မသူတော်စောင့်သောခြံ(စ/ဆုံး)
—————————-
“”မိုက်တယ်မေမေ•••
ခြံဝင်းလည်းကျယ်တယ်၊သီးပင်စားပင်လည်းရှိတယ်
ပန်းပင်တွေနဲ့ဆိုတော့သမီးသိပ်ကြိုက်”””
“”ကြိုက်ပါတော်•••
မေမေလည်းကိုယ့်ခြံကိုယ့်ဝင်းနဲ့
လွတ်လွတ်လပ်လပ်နေချင်တာကြာပြီ”””
ဒေစီက•••
မေမေ့ကိုဖက်ကာကပ်ချွဲနေခြင်းဖြစ်သည်။
မြို့လယ်ခေါင်တွင်တိုက်ခန်းကျဉ်း
လေးတွင်မိသားစုပြွတ်သိပ်နေခဲ့နေရတာမို့
ဒီခြံကိုတွေ့ရုံနှင့်ပင်
စိတ်ချမ်းသာစေသည်။•••
ခုလိုမိသားစုအေးအေးချမ်းချမ်းနေရအောင်
စီစဉ်ပေးသောဖေဖေ့ကိုလည်းအထူး
ကျေးဇူးတင်မိသည်။••••
“”သမီးပစ္စည်းအလေးတွေမသယ်နဲ့နော်
သမီးမေမေလည်းမသယ်စေနဲ့
ဒီမှာဖေဖေနဲ့သမီးမောင်လေး
ပြီးသလောက်သယ်မယ်”””
“”ဟုတ်ကဲ့ဖေဖေ”””
ကားကပစ္စည်းတွေချပေးပြီးသည်နှင့်
ပြန်သွားပြီဖြစ်သည်။
ဖေဖေကဒေစီ့အားပစ္စည်းများမသယ်ရန်
ပြောသော်လည်းဒေစီတစ်နိုင်
တစ်ပိုင်သယ်ကာ•••
မေမေနှင့်အတူအိမ်ပေါ်တက်လာခဲ့သည်။
အိမ်မှာနယ်အိမ်များလိုခြေတံရှည်အမျိုးအစားဖြစ်ပြီးရေနံချေးဝကာမဲညှို့နက်မှောင်နေလေသည်။
ဘာပဲဖြစ်ဖြစ်ဒေစီ
သဘောကျလေသည်။•••
အိမ်ထဲပစ္စည်းတွေရောက်တော့
မနားရသေး•••
ပစ္စည်းများနေရာချရသေးသည်။
အိမ်၏ကြမ်းပြင်များက•••
ကိုယ့်အရိပ်ကိုယ်ပြန်မြင်ရလောက်အောင်
ချောပြောင်နေလေသည်။•••
ပစ္စည်းတင်ပြီးတော့•••
မောင်လေး သီဟအား•••
အနီးအနားထမင်းဆိုင်တွင်
ထမင်းဝယ်ခိုင်းလိုက်သည်။
အိမ်စပြောင်းသည့်ရက်မို့•••
ဒီတစ်နေ့တော့ဖြစ်သလိုစားရတော့မည်။••
‘”မေမေ•••
အိမ်အောက်မှာအလှူခံရောက်နေတယ်”””
“”ဟုတ်လားသမီး••မင်္ဂလာပဲ•••
ဒီအိမ်ရောက်တော့ဦးဦးဖျားဖျားအလှူပေါ့”””
“””ဘုန်းကြီးတော့မဟုတ်ဘူးမေမေ
ဝတ်ဖြူစင်ကြယ်နဲ့သူတော်စင်လိုလိုဘာလိုလို”””
“”သမီးတော့ဖေကြီးကမတွေ့ဘူးလား
အိမ်အောက်မှာရှိနေတာပဲကို”””
“”မောင်လေးသီဟနဲ့အပြင်လိုက်သွားတာနေမှာ”””
မေမေကပြောပြောဆိုဆို•••
ပိုက်ဆံအိတ်ထဲမှတစ်ထောင်တန်သုံးရွက်
ထုတ်ယူလိုက်သည်။
ထို့နောက်အိမ်အောက်ဆင်းသွားလေသည်။
ဒေစီလည်းပစ္စည်းများအားတတ်နိုင်သလောက်နေရာ
ချလိုက်သည်။••••
မကြာပါမေမေသည်•••
ပိုက်ဆံသုံးရွက်ကိုင်လျက်အိမ်ပေါ်ပြန်တက်လာ
