တကယ့္သဘာဝက်က်ျဖစ္သည္မို႔ ေျပာျပ သည့္အတိုင္းကိုသာ ဖတ္ရႈ၍အဆင္ေျပေအာင္ ျပန္လည္ေရးသားလိုက္ရျခင္းျဖစ္ပါသည္။)

အားလုံးေအးခ်မ္းပါေစ…။

ဆရာေဆြ(ေတာင္တြင္း)