မိဗြား

မိဗြား (စ/ဆုံး)

———–

“အူ အူ အူး ဝူး ဝူး “”
“” ဝုတ် ဝုတ် ဝုတ် ဝုတ်””

ခွေးများ၏ သံရှည်စွဲအူသံဟောင်သံများ ဆူညံစွာကြားပြီး
လျှင် မြိုင်သာရွာကြီးမှာ ဘာအသံမှမကြားရပဲ ခဏတာ
တိတ်ဆိတ်သွားလေသည်၊၊ ဒီလိုတိတ်ဆိတ်နေသဖြင့်
တစ်ရွာလုံး အိပ်ပျော်နေသည့်မထင်လေနှင့်၊၊ အမှန်တော့
စောင်အောက်တွင် တစ်ရွာလုံးထိတ်လန့်ကြောက်ရွံ့နေကြ
ခြင်းဖြစ်သည်၊၊ ခုလိုအခြေအနေမျိူ းဖြစ်နေသည့်မှာ
မိဗြားဆုံးပြီး ငါးရက်လောက်ကြာခဲ့ပြီ၊၊

“” ဒုန်း””

“” ကျွန်မကလေး ဒီမှာရှိလားဟင်…. သားလေးရေ…””

“” ကိုတင်လှ မရှိဘူးပြောလိုက်လေ””

“” အေး အေး ပါ။ မရှိဘူး မိဗြား””

ခြေသံတရှပ်ရှပ်ကြားလိုက်ရသည်၊၊ ဒါဆို မိဗြားသူတို့
အိမ်ရှေ့က ထွက်သွားပြီပဲ၊၊ ခုမှပဲ လင်မယားနှစ်ယောက်
စိတ်ဒုံးဒုံးချ၍ အိပ်စက်ကြလေသည်၊၊

“” ညကအေ မိဗြားအသံကြားတော့ သူအားကိုးရမလား
မှတ်တယ်‌။ သေးတွေပေါက်ချလို့တော်””

“” အောင်မယ်လေး တော် ယောက်ကျားကလည်း ဖြစ်ရ
မယ်။ မိဗြားက သူမေးနေကြအတိုင်းမေးပြီး ဘာလုပ်တာ
ကြလို့တော်။ အစပိုင်းက ကြောက်ပေမယ့် ခုတော့
မိဗြားကို သနားလိုက်တာ””

“” တူတူပါပဲတော် သူမှာကလေးစွဲသွားရှာတာကိုး””

မိဗြားလို့အမည်တွင်သူမှာ ကျပ်မပြည့်သည့် ကောင်မလေး
တစ်ယောက်သာ၊၊ ဒီကောင်မလေး၏ နောက်ကြောင်းကို
ပြန်လည်တွေးမိတိုင်း တစ်ရွာလုံးသနားမိကြသည်၊၊

° ° ° ° ° ° ° ° ° ° ° °

မိဗြားကကျပ်မပြည့်ပေမယ့် မျက်နှာလေးက ရွာကအပျိူ
များ မည်သူမှလိုက်မမှီအောင် လှပလေသည်၊၊ အသက်ကြီး
မှ ရသောသမီးလေးမို့ မိဘနှစ်ပါးမှာ သည်းသည်းလှုပ်
ချစ်ကြသည်၊၊ မိဗြားဘဝလေးကို ကယ်တင်ဖေးမသူက
ရွာကိုကျန်းမာရေးဟောပြောပွဲလာသော၊ ဆရာဝန်ပေါက်စ
ကိုအောင်မြင့်မှာ မိဗြားကိုမြင်မြင်ချင်းဂရုဏာသက်ကာ
ချစ်ခင်စုံမက်သွား၏၊၊ ကိုအောင်မြင့်မှာ မိဗြားလိုကျပ်မ
ပြည့် သူကိုအပျော်မကြံပဲ၊ လက်ထပ်ယူကာ ရွာလေးတွင်
ဆေးခန်းဖွင့်၍ ပျော်ရွင်စွာနေခဲ့ကြသည်၊၊ သမီးမိဗြားကို
စိတ်ချသွားလို့လားမသိ၊ မိဘနှစ်ပါးမှာ ရှေ့ဆင့်နောက်ဆင့်
ကွယ်လွန်သွားကြလေသည်၊၊

