*မရဏဝဋ်ကြွေး*📖📖📖
******************
သွေးသံတရဲရဲနှင့် ငမောင်ရဲ့ … ရုပ်ပျက်ဆင်းပျက်အဖြစ်က မြင်ရက်စရာမရှိ။ တကယ့်သွေးပျက်ထိတ်လန့် စရာမြင်ကွင်း။နိုင်ကြီးရဲ့ ဘဝတစ်သက်တာ ဘယ်သောအခါမှ မေ့ဖျောက်နိုင်မှာမဟုတ်တဲ့မြင်ကွင်း။
ရယ်ရယ်မောမော စကားတွေပြောနေရင်း ပျော်ပျော်ပါးပါး အတူတကွအလုပ်လုပ်နေရင်း မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြတ်အတွင်းမှာ ကျောက်တောင်ကြီးပြိုကျလာဝုန်းခနဲအသံကြီးနှင့် နိုင်ကြီးကျောက်လိုဏ်ရဲ့ အပြင်ဘက် လွှင့်စင်သွားကျောက်ကျင်းထဲကျန်ရစ်တဲ့ ငမောင်ရဲ့ အပေါ်… ကျောက်တုံးကျောက်ခဲကြီးတွေ တဝုန်းဝုန်းကျဆင်းထိမှန် အသံနက်ကြီးနှင့် ငမောင်ရဲ့ အော်တစ်သံကြီးကျောက်တုံးကျောက်ခဲတွေက အဆက်မပြတ်တဝုန်းဝုန်း ကျဆင်းနေဆဲ။နာရီဝက်လောက်ကြာမှ ရပ်တန့် ငြိမ်သက်သွားတယ်။
ကျောက်တောင်ပြိုကျသံကြောင့် တစ်ရွာလုံးက လုပ်အား ပေးနေတဲ့လူအုပ်ကြီး အခင်းဖြစ်နေရာကို ရောက်လာကြတယ်…
“ကျောက်လိုဏ်ထဲမှာ ငမောင်ကျန်နေတယ် သူ့ကို အမြန်ကယ်ကြပါဦး …”
နိုင်ကြီးရဲ့ အော်သံကြောင့် အားလုံးသွေးဆူသွားကြ တယ်…
လူအုပ်ကြီးရဲ့ အင်အားနှင့် ကျောက်တုံးကျောက်ခဲတွေကို ဖယ်ရှားရှင်းလင်းကြတယ်ငါးနာရီလောက်ကြာမှ ငမောင်ကိုရတယ်အသက်မသေသေးဘူး ငွေ့ငွေ့ ကျန်နေသေးတယ် … ပါးစပ်က သွေးတွေတပွက်ပွက်အန်နေတယ် ခေါင်းမှာလည်း တက်တက်ကြီးကွဲလို့။ဒဏ်ရာကြီးထဲက သွေးစီးတွေတစိမ့်စိမ့်၊ တစိမ့်စိမ့်ထွက် တျနေဆဲ …ခြေထောက်ရိုးတွေက ကြေမွကျောက်ချွန်ကြီးတစ်စကလည်း ဝမ်းဗိုက်ထဲစိုက်ဝင်လို့ .. သွေးသံတရဲရဲနှင့်ငမောင်၊ ရုပ်ပျက်ဆင်းပျက်ငအာင် …ပါပဲ
တကယ့်သွေးပျက်ထိတ်လန့် စရာ မမြင်ရက်စရာ မြင်ကွင်း၊ကွန်းနောက်ရွာမှာ နာမည်ရ မုဆိုးနှစ်ယောက်ရှိတယ်။ တစ်ယောက်က နိုင်ကြီး၊ နောက်တစ်ယောက်က ငမောင်
နိုင်ကြီးက မြောက်ပိုင်းမှာနေပြီး ငမောင်က တောင်ပိုင်းတစ်ခုတော့ရှိတယ်။မုဆိုးချင်းတူပေမယ့် စရိုက်ချင်းမတူဘူး။ ကျွမ်းကျင်တာချင်း မတူဘူး။ စားကျက်ချင်းလည်းမတူဘူး။
နိုင်ကြီးက လေသေနတ်ပစ် ဝါသနာပါလို့ မုဆိုးဖြစ်ရတာသူရဲ့သားကောင်က ငှက်တွေပဲ။ပြီးတော့သူက စားဖို့ပဲ၊ စီးပွားရေးမပါဘူး။ ရင်းနှီးခင်မင်သူတွေက ငှက်သားကြော်စားချင်လို့ ကူညီ
