မြောက်ဒဂုံအိမ်(ဖြစ်ရပ်မှန်)
——————–
လက်ရှိအိမ်ပိုင်ရှင်များရိုလေးစားသောအားဖြင့်အိမ်လိပ်စာမဖော်ပြတော့ပါဘူးဗျာ. သိပ်မကြာသေးခင်ကပေါ့ ပေ၆၀ အာစီ၂ထပ်တိုက် ကြီးအိမ်ကလဲရှယ်ပဲ ဘေးမှာကားဂိုထောင်နဲ့ အရင်နှစ်တွေကဆိုသိန်း၄ထောင်ပေါက်တယ်တဲ့. အဲ့အိမ်ကမိသားစု အမွေကိစတွေကြောင့်ရောင်းဖို့ဆိုင်လာတယ် မရောင်းခင်မှာ လဲအိမ်ကပြသနာအနဲငယ်ဖစ်ကြတယ်ဗျ . ဖြစ်ပုံကဒီလိုပါ အရင်ကတော့ အဖေလုပ်သူ ကဝန်ထမ်းဖစ်လို့မြေနဲ့ ပျဉ်ထောင်အိမ်လေးနဲ့နေကြတယ် နောက်ပိုင်းမှာသားသမီးတွေက စီးပွားတက်တော့ အဲ့အိမ်ကိုတိုက်ကြီးဆောက်လိုက်ကြတယ် သားသမီးကလေးယောက်ဆိုတော့ သူတို့ရဲ့အိမ်ထောင်ဖက်တွေ မြေးတွေပါ ရှိတော့မိသားစုက ၁၃ယောက်လောက်ရှိတယ်. အိပ်ခန်းတွေကလဲအများကြီးဖွဲ့ထားတယ် အပေါ်မှာ ၇ခန်း အောက်မှာ ၄ခန်း၁၁ခန်းပေါ့. ဘေးမှာလဲကားဂိုထောင်ကြီးနဲ့ ကားက ၄စီးခြံထဲထည့်လို့ရတယ်. ဒီလိုစီးပွားရေးတွေတက်လာတော့ လူတွေကမနာလိုဖြစ်ကြတာလဲရှိတာပေါ့လေ နောက်ပိုင်းမှာအမွေကိစတွေပြသနာဖြစ်လာတယ်. အဲ့မတိုင်ခင်မှာပဲ အိမ်မှာထူးဆန်းတဲ့ကိစလဲဖစ်တယ်. အဲ့အိမ်ကအဖေဖြစ်သူဆုံးသွားပီးနောက်ပိုင်း အမေလုပ်သူရယ် သမီး၂ယောက်သား၂ယောက်နေကြတယ် အကြီးဆုံးသမီးက ကလေး၂ယောက်ရှိတယ် အငယ်မလေးကအပေါ်ထပ်မှာအမြဲစာကျက်တယ် သူစာကျက်ရင်ဘေးမှာအမျိုးသမီးတယောက်က လမ်းလျှောက်နေတယ်လို့ ကလေးကပြောလာတယ်.လူကြီးတွေက လဲ ကလေးကစာမကျက်ချင်လို့လျှောက်ပြောတယ်ပဲထင်ကြတယ်.
နောက်တနေ့မှာ ကားဂိုထောင်ဘက်က တဒုံးဒုံးအသံကကြားလားပြန်ရော အလက်မဖြစ်သူအပျိုကြီးကသိပ်ကြောက်တက်သူမဟုတ်ဘူး ဓာတ်မီးယူပီးဆင်းကြည့်တယ်. ဘာသံလဲပေါ့ ကြောင်ခုန်တာလား ဘာလား ဒါပေမဲ့ဘာမှမတွေ့ဘူး. ဒါဟာလဲသာမာန်ဖြစ်ရိုးဖြစ်စဉ်ပဲလိုပဲ နေလိုက်ကြတယ်.
ဒါပေမဲ့ ပိုပီးထူးခြားတာတွေဆက်ဖြစ်လာခဲ့တယ်. သူတို့ကအမွေကြောင့်အိမ်ကိုရောင်းဖို့ဆိုင်နေပေမဲ့ အိမ်ကရောင်းမထွက်ဘူး အိမ်ဝယ်ဖို့လာကြည့်သူတွေဟာ ထူးခြားစွာပဲအိမ်နားမှာပက်လည်ရိုက်ပီးအိမ်ကိုရှာမတွေ့လို့ပြန်သွားကြတယ်. ဒါကိုလဲသူတို့ကသတိမထားမိကြပါဘူး အိမ်ဟာကိုနဲ့ထိုက်လို့ရောင်းမထွက်ဖူးပဲထင်ကြတယ်. တနေ့မိုးအလင်းမှာ ကားဂိုထောင်ရှေ့ မှာ သွေးတွေအိုင်ထွနိးနေတာကိုတွေကြရတာပါပဲ ဘာကြောင့်မှန်းမသိ ပေါ်လာတဲ့ဒီသွေးအိုင်တွေက အကောင်တကောင်သေတာလား ကြောင်လားခွေးလားဆိုပီးလိုက်ရှာကြပါတယ်.
