ဘီလူးမွေးတဲ့ရွာ

ဘီလူးမွေးတဲ့ရွာ(စ/ဆုံး)
———————

မိုးတောင်မလင်းသေးပါဘူးဗျာ။ အေးသာယာဆိုတဲ့ ရွာလေးက
ရွာသူရွာသားတွေမနက်ခင်း စောစောစီးစီးဟိုနားတစ်စု သည်
နားတစ်စုနဲ့ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေကြတာဗျို့။

” ဟဲ့!! နင်တို့တွေ ကြားပီးကြပီလား ရွာလယ်ပိုင်းက…
ဖိုးခင်နဲ့ထွေးညိုတို့ လင်မယား ညကဘီလူးလေးမွေးလို့ဆို”

” ဟုတ်တယ်အေ့… ကျုပ်တို့လည်းခုနက မှ အရပ်လက်သည်
အရီးမြပြောလို့ သိရတာပါတော် ”

” ဟင် !! ဟုတ်ရဲ့လား ငွေစိန်ရယ်…ညည်းဟာကလည်း ဟုတ်မှလည်း
လုပ်ပါအေ ”

” ဟုတ်ပါ့တော် …ညတုန်းက ဖိုးခင်မိန်းမ ထွေးညို ဗိုက်နာလှချည်ရဲ့ဆိုပီးအရီးမြကိုလာခေါ်တာ…အရီးမြကိုယ်တိုင်မွေးပေးခဲ့တာတဲ့တော့်…
အရီးမြပြောတာတော့…ကလေးက ထွေးညိုရဲ့ ဝမ်းထဲက ထွက်လာ
လာ ခြင်း…သူ့ အချင်းကို ပါးစပ်နဲ့ပြန်ကိုက်ထားတာတဲ့…အရီးမြက
အဲဒီ အချင်းကို ကလေးရဲ့ ပါးစပ်ထဲကနေ ဆွဲထုတ်တော့…အာပြဲကြီး
နဲ့ ငိုလိုက်တာမှ…ကြွပ်ကြွပ်ကို ညံယောတဲ့ တော်…ပီးတော့ ကလေး
က အမွှေးမည်းမည်းလေးတွေတစ်ကိုယ်လုံးဖုံးနေသေးတာတဲ့…နဖူးကမောက်မောက်…နှာခေါင်းလန်လန်ကြီးနဲ့ ပါးစပ်ထဲမှာလည်း အ
စွယ်လိုလိုသွားလေးနှစ်ချောင်းပါသေးတယ်တဲ့ တော်ရေ”

” ဟယ် !! တကယ်ကြီးလား ငွေစိန်ရဲ့ ”

” ယော !! ဟုတ်ပါတယ် ဆိုမှအေ…အခုငါတို့ထွေးညိုဆီသွားပီး အဲကလေးကိုသွားကြည့်ကြမလို့ …နင်လည်း လိုက်ချင်လိုက်ခဲ့ပေါ့ မြန်
မြန်လာ…သူများတွေလည်းသွားကုန်ကြပီဟ ”

ဒီလိုနဲ့ ရွာသူရွာသားတွေလည်း တစ်ယောက်တစ်ပေါက်ပြောဆိုပီး ဘီလူးလေးမွေးတယ်ဆိုတဲ့ ဖိုးခင်နဲ့ ထွေးညိုတို့အိမ်ကို ချီတက်ကြတာပေါ့ဗျာ။အဲဒီထဲမှာ ဘိုးစိန်လေးလည်းပါတယ်ဗျ။

ဘိုးစိန်လေးဆိုလို့ပြောရဦးမယ်ဗျ။ ဒီရွာလေးမှာ ဘိုးစိန်လေးဆိုတာကလည်းနယ်နယ်ရရတော့မဟုတ်ဘူးဗျငယ်ငယ်လေးတည်းကအထက်
လမ်းပညာလိုက်စားတဲ့ဆရာကြီးတွေနောက်ကို တကောက်ကောက်
လိုက်ပီးပညာသင်ယူနေတာဗျ။ ပညာစုံတော့ကိုယ့်ရွာလေးမှာပဲပြန်ပီး
ဆေးကုစားနေတာပေါ့ဗျာ။

ဘုရားတရားကလည်းမပြတ်ဘူးငါးပါးသီလဆိုတာဘာလုံသလဲမမေးနဲ့…ဟိုဟာ… ဒီဟာဆို ရွာထဲကကော ရွာနီးနားကလူတွေပါသူပဲအားကိုးနေရတာ။စုန်းတိုက်/နတ်တိုက်/အစိမ်းတိုက် ပယောဂမှန်သမျှ လောက်ကတော့ လွှတ်နိုင်တဲ့ဘိုးတော်ကြီးပါဗျာ။ အခုလည်းဘိုးစိန်လေးက ဖိုးခင်နဲ့ထွေးညိုတို့ မွေးထားတဲ့ကလေးကို အသေချာကြည့်ပီးတော့ကို ပြောတာဗျ။

“လူလေး ဖိုးခင် …ဘိုး ပြောမထွက်ပေမဲ့အများအကျိူးတွက်
မပြောမဖြစ်ပြောရမှာပဲလူလေးရေ ”

” ဟုတ်ကဲ့ …ဘိုး ပြောပါခင်မျာ “…

” လူလေးတို့မွေးထားတဲ့ ခလေးက လူသားမဟုတ်ဘူး ကွဲ့…
ဒီခလေးက အများသူငှာတွေပြောနေသလိုဘီလူးလေးပဲ”

” ဗျာ !! ကျုပ်တို့မွေးထားတာ ဘီ… ဘီလူးဟုတ်လား ဘိုး ”

“အေး !! ဟုတ်တယ်လူကလေး…ဘီလူးတောင်မှ သာမန်ရိုးရိုး
ဘီလူးမဟုတ်လောက်ဘူး… အချင်းကို ပါးစပ်နဲ့ကိုက်ပီးမွေးလာ
တာဆိုတော့… အတော်လေးအဆင့်တန်းမြင့်တဲ့ ဘီလူးမျိုးနွယ်ထဲ
ကဆင်းသက်လာတယ်ဆိုတာ ဘိုး ခန့်မှန်းမိနေတယ်ကွဲ့ …ဒီခလေး
ကို လူကလေးတို့ ဆက်မွေးမယ်ဆိုရင်..လူကလေးတို့ လင်မယား
ကောတစ်ရွာလုံးကလူတွေပါ ဒုက္ခများကုန်ကြလိမ့်မယ်ကွဲ့ ”

” ဟာ !! ဒါ…ဒါဆို ဘယ်လိုလုပ်ရမလဲ ဘိုးရယ်…ပြောပြပါဦး ”

” အေး !! အကောင်းဆုံးကတော့ အချိန်မနှောင်းခင်ဒီခလေးကို
ဘိုးရဲ့ ပညာနဲ့ အသက်နုတ်ပီးမြေမြုပ်ပစ်လိုက်တာအကောင်းဆုံးပဲကွဲ့
ဒီဘီလူးလေးသာ အရွယ်နည်းနည်းရလာရင်ပိုသန်မာလာလိမ့်မယ်
…အဲဒီခါကျရင် ဘိုးလည်း ဘာမှတတ်နိုင်မှာ မဟုတ်တော့ဘူး ”

တစ်ရွာလုံးက ကြည်ညိုလေးစားပီး အားကိုးနေရတဲ့ ဘိုးစိန်လေး
ကိုယ်တိုင်ကပြောလာပီဆိုတော့…ဖိုးခင်လည်း ခေါင်းမ မာနိုင်တော့
ဘူး…ဒါ့ကြောင့်လည်း ဘိုးစိန်လေး စကားကို လက်ခံဟန်နဲ့ ခေါင်း
ညိမ့်ပြရင်း ပြန်ပြောလိုက်တာဗျ။

” ဟုတ် …ဟုတ်ကဲ့ပါဘိုး..ထွေးညိုနဲ့တော့ တိုင်ပင်ကြည့်ရဦး
မယ်ဘိုးရယ်..ဘိုးပြောသလို ဆိုရင် လူအများကြီးရဲ့ အသက်
တွေဆုံးရှုံးရမဲ့အရေးဆိုတော့…သူလည်းသဘောတူလောက်မှာပါ”

