မြွေဝင်စား

မြွေဝင်စား(စ/ဆုံး)
——————

” အား…ကျွတ် ကျွတ် နာလိုက်တာ သေပါပြီး
အမေရေ…သမီးကိုကယ်ပါအုန်း,,,”

မရှိတော့တဲ့ မိခင်ကြီးအား မယ်တင်တစ်ယောက် အော်ဟစ်တောင်းတနေမိတော့သည်၊၊ အိမ်အပြင်
ဘက်က ခင်ပွန်း ဖြစ်သူ ကိုဘဒင် တစ်ယောက်လည်း အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ဖင်တကြွကြွ ဖြစ်နေမိလေတော့သည်။

အချိန်က..ညဉ့်နက် ၁၂နာရီခန့်ဖြစ်သည်။

“ဟေ့ကောင် ဘဒင် …မင်းကြည့်ရတာလည်း
ဖင်တကြွကြွနဲ့ စိတ်မချမ်းသာလိုက်တာ ဘုရား
စာလေးရွတ်ဟ,,,”

“ဟုတ်…ဟုတ် ဦးလေးကြွား,,,”

မိသားစုလို ခင်မင်ခဲ့တဲ့ ဦးလေးကြွား စကား
ကြောင့် ကျုပ်ရသမျှဘုရားစာများ ကောက်
ရွတ်နေမိတော့သည်။

” ညစ်ထား မယ်တင် ညစ်ထား…မွေးတော့မယ်”
ဘေးနားကမီးဖွားပေးတဲ့ ဒေါ်မြရီ အသံကြောင့်
မယ်တင်အားတတ်သရော ဖြစ်မိလိုက်သည်။
သူမ တစ်ကိုယ်လုံးလည်း ချွေးတွေစိုရွဲနေပြီး
ဖြစ်၍ လူကလည်း နုံးချည့် နေလေသည်။
မြင်တွေ့ရတော့ရမယ့် ရင်သွေးလေးကြောင့်
သူမလည်း အင်းအားတင် ပြန်တတ်လာပြီး
အားကုန် ညစ်မိလိုက်လေတော့သည်။

“အူးဝဲ…အူဝဲ,,,”

” ဟယ် မွေးပြီး..မွေးပြီး မိန်းကလေးတော်…
ဖြူဖြူဖွေးဖွေး လေး…”

ဒေါ်မြရီ စကားသံကြောင့် ဘဒင်လည်း
သက်ပြင်းတစ်ချက်ချမိလိုက်ပြီး အိမ်ပေါ်သို့ ကမန်းကတန်း ပြေးတတ်သွားလေသည်။

“ဟဲ့…ဟဲ့…နေပါအုန်း ဘဒင်ရယ် ကလေးက
မသန့်စင်သေးရဘူးလေ,,,” ပွေ့ချီဖို့ဟန်ပြင်နေတဲ့
ဘဒင်အား ဒေါ်မရီအချိန်အမှီထားလိုက်ခြင်းဖြစ်
သည်။
” မိန်းကလေးတဲ့လား ”

” ဟုတ်ပတော် နင်သမီးလေးက ဖြူဖြူ
ချောချောလေး ရွှေမူန့်စားပြီး မွေးထားသလား အောင်းမေ့ရတယ်…”

“မြန်မြန်လုပ်စမ်းပါ အရီးလေးမြရယ်
ကျုပ်သမီးလေးကို ချီချင်နေပြီးဗျ,,,”

” အေးပါဟဲ့…တကတည်းပဲ…”

ထိုသို့ပြောဆိုပြီး ကလေးအား စင်ကြယ်သွား
အောင် ဒေါ်မြရီ အမြန်ပြုလုပ်နေမိတော့သည်။
မလှမ်းမကမ်း က ပျော်ရွင်နေတဲ့ ဘဒင်ကိုလှမ်း
ကြည့်ပြီး မယ်ခင်လည်း ပီတိ ဖြစ်နေတော့
သည်။

” ဟယ် တင်ပါးမှာ အမှတ်တွေနဲ့တော်”
” ဗျာ ”

ဒေါ်မြရီ စကားကြောင့် ဘဒင်လည်း ကလေး
အား သူမလက်ထဲ လုယူကြည့်မိလိုက်သည်။
အမှတ်က ထင်ထင်ရှားရှား ပေါ်လွင်နေပြီး
တင်ပါးနေရာအနှံ အညိုကွက်သေးသေးလေး
အများကြီးတွေ့လိုက်ရလေသည်။

” သမီးရယ် ဘယ်လိုဝဋ်ကြွေးတွေကြောင့်
ခုလိုအမှတ်တွေ အများကြီးပါလာရတာလဲ ..”

ဘဒင် စိတ်မကောင်းစွာဖြင့် ပြောလိုက်တော့…

” အူဝဲ…အူဝဲ

ကိုဘဒင်လက်ထဲက ကလေးက ငယ်သံပါ
အောင်အော်နေတော့ သူလည်း ဘာလုပ်ရမှန်း
မသိဖြစ်နေတာနဲ့ပဲ ကလေးချော့ သီချင်းတွေ
တစ်ပုဒ်ပြီး တစ်ပုဒ် ရွတ်ဆိုနေမိတော့သည်။

” အို….သမီးရယ်. တိတ်ပါကွယ်🎶🎶🎶”
” အူဝဲ..အူဝဲ…”

အသားကုန် အော်နေတဲ့ ကလေးငယ်ကြောင့်
မယ်တင်လည်း လှဲနေရင်းကနေ ထထိုင်မိလိုက်
ပြီး …
” ပေးပါအကိုရယ်… ကလေးက နို့ဆာနေ
ငိုနေတာနေမှာပါ….”

မယ်တင်စကားကြောင့်..ဘဒင်လည်းကလေး
အား ကြည်ဖြူစွာဖြင့် ပေးလိုက်မိလေသည်။
အတွေးထဲမှာတော့ သမီးလေးအားပွေ့ချီလို့အား
မရသေး။အချိန်က ည၁နာရီတောင်ကျော်ပြီး၍
ဒေါ်မြရီလည်း သူတို့ဇနီးမောင်နှံအားနူတ်ဆက်
ကာပြန်သွားခဲ့လေသည်။

သမီးလေးမွေးဖွားပြီး အချိန်ကတည်းကစ၍
ဘဒင်လည်း ထိုသမီးလေးအား ကိုင်တွယ်ခွင့်
မရခဲ့သလို ညဘက်ရောက်ရင်လည်း မယ်တင်နဲ့
အတူတူအိပ်ခွင့်ပါ မရခဲ့ပါ။ သူကို မြင်တွေ့နေရင်
ကို သမီးလေးဖြစ်သူက သူရဲ၊တစ္ဆေမြင်တွေ့သကဲ့
သို့ လန့်လန့်ပြီးအော်ငိုနေမိတော့သည်။ထိုအဖြစ်
ပျက်နဲ့အတူ အိမ်ထဲသို့သူလည်းဝင်မအိပ်ရက်
တော့ပဲအိမ်ရှေ့ကွပ်ပျစ်မှာ တစ်ယောက်တည်း
အထီးကျန်စွာဖြင့်ညစဉ်ညတိုင်း အိပ်စက်
နေရလေတော့သည်။ ခင်းပွန်းရဲ့အဖြစ်အပျက်
တွေကြည့်ပြီး မယ်တင်လည်းစိတ်မကောင်း
ဖြစ်မိရလေသည်။

