မီးနေသည်မ

မီးနေသည်မ(စ/ဆုံး)
—————–

သာယာလှတဲ့မြိုင်သာယာရွာလေးမှာ ရွာသူရွာသားများသည် ရိုးသားအေးဆေးစွာ
ဘာသာတရားကိုင်းရှိုင်းမှုနဲ့အတူ အေးချမ်းစွာနေထိုင်နေကြလျှက်ရှိလေသည်။
တစ်ကောင်ကြွက် မိမရှိ ဖမရှိ ကိုသာဝတစ်ယောက် ဘုန်းကြီးကျောင်းမှာကပ်နေရင်းနဲ့
အရွယ်ရောက်လာသဖြင့် ရွာထဲမှ လယ်ရှင်ကြေးရှင်းတွေရဲ့လယ်တွေမှာ
သူရင်းငှားအဖြစ်ဆရာတော်ရဲ့အကူညီနဲ့ အလုပ်ပင်လုပ်နေရသော
လူငယ်တစ်ယောက်ပင်ဖြစ်လာချေပြီ။
” ဟေ့ကောင် သာဝငေးလှချည်လားဟ ”
” ဟာ ချက်စူရာမင်းကလဲ ”
” မင်းကြည့်နေတာ ငါသိပါတယ်ကွာ “ဟုပြောပြောဆိုဆို ချက်စူရဲ့မျက်လုံးက
ကောက်စိုက်နေကြသော လယ်သူမလေးများဆီသို့ရောက်ရှိသွားလေသည်။
ထိုအထဲမှ အသားညိုညို ပါးကွက်ကြားလေးနဲ့ မိန်းကလေးတစ်ယောက်ကို
သာဝကြည့်နေခြင်းကို အသိပေးလိုက်လေသည်။
အသားညိုညို အသက် ၂၀ ကျော်အရွယ်မိန်းခလေးတစ်ယောက်မှာ
မည်သူကိုမျှ မကြည့်အားပဲ ကောက်စိုက်လျှက်ရှိနေသည်။
” ဟဲ့ ဂျမ်းဘုံ နင့်ကို ကိုသာဝကြည့်နေတာ မျက်စိကျွတ်ကျမတတ်နော် ”
” ဟွန်း မအေးမြနော် ”
” အံမာ ညည်းကရော စိတ်မဝင်စားလို့လားအေ့ ”
” အမလေး အစ်မရယ် ဂျမ်းဘုံတို့က တစ်နေ့လုပ်မှတစ်နေ့စားရတာပါနော်
အာ့မျိုးတွေစိတ်မစားပေါင်တော် ”
” ညည်းလဲ မိဘ ရှိတာမဟုတ် ဟိုကလဲမိဘရှိတာမဟုတ်တော့ ငါတို့ကသဘောတူတယ်အေ ”
” အစ်မနော် ဟွန်းး ”
” အစ်မနော်မနေနဲ့အေ့ အလံမရှိတဲ့ ရထား
တံခွန်မရှိတဲ့ဘုရား ၊ လင်မရှိတဲ့မိန်းမ မတင့်တယ်ဘူးတဲ့နော် ”
” ကဲပါ အစ်မရယ် စိုက်စိုက် နေပူလာပြီနော် ”
” အေးပါအေ အေးပါ ”
နေလဲအတော်မြင့်တော့ ကောက်စိုက်သမများထမင်းစားနားကြလေပြီ။
သူတို့ထမင်းစားနားနေတဲ့နေရာနား မယောင်မလည်နဲ့ ကိုသာဝတစ်ယောက်
ရစ်သီရစ်သီလုပ်နေလေရာ
” ကိုသာဝ ထမင်းစားပါဦးလားတော့ ”
” စားပါဗျာ စားပါ ”
” ဒါဖြင့် ဘာလာလုပ်နေတာတုန်း ”
” ဟိုလေ ဟို ပေါက်တူးဘယ်နားထားမိမှန်မသ်ိလို့ပါ ”
” ဟားဟား ဟားး ဟီးဟီးး ”
လယ်သူမတစ်အုပ်လုံးဝိုင်းရီကြသဖြင့် ကိုသာဝလဲ ရှက်ရှက်ဖြင့်ထွက်သွားလေတော့သည်။
ဒီလိုနဲ့ အပျိုတစ်သိုက်နဲ့ကာလသားတစ်သိုက်၏စောင်မ ပံ့ပိုးမှုကြောင့်
