ဘိုးတော်ပေနှင့်ဆရာ

*ဘိုးတော်ပေ နှင့် ဆရာ*📖📖📖

*******************************
(၁)

    ◾အခန်း-၁

    စိမ်းဆိုနေသောတောင်တန်းများ၏ဘေးတွင် လူသွားလမ်းလေးတလမ်ရှိ၏။ ထိုလမ်းလေးပေါ်တွင် အသက်၁၇နှစ် အရွယ်ကောင်းလေးတယောက် နှင့် အတူတူ လမ်းလျှောက်နေသောအညိုရောင်အင်္ကျီလုံချည်ကိုဝတ်ဆင်ထားသည့်အသက်၅၀ကျော် အရွယ်ဘိုးတော်တစ်ယောက်တို့ဖြစ်သည်။ဘိုးတော်သည် သူ၏နောက်မှလမ်းလျှောက်နေသော ကောင်လေးအား စကားဆိုလေသည်

    “မောင်းပေးတူး”

    “ဗျာဘိုးတော်”

    “မင်းငါးနဲ့ လိုက်လာတာဘယ်သူသိတုံး”

    “အများကြီးတော့မသိပါဘူးဘိုးတော် ကျုပ်မှာခင်းတွယ်စရာဆိုလို့ အပေါင်းသင်းတွေပဲရှိတာပါ သူတို့ကိုတော့အရိပ်အခြေတော့ပြောဖူးတယ်”

    “မင်းမှာမိဘမရှိတော့ဘူးဆိုတော့ ဘယ်သူမှမပြောဘဲလိုက်ခဲ့တယ်ထင်ပ”

    ဘိုးတော်သည် ပေတူးဟုအမည်ရသောကောင်လေးအား နောက်ထပ် မည်သည့်စကားမှဆက်မဆိုတော့ဘဲ တောင်တန်းကြီးများပေါ်သို့ စတင်တက်ရောက်လို့သွားပါလေတော့သည်။

    ◾အခန်း-၂

    မြင့်မားသောသစ်ပင်ကြီးများပေါက်ရောက်နေသည့် မြိုင်တောတစ်ခုတွင်ဖြစ်သည်။ တဲ‌ေလးတစ်လုံးအား ဘိုးတော်နှင့်ပေတူးတို့ဆောက်လုပ်နေသည် ။ ဘိုးတော်သည် သန်မာဖြတ်လတ်သော ပေတူးကိုကြည့်ကာသဘောကျနေသည် တဲဆောက်လုပ်ရာမှာ ပေတူးသည်  ဘိုးတော်အားထိုင်၍နား‌ေန‌ေစကာ သူတစ်ယောက်တည်းသာတဲကို‌ေဆာက်နေသည်။ဘိုးတော်သည်လည်းတစ်ယောက်တည်း တဲဆောက်နေသော ပေတူးအား သက်သာစေရန် နှီးဖျာကူနေရင်းမှ လှမ်း၍စကားဆိုလိုက်သည်။

    “မောင်ပေတူး”

    “ဗျာဘိုးတော်”

    “မင်းဘိုးတော်လုပ်မှာသေချာလား”

    “သေချာတာပေါ့ ဘိုးတော်”

    “ကဲ …တဲဆောက်ပြီးရင်မင်းငါတပည့်အဖြစ်ခံယူပြီး‌ေတာ့ ငါ့ပညာတွေကိုသင်ယူပေတော့ကွာ”

    “စိတ်ချဘိုးတော် ကျုပ်ကောင်းကောင်းသင်ယူပါမယ်”

    “ကဲကဲ တဲကိုအလယ်ကထရံတစ်ချပ်ကာပြီးထားကွာ”

    “ဟုတ်ကဲ့ဘိုးတော်”

    ပေတူးသည် ပေပင်ရွာသားတစ်ယောက်ဖြစ်ကာ အဖေနဲ့အမေမရှိတော့၍ သူငယ်ချင်းဖြစ်သူနှင့် တူတူနေရသောသူတ‌ေယာက်ဖြစ်သည်။ တစ်နေ့ အပေါင်းအသင်းများနှင့် ပြဿနာတရပ်ကိုဖြေရှင်းရင်း ဘိုးတော်နှင့်ဆုံတွေ့ကာ ပညာသင်ယူရန် ဘိုးတော်နောက်လိုက်လာခဲ့ခြင်းဖြစ်သည်။ ယခုတွင်တော့ ပေတူးသည်  သူ၏ဆရာဖြစ်တော့မည် ဘိုးတော်နှင့်အတူ တဲလေးအား တည်ဆောက်နေပါသည်။

    တဲသည်က ဆောက်လုပ်ပြီးဖြစ်၏ ။ ထို့နောက် တဲရှေ့မြေပြင်တွင်ထိုင်နေသော ပေတူးအား ဘိုးတော်မှ အမေးစကားဆိုလေ၏

    “ပေးတူးမင်းငါ့နာမည်ကိုမသိဘူးမဟုတ်လား”

    “မသိဘူးဘိုးတော်”

    “မင်းမသိတာငါ့ကိုဘာလို့မမေးတာလဲ”

    “ကျုပ်ကဘိုးတော်ဆီကပညာပဲသင်ချင်တာ ကျန်တာတွေကကျုပ်နဲ့မဆိုင်ဘူးထင်လို့ပါ”

    “အေး မင်းမသိချင်ပေမယ့်ငါပြောရဦးမယ် ငါ့နာမည်ကဘိုးတော်စိုး”

    “ဟုတ်ကဲ့”

    “ငါတို့ထမင်းချက်စားရမယ်”

    “ထမင်းအိုးမှမပါတာ”

    “လွယ်လွယ်လေးပါကွာ ရော့…ငွေတဆယ် “

    “ဒီငွေတစ်ဆယ်နဲ့ကျုပ်ကဘာလုပ်ရမှာလဲဘိုးတော် “

    “အိုးခွက်ပန်းကန်နဲ့ ရိက္ခာတွေသွားဝယ်ပေါ့ကွာ”

    “ငွေတစ်ဆယ်တည်းနဲ့ လောက်မယ်မထင်ဘူးဘိုးတော် “

    “မင်းကလည်းသွားဝယ်စမ်းပါ စိတ်ထားမကောင်းတဲ့ဆိုင်မှာသွားဝယ်ကြားလား”

    “ကျုပ်တို့ကတောထဲရောက်နေတာ ဘယ်ကိုသွားဝယ်ရမှာတုန်း”