“အကိုရယ် အပြင်မှာအရမ်းအေးတယ်
အထဲဝင်အိပ်ပါလား…သမီးလေးလည်းအိပ်
ပျော်သွားပြီးပဲ”

“ရပါတယ် မယ်တင်ရာ သမီးလေးခွင့်မပြုပဲ
ငါမအိပ်ချင်ပါဘူး မင်းသာ သမီးလေးကို
ဂရုပိုစိုက်ပေးပါနော်..ဆောင်းရာသီဆိုတော့အရမ်း
အေးတယ်ကွ”

ဘဒင်အသံက ငိုတော့မယ့် အသံလေးတွေ
ပါလာမိလေတော့ မယ်တင်ရင်ထဲ စိတ်မကောင်း
ဖြစ်မိရလေသည်။

“အကိုရယ် ဒီအဖြစ်အပျက်တွေနဲ့ကြုံလာ
ခဲ့ရင်ကျွန်မ ကလေးမယူခဲ့ပါဘူး ”

” ဘယ်လိုပြောလိုက်တာလဲ မယ်တင်ရယ်.
ခုသမီးလေးက ကိုယ်နဲ့မင်းနဲ့ရတာ ရင်သွေးလေးပါ”

” ကျွန်မရင်သွေးလေးကို မချစ်လို့ပြောတာ
မဟုတ်ဖူး ….အကိုရဲ့အဖြစ်တွေကြည့်ပြီး.မခံစား
နိုင်လို့ပြောနေမိတာပါ…”

” ရပါတယ်မယ်တင်ရာ ငါအတွက်မလိုအပ်
ပါဘူး…မင်းကို လိုအပ်တာက သမီးလေးပါ၊
သမီးလေးအနားမှာသာ နေပေးလိုက်ပါ,,”

ဘဒင်စကားဆုံးတော့ မယ်တင်လည်း ခေါင်း
လေးညိမ့်ပြီး အခန်းအတွင်းသို့ပြန်လည်ဝင်
သွားခဲ့လေသည်။ ဇနီးဖြစ်သူ ထွက်ခွာသွား
တော့.ဘဒင်လည်း သူအဖြစ်အပျက်တွေကြည့်
ပြီး အလိုလိုဝမ်းနည်းလာပြီး ဟန်မပျက်တင်း
ခံနေတဲ့ မျက်ရည်တွေလည်း ပါးပြင်ထက်က
စီးဆင်းလာတော့သည်။

ဘယ်လို ဝဋ်ကြွေးတွေကြောင့် ငါနဲ့သမီးလေး
ကြားမှာ တံတိုင်းတွေ ခြားနားနေရတာလဲကွာ။

အခန်း ( ၂ )

၇ နှစ်ခန့်ကာလကြာလာပြီးတဲ့နောက်ပိုင်း
ဘဒင်တို့ဇနီးမောင်နှံနှစ်ယောက် တစ်နေ့တစ်
ခြား စီးပွားရေး တိုးတတ်လာခဲ့သည်။ ဒါဟာ
သမီးလေးရွှေကြာမွှေးဖွားကတည်းက အလုပ်
အကိုင် အဆင်ပြေတယ်လို့ ယူဆမိကြသည်။
ရွှေကြာမှာ စကားအလွန်တတ်ပြီး ဥာဏ်
အလွန်းကောင်းတဲ့ ကလေးမလေးပင်ဖြစ်ပြီး၊
တချို့ကလူဝင်စားဟုပြောဆိုတတ်ကြသေး
သည်။ အိမ်ဘေးက ကလေးတွေဆိုလည်း
ရွှေကြာကို အရမ်းချစ်ခင်ကြလေသည်၊
ရွှေကြာက လူကြီးတွေအလားထင်ရသည်၊
ပုံပြင်များ ၊ မြွေအကြောင်းများ စိတ်ဝင်တစား
ပြောပြလိမ့်ရှိသည်၊၊

” ရွှေကြာ မြွေဇာက်လမ်းသစ်လေးပြောပြ
ပေးပါလား..နင်ပြောတာ အရမ်းနားထောင်လို့
ကောင်းတယ်ဟ….”

ဒိုးလုံးအသံကြောင့် ကျန်တဲ့ ကလေးတွေကပါ
ထောက်ခံကြလေသည်။

” ဟုတ်တယ်ရွှေကြာ ပြောပြပါနော် မုန့်ဝယ်
ကျွေးပါမယ် ”

“အေးပါဟယ် ပြောပြပါမယ်..”

ရွှေကြာက..ဇာက်လမ်းတစ်ပုဒ်ပြောပြဖို့ဟန်ပြင်
နေမိတော့သည်၊၊ရွှေကြာရဲ့နောက်ကွယ်မှာ အရိပ်
တကဲကဲကြည့်နေသူမှာလည်း ဖခင်ဖြစ်သူ
ကိုဘဒင်သာဖြစ်သည်၊ ပေါ်တင်မချစ်ရဲတဲ့ သူ့ရဲ့
ဘဝကြီးကို သူ့ လည်း အရမ်းမုန်းတီးနေမိသည်။
ဘာကြောင့်သူ့အပေါ် အညိုးတကြီးမုန်းနေရလဲ
ဆိုတာ ဘယ်လိုမှ စဥ်းစားလိုမရဖြစ်လိုက်မိ‌သေး
သည်။

” ရှင် အရက်တွေသောက်လာပြန်ပြီးလား
ကိုဘဒင်၊ ဒီလိုသောက်နေတော့ရော ရှင်သမီး
ရဲ့အချစ်ကို ရှင်ရမယ်ထင်နေလား ရှင်မေတ္တာ
တွေတစ်နေ့တစ်ချိန်နားလည်လာအောင်
ကြိုးစားစမ်းပါ၊ မေတ္တာမှန်ရင် ရောင်ပြန်ဟပ်
ပါတယ်….”

မယ်တင်ပြောနေတဲ့ စကားတွေနားထဲပြန်ကြား
ယောင်မိလိုက်သည်။

” ဘယ်အချိန်ကျမှငါမေတ္တာတွေကို သမီးလေး
က နားလည်လာမှာလဲမယ်တင်ရယ်…” တိုးတီး
စွာ ငြီးမိလိုက်ပြီး၊ လူကြီးသူကောင်းအလား
ထိုင်နေတဲ့ သမီးဖြစ်သူရွှေကြာလေးအား လှမ်း
ကြည့်လိုက်ပြီး ရွှေကြာ ပြောပြမယ့် ပုံပြင်အား
ကလေးတွနဲ့အတူ တိတ်တခိုးလေး နားထောင်
မိလိုက်လေသည်၊၊

” ဟိုး..ရှေးရှေးတုန်းကပေါ့ အရမ်းချစ်ကြတဲ့
မြွေမင်းသားလေးနဲ့မြွေမင်းမီးလေးရှိသတဲ့၊
တစ်နေ့ သူတ်ို့.ချစ်သူနှစ်ယောက် အစားရှာ
ထွက်လာရင် ကံဆိုးချင်တော့ မြွေမုဆိုးသမား
ကမြင်တွေ့သွားပြီး သူတို့နှစ်ယောက်ကိုသတ်ဖို့ အသည်းအသန်းလိုက်ဖမ်းတော့တယ်၊ မြွေမင်း
သားလေးကလည်း သူ့ ချစ်သူလွှတ်မြှောက်ဖို့
အတွက် မြွေမုဆိုးအန္တရယ်က ကာကွယ်ပေးရင်း
အသက်စတေးလိုက်ရတယ်။ရက်ရက်စက်စက်
အသတ်ခံနေရတဲ့ မြွေမင်းသားလေးရဲ့အဖြစ်
အပျက်တွေကြည့်ပြီး.မြွေမင်းသမီးလေးလည်း
အရမ်းနာကျင်ခံစားရပြီး၊လက်စားချေဖို့ဆုံး
ဖြတ်လိုက်တယ်၊ ဒါပေမယ့်….