လေသည်။••••
ခဏနေတော့ထမင်းဝယ်သွားသော
ဖေဖေနှင့်မောင်လေးပါပြန်ရောက်လာသည်။
“”ဘယ်လိုလဲမေမေမလှူဖြစ်လိုက်ဘူးလား”””
“”‘သမီးတွေ့လိုက်တာသေချာလား••
မေမေအိမ်အောက်ရောက်တော့မတွေ့တော့ဘူး
မြန်လိုက်တာ”””
“”တွေ့လိုက်တာသေချာပါတယ်မေမေရဲ့”””
“”အင်းမလှူထိုက်လို့ထင်ပါရဲ့လေ•••
ဒါပေမယ့်သမီးတွေ့တဲ့ချိန်နဲ့•••
မေမေသွားလှူတဲ့ချိန်ပျောက်သွားတာမြန်လိုက်တာ”
မေမေထူးဆန်းမည်ဆိုလည်းထူးဆန်းစရာပင်။
ဒေစီတွေ့သောအချိန်•••
မေမေလည်းချက်ချင်းလှူရန်သွားတာ
ဖြစ်သည်။သူတော်စင်ကြီးအနေဖြင့်
လူတစ်ခေါ်စာလောက်ဝေးသော
ခြံပြင်ချက်ချင်းရောက်ဖို့ဆိုတာ•••
ပြေးသွားရင်တောင်မဖြစ်နိုင်ပေ။”•••
ဘယ်လိုဖြစ်တာပါလိမ့်••••
ဒေစီ့စိတ်ထဲအတွေးတချို့ဝင်သွားရလေသည်။
“”ကဲ••ကဲသမီး•••
ထမင်းပြက်ထမင်းစားရအောင်”””
မီးဖိုချောင်ပစ္စည်းများက
နေရာမချသေးတာမို့•••
မောင်လေးဝယ်လာသော
ထမင်းနှင့်ဟင်းအားကြမ်းပြင်ပေါ်တွင်
အဆင်ပြေသလိုပြင်လိုက်ကာ”••
မိသားစုလေးယောက်ဝိုင်းဖွဲ့စားသောက်လိုက်လေ
သည်။•••••
~~~~~~~~~~~~~~~~
{၂}
အိမ်ကလေးသည်•••
ထင်ထားသည်ထက်ပင်အေးချမ်းလှသည်။•••
ခြံထဲမှ••ပန်းပင်များအား•••
ဒေစီအသေအချာပေါင်းသင်ရေလောင်း၍
ပြုစုလိုက်သောအခါ•••
ပန်းခင်းလေးမှာပန်းပွင့် လေးများ
အရောင်အသွေးစုံဖြင့်တင့်တယ်လာလေသည်။••
ဖေဖေက•••
လဝကရုံးတွင်••
အရာရှိငယ်တစ်ယောက်ဖြစ်၍••
အိမ်ကမြို့ပြင်ဘက်ရောက်လာတာမို့
ရုံးနှင့်ဝေးသွားကာ•••
မနက်ထမင်းချိုင့်နှင့်ဆိုင်ကယ်တစ်စီး
နှင့်ရုံးသွားရုံးပြန်ရလေသည်။•••
မောင်လေးကတော့•••
သူငယ်ချင်းတွေနှင့်စု၍•••
ဝပ်ရှော့ထောင်ထားလေသည်။^”
သူလည်းမနက်ကတည်းကထွက်
လိုက်လျှင်^•••အပြင်မှာတစ်နေကုန်လေသည်။•••
မောင်လေး၏ဝပ်ရှော့လေးကဒီနှစ်အတွင်း
အတော်စီးပွားဖြစ်လေသည်။
သူ့ဝပ်ရှော့လေးနှင့်
အဖေ့လခချွေးနှဲစာလေးကိုစုဆောင်းကာ
ဒီခြံဝင်းနှင့်အိမ်လေးကို
ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
မေမေကတော့••••
ရပ်ကွက်စျေးလေးတွင်•••
ကုန်ခြောက်ရောင်းရန်နေရာစုံစမ်းလျက်ရှိသည်။
ဒေစီ့မှာထမင်းဟင်းတည်ချက်လိုက်•••
ပန်းခင်းလေးထဲတွင်အချိန်ကုန်လိုက်