“အေး…အေး!!ကောင်းပီ ဒါဆို ဘိုး ပြန်တော့မယ်လူကလေး”

ရွာထဲကလူတွေအားလုံးရှင်းသွားတော့ ဖိုးခင်လည်း ထွေးညိုကို
အကြောင်းစုံပြောပြရတာပေါ့ဗျာ။ထွေးညိုကလည်း ဘာပဲပြော
ပြောဝမ်းနဲ့လွယ်ပီးမွေးထားရတဲ့ခလေးဆိုတော့ မလုပ်ရက်ဘူး
ပေါ့ဗျာ။ဖိုးခင်က မနည်းကြီး နားချယူရတာဗျ။ ဒါနဲ့ပဲနောက်ဆုံးမှာ
လူအများရဲ့အသက်နဲ့သက်ဆိုင်နေတဲ့ကိစ္စဆိုတော့ ဘိုးစိန်
လေး ပြောသလိုလုပ်ဖို့ပဲလက်ခံလိုက်ရတော့တာပေါ့ဗျာ။

⏰⏰⏰⏰⏰

” ဝုတ် !! ဝုတ် !! ဝုတ် !! အူးးးးးးးဝူးးးးးးးး ”

ဒီညက ပြာသို လပြည့်နေ့ညဆိုတော့ လမင်းကြီးက ထိန်ထိန်သာ
နေတာပေါ့ဗျာ။ ဘိုးစိန်လေး နဲ့ ဖိုးခင်တို့ နှစ်ယောက်တည်း ရွာ
ပြင်က သချိူင်္င်းကုန်းကြီးထဲကိုရောက်နေကြပီဗျ။အကြောင်းက
တော့ခင်များတို့လည်းသိတဲ့အတိုင်း ဖိုးခင်ရဲ့ ခလေးဘီလူးလေး
အစီရင်တွေစီမံပီး ဘိုးစိန်လေးကအသက်နုတ်ပစ်မှာလေဗျာ။

” ကဲ !! လူလေး ဖိုးခင်… ဘိုးအစီရင်တွေ စလုပ်တော့မယ်…
ပထမဆုံးဘိုး စည်းအရင်တားမယ်…ဘိုးထင်တာ မမှားခဲ့ဘူးဆို
ရင် ဒီဘီလူးလေးဟာသာမန်ဘီလူးမျိုးနွယ်ထဲကမဟုတ်တဲ့တွက်
သူ့မှာအစောင့်ရှောက်တွေရှိနိုင်တယ်…သူ့အသက်ကိုနူတ်ယူ
တော့မယ်ဆိုရင်ဒီဘီလူးလေးရဲ့ အစောင့်ရှောက်တွေ ရောက်
လာပီး ဘိုးတို့ကို အန္တာရယ်ပြုနိုင်တယ်…ဘာတွေပဲ လာလာ ငါ့မြေးက ဘိုးတားထားတဲ့စည်းကိုဖောက်ပီးထွက်မပြေးဖို့တော့လိုတယ်ကွဲ့..
စည်းပေါက်သွားရင်လူကလေးကော ဘိုးကောနှစ်ယောက်လုံးသေကြ
ရလိမ့်မယ်…နားလည်လား လူလေး ”

” ဟုတ် … ဟုတ်ကဲ့ !! နားလည်ပါပီ ဘိုး ”

ဘိုးစိန်လေးလည်း ဖိုးခင်ကို မှာစရာရှိတာတွေမှာပီး စည်းချ ဂါထာ
တွေ ရွတ်ဆိုပီး စည်းချတော့တာပေါ့ဗျာ။

“ဝုန်း !! ဝုန်း !! ဝရော !! ဝရော !! ဖြောင်းး ”

ဟာ !!ဘိုးစိန်လေးနူတ်ကနေဂါထာတွေရွတ်လိုက်တာနဲ့သချိူင်္င်းကြီး
ကြီးတစ်ခုလုံးမုန်တိုင်းကျလာသလိုပဲ လေပြင်းတွေတိုက်ခတ်ပီးဆူညံ
နေတာပဲဗျို့။ ဖိုးခင်တောင်ကြောက်လန့်ပီး ဘိုးစိန်လေးနားကို တိုးသ
ထက်တိုးကပ်နေမိတယ်။ ဘိုးစိန်လေးက အတန်ကြာမန်းမူတ်ပီးတော့
ဖိုးခင်ကို မျက်လုံးချင်းဆုံအောင် ကြည့်ပီးပြောလိုက်တယ်။

” ကဲ !! စည်းတော့ချပီးပီ လူလေး လက်ထဲကခလေးကို ဘိုးကို
ပေး …ဘိုး “ဘီလူးသက်ခြွေ” ဂါထာတော်ကြီးကို သုံးဆယ့်
ခုနှစ်အုပ်တိတိမန်းပီး ဒီဘီလူးလေးကိုအသက်နူတ်တော့မယ် ”

” ဟုတ် !! ဟုတ် ကဲ့ ဘိုး ”

ဖိုးခင်လည်း ကြောက်လန့်တုန်ရင်နေတဲ့ လက်အစုံနဲ့လက်ထဲမှာ ချီထားတဲ့ ခလေးကို လှမ်းပေးလိုက်တာပေါ့ဗျာ။ဘိုးစိန်လေးလည်း ခလေးကို လှမ်းယူပီး အင်းကွက်တွေချရေးထားတဲ့ ပိတ်ဖြူစကြီးပေါ်ကိုတင်လိုက်
တယ်။ ပီးတော့လွယ်အိတ်ထဲက သိမ်ဝင်အပ်ချည်ကြိုးတွေကိုထုတ်ပီး ဘီလူးလေးကိုပတ်ရင်း ဖိုးခင်နားမလည်တဲ့ ဂါထာမန္တာန်တစ်ပုဒ်ကို
မြေပြင်မှာ မုဆိုး ဒူးထောက်အနေထားနဲ့ ဋ္ဌာန်/ကရိုဏ်းကျကျ ရွတ်ဆို
မန်းမူတ်တော့တာပေါ့ဗျာ။

” အီးးးဟီးးဟီးးးဝူးးးဂါးးး ”

ဟာ!! ထူးဆန်းလိုက်တာဗျာ။ မွေးလာကတည်းက ခုချိန်ထိ တစ်ခါမှ
မငိုဖူးတဲ့ မွေးကင်းစ ခလေး‌ဆီကနေ သားရိုင်းတိရစ္ဆာန် တစ်ကောင်
လို စူးစူးဝါးဝါး ထအော်လိုက်တဲ့အသံနက်ကြီးကိုကြားလိုက်ရတာဗျ။

” ဝုန်းးး!! ဝုန်းးးး!! ဝုန်းးးး!!”

” ဟီးးးးးဟီးးးးဟီးးးဟိုးးးဟိုးးးဟိုးးးဟားးးးဟားးး”

” အောင်မလေး !! ကယ်ပါဦး ဘိုးရဲ့ … အားးးး … ဘီ…ဘီလူးကြီး
တွေ…ဘီလူးကြီးတွေ ဒီကိုလာနေပီဗျ။

ဖိုးခင် အလန့်တကြားထအော်မိလိုက်တာဗျို့။ ခလေးရဲ့ အော်ဟစ်သံနဲ့ မရှေးမနှောင်းပဲကြောက်မက်ဖွယ်ရီမောသံကြီးတွေနဲ့ ဘီလူးကြီးတွေ
ပေါ်လာတာဗျို့။နည်းတဲ့ အကောင်ကြီးတွေမှ မဟုတ်တာဗျာ။

အရပ်ကြီးတွေက ထန်းပင်လောက်ကြီးနဲ့ ခန္ဓာကိုယ်ကြီးတွေက
လည်းအိမ်တစ်လုံး လောက်ကိုရှိတာဗျ။ မျက်လုံးနီနီရဲရဲကြီးတွေ
ကလည်းစကော တစ်ချပ်စာလောက်ရှိပီး ပါးစပ်ထဲကနေအပြင်
ကို ထွက်နေတဲ့ အစွယ်ကြီးတွေဆိုတာ အရှည်ကြီးပဲ ဗျို့။
ဘီလူး ကြီးတွေ အကုန်လုံး လက်ထဲမှာ တင်းပုတ်လိုလိုဟာ
တွေကိုင်ထားတာဗျ။ တကယ့်ကိုကြောက်စရာကြီးတွေပါဗျာ။