ကိုသာဝနဲ့ဂျမ်းဘုံတို့လူငယ်သဘာဝချစ်ကြိုက်မိလေကြတော့သည်။
ထိုအကြောင်းကိုရွာလူကြီးများသိသွားသောအခါ သူတို့၂ယောက်အား မေးစမ်း၍
ဆရာတော်ကျောင်းတွင်မင်္ဂလာဆွမ်းကပ်ပီးပေးစားလိုက်ကာ မွေးစားသားကို
ဆရာတော်မှ လယ်၂ကွက်ဝယ်၍လုပ်ကိုင်စားသောက်ရန်စွန့်ကြဲလေသည်။
ရွာလူကြီးမှလည်း တမာပင်တန်းနားက နေရာလေးမှာသာဝတို့လင်မယားနေထိုင်နိူင်ရန်
ရွာကာလသားများကိုတာဝန်ပေး၍ တဲအိမ်လေးဆောက်ကာပေးလေသည်။
လင်မယား၂ယောက် ညားကာစမို့ပျော်၍မဆုံးတပြုံးပြုံးပင်။
ကိုသာဝတစ်ယောက် ကိုယ်ပိုင်လယ်လေးနဲ့
ဆိုပေမဲ့ အားရင် ဖားရှာ ငါးရှာလုပ်သဖြင့်ပြေလည်ကြလေသည်။

ရက်တွေ လပြောင်း
လတွေ ကြာလာတော့ ဂျမ်းဘုံတစ်ယောက်
သားဦးကိုယ်ဝန်လေးပင်ရလာလေတော့သည်။
“ညီမ ရေတွေဆွဲမနေနဲ့လေ အစ်ကိုလုပ်ပါ့မယ် ”
” ရပါသေးတယ် အစ်ကိုရယ် ”
” ဟာ မလုပ်နဲ့မလုပ်နဲ့ အစ်ကိုပဲလုပ်မယ် ”
” ဒါဆိုလဲ ပီးရောတော် ”
ကိုယ်ဝန်ရခါစထဲက မိန်းမကိုဘာမှမလုပ်ခိုင်းတော့ပေ။
၉ လ လွယ်ဆယ် ၁၀ လဖွားပေမို့ တစ်လပီးတစ်လ ကုန်လွန်လာရာ မွေးဖို့အချိန်ပင်
သိပ်မလိုတော့ပြီ။
တန်ဆောင်မုန်းလပြည့်နေ့ည ၁၀ နာရီ
” အမေ အမေ အားးးးးဗိုက်နာလိုက်တာ ”
” အစ်ကို အစ်ကို အရီးဒွေးလှကိုခေါ်ပေးပါ ”
” အေးညီမ အစ်ကိုအခုသွားခေါ်ပေးမယ်
အားတင်းထားနော် ”
ကိုသာဝရွာထဲသို့ပြေးအသွား ဘေးနားမှလူရ်ိပ်တစ်ရိပ်ဖြတ်ခနဲ့ ဝင်တိုက်လိုက်သလိုမျိုး
လှည့်ကြည့်တော့လဲ ဘာမှမရှိ။ ဒါနဲ့ဆက်ပြေးလေသည်။
” အရီး အရီး ”
” ဟဲ့ ဘယ်သူတုန်း ညကြီးမင်းကြီး ”
” ကျွန်တော်ပါ အရီးဒွေးလှ သာဝပါဗျ ”
” ဟဲ့အေး ဘာတုန်း နင့်မိန်းမ ဗိုက်နာနေပြီလား ”
” ဟုတ်ကဲ့ အရီးအာ့လာခေါ်တာ မြန်မြန်လေးလုပ်ပါအရီးရယ် ”
” ဟဲ့အကောင် ငါမွေးပေးလာတာအံတိုနေပြီ
အားလုံးနင့်လိုတွေချည်းပဲ ”
ပြောပြောဆိုဆိုအရီးဒွေးလှ လိုက်လာလေတော့သည်။
” အားးး အမေ အမေရေ ”
” ညှစ်ထားသမီး ညှစ်ထား အားမလျှော့နဲ့ ”
” မရဘူး အရီးရယ် မရဘူးထင်တယ် နော် အီးဟီးဟီး ”
” ဒီလိုပဲကွဲ့ စိတ်မလျှော့နဲ့သမီးလေး ညှစ် ညှစ် ”
” ဟုတ်ပီး ဟုတ်ပီ ထွက်တော့မယ် အားတင်းထား ”
” အီးးအင်းအင်းးးးးအမလေးနော် ”
” အူဝဲ အူဝဲ ”
” မွေးပြီဟေ့ မွေးပြီ ”