ရှိနေရသည်။
တစ်နေ့ဒေစီပန်းခင်းထဲတွင်
ရောက်နေချိန်ဖြစ်သည်။•••
ပန်းတကာ့ပန်းတွင်••
ဒေစီသည်နှင်းဆီပန်းကိုအကြိုက်ဆုံးဖြစ်တာမို့
နှင်းဆီပင်များအား•••
စိုက်ခဲ့ပေးသောအရင်အိမ်ရှင်များအား
ကျေးဇူးတင်မိသည်။••••
ဒေစီအတွေးနှင့်ကြည်နူးနေစဉ်•••
“””ဒေစီရေ••••”””
“”ဒေစီရေ•••”””
ဒေစီ့ခေါ်သံကြားတာမို့•••
ဖေဖေများရုံးကပြန်လာသလားဟုတွေးမိသည်။
ထမင်းစားပြန်လာသည်ဆိုရအောင်လည်း
ထမင်းစားချိန်မဟုတ်သေးပါ။•••
ဒေစီလက်တွင်ကိုင်ထားသော
မြေဆွသည့်ခက်ရင်းကိုချထားခဲ့ကာ
အိမ်ဆီအပြေးလာခဲ့လိုက်သည်။
ထူးဆန်းစွာမည်သူမျှရှိမနေပေ။
ဒေစီအံ့သြနေရင်း•••
အိမ်စပြောင်းလာသည့်ရက်က•••
တွေ့ရသောဖိုးသူတော်အား
ပြန်အမှတ်ရမိသည်။
တစ်ခုခုထူးဆန်းနေသည်မှာသေချာလေပြီ။
“”သမီး••••”””
“”အ•••အမလေး”””
“”အင်••ဟင်မေမေ””
“”ဘာဖြစ်တာလဲသမီးရဲ့”””
“”မေမေကရုတ်တရက်ကြီးရောက်လာပြီး
ခေါ်လိုက်လို့လန့်သွားတာ
မျက်နှာလည်းမကောင်းဘူး
အဆင်မပြေလို့လားမေမေ”””
“”မဟုတ်ပါဘူးသမီးရယ်•••
ကဲကဲသမီးရေမိုးချိုမေမေတို့ထမင်းစားရအောင်”””
ဒေစီမေ့မေ့၏မကောင်းလှသော
မျက်နှာကြောင့်ခုဏကကိစ္စအား
ပြန်မပြောမိပေ။
နေ့လည်ထမင်းစားချိန်ဆိုဖေဖေရော
မောင်လေးရောအလုပ်သွားတာမို့
သားအမိနှစ်ယောက်ခြောက်ကပ်ကပ်နှင့်
ထမင်းစားရလေသည်။•••
ညနေတာ့•••
မောင်လေးရောဖေဖေပါ•••
အလုပ်ကပြန်ရောက်လာလေသည်။•••
ညနေမိသားစုစုံညီစွာထမင်းစားပြီး၍
မိသားစုစုံညီစကားဝိုင်းရောက်မှ•••
မေမေမျက်နှမကောင်းရခြင်းအကြောင်းကို
သိရတော့သည်။•••
မေမေကဖေဖေ့အားဦးတည်၍ပြောလေသည်။••
“”ကိုငွေခိုင်ရေ•••
ကျွမ်မတို့ဒီအိမ်ကို•••
မစုံစမ်းမစစ်ဆေးဘဲ••ဝယ်မိတာမှားပြီထင်တယ်”‘
“”ဘာဖြစ်လို့လည်း••မိန်းမရဲ့”””
“”ကျွန်မစျေးထဲမှာဆိုင်ခန်းစုံစမ်း••
ရင်း••ဒီအိမ်အကြောင်းကြားရတာ
မကောင်းဘူးရှင်”””
မေမေ့စကားကြောင့်•••
အထည်လက်ချုပ်လိုက်နေသောဒေစီနှင့်••
ဖုန်းထိုင်ပွတ်နေသော
မောင်လေးပါခေါင်းထောင်လာကာ••
မေမေ့စကားအားနားစွင့်နေကြသည်။
“”ဒီလိုကိုငွေခိုင်•••
ဒီအိမ်ကမြေမသန့်ဘူးတဲ့•••
တစ်ညတစ်ညဆို••
ဖိုးသူတော်လိုလို•••
