မနာလိုခြင်း၏နိဂုံး

မနာလိုခြင်း၏နိဂုံး(စ/ဆုံး)
မနာလို၍စုန်းအတတ်ဖြင့်ပြုစားခြင်း

+++++++++++++++++
“တစ်နေ့တစ်နေ့စျေးရောင်းရတာမကောင်းလိုက်တာနော် သူများစီးပွားရေးတုတ်နဲ့ထိုးတဲ့သူတွေရှိ
တော့ဘယ်လိုရောင်းရောင်းအဆင်ကိုမပြေဘူး”

“ဟဲ့အေးမာနင်ဘယ်သူ့ရွဲ့ပြောနေတာလဲ”

“ဟဲ့ ရွဲ့မပြောဘူးဒဲ့ပဲပြောနေတာ”

“အမလေးလာလာချေသေးရဲ့ငါက
နင့်စီးပွားရေးဘယ်ကတုတ်နဲ့ထိုးတာ
တုန်းပြောစမ်းပါအုံး”

“နင်စျေးရောင်းတာငါထက်လျော့ရောင်း
ပြီးငါ့ဖောက်သည်တွေကိုနင့်ဘက်ပါအောင်
ဆွယ်တာလေ”

“ဟဲ့ငါ့ဘာသာငါလျော့နိုင်တဲ့စျေ့းနဲ့ရောင်းတာနင့်အပူ
ပါလို့လားစျေးဝယ်ကသူ့ကြိုက်တဲ့သူဆီဝယ်မှာပဲ
လေ အဲဒါနင်နဲ့ဘာဆိုင်သလဲ”

“ဟဲ့ဘာလို့မဆိုင်ရမှာလဲ နင်ငါ့စီးပွားရေးကိုတုတ်နဲ့ထိုးပြီးအပြိုင်လိုက်
်ရောင်းနေတာလုပ်နေတယ်ဆိုတာငါသိတယ်
နင်ငါ့အကြောင်း
ကောင်းကောင်းသိစေရမယ်ဟေ့”

“နင့်အကြောင်းလည်းမသိချင်ဘူး
ငါငါ့အလုပ်ငါလုပ်နေတာဘယ်သူ့မှဂရုမစိုက်ဘူး”

“နင်မကြာခင်သိလာစေရမယ်မိစန်းရီရေ ဟင်းဟင်း”

စျေးထဲမှာဒေါ်အေးမာနဲ့ဒေါ်စန်းရီတို့ရန်ပွဲအကြီးအကျယ်ဖြစ်နေကြလေသည်၊
ဒေါ်စန်းရီကအမြတ်နည်းနည်းနဲ့စျေး
တင်ရောင်းတတ်ပြီးသဘောမနော
လည်းကောင်းတော့အရင်ကဒေါ်အေးမာ
ရဲ့ဖောက်သည်အများစုဟာဒေါ်စန်းရီဆီသို့သာ
ပြောင်းဝယ်ကြပါတယ် ဒါကို
ဒေါ်အေးမာတစ်ယောက်ဒေါ်စန်းရီကိုမနာလို
ကာအကောက်ကြံတော့လေသည်။

******************

“လူတွေများတယ်ခက်ကြပါလားကိုယ့်စီးပွား
ရေးကိုယ်လုပ်စားတာတောင်မလွယ်ဘူး”

“ဝုန်း ခလွမ်း”

“ဟင်အမေဘာဖြစ်လာတာလဲပစ္စည်းတွေ
လည်းလွှတ်ချလို့”

“ဘာဖြစ်ရမလဲသမီးရယ်အေးမာပေါ့
အမေကစျေးဝယ်သူတွေကိုအမြတ်နည်း
နည်းနဲ့ရောင်းတော့သူ့ဆီဝယ်နေကြ
ဖောက်သည်တွေကအမေ့ဆီမှာပဲ
ပြောင်းဝယ်ကြတယ်လေအဲဒါကို
အမေ့ကသူ့ဖောက်သည်ကိုလုပါတယ်
သူ့စီးပွားရေးကိုတုတ်နဲ့ထိုးပါတယ်
ဆိုပြီးအမေ့ကိုရန်ရှာတယ်လေ အဲဒါရန်ဖြစ်
ပြီးပြန်လာတာ”

“သြော်အမေရယ် သူ့ဘာသာ ဘာပြောပြောသည်းခံမှပေါ့အမေရယ်”

“သမီးရယ်အမေလောက်သည်းခံတာ
အမေပဲရှိတယ်နေ့စဉ်နဲ့အမျှလိုက်
စောင်းမြောင်းပြောဆိုနေတာတော့
အမေမခံနိုင်တော့ဘူး”

“မိန်းမရယ်ခွင့်လွှတ်လိုက်ပါကွာ
သူ့ခင်မျာလည်းစျေးရောင်းမကောင်းလို့
အခုလိုပြောမိတာနေမှာပါ”

ဒေါ်စန်းရီရဲ့ယောင်္ကျားကဝင်ပြီးပြော
လိုက်ခြင်းပင် ဒေါ်စန်းရီတို့ မိသားစုကအေးအေး
ဆေးဆေးနေတတ်သူများဖြစ်ပြီး
အလုပ်ကိုလည်းကြိုးစားပန်းစား
လုပ်ကြတော့သူများနည်းတူနေနိုင်
စားနိုင်ကြတဲ့သူများလည်းဖြစ်ကြသည်။

“ကဲအမေစိတ်လျှော့ ပြီးရင်ရေချိုးလိုက်
သမီးထမင်းခူးထားလိုက်မယ်အမေ”

“အေးအေးသမီး”

နောက်နေ့စျေးရောင်းသွားတော့
ဒေါ်အေးမာတစ်ယောက်စျေးရောင်းမထွက်ပေ၊

“အင်းဒီနေ့တော့အေးမာမလာဘူးဆို
တော့ငါနားညည်းလည်းသက်သာရန်လည်းမဖြစ်ရတော့ဘူးဆိုတော့ ငါအကုသိုလ်နည်းတာပေါ့”

ဒေါ်စန်းရီစိတ်ထဲမှပြောနေမိသည်
စျေးကိုသာအာရုံစိုက်ပြီးရောင်းနေလိုက်သည်
ဒေါ်စန်းရီစျေးရောင်းကောင်းကောင်း
နဲ့ရောင်းလိုက်တာတော်တော့်ကိုကုန်
သွားတယ်။

“ဒီနေ့တော်တော်ရောင်းကောင်းတယ်
ပေါ့ဒေါ်စန်းရီ”

“အင်းဟုတ်ပါ့တော် ရောင်းကောင်းတယ်
မမြင့်ကြည်ရေ စိတ်ချမ်းချမ်းသာသာနဲ့
ရောင်းရတော့ပိုပြီးအဆင်ပြေတာပေါ့”

“အင်းဟုတ်မယ် ဟုတ်မယ်”

“အမလေး”

“ဝုန်း ”

” ဟဲ့ဒေါ်စန်းရီမူးလဲသွားပြီထူကြပါဦးဟဲ့”

“ဒေါ်စန်းရီရလားထလို့”

“အင်း ကျွတ်ကျွတ်ကျွတ် ရပါတယ်မိုက်ခနဲ့မူး
ပြီးလဲသွားတာ မမြင့်ကြည်ရယ် သွေးဘောင်များ
ကျနေသလားမသိဘူး”

“ဟုတ်လောက်မယ် ဒေါ်စန်းရီဆေးခန်း
လေးဘာလေးအပြန်ကာကြဝင်ပြလိုက်
ဖြစ်ရဲ့လားပြန်ဖို့မဖြစ်ရင်ငါ့သားကို
ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းလိုက်မယ်”

“ကျေးဇူးပါပဲ မမြင့်ကြည်ရယ်”

‘ဟဲ့သားဒေါ်စန်းရီကိုပြန်ပို့ပေးလိုက်ပါကွယ်”

“ဟုတ်အမေ လာ အန်တီ လိုက်နိုင်ရဲ့လား”

“သြော် အေးအေး လိုက်နိုင်ပါတယ်ကွယ်”

“သားသေချာစီးနော် ”

“ဟုတ်အမေ”

*******************
မမြင့်ကြည်၏သားမှဆိုင်ကယ်နှင့်ဒေါ်စန်းရီ
အားလိုက်ပို့လေသည်။

“တီ တီ ”

“ဟဲ့သမီးအိမ်ရှေ့ကဆိုင်ကယ်သံကြား
တယ်သွားကြည့်စမ်း”