“” ယောက်ကျား ဒီအရွက်ကြော်လေး စားပါအုံး””

“” ညီမရယ် ဘာအရွက်တွေချက်ထားတာလဲ””

“” အို စားမှာသာစားပါတော်””

မိဗြားစိတ်ဆိုးမှာစိုးသဖြင့် ဘာအရွက်မှန်းမသိသော
အရွက်များကို ကိုအောင်မြင့်ကြိတ်မှိတ်မြိုချလိုက်သည်၊၊
ယောက္ခမကြီးဆုံးသွားကတည်းက ဟင်းကိုဖွယ်ဖွယ်
ရာရာမစားရတော့၊ ဆေးခန်းအကူ ကောင်လေးချက်ပေး
၍သာ စားဝင်နေရသည်၊၊ ဒီကြားထဲမိဗြား စိတ်ပေါက်၍
ချက်ထားသောဟာများကိုလည်း ကြိတ်မှိတ်စားရသည်၊၊

“” ညီမကမစားနဲ့လေ အကိုမဝပဲဖြစ်မယ်””

“” ဟုတ်ပါပြီတော်.. ကျူ ပ်အရွက်ကြော်နှိုက်စားတော့ပါဘူး။
ဒါနဲ့ ယောက်ကျားစားနေတာ နွားကြနေတာပဲ””

“” ဟာ ငရဲကြီးမယ်လေ… အဲ့လိုမပြောရဘူး။
ရော့ ကြက်သားလေးကို စား ဟာ မျက်ရည်ဝဲနဲ့လေ””

“” အဟင့် မိဗြားတောင်းပန်ပါတယ်နော်””

မျက်ရည်များဝဲကာ သူအားတောင်းပန်‌နေသော မိဗြားကို
နွေးထွေး‌ရိပ်‌သန်‌း‌သော မျက်ဝန်‌းများဖြင်‌့ ကြည့်၍
ကြင်‌နာစွာ ရင်ခွင်ထဲထွေးပွေ့လိုက်သည်၊၊

° ° ° ° ° ° ° ° ° ° ° °

“” ညီမ ခု အကို ‌ပြောတာကိုသေချာနားထောင်နော်၊ခုက
စလို့ ရွာထဲမှာ လျှောက်မပြေးနဲ့။အစားအသောက်ကိုလည်း
အကိုကျွေးတာကလွဲလို့ ဘာမှမစားရဘူးနော်””

“” ဟာ ဘာလို့တုန်း ယောက်ကျားကလည်း””

“” ဒီလို ညီမဗိုက်ထဲမှာ ကလေးလေးရှိတယ်လေ။ ခုလိုဂရု
တစိုက် အကိုပြောတဲ့အတိုင်းနေမှ ကလေးလေးက
တဖြည်းဖြည်းကြီးလာပြီး အပြင်ထွက်ရမှာ””

မိဗြားမျက်လုံးထဲ ရွာလယ်ကမတင်မြပုံစံ ပေါ်လာသည်၊၊
မတင်မြဗိုက်ကြီးက တဖြည်းဖြည်းပူလာကာ ကလေး
သေးသေးလေး မွေးလာလေသည်၊၊ ခုယောက်ကျား
ပြောသလိုဆို မိဗြားလည်း သူလိုဖြစ်တော့မည်၊၊ ကလေး
သေးသေးလေး ပိုင်ဆိုင်ရတော့မည်၊၊ ယောက်ကျားအား
ခုနှစ်အိမ်လောက် ကြားနိုင်သောအသံဖြင့် မိဗြားအသား
ကုန်အော်၍ ကတိပေးလိုက်သည်၊၊

“” စိတ်ချပါ မိဗြားဂရုစိုက်ပါမယ်‌။ ဟေး မတင်မြလို
ဖြစ်တော့မယ်။ ဟေး ပျော်လိုက်တာ””