” ဘာလေးလဲ အရီး ဘာလေးလဲဟင် ”
” ယောကျာင်္းလေးဟေ့ ယောကျာင်္းလေး ”
” ဟဲ့အကောင်ဝင်မလာနဲ့ဦး သွားသွား တယ်ခက်တာပဲ ”
” အရီး သားလေးကချောလားဟင် ”
” အေးကွဲ့ သမီးရဲ့ ”
” အင်းးးအင်းးး ”
” ဟဲ့ ဂျမ်းဘုံ ဂျမ်းဘုံ ”
” သတိထား​လေ သမီး သတိထား ”
” ဟင် ကိုယ်ကျိုးတော့နည်းပြီထင်ပါရဲ့ ”
” သမီး သမီး “​
“ဟဲ့ လာကြပါဦး လာကြပဦးဟဲ့ ”
” အရီး အရီး ဘာဖြစ်လို့လဲဗျ ”
ဝရုန်းသုန်းကား အိမ်ပေါ်ပြေးတက်လာတဲ့ ကိုသာဝရဲ့မေးသံနဲ့အတူ
” မောင်သာဝရေ မင့်မိန်းမ ဆုံးဘီကွယ် ”
“ဗျာ ”
” ဂျမ်းဘုံ ဂျမ်းဘုံ ညီမရယ် အစ်ကို့ကိုပစ်ထားခဲ့ပြီလားကွာ အီးဟီးဟီးးးး ”
” ကဲ မောင်သာဝရေ တရားနဲ့သာဖြေပါ လူလေးရယ် ”
” ဟိုမှာ ရွာလူကြီးတွေလဲလာနေပြီ ”
” ကျွန်တော်ဘယ်လိုဖြေရမှာလဲ အရီးရယ် ”
ထိုစဉ်ရွာလူကြီးမှ
” မောင်သာဝရေ ယောကျာင်္းဖောင်စီး မိန်းမ မီးနေတဲ့ကွ ”
” တို့များ ဘယ်တတ်နိူင်တော့မလဲကွာ ”
” လုပ်ဆောင်ဖွယ်ကိစ္စတွေကိုပဲ ဆက်လုပ်ကြစို့ ငါ့တူရီး ”
သေသည့်ညမှစ၍ ဂျမ်းဘုံအလောင်းနားမှ ကိုသာဝမခွာတော့ပါလေ။
ရွာရှိလူငယ်များအားလုံး နာရေးကိုဝိုင်းဝန်းလုပ်ဆောင်နေကြပါသော်လည်း
ကိုသာဝတစ်ချက်လေးမျှပင်စောင်းငဲ့မကြည်ချေ။
၃ ရက်မြောက်နေ့
” ကဲ ဂျမ်းဘုံနဲ့ကလေးကိုလိပ်ပြာခွဲမယ် ”
” မြရင်တို့ ထွေးညိုတို့ လာကြဟေ့ ”
ရွာမှအသက်ကြီးဆုံးအဖွားစော စကားကြောင့်
ဘေးလူများပါစိတ်ဝင်တစား လာကြည့်ကြလေသည်။
ဂျမ်းဘုံနဲ့ မမြရင်တို့ ၂ယောက်ကြား ချိန်ခွင်လေးတစ်ခုချထားသည်က
လူအများကိုပို၍စိတ်ဝင်စားစေသည်ထင်။
တိတ်ဆိတ်ငြိမ်သက်နေသည် အိမ်လေးထဲမှာ
ငြိမ်သက်မှုကိုဖြိုခွင်းလိုက်သည်က မမြရင်
” ကဲ ဂျမ်းဘုံ ညီမလေး ညီမလေးရဲ့သားလေးကို အစ်မထိန်းသိမ်းစောင့်ရှောက်ပါ့မယ် ”
” ဒါကြောင့် အစ်မကိုပေးဖို့သဘောတူတယ်ဆိုရင် အစ်မဖက်ကိုချိန်ခွင်အလေးသာပေးနော် ”
မမြရင် စကားသံအဆုံး၌ ချိန်ခွင်လျှာသည် မမြရင်ဖက်ကို နဲနဲလေးအစွန်းထွက်လာကာ
ဆတ်ခနဲ အလောင်းဖက်သို့ စောင်းကျသွားလေသည်။
” ဟာ ”
လူအုပ်ကြီးမှဝိုင်း၍အော်လိုက်သောအသံကြောင့် လာကြည့်နေသော ကလေးများပင်
မိဘဆီသို့ကြောက်လန့်တကြားပြေးသွားကြလေတော့သည်။