” လူကလေး ဖိုးခင် …မကြောက်နဲ့ …ဘိုးတားထားတဲ့စည်းထဲမှာသာ နေ …ဒီကောင်ကြီးတွေ ဘာမှ လုပ်မရဘူး…အဲဒါဒီဘီလူးရဲ့ အစောင့်
ရှောက်တွေပဲ လူလေး”

ဖိုးခင်ကြောက်လန့်တကြားဖြစ်နေလို့ ဘိုးစိန်လေးကဂါထာတွေ
ွှရွတ်နေရာကသတိလှမ်းပေးတာဗျ။ ပီးတော့ဂါထာတွေဆက်ရွတ်
နေတာပေါ့ဗျာ။ဘီလူးကြီးတွေကလည်းတင်းပုတ်လိုလို ဟာကြီး
တွေနဲ့ ရွယ်ပီး ဘိုးစိန်လေးနဲ့ ဖိုးခင်တို့ရှိရာကိုပြေးလာ‌ကြပီဗျို့။

” ဒုန်းးးးး!! ဒုန်းးးး!! ဒုန်းးးး!! ”

” ဂါးးးးးး !! ဂီးးးး !! အူးးးး !! ”

ဟာ!! ဖိုးခင်တို့ကို တင်းပုတ်ကြီးနဲ့ ပြေးပီး ထုသတ်ဖို့လာတဲ့
ဘီလူးကြီးတွေက ဘိုးစိန်လေးတားထားတဲ့ စည်းနားကိုရောက်
တာနဲ့ တစ်ကောင်ပီး တစ်ကောင် လွင့်ထွက်ကုန်ကြတာဗျို့။
စည်းနားကို လုံးဝကပ်လို့မရဘူးဗျ။

ဖိုးခင်လည်း ကြောက်လန့်ပီး မျက်စိကိုစုံမှိတ်ထားရာက စည်းနားကို
ရောက်တာနဲ့ နောက်ပြန်လွင့်ထွက်သွားတဲ့ ဘီလူးကြီးတွေကိုမြင်တော့မှ အကြောက်လျော့သွားတာဗျို့။ဒါတောင် ဘီလူးကြီးတွေကစည်းနဲ့ခပ်
လှမ်းလှမ်းကနေ တင်းပုတ်ကြီးနဲ့ပဲ ထုတော့မလိုလို…အမွှေးမျှင်တွေထူ
ထပ်နေတဲ့ လက်ကြီးတွေနဲ့ပဲလှမ်းဆွဲတော့မလိုလိုအစွမ်းကုန်ခြောက်
လှန့်နေကြသေးတာဗျ။

” အီးးး…အူးးးးး !! အစ်…အစ် !! ”

ဟော !! ဘီလူးကြီးတွေက ရန်မူဖို့ကြိုးစားနေတုန်းမှာပဲ…အရွယ်နဲ့မ
လိုက်အောင်အသံနက်ကြီးနဲ့ ကြုံးအော်နေတဲ့ မွေးကင်းစ ကလေးရဲ့ အသံက တဖြေးဖြေးနဲ့တိုးလာပီဗျို့။ကြည့်ရတာဘိုးစိန်လေး ရွတ်နေတဲ့ ဂါထာက သုံးဆယ့်ခုနှစ်ခေါက်ပြည့်ဖို့သိပ်မလိုတော့ဘူးနဲ့တူပါရဲ့ဗျာ။

ဘိုးစိန်လေးကတော့ မန္တာန်တွေကို မာန်ပါပါနဲ့မပြတ်ရွတ်နေတုန်းပဲဗျ။ဘီလူးကြီးတွေကလည်း ဘိုးစိန်လေးတားထားတဲ့စည်းကိုမကျော်နိုင်
တော့တင်းပုတ်ကြီးတွေထမ်း ခါးကြီးတွေထောက်ပီး ဘိုးစိန်လေးနဲ့
ဖိုးခင်ကို မျက်ထောက်နီကြီးတွေနဲ့စားမတက် ဝါးမတက်စိုက်ကြည့်
နေရုံကလွဲလို့ဘာမှ မတတ်နိုင်ကြတော့ဘူးဗျို့။

” အီးးးးးး !! အူးးးးးး !! ဂါးးးးးး !! ”

ဟာ !! အဲဒီချိန်မှာပဲ ရုတ်တရက် ဘီလူးလေးဆီကနေ နောက်ဆုံးအနေနဲ့ အသံနက်ကြီးနဲ့ကြုံးအော်လိုက်တဲ့အသံကြီးကိုအသည်း အူ တုန်မ
တက်ကြားလိုက်ရတယ်။

” အောင်ပီ…အောင်ပီ …လူကလေးရေ …လူတွေအများကြီး
သေကြေ ကြမဲ့ အရေးကနေ ဘိုးတို့ ကယ်နိူင်လိုက်ပီကွ ”

ဘိုးစိန်လေးရဲ့ ဝမ်းသာအားရကြွေးကြော်သံကြီးနဲ့အတူ ဖိုးခင်
တို့ကို ဝိုင်းထားတဲ့ ဘီလူးကြီးတွေလည်း ပျောက်ကုန်ကြပီဗျ။

” ကဲ !! လူကလေး ဒီဘီလူးလေးကိုမြေမြုပ်လိုက်တော့ကွယ်…
ဘိုးတို့ပြန်ကြတာပေါ့ အားလုံးအန္တာရာယ် ကင်းသွားပါပီကွယ်”

ဘီလူးလေးကိုမြေမြုပ်ပီးတော့ ဘိုးစိန်လေးနဲ့ ဖိုးခင်လည်းရွာထဲကို စိတ်
လက်ပေါ့ပါးစွာနဲ့ ပြန်လာခဲ့ကြတယ်။ အေးသာယာဆိုတဲ့ရွာကလူတွေ
လည်း ဖိုးခင်တို့ဘီလူးလေးမွေးတဲ့အကြောင်းကိုမေ့မေ့ပျောက်ပျောက်
ရှိသွားကြပီပေါ့ဗျာ။ ဒါပေမဲ့ ဒီဘီလူးလေးကို မြေမြုပ်ပီးသုံးလတင်းတင်း
ပြည့်တဲ့နေ့မှာ အလွန်ဝမ်းနည်း ကြေကွဲစရာကောင်းပီး အင်မတန်
ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးနဲ့ကြုံရမယ်ဆိုတာ ဘိုးစိန်လေးနဲ့
ဖိုးခင်တို့နှစ်ယောက်သာ ကြိုသိခဲ့မယ် ဆိုပါလျှင်……

ဒီနေ့တော့ အေးသာယာရွာလေးကနွေဦးပေါက်နံနက်ခင်းလေးမှာ
နံမည်နဲ့ လိုက်အောင်ကို သာသာယာယာရှိနေတာဗျ။

” အောင်မလေး…လာကြပါဦး…လုပ်ကြပါဦးဗျို့ ”

” ဟာ !! ရွာတောင်ပိုင်းကအသံဟေ့…ဘာဖြစ်တာလဲမသိဘူး
ထွက်ကြဟေ့ ပြေးကြည့်ကြပါဟ ”

အေးချမ်း သာယာနေတဲ့ ရွာလေးက ရုတ်တရက် ဆူဆူညံညံ
အသံတွေနဲ့ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တာပဲဗျို့။

ဖိုးခင်တစ်ယောက်လည်း အများနည်းတူအသံကြားရာရွာတောင်
ပိုင်းကို အပြေးလေးလှမ်းခဲ့တာပေါ့ဗျာ။ရွာတောင်ပိုင်းကိုရောက်
တော့ အရီးလေးငွေခင် တို့ဝိုင်းထဲမှာလူတွေစုဝေးနေကြတာဗျ။
ဖိုးခင်လည်း ဝိုင်းထဲကိုခပ်သုတ်သုတ်လေးလှမ်းဝင်လိုက်တယ်။