    “မြို့ကိုသွားရမှာပေါ့ဟ”

    “ဗျာ…. မြို့ဟုတ်လား ကျုပ်ကဒီအသက်အရွယ်အထိ မြို့ကိုမရောက်ဖူးဘူးဗျ မျိုးနဲ့တူတဲ့နွားပွဲစျေးပဲရောက်ဖူးတယ် မြို့ကိုမသွားတတ်ဘူး သွားရင်လည်းသုံးလေးရက်လောက်ကြာမှမဟုတ်လား”

    “အဲဒီအတွက်ပူးမနေနဲ့ ရော့ဒီစာရွက်လေးယူထား”

    ပေတူးသည် ဘိုးတော်စိုးပေးသော စက္ကူလေးကိုကြည့်လိုက်သည် သူနားမလည်သောစာလုံးများကို လှပအောင် ရေးထားသည့်လေးထောင့်ကျကျ စက္ကူချပ်လေးတချပ်ဖြစ်သည် သူသည်စက္ကူလေးအားသေချာစွာကြည့်နေရင်ဘိုးတော်စိုးအားစကားဆိုလိုက်သည်

    “ဘိုးတော် ဒီစက္ကူလေးကဘာလုပ်ရမှာလဲဗျ”

    “ကဲမင်းအခု မြို့သွားဖို့ ပြင်ဆင်ပေတော့  မှတ်ထားမင်းကိုင်ထားတဲ့စက္ကူလေးကို အင်းလို့ခေါ်တယ်”

    “ဟုတ်ကဲ့ဘိုးတော်”

    “မြို့သွားဖို့အရင်ပြင်ဆင်လိုက်ဦးကွာ”

    ပေတူးသည် ဘာမှနားမလည်ဟန်နှင့် မြို့သွားဖို့အတွက်ပြင်ဆင်နေသည်။ဘိုးတော်စိုးသည်က လိုအပ်သည့်အသုံးအဆောင်များကိုမှာနေ၏ ပေတူးမှတော့ခေါင်းကိုကုတ်လို့သာ ဘိုးတော်မှာကြားသော စကားများကိုနားထောင်ရင်း လေးလေးပင်ပင်ဖြင့်ခေါင်းညိတ်လို့သာနေလေ၏ ဘိုးတော်သည် မှာစရာရှိတာများမှားပြီးသောအခါ

    “ကဲပေးတူး ငါပေးတဲ့ ငွေတစ်ဆယ်နဲ့ ဘယ်လိုစျေးဆိုင်တွေမှာဝင်ရမယ်ဆိုတာ ပြောစမ်းပါဦး”

    “စိတ်ကောင်းမရှိတဲ့ဆိုင်တွေမှာပါ”

    “အေးဟုတ်တယ်”

    “ဘိုးတော် ကျုပ်သိပ်နားမလည်ဘူး စိတ်ကောင်းရှိတဲ့ဆိုင်တွေမှာစျေးဝယ်ရမှာမို့လား”

    “ငါပြောသလိုသာလုပ်စမ်းပါကွာ”

    “အင်းပါ အင်းပါ”

    “ကဲသွားတော့ကွာ “

    ထိုအခါ ပေတူးသည် သူ၏လွယ်အိတ်ကိုလွယ်၍ ထထွက်သွားလေသည် လမ်းလျှောက်၍ထွက်သွားသော ပေတူး အား ဘိုးတော်စိုးသည်

    “မောင်းပေတူး ဘယ်သွားမလို့တုန်းကွ”

    “ဘိုးတော်ဘဲမြို့ကိုသွားဆို မြို့သွားမလိုပေါ့”

    “မင်းဒီတိုင်းလမ်းလျှောက်သွားရင် အတော်ကြာသွားရမှာ ပေါ့ မင်းကိုပေးထားတဲ့အင်းကို အပြန်အတွက်သုံး အသွားကိုငါပို့ပေးမယ် “

    “အဲဒါဆို ဘိုးတော်ထလေဗျာ သွားရတော့အောင်”

    “မင်းကိုပေးထားတဲ့အင်းကို လူမရှိတဲ့နေရာရောက်ရင် မြေကြီးကိုပေါက်ပြီးတော့ မူလနေရာပြန်ရောက်စမ်းလို့ပြော “

    “ဗျာ”

    “ဗျာမနေနဲ့ ငါပြောတာမှတ်မိလား”

    “မှတ်မိတယ်ဘိုးတော် “

    “ဘယ်လိုလုပ်ရမှာလဲပြောစမ်း “

    “လူမရှိတဲ့နေရာရောက်ရင် ဘိုးတော်ပေးထားတဲ့စက္ကူလေးကို မြေမှာပေါက်ပြီးတော့ မူလနေရာပြန်‌ေရာက်စမ်းလို့ပြောရမှာ”

    “အေဟုတ်တယ် ကဲကဲ မောင်‌ေပတူး‌ေရ  မြို့ကိုသွားပေတော့”

    ဘိုးတော်စိုးသည်  ပြောပြောဆိုဆို သူ၏လွယ်အိတ်ထဲမှ အင်းတချပ်ကိုယူပြီး ပေတူးရှေ့ပစ်လိုက်ရာ မီးခိုးများအစမတန်ထွက်လာသောကြောင့်  ပေတူးမျက်လုံးကိုမှိတ်လိုက်ရ၏ ထို့နောက် ပေတူးသည်  ဘိုးတော်ကိုစကားပြောမည်ဟုတွေကာ မှိတ်ထားသောမျက်လုံးကိုဖွင့်လိုက်၏ သို့ပေမယ့် သူ၏မြင်ကွင်းထဲတွင်တော့ တောထဲမှာမဟုတ်တော့ဘဲ ကျွန်းသစ်များဖြင့်တည်ဆောက်ထားသော သင်္ချိုင်းဇရပ်ထဲ ရောက်လို့နေပါ‌ေလတော့သည်။

    ◾အခန်း-၃

    ပေတူးသည် သူရောက်ရှိနေသော သင်္ချိုင်းဇရပ်လေးထဲမှ ဘေးပတ်ဝန်းကျင်သို့လှည့်ပတ်ကြည့်လိုက်သည် ။ သင်ချိုင်ကုန်းသည် အုတ်ဂူအများအပြားနှင့် အတော်ကျယ်ဝန်း‌၍ ကျေးရွာသင်္ချိုင်းမဟုတ်မှန်း ပေတူးသတိထားမိသည် စိတ်ထဲမှလည်း မြို့ကိုပို့ပေးသော ဘိုးတော်စိုးမှာ သင်္ချိုင်းသို့ပို့သောကြောင့် သိပ်တော့မကျေနပ်လှပေ  သူသည်  သင်္ချိုင်းဝန်းကျင်ကို ဇရပ်ပေါ်မှရပ်၍ လှည့်ပတ်ကြည့်နေစဉ်သူ၏နောက်ကျောဘက်မှ  အသံနှင့်အတူ လူတစ်ယောက် ဇရပ်ပေါ်သို့တက်လာသည်