” ဟင်…ရွှေကြာဆက်ပြောလေ ဘာတွေ
ဆက်ဖြစ်လဲ”

ဆက်တငင့်နဲ ဖြစ်နေတဲ့ ရွှေကြာအပြုအမူတွေ
ကြောင့်သူငယ်ချင်းများက ဝိုင်းမေးကြလေတော့ယသည်။
” ရွှေကြာနင်ငိုနေတယ်….ဟုတ်လား´´
ဘာလို့လဲ ရွှေကြာ”

ဘေးနားက ဝိုင်းဝန်းနားထောင်နေကြတဲ့
သူငယ်ချင်းတွေရဲ့မေးမြန်းမူကို ရွှေကြာ
ပြန်မဖြေတော့ပဲ ထိုနေရာကနေထွက်ခွာ
သွားလေတော့သည်။

“ဘုရား..ဘုရား ရွှေကြာလေးက ငါ သတ်လိုက်
တဲ့ မြွေများလား….”

“သိတ်ဟုတ်တာပေါ ကိုဘဒင်….”
“ဟင်”
နောက်က ဘယ်ချိန်ကတည်းကမသိ ရောက်နေ
တဲ့ ဇနီးဖြစ်သူအသံကြောင့် ဘဒင် အံ့သြတသြ
ဖြစ်မိသွားကာ နောက်သို့လှည့်ကြည့်မိလိုက်လေ
သည်။

“မင်း ဒီအကြောင်းတွေ သိနေတယ် ဟုတ်လား
မယ်တင်၊ ငါကိုပြောပြစမ်းပါ..”
သိချင်စိတ်တွေနဲ့အတူ မယ်တင်ပုခုံးအား
လက်နှစ်ဘက်ဖြင့် လူပ်ယိုင်း မေးမိလိုက်သည်။

” ဟုတ်တယ်ကိုဘဒင် …ရှင်သတ်လိုက်တဲ့
ငန်းမြွေက ရှင်သမီးလေးပဲ….”

” ဟင် ”

မယ်တင် စကားဆုံးတော့ ဘဒင်တစ်ယာက်
ယိုင်လှဲမတတ်ဖြစ်မိသွားကာ အတိတ်ကပုံရိပ်
တို့ကလည်း ဝိုးတဝါးဖြင်,,,,,,

အခန်း ( ၃ )

” ကိုဘဒင် ရှင်ဒီမြွေတွေသတ်လာပြန်ပြီး
လား ”

အိမ်ပေါက်ဝနားက ဇနီးဖြစ်သူရဲ့အလိုမကျ
မေးမူကို ကျုပ် မျက်နှာလွှဲလိုက်ပြီး၊ သတ်ဖြတ်
လာတဲ့ ငန်းမြွေကြီးကို အိမ့်ရှေ့ကွပ်ပျစ်ပေါ်တင်
လိုက်ကာ ခဏအမောဖြေနေလေသည် ။

“ဟဲ့..ကိုဘဒင် ရှင်ကျွန်မပြောတာတွေ ကြား
ရဲ့လား ဒီအကုသိုလ်အလုပ်ကြီးကို မလုပ်စမ်းပါ
နဲ့တော်….”

“ဘာအကုသိုလ်ဖြစ်ရမှာလဲ မယ်တင်ရ…
လူတွေကို ဒုက္ခပေးတဲ့မြွေတွေကိုသတ်ပေး
လိုက်တာက ပိုတောင်ကုသိုလ်ရသေးတယ်”

” အဲ့ဒါ ရှင်အယူသီးနေတာ ကိုဘဒင်…
မြွေတွေကလူတွေကိုအတတ်နိုင်ဆုံးရှောင်ရှား
တယ်…လူတွေကသာအဆိပ်ရှိတဲ့မြွေဆိုပြီး
သတ်ဖြတ်နေကြတာ ၊ ရှင်အကုသိုက်တွေ
ဖြစ်မှာ စိုးလို့ကျွန်မပြောပြောနေရတာ..”

ဇနီးဖြစ်သူရဲ့ စကားကို ကျုပ်လည်း
ဆက်လျက်နားမထောင််တော့ပဲမီးဖိုချောင်
အတွင်းသို့ထိုမြွေကြီးအား ယူဆောင်သွားပြီး၊
ကိုယ်တိုင်ချက်ပြုတ်ဖို့ပြင်ဆင်နေမိတော့
သည်။ ကျုပ်က မြွေတွေဆို အရမ်းမုန်းတယ်
ဆိုသော်ငြားလည်း၊ မြွေသားကို အလွန်နှစ်သက်
သည်၊ ငယ်စဉ်အခါက အဖေဖမ်းလာသမျှ၊
ငန်းမြွေ၊လင်းမြွေအဖေကိုယ်တိုင် ချက်ပြုတ်
ကျွေးတာ စားဖူးတယ်၊အဲ့တုန်းကတည်းက
မြွေသားကိုအလွန်ကြိုက်သွားခဲ့တယ်၊
တစ်နေ့ အဖေဖြစ်သူ ယာခင်းထဲဆင်းတုန်း
.မြွေတစ်ကောင်ရဲ့ပေါက်သတ်မူကြောင့်
အဖေသေဆုံးသွားခဲ့တယ်။ ထိုသတင်းကြားလိုက်
ရတော့ ကျုပ် မြွေတွေကိုအရမ်းမုန်းတီးသွားတယ်။
မြွေဆိုတာ လူတွေအတွက်အဆိပ်ပဲ မြွေအသက်
ထက် လူတစ်ယောက်ရဲ့အသက်ကပိုတန်ဖိုးကြီး
တယ်။
မြွေတစ်ကောင်ကြောင့် ကျုပ်အဖေအသက်
ဆုံးရူံးသွားခဲ့တယ်၊ အခြားလူတွေလည်း ကျုပ်
အဖေလို မဖြစ်စေချင်လို့ မြွေတွေကိုလိုက်သတ်
တာ မှားသလား၊ ကျုပ်ဇနီးကပဲ မှန်သလား ကျုပ်
မစဉ်စားတတ်တော့ဘူး။ ဒီနေ့ညစာထမင်းဝိုင်း
ကျုပ် တစ်ယောက်တည်း မြိန်ရေရှက်ရေ စားသောက်
နေမိလေသည်။ မြွေသားဟင်းချက်တဲ့နေဆို ဇနီးက
ကျုပ်နဲ့ထမင်းတူတူစားလိမ့်မရှိ၊ သီးသန့်ခွဲစားတယ်၊
မြွေသားဟင်းကို ကျုပ်မိန်းမက ရွံတာလား၊
ကြောက်တာလား ကျုပ်မခွဲခြားတတ်တော့ဘူး။