မြောက်ဒဂုံအိမ် – အပိုင်း ၂
တအိမ်သားလုံး ထွက်လာကြပီး သွေးအိုင်ကြီးကိုဝိုင်းကြည့်ကြတယ်. ခွေးသေကောင် ကြောင်သေကောင်လဲမတွေ့ဘဲ ဒီလောက်များတဲ့သွေးတွေဘယ်ကရောက်လာတာလဲ ” အမေဒါဘာဖစ်နိုင်မလဲ ခွေးဆိုရင်ရောဒီလောက်သွေးထွက်ပါ့မလား. ပီးတော့အိမ်မှာလဲခွေးတွေကြောင်တွေမမွေးပါဘူး. ” ” တခြားအိမ်ကလား သားကြီးဂိုထောင်ထဲသွားကြည့်စမ်း ” အားလုံကဇဝေဇဝါဖြင့် ခြံထဲကိုလဲလိုက်ကြည့်ကြသည် ဘယ်လိုဖစ်ပေါ်လာတဲ့သွေးတွေလဲ ညှီစို့စို့အနံကလဲ ထောင်းထောင်းထနေသည်. အကြီးဆုံးသားကဂိုထောင်ထဲမှပြေးထွက်လာပီး အမေ ဘာမှမရှိပါဘူး အရှင်းကြီးပဲ ကဲကဲ ဝိုင်းကြည့်မနေနဲ့ ရေပိုက်သွားယူ ဆေးလိုက်ကြတော့ ကြည့်ရတာကျက်သရေမရှိဘူး. ရေပိုက်တွေယူကာ ထိုသွေးအိုင်ကြီးကို ဝိုင်း၍ဆေးလိုက်ကြသည်.အဖြေရှာမရပေမဲ့စိတ်ထဲမှာတော့ဇဝေဇဝါဖြင့်နေဒီအတိုင်းနေလိုက်ကြတယ်
တညမှာ လဲ အိမ်သားအားလုံးက အိမ်ရှေ့ဧည့်ခန်း၌ tv ထိုင်ကြည့်နေကြတုံး အကြီးမလေးနဲ့ အငယ်မကို အပေါ်ထပ်မှာ စာသွားကျက်ရန် အဒေါ်လုပ်သူကပြောလိုက်တယ်. အပေါ်ထပ်က အိပ်ခနိးတွေများပေမဲ့ အားလုံးကအိပ်ချိန်မှတက်ကြတယ် ဘုရားခနိးပီးရင်ဘေးဘယ်ညာတချကိစီမှာ အခနိးတွေရှိတယ် လျှောက်လမ်းတည့်တည့်မှာအိမ်သာရေချိုးခန်းရှိတယ်. လျှောက်လမ်းထိပ်ကနေရာလွှတ်ကလေးမှာတော့စာကြည့်စပွဲနဲ့ ကလေးတွေစာကျကိကြတယ်. ကလေး၂ယောက်လဲစာတက်ကျက်ကြရင်း ၉နာရီလောက်မှာ အိမ်ပေါ်ထက်မှ အလုအယက်ဆငိးလာကြတယ်. မေမေ ရေမေမေ အပေါ်မှာ အဒေါ်ကြီးတယောက်ရှိတယ်. ” အဖေလုပ်သူကလေးတွေကိုဆူရင်. ” ဒီကောင်မလေးတွေ ပေါက်ကရမပြောနဲ့ ဘယ်က ဒေါ်ကြီးလဲ သွားစာကျက်ကြ ငါလုပ်လိုက်ရနာတော့မယ်. အကြီးမလေးက မေမေသမီးကြောက်တယ် မေမေစောင့်ပေးပါလား. တဲ့ ဒါနဲ့အဒေါ်လုပ်သူက “လာလာ ဒေါ်ဒေါ်စောင့်ပေးမယ် ငါ့သမီးတွေက စာမကျကိချင်လို့ဥာဏ်များနေတယ်.
အပေါ်ထပ်ရောက်တော့ ဘယ်မှာလဲ ပြော ” ” ဒေါ်ဒေါ်သမီးမညာဘူးနော် သမီးတို့ဒီမှာထိုင်နေတုံး အနောက်က နေဟိုဘက်ဒီဘက်လျှောက်နေတယ်. သမိးကြည့်လိုက်တော့ဒီကနေလျှောက်သွားပီးရေချိုးခန်တဲဝင်သွားတယ်.
အဒေါ်လုပ်သူက ယုံတဝက်မယုံတဝက်ဖြင့် ရေချိုးခန်း ကိုလှမ်းကြည့်လိုက်သည် ဒေါ်ဒေါ်အဲဒါသရဲလားဟင်အငယ်မက လှမ်းမေးသည်. အဲပေါက်ကရဘယ်ရသရဲလဲ မဟုတ်ဘူး သမီးလျှောက်မပြောနဲ့စာကျကိတော့.