” ဟင် !! အောင်မလေးဗျ …”

ရုတ်တရက်မြင်လိုက်ရတဲ့ အရီးလေး ငွေခင်ကြောင့် ဖိုးခင်လန့်အော်မိလိုက်တာဗျို့။ မလန့်ပဲနေမလားဗျ… ဝိုင်းထဲကမြေပြင်ပေါ်မှာအရီး
လေးငွေခင်တစ်ယောက် မျက်လုံးကြီးတွေအပြင်ကိုအဆမတန်ပြူး
ထွက်ပီး ဇက်ကြီးလည်ပီးသေနေတာလေဗျာ။ ဗိုက်ကြီးကလည်း အထဲမှာဘာမှ မရှိတော့သလိုပြားချပ်ပီး ပိန်ကပ်နေတာပဲ။မြင်တွေ့ရတာ
တကယ့်ကို ကြောက်စရာကြီးပါဗျို့။

” ဟေ့ !! လူကလေး…ဖိုးခင်”

ဖိုးခင်တစ်ယောက်လူတွေကြားထဲမှာ ခေါ်သံကြားလို့ အသံ
လာရာဆီကြည့်လိုက်တော့ ဘိုးစိန်လေးဖြစ်နေတာဗျ။

” ဟင် !! ဘိုး …ဘိုးလည်းရောက်နေတာလား ”

” အေး !! ဟုတ်တယ်လူလေး…မင်းလည်းတွေ့ပီးပီပေါ့…မင်း
အရီးလေးငွေခင် သေနေတာပုံမှန်မဟုတ်ဘူးလို့ ဘိုးထင်တယ်
လာကွာ…လူလေးနဲ့ဘိုးတို့ရွာပြင်ကသချိူင်္င်းကုန်းကြီးကိုသွား
ကြရအောင်…ပေါက်တူးတစ်လက်ပါ ယူခဲ့ပါကွယ် ”

” ဟုတ် …ဟုတ်ကဲ့ပါဘိုး ” ဖိုးခင်တို့ ထွက်လာချိန်မှာ ရွာသူရွာသား
တွေကတော့ အရီးလေးငွေခင်ရဲ့အလောင်းကြီးကိုကြည့်ပီးတစ်ယောက်
တစ်ပေါက်ထင်ကြေးတွေနဲ့ ပြောဆိုကျန်ခဲ့တာပေါ့ဗျာ။ သချိူင်္င်းကုန်းကို
ရောက်တော့…

” ဖိုးခင်…လူလေးတို့မွေးခဲ့တဲ့ဘီလူးလေးကိုဘိုးတို့အသက်
နူတ်ပီး မြုပ်ခဲ့တဲ့မြေပုံကိုမှတ်မိတယ်မဟုတ်လား ”

” ဟုတ်ကဲ့ဘိုး…ကျုပ် မှတ်မိပါတယ်ဗျ ”

” အေး !! ဒါဖြင့် အဲဒီမြေပုံကိုပြန်တူးစမ်းကွယ် ”

ဖိုးခင်လည်း ဘာလို့တူးခိုင်းတယ်ဆိုတာ နားမလည်ပေမဲ့ ဘိုးစိန်လေး ခိုင်းတဲ့အတိုင်း တူးလိုက်တာပေါ့ဗျာ။အတန်ကြာတူးပီးနောက်…

” ဟာ !! အလို … ဘယ်လိုဖြစ်တာလဲဟ ”

ဖိုးခင်အံ့သြသွားတာဗျို့။ ဟုတ်တယ်လေဗျာ…ဘိုးစ်ိန်လေးရဲ့
ပညာတွေနဲ့စီရင်ပီးအသက်နူတ်ခဲ့တဲ့ဘီလူးလေးရဲ့အလောင်း
ကို သူကိုယ်တိုင်သေချာမြေမြုပ်ခဲ့တာလေဗျာ။အခု ဘီလူးလေး
ရဲ့အလောင်းက မြေကျင်းထဲမှာ မရှိတော့ဘူးဗျ။

” အိမ်း !! ဘိုး စိုးရိမ်နေတဲ့ အတိုင်းဖြစ်လာပီ လူလေးရေ ”

” ဗျာ !! ဘယ်လို ဘိုး…ကျုပ် နားမလည်တော့ဘူး ရှင်းပြပါဦး ”

” ဒီလိုကွဲ့ !! မငွေခင်သေသွားတာတခြားကြောင့်မဟုတ်ဘူး လူလေး..
ဒီဘီလူးက အသက်ပြန်ဝင်လာပီးသတ်သွားတာကွဲ့မငွေခင် ဗိုက်ကြီး
ပြားချပ်နေတာ မင်းလည်းတွေ့တယ်မဟုတ်လား..အဲဒါ ဒီဘီလူးက
သတ်ပီး ဗိုက်ထဲက ကလီစာတွေကိုသူရဲ့အစွမ်းနဲ့ နိုက်ထုတ်ပီးစားသွားတာပဲကွဲ့…”

” ဗျာ !! ဘိုး အစီရင်တွေနဲ့သေချာလုပ်ပီးအသက်နူတ်ခဲ့တဲ့ ဘီလူးက မသေဘူးဟုတ်လားဘိုး…အဲဒီဘီလူးလေးပါးစပ်ကနာနာကြည်းကြည်းနဲ့အော်ပီး အသက်ထွက်သွားတာ ပီးတော့ကျုပ် ကိုယ်တိုင်ပဲမြေမြုပ်ပေးခဲ့တာလေ ဘိုး…”

” အေး !! ဘိုးလည်း လူလေးထင်သလိုပဲထင်ခဲ့မိတာပဲ ဒါပေမဲ့ဒီဘီလူးက သာမန်ဘီလူးမဟုတ်ဘူး…ဘိုးရဲ့ပညာအစွမ်းနဲ့ အပီးသတ်အသက်
နူတ်နိုင်မယ်ထင်ခဲ့မိတယ်ကွယ်..ဘိုးထင်တာမမှားဘူးဆိုရင် ငါ့မြေးတို့
မွေးခဲ့မိတဲ့ ဘီလူးဟာ “တာနောယက္ခ” ဘီလူးမင်းရဲ့အမျိုးနွယ်ထဲကဆင်းသက်လာတာပဲဖြစ်ရမယ်… ဒါကြောင့် ဘိုးရဲ့ ပညာနဲ့သူ့ကို အပီး
သတ် မနှိမ်နင်းနိုင်ခဲ့တာပဲပေါ့ကွယ် ”

“ဗျာ !! တာနောယက္ခဘီလူးမင်းရဲ့ အမျိူးအနွယ်ဟုတ်လား ဘိုး”

” အေး ဟုတ်တယ် လူကလေး…သူကနတ်ဘီလူးအနွယ်ထဲကမို့
ဘိုးရဲ့ပညာတွေက အဲဒီဘီလူးကို အပီးသတ် အသတ်မနူတ်
နိုင်ပဲ ခေတ္တ ခဏ ဝိဥာဉ်သိပ် လိုက်သလို ဖြစ်သွားတာကွဲ့ ”

” ဟာ !! ဒါ..ဒါဆို ကျုပ်တို့ဘာလုပ်ကြမလဲ ဘိုး…ရွာသားတွေအကုန်
လုံးကို အသိပေးလိုက်ရမလား ”

” အဲဒီလိုလုပ်လို့မရဘူး အားလုံးကလူကလေး တို့ကြောင့်ဖြစ်ရ
တာဆိုပီးရန်ပြုကြလိမ့်မယ်..ကဲ !! မြေပုံကိုဟန်မပျက်သာပြန်ဖို့
လိုက်တော့… ဒီကိစ္စကို ဘိုး အတက်နိုင်ဆုံးဖြေရှင်းပါ့မယ်ကွယ် ”