ပေးပါဦးဆိုမှ ရံဖန်ရံခါ ရောင်းစားတာ။ သူစားကျက်မြေက ရွာအနောက်ဘတ် မနီးမဝေးက တောတိရစ္ဆာန်အကုန်လို့ ပဲ ပြောရမယ်။ကျော့ကွင်း၊ ထောင်ချောက်၊ ညှောင့်ကျင်း။
ရိုးမထဲက သားကောင်ကိုဖမ်းဖို့ နည်းလမ်းမှန်သမျှ သူအကုန်နားလည်တယ်။ကျွမ်းကျွမ်းကျင်ကျင်လည်း လုပ်တတ်တယ်။ဒါပေမယ့် သူက စီးပွားရေးဆန်တယ်။ငွေ မျိုးမျိုးမျက်မျက်လေးရမယ့် အကောင်ကြီးတွေကိုမှလုပ်ချင်တယ်။ရေငတ်တုန်း ရေတွင်းထဲကျဆိုသလိုပဲ။အဖွဲ့ ဖွဲ့တယ်။ သေနတ်တပ်ဆင်ပေးတယ်။သောင်းကျန်းသူကာကွယ်ဖို့ ကွန်းနောက်မှာ ပြည်သူ့ စစ် လူ့စစ်။သေနတ်က ၃ဝ၃ ရိုင်ဖယ်ကြီးတွေ။အမဲကြီးပစ်လို့ ့ သိပ်ကောင်းတဲ့အမျိုးအစားထိလည်းသေနတ်ကပြောင်းရှည်၊ ပြောင်းရဲ့ အတွင်းမှာပါတဲ့ အရစ်ထိရောက်တယ်။စိပ်တယ်။ဒဿမ ၃ဝ၃ ကျည်ဆံကလည်းယမ်းပြင်းတယ်။
ရှေ့ကအပေါက်သေးသေးနှင့်ဝင်ပြီး ခန္ဓာကိုယ်ထဲကို မွှေ့ကျောက်ဖက်က ထွက်သွားတဲ့အပေါက်ကျတော့ အကြီးကြီး ပွင့်ထွက်သွားတာ။
စာဆိုတောင်ရှိရဲ့။
ရိုင်ဖယ်၊ တိုင်မကွယ်နှင့် မိုင်နှစ်ဆယ်တောင်မလွတ်ဘူးတဲ့။ငမောင်ပြည်သူ့ စစ်ထဲရအောင်ကြံဖန်ဝင်တယ်။တပ်ကပို့ချတဲ့ လက်နက်သင်တန်း၊ စစ်သင်တန်းပြီးတော့ငမောင်ပြည်သူ စစ်ဖြစ်ပြီ၊ သေနတ်ကိုင်ရပြီ။သေနတ်ကိုအိမ်မှာ ပေးထားတာဆိုတော့ ပိုပြီး အကြိုက်တွေ့တာပေါ့။
လစ်ရင်လစ်သလို၊ သေနတ်ယူပြီး ရိုးမပေါ်တက်သွားတယ်။တောဝက်၊ ဂျီ၊ ဆတ်၊ မျောက်တွေ့ရာ ပစ်တော့တာပဲ။ရရင်အသားတွဲတွေ ထမ်းပြန်လာပြီးရောင်းတယ်။
ပြည့်သူ့ စစ်အဖွဲ့ ခေါင်းဆောင်နှင့် ရွာသူကြီးကိုတော့ အသားတစ်တွဲလောက်၊ ဝမ်းတွင်းသားကလီစာလောက်ပို့ ပေးလိုက်တယ်။တဖြေးဖြေးကြာလာတော့ ငမောင်သေနတ်ကို ဝှက်ပြီးယူသွားစရာမလိုတော့ဘူး။မြမြင်ထင်ထင်ပဲ၊ သေနတ်လွယ်ပြီးရိုးမပေါ်တက်လို့ ရပြီးအမဲပစ်တဲ့အထဲမှာ ငမောင်အပစ်ချင်ဆုံးက မျောက်တွေပဲ။
မျောက်တွေကိုကြိုက်တဲ့ အပင်အောက်က အသာပုန်းပြီးစောင့်နေရုံပဲ။အချိန်တန်တော့ တစ်ပင်နှင့်တစ်ပင် တလွှားလွှားခုန်ကူးပြီး မျောက်တွေရောက်လာတယ်။
အကြိုက်ဆုံးအကောင်ကို ရွေးပစ်လိုက်တယ်။ ငဟေင်က အညှာအတာကင်းတယ်။ဘုန်းခနဲကျလာတဲ့မသေမရှင်မျောက်ကို လည်ပင်းဓားနှင့်ပြေးလှီးတယ်။ထွက်လာတဲ့သွေးကို ပါးစပ်နှင့်ငုပ်တယကာမအားတိုးဆေးတဲ့။တစ်ခါတစ်ခါ မျောက်မကြီးကိုပစ်ချမိရင် ဖက်တွယ်ထားတဲ့ ချောက်ကလေးတွေပါ အရှင်ရတတ်တယ်။