🌌🌌🌌
တနေ့ အဲ့အိမ်က မြေးအကြီးဆုံးဖြစ်သူဟာ နိုင်ငံခြားမှပြန်ရောက်လာတယ်.သားကြီး မင်းအတွက်အခန်းပြင်ပီးသားပဲသိလား ဒီအိမ်ဆောက်တာမင်းပေးတဲ့ပိုက်ဆံတွေလဲပါတယ်လာအခနိးတွေလိုက်ကြည့်အုံးနိုင်ငံခြားမှာအနေကြာလို့အိမ်ကိုတခါမှမတွေ့ဖူးသေးတဲ့အတွက်လိုက်ပြတယ် အပေါ်ထပ်က အရှေ့ဆုံးအခန်း ဖြစ်တယ်ပြတင်းပေါက်ကလှမ်းကြည့်ရင်ခြံနဲ့ဂိုထောင်ကိုမြင်ရတယ် လေကောင်းလေသန့်ရတဲ့အခနိးလေးပေါ့. အဲ့နေ့ကပငိပနိးပီးစောစောအိပ်လိုက်တယ်☁☁ ည သန်းခေါင်ယံ လောက်မှာ လမ်းလျှောက်သံတခုကြောင့် ကောင်လေးနိုးလာတယ်.လမ်းလျှောက်သံဟာအိမ်ထဲကမဟုတ်ဘူး အိမ်အပြင် ပြတင်းပေါက် ဘေးက . ဂိုထောင်အပေါ်က သွပ်ပြားတွေ အပေါ်မှာလူနင်းလျှောက်တဲ့အသံမျိုး. သွပ်ပြားတွေဟာ တကျွတ်ကျွတ် တပြောက်ပြောက်နဲ့ . ကောင်လေးက ခနတွေဝေသွားတယ် ဒီအချိန် ဘယ်သူကခေါင်မိုးပေါ်တက်မှာလဲပေါ့ ဒါမှမဟုတ်ကြောင်လား. မဖြစ်နိုငိပါ ကြောင်ကခုန်ရင်သာအသံထွက်မှာ ကြောင်လမ်းလျှောက်လို့အသံထွက်တာကြားဖူးလို့လားဒီလောက်ပေါ့ပါးတဲ့ကောင်ကို.
ဒါမှမဟုတ်သခိုးလား ခြံဘေးကနေ ကားဂိုထောင်ပေါ်တက် လာပီးတော့အိမ်မကြီးက ပြတင်းပေါက်တွေကိူခိုးဝင်တာ ဖြစိနိုင်တယ် လို့တွေးလိုက်တယ်.ဒါနဲ့ဖုနိးမီးလေးကိုအသာဖွင့်ပီး ရိုက်လို့ရမဲ့အရာတခုကိုသူရှာလိုက်တယ် အဲအတော်ပဲ ခြင်ရိုက်ဘက်တံ တွေ့တယ် ဒါဆိုကောင်းကောငိးရိုက်လို့ရတယ်ပြတင်းပေါက်ကိုအသာလေးဖွင့်မယ်လို့သူတွေးလိုက်တယ် ထိုအချိန်မှာပဲအသံက ငြိမ်သွားတယ် . တပြိုင်နက်တည်းမှာ ခွေးအူသံတွေထွက်လာတယ် ဆွဲဆွဲငငိငင် အနကိသံနက်ကြီးနဲ့ပေါ့ ထိုအသံကြောင့်တခါမှမကြောက်ဖူးတဲ့ ကောင်လေးကအရမ်းကြောက်သွားတယ် ပြတင်းပေါက်ကိုငေးကြည့်နေပီးအသံကိုနားဆွံ့နေတယ်. ဘာသံမှမကြားရတော့ပဲ တိတ်ဆိတ် သွားပြန်တယ်.ငြိမ်သွားခြင်းကလဲသူ့ကိူတမျိုးကြောက်လှန့်စေခဲ့တယ် သူလဲဘုရားကိုအာရုံပြုရင်အိပ်လိုက်ရာက မိုးလင်းသွားခဲ့တယ်.
တနေ့မှာ အငယ်မလေးကိုစာသင်တဲ့ ဆရာမက လူကြီးတွေကိူ ပြောတယ်” အမ ရေကလေးကပြောပါများလိုသာကျမပြောရတာပါ. ကျမနဲ့သူနဲ့ညနေဆို ဒီအပေါ်ထပ်မှာစာသင်တယ်နော်ပီးရင်သူကစာဆက်ကျက်ပီးကျန်ခဲ့တယ်. သူကကျမကိုခနခနပြောတယ် သူစာကျကိနေတာကို မိန်းမတယောက် ကရက်ကြည့်နေတယ်. သူ့ဘေးမှာ မိန်းမတယောက်ရှိတယ်လို့ပြောပြောနေတယ်.
အဲ့အတွက်ကြောင့်သူ စာမှာ အာရုံမရပဲစိတ်အနှောက်ယှက်ဖစ်နေပုံပဲ. ကျမနဲ့စာသင်ချိန်မှာတော့
ထူးခြားတာကျမ မတွေ့ပါဘူး ဒါပေမဲ့ဖြစ်နိုင်မယ်ဆိုရင်စာကြည့်ခုန်ကို နေရာပြောင်းပေးပါလားရှင်. ဘုရားခန်းရှေ့ ဒါမှမဟုတ် ဝရံသာကိုပေါ့.”ကောင်လေးက ညကသူ့အဖစ်ကိုတွေးရင်းဒီကလေးပြောတာဖြစ်နိုင်တယ်လို့စဉ်းစားလိုက်တယ်ဒါပေမဲ့တခြားသူတွေကိုသူထုပ်မပြောခဲ့ဘူး.