“ဟုတ် အဖေ”

“လာပြီရှင့်လာပြီ”

“ဟင်အမေ ဘာဖြစ်လာတာလဲ”

သမီးဖြစ်သူကစိုးရိမ်တကြီးမေးလိုက်လေသည်။

“ဒေါ်စန်းရီစျေးရောင်းရင်းမူးလဲလို့
အဲဒါကျွန်တော်လိုက်ပို့ပေးတာ”

“ရှင်ဟုတ်လား ကျေးဇူးပါပဲရှင်အခုလို
လိုက်ပို့ပေးတာ”

“ရပါတယ်ဗျ”

“အမေလာလာအိမ်ထဲနားရအောင်”

“သမီး သမီအမေဘာဖြစ်လာတာလဲ”

“အဖေရေအမေစျေးရောင်းရင်းမူးလဲလို့တဲ့
စျေးကကောင်လေးတစ်ယောက်အိမ်လိုက်ပို့ပေးတာတဲ့”

“ဟင် ဟုတ်လား ဒါဆိုအဖေဆရာဝန်သွားခေါ်
လိုက်ဦးမယ်”

“ဟုက်အဖေဟုတ်”

“အမေ ရရဲ့လား သက်သာလား”

“အေး နည်းနည်းတော့မူးနေသေးတယ် သမီးရယ်”

“အမေ အိပ်ရာထဲလှဲနေလိုက်ဦး အဖေဆရာဝန်
သွားပင့်နေတယ်”

“အေးအေး သမီး”

၁၅မိနစ်ခန့်အကြာမှာတော့ ဒေါ်စန်းရီ၏ခင်ပွန်းနှင့်
အတူဆရာဝန်ပါလိုက်ပါလာသည်။

“လူနာရဲ့သွေးပေါင်ချိန်ကလည်းပုံမှန်ပါပဲ
ရုတ်တရက် အထိုင်အထဆိုတော့မူးသွားတာ
ဖြစ်ပါလိမ့်မယ် ကျွန်တော်အကြောဆေးတော့
ထိုးပေးခဲ့ပါ့မယ်”

“ဟုတ်ကဲ့ ဆရာကောင်းသလိုသာကြည့်
လုပ်ပေးပါဆရာ”

“ကဲရော့ဒါလေးကအမူးပြေအောင်
သောက်ရမဲ့ဆေးလေးပါမနက်တစ်ပြား
ညတစ်ပြားသောက်ရမှာပါ”

“ဟုတ်ဆရာ ဟုတ်ကဲ့”

“သမီးရေဆရာ့ကို အိမ်ရှေ့ထိလိုက်ပို့လိုက်ဦး”

“နေနေ နေပါစေဆရာ့ဘာသာဆရာ
ပြန်ပါ့မယ်လူနာကိုသာဂရုစိုက်ပါ”

***********
စျေးထဲမှာ မူးလဲပြီးတဲ့နောက်ပိုင်းဒေါ်စန်းရီ
တစ်ယောက်စျေးရောင်းလည်းမထွက်နိုင်တော့
ရောဂါမှာလည်းသက်သာလာခြင်းမရှိ
တစ်နေ့တခြားပိန်လိန်လာသည်
စားသမျှပြန်အန်ထွက်တော့လူနာခင်မျာအားမရှိ
တော့ အပေါ့အလေးကအစထပြီးမသွားနိုင်တော့
သမီးဖြစ်သူနဲ့ခင်ပွန်းဖြစ်သူက
ပြုစုလုပ်ကိုင်ပေးရလေသည်။

“အဖေအမေ့ကိုကြည့်ရတာသမီးစိတ်
မချမ်းသာဘူးသမီးကတော့အမေ့ကို
ပညာသည်တစ်ယောက်ယောက်ကလုပ်တာ
လို့ထင်တယ်”

“သမီးရယ် မဖြစ်နိုင်ပါဘူး
သမီးအမေကအဒီလိုအလုပ်ခံရအောင်
ဘယ်သူနဲ့မှရန်ငြိုးရန်စမှမရှိပဲ”

“အဖေကလည်းအမေကရိူးရိုးရောဂါဆို
ရင်ဆရာဝန်နဲ့ဒီလောက်ကုနေတာ
ပျောက်ရမှာပေါ့အခုဟာကမပျောက်တဲ့
အပြင်တနေ့တခြားပိန်လိန်နေတာအဖေ့အမြင်ပဲ
လေဘာပဲဖြစ်ဖြစ်သမီးကတော့
ပယောဂကုတဲ့ဆရာနဲ့ပြကြည့်ချင်တယ်
ပညာသည်လုပ်ထားတာမှန်ရင် ပယောဂဆရာနဲ့တစ်ခါတည်း
ထုတ်ပစ်လို့ရတာပေါ့ ပညာသည်လုပ်တာ
မဟုတ်ဘူးဆိုလည်းအမေ့ကို ဆေးရုံတင်ပြီး
ကုကြတာပေါ့အဖေဘယ်နှယ့်လဲ”

“အင်း သမီးပြောသလိုပဲလုပ်ကြတာပေါ့ ပယောဂ
ဆရာကိုတော့အဖေတို့ရပ်ကွက်ထဲက
ဦးသာအောင်ဆီမှာပဲပြကြတာပေါ့
သူကအောက်လမ်းပညာနဲ့ ပြုစားခံရသူတွေဆို
သူကုသပေးလိုက်လို့ ပျောက်သွားတဲ့သူများတယ်လို့နာမည်ကြီးတယ်”

“ဒါဆိုရင်လည်း ဆရာဦးသာအောင်ကိုပဲ
ပင့်ကြတာပေါ့အဖေ အဲဒါဆိုအဖေသွားပင့်လိုက်ပါသမီး
အမေ့ကိုကြည့်ထားလိုက်မယ်”

“အေးအေးသမီးအဖေသွားလိုက်ဦးမယ်
အမေ့ကိုသေချာဂရုစိုက်”

ဇနီးဖြစ်သူအတွက်ခြေလျင်သွားပင့်တော့လေ
သည်။

“ဆရာရေဆရာရှိလား”

“ရှင်ဟုတ်ကဲ့ လာပါရှင့်
အဖေအိမ်ပေါ်မှာဘုရားရှိခိုးနေလို့ခဏနော်”

“ဟုတ်ကဲ့ ရပါတယ်”

ခဏလောက်ကြာတော့ဆရာဦးသာအောင်
တစ်ယောက်အိမ်ပေါ်ဘုရားခန်းမှဆင်းလာသည်။

“ဟုက်ကဲ့ဘာကိစ္စများပါလိမ့်”

“ဆရာရေ အိမ်ကကျွန်တော့်မိန်းမအခုရက်ပိုင်း
နေမကောင်းဘူးဆရာစားသမျှပြန်အန်
ထွက်တယ်ပြီးတော့ပိန်လိန်နေတာပဲဆရာ
အရင်ကဝဝတုတ်တုတ်နဲ့သူကအခုအရိုးပေါ်
အရေတင်ဖြစ်နေပြီး
ဆရာဝန်နဲ့အိမ်ခေါ်ကုတော့လည်းမသက်
သာဘူးဆေးလည်းမတိုးဘူးဆရာ
အဲဒါကြောင့်ပညာသည်လုပ်ထားသလား
စစ်ချင်လို့ ဆရာ့ကိုလာပင့်ရတာပါခင်ဗျာ”

“သြော်ဒီလိုလားရပါတယ်ဗျာဆရာလိုက်ခဲ့ပါ့မယ်”

“သမီးရေ သမီး ဘုရားခန်းကအဖေ့လွယ်အိတ်လေး
ယူခဲ့ပါကွယ်”

“ဟုတ်အဖေ”

*****************

ဆရာလည်းဒေါ်စန်းရီ၏ခင်ပွန်း
ပင့်သည့်နောက်သို့ လိုက်လာခဲ့တော့သည်။

“သမီးရေဆရာပါလာတယ်ဆရာထိုင်ဖို့
နေရာလေးသေချာခင်းစမ်း”

“ဟုတ်အဖေ”

ဆရာဦးသာအောင် အတွက်နေရာထိုင်ခင်း
ပြုလုပ်ပေးလေသည်။

“ရတယ်သမီးနေပါစေရတယ်
လူနာကိုသာဘုရားခန်းထဲခေါ်လာခဲ့ပါ”

