ရင်ကွဲနာ(စ/ဆုံး)
————-
ကျွန်တော့်ဘဝမှာ တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲကို တစ်သက်မှာ တစ်ခါပဲတွေ့ဖူးတယ်။ သူတို့စုံတွဲနှစ်ယောက်က အရမ်းရှေ့သွားနောက်လိုက် ညီတာ။သူတို့ကိုဒဂုံတက္ကသိုလ်ရဲ့ စံပြအတွဲလို့ပင်တင်စား ခေါ်ဝေါ်ကြတယ်။သူတို့ရဲ့အကြောင်းလေးကို ကျွန်တော်အမြဲသတိရနေမိတယ်။
ဟိုးအတိတ်က တက္ကသိုလ်ရဲ့ ပုံပြင်လေးပေါ့…
“ရောင်နီဦး ခဏစောင့်ပါဦး´´
နောက်မှမိန်းကလေးတစ်ယောက်ရဲ့ ခေါ်သံကြောင့် ရောင်နီဦး လှည့်ကြည့်မိလိုက်သည်။
“ဘယ်သူလဲ မသိဘူး ကျွန်တော့်နာမည်ခေါ်တာ´´
ထိုမိန်းကလေးကို
တစ်ခါမှမမြင်ဖူးချေ။ထိုမိန်းကလေးပုံစံမှာ မြန်မာဆန်ပြီး ဖက်ရှင်ကျတယ်။ဆံပင်မှာလည်း အနက်ရောင်ကိုမှ မှင်ပိတုံးရောင်ကဲ့သို့ တောက်ပပြီး နှစ်လိုဖွယ်ကောင်းသည်။ဆံကေသာကို အလွန်တန်ဖိုးထားပုံပေါ်သည်။ထို့ကြောင့် မိန်းကလေးရဲ့နာမည်ကို
မေးမိသည်။
“ကျွန်မ နာမည်က ခြူးသစ္စာနွယ်ပါ ဒီမှာ ကိုရောင်နီဦး စာအုပ်ခုနက ထိုင်ခုံမှာကျန်ခဲ့လို့´´
“သြော် ဟုတ် ကျေးဇူးပါ ကျွန်တော် လောလော လောလောနဲ့ထွက်လာလိုက်တာ စာအုပ်ကျန်ခဲ့တာ သတိမထားမိဘူး´´
“ဟုတ် ဒါဆို သစ္စာကိုခွင့်ပြုပါဦး´´
“ဟုတ်ကဲ့ ´´
ရောင်နီဦး စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။
“ ထို မိန်းကလေးရဲ့အကြည့်က ငါ့ရဲ့ရင်ခွင်တံခါးကို တွန်းဖွင့်နေသည့်အလား။သူရဲ့အသံလေးက အလွန်အင်မတန်မှ သာယာလှတယ်။ဟင်ထူးထူးဆန်းဆန်း ငါဘာတွေပြောနေမိတာလဲ။အချိန်မရှိတော့ဘူး စာမေးပွဲဖြေရတော့မယ်။”
ရောင်နီဦး ကိုယ်နဲ့မသိတဲ့မိန်းကလေးအကြောင်းကို တွေးနေမိတယ်။အမှန်တော့ ရောင်နီဦးတစ်ယောက် ခြူးသစ္စာနွယ်ကိုမြင်မြင်ချင်းမသိစိတ်ကနေ ချစ်မိသွားသည်။ဒါပေမယ့် သူ့စိတ်ထဲမှာဘာတွေရှိမှန်း သူကိုယ်တိုင်မသိရှာဘူး ဖြစ်နေတယ်။ရောင်နီဦး ရဲ့အတွေးထဲမှာ အဲ့မိန်းကလေးရဲ့ ပုံရိပ်တွေ စွဲထင်နေခဲ့တယ်။ညတိုင်း အိပ်မက်ထဲ
အထိ စိုးမိုးနေခဲ့တယ်။
တစ်ပတ်ခန့်ကြာသော်-
“ဟာ ´´
ဟူသောအသံနှင့်အတူ ရောင်နီဦးတစ်ယောက် သူ့ဖိနပ်ကို တက်နင်းမိသော သူက်ိုလှည့်ကြည့်ကာ-