ငမောင်ကတော့ အရှင်၊ အသေရွေးမနေဘူး။ ရတဲ့ပျောက်မှန်သမျှ လည်ပင်းလှီးပြီး မျောက်သွေးစုပ်တော့ရက်စက်လွန်းအားကြီးလို့ သူနှင့်အဖော်လိုက်တဲ့ လူတောင် လက်လန်ရတယ်။ ငမောင်ရဲ့ လောဘစိတ်တွေကလည်း ခရုချောင်းဖျားမှာပုဂ္ဂလိက ဆင်ကြီးတစ်ကောင်ကို ပစ်သတ်ပြီး အစွယ်ဖြတ်ယူတဲ့ အဆင့်ထိကြီးမားလာခဲ့တယ်။
သုံး “ကိုင်းဟာ … ကိုင်းဟာ သေစမ်း … ကွာ
ငမောင်ရဲ့ မျက်နှာကြီးက ကြောက်စရာကောင်းနေတယ်။သူ့မျက်နှာပေါ်မှာ ခက်ထန်၊ ကြမ်းတမ်း၊ ရက်စက်မီးတောက်တွေ တဝုန်းဝုန်းတောက်လောင်လို့။သူရောက်နေတဲ့နေရာကပင်းပုန်းရွာဟောင်းအထက် ဒီနေရာက နာမည်ကြီးဒီချောင်းဆုံနေရာရဲ့ အထက်ဘက်၊ ကွန်းချောင်းပေါ်မှာ အရပ်အဆင်မကုတင်ဆိုတဲ့ နေရာရှိတယ်။ရှိတယ်။ကုတင်ဆိုတာတ ရေတံခွန်ကိုပြောတာအဲဒီအနီးမှာ ဆင်ဝပ်နေတဲ့ပုံစံ ကျောက်တုံးကြီးတစ်တအဲဒါကြောင့် ဆင်မကုတင်လို့ ခေါ်တာ။မင်းပုန်းဆိုတာ ဟိုတုန်းက တောင်ပေါ် ကရင်တွေနေတယ်။
တစ်နေ့မှာ ကရင်တွေစိုက်ပျိုးထားတဲ့တောင်ယာခင်းတွေကို ဖျက်ဆီးစားသောက်ထားတာ တွေ့ရသတဲ့… ဆင်တစ်ကောင်ထပ်ပြီး ကရင်တွေလည်း ဖျက်ဆီးတဲ့ဆင်ရဲ့ နောက်ကို ခြေရာခံပြီး
သိုလ်ကြည့်ကြတာပေါ့ …ဆင်ခြေရာတွေက ဆင်မကုတင်အနီးမှာပဲ ဆုံးသွားတယ်။ ဆင်ကိုလည်း ရှာမတွေ့ဘူး။နောက်တော့၊ ကရင်တွေက တောင်ယာအနီးကနေ ချောင်းပြောင်းပြီး ကြည့်ကြတယ် …။ညကျတော့ ဆင်ကြီးတစ်ကောင်လာတာပါပဲ။ဆင်ကြီး၊နောက်ကို တိတ်တိတ်လေး လိုက်သွားကြတော့မှအကြောင်းစုံကို သိကြရတယ်။ဆင်ထပ်နေတဲ့သဏ္ဌာန် ကျောက်တုံးကြီးက အသက်ဝင်လာတောင်ယာတွေကို စားသောက်ဖျက်ဆီးတာပေါ့ …။ ဒါနှင့်ပဲ ကရင်တွေက ဆင်ထပ်နေတဲ့ပုံ ကျောက်တုံးကြီးကိုခွဲဖျက်ဆီးလိုက်ကြတယ်။
အဲဒီညမှာပဲ ရွာသူရွာသားတွေဟာ ဆင်အော်သံကြီးကိုကြားကြရတယ်။ဆင်အော်သံက နားမခံသာအောင် ကျယ်လောင်လွန်းသတဲ့။ဆင်အော်သံကို ကြားရပြီးတဲ့နောက် ရွာမှာ အဖျားအနာတွေ ထူပြောလာပြီး လူတွေသေကြသတဲ့ …။ဒါနှင့်နောက်တစ်နေရာကို ရွာပြောင်းကြတယ်။ အဲဒီနေရာကလည်း ဆင်အော်သံကြီးကို ကြားရပြန်သတဲ့။လူတွေလည်းဆက်ပြီး သေနေတုန်းပဲတဲ့။နောက်တော့၊ ရွာရွှေ့ရင်း ချောင်းတစ်ချောင်းရဲ့ အနီးကရောက်လာတယ်။