ဂရုစိုက်မယ်ပြောပီး ခုန်ပေါက်ကနေသောကြောင့်
ကိုအောင်မြင့် မသိမသာ လိုက်ထိန်းနေရသည်၊၊
မိဘနှစ်ပါးဆုံးသွားသော်လည်း ခင်ပွန်းကောင်း
တစ်ယောက် မိဗြားအနားမှာရှိသေးသဖြင့် တော်ပါ
သေးတယ် ဆိုရပေမည်၊၊ ကြပ်မပြည့်သော
မိဗြားအဖို့ တစ်ယောက်တည်းရပ်တည်ဖို့ မလွယ်ကူချေ၊၊

“” ပြန်လာရင် မုန့်ဝယ်ခဲ့နော် ယောက်ကျား””

“” အများကြီး ဝယ်ခဲ့မယ်နော်။ ရွာထဲသာလျှောက်မသွားနဲ့
အရီးမြ စကားလည်းနားထောင်နော်””

“” စိတ်ဖြောင့်ဖြောင့်သွားပါ ဆရာ…. မိဗြားကို အရီးမြ
မျက်စိအောက်က အပျောက်မခံစောင့်ရှောက်ပါမယ်””

“” ဒါဆိုကျွန်တော်သွားတော့မယ်။ ကားဂိတ်သွားမယ့်
ထော်‌လာဂျီက ထွက်တော့မှာမို့””

“” သွားလမ်း လာလမ်း ဖြောင့်ဖြူ းပါစေကွယ်။
မိဗြားနှုတ်ဆက်လိုက်အုံးလေ””

“” ယောက်ကျား ပြန်လာနော် မိဗြားကြောက်လို့ပါ””

ငိုသံပါကြီးနှင့်နှုတ်ဆက်နေသော် မိဗြားကို ကိုအောင်မြင့်
မသွားခင်မှာ နဖူးနမ်း၍ နှစ်သိမ့်လိုက်သည်၊၊ ဆေးများ
ဝယ်ဖို့နှင့်အလုပ်ကိစ္စကြောင့်သာ မြို့တက်ရ‌လေသည်‌၊၊
စိတ်ကမဖြောင့်၊ သူလိုတစ်ကောင်ကြွက်အဖို့ မိဗြားကသာ
တစ်ဦးတည်း သံယောဇဉ်တွယ်စရာမို့ ကိုယ်ဝန်နဲ့သာ
မဟုတ်လျှင် မြို့ကိုခေါ်သွားမှာ ခရီးပန်းမှာစိုးသဖြင့်
ထားခဲ့ရခြင်းသာ၊၊ မကြာခင်မှာ မိဗြားစီ ပြန်လာခဲ့ပါမည်၊၊

° ° ° ° ° ° ° ° ° ° ° °

“” မိဗြားရေ ထမင်းစားရအောင်လေ””

“” ဟီး ဟီး မစားချင်ပါဘူး””

“” အဲ့လိုမလုပ်နဲ့လေ။ ဆရာမှာထားတာကို””

“” တော်စမ်းပါ။ ကျူ ပ် ဗိုက်ထဲက ကလေးထွက်တော့မယ်
ဆို ဒါတောင်သူက ပြန်မလာသေးဘူး။ အမေနဲ့အဖေလို
ကျူ ပ်ကို ထားခဲ့တာဖြစ်မယ်””

“” မဟုတ်ပါဘူး မိဗြားရယ် ဆရာပြန်လာမှာပါ””

ဒေါ်မြတင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်၊၊
ဆရာအောင်မြင့် မြို့တက်သွားတာ လအတန်ကြာခဲ့ပြီ၊၊
တစ်ပတ်ခန့်ဆိုသော ခရီးက ဒီလောက်ကြာသွားသော
အခါ ရွာထဲတွင် မိဗြားကို စိတ်ကုန်၍ ထားသွားသည့်ဟု
သတင်းများ ပျံ့နေလေသည်၊၊ မိဗြားမှာလည်း အရင်လို
မတက်ကြွတော့ပဲ အမြဲငိုနေရှာသည်‌၊၊