“ခင်ဗျား မမြင်ဘူးလား ဖိနပ်ပျက်သွားပြီ ´´
“သစ္စာတောင်းပန်ပါတယ် မတော်တဆဖြစ်သွားတာပါ´´
“မင်း မင်းက ဟိုနေ့ကမိန်းကလေးပဲ´´
ရောင်နီဦးတစ်ယောက် စိတ်ထဲမှာကြိတ်ပြီးဝမ်းသာသွားသည်။ထိုမိန်းကလေးနဲ့ ပြန်ဆုံမယ်လ်ို့လုံးဝမမျှော်လင့်ထားသော
အခြေအနေတစ်ခုမှာ တွေ့လိုက်ရခြင်းကြောင့်ဖြစ်သည်။
“ဟုတ်ပါတယ် ဒီက ကိုရောင် ဘာဆိုလဲ´´
“ရောင်နီဦးပါ´´
“sorryပါ ကျွန်မကမေ့တတ်လို့´´
“ရပါတယ် မတော်တဆဖြစ်တာပဲ´´
စိတ်ဆက်တဲ့ရောင်နီဦး တစ်ယောက် ပထမဦးဆုံးအကြိမ် လူတစ်ယောက်ကိုခွင့်လွှတ်လိုက်တာပဲ။ရောင်နီဦးမှာ အကျင့်ဆိုးလေးတွေများတယ်။ဝတ်စားဆင်ယင်ပုံက ခေတ်လူငယ်ဆန်တယ်။
သပ်ရပ်တယ်။အရွဲ့တိုက်တတ်တယ်။ဇွတ်တရွတ်နိုင်တယ်။
“ဖိနပ်ကပျက်သွားပြီ သစ္စာဘာပြန်လုပ်ပေးရမလဲ´´
မျက်နှာငယ်လေးနဲ့သစ္စာတစ်ယောက်
ရောင်နီဦးကို မေးရှာသည်။
“ရပါတယ် မလုပ်ပေးပါနဲ့ ဒီနေ့အတန်းချိန်လည်းပြီးနေပြီ။အိမ်ပြန်မှာဆိုတော့ အကြောင်းမရှိပါဘူး´´
အကြောင်းအမျိုးမျိုးပြပြီးရောင်နီဦး တစ်ယောက် ခွင့်လွှတ်စကားတွေချည်းပြောသည်။
“ဟုတ်ကဲ့ ဒါဆို သစ္စာအတန်းချိန်လေးရှိနေလို့ သွားလိုက်အုံးမယ်´´
သစ္စာလည်း အတန်းချိန်နောက်ကျမှာဆိုလို့ ထွက်သွားသည်။ရောင်နီဦး ရဲ့မျက်လုံးတွေက သစ္စာရဲ့နောက်ကို လိုက်ပါသွားသည်။
“ဟေ့ယောင် ရောင်နီဦး မင်းအကြည့်တွေက မများလွန်းဘူးလား ဟိုကသွားတာဖြင့် အခန်းထဲရောက်တော့မယ်´´
ရောင်နီဦး ကိုသူငယ်ချင်းတွေဝိုင်းပြောတော့မှ ရောင်နီဦးတစ်ယောက် အကြည့်တွေရပ်တန့်မိတော့သည်။
“မင်းတို့ကလည်း ငါ့ဆိုဖဲ့မယ်ဆိုတာချည်းပဲ လာကန်တင်းသွားရအောင်´´
“မင်းဝယ်ကျွေးရမှ သွားမယ်´´
“အေးပါ ဝယ်ကျွေးပါ့မယ်´´
“ဖိနပ်ကို ဘယ်လိုလုပ်မှာလဲ´´
“မေ့သွားလို့ အိမ်ပြန်မယ် နောက်နေ့မှဝယ်ကျွေးမယ်´´
ရောင်နီဦး တစ်ယောက်ရှက်ရမ်း ရမ်းပြီး ဘာတွေလုပ်နေမိမှန်းမသိဖြစ်နေသည်။
************************************
“ဒီမှာဒီမှာ´
´သစ္စာရဲ့ခေါ်သံပင်ဖြစ်သည်။
“သစ္စာ ဘာများလဲ´´
“ဖိနပ်ပါ မနေ့ကသစ္စာကြောင့်ပျက်သွားလေ ဒါ့ကြောင့်ပြန်ဝယ်ပေးတာပါ´´
“မဟုတ်တာ မနေ့က ကျွန်တော်ဖိနပ်အဟောင်းစီးလာမိတာလေ ဒါ့ကြောင့်မလ်ိုပါဘူး´´