ဒီလိုနဲ့နောကိတနေ့မှာလဲ ခြံထဲက ဒန်းပေါ်မှာ သူ့ဦးလေးဂီတာကိုယူတီးနေတယ် ညကလဲတဖြေးဖြေးမှောင်လာတယ်ပထမတော့ ခြံထဲမှာသူ့အဒေါ်ရယ်ကလေးတွေရယ်ရှိနေတယ် ၈နာရီလောက်ကျတော့သူတယောက်တည်းသာဆက်တီးရင်းကျန်ခဲ့တယ် . ဝါသနာပါသူဖစ်လို့ ညမိုးချုပ်လေတီးလို့ကောင်းဆိုလိုကောင်းပေါ့. ခနနေတော့ဦးလေးက ဂိုထောင်ထဲကကားထုပ်ပီး အပြင်ကိုထွက်သွားတယ်.ဂိုထောင်တံခါးကဖွင့်လျကိသားကြီးအထဲကလဲမှောင်မဲနေတယ် သူကဒါန်းပေါ်မှာထိုင်နေရင်းဂိုထောင်ထဲကလှုပ်ရှားနေတဲ့အရာတခုကြောင်းဂီတာတီးကိုရပ်လိုက် ပီး အထဲကို မရဲတရဲလှမ်းကြည့်လိုကိတယ် ဂိုထောင်ဟာ ကားထားရုံသီးသန့်ဖြစ်လို့ဘာမှရှိမှာမဟုတ်ဘူးဆိုတာသူသိနေတယိလေ. ဒါပေမဲ့သူ့ခေါင်းနပမ်းကြီးလောက်အောင်မြင်လိုက်ရတဲ့အရာက မျက်လုံးနှစိလုံးပါ.အမှောင်ထုထဲမှာမျက် လုံး နှစ်လုံးက သူထိုင်နေရာ ခြံထဲရှိ ဒါန်းပေါ်ကိုလှမ်းကြည့်နေပါတော့တယ်…
မြောက်ဒဂုံအိမ် -အပိုင်း ၃
ဂိုထောင်ထဲမှသူ့ကိုကြည့်နေသောမျက်လုံးကြောင့် သူဇောချွေးများပျံကာ မှင်သက်နေသည် ရုတိတရက် ထမပြေးနိုင်ပဲဆက်၍ကြည့်နေတော့သည်. နိုင်ငံရပ်ခြားမှာတယောက်တည်းနေလာသော်လည်းဒီလိုတခါမှမကြောက်ဖူးခဲ့. ခနကြာမှ ဒန်းပေါ်မှပြေးဆင်ပီးအိမ်ထဲသို့ဝင်သွားသည်ဖိနပ်ပင်ပြန်မစီးနိုင်ပါ. အိမ်ရှေ့ဧည့်ခန်းမှာ အဖွား. အဖေ.အဖေ နဲ့ ဒေါ်လေး ကလေး၂ယောက်နဲ့ သူ့ညီ အငယ်ကောင်တို့ မိသားတစုလုံး စုံညီစွာ tv ကြည့်သူကြည့် ကစားသူကစားနဲ့ ကြည့်ရတာနွေးထွေးလှသည်.ဒီအိမ်ဟာ သူငယ်ငယ် ကတည်းက ပျဉ်ထောင်အိမ်လေးကတညိးက ပျေိာရွှင်စွာနေ ခဲ့တဲ့အိမ်ပါ ခုတိုက်ဆောက်ပီးမှ ဘာတွေဖစ်နေတာပါလိမ့်လို့သူတွေးမိလာသည်. မောဟိုက်စွာ ဖြင့်လူကြားတဲတိုးထိုငိနေသော်လည်းသူဘာတွေ့ခဲ့တယ်ဆိုတာမပြောချင်၍ ငြိမ် နေခဲ့သည် သူ့ကိုရိပ်မိသူက ဒေါ်လေးအပျိုကြီးဖစ်သည်. နောက်ဖေးကိုဝင်၍ ရေသောက်တော့ ဒေါ်လေးက ဟဲ့ အကြီးကောင် နင်ဘာဖစ်နတာလဲလို့ မေးလိုက်တယ်. ကောင်လေးကလဲ ဒေါ်လေး ဒီအိမ်ကိုရောင်းချငိတာကအမွေခွဲချင်လို့လား ဒါမှမဟုတ် တခြားအကြောင်းကြောင့်လား ” ဒေါ်လေးက စားပွဲမှာထိုင်လိုက်ပီ း ” နင့်ဦးလေးအငယ်ကောင် အကြာင်းလဲသိသားနဲ့ သူ့ကြောင့်ပေါ့ဟယ်ငါတို့လဲဒီအိမ်ကြီးမှာ မိသားတစုလုံးနေသွားမယ်စိတ်ကူးခဲ့တာပဲ ” တခြားအကြောင်းရှိသေးလား” ဒေါ်လေးစကားကို ဖျက်၍မေးလိုက်သည် .