“ ဟူးး လူတွေဝေဖန်သလို မဟုတ်ပါစေနဲ့´´

မိုးများသည်းထန်စွာရွာချအပြီး လေပြင်းများတိုက်ခတ်
လာသည်၊၊ လူတစ်ယောက်၏ အော်ဟစ်ငြီးငြူ သံမှာ
မိုးသံလေသံကို တိုးမဖောက်နိုင်ပါ၊၊ မိဗြားမီးဖွားနေခြင်း
ဖြစ်သည်၊၊ မြို့ငယ်လေးက ဆေးရုံကိုပင် မပို့နိုင်ပဲ ရွာက
လက်သည်ကြီးနဲ့ပင် မွေးဖို့ကြိုးစားနေခြင်းသာ၊၊
ထိုလက်သည်ကြီးနဲ့မွေးဖွားသူတိုင်းမှာလည်း အန္တရာယ်
ကင်းစွာ မွေးဖွားနိုင်ခဲ့သည့်သာ၊၊

“” အား အမေ့ နာလိုက်တာ ကယ်ကြပါအုံးတော်
ယောက်ကျားရေ ယောက်ကျား ဟီး ဟီး “”

“” မိဗြား မငိုနဲ့လေ ရေမြွာပေါက်သွားပြီ။ အားတင်း
ညှစ်နော် ကြောက်စိတ်မဝင်နဲ့””

အရီးမြ ဘုရားစာများ ပါးစပ်ကရွတ်နေရှာသည်၊၊ မိဗြား
အခြေအနေကမကောင်းလှ၊ လက်သည်ကြီးမှာလည်း
မျက်နှာပျက်ယွင်းနေသည်၊၊ နှစ်ယောက်လုံး အသက်
ရှင်ဖို့မလွယ်ကူချေ၊၊ ဘုရား တနေရသည်၊၊

“” အူဝဲ အူဝဲ အူဝဲ အူဝဲ””

“” မွေးပြီဟေ့ ယောက်ကျားလေးတော် ချစ်ဖို့ကောင်းချက်
ဆရာကခန့် မိချောကအလှဆိုတော့””

“” ကလေး ကျူ ပ်ကလေး သားလေး…””

“” မိဗြား မိဗြား သတိထား‌လေ ဟာ အသက်မရူတော့ဘူး””

“” ဖြစ်မှဖြစ်ရလေ မိဗြားရယ်””

နံနက်ခင်းတွင် မိုးလေကင်းစင်သွားသည်၊၊ တစ်ရွာလုံး
နှုတ်ဖျားတွင် မိဗြားအကြောင်းပြောနေကြသည်၊၊
မိဗြားအသုဘတွက် ရွာနီးစပ်ကပါ လိုက်ပို့သဖြင့် စည်ကား
လှသည်၊၊ လူတိုင်းမှာ မျက်ရည်နဲ့မျက်ခွက်၊၊ ဒေါ်မြတင်
မှာ အသုဘလိုက်မပို့နိုင်ပဲ ကလေးနီတာလေး ချီကာ၊
အိမ်မှာပင် မျက်ရည်များတပေါက်ပေါက် ကျနေရှာသည်၊၊
မိဗြားကို သူမစောင့်ရှောက်နိုင်ခဲ့ဘူးလေ….။

“” အရီးမြ ကျောင်းကိုလိုက်ခဲ့ပါ။ ကလေးပါခေါ်ခဲ့တဲ့
ဘုန်းဘုန်းက မိန့်လိုက်တယ်””

“” အေးအေး ခုချက်ချင်းလာပြီနော်””

“” ဒီကြိုးလေးကို ကလေးကိုဆွဲပေးလိုက်အုံး””

