ဘ၀ဟောင်းမှလာခေါ်သူ

ဘ၀ဟောင်းမှလာခေါ်သူ(စ/ဆုံး)

—————————–

အခုလို မိုးကောင်းချိန်ဆိုရင်တော့
ကျုပ်တို့ရွာက လယ်ဂဇင်းတွေမှာ
ရေများက ဖွေးလို့ဗျို့

မိုးအေးရင် ကွေးနေတက်တဲ့
ကျုပ်က ထုံးစံအတိုင်းပေါ့
စောင်လေးခြုံကာ ကွေးနေစဉ်

မောင်သိန်းရေ ့့့ မောင်သိန်း
ဟ” ဒီအချိန်ကြီး ကျုပ်နာမည်ကို
ဘယ်သူအော်ခေါ်နေတာလဲဆိုပြီး
ထ ကြည့်လေတော့ ဝိုင်း၀မှာ
ခေါင်းထိုးဓာတ်မီးနဲ့ လူတစ်ယောက်
ရပ်နေတာကို ကျုပ်‌တွေ့လိုက်တော့
ဘယ်သူလဲ ၀င်ခဲ့လေဗျာလို့
လှမ်းခေါ်လိုက်တော့

အထဲကို ၀င်လာတယ်ဗျ အနားနီးမှ
သေချာကြည့်လိုက်တော့ ကိုတောကျော်ကြီး ဖြစ်နေတယ်

ကျုပ်လဲ ကိုတောကျော်ကြီး ဒီချိန်ကြီး ဘာအရေးကြီးလို့လဲဗျလို့
မေးလိုက်တော့

ကိုတောကျော်က ‌” မောင်သိန်း မိုးကောင်းနေတုန်း ငါးသွားထို့ဖို့
မင်းလိုက်မလားလို့ ၀င်ခေါ်တာကွ
ငါလဲ အဖော်မရှိလို့လေ

ကျုပ်လဲ ကိုယ့်ကိုသီးသန့်လာ၀င်ခေါ်တော့လဲ အားနာနာနဲ့လိုက်မယ်ပြောလိုက်တယ်

ကိုတောကျော်ကြီးလဲ အတော့်ကို
၀မ်းသာသွားတယ် ကျုပ်လဲ
အဘရဲ့ သုံးခွမှိန်းကြီးကိုင်ကာ
ပလိုင်းတစ်လုံးခါးလွယ်လို့
ကိုတောကျော် ခေါ်ရာနေရာသို့
ငါးထိုးလိုက်ရတာပေါ့

သူ့လယ်ဂဇင်းတွေမှာ ငါးရံ့ ငါးခူ
ငါးဘတ် ငါးဖယ်အစရှိတဲ့ ငါးတွေ
အခုလိုမိုးရာသီ ရေဖွေးနေရင်
လွတ်ပေါတာတဲ့ဗျ

ဒါကြောင့် ကျုပ်တို့နှစ်ယောက်
သူ့လယ်ဘက်ကိုပဲသွားဖို့
ရွေးလိုက်တယ်

ကိုတောကျော်ရဲ့ ယာခင်းနားရောက်တော့ ထိန်ပင်ကြီးကနေ မည်းမည်းနဲ့
ငှက်ဆိုးကြီးက ဂလ်း ဂလ်းးးနဲ့ထအော်ပြီး ထပျံတယ်ဗျ

ထိုငှက်ဆိုးကြီးရဲ့ အော်သံကြီး
ကြားပြီးထဲက ကျုပ်ရင်ထဲမှာ
လေးနစ်နေတဲ့ ခံစားချက်မျိုး
ထဖြစ်တယ် အဲ့လိုမျိုးဖြစ်ရင်
မကောင်းတဲ့ အချည်းရာတစ်ခုနဲ့
ကြုံရတော့မယ်ဆို‌တာ ကျုပ်ကို
သတိပေးတာမျိုးဗျ

ကျုပ်လဲ ကိုတောကျော်ကို အားနားတာမို့ ဘာမှမပြောပဲ အဖော်သာဆက်လုပ်ပေးနေလိုက်တယ် အရှေ့နားရောက်တော့ ငါးရံ့ကြီးတစ်‌ကောင်ကိုတွေ့တော့ ကိုတောကျော်က
မှိန်းနဲ့လှမ်းပစ်လိုက်တယ်