” အမလေး ဂျမ်းပုံရယ်အစ်မနဲ့တောင် စိတ်မချဘူးလားညီမရယ် အီးဟီးဟီးးးးးး ”
“ကဲ သမီးမြရင် နောက်ဆုတ်တော့ ”
” သမီးထွေးညို ရှေ့တို့ကွဲ့ ”
ထွေးညိရှေ့ရောက်လာပီး တောင်းရာ အလောင်းဖက်သို့ပင် ချိန်ခွင်စောင်းလေသည်။
” ကဲ နောက်ဆုံး မောင်သာဝလာဟေ့ ”
ကိုသာဝလဲ ဂျမ်းဘုံအနားကိုလာပီး
” ညီမရယ် သားလေးကို အစ်ကိုနဲ့စိတ်ချနော် ”
” အစ်ကိုပြုစုပျိုးထောင်ပါ့မယ် ”
” ညီမလဲစိတ်ဖြောင့်ဖြောင့်နဲ့သွားတော့နော် ”
” အစ်ကို့ကို ယုံတယ်မဟုတ်လားဟင် ”
ကိုသာဝ ကလေးတောင်းနေသည်မှာ လွန်စွာဝမ်းနည်းစရာကောင်းလှသဖြင့်
ဝိုင်းကြည့်နေကြသော ရွာသူရွာသားများမှာ မျက်ရည် မဆည်နိူင်ဖြစ်နေရပေသည်။
ချိန်ခွင်လျှာမှာစောနကလိုမဟုတ် လှုပ်ရမ်းနေသဖြင့်
” အစ်ကို့ဖက်သာ အလေးသာလိုက်ပါတော့ညီမရယ် ”
ချိန်ခွင်လျှာမှာ ကိုသာဝဖက်ကိုရောက်မလို ရောက်မလိုနဲ့ နောက်ဆုံးဂျမ်းဘုံအလောင်းဆီသို့သာ စောင်းကျသွားသဖြင့်
အဖွားစောသည် ထိုင်ရာမှထကာ
” သတ္တဝါတစ်ခု ကံတစ်ခုပေါ့လေ ”
ဆိုပီးအိမ်ပေါ်မှ မျက်ရည်ဝဲကာဆင်းသွားလေတော့သည်။
” ဟင် လုပ်ကြပါဦး လုပ်ကြပါဦး ”
ကလေးချီလိုက်သောထွေးညိုအသံကြောင့်
” ဘာဖြစ်တာလဲဟ အလန့်တကြား ”
” ဒီမှာ ကလေးကပြာနှမ်းလာပီး အသားတွေအေးစက်နေလို့တော့ ”
” သား သားလေး သားလေး ”
ကိုသာဝမှာ ထွေးညိုဆီမှ ကလေးကိုလှမ်းပွေ့လိုက်သော်လည်း ကလေးမှာငြိမ်သက်လျှက် ခဏတာရောက်လာသော လောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားလေပြီ။
ကိုသာဝတစ်ယောက်မှာလဲ အရူးမီးဝိုင်းသည့်နှယ် မယားရော သားပါဆုံးပါးသဖြင့်
ဘေးလူများဆွဲမနိူင်အောင် မဏ္ဏပ်စင်ကို ခေါင်းနဲ့ပြေးဆောင့်နေလေသည်။
အံကိုကြိတ်လျှက် လက်သီးဆုပ်ကာ ရင်ဖတ်ကြီးက ဖားဖိုသဖွယ် နိမ့်လိုက်မြင့်လိုက်ဖြင့်
မြင်ရသူအပေါင်း ရဲ့စိတ်ဝယ် ကိုသာဝတစ်ယောက် ဘီလူးစီးနေသည့်နှယ်ပင်။
ရွာရဲ့ထုံးစံအတိုင်း မိခင်ရောကလေးအလောင်းပါရော၍ မီးသဂြုင်္ိလ်ပြီးနောက်
လူကြီးများက ကိုသာဝကိုဝိုင်းဝန်းဖြောင်းဖြပြောဆိုနေကြလေသည်။
ထိုမှအစဉ်အတိုင်းရေသော် ( ၇ )ရက်မြောက် ရက်လည်လေသည်။

ရက်လည်ပြီးသည့်ညနေ၌ပင် လူကြီးများတားသည့်ကြားက ကိုသာဝတစ်ယောက်
