မဖဲဝါစီးတဲ့ကျား

မဖဲဝါစီးတဲ့ကျား(စ/ဆုံး)

မူရင်းရေးသားသူ_တာတေ

 

ခင်ဗျားတို့ကို ကျုပ်မပြောဘူးတဲ့ အကြောင်းတစ်ခုတော့ ပြောရဦးမယ်ဗျ။ကျုပ်ဆရာတော် ဦးဂုဏအကြောင်းကတော့ မကြာမကြာ ပြောနေကျဆိုတော့ ခင်ဗျားသိနေလောက်ပြီပေါ့ဗျာ။

 

ဆရာတော်က ကျုပ်ဆိုရင် လွှတ်အားကိုးတာဗျ။ဘာကိစ္စလေးရှိရှိ တာတေ့ကို ခေါ်နေကျဗျ။

 

တာတေဆိုတဲ့ ကျုပ်ကလည်း ရွာတော်

တော် များများကို ဆရာတော်နဲ့ လိုက်ဖူးသွားဖူးနေတာဗျ။

 

အလှူတို့၊ ကထိန်တို့လေဗျာ။

 

ကုန်ကုန်ပြောရရင် အကျွတ်အလွတ်ပွဲ

တို့၊ ဘေးမဲ့ပွဲတို့တောင် ဆရာတော်ကကျုပ်ကို ခေါ်တာဗျ။

 

ကျုပ်က အလုပ်ရှိရင်သာ ဆရာတော်ကို လျှောက်ပြီး နေ

ခဲ့ရတာ။ ခင်ဗျားကို ကျုပ်ပြောမယ်ဆိုတာက တခြားမဟုတ်ဘူးဗျ။

ကျုပ်ဆရာတော် ဦးဂုဏက အဂ္ဂိရတ်ပညာ အားကြီးဝါသနာပါတာ။ အဂ္ဂိရတ်ဆိုတာ ဖိုထိုးတာကို ပြောတာလေဗျာ။

 

ဆရာတော်ရဲ့ ဖိုရုံထဲမှာ တာတေဖိုဆွဲနေကျပေါ့ဗျာ။

 

တစ်ခါတစ်လေတော့လည်း ဆရာတော်က ဓါတ်ကြီးထိုးတယ်ဗျ။ တစ်ခါတစ်လေတော့လည်း ရိက္ခာလမ်းကြောင်း ထိုးတယ်ဗျ။

 

ဓါတ်ကြီးဆိုတာကတော့ ဆရာတော်တို့ အခေါ်အရ ပြောတာပေါ့ဗျာ။

ဓါတ်လုံးထိုးတာကိုခေါ်တာဗျ။သံလုံးတို့၊ ပြဒါးလုံးတို့၊ ကြေးလုံးတို့ပေါ့ဗျာ။

 

ကျုပ်ဆရာတော်က သံလုံးထိုးတာဗျ။ဆရာတော်ဆီမှာ သံလုံးလေးတစ်လုံးရှိတယ်။ အရောင်က နီနီရဲရဲကေလးဗျ။ ဓါတ်လုံးဆိုပေမဲ့ ဆရာတော် ဓါတ်လုံးက လုံးဝန်းနေတာ မဟုတ်ဘူး။

ခပ်ပြားပြားလေး ဖြစ်နေတာ။

 

“တာတေ ဒါ သံသေလုံးကွ၊ မြင်ဖူးအောင်

ကြည့်ထား၊ ပြဒါးသေရင် ကြွားသတဲ့၊ သံ

သေရင် ပြားသတဲ့ကွ၊ ဒါကြောင့် ငါဓါတ်

လုံးက ပြားပြားကလေးဖြစ်နေတာ”

 

ဆရာတော့်ဓါတ်လုံးကို ကျုပ်လက်နဲ့

ကိုင်ရတာ မဟုတ်ဘူးဗျ၊ ကြည့်ရုံပဲ

ကြည့်ရတာ။ ရိက္ခလမ်းဆိုတာကတော့

ရွှေဖြစ် ငွေဖြစ် ထိုးတာပေါ့ဗျာ။

 

ဆရာတော်ဖိုရုံထဲမှာက ဖားဖိုကြီးနှစ်လုံးရှိ

တယ်။ တစ်လုံးက ဆရာတော် ဓါတ်

ကြီးထိုးတာ၊ နောက်တစ်လုံးက ဆရာတော် ရိက္ခာလမ်းထိုးတာဗျ။

 

ဖားဖိုကြီးနှစ်လုံးစလုံးက သုံးထပ်ဖိုတွေဗျ။ သုံးထပ်ဖိုဆိုတာက ပျဉ်း

ချပ်ကြီး လေးချပ်နဲ့ လုပ်ထားတာဗျ။ လေအောင်းတဲ့ အခန်းသုံးခန်း

ရှိတာကို ပြောတာလေဗျာ။

 

“တာတေ ဆေးဖုတ်ဖို့ ထင်းနည်းနေပြီကွ”

 

လို့ ဆရာတော်က ကျုပ်ကို မိန့်တာနဲ့

ကျုပ်က လှည်းကောက်ပြီး တောထဲဝင်၊

ထင်းခုတ်တော့တာလေဗျာ။

 

ပုဗ္ဗာရုံကျောင်းဝင်းကြီးရဲ့ ရာဟုထောင့်

မှာ မြေကျင်းတစ်ခု တူးထားတယ်ဗျ

အဲဒီဘက်မှာက ဘာကျောင်းမှ မရှိဘူး။ မြေကွက်လပ်ကြီးလေဗျာ။

 

အဲဒီမြေကျင်းထဲမှာ ဆရာတော်က နဘဲ

အိုးတစ်လုံး မြှုပ်ထားတယ်၊နဘဲအိုးဆိုတာ

သောက်ရေအိုးကိုပြောတာဗျ။

 

အဲဒီထဲမှာ သွပ်ရယ်၊ဒုတ္တရယ်၊ဟင်းရိုင်းရယ် ထည့်ပြီး

အပေါ်က မဖောက်ထုံးအုပ်ထားတာ။

 

အဲဒီအိုးမြှုပ်ထားတဲ့ မြေကျင်းထဲမှာ ထင်း

ချောင်းကို မပြတ်ထည့်ပြီး မီးရှို့ထားတာ

ဗျ။ ကျုပ်တို့ရွာသားတွေက တောထဲသွား

တိုင်း ထင်းချောင်းတွေ ခုတ်လာပြီး

ဆရာတော် ဆေးဖုတ်ဖို့ ပုံပေးထားကြတာ၊

 

ထင်းပုံကြီးက ဟီးထနေတာဗျို့။ အဲဒီ

ကျင်းထဲက အိုးကို မီးမပြတ်အောင် လေး၊

ငါးလဖုတ်တာ။ ဆရာတော်က ဆေးဖုတ်တယ်လို့သာ ပြောတာပါဗျာ။

 

အချိန်တန်ရင် အဲဒီနဘဲအိုးကို ဖော်ပြီး အထဲက နီနီ

ရဲရဲ အမှုန့်တွေကို ဖိုခန်းထဲမှာ လုံနဲ့ထည့်ပြီး ထိုးကော့တာဗျ။

 

ကျုပ် မကြာမကြာထိုးပေးရတာပေါ့ဗျာ။ လုံခွဲတဲ့အချိန်ကျရင်

တော့ ဆရာတော်က သူကိုယ်တိုင်ခွဲတာဗျ။ ကျုပ်လည်း မကြည့်ရဘူး။

 

“တာတေ ဒီပညာနဲ့ ငါ့ကိုယ်ကျိုး မသုံး

မစွဲပါဘူးကွာ၊ မရှိဆင်းရဲသားအတွက်ငါလုပ်တာပါ”

 

ဟုတ်တော့ဟုတ်သားဗျ၊ ကျုပ်တို့ရွာမှာ

ကျောင်းမနေနိုင်တဲ့သူတွေကို ဆရာတော်

က တားပေးတယ်။ ကုန်ကုန်ပြောရရင်

ကောလိပ်တွေ ဘာတွေအထိ ဆရာတော်က ထောက်ပံ့ပြီး

ထားပေးတာဗျ။

 

ကျုပ်ဆရာတော် ရွှေဖြစ်တယ်ဆိုတာ

ရွာထဲကလူတွေ တီးတိုပြောလို့ ကျုပ်

ကြားဖူးပါတယ်၊ ဟုတ်,မဟုတ်ဆိုတာ

တော့ ကျုပ်သေသေချာချာ မသိဘူးပါဘူးဗျာ။

 

ဒါပေမဲ့ အဲဒီပညာကို ဆရာတော်က သင်ပေးတယ်ဆိုတာ

တော့ မကြားမိပါဘူးဗျာ၊ ကျုပ်ကိုလည်း တစ်ခါမှ လုပ်ပြတာမျိုး မရှိပါဘူး။ လုံခွဲကာနီးပြီဆိုရင်…

 

“ထားခဲ့တော့ တာတေ၊ ရပြီ၊ ရပြီ”

 

လို့ပြောပြီး ကျုပ်ကို ပြန်လွှတ်ပြီးမှ

ဆရာတော်တစ်ပါးတည်း ခွဲတာဗျ။

ဘယ်သူမှ ကြည့်ရတာ မဟုတ်ဘူး။

ကျုပ်ရော ကျုပ်တို့ရွာသားတွေရောလွှတ်စည်းရှိတာဗျ။

 

ကျုပ်တို့ဆရာတော်က မမေးစေချင်ရင် ဘယ်သူမှ

မကြည့်ကြပါဘူးဗျာ။ ဒီနေ့လည်း ဆရာတော် ခေါ်ခိုင်းလို့ လိုက်သွားပြီးဖိုဆွဲပေးရတယ်။

 

တစ်လုံးကို မီးသွေးငါးအုပ်လောက်နဲ့

သုံးလုံထိုးပေးခဲ့ရတယ်။ မီးကတော့

မီးပြင်းဗျ။ ဆရာတော် ပြောတာတော့

ဒုဟတေဇော ဆိုပဲ။ ကျုပ်ကတော့

ဒါတွေ ဘယ်သိမှာတုံး။ဆရာတော်က

 

“ဟဲ့ တာတေ၊ ပြင်းပြင်းဆွဲ၊ မနားနဲ့”

 

လို့ပြောရင် မနားတမ်း ခပ်ပြင်းပြင်း

ဆွဲတာပေါ့ဗျာ။

 

“ရှူး၊ ရှူး၊ ရှူး၊ ရှူး”

 

ဆိုတဲ့ ဖားဖိုကြီး မြည်တဲ့အသံကို ပြတ်

မသွားအောင် ထိုးတာဗျ။မီးထဲက လုံ

ကို ရဲရဲတောက်တောက်နေတော့တာ

ပေါ့ဗျာ။ ဆရာတော့်ကျောင်းကနေ

အိမ်ပြန်ရောက်တော့ အမေတည်ထား

တဲ့ ရေနွေးကြမ်းပူပူကလေးနဲ့ ထန်း

လျက်ခဲလေးစားရင်း ချွေးတိတ်အောင်

နားလို့ပေါ့ဗျာ။ မိုးလေးက ဖွဲဖွဲကလေး

မိုးတွင်းလေဗျာ။ကျုပ်တို့အညာမိုးတွင်း

ဆိုတာက အောက်ပြည်လို အုန်းအုန်း

ဒိုင်းဒိုင်း ရွာတာမဟုတ်ဘူးဗျ။ခပ်ဖွဲဖွဲပဲ

ရွာတာ။ နေရတာတော့ အိုက်စပ်စပ်

ကြီးပေါ့ဗျာ။

 

“တာတေ၊ ရေလေးဘာလေး ချိုးဦး

မလား၊ ချိုးမှာဆိုလည်း ချိုးဟဲ့၊ ပြီးရင်

ထမင်းစားဖို့၊ ဒီမှာ နင့်အဘက ဗိုက်

ဆာနေလို့တဲ့”

 

“အမေ ဘာဟင်းကောင်းများ ချက်လို့တုံး”

 

“ဝက်သားပုန်းရည်ကြီးချက်လေ”

 

“ဟင် ဟုတ်လား၊ အမေ ဝက်သား

ဘယ်ကရလို့တုံး”

 

“မြောက်ပိုင်းက ထွန်းပွင့် လာပို့တာနဲ့

ယူထားလိုက်တာ”

 

ဟင်းက ကျုပ်အကြိုက်ကိုဗျ၊ ဝက်သားနဲ့

ပုန်းရည်ကြီးဆိုကတည်းက ကျုပ်က ဗိုက်

ဆာသွားတာဗျို့။

 

“မချိုးတော့ဘူးဗျ အမေရ၊ ဆရာတော့်ကို

ဖိုဆွဲပေးခဲ့တာ၊ မီးနားကပ်လာတော့ ချက်

ချင်းချိုးလို့ မကောင်းဘူး”

 

“အေး ဒါဆိုလည်း စားပွဲခုံခင်းတော့

ထမင်းခူးမယ် ”

 

ကျုပ်ဖြင့် ထမင်းဝိုင်းမှာဆာဆာနဲ့ ကြိုက်

လိုက်တာ နည်းပါဘူးဗျာ။ အဘကလည်း

ကျုပ်လိုပဲ ဝက်သားနဲ့ ပုန်းရည်ကြီးလွှတ်

ကြိုက်တာဗျ။ အဘလည်း တော်တော်

စားသား။ ထမင်းစားပြီးတော့ နဂါးဆေး

ပေါ့လိပ်ကလေး မီးညှိလေး လေးငါးဖွာ

ဖွာလိုက်တော့ မျက်စိကစဉ်းလာရောဗျာ။

အိမ်ရှေ့ဖိနပ်ချွတ်မှာ ချွတ်ထားတဲ့ တန်း

လျားရှည်လေးမှာ ဝါးပိုးချမ်းလေး ခေါင်း

အုံးပြီး ကျုပ်မှေးလိုက်တယ်။ ကျုပ်ဖြင့်

မှေးကနဲ အိပ်ပျော်ရုံ ရှိသေးသဗျ။

 

“တာတေရေ၊ တာတေ”

 

ကျုပ်လန့်နိုးသွားတယ်၊ ခေါင်းထောင်ပြီး

ဝိုင်းဝကို ကြည့်လိုက်တော့ ငွေတွင်းကုန်း

က ကိုအောင်ဘကျော်ဗျ။လူကမည်းမည်း

တုတ်တုတ်ကြီး။ သူ့ကို ငွေတွင်းကုန်းသား

တွေက မောင်ဗလကျော်လို့ ခေါ်ကြတာ။

ဖျင်ကြမ်းအင်္ကျီအဖြူလက်တိုဝတ်လို့၊

ခေါင်းမှာက ထန်းဖတ်ခမောက်တစ်လုံး

ဆောင်းတယ်။လက်မှာတော့ နွားနှင်တံ

တုတ်ကို ကိုင်ထားတယ်ဗျ။

 

ကိုအောင်ဘကျော်နဲ့ ကျုပ်နဲ့ သိပေမဲ့

အခုလို အ်ိမ်တွေ ဘာတွေ တစ်ခါမှ

မလာဖူးပါဘူး။ ကိုအောင်ဘကျော်က

ကျုပ်ထက်တော့ ငါးနှစ်ခြောက်နှစ်

လောက် ကြီးတယ်ဗျ။ပြီးတော့ ဒီလူက

လူပျိုဗျ။ အိမ်ထောင်ရက်သား ရှိတာ

မဟုတ်ဘူး။ ငွေတွင်းကုန်းမှာ ကို

အောင်ဘကျော်က ကာလသား

ခေါင်းလေဗျာ။ ကျုပ်တို့ အညာခေါ်

တော့ မြောက်ခေါင်း ခေါ်တာပေါ့ဗျာ။

ငွေတွင်းကုန်းရောက်ရင် မြောက်ခေါင်း

အောင်ဘကျော်လို့ မေးရင် လူတိုင်း

သိသပေါ့ဗျာ။

 

“ဟာ ကိုအောင်ဘကျော်ကြီး လာဗျို့၊

လာ”

 

ကျုပ် လှမ်းခေါ်လိုက်တော့ ဝိုင်းထဲကို

ခေါင်းကြီးငိုက်ငိုက်နဲ့ ဝင်လာတာဗျ။ ကို

အောင်ဘကျော် အိမ်ပေါ်ရောက်တာနဲ့

ကျုပ်က…

 

“လာဗျ၊ ကိုအောင်ဘကျော်ကြီး၊ထိုင်”

 

ပြောပြောဆိုဆိုနဲ့ ကျုပ်က ရေနွေးကြမ်း

ငှဲ့ပေးလိုက်တယ်။လက်ဖက်အစ်ကလေး

လည်း ရှေ့တိုးပေးပြီး နဂါးဆေးပေါ့လိပ်

တစ်လိပ် မီးညှိပြီး ကိုအောင်ဘကျော်ကို

ကမ်းပေးလိုက်တယ်။

 

“ကဲ ကိုအောင်ဘကျော် အကြမ်းသောက်

ဗျာ၊ လက်ဖက်လည်းစား၊ ဘယ်ကနေ

ရောက်လာတာတုံး၊ လက်ထဲမှာလည်း

နွားနှင်တံကြီးနဲ့ဆိုတော့ လှည်းပါလာ

တယ်ထင်တယ် ”

 

“မင်းဆီကို သက်သက်လာတာကွ

တာတေရ၊လှည်းပါတယ်၊ အရှေ့ပိုင်းက

ဘထွေးကြည်သောင်းတို့ဝိုင်းမှာ ဖြုတ်

ထားခဲ့တယ်၊ မင်းအိမ်တောင် မသိလို့

ဘထွေးကြည်သောင်းကို မေးပြီးလာ

ရတာ”

 

ပြောရင်းနဲ့ ကိုအောင်ဘကျော်ကြီးက

နဂါးဆေးပေါ့လိပ်ကလေး ဖွာနေတယ်။

 

“ကိုအောင်ဘကျော် လက်ဖက်လည်း

စားဗျာ၊ နို့ ထမင်းရော စားခဲ့ပြီလား၊

မစားရသေးရင် ဒီမှာစားဗျာ”

 

“ဟာ စားပြီးပြီ၊ စားပြီးပြီ၊ စားပြီးမှ

ထွက်လာတာကွ”

 

“နို့ ကိုအောင်ဘကျော် ကိစ္စအထူးများ

ရှိလို့လားဗျ”

 

ကျုပ်က မေးလိုက်တော့ ဆေးလိပ်မီးခိုး

ကို နှာခေါင်းထဲက မှုတ်ထုတ်ရင်း ပြောတယ်

 

“ကိစ္စမှ ထူးလိုက်ပါဘိ တာတေရာ”

 

“ဟင် ဘယ်လိုကိစ္စများတုံးဗျ”

 

“ငါတို့ငွေတွင်းကုန်းမှာ ကျားတစ်ကောင်

ရောက်နေလို့ကွ”

 

“ဘာ ကျား ဟုတ်လား ကိုကြီးဘကျော်”

 

“ဟုတ်ပ တာတေရာ၊ ကျားကွ၊

ကျားမှ အနက်ကြီးကွ”

 

“ဟာ ခင်ဗျားတို့ရွာထဲကို ဝင်ရောလား”

 

“မဝင်ဘူးကွ၊ ရွာပြင်ကပဲပတ်ပြီး သွားနေ

တာ၊ ကျားဟိန်းသံကြီးကတော့ ငတို့

ငွေတွင်းကုန်းတစ်ရွာလုံးကို လွှမ်းနေတာ

ကွ၊ ပြီးတော့ ညနက်သန်းခေါင်ကျော်မှ

ကျားက လာတာ၊ ခုထိတော့ ရွာထဲကို

မဝင်သေးဘူးကွ၊ ရွာခရိုးအပြင်ကပဲ

သွားနေတာ”

 

“ဘယ်လိုတုံးဗျာ ထူးဆန်းလှချည်လား၊

ကျုပ်တို့ဘက်တွေမှာ ဘယ်တုန်းက

ကျားရှိဖူးလို့တုံးဗျ၊ နို့ ကျားအနက်ဆို

တာကကော ဘယ့်နှယ်သိတာတုံး”

 

“ဟာ တာတေကလည်း ငါနဲ့ကာလသား

တွေ ညဘက်သစ်ပင်ကြီးတွေပေါ်ကနေ

တက်ပြီး ကြည့်တာလေကွာ၊ အနက်မှ

မှောင်နေအောင်ကို နက်တာကွ၊ အ

ကောင်ကလည်း နည်းနည်းနောနောကြီး

မဟုတ်ဘူးကွ၊ ငါစိတ်ထင်တော့ ကိုး

တောင်ကျားမကဘူးထင်တယ်၊ ဆယ့်

နှစ်တောင်လောက်များ ရှိနေမလားပဲကွ”

 

ကျုပ်က ကိုအောင်ဘကျော် ပြောတာကို

နားထောင်ရင်း တွေးနေမိတာဗျ

 

“ကိုအောင်ဘကျော်၊ ကျုပ်တော့ ကျားနက်

ရှိမှန်းတောင် မသိဘူးဗျ၊ ကျုပ်ကြားဖူးတာ

ကျားသစ်နက်ပဲ ကြားဖူးတာ”

 

“ဟာ ကျားသစ် မဟုတ်ဘူး တာတေ၊

ကျားမှ ကျားအစစ်ကွ၊ဟိန်းလိုက်တာမှ

ဝုန်းကနဲ၊ ဝုန်းကနဲ နေတာကွ၊ ညရောက်

ရင် ငါတို့ရွာသားတွေ တံခါးတွေပိတ်ပြီး

အိမ်ထဲမှာ ငြိမ်နေကြတာ။ ရွာလမ်းထဲမှာ လူကိုမရှိတော့တာကွ၊ ခွေးတွေဆိုတာ

လည်း အမြီးတွေကုပ်ပြီး ငြိမ်နေလိုက်ကြ

တာကွ၊ တင်းကုပ်ထဲက နွားတွေဆိုတာ

လှုပ်တောင် မလှုပ်ရဲ့ဘူးကွ၊ နှာမှုတ်သံ

တွေ တဖူးဖူးပဲ ကြားရတယ်”

 

“ကျုပ် ကြားဖူးတာတော့ ဘင်္ဂလားကျား

ဆိုတာတွေက ကိုးတောင်ဆယ်တောင်

ရှိဆိုပဲဗျ။ အခု ကိုဘကျော် ပြောသလို

ဆိုရင် ဘင်္ဂလားကျားကြီးလားမှ မသိ

တာ၊ တောထဲတောင်ထဲသွားရင်း နယ်

ကျွံလာတာ ဖြစ်မှာပေါ့ဗျာ”

 

“ဟာ နယ်ကျွံလာရင်လည်း တခြားကို

သွားရောပေါ့ကွ၊ အခုဟာက ညတိုင်း

သန်းခေါင်ကျော်ရင် ရောက်လာပြီး

တဝုန်းဝုန်းနဲ့ ဟိန်းပြီး ရွာကို တစ်ပတ်

ပြီး တစ်ပတ် ပတ်နေတာကွ”

 

“နို့ အခုဆိုရင် ဘယ်နှယ်ည ရှိပြီတုံး”

 

“ညကနဲ့ပါဆိုရင် လေးညတောင်

ရှိပြီကွ”

 

“ဟင် လေးညတောင် ရှိပြီဟုတ်လား၊

ဒါဆိုရင်တော့ ခရီးလွန်လာတဲ့ကျား

ဟုတ်ဟန်မတူဘူးဗျ”

 

ကျုပ်လည်း တွေးနေမိတာပေါ့ဗျာ။

 

“နေဦး တာတေရ၊ ထူးခြားတာတစ်ခု

လည်း မင်းကို ပြောရဦးမယ်”

 

“ဟင် ဘာတုံး ကိုအောင်ဘကျော်”

 