ဟဲ့ဘယ်အကြောင့်လဲ ဘာရှိသေးလို့လဲ” ” ဟို လေ ဒေါ်လေး အငယ်နှစိကာင်ပြောတာကိုယုံလား” ဒေါ်လေးက သက်ပြင်းချလိုက်ပီး ” မယုံလို့တော့မရဘူး ဒေါ်လေးလဲ ကြုံဖူးတယ်.. နငိမကြောက်တက်ဘူးမလား . ငါလဲ အပေါ်ထပ်မှ ာ မိနိးမတယောက် ကိုရိပ်ခနဲတွေ့လိုက်တယ် ပထမတော့ငါ က လိုက်ကြည့်သေးတယ်ဒီမှာလဲနင်သိတဲ့အတိုင်း မင်းအမေရယ် ဒေါ်လေးရယ် မမကြီးရယ်ပဲရှိတာလေ. ဒေါ်လေးလဲသိထားတယ်. မမကြီးကလဲသိလိမ့်မယ် အဲဒါကြောင့်သူည ည ဆို ပဠာန်းတွေ ရွတ်နေတာလေ. ကောင်လေးက အံ့သြစွာကြည့်နေမိသည်. တခါမှမကြားဖူးသော မယုံနိုင်စရာကိစများ ဒီအိမ်မှာရှိနေတာလားလို့ပေါ့. ⛅⛅⛅
တရက်မှာ ဒေါ်လေးရဲ့အသိ အိမ်ပွဲစားအန်တီတယောက်အိမ်ကိုရောက်လာခဲ့သည် . သူက အိမ်ကိုရောင်းထွက်ဖို့အတွက် ဗေဒင်တွေသွားမေးခဲ့တယ် အဲဒီမှာသူသိလိုက်ရတာတွေကြောင့်ထိတ်လန့်တကြားလာပြောပြတော့တာပါပဲ အဲ့နေ့က ကောင်လေးရဲ့အမေရယ် ဒေါ်လေးရယ်သူတို့သူံးယောက်အိမ်ရှေ့ထွက်ပြောကြတယ်
မဌေးရေ ငါလဲမပြောချငိပေမဲ့ပြောရအုံးမယ် မနေ့ကကျောက်မြောင်းကအကြားမြင်ဆရာဆီ ငါ့ပွဲတွေအောင်ဖိုဘ့ဒီအိမ်ရောင်းရဖို့သွားလုပ်တယ် ထူးဆန်းတာကလေ. ” အဒေါ်ကြီးကစကားကိုခနရပိပီးအိမ်ကိုပက်ချာလည် လိုက်ကြည့်လိုက်တယ် ဟိုလေ အော် ငါမပြောချင်ပါဘူးနင်တို့က အယုံကြည်မရှိရင်ငါ မကောင်းဖစ်ပါမယ်.
” အမရယ်ပြောမှာသာပြောပါကျမလဲဒီအိမ်ကိုရောင်းချင်နေတာ မြန်လေကောင်းလေ ဘာ ဖြစ်လို့လဲပြော.
“ဒီလိုဟ ငါလဲ ဒီအိမ်လိပ်စာကိုစာရွက်ပေါ်ချရေးပီးဒီအိမ်ကိုရောင်းထွက်ချင်လို့ပါ လို့ပြောတော့လေ ဆရာကဘာပြောလဲသိလား. ဒီအိမ်ကို မကောင်းဆိုးဝါးနဲ့တိုက်ထားတယိတဲ့ မနာလိုသူတွေက လုပ်ထားတာ. ” သူ့စကားကြောင့် အားလုံးကမှင်သက်ကုန်ပါတယ်ချောင်းနားထောင်နေသောကောင်လေးပါအပါပေါ့. ဒီအိမ်ဆောက်ပီးကတည်းက ပဲနင်တို့ တွေတခုပီးတခုဖြစ်ကြလိမ့်မယ် အသက်အကြီးဆုံးတွေအဆင်လိုက်ထွက်လိမ့်မယ် .အသက်အငယ်ဆုံးတွေက အဲ့ မကောင်းဆိုးဝါး ခြောက်လှန့်တာခံရမယ်တဲ့. အံမလေးငါပြောရင်းနဲ့တောင်ကြက်သီး ထတယ်ဟယ်. ” ဒေါ်လေးက ထောက်ခံသည် “ဟုတ်တ်ာအမ ဖြစ်နိုင်တယ် ဒီအိမ်ဆောက်ပီးမှအဖေသေတာလေနောက်ပီး ကလေးတွေပြောနေတာဟို မိန်မတယောက်ဆိုတာ ကျမလဲတွေ့တယ်ကျမ ကမောင်နှမထဲမှာအငယ်လေ ပီးတော့ ဂိုထာင်ထဲမှာအသံဗလံတွေကြားတယ်.