ဒီလိုနဲ့ ဘိုးစိန်နဲ့ ဖိုးခင်တို့လည်း ဘီလူးလေးရဲ့ အလောင်းမရှိတော့တဲ့ မြေကျင်းအလွတ်ကြီးကို ခက်သွက်သွက်ပြန်ဖို့ပီး သချိူင်္င်းကုန်းလေးထဲကနေလေးကန်တဲ့ခြေလှမ်းအစုံနဲ့ပြန်ခဲ့ကြတာပေါ့ဗျာ။

ဒီည ဘိုးစိန်လေးတော်တော်နဲ့အိပ်မ‌ပျော်ဘူးဖြစ်နေတာဗျ။အသက်ပြန်
၀င်လာတဲ့ဘီလူးကိုဘယ်လိုအပီးသတ်နှိမ်နင်းရမလဲစဉ်းစားနေရင်း အာရုဏ်လင်းခါနီးလောက်ကျမှ မှေးခနဲ့ဖြစ်သွားတာပေါ့ဗျာ။

” ဝုတ် !! ဝုတ် !! အူ !! ဝူးးးးးး!! ”

” ဒုန်းးးးး!! ဒုန်းးးးး !! ဒုန်းးးးး !! ”

ဘိုးစိန်လေးတစ်ယောက် အိပ်ကောင်းနေမှ ပြင်းထန်လွန်းတဲ့
တံခါးခေါက် သံကြီးကြောင့် ရုတ်တရက်လန့်နိုးလာတာဗျို့။

” ဟေ့ !! ဘယ်သူလဲ ကွ …ဒီအချိန်ကြီးကျမှကွာ ”

ဘိုးစိန်လေး ဒေါသထွက်စွာ အော်ဟစ်လိုက်ပီးတံခါးကိုဖွင့်ကြည့်လိုက်
တော့တွေ့လိုက်ရတာက ပုခုံးပေါ်သန်လျက်ကြီးထမ်းထားပီး ပြဇာတ်
တွေထဲကလို ချပ်ဝတ်တန်ဆာတွေပျိုးပျိုးပျက်ပျက်ဝတ်ဆင်ထားတဲ့
အစွယ်ကြီးတဖွေးဖွေးနဲ့ ဘီလူးကြီးတစ်ကောင်ဖြစ်နေတာဗျို့။

ဘိုးစိန်လေးလည်း မထင်မှတ်ပဲမြင်လိုက်ရတဲ့အခြေနေကိုနား
လည်သွားပီး သူရဲ့ဆေးလွယ်အိတ်ထားရာကိုအပြေးလေးလှမ်း
ဖို့ပြင်လိုက်တာဗျ။

” အူးးးး !! ဂါးးးး !! ”

” ဒုတ် !! ဂျွတ် !! ”

“အ့ …အာ့ …အားးးး ”

ဟာ !! နောက်ကျသွားပီဗျို့။ဘီလူးကြီးက ရုတ်တရက်သူရဲ့သန်
မာတဲ့လက်ကြီးနဲ့ ဖမ်းချုပ်ပီး ဘိုးစိန်လေးဂုတ်ကိုဂျွတ် ခနဲမြည်
အောင်ချိုးပစ်လိုက်တာဗျ။ ပီးတော့ ဘိုးစိန်လေးရဲ့ဝမ်းဗိုက်ထဲက
ကလီစာတွေကို ဗိုက်မခွဲပဲ သူရဲ့နတ်ဘီလူးအစွမ်းနဲ့ နိုက်ထုတ်ပီး
စားပစ်လိုက်ပီဗျို့။

⏰⏰⏰⏰⏰⏰

” တော့် ကိုဖိုးခင်!! ကိုဖိုးခင် ထပါဦးတော့ ”

ဖိုးခင်တစ်ယောက် ဇနီးဖြစ်သူထွေးညိုရဲ့အတင်းလှုပ်နိူးမူကြောင့်
နိုးလာတာပေါ့ဗျာ။

“ဘာတုန်း ထွေးညိုရာဘယ်ချိန်ရှိသေးလို့အတင်းနိုးနေတာလဲ”

” ဘာတုန်းလုပ်မနေနဲ့… ဘိုးစိန်လေးသေပီတော့ ”

“ဘာ…ဘာပြောတယ် ထွေးညို ..ဘိုးစိန်လေးသေပီဟုတ်လား”

“ဟုတ်တယ် ကိုဖိုးခင် ဘိုးစိန်သေပီ။ ပီးတော့ ရွာမြောက်ပိုင်းက
အိတုံလေးလည်းသေပီတော့ မနေ့က အရီးလေးငွေခင်သေသလိုပဲ
ဇက်ကြီးတွေကျိုးပီး ဗိုက်တွေကပြားချပ်ပီးသေနေကြတာ ”

ဇနီးဖြစ်သူ ထွေးညိုရဲ့ စကားကိုကြားလိုက်တာနဲ့ဖိုးခင်တစ်
ယောက် ချက်ချင်းပဲသိလိုက်ပီပေါ့ဗျာ။အိပ်ယာထဲကနေဆတ်ခနဲ
ငုတ်တုပ်ထထိုင်ပီး ငိုချပစ်တာဗျ။

” အီးးး!! ဟီးးးဟီးးဟီးးး !! ထွေးညိုရေ ဘိုးစိန်တို့ အရီးငွေခင်
နဲ့ အိတုံလေးတို့သေတာ တခြားကြောင့် မဟုတ်ဘူးဟ ငါတို့
မွေးမိခဲ့တဲ့ဘီလူးကသတ်ပီး ဗိုက်ထဲက ကလီစာတွေ ကို နိုက်
ထုတ်စားသွားတာဟ …အီးးးဟီးးးး ”

ဖိုးခင်တစ်ယောက်ဝမ်းနည်းခံပြင်းစွာရှိုက်ငိုနေရင်းကဇနီးဖြစ်သူ
ထွေးညိုလေးကို အကျိုးကြောင်းရှင်း ပြလိုက်ရတာပေါ့ဗျာ။

အေးသာယာဆိုတဲ့ရွာလေးက လူတွေအကုန်လုံးလည်းအရမ်း
ထိတ်လန့်ကြောက်ရွံ့နေကြပီဗျ။နံမည်နဲ့လိုက်အောင်အေးချမ်း
သာယာခဲ့တဲ့ရွာလေးက အခုတော့ကြောက်စရာအဖြစ်ဆိုးကြီး
တွေနဲ့ကြုံတွေ့နေရပီလေဗျာ။တစ်ချို့လူတွေဆိုရွာကပါ ပြောင်း
ပြေးကုန်ကြတာဗျ။

နေ့တိုင်းမနက်မိုးလင်းတာနဲ့တစ်အိမ်ကိုတစ်ယောက်သေနေကြတာ…
သေသွားတဲ့ လူအားလုံးကလည်း မျက်လုံးကြီးပြူး…ဇက်ကြီးတွေကျိုးပီးတော့ ဗိုက်တွေကပြားချပ်ပီးသေကြတာဗျ။ ရွာကသချိူင်္င်းကုန်း မှာဆို အလောင်းတွေကို ထပ်ပီးမြေတောင်မမြုပ်နိုင်ကြပါဘူးဗျာ။ဒီလိုဝမ်းနည်း
ကြေကွဲစရာတွေ နဲ့ကြုံတွေ့နေရပီး ရွာပျက်မတက်ဖြစ်နေတဲ့ အေးသာယာဆိုတဲ့ရွာလေးကိုတစ်နေ့တော့ အဖိုးအို တစ်ယောက် ရောက်လာခဲ့တယ်ဗျ။

” အိမ်ရှင်တို့…အိမ်ရှင်တို့ ရှိပါသလား။ ဒီဝိုင်းက ကော မောင်ဖိုးခင်တို့ ဝိုင်းလားကွယ် ”

ဖိုးခင်တစ်ယောက်အိမ်ရှေ့ကွပ်ပျစ်လေးမှာ ထိုင်နေရင်းဝိုင်းဝက
ခေါ်သံကြောင့် လှမ်းကြည့်လိုက်တော့ဝိုင်းဝမှာ လွယ်အိတ်ကြီးတစ်လုံးနဲ့လက်ထဲမှာ အနီရောင်တောင်ဝှေးကြီးကိုင်ထားပီး…ရဲတောက်နေတဲ့
အင်္ကျီအနီရောင်ဝတ်ထားတဲ့အသက်ခြောက်ဆယ်ဝန်းကျင်အရွယ်ရှိမဲ့ အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရတယ်။