“ငါတို့ ငွေတွင်းကုန်းက သင်္ချိုင်းကုန်း

ဇရပ်ထဲမှာ လူတစ်ယောက် ရောက်နေ

တယ်ကွ၊ နှုတ်ခမ်းမွေးကားကားကြီးနဲ့၊

သျှောင်တစောင်းကြီး ထုံးလို့ကွ၊ လွယ်

အိတ်စုတ်ကြီးတစ်လုံးလည်း လွယ်ထား

သေးတယ်၊ ရွာက နွားကျောင်းတဲ့ ကောင်

လေးတွေပြောလို့ ငါ မယောင်မလည်နဲ့

သွားကြည့်တာ၊ အဲဒီလူ ရွာသင်္ချိုင်းက

ဇရပ်ကို ရောက်လာပြီး နောက်နေ့မှာ

ပဲ ဒီကျားကိစ္စပေါ်လာတာကွ”

 

“ရွာထဲမှာကော ဘာထူးခြားမှု ရှိတုံးဗျ”

 

ကိုအောင်ဘကျော်က မျက်မှောင်ကြီး

ကြုတ်ပြီး ပြောတယ်။

 

“ရွာထဲမှာတော့ ဘာမှမထူးခြားဘူးကွ

တာတေရ”

 

“နို့ ကိုအောင်ဘကျော် ကျုပ်ဆီကို

လာတာ ဒီကိစ္စ ပြောပြချင်လို့လား”

 

“ဟာ ပြောချင်လို့ မဟုတ်ဘူးကွ၊ မင်းကို

ခေါ်ချင်လို့ ငွေတွင်းကုန်းက လူငယ်တွေ

အားလုံးက မင်းကို သွားခေါ်ပေးပါဆိုလို့

ငါ လာခဲ့တာကြ”

 

” အင်း ခက်တော့ ခက်သားလား

ကိုအောင်ဘကျော်ရဲ့ ကျုပ်ကလည်း

ဆရာ မဟုတ်ဘူးလေဗျာ၊ သရဲလေး၊

တစ္ဆေလေးကိစ္စလောက်သာ လုပ်ဖူး

တာဗျ၊ အခုလို ကျားနက်တွေ ဘာ

တွေကျတော့ ကျုပ်လည်း နားမလည်

ဘူး ကိုအောင်ဘကျော်ရဲ့”

 

“တာတေရာ၊ မင်းက ဆရာ မဟုတ်

ပေမဲ့ ဆရာတွေနဲ့ သွားဖူး လာဖူးတဲ့

သူလေကွာ၊ မင်း လာပြီး အကဲလေး

ဘာလေ ခတ်ကြည့်ပါကွာ၊ ငါတို့က

တော့ ကြောက်တာပဲ သိတာကွ၊ ဘာ

မှနားမလည်တာ မဟုတ်ဘူး”

 

ကျုပ် တွေပြီးစဉ်းစားနေတယ်။ဒါ ဘာ

ဖြစ်နိုင်သလဲဆိုတာ ကျားနက်ကြီး။ည

သန်းခေါင်ကျော်ရင် ပုံမှန်ရောက်လာ

ပြီး ရွာကို ပတ်ပြီး တဝုန်းဝုန်းနဲ့ ဟိန်း

နေတာ။ ကျားက ဆယ့်နှစ်တောင်

လောက်တောင် ရှိမယ်ဆိုပဲ။တွေးသာ

တွေးရတာပါဗျာ။ ဒါမျိုး ကျုပ် တစ်ခါမှ

ကြားဖူးတာ မဟုတ်ဘူးဗျ။ ရွာပြင်သု

သာန်ထဲက သျှောင်ထုံးနဲ့နှုတ်ခမ်းမွေး

ကားကားကြီးနဲ့ ဒီလူ ရောက်မှ ဒီကျား

ရောက်လာဆိုတော့ ဒီလူကရောဘာတုံး။

ကျားနက်ကြီးနဲ့ ဒီလူနဲ့က ဘယ်လိုပတ်

သက်နေတုံး။ဘယ်လိုပဲတွေးတွေး အ

ဖြေကတော့ မပေါ်ဘူးဗျ။

 

ဘာပဲဖြစ်ဖြစ် ငွေတွင်းကုန်းကို လိုက်သွား

မယ်လို့ ဆုံးဖြတ်လိုက်တယ်။အမေနဲ့အဘ

ကို အကျိုးအကြောင်းပြောပြီးအဝတ်အပို

တစ်စုံယူတယ်။ ပြီးတော့ ကျုပ်ရဲ့ဆေးလွယ်

အိတ်၊ သစ်စုန်းဆေးတော်၊ မျက်ကွင်းဆေး

ဘာမှမကျန်အောင် ကျုပ် ယူလာခဲ့တယ်။

 

ထနောင်းကုန်းကနေ နာရီပြန် နှစ်ချက်

တီးလောက်ထွက်ခဲ့တယ်။ ကိုအောင်ဘ

ကျော်က ကျုပ်တို့နယ်တကြောမှာ လှည်း

မောင်းချန်ပီယံဗျ။ လှည်းမောင်းပြိုင်ပွဲမှာ

မကြာမကြာဆုရတဲ့လူ။ ခုမှပဲ ကိုအောင်

ဘကျော်မောင်းတဲ့လှည်းကို ကျုပ်က စီး

ဖူးတာဗျ။လှည်းမောင်းတဲ့ နေရာမှာတော့

လွှတ်တော်တဲ့လူပါဗျ။ နွားငေါက်သံတောင်

သိပ်မကြားရဘူး။ ပြေးလိုက်တဲ့ နွားတွေ

ဗျာ။ သူ့နွားကြီးတွေကလည်း တကယ့်

နွားကောင်းတွေဗျာ။ နွားဖီးကြီးတွေဗျာ။

အဖြူတစ်ကောင်၊ အနီတစ်ကောင်ဗျ။

ညနေ ငါးနာရီလောက်ကျတော့ ငွေ

တွင်းကုန်းသင်္ချိုင်းကို ရောက်ပြီဗျ။

 

“တာတေ ငါ ဇရပ်နားက ဖြတ်မောင်း

ရမှာ၊ ဇရပ်ပေါ်က ဟိုလူကို မင်း မသိ

မသာ အကဲခတ်ကြည့်ကွ”

 

ကိုအောင်ဘကျော်က လှည်းကို သင်္ချိုင်း

ဇရပ်နဲ့ မနီးမဝေးက ဖြတ်မောင်းတယ်။

ကျုပ်က ဟိုကြည့်သလို၊ ဒီကြည့်သလိုနဲ့

သင်္ချိုင်းကုန်းထဲက ဇရပ်ပေါ်ကို ကြည့်

တယ်။ ဟော တွေ့ပြီ။ တွေ့ပြီ။ သျှောင်

တစ်စောင်းနဲ့၊ နှုတ်ခမ်းမွေးကားကားကြီး

ဗျ။ တစ်ခုခုကို တွေးနေတာဗျို့။ ကျုပ်

ကြည့်နေတာတောင် ဒီလူ မသိဘူး။

ကျုပ်တို့ သင်္ချိုင်းဇရပ်ကို ကျော်လာ

တော့မှ ကိုအောင်ဘကျော်က

ကျုပ်ကို မေးတယ်။

 

“ဘယ်လိုလဲ တာတေ၊ ဒီလူပုံစံက

မရိုးဘူး ထင်တယ်နော်”

 

“ဟုတ်တယ်ဗျ၊ ကိုအောင်ဘကျော်ရဲ့၊

ကျုပ်အတွေ့အကြုံအရ ပြောရရင်တော့

ဒီလူဟာ ကဝေလား၊ အောက်လမ်းလား

ပဲဗျ၊ ခင်ဗျားပြောတဲ့ ကျားနက်ကြီးနဲ့

ဒီလူနဲ့ဟာ တစ်နည်းနည်းတော့ ပတ်

သက်မှုရှိမှာ အမှန်ပဲဗျ”

 

“ဒီလူ ရောက်လာပြီးမှ ဒီကျားနက်ကြီး

ပေါ်လာတာကွ၊ ညတိုင်း ရွာကိုပတ်ပြီး

ဟိန်းနေတာ၊ ညရောက်ရင် မင်း တွေ့

ရမွာပါကြာ”

 

“ခင်ဗျားကျား ဒီည လာပါစေလို့ပဲ

ဆုတောင်းရတော့မှာပဲဗျာ”

 

“ဟာ လာမှာပေါ့ တာတေရဲ့၊ ညတိုင်း

လာနေတာ၊ လေးညဆက်တိုက် ရှိနေ

ပြီပဲကွ”

 

မိုးမချုပ်ခင် ကျုပ်တို့ရွာထဲ ရောက်ခဲ့

တယ်၊ရွာထဲက ကာလသားတွေက

ဝမ်းသာအားရနဲ့ ကျုပ်ကိုကြိုဆိုကြ

ပါရောလားဗျာ။

 

“ဟာ တာတေ ပါလာပြီဟေ့”

 

တစ်ယောက်က အော်ပြောလိုက်တာနဲ့

တစ်ယောက်ပြီး တစ်ယောက် ရောက်

လာတာဗျ။ ကျုပ်နဲ့ ကိုအောင်ဘကျော်

လည်း ကာလသား ဆယ့်လေးငါး

ယောက်နဲ့ အတူသွားရတော့တာပေါ့

ဗျာ။ ကိုအောင်ဘကျော်တို့ ဝိုင်းကြီး

က ကျယ်သားဗျ။မကျည်းပင်၊ တမာ

ပင်တွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်းလေးဗျ။

ကျုပ်တို့အားလုံးကျွန်းလှေကားကြီး

ကနေ အိမ်ကြီးပေါ်ကို တက်ခဲ့တယ်။

 

“ဟေ့ လာဟေ့၊ မောင်တာတေ၊

ငါတို့လည်း မင်းကို တွေ့ချင်လို့

စောင့်နေတာကွ”

 

ငွေတွင်းကုန်းက လူကြီးတွေ လေးငါး

ယောက် ကျုပ်ကိုထိုင်ပြီး စောင့်နေကြ

တာဗျ။ ဒီထဲမှာ ကိုအောင်ဘကျော်ရဲ့

အဘလည်း ပါမယ်ဗျ။ ကျုပ်က သူ့

အဘကို မြင်ဖူးတာ မဟုတ်ဘူး။

 

“လာ တာတေ၊ ထိုင်ကွ၊ ဟောဒါ ငါ့

အဘ ဦးစိန်ဖြူ၊ ဟောဒါက ငါ့အမေ

ဒေါ်လုံးကြည်”

 

ကျုပ်က ပြုံးပြီး နှုတ်ဆက်ရတယ်

 

“ဟောဒီဘက် ဘိုးမောင်ဖြူ၊ ဒါက

ဘိုးထွန်းကြည်၊ ဒါက ဘိုးအောင်ရင်၊

ဒါက ဘိုးစိန္ခိုကြ”

 

ကျုပ်က အားလုံးကို ပြုံးပြီးနှုတ်ဆက်

ရတာပေါ့ဗျာ။

 

“တာတေ ရော့၊ မင်းက နဂါးပဲ

သောက်တာ”

 

ဆိုပြီး ကိုအောင်ဘကျော်က ကျုပ်ကို

နဂါးဆေးပေါ့လိပ် တစ်လိပ်နဲ့ ဓနုဖြူ

ဒေါ်ရီ မီးခတ် ကမ်းပေးတယ်။ ကျုပ်

လည်း မီးခတ် ခတ်လိုက်ပြီးဆေးလိပ် ဖွာလိုက်တယ်။နဂါးဆေးပေါ့လိပ်က

လေး ဖွာလိုက်ရမှာ အမောပြေသွား

တာဗျို့။

 

“အကျိုးအကြောင်းတွေတော့ မောင်

တာတေ သိပြီးရောပေါ့၊ ဘယ်လိုအ

ကြောင်းဆိုတာ မောင်တာတေ တွေး

လို့များ ရလားကွဲ့”

 

ကိုအောင်ဘကျော်ရဲ့အဘ ဦးစိန်ဖြူ

က ကျုပ်ကို မေးတယ်။

 

“ကျုပ်လည်း ဒီကိစ္စကို တစ်လမ်းလုံး

တွေးလာတာပဲဘိုးရဲ့၊ ကျုပ်ဆရာကြီး

နှစ်ယောက်နဲ့ လိုက်ခဲ့တုန်းကတော့

တစ်ခါမြင်ခဲ့ဖူးတယ်ဗျ”

 

“ဟေ ဘာများတုံး မောင်တာတေရဲ့”

 

“နာနာရုပ်အတတ်ဆိုတာ ရှိတယ်

ဘိုးရဲ့၊ ရုပ်ပြောင်းရုပ်လွဲ အတတ်ပေါ့ဗျာ၊

လူကနေ ကျားအသွင်ပြောင်းတာဗျ”

 

“ဟာ ဒါမျိုးရှိသလား မောင်တာတေရဲ့”

 

“ရှိတယ် ဘိုး၊ ကျုပ်ရှေ့မှာတင်

မြင်ခဲ့ရတာတွေပါ”

 

“သမန်းကျားဆိုတာမျိုးထင်တယ်”

 

ကာလသားတစ်ယောက်က ဝင်ပြော

တာဗ်

 

“အေး ဟုတ်နိုင်တယ်ကွ၊ မင်းပြောတာ”

 

ကျုပ်က ချက်ချင်းပြန်ပြောလိုက်တယ်

 

“ဒါဆိုရင် သင်္ချိုင်းဇရပ်ပေါ်က လူများ

ရုပ်ပြောင်း ရုပ်လွဲလုပ်ပြီး ရွာကို ခြောက်

လှန့်နေတာများလား ဘိုးရယ်”

 

နောက်ကာလသားတစ်ယောက်က

ဝင်ပြောတာဗျ။ ငွေတွင်းကုန်းသားတွေ

မဆိုးဘူးဗျာ။ တွေးတတ် ခေါ်တတ်သား

ပဲ။ ကျုပ်လည်း လာတဲ့လမ်းမှာ ဒါတွေ

တွေးလာခဲ့တာလေဗျာ။

 

“ဖြစ်နိုင်တာတွေတော့ ရှိတာပေါ့ ဘိုး

ရာ၊ ဒါပေမဲ့ အတွေးနဲ့ ဆုံးဖြတ်လို့တော့

မဖြစ်ဘူးဗျ။ သေချာအောင် ဒီည သွား

ကြည့်ရလိမ့်မယ်”

 

“ဗျာ သွားကြည့်မယ် ဟုတ်လား”

 

ကာလသားတွေ လန့်ပြီး အော်ကြတယ်ဗျ

 

“ဟုတ်တယ်၊ သွားကြည့်ရမှာ၊ ကိုအောင်

ဘကျော် ကျုပ်နဲ့ တစ်ယောက်လောက်

အဖော်လိုက်ခဲ့မလား”

 

“ဟာ တာတေကလည်း ငါလိုက်မှာပေါ့ကွ”

 

ကာလသားတွေကတော့ ငြိမ်နေတာဗျ။

ဘာမှကို မပြောကြဘူး။ ကျုပ်တို့ထမင်း

စားပြီးတော့ ည ၇ နာရီထိုးပြီ။ ၉နာရီထိုး

တာနဲ့ ကျုပ်နဲ့ ကိုအောင်ဘကျော် ရွာပြင်

ကို ထွက်လာခဲ့တယ်။ လကွယ်ရက် နီး

နေပြီဆိုတော့ လရောင်တော့ မရှိဘူးဗျ။

 

ကြယ်ရောင်ပဲရှိတယ်။ ကျုပ်တို့နှစ်

ယောက်သစ်ပင်တွေ ခြုံပုတ်တွေနောက်

မှ ပုန်းရင်းသင်္ချိုင်းကုန်းကို တဖြည်းဖြည်း

ကပ်လာခဲ့တယ်။ ကျုပ်က သင်္ချိုင်းအနေ

အထားကို အကဲခတ်ကြည့်လိုက်တယ်။

သင်္ချိုင်းဇရပ်ထဲက လူကတော့ ဆေးပေါ့

လိပ်ကလေးမီးတရဲရဲနဲ့ဗျ။ ကျုပ်တို့ဘက်

ကို ကျောခိုင်းထားတယ်။ ကျုပ်က ကို

အောင်ဘကျော်ကို လက်ကုတ်ပြီး မြရာ

ပင်တွေအရှည်ကြီးပေါက်နေတဲ့ဘက်က

အုတ်ဂူကြီး တစ်လုံးကို လက်ညှိုးထိုးပြီး

ပြလိုက်တယ်။ ကိုအောင်ဘကျော်နဲ့ ကျုပ်

နဲ့ အုတ်ဂူကြီးပေါ်ကို တက်ထိုင်လိုက်တယ်။ မြရာပင်တွေကြားမှာ ကျုပ်တို့နှစ်ယောက်

ပျောက်သွားတယ်။

 

သင်္ချိုင်းဇရပ်ဘက်ကနေ လှမ်းကြည့်ရင်

ကျုပ်တို့ကို ဘယ်သူကမှ မမြင်နိုင်ဘူးဗျ။

 

သန်းခေါင်ကြက်တွန်သံ ရွာဘက်က

ကြားလိုက်ရတယ်။

 

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

 

ဟာ ကျားဟိန်းသံကြီးဗျာ။ တကယ်ကို

ကြောက်စရာကြီးပါလား၊ ဒါကြောင့်လည်း

ငွေတွင်းကုန်းသားတွေ ကြောက်ကြတာ

ပေါ့လေ။ ရှင်းသွားပြီပေါ့ဗျာ။ ကျုပ်ထင်

ထားသလို မဟုတ်ဘူးဆိုတာလေ။ဇရပ်

ပေါ်ကလူ ရုပ်ပြောင်းရုပ်လွဲလုပ်ပြီး ကျား

အသွင် ဖန်တီးထားတာတော့ လုံးဝမ

ဟုတ်ဘူးဗျ။ ဟိုလူက ဇရပ်ပေါ်မှာပဲ

ဆေးလိပ်ထိုင်ဖွာနေတာဗျို့။

 

“ကိုအောင်ဘကျော်၊ ကျားက ဘယ်

ဘက်က စဟိန်းတာတုံးဗျ”

 

“အဲဒါ ရွာအရှေ့ဘက် ရွာဦးနတ်စင်က

ဟိန်းတာကွ၊ ညတိုင်း အဲဒီဘက်ကပဲ

စဟိန်းတာ”

 

“သြော် အဲဒါ နတ်စင်လား”

 

“အေး ဟုတ်တယ်၊ဘာဖြစ်လို့တုံး

တာတေရ”

 

ဟော ဟိုလူထလာပြီဗျို့။ကိုအောင်ဘ

ကျော် မေးတာကိုတောင် ကျုပ် ပြန်မ

ဖြေရသေးဘူးဗျ။ ကိုအောင်ဘကျော်

လည်း ကျုပ်ကို ဆက်မမေးတော့ဘဲ

ဇရပ်ပေါ်က လူကို မျက်တောင်မခတ်

ကြည့်နေတော့တာပေါ့ဗျာ။

 

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

 

ဟော ကျားဟိန်းသံကြီးက တဖြည်း

့ဖြည်းနဲ့ နီးလာပြီဗျ။

 

“တာ၊ တာ၊ တာတေ ဖြစ်၊ ဖြစ်ပါ့မလားကွ”

 

ကိုအောင်ဘကျော်က အသံတုန်တုန်ကြီးနဲ့

ကျုပ်ကို မေးတယ်။

 

“ဟာ ဖြစ်ပါတယ်၊ ကိုအောင်ဘကျော်ရဲ့၊

ကျုပ်လွယ်အိတ်မှာလည်း ဆေးဝါးအစုံ

ပါပါတယ်ဗျ၊ မကြောက်ပါနဲ့ ”

 

ပြောသာ ပြောတာဗျ၊ ကျုပ်လည်း ကြက်

သီးတွေ ထနေတာပဲ။ ဟာ ကျားနက်ကြီး

ဗျို့။ နည်းတဲ့အကောင်ကြီးမှ မဟုတ်တာ

ဗျာ။ ကိုအောင်ဘကျော် ပြောတာ ဟုတ်

တာပေါ့ဗျာ။ ဆယ့်နှစ်တောင်ကို ရှာမှာဗျ။

ကြယ်ရောင်အောက်မှာ မြင်ရတာဗျို့။ခါး

ကြီး နွဲ့နွဲ့နဲ့နဲ့ လျှောက်လာတာဗျ။ မျက်

လုံးနှစ်လုံးဆိုတာ မှောင်ထဲမှာကို နီရဲပြီး

တောက်နေတာဗျို့။ ဟော ကျားက ဟို

လူဆီကို တန်းသွားတာဗျ။ အောင်မယ်

ဒီလူက ဆယ့်နှစ်တောင် ကျားကြီးကို

လက်နဲ့ သပ်နေတာဗျို့။

 

“ငါ့သား၊ ကိစ္စတွေ ပြီးတော့မှာပါကွာ၊

မနက်ဖြန်ည လကွယ်ညပဲကွ၊ မနက်

ဖြန်ညရောက်ရင်သာ ဟိုကောင်မကို

ချီပြီးဂူကြီးကို အရောက်သွားပေတော့၊

ဆရာလည်း မင်းနောက်က ထပ်ချပ်မ

ကွာလိုက်ခဲ့မှာပါ၊ ဒါပေမဲ့ မင်းက ကျား၊

ငါက လူဆိုတော့ တောထဲ တောင်ထဲ

သွားတဲ့အခါ မင်းကို မှီအောင်တော့

လိုက်နိုင်မှာ မဟုတ်ဘူးပေါ့ကွာ”

 

ဟာ ကျားနက်ကြီးက ဒီလူ့ခြေထောက်

ကို ခေါင်းနဲ့ခွေ့နေတယ်ဗျို့။ဘယ်လို

ဖြစ်လို့ ဒီလူ ဒီကျားကို ဒီလောက်ပိုင်နေ

တာပါလိမ့်။ ပြီးတော့ ကျားက ညသန်း

ခေါင်မှ ပေါ်လာတာလေဗျာ။ တစ်နေ့

လုံး ဒီကျား ဘယ်မှာ သွားနေတာတုံး။

ရွာကလူတွေ အလုပ်သွားလုပ်နေကြ

တာ။ တစ်ယောက်ယောက်တော့ ဒီ

ကျားနက်ကြီးကို မြင်ရမှာပေါ့ဗျာ။

 

ဟော ဟိုလူ ကျားကြီးကို ဘာပြောလိုက်

တယ် မသိဘူးဗျ။ ကျားနက်ကြီးက ချာ

ကနဲ လှည့်ထွက်ပြီး ရွာဘက်ကို ပြန်

သွားပြီး ဟိန်းပြန်ရောဗျို့။

 

” ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

 

ကိုအောင်ဘကျော်နဲ့ ကျုပ်လည်း တုတ်

တုတ်မှကို မလှုပ်ရဲကြဘူးပေါ့ဗျာ။ အခု

နေ ရွာပြန်သွားရင်လည်း ကျားနက်ကြီး

နဲ့ ပက်ပင်းတိုးနဲ့ သေချာတာပေါ့ဗျာ။

ကျုပ်တို့နှစ်ယောက်လည်း ဂူကြီးပေါ်

မှာ လှဲအိပ်ရင်း ကျားဟိန်းသံကြီးကို

နားစွင့်ရတာပေါ့ဗျာ။

 

မနက် အရုဏ်တက်လောက်ကျတော့

ကျားဟိန်းသံကြီးပျောက်သွားတယ်ဗျ။

ဇရပ်ထဲကို လှမ်းကြည့်လိုက်တော့ ဟို

လူလည်း အိပ်နေသဗျ။ ကျုပ်နဲ့ ကို

အောင်ဘကျော်လည်း လာတုန်းက

အတိုင်း ခြုံတွေကြားကနေ ပြန်ထွက်

ပြီး ရွာကို ပြန်ခဲ့ရတာပေါ့ဗျာ။

 