ဘာလိုလိုဝတ်ဖြူစင်ကြယ်တစ်ယောက်ကို
မြင်နေရတယ်တဲ့
အစောင့်ဖြစ်မယ်နဲ့တူတယ်”””
“””အတွေးအရမ်းမခေါင်ပါနဲ့•••
မယ်တင်ရယ်•••ဥပါဒ်ဒဏ်ကြောင့်
ဥပါဒ်ရောက်ပါ့မယ်•••
တို့ကောင်းတာလုပ်ရင်ကောင်းတာ
ဖြစ်မှာပါ”””
“”ဒီလိုပဲတွေးရမှာပေါ့ရှင်”””
ဒေစီမှာမေမေအရမ်းစိတ်ဆင်းရဲမှာ
စိုးတာကြောင့်နေ့လည်က•••
ဒေစီ့နာမည်အားခေါ်သည်ကိုပြန်မပြောမိတော့ပေ။
ဒီအိမ်စပြောင်းသည့်ရက်က
ဝတ်ဖြူစင်ကြယ်နှင့်တွေ့ရသော
သူတော်စင်သည်•••
မေမေပြောသောအစောင့်ပင်လော••••
ဒေစီ့မှာစိုးတထိတ်ထိတ်အတွေးများနှင့်အိပ်ရာ
ဝင်လိုက်ရလေသည်။•••
~~~~~~~~~~~~~~~~
{၃}
ဒီလိုနဲ့
ထိုအိမ်လေးတွင်•••
နေထိုင်လာခဲ့ရာရက်လေးများပင်ကုန်
ဆုံးလာခဲ့သည်။•••
ဘာမှထပ်မဖြစ်တာမို့ထိုကိစ္စအား
တစ်အိမ်လုံးမေ့မေ့ပျောက်ပျောက်ဖြစ်
သွားကြသည်။•••
တစ်နေ့••••
ဒေစီတို့မိသားစုတွင်ဖေဖေမှလွဲ၍••
အိပ်မက်ဆိုးအား•••
ဒေစီ၊မေမေနှင့်မောင်လေး
တစ်ပြိုင်ထဲမက်လေသည်။•••
အိပ်မက်မှာ••••
ဖေဖေ့အားဘီလူးစားလိုက်သည်တဲ့။
အမွှေးအတောင်ဗရဗွနှင့်•••
ထန်းသီးလုံးလောက်ရှိသော••
မျက်စိကမီးကျီမီးခဲလိုရဲနေကာ•••
အစွယ်ဖွေးဖွေးများနှင့်••
ဘီလူးကဖေဖေ့အားစားသည်ဟု
အိပ်မက်မက်ကြသည်။
ဒေစီမှာမိမိမက်သောအိပ်မက်ကိုပြော
တော့မေမေကပါပြောလာခဲ့သည်။
မောင်လေးကလည်းသူ့တွင်
ဤသို့မက်သည်ဟုပြောလေသည်။
ဖေဖေကအစွဲအလန်းကြောင့်ဟုပြောသော်လည်း
အကောင်းတိုင်း••ကြီးရှိနေသော
ဖေဖေ့မှာ တမှိုင်မှိုင်တတွေတွေနှင့်
ကျန်းမာရေးဆိုးရွားလာခဲ့သည်။••
ဒေစီတို့လည်းညညဆို••
လမ်းလျှောက်သံ
တောက်ခတ်သံတွေကြားရကာ••
အိမ်တွင်နေရသည်မှာကျီးလန့်စာစား
ဖြစ်လာခဲ့သည်။•••
ဒီကြားထဲမောင်လေးက•••
ကလေးတစ်ယောက်အား•••
ဆိုင်ကယ်တိုက်မိရာ^••
လျော်ကြေးတော်တော်များများပေးလိုက်ရပြန်သည်။
ဝပ်ရှော့လည်းအရင်လို
အဆင်မပြေတော့ကာ•••
ဖေဖေ့ကျန်းမာရေးလည်းဆိုးဝါးလာခဲ့သည်။
အခြေအနေများကသိသိသာသာဆိုးဝါးလာကာ
တစ်ခါတစ်လေအိမ်ပေါ်တွင်••
အရိပ်မည်းကြီးများအား
အကောင်လိုက်တွေ့ရတာမို့•••
အလှူပေးအမျှဝေရန်ဆုံးဖြတ်လိုက်ကြသည်။
အလှူပေးသောနေ့တွင်•••
တိုက်ဆိုင်မှုပင်လားမပြောတတ်ပေ။
ဘုန်းတော်ကြီးပင့်ရန်သွားသော•••