    “ဟိတ်ကောင်‌ေလး မင်းဘယ်ကဘယ်လို ဇရပ်ပေါ်ရောက်နေတာတုန်းဟ ငါကသင်္ချိုင်းဝမှာမြေတူးနေတာပါ မင်းဝင်လာတာလည်းမတွေ့ဘူး”

    “ခင်ဗျားသတိမထားမိလို့နေမှာပါဗျာ”

    “ထားပါ ဘာကိစ်စလဲ “

    “ကျုပ်ကဒီကိုလာတာတောင် ကိစ္စရှိမှလာရမှာလားဗျ”

    “ဟဲ့ကောင်လေး  သင်္ချိုင်းအလယ်ကဇရပ်ကို အနားလာယူတာလား အဲဒါဆိုငါကသုဘရာဇာ ဒါငါ့နေရာ”

   ” ဟ အဲ့လိုရှိသေးတာလား  သုဘရာဇာကဘာအလုပ်လုပ်တာ လဲ”

    “ဟာသုဘရာဇာဆိုမှတော့ အလောင်းတွေကို မြေမြှုပ်တဲ့ အလုပ် လုပ်တာပေါ့ “

    “အလောင်း‌ေမြမြုပ်တာတော့ဗျာ ကျုပ်တို့ရွာသားတွေဆိုကိုယ်တိုင်တူးကိုယ်တိုင်မြုပ်တာဗျို့”

    “သိပါတယ်ကွာငါလည်းရွာသားပါဟ ရွာမှာဆို ငါကအမြဲမြေတူးတာ‌ေလ ရွာကနေမြို့တက်လာတာ အလုပ်လုပ်ရတာအဆင်မပြေဘူးကွာ ငါကျွမ်းကျင်တဲ့ အလောင်းမြေမြုပ်တဲ့အလုပ်လုပ်မှ အဆင်ပြေသွားတယ်ဟေ့ ကဲကဲမင်းကဘယ်သွားမှာလဲပြောဦး”

    ” ကျုပ်ကစျေးလာဝယ်တာ “

    “အဲဒါဆိုဟိုးရှေ့ကမြင်နေရတဲ့ လမ်းအတိုင်းသွား အဲ့လမ်းပေါ်က‌ေလ မြင်းလှည်းစီးသွားရင်  သုံးကျပ်လောက်တော့ပေးရမပေါ့”

    “အာ့ဆိုလမ်းပဲလျှောက်သွားတော့မယ်ဗျာ ငွေကတစ်ဆယ်တည်းပါတာ “

    “အေးပါကွာအေးပါ ရှိကြောင်းတော်တော်ကြွားတဲ့ကောင်ပဲ”

    ထို့နောက် ပေတူးသည်  သုဘရာဇာကြီးကိုနှုတ်ဆက်ပြီး သင်္ချိုင်းဇရပ်ထဲမှာ ထွက်သွားပါလေတော့သည်။

    ◾အခန်း-၄

    ပေတူးသည် တစ်ယောက်တည်း ယောင်လည်လည် နှင့်လမ်းလျှောက်နေသည်။ မြို့ထဲဝင်စလမ်းမို့ လူကရှင်းနေ၏။
သူသည်ငွေတစ်ဆယ်တည်းနှင့်  ဝယ်ခိုင်းသည့်ပစ္စည်းများမှာမတန်မရာမို့ စိတ်လေးလေးနေ့လမ်းလျှောက်နေစဉ် သူ၏‌ေရှ့တွင် ဝင်းလက်နေသော ရွှေဆွဲကြိုးတစ်ကုံးအား တွေ့ရ၍သွားကောက်မည်ပြုစဉ် လူရွယ်တစ်ယောက်မှ သူ့အားကျော်တက်ပြီး အလျင်အမြန်ကောက်သွားလေသည်။ ထိုအခါပေတူးသည် သူ၏ရှေ့မှာဆွဲကြိုးအား ကောက်သွားသည့်သူကို ဘုကြည့် ကြည့်လိုက်ပြီး

    “ဘာလို့ကောက်တာလဲ “

    “ရွှေဆွဲကြိုးမို့လို့ပေါ့”

    “တော်တော်အကျင့်မကောင်းတဲ့သူပဲ “

    ပေတူးသည် ထိုမျှသာပြောပြီး သူ သွားရမယ့်လမ်းကိုသာ သွားနေလိုက်သည်။  ထိုအခါဆွဲကြိုးကောက်သူသည် နောက်မှ အလျင်မြန်လိုက်လာပြီး

    “ငါ့ညီ အစ်ကိုမတရားမလုပ်ချင်ဘူး မင်းလည်းမြင်တာဆိုတော့ တစ်ဝက်ဆိုင်တယ် အဲ့တော့ဒီဆွဲကြိုးကို တစ်ယောက်တစ်ဝက်ယူကြတာပေါ့”

    “ကျုပ်မယူတာဘူးခင်ဗျားတိုင်းခင်ဗျားယူလိုက်ပါ”

    “ဟာ မဟုတ်တာ မင်းအရင်မြင်တာမင်းနဲ့ဆိုင်တယ် “

    “မယူတော့ဘူး ကျုပ်ဝယ်စရာရှိလို့သွားလိုက်ဦးမယ်”

    “နေပါဦးကွာ မင်းနဲ့တစ်ဝက်ဆိုင်တယ်ယူသွားပါဦး ဒီလိုလုပ်ကွာ ငါ့အထင်ဒီဆွဲကြိုးက၂၀၀လောက်တော့အနိမ့်ဆုံးတန်မှာပဲ  မထူးဘူးကွာ မင်းငါ့ကို၅၀ပဲပေး ဒီဆွဲကြိုးယူသွားလိုက်တော့”

    “နှစ်ရာတော့မကလောက်ဘူးထင်တယ် ဆွဲကြိုးကအကြီး ကြီး”