မိန်းမမရှိသည့်ရွာတွင်မနေလိုတော့ဟုဆိုကာ အဝတ်စားများယူ၍
ရွာမှထွက်ခွာသွားလေတော့သည်။
ရက်လည်ပီး ၂ ပါတ်ခန့်ကြာသော် ညနေညီကိုမသိတသ်အချိန်
” အူဝဲ အူဝဲ အူဝဲ ”
” ဟဲ့ မောင်တင်လှ ကလေးငိုသံကြားတယ် သွားကြည့်စမ်း ”
” ဟုတ်ကဲ့အမေ ”
ကိုတင်လှ ကလးငိုသံကြားရသဖြင့်လိုက်ရှာရာ ကိုသာဝတို့အိမ်နား သို့ရောက်လေသည်။
” အူဝဲ အူဝဲ ”
” ဟင် အသံက တမာပင်တန်းတွေနားကပဲ ”
” အူဝဲ အူဝဲ ”
တမာပင်တန်းနားရောက်သော် ကလေးအသံက အပေါ်မှလာနေ၍ မော့ကြည့်လိုက်ရာ
” ဟမ် ဂျမ်း ဂျမ်း ဂျမ်းပုံ ”
စကားတွေအထစ်ထစ် အငေါ့ငေါ့ဖြင့် အပင်ပေါ်မှ ကလေးချီကာ မိမိကိုစိုက်ကြည့်နေသော
ဂျမ်းပုံကိုတော့သဖြင့် ကြောက်လန့်တကြားထွက်းပြေးလေသည်။
” အမေ အမေ အစ် အစ် ”
” ဟဲ့အကောင် ဘာဖြစ်လာတာလဲ ”
” အမေ အမေ ဂျမ်းပုံ သ သ သရဲ သရဲ ”
” ဟဲ့ ဘယ်ကသရဲတုန်း ”
အမေကိုပြန်မဖြေအားပဲ ဘုရားစင်မှ ဘုရားသောက်တော်ရေကို ဂွတ်ခနဲမော့ချလိုက်ပီး
နောက်တစ်ခွက်ကို ခေါင်းပေါ်ကလောင်းချလိုက်ပြီးနောက် အတန်ငယ်တည်ငြိမ်သွားဟန်ဖြင့်
” အမေ ဂျမ်းပုံ မကျွတ်ဘူး ”
” သူ့ကလေးချီပီး ကျွန်တော့်ကိုစိုက်ကြည့်နေတာများ အမေရယ် လိပ်ပြာလွင့်မတတ်ပဲ ”
” အခုထိမျက်လုံးထဲပြန်မြင်ယောင်နေသေးတယ် ဘုရား ဘုရား ”
” ဟုတ်ရော ဟုတ်ရဲ့လား သားရယ် ”
” အာ အမေ့ကိုလိမ်စရာလားဗျ ”
ထိုသတင်းကနောက်နေ့ တစ်ရွာလုံးပြန့်သွားတော့သည်။

♬ ♪ ညနေ နေရီ နေရီ ရေခပ်ချိန်လေးနီးလာပြီ ♪ ♬ ♬
ကိုအောင်သူတို့ သူငယ်ချင်း ၂ယောက် ကိစ္စဖြင့်ဒီရွာရောက်ပီး ရွာခံတွေက
ပြုစုသဖြင့်ရွာသို့ပြန်ရန်အချိန်အတော်ပင်လင့်သွားသောကြောင့် မူးမူးဖြင့်
တမာပင်တန်းက ဖြတ်ပြန်လာကြသည်။လက်ထဲတွင်လဲ ကန်ဖော်လို့ပေးလိုက်သော
ငါးရံ့ ၃ ကောင်ကိုဆွဲလာကြစဉ်
” အောင်သူ ငါ့နှာခေါင်းထဲ ဆနွင်းနံ့ရသလိုပဲ ”
” ငါမရပါဘူးကွာ မင်းကလဲ ဒီချိန်ကြီး ဘယ်က ဆနွင်းကရှိမှာလဲဟ ”
တမင်ပင်တန်းကိုကျော်လာစဉ် ငါးတွဲကိုဆတ်ခနဲဆွဲလိုက်သဖြင့် နောက်ပြန်လှည့်ကြည့်ရာ
ကလေးချီထားသောမိန်းမတစ်ယောက် လက်တစ်ဖက်ဖြင့် ငါးတွေကို
အစိမ်းလိုက်စားနေလေရာ
” ဘာလုပ်တာလဲ ကောင်မ ပြန်ပေးစမ်း ”
” ဟီး ဟီးး ဟီးးးး ”