ကိုတော်ကျော်က ငါးပစ်လဲ အင်မတန်ကျွမ်းကျင်သူမို့
လွဲစရာမရှိဘူးဗျ ငါးရံ့ကြီးရဲ့
ခါးလည်တည့်တည့်ကို မှိန်းကစိုက်
၀င်သွားတာ ကျုပ်တို့အမြင်ပဲဗျ

ကိုတောကျော်ကြီးလဲ အားရ၀မ်းသာနဲ့ မှိန်းကိုဆွဲနုတ်လိုက်တော့ မှိန်းမှာ
ဘာငါးရံ့မရှိဘူးဗျ မှိန်းတန်မှာတော့
သွေးတွေပေနေတယ်

ကိုတောကျော်ကြီးလဲ ငါးကိုထိုးမိတာ တွေ့တွေ့နဲ့ ဘာငါးမှမရှိတာကို
တွေ့တော့ မျက်စိပြူးပြီးကျုပ်ကို
နားမလည်တော့တဲ့ဟန်နဲ့ကြည့်နေတယ်

ဗွမ်းးးးဗွမ်းးးးးး ဆိုတဲ့အသံကြီးနဲ့
အစောက ငါးထိုးမိထားတဲ့နေရာက
ရေတွေထပွက်လာတာဗျ
ကျုပ်နဲ့ ကိုတောကျော်လဲ
ရပ်ကြည့်နေစဉ်ပဲ လင်းမြွေနဲ့စပ်ထားတဲ့ မြွေဟောက်ကြီးတစ်ကောင်က ရုတ်တရက်ထွက်လာပြီး
ကိုတောကျော်ကို လှမ်းပေါက်တာဗျ

‌ကျုပ်လဲ သတိကြီးစွာဖြင့် ဟေ့လူလို့
ထအော်ပြီး နောက်ကိုဆွဲလဲလိုက်တော့ လွတ်သွားတယ် ကျုပ်လဲ
အလျှင်အမြန်မြွေဟောက်ကြီးကို
လင်းမြွေထင်ပြီး အမြှီးကဆွဲ၍
ဖမ်းပြီး လယ်ဂဇင်း‌ရိုးက ဘောင်နဲ့
ဆွဲရိုက်ချလိုက်တယ် ပထမတစ်ကြိမ်
ရိုက်လိုက်ပြီး နောက်တစ်ကြိမ်အရိုက် မိုးရွာထားတော့ ဂဇင်းရိုးက
ပျော့နေတော့ မြေထောက်ပြီး
မြွေက ကျုပ်ခြေထောက်ကို လှမ်းကိုက်လိုက်တယ်

ကျုပ်လဲ အသေတော့ မရိုက်
လိုက်ပါဘူးမြွေကြီးလဲ အတော့်ကိုနာသွားတယ်ဗျ
ကျုပ်လဲ မြွေလည်ပင်းကို
ကြည့်လိုက်တော့ တစ်ရစ်ထဲဗျ

တော်သေးတာပေါ့ ကျုပ်ငယ်ငယ်ထဲက ဘကြီးဘုန်းကြီးက မြွေဆေးတွေ
ပေါက်ပေးထားလို့ တန်းမသေတာဗျ

ကိုတောကျော်ကြီးက” မောင်သိန်း
မင်းအဆင်ပြေရဲ့လား မင်းကိုမြွေကိုက်လိုက်တယ်မဟုတ်လား
ကျုပ်လဲ ဘာမှမဖြစ်ဘူး စိတ်မပူနဲ့လို့
ပြောလိုက်တော့ အေးပါတဲ့။

ကျုပ်လဲ ကိုတောကျော် ကျုပ်တို့အိမ်ကိုပြန်ရအောင်ဗျာလို့ပြောပြီး
ငါးဆက်မထိုးတော့ပဲ ပြန်လာခဲ့ကျတယ် မြွေကိုက်ခံရတဲ့ နေရာကြီးက
ထုံနေတယ်ဗျ