“ဒီမှာ သစ္စာကဝယ်လာပေးပြီးပြီ´´
သစ္စာရဲ့လက်ထဲတွင် အိတ်အဖြူလေးနှင့် သပ်ရပ်စွာထုတ်ထားသောဖိနပ်ဗူးလေးက်ိုင်ထားသည်။ရောင်နီဦးလည်း ငြင်းမရတဲ့အဆုံး လက်ခံလိုက်ရတယ်။
ဒီလိုနဲ့တစ်ယောက်နဲ့တစ်ယောက်
တွေ့ဆုံမှုတွေများပြီး
ချစ်သူတွေပါ ဖြစ်သွားကြ ဖို့အကြောင်းဖန်လာတယ်။အမှန်တော့ ရောင်နီဦးကို သစ္စာကအရင်ချစ်နေခဲ့တာပါ။
“သစ္စာ ကျွန်တော်တောင်းထားတဲ့အဖြေ
လေးအခြေအနေဘယ်လိုရှိလဲ´´
ရောင်နီဦးစကားကြောင့် သစ္စာရှက်ပြုံးပြုံးသည်။
“သစ္စာကျွန်တော့်ကို လှောင်တာလား´´
“မလှောင်ပါဘူး ရော့´´သစ္စာတစ်ယောက်အိတ်လေးထဲမှစာအုပ်လေးတစ်အုပ်ကို ထုတ်ပေးသည်။
“ဒီစာအုပ်က´´
“ဖတ်ကြည့်လ်ိုက်ပေါ့ သစ္စာသွားပြီနော်´´
ရောင်နီဦး တစ်ယောက်စာအုပ်လေးကိုင်လျက် သစ္စာကျောခိုင်းလို့အဝေးရောက်သွားတဲ့အထိကြည့်နေမိသည်။စာအုပ်လေးကို ဖွင့်ဖတ်လိုက်တော့-
သို့/
ကိုရောင်နီဦး
သစ္စာ ကိုရောင်နီဦးကို စတွေ့ကတည်းကချစ်မိသွားတာပါ။အဲ့နေ့က ရောင်နီဦး ကားမှတ်တိုင်မှာမိုးရွာကြီးထဲ တစ်ယောက်တည်း ကားရပ်စောင့်နေတဲ့ကိုရောင်နီဦးကို ကျွန်မချစ်ခဲ့မိတာပါ။တက္ကသိုလ်မှာ မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အတွက်နည်းမျိုးစုံသုံးပြီးချည်းကပ်ခဲ့မိတာ တောင်းပန်ပါတယ်နော်။သစ္စာ ရောင်နီဦးကို ချစ်တယ်။
သစ္စာရဲ့စာကြောင့် ရောင်နီဦးလည်း အပျော်ကြီး ပျော်သွားတော့တယ်။
ဒီလိုနဲ့နှစ်ယောက်သားတစ်ဦးကိုတစ်ဦး
အပြန်အလှန်နားလည်မှုများစွာနဲ့ ချစ်ခဲ့ကြတယ်။စိတ်ဆိုးစိတ်ကောက်ပေမယ့် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုသလို သူတို့နှစ်ယောက်ရဲ့အချစ်က တကယ့်ကိုစံပြုခဲ့တယ်။
€€€ငါ့အနားမှနင်သာရှိရင် အရာရာစွန်လွှတ်နိုင်သွားပြီ ကျန်တာဘာမှထပ်မလိုဘူး€€€အချစ်သီချင်းသံလေးတွေပျံ့လွင့်နေခဲ့တာပေါ့။
“သစ္စာ´´
“ကို ပြောလေ´´
“ဟင် နှာခေါင်းသွေးလျှံနေတယ်´´
ရောင်နီဦးတစ်ယောက် အရမ်းစိတ်ပူသွားတယ်။
“ကို ရယ်နေပူလ်ို့ပါ ဒီလိုပဲ သစ္စာကနေပူတာနဲ့နှာခေါင်းသွေးလျှံနေကျပါ´´
“ခဏနော် ကိုသုတ်ပေးမယ် နှာခေါင်းမော့ထား´´