” ကိုဘဒင်..ကိုဘဒင်…”

အလန့်တကြား မယ်တင် လူပ်နိုးမူကြောင့်
ကျုပ် အိပ်ယာကလန့်နိုးသွားလေသည်။
” ဘာဖြစ်တာလဲ မိန်းမရ ညကြီးမိုးချုပ် ”

“ဟို…ဟို…..ဟို လေ,,,”
အထိတ်တလန့် ဖြစ်နေတဲ့မယ်တင် စကားတွေ
လည်း ရှေ့ဆက်မရောက်တော့ပဲ .ထစ်အ နေမိတော့သည်။

“ဘာလဲ ..တဟ်ိုဟိုနဲ့ လိုရင်းပြောစမ်းပါဟ
အိမ်သူခိုးကပ်လို့လား..ဘာဖြစ်တာလဲ”

ကျုပ်လည်း စိတ်ပူစွာ အော်မေးလိုက်မိလေသည်။
“မ….မဟုတ်..ဘူး…မြွေ….မြွေ…မြွေတွန်သံ
ကြားရလို့….”

” ဟေ…”

မယ်တင်စကားကြားကြားချင်း ကျုပ်လည်းမီးဖို
ချောင်အတွင်းက ခက်ရင်းခွအားပြေးယူပြီးဓာတ်မီး
နဲ အတူ အိမ်ခြံဝန်းကြီးထဲသို့ပြေးဆင်းမိလိုက်မိ
သည်။

“ဟင်…ကိုဘဒင် ရှင်..ရှင်ဘယ်သွားမလို့လဲ”

မယ်တင်လည်း စိတ်ပူစွာ ဖြင့် ခင်ပွန်း နောက်က
ပြေးလိုက်မိလေသည်။
” ရွှိ…ရွှိ ”
မယ်တင်ပြောသည့်အတိုင်းပင် ခြံစည်းရိုး
နားက.မြွေတွန်သံကြီးထွက်ပေါ်လာလေတော့
ကျုပ် လည်း ယူလာတဲ့ ဓာတ်မီးဖြင့် ထိုးကာ
ခြံစည်းရိုး နားက ချုံပုက်အား ခက်ရင်းခွဖြင့်
တဝုန်းဝုန်းမြည်းအောင် ပုက်ရိုက်နေမိ တော့သည်။

” ရှူး..ရှူး…”

ရုတ်တရက် ထွက်ပေါ်လာတဲ့ ငန်းမြွေတစ်ကောင်
ကြောင့်. ကျုပ် အနည်းငယ်လန့်သွားကာ နောက်
သို့ဆုတ်လိုက်မိလေသည်။ ဓာတ်မီးအလင်းရောင်
ကြောင့် ရဲရဲတောက်နေတဲ့ မြွေကြီးမျက်ဝန်းတစ်စုံက
မကျေမဖြင့် ကျုပ့်အားစိုက်ကြည့်ပြီး တရွေ့ရွေ
တိုးကပ်လာလေသည်၊ ညို့ယူထားလေသလားမသိ ကျုပ် ထိုမြွေကြီးအားစိုက်ကြည့်
နေဆဲပင်,,,,

” ကိုဘဒင်…..ရှင် သတိထားအုန်း….”

မယ်တင်ရဲ့အလန့်တကြားအော်သံကြောင့်
ကျုပ်လည်း သတိဝင်သွားကာ.ငန်းမြွေကြီးရဲ့
လုန်းပေါက်မူကို..အလျင်အမြန်ရှောင်တိမ်းလိုက်
ခြင်းကြောင့်ကပ်သီးကပ်သက် လွှတ်မြှောက်သွား
ခဲ့လေသည်၊၊

” ကဲကွာ သေစမ်း…”

ကျုပ် လည်း ယူဆောင်လာတဲ့ ခွင်ရင်းခွ ဖြင့်
ထိုမြွေကြီးရဲ့ခန္ဓာကိုယ်တပိုင်း အား ထိုးစိုက်
လိုက်လေသည်။

” ရှူး…ရှူး…”

နာကျဉ်မူတွေနဲ အတူ. မြွေကြီးခန္ဓာကိုယ်
တွန့်လိမ်သွားကာ တရှူးရှူး ဖြင့် ဒေါသများ
ထွက်နေလေသည်။ ဒဏ်ရာရထားတဲ့ကြားထဲ
ကမမှီမကမ်း လှန်းပေါက်လိုက်တော့
ကျုပ်လည်း ဒေါသတွေအလိတ်လိုက် ထွက်
မိလိုက်သည်။

” အံမယ် မင်းကများ ငါကို အံ့တုချင်သေးတယ်..ဟုတ်လား…”

ပြောပြောဆိုဆို ဖြင့် မြွေကြီးခန္ဓာကိုယ်အား
ကျုပ်လည်း ခက်ရင်းခွဖြင့် ထပ်ထိုးပြန်လိုက်လေ
သည်။

မြွေကြီးကတော့ ထပ်မံနာကျဥ်မူတွေနဲ့အတူ
မယ်တင်အား တချက်လှမ်းကြည့်ပြီး အကူညီ
တောင်းခံနေသလားမသိမယ်တင်လည်းမြွေကြီးရဲ့ဖြစ်စဉ်တွေကြည့်ပြီဘယ်လိုမှ မခံစားနိုင်ဖြစ်နေမိတော့သည်။

“တော်ပါတော့ ကိုဘဒင် လွှတ်ပေးလိုက်
ပါနော် ..သနားပါတယ်”

“အရေးထဲ မင်းကတမှောက် အဆိပ်ရှိတဲ့မြွေ
ကိုသနားနေတယ်၊ကိုယ်ဒုက္ခရောက်မှမမြင်ဘူး
..ဒီကောင်တွေက အရမ်းအညိုးကြီးတယ်ကွ
မင်းဘာသိလို့တုန်း၊ငါက လွှတ်ပေးရင် ဒီကောင်
ကြီး ငါကိုသတ်သွားမှာပေါ့ဟ….ကဲကွာ….ကဲကွာ ”

ပြောရင်းဖြင့် ကျုပ်လည်း အလျင်အမြန်
ခက်ရင်းခွ ဖြင့် အဆက်မပြက် ထိုးမိလိုက်လေ
သည်။မြွေကြီးလည်း ပြန်လည်ခုခံနိုင်စွမ်း
မရှိတော့ပဲ ခန္ဓာကိုယ်တစ်ကိုယ်လုံး တွန့်လိမ်
သွားကာ အဆက်မပြက်ထိုးသွင်းနေတဲ့
ကျုပ် ရဲ့ အပြုမူတွေကို မြွေကြီးက
စိုက်ကြည့်ရင် ထိုနေရာမှာပဲ သေဆုံးသွား
ခဲ့လေသည်။

ရစရာမရှိအောင် စုတ်ပြတ်သက်နေတဲ့ မြွေကြီး
ကိုကြည့်ပြီး ကျုပ်လည်း စားချင်စိတ်မရှိိတာနဲ့ပဲ
အိမ်နောက်ဖေးဘက်ထွက်သွားပြီးမြေမြုပ်ဖို့ပြင်
ဆင်လိုက်တော့သည်။

အခန်း ( ၄ )

” ဘာပြောတယ်မယ်တင် မင်းကိုယ်ဝန်ရနေ
ပြီးဟုတ်လား….”