အိမ်ပြန်ရောက်တော့ ကိုတောကျော်က ကျုပ်မြွေကိုက်ခံရတာကို
အဘကိုပြောဖို့ လုပ်နေသေးတယ်

ကျုပ်လဲမျက်စ ပစ်ပြပြီး မပြောဖို့
ဟန့်လိုက်ရ‌တယ် ဗိုက်ဆာလို့ထမင်းစားတော့ ကုလားအော်သီးကို
ငပိနဲ့ဆားထောင်းလေလုပ်ထားတယ်
၀က်သနီချက်လေးရယ် ကင်းမွန်းချ‌ည်ဟင်းချိုလေးရယ်ဗျ ကျုပ်က
အစပ်သိပ်မစားနိုင်ဘူးဗျ

ထူးဆန်းတာက မြွေကိုက်ခံရပြီး
ကုလားအော်သီးထောင်းကိုစားတာ
ကျုပ်ပါးစပ်ထဲ ဘယ်လိုမှမစပ်ဘူး
ထမင်းလဲ ဆက်၍စားမရတော့ဘူး
အချမ်းတက်လာပြီး ရင်ထဲအသည်း
ထဲမှာ အရမ်းကိုအေးနေတာဗျို့

ကျုပ်လဲ ဓာတ်မီးလေးယူ စောင်းလေးခြုံပြီး ရွာတောင်ပိုင်းက
မြွေဆရာ ဦးစိုးတင့်ဆီသွားတယ်
သူ့တို့အိမ်ကိုသွားတဲ့လမ်းမှာ
ပိတောက်ပင်အိုးကြီးတစ်ပင်ရှိတယ်
အဲ့မှာသရဲအရမ်းခြောက်တယ်တဲ့

မြွေဆိပ်တက်နေတော့ လူကသရဲလဲ
မကြောက်တော့ဘူး ဆေးဆရာအိမ်ကို သွားလိုက်တယ်

ဟိုရောက်တော့ ဆရာစိုးတင့်က
ကျုပ်ရဲ့ဒဏ်ရာကိုကြည့်တော့
အပေါက်နှစ်ပေါက်က သွေးစို့နေတုန်းဗျ သူကကျုပ်လန့်မှာစိုးလို့
မင်းဒဏ်ရာက ရိုးငုတ်နဲ့ထိုးမိတာပါ
မောင်သိန်းရဲ့ ကျုပ်လဲမဟုတ်ဘူး
ကျုပ်ကိုယ်တိုင် မြွေဟောက်ကို
လင်းမြွေထင်ပြီး လယ်ဂဇင်းရိုးနဲ့
ကိုင်ရိုက်ခဲ့တာဗျလို့ပြောတော့
ဘာမှတော့ဆက်မပြောဘူး သူ့သားကို ပင့်ကူပန်းအပင်ရဲ့အမြစ်ကိုသွားတူးခိုင်းတယ်

ကောင်လေးက လက်တစ်ဆစ်လောက်ကို တူးချလာတယ်
အဲ့အမြစ်ကိုယူပြီး မင်းကြီးမင်းလေးနတ်စင်နားယူသွားပြီး တစ်တွတ်တွတ်နဲ့ အတန်ကြာအောင်သွားပြောပြီး ကျုပ်ကိုစားခိုင်းတယ်ဗျ

ကျုပ်လဲ စားလိုက်တယ် ရပြီးမောင်သိန်း ပြန်လို့ရပြီတဲ့ ကျုပ်လဲ
ပြန်လာခဲ့လိုက်တယ် အိမ်ပြန်ရောက်တော့ ကျုပ်မျက်လုံးတွေ အရမ်းလေးလာပြီး အရမ်းကိုအိပ်ချင်နေတယ်

ကျုပ်ကြားဖူးတာက မြွေဆိပ်တက်နေရင် ရေမသောက်နဲ့
မအိပ်နဲ့ အိပ်ရင်သေတက်တယ်လို့
ကြားဖူးတယ်

ဒါပေမဲ့ မျက်လုံးတွေကအရမ်းကို
လေးပင်နေတယ် ကျုပ်လဲ အဲ့ဒါနဲ့
သစ္စာဆိုလိုက်တယ် ငါသည်
မိဘကို ပြုစုကျွေးမွေးစောင့်ရှောက်
နေသော သားသမီးဖြစ်တယ်
ငါသေလျှင် ငါ့မိဘဒုက္ခရောက်မယ်
အဲ့ဒီသစ္စာစကားမှန်ကန်ပါက
အိမ်ရာကနိုးထလျှင် အဆိပ်အားလုံးပြေပျောက်ပါစေဆိုပြီး သစ္စာဆိုပြီး
ကျုပ်အိပ်ချလိုက်တော့တယ်။