    “ငါလည်းရွှေအကြောင်းနားမလည်ပါဘူးကွာ ငါထင်တာပြောတာ ဘယ်လောက်တန်တယ်၅၀ပဲပေးခဲ့ကွာ မင်းထိုက်လို့မင်းရတာ”

    “တော်ပါပြီဗျာ ကျုပ်မှာ၅၀လည်းမပါဘူး ပါလာတာငွေတစ်ဆယ်တည်း”

    “ဟာ မဖြစ်နိုင်တာ မြို့ကိုလာမှာတော့တဆယ်တည်း‌ေတာ့  မကလောက်ပါဘူး “

    ” ဟိတ်လူရ တကယ်တဆယ်တည်းပါတာ “

    လူစိမ်းသည် ပေတူးပြောသောစကားများကို ယုံပုံမပေါ်ပေမပေးချင်၍သာ ထင်နေပေသည် ထို့ကြောင့် ပေတူးသည် သူ၏လွယ်အိတ်ထဲမှ ဘိုးတော်စိုးပေးထားသော ငွေ၁၀အားထုတ်ပြလိုက်ကာ

    “မယုံရင်ဒီမှာကြည့် ဒီငွေတဆယ်လေးပဲပါတာ”

    “ငါ့ညီကတော့နောက်ပြီး တစ်ရာတန်ကြီးကို၁၀တဲ့”

    “ဗျာ”

    “ရော့ရော့ဆွဲကြိုးကိုယူထား ဒီမှာငွေ၅၀ပြန်အမ်းလိုက်မယ် “

    လူစိမ်းသည် သူ၏လက်ထဲမှာဆွဲကြိုးအား  ပေတူးကိုပေးလိုက်ပြီး အိပ်ကပ်ထဲမှာငွေ၅၀ကိုယူပြီး ပေတူးအား ထပ်ပေးလိုက်ပြန်သည်  ထို့နောက် ပေတူးလက်ထဲမှာငွေ၁၀တန်းကိုယူကာ နှုတ်ဆက်၍ထွက်သွားတော့သည် ။‌ေပတူးသည်က ငွေ၅၀နဲ့ဆွဲကြိုးကိုပေးပြီး သူ့ဆီမှငွေတစ်ဆယ်ကိုယူပြီး ပျော်ရွှင်စွာထွက်သွားသည့် လူစိမ်းအားငေးကြောင်၍ကြည့်နေပါလေတော့သည် ။

    ◾အခန်း-၅

    ပေတူးတယောက်  ကောက်ရထားသောဆွဲကြိုးအား လက်မှကိုင်ပြီး နယ်မြို့လေး‌ေစျးတဲ့သွားနေသည်၊ ရွှေဆိုင်တစ်ဆိုင်သို့ဝင်လိုက်ချိန် ဆိုင်ရှင်သည် ပေတူးအား ပြုံးရွှင်စွာဖြင့်စကားဆိုလေ၏

    “ငါ့ညီ ဝယ်မလား ရောင်းမလား ပေါင်မလား အကုန်အဆင်ပြေအောင် လုပ်ပေးမယ်နော်”

    “ကျုပ်သိချင်တာလေးမေးချင်လို့ဝင်လာတာပါ”

    “မေး ငါ့ညီ မေး”

   ပေတူးသည် လမ်းမှာဖြစ်ပျက်ခဲ့သော အကြောင်းရာများကိုပြောလိုက်ချိန်တွင်တော့ ရွှေဆိုင်ပိုင်ရှင်သည် သူ၏နဖူးကို လက်ဖြစ်ရိုက်ကာ

    “အမလေး အထုပ်ချတဲ့ကောင်တွေနဲ့တွေ့ခဲ့တာဘဲ ငါ့ညီကိုပေးခဲ့တဲ့ဆွဲယူကရွှေစစ်မဟုတ်‌ေလာက်ဘူး  အစ်ကို မှတ်ကျောက်တိုက်ပေးမယ်”

    ရွှေဆိုင်းပိုင်ရှင်သည် ဆွဲကြိုးကိုယူကာ အတုအစစ်ခွဲပေး‌ေနသည်  ထို့နောက်ဆိုင်ရှင်သည် ဦးခေါင်းကိုခါယမ်းကာ

    “အစ်ကိုထင်တဲ့အတိုင်းပဲ ဆွဲကြိုးကအတုကြီး”

    “ထင်တော့ထင်သား”

    “ဒီဆွဲကြိုးတုကို ငါ့ညီဘယ်လောက်ပေးခဲ့ရလဲ “

    “ဘယ်လောက်လဲဆိုတော့ လေးဆယ်တော့ပိုရတယ်ဗျ  ကျုပ်လက်ထဲက တစ်ဆယ်တန်ကို  တရာတန်ဆိုပြီးယူသွားတာ  ၅၀တောင်ပြန်အမ်းခဲ့သေးတယ်”

    ဆိုင်ရှင်သည် ပေတူ၏စကားကြောင့် အံ့သြလွန်း၍ မျက်လုံးပင်ပြူးသွားရလေသည်။

    ပေတူးသည် ရွှေဆိုင်မှထွက်လာပြီး ဘိုးတော်စိုးမှာလိုက်သော ပစ္စည်းပစ္စယများဝယ်ရန်  ဈေးထဲသို့ဝင်လိုက်လေသည်  ဈေးထဲရောက်သောအခါ  ငွေ၅၀ဖြင့် လိုတာများကိုဝယ်လိုက်ရာ များများစားစား မဝယ်ရသေးခင် ငွေကကုန်ပြီဖြစ်၏ ၊ ယခုတွင်းတော့  ပေတူးအကြံအိုက်ကာ ဘိုးတော်ပေးသော စက္ကူချပ်လေးနဲ့ ပြန်ရမည်ဟုတွေးကာ လွယ်အိတ်ထဲစမ်းလိုက်လေသည်  ထိုအခါ စက္ကူချပ်နဲ့အတူ ငွေ၁၀တန်းကိုပါတွေ့လိုက်ရ၍ မျက်လုံးပြူးသွားမိ၏ ထိုအခါမှ စိတ်ကောင်းမရှိသော ဆိုင်မှာစျေးဝယ်ဆိုသည့် ဘိုးတော်စိုးရဲ့ စကားကို နားလည်စားပြုလာပြီဖြစ်၏။  ထို့ကြောင့် သူ့အား  လိမ်သောလူလည်သည်  တစ်ဆယ်တန်ကို တစ်ရာတန်မြင် ၅၀ပြန်အမ်းခဲ့ခြင်းဖြစ်သည်  ၊ဆက်စပ်တွေးပြီး ပေတူးပြုံးလိုက်မိသည်  ထို့အတွက် ၁၀တန်းအစွမ်း ဘယ်လောက်ရှိသည်ဆိုတာ စမ်းဖို့အတွက်  စိတ်ထားမကောင်းသော ဆိုင်ရှာပုံတော်ဖွင့်လိုက်ပါလေတော့သည် ။