“ဟုတ်ပါတယ်ဆို ရှင်ကလည်း ဒါပဲထပ်ခါထပ်ခါ
မေးနေတာ ”

” ဟေ…ဒါဆို ငါ ကလေးအဖေဖြစ်ပြီးပေါ့
ဟား…ဟား…”

ဝမ်းသာစွာ မယ်တင်ခန္ဓာက်ိုယ်လေးအား.
ကျုပ်လည်း သတ်ိလက်လွှတ်စွာ ပွေ့ချီ မိလိုက်
လေသည်။
အိမ်ထောင်သက်တမ်း( ၃ )နှစ်ကာလရှိပြီးဖြစ်၍
ကလေးမြင်တိုင်း ပူဆာတတ်တဲ့ ကျုပ်ဆန္ဒတွေ
ပြည့်ဝခဲ့တာကြောင့် ကျုပ်အရမ်းပျော်ရွှင်ခဲ့
ရလေသည်။

“ဟဲ့..ဟဲ့..ကိုဘဒင် ရှင်သတိလည်းထားပါအုန်း
ဒီကကိုယ်ဝန်သည်ကြီးပါဆို…”
“သြော်.. အေး..ငါ..ငါ ဝမ်းသာသွားလို့ပါကွာ
ဟဲ..ဟဲ….”

ကျုပ်လည်း သတိဝင်သွားကာ မယ်တင် ခန္ဓာ
ကိုယ်လေးအား ညင်ညင်သာသာ ချပေးလိုက်
လေသည်။ “ဒါနဲ့…မင်းအလေးတွေမ”မ”နဲ့နော်
မယ်တင်၊.အဝတ်တွေလည်းမလျှော်ဖွတ်နဲ့တော့
အန်တီမြဆီသာပို့ပေးထားလိုက်၊ချက်ရေး
ပြုတ်ရေးတော့ ငါ တာဝန်ထား”

“မဟုတ်တာ ကိုဘဒင်ရယ် …မယ်တင် လုပ်နိုင်
ပါသေးတယ် …ဗိုက်ကခုမှ ၄ လ ရှိသေးတာ
ဆိုတော့ လုပ်နိုင်ကိုင်နိုင်ပါတယ်တော်,,,”

“ဘာပဲဖြစ်ဖြစ် ပေါ့ မယ်တင်ရာ အခုကတည်း
ကစပြီး ဆင်ချေထားမှ ကိုယ်လည်းပိုက်ဆံစုဖို့
ကြိုးစားရမယ်…”

သူမအပေါ် စိတ်ပူတတ်တဲ့ ခင်ပွန်းဖြစ်သူကို
ကြည့်ပြီး မယ်တင်ကျေနှပ်စွာပြုံးလိုက်မိသည်။
“ဒါနဲ့အကို မယ်တင်ကတိတစ်ခုတောင်းချင်
တယ်.အကိုဆီက ”
“အင်း…ပြောလေမယ်တင် ဘာကတိလဲ…”
“အကိုမြွေတွေကို မသတ်ဖို့ကတိ.ပေးရမယ်”
“ဟင်”
မယ်တင်စကားကြောင့် ကျုပ် စဉ်စားရကြပ်
နေမိတော့သည်။ ကိုယ်ဝါသနာ ပါတဲ့အလုပ်ကို
စွန့်လွှတ်ရမယ်ဆိုတော့ နည်းနည်းတော့
တွေးဝေမိလိုက်သေးသည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်
ခါတော့ မယ်တင်ရဲ့ဆန္ဒကို လိုက်လျော့ပေးဖို့
ကျုက်လည်း ကတ်ိပေးမိလိုက်လေသည်။
ဒါဟာ မွေးလာမည်ရင်သွေးလေးကြောင့်ဆိုရင်
မမှားပေ။
ရက်တွေအလီလီပြောင်းရွေ့လာခဲ့သလို
မယ်တင်ကိုယ်ဝန်လေးလဲ တဖြေးဖြေး
ရင့်ပါးလာခဲ့လေသည်။ ကျုပ်လည်း အလုပ်
ကိုတစ်ရက်ထက်တစ်ရက်ကြိုးလုပ်ကိုင်နေမိ
တော့သည်၊ ခါတိုင်းဆို အသီးအနှံပေါ်ချိန်ဆို
လူအငှါးခေါ်ရလေသည် ဒီနှစ်တော့ အငှါးမ
ခေါ်တော့ပဲ တစ်ယောက်တည်း ကြိုးစားရုန်း
ကန်နေမိတော့သည်။
ညနေခင်းစောင်းရောက်တော့ လုပ်လက်စ
အလုပ်များ ခဏရပ်ကာ ပစ္စည်းများသိမ်ဆည်း
ဖို့ပြင်ဆင်နေရပြီးလေ နူတ်ပြီးသား
ပေါင်းပင်များအား ကပျာကယာ တောင်းတစ်ခု
ဖြင့် ကြုံးထည့်လိုက်ပြီး တဲအိမ် ၏ အနောက်
ဘက် သို့ စွန့်ပစ်ဖို့မ ယူသွားလေသည်။
ပေါင်းပင်များနှင့် ရောပြီးပါလာတဲ့ မြွေတစ်ကောင်
ကိုတော့ ကျုပ်သတိထားမမိလိုက်ပါ။

“အား…သေပါပြီး ”

ပူခနဲ ဖြစ်သွားတဲ့ လက်တစ်စုံကြောင့်
ကျုပ် ငယ်သံပါအောင် အော်မိလိုက်ကာ
သယ်ဆောင်လာတဲ့ တောင်းအား မြေပြင်
ပေါ်သို့ လွတ်ချလိုက်လေသည်။ တောင်းထဲ
က မြွေတစ်ကောင်လည်း ပေါင်းပင်များနဲ့အတူ
အပြင်သို့ထွက်လာပြီး ချုံပုတ် တွေကြား တိုးဝှေ့ ပျောက်ကွယ်သွားတော့သည်။ ကျုပ် လည်း
စောစောက မြေဆိုးတစ်ကောင်ကို မြင်လိုက်
ရတော့ ထိပ်လန့်တကြား ဖြစ်သွားမိလေသည်။
အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ဖြစ်တာကြောင့်
ကျုပ်လည်း ယိုင်လှဲကျသွားလေသည်။

” ငါ သေလို့မဖြစ်ဘူး,,,,မဖြစ်ဘူး”

ထဖို့ ကြိုးစားသောလည်း ကျုပ် ခန္ဓာ ကိုယ်အနေ
အနှံ အဆိပ်တွေပျံ့သွားလေခြင်းလည်းမသိ
တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲနေတော့သည်။
” အား ကျွတ်…ကျွတ်…”လေသံပျော့
လေးဖြင့် ငြီးမိလိုက်လေပြီး အကူညီပေးသူအား
စောင့်မျော်နေရင်းနဲပဲ ကျုပ် သေရတော့မည်လား…