ရောင်နီဦးတစ်ယောက် အမြဲတမ်း ကိစ္စအသေးလေးတွေကအစ ဂရုတစိုက်လုပ်ပေးခဲ့တယ်။
“ကို ကလည်းပိုကိုပိုတယ်´´
“ပိုတာမဟုတ်ပါဘူး ချစ်တာပါ´´
နှစ်ယောက်သား အချစ်ပိုကာ အရမ်းကြည်နူးခဲ့ကြတယ်။
တစ်နေ့တော့_
€€€ဘယ်မိန်းကလေးမှမချစ်ပါနဲ့ သူငယ်ချင်းမိန်းကလေးမှမချစ်ပါနဲ့ သူငယ်ချင်းမိန်းကလေးများနဲ့လည်း စကားတောင်မပြောနဲ့€€€
“ဟယ်လို သစ္စာ ကိုအခုပဲသစ္စာတို့အဆောင်ကိုလာနေပြီ´´
“ကိုရောင်နီဦး´´
သစ္စာရဲ့လေသံကတစ်ခုခုဖြစ်နေတယ်ဆိုတာ ရောင်နီဦးသတိထားမိတယ်။
“သစ္စာ ဘာဖြစ်နေတာလဲ´´
“Online ဖွင့်လိုက်ပါ အဲ့မှာပုံတွေပို့ထားတယ် ကျွန်မတို့ဇာတ်လမ်းဒီမှာတင်ပြီးသွားပြီ’ တီ တီ တီးးး´´
“ဟယ်လို သစ္စာ ဟယ်လို ဖုန်းချသွားပြန်ပြီ စိတ်ကောက်နေပြန်ပြီထင်တယ် ဘာတွေပို့ထားလဲမသိဘူး ။´´
ရောင်နီOnlineဖွင့်ကာ ကြည့်လိုက်တော့
“ဟာ ဒါ ဒါကဘာတွေလဲ မဟုတ်ဘူး
မဟုတ်ဘူး ´´
ရောင်နီဦးနဲ့ကောင်မလေးတစ်ယောက်တွဲရိုက်ထားတဲ့ပုံတွေနဲ့ သစ္စာနဲ့ကောင်လေးတစ်ယောက်တွဲရိုက်ထားသောပုံများဖြစ်နေသည်။ရောင်နီဦးတစ်ယောက် ဒေါသထွက်ရမှာလား ခံပြင်းရမှာလားမသိအောင်ကို ဖြစ်နေရှာသည်။သစ္စာတစ်ယောက် ရောင်နီဦးရဲ့ fb acc
ဖုန်းနံပါတ်အားလုံးကို blockလိုက်တယ်။
“ဘာတွေလဲကွာ ဘာတွေလဲ´´
ဒီလိုနဲ့လမ်းခွဲခြင်းခံလိုက်ရပြီး
ရောင်နီဦးလည်း စိတ်ထွက်ပေါက်အနေနဲ့
တခါမှမသောက်ဖူးတဲ့ အရက်တွေကိုသောက်ပြီး
အရက်သမားဖြစ်လုနီးပါးအခြေအနေရောက်ခဲ့တယ်။
သုံးလခန့်ကြာသော်-
“မင်း ရောင်နီဦးမဟုတ်လား´´
ရောင်နီဦးရဲ့သူငယ်ချင်း အာကာကျော်မှ ပုခုံးပုတ်ခါ မေးလိုက်တယ်။
“ဟုတ်တယ် ရောင်နီဦး မင်းကဘယ်သူလဲ´´
အာလေးရှာလေးပုံစံနဲ့ပြောသည်။။
“ရောင်နီဦးကွာ မင်း မင်းဘာတွေဖြစ်နေတာလဲ လာမင်းကိုအရေးကြီးတဲ့အရာတွေပြောရဦးမယ်
ငါ့အိမ်လိုက်ခဲ့…´´
အာကာကျော် ရောင်နီဦးကို သူ့အိမ်ခေါ်သွားပြီး ရောင်နီဦးရဲ့မူလပုံစံပြန်ရောက်အောင် အထိပြုပြင်ပေးခဲ့တယ်။အရက်လည်းပြတ်သွားပြီ။ သူပြောချင်တဲ့ အရာက်ိုပြောပြခဲ့တယ်။
“ရောင်နီဦး ငါမင်းကို အရေးကြီးကိစ္စပြောချင်တယ် ဒါပေမယ့် ပြောသင့်မပြောသင့်လည်း ချိန်နေရသေးတယ်´´