အဲဒီနေရာရောက်မှပဲ ဆင်အော်သံကြီးကို မကြားရတေ ဘူး။ လူတွေလည်း မသေကြတော့ဘူးတဲ့။ဒါကြောင့်၊ အဲဒီချောင်းကို “ကရင်မသေချောင်း ”လို့ နာမည် ပေးထားကြတာ။ကရင်တွေ ထုခွဲဖျက်ဆီးလိုက်တဲ့ နေရာမှာပဲ ဆင်ရုပ်ကြီးတစ်ရုပ်ပြန်ဖြစ်နေတာ တွေ့ကြရတယ်။
အဲဒီ ဆင်မကုတင်၊ ကျောက်ဆင်ရုပ်ကြီးနှင့် ကရင်မသေချောင်းတွေဟာ ခုထိ ရှိနေတုန်းပဲ။ခု၊ ငမောင်ဒေါသ အမျက်ခြောင်းခြောင်း ထွက်နေတာလည်းကျောက်ဆင်ရုပ်ကြီးအနီးမှာ။ချောင်းကမ်းကိုလာတဲ့ ငမောင်နှင့် ကျောက်ဆင်ရုပ်ကြီးနှင့်ကပ်ပြီး အရိပ်ခိုနေတဲ့ ဖွတ်ကျားကြီးတစ်ကောင် ဆုံမိတာ။ဇွတ်ကျားကြီးက အသက်ဘယ်လောက် ရှည်နေပြီလဲမသိဘူး။
ခြောက်ပေကျော် ခုနစ်ပေလောက်ရှိနေပြီ။ငမောင်ကို ဖွတ်ကြီးက အရင်တွေ့ပြီး တိုက်ခိုက်တာ၊အမြီးနှင့်ဗုန်းခနဲ ရိုတ်ချလိုက်တာငမောင်ကျောကော့ပြီး ရေထဲကျသွားတယ်။ရုတ်တရက်ဆိုတော့ မိချောင်းကြီးလားလို့ တောင် ထင်မိတယ်။
နောက်မှ ကိုယ်လုံးပေါ်က အဝါ၊ အနက်ကွက် အရေပြား ကြီးနှင့် နှုတ်သီးကိုမြင်မှ ဖွတ်ကြီးမှန်း သိလိုက်ကာ။ ငမောင်ရေထဲက အမြန်တက်တယ်။
သေနတ်က လက်ထဲမှာပေမယ့် ချက်ချင်းအသုံးချလို့ရဘူး။ဖွတ်ကြီးက အဆက်မပြတ်အမြီးနှင့်ရိုက်ပြီး တိုက်ခိုက်ခပ်လှမ်းလှမ်းထိ ပြေးပြီးမှ၊ ပြန်လှည့်၊ သေနတ်မောင်းတင်ပြီး ဖွတ်ကြီးရဲ့ ခေါင်းကိုပစ်ချလိုက်တယ်။
ဖွတ်ကြီးခေါင်းလည်ပြီး ပက်လက်လန်သွားတယ်။ချက်ချင်းမသေဘူး၊ အမြီးက တဗုန်းဗုန်း ရိုက်နေတုန်း
့ဘယ်လိုပဲဖြစ်ဖြစ်၊ ဖွတ်ကြီးကို ရတာသေချာနေပြီ။ဘာမှလုပ်စရာမလိုတော့ဘူး။ ငြိမ်သက်သွားတဲ့အထိ တေင့်ပြီး ဝါးလုံးလျှို အဖော်နှင့်ထမ်းသွားရုံပဲ။ဒါကိုပဲ ငမောင်က ဖွတ်ကြီးဆီ ပြေးသွားတယ်။ချောင်းစပ်က ကျောက်တုံးကြီးတစ်တုံးရှာပြီး ဖွတ်ကြီးရခေါင်းကို ဒေါသတကြီးနှင့်ထုတယ်။
ကြေမွနေအောင်ကိုထုတယ်။တော်တော်ကြာတော့ ဖွတ်ကြီးငြိမ်သက်သွားတယ်။ဖွတ်ကြီးသေသွားတာတောင် ငမောင်က အခဲမကြေသူ ့ကျောကို အပြီးနှင့်ရိုက်ထားတဲ့အတွက် ကလဲ့စား ချချင်တုန်း …။ဖွတ်ရဲ့ဗိုက်မှာ အပေါက်တစ်ပေါက်ဖောက်ပြီး ဖွတ်အမြီးကို ထိုးထည့်လိုက်တယ် …။