ဆရာဦးသာအောင်ကလူနာကို တွေ့ချင်နေသည်။

သားအဖနှစ်ယောက်အခန်းထဲဝင်ပြီးဒေါ်စန်းရီအားတွဲကာဘုရားခန်းထဲခေါ်လာတော့သည်။

“ဒီမှာထိုင်ပါ”

“ဟုတ်ကဲ့ဆရာ”

ဒေါ်စန်းရီအားယူရင်းဖြေလိုက်လေသည်။

ဆရာဦးသာအောင်က လူနာကို
စိုက်ကြည့်လိုက်ပြီးစကားတစ်ခွန်းဆိုလိုက်လေ
သည်။

“အင်း အချိန်မှီလာပင့်လို့တော်သေးတာပေါ့
နောက်တစ်ပတ်လောက်ဆိုလူနာအသက်
ဆုံးလိမ့်မယ်”

“ဗျာ ဆရာရယ်ဘယ်လိုလုပ်ရမလဲ ဆရာ
ကယ်ပါဦးဆရာ”

ဒေါ်စန်းရီ၏ခင်ပွန်းမှာထိတ်ထိတ်ပျာပျာဖြင့်
ပြောလိုက်လေသည်။

“လူနာကိုပညာသည်ကအသေလုပ်ထားတာကွယ့်
ဘာမှမပူနဲ့ ဆရာကုပေးနိုင်ပါတယ်”

ဆရာကထိုမျှသာပြောပြီး ဘုရားစင်ရှေ့သို့သွားကာ
ဖယောင်းတိုင် အမွှေးတိုင် ရေချမ်း စသည့်အရာများကပ်လှူ ပူဇော်လိုက်ပြီး
ပါးစပ်မှလည်းတတွတ်တွတ်ရွတ်ဆိုနေလေသည်။

ခဏလောက်အကြာတွင်တော့

“လူနာကို အောက်လမ်းအတတ်နဲ့လုပ်ထားတဲ့ပညာသည်ကို
ဆရာခေါ်ရလိမ့်မယ်”

“ဟုတ်ကဲ့ဆရာ အားကိုးပါတယ်”

“ကဲ အထက်ဆရာကြီးများရဲ့အမိန့်
ငါဆရာရဲ့အမိန့်နဲ့ ဟောဒီ လူနာကို
ပြုစားထားတဲ့အောက်လမ်းပညာသည်
အခုချက်ချင်း ငါဆရာရှေ့မှောက်အရောက်လာစေ
မည်သူမှတားဆီးပိတ်ပင်ခြင်းမပြုရ ငါဆရာအမိန့်”

ဆရာဦးသာအောင်၏ အောင်မြင်လှသည့်
အမိန့်သံ၏အဆုံးဒေါ်စန်းရီတစ်ယောက်တစ်ကိုယ်
လုံးတုန်တုန်ယင်ယင်ဖြစ်လာပြီး ဒေါသဖြစ်နေသည့်
အမူအရာဖြင့်ဆရာဦးသာအောင်အား မျက်လုံးပြူး
ကြီးဖြင့်စိုက်ကြည့်နေလေသည်။

“ဆရာစုတ်ဘာကြောင့် ငါ့ကိုခေါ်တာလဲပြောစမ်း”

“နင်ဘာအကြောင်းကြောင့်ဟောဒီလူနာကိုအောက်လမ်းအတတ်နဲ့လုပ်ရတာလဲပြောစမ်း”

“ဟားဟားဟား”

“ဒီကောင်မကိုလား
ဒီကောင်မကြီးပွားတာကိုမနာလိုတဲ့သူကငွေပေးပြီးငါ့ကိုအသေလုပ်ခိုင်းတာအဲဒါကြောင
့်ငါပညာပြလိုက်တာဒင်းနောက်တစ်ပတ်နေ
ရင်သေလိမ့်မယ့်”

“ဟားဟားဟားဟား”

“ဆရာအမိန့်ပေးတယ်အခုလူနာကို နင့်အတတ်နဲ့
လုပ်ထားတာတွေအခုနှုတ်စမ်း”

“မနှုတ်ဘူးဟေ့ မနှုတ်ဘူး
လုပ်ကတည်းကအသေလုပ်ထားတာ
ငါကဘာလို့နှုတ်ပေးရမှာလဲ”

“ဟားဟား ဟား ဟား ဟား ”

“အင်းမေတ္တာရပ်ခံလို့မရမှတော့ငါ့
အကြောင်းသိရတာပေါ့
အစောင့်တော်များဒီပညာသည်ကို
ကြိုးနဲ့တုပ်လိုက်ကြစမ်း”

ဒေါ်စန်းရီတစ်ယောက်လက်နှစ်ဖက်လုံးနောက်
ကျောဘက်ရောက်သွားပြီးချုပ်ထိန်းခံလိုက်ရလေသည်။
ဒေါ်စန်းရီအားဝင်ပူးကပ်နေသည့်ပညာသည်က
အချုပ်အနှောင်များမှလွတ်မြောက်ရန်ကြိုးစားနေ
ပေသည်၊
သို့သော်လုံးဝ မလွတ်မြောက်နိုင်အောင် ဆရာဦးသာအောင်၏
အစောင့်တော်ကြီးများကဖမ်းချုပ်ထားလေသည်။

“ဆရာစုတ်ငါ့ကိုအခုကြိုးဖြည်ပေးစမ်း”

“အစောင့်တော်ကြီးတို့ဒီကောင်မကို
မှတ်လောက်သားလောက်ခေါင်းကို
တင်းပုတ်နဲ့ထုပေးပါ”

ဆရာ၏အမိန့်သံဆုံးသည်နှင့်တပြိုင်ထဲ

ဒေါ်စန်းရီတစ်ယောက် (ဝင်ပူးနေသောပညာသည်)မှာ အာခေါင်ခြစ်ပြီး
အော်ဟစ်လေတော့သည်။

“အောင်မယ်လေး အား မလုပ်ပါနဲ့ နာလို့ပါ”

“ခပ်ပြင်းပြင်းသာထုပေးလိုက်ပါ အစောင့်တော်ကြီးများ”

“အား အခုလွှတ်လို့ပြောနေတယ်နော်
အား ငါ့ခေါင်းနာတယ် ”

“နင့်ပညာနဲ့လုပ်ထားတာတွေအခုထုတ်မှာလား
မထုတ်ဘူးလား”

“မထုတ်ဘူးဟေ့ မထုတ်ဘူး”

“ဒီလောက်ခေါင်းမာတဲ့ဟာ
အစောင့်တော်ကြီးများ ဒီပညာသည်ရဲ့နောက်ကျောကို
တင်းပုတ်နဲ့ ထုပေးပါ”

“အမလေး ”

ဒေါ်စန်းရီတစ်ယောက်
ကျောကြီးကော့ကော့ပြီးအော်ဟစ်နေလေသည်။

“မှတ်ပြီလားဟင် အသာတကြည်ပြောလို့မရဘူးနင်က”

“ကြောက်ပါပြီဆရာရယ် ကျွန်မ ကျွန်မနှုတ်ပေးပါ့မယ်”

“အေးကောင်းပြီအခုနှုတ်”

“သမီးလင်ဗန်းတချပ်လောက်ယူခဲ့ပါကွယ်”

“ဟုတ်ကဲ့ဆရာ”

“ဆရာဒီမှာ လင်ဗန်း”

ဆရာကလင်ဗန်းယူလိုက်ပြီးဒေါ်စန်းရီရှေ့ချထား
လိုက်ပါတယ်။

“တစ်ခုမှမကျန်စေနဲ့ အကုန်ထုတ် ကြားလား”

“ဟုတ် ကြား ကြားပါတယ် ဆရာ”

ဒေါ်စန်းရီတစ်ယောက်ခြေထောက်ကြီး
ဆင်းကာသူ၏ခန္ဓာကိုယ်ခေါင်းအစခြေအဆုံးကို
သပ်ချနေလေသည်။

“ဝေါ့ ဝေ့ါ”

“ဟင် ဘာတွေလဲ”

ဒေါ်စန်းရီ၏ခင်ပွန်းနဲ့သမီးဖြစ်သူမှာ
လင်ဗန်းထဲမှအံဖက်များကိုကြည့်လိုက်ရာ
မည်းမည်းအရာများပါလာလေသည်။

“အကုန်ထုတ်နော်ဘာမှမချန်ခဲ့နဲ့
ငါ့အကြောင်းသိတယ်မလားအာမခံနဲ့
အဝီစိထိဆင်းရမယ်ကြားလား”

“ကုန်ပါပြီဆရာရယ်ကုန်ပါပြီ”