ဒါပေမဲ့ ကျုပ်စိတ်ထဲမှာတော့ ‘မနက်

ဖြန်ညရောက်ရင်သာ ဟိုကောင်မကို

ချီပြီး ဂူကြီးထဲကို ရောက်အောင် သွား

ပေတော့’ဆိုတဲ့ ဇရပ်ပေါ်ကလူ ကျား

နက်ကြီးကို ပြောလိုက်တဲ့ စကားသံ

ကြီးကိုသာ ကြားနေတော့တာ။ ကို

အောင်ဘကျော်တို့ အိမ်ရောက်တော့

လည်း ဒါကိုပဲ တွေးနေမိတာဗျ။

 

ဒါပေမဲ့ ဘယ်ကောင်မကို ကျားက

ချီမယ်ဆိုတာ ကျုပ်လုံးဝမသိဘူးဗျို့။

ကျုပ်တို့ ကိုအောင်ဘကျော်တို့ အိမ်

ကို ပြန်ရောက်တော့ မိုးလင်းစပြုပြီဗျ။

ကိုအောင်ဘကျော်ရဲ့ အဖေနဲ့အမေ

ဖြစ်တဲ့ ဘိုးစိန်ဖြူနဲ့ အရီးလုံးကြည်

တို့နှစ်ယောက်က ကျုပ်တို့နှစ်ယောက်

ကို စိတ်ပူပြီး မျှော်နေကြတာဗျို့။

စိတ်ပူမယ်ဆိုလည်း ပူစရာပေါ့ဗျာ။

တစ်ညလုံး ကျားနက်ကြီးက ရွာကို

ပတ်ပြီး အသံနက်ကြီးနဲ့ ဟိန်းနေ

တာမို့လား။

 

“ဟဲ့ ဟိုမှာ အောင်ဘကျော်နဲ့

တာတေ ပြန်လာကြပြီ”

 

ဘိုးစိန်ဖြူက စပြီးဝမ်းသာအားရ ပြော

လိုက်တာဗျ။

 

“အောင်မယ်လေး တော်ပါသေးရဲ့ဟယ်၊

ငါတို့မှာ တစ်ညလုံး အိပ်မပျော်တာ၊ ကျား

ဟိန်းသံကြီး ကြားတိုင်း နင်တို့နှစ်ယောက်

ကို စိုးရိမ်နေတာ”

 

“ကျုပ်ထင်သလိုတော့ မဟုတ်ဘူး ဘိုးရဲ့”

 

“ဟင် ဘယ်လိုများတုံး မောင်တာတေရဲ့”

 

“သြော် ဒီလိုလေ ဘိုးရာ၊ ကျုပ်က ဇရပ်

ပေါ်ကလူဟာ ရုပ်ပြောင်းရုပ်လွဲပညာနဲ့

ကျားနက်ကြီးပုံစံပြောင်းပြီး ရွာကို ခြိမ်း

ခြောက်နေတယ်လို့ ထင်တာ။ ညက

တွေ့ရတော့မှပဲ ဒီလူ ကျားပုံပြောင်းတာ

မဟုတ်မှန်း သိတာဗျ။ ကျားနက်ကြီးက

သပ်သပ်လာတာဗျ။ ဒါပေမဲ့ အဲဒီကျား

က ဇရပ်ပေါ်က လူရဲ့ ကျားတော့ ဟုတ်

တယ်ဗျ၊ နည်းတဲ့အကောင်ကြီး မဟုတ်

ပါဘူးဗျာ။ ဆယ့်နှစ်တောင်တော့ အ

သာလေးရှိတယ် ဘိုးရ”

 

“ဟေ ကိုးတောင်ကျားတောင် ကြီးလှ

ပြီထင်နေတာ ဆယ့်နှစ်တောင်ကျား

ဆိုတော့ နည်းတဲ့အကောင်ကြီးမှ မ

ဟုတ်တာ”

 

ကိုအောင်ဘကျော်ရဲ့အဖေက ပြောတာဗျ

 

“ဒါထက် ဘိုးရဲ့၊ ညက ရွာထဲမှာရော

ဘာများထူးတုံးဗျ”

 

“ဟေ ထူးလိုက်တာမှ မောင်တာတေရယ်၊

အရီးတို့ ဝိုင်းတောင်ဘက် နှစ်ဝိုင်းကျော်

က အောင်ဖြူဆိုတဲ့ ကလေးမလေး ည

တစ်ချက်တီးလောက်ကြီးမှာ ထအော်

လို့ပါလား”

 

” ဟင် ဘယ်လိုအော်လို့တုံး အမေရဲ့”

 

ကိုအောင်ဘကျော်က အလန့်တကြား

မေးလိုက်တာဗျ။

 

“လာပါပြီရှင် ၊ လာပါပြီ၊ ဆိုပြီးတော့

အိမ်ထဲကနေ အပြင်ကို ပြေးထွက်မယ်

ချည်း လုပ်လို့ သူတို့အိမ်သားတွေမှာ

ဝိုင်းပြီးဆွဲထားလိုက်ရတာဟယ် မပြော

ပါနဲ့တော့ ”

 

“ဟင် ဘယ်လိုဖြစ်လို့တုံးဗျ”

 

ကိုအောင်ဘကျော်က မျက်မှောင်ကြီးကြုတ်

ပြီး မေးတာဗျ။ ကျုပ်လည်း အရီးလုံးကြည်

ကို အံ့သြပြီး ကြည့်နေမိတာပေါ့ဗျာ။

 

“ဘယ်လိုဖြစ်တယ်တော့ မသိဘူး

အောင်ဘကျော်ရေ၊ ရွာပြင်က ကျားက

တစ်ချက်ဟိန်းလိုက်တိုင်း အောင်ဖြူမက

လာပါပြီရှင့်၊ ထ,ထအော်တာဟဲ့၊ ရွာထဲ

မှာကို ညံနေရောဟေ့၊ တစ်ရွာလုံးက

တိတ်ဆိတ်နေတဲ့ အချိန်ဆိုတော့

အောင်ဖြူမ အော်တဲ့အသံကြီးက

ရွာထဲမှာ လူတိုင်း ကြားရတော့တာ

ပေါ့ဟာ။ အောင်ဖြူမအသံကလည်း

တစ်မျိုးကြီးပဲဟဲ့၊ ဘယ်လိုကြီးမှန်းကို

မသိပါဘူးဟာ”

 

ကျုပ် ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်

လိုက်ပြီဗျ။

 

“ကိုအောင်ဘကျော်၊ ကြက်တစ်ကောင်

ချက်ခိုင်းဗျာ၊ ပြီးရင် ထမင်းတစ်ခွက်

လောက်ချက်၊ ငှက်ပျောဖက်ခင်းပြီး

ထမင်းတောင်း ပြင်ရမယ်”

 

“ဟာ ရမယ်၊ တာတေ၊ ရမယ်၊ ဘယ်အချိန်

ကို အပြီးလိုချင်တုံး၊နောက်ထပ်ရော ဘာ

လိုသေးလဲ၊လိုတာရှိ အကုန်ပြောကွာ”

 

“ဒီရွာမှာ နတ်ဝင်သည် ရှိလားဗျ”

 

“ဟာ ရှိပါ့ဗျာ၊ ဒေါ်ယုံးကြည်ဆိုတာ

အမေဂျမ်းခေါင်းစွဲဆိုလား၊ အမေရေယဉ်

ခေါင်းစွဲဆိုလားပဲကွ၊ အရှေ့ပိုင်းမှာနေတာ၊

ငါနဲ့ လွှတ်ခင်တာကွ၊ အမေနဲ့လည်းခင်

တယ်၊ ဒေါ်ယုံးကြည်ကို ငါတို့ ဘာပြော

ပေးရမှာတုံး”

 

“ညနေ ခြောက်နာရီကျော်လောက်

အရောက်လာခဲ့ဖို့ ပြောဗျာ၊ ပြီးတော့

မီးလောင်ကုန်းသင်္ချိုင်းကို ကျုပ်တို့

လှည်းနဲ့ သွားမယ်၊ မဖဲဝါကိုပင့်ဖို့

ဆိုတာလည်း ထည့်ပြောဗျာ”

 

“စိတ်ချ တာတေ၊ စိတ်ချ၊ ကဲ ထမင်း

ကြမ်းလေး စားသောက်ပြီး တစ်ရေး

လောက် အိပ်လိုက်ကြရအောင်ကွာ”

 

ကိုအောင်ဘကျော်က ပြောတော့

ဘိုးစိန်ုဖြူက ပြောတယ်ဗျ

 

“မင်းတို့နှစ်ယောက် စိတ်ချလက်ချသာ

အိပ်ကြပါကွာ၊ မောင်တာတေ လိုတာ

တွေ ဘိုးတို့အားလုံး စီစဉ်ထားမှာပါ၊

ခဏကြာရင် ရွာက လူကြီးတွေ ရောက်

လာကြမှာကွ၊ အားလုံးက မောင်တာ

တေ လိုတာပြောဖို့ ဘိုးကို မှာထား

ပါတယ်”

 

ကိုအောင်ဘကျော်နဲ့ ကျုပ်နဲ့ ထမင်းကြမ်း

စားပြီးတော့ နှစ်ယောက်သား အိပ်ကြတော့

တာပေါ့ဗျာ။ တစ်ညလုံး အိပ်ရေးပျက်နေ

တာဆိုတော့ ချက်ချင်းကို အိပ်ပျော်သွား

တာပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက် အိပ်

ရာက နိုးလာတော့ ညနေသုံးနာရီတောင်

ထိုးနေပြီဗျ။ ကျုပ်လည်း အိပ်ရာက က

ပျာကယာ ထပြီး ရေမိုးချိုးလိုက်တယ်။

ဒီတော့မှ လူလည်း လန်းသွားရောဗျို့။

 

“မောင်တာတေ အိပ်နေတုန်း ရွာက

လူကြီးတွေ လာကြတယ်၊ မောင်တာ

တေ ဘာပြောတုံးဆိုတာ သိချင်လို့ပေါ့

ကွာ၊ ကျုပ်ကလည်း မောင်တာတေ ပြော

ပြတာတွေ အကုန်ပြောပြလိုက်တယ်၊လို

တာတွေလည်း ပြောပြလိုက်တယ်၊ ည

နေ ငါးနာရီထိုးတာနဲ့ ဆန်တစ်ခွက်နဲ့

ကြက်တစ်ကောင် ချက်ထားတဲ့ ထမင်း

တောင်း ရောက်လာလိမ့်မယ်၊ယုံးကြည်

ကိုတော့ မင်းအရီး သွားခေါ်ထားပြီးပြီ”

 

“ဟာ ဒါဆိုရင် ရပါပြီ ဘိုးရဲ့၊ ဒီကျားနက်

ကြီးရဲ့ ဇရပ်ပေါ်က လူဟာ ဘာဆိုတာ

ကိုတော့ ကျုပ်က အတိအကျ မပြောနိုင်

သေးဘူးဗျ၊ ဒီည မဖဲဝါကို ပင့်ပြီးရင်တော့

ဘာဆိုတာ ကျုပ်ပြောပြလို့ ရပါပြီ ဘိုးရာ”

 

“ဟဲ့ တာတေနဲ့ အောင်ဘကျော်၊

နင်တို့နှစ်ယောက်လည်း ထမင်းကြမ်း

စားပြီးကတည်းက အိပ်လိုက်ကြတာ

ထမင်းလည်း ထမစားကြဘူး၊ အရီး

ချက်ထားတဲ့ ထမင်းတွေ ဟင်းတွေ

က ဒီအတိုင်းပါကောလား”

 

“အရီးရေ ညစာကျမှပဲ ပေါင်းစားတော့

မယ်ဗျာ”

 

ကျုပ်က အရီးကို ပြောတော့ အရီးက

ဘာမှမပြောဘဲ ရယ်နေတယ်ဗျ။ ကို

အောင်ဘကျော်က ခေါင်းကြီးရမ်းပြီး

ပြောလိုက်တယ်ဗျို့။

 

“အမေရယ် ကျုပ်ဖြင့် ညက ကြောက်

လိုက်တာဗျာ၊ ဇရပ်ပေါ်က သျှောင်ထုံး

နဲ့ လူကြီးက ကျားနက်ကြီးကို ခေါင်း

ကြီးပွတ်ပေးနေတာတွေ့တော့ ကျုပ်

မှာ အသည်းတွေ အူတွေ ပြောင်းပြန်

ဖြစ်သွားသလိုပါပဲဗျာ”

 

“ဟေ ဟုတ်လား၊ ဒါဆိုရင် ဒီကျားနက်

ကြီးက ဒီလူရဲ့ကျားပေါ့ဟဲ့၊ ဘာအကြံ

နဲ့များ ငါတို့ရွာကို ကျားနဲ့ တိုက်ရတာတုံး”

 

“ဒါတော့ မသိသေးဘူးလေ၊ အမေရာ၊

ဒီည တာတေအလုပ်လုပ်မှာလေ၊ အဲဒါ

ပြီးရင် သိရမယ်လို့ တာတေ ပြောထား

တာပဲ အေမရ”

 

“အေး အေး ဒါဆိုရင် ဒီည သိရတော့

မှာပေါ့ဟယ်၊ ဒီလူနဲ့ ဒီကျားက တို့ရွာက

အောင်ဖြူမကို ဘာများလုပ်မလို့တုံးဟယ်”

 

“ဒါလည်း မပူပါနဲ့ဗျာ၊ တာတေ စီစဉ်မှာပါဗျ”

 

“အေး အေး ဟုတ်တာပေါ့၊ နင့်တာတေ

က အကောင်သာ သေးတာဟဲ့၊ သတ္တိ

တော့ တော်တော်ရှိတဲ့အကောင်ပဲ”

 

“ဟား ဟား ဟား ဟား”

 

ကျုပ်ရော ဘိုးစိန်ဖြူရော၊ ကိုအောင်ဘ

ကျော်ရော ရယ်ကြတော့တာပေါ့ဗျာ။

ကျုပ်တို့အညာသူ၊ အညာသားတွေက

ရိုးရိုးကြီးတွေဗျ။ ဘာပြောပြော ပွင့်ပွင့်

လင်းလင်းကြီးတွေပေါ့ဗျာ။ ကျုပ်နဲ့

ကိုအောင်ဘကျော် မနက်စာနဲ့ညစာ

ပေါင်းစားပြီးလို့ ဆေးလိပ်ထိုင်သောက်

နေတုန်း ဝိုင်းထဲကို လှည်းတစ်စီး

မောင်းဝင်လာတယ်ဗျ

 

“ဒါ ဘယ်သူတုံးဗျ ကိုအောင်ဘကျော်”

 

“ဟာ အဲဒါ နတ်ဝင်သည်ကြီး

ဒေါ်ယုံးကြည်လေကွာ”

 

“လှည်းက ထမင်းတောင်းယူရင်း

ယုံးကြည်ကိုပါ ခေါ်လာခဲ့တာဟေ့”

 

အရီးလုံးကြည်က ပြောတယ်ဗျ။

လှည်းပေါ်မှာလည်း ကျောက်ခဲတို့

အရွယ်လောက် ကောင်လေးနှစ်

ယောက်လည်း ပါလာတယ်။

 

“ဟေ့ကောင် စံပ၊ မင်းလည်း အိမ်ပေါ်

တက်ဦးလေကွာ”

 

“ဟာ ကျုပ် မတက်တော့ဘူး ဘိုးစိန်ဖြူရေ၊

အရီးဘုမတို့ ဝိုင်းထဲမှာ ပြောင်းရိုးသွားတိုက်

ရဦးမှာမို့ဗျ”

 

ကျုပ်က နတ်ဝင်သည် ဒေါ်ယုံးကြည်ကို

ကျုပ်လုပ်မယ့် ပုံစံကို ပြောပြတယ်။ ဒေါ်

ယုံးကြည်က အသားဖြူဖြူ၊ ထောင်ထောင်

မောင်းမောင်းကြီးဗျ။

 

“ကျုပ်က မောင်တာတေကို မမြင်ဘူး

သေးပေမဲ့ ကြားဖူးပြီးသားပါတော်၊ မ

ထွန်းတို့၊ မတုတ်တို့ ကျုပ်နဲ့တွေ့တဲ့

အခါတိုင်း မောင်တာတေ့အကြောင်း

ကို ပြောနေကျပါ၊ မောင်တာတေကို

မဖဲဝါ တစ်ခါပင့်ပေးပြီးတိုင်း ကျန်းမာ

ရေး ပိုကောင်းတဲ့ အကြောင်း၊ စီးပွား

ရေးပိုဖြစ်တဲ့အကြောင်းတွေတောင်

ပြောကြတာတော့”

 

“ဟင် ဟုတ်လား၊ အဲဒါတွေတော့

ကျုပ်တောင် မသိပါဘူးဗျာ”

 

“ဒါကြောင့် ဒီကောင်မနှစ်ယောက်က

မောင်တာတေ လာခေါ်ရင် ဘယ်တော့

မှ မငြင်းကြတာပေါ့”

 

ကျုပ်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။

ညရှစ်နာရီမှာ ကိုအောင်ဘကျော်က

လှည်းကောက်ပြီး ကျုပ်ရယ်၊ ဒေါ်ယုံး

ကြည်ရယ်၊ ကောင်လေးနှစ်ယောက်

ရယ် မီးလောင်ကုန်းသင်္ချိုင်းဘက်ကို

ထွက်ခဲ့ကြတာပေါ့ဗျာ။ ငွေတွင်းကုန်း

သင်္ချိုင်းမှာ လုပ်လို့မဖြစ်ဘူးလေဗျာ။

 

ဇရပ်ပေါ်မှာ ကျားနက်ဆရာကြီး ရှိ

နေတယ်မို့လား။ မီးလောင်ကုန်းသင်္ချိုင်း

ကို ရောက်တာနဲ့ ခါတိုင်းလိုပဲ ဂူကြီး

တစ်လုံးပေါ်မှာ မဖဲဝါအတွက် ထမင်း

ပွဲပြင်လိုက်တယ်။ အသင့်ယူလာတဲ့

ရေဖလားကြီးထဲကို ရေဖြည့်လိုက်

တယ်။ ဖယောင်းတိုင် တစ်တိုင်လည်း

ထွန်းလိုက်ရတာပေါ့ဗျာ။

 

နတ်ကတော် ဒေါ်ယုံးကြည်ကတော့

လုပ်ငန်းကျွမ်းကျင်ပြီးသားလေဗျာ။

ဂူရှေ့က မြက်ခင်းလေးမှာ ဆံပင်ကို

ဖားလျားချပြီး ကြုံ့ကြုံ့ကလေး ထိုင်

လို့ဗျ။ လက်အုပ်ကလေးကလည်း ချီ

ပြီးသားလေ။

 

“အရှေ့ နေထွက်၊ အနောက်နေဝင်

တောင်တံငါကွန်၊ မြောက်ဓူဝံအတွင်း

သင်္ချိုင်းရှင်မ မဖဲဝါ ရှိလေရာ အရပ်

ကနေ အမြန်ကြွလာခဲ့ပါ။ ကျုပ် တာ

တေက မဖဲဝါအတွက် စားပွဲသောက်

ပွဲနဲ့ ကြိုပါတယ်ဗျာ၊ အမြန်ဆုံး ကြွ

ခဲ့ပါ ခင်ဗျာ”

 

ကျုပ် ခဏစောင့်ကြည့်တယ်။ကို

အောင်ဘကျော်နဲ့ ငွေတွင်းကုန်းသား

ကောင်လေးနှစ်ယောက်က ခပ်လှမ်း

လှမ်းက သမုန်းပင်အောက်မှာ ရပ်

နေကြတယ်ဗျ။ ကျုပ်လုပ်နေတာတွေ

ကို မျက်တောင်မခတ် ကြည့်နေကြ

တာပေါ့ဗျာ။

 

“ဝူး၊ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ”

 

ဟာ မဖဲဝါ ဒီတစ်ခါ တော်တော်မြန်တာ

ပဲဗျ။ ဒီအနီးအနားမှာကို ရှိနေပုံပဲဗျို့။

 

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အိ”

 

ဟာ ခွေးအူသံကြီးက တဖြည်းဖြည်း

နီးလာပြီဗျို့။ နွားပေါက်တစ်ကောင်

လောက်ရှိတဲ့ ခွေးနက်ကြီး ဆိုတာတော့

အရင်စာအုပ်တွေမှာ ရေးပြခဲ့ဖူးပါတယ်။

ဟာ ဟိုမှာဗျို့၊ ဟိုမှာ မဖဲဝါကြီး ရွေ့လာ

ပြီဗျို့။ ဂူတွေအပေါ်က ရွေ့လာတာဗျ။

 

အရပ်ကြီးက ဆယ်ပေလောက်ကို

ရှိတာဗျ။ မျက်လုံးကြီးနှစ်လုံးက လက်

ဖက်ရည်ပန်းကန်လောက် ရှိတာဗျ။

မှောင်ထဲမှာကို ရဲတောက်နေတာဗျာ။

ဖြူဖြူကြီးဗျ။ ဆံပင်က ဖားလျားကြီး

ချလို့ ပေါ့ဗျာ။ ဟော သင်္ချိုင်းအလယ်

လောက်ရောက်တော့ မဖဲဝါတုံကနဲ

ရပ်သွားတယ်ဗျ။

 

ပြီးတော့လည်း ဒေါ်ယုံးကြည်ကို

စိုက်ကြည့်လိုက်တယ်။ ဟာ ဝင်

သွားပြီဗျ။ ဒေါ်ယုံးကြည်ကိုယ်ထဲ

ကို ထိုးဝင်သွားတာဗျာ။ ဟော

ဟော ဒေါ်ယုံးကြည်ကြီး လက်

ကြီးတွေ အပေါ်မြောက်တက်

လာတယ်။ ကွေးကွေးကောက်

ကောက်ကြီးတွေပေါ့ဗျာ။ ဟာ

ဟာ လက်နှစ်ဖက်နဲ့ ခေါင်းက

ဆံပင်ကို သပ်တင်လိုက်တယ်

ဗျ။ ဟာ ခုန်ပြီဗျို့။ မဖဲဝါ ခုန်

လိုက်ပြီ။ ဂူကြီးပေါ်ကို လွှားကနဲ

ရောက်သွားတာဗျ။

 

ဟော ဒူးကြီးနှစ်ဖက်ထောင်ပြီး ထမင်း

ပွဲကို ငုံ့ကြည့်တယ်။ ဟော စားပြီးဗျို့။

စားပြီ။ မဖဲဝါ အားရပါးရကို စားတာ

ဗျို့။ ကြက်ရိုးတွေ ဝါးလိုက်တာများ

ဂျိုးဂျိုးဂျွတ်ဂျွတ်ကို နေတာပဲဗျာ။

 

ကျုပ်နောက်ကို လှည့်ကြည့်လိုက်

တော့ ကိုအောင်ဘကျော်ရော ကောင်

လေးနှစ်ယောက်ပါ မဖဲဝါဝင်နေတဲ့

ဒေါ်ယုံးကြည်ကြီးကို ကြည့်နေလိုက်

ကြတာ မျက်တောင်တောင် မခတ်

ကြဘူးဗျ။ ကျုပ်လည်း မဖဲဝါကို

မျက်တောင်မခတ်ကို ကြည့်နေရ

တာပေါ့ဗျာ။ ဟော ကျုပ်ကို ကြည့်

ပြီဗျ။ ကြည့်နေပြီ။ ဒီအကြည့်ကို

ကျုပ် သိပြီးသားပေါ့ဗျာ။

 

“ဟဲ့ တာတေ၊ ဘာအကြောင်းရှိလို့တုံး”

 