ဘုန်းကြီးကျောင်းသားလေးပေးသော ကြိုးလေးကို ကလေး
လည်ပင်းမှာ ဆွဲပေးလိုက်သည်၊၊ ကလေးပွေ့ချီကာ
ကျောင်းသို့ ရောက်လာခဲ့သည်၊၊ ဆရာတော်မှာ ကပ္ပိယ
ကြီးကို ကျောင်းထဲတွင် ဒေါ်မြတင်နဲ့ကလေးနေဖို့ နေရာ
ပြင်ခိုင်းလိုက်သည်၊၊ ဆရာတော် ဒီလိုမိန့်တာ အကြောင်း
ရှိလို့ဆိုတာ နားလည်သဖြင့်၊ ကပ္ပိယကြီးကို ကလေးခဏ
ချီခိုင်းကာ ဆရာတော်လက်အုပ်ချီကာ ရှိခိုးလိုက်သည်၊၊

“” ဒုန်း ဒုန်း “”

“” သားလေး ရှိလားဟင်… ကျူ ပ်သားလေး ဒီမှာလား””

“” မ ရှိပါဘူး မိ ဗြား””

“” ရှပ် ရှပ် ရှပ် “”

တစ်ရွာလုံး အိမ်အနှံ့တံခါးများလိုက်ထုပြီးတာဖြင့် မိဗြား
မှာ သူမမြေပုံသို့ ပြန်သွားလေသည်၊၊ ဘုန်းကြီးကျောင်းတွင်
ကလေးသာခေါ်မထားခဲ့လျှင် ယခုဆိုအသက်တောင်
နှုတ်သွားလောက်ပြီ၊၊

° ° ° ° ° ° ° ° ° ° ° °

“ ဝူး ဝူး ကျွီ ´´

“” ဟင် ဆရာ””

ဒေါ်မြတင် အံ့သြသွားသည်၊၊ ဘုန်းကြီးကျောင်းထဲသို့
ကားတစ်စီးမောင်းဝင်လာသည်၊၊ ထိုကားနောက်ခန်းတွင်
ဆင်းလာသူက မိဗြားမျှော်နေရှာသော ဆရာအောင်မြင့်သာ၊
အံ့သြသော မျက်နှာကနေ စိတ်ဆိုးသော အသွင်ပြောင်း
သွားသည်၊၊ ခုမှပေါ်လာရလေသလား၊၊

“” အော် ရောက်လာသေးတာပဲ ဆရာ””

“” အရီးမြ ကျွန်တော်စိတ်ဆိုးနေမှာပေါ့… ဒါ မိဗြားအသက်
နဲ့ရင်း မွေးခဲ့တဲ့ သားလေးလား။ ကျွန်တော်ချီပါရစေ””

“” နေအုံး မင်းသွေးသားမို့မင်းချီခွင့်ရှိပါတယ်။ ဘာလို့
မင်းပြန်မလာနိုင်ရတာလဲဆိုတာ အရင်ပြောပြ””

ငိုလာပုံရသော ဆရာအောင်မြင့် မျက်နှာသွင်ပြင်ကြောင့်
ဒေါ်မြတင်စိတ်လျော့လိုက်သည်၊၊ ရွာထဲကနေ မိဗြား
အကြောင်း ကြားခဲ့မှာပဲလေ၊၊

“” ကျွန်တော် ဆေးဝယ်ပြီးအပြန် လမ်းအကူး ကားတိုက်
ခံရတယ်။ ခုကျွန်တော် လိုက်ပို့တဲ့ ကားနဲ့တိုက်ခံရတာ
‌ဆေးရုံမှာ အကြာကြီးမေ့မြောနေခဲ့တာ။ သတိရတော့
လည်း လူကမသက်သာတော့ ပြန်မလာနိုင်ခဲ့ဘူး””

“” ဖြစ်ရလေကွယ်…. ကံဆိုးလိုက်ကြတာ””

“” ဟုတ်ပါတယ် အမကြီးခုလိုကြားရတာ ကျွန်တော်လည်း
စိတ်မကောင်းပါဘူး။ ကျွန်တော်မဆင်မခြင်မောင်းမူ
ကြောင့် မိသားစုလေးပြိုကွဲရတာပါ””