“သေချာသလား”

“ဟုတ်သေချာပါတယ်ဆရာ”

“ဘာဖြစ်လို့အခုလိုငရဲထိဆင်းရမယ့်ပညာကို
သင်ယူပြီးလူတွေကိုဒုက္ခပေးရတာလဲ
မနာလိုလို့သူတစ်ပါးက ငွေပေးခိုင်းတော့ရော
ခိုင်းတဲ့သူရော လုပ်ပေးတဲ့နင်ရော၂ယောက်စလုံး အဝီစိလားရမယ်ဆိုတာမသိဘူးလား”‘

“သိပါတယ်ဆရာ”

“ဆရာမင်းရဲ့ပညာတွေကိုအလှူခံချင်တယ်ဆိုရင်
ကော ဆရာ့ကိုလှူမှာလား”

“မလုပ်ပါနဲ့ဆရာရယ်ကျွန်မဒီပညာတွေကိုတော့
မလှုပါရစေနဲ့ကျွန်မနောက်မလုပ်တော့ပါဘူး”

“အေး ဒါဆိုနင်သစ္စာရေသောက်ပြီးကျိန်ဆိုရမယ်”

“ရော့ကိုင်ထားရေခွက်ကိုကိုင်ပြီး
ငါဆိုသလိုလိုက်ဆို”

“ကျွန်မသည်ဒီနေ့ဒီအချိန်မှစ၍
၇ရက်သားသမီးတို့အပေါ်အောက်လမ်းနည်း
ပညာနှင့်အကျိုးစီးပွားပျက်အောင်
အသက်ဆုံးရှုံးအောင်မပြုလုပ်တော့ပါ
အကယ်၍ပြုလုပ်ခဲ့သည်ဆိုပါက
မဟာအဝီစိငရဲမှာမကျွတ်မလွတ်ခံရပါစေသား”

“ကဲ သစ္စာရေကိုသောက်ပြီး သွားပေတော့
နောက်နောင်ဒီလိုအမှားမျိုးထပ်ကျူးလွန်ရင်
နင်ဆိုထားတဲ့သစ္စာက နင့်ကိုဒုက္ခပေးလိမ့်မယ်
ကြားလား”

“ဟုတ်ကဲ့ ဆရာ ကြား ကြားပါတယ်”

အောက်လမ်းပညာသည်လည်းထွက်သွားတော့
ဒေါ်စန်းရီတစ်ယောက်လဲကျသွားသည်။

“အမေအမေ့ အမေခေါ်လို့လည်းမရဘူးဆရာ”

“ဘာမှမပူနဲ့သမီးပညာသည်ဝင်တာကြာ
သွားလို့ပင်ပန်းသွားတာပါ”

“ရော့ဒီရေနဲ့ ခေါင်းအစခြေအဆုံးတောက်လိုက်”

ဆရာပေးသည့်ရေမန်းနဲ့တောက်လိုက်မှ
သတိရလာပါတယ်။

“အင်း ဟင်း ဟင်း”

“အမေသတိရလာပြီ
အမေဘယ်လိုနေသေးလဲ”

“အင်းသက်သာပါတယ်သမီးရယ်
အမေဘာမှမခံစားရတော့ပါဘူး”

ဒေါ်စန်းရီတစ်ယောက်စောစောကနဲ့မတူ
ပြုံးရွှင်စွာနေနိုင်လာသည်။

“ကဲကဲမိန်းမဆရာ့ကိုကန်တော့ဦးလေ”

“သြော်ဟုတ်သားပဲဆရာကို့ကန်တော့ရဦးမယ်”

ဒေါ်စန်းရီတစ်ယောက်ဆရာ့ကိုရိုသေစွာ
ကန်တော့လိုက်လေသည်။

“ကျေးဇူးတင်ပါတယ်ဆရာရယ်
ကျွန်မမှာဆရာပေးတဲ့အသက်ပဲရှိပါတယ်”

“ရပါတယ်ကွယ်ဆရာတို့က၇ရက်သားသမီးတွေကိုဒီလိုကယ်တင်ပေးရတာကိုပဲကျေနပ်လှပါပြီ
နောက်ကိုအပြောအဆိုအနေအထိုင်
ဆင်ဆင်ခြင်ခြင်နေပါ”

“ဟုက်ကဲ့ဆရာ ဆင်ခြင်ပါ့မယ်”

“အခုလိုဖြစ်အောင် ဘယ်သူကခိုင်းစေတာလဲ ဆရာ”

ဒေါ်စန်းရီ၏ခင်ပွန်းကမေးလေသည်။

“ဘယ်သူကလုပ်ခိုင်းတာမခိုင်းတာ
ထားလိုက်ပါ ပြီးခဲ့တာတွေပြီးပြီပဲ
မေတ္တာထားပြီးခွင့်လွှတ်လိုက်ပါ မေတ္တာခြုံလုံပါတယ် ”

“ဟုတ်ကဲ့ ဆရာ ”

“ဘယ်သူကခိုင်းတယ်ဆိုတာ ကျွန်မသိပေမယ့်
ကျွန်မသူ့ကို မေတ္တာနဲ့ခွင့်လွှတ်ပါတယ် ဆရာ”

“သာဓု သာဓု သာဓု
ကဲ ဆရာပြန်ဦးမယ် ဟုတ်ပြီလား”

ထို့နောက်ပိုင်းဒေါ်စန်းရီတစ်ယောက်
ကျန်းမာလာပေမယ့်
စျေးရောင်းသွားတိုင်းဒေါ်အေးမာကို မတွေ့တော့ပေ။
ဘာကြောင့်စျေးမရောင်းတော့တာလဲဆိုတာ
ဘယ်သူမှမသိကြပေမယ့် ဒေါ်စန်းရီကတော့
ကောင်းကောင်းကြီးသိနေလေသည်။
သို့ပေမယ့် မည်သူ့ကိုမှပြောမပြခဲ့ပေ။

တစ်လလောက်ကြာတော့
စျေးထဲသို့သတင်းတစ်ခုပျံ့နှံ့လာတာကတော့
ဒေါ်အေးမာတစ်ယောက် ခင်ပွန်းဖြစ်သူက
အရက်ဖိုးတောင်းရာမှ
စကားများရန်ဖြစ်ပြီးခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးသတ်လိုက်သည်ဆိုသည့် သတင်းသာဖြစ်သည်။

သူတစ်ပါး၏အသက်နှင့်အကျိုးစီးပွား ကို
မနာလိုရန်ပြုခဲ့သော ဒေါ်အေးမာ တစ်ယောက်
သူ့ကံကြမ္မာက သူ့အားဒဏ်ခက်ကာ
အသေဆိုးဖြင့်သာဇာတ်သိမ်းသွားခဲ့ရသည်
မဟုတ်ပါလား…………

ပြီးပါပြီ…
#အောင်ဓူဝံ #ရေစကြို
စာရေးသူ၏အားနည်းချက်များကို ကောင်းသောအကြံပြုချက်များပေးနိုင်ပါတယ်
ရိုင်းစိုင်းတဲ့မန့်တွေကိုတော့လက်မခံပါ

မနာလိုျခင္း၏နိဂုံး(စ/ဆုံး)
မနာလို၍စုန္းအတတ္ျဖင့္ျပဳစားျခင္း

+++++++++++++++++
“တစ္ေန႔တစ္ေန႔ေစ်းေရာင္းရတာမေကာင္းလိုက္တာေနာ္ သူမ်ားစီးပြားေရးတုတ္နဲ႔ထိုးတဲ့သူေတြရွိ
ေတာ့ဘယ္လိုေရာင္းေရာင္းအဆင္ကိုမေျပဘူး”

“ဟဲ့ေအးမာနင္ဘယ္သူ႔႐ြဲ႕ေျပာေနတာလဲ”

“ဟဲ့ ႐ြဲ႕မေျပာဘူးဒဲ့ပဲေျပာေနတာ”

“အမေလးလာလာေခ်ေသးရဲ႕ငါက
နင့္စီးပြားေရးဘယ္ကတုတ္နဲ႔ထိုးတာ
တုန္းေျပာစမ္းပါအုံး”

“နင္ေစ်းေရာင္းတာငါထက္ေလ်ာ့ေရာင္း
ၿပီးငါ့ေဖာက္သည္ေတြကိုနင့္ဘက္ပါေအာင္
ဆြယ္တာေလ”