လို့ မေးတဲ့ မဖဲဝါကြီးရဲ့ အကြည့်လေဗျာ။

 

“ဒီလိုပါ မဖဲဝါ၊ ငွေတွင်းကုန်းမှာ ငါးည

ရှိသွားပြီ၊ ဆယ့်နှစ်တောင်လောက်ရှိတဲ့

ကျားနက်ကြီးတစ်ကောင်ဟာ ညသန်း

ခေါင်ရောက်တာနဲ့ ဘယ်ကပေါ်လာမှန်း

မသိဘဲ ပေါ်လာတော့တာပဲဗျ။ ရွာကို

ပတ်ပြီး တစ်ညလုံး ဟိန်းတော့တာပါ

ပဲဗျာ။ ငွေတွင်းကုန်းသင်္ချိုင်းဇရပ်ပေါ်

မှာလည်း သျှောင်ထုံးနဲ့လူကြီးတစ်

ယောက် ရောက်နေတယ်။ မနေ့က

ညကတော့ ကျုပ်သွားချောင်းကြည့်

တာ ဒီလူက ကျားနက်ကြီးရဲ့ခေါင်း

ကို ပွတ်သပ်ပြီးတော့ စကားပြောနေ

တာဗျ။ ငွေတွင်းကုန်းရွာထဲမှာလည်း

မအောင်ဖြူ ဆိုတဲ့ မိန်းကလေးတစ်

ယောက်က လာပါပြီရှင့်၊ လာပါပြီလို့၊

ညက အော်နေတယ် မဖဲဝါ”

 

“နင် နားထောင် တာတေ၊ အဲဒါ

ကျားနက်ရှင် ငရွှေသင်ပဲဟဲ့၊ ကုန်း

ဘောင်ခေတ်ဦးတည်းက ရှိခဲ့တာ

အခုအထိပဲ။ ကျားမှော်အောင်ထား

တဲ့ အကောင်ပဲ။ ရွာဦးနတ်စင်ကနေ

ကျားနက်ရုပ်ကလေးနဲ့ တိုက်နေတာ

ဟေ့။ ငွေတွင်းကုန်းက တနင်္ဂနွေသမီး

မအောင်ဖြူကို ကျားနဲ့ တိုက်သတ်ပြီး

နှလုံးကို ဖောက်ထုတ်စားရမှာ၊ ဒါမှ

သူ့အသက် နောက်တစ်ပြန် ဆက်လို့

ရလိမ့်မယ်၊ မနက်ဖြန် လကွယ်ညမှာ

အောင်ဖြူရဲ့ နှလုံးကို စားရမှာ ဖြစ်မှာ”

 

“ဟာ …ဖြစ်မှဖြစ်ရလေဗျာ၊ ကယ်ပါဦး

သင်္ချိုင်းရှင်မကြီးရယ်”

 

ကျုပ်က စိုးရိမ်တကြီး ပြောလိုက်တော့

မဖဲဝါက ခေါင်းကြီးတစ်ဆတ်ဆတ်

ညိတ်ပြီးပြောတယ်ဗျ

 

“ဘာမှမစိုးရိမ်နဲ့ တာတေ၊ ကျားနက်ရှင်

ငရွှေသင် မအောင်ဖြူရဲ့နှလုံးကို မစားရ

စေဘူး၊ ဒီအကောင် ကံကုန်ပြီ အဝီစိငရဲ

မှာ ခံရတော့မယ့်အချိန် ရောက်နေပြီ၊ ဒီ

ညသန်းခေါင်ကျော်ရင် ငွေတွင်းကုန်း

သင်္ချိုင်းကို ငါ အရောက်လာခဲ့မယ်”

 

ပြောပြီး ဆိုပြီး စားလည်းပြီးရောဗျ။

ရေနဲ့ လက်ဆေးပြီး တစ်ကြိုက်မော့

သောက်လိုက်တယ်။ပြီးတော့ မဖဲဝါ

ထွက်သွားရောဗျို့။ ဂူပေါ်မှာ လဲကျသွား

တဲ့ ဒေါ်ယုံးကြည်ကို ကျုပ်နဲ့ ကိုအောင်

ဘကျော်က ပြေးပွေ့တယ်။ ကျုပ်က

ဒေါ်ယုံးကြည်ရဲ့ မျက်နှာကို ရေနဲ့

တောက်လိုက်တော့မှ သတိရသွား

တယ်ဗျ။ ရွာရောက်တော့ အိမ်မှာ

ရွာထဲက ကာလသားတွေနဲ့ လူကြီး

တွေ ရောက်နေကြတယ်ဗျ

 

ကျုပ်က မဖဲဝါ ပြောတာကို ထိုက်သင့်

သလောက် ပြန်ပြောပြလိုက်တယ်။ ကျုပ်

အခန်းထဲဝင်ပြီး မျက်ကွင်းဆေး ကွင်းတယ်

ဆေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်ပြီး

ငွေတွင်းကုန်းသင်္ချိုင်းကို ထွက်ခဲ့တယ်။

ကိုအောင်ဘကျော်က ငါးတောင့်ထိုး

အဲဗာဒရီဓါတ်မီးတစ်လက်ကို ကိုင်ပြီး

လိုက်လာတယ်ဗျ။

 

မနေ့ညက သွားတဲ့ လမ်းကြောင်းအ

တိုင်းပဲ သွားကြပြီးမြရာပင်တွေကြား

ထဲက ဂူမှာပဲ တက်နေလိုက်တယ်။

အခုမှ ညဆယ်နာရီပဲရှိသေးတာဗျ။

ကျုပ်တို့ စောင့်ရဦးမှာပေါ့ဗျာ။လူ့စိတ်

ဆိုတာကလည်း ခက်သားလားဗျာ။

တစ်ခုခုအပေါ်မှာ စိတ်စောနေရင်

အချိန်တွေက ကုန်နိုင်ခဲတယ်လို့

ထင်ကြတာမို့လား။နှစ်နာရီလောက်

အချိန်ကိုပဲ ကျုပ်တို့မှာ ကုန်နိုင်ခဲ

တယ်လို့ ထင်နေတာဗျ။

 

“ဝုန်း၊ ဝုန်း၊ ဝုန်း”

 

ဟော ကျားဟိန်းပြီဗျို့။ မဖဲဝါပြောတဲ့

အတိုင်းပါပဲဗျာ။ ရွာဦးနတ်စင်ဘက်က

အသံစကြားရတာဗျ။

 

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

 

ဟော အသံကြီးက ကျုပ်တို့ဘက်ကို

ရွေ့လာပြီဗျို့။ ကျားနက်ရှင် ငရွှေသင်

ကတော့ သင်္ချိုင်းဇရပ်ပေါ်က ဆင်းလာ

ပြီဗျို့။ အောင်မာ ဒီလူ လွတ်အိတ်ကို

စလွယ်သိုင်း လွယ်လို့ဗျ။ ဒီကနေ အပြီး

သွားတော့မယ်ပုံပဲ။ ရွာထဲက မအောင်

ဖြူကလည်း အခုလောက်ဆိုရင် အော်

ဟစ်နေရောပေါ့ဗျာ။

 

ကျုပ်က ဒီကိုမလာခင်ကတည်းက

မှာခဲ့ပြီးသားဗျ။ မအောင်ဖြူ အိမ်ကို

ရွာထဲက အားကောင်းမောင်းသန်

မိန်းမတွေရော၊ ယောင်္ကျားတွေပါ

ခေါ်ထားပြီး မအောင်ဖြူကို မလွတ်

တမ်း ချုပ်ထားကြဖို့ပေါ့ဗျာ။

 

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

 

ဟာ ခွေးအူသံကြီးဗျို့။ ဒါ မဖဲဝါရဲ့ခွေး

ကြီး အူတဲ့အသံဗျ။ မဖဲဝါလည်း လာနေ

ပြီပဲ။

 

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

 

ခွေးအူသံ ကြားလိုက်တော့ ကျားနက်

ကြီးက ပိုပြီးဟိန်းရောဗျို့။ ဟော ကျား

နက်ကြီး သင်္ချိုင်းထဲကို ရောက်လာပြီဗျို့။

ငရွှေသင်က ကျားနက်ကြီးရဲ့ ခေါင်းကို

ပွတ်သပ်ပြီး တစ်ခုခုပြောနေတဲ့ပုံပဲဗျ။

 

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

 

ဟာ မဖဲဝါကြီး ဂူတွေပေါ်က ရွေ့လာ

ပြီဗျို့။ အရပ်ကြီးဆယ်ပေလောက်နဲ့

ဆံပင်ဖားလျားကြီးချလို့ဗျာ။ သူ့ရဲ့

ခွေးကြီးက ဂူတွေကြားက ပြေးပြီး

လိုက်လာတယ် ။ ငရွှေသင်ဆိုတဲ့

ကျားနက်ရှင်က နောက်ကို

တစ်ချက်လှည့်ကြည့်တယ်

 

“အောင်မယ် ရာရာစစ သရဲမက

ဒီကို ဘာလာလုပ်တာတုံးဗျ”

 

ဟာ ဒီလူ မဖဲဝါကို မြင်ရတာကိုး။

ကျုပ် တော်တော်အံ့သြသွားတယ်။

 

မဖဲဝါက ဂူပေါ်ကနေ အောက်ကို

ကိုင်းကိုင်းကြီးလုပ်ပြီး သူ့ခွေးကြီးရဲ့

ကျောကို လက်နဲ့သပ်လိုက်တယ်။

သုံးချက်သပ်တာဗျ။

 

“ဝုန်း၊ ဝုန်း”

 

ဟာ မဖဲဝါရဲ့ခွေးကြီးက ကျားကြီး

ဖြစ်သွားပါရောလားဗျာ။ ကျားမှ

တကယ့်ဘင်္ဂလားကျားကြီးဗျ။ အ

ဝါနဲ့ အနက်စင်းကြီးဗျို့။ ဆယ့်ငါး

တောင်လောက် ရှိမယ်။ အရပ်ကြီး

ကလည်း နည်းနည်းနောနော မ

ဟုတ်ပါဘူးဗျာ။ မြင်းကြီးတစ်ကောင်

လောက်ကို မြင့်တာဗျ။ မဖဲဝါက

ကျားကြီးရဲ့ ကျောပေါ်ကို လွှား

ကနဲ ခုန်တက်လိုက်တယ်

 

“ဟဲ့ သရဲမ နင်နဲ့ ဘာမှမဆိုင်ဘူး၊

အခုချက်ချင်း ထွက်သွား”

 

“ဟား ဟား ဟား အီး၊ ဟီး၊ ဟီး”

 

မဖဲဝါရဲ့ ရယ်သံကြီးဗျ၊ ကျားနက်ရှင်

ငရွှေသင်ကလည်း သူ့ရဲ့ကျားနက်

ကြီးပေါ်ကို ခွပြီး စီးလိုက်တယ်။

 

“ကဲ လာခဲ့စမ်း၊ သရဲမ၊ ဒီညတော့

နင် တစ်ခါထပ်ပြီး မသာပေါ်မယ့်

ညပဲဟေ့”

 

“ဟီး ဟီး ဟီး”

 

“ဝုန်း၊ ဝုန်း၊ ဝုန်း”

 

မဖဲဝါရဲ့ ကျားကြီးဟိန်းလိုက်တဲ့ အသံ

ဗျို့။ဟာ ကျားနက်ကြီးက အဲဒီအသံကြား

တော့ နောက်ကို ခြေနှစ်လှမ်းသွားတယ်

ဗျို့။

 

“တယ် ငါလုပ်လိုက်ရ သေတော့မယ်၊

အဲဒါ ကျားမဟုတ်ဘူးဟဲ့၊ ခွေး၊ ခွေး၊

ခွေးကို ကြောက်ရတယ်လို့ ကဲ အခု

ချက်ချင်း ဒီခွေးစုတ်၊ ခွေးဝဲစားကို

ပြေးကိုက်လိုက်စမ်း”

 

ဟာ ပြေးတယ်ဗျို့၊ ပြေးတယ်။ ငရွှေသင်

ရဲ့ ကျားနက်က ပြေးပြီးတော့ မဖဲဝါ

စီးထားတဲ့ ကျားကြီးကို ခုန်အုပ်မလို

ဟန်ပြင်လိုက်တယ်ဗျို့။

 

“ဝုန်း၊ ဝုန်း ”

 

မဖဲဝါ စီးထားတဲ့ ကျားကြီးက ဝုန်းကနဲ

နှစ်ချက်ဆင့်ဟိန်းပြီး ကျားနက်ကို သူ

ရဲ့လက်ဝါးကြီးနဲ့ လှမ်းပြီးပုတ်လိုက်တယ်

 

“ဘုန်း”

 

ဟာ ကျားနက်ကြီး ဘုန်းကနဲ လဲကျ

သွားတာဗျို့။ ငရွှေသင်လည်း သင်္ချိုင်း

မြေပေါ်ကို လွင့်ကျသွားရောဗျို့။

 

“တောက် ငါ လုပ်လိုက်ရ သေတော့မယ်

ဟဲ့ကောင် အခု ထစမ်း”

 

ကျားနက်ကြီးကလည်း လူးလဲပြီး

ထသဗျ။ ငရွှေသင်ကလည်း ကျား

နက်ကြီးကို ခွစီးပြန်ရောဗျ။

 

“ဝုန်း၊ ဝုန်း၊ ဝုန်း”

 

အောင်မာ သူ့ကျားနက်ကလည်း အာဂ

ပဲဗျ။ ဝုန်းကနဲ၊ ဝုန်းကနဲ ဟိန်းလိုက်ပြီး

တော့ မဖဲဝါရဲ့ ကျားကြီးကို တစ်ရှိန်ထိုး

ပြေးဝင်တာဗျို့။

 

“ဝုန်း”

 

မဖဲဝါစီးတဲ့ ကျားကြီးက ‘ဝုန်း’ဆို တစ်

ချက်ဟိန်းပြီး ကျားနက်ရှင် ငရွှေသင်

ကို ခုန်အုပ်ပြီး ပါးစပ်ကြီးနဲ့ ကိုက်လိုက်

ရောဗျို့။

 

“ဝေါင်း၊ ဝေါင်း၊ ဝေါင်း”

 

မဖဲဝါကျားကြီးရဲ့ မာန်ဖီသံက တကယ့်

ကို ကြောက်စရာကြီးပါဗျာ။ ခါပြီဗျို့။ဆွဲ

ခါနေပြီ။ ဧရာမ ကျားပါးစပ်ကြီးထဲမှာ

ငရွှေသင် ဆန့်ငင် ဖြစ်နေရောဗျာ။

ကျားကြီးက ငရွှေသင်ကို ဆွဲခါနေတာ

ဗျ။ ကြောင်တွေများ ကြွက်ခုတ်တဲ့အခါ

ကြွက်ကို ပါးစပ်ထဲမှာကိုက်ပြီး ခါနေ

သလိုပေါ့ဗျာ။

 

“ဟီး ဟီး၊ ဟီး၊ ဟီး၊ ဟား ဟား ဟား”

 

မဖဲဝါရဲ့ ရယ်သံကြီးက သင်္ချိုင်းတစ်ခု

လုံးကို လွှမ်းသွားတာဗျ။ ငရွှေသင်ရဲ့

ကျားနက်ကြီးကတော့ လှုပ်လည်း

မလှုပ်တော့ဘူးဗျို့။ ငြိမ်ပြီး အရုပ်ကြီး

တစ်ရုပ်လိုကို ဖြစ်နေတာဗျ။

 

“အား”

 

ငရွှေသင် အော်လိုက်တဲ့ ဝမ်းခေါင်းသံ

ကြီးဗျ။ မချိမဆံအော်လိုက်တဲ့ ငရွှေသင်

ရဲ့ အသံကြီးအဆုံးမှာ ကျားနက်ကြီး

ပျောက်သွားတယ်။ ငရွှေသင်လည်း

ငြိမ်သွားတော့တာပေါ့ဗျာ။

 

သွားပြီလေ။ ကျားမှော်အောင်ထားတဲ့

ကျားနက်ရှင်ကြီး ငရွှေသင်။ အသက်ရာ

ကျော်ရှိတဲ့ မှော်ကဝေကြီးတော့ ဘဝနိဂုံး

ချုပ်သွားပြီပေါ့ဗျာ။ မဖဲဝါရဲ့ ကျားကြီးက

ပါးစပ်ထဲမှာကိုက်ပြီး ခါနေတဲ့ ငရွှေသင်

ကို မြေကြီးပေါ်မှာ ချထားလိုက်တယ်။

ပြီးတော့ ဂူတွေပေါ်ကို ကျော်ပြီး လွှား

ကနဲ လွှားကနဲ ခုန်ပြီး သင်္ချိုင်းထဲက

ပြေးထွက်သွားတယ်။ မဖဲဝါကတော့

ကျားကြီးရဲ့ ကျောပေါ်မှာ စီးလျက်

သားကြီးနဲ့ ပါသွားလေရဲ့ဗျာ

 

“ဟီး ဟီး ဟီး ဟီး ဟီး”

 

ကျုပ်နဲ့ ကိုအောင်ဘကျော်လည်း

စောစောကကျားနက်ကြီး ပျောက်သွား

တဲ့နေရာကိုအပြေးအလွှားသွားပြီး ဓါတ်

မီးနဲ့ ထိုးကြည့်လိုက်တယ်

 

“ဟာ ဒီမှာဗျို့၊ ကျားနက်ရုပ်ကလေး”

 

ကျုပ်က မြက်ပင်တွေကြားက ကျားနက်

ရုပ်ကလေးကို ကောက်ယူလိုက်တယ်။

ရွှံ့နဲ့လုပ်ပြီး ဆေးသုတ်ထားတဲ့ နာနာရုပ်

ကျားကလေးဗျ။ ဒါကို နတ်စင်မှာထားပြီး

ရွာကို ကျားနက်နဲ့ တိုက်တာပေါ့ဗျာ။

 

အခုတော့ ကျားနက်ရှင် ငရွှေသင်

သွားပြီပေါ့။ မဖဲဝါ ပြောသလိုဆိုရင်

တော့ မဟာအဝီစိငရဲအထိ ရောက်

သွားမှာပေါ့။ ကျုပ်က ကျားနက်ရုပ်

ကလေးကို သစ်ရွက်တစ်ရွက်ခူးပြီး

ထုတ်လိုက်တယ်။ ကျုပ်တို့ ရွာထဲ

ရောက်တော့ ရွာသားတွေလည်း

အကျိုးအကြောင်းအားလုံး သိသွား

ပြီး ပျော်သွားကြတာပေါ့ဗျာ။

 

မအောင်ဖြူလည်း ငြိမ်သွားပြီတဲ့ဗျို့။

 

ညတွင်းချင်းပဲ သင်္ချိုင်းထဲမှာ သေနေတဲ့

ကျားနက်ရှင် ငရွှေသင်ကို မြှုပ်လိုက်ကြ

တယ်ဗျ။ ကျုပ်ကိုတော့ နောက်တစ်နေ့

မှာ ကိုအောင်ဘကျော်က လှည်းနဲ့ ရွာအထိ လိုက်ပို့တယ်။

 

ပြီးပါပြီ

 

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

 

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။

 

မဖဲဝါစီးတဲ့က်ား(စ/ဆုံး)
မူရင္းေရးသားသူ_တာေတ

ခင္ဗ်ားတို႔ကို က်ဳပ္မေျပာဘူးတဲ့ အေၾကာင္းတစ္ခုေတာ့ ေျပာရဦးမယ္ဗ်။က်ဳပ္ဆရာေတာ္ ဦးဂုဏအေၾကာင္းကေတာ့ မၾကာမၾကာ ေျပာေနက်ဆိုေတာ့ ခင္ဗ်ားသိေနေလာက္ၿပီေပါ့ဗ်ာ။

ဆရာေတာ္က က်ဳပ္ဆိုရင္ လႊတ္အားကိုးတာဗ်။ဘာကိစၥေလးရွိရွိ တာေတ့ကို ေခၚေနက်ဗ်။

တာေတဆိုတဲ့ က်ဳပ္ကလည္း ႐ြာေတာ္
ေတာ္ မ်ားမ်ားကို ဆရာေတာ္နဲ႔ လိုက္ဖူးသြားဖူးေနတာဗ်။

အလႉတို႔၊ ကထိန္တို႔ေလဗ်ာ။

ကုန္ကုန္ေျပာရရင္ အကြၽတ္အလြတ္ပြဲ
တို႔၊ ေဘးမဲ့ပြဲတို႔ေတာင္ ဆရာေတာ္ကက်ဳပ္ကို ေခၚတာဗ်။

က်ဳပ္က အလုပ္ရွိရင္သာ ဆရာေတာ္ကို ေလွ်ာက္ၿပီး ေန
ခဲ့ရတာ။ ခင္ဗ်ားကို က်ဳပ္ေျပာမယ္ဆိုတာက တျခားမဟုတ္ဘူးဗ်။
က်ဳပ္ဆရာေတာ္ ဦးဂုဏက အဂၢိရတ္ပညာ အားႀကီးဝါသနာပါတာ။ အဂၢိရတ္ဆိုတာ ဖိုထိုးတာကို ေျပာတာေလဗ်ာ။

ဆရာေတာ္ရဲ႕ ဖို႐ုံထဲမွာ တာေတဖိုဆြဲေနက်ေပါ့ဗ်ာ။

တစ္ခါတစ္ေလေတာ့လည္း ဆရာေတာ္က ဓါတ္ႀကီးထိုးတယ္ဗ်။ တစ္ခါတစ္ေလေတာ့လည္း ရိကၡာလမ္းေၾကာင္း ထိုးတယ္ဗ်။

ဓါတ္ႀကီးဆိုတာကေတာ့ ဆရာေတာ္တို႔ အေခၚအရ ေျပာတာေပါ့ဗ်ာ။
ဓါတ္လုံးထိုးတာကိုေခၚတာဗ်။သံလုံးတို႔၊ ျပဒါးလုံးတို႔၊ ေၾကးလုံးတို႔ေပါ့ဗ်ာ။

က်ဳပ္ဆရာေတာ္က သံလုံးထိုးတာဗ်။ဆရာေတာ္ဆီမွာ သံလုံးေလးတစ္လုံးရွိတယ္။ အေရာင္က နီနီရဲရဲေကလးဗ်။ ဓါတ္လုံးဆိုေပမဲ့ ဆရာေတာ္ ဓါတ္လုံးက လုံးဝန္းေနတာ မဟုတ္ဘူး။
ခပ္ျပားျပားေလး ျဖစ္ေနတာ။

“တာေတ ဒါ သံေသလုံးကြ၊ ျမင္ဖူးေအာင္
ၾကည့္ထား၊ ျပဒါးေသရင္ ႂကြားသတဲ့၊ သံ
ေသရင္ ျပားသတဲ့ကြ၊ ဒါေၾကာင့္ ငါဓါတ္
လုံးက ျပားျပားကေလးျဖစ္ေနတာ”

ဆရာေတာ့္ဓါတ္လုံးကို က်ဳပ္လက္နဲ႔
ကိုင္ရတာ မဟုတ္ဘူးဗ်၊ ၾကည့္႐ုံပဲ
ၾကည့္ရတာ။ ရိကၡလမ္းဆိုတာကေတာ့
ေ႐ႊျဖစ္ ေငြျဖစ္ ထိုးတာေပါ့ဗ်ာ။

ဆရာေတာ္ဖို႐ုံထဲမွာက ဖားဖိုႀကီးႏွစ္လုံးရွိ
တယ္။ တစ္လုံးက ဆရာေတာ္ ဓါတ္
ႀကီးထိုးတာ၊ ေနာက္တစ္လုံးက ဆရာေတာ္ ရိကၡာလမ္းထိုးတာဗ်။