“အာကာ ငါမင်းကိုကျေးဇူးအရမ်းတင်တယ် ငါ့ဘဝလမ်းမှားရောက်နေခဲ့တာပါ ငါတို့ကြားမှ မပြောသင့်တဲ့စကားမရှိပါဘူး´´
“ကောင်းပြီလေ ငါသစ္စာအကြောင်းပြောချင်တာ´´
သစ္စာဆိုတဲ့စကားကြားလိုက်ရုံနဲ့ ရောင်နီဦး တုန်လှုပ်သွားတယ်။သူ့စိတ်ထဲမှာ ခုထိ သစ္စာကိုမမေ့သေးဘူး။မုန်းလည်းမမုန်းခဲ့ဘူး။ရှင်းပြခွင့်မရခဲ့တဲ့အတွက်နောင်တတွေရနေတယ်။
“သစ္စာ ဘယ်မှာလဲ ငါသူနဲ့တွေ့ချင်တယ်´´
“မင်း သူနဲ့တွေ့ရင် ဘာတွေပြောမှာလဲ´´
“ငါသူ့ကို ရှင်းပြချင်တယ် သူ့ကိုငါမမုန်းဘူး သူလည်းငါ့ကိုသတိရနေမယ်လို့ငါယုံကြည်တယ်´´
အာကာကျော် လည်းရောင်နီဦးစကားကို ကြားပြီး စိတ်မကောင်းတဲ့အမှုအရာ
မှာပေါ်လွင်လှတယ်။
“အာကာကျော် ပြောပြပါကွာ သစ္စာခုဘယ်မှာလဲ´´
“သစ္စာ မင်းနဲ့သူအတူနေဖို့ဆိုပြီး
ဝယ်ထားတဲ့အိမ်ကလေးမှာပါ´´
“ဘယ်လို တကယ်လား´´
ရောင်နီဦး ခေါင်းတွေချာချာလည်သွားတယ်။ဘာတွေဖြစ်မှန်းမသိလောက်အောင်က်ို ဆွံ့အသွားတယ်။ရောင်နီဦးကြားထားတာက
သစ္စာက နိုင်ငံခြားက်ိုထွက်သွားပြီလို့ကြားထားခဲ့တာ။ခုသူတို့နှစ်ယောက် လက်ထပ်ပြီးရင်အတူနေဖို့ဝယ်ထားတဲ့ အိမ်ကလေးမှာဆိုတဲ့ စကားကြောင့် ချက်ချင်းဆ်ိုသလ်ို…
“အာကာကျော် ကျေးဇူးပါကွာ ငါမင်းကျေးဇူးကို ဒီတစ်သက်မမေ့ပါဘူး
ငါသွားပြီနော်´´
“ရောင်နီဦး ခဏလေး ငါ့စကားမဆုံးသေးဘူးလေ´´
အာကာကျော်ရဲ့စကားပင် မဆုံးသေးဘူး ရောင်နီဦးတစ်ယောက် ကားမောင်းပြီးထွက်သွားချေပြီ။
€€€ငါ့နားမှာ နင်သာရှိရင် အရာရာစွန့်လွှတ်နိုင်သွားပြီ€€€သီချင်းသံက ခြံထဲဝင်လိုက်ရုံဖြင့် ကြားနေရတယ်။ရောင်နီဦး တစ်ယောက် ခြေလှမ်းတွေလေးလံစွာနဲ့ အိမ်ထဲထိရောက်အောင်သွားခဲ့တယ်။အိမ်က လုံးဝတံခါးပိတ်ထားခြင်းမရှိပါ။
“သစ္စာ အိမ်ထဲမှာလား´´
သစ္စာရဲ့နာမည်ကိုခေါ်ကာ ရောင်နီဦးတစ်ယောက် အိမ်ထဲကိုဝင်သွားတယ်။အိမ်ထဲတွင် လူမရှိသည့်အလား တိတ်ဆိတ်နေသည်။ရောင်နီဦး အခန်းတစ်ခန်းကို တွန်းဖွင့်လိုက်ရင်း…
အိပ်ယာထဲမှာလှဲနေသော သစ္စာကို တွေ့လိုက်ရတယ်။သစ္စာကိုစောင့်ရှောက်မည့်သူတစ်ယောက်မှ မရှိ။
“သစ္စာ´´ရောင်နီဦးတစ်ယောက် သစ္စာကို အသာလေးခေါ်လိုက်သည်။
“ဟင် ကိုသစ္စာဆီပြန်လာတယ်´´