ကျုပ်အိပ်နေတုန်း မြွေဆိပ်တက်လာတော့ ရင်ထဲမှာ ငှက်ဖျားတက်သလို
ချမ်းစိမ့်စိမ့်ဖြစ်လာတယ် အသားတွေလဲ အေးဆက်လာတယ်

ကျုပ်စိတ်ထင် ကျုပ်ခန္ဓာကြီးကအပူဓာတ် အအေးဓာတ်နှစ်မျိုးကိုတပြိုင်နက်ခံစား လာရတယ်ခန္ဓာရဲ့
အောက်ပိုင်းက အအေးဓာတ်ကိုခံစားလာရပြီး

ခန္ဓာကြီးရဲ့အပေါ်ပိုင်းက အပူဓာတ်ကိုခံစားရပြီး အဖျားတွေတက်လာတယ် ကျုပ်လဲဝေဒနာကိုအလူးလှဲ
ခံစားနေရချိန် သတိက ရလိုက်
မရလိုက်နဲ့ ဖြစ်နေချိန်မှာ ကျုပ်ရဲ့
အိပ်ယာနဘေးကို ရောက်လာတယ်

မောင်သိန်း မင်းဒီနေ့‌ ငါးသွားထိုးတာ
ငါးရလာလား ” ကျုပ်နားထဲမှာ
ကိုတောကျော်ကြီးရဲ့အသံဗျ
ကျုပ်လဲ မြွေဆိပ်ကြောင့် မျက်လုံးတွေက လေးလံပြီးလုံးလုံးဖွင့်
မရပေမဲ့ နားထဲမှာတော့ သူစကားပြောနေတာကို ကြားနေရတယ်ဗျ

ကျုပ်စိတ်ထဲ ကိုတော်ကျော်က
ငါးထိုးတာသူလဲ ပါရဲ့နဲ့ဘာတွေလာပြောနေတာလဲ မသိဘူးလို့
ထင်နေတုန်း သူဆက်ပြောတယ်ဗျ

အေး ” ငါ့မိန်းမက ငါးမရလာလို့
ငါ့ကိုရန်လုပ်နေလို့ကွတဲ့ ”
ဒေါသသံကြီးနဲ့ ပြောတယ်
ကျုပ်လဲ ခဗျားမိန်းမက ငါးမရတာပဲ
ကို ဘာလို့ရန်လုပ်ရတာလဲလို့
ပြန်မေးလိုက်တော့ သူကငါးအစိမ်း
မစားရလို့ကွလို့ ပြန်ဖြေတယ်

ခဗျာ ” ကျုပ်အတော်လေး အံ့ဩသွားတယ် ဟေ့လူ ခဗျားမိန်းမက
ငါးစိမ်းစားတယ်ဟုတ်လား”
အေး” ဟုတ်တယ် ဒီမှာမင်းမယုံရင်ကြည့်လေဆိုပြီး ကျုပ်ကိုပြတော့

ကျုပ်နဲ့ ကိုတောကျော်ကြီးမှိန်းနဲ့ထိုး
မိပြီးရှာမတွေ့ပဲ ပျောက်သွားတဲ့ငါးရံ့ကြီးကို သရဲမကြီးက လက်နှစ်ဖက်နဲ့အသေချာကိုင်ပြီး စားသောက်နေတာဗျ ဆံပင်ဖျားလျားကြီးနဲ့
သူ့မျက်လုံးနှစ်လုံးက အရှေ့ကိုပြူးထွက်နေပြီး ကျွတ်ထွက်တော့မဲ့အတိုင်းပဲ လျှာကြီးက တစ်လစ်ကြီးနဲ့
အရှေ့ကိုတစ်ပေကျော်လောက်ထွက်နေတယ် လက်သည်းကြီးတွေကအရှည်ကြီးနဲ့ ပါးတစ်ခြမ်းကလဲ
အသားစတွေ ကွာထွက်နေတာ
အထဲက ပါးရိုးတွေကိုပါ မြင်နေရတယ်