ဘာပြောသေးလဲအမ. ”
“ငါက ကာယံကွရှင်မဟုတ်တော့သိပ်မပြေဘူး တခုပြောသေးတယ်နင်တို့ကိုလုပ်တဲ့သုတွေက အိမ်ရဲ့အရှေ့ မြောက်ဘက်မှာနေတဲ့သူတွေတဲ့ နင်တို့သိရင် သူတိုနာမည်တွေ ဒီစာရွက်မှာချရေး ပီးရင်စာရွက်ကိုမီးရှိ့ ပီးရင်အဲ့ပြာကို ခွေးစားခွက်ထဲရောကျွေးတဲ့. သရဲက လွှတိထားတာ ၂ကောင်တဲ့နော်နင်တို့ဘယ်လိုေ
န နေတာလဲငါကြောက်လိုက်တာ. ” အမေနဲ့ မမကြီးက ဘုရားအရမ်း ရှိခိုးတယ်လေ သူတို့ထင်သလောက်မသောင်းကျန်းလို့နေမှာပေါ့.” “ဒါပေမဲ့သတိတော့ထားနော် အသက်အကြီးဆုံးတယောက်ထွက်ကိန်းရှိတယ်တဲ့ဟ.
အဲ့ဒေါ်ကြီးပြောသွားပီးတော့ သူတို့လဲဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ကြပါတယိ.
ဘုန်းကြီး တွေပင့်ပီးလုပိရမလားဘုရားပဲရှိခိုးရမလားပေါ့
ဘာသာရေးဖက်ပီး ပရိတ်ရွတိ မေတ္တာ ပို့နေပေမဲ့လဲ ကလေးတွေက တွေ့မြဲတွေ့နေဆဲပါပဲ တညမှာ tv ထိုင်ကြည့်ကြရင်းဗိုက်ဆာကြလို့ကားထုပ်ကာအပြငိမှာမုန့်သွားစားကြတယိ ပြန်လာတော့ ၁၂နာရီထိုးနေကြပီ ဒီအိမ်ကကိစ ကိုမိနိးမတွေသိထားပေမဲ့ ယောက်ျားတွေကိုမပြောကြဘူး ပြောလဲယုံကြမှာမဟုတ်ဘူးလေ ကောင်လေးကလွှဲလို့ပေါ့ ၁၂နာရီထိုးပြန်ရောက်ကြပီးကားကိုဂိုထောင်ထဲထိုး ပီးကားပေါ်ကဆင်းကြတယ်. ကောင်လေးရဲ့အဖေနဲ့ ကလေးနှစိယောက် ကောင်းလေးကအရှေ့ခန်းမှာထိုင်တယ်သူ့ညီကအနောကိမှာကလေး၂ယောက်နဲ့ဆငိးလာကြတယ် အားလုံးကခြံထဲကနေအိမ်မကြီးတံခါးသို့ ဝင်မယ်လုပ်နေချိနိမှာ အငယ်မလေးဟာ တစုံတယောက်ကြောင့်အနောက်ကိုလန်ကျသွားတယ်
ထိုအချိန်မှာပဲအကြီးမလေးက “မဲမဲကြီး မဲမဲကြီး.. လို့ ကြောက်လန့်တကြားအော်တော့တာပဲ.ပထမကတော့အကြီးမလေးကခြောက်လိုက်လို့အငယ်လေးလဲကျသွားတယ်ထင်ခဲ့ကြတယ်. တကယ်တော့ မဟုတ်ဘူး အငယ်လေးလဲသွားချိန်မှာအကြီးမက အနောက်ကိုလှဲ့ကြည့်လိုက်တော့ မဲမဲနဲ့လူဝကြီးတယောက်ဟာ နောက်ပြန်ပြေးပိးဂိုထောင်ထဲဝင်သွားပါတယ်တဲ့ဒါကိုတွေ့လို့သူမလဲကြောက်လန့်တကြားအော်ဟစ်တော့တာပါပဲ.
မြောက်ဒဂုံအိမ် ဇာတ်သိမ်း
ကလေးတွေကို အိမ်ပေါ်ပွေ့ခေါ်ပီး ရေမန်းများဖြင့်ပက်ဖျနိးကြသည်. အငယ်မလေးကနာ၍ငိုပီး အကြီးလေးက သူမမြင်လိုက်ရသည်ကိုကြောက်၍ငိုနေသည်. မေမေ လူဝကြီးအသားမဲမဲနဲ့ ဘယ်သူ လဲမသိဘူး ကြောက်တယ်သူက ညမလေးကိုဆွဲချလိုက်တာ.” လူကြီးတွေကလဲ ရေမန်းတိုက် ဘုရားစာရွက်ရုံမှတပါး ဘာမှလုပ်မပေးတက်ကြဖြစ်နေသည်. အဖွားကတော့နေမကောင်း၍ အိပ်နေတာဘာမှမသိလိုက်.ကောင်လေးကလဲ အိပ်ခန်းထဲဝင်အိပ်ရမှာကိုပင်ကြောက်၍နေသည်. သူကိုတိုင်မြင်ထားတာကြောင့် ကလေးတွေကိုသူကိုချင်းစာနေသည်. ဒီညတော့အငယ်ကောင် နဲ့သွားအိပ်ရမယ်လို့သူတွေ့နေသည်. 💀💀💀💀
ကလေးတွေချော့လိုက် စကားပြောလိုက်ဖြင့် ည တနာရီပင်ထိုးသွားခဲ့လေသည်. ခြေလက်ဆေး၍ အပေါ်ပြန်တက်အလာမှာ အငယ်ကောင်က သူ့အားစကားစပြောသည် ကိုကြီး ဒီညကျနော်နဲ့လာအိပ်ပါလား” သူအတော်ဝမ်းသာသွားလေသည် .အမှနိတော့သူလဲတယောက်တည်းမအိပ်ရဲ ဘူးလေ . အေးကွာကောင်းသားပဲ.