” ဟုတ် …ဟုတ်ပါတယ်အဘ …ဖိုးခင်ဆိုတာ ကျုပ်ပါပဲ …
ုကြွပါ အဘ အိမ်ထဲကိုကြွပါ”

ဖိုးခင်တစ်ယောက်ထူးဆန်းတဲ့အဖိုးအို ကိုတစ်ခါမှ မမြင်ဖူးပေမဲ့ တ
တလေးတစားနဲ့နေရာထိုင်ခင်းပေးရင်းဧည့်ဝတ်ပြု ကြိုဆိုလိုက်တယ်။

“အဘကဘယ်သူများလဲ ဘာကိစ္စများရှိလို့ကြွလာတာလဲဘ”

” အိမ်း !! အဘနံမည်က ပထမံဆရာလှလို့ခေါ်တယ်ကွဲ့…လာရတဲ့
ကိစ္စကို…တိုတိုနဲ့လိုရင်းပြောရရင် ဘီလူးတစ်ကောင်ကြောင့်ဒုက္ခ
ရောက်နေတဲ့ လူလေးတို့ရွာကိုကယ်တင်ပေးဖို့ပဲကွဲ့”

” ဗျာ !! အဘက ကျုပ်တို့ရွာမှာကြုံနေရတဲ့ကြောက်စရာအဖြစ်ဆိုးကြီးကိုသိနေတယ်ဟုတ်လား”

” ဟုတ်တယ်လူလေး အဘဒီရွာလေးကို အထက်ကပုဂ္ဂိုလ်ကြီး
တွေရဲ့ခိုင်းစေညွှန်ကြားချက်နဲ့ ရောက်လာခဲ့တာပဲကွဲ့။ငါ့မြေး
တို့ကြောက်လန့်နေကြရတဲ့ ဘီလူးကြီးကို ဒီညရောက်တာနဲ့
အဘ နှိမ်နင်းပေးပါ့မယ်ကွယ် ”

” ဝမ်းသာလိုက်တာအဘရယ်။ကျေးဇူးတင်လိုက်တာဗျာ …ဒီဘီ
လူးက ကျုပ်တို့မွေးခဲ့မိတာပါအဘရယ်…အခုလိုလူတွေ သေ
ကြေနေကြတာ ကျုပ်တို့အပစ်မကင်းဘူးလို့လည်းခံစားနေရ
တယ်…မြန်မြန်သာနှိမ်နင်းပေးပါ အဘရယ် ”

“အေးပါကွယ်!!အဘရောက်လာပီပဲဘာမှမစိုးရိမ်နေကြနဲ့တော့
ပီးတော့ ရွာမှာ ရှိနေတဲ့လူတွေကို ဒီနေ့ညနေမှောင်စပျိုးတာနဲ့
အကုန်အိမ်တံခါးတွေ လုံလုံခြုံခြုံပိတ်ပီးတော့အပြင်မထွက်ကြ
တော့ဖို့လူလေးပဲ လိုက်ပြောလိုက်ပါကွယ် ”

” ဟုတ်ကဲ့ပါအဘ ကျုပ်တို့အိမ်မှာပဲနားနားနေနေ နေပါအဘ…ကျုပ် အခုပဲရွာထဲသွားပီး အားလုံးကိုအကျိုးကြောင်းပြောပြလိုက်ပါ့မယ်”

ဖိုးခင်တစ်ယောက် ပထမံဆရာလှ ဆိုတဲ့အဖိုးအိုကို အိမ်ထဲမှာ
နေရာထိုင်ခင်းပေးပီးတာနဲ့ရွာထဲကိုထွက်လာခဲ့တော့တာပေါ့ဗျာ။

ညကလပြည့်ညမို့အရာအားလုံး ရှင်းလင်းပြတ်သားစွာမြင်နေရတယ်။
အချိန်က ညရှစ်နာရီလောက်ရှိပီပေါ့ဗျာ။ပထမံဆရာလှနဲ့ ဖိုးခင်တို့လည်း တစ်ရွာလုံးကိုဒုက္ခပေးပီးလူတွေကိုသတ်ဖြတ်စားသောက်နေတဲ့ဘီလူး
ကြီးကို နှိမ်နင်းဖို့ထွက်လာခဲ့ကြတော့တာပေါ့ဗျာ။ သချိူင်္င်းကုန်းထဲ ခြေ
ချမိပီဆိုတာနဲ့ ဆရာလှက ဖိုးခင်ကိုမှာစရာရှိတာ မှာတော့တာပဲ။

” လူကလေးကို အဘ တစ်ခုလောက်မှာစရာရှိတယ်ကွဲ့ ”

” ဟုတ်ကဲ့ ပြောပါအဘ…ကျုပ် နားထောင်နေပါတယ် ”

“အေး!!အဘ တို့နှိမ်နင်းရမဲ့ ဘီလူးကြီးကစွမ်းအားကြီးတဲ့နတ်ဘီလူး အမျိုးနွယ်ကဆိုတော့ နှိမ်နင်းရတာအရမ်းခက်ခဲလိမ့်မယ်ကွဲ့.. ရော့ !!
ဒီကျောက်ရုပ် အင်းကို လူလေးယူထားချေ…အဘက အင်းပစ်တော့လို့
ပြောလိုက်တာနဲ့ လူလေးကမကြောက်မရွံ့နဲ့ဘီလူးကြီးကိုထိအောင်
လှမ်းပစ်ရမှာနော်..ဟုတ်ပီလားငါ့မြေး ”

” ဟုတ် … ဟုတ်ကဲ့ပါ အဘ ”

” ကဲ!! ဒါဆိုဒီဘီလူးကြီးကို အဘအမိန့်ပြန်ဆင့်ခေါ်တော့မယ် ”

” ငါဟဲ့ !! ပထမံ ဆရာလှ အမိန့် !! အထက်ပုဂ္ဂိုလ်ကြီးများရဲ့အမိန့် !!
ဒီရွာကိုဒုက္ခပေးပီးလူတွေကိုသတ်ဖြတ်စားသောက်နေတဲ့ တာနော
ယက္ခအနွယ်ဝင် ဘီလူးကြီး…အခုချက်ချင်း ငါဆရာရှိရာကိုအရောက်
လာစေ..တိမ်းခြင်း /ရှောင်ခြင်း/ပုန်းခိုခြင်းမျိုးမပြုလုပ်နိုင်စေရ … ငါဆရာအမိန့် ”

” ဝုန်းးးး!! ဝုန်းးးးး!! ဝုန်းးးးး !! ”

” ဒုန်းးးးး!! ဒုန်းးးးး!! ဒုန်းးးးး!! ”

ဟာ!! ပထမံဆရာလှရဲ့အမိန့်ပြန်စကားဆုံးတာနဲ့ ပြင်းထန်တဲ့ခြေသံကြီး
နဲ့ အတူဘီလူးကြီးတစ်ကောင်ရောက်လာတာပဲဗျို့။ နည်းတဲ့အကောင်
ကြီးလားဗျာ။ အရပ်ကြီးကဆယ်ပေကျော်တယ်။ လက်ထဲမှာလည်းသန်
လျက်ကြီးတစ်ချောင်းကိုကိုင်ထားသေးတာဗျ။

ပါးစပ်ထဲက အစွယ်ကြီးတွေဆိုတာ အရှည်ကြီးပါပဲဗျာ။မျက်လုံး
ကြီးတွေက မီးကျီ မီးခဲတွေလိုရဲရဲတောက်နေတာဗျို့။တစ်လုံးတစ်လုံးကို လင်ကွင်းတစ်ခုစာလောက်ကြီးကိုရှိတာဗျ။ကြီးမားတဲ့ခန္ဓာကိုယ် ကြီးမှာလည်း ကျုပ်တို့…ခင်များတို့တွေပြဇာတ်တွေ…အငြိမ့်တွေမှာ မြင်
တွေ့ဖူးတဲ့ နတ်ဘီလူးတွေဝတ်လေ့ရှိတဲ့ ချပ်ဝတ်တန်ဆာတွေကိုဝတ်
ထားသေးတာဗျို့။