ကျုပ်လဲ ဟေ့လူ ဒါခဗျားမိန်းမ
မရင်မြမှမဟုတ်တာ အဲ့တော့မှ
ကျုပ်သတိရလိုက်တယ် ကျုပ်တို့က
ခြံတံခါးကော အိမ်တံခါးရော အသေချာလုံခြုံစွာ ပိတ်ပြီးမှ အိပ်ကျတာ
ဘယ်လိုလုပ် ကိုတောကျော်က
ကျုပ်တို့တံခါးမဖွင့်ပေးပဲ ၀င်လာလို့ရမှာတုန်းဒီအချိန်ကြီးကို ကျုပ်လဲစဉ်းစားမိသွားတော့ ခဗျားဘယ်သူလဲ ခဗျားက ကျုပ်သူငယ်ချင်း
တော်ကျော်မဟုတ်ဘူးလို့ ပြောလိုက်တော့

အော်” မင်းက ငါတောကျော်မဟုတ်မှန်းသိသွားပြီပဲ ငါက မင်းသူငယ်ချင်း ဝောာကျော်ကို အသေသတ်ပြီး လိပ်ပြာနုတ်ယူချင်လို့
မြွေယောင်ဆောင်ပြီး ကိုက်ဖို့လုပ်တာကို မင်းက လယ်ဂဇင်းရိုးနဲ့
ကိုင်ရိုက်တော့ ငါ့မှာသေလုမတက်
ခံစားရတယ် အဲ့ဒါကြောင့်
တောကျော်အစား မင်းအသက်ကို
ငါလာနုတ်တာပြောပြီး သရဲကြီးက
ကျုပ်အပေါ်ကို တက်စီးတာဗျ
ပြီးတော့ ကျုပ်လည်ပင်းကိုလဲ
အသေညှစ်ထားတယ် ကျုပ်လဲ
အသက်ရှုကျပ်လာသလို သူတက်စီးလိုက်ဝောာ့ ခံရုန်းဖို့ အားအင်တွေက
မရှိပဲ ပျော့ခွေနေတယ်ဗျ

ဒါကြောင့် ဗုဒ္ဓံလို့ ပါးစပ်ကလွတ်ကနဲ
ထွက်တော့မှ ကျုပ်ပေါ်က ပြန်ဆင်းပြီးထွက်ပြေးသွားတယ်

ကျုပ်လဲအဲ့တော့မှ မျက်လုံးဖွင့်လို့ရပြီး ထထိုင်လိုက်တော့
စိတ်ထဲမှာ အလိုလိုသိမ်ငယ်နေပြီး
ကြောက်စိတ်၀င်နေတယ် ကျုပ်နာရီကြည့်လိုက်တော့ ၄နာရီပဲရှိသေးတယ်

ကျုပ်လဲ ပြန်မအိပ်ပဲ ဘုရားစာတွေဘာတွေထရွက် ဆရာတော်ကြီးသင်ပေးထားတဲ့ စည်းချဂါထာတွေလဲရွတ်ပေါ့ဗျာ

ပြန်အိပ်ပြီးမနက်၆နာရီလောက်ကျတော့ စိတ်မကောင်းစရာ
သတင်းဆိုးတစ်ခုကြားရတယ်
အဲ့ဒါကတော့ ကျုပ်သူငယ်ချင်း
တောကျော် အိပ်ရာထဲမှာ အိပ်နေရင်း
မနက်ကျ သူ့မိန်းမရင်မြက နိုးဖို့လုပ်တော့ မျက်လုံးကြီးပြူးပြီး
လျှာကြီးတစ်လစ်ကြီးနဲ့ သေဆုံးနေတယ်ဆိုတဲ့သတင်းကိုကြားရတာ
ပါပဲဗျာ

အဲ့တော့မှ ကျုပ်ညကမြွေဆိပ်တက်နေတုန်း မကောင်းဆိုးဝါးက အခွင့်ကောင်းယူပြီး ကျုပ်အသက်ကိုပါ လာနုတ်ယူတာ တော်သေးတာပေါ့ ဘုရားကယ်လို့ပေါ့ဗျာ။

စာဖတ်သူများအား ကျေးဇူးအထူးတင်ရှိပါသည်။

(ကပ္ပိယလေး ကြွက်ပုတ်)