ကားမှာလမ်းခုလတ်တွင်ဘီးပေါက်လေသည်။••
ထို့နောက်မြင်းလှည်းငှားကာ•••
ဘုန်းကြီးပင့်လာခဲ့သော်လည်း
ဘုန်းကြီးပင့်၍ပြန်အလာတွင်
ထော်လာဂျီနှင့်မြင်းလှည်းတိုက်ပြန်သည်။•••
အခက်အခဲများမှပင်••
အိမ်သို့ဘုန်းကြီးအရောက်ပင့်လာနိုင်ခဲ့သည်။
ဆရာတော်ကြီးမှာတရားမနာမီ•••
တရားနာပရိသတ်များအား•••
စည်းဝိုင်းတား၍ထားလေသည်။
ထို့နောက်တရားတော်အားစတင်နာကြားရာ
တရားပွဲအဆုံးတွင်•••
ခွေးနက်ကြီးတစ်ကောင်မှာ•••
ဝုန်းဆိုတရားနာပရိသတ်ကြား•••
ခုန်ဝင်လာခဲ့သည်။
တရားနာပရိသတ်များမှာဖရိုဖရဲထွက်ပြေးကြတာမို့
ဒေစီတို့•••မိသားစုသာကျန်ခဲ့သည်။
ဒေစီတို့လည်း
ဤခြံတွင်ဆက်မနေရဲတော့သည်မို့•••
မြို့ထဲမှယခင်နေသောတိုက်ခန်းသို့
ပင်ပြောင်းရွှေ့နေထိုင်ခဲ့သည်။•••
အိမ်နှင့်ခြံကိုတော့ရစျေးနှင့်•••
ရောင်းရန်ဆုံးဖြတ်လိုက်သည်။•••
နှစ်လလောက်အကြာတွင်•••
တရုတ်ကပြားကြီးတစ်ဦးက
ဝယ်ရန်ကမ်းလှမ်းလာခဲ့သည်။
ကိုယ်ဒုက္ခရောက်၍သူတစ်ပါးအား
လက်သိပ်ရောင်းတာမျိုးမဖြစ်စေရန်•••
ခြံ၏ရာဇဝင်ကိုလည်းအမှန်တိုင်းပြောပြခဲ့သည်။
သို့သော်တရုတ်ကပြားကအယုံအကြည်မရှိသူမို့
ဝယ်ယူခဲ့လေသည်။•••
နောက်ပိုင်းတရုတ်ကြီးမှာရူးသွားသည်ဟု
ပြောသံကြားရသည်။•••
တရုတ်ကြီးမှတစ်ဆင့်•••
အဆင့်ဆင့်ဝယ်ယူသူမိသားစုများသည်လည်း
သေရင်သေမသေရက်မိသားစု
ရှင်ကွဲကွဲသည်ကများကာ•••
ဘဝပျက်ကြသည်ဟုကြားလေသည်။
ဒေစီတို့မိသားစုသည်ပင်လျှင်
ဤအိမ်အားရောင်းထုတ်ပြီးမှ
ဖေဖေလည်းကျန်းမာလာကာ^^•
မိသားစုအရင်လိူပြန်လည်လည်ပတ်နိုင်ခဲ့သည်မဟုတ်ပါလော။
နောက်ဆို•••
အိမ်၊ခြံဝယ်လျှင်•••
နေရာစခန်းကောင်းရုံနှင့်
မျက်စိစုံမှိတ်ဝယ်ရန်စိတ်မကူးမိတော့ပေ။
ယုံသည်မယုံသည်အပထား၍•••
ဤအိမ်နှင့်ခြံကြောင့်
ဒေစီတို့မိသားစုတွင်
ဖေဖေနှင့်သေကွဲမကွဲရုံတမယ်
စီးပွားလည်းကျ၍
ဒုက္ခရောက်ခဲ့ရသည်မဟုတ်ပါလော။ ။•••
အားလုံးသော•••
မိတ်ဆွေအပေါင်းတို့သည်လည်း•••
အိမ်ခြံမြေနှင့်ပတ်သက်၍•••
ဒေစီတို့မိသားစုလို•••
အဖြစ်မှ••ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းမိလေသည်။
The end
#Mon Mon Khaing
#mmkhorrorstories