ဒီအပြုအမူတွေဟာ. တောထဲတောင်ထဲမှာ မလုပ်ကောင်းတဲ့အပြုအမူတွေ …၊ပုဆိုးလုပ်နေတဲ့ မောင်လည်းသိတယ်။တောထဲမှာ “မဟုတ်မက”တွေ မလုပ်ရဘူး။“ မဟုတ်”ဆိုတာက မမှန်တာ၊ သဘာဝမကျတာ။“မက”ဆိုတာက လိုတာထက် ပိုတာ၊ လွန်ကဲတာ။မဟုတ်မကတွေလုပ်ရင် တစ်ခုခုဖြစ်တတ်တယ်။ တောချောက်တတ်တယ်။ဆိုးတဲ့နေရာဒေသဆိုရင် အသက်သေအောင်ထိ လုပ်တတ်ဒါကို ငမောင်သိပြီးသား …။သိရုံတင်မကဘူး၊ ကိုယ်တွေ့ တောင် ကြုံဖူးသေးရဲ့၊ တစ်ခါတုန်းက ရိုးမပေါ်မှာ ကရင်တဲတစ်တဲတွေ့ လို့ မောင် ကြက်ဖတစ်ကောင် ဝယ်ခဲ့တယ်။
သူတို့နားတဲ့စခန်းရောက်တော့ ချက်စားဖို့ ကြက်ကို သတ်တယ်။ကြက်သတ်ရင် လည်ပင်းလိမ်၊ အတောင်ပံကြားထဲ ခေါင်း ညှပ်ပြီး သတ်နေကျ၊ ငမောင်
ဒီနေ့ကြက်သတ်တော့ သစ်ပင်နှင့် ကြက်ရဲ့ ခေါင်းကို ရိုက် ပြီးသတ်တယ်။မထင်မှတ်ဘဲ ကြက်ခြေသည်းက . သူ့လက်ကို ခြစ်ပိပြီး သွေးနည်းနည်း စို့သွားတယ်။ဒီလောက်လေးဖြစ်တာကိုပဲ ဒေါသတွေထွက်ပြီး ကြက်ကိုသစ်ပင်နှင့်တဗုန်းဗုန်း လွှဲရိုက်တယ်။
ဒေါသပြေမှ ရပ်တယ်။မကြာပါဘူး။ အဲဒီကြက်ကို ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ နှစ်၊အမွှေးတွေပြောင်အောင် နှုတ်ပြီးခုတ်ထစ်ဖို့ စဉ်းတီတုံးပေါ် တင်လိုက်တယ်။အဲဒီအချိန်မှာပဲ သေပြီးသားကြက်ဖက ဖပ်ဖပ်ဆို မတ်မတ်ထရပ်တယ်။
ငမောင်လည်း ကယောင်ချောက်ချား ကြောင်ကြည့် နေရင်းက သတိရပြီး ထွက်ပြေးရတယ်။တစ်ကိုယ်လုံး အမွှေးပြောင်နေတဲ့ ကြက်က သူ့နောက်ကို တန်းတန်းလိုက်ပြီ ခွပ်တယ်။ငမောင် လှည့်ပတ်ပြေးနေရတယ်။..အတူပါလာတဲ့အဖော်က သတိရပြီး၊ ကြက်ကို ရိုက်လိုက်မှ လဲကျသွားတယ်။ ဒီတော့မှ ငမောင် မောကြီးပန်းကြီးနှင့် ပြန်ရောက်လာအဲဒီ နာနာဘာဝဝင်ပူးနေတဲ့ကြက်သာ ခွပ်မိလို့ကတော့မောင်အသက်ရှင်လျက် ရွာပြန်မရောက်နိုင်တော့ဘူး။ခုလည်း တစ်ခါထပ်လုပ်ပြန်ပြီ။
မလိုအပ်တော့ဘဲ ဖွတ်ကြီးရဲ့ ခေါင်းကို စိစိညက်ညက်ကြေအောင် ဒေါသတကြီး ကျောက်ခဲနှင့်ထုတယ်။ ဖွတ်ဗိုက်ကိုဖောက်ပြီး အမြီးထိုးထည့်တယ်။ငမောင်ရဲ့ မဟုတ်မက လုပ်ရပ်တွေရဲ့ အကျိုးဆက်က ညဦးယံမှာပဲ ဖြစ်သွားတယ် …။
အစဦးဆုံး အိပ်တန်းတက်နေတဲ့ ငှက်တွေ ဂုန်းခနဲ လန့် ကြတယ်။ ထိတ်လန့် စရာကောင်းအောင် ဆူဆူညံညံ အသံတွေ မြည်ကြွေးအော်ဟစ်ကြတယ်။အဲဒီတုန်းမှာပဲ အဝေးကြီးကနေ အသံနက်ကြီးနှင့် ဟား တိုက်ရယ်လိုက်သံကြီးကို ကြားရတယ်။
ရယ်သံကြီးက တဖြေးဖြေး နီးနီးလာတယ် …မောင်တို့ တစ်ဖွဲ့ လုံး တစ်စတစ်စ သွေးပျက်လာကြတယ်။ချောက်ချောက်ချားချား ဖြစ်လာကြံတယ်။အဲဒီအချိန်မှာပဲ အသံတွေအားလုံးက ရုတ်တရက် ဖြတ်ချလိုက်သလို တုံ့ခနဲ ရပ်သွားတယ်။တောကြီးတောင်ကြီးထဲမှာ အမှောင်ထုကြီးကပဲ ကြီးစိုးနေတယ် …။