ဖားဖိုႀကီးႏွစ္လုံးစလုံးက သုံးထပ္ဖိုေတြဗ်။ သုံးထပ္ဖိုဆိုတာက ပ်ဥ္း
ခ်ပ္ႀကီး ေလးခ်ပ္နဲ႔ လုပ္ထားတာဗ်။ ေလေအာင္းတဲ့ အခန္းသုံးခန္း
ရွိတာကို ေျပာတာေလဗ်ာ။

“တာေတ ေဆးဖုတ္ဖို႔ ထင္းနည္းေနၿပီကြ”

လို႔ ဆရာေတာ္က က်ဳပ္ကို မိန္႔တာနဲ႔
က်ဳပ္က လွည္းေကာက္ၿပီး ေတာထဲဝင္၊
ထင္းခုတ္ေတာ့တာေလဗ်ာ။

ပုဗၺာ႐ုံေက်ာင္းဝင္းႀကီးရဲ႕ ရာဟုေထာင့္
မွာ ေျမက်င္းတစ္ခု တူးထားတယ္ဗ်
အဲဒီဘက္မွာက ဘာေက်ာင္းမွ မရွိဘူး။ ေျမကြက္လပ္ႀကီးေလဗ်ာ။

အဲဒီေျမက်င္းထဲမွာ ဆရာေတာ္က နဘဲ
အိုးတစ္လုံး ျမႇဳပ္ထားတယ္၊နဘဲအိုးဆိုတာ
ေသာက္ေရအိုးကိုေျပာတာဗ်။

အဲဒီထဲမွာ သြပ္ရယ္၊ဒုတၱရယ္၊ဟင္း႐ိုင္းရယ္ ထည့္ၿပီး
အေပၚက မေဖာက္ထုံးအုပ္ထားတာ။

အဲဒီအိုးျမႇဳပ္ထားတဲ့ ေျမက်င္းထဲမွာ ထင္း
ေခ်ာင္းကို မျပတ္ထည့္ၿပီး မီးရႈိ႕ထားတာ
ဗ်။ က်ဳပ္တို႔႐ြာသားေတြက ေတာထဲသြား
တိုင္း ထင္းေခ်ာင္းေတြ ခုတ္လာၿပီး
ဆရာေတာ္ ေဆးဖုတ္ဖို႔ ပုံေပးထားၾကတာ၊

ထင္းပုံႀကီးက ဟီးထေနတာဗ်ိဳ႕။ အဲဒီ
က်င္းထဲက အိုးကို မီးမျပတ္ေအာင္ ေလး၊
ငါးလဖုတ္တာ။ ဆရာေတာ္က ေဆးဖုတ္တယ္လို႔သာ ေျပာတာပါဗ်ာ။

အခ်ိန္တန္ရင္ အဲဒီနဘဲအိုးကို ေဖာ္ၿပီး အထဲက နီနီ
ရဲရဲ အမႈန္႔ေတြကို ဖိုခန္းထဲမွာ လုံနဲ႔ထည့္ၿပီး ထိုးေကာ့တာဗ်။

က်ဳပ္ မၾကာမၾကာထိုးေပးရတာေပါ့ဗ်ာ။ လုံခြဲတဲ့အခ်ိန္က်ရင္
ေတာ့ ဆရာေတာ္က သူကိုယ္တိုင္ခြဲတာဗ်။ က်ဳပ္လည္း မၾကည့္ရဘူး။

“တာေတ ဒီပညာနဲ႔ ငါ့ကိုယ္က်ိဳး မသုံး
မစြဲပါဘူးကြာ၊ မရွိဆင္းရဲသားအတြက္ငါလုပ္တာပါ”

ဟုတ္ေတာ့ဟုတ္သားဗ်၊ က်ဳပ္တို႔႐ြာမွာ
ေက်ာင္းမေနႏိုင္တဲ့သူေတြကို ဆရာေတာ္
က တားေပးတယ္။ ကုန္ကုန္ေျပာရရင္
ေကာလိပ္ေတြ ဘာေတြအထိ ဆရာေတာ္က ေထာက္ပံ့ၿပီး
ထားေပးတာဗ်။

က်ဳပ္ဆရာေတာ္ ေ႐ႊျဖစ္တယ္ဆိုတာ
႐ြာထဲကလူေတြ တီးတိုေျပာလို႔ က်ဳပ္
ၾကားဖူးပါတယ္၊ ဟုတ္,မဟုတ္ဆိုတာ
ေတာ့ က်ဳပ္ေသေသခ်ာခ်ာ မသိဘူးပါဘူးဗ်ာ။

ဒါေပမဲ့ အဲဒီပညာကို ဆရာေတာ္က သင္ေပးတယ္ဆိုတာ
ေတာ့ မၾကားမိပါဘူးဗ်ာ၊ က်ဳပ္ကိုလည္း တစ္ခါမွ လုပ္ျပတာမ်ိဳး မရွိပါဘူး။ လုံခြဲကာနီးၿပီဆိုရင္…

“ထားခဲ့ေတာ့ တာေတ၊ ရၿပီ၊ ရၿပီ”

လို႔ေျပာၿပီး က်ဳပ္ကို ျပန္လႊတ္ၿပီးမွ
ဆရာေတာ္တစ္ပါးတည္း ခြဲတာဗ်။
ဘယ္သူမွ ၾကည့္ရတာ မဟုတ္ဘူး။
က်ဳပ္ေရာ က်ဳပ္တို႔႐ြာသားေတြေရာလႊတ္စည္းရွိတာဗ်။

က်ဳပ္တို႔ဆရာေတာ္က မေမးေစခ်င္ရင္ ဘယ္သူမွ
မၾကည့္ၾကပါဘူးဗ်ာ။ ဒီေန႔လည္း ဆရာေတာ္ ေခၚခိုင္းလို႔ လိုက္သြားၿပီးဖိုဆြဲေပးရတယ္။

တစ္လုံးကို မီးေသြးငါးအုပ္ေလာက္နဲ႔
သုံးလုံထိုးေပးခဲ့ရတယ္။ မီးကေတာ့
မီးျပင္းဗ်။ ဆရာေတာ္ ေျပာတာေတာ့
ဒုဟေတေဇာ ဆိုပဲ။ က်ဳပ္ကေတာ့
ဒါေတြ ဘယ္သိမွာတုံး။ဆရာေတာ္က

“ဟဲ့ တာေတ၊ ျပင္းျပင္းဆြဲ၊ မနားနဲ႔”

လို႔ေျပာရင္ မနားတမ္း ခပ္ျပင္းျပင္း
ဆြဲတာေပါ့ဗ်ာ။

“ရႉး၊ ရႉး၊ ရႉး၊ ရႉး”

ဆိုတဲ့ ဖားဖိုႀကီး ျမည္တဲ့အသံကို ျပတ္
မသြားေအာင္ ထိုးတာဗ်။မီးထဲက လုံ
ကို ရဲရဲေတာက္ေတာက္ေနေတာ့တာ
ေပါ့ဗ်ာ။ ဆရာေတာ့္ေက်ာင္းကေန
အိမ္ျပန္ေရာက္ေတာ့ အေမတည္ထား
တဲ့ ေရေႏြးၾကမ္းပူပူကေလးနဲ႔ ထန္း
လ်က္ခဲေလးစားရင္း ေခြၽးတိတ္ေအာင္
နားလို႔ေပါ့ဗ်ာ။ မိုးေလးက ဖြဲဖြဲကေလး
မိုးတြင္းေလဗ်ာ။က်ဳပ္တို႔အညာမိုးတြင္း
ဆိုတာက ေအာက္ျပည္လို အုန္းအုန္း
ဒိုင္းဒိုင္း ႐ြာတာမဟုတ္ဘူးဗ်။ခပ္ဖြဲဖြဲပဲ
႐ြာတာ။ ေနရတာေတာ့ အိုက္စပ္စပ္
ႀကီးေပါ့ဗ်ာ။

“တာေတ၊ ေရေလးဘာေလး ခ်ိဳးဦး
မလား၊ ခ်ိဳးမွာဆိုလည္း ခ်ိဳးဟဲ့၊ ၿပီးရင္
ထမင္းစားဖို႔၊ ဒီမွာ နင့္အဘက ဗိုက္
ဆာေနလို႔တဲ့”

“အေမ ဘာဟင္းေကာင္းမ်ား ခ်က္လို႔တုံး”

“ဝက္သားပုန္းရည္ႀကီးခ်က္ေလ”

“ဟင္ ဟုတ္လား၊ အေမ ဝက္သား
ဘယ္ကရလို႔တုံး”

“ေျမာက္ပိုင္းက ထြန္းပြင့္ လာပို႔တာနဲ႔
ယူထားလိုက္တာ”

ဟင္းက က်ဳပ္အႀကိဳက္ကိုဗ်၊ ဝက္သားနဲ႔
ပုန္းရည္ႀကီးဆိုကတည္းက က်ဳပ္က ဗိုက္
ဆာသြားတာဗ်ိဳ႕။

“မခ်ိဳးေတာ့ဘူးဗ် အေမရ၊ ဆရာေတာ့္ကို
ဖိုဆြဲေပးခဲ့တာ၊ မီးနားကပ္လာေတာ့ ခ်က္
ခ်င္းခ်ိဳးလို႔ မေကာင္းဘူး”

“ေအး ဒါဆိုလည္း စားပြဲခုံခင္းေတာ့
ထမင္းခူးမယ္ ”

က်ဳပ္ျဖင့္ ထမင္းဝိုင္းမွာဆာဆာနဲ႔ ႀကိဳက္
လိုက္တာ နည္းပါဘူးဗ်ာ။ အဘကလည္း
က်ဳပ္လိုပဲ ဝက္သားနဲ႔ ပုန္းရည္ႀကီးလႊတ္
ႀကိဳက္တာဗ်။ အဘလည္း ေတာ္ေတာ္
စားသား။ ထမင္းစားၿပီးေတာ့ နဂါးေဆး
ေပါ့လိပ္ကေလး မီးညႇိေလး ေလးငါးဖြာ
ဖြာလိုက္ေတာ့ မ်က္စိကစဥ္းလာေရာဗ်ာ။
အိမ္ေရွ႕ဖိနပ္ခြၽတ္မွာ ခြၽတ္ထားတဲ့ တန္း
လ်ားရွည္ေလးမွာ ဝါးပိုးခ်မ္းေလး ေခါင္း
အုံးၿပီး က်ဳပ္ေမွးလိုက္တယ္။ က်ဳပ္ျဖင့္
ေမွးကနဲ အိပ္ေပ်ာ္႐ုံ ရွိေသးသဗ်။

“တာေတေရ၊ တာေတ”

က်ဳပ္လန္႔ႏိုးသြားတယ္၊ ေခါင္းေထာင္ၿပီး
ဝိုင္းဝကို ၾကည့္လိုက္ေတာ့ ေငြတြင္းကုန္း
က ကိုေအာင္ဘေက်ာ္ဗ်။လူကမည္းမည္း
တုတ္တုတ္ႀကီး။ သူ႔ကို ေငြတြင္းကုန္းသား
ေတြက ေမာင္ဗလေက်ာ္လို႔ ေခၚၾကတာ။
ဖ်င္ၾကမ္းအက်ႌအျဖဴလက္တိုဝတ္လို႔၊
ေခါင္းမွာက ထန္းဖတ္ခေမာက္တစ္လုံး
ေဆာင္းတယ္။လက္မွာေတာ့ ႏြားႏွင္တံ
တုတ္ကို ကိုင္ထားတယ္ဗ်။

ကိုေအာင္ဘေက်ာ္နဲ႔ က်ဳပ္နဲ႔ သိေပမဲ့
အခုလို အ္ိမ္ေတြ ဘာေတြ တစ္ခါမွ
မလာဖူးပါဘူး။ ကိုေအာင္ဘေက်ာ္က
က်ဳပ္ထက္ေတာ့ ငါးႏွစ္ေျခာက္ႏွစ္
ေလာက္ ႀကီးတယ္ဗ်။ၿပီးေတာ့ ဒီလူက
လူပ်ိဳဗ်။ အိမ္ေထာင္ရက္သား ရွိတာ
မဟုတ္ဘူး။ ေငြတြင္းကုန္းမွာ ကို
ေအာင္ဘေက်ာ္က ကာလသား
ေခါင္းေလဗ်ာ။ က်ဳပ္တို႔ အညာေခၚ
ေတာ့ ေျမာက္ေခါင္း ေခၚတာေပါ့ဗ်ာ။
ေငြတြင္းကုန္းေရာက္ရင္ ေျမာက္ေခါင္း
ေအာင္ဘေက်ာ္လို႔ ေမးရင္ လူတိုင္း
သိသေပါ့ဗ်ာ။

“ဟာ ကိုေအာင္ဘေက်ာ္ႀကီး လာဗ်ိဳ႕၊
လာ”

က်ဳပ္ လွမ္းေခၚလိုက္ေတာ့ ဝိုင္းထဲကို
ေခါင္းႀကီးငိုက္ငိုက္နဲ႔ ဝင္လာတာဗ်။ ကို
ေအာင္ဘေက်ာ္ အိမ္ေပၚေရာက္တာနဲ႔
က်ဳပ္က…

“လာဗ်၊ ကိုေအာင္ဘေက်ာ္ႀကီး၊ထိုင္”

ေျပာေျပာဆိုဆိုနဲ႔ က်ဳပ္က ေရေႏြးၾကမ္း
ငွဲ႔ေပးလိုက္တယ္။လက္ဖက္အစ္ကေလး
လည္း ေရွ႕တိုးေပးၿပီး နဂါးေဆးေပါ့လိပ္
တစ္လိပ္ မီးညႇိၿပီး ကိုေအာင္ဘေက်ာ္ကို
ကမ္းေပးလိုက္တယ္။

“ကဲ ကိုေအာင္ဘေက်ာ္ အၾကမ္းေသာက္
ဗ်ာ၊ လက္ဖက္လည္းစား၊ ဘယ္ကေန
ေရာက္လာတာတုံး၊ လက္ထဲမွာလည္း
ႏြားႏွင္တံႀကီးနဲ႔ဆိုေတာ့ လွည္းပါလာ
တယ္ထင္တယ္ ”

“မင္းဆီကို သက္သက္လာတာကြ
တာေတရ၊လွည္းပါတယ္၊ အေရွ႕ပိုင္းက
ဘေထြးၾကည္ေသာင္းတို႔ဝိုင္းမွာ ျဖဳတ္
ထားခဲ့တယ္၊ မင္းအိမ္ေတာင္ မသိလို႔
ဘေထြးၾကည္ေသာင္းကို ေမးၿပီးလာ
ရတာ”

ေျပာရင္းနဲ႔ ကိုေအာင္ဘေက်ာ္ႀကီးက
နဂါးေဆးေပါ့လိပ္ကေလး ဖြာေနတယ္။

“ကိုေအာင္ဘေက်ာ္ လက္ဖက္လည္း
စားဗ်ာ၊ ႏို႔ ထမင္းေရာ စားခဲ့ၿပီလား၊
မစားရေသးရင္ ဒီမွာစားဗ်ာ”

“ဟာ စားၿပီးၿပီ၊ စားၿပီးၿပီ၊ စားၿပီးမွ
ထြက္လာတာကြ”

“ႏို႔ ကိုေအာင္ဘေက်ာ္ ကိစၥအထူးမ်ား
ရွိလို႔လားဗ်”

က်ဳပ္က ေမးလိုက္ေတာ့ ေဆးလိပ္မီးခိုး
ကို ႏွာေခါင္းထဲက မႈတ္ထုတ္ရင္း ေျပာတယ္

“ကိစၥမွ ထူးလိုက္ပါဘိ တာေတရာ”

“ဟင္ ဘယ္လိုကိစၥမ်ားတုံးဗ်”

“ငါတို႔ေငြတြင္းကုန္းမွာ က်ားတစ္ေကာင္
ေရာက္ေနလို႔ကြ”

“ဘာ က်ား ဟုတ္လား ကိုႀကီးဘေက်ာ္”

“ဟုတ္ပ တာေတရာ၊ က်ားကြ၊
က်ားမွ အနက္ႀကီးကြ”

“ဟာ ခင္ဗ်ားတို႔႐ြာထဲကို ဝင္ေရာလား”

“မဝင္ဘူးကြ၊ ႐ြာျပင္ကပဲပတ္ၿပီး သြားေန
တာ၊ က်ားဟိန္းသံႀကီးကေတာ့ ငတို႔
ေငြတြင္းကုန္းတစ္႐ြာလုံးကို လႊမ္းေနတာ
ကြ၊ ၿပီးေတာ့ ညနက္သန္းေခါင္ေက်ာ္မွ
က်ားက လာတာ၊ ခုထိေတာ့ ႐ြာထဲကို
မဝင္ေသးဘူးကြ၊ ႐ြာခ႐ိုးအျပင္ကပဲ
သြားေနတာ”

“ဘယ္လိုတုံးဗ်ာ ထူးဆန္းလွခ်ည္လား၊
က်ဳပ္တို႔ဘက္ေတြမွာ ဘယ္တုန္းက
က်ားရွိဖူးလို႔တုံးဗ်၊ ႏို႔ က်ားအနက္ဆို
တာကေကာ ဘယ့္ႏွယ္သိတာတုံး”

“ဟာ တာေတကလည္း ငါနဲ႔ကာလသား
ေတြ ညဘက္သစ္ပင္ႀကီးေတြေပၚကေန
တက္ၿပီး ၾကည့္တာေလကြာ၊ အနက္မွ
ေမွာင္ေနေအာင္ကို နက္တာကြ၊ အ
ေကာင္ကလည္း နည္းနည္းေနာေနာႀကီး
မဟုတ္ဘူးကြ၊ ငါစိတ္ထင္ေတာ့ ကိုး
ေတာင္က်ားမကဘူးထင္တယ္၊ ဆယ့္
ႏွစ္ေတာင္ေလာက္မ်ား ရွိေနမလားပဲကြ”

က်ဳပ္က ကိုေအာင္ဘေက်ာ္ ေျပာတာကို
နားေထာင္ရင္း ေတြးေနမိတာဗ်

“ကိုေအာင္ဘေက်ာ္၊ က်ဳပ္ေတာ့ က်ားနက္
ရွိမွန္းေတာင္ မသိဘူးဗ်၊ က်ဳပ္ၾကားဖူးတာ
က်ားသစ္နက္ပဲ ၾကားဖူးတာ”

“ဟာ က်ားသစ္ မဟုတ္ဘူး တာေတ၊
က်ားမွ က်ားအစစ္ကြ၊ဟိန္းလိုက္တာမွ
ဝုန္းကနဲ၊ ဝုန္းကနဲ ေနတာကြ၊ ညေရာက္
ရင္ ငါတို႔႐ြာသားေတြ တံခါးေတြပိတ္ၿပီး
အိမ္ထဲမွာ ၿငိမ္ေနၾကတာ။ ႐ြာလမ္းထဲမွာ လူကိုမရွိေတာ့တာကြ၊ ေခြးေတြဆိုတာ
လည္း အၿမီးေတြကုပ္ၿပီး ၿငိမ္ေနလိုက္ၾက
တာကြ၊ တင္းကုပ္ထဲက ႏြားေတြဆိုတာ
လႈပ္ေတာင္ မလႈပ္ရဲ႕ဘူးကြ၊ ႏွာမႈတ္သံ
ေတြ တဖူးဖူးပဲ ၾကားရတယ္”

“က်ဳပ္ ၾကားဖူးတာေတာ့ ဘဂၤလားက်ား
ဆိုတာေတြက ကိုးေတာင္ဆယ္ေတာင္
ရွိဆိုပဲဗ်။ အခု ကိုဘေက်ာ္ ေျပာသလို
ဆိုရင္ ဘဂၤလားက်ားႀကီးလားမွ မသိ
တာ၊ ေတာထဲေတာင္ထဲသြားရင္း နယ္
ကြၽံလာတာ ျဖစ္မွာေပါ့ဗ်ာ”

“ဟာ နယ္ကြၽံလာရင္လည္း တျခားကို
သြားေရာေပါ့ကြ၊ အခုဟာက ညတိုင္း
သန္းေခါင္ေက်ာ္ရင္ ေရာက္လာၿပီး
တဝုန္းဝုန္းနဲ႔ ဟိန္းၿပီး ႐ြာကို တစ္ပတ္
ၿပီး တစ္ပတ္ ပတ္ေနတာကြ”

“ႏို႔ အခုဆိုရင္ ဘယ္ႏွယ္ည ရွိၿပီတုံး”

“ညကနဲ႔ပါဆိုရင္ ေလးညေတာင္
ရွိၿပီကြ”

“ဟင္ ေလးညေတာင္ ရွိၿပီဟုတ္လား၊
ဒါဆိုရင္ေတာ့ ခရီးလြန္လာတဲ့က်ား
ဟုတ္ဟန္မတူဘူးဗ်”

က်ဳပ္လည္း ေတြးေနမိတာေပါ့ဗ်ာ။

“ေနဦး တာေတရ၊ ထူးျခားတာတစ္ခု
လည္း မင္းကို ေျပာရဦးမယ္”

“ဟင္ ဘာတုံး ကိုေအာင္ဘေက်ာ္”

“ငါတို႔ ေငြတြင္းကုန္းက သခ်ႋဳင္းကုန္း
ဇရပ္ထဲမွာ လူတစ္ေယာက္ ေရာက္ေန
တယ္ကြ၊ ႏႈတ္ခမ္းေမြးကားကားႀကီးနဲ႔၊
ေသွ်ာင္တေစာင္းႀကီး ထုံးလို႔ကြ၊ လြယ္
အိတ္စုတ္ႀကီးတစ္လုံးလည္း လြယ္ထား
ေသးတယ္၊ ႐ြာက ႏြားေက်ာင္းတဲ့ ေကာင္
ေလးေတြေျပာလို႔ ငါ မေယာင္မလည္နဲ႔
သြားၾကည့္တာ၊ အဲဒီလူ ႐ြာသခ်ႋဳင္းက
ဇရပ္ကို ေရာက္လာၿပီး ေနာက္ေန႔မွာ
ပဲ ဒီက်ားကိစၥေပၚလာတာကြ”

“႐ြာထဲမွာေကာ ဘာထူးျခားမႈ ရွိတုံးဗ်”

ကိုေအာင္ဘေက်ာ္က မ်က္ေမွာင္ႀကီး
ၾကဳတ္ၿပီး ေျပာတယ္။

“႐ြာထဲမွာေတာ့ ဘာမွမထူးျခားဘူးကြ
တာေတရ”

“ႏို႔ ကိုေအာင္ဘေက်ာ္ က်ဳပ္ဆီကို
လာတာ ဒီကိစၥ ေျပာျပခ်င္လို႔လား”

“ဟာ ေျပာခ်င္လို႔ မဟုတ္ဘူးကြ၊ မင္းကို
ေခၚခ်င္လို႔ ေငြတြင္းကုန္းက လူငယ္ေတြ
အားလုံးက မင္းကို သြားေခၚေပးပါဆိုလို႔
ငါ လာခဲ့တာၾက”

” အင္း ခက္ေတာ့ ခက္သားလား
ကိုေအာင္ဘေက်ာ္ရဲ႕ က်ဳပ္ကလည္း
ဆရာ မဟုတ္ဘူးေလဗ်ာ၊ သရဲေလး၊
တေစၦေလးကိစၥေလာက္သာ လုပ္ဖူး
တာဗ်၊ အခုလို က်ားနက္ေတြ ဘာ
ေတြက်ေတာ့ က်ဳပ္လည္း နားမလည္
ဘူး ကိုေအာင္ဘေက်ာ္ရဲ႕”

“တာေတရာ၊ မင္းက ဆရာ မဟုတ္
ေပမဲ့ ဆရာေတြနဲ႔ သြားဖူး လာဖူးတဲ့
သူေလကြာ၊ မင္း လာၿပီး အကဲေလး
ဘာေလ ခတ္ၾကည့္ပါကြာ၊ ငါတို႔က
ေတာ့ ေၾကာက္တာပဲ သိတာကြ၊ ဘာ
မွနားမလည္တာ မဟုတ္ဘူး”