    ◾အခန်း -၆

    စျေးထဲတွင်ရှိဆိုင်တဆိုင်တွင်ဖြစ်သည်  ဈေးရောင်းသူမှာ အသက် ၄၀ကျော်လူတစ်ယောက်ဖြစ်ပြီး  ကုန်စုံနိုင်ပိုင်ရှင်လည်းဖြစ်၏။ သူသည် ဈေးလာဝယ်သူများထဲမှာ မလည်မဝယ်များကို  စျေးတင်ရောင်းလေ့ရှိသည်။ ဥပမာ ရွာတစ်ရွာမှ ရွာသားတစ်ယောက်သည် ထယ်သွားလာဝယ်သောအခါ ရောင်းစေျးထက် နှစ်စ မျှပိုပြောလေ့ရှိသည်။စျေးဝယ်သူက စျေး‌ေလျှာ့ခိုင်းသောအခါ  နှစ်ဆယ့်ငါးကျပ်တန်ကို ငါးဆယ်လောက်ပြောထားပြီး တစ်ဆယ်လျှော့ပေးလေ၏ စျေးဝယ်သူသည် တဆယ်လျှော့၍ကျေနပ်သွားပြီး  ဝယ်သွားကြလေသည် ၊စျေးဝယ်သူအများစုသည် အားနာတတ်သော လူရိုးများဖြစ်ပေ၏ ။ ပေတူးသည် ထိုစျေးဆိုင်ကို အတန်ကြာ အကဲခတ်နေ ထိုသူအကြောင်းကို သေချာသောအခါမှ ဆိုင်တွင်စျေးဝယ်ဖို့ ဆုံးဖြတ်လိုက်လေသည်။

    ဆိုင်ရှင်သည် ပေတူးကိုမြင်သောအခါ တောသားတယောက်  အချဥ်မိပြီဟုတွေးကာ ပြုံးလိုက်ပြီး ပေတူးအားစကားဆိုလေသည်

    “ငါ့ညီဘာတွေလိုအပ်လဲ ဒီစျေးမှာအစ်ကို့ဆိုင်က စျေးအမှန်ဆုံးနဲ့အကောင်းဆုံးနော် ဈေးလည်းလျှော့ပေးဦးမယ်”

    “အစ်ကိုက လွှတ်သဘောကောင်းတယ်ဗျာ ကျုပ်လိုတာလေးတွေပြောမယ်နော်”

    “ပြော ပြော ညီ‌ေလး  အကိုတွက်ပေမယ့် “

    “လိုတာတွေကများတယ်ဗျ ကျုပ်အထင်တရာဖိုးလောက်ဖြစ်မယ်”

    “တစ်ရာဖို့ဟုတ်လား စျေးလျော့ပေးမယ်”

    “ဈေးမ‌ေလျှာ့ပါနဲ့ဗျာ ကျုပ်ကစျေးမှန်တာပဲလိုချင်တာ ကျုပ်ကရွာကအဝယ်တော်လေ ဈေးထဲကဆိုင်တွေကိုစမ်းဝယ်နေတာ  ဝယ်လိုကောင်းတဲ့ဆိုင်တွေကို တစ်ရာဖို့အနည်းဆုံး တလငါးခေါက်လောက်ဝယ်မယ်ဗျာ”

    ပေတူး၏ ဖြီးလုံးအောက်တွင် ဆိုင်ရှင်သက်ဆင်းသွားရပြီး  ဈေးတင် ရောင်းမည် သူ၏အစီအစဉ်အား ဖျက်လိုက်ကာ အမှန်ကန်စျေးနဲ့ ရောင်းးပေးမည်ဟု ဆုံးဖြတ်လိုက်သည်၊ သူ၏အတွေးထဲတွင်တော့ တစ်နေ့‌ေရွှဥတစ်လုံးဥပေးမည့် ငန်းအား  ရိုက်သတ်လို့မဖြစ်ဟု တွေးနေခြင်းဖြစ်သည်။

    ထို့နောက် ဆိုင်ရှင်သည် ပေတူး လိုအပ်သော ပစ္စည်းများကို ထုပ်ပိုး ပြီး ‌နောက် ပြုံးရွှင် စွာ နှင့်

    “ငါ့ညီ  မင်းပြောတဲ့ ပစ္စည်းတွေတော့ ထည့်ပြီးပြီ အားလုံး စုစုပေါင်းတရာ ကွက် တိပဲ “

    “ဟုတ်လား သယ်ရမှ တော့ များတယ် တောသားဆို‌ေတတာ့လည်း ဒီ လောက်‌ေတာ့ အပျော့ပေါ့ “

    ပေတူးသည် လွယ်အိတ် ထဲ မှ ငွေတဆယ်ကို နှိပ်လို
က်သည် ထိုအချိန်သည် ပေးတူးအတွက် အတော်ကို ရင်ခုန်နေရသည့်  အချိန်ဖြစ်၏ ။ ဆိုင်ရှင် မှ တဆယ်တန် ပဲ မြင်က အတော်ကို မလွယ်သည့် ကိစ္စ ဖြစ်လာပေလိမ့်မည်   သို့ပေမဲ့လည်း  စိတ်ကောင်းမရှိတာ သေချာသည့် ဈေးသည်ဖြစ်သည့်ကတကြောင်း   ဘိုးတော်စိုး ရဲ့ အစွမး်ကို ယုံကြည် သည်ကလည်းတကြောင်း မို့  လွယ်အိတ်ထဲမှ  ငွေ တဆယ်တန်အား ထုတ်ပြီး ပေးလိုက်လေသည်  ဆိုင်ရှင် သည် ပေတူးပေးသော ငွေတဆယ်ကို မြင်သော အခါ မျက်နှာ မှ အပြုံးတို့က ပိုပြီး ပေါ်လွင် လာကာ

    “တရာတန်က အသစ်ပဲကွ  နောက်လိုတာ  ရှိရင် လာခဲ့နော် “

    “စိတ်ချပါဗျာ လာခဲ့မယ် “

    “ညီလေးက ဘယ် ထိပြန်ရမှာလဲ အကိုမှာ မြင်းလှည်းသမား အသိ ရှိတယ် “

    “ပေပင်ရွာကို ပြန်မှာ “

    “ပေပင်ဟုတ်လား မကြားဖူးဘူး”