ညပိုးပုရစ်မြည်သံနှင့် မီးပုံကြီးက တဖျစ်ဖျစ် တဖြောက်ဖြောက် တောက်လောင်နေတဲ့အသံပဲ ကြားနေရတယ်။ဝေါ် ခဏနေတော့ မုန်တိုင်းကိုက်လာသလို အသံကြီးကို ကြားရပြန်တယ်။“ဒါ တောချောက်တာပဲ …”
ငမောင်က ပြောလိုက်တယ်။မုန်တိုင်းသံကြီးက တဝေါဝေါ မြည်တင်းရင်း ခေါင်းပေါ်ကနေ ကျော်ဖြတ် တုိက်ခတ်သွားတယ်။ထူးဆန်းတာက အသံတွေပဲ ကြားရတာ၊ သစ်ပင် သစ်ကိုင်းတွေကတော့ ပကတိငြိမ်သက်လို့ ၊ သစ်ရွက်သစ်ခက်တောင် မလှုပ်ဘူး။ပတ်ဝန်းကျင်က ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်သွားပြန်တယ်။
တိတ်ဆိတ်ခြင်းက ခဏတာပဲ ခံတယ်။ငမောင်တို့ တစ်ဖွဲ့လုံး သွေးပျက်ချောက်ချားစရာ အဖြစ်အပျက်တစ်ခုကို မျက်ဝါးထင်ထင် မြင်လိုက်ကြရတယ် …။ တောအုပ်ရဲ့ အမှောင်ထုကြီးထဲကနေ မည်းမည်းအကောင်ကြီးတစ်ကောင် မီးပုံကြီးအနီးကို ရောက်လာတယ်။တစ်ကိုယ်လုံးကို နီကြင့်ကြင့် အမွှေးအမျှင်တွေ ဖုံးအုပ် နေတဲ့အကောင်ကြီး
မည်းမည်းအကောင်ကြီးက မီးပုံပေါ်မှာ လေးတိုင်စင် ထိုးပြီး ကျပ်တင်ထားတဲ့ ဖွတ်သေကြီးကို ကြည့်နေတယ် …။
ပထမတော့ ကျပ်ခိုးစင်ပေါ်က ဖွတ်ကို စားချင်လို့ ဝက်ကြီး တစ်ကောင်ထွက်လာတာလားလို့ ထင်လိုက်တယ်။, ဒါပေမယ့်၊ ကြည့်ရင်းကြည့်ရင်း ခဏကြာလာတော့မှ သူတို့ထင်သလို မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ သူတို့မျက်စိရှေ့မှာပဲ ကျပ်ခိုးစင်ပေါ်က ဖွတ်အသေကြီး တဖြည်းဖြည်း လှုပ်လာတယ်။
အဲဒီဖွတ်ကြီးကို ငမောင်တို့ အရေခွံခွာပြီးသား၊ ဗိုက်ကိုခွဲ ကလီစာတွေထုတ်၊ ဆားဆနွမ်းတွေ သုတ်လိမ်း ပြီးမှ ကျပ်ခိုးစင်ပေါ်တင်ထားတာ၊မီးရောင်အောက်မှာ ဖွေးနေတဲ့ ဖွတ်အသေကောင်တာ ခြေတွေလက်တွေပါ လှုပ်လာပြီး ကျပ်ခိုးစင်ပေါ်ကနေ မီးပုံဘေးရောက်အောင် ခုန်ချလိုက်တယ်။ ပြီးတော့ အပြီးကို မည်းမည်းအကောင်ကြီးဆီကို သွားတယ်။ ခဏနေတော့ မည်းမည်းအကောင်ကြီးရော၊ ဖွက်သေကြီးတဗုန်းဗုန်းနှင့်ရိုက်ရင်းရော အမှောင်ထဲဝင်ပြီး ပျောက်သွားတယ်။ ငမောင်တို့ အဖွဲ့ ဆီမှာ သေနတ်နှင့်ဓားလှံ၊ လေးမြားတွေ ရှိပေမယ့် ဘာမှ မလုပ်လိုက်ရဘူး။မင်တက်မိသလို၊ အားစေးထည့်ခံထားရသလိုပဲ ခံစားနေ ကြရတယ် …။ငမောင်တို့ တစ်တွေလည်း အဲဒီအခေါက် ဘာမှ မရဘဲ ပြန်လာပြီးကတည်းက မဆုံမိကြထော့ဘူး။ဒီလိုနှင့် ရိုးမပေါ် မတက်ဖြစ်တာ တော်တော်ကြာသွား တယ်။