က်ဳပ္ ေတြၿပီးစဥ္းစားေနတယ္။ဒါ ဘာ
ျဖစ္ႏိုင္သလဲဆိုတာ က်ားနက္ႀကီး။ည
သန္းေခါင္ေက်ာ္ရင္ ပုံမွန္ေရာက္လာ
ၿပီး ႐ြာကို ပတ္ၿပီး တဝုန္းဝုန္းနဲ႔ ဟိန္း
ေနတာ။ က်ားက ဆယ့္ႏွစ္ေတာင္
ေလာက္ေတာင္ ရွိမယ္ဆိုပဲ။ေတြးသာ
ေတြးရတာပါဗ်ာ။ ဒါမ်ိဳး က်ဳပ္ တစ္ခါမွ
ၾကားဖူးတာ မဟုတ္ဘူးဗ်။ ႐ြာျပင္သု
သာန္ထဲက ေသွ်ာင္ထုံးနဲ႔ႏႈတ္ခမ္းေမြး
ကားကားႀကီးနဲ႔ ဒီလူ ေရာက္မွ ဒီက်ား
ေရာက္လာဆိုေတာ့ ဒီလူကေရာဘာတုံး။
က်ားနက္ႀကီးနဲ႔ ဒီလူနဲ႔က ဘယ္လိုပတ္
သက္ေနတုံး။ဘယ္လိုပဲေတြးေတြး အ
ေျဖကေတာ့ မေပၚဘူးဗ်။

ဘာပဲျဖစ္ျဖစ္ ေငြတြင္းကုန္းကို လိုက္သြား
မယ္လို႔ ဆုံးျဖတ္လိုက္တယ္။အေမနဲ႔အဘ
ကို အက်ိဳးအေၾကာင္းေျပာၿပီးအဝတ္အပို
တစ္စုံယူတယ္။ ၿပီးေတာ့ က်ဳပ္ရဲ႕ေဆးလြယ္
အိတ္၊ သစ္စုန္းေဆးေတာ္၊ မ်က္ကြင္းေဆး
ဘာမွမက်န္ေအာင္ က်ဳပ္ ယူလာခဲ့တယ္။

ထေနာင္းကုန္းကေန နာရီျပန္ ႏွစ္ခ်က္
တီးေလာက္ထြက္ခဲ့တယ္။ ကိုေအာင္ဘ
ေက်ာ္က က်ဳပ္တို႔နယ္တေၾကာမွာ လွည္း
ေမာင္းခ်န္ပီယံဗ်။ လွည္းေမာင္းၿပိဳင္ပြဲမွာ
မၾကာမၾကာဆုရတဲ့လူ။ ခုမွပဲ ကိုေအာင္
ဘေက်ာ္ေမာင္းတဲ့လွည္းကို က်ဳပ္က စီး
ဖူးတာဗ်။လွည္းေမာင္းတဲ့ ေနရာမွာေတာ့
လႊတ္ေတာ္တဲ့လူပါဗ်။ ႏြားေငါက္သံေတာင္
သိပ္မၾကားရဘူး။ ေျပးလိုက္တဲ့ ႏြားေတြ
ဗ်ာ။ သူ႔ႏြားႀကီးေတြကလည္း တကယ့္
ႏြားေကာင္းေတြဗ်ာ။ ႏြားဖီးႀကီးေတြဗ်ာ။
အျဖဴတစ္ေကာင္၊ အနီတစ္ေကာင္ဗ်။
ညေန ငါးနာရီေလာက္က်ေတာ့ ေငြ
တြင္းကုန္းသခ်ႋဳင္းကို ေရာက္ၿပီဗ်။

“တာေတ ငါ ဇရပ္နားက ျဖတ္ေမာင္း
ရမွာ၊ ဇရပ္ေပၚက ဟိုလူကို မင္း မသိ
မသာ အကဲခတ္ၾကည့္ကြ”

ကိုေအာင္ဘေက်ာ္က လွည္းကို သခ်ႋဳင္း
ဇရပ္နဲ႔ မနီးမေဝးက ျဖတ္ေမာင္းတယ္။
က်ဳပ္က ဟိုၾကည့္သလို၊ ဒီၾကည့္သလိုနဲ႔
သခ်ႋဳင္းကုန္းထဲက ဇရပ္ေပၚကို ၾကည့္
တယ္။ ေဟာ ေတြ႕ၿပီ။ ေတြ႕ၿပီ။ ေသွ်ာင္
တစ္ေစာင္းနဲ႔၊ ႏႈတ္ခမ္းေမြးကားကားႀကီး
ဗ်။ တစ္ခုခုကို ေတြးေနတာဗ်ိဳ႕။ က်ဳပ္
ၾကည့္ေနတာေတာင္ ဒီလူ မသိဘူး။
က်ဳပ္တို႔ သခ်ႋဳင္းဇရပ္ကို ေက်ာ္လာ
ေတာ့မွ ကိုေအာင္ဘေက်ာ္က
က်ဳပ္ကို ေမးတယ္။

“ဘယ္လိုလဲ တာေတ၊ ဒီလူပုံစံက
မ႐ိုးဘူး ထင္တယ္ေနာ္”

“ဟုတ္တယ္ဗ်၊ ကိုေအာင္ဘေက်ာ္ရဲ႕၊
က်ဳပ္အေတြ႕အႀကဳံအရ ေျပာရရင္ေတာ့
ဒီလူဟာ ကေဝလား၊ ေအာက္လမ္းလား
ပဲဗ်၊ ခင္ဗ်ားေျပာတဲ့ က်ားနက္ႀကီးနဲ႔
ဒီလူနဲ႔ဟာ တစ္နည္းနည္းေတာ့ ပတ္
သက္မႈရွိမွာ အမွန္ပဲဗ်”

“ဒီလူ ေရာက္လာၿပီးမွ ဒီက်ားနက္ႀကီး
ေပၚလာတာကြ၊ ညတိုင္း ႐ြာကိုပတ္ၿပီး
ဟိန္းေနတာ၊ ညေရာက္ရင္ မင္း ေတြ႕
ရမြာပါၾကာ”

“ခင္ဗ်ားက်ား ဒီည လာပါေစလို႔ပဲ
ဆုေတာင္းရေတာ့မွာပဲဗ်ာ”

“ဟာ လာမွာေပါ့ တာေတရဲ႕၊ ညတိုင္း
လာေနတာ၊ ေလးညဆက္တိုက္ ရွိေန
ၿပီပဲကြ”

မိုးမခ်ဳပ္ခင္ က်ဳပ္တို႔႐ြာထဲ ေရာက္ခဲ့
တယ္၊႐ြာထဲက ကာလသားေတြက
ဝမ္းသာအားရနဲ႔ က်ဳပ္ကိုႀကိဳဆိုၾက
ပါေရာလားဗ်ာ။

“ဟာ တာေတ ပါလာၿပီေဟ့”

တစ္ေယာက္က ေအာ္ေျပာလိုက္တာနဲ႔
တစ္ေယာက္ၿပီး တစ္ေယာက္ ေရာက္
လာတာဗ်။ က်ဳပ္နဲ႔ ကိုေအာင္ဘေက်ာ္
လည္း ကာလသား ဆယ့္ေလးငါး
ေယာက္နဲ႔ အတူသြားရေတာ့တာေပါ့
ဗ်ာ။ ကိုေအာင္ဘေက်ာ္တို႔ ဝိုင္းႀကီး
က က်ယ္သားဗ်။မက်ည္းပင္၊ တမာ
ပင္ေတြနဲ႔ အုံ႔အုံ႔ဆိုင္းဆိုင္းေလးဗ်။
က်ဳပ္တို႔အားလုံးကြၽန္းေလွကားႀကီး
ကေန အိမ္ႀကီးေပၚကို တက္ခဲ့တယ္။

“ေဟ့ လာေဟ့၊ ေမာင္တာေတ၊
ငါတို႔လည္း မင္းကို ေတြ႕ခ်င္လို႔
ေစာင့္ေနတာကြ”

ေငြတြင္းကုန္းက လူႀကီးေတြ ေလးငါး
ေယာက္ က်ဳပ္ကိုထိုင္ၿပီး ေစာင့္ေနၾက
တာဗ်။ ဒီထဲမွာ ကိုေအာင္ဘေက်ာ္ရဲ႕
အဘလည္း ပါမယ္ဗ်။ က်ဳပ္က သူ႔
အဘကို ျမင္ဖူးတာ မဟုတ္ဘူး။

“လာ တာေတ၊ ထိုင္ကြ၊ ေဟာဒါ ငါ့
အဘ ဦးစိန္ျဖဴ၊ ေဟာဒါက ငါ့အေမ
ေဒၚလုံးၾကည္”

က်ဳပ္က ၿပဳံးၿပီး ႏႈတ္ဆက္ရတယ္

“ေဟာဒီဘက္ ဘိုးေမာင္ျဖဴ၊ ဒါက
ဘိုးထြန္းၾကည္၊ ဒါက ဘိုးေအာင္ရင္၊
ဒါက ဘိုးစိႏၡိဳၾက”

က်ဳပ္က အားလုံးကို ၿပဳံးၿပီးႏႈတ္ဆက္
ရတာေပါ့ဗ်ာ။

“တာေတ ေရာ့၊ မင္းက နဂါးပဲ
ေသာက္တာ”

ဆိုၿပီး ကိုေအာင္ဘေက်ာ္က က်ဳပ္ကို
နဂါးေဆးေပါ့လိပ္ တစ္လိပ္နဲ႔ ဓႏုျဖဴ
ေဒၚရီ မီးခတ္ ကမ္းေပးတယ္။ က်ဳပ္
လည္း မီးခတ္ ခတ္လိုက္ၿပီးေဆးလိပ္ ဖြာလိုက္တယ္။နဂါးေဆးေပါ့လိပ္က
ေလး ဖြာလိုက္ရမွာ အေမာေျပသြား
တာဗ်ိဳ႕။

“အက်ိဳးအေၾကာင္းေတြေတာ့ ေမာင္
တာေတ သိၿပီးေရာေပါ့၊ ဘယ္လိုအ
ေၾကာင္းဆိုတာ ေမာင္တာေတ ေတြး
လို႔မ်ား ရလားကြဲ႕”

ကိုေအာင္ဘေက်ာ္ရဲ႕အဘ ဦးစိန္ျဖဴ
က က်ဳပ္ကို ေမးတယ္။

“က်ဳပ္လည္း ဒီကိစၥကို တစ္လမ္းလုံး
ေတြးလာတာပဲဘိုးရဲ႕၊ က်ဳပ္ဆရာႀကီး
ႏွစ္ေယာက္နဲ႔ လိုက္ခဲ့တုန္းကေတာ့
တစ္ခါျမင္ခဲ့ဖူးတယ္ဗ်”

“ေဟ ဘာမ်ားတုံး ေမာင္တာေတရဲ႕”

“နာနာ႐ုပ္အတတ္ဆိုတာ ရွိတယ္
ဘိုးရဲ႕၊ ႐ုပ္ေျပာင္း႐ုပ္လြဲ အတတ္ေပါ့ဗ်ာ၊
လူကေန က်ားအသြင္ေျပာင္းတာဗ်”

“ဟာ ဒါမ်ိဳးရွိသလား ေမာင္တာေတရဲ႕”

“ရွိတယ္ ဘိုး၊ က်ဳပ္ေရွ႕မွာတင္
ျမင္ခဲ့ရတာေတြပါ”

“သမန္းက်ားဆိုတာမ်ိဳးထင္တယ္”

ကာလသားတစ္ေယာက္က ဝင္ေျပာ
တာဗ္

“ေအး ဟုတ္ႏိုင္တယ္ကြ၊ မင္းေျပာတာ”

က်ဳပ္က ခ်က္ခ်င္းျပန္ေျပာလိုက္တယ္

“ဒါဆိုရင္ သခ်ႋဳင္းဇရပ္ေပၚက လူမ်ား
႐ုပ္ေျပာင္း ႐ုပ္လြဲလုပ္ၿပီး ႐ြာကို ေျခာက္
လွန္႔ေနတာမ်ားလား ဘိုးရယ္”

ေနာက္ကာလသားတစ္ေယာက္က
ဝင္ေျပာတာဗ်။ ေငြတြင္းကုန္းသားေတြ
မဆိုးဘူးဗ်ာ။ ေတြးတတ္ ေခၚတတ္သား
ပဲ။ က်ဳပ္လည္း လာတဲ့လမ္းမွာ ဒါေတြ
ေတြးလာခဲ့တာေလဗ်ာ။

“ျဖစ္ႏိုင္တာေတြေတာ့ ရွိတာေပါ့ ဘိုး
ရာ၊ ဒါေပမဲ့ အေတြးနဲ႔ ဆုံးျဖတ္လို႔ေတာ့
မျဖစ္ဘူးဗ်။ ေသခ်ာေအာင္ ဒီည သြား
ၾကည့္ရလိမ့္မယ္”

“ဗ်ာ သြားၾကည့္မယ္ ဟုတ္လား”

ကာလသားေတြ လန္႔ၿပီး ေအာ္ၾကတယ္ဗ်

“ဟုတ္တယ္၊ သြားၾကည့္ရမွာ၊ ကိုေအာင္
ဘေက်ာ္ က်ဳပ္နဲ႔ တစ္ေယာက္ေလာက္
အေဖာ္လိုက္ခဲ့မလား”

“ဟာ တာေတကလည္း ငါလိုက္မွာေပါ့ကြ”

ကာလသားေတြကေတာ့ ၿငိမ္ေနတာဗ်။
ဘာမွကို မေျပာၾကဘူး။ က်ဳပ္တို႔ထမင္း
စားၿပီးေတာ့ ည ၇ နာရီထိုးၿပီ။ ၉နာရီထိုး
တာနဲ႔ က်ဳပ္နဲ႔ ကိုေအာင္ဘေက်ာ္ ႐ြာျပင္
ကို ထြက္လာခဲ့တယ္။ လကြယ္ရက္ နီး
ေနၿပီဆိုေတာ့ လေရာင္ေတာ့ မရွိဘူးဗ်။

ၾကယ္ေရာင္ပဲရွိတယ္။ က်ဳပ္တို႔ႏွစ္
ေယာက္သစ္ပင္ေတြ ၿခဳံပုတ္ေတြေနာက္
မွ ပုန္းရင္းသခ်ႋဳင္းကုန္းကို တျဖည္းျဖည္း
ကပ္လာခဲ့တယ္။ က်ဳပ္က သခ်ႋဳင္းအေန
အထားကို အကဲခတ္ၾကည့္လိုက္တယ္။
သခ်ႋဳင္းဇရပ္ထဲက လူကေတာ့ ေဆးေပါ့
လိပ္ကေလးမီးတရဲရဲနဲ႔ဗ်။ က်ဳပ္တို႔ဘက္
ကို ေက်ာခိုင္းထားတယ္။ က်ဳပ္က ကို
ေအာင္ဘေက်ာ္ကို လက္ကုတ္ၿပီး ျမရာ
ပင္ေတြအရွည္ႀကီးေပါက္ေနတဲ့ဘက္က
အုတ္ဂူႀကီး တစ္လုံးကို လက္ညႇိဳးထိုးၿပီး
ျပလိုက္တယ္။ ကိုေအာင္ဘေက်ာ္နဲ႔ က်ဳပ္
နဲ႔ အုတ္ဂူႀကီးေပၚကို တက္ထိုင္လိုက္တယ္။ ျမရာပင္ေတြၾကားမွာ က်ဳပ္တို႔ႏွစ္ေယာက္
ေပ်ာက္သြားတယ္။

သခ်ႋဳင္းဇရပ္ဘက္ကေန လွမ္းၾကည့္ရင္
က်ဳပ္တို႔ကို ဘယ္သူကမွ မျမင္ႏိုင္ဘူးဗ်။

သန္းေခါင္ၾကက္တြန္သံ ႐ြာဘက္က
ၾကားလိုက္ရတယ္။

“ဝုန္း၊ ဝုန္း၊ ဝုန္း၊ ဝုန္း”

ဟာ က်ားဟိန္းသံႀကီးဗ်ာ။ တကယ္ကို
ေၾကာက္စရာႀကီးပါလား၊ ဒါေၾကာင့္လည္း
ေငြတြင္းကုန္းသားေတြ ေၾကာက္ၾကတာ
ေပါ့ေလ။ ရွင္းသြားၿပီေပါ့ဗ်ာ။ က်ဳပ္ထင္
ထားသလို မဟုတ္ဘူးဆိုတာေလ။ဇရပ္
ေပၚကလူ ႐ုပ္ေျပာင္း႐ုပ္လြဲလုပ္ၿပီး က်ား
အသြင္ ဖန္တီးထားတာေတာ့ လုံးဝမ
ဟုတ္ဘူးဗ်။ ဟိုလူက ဇရပ္ေပၚမွာပဲ
ေဆးလိပ္ထိုင္ဖြာေနတာဗ်ိဳ႕။

“ကိုေအာင္ဘေက်ာ္၊ က်ားက ဘယ္
ဘက္က စဟိန္းတာတုံးဗ်”

“အဲဒါ ႐ြာအေရွ႕ဘက္ ႐ြာဦးနတ္စင္က
ဟိန္းတာကြ၊ ညတိုင္း အဲဒီဘက္ကပဲ
စဟိန္းတာ”

“ေၾသာ္ အဲဒါ နတ္စင္လား”

“ေအး ဟုတ္တယ္၊ဘာျဖစ္လို႔တုံး
တာေတရ”

ေဟာ ဟိုလူထလာၿပီဗ်ိဳ႕။ကိုေအာင္ဘ
ေက်ာ္ ေမးတာကိုေတာင္ က်ဳပ္ ျပန္မ
ေျဖရေသးဘူးဗ်။ ကိုေအာင္ဘေက်ာ္
လည္း က်ဳပ္ကို ဆက္မေမးေတာ့ဘဲ
ဇရပ္ေပၚက လူကို မ်က္ေတာင္မခတ္
ၾကည့္ေနေတာ့တာေပါ့ဗ်ာ။

“ဝုန္း၊ ဝုန္း၊ ဝုန္း၊ ဝုန္း”

ေဟာ က်ားဟိန္းသံႀကီးက တျဖည္း
့ျဖည္းနဲ႔ နီးလာၿပီဗ်။

“တာ၊ တာ၊ တာေတ ျဖစ္၊ ျဖစ္ပါ့မလားကြ”

ကိုေအာင္ဘေက်ာ္က အသံတုန္တုန္ႀကီးနဲ႔
က်ဳပ္ကို ေမးတယ္။

“ဟာ ျဖစ္ပါတယ္၊ ကိုေအာင္ဘေက်ာ္ရဲ႕၊
က်ဳပ္လြယ္အိတ္မွာလည္း ေဆးဝါးအစုံ
ပါပါတယ္ဗ်၊ မေၾကာက္ပါနဲ႔ ”

ေျပာသာ ေျပာတာဗ်၊ က်ဳပ္လည္း ၾကက္
သီးေတြ ထေနတာပဲ။ ဟာ က်ားနက္ႀကီး
ဗ်ိဳ႕။ နည္းတဲ့အေကာင္ႀကီးမွ မဟုတ္တာ
ဗ်ာ။ ကိုေအာင္ဘေက်ာ္ ေျပာတာ ဟုတ္
တာေပါ့ဗ်ာ။ ဆယ့္ႏွစ္ေတာင္ကို ရွာမွာဗ်။
ၾကယ္ေရာင္ေအာက္မွာ ျမင္ရတာဗ်ိဳ႕။ခါး
ႀကီး ႏြဲ႕ႏြဲ႕နဲ႔နဲ႔ ေလွ်ာက္လာတာဗ်။ မ်က္
လုံးႏွစ္လုံးဆိုတာ ေမွာင္ထဲမွာကို နီရဲၿပီး
ေတာက္ေနတာဗ်ိဳ႕။ ေဟာ က်ားက ဟို
လူဆီကို တန္းသြားတာဗ်။ ေအာင္မယ္
ဒီလူက ဆယ့္ႏွစ္ေတာင္ က်ားႀကီးကို
လက္နဲ႔ သပ္ေနတာဗ်ိဳ႕။

“ငါ့သား၊ ကိစၥေတြ ၿပီးေတာ့မွာပါကြာ၊
မနက္ျဖန္ည လကြယ္ညပဲကြ၊ မနက္
ျဖန္ညေရာက္ရင္သာ ဟိုေကာင္မကို
ခ်ီၿပီးဂူႀကီးကို အေရာက္သြားေပေတာ့၊
ဆရာလည္း မင္းေနာက္က ထပ္ခ်ပ္မ
ကြာလိုက္ခဲ့မွာပါ၊ ဒါေပမဲ့ မင္းက က်ား၊
ငါက လူဆိုေတာ့ ေတာထဲ ေတာင္ထဲ
သြားတဲ့အခါ မင္းကို မွီေအာင္ေတာ့
လိုက္ႏိုင္မွာ မဟုတ္ဘူးေပါ့ကြာ”

ဟာ က်ားနက္ႀကီးက ဒီလူ႔ေျခေထာက္
ကို ေခါင္းနဲ႔ေခြ႕ေနတယ္ဗ်ိဳ႕။ဘယ္လို
ျဖစ္လို႔ ဒီလူ ဒီက်ားကို ဒီေလာက္ပိုင္ေန
တာပါလိမ့္။ ၿပီးေတာ့ က်ားက ညသန္း
ေခါင္မွ ေပၚလာတာေလဗ်ာ။ တစ္ေန႔
လုံး ဒီက်ား ဘယ္မွာ သြားေနတာတုံး။
႐ြာကလူေတြ အလုပ္သြားလုပ္ေနၾက
တာ။ တစ္ေယာက္ေယာက္ေတာ့ ဒီ
က်ားနက္ႀကီးကို ျမင္ရမွာေပါ့ဗ်ာ။

ေဟာ ဟိုလူ က်ားႀကီးကို ဘာေျပာလိုက္
တယ္ မသိဘူးဗ်။ က်ားနက္ႀကီးက ခ်ာ
ကနဲ လွည့္ထြက္ၿပီး ႐ြာဘက္ကို ျပန္
သြားၿပီး ဟိန္းျပန္ေရာဗ်ိဳ႕။

” ဝုန္း၊ ဝုန္း၊ ဝုန္း၊ ဝုန္း”

ကိုေအာင္ဘေက်ာ္နဲ႔ က်ဳပ္လည္း တုတ္
တုတ္မွကို မလႈပ္ရဲၾကဘူးေပါ့ဗ်ာ။ အခု
ေန ႐ြာျပန္သြားရင္လည္း က်ားနက္ႀကီး
နဲ႔ ပက္ပင္းတိုးနဲ႔ ေသခ်ာတာေပါ့ဗ်ာ။
က်ဳပ္တို႔ႏွစ္ေယာက္လည္း ဂူႀကီးေပၚ
မွာ လွဲအိပ္ရင္း က်ားဟိန္းသံႀကီးကို
နားစြင့္ရတာေပါ့ဗ်ာ။

မနက္ အ႐ုဏ္တက္ေလာက္က်ေတာ့
က်ားဟိန္းသံႀကီးေပ်ာက္သြားတယ္ဗ်။
ဇရပ္ထဲကို လွမ္းၾကည့္လိုက္ေတာ့ ဟို
လူလည္း အိပ္ေနသဗ်။ က်ဳပ္နဲ႔ ကို
ေအာင္ဘေက်ာ္လည္း လာတုန္းက
အတိုင္း ၿခဳံေတြၾကားကေန ျပန္ထြက္
ၿပီး ႐ြာကို ျပန္ခဲ့ရတာေပါ့ဗ်ာ။