    ‘အတော် လှမ်းတယ်လေ ဘယ်ကြားဖူးမလဲ ကဲ ကဲ ကျုပ် သွာဦး မယ် လိုဝာာ ရှိရင် လာဝယ် မယ် “

    “ကျေးဇူးပါ ညီလေးရေ “

    ပေတူးသည် ဝယ် လာသော အထုပ်များကို ထမ်းပြီး မြို့ အပြင်ရှိ သင်္ချိုင်း ဇရပ်သို့  ပြန်လာလိုက်လေသည် ၊ သင်္ချိုင်း ဇရပ်တွင် ‌ေတာ့  သူလာတုနး်ကလို မဟုတ်တော့ပေ လူများစည်ကားနေသည် ထိုသူများကို သေချာကြည့်လိုက်သောအခါ ကလေးတို့လို့ တွဲ လောင်း နှင့် သူတောင်းစားများ ဖြစ်နေလေသည် ။  တချို့ ကလေးများသည်  သင်္ချိုင်း အုတ်ဂူများ ပေါ်တွင် ‌ေပြေးလွှား ဆော့ကစား နေကြသေးသည် ၊ ပေတူးသည် ခပ်လှမ်းလှမ်း မှ ကြောင်ငေး ကြည့်နေစဉ် သူ၏ နောက် မှ သုဘရာဇာ ကြီး၏ အသံက ပေါ်လာလေသည် ၊

    “ဘယ်လို လဲ ငါကောင် မင်း ဘုံ ပျောက် လို့ စိတ်ညစ်နေပြီလား”

    “မဟုတ်ပါဘူး သူတို့က သူတောင်းစားတွေ လား သုဘရာဇာကြီး “

    “ဟုတ်တယ်လေ  အတုတွေ မဟုတ်ဘူးနော် ငါ့ကောင်  အစစ်တွေ  သူတောင်းစား လိုင်စင် ထုတ် ပေးရင် ဒီ သူတောင်းစားတွေကို  အရင်ပေးရမှာ သူတို့ကမှ တကယ် ့ သူ‌ေတာင်းစားတွေ “

    “အဲ့လို လည်း ရှိသေးဝာာ လား”

    “ရှိတာ ပေါ့ကွာ သူတို့က တကယ် နေစရာ ထိုင်စရာ စားစရာ သောက်စရာ မရှိတဲ့ သူတွေ အယောင်‌ေဆာင်တွေ မဟုတ်ဘူး ကဲ ကဲ မင်း အထုပ်ကြီး မ ထားရတာလည်း  လေး‌ေနလောက် ပြီ  ဇရပ်ပေါ်သွားချထားလိုက် မင်းနေဖို့  တနေရာစာလေး တော့ လွတ်ပါသေးတယ် “

    “ဟုတ်ပါ့ ဗျာ အခုမှ သတိရလို့ အတော် လေး လာပြီ “

    ‌ပေတူးသည် ပြောပြော ဆိုဆို  အထုပ်ကြီးကို ထမ်းကာ ဇရပ်ဆီသို့ သွားလိုက်လေသည်  ဇရပ်ရောက်သောအခါ လွတ်သည် နေရာတွက် အထုပ်ကြီးကို ချပြီး ထိုင်နားနေစဉ် သူတောင်းစား  ကလေးများသည် သူ့အနားကို ကပ်လာပြီး

    “အကိုလေး အဲ့ထဲက ဘာတွေလဲဗျ”

    “မီးဖိုချောင်သုံး ပစ္စည်းတွေကွ”

    ” စားစရာ လေးများ မပါဘူးလား ကျုပ်တို့ ဗိုက်ဆာနေလို့ ဗျ ရတဲ့ ထမင်းလေးတွေက အငယ်လေးတွေကို  ကျွေးလိုက်ရလို့ပါ သွားတောင်းဖို့က လည်း အမေက မလွှတ်ဘူး “

    “မင်းတို့ တကယ် ဆာနေတာလား”

    “ဆာတာပေါ့ ဗျာ ကျုပ်တို့ ပုံစံတွေက ညာနေတဲ့ ပုံ ပေါ်နေလို့လား “

    စကားတက်သော သူတောင်းစားလေးများသည် ပေတူးအား အမျိုးအမျိုး စကားဆိုရင်း သူတို့ ဆာကြောင့် အဝတ်စား ကောင်းကောင်း လေးများဝတ်ချင်ကြောင်း မည်သည့် အစားအသောက်ကို  မည်သို့ စားလိုက်ရရင်ဟု  မစားရ ဝကမန်း ပေတူးအား စကားဆိုနေလေသည် ၊ အတန်ကြာသောအခါ ပေတူးသည် သူ၏ လွယ်အိတ် လေးထဲ သို့ စမ်းလိုက်၏။ ထိုအခါ တဆယ်တန်လေးသည် က ပြန် ပါ လာပြန် ပြီ ဖြစ်၏ ၊ သူသည် တဆယ် တန်လေးကို လွယ်အိတ် အပြင် သို့ မထုတ် ပဲ ကြည့်လိုက်သလို ဘေးမှ သနားစဖွယ် ကလေးများကို လည်း ကြည်လိုက်ပြန် သည် ထို့‌ေနက် သက်ပျင်း တချက်ကို ချ လိုက်ပြီး

“ကဲ ငါ့ကောင်‌ေတွ မင်းတို့ လို ချင်တာသာပြောကွာ ငါဝယ် ပေးမယ် “

    “တကယ် လား အကို”

    “တကယ်ပေါ့ ကွာ သွား မင်းအမေ တို့ကို သွားမေး ဘာလို လဲ လို့ “

    “အကို တကယ်ပြောတာ လား “

    “တကယ်ပါ ကွာ ကဲ ကဲ မင်းတို့ လိုတာတွေ တိုင်ပင် ထားကြ ငါလည်း  သုဘရာဇာ ကြီးကို ဘာလိုလဲ သွားမေး လိုက်ဦးမယ် “

