ရင်၌တည်သော

ရင်၌တည်သော(စ/ဆုံး)

———————

“”အေးကြည်…….ဟေ့ အေးကြည် ခေါ်မကြား
အော်မကြားနဲ့ ဘယ်သွားသေနေတာလဲ””

အေးကြည်မဆိုတဲ့ ကျုပ်……
ရေအုတ်ကန်လေးမှာ ငါးကိုင်နေရင်းကနေ
အဆောင်ရှေ့က ခင်ပွန်းသည် ကျော်မျိုးရဲ့
အာလေးလျှာလေး အသံကြီးကြောင့် ကပျာကယာ
လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး
ဘေးမှာ အဝတ်လျှော်နေတဲ့ မသောင်းခင် ကို
ကိုင်လက်စ ငါးတွေကို ခဏကြည့်လိုက်ဖို့မှာပြီး
အဆောင်ရှေ့ကိုထွက်လာခဲ့လိုက်ပါတယ်

“”ကျော်မျိုးရယ် နင် ဟာကလည်း
မိုးတောင်မလင်းသေးဘူး အရည်သောက်ပြီးမူးနေတာလား….
အလုပ်က မဆင်းရဘူးလား
ဘယ်မှာလဲ မနက်ကထည့်ပေးလိုက်တဲ့
ထမင်းချိုင့်””

“”ထမင်းချိုင့် ဟုတ်လား….. အေ့
ဘာလဲ မနက်က ငါ့ကိုထမင်းချိုင့် ထည့်ပေးလိုက်တယ်ပေါ့ ဟုတ်လား……..
မသိဘူး…….မသိဘူး….
ချက်ကြီး တို့ အရက်ဆိုင်မှာတုန်းက ဖွင့်ပြီး
အမြည်းစားသေးတယ် အေ့….
အဲ့မှာ ကျန်ခဲ့တာ နေမှာပေါ့ အေ့””

“”မနက်က. စံပြစျေးမှတ်တိုင်အထိသွားရမယ်ဆို့လိူ့
နှစ်ထောင်တောင် ပေးလိုက်တာလေ
အခု အလုပ်က မဆင်းရဘူးလား
ပိုတဲ့ပိုက်ဆံတွေကရော…..””

“”တပြားမှ မပိုတဲ့အပြင် ချက်ကြီးတို့ဆိုင်မှာတောင်
အကြွေးတစ်ထောင်တင်ခဲ့သေးတယ်
အလုပ်က. ဘိလပ်မြေကားမလာလို့ နှစ်ရက်ထပ်ပိတ်တယ် တဲ့ အဲဒါကြောင့် ငစန်း တို့နဲ့ အရက်သောက်ဖြစ်သွားတာ ဘာလဲ မကျေနပ်လို့လား
ကောင်မနော်….မကြည်သလို ကြည်သလိုမလုပ်နဲ့
ပါးဖြတ်ရိုက်လိုက်မယ် ဘာမှတ်နေလဲ””

ထုံးစံအတိုင်း အရည်လေးဝင်လာရင် သွေးကဆူနေပြန်သည်။
အဆောင်နေ အခြားအခန်းမှ လူတချို့က မသိမသာ
ကွက်ကြည့် ကွက်ကြည့် ကြည့်နေကြပြန်သည်။
ကြည့်သာကြည့်ကြတာ အေးကြည်မနဲ့ ကျော်မျိုး
လင်မယားဆိုတာနဲ့ အလျှိုလျှို ပြန်ဝင်