ဒါေပမဲ့ က်ဳပ္စိတ္ထဲမွာေတာ့ ‘မနက္
ျဖန္ညေရာက္ရင္သာ ဟိုေကာင္မကို
ခ်ီၿပီး ဂူႀကီးထဲကို ေရာက္ေအာင္ သြား
ေပေတာ့’ဆိုတဲ့ ဇရပ္ေပၚကလူ က်ား
နက္ႀကီးကို ေျပာလိုက္တဲ့ စကားသံ
ႀကီးကိုသာ ၾကားေနေတာ့တာ။ ကို
ေအာင္ဘေက်ာ္တို႔ အိမ္ေရာက္ေတာ့
လည္း ဒါကိုပဲ ေတြးေနမိတာဗ်။

ဒါေပမဲ့ ဘယ္ေကာင္မကို က်ားက
ခ်ီမယ္ဆိုတာ က်ဳပ္လုံးဝမသိဘူးဗ်ိဳ႕။
က်ဳပ္တို႔ ကိုေအာင္ဘေက်ာ္တို႔ အိမ္
ကို ျပန္ေရာက္ေတာ့ မိုးလင္းစျပဳၿပီဗ်။
ကိုေအာင္ဘေက်ာ္ရဲ႕ အေဖနဲ႔အေမ
ျဖစ္တဲ့ ဘိုးစိန္ျဖဴနဲ႔ အရီးလုံးၾကည္
တို႔ႏွစ္ေယာက္က က်ဳပ္တို႔ႏွစ္ေယာက္
ကို စိတ္ပူၿပီး ေမွ်ာ္ေနၾကတာဗ်ိဳ႕။
စိတ္ပူမယ္ဆိုလည္း ပူစရာေပါ့ဗ်ာ။
တစ္ညလုံး က်ားနက္ႀကီးက ႐ြာကို
ပတ္ၿပီး အသံနက္ႀကီးနဲ႔ ဟိန္းေန
တာမို႔လား။

“ဟဲ့ ဟိုမွာ ေအာင္ဘေက်ာ္နဲ႔
တာေတ ျပန္လာၾကၿပီ”

ဘိုးစိန္ျဖဴက စၿပီးဝမ္းသာအားရ ေျပာ
လိုက္တာဗ်။

“ေအာင္မယ္ေလး ေတာ္ပါေသးရဲ႕ဟယ္၊
ငါတို႔မွာ တစ္ညလုံး အိပ္မေပ်ာ္တာ၊ က်ား
ဟိန္းသံႀကီး ၾကားတိုင္း နင္တို႔ႏွစ္ေယာက္
ကို စိုးရိမ္ေနတာ”

“က်ဳပ္ထင္သလိုေတာ့ မဟုတ္ဘူး ဘိုးရဲ႕”

“ဟင္ ဘယ္လိုမ်ားတုံး ေမာင္တာေတရဲ႕”

“ေၾသာ္ ဒီလိုေလ ဘိုးရာ၊ က်ဳပ္က ဇရပ္
ေပၚကလူဟာ ႐ုပ္ေျပာင္း႐ုပ္လြဲပညာနဲ႔
က်ားနက္ႀကီးပုံစံေျပာင္းၿပီး ႐ြာကို ၿခိမ္း
ေျခာက္ေနတယ္လို႔ ထင္တာ။ ညက
ေတြ႕ရေတာ့မွပဲ ဒီလူ က်ားပုံေျပာင္းတာ
မဟုတ္မွန္း သိတာဗ်။ က်ားနက္ႀကီးက
သပ္သပ္လာတာဗ်။ ဒါေပမဲ့ အဲဒီက်ား
က ဇရပ္ေပၚက လူရဲ႕ က်ားေတာ့ ဟုတ္
တယ္ဗ်၊ နည္းတဲ့အေကာင္ႀကီး မဟုတ္
ပါဘူးဗ်ာ။ ဆယ့္ႏွစ္ေတာင္ေတာ့ အ
သာေလးရွိတယ္ ဘိုးရ”

“ေဟ ကိုးေတာင္က်ားေတာင္ ႀကီးလွ
ၿပီထင္ေနတာ ဆယ့္ႏွစ္ေတာင္က်ား
ဆိုေတာ့ နည္းတဲ့အေကာင္ႀကီးမွ မ
ဟုတ္တာ”

ကိုေအာင္ဘေက်ာ္ရဲ႕အေဖက ေျပာတာဗ်

“ဒါထက္ ဘိုးရဲ႕၊ ညက ႐ြာထဲမွာေရာ
ဘာမ်ားထူးတုံးဗ်”

“ေဟ ထူးလိုက္တာမွ ေမာင္တာေတရယ္၊
အရီးတို႔ ဝိုင္းေတာင္ဘက္ ႏွစ္ဝိုင္းေက်ာ္
က ေအာင္ျဖဴဆိုတဲ့ ကေလးမေလး ည
တစ္ခ်က္တီးေလာက္ႀကီးမွာ ထေအာ္
လို႔ပါလား”

” ဟင္ ဘယ္လိုေအာ္လို႔တုံး အေမရဲ႕”

ကိုေအာင္ဘေက်ာ္က အလန္႔တၾကား
ေမးလိုက္တာဗ်။

“လာပါၿပီရွင္ ၊ လာပါၿပီ၊ ဆိုၿပီးေတာ့
အိမ္ထဲကေန အျပင္ကို ေျပးထြက္မယ္
ခ်ည္း လုပ္လို႔ သူတို႔အိမ္သားေတြမွာ
ဝိုင္းၿပီးဆြဲထားလိုက္ရတာဟယ္ မေျပာ
ပါနဲ႔ေတာ့ ”

“ဟင္ ဘယ္လိုျဖစ္လို႔တုံးဗ်”

ကိုေအာင္ဘေက်ာ္က မ်က္ေမွာင္ႀကီးၾကဳတ္
ၿပီး ေမးတာဗ်။ က်ဳပ္လည္း အရီးလုံးၾကည္
ကို အံ့ၾသၿပီး ၾကည့္ေနမိတာေပါ့ဗ်ာ။

“ဘယ္လိုျဖစ္တယ္ေတာ့ မသိဘူး
ေအာင္ဘေက်ာ္ေရ၊ ႐ြာျပင္က က်ားက
တစ္ခ်က္ဟိန္းလိုက္တိုင္း ေအာင္ျဖဴမက
လာပါၿပီရွင့္၊ ထ,ထေအာ္တာဟဲ့၊ ႐ြာထဲ
မွာကို ညံေနေရာေဟ့၊ တစ္႐ြာလုံးက
တိတ္ဆိတ္ေနတဲ့ အခ်ိန္ဆိုေတာ့
ေအာင္ျဖဴမ ေအာ္တဲ့အသံႀကီးက
႐ြာထဲမွာ လူတိုင္း ၾကားရေတာ့တာ
ေပါ့ဟာ။ ေအာင္ျဖဴမအသံကလည္း
တစ္မ်ိဳးႀကီးပဲဟဲ့၊ ဘယ္လိုႀကီးမွန္းကို
မသိပါဘူးဟာ”

က်ဳပ္ ဘာလုပ္ရမယ္ဆိုတာ ဆုံးျဖတ္
လိုက္ၿပီဗ်။

“ကိုေအာင္ဘေက်ာ္၊ ၾကက္တစ္ေကာင္
ခ်က္ခိုင္းဗ်ာ၊ ၿပီးရင္ ထမင္းတစ္ခြက္
ေလာက္ခ်က္၊ ငွက္ေပ်ာဖက္ခင္းၿပီး
ထမင္းေတာင္း ျပင္ရမယ္”

“ဟာ ရမယ္၊ တာေတ၊ ရမယ္၊ ဘယ္အခ်ိန္
ကို အၿပီးလိုခ်င္တုံး၊ေနာက္ထပ္ေရာ ဘာ
လိုေသးလဲ၊လိုတာရွိ အကုန္ေျပာကြာ”

“ဒီ႐ြာမွာ နတ္ဝင္သည္ ရွိလားဗ်”

“ဟာ ရွိပါ့ဗ်ာ၊ ေဒၚယုံးၾကည္ဆိုတာ
အေမဂ်မ္းေခါင္းစြဲဆိုလား၊ အေမေရယဥ္
ေခါင္းစြဲဆိုလားပဲကြ၊ အေရွ႕ပိုင္းမွာေနတာ၊
ငါနဲ႔ လႊတ္ခင္တာကြ၊ အေမနဲ႔လည္းခင္
တယ္၊ ေဒၚယုံးၾကည္ကို ငါတို႔ ဘာေျပာ
ေပးရမွာတုံး”

“ညေန ေျခာက္နာရီေက်ာ္ေလာက္
အေရာက္လာခဲ့ဖို႔ ေျပာဗ်ာ၊ ၿပီးေတာ့
မီးေလာင္ကုန္းသခ်ႋဳင္းကို က်ဳပ္တို႔
လွည္းနဲ႔ သြားမယ္၊ မဖဲဝါကိုပင့္ဖို႔
ဆိုတာလည္း ထည့္ေျပာဗ်ာ”

“စိတ္ခ် တာေတ၊ စိတ္ခ်၊ ကဲ ထမင္း
ၾကမ္းေလး စားေသာက္ၿပီး တစ္ေရး
ေလာက္ အိပ္လိုက္ၾကရေအာင္ကြာ”

ကိုေအာင္ဘေက်ာ္က ေျပာေတာ့
ဘိုးစိႏ္ုျဖဴက ေျပာတယ္ဗ်

“မင္းတို႔ႏွစ္ေယာက္ စိတ္ခ်လက္ခ်သာ
အိပ္ၾကပါကြာ၊ ေမာင္တာေတ လိုတာ
ေတြ ဘိုးတို႔အားလုံး စီစဥ္ထားမွာပါ၊
ခဏၾကာရင္ ႐ြာက လူႀကီးေတြ ေရာက္
လာၾကမွာကြ၊ အားလုံးက ေမာင္တာ
ေတ လိုတာေျပာဖို႔ ဘိုးကို မွာထား
ပါတယ္”

ကိုေအာင္ဘေက်ာ္နဲ႔ က်ဳပ္နဲ႔ ထမင္းၾကမ္း
စားၿပီးေတာ့ ႏွစ္ေယာက္သား အိပ္ၾကေတာ့
တာေပါ့ဗ်ာ။ တစ္ညလုံး အိပ္ေရးပ်က္ေန
တာဆိုေတာ့ ခ်က္ခ်င္းကို အိပ္ေပ်ာ္သြား
တာေပါ့ဗ်ာ။ က်ဳပ္တို႔ႏွစ္ေယာက္ အိပ္
ရာက ႏိုးလာေတာ့ ညေနသုံးနာရီေတာင္
ထိုးေနၿပီဗ်။ က်ဳပ္လည္း အိပ္ရာက က
ပ်ာကယာ ထၿပီး ေရမိုးခ်ိဳးလိုက္တယ္။
ဒီေတာ့မွ လူလည္း လန္းသြားေရာဗ်ိဳ႕။

“ေမာင္တာေတ အိပ္ေနတုန္း ႐ြာက
လူႀကီးေတြ လာၾကတယ္၊ ေမာင္တာ
ေတ ဘာေျပာတုံးဆိုတာ သိခ်င္လို႔ေပါ့
ကြာ၊ က်ဳပ္ကလည္း ေမာင္တာေတ ေျပာ
ျပတာေတြ အကုန္ေျပာျပလိုက္တယ္၊လို
တာေတြလည္း ေျပာျပလိုက္တယ္၊ ည
ေန ငါးနာရီထိုးတာနဲ႔ ဆန္တစ္ခြက္နဲ႔
ၾကက္တစ္ေကာင္ ခ်က္ထားတဲ့ ထမင္း
ေတာင္း ေရာက္လာလိမ့္မယ္၊ယုံးၾကည္
ကိုေတာ့ မင္းအရီး သြားေခၚထားၿပီးၿပီ”

“ဟာ ဒါဆိုရင္ ရပါၿပီ ဘိုးရဲ႕၊ ဒီက်ားနက္
ႀကီးရဲ႕ ဇရပ္ေပၚက လူဟာ ဘာဆိုတာ
ကိုေတာ့ က်ဳပ္က အတိအက် မေျပာႏိုင္
ေသးဘူးဗ်၊ ဒီည မဖဲဝါကို ပင့္ၿပီးရင္ေတာ့
ဘာဆိုတာ က်ဳပ္ေျပာျပလို႔ ရပါၿပီ ဘိုးရာ”

“ဟဲ့ တာေတနဲ႔ ေအာင္ဘေက်ာ္၊
နင္တို႔ႏွစ္ေယာက္လည္း ထမင္းၾကမ္း
စားၿပီးကတည္းက အိပ္လိုက္ၾကတာ
ထမင္းလည္း ထမစားၾကဘူး၊ အရီး
ခ်က္ထားတဲ့ ထမင္းေတြ ဟင္းေတြ
က ဒီအတိုင္းပါေကာလား”

“အရီးေရ ညစာက်မွပဲ ေပါင္းစားေတာ့
မယ္ဗ်ာ”

က်ဳပ္က အရီးကို ေျပာေတာ့ အရီးက
ဘာမွမေျပာဘဲ ရယ္ေနတယ္ဗ်။ ကို
ေအာင္ဘေက်ာ္က ေခါင္းႀကီးရမ္းၿပီး
ေျပာလိုက္တယ္ဗ်ိဳ႕။

“အေမရယ္ က်ဳပ္ျဖင့္ ညက ေၾကာက္
လိုက္တာဗ်ာ၊ ဇရပ္ေပၚက ေသွ်ာင္ထုံး
နဲ႔ လူႀကီးက က်ားနက္ႀကီးကို ေခါင္း
ႀကီးပြတ္ေပးေနတာေတြ႕ေတာ့ က်ဳပ္
မွာ အသည္းေတြ အူေတြ ေျပာင္းျပန္
ျဖစ္သြားသလိုပါပဲဗ်ာ”

“ေဟ ဟုတ္လား၊ ဒါဆိုရင္ ဒီက်ားနက္
ႀကီးက ဒီလူရဲ႕က်ားေပါ့ဟဲ့၊ ဘာအႀကံ
နဲ႔မ်ား ငါတို႔႐ြာကို က်ားနဲ႔ တိုက္ရတာတုံး”

“ဒါေတာ့ မသိေသးဘူးေလ၊ အေမရာ၊
ဒီည တာေတအလုပ္လုပ္မွာေလ၊ အဲဒါ
ၿပီးရင္ သိရမယ္လို႔ တာေတ ေျပာထား
တာပဲ ေအမရ”

“ေအး ေအး ဒါဆိုရင္ ဒီည သိရေတာ့
မွာေပါ့ဟယ္၊ ဒီလူနဲ႔ ဒီက်ားက တို႔႐ြာက
ေအာင္ျဖဴမကို ဘာမ်ားလုပ္မလို႔တုံးဟယ္”

“ဒါလည္း မပူပါနဲ႔ဗ်ာ၊ တာေတ စီစဥ္မွာပါဗ်”

“ေအး ေအး ဟုတ္တာေပါ့၊ နင့္တာေတ
က အေကာင္သာ ေသးတာဟဲ့၊ သတၱိ
ေတာ့ ေတာ္ေတာ္ရွိတဲ့အေကာင္ပဲ”

“ဟား ဟား ဟား ဟား”

က်ဳပ္ေရာ ဘိုးစိန္ျဖဴေရာ၊ ကိုေအာင္ဘ
ေက်ာ္ေရာ ရယ္ၾကေတာ့တာေပါ့ဗ်ာ။
က်ဳပ္တို႔အညာသူ၊ အညာသားေတြက
႐ိုး႐ိုးႀကီးေတြဗ်။ ဘာေျပာေျပာ ပြင့္ပြင့္
လင္းလင္းႀကီးေတြေပါ့ဗ်ာ။ က်ဳပ္နဲ႔
ကိုေအာင္ဘေက်ာ္ မနက္စာနဲ႔ညစာ
ေပါင္းစားၿပီးလို႔ ေဆးလိပ္ထိုင္ေသာက္
ေနတုန္း ဝိုင္းထဲကို လွည္းတစ္စီး
ေမာင္းဝင္လာတယ္ဗ်

“ဒါ ဘယ္သူတုံးဗ် ကိုေအာင္ဘေက်ာ္”

“ဟာ အဲဒါ နတ္ဝင္သည္ႀကီး
ေဒၚယုံးၾကည္ေလကြာ”

“လွည္းက ထမင္းေတာင္းယူရင္း
ယုံးၾကည္ကိုပါ ေခၚလာခဲ့တာေဟ့”

အရီးလုံးၾကည္က ေျပာတယ္ဗ်။
လွည္းေပၚမွာလည္း ေက်ာက္ခဲတို႔
အ႐ြယ္ေလာက္ ေကာင္ေလးႏွစ္
ေယာက္လည္း ပါလာတယ္။

“ေဟ့ေကာင္ စံပ၊ မင္းလည္း အိမ္ေပၚ
တက္ဦးေလကြာ”

“ဟာ က်ဳပ္ မတက္ေတာ့ဘူး ဘိုးစိန္ျဖဴေရ၊
အရီးဘုမတို႔ ဝိုင္းထဲမွာ ေျပာင္း႐ိုးသြားတိုက္
ရဦးမွာမို႔ဗ်”

က်ဳပ္က နတ္ဝင္သည္ ေဒၚယုံးၾကည္ကို
က်ဳပ္လုပ္မယ့္ ပုံစံကို ေျပာျပတယ္။ ေဒၚ
ယုံးၾကည္က အသားျဖဴျဖဴ၊ ေထာင္ေထာင္
ေမာင္းေမာင္းႀကီးဗ်။

“က်ဳပ္က ေမာင္တာေတကို မျမင္ဘူး
ေသးေပမဲ့ ၾကားဖူးၿပီးသားပါေတာ္၊ မ
ထြန္းတို႔၊ မတုတ္တို႔ က်ဳပ္နဲ႔ေတြ႕တဲ့
အခါတိုင္း ေမာင္တာေတ့အေၾကာင္း
ကို ေျပာေနက်ပါ၊ ေမာင္တာေတကို
မဖဲဝါ တစ္ခါပင့္ေပးၿပီးတိုင္း က်န္းမာ
ေရး ပိုေကာင္းတဲ့ အေၾကာင္း၊ စီးပြား
ေရးပိုျဖစ္တဲ့အေၾကာင္းေတြေတာင္
ေျပာၾကတာေတာ့”

“ဟင္ ဟုတ္လား၊ အဲဒါေတြေတာ့
က်ဳပ္ေတာင္ မသိပါဘူးဗ်ာ”

“ဒါေၾကာင့္ ဒီေကာင္မႏွစ္ေယာက္က
ေမာင္တာေတ လာေခၚရင္ ဘယ္ေတာ့
မွ မျငင္းၾကတာေပါ့”

က်ဳပ္က ၿပဳံးၿပီး ေခါင္းညိတ္လိုက္တယ္။
ညရွစ္နာရီမွာ ကိုေအာင္ဘေက်ာ္က
လွည္းေကာက္ၿပီး က်ဳပ္ရယ္၊ ေဒၚယုံး
ၾကည္ရယ္၊ ေကာင္ေလးႏွစ္ေယာက္
ရယ္ မီးေလာင္ကုန္းသခ်ႋဳင္းဘက္ကို
ထြက္ခဲ့ၾကတာေပါ့ဗ်ာ။ ေငြတြင္းကုန္း
သခ်ႋဳင္းမွာ လုပ္လို႔မျဖစ္ဘူးေလဗ်ာ။

ဇရပ္ေပၚမွာ က်ားနက္ဆရာႀကီး ရွိ
ေနတယ္မို႔လား။ မီးေလာင္ကုန္းသခ်ႋဳင္း
ကို ေရာက္တာနဲ႔ ခါတိုင္းလိုပဲ ဂူႀကီး
တစ္လုံးေပၚမွာ မဖဲဝါအတြက္ ထမင္း
ပြဲျပင္လိုက္တယ္။ အသင့္ယူလာတဲ့
ေရဖလားႀကီးထဲကို ေရျဖည့္လိုက္
တယ္။ ဖေယာင္းတိုင္ တစ္တိုင္လည္း
ထြန္းလိုက္ရတာေပါ့ဗ်ာ။

နတ္ကေတာ္ ေဒၚယုံးၾကည္ကေတာ့
လုပ္ငန္းကြၽမ္းက်င္ၿပီးသားေလဗ်ာ။
ဂူေရွ႕က ျမက္ခင္းေလးမွာ ဆံပင္ကို
ဖားလ်ားခ်ၿပီး ႀကဳံ႕ႀကဳံ႕ကေလး ထိုင္
လို႔ဗ်။ လက္အုပ္ကေလးကလည္း ခ်ီ
ၿပီးသားေလ။

“အေရွ႕ ေနထြက္၊ အေနာက္ေနဝင္
ေတာင္တံငါကြန္၊ ေျမာက္ဓူဝံအတြင္း
သခ်ႋဳင္းရွင္မ မဖဲဝါ ရွိေလရာ အရပ္
ကေန အျမန္ႂကြလာခဲ့ပါ။ က်ဳပ္ တာ
ေတက မဖဲဝါအတြက္ စားပြဲေသာက္
ပြဲနဲ႔ ႀကိဳပါတယ္ဗ်ာ၊ အျမန္ဆုံး ႂကြ
ခဲ့ပါ ခင္ဗ်ာ”

က်ဳပ္ ခဏေစာင့္ၾကည့္တယ္။ကို
ေအာင္ဘေက်ာ္နဲ႔ ေငြတြင္းကုန္းသား
ေကာင္ေလးႏွစ္ေယာက္က ခပ္လွမ္း
လွမ္းက သမုန္းပင္ေအာက္မွာ ရပ္
ေနၾကတယ္ဗ်။ က်ဳပ္လုပ္ေနတာေတြ
ကို မ်က္ေတာင္မခတ္ ၾကည့္ေနၾက
တာေပါ့ဗ်ာ။

“ဝူး၊ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ”

ဟာ မဖဲဝါ ဒီတစ္ခါ ေတာ္ေတာ္ျမန္တာ
ပဲဗ်။ ဒီအနီးအနားမွာကို ရွိေနပုံပဲဗ်ိဳ႕။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အိ”

ဟာ ေခြးအူသံႀကီးက တျဖည္းျဖည္း
နီးလာၿပီဗ်ိဳ႕။ ႏြားေပါက္တစ္ေကာင္
ေလာက္ရွိတဲ့ ေခြးနက္ႀကီး ဆိုတာေတာ့
အရင္စာအုပ္ေတြမွာ ေရးျပခဲ့ဖူးပါတယ္။
ဟာ ဟိုမွာဗ်ိဳ႕၊ ဟိုမွာ မဖဲဝါႀကီး ေ႐ြ႕လာ
ၿပီဗ်ိဳ႕။ ဂူေတြအေပၚက ေ႐ြ႕လာတာဗ်။

အရပ္ႀကီးက ဆယ္ေပေလာက္ကို
ရွိတာဗ်။ မ်က္လုံးႀကီးႏွစ္လုံးက လက္
ဖက္ရည္ပန္းကန္ေလာက္ ရွိတာဗ်။
ေမွာင္ထဲမွာကို ရဲေတာက္ေနတာဗ်ာ။
ျဖဴျဖဴႀကီးဗ်။ ဆံပင္က ဖားလ်ားႀကီး
ခ်လို႔ ေပါ့ဗ်ာ။ ေဟာ သခ်ႋဳင္းအလယ္
ေလာက္ေရာက္ေတာ့ မဖဲဝါတုံကနဲ
ရပ္သြားတယ္ဗ်။