နှစ်ယောက်သား ခွင့်လွှတ်ခြင်းတွေနဲ့ အပြစ်ဆိုတာတွေကို ဘေးဖယ်ထားခဲ့တယ်။အမှန်တော့ သစ္စာက သွေးကင်ဆာ နောက်ဆုံးအဆင့်ကြောင့် ရောင်နီဦး ဝမ်းနည်းမှာစိုးရိမ်လို့ လုပ်ကြံဇာတ်တွေဖန်တီးခဲ့တာပါ။
“သစ္စာရယ် ကို့အပေါ်ရက်စက်ပြီး သစ္စာကိုယ်တိုင်ဒုက္ခခံနေတာပဲ ခုဆေးရုံသွားရအောင်လေ´´
သစ္စာတစ်ယောက်မျက်နှာပျက်သွားတယ်။
`´ဟင်အင်း မသွားဘူးကို မသွားဘူး´´
သစ္စာအတင်း ဆေးရုံမသွားဖို့ငြင်းရှာသည်။
“သစ္စာရယ် ဘာလို့မသွားချင်ရတာလဲ´´
“သစ္စာအခြေအနေသစ္စာသိပါတယ် သစ္စာဘယ်မှမသွားဘူးနော်´´
“အင်းပါ သစ္စာဘယ်မှမသွားနဲ့ ဒါနဲ့သစ္စာဘေးမှာ တစ်ယောက်မှမရှိဘူးနော်´´
“သစ္စာလိုရောဂါသည်ကို ဘယ်သူက စောင့်ရှောက်ပေးချင်မှာလဲ´´
“ဒီနေ့ကစပြီး ကိုစောင့်ရှောက်မယ်နော်´´
ဒီလိုနဲ့ အဲ့ဒီအိမ်ကလေးမှာ မောင်နှမတွေလို နေထိုင်ကြတယ်။တစ်ပတ်လောက်ကြာတော့
သစ္စာတစ်ယောက် လမ်းလျှောက်နိူင်နေပြီ။နှစ်ယောက်သား အပူပင်ကင်းစွာနဲ့ အိမ်ကလေးမှာပျော်ရွှင်နေကြတယ်…
“မောင်ရင် မင်းဒီအိမ်မှာနေတာလား´´
အသက်၄၀လူတစ်ယောက်က ရောင်နီဦးကိုမေးသည်။
“ဟုတ်ကဲ့ ဦးလေး ဘာလို့လဲ´´
“မင်းတစ်ယောက်ထဲနေတာလား´´
“မဟုတ်ပါဘူး ကျွန်တော့်…ဟ်ိုကျွန်တော့်ညီမလေးနဲ့နေတာပါ´´
“မောင်ရင့် ညီမလေးကအိမ်ပြင်မထွက်သလိုပဲ´´
“အဲ့ဒါဦးလေးနဲ့ မဆိုင်ဘူးထင်တယ် ကျွန်တော့်ကိုခွင့်ပြုပါဦး´´
ရောင်နီဦးလည်း ခြံထဲကိုဝင်သွားတယ်။
€€€သူငယ်ချင်းမင်းဘဝမှာ လဲပြိုနိုင်ပါစေ တခါတလေမှာ€€
“ဟယ်လို အာကာကျော် ငါမင်းကိုပြောစရာရှိတယ် ငါ့အိမ်လာခဲ့ပါလား´´
“ရောင်နီဦး မင်းအိမ်ကသော့ခတ်ထားတယ်လေ မင်းအခုဘယ်မှာလဲ´´
“ငါ ဒီမှာ သစ္စာနဲ့အတူရှိတယ် ငါတို့နှစ်ယောက် လက်ထပ်ပြီးရင်အတူနေမယ်
ဆိုပြီးဝယ်ထားတဲ့အိမ်မှာလေ ´´
“ရောင်နီဦး မင်း မင်းဘာပြောတယ်´´
အာကာကျော်တစ်ယောက်တုန်လှုပ်ခြောက်ခြား
သောလေသံနဲ့ ရောက်နီဦးကို ပြောလိုက်တယ်။
“အာကာကျော်မင်းက ဘာတွေတွေးနေတာလဲ ငါတို့ကမောင်နှမလိုနေတာပါ´´
“မဟုတ်ဘူး ရောင်နီဦး မင်းအဲ့အိမ်ကထွက်လာခဲ့တော့´´
“ငါ သစ္စာကိုတစ်ယောက်ထဲ ထားခဲ့ပြီးထွက်လာလို့မရဘူး မင်းလာခဲ့ကွာ ဒါပဲနော် သစ္စာခေါ်နေလို့ငါသွားရဦးမယ်´´