ထိုချိန် ချောမောလှပတဲ့ မိန်းမပျိုငယ် တစ်ဦး
အားရုတ်တရက် တွေ့ရတော့..ကျုပ်လည်း
အားတတ်မိလိုက်လေသည်။
” ဦးကို ကယ်ပါအုန်း…သမီးလေး..ရယ်
.ဦး မသေချင်သေးဘူး…အိမ်မှာမပေါ့မပါး
နဲ့ကျန်ခဲ့တဲ့ ဇနီးသည်ရှိနေလို့ပါ ၊ ဦးကိုကယ်
ပါအုန်း..”
ကျုပ် အသနားခံ အကူညီတောင်းနေသည့်ကို
တစ်ဖက်ကမိန်းကလေးက မျက်ကွယ်
ပြုထားပြီး ဘာမှ တုန့်ပြန်မူ မရှိပဲ အသက်မဲ့
မျက်လုံးဖြင့် ကျုပ်အားစိုက်ကြည့် နေဆဲးပင်…
ကျုပ်မျက်လုံးတွေလည်း ဝေးဝါနေပြိီးဖြစ်၍
အိမ်မှာ မျှော်လင့်နေတဲ့ ဇနီးဖြစ်သူမျက်နှာအား
မြင်ယောင်မိ၍ နောက် တစ်ကြိမ် အကူညီ
ထပ်တောင်းမိတော့……
” ခိ…..ခိ…..ခိ…ခိ…”
လှောင်ရယ်သံတစ်ချို့ကြောင့် .ကျုပ်လည်း
ထို မိန်းကလေးကို နားမလည်ဖြစ်မိပြီး သူမအား
စိုက်ကြည့်မိလိုက်လေသည်။အကြည့်ခြင်းဆုံသွား
မိတဲ့အခိုက် စူးရှတောက်ပ နေတဲ့.ထိုမိန်းကလေးရဲ့ မျက်ဝန်းတစ်စုံက ကြောက်စရာကောင်းလှလေ
သည်။ ထိုမိန်းကလေးရဲ့ မျက်လုံးထဲကလည်း
ပုံရိပ်တွေပေါ်လာပြီး လူအသွင်းသဏ္ဍာန်က
နေ…တဖြေးတဖြေး ကြောက်မက်ဖွယ် မြွေကြီး
တစ်ကောင်အသွင်းသို့ပြောင်းလဲသွားပါတော့
သည်။

“ဟင်..မြွေကြီး..မြွေကြီး. ကယ်ကြပါအုန်း..”

တရွေ့ရွေ ချည်းကပ်လာတဲ့ မြွေကြီးကိုကြည့်ပြီး
ကျုပ်လည်း ငယ်သံပါအောင်အော်နေမိတော့သည်။
” ကြောက်တယ်..မလာနဲ….မလာနဲ့ ”

အိပ်ရာဘေးက ခင်ပွန်း တစ်ယောက် ငြီးငွေ့အော်
ဟစ်သံတွေကြောင့် မယ်တင် အိပ်ယာက လန့်၍
နိုးလာလေသည်။

” ကိုဘဒင်…ရှင် သတိထားအုန်းလေ”

မယ်တင်လူပ်နိုးမူကြောင့် ကျုပ်အိပ်ယာက
လန့်၍နိုးလာမိလေသည်။ ချွေးသီးချွေးပေါက်များ
စိုချွဲနေအောင် ကျနေပြီး၊ မောဟိုက်နေတဲ့
ခင်ပွန်းကိုကြည့်ပြီး မယ်တင်လည်း ရေတစ်ခွက်
ပြေးယူ ခပ်ပေးမိလေတော့သည်။
” ငါ ငါ..မသဘေူး…..မသဘေူးပဲ….”
” ရှင်ဘာတွေပြောနေတာလဲ ကိုဘဒင်..”

မယ်တင်စကားကြောင့်..ကျုပ်လည်းသတိဝင်
သွားလေသည်။
” ငါ..ငါ..အိပ်မက်မက်နေတာကို.တော်ပါသေးရဲ့”
” ရော့….ရေအရင်သောက်လိုက်အုန်း”

မယ်တင် လှန်းပေးတဲ့ရေကို ကျုပ် အငမ်းမရ
သောက်လိုက်မိလေသည်။ ပြီးတော့..အိပ်မက်
အကြောင်းအား မယ်တင်အားပြောပြနေမိတော့
သည်။ ၎င်းအိပ်မက်အကြောင်းကို စိတ်စွဲလမ်း
၍မှတ်တယ်ဟုထင်မြင်ခဲ့သည်။

” ရှင် သွေးကို ကျွန်မသောက်ချင်တယ်..
ကိုဘဒင်…”
“ဟေ,,,”

ဇနီးဖြစ်သူရဲ့တောင်းဆိုမူကြောင်.ကျုပ်.အရမ်း
အံ့သြမတတ်ဖြစ်မိလေသည်။

“မင်း ချဉ်ချင်းတတ်တာ ဘယ်လိုကြီးလဲ ဟ..”

“မသိဘူးအကိုရယ် ဘယ်လို့ သောက်ချင်နေမှန်း
ကျွန်မကိုယ်ကျွန်မလည်း စဉ်စားလို့မရ
ဘူး.ဖြစ်နေတယ်၊ ကျွန်မသိတာတစ်ခုက
ရှင်သွေးမသောက်ရရင်ကျွန်မစားမဝင်၊
အိပ်မပျော်ဖြစ်မှာတော့ သေချာတယ်”
“အေးပါကွာ..အေးပါ. အသွေးသားက
တောင်းဆိုတော့လည်း ဘယ်တတ်နိုင်မလဲ
ခဏစောင့်” ကျုပ်လည်း ချက်ချင်းဆိုသလို
ဓားဖြင့် လက်ကောက်ဝတ် အား အနည်းငယ်
လှီးလိုက်လေသည်။ နာကျင်မူဒဏ်ကို
သည်းခံလိုက်ပြီး ကျဆင်းလာတဲ့ သွေးများကို
ခွက်တစ်ခုဖြင့်ခံယူထားလိုက် ဇနီးဖြစ်သူအား
တိုက်လိုက်မိတော့သည်၊
“သောက်လို့ကောင်းလိုက်တာ အကိုရယ်…
အခုမှ ပေါ့ပါးလန်းဆန်းသလို ခံစားရတယ်..”
ပျော်ရွှင်နေတဲ့ ဇနီးမျက်နှာလေးကြည့်ပြီး
ကျုပ် နာကျင်မူတွေလည်း အနည်းငယ်
သက်သာသွားခဲ့လေသည်။
ဒီအကြောင်းရာနဲ့ပတ်သတ်ပြီး ရွှေကြာလေး
ကလဲ့စားချေဖို့အတွက်မွေးဖွားလာခြင်းလား..
—————————————–
” ဘုရား..ဘရား..ငါအကြီးအကျယ် မိုက်ခဲ့
မှားခဲ့မိတာပဲ မယ်တင် ရာ၊ ငါဘယ်လိုလုပ်
ရာမှာလဲ မယ်တင်…ငါ ကိုကူညီပေးပါကွာ..”