“ဟဲ့ငါ့ဘာသာငါေလ်ာ့ႏိုင္တဲ့ေစ်႕းနဲ႔ေရာင္းတာနင့္အပူ
ပါလို႔လားေစ်းဝယ္ကသူ႔ႀကိဳက္တဲ့သူဆီဝယ္မွာပဲ
ေလ အဲဒါနင္နဲ႔ဘာဆိုင္သလဲ”

“ဟဲ့ဘာလို႔မဆိုင္ရမွာလဲ နင္ငါ့စီးပြားေရးကိုတုတ္နဲ႔ထိုးၿပီးအၿပိဳင္လိုက္
္ေရာင္းေနတာလုပ္ေနတယ္ဆိုတာငါသိတယ္
နင္ငါ့အေၾကာင္း
ေကာင္းေကာင္းသိေစရမယ္ေဟ့”

“နင့္အေၾကာင္းလည္းမသိခ်င္ဘူး
ငါငါ့အလုပ္ငါလုပ္ေနတာဘယ္သူ႔မွဂ႐ုမစိုက္ဘူး”

“နင္မၾကာခင္သိလာေစရမယ္မိစန္းရီေရ ဟင္းဟင္း”

ေစ်းထဲမွာေဒၚေအးမာနဲ႔ေဒၚစန္းရီတို႔ရန္ပြဲအႀကီးအက်ယ္ျဖစ္ေနၾကေလသည္၊
ေဒၚစန္းရီကအျမတ္နည္းနည္းနဲ႔ေစ်း
တင္ေရာင္းတတ္ၿပီးသေဘာမေနာ
လည္းေကာင္းေတာ့အရင္ကေဒၚေအးမာ
ရဲ႕ေဖာက္သည္အမ်ားစုဟာေဒၚစန္းရီဆီသို႔သာ
ေျပာင္းဝယ္ၾကပါတယ္ ဒါကို
ေဒၚေအးမာတစ္ေယာက္ေဒၚစန္းရီကိုမနာလို
ကာအေကာက္ႀကံေတာ့ေလသည္။

******************

“လူေတြမ်ားတယ္ခက္ၾကပါလားကိုယ့္စီးပြား
ေရးကိုယ္လုပ္စားတာေတာင္မလြယ္ဘူး”

“ဝုန္း ခလြမ္း”

“ဟင္အေမဘာျဖစ္လာတာလဲပစၥည္းေတြ
လည္းလႊတ္ခ်လို႔”

“ဘာျဖစ္ရမလဲသမီးရယ္ေအးမာေပါ့
အေမကေစ်းဝယ္သူေတြကိုအျမတ္နည္း
နည္းနဲ႔ေရာင္းေတာ့သူ႔ဆီဝယ္ေနၾက
ေဖာက္သည္ေတြကအေမ့ဆီမွာပဲ
ေျပာင္းဝယ္ၾကတယ္ေလအဲဒါကို
အေမ့ကသူ႔ေဖာက္သည္ကိုလုပါတယ္
သူ႔စီးပြားေရးကိုတုတ္နဲ႔ထိုးပါတယ္
ဆိုၿပီးအေမ့ကိုရန္ရွာတယ္ေလ အဲဒါရန္ျဖစ္
ၿပီးျပန္လာတာ”

“ေၾသာ္အေမရယ္ သူ႔ဘာသာ ဘာေျပာေျပာသည္းခံမွေပါ့အေမရယ္”

“သမီးရယ္အေမေလာက္သည္းခံတာ
အေမပဲရွိတယ္ေန႔စဥ္နဲ႔အမွ်လိုက္
ေစာင္းေျမာင္းေျပာဆိုေနတာေတာ့
အေမမခံႏိုင္ေတာ့ဘူး”

“မိန္းမရယ္ခြင့္လႊတ္လိုက္ပါကြာ
သူ႔ခင္မ်ာလည္းေစ်းေရာင္းမေကာင္းလို႔
အခုလိုေျပာမိတာေနမွာပါ”

ေဒၚစန္းရီရဲ႕ေယာက်ၤားကဝင္ၿပီးေျပာ
လိုက္ျခင္းပင္ ေဒၚစန္းရီတို႔ မိသားစုကေအးေအး
ေဆးေဆးေနတတ္သူမ်ားျဖစ္ၿပီး
အလုပ္ကိုလည္းႀကိဳးစားပန္းစား
လုပ္ၾကေတာ့သူမ်ားနည္းတူေနႏိုင္
စားႏိုင္ၾကတဲ့သူမ်ားလည္းျဖစ္ၾကသည္။

“ကဲအေမစိတ္ေလွ်ာ့ ၿပီးရင္ေရခ်ိဳးလိုက္
သမီးထမင္းခူးထားလိုက္မယ္အေမ”

“ေအးေအးသမီး”

ေနာက္ေန႔ေစ်းေရာင္းသြားေတာ့
ေဒၚေအးမာတစ္ေယာက္ေစ်းေရာင္းမထြက္ေပ၊

“အင္းဒီေန႔ေတာ့ေအးမာမလာဘူးဆို
ေတာ့ငါနားညည္းလည္းသက္သာရန္လည္းမျဖစ္ရေတာ့ဘူးဆိုေတာ့ ငါအကုသိုလ္နည္းတာေပါ့”

ေဒၚစန္းရီစိတ္ထဲမွေျပာေနမိသည္
ေစ်းကိုသာအာ႐ုံစိုက္ၿပီးေရာင္းေနလိုက္သည္
ေဒၚစန္းရီေစ်းေရာင္းေကာင္းေကာင္း
နဲ႔ေရာင္းလိုက္တာေတာ္ေတာ့္ကိုကုန္
သြားတယ္။

“ဒီေန႔ေတာ္ေတာ္ေရာင္းေကာင္းတယ္
ေပါ့ေဒၚစန္းရီ”

“အင္းဟုတ္ပါ့ေတာ္ ေရာင္းေကာင္းတယ္
မျမင့္ၾကည္ေရ စိတ္ခ်မ္းခ်မ္းသာသာနဲ႔
ေရာင္းရေတာ့ပိုၿပီးအဆင္ေျပတာေပါ့”

“အင္းဟုတ္မယ္ ဟုတ္မယ္”

“အမေလး”

“ဝုန္း ”

” ဟဲ့ေဒၚစန္းရီမူးလဲသြားၿပီထူၾကပါဦးဟဲ့”

“ေဒၚစန္းရီရလားထလို႔”

“အင္း ကြၽတ္ကြၽတ္ကြၽတ္ ရပါတယ္မိုက္ခနဲ႔မူး
ၿပီးလဲသြားတာ မျမင့္ၾကည္ရယ္ ေသြးေဘာင္မ်ား
က်ေနသလားမသိဘူး”

“ဟုတ္ေလာက္မယ္ ေဒၚစန္းရီေဆးခန္း
ေလးဘာေလးအျပန္ကာၾကဝင္ျပလိုက္
ျဖစ္ရဲ႕လားျပန္ဖို႔မျဖစ္ရင္ငါ့သားကို
ဆိုင္ကယ္နဲ႔လိုက္ပို႔ခိုင္းလိုက္မယ္”

“ေက်းဇူးပါပဲ မျမင့္ၾကည္ရယ္”

‘ဟဲ့သားေဒၚစန္းရီကိုျပန္ပို႔ေပးလိုက္ပါကြယ္”

“ဟုတ္အေမ လာ အန္တီ လိုက္ႏိုင္ရဲ႕လား”

“ေၾသာ္ ေအးေအး လိုက္ႏိုင္ပါတယ္ကြယ္”

“သားေသခ်ာစီးေနာ္ ”

“ဟုတ္အေမ”

*******************
မျမင့္ၾကည္၏သားမွဆိုင္ကယ္ႏွင့္ေဒၚစန္းရီ
အားလိုက္ပို႔ေလသည္။

“တီ တီ ”

“ဟဲ့သမီးအိမ္ေရွ႕ကဆိုင္ကယ္သံၾကား
တယ္သြားၾကည့္စမ္း”

“ဟုတ္ အေဖ”

“လာၿပီရွင့္လာၿပီ”

“ဟင္အေမ ဘာျဖစ္လာတာလဲ”

သမီးျဖစ္သူကစိုးရိမ္တႀကီးေမးလိုက္ေလသည္။

“ေဒၚစန္းရီေစ်းေရာင္းရင္းမူးလဲလို႔
အဲဒါကြၽန္ေတာ္လိုက္ပို႔ေပးတာ”

“ရွင္ဟုတ္လား ေက်းဇူးပါပဲရွင္အခုလို
လိုက္ပို႔ေပးတာ”