ရောင်နီဦးတစ်ယောက် ဖုန်းချလိုက်သည်။
အာကာကျော်တစ်ယောက်လည်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။သေချာအောင်
ရောင်နီဦးရှိသောနေရာကို အာကာကျော်ရောက်အောင်သွားခဲ့တယ်။
“တီးးးးတီးးး´
“အာကာကျော် ကားပေါ်ကဆင်းပါဦး´´
“မဆင်းတော့ဘူး မင်းငါနဲ့လိုက်ခဲ့´´
“မင်းကလည်း သစ္စာနဲ့တွေ့သွားဦးလေး ´´
အာကာကျော်မျက်နှာမကောင်းသည်ကို ရောင်နီဦးသတိထားမိသွားပုံရတယ်။
“ငါ့ကို အရေးကြီး
ပြောစရာရှိနေတာလား အပြင်သွားရအောင်လေပြီးရင်တော့ သစ္စာနဲ့တွေ့သွားရမယ်´´
“အင်းပါ ဒါဆိုမင်းကားပေါ်တက်´´
“သစ္စာရေ ကို အာကာနဲ့အပြင်သွားလိုက်အုံးမယ် ခဏနေပြန်လာခဲ့မယ်´´အထဲမှ သစ္စာရဲ့အသံကိုမကြားရပေ။
“သွားမယ်လေ´´
“သစ္စာဘာဖြစ်နေလဲမသိဘူး
သွားကြည့်ရအောင်´´
ရောင်နီဦးကားပေါ်မတက်ဘဲနောက်ကိုခြေလှမ်းတွေလှမ်းခဲ့တယ်။အာကာကျော်လည်း ကားပေါ်ကဆင်းခဲ့တယ်။
“ရောင်နီဦး မင်းရူးနေပြီ ´´အာကာကျော်ရဲ့စကားကို ရောင်နီဦး ဘာမှနားမလည်ဘဲ ကြောင်ကြည့်နေတယ်။
“ငါကဘာရူးနေ လို့လဲ အာကာကျော်မင်းငါ့ကို ဘာပြောချင်တာလဲ မြန်မြန်ပြော ဟိုမှာသစ္စာဘာဖြစ်နေမှန်းမသိဘူး အိမ်ထဲသွားရအောင်´´
“ရောင်နီဦး သစ္စာကသေပြီ သစ္စာဆုံးတာကြာပြီ မင်းအရက်ကြောင် ကြောင်နေပြီလားကွာ´´
ရောင်နီဦး အာကာကျော်အားရယ်ပြသည်။သူ့စိတ်ထဲတွင် အာကာကျော်နောက်နေတယ်လို့သာထင်နေတယ်။အမှန်တကယ်လည်း သူသစ္စာမသေသေးဘူးဆိုတာကို သိနေတာကိုး။အမှန်တော့ သစ္စာက လွန်ခဲ့တဲ့၃လက သွေးကင်ဆာနဲ့ ဆုံးသွားခဲ့တာပါ။ခုလည်း ရောင်နီဦး ကိုစွဲလမ်းတဲ့စိတ်နဲ့မကျွတ်မလွတ်ဘဲ ရောင်နီဦးကို ဒီအိမ်ကလေးမှာ စောင့်နေခြင်းသာဖြစ်သည်။
“အာကာကျော် မင်းကတော့လေ
ငါကသစ္စာနဲ့တစ်အိမ်ထဲနေ နေတာ ဘာတွေလာနောက်နေတာလဲ လာအိမ်ထဲလိုက်ခဲ့ သစ္စာနဲ့စကားလာပြော´´။ရောင်နီဦး အာကာကျော်လက်ကိုအတင်းဆွဲပြီး
အိမ်ထဲသို့ဝင်သွားသည်။ချက်ချင်းဆိုသလိုအိမ်ပုံစံသည် အမှိုက်များနှင့်ရှုပ်ပွနေသည်။၃လအတွင်းလူမနေသောကြောင့် ဖုံများအမှိုက်များကြောင့်