    ပေတူးစကားကြောင့် သူ‌ေတာင်းစားလေးများသည် ပျော် ရွှင်သွားကာ သူတိူ့၏ မိခင် များဆီသိူ့ သွားပြီးအကျိုး အကြောင်း ပြောလေသည် ၊ သို့ ပေမဲ့ သူ‌ေတာင်းစား မကြီးများသည်က ယုံ ပုံ မပေါ်ပေ ကလေးများကိုသာ ငေါက်ငန်း ပြီး နေလေ၏ သူ‌တို့ပြောနေသော  တစွန်း တစ စကားများသည် လေသင့်နေ၍ ပေတူး၏  နားထဲ သို့ ရောက်လာသေးသည်

    “နင့်ပထွေးလေးက နင်တို့ကို နောက်လိုက်တာ နေမပေါ့ နင့်အဖေ မဟုတ် ပဲ ငါတို့ လိုတာ တွေ သူက ဘာလို့  ပေးမှာလဲ “

    “အမေ အဲ့လို မပြောနဲ့ အဲ့ အကို တကယ် ပြောနေတာ ညာတဲ့ ပုံ မပေါ်ဘူး ကျုပ်တို့လည်း တောင်းစားနေရတာ ကြာပါပြီ လူကဲ ခက်တက် နေပါပြီ အမေရာ “

    “အဲ့တာဆို လည်း နင့် ပထွေးကို ဆန် တအိတ် နဲ့ စောင်ငါးထည် ဝယ် ခဲ့ လို့ ပြော လိုက်”

    “ဒါပဲလားအမေ ကျုပ်တို့ က တော့ မုန် တွေ ပဲ မှာ မာ ဟို တခါ စားသောက်ဆိုင် မှာ သွားတောင်း တုန်းက လူကြီးတယောက် ဘဲကင်ရယ် ခေါင်‌ဆွဲ ကြော် ရယ် စားနေတာ  ကျုပ်တို့ အဲ့လို မ‌ျိုး စား ချင်နေတာ ကြာပြီ ဗျ “

   ပေတူးသည် သုဘရ ဇာကြီး ဆီသွားနေရင်  သူတောင်းစား မိသာစုများ ‌‌ပွော‌နေ‌သော အသံများကြားရ၍ ပြုံးလိုက်မိသသည်  မကြာသော အချိန် တွင် မြေ  တူးနေသော သုဘ ရာဇာ ကြီး ဆီရောက်လာသည် သုဘရာဇာကြီးသည် ‌ဂေါ်ဖြစ် မြေကြီးများကို ကော် ထုတ် ရင်း ပေတူးကို မြင်သောအခါ

    “ကောင်လေး ဘယ်လို လဲ ဇရပ်မှာ ဆူလို့လား “

    “မဟုတ်ပါဘူးဗျာ ကျုပ်မြို့ ထဲ သွားမလို့ သုဘရာဇာ ကြီး ဘာမှာ ဦးမလဲ လို့  လာမေးတာ “

    “ဘာမှ တော့ မလိုပါ ဘူး မှာ စရာလည်း ငွေ မရှိဘူးဟေ့ ညနေ အသုဘ ချမဲ့သူကလည်း မွဲ‌တော့  ကုသိုလ် ပဲ ပြုပေးလိုက်ပါတယ်ကွာ ငါးသုံးလုံး လေးတော့ သောက်ချင်သားဟေ့ “

    “တကယ်ပြေတာ ကျုပ် ဝယ်ပေးမှာ လိုတာ ပြော အားမနာ နဲ့ “

    “ဘာမှ မလိုပါဘူးကွာ ရတယ် “

    “ထမင်း မစားရသေးဘူး မဟုတ်လား ကျုပ် ထမင်းဝယ် ခဲ့မယ် ဘာမှ ပြန် မပြောနဲ့  ကျုပ်သွားပြီ “

    ပေတူးသည် သုဘရာဇာကြီး ၏ ပြောစကားကို ပြန်မပြော ပဲ ဇရပ်ဆီ သို့ ပြန်လာလိုက်လေသည် ပေတူး ဇရပ်ပေါ် ပြန် ရောက်သည် နှင့် သူတောင်းစား လေးများသည် သူတို့၏ မိခင် များ မှာ ရွဲ့မှာနေသော ပစ္စည်း များကို တကယ် မှာ သည် ထင်၍  တယောက်တပေါက် မှာ ကြား နေပါလေတော့သည်။

    ◾အခန်း၇

    ပေတူးသည် နောက် တခေါက် မြို့ ထဲ သို့ ပြန် သွားလိုက်လေသည် ၊ သူသည် သူတောင်းစားလေး များဝယ် ခိုင်း သော အရာများကို မှတ် ပြီး စိတ်ထားမကောင်းသော ဆိုင် များ တွင် လိုက်၍ ဝယ် လေ၏ ၊ တဆယ်ကို တရာလို့ မြင်ကာ တချို့သော ဆိုင်များ မှ ပြန်အမ်း ငွေ များပင် အတော် များများ ရ‌လာသေးသည် အတန်ကြာ အောင် ဈေးဝယ်ပြီး သောအခါ  တွင် ပြန်အမး်ငွေ လေးဆယ်လောက်ရလာသည် ၊ ပစ္စည်းများဝယ်ထားတာ အတော်များသည်မို့ မြင်းလှည်းဆရာကို ခေါ်ပြီး  မြင်း လှည်ပေါ်တင် ခိုင်းထားရသည် ကလေးများစားဖို့ ခေါက် ဆွဲ ကြော် နှင့် သုဘရာဇာ ကြီ အတွက် ငါးသူံးလုံး ဆေးလိပ်တဘူး အပြင် ထမင်းဟင်းများလည်း ဝယ် ပြီးပြီ ဖြစ်သည် ထို့‌ နောက် မြင်းလှည်း သမား အနားသွားနေစဉ် ဈေးထဲမှ ပုလိပ် နှစ်ယောက်အား  သူဈေးဝယ် ခဲ့သော ဆိုင်ရှင်များမှ  သူ့အားလက်ညှိုး ထိုးပြနေ၍  ငွေလေးဆယ် ကို မြင်လှည်းသမားကို ထုတ် ပေးလိုက်ပြီး

    “ဆရာကြီး ရော့ ဒီ ငွေကိုယူ ဒီ ပစ္စည်းတွေကို မြို့အပြင် သင်္ချိူင်းက ဇရပ်ကို ပို့ ပေး ပါ ကျုပ်စိတ်ချမယ် နော် “

    “စိတ်ချ စိတ်ချ ဆရာလေး ကျုပ်သေချာ ပို့ပေးမယ်  ဒါနဲ့ ဆရာလေးက တခါတည်း မလိုက်ဘူးလား “