တစ်ယောက်အိပ်ကုတင်မှာ ပူးကပ်အိပ်ကြပီး မျက်နှာကျပ်ကိုငေးနေလေသည်.” ကိုကြီး ကျနော်လဲဒီအိမ်မှာ သရဲချောက်ခံရတယ်သိလား..” အငယ်ကောင့်စကားကြောင့်သူ လန့်သွားသည် . ” ကျနော့်ကို ရူးတယိပြောကြမှာဆိုးလို့ ” ဘယ်လိုခြောက်တာလဲကွ.. ”
” ကျနော်ညဘက် ခြေသံတွေကြားတယ်ဗျ တခါတလေ ကျနော့အခနိးဘေးမှာ အရိပ် ကြီးတွေ့တယ် . တလောကလဲ ကျနော် ဝမ်းသွားလို့ အိမ်သာ ခနခန ထသွားတယ်လေ အဲ့နေ့က ဂိုထောင်နားမှာ တဒုံးဒုံးကြားရတယ် အဲဒါနဲ့ကျနော်ပြတင်းပေါက်ကနေလှမ်းကြည့်မိတယ်ဗျ ကျနေိာလေ တသက်နဲ့တကို တခါမှမတွေ့ဖူးဘူး မဲမဲအကောင်ကြီးဗျာ ခုနက အကြီးမပြောသလိုပေါ့ ခေါင်း ခြေလက် ပါတယ်ဒါပေမဲ့ ဘယ်လိုကောင်ကြီးမှနိးမသိဘူးဗျာ လူဝကြီးလိုပဲ သူကဂိုထောင်ရှေ့မှာ လမ်းလျှောက်နေတယိ ကျနော်ဗျာ ပြောရင်းနဲ့တောင်ကြောက်လာတယ် မျက်စိထဲကခုထိမထွက်ဘူး.
ကောင်လေးကသက်ပြင်းချလိုက်သည်. ဟိုအန်တီကြီးပြောသလို ပါပဲလား သူပြောတာဖြစ်နိုင်တယ် ဟုတ်ပါတယ်ဒါဆို သူခိုင်းသလို လုပ်တဲ့လူတွေရဲ့နာမည်ကိုချရေးရမလားဘ်ာသူတွေလဲသေချာလဲ မသိပါ. ဒါဆို အောက်လမ်းဆရာတွေဘာတွေခေါ်ရမလား. ထိုညကသူ တညလုံးလိုလိုအိပ်မပျော်ပါ . ဘာတွေထူးခြားမလဲ ဘာတွေကြားရအုံးမလဲလို့သူဟာရင်တထိပ်ထိပ်ဖြင့် သွေးပျက်နေခဲ့ပါတယ်. ဒါပေမဲ့ဘာမှထပ်မဖစ်ခဲ့ပါ.
မိုးလင်းလို့အမေ့ကြေးစီသံကြားမှသူလန့်နိုးသွားသည်.သူခနလေးသာအိပ်ပျော်ခဲ့တယ်လေ အငယ်ကောင်ကကျောင်းသွားလေသည်.
မနက်စာစားပိး အဒေိါနဲ့အမေ့ကိူ သူခေါ်ပြောတော့သည့်
မေမေ တို့ဟိုနေ့က ပြောတာတွေသားသိပါတယ်
အဲ့ကိစ မေမေတို့ဒေါ်လေးတို့ ဘာလုပ်မှာလဲ ဒီတိုင်းမနေနဲ့မရတော့ဘူးနေိာ. ” မေမေတို့လဲအိမ်ရောင်းနေတာပဲ ရောင်းပီးမြန်မြန်ပြောင်းကြမယ်လေ.
ဒေါ်လေးကလဲ ဆိုးရိမ်ပူပန်နေသောမျက်နှာဖြင့် ဘာမှ မတွေးတက်ဖစ်နေသည် .ဒီကြားထဲအဖွားကကျန်းမာရေးပိုဆိုးလာလေသည်. အမေနဲ့ဒေါ်လေးဟာ ဗေဒင်ဆရာတွေ နတိတွေမျိုးစုံသွား၍ အိမ်အမြန်ရောင်းထွက်ရန်စီစဉ်ပါတော့တယ်.
ဒါပေမဲ့လဲ တပက်အကြာမှာပဲ အဖွားဟာ အစားမဝင် တော့ပဲ လူကြီးရောဂါအမည်တက်ကာဆုံးပါးသွားခဲ့ပါတယ်🍃🍃🍃🍃
အဲ့နောက်ပိုင်းမကြာခငိမှာတော့ အိမိကိုရ ရာစျေးနဲ့ရောင်းချ ပီး အဝေးတနေရာ အိမ်သေးလေးမှာ မိသားစုတချို့ပြန်နေကြတယ် တချို့လဲ အမွေခွဲပေးပီး ပြောင်းရွေ့နေကြတယ်.အိမ်ကြီးဟာ လှပသေသပ်ပီးကျယ်ဝန်းတယ် နေချင်စရာကောင်းတယ်. လမ်းလေးဟာလဲ သန့်တယ်ဆိုတော့ လုပ်ငနိးရှင် တရုတိသူဌေးတွေဝယ်လိုက်ကြတယ်.