အိမ်အိုနှင့်တူနေသည်။ရောင်နီဦးမျက်စိလည်သွားတယ်။သူမြင်ခဲ့တဲ့အရာတွေက ခုမှပုံမှန်မြင်ကွင်းတွေမြင်လိုက်ရတဲ့အတွက်ကြောင့် သူခေတ္တမျှမှိန်သက်သွားသည်။
“မဟုတ်ဘူး ဒါဘယ်လ်ိုဖြစ်တာလဲ သစ္စာ
သစ္စာ ဘယ်မှာလဲ´´
“ရောင်နီဦး မင်းသတိလေးထားပါအုံး
မင်းဒီလိုအိမ်မှာဘယ်လိုနေနေတာလဲ သစ္စာသေပြီကွ သစ္စာလူ့လောကထဲမှာမရှိတော့ဘူး မင်းဒါကိုလက်ခံရမယ်´´
“ဘာတွေလဲကွာ မဟုတ်ဘူး သစ္စာမသေဘူး သစ္စာနဲ့ငါဒီအိမ်မှာနှစ်ယောက်ထဲနေတာ ဘယ်လောက်ပျော်စရာကောင်းလိုက်လဲ။သစ္စာ ထွက်လာခဲ့ပါ။ကို့ကိုမထားခဲ့ပါနဲ့နော်။´´
ရောင်နီဦး
အသည်းအသန်သစ္စာကို အော်ခေါ်နေသော်လည်း သစ္စာရဲ့အရိပ်အယောင်ပင် မတွေ့ရချေ။
“ဒီမှာရောင်နီဦး ဒါသစ္စာရဲ့စျာပနအခမ်းအနားတုန်းက ရိုက်ထားတဲ့ပုံတွေ
ငါfbကနေ saveထားတာ မင်းအမှန်တရားကိုလက်ခံသင့်နေပြီ´´
ပုံတွေကြည့်ပြီးတော့မှ ရောင်နီဦးလည်း အမှန်တရားကို သိပြီး သစ္စာအတွက်အမျှဝေဆုတောင်းကောင်းမှုကုသိုလ်ပြုလုပ်ပေးခဲ့တယ်။ဒါပေမယ့် သစ္စာရဲ့စွဲလမ်းမှုက သူ့ကို ကျွတ်လွတ်ခွင့်မပေးဘဲ ဝိညာဉ်ဘဝနဲ့အိမ်ကလေးမှာပဲရှိနေတယ်။ရောင်နီဦး တစ်ယောက် လည်းနောက်ဆုံးအနေနဲ့အိမ်ကလေးဆီသွားခဲ့တယ်။
“သစ္စာ သစ္စာခုအိမ်ထဲမှာရှိတာ
ကိုယ်သိတယ် ကိုယ့်ကိုနောက်ဆုံးအနေ
နဲ့သစ္စာရဲ့မျက်နှာလေးကို မြင်ခွင့်ပြုပါ´´
ရောင်နီဦးရဲ့စကားသံကို သစ္စာတစ်ယောက် မပြစ်ပယ်ဘဲ ကိုယ်ထင်ပြတယ်။
“ကို သစ္စာကို ဘာလို့အဲ့လောက်ထိချစ်
တာလဲ´´
“နောက်ဆုံးတော့ ကိုယ့်ရဲ့စကားက်ို
လျစ်လျူမရှု့ဘဲ ကိုယ့်ဆီရောက်လာပြီပေါ့´´
ရောင်နီဦး မျက်ရည်ကလေးများကျကာ သစ္စာရဲ့လက်ကလေးကို ဆုပ်ကိုင်ရှာတယ်ဆုပ်ကိုင်၍ မရပေမယ့်အကြ်ိမ်ကြိမ်ကြိုးစားတယ်။အရမ်းကိုသနားစရာကောင်းတဲ့သူတို့ဘဝပေါ့။ရောင်နီဦးလည်း သစ္စာမရှိတဲ့လူ့လောကမှာ အဓိပ္ပာယ်မဲ့စွာရှင်သန်မဲ့အစား ဆွဲကြိုးချသေခဲ့တယ်။လူ့လောကမှာသူတို့လိုမျိုးရင်နာစရာဇာတ်လမ်းလေးတွေများစွာရှိနေတယ်ဆိုတာကို သတိထားမိရင် ဇာတ်လမ်းလေးက တမလွန်မှာသူတိူ့နှစ်ဦးဆုံဆည်းပါစေလို့ဆုတောင်းလိုက်ပါတယ်။ ။
ပြီးပါပြီ
စုသစ္စာ(ဓနုဖြူ)
ဖတ်ရှု့မှုအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။