တသွင်သွင် ယ်ိုဖိတ်လာတဲ့ မျက်ရည်တွေဖြင့်..
မယ်တင်ရင်ခွင်ထဲသို့ ကလေးတစ်ယောက်
အလား ဖက်ထားမိလိုက်တော့သည်။

အခန်း ( ၅ )

” မေမေ မြွေဘုရားလိုက်ပို့ပေးမယ်ဟုတ်လား..”
” အင်း..ဟုတ်တယ်လေ သမီးလေးရဲ့…
အိမ်နီးနားချင်းက၊ လူကြီး၊ကလေး အကုန်လိုက်ပို့
ပေးဖို့ သမီးဖေဖေ စီစဉ်ထားတယ်”

ဒေါ်မယ်တင်စကားကြောင့်…ရွှေကြာလေးမျက်မှာ
ကွက်ခနဲပျက်သွားလေသည်။
” မေမေရယ် အဲ့လူကြီးမပါပဲနဲ့သွားမရဘူးလား

“ဟင်..”

“ဘယ်လိုပြောလိုက်တာလဲ သမီးလေးရယ်…
အဲ့ဒါသမီးဖေဖေအရင်းပါကွယ်၊.ရှေးဘဝက
ဘယ်လိုတွေ.. ရန်သူတွေဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိ
ဒီဘဝမှာ သူဟာ သမီးအဖေပဲ၊….သူကိုပြစ်မှား
ရင်…ငါသမီးလေးပဲ ကံကြီးထိုက်မှာ အ​မေအရမ်း
စိုးရိမ်မိတယ်၊ ခုလည်း..သမီးလေးရဲ့ ဒဏ်ခတ်
မူကိုလည်း သူ့လည်းကြည်ကြည်ဖြူဖြူခံယူပြီး
သွားပြီးပဲတော်ပါတော့သမီးလေးရယ်…”

မိခင်ဖြစ်သူ ဒေါ်မယ်တင်နားချမှ ရွှေကြာလေး
ခဏတွေးဝေသွားလေသည်။

” အင်းပါအမေ…ဒီတစ်ခေါက် အမေစကားကို
သမီးနားထောင်မယ်နော်…”

အခုလိုရွေးချယ်လိုက်တာ အဖေဖြစ်သူကို
သနားလို့မဟုတ် သူငယ်ချင်းတွေနဲ့အတူသွား
ရမယ့် အခွင့်ရေး မဆုံးရူံးချင်လို့သာဖြစ်သည်။
ရွှေကြာလေး စကားကြောင့် ဒေါ်မယ်တင်
ဝမ်းသာသွားလေပြီး သမီးဖြစ်သူအား ပွေ့ချီမိ
လိုက်တော့သည်၊၊
မနက်ခင်း မိုးသောက်မလင်းခင်အချိန်မှာပင်
အိမ်နီးနားချင်းက လူတွေလည်း ဘုရားဖူး
ထွက်ဖို့ အားလုံးပြင်ဆင်နေကြလေသည်။
ကိုယ်နည်းကိုယ်ဟန်ဆို မြွေဘုရားမပြောနဲ့
ရွာအနီးနားက ဘုရားဖူးဖို့တောင် လမ်းမမြင်
ကြ၍ ဒကာရှင်ဖြစ်တဲ့ ကိုဘဒင်ကိုပဲအားလုံးက
ကျေးဇူးတင်မဆုံးဖြစ်မိကြလေသည်။

“မယ်တင်ရေ ပြီးပြီးလားဟ….လူတွေလည်း
စုံနေပြီး မြန်မြန်လုပ်ကွာ…”

“လာပါပြီး..လာပါပြီး..”

ပြောရင်ဖြင့် .မယ်တင်နဲ့သမီးလေး အိမ်ပြင်
သို့ထွက်လာခဲ့လေသည်။ မယ်တင်က အဝါရောင်
ဝမ်းဆက်လေးနဲ အရမ်းလှပနေသလို ရွှေကြာလေးကတော့ အစိမ်းရောင်ဂါဝန်လေးဖြင့်လွန်စွာလှပ
နေလေသည်။ သမီးအကြောင်းကို သိနေတဲ့
ဦးဘဒင်လည်း မျက်နှာချင်းမဆိုင်မိလေအောင်
သတိထားပြီး နေရလေသည်။ သမီးလေး စိတ်ဆိုး
သွားရင်..ဒီအခွင့်ရေးကို သူ့ဆုံးရူံးမခံချင်ကြောင့်
ပင်ဖြစ်သည်။ ယခု အကြံစည်က မယ်တင်အကြံ
ပေးမူကြောင့်ခုလိုသမီးလေးနဲ အတူ့သွားခွင့်ရခဲ့
တော့မယ်တင်ကို ကျေးဇူးတင်မဆုံးဖြစ်မိလေ
သည်။ ကုသိုလ်လည်းရ ပီတီလည်း ဖြစ်နေတော့
ကိုဘဒင်လွန်စွာကျေနပ်မိလေသည်။
အငှါးကားရောက်ပြီးဆိုတော့ ရွှေကြာလေးတို့
ကလေးအဖွဲ့နဲ့ ဦးလေးကြွားအပါအပါအဝင်
အရီးလေးမြရီတို့လူကြီးအဖွဲ့က ရှေ့ခုံတန်းလျား
မှာနေရာအသီးထိုင်ယူပြီး…မယ်တင်တို့မိန်းမသား
အဖွဲ့က နောက်ခုံတန်းလျားမှာ.နေရာအသီးသီး
ထိုင်ယူမိလိုက်ကြလေသည်၊ ကိုဘဒင်တို့
အားကောင်းမောင်းသန်တွေက.ကားနောက်က
သံတိုင်အားခိုဆွဲ၍… စပယ်ယာ အဖြစ်နဲ့
လိုက်ပါလာကြလေသည်၊.ရွာဖြင့်.မိုင်၆၀ဝေးတဲ့
မြွေဘုရားဆီသို့ ကားဖြင့် ချီတတ်လာ
ကြလေသည်။ လမ်းခရီးက ကြမ်းတမ်းတာ
ကြောင့် တော်တော်ဖြင့်ခရီးအရောက်မမြန်ခဲ့ပေ။
မနက်ခင်း ၁၀နာရီထိုးရောက်မှ မြွေဘုရားအား
ရောက်ရှိခဲ့လေသည်။လပြည့်နေ့မို့ ဘုရားဖူး
လာရောက်ဖူးမော်သူတွေ လွန်စွာ စည်းကား
လှလေသည်။ ကံတလူးဘုရားအားဖူးမော်ပြီး
အောင်မြေနင်းကြပြီး။မြွေဘုရားဆီသို့
ကုန်းကြောင်းဖြစ်အဖွဲ့လိုက်ချီတတ်လာကြလေ
သည်။မြွေဘုရားရာက်တော့ မျောက်တွေရဲ့..
အစားတောင်းသံတွေ အော်ဟစ်သံတွေ လူတွေရဲ့
တခိခိ..ရီသံတွေဖြင့် ဆူညံပလောရိုက်လေသည်။
” ဟား မျောက်ကြီး ကခုန်ပြနေတာကြည့်
ပါအုန်း….”