” ဟီးးးးဟီးးး !! ဘယ်ကောင်လဲငါ့ကိုအမ်ိန့်ပြန်ဆင့်ခေါ်ရဲတာ”

ဟာ !! ဘီလူးကြီးက ခါးကြီးထောက်ပီးကြောက်စရာအသံနက်
ကြီးနဲ့လှမ်းပြောတာဗျ။ အသံကြီးကလည်းဟိန်းနေတာပဲဗျာ။ ဖိုးခင်
တောင်နားကို လက်နဲ့အုပ်လိုက်ရတာဗျ။ ပထမံဆရာလှကတော့
ခပ်တည်တည်ပဲ ဘီလူးကြီးကိုစေ့စေ့ကြည့်ပီး ပြောလိုက်တယ်။

“ဟဲ့ !! ဘီလူးဒီရွာကိုနှောင့်ယှက်နေတာရပ်တန်းကရပ်ပီး အသင်
လာခဲ့တဲ့နေရာကိုပြန်သွားမလား ငါဆရာရဲ့ အဆုံးမကိုခံမလား ”

” တယ် !! ရာဇဝင်ရိုင်းလိုက်လေ… ငါလို တာနောယက္ခဘီလူးမင်းရဲ့အနွယ်တော်ကိုလွယ်လင့်တကူအနိုင်ရလိမ့်မယ်လို့သင်ထင်သတဲ့လား… ကိုင်းဟာ !! ”

ဟာ !! ဘီလူးကြီးက ကြိမ်းဝါးရင်းနဲ့မျက်စိကအလင်းတန်းတွေ
တွေထွက်လာပီး ဆရာလှကို ရုတ်တရက်ပစ်လိုက်တာဗျ။

ဆရာလှလည်း ရှေ့ကို ကမန်းကတန်း လက်ဝါးဖြန့်ထုတ်ပီးကာ
လိုက်ရတာဗျို့။ ဆရာလှရဲ့ လက်ဝါးက အဖြူရောင်စက်တွေထွက်
လာတယ်။ အဲဒီလို ထွက်လာတဲ့အဖြူရောင်စက်တွေကြောင့်ဘီလူးကြီးပစ်လိုက်တဲ့အလင်းတန်းတွေကဆရာလှဆီ မရောက်ခင် ပျက်သွားပီ
ပေါ့ဗျာ။

ဆရာလှက ဘီလူးကြီးရဲ့စက်ကိုဖျက်ပီးတာနဲ့…ချက်ချင်းပဲ လက်ထဲမှာကိုင်ထားတဲ့တောင်ဝှေးအနီကြီးကို ပါးစပ်နားတေ့ပီး ဂါထာတွေ ရွတ်
လိုက်တယ်ဗျ။

ဟာ !! အလိုလေးဗျာ…အံ့သြဖို့ကောင်းလိုက်တာ…ပထမံဆရာလှ
နူတ်ကနေ ရွတ်ဆိုလိုက်တဲ့ ဂါထာဆုံးသွားတာနဲ့ သူ့ရဲ့လက်ထဲက
တောင်ဝှေးနီနီကြီး က မမြင်ရတဲ့ တစ်စုံတစ်ယောက်က ဆွဲကိုင်ထား
လိုက် သလို လေထဲမှာ သူ့အလိုလို မြောက်တက်သွားပီး ဘီလူးကြီးကိုပြေးရိုက်တော့တာကို ဖိုးခင်တစ်ယောက် မျက်ဝါးထင်ထင်တွေ့မြင်
လိုက်ရတော့တာပဲဗျို့။

” ဝှီးးးးး !! ဝှီးးးးးး!! ဝှီးးးးး!! ”

တောင်ဝှေးရိုက်တဲ့အသံကြီးကလေထဲမှာ ဝှီးခနဲ ဝှီးခနဲ မြည်နေတာဗျ။ဘီလူးကြီးကလည်းမခေဘူးဗျာ။ လူမပါပဲ သူ့ကို ပြေးပြေးရိုက်နေတဲ့
တောင်ဝှေးကြီးကိုလက်ထဲမှာကိုင်ထားတဲ့သန်လျက်ကြီးနဲ့ပြန်ကာပီး
ခုတ်ချနေတာဗျို့။တောင်ဝှေးရိုက်ချက်တွေကလည်း တဖြေးဖြေး စိပ်လာပီးတစ်ချက်ထပ် တစ်ချက်ပိုပို ပြင်းလာတယ်ဗျ။ ခဏကြာတော့ တောင်
ဝှေးရိုက်ချက်တစ်ချက်က ဘီလူးကြီးကို ထိသွားပီဗျို့။

” ဖောင်းးးး !! ”

” အူးးး !! ”

ဟာ!! တောင်ဝှေးရိုက်ချက် ကြောင့်ဘီလူးကြီးက နာနာကျင်ကျင်အော်
ရင်း လွှင့်သွားတာဗျ။ တော်တော်လည်းဒေါသထွက်သွားပုံရတယ်ဗျို့။

” အီးးးး!! အူးးးးး !! ”

” ဖလပ် !!

” ဂျွတ် !! ဖြောင်းးးး !!”

ဟာ !! ဒီတစ်ကြိမ်တော့ဘီလူးကြီးက သူ့ကိုနောက်တစ်ခါ ရိုက်ဖို့ပြေး
ဝင်လာတဲ့လေထဲကတောင်ဝှေးကြီး ကို ရုတ်တရက် လက်နဲ့ ဖမ်းဆုပ် ပီးချိုး ပစ်လိုက်ပီဗျ။

” ဟီးးးးဟီးးးးဟီးးးးးးဟားးးးးဟားးဝိုးးးဟိုးးးဟိုးးးးးး”

အမလေးဗျာ !! တောင်ဝှေးကြီးကို ချိုးပစ်ပီးတော့ ဘီလူးကြီးက အသံ
နက်ကြီးနဲ့ သဘောကျသလိုရီမောပီး ပထမံဆရာလှဆီ ကိုတစ်လှမ်း
ခြင်း လှမ်းလာနေတာဗျို့။ ဒီတော့မှ ပထမံဆရာလှက နောက်ကိုခြေ
သုံးလှမ်းစာလောက် ခုန်ဆုတ်ပီး…ဖိုးခင်ကို လှမ်းအော်လိုက်တယ်။

” လူကလေး ဖိုးခင် !! အင်းနဲ့ ပစ်တော့ ဟေ့ ”

ဖိုးခင်တစ်ယောက် ဆရာလှရဲ့ အသံကိုကြားတာနဲ့တုန့်ဆိုင်းမနေပဲ
ပီး ဆရာလှအနောက်မှာရပ်နေရာကနေ အရှေ့ကိုလှမ်းထွက်ပီး လက်
ထဲမှာတင်းနေအောင်ဆုပ်ထားတဲ့ ကျောက်ရုပ်အင်းချပ်နဲ့ပစ် ပေါက်
လိုက်တယ်။

” ကိုင်းကွာ !! ဒီလောက်တောင်ဒုက္ခပေးလှတဲ့ ဘီလူး…သေပေတော့ ”

” ဝုန်းးးးးးး !! ”

ဟာ !! ဖိုးခင်ပစ်လိုက်တဲ့ အင်းက ဘီလူကြီးကိုထိသွားပီး မီးခိုးတွေ
အူတက်လာတာဗျ။ မီးခိုးတွေပြယ်သွားတော့ အင်းချပ်ထိမှန်သွားတဲ့ ဘီလူးကြီးကမလှုပ်မယှက်နဲ့ တောင့်တောင့်ကြီးဖြစ်နေတာကို ဖိုးခင်တစ်
ယောက် အံ့သြစွာနဲ့ တွေ့လိုက်ရတယ်။ ကျောက်ရုပ်ကြီးလိုတောင့်
တောင့်ကြီးဖြစ်သွားတာဗျ။ တော်တော်စွမ်းတဲ့ ကျောက်ရုပ်အင်းပါဗျာ။ ဘီလူးကြီးကလည်းခန္ဓာကိုယ်ကြီးကသာ မလှုပ်ရှားနိုင်တော့တာဗျ…
ရဲရဲနီ နေတဲ့ မျက်လုံးကြီးတွေကို ကလယ် ကလယ်လုပ်ပီး ဖိုးခင်ကို လိုက်ကြည့်နေသေးတာဗျို့။