“တစ်သက်လုံး အကုသိုလ်အလုပ်တွေ လုပ်ခဲ့သမျှ ဒီတစ်ခါတော့ ဝဋ်ကြွေးတွေကို ကြေအောင် ဆပ်လိုက်မယ်ဟေ့” ငမောင်ရဲ့ အသံက သူ့ မိန်းမကို ပြောတာပေမယ့် ခြံရှေ့က လှည်းတွေနှင့် စောင့်နေတဲ့ နိုင်ကြီးတို့ပါ ကြာလိုက်ရတယ်။ “ငမောင်ပြောတာက တစ်မျိုးကြီးပဲ”လို့ နိုင်ကြီးပါးစပ်က ရုတ်တရက်ပြောမိလိုက်တယ်။
“တစ်သက်လုံး သူများအသက်သတ်တဲ့ မကောင်းမှုတွေ လုပ်ခဲ့တာကို ဒီနေ့ လုပ်တဲ့ ကောင်းမှုကုသိုလ်နှင့် အကြေဆပ်မယ်လို့ သူပြောလိုက်တာပါ”သွာကာနီး၊ လာကာနီး စိတ်ထင့်မှာစိုးလို့ ထင်ရဲ့။
ဦးဌေးမောင်က အကောင်းဘက်က စဉ်းစားရင်း ဖြေပြောလိုက်တယ်။ကွန်းနောက်ရွာနှင့် မြို့နှင့်ဆက်သွယ်တဲ့ ကျေးလက်လမ်းဖောက်လုပ်အတွက် ကွန်းနောက်တစ်ရွာလုံး လုပ်အားဒါးပေးလှူနေကြတယ်
လမ်းခင်းဖို့ အတွက် ကျောက်တွေကို တစ်အိမ်ထောင်တစ်ကျင်းနှုန်း လမ်းဘေးမှာ ပုံပေးရမယ်။ကျောက်ထုတ်ရမယ့်နေရာက ရွာနှင့်လေးငါးမိုင်လောက်ဝေးတဲ့ ရိုးမတောင်ခြေမှာရှိတဲ့ ကျောက်တောင်တွေဆီက……လှည်းနွားရှိသူက ကျောက်တွေသယ်ပို့ ၊ လှည်းမရှိသူကလုပ်အားပေးကျောက်တူး …၊
မိမိအစီအစဉ်နှင့်မိမိ လူတွဲပြီး တာဝန်ကျတဲ့အတိုင်းကျောက်ပုံပေးရတယ် …။နိုင်ကြီးတို့ အဖွဲ့ မှာက နိုင်ကြီး၊ မောင်၊ ဦးဌေးမောင်နှင့်ရွာထဲက လူခုနစ်ယောက်၊စုစုပေါင်း လူဆယ်ယောက်နှင့် လှည်းငါးစီး၊“ရွာသားတွေတူးနေတဲ့ဘက်က သက်နုကျောက်တောင်တွေက၊ အမှုံအစများတယ်၊ ကျောက်တုံးကျောက်ခံရပြန်တော့လည်း ကြေမွသွားတယ်။
သက်ရင့်ကျောက်တောင်ရှိတဲ့ဆီ သွားတူးကြမယ်” ပဲခူးရိုးမကို နှံ့စပ်ကျွမ်းကျင်က ငမောင်က ဦးဆောင်ပြီး အဖွဲ့ကို ခေါ်သွားတယ်။ဟုတ်တယ်၊ သက်ရင့်ကျောက်တောင်ကြီး၊ ကျောက်တုံးကျောက်ခဲတွေက မာကျောတယ်၊ အချပ်လိုက်၊ အလွှာလိုက်၊ အတုံးအခဲကြီးတွေ လိုက်ရတော့လှည်းတစ်စီးစာကို ခဏနှင့်ရတယ်။သူတို့ အဖွဲ့ ကျောက်တူးရင်း ကျောက်ကျောအတိုင်းလိုက်ရင်းနှင့် လိုဏ်လိုဖြစ်လာတယ်။
“မင်းတို့ ဒီလိုမတူးကြနှင့် အပြင်ကို ပြန်ထွက်ကြ။ အပေါ်က ဖိထားတဲ့ ကျောက်တုံးကျောက်ခဲတွေရဲ့အားကိုခံနိုင်ရင် ပြိုကျတတ်တယ်
ရွာလူကြီးက လာပြောတယ်။