ခြောက်ခြားဖွယ်ရာရီသံကြီးနဲ့အတူ ထိုမိန်းမသည် တမာပင်ပေါ်သို့ မတ်တတ်ကြီး
လမ်းလျှောက်တက်သွားသဖြင့်
” ဟေ့ရောင် ပြေးပြေး သရဲကွ သရဲ ”
ဟုဆိုကာသောက်ထားသောအရက်ရှိန်တွေပင် ဘယ်ပျောက်ကုန်သည်မသိ
ခွေးပြေးဝက်ပြေး ပြေးတော့သည်။

ထိုအချိန်မှစ၍ တမာပင်းတန်းဆီသို့ နေ့ရော ညပါ မည်သူမျှ ယောင်လို့ပင်မသွားကြတော့ချေ။
တစ်နေ့ မြို့ကဧည့်သည်တွေရွာမှာ ရဟန်းခံရှင်ပြု အလှူလာလုပ်ကြလေရာ
တစ်ရွာလုံးပျော်မဆုံး မီးခိုးတိတ် အလှူမှာကြိတ်ကြတော့သည်။
” အောက် အီး အီးအွတ် ”
မြို့ကရဟန်းလာဝတ်သော ကိုယ်တော် ၃ ပါး
ကိုရင်ငယ် ၂ ပါးတို့သည် ကျောင်းသားနဲ့အတူ
အာရုံဆွမ်းခံကြွကြသဖြင့် အရီးဒေါ်မယ်မြက ကြက်သားဟင်းလောင်းလိုက်လေသည်။
ဦးဇင်းတို့ဆွမ်းတန် း တမာပင်တန်းနားမရောက်တစ်ယောက်တွင် ရှေ့မှကလေးချီထားသော
မိန်းမတစ်ယောက်ရပ်နေသဖြင့် ဆွမ်းလောင်းမည်အထင်နဲ့ ဆက်သွားရာ
အနားသို့အရောက်တွင်
” ဟင်းပေးးး ”
” ဒကာမကြီးက ဆွမ်းဟင်းလောင်းမလို့ထင်တယ် ”
” ကျောင်းသား ကျောင်းသား ရှေ့ကိုလာကွဲ့ ”
ဆွမ်းဟင်းချိုင့်သယ်သောကျောင်းသားလဲ နောက်ဆုံးမှရှေ့သို့ တက်လာရာ
အနားအရောက်တွင်
” အမေရေ ကယ်ကြပါဦး ”
ဟုအော်ကာ ဟင်းချိုင့်ကိုပစ်ချလျှက် ထွက်ပြေးလေတော့သည်။
မြေကြီးပေါ်ပစ်ချသွားသော ဟင်းချိုင့်မှ ကြက်သားများကို ကောက်စားနေသော
မိန်းမအားကြည့်ကာ ကိုယ်တော်များအံ့သြနေစဉ်
ကောက်စားနေသော မိန်းမက မော့ကြည့်သဖြင့်
” အားးးးးး လာကှပါဦး လာကှပါဦး ”
” သရဲ သရဲ “ဟုအော်ကာ အာဂန္တုကိုယ်တော်တို့လဲ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်
အလားးး။
မိုးလင်းသော် မြို့မှာပြန်သီတင်းသုံးမယ်ဟုဆိုကာဆွေမျိုးများကိုခေါ်၍
ပြန်ကြွကြလေတော့သည်။
အကြောင်းရင်းကို သိသွားသောဆရာတော်ကြီးသည် နောက်တစ်နေ့နံနက်ပိုင်း
တစ်ပါးထဲတမာပင်တန်းဖက်သို့ ဆွမ်းခံကြွလေသည်။
အကျင့်သီလ နှင့်ပြည့်စုံပီး သုဿာန်ဓူတင် ကျင့်ဆောင်အပ်ဖူးသောဆရာတော်ကြီး၏
ခြေလှမ်းများကတည်ငြိမ်စွာ တမာပင်တန်းဆီသို့ တစ်လှမ်းချင်းလှမ်းလျှက် ———– ။
” ဟင်းပေးပါ ”
အသံနဲ့အတူ ထွက်ပေါ်လာသော ဂျမ်းဘုံ
” ဟင်းပေးပါ ”
ထပ်မံတောင်းဆိုသံနဲ့အတူ