“ရပါတယ္ဗ်”

“အေမလာလာအိမ္ထဲနားရေအာင္”

“သမီး သမီအေမဘာျဖစ္လာတာလဲ”

“အေဖေရအေမေစ်းေရာင္းရင္းမူးလဲလို႔တဲ့
ေစ်းကေကာင္ေလးတစ္ေယာက္အိမ္လိုက္ပို႔ေပးတာတဲ့”

“ဟင္ ဟုတ္လား ဒါဆိုအေဖဆရာဝန္သြားေခၚ
လိုက္ဦးမယ္”

“ဟုက္အေဖဟုတ္”

“အေမ ရရဲ႕လား သက္သာလား”

“ေအး နည္းနည္းေတာ့မူးေနေသးတယ္ သမီးရယ္”

“အေမ အိပ္ရာထဲလွဲေနလိုက္ဦး အေဖဆရာဝန္
သြားပင့္ေနတယ္”

“ေအးေအး သမီး”

၁၅မိနစ္ခန္႔အၾကာမွာေတာ့ ေဒၚစန္းရီ၏ခင္ပြန္းႏွင့္
အတူဆရာဝန္ပါလိုက္ပါလာသည္။

“လူနာရဲ႕ေသြးေပါင္ခ်ိန္ကလည္းပုံမွန္ပါပဲ
႐ုတ္တရက္ အထိုင္အထဆိုေတာ့မူးသြားတာ
ျဖစ္ပါလိမ့္မယ္ ကြၽန္ေတာ္အေၾကာေဆးေတာ့
ထိုးေပးခဲ့ပါ့မယ္”

“ဟုတ္ကဲ့ ဆရာေကာင္းသလိုသာၾကည့္
လုပ္ေပးပါဆရာ”

“ကဲေရာ့ဒါေလးကအမူးေျပေအာင္
ေသာက္ရမဲ့ေဆးေလးပါမနက္တစ္ျပား
ညတစ္ျပားေသာက္ရမွာပါ”

“ဟုတ္ဆရာ ဟုတ္ကဲ့”

“သမီးေရဆရာ့ကို အိမ္ေရွ႕ထိလိုက္ပို႔လိုက္ဦး”

“ေနေန ေနပါေစဆရာ့ဘာသာဆရာ
ျပန္ပါ့မယ္လူနာကိုသာဂ႐ုစိုက္ပါ”

***********
ေစ်းထဲမွာ မူးလဲၿပီးတဲ့ေနာက္ပိုင္းေဒၚစန္းရီ
တစ္ေယာက္ေစ်းေရာင္းလည္းမထြက္ႏိုင္ေတာ့
ေရာဂါမွာလည္းသက္သာလာျခင္းမရွိ
တစ္ေန႔တျခားပိန္လိန္လာသည္
စားသမွ်ျပန္အန္ထြက္ေတာ့လူနာခင္မ်ာအားမရွိ
ေတာ့ အေပါ့အေလးကအစထၿပီးမသြားႏိုင္ေတာ့
သမီးျဖစ္သူနဲ႔ခင္ပြန္းျဖစ္သူက
ျပဳစုလုပ္ကိုင္ေပးရေလသည္။

“အေဖအေမ့ကိုၾကည့္ရတာသမီးစိတ္
မခ်မ္းသာဘူးသမီးကေတာ့အေမ့ကို
ပညာသည္တစ္ေယာက္ေယာက္ကလုပ္တာ
လို႔ထင္တယ္”

“သမီးရယ္ မျဖစ္ႏိုင္ပါဘူး
သမီးအေမကအဒီလိုအလုပ္ခံရေအာင္
ဘယ္သူနဲ႔မွရန္ၿငိဳးရန္စမွမရွိပဲ”

“အေဖကလည္းအေမက႐ိူး႐ိုးေရာဂါဆို
ရင္ဆရာဝန္နဲ႔ဒီေလာက္ကုေနတာ
ေပ်ာက္ရမွာေပါ့အခုဟာကမေပ်ာက္တဲ့
အျပင္တေန႔တျခားပိန္လိန္ေနတာအေဖ့အျမင္ပဲ
ေလဘာပဲျဖစ္ျဖစ္သမီးကေတာ့
ပေယာဂကုတဲ့ဆရာနဲ႔ျပၾကည့္ခ်င္တယ္
ပညာသည္လုပ္ထားတာမွန္ရင္ ပေယာဂဆရာနဲ႔တစ္ခါတည္း
ထုတ္ပစ္လို႔ရတာေပါ့ ပညာသည္လုပ္တာ
မဟုတ္ဘူးဆိုလည္းအေမ့ကို ေဆး႐ုံတင္ၿပီး
ကုၾကတာေပါ့အေဖဘယ္ႏွယ့္လဲ”

“အင္း သမီးေျပာသလိုပဲလုပ္ၾကတာေပါ့ ပေယာဂ
ဆရာကိုေတာ့အေဖတို႔ရပ္ကြက္ထဲက
ဦးသာေအာင္ဆီမွာပဲျပၾကတာေပါ့
သူကေအာက္လမ္းပညာနဲ႔ ျပဳစားခံရသူေတြဆို
သူကုသေပးလိုက္လို႔ ေပ်ာက္သြားတဲ့သူမ်ားတယ္လို႔နာမည္ႀကီးတယ္”

“ဒါဆိုရင္လည္း ဆရာဦးသာေအာင္ကိုပဲ
ပင့္ၾကတာေပါ့အေဖ အဲဒါဆိုအေဖသြားပင့္လိုက္ပါသမီး
အေမ့ကိုၾကည့္ထားလိုက္မယ္”

“ေအးေအးသမီးအေဖသြားလိုက္ဦးမယ္
အေမ့ကိုေသခ်ာဂ႐ုစိုက္”

ဇနီးျဖစ္သူအတြက္ေျခလ်င္သြားပင့္ေတာ့ေလ
သည္။

“ဆရာေရဆရာရွိလား”

“ရွင္ဟုတ္ကဲ့ လာပါရွင့္
အေဖအိမ္ေပၚမွာဘုရားရွိခိုးေနလို႔ခဏေနာ္”

“ဟုတ္ကဲ့ ရပါတယ္”

ခဏေလာက္ၾကာေတာ့ဆရာဦးသာေအာင္
တစ္ေယာက္အိမ္ေပၚဘုရားခန္းမွဆင္းလာသည္။

“ဟုက္ကဲ့ဘာကိစၥမ်ားပါလိမ့္”

“ဆရာေရ အိမ္ကကြၽန္ေတာ့္မိန္းမအခုရက္ပိုင္း
ေနမေကာင္းဘူးဆရာစားသမွ်ျပန္အန္
ထြက္တယ္ၿပီးေတာ့ပိန္လိန္ေနတာပဲဆရာ
အရင္ကဝဝတုတ္တုတ္နဲ႔သူကအခုအ႐ိုးေပၚ
အေရတင္ျဖစ္ေနၿပီး
ဆရာဝန္နဲ႔အိမ္ေခၚကုေတာ့လည္းမသက္
သာဘူးေဆးလည္းမတိုးဘူးဆရာ
အဲဒါေၾကာင့္ပညာသည္လုပ္ထားသလား
စစ္ခ်င္လို႔ ဆရာ့ကိုလာပင့္ရတာပါခင္ဗ်ာ”

“ေၾသာ္ဒီလိုလားရပါတယ္ဗ်ာဆရာလိုက္ခဲ့ပါ့မယ္”

“သမီးေရ သမီး ဘုရားခန္းကအေဖ့လြယ္အိတ္ေလး
ယူခဲ့ပါကြယ္”

“ဟုတ္အေဖ”

*****************

ဆရာလည္းေဒၚစန္းရီ၏ခင္ပြန္း
ပင့္သည့္ေနာက္သို႔ လိုက္လာခဲ့ေတာ့သည္။

“သမီးေရဆရာပါလာတယ္ဆရာထိုင္ဖို႔
ေနရာေလးေသခ်ာခင္းစမ္း”

“ဟုတ္အေဖ”

ဆရာဦးသာေအာင္ အတြက္ေနရာထိုင္ခင္း
ျပဳလုပ္ေပးေလသည္။

“ရတယ္သမီးေနပါေစရတယ္
လူနာကိုသာဘုရားခန္းထဲေခၚလာခဲ့ပါ”