“ပြိုကျရင် ကျွန်တော့်ခေါင်းနှင့် ခံထားလိုက်မှာပေါ့ ငမောင်က ရွှတ်နောက်နောက် ပြန်ပြောတယ်။ ရွာလူကြီးအုပ်စု သူတို့ဆီကနေ လှည့်ပြန်သွားတယ်။ ရွာသားတွေစုပြီး တူးနေကြတဲ့ ကျောက်တောင်ဆီတောင်
မရာက်သေးဘူး …။ ကြောက်စရာအသံကြီးနှင့် တဝုန်းဝုန်း ပြိုကျနေတဲ့ ကျောက် တောင်ကြီးကို လှမ်းမြင်လိုက်ရတယ်။မြေမှုန် တွေ၊ ဖုန်မှုန် ့တွေက တအုန်းအုန်း လွင့်ပျံ၊ တလိပ် လိပ် လှိမ့်တက်နေတယ် …။
“အား”ဆိုတဲ့ အသံနက်ကြီးနှင့် အော်လိုက်သံလည်း ကြားလိုက်ရတယ်။ဘယ်သူ့ အသံမှန်းတော့ သဲသဲကွဲကွဲ မသိရဘူး။ သူတို့ရော၊ ပြေးလာတဲ့ လူအုပ်ကြီးရော အပြေးအလွှားသားကြည့်ကြတယ်။ကျောက်တောင်ကြီးကတော့ အဆက်မပြတ် တဝုန်းဝုန်း့ ပြိုကျဲနေတုန်းပဲ။
“ကျောက်လိုဏ်ထဲမှာ ငမောင်ကျန်နေတယ်၊ ငမောင်ကို ကယ်ကြပါဦး .
နိုင်ကြီးက ထိတ်လန့် တကြား အော်နေတယ်။ အကြာကြီးနေမှ ကျောက်တောင်ပြိုတာ ရပ်သွားတယ်။ ငမောင်ကိုကယ်ဖို့ လူအင်အားနှင့် ငါးနာရီလောက်၊ ပိနေတဲ့ ကျောက်တုံးကျောက်ခဲတွေကို ဖယ်ရှားခဲ့ရတယ်၊ ….ငမောင်ကို ကယ်ယူရချိန်မှာ အသက်မသေသေးပေမယ့်
ငွေ့ငွေ့လေးပဲ ကျန်တော့တယ်။ စကားမပြောနိုင်တော့ဘူး …ပါးစပ်က သွေးတွေ တပွက်ပွက် အန်နေတယ်။ ခေါင်းမှာလည်း ဟက်တက်ကြီးကွဲလို့ …၊ ဒဏ်ရာကြီးထဲက သွေးစီးတွေ၊ သွေးစီးတွေ၊ တစိမ့်စိမ့်၊ တစိမ့်စိမ့် ထွက်ကျလို့ …..ေကျာက်ချွန်ကြီးတစ်စက ဝမ်းဗိုက်ထဲ စိုက်ဝင်နေတယ်။ သွေးသံတရဲရဲနှင့်ငမောင်။
ရုပ်ပျက်ဆင်းပျက်နှင့် ငမောင်ရဲ့ အဖြစ်က တကယ့်သွေးပျက်စရာ၊ ထိတ်လန့် စရာ၊ မမြင်ရက်စရာပါပဲ။ ဆေးရုံပို့ ဖို့ လှည်းပေါ်တင်နေစဉ်မှာပဲ ငမောင်တစ်ယောက်မရဏတိုင်းပြည်ကို ခရီးထွက်သွားရပါတော့တယ်။ဤလောက၌ အချို့သော ယောက်ျား၊ မိန်းမတို့သည် သတ္တဝါများအပေါ်၌ သနားကြင်နာစိတ်ကင်းလျက်ရက်စက်စွာ သတ်ဖြတ်တတ်ကြ၏။
ထိုသူတို့သည်သေလျှင် ငရဲသို့ ရောက်တတ်၏။အကယ်၍ ရှေးကုသိုလ်ကံတစ်ခုခုက ထောက်မ၍ ငရဲမကျဘဲ လူ့ပြည်၌ လူပြန်လာဖြစ်ရလျှင်သက်တမ်းစေ့အောင် မနေရဘဲ အသက်တိုကြရသည်ရှေးရှေးဘဝဖြစ်စေ၊ ယခုဘဝ၌ဖြစ်စေပြုခဲ့သော အကုသိုလ်ကံကအခွင့်ရသည်နှင့်တစ်နည်းနည်းဖြင့် သေစေတော့သတည်း။
စာရေးသူ -မောင်မှိုင်းညို့(ချောင်းဦး)အားလေးစားလျက်
#likeနဲ့shareလေးလုပ်ပြီးအားပေးပါဦးနော်