” ဟား..ဟား…”

ကလေးလူကြီးတွေကအစ တဟားဟားဖြင့်
သဘောကျ ဖြစ်မိကြလေသည်။ ပူး၊ ယုန်၊
အစရှိတဲ့ သတ္တဝါ တွေကို ကိုဘဒင်တို့
ဇနီးမောင်နှံအစားကျွေးပြီး၊ မြွေကြီး ၇ကောင်
အားသွားရောက်ကြည့်ရူကြလေသည်။

” ဟင် …မေမေ မြွေတွေက စပါးအုံးမြွေအမျိုး
စားတွေပဲနော်…ဒီမြွေတွေက သိုက်မြွေတွေအမေရဲ့”

“ဟင်…ဟုတ်လားသမီးရဲ့..အမေဖြစ် နားမလည်ပါ
ဘူးကွယ်..”

မြွေကြီးတွေကတော့..ရွှေကြာလေးမြင်တော့.
တရွှီရွှီဖြင့် နှာမူတ်သံတွေပေးပြီး နူတ်ဆက်နေ
သည့်အလား ထင်မိကြလေသည်။မြွေတွေအလွန်
မုန်းတီတဲ့ ကိုဘဒင်ကတော့၊သမီးလေးမွေးပြီး
နောက်ပိုင်းမှာတော့ မြွေများအပေါ် မေတ္တာထား
တတ်လာပြီး မြွေအစာများဝယ်ယူ၍
လှူတန်းခဲ့သလို မြွေဘုရားရောက်တော့လည်း.
တတ်နိုင်သလောက် လှူတန်းကာ ကုသိုလ်ပြုမိတော့သည်။
” အရှင်ဘုရား သမီးလေးရဲ့ရန်ကြွေးတွေ
အားလုံး ဒီနေ့ဒီအချိန်ကစပြီး ကြေပါစေတော့
အရှင်ဘုရား..” စိတ်ထဲ ကိုဘဒင် ရွတ်ဆို
ဆုတောင်းနေမိတော့သည်။ ၁နာရီ အချိန်ရောက်
တော့ ယူဆောင်လာကြတဲ့ ထမင်း၊ဟင်းများဖြင့်
နေ့လယ်စာ အား ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်
နေမိကြတော့သည်၊၊မြွေဘုရားအပြန်ခရီးတွင်
မြွေတစ်ကောင်ကကားလမ်းအား.ဖြတ်ကူးဖို့
ကြိုးစားနေအခိုက်….

” ဟင် မြွေလေးတစ်ကောင်ပါလား….”

ကားလမ်းအား ဖြတ်ကူးနေတဲ့..မြွေတစ်ကောင်
မြင်တော့ ရွှေကြာလေးလည်း ထိုမြွေအား
စိုးရိမ်သွားလေပြီး မယ်တင်လက်ထဲက
အတင်းရူန်းလိုက်ကာ မြွေလေးဆီသို့ပြေးသွားခဲ့
လေသည်။

” ဟဲ့..သမီး.လေး.လုပ်ကြပါအုန်း..
ကျွန်မသမီလေးကို…”

ရုတ်တရက် မိမ်ိလက်က အတင်းရုန်းသွားတဲ့
ရွှေကြာလေးရဲ့ အပြုအမူကြောင့် မယ်တင်လည်း
စိုးရိမ်သွာကာ အော်ဟစ်အကူညီတောင်းလိုက်
မိလေသည်။

” ဟင် ”
” ဟာ ”

ရုတ်တရက် အကွေ့တစ်ခုဆီက ထွက်ပေါ်
လာတဲ့. ကားတစ်စီးအားမြင်လိုက်မိတာကြောင့်
အားလုံးလည်းစိုးရိမ်မိသွားကြလေသည်။
ထိုအဖြစ်အပျက်တွေမြင်လိုက်ရတဲ့ ကိုဗဒင်လည်း သမီးဖြစ်သူအားစိုးရိမ်မိသွား၍ ချက်ချင်းဆိုသလို
ကားလမ်းဆီသို့ ပြေးသွားလိုက်လေသည်။

” ..ကား…ကား….သမီးလေး…”
” ဝုန်း….ဝုန်း….”.

အဖြစ်အပျက်က မြန်ဆန်လွန်းတာကြောင့်
နားထဲမှာ အဖေအော်နေတဲ့ အသံကို နောက်ဆုံး
ကြားလိုက်ပြီးနောက်ရွှေကြာလေးလည်း
အမှောင်ထုထဲသို့ရောက်ရှိသွားပါတော့သည်။

” သမီးလေး ထထ ”
ထိုနောက်… အလင်းတန်းတစ်ခုနဲ့အတူ
ဝိုးတဝါး မြင်လိုက်ရတဲ့ အဖေပုံရိပ်လေးကြောင့်
ရွှေကြာလေး သတ်ိရလာခဲ့လေသည်၊၊

သတိရရချင်.တွေ့မြင်လိုက်ရတဲ့အရာတွေက
တေ့ာ အားလုံးနောက်ကျသွားပြီး။

” ဟင် ….ဖေဖေ…”

သွေးသံရဲရဲကြားမှာ ဖခင်ဖြစ်သူအားတွေ့ရတော့
ရွှေကြာလေး လည်း ဒဏ်ရာတချို့ဖြင့် ထပြေး
သွားခဲ့လေသည်။

” .ဖေဖေ… ရွှေကြာတို့ကို တစ်ကယ်ထားသွား
ခဲ့ပြီးလားဟင်….မထားသင့်တဲ့ရန်ညိုးတွေ၊မရှိ
သင့်တဲ့အာဃာတတွေ အဖေအပေါ် သမီး
ထားခဲ့မိတယ်. ရွှေကြာကို ခွင့်လွတ်ပါ ဖေဖေ
ရယ်…”

” ကိုဘဒင် ရှင်သမီးလေးခေါ်နေတယ် ထကြည့်
ပါအုန်းလားတော် အီ..ဟီးဟီး”
သားမိနှစ်ယောက်ရဲ့ အော်ဟစ်ငိုသံတွေဖြင့်ဆူညံစွာထွက်ပေါ်လာခဲ့လေသည်။အားလုံးကြည့်ရူ့နေကြ
တဲ့လူတွေလည်း.စိတ်မကောင်းဖြစ်မိကြလေသည်။

” သမီးအပေါ်ထားတဲ့ အဖေရဲ့မေတ္တာတွေ
အစကနားမလည်ခဲ့ဘူး….ခုတော့အဖေတစ်
ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေ ရွှေကြာနား
လည်သွားပါပြီး,,,,,,”

ရွှေကြာလေးလည်း.အသက်မဲ့ဖြစ်နေတဲ့
ဖခင်ဖြစ်သူအလောင်းအား နောက်တများစွာဖြင့်
နမ်းရိူက်နေမိတော့သည်။ (ပြီးပါပြီ)

အားပေးကြတဲ့ စာချစ်သူအားလုံး
လေးစားလျက်ပါ။🙏🙏🙏

လိုအပ်ချက်များစွာဖြင့်
စာရေးသူ – အလင်းရောင်
အ လင်း ရောင်

#Credit