“” အားလုံးဟာ ကံစီမံရာအတိုင်း ဖြစ်ကြတာပါ။ ဒကာကြီး
မှာလည်း အပြစ်မရှိပါဘူး။ သားစွဲခင်ပွန်းစွဲနဲ့ ဘဝမကူး
နိုင်တဲ့ ဒကာမကြီးကို ဒကာလေးက ဘဝကူးနိုင်အောင်
ကူညီပေးလိုက်ပါကွယ်””

“” တင်ပါ ဘုရား… တပည့်တော်နားလည်ပါပြီ””

စကားပြောဝိုင်းသို့ ဝင်ရောက်လာသော ဆရာတော်၏
စကားကြောင့် အားလုံးရင်ထဲတွင် တရားရသွားသည်၊၊
ကိုအောင်မြင့်မှာ မျက်ရည်များ တစ်ဖန်ပြန်ဝဲလာသည်၊၊
ရွာထဲကလူတွေက မိဗြားသေပြီးမကျွတ်မလွတ်ပဲ လိုက်
ခြောက်တယ် ပြောတာကို ခေတ်ပညာတတ်ပီပီ ဝမ်းနည်း
တဲ့ကြားက စိတ်တိုခဲ့သည်၊၊ ဆရာတော် ပြောသလိုဆို
မိဗြားက သူနဲ့သားကြောင့် တတယ်မကျွတ်တာပါလား၊၊
မျက်ရည်များဖြင့် သားကိုအရီးမြစီက‌နေ ပွေ့ချီလိုက်‌၏၊၊‌

“” မိဗြား အကိုကိုယ့်ခွင့်လွှတ်ပါ.. သားအတွက်စိတ်ချပါ။
အကိုအသက်နဲ့ထပ်တူ သားကိုစောင့်ရှောက်ပါမယ်။
မိဗြား အကိုနဲ့သားကို ချစ်ရင် ခုဒီသစ်ကိုင်းလေးနဲ့
သာဓုခေါ်ဖို့ လိုက်ခဲ့ပါနော်””

ကိုအောင်မြင့် ပြောပြီးတာဖြင့် မိဗြားမြေပုံလေးကို
သစ်‌ကိုင်းဖြင့်သုံးချက်ရိုက်လိုက်သည်၊၊ သိသိသာသာ
ပေါ့နေသော သစ်ကိုင်းလေးမှာ လေးပင့်လာသည်၊၊

“လွန်ခဲ့သောတစ်ပတ်ခန့်က ကွယ်လွန်သွားသော
မိဗြားနှင့်တကွ သုံးဆယ့်တစ်ဘုံကျင်လည်ကြသော
ဝေနေယျအပေါင်းအား အမျှပေးဝေပါ၏။

အားလုံးကြားကြားသမျှ
အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်သော်
သာဓု သာဓု သာဓု ´´

“ မိဗြားလေ သာဓုမခေါ်ချင်ဘူး။မိဗြား‌ခေါ်လိုက်ရင်
ယောက်ကျားနဲ့သားကို အပြီးအပိုင်ခွဲရတော့မှာ
မဟုတ်လား။ ဟီး ဒါပေမယ့်လည်း ယောက်ကျားနဲ့
သားကို တတယ် ချစ်လို့ မိဗြားသာဓုခေါ်ပါမယ် ´´

သာဓု •••• သာဓု•••• သာဓု ပါ

ဘုန်းဘုန်းကို မိဗြားကန်တော့ပြီးတာဖြင့် အဝတ်ဖြူ နှင့်
သူတော်စင်ကြီးနောက်သို့ မိဗြားပါသွားခဲ့သည်၊၊
နောက်ထပ်ဘဝတွင် ပျော်ရွှင်သော မိသားစုဘဝလေးကို
ယခုလိုမဆုံးရှုံးပဲ မိဗြား ပိုင်ဆိုင်ရပါလို၏….။

(ပြီးပါပြီ)
စာဖတ်သူများအား ဇူးဇူးငယ်‌က ‌ကျေးဇူးတင်‌ပါတယ်‌ရှင်‌ ။