ဆရာဦးသာေအာင္ကလူနာကို ေတြ႕ခ်င္ေနသည္။

သားအဖႏွစ္ေယာက္အခန္းထဲဝင္ၿပီးေဒၚစန္းရီအားတြဲကာဘုရားခန္းထဲေခၚလာေတာ့သည္။

“ဒီမွာထိုင္ပါ”

“ဟုတ္ကဲ့ဆရာ”

ေဒၚစန္းရီအားယူရင္းေျဖလိုက္ေလသည္။

ဆရာဦးသာေအာင္က လူနာကို
စိုက္ၾကည့္လိုက္ၿပီးစကားတစ္ခြန္းဆိုလိုက္ေလ
သည္။

“အင္း အခ်ိန္မွီလာပင့္လို႔ေတာ္ေသးတာေပါ့
ေနာက္တစ္ပတ္ေလာက္ဆိုလူနာအသက္
ဆုံးလိမ့္မယ္”

“ဗ်ာ ဆရာရယ္ဘယ္လိုလုပ္ရမလဲ ဆရာ
ကယ္ပါဦးဆရာ”

ေဒၚစန္းရီ၏ခင္ပြန္းမွာထိတ္ထိတ္ပ်ာပ်ာျဖင့္
ေျပာလိုက္ေလသည္။

“လူနာကိုပညာသည္ကအေသလုပ္ထားတာကြယ့္
ဘာမွမပူနဲ႔ ဆရာကုေပးႏိုင္ပါတယ္”

ဆရာကထိုမွ်သာေျပာၿပီး ဘုရားစင္ေရွ႕သို႔သြားကာ
ဖေယာင္းတိုင္ အေမႊးတိုင္ ေရခ်မ္း စသည့္အရာမ်ားကပ္လႉ ပူေဇာ္လိုက္ၿပီး
ပါးစပ္မွလည္းတတြတ္တြတ္႐ြတ္ဆိုေနေလသည္။

ခဏေလာက္အၾကာတြင္ေတာ့

“လူနာကို ေအာက္လမ္းအတတ္နဲ႔လုပ္ထားတဲ့ပညာသည္ကို
ဆရာေခၚရလိမ့္မယ္”

“ဟုတ္ကဲ့ဆရာ အားကိုးပါတယ္”

“ကဲ အထက္ဆရာႀကီးမ်ားရဲ႕အမိန္႔
ငါဆရာရဲ႕အမိန္႔နဲ႔ ေဟာဒီ လူနာကို
ျပဳစားထားတဲ့ေအာက္လမ္းပညာသည္
အခုခ်က္ခ်င္း ငါဆရာေရွ႕ေမွာက္အေရာက္လာေစ
မည္သူမွတားဆီးပိတ္ပင္ျခင္းမျပဳရ ငါဆရာအမိန္႔”

ဆရာဦးသာေအာင္၏ ေအာင္ျမင္လွသည့္
အမိန္႔သံ၏အဆုံးေဒၚစန္းရီတစ္ေယာက္တစ္ကိုယ္
လုံးတုန္တုန္ယင္ယင္ျဖစ္လာၿပီး ေဒါသျဖစ္ေနသည့္
အမူအရာျဖင့္ဆရာဦးသာေအာင္အား မ်က္လုံးျပဴး
ႀကီးျဖင့္စိုက္ၾကည့္ေနေလသည္။

“ဆရာစုတ္ဘာေၾကာင့္ ငါ့ကိုေခၚတာလဲေျပာစမ္း”

“နင္ဘာအေၾကာင္းေၾကာင့္ေဟာဒီလူနာကိုေအာက္လမ္းအတတ္နဲ႔လုပ္ရတာလဲေျပာစမ္း”

“ဟားဟားဟား”

“ဒီေကာင္မကိုလား
ဒီေကာင္မႀကီးပြားတာကိုမနာလိုတဲ့သူကေငြေပးၿပီးငါ့ကိုအေသလုပ္ခိုင္းတာအဲဒါေၾကာင
့္ငါပညာျပလိုက္တာဒင္းေနာက္တစ္ပတ္ေန
ရင္ေသလိမ့္မယ့္”

“ဟားဟားဟားဟား”

“ဆရာအမိန္႔ေပးတယ္အခုလူနာကို နင့္အတတ္နဲ႔
လုပ္ထားတာေတြအခုႏႈတ္စမ္း”

“မႏႈတ္ဘူးေဟ့ မႏႈတ္ဘူး
လုပ္ကတည္းကအေသလုပ္ထားတာ
ငါကဘာလို႔ႏႈတ္ေပးရမွာလဲ”

“ဟားဟား ဟား ဟား ဟား ”

“အင္းေမတၱာရပ္ခံလို႔မရမွေတာ့ငါ့
အေၾကာင္းသိရတာေပါ့
အေစာင့္ေတာ္မ်ားဒီပညာသည္ကို
ႀကိဳးနဲ႔တုပ္လိုက္ၾကစမ္း”

ေဒၚစန္းရီတစ္ေယာက္လက္ႏွစ္ဖက္လုံးေနာက္
ေက်ာဘက္ေရာက္သြားၿပီးခ်ဳပ္ထိန္းခံလိုက္ရေလသည္။
ေဒၚစန္းရီအားဝင္ပူးကပ္ေနသည့္ပညာသည္က
အခ်ဳပ္အေႏွာင္မ်ားမွလြတ္ေျမာက္ရန္ႀကိဳးစားေန
ေပသည္၊
သို႔ေသာ္လုံးဝ မလြတ္ေျမာက္ႏိုင္ေအာင္ ဆရာဦးသာေအာင္၏
အေစာင့္ေတာ္ႀကီးမ်ားကဖမ္းခ်ဳပ္ထားေလသည္။

“ဆရာစုတ္ငါ့ကိုအခုႀကိဳးျဖည္ေပးစမ္း”

“အေစာင့္ေတာ္ႀကီးတို႔ဒီေကာင္မကို
မွတ္ေလာက္သားေလာက္ေခါင္းကို
တင္းပုတ္နဲ႔ထုေပးပါ”

ဆရာ၏အမိန္႔သံဆုံးသည္ႏွင့္တၿပိဳင္ထဲ

ေဒၚစန္းရီတစ္ေယာက္ (ဝင္ပူးေနေသာပညာသည္)မွာ အာေခါင္ျခစ္ၿပီး
ေအာ္ဟစ္ေလေတာ့သည္။

“ေအာင္မယ္ေလး အား မလုပ္ပါနဲ႔ နာလို႔ပါ”

“ခပ္ျပင္းျပင္းသာထုေပးလိုက္ပါ အေစာင့္ေတာ္ႀကီးမ်ား”

“အား အခုလႊတ္လို႔ေျပာေနတယ္ေနာ္
အား ငါ့ေခါင္းနာတယ္ ”

“နင့္ပညာနဲ႔လုပ္ထားတာေတြအခုထုတ္မွာလား
မထုတ္ဘူးလား”

“မထုတ္ဘူးေဟ့ မထုတ္ဘူး”

“ဒီေလာက္ေခါင္းမာတဲ့ဟာ
အေစာင့္ေတာ္ႀကီးမ်ား ဒီပညာသည္ရဲ႕ေနာက္ေက်ာကို
တင္းပုတ္နဲ႔ ထုေပးပါ”

“အမေလး ”

ေဒၚစန္းရီတစ္ေယာက္
ေက်ာႀကီးေကာ့ေကာ့ၿပီးေအာ္ဟစ္ေနေလသည္။

“မွတ္ၿပီလားဟင္ အသာတၾကည္ေျပာလို႔မရဘူးနင္က”

“ေၾကာက္ပါၿပီဆရာရယ္ ကြၽန္မ ကြၽန္မႏႈတ္ေပးပါ့မယ္”

“ေအးေကာင္းၿပီအခုႏႈတ္”

“သမီးလင္ဗန္းတခ်ပ္ေလာက္ယူခဲ့ပါကြယ္”

“ဟုတ္ကဲ့ဆရာ”

“ဆရာဒီမွာ လင္ဗန္း”

ဆရာကလင္ဗန္းယူလိုက္ၿပီးေဒၚစန္းရီေရွ႕ခ်ထား
လိုက္ပါတယ္။

“တစ္ခုမွမက်န္ေစနဲ႔ အကုန္ထုတ္ ၾကားလား”

“ဟုတ္ ၾကား ၾကားပါတယ္ ဆရာ”

ေဒၚစန္းရီတစ္ေယာက္ေျခေထာက္ႀကီး
ဆင္းကာသူ၏ခႏၶာကိုယ္ေခါင္းအစေျခအဆုံးကို
သပ္ခ်ေနေလသည္။