အိမ်ကြီးအကြောင်းကိုသိထားတဲ့ အဒေါ်နဲ့အမေလုပ်သူကတော့ ဒီအိမိနဲ့ပက်သက်တာတွေ မေ့ထားကြပီး” ငါတို့အပေါ် မကောင်းကြံစီသူတွေ ကျန်းမာ ချမ်းသာပါစေ”
လိုပဲ မေတ္တာ ပို့အမျှဝေကြတယ် ဝဋ်ကြွေးရှိရင်လဲကြေကြပါစေပေါ့.
ပြောင်းရွေ့ပီးတလအကြာမှာ အဲ့အိမ်ကြီးကိုဝယ်လိုက်တဲ့ လင်မယားအဒေါ်ကြီးနဲ့ ကောင်လေး အ မအေ ဟာမှတ်မထင်ပြန်တွေ့ကြတယိ အဲ့မိန်းမကြီးဟာသူ့ ကိုဒေါသတကြီးနဲ့ပြောတယိ. နငိတို့ အဲ့အိမ်ကို မကောင်းဆိုးဝါးနဲ့တိုက်ခဲ့တယ် မဟုတ်လားတဲ့
ရုတ်တရက် သူမကကြောင်သွားပီး မဟုတ်ရပါဘူးလို့ငြင်းတယ်ဒါပေမဲ့သူသိထားတာတွေပဲဖစိလို့အကြိုးကြောင်းမေးလိုက်တယ် . မရောင်းခင်ဒါတွေကိုရှင်းပြရမှာလဲ အကောင်ထည်မရှိ တဲ့အကြောင်းတွေမို့ရှငိးပြရခက်တယိဆိုတာပြောပြလိုက်ပီး ထိုမိန်းမကြိးပြောတာတွေသာနားထောင်ခဲ့တယိ.
ဒီလိုပါ ငါတို့အဲ့အိမ်စရောက်ပီးသိပ်မကြာဘူ း ဘယ်ကအပုတ်နံ့တွေလဲမသိဘူးပေါ်လာတယ် . အခန်းတွေသနိ့ရှင့်ရေးလုပ်လဲမရဘူး တခါတလေ အိမ်ပေါ်မှာ တဒုံးဒုံးပြေးသံတွေကြားတယိတက်ကြည့်လဲ ဘားမှမရှိပြန်ဘူး. နောက်တခါ ကြတော့လေ ခြံထဲမှာ သွေးတွေ သွေး စီးနေတဲ့ပုံက သေ ဆိုတဲ့ စကားလုံးမျိုးတွေ့ရတယ်. နောက်ပီး ခြေရာအကြီးကြီးလဲတွေ့တယ်. ခုတော့ငါတို့ကိုးကွယ်တဲ့ဆရာတေိာကို ၉ညဆက်တိုက်ပင့်ပီး ပရိတ် ပဠာန်းတွေရွတ်နေတယိ. ဆရာတော်ကပြောတယ် အရင်လူတွေလုပ်ခဲ့တာဆိုလား . အရင်လူတွေကို လုပ်ခဲ့တာဆိုလားပဲ နောက်ပီးတော့ သူကပြောသေးတယ် အိမ်အပေါ်ထပ် အလည်ခန်းက တိုင်မှာ မကောင်းဆိုးဝါး ထားခဲ့တယိတဲ့. နောက်ပီးတော့လေ ဂိုထောင်ထဲမှာ သရဲမွေးထားတာ နှစိတော်တေယ်ကြာတဲ့သရဲတဲ့ အမွှေးတွေတောင်ပေါက်နေပီဆိုပဲ ငါတို့လဲကြောက်လိုက်တာ နေစရာမရှိအောင်ပါပဲအေ. မြို့တဲမှာနားငြီးလို့မျက်စိရှုပ်လို့ ဒီအိမ်ဝယ်နေ ပါတယ်
ဒုက္ခ များလိုက်တာ နောက်ဆိုရင်တော့ အိမ်ဝယ်ရင်သေခြာ စစ်ဝယ်ရမယ် .ဒါတွေကမယုံလို့မရဘူး. ငါ့ဖြင့်အသက် ၆၀ ရှိပီ ခုမှပဲကြုံဖူးပါတယ်အေ. ” 💀💀💀
ကောင်လေးအမေလဲကြားလာသမျှကိူ အိမ်တွင်ဖောက်သည်ချရင် မနာလိုသူ မကောင်းကြံသူတို့မှဝေးပါစေ
လို့ဆုတောင်းနေမိတယိ. သိပ်မကြာခင်မှာပဲ ကောင်လေးလဲ နိုင်ငံခြား ကိုပြန်သွားပါတော့တယ်.
ဖက်ရှုသော ပရိတ်သတ်များလဲ မေတ္တာ ပို့ အမျှဝေဘုရားရှိခိုးကြပါနော် ကို့ပတ်ဝန်းကျငိမှာကို့ကိုမနာလိုသူ မကောင်းကြံသူတွေရှိရင်ရှိနေတက်ပါတယ် 👦👦
ပြီးပါပြီ
crd
#ညမဖတ်ရ