    “ကျုပ် လိုက်လို့ မဖြစ်သေးဘူး  ဗျာ ကဲ သွား‌ေပ‌ေတာ့ဗျို့ “

    မြင်းလှည်း ဆရာမှ သူ၏ မြင်းလှည်းကို မောင်းထွက်သွားချိန် ပေတူးသည် လွယ်အိတ် ထဲ မှ တဆယ်တန် နှင့် စက္ကူချပ်လေးအား သူ၏ ရှုပ်ပွ နေသော ခေါင်း ထဲ သို့ ထိုးထည့် ထားလိုက်လေသည် ၊  ပုလိပ် နှစ်ယောက်သည် ပေတူး အနားကို ကပ်လာကာ ပေတူး၏ လက်များကို ဖမ်းချုပ်လိုက်ပြီး

    ” ဈေးဆိုင်တွေက ပစ္စည်းတွေကိုယူတယ်  ငွေကို မပေး ပဲ လိမ်တယ်ဆို “

    “မဟုတ်တာ ကျုပ် သူတို့ကို သေချာပေးပါတယ် “

    “မသိဘူး မင်းဝယ် တဲ့ ဆိုင်တိုင်းက မင်းပေးခဲ့တဲ့ ငွေ တွေ အကုန် ပျောက်နေလို့ မင်းကို တိုင်ထာားတာ စခန်းလိုက်ခဲ့ ကောင်လေး “

    ” ကျုပ်မှာ ဘာအပြစ် ရှိလို့  လိုက်ရမှာ လဲ မလိုက်နိုင်ဘူး “

    “ကောင်လေး မင်းကို အေးအေးဆေး‌ေဆးခေါ်ရင် လိုက်ခဲ့ ငါ လက်ထိပ် မခက် ချင် ဘူး “

    “အေးဗျာ လိုက်ဆို လိုက်ရတာ ပေါ့ “

    ပုလိပ် နှစ်ယောက်သည် ပေတူးအား  ဂတ်ဆီသို့ ခေါ်ဆောင်သွားလေသည်  ထို့နောက် ပေတူး၏ လွယ်အိတ်ကို သိမး် လိုက်ပြီး အချုပ်ခနး်ထဲ တံခါးကိုဖွင့်ပြီး ထည့်‌‌ေနရင်း စကားဆိုလိုက်သည်

    “ကောင်လေး မင်းကို အာမခံ ပေးတဲ့ သူရှိရင် ဒီည ပြန်လွှတ်ပေးမယ်။ မရှိ ရင် ဒီ မှာ ပဲနေရမယ် တကယ်လို့  တရားစွဲတဲ့ သူမရှိဘူးဆိုရင်‌ေတာ့ မင်း တပတ် လောက်နေရင်‌ေတာ့ ပြန်လွှတ်မှ‌ေပါ့  “

    “ကျုပ် အဲ့လောက် ကြာလို့ မရဘူး ကျုပ်ဆရာက တောထဲ မှာ တယောက် တည်းနေနေရတာ သူ့မှာ ဘာ စားစရာမှလည်း မရှိဘူး “

    “ကဲ ဝင်ဝင်ကွာ  စကား များမနေနဲ့ ကောင်းကောင်းမွန်မွန် နေ ဒီ အချုပ်ခနး်ထဲမှာ တခြားသူတွေ မရှိတာ မင်းကံကောင်းတယ် “

    ပေတူးသည် ဘာမှ ပြောလို့ ရမည် ပုံ မပေါ်သော ပုလိပ်များကို နောက် ထပ်မည်သည့် စကားမှ ထပ်မဆိုပဲ အချုပ်ခနး်ထဲ သာဝင် လိုက်ရသည် ထို့‌ေနာက် အချုပ်ခန်း နံရံ တွင်ကပ်ထိုင်ပြီး ဇရပ်မှာ ကျန်ခဲ့သည့်  ဘိုတော်စိုးမှာ လိုက်‌ေသာ ပစ္စည်းများ အချိန်မီ မယူသွားနိုင်မှာကိုပဲ တွေးပူပြီး အိပ်ပျော် သွားပါလေတော့သည် ။

    ◾အခန်း၈

    “မောင်ပေတူး မောင်ပေတူး ထ ထ “

    “ဟာ ဘိုးတော် ဘယ်လိုလုပ် ဒီထဲ ရောက်နေတာလဲ “

    “မင်း ငါအတွက် ဘာမှ စိတ် ပူ မနေနဲ့  ဇရပ်က မင်းဝယ် ထားတဲ့ ပစ္စည်းတွေကို ငါယူသွားမယ် ကြားလား “

    “ဟုတ်ကဲ့ ဘိုးတော ် “

    “မင်းက လူတွေ သတိထားမိအောင်ကို ငွေတွေ သုံးပြစ်တာကို ကွ မင်းဝယ်တာ က နည်းနည်း နောနော မှ မဟုတ်တာ ဘယ်သူက ယုံတော်မှာလဲ ကဲ ကဲ မင်းမနက် ဖြန်မှ ပြန် လာခဲ့‌ေတာ့  ကြားလား “

    “ဟုတ် ဟုတ်ကဲ့ ဘိုးတော် “

   ပေတူးသည်ရုတ် တရက် ပျောက်သွားသော ဘို‌ေတာ်ကို အော်ခေါ်‌ေန‌ေလသည်  ထိုအခါ အချုပ်ခန်းစောင့် ပုလိပ်သည်

    “ဟေ့ကောင် မင်းဘာတွေ အော် နေတာလဲ “

    “ကျုပ် ဆရာရောက်လာလို့ပါ”

    “တောက် အရက်များ ကြောင်နေတာလား ဒီ အခနး်ထဲကို မင်းမေ့လင်က လာနိုင်မလား”

    ခပ်ကြမး်ကြမ်း စကားပြောသော ‌တာဝန်ကျ ပုလိပ်သားအား ပေတူးနောက်ထပ် စကားထပ်မပြောတော့ပဲ နံရံကိုသာမှီ ပြီး  တွေးနေလေသည် ၊ အိပ်မက် လို့သာပြောသည်  တကယ်ကို မြင်တွေ့ကြားနေရသော ကြောင့်  ဘိုးတော် စိုးပြောသော စကားအတိုင်းသာ လိုက်နာမည် ဟု ဆုံးဖြတ်ချက် ချလိုက်ပါလေတော့သည်။

    ◽ဘိုးတော်ပေ နှင့် ဆရာ သည်က  ဤမျှသာ

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း