“ေဝါ့ ေဝ့ါ”

“ဟင္ ဘာေတြလဲ”

ေဒၚစန္းရီ၏ခင္ပြန္းနဲ႔သမီးျဖစ္သူမွာ
လင္ဗန္းထဲမွအံဖက္မ်ားကိုၾကည့္လိုက္ရာ
မည္းမည္းအရာမ်ားပါလာေလသည္။

“အကုန္ထုတ္ေနာ္ဘာမွမခ်န္ခဲ့နဲ႔
ငါ့အေၾကာင္းသိတယ္မလားအာမခံနဲ႔
အဝီစိထိဆင္းရမယ္ၾကားလား”

“ကုန္ပါၿပီဆရာရယ္ကုန္ပါၿပီ”

“ေသခ်ာသလား”

“ဟုတ္ေသခ်ာပါတယ္ဆရာ”

“ဘာျဖစ္လို႔အခုလိုငရဲထိဆင္းရမယ့္ပညာကို
သင္ယူၿပီးလူေတြကိုဒုကၡေပးရတာလဲ
မနာလိုလို႔သူတစ္ပါးက ေငြေပးခိုင္းေတာ့ေရာ
ခိုင္းတဲ့သူေရာ လုပ္ေပးတဲ့နင္ေရာ၂ေယာက္စလုံး အဝီစိလားရမယ္ဆိုတာမသိဘူးလား”‘

“သိပါတယ္ဆရာ”

“ဆရာမင္းရဲ႕ပညာေတြကိုအလႉခံခ်င္တယ္ဆိုရင္
ေကာ ဆရာ့ကိုလႉမွာလား”

“မလုပ္ပါနဲ႔ဆရာရယ္ကြၽန္မဒီပညာေတြကိုေတာ့
မလႈပါရေစနဲ႔ကြၽန္မေနာက္မလုပ္ေတာ့ပါဘူး”

“ေအး ဒါဆိုနင္သစၥာေရေသာက္ၿပီးက်ိန္ဆိုရမယ္”

“ေရာ့ကိုင္ထားေရခြက္ကိုကိုင္ၿပီး
ငါဆိုသလိုလိုက္ဆို”

“ကြၽန္မသည္ဒီေန႔ဒီအခ်ိန္မွစ၍
၇ရက္သားသမီးတို႔အေပၚေအာက္လမ္းနည္း
ပညာႏွင့္အက်ိဳးစီးပြားပ်က္ေအာင္
အသက္ဆုံးရႈံးေအာင္မျပဳလုပ္ေတာ့ပါ
အကယ္၍ျပဳလုပ္ခဲ့သည္ဆိုပါက
မဟာအဝီစိငရဲမွာမကြၽတ္မလြတ္ခံရပါေစသား”

“ကဲ သစၥာေရကိုေသာက္ၿပီး သြားေပေတာ့
ေနာက္ေနာင္ဒီလိုအမွားမ်ိဳးထပ္က်ဴးလြန္ရင္
နင္ဆိုထားတဲ့သစၥာက နင့္ကိုဒုကၡေပးလိမ့္မယ္
ၾကားလား”

“ဟုတ္ကဲ့ ဆရာ ၾကား ၾကားပါတယ္”

ေအာက္လမ္းပညာသည္လည္းထြက္သြားေတာ့
ေဒၚစန္းရီတစ္ေယာက္လဲက်သြားသည္။

“အေမအေမ့ အေမေခၚလို႔လည္းမရဘူးဆရာ”

“ဘာမွမပူနဲ႔သမီးပညာသည္ဝင္တာၾကာ
သြားလို႔ပင္ပန္းသြားတာပါ”

“ေရာ့ဒီေရနဲ႔ ေခါင္းအစေျခအဆုံးေတာက္လိုက္”

ဆရာေပးသည့္ေရမန္းနဲ႔ေတာက္လိုက္မွ
သတိရလာပါတယ္။

“အင္း ဟင္း ဟင္း”

“အေမသတိရလာၿပီ
အေမဘယ္လိုေနေသးလဲ”

“အင္းသက္သာပါတယ္သမီးရယ္
အေမဘာမွမခံစားရေတာ့ပါဘူး”

ေဒၚစန္းရီတစ္ေယာက္ေစာေစာကနဲ႔မတူ
ၿပဳံး႐ႊင္စြာေနႏိုင္လာသည္။

“ကဲကဲမိန္းမဆရာ့ကိုကန္ေတာ့ဦးေလ”

“ေၾသာ္ဟုတ္သားပဲဆရာကို႔ကန္ေတာ့ရဦးမယ္”

ေဒၚစန္းရီတစ္ေယာက္ဆရာ့ကို႐ိုေသစြာ
ကန္ေတာ့လိုက္ေလသည္။

“ေက်းဇူးတင္ပါတယ္ဆရာရယ္
ကြၽန္မမွာဆရာေပးတဲ့အသက္ပဲရွိပါတယ္”

“ရပါတယ္ကြယ္ဆရာတို႔က၇ရက္သားသမီးေတြကိုဒီလိုကယ္တင္ေပးရတာကိုပဲေက်နပ္လွပါၿပီ
ေနာက္ကိုအေျပာအဆိုအေနအထိုင္
ဆင္ဆင္ျခင္ျခင္ေနပါ”

“ဟုက္ကဲ့ဆရာ ဆင္ျခင္ပါ့မယ္”

“အခုလိုျဖစ္ေအာင္ ဘယ္သူကခိုင္းေစတာလဲ ဆရာ”

ေဒၚစန္းရီ၏ခင္ပြန္းကေမးေလသည္။

“ဘယ္သူကလုပ္ခိုင္းတာမခိုင္းတာ
ထားလိုက္ပါ ၿပီးခဲ့တာေတြၿပီးၿပီပဲ
ေမတၱာထားၿပီးခြင့္လႊတ္လိုက္ပါ ေမတၱာၿခဳံလုံပါတယ္ ”

“ဟုတ္ကဲ့ ဆရာ ”

“ဘယ္သူကခိုင္းတယ္ဆိုတာ ကြၽန္မသိေပမယ့္
ကြၽန္မသူ႔ကို ေမတၱာနဲ႔ခြင့္လႊတ္ပါတယ္ ဆရာ”

“သာဓု သာဓု သာဓု
ကဲ ဆရာျပန္ဦးမယ္ ဟုတ္ၿပီလား”

ထို႔ေနာက္ပိုင္းေဒၚစန္းရီတစ္ေယာက္
က်န္းမာလာေပမယ့္
ေစ်းေရာင္းသြားတိုင္းေဒၚေအးမာကို မေတြ႕ေတာ့ေပ။
ဘာေၾကာင့္ေစ်းမေရာင္းေတာ့တာလဲဆိုတာ
ဘယ္သူမွမသိၾကေပမယ့္ ေဒၚစန္းရီကေတာ့
ေကာင္းေကာင္းႀကီးသိေနေလသည္။
သို႔ေပမယ့္ မည္သူ႔ကိုမွေျပာမျပခဲ့ေပ။

တစ္လေလာက္ၾကာေတာ့
ေစ်းထဲသို႔သတင္းတစ္ခုပ်ံ႕ႏွံ႔လာတာကေတာ့
ေဒၚေအးမာတစ္ေယာက္ ခင္ပြန္းျဖစ္သူက
အရက္ဖိုးေတာင္းရာမွ
စကားမ်ားရန္ျဖစ္ၿပီးခင္ပြန္းျဖစ္သူက ဓားျဖင့္ထိုးသတ္လိုက္သည္ဆိုသည့္ သတင္းသာျဖစ္သည္။

သူတစ္ပါး၏အသက္ႏွင့္အက်ိဳးစီးပြား ကို
မနာလိုရန္ျပဳခဲ့ေသာ ေဒၚေအးမာ တစ္ေယာက္
သူ႔ကံၾကမၼာက သူ႔အားဒဏ္ခက္ကာ
အေသဆိုးျဖင့္သာဇာတ္သိမ္းသြားခဲ့ရသည္
မဟုတ္ပါလား…………

ၿပီးပါၿပီ…
#ေအာင္ဓူဝံ #ေရစႀကိဳ
စာေရးသူ၏အားနည္းခ်က္မ်ားကို ေကာင္းေသာအႀကံျပဳခ်က္မ်ားေပးႏိုင္ပါတယ္
႐ိုင္းစိုင္းတဲ့မန္႔ေတြကိုေတာ့လက္မခံပါ