ၿပီးေတာ့လည္း ေဒၚယုံးၾကည္ကို
စိုက္ၾကည့္လိုက္တယ္။ ဟာ ဝင္
သြားၿပီဗ်။ ေဒၚယုံးၾကည္ကိုယ္ထဲ
ကို ထိုးဝင္သြားတာဗ်ာ။ ေဟာ
ေဟာ ေဒၚယုံးၾကည္ႀကီး လက္
ႀကီးေတြ အေပၚေျမာက္တက္
လာတယ္။ ေကြးေကြးေကာက္
ေကာက္ႀကီးေတြေပါ့ဗ်ာ။ ဟာ
ဟာ လက္ႏွစ္ဖက္နဲ႔ ေခါင္းက
ဆံပင္ကို သပ္တင္လိုက္တယ္
ဗ်။ ဟာ ခုန္ၿပီဗ်ိဳ႕။ မဖဲဝါ ခုန္
လိုက္ၿပီ။ ဂူႀကီးေပၚကို လႊားကနဲ
ေရာက္သြားတာဗ်။

ေဟာ ဒူးႀကီးႏွစ္ဖက္ေထာင္ၿပီး ထမင္း
ပြဲကို ငုံ႔ၾကည့္တယ္။ ေဟာ စားၿပီးဗ်ိဳ႕။
စားၿပီ။ မဖဲဝါ အားရပါးရကို စားတာ
ဗ်ိဳ႕။ ၾကက္႐ိုးေတြ ဝါးလိုက္တာမ်ား
ဂ်ိဳးဂ်ိဳးဂြၽတ္ဂြၽတ္ကို ေနတာပဲဗ်ာ။

က်ဳပ္ေနာက္ကို လွည့္ၾကည့္လိုက္
ေတာ့ ကိုေအာင္ဘေက်ာ္ေရာ ေကာင္
ေလးႏွစ္ေယာက္ပါ မဖဲဝါဝင္ေနတဲ့
ေဒၚယုံးၾကည္ႀကီးကို ၾကည့္ေနလိုက္
ၾကတာ မ်က္ေတာင္ေတာင္ မခတ္
ၾကဘူးဗ်။ က်ဳပ္လည္း မဖဲဝါကို
မ်က္ေတာင္မခတ္ကို ၾကည့္ေနရ
တာေပါ့ဗ်ာ။ ေဟာ က်ဳပ္ကို ၾကည့္
ၿပီဗ်။ ၾကည့္ေနၿပီ။ ဒီအၾကည့္ကို
က်ဳပ္ သိၿပီးသားေပါ့ဗ်ာ။

“ဟဲ့ တာေတ၊ ဘာအေၾကာင္းရွိလို႔တုံး”

လို႔ ေမးတဲ့ မဖဲဝါႀကီးရဲ႕ အၾကည့္ေလဗ်ာ။

“ဒီလိုပါ မဖဲဝါ၊ ေငြတြင္းကုန္းမွာ ငါးည
ရွိသြားၿပီ၊ ဆယ့္ႏွစ္ေတာင္ေလာက္ရွိတဲ့
က်ားနက္ႀကီးတစ္ေကာင္ဟာ ညသန္း
ေခါင္ေရာက္တာနဲ႔ ဘယ္ကေပၚလာမွန္း
မသိဘဲ ေပၚလာေတာ့တာပဲဗ်။ ႐ြာကို
ပတ္ၿပီး တစ္ညလုံး ဟိန္းေတာ့တာပါ
ပဲဗ်ာ။ ေငြတြင္းကုန္းသခ်ႋဳင္းဇရပ္ေပၚ
မွာလည္း ေသွ်ာင္ထုံးနဲ႔လူႀကီးတစ္
ေယာက္ ေရာက္ေနတယ္။ မေန႔က
ညကေတာ့ က်ဳပ္သြားေခ်ာင္းၾကည့္
တာ ဒီလူက က်ားနက္ႀကီးရဲ႕ေခါင္း
ကို ပြတ္သပ္ၿပီးေတာ့ စကားေျပာေန
တာဗ်။ ေငြတြင္းကုန္း႐ြာထဲမွာလည္း
မေအာင္ျဖဴ ဆိုတဲ့ မိန္းကေလးတစ္
ေယာက္က လာပါၿပီရွင့္၊ လာပါၿပီလို႔၊
ညက ေအာ္ေနတယ္ မဖဲဝါ”

“နင္ နားေထာင္ တာေတ၊ အဲဒါ
က်ားနက္ရွင္ ငေ႐ႊသင္ပဲဟဲ့၊ ကုန္း
ေဘာင္ေခတ္ဦးတည္းက ရွိခဲ့တာ
အခုအထိပဲ။ က်ားေမွာ္ေအာင္ထား
တဲ့ အေကာင္ပဲ။ ႐ြာဦးနတ္စင္ကေန
က်ားနက္႐ုပ္ကေလးနဲ႔ တိုက္ေနတာ
ေဟ့။ ေငြတြင္းကုန္းက တနဂၤေႏြသမီး
မေအာင္ျဖဴကို က်ားနဲ႔ တိုက္သတ္ၿပီး
ႏွလုံးကို ေဖာက္ထုတ္စားရမွာ၊ ဒါမွ
သူ႔အသက္ ေနာက္တစ္ျပန္ ဆက္လို႔
ရလိမ့္မယ္၊ မနက္ျဖန္ လကြယ္ညမွာ
ေအာင္ျဖဴရဲ႕ ႏွလုံးကို စားရမွာ ျဖစ္မွာ”

“ဟာ …ျဖစ္မွျဖစ္ရေလဗ်ာ၊ ကယ္ပါဦး
သခ်ႋဳင္းရွင္မႀကီးရယ္”

က်ဳပ္က စိုးရိမ္တႀကီး ေျပာလိုက္ေတာ့
မဖဲဝါက ေခါင္းႀကီးတစ္ဆတ္ဆတ္
ညိတ္ၿပီးေျပာတယ္ဗ်

“ဘာမွမစိုးရိမ္နဲ႔ တာေတ၊ က်ားနက္ရွင္
ငေ႐ႊသင္ မေအာင္ျဖဴရဲ႕ႏွလုံးကို မစားရ
ေစဘူး၊ ဒီအေကာင္ ကံကုန္ၿပီ အဝီစိငရဲ
မွာ ခံရေတာ့မယ့္အခ်ိန္ ေရာက္ေနၿပီ၊ ဒီ
ညသန္းေခါင္ေက်ာ္ရင္ ေငြတြင္းကုန္း
သခ်ႋဳင္းကို ငါ အေရာက္လာခဲ့မယ္”

ေျပာၿပီး ဆိုၿပီး စားလည္းၿပီးေရာဗ်။
ေရနဲ႔ လက္ေဆးၿပီး တစ္ႀကိဳက္ေမာ့
ေသာက္လိုက္တယ္။ၿပီးေတာ့ မဖဲဝါ
ထြက္သြားေရာဗ်ိဳ႕။ ဂူေပၚမွာ လဲက်သြား
တဲ့ ေဒၚယုံးၾကည္ကို က်ဳပ္နဲ႔ ကိုေအာင္
ဘေက်ာ္က ေျပးေပြ႕တယ္။ က်ဳပ္က
ေဒၚယုံးၾကည္ရဲ႕ မ်က္ႏွာကို ေရနဲ႔
ေတာက္လိုက္ေတာ့မွ သတိရသြား
တယ္ဗ်။ ႐ြာေရာက္ေတာ့ အိမ္မွာ
႐ြာထဲက ကာလသားေတြနဲ႔ လူႀကီး
ေတြ ေရာက္ေနၾကတယ္ဗ်

က်ဳပ္က မဖဲဝါ ေျပာတာကို ထိုက္သင့္
သေလာက္ ျပန္ေျပာျပလိုက္တယ္။ က်ဳပ္
အခန္းထဲဝင္ၿပီး မ်က္ကြင္းေဆး ကြင္းတယ္
ေဆးလြယ္အိတ္ကို စလြယ္သိုင္းလြယ္ၿပီး
ေငြတြင္းကုန္းသခ်ႋဳင္းကို ထြက္ခဲ့တယ္။
ကိုေအာင္ဘေက်ာ္က ငါးေတာင့္ထိုး
အဲဗာဒရီဓါတ္မီးတစ္လက္ကို ကိုင္ၿပီး
လိုက္လာတယ္ဗ်။

မေန႔ညက သြားတဲ့ လမ္းေၾကာင္းအ
တိုင္းပဲ သြားၾကၿပီးျမရာပင္ေတြၾကား
ထဲက ဂူမွာပဲ တက္ေနလိုက္တယ္။
အခုမွ ညဆယ္နာရီပဲရွိေသးတာဗ်။
က်ဳပ္တို႔ ေစာင့္ရဦးမွာေပါ့ဗ်ာ။လူ႔စိတ္
ဆိုတာကလည္း ခက္သားလားဗ်ာ။
တစ္ခုခုအေပၚမွာ စိတ္ေစာေနရင္
အခ်ိန္ေတြက ကုန္ႏိုင္ခဲတယ္လို႔
ထင္ၾကတာမို႔လား။ႏွစ္နာရီေလာက္
အခ်ိန္ကိုပဲ က်ဳပ္တို႔မွာ ကုန္ႏိုင္ခဲ
တယ္လို႔ ထင္ေနတာဗ်။

“ဝုန္း၊ ဝုန္း၊ ဝုန္း”

ေဟာ က်ားဟိန္းၿပီဗ်ိဳ႕။ မဖဲဝါေျပာတဲ့
အတိုင္းပါပဲဗ်ာ။ ႐ြာဦးနတ္စင္ဘက္က
အသံစၾကားရတာဗ်။

“ဝုန္း၊ ဝုန္း၊ ဝုန္း၊ ဝုန္း၊ ဝုန္း”

ေဟာ အသံႀကီးက က်ဳပ္တို႔ဘက္ကို
ေ႐ြ႕လာၿပီဗ်ိဳ႕။ က်ားနက္ရွင္ ငေ႐ႊသင္
ကေတာ့ သခ်ႋဳင္းဇရပ္ေပၚက ဆင္းလာ
ၿပီဗ်ိဳ႕။ ေအာင္မာ ဒီလူ လြတ္အိတ္ကို
စလြယ္သိုင္း လြယ္လို႔ဗ်။ ဒီကေန အၿပီး
သြားေတာ့မယ္ပုံပဲ။ ႐ြာထဲက မေအာင္
ျဖဴကလည္း အခုေလာက္ဆိုရင္ ေအာ္
ဟစ္ေနေရာေပါ့ဗ်ာ။

က်ဳပ္က ဒီကိုမလာခင္ကတည္းက
မွာခဲ့ၿပီးသားဗ်။ မေအာင္ျဖဴ အိမ္ကို
႐ြာထဲက အားေကာင္းေမာင္းသန္
မိန္းမေတြေရာ၊ ေယာက်ၤားေတြပါ
ေခၚထားၿပီး မေအာင္ျဖဴကို မလြတ္
တမ္း ခ်ဳပ္ထားၾကဖို႔ေပါ့ဗ်ာ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ဟာ ေခြးအူသံႀကီးဗ်ိဳ႕။ ဒါ မဖဲဝါရဲ႕ေခြး
ႀကီး အူတဲ့အသံဗ်။ မဖဲဝါလည္း လာေန
ၿပီပဲ။

“ဝုန္း၊ ဝုန္း၊ ဝုန္း၊ ဝုန္း”

ေခြးအူသံ ၾကားလိုက္ေတာ့ က်ားနက္
ႀကီးက ပိုၿပီးဟိန္းေရာဗ်ိဳ႕။ ေဟာ က်ား
နက္ႀကီး သခ်ႋဳင္းထဲကို ေရာက္လာၿပီဗ်ိဳ႕။
ငေ႐ႊသင္က က်ားနက္ႀကီးရဲ႕ ေခါင္းကို
ပြတ္သပ္ၿပီး တစ္ခုခုေျပာေနတဲ့ပုံပဲဗ်။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ဟာ မဖဲဝါႀကီး ဂူေတြေပၚက ေ႐ြ႕လာ
ၿပီဗ်ိဳ႕။ အရပ္ႀကီးဆယ္ေပေလာက္နဲ႔
ဆံပင္ဖားလ်ားႀကီးခ်လို႔ဗ်ာ။ သူ႔ရဲ႕
ေခြးႀကီးက ဂူေတြၾကားက ေျပးၿပီး
လိုက္လာတယ္ ။ ငေ႐ႊသင္ဆိုတဲ့
က်ားနက္ရွင္က ေနာက္ကို
တစ္ခ်က္လွည့္ၾကည့္တယ္

“ေအာင္မယ္ ရာရာစစ သရဲမက
ဒီကို ဘာလာလုပ္တာတုံးဗ်”

ဟာ ဒီလူ မဖဲဝါကို ျမင္ရတာကိုး။
က်ဳပ္ ေတာ္ေတာ္အံ့ၾသသြားတယ္။

မဖဲဝါက ဂူေပၚကေန ေအာက္ကို
ကိုင္းကိုင္းႀကီးလုပ္ၿပီး သူ႔ေခြးႀကီးရဲ႕
ေက်ာကို လက္နဲ႔သပ္လိုက္တယ္။
သုံးခ်က္သပ္တာဗ်။

“ဝုန္း၊ ဝုန္း”

ဟာ မဖဲဝါရဲ႕ေခြးႀကီးက က်ားႀကီး
ျဖစ္သြားပါေရာလားဗ်ာ။ က်ားမွ
တကယ့္ဘဂၤလားက်ားႀကီးဗ်။ အ
ဝါနဲ႔ အနက္စင္းႀကီးဗ်ိဳ႕။ ဆယ့္ငါး
ေတာင္ေလာက္ ရွိမယ္။ အရပ္ႀကီး
ကလည္း နည္းနည္းေနာေနာ မ
ဟုတ္ပါဘူးဗ်ာ။ ျမင္းႀကီးတစ္ေကာင္
ေလာက္ကို ျမင့္တာဗ်။ မဖဲဝါက
က်ားႀကီးရဲ႕ ေက်ာေပၚကို လႊား
ကနဲ ခုန္တက္လိုက္တယ္

“ဟဲ့ သရဲမ နင္နဲ႔ ဘာမွမဆိုင္ဘူး၊
အခုခ်က္ခ်င္း ထြက္သြား”

“ဟား ဟား ဟား အီး၊ ဟီး၊ ဟီး”

မဖဲဝါရဲ႕ ရယ္သံႀကီးဗ်၊ က်ားနက္ရွင္
ငေ႐ႊသင္ကလည္း သူ႔ရဲ႕က်ားနက္
ႀကီးေပၚကို ခြၿပီး စီးလိုက္တယ္။

“ကဲ လာခဲ့စမ္း၊ သရဲမ၊ ဒီညေတာ့
နင္ တစ္ခါထပ္ၿပီး မသာေပၚမယ့္
ညပဲေဟ့”

“ဟီး ဟီး ဟီး”

“ဝုန္း၊ ဝုန္း၊ ဝုန္း”

မဖဲဝါရဲ႕ က်ားႀကီးဟိန္းလိုက္တဲ့ အသံ
ဗ်ိဳ႕။ဟာ က်ားနက္ႀကီးက အဲဒီအသံၾကား
ေတာ့ ေနာက္ကို ေျခႏွစ္လွမ္းသြားတယ္
ဗ်ိဳ႕။

“တယ္ ငါလုပ္လိုက္ရ ေသေတာ့မယ္၊
အဲဒါ က်ားမဟုတ္ဘူးဟဲ့၊ ေခြး၊ ေခြး၊
ေခြးကို ေၾကာက္ရတယ္လို႔ ကဲ အခု
ခ်က္ခ်င္း ဒီေခြးစုတ္၊ ေခြးဝဲစားကို
ေျပးကိုက္လိုက္စမ္း”

ဟာ ေျပးတယ္ဗ်ိဳ႕၊ ေျပးတယ္။ ငေ႐ႊသင္
ရဲ႕ က်ားနက္က ေျပးၿပီးေတာ့ မဖဲဝါ
စီးထားတဲ့ က်ားႀကီးကို ခုန္အုပ္မလို
ဟန္ျပင္လိုက္တယ္ဗ်ိဳ႕။

“ဝုန္း၊ ဝုန္း ”

မဖဲဝါ စီးထားတဲ့ က်ားႀကီးက ဝုန္းကနဲ
ႏွစ္ခ်က္ဆင့္ဟိန္းၿပီး က်ားနက္ကို သူ
ရဲ႕လက္ဝါးႀကီးနဲ႔ လွမ္းၿပီးပုတ္လိုက္တယ္

“ဘုန္း”

ဟာ က်ားနက္ႀကီး ဘုန္းကနဲ လဲက်
သြားတာဗ်ိဳ႕။ ငေ႐ႊသင္လည္း သခ်ႋဳင္း
ေျမေပၚကို လြင့္က်သြားေရာဗ်ိဳ႕။

“ေတာက္ ငါ လုပ္လိုက္ရ ေသေတာ့မယ္
ဟဲ့ေကာင္ အခု ထစမ္း”

က်ားနက္ႀကီးကလည္း လူးလဲၿပီး
ထသဗ်။ ငေ႐ႊသင္ကလည္း က်ား
နက္ႀကီးကို ခြစီးျပန္ေရာဗ်။

“ဝုန္း၊ ဝုန္း၊ ဝုန္း”

ေအာင္မာ သူ႔က်ားနက္ကလည္း အာဂ
ပဲဗ်။ ဝုန္းကနဲ၊ ဝုန္းကနဲ ဟိန္းလိုက္ၿပီး
ေတာ့ မဖဲဝါရဲ႕ က်ားႀကီးကို တစ္ရွိန္ထိုး
ေျပးဝင္တာဗ်ိဳ႕။

“ဝုန္း”

မဖဲဝါစီးတဲ့ က်ားႀကီးက ‘ဝုန္း’ဆို တစ္
ခ်က္ဟိန္းၿပီး က်ားနက္ရွင္ ငေ႐ႊသင္
ကို ခုန္အုပ္ၿပီး ပါးစပ္ႀကီးနဲ႔ ကိုက္လိုက္
ေရာဗ်ိဳ႕။

“ေဝါင္း၊ ေဝါင္း၊ ေဝါင္း”

မဖဲဝါက်ားႀကီးရဲ႕ မာန္ဖီသံက တကယ့္
ကို ေၾကာက္စရာႀကီးပါဗ်ာ။ ခါၿပီဗ်ိဳ႕။ဆြဲ
ခါေနၿပီ။ ဧရာမ က်ားပါးစပ္ႀကီးထဲမွာ
ငေ႐ႊသင္ ဆန္႔ငင္ ျဖစ္ေနေရာဗ်ာ။
က်ားႀကီးက ငေ႐ႊသင္ကို ဆြဲခါေနတာ
ဗ်။ ေၾကာင္ေတြမ်ား ႂကြက္ခုတ္တဲ့အခါ
ႂကြက္ကို ပါးစပ္ထဲမွာကိုက္ၿပီး ခါေန
သလိုေပါ့ဗ်ာ။

“ဟီး ဟီး၊ ဟီး၊ ဟီး၊ ဟား ဟား ဟား”

မဖဲဝါရဲ႕ ရယ္သံႀကီးက သခ်ႋဳင္းတစ္ခု
လုံးကို လႊမ္းသြားတာဗ်။ ငေ႐ႊသင္ရဲ႕
က်ားနက္ႀကီးကေတာ့ လႈပ္လည္း
မလႈပ္ေတာ့ဘူးဗ်ိဳ႕။ ၿငိမ္ၿပီး အ႐ုပ္ႀကီး
တစ္႐ုပ္လိုကို ျဖစ္ေနတာဗ်။

“အား”

ငေ႐ႊသင္ ေအာ္လိုက္တဲ့ ဝမ္းေခါင္းသံ
ႀကီးဗ်။ မခ်ိမဆံေအာ္လိုက္တဲ့ ငေ႐ႊသင္
ရဲ႕ အသံႀကီးအဆုံးမွာ က်ားနက္ႀကီး
ေပ်ာက္သြားတယ္။ ငေ႐ႊသင္လည္း
ၿငိမ္သြားေတာ့တာေပါ့ဗ်ာ။

သြားၿပီေလ။ က်ားေမွာ္ေအာင္ထားတဲ့
က်ားနက္ရွင္ႀကီး ငေ႐ႊသင္။ အသက္ရာ
ေက်ာ္ရွိတဲ့ ေမွာ္ကေဝႀကီးေတာ့ ဘဝနိဂုံး
ခ်ဳပ္သြားၿပီေပါ့ဗ်ာ။ မဖဲဝါရဲ႕ က်ားႀကီးက
ပါးစပ္ထဲမွာကိုက္ၿပီး ခါေနတဲ့ ငေ႐ႊသင္
ကို ေျမႀကီးေပၚမွာ ခ်ထားလိုက္တယ္။
ၿပီးေတာ့ ဂူေတြေပၚကို ေက်ာ္ၿပီး လႊား
ကနဲ လႊားကနဲ ခုန္ၿပီး သခ်ႋဳင္းထဲက
ေျပးထြက္သြားတယ္။ မဖဲဝါကေတာ့
က်ားႀကီးရဲ႕ ေက်ာေပၚမွာ စီးလ်က္
သားႀကီးနဲ႔ ပါသြားေလရဲ႕ဗ်ာ

“ဟီး ဟီး ဟီး ဟီး ဟီး”

က်ဳပ္နဲ႔ ကိုေအာင္ဘေက်ာ္လည္း
ေစာေစာကက်ားနက္ႀကီး ေပ်ာက္သြား
တဲ့ေနရာကိုအေျပးအလႊားသြားၿပီး ဓါတ္
မီးနဲ႔ ထိုးၾကည့္လိုက္တယ္

“ဟာ ဒီမွာဗ်ိဳ႕၊ က်ားနက္႐ုပ္ကေလး”

က်ဳပ္က ျမက္ပင္ေတြၾကားက က်ားနက္
႐ုပ္ကေလးကို ေကာက္ယူလိုက္တယ္။
႐ႊံ႕နဲ႔လုပ္ၿပီး ေဆးသုတ္ထားတဲ့ နာနာ႐ုပ္
က်ားကေလးဗ်။ ဒါကို နတ္စင္မွာထားၿပီး
႐ြာကို က်ားနက္နဲ႔ တိုက္တာေပါ့ဗ်ာ။

အခုေတာ့ က်ားနက္ရွင္ ငေ႐ႊသင္
သြားၿပီေပါ့။ မဖဲဝါ ေျပာသလိုဆိုရင္
ေတာ့ မဟာအဝီစိငရဲအထိ ေရာက္
သြားမွာေပါ့။ က်ဳပ္က က်ားနက္႐ုပ္
ကေလးကို သစ္႐ြက္တစ္႐ြက္ခူးၿပီး
ထုတ္လိုက္တယ္။ က်ဳပ္တို႔ ႐ြာထဲ
ေရာက္ေတာ့ ႐ြာသားေတြလည္း
အက်ိဳးအေၾကာင္းအားလုံး သိသြား
ၿပီး ေပ်ာ္သြားၾကတာေပါ့ဗ်ာ။

မေအာင္ျဖဴလည္း ၿငိမ္သြားၿပီတဲ့ဗ်ိဳ႕။

ညတြင္းခ်င္းပဲ သခ်ႋဳင္းထဲမွာ ေသေနတဲ့
က်ားနက္ရွင္ ငေ႐ႊသင္ကို ျမႇဳပ္လိုက္ၾက
တယ္ဗ်။ က်ဳပ္ကိုေတာ့ ေနာက္တစ္ေန႔
မွာ ကိုေအာင္ဘေက်ာ္က လွည္းနဲ႔ ႐ြာအထိ လိုက္ပို႔တယ္။

ၿပီးပါၿပီ

စာဖတ္ပရိတ္သတ္မ်ားအားလုံးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ။

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share ေလးနဲ႔ အားေပးသြားပါအုံးဗ်ာ။