” ဒကာမလေး အလိုရှိအပ်သရွေ့ ယူပါလေ ”
ဆရာတော်ရဲ့စကားအဆုံး
သရဲမလဲ သပိတ်ထဲလက်နှိုက်ရာ နှိုက်မရချေ။
” ဟင်းးးဟင်းးးးး ”
နှိုက်မရ၍ ဒေါသထွက်နေသော သရဲမအားကြည့်ကာ ဆရာတော်မှ
” ကဲ ဒကာမလေးစားပါလေ ဘုန်းဘုန်းစွန့်ပါတယ် ”
ဟုဆိုကာ ဟင်းများကိုပေးလေသည်။
” အီိးးးဟီးးးးးဟီးးးးး တပည့်တော်မကို ကယ်တင်ပါဘုရားးးးးအီးးးး ”
” အိမ်းးးးးးကောင်းပြီ ဒကာမလေး ”
” တပည့်တော်မ တပည့်တော်မရဲ့ အိမ်အိမ်အောက်ခြေက ဝါးလုံးထဲမှာ ကလေးမီးဖွားဖို့
ပိုက်ဆံစုထားပါတယ် အဲ့ဒါကိုထုတ်ပီး လှူတန်းအမျှဝေပေးပါ ဆရာတော်ဘုရား ”
” ဖြစ်ရပါစေ့မယ် သာဓုခေါ်ဆိုရန်သာ အာရုံပြ၍ နေရစ်ပေတော့ ”
တည်ငြိမ်စွာ ကြွလှမ်းသွားသော ဆရာတော်ဘုရား၏နောက်ဝယ် သံသရာခရီးသည်
တစ်ယောက်ဖြစ်သော ဂျမ်းဘုံသရဲမသည် တွေဝေငေးမောစွာ – – – – – –။
အာရုံကျင်းအလင်းရောက်သော် ရွာရှိလူကြီးများကိုခေါ်ကာ ဆရာတော်မှ
ဂျမ်းပုံပြောပြသောအကြောင်းရာများကို မိန့်မှာလေသည်။
ရွာသားများမှာ တမာပင်တန်းသို့ မသွားရဲကြချေ။
အုပ်စုလိုက်သွား၍ရှာရာ ဆရာတော်မိန့်ကြားသည့်အတိုင်း ဝါးလုံးထဲမှ
ပိုက်ဆံများကိုတွေ့ကြရလေတောသည်။
၎င်းပိုက်ဆံဖြင့် လိုအပ်သည်များဝယ်ဆောင်ကာ ဘုရားအမှူးရှိသော သံဃာတော်
အရှင်သူမြတ်များအား လှူဒါန်းဆက်ကပ်ကြပြီးနောက် ရေစက်သွန်းချအမျှဝေလေရာ

” ဂျမ်းပုံနှင့်တစ်ကွ ၃၁ ဘုံကျင်လည်ကုန်ကြသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ
အပေါင်း အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ”
” သာဓု သာဓု သာဓု ”

” ဂျမ်းပုံနှင့်တစ်ကွ ၃၁ ဘုံကျင်လည်ကုန်ကြသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ
အပေါင်း အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ”
” သာဓု သာဓု သာဓု ”

” ဂျမ်းပုံနှင့်တစ်ကွ ၃၁ ဘုံကျင်လည်ကုန်ကြသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ
အပေါင်း အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ”
” သာဓု သာဓု သာဓု ”

ပြီးပါပြီ
ရွှင်လန်းချမ်းမြေ့ကြပါစေ။

pageလေးကိုlike&followလုပ်ပေးချင်းဖြင့်ကူညီပါ