“လူလေး !! နောက်ဆုတ်တော့ ဒီအင်းက ခဏပဲထိန်းထားနိုင်တာ
အခု ဘိုးက ဒီဘီလူးကို ဆိုင်ရာတွေဆီ အပီးအပ်နှင်းတော့မယ်”

” ဟုတ်….ဟုတ်ကဲ့ပါ အဘ ”

ဖိုးခင်နောက်ဆုတ်လိုက်တယ်ဆိုရင်ပဲ ပထမံဆရာလှက
ကောင်းကင်ကို မော့ကြည့်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းပီး
ဂါထာမန္တန်တွေရွတ်တော့တာပဲဗျို့။ကောင်းကင်ကြီးတစ်ခုလုံး
ချက်ချင်းပဲ မဲတက်လာပီး လေပြင်းတွေ တိုက်လာတာဗျ။

ဟာ !! ရုတ်တရက် ကောင်းကင် တိမ်တိုက်တွေကြားထဲကနေ လူလိုလို ငှက်လိုလိုစုတ်ချွန်းချွန်းမျက်နှာနဲ့ အတောင်ပံကြီးတွေပါတဲ့
အကောင်ကြီးနှစ်ကောင်ကလေထဲမှာ လျှင်မြန်တဲ့အရှိန်နဲ့ပျံသန်းလာတာဗျို့။ပီးတော့ အဲဒီအကောင်ကြီးတွေက ဖိုးခင်တို့အနားကို ရောက်
တာနဲ့ မြေပြင်ပေါ်ကို ဆင်းချလာတာဗျ။

နည်းတဲ့ကောင်ကြီးတွေလားဗျာ။ အရပ်ဆယ်ပေ…ဆယ့်နှစ်ပေ
လောက်ရှိတဲ့ ဘီလူးကြီးထက်တောင်အကောင်ပိုကြီးနေသေးတယ်။

ဟော !! အဲဒီလူလိုလို…ငှက်လိုလို အကောင်ကြီးနှစ်ကောင်က မြေပြင်
ကိုရောက်တာနဲ့ကျောက်ရုပ်ကြီးလိုတောင့်တောင့်ကြီးဖြစ်နေတဲ့ ဘီလူး
ကြီးကိုတစ်ဖက်တစ်ချက် ကနေ ဆွဲကိုင်လိုက်ပီဗျို့။

ဟာ!! ပျံသွားပီ… ပျံတက်သွားပီဗျ။အဲဒီအကောင်ကြီးတွေကဘီလူးကြီးကို တစ်ဖက်တစ်ချက်ဆီ ညှပ်ပီးကောင်းကင်ပေါ်ကိုပျံတက်သွားလိုက်
တာ…ကြည့်နေရင်းနဲ့ကိုတဖြေးဖြေးပျောက်သွားပီဗျို့။

” မောင်ဖိုးခင် … အားလုံးပီးသွားပါပီကွယ်…လူလေးတို့ရွာကို
ဒုက္ခပေးနေတဲ့ဘီလူးကြီး မိုက်ဇာတ်သိမ်းသွားပါပီ ”

ပထမံ ဆရာလှ က ဘီလူးကြီးပါသွားတဲ့နောက်ကိုတအံ့တသြ
လိုက်ကြည့်နေရှာတဲ့ ဖိုးခင်ကို လှမ်းပြောလိုက်တာဗျ။

” ဗျာ !! တကယ်လားအဘ…ကျနော်တို့တစ်ရွာလုံးကြောက်ရွံ့
နေရတဲ့ဘီလူးကြီး မရှိတော့ဘူးပေါ့ ”

” ဟုတ်ပါတယ် လူလေး…ခုနက လူလေးတွေ့လိုက်ရတဲ့
အကောင်ကြီး နှစ်ကောင်က တခြားမဟုတ်ဘူး…ကုဝေရ နတ်
မင်းကြီးရဲ့အစေအပါးတွေပဲကွဲ့ …အခုလူလေးတို့ရွာထဲက လူတွေ
ကိုသတ်ဖြတ်စားသောက်ခဲ့တဲ့ဘီလူးကြီးကို နတ်မင်းကြီးဆီ
မှာ အပစ်ပေးဖမ်းချုပ်ထားဖို့ခေါ်သွားကြတာပဲပေါ့ကွယ် ”

” ဟာ !! ဝမ်းသာလိုက်တာအဘရယ်…အဘကို ကျုပ်တို့တစ်
ရွာလုံးဘယ်လိုကျေးဇူးဆပ်ရမှန်းတောင်မသိတော့ပါဘူးဗျာ ”

” မလိုပါဘူးလူလေးရယ်..အဘတို့ရဲ့အလုပ်ကိုက သတ္တဝါတွေကို
တတ်စွမ်းသမျှကယ်တင်ပေးရမှာပါပဲကွယ်။ ကဲ !!အခုဆိုလူလေး
တို့ရွာလည်း အေးချမ်းသွားပီမို့ အဘလည်းသွားတော့မယ်ကွယ်”

” ဟင် !! အဘက ချက်ချင်းကြီးသွားတော့မှာလား ရွာကိုပြန်
လိုက်ခဲ့ပါဦးလား အဘရယ် ”

” မလိုက်တော့ပါဘူး လူလေးရယ်…အဘ မှာ အထက်ပုဂ္ဂိုလ်
ကြီးတွေ ညွှန်ကြားထားတဲ့ တာဝန်ကြီးတွေကိုဆောင်ရွက်စရာ
ရှိသေးလို့ပါကွယ် ”

” ဟုတ်…ဟုတ်ကဲ့ပါအဘ ”

” အိမ်းး !! ဘုရားတရားကိုမမေ့လျော့ကြနဲ့…ကံငါးပါးကိုလည်းအတတ်
နိုင်ဆုံးလုံအောင်စောင့်ထိန်းကြကွဲ့…သရဏဂုံတည်တဲ့သူမှန်ရင် ဘယ်
လိုအမှောင့်ပယောဂ မျိုးကမှ မဖမ်းစားနိုင်ပါဘူး ကွယ် ”

” ဟုတ် … စိတ်ချပါ … အဘပြောတဲ့တိုင်း ကျုပ်တို့တစ်ရွာလုံး
လိုက်နာပါ့မယ် ဗျာ ”

” အေး !! သာဓု…သာဓု…သာဓု …သတ္တဝါတွေ ကျန်းမာကြပါစေ…
ချမ်းသာကြပါစေ…သံသရာဝဋ်ဆင်းရဲ အပေါင်းမှလည်း ကင်းလွတ်
နိုင်ကြပါစေကွယ် ”

အဖိုးအိုက တည်ငြိမ်အေးချမ်းတဲ့အသံနဲ့ အရပ်ရှစ်မျက်နှာကို
မေတ္တာတွေ ပို့ရင်း အေးသာယာရွာလေးရဲ့ သင်္ချိူင်းကုန်းထဲက
တရွေ့ရွေ့ ထွက်လာခဲ့တယ်။

ဖိုးခင် တစ်ယောက်ကတော့သူတို့ရွာလေးကိုကယ်တင်ပေးသွားတဲ့ လူထူးဆန်းကျေးဇူးရှင် ပထမံဆရာလှ ဆိုတဲ့အဖိုးအိုရဲ့နောက်ကျောကို
မျက်စိတဆုံးပျောက်ကွယ်သွားသည်အထိငေးကြည့်နေရင်းက ရွာထဲ
ကို ရွှင်လန်းတက်ကြွတဲ့ခြေလှမ်းတွေနဲ့ ပြန်ဝင်လာခဲ့တော့တာပေါ့ဗျာ။

××××××××××××××××××××××××××××××××××
ပြီးပါပြီ ။

#စာချစ်သူပရိတ်သတ်များအားအစဉ်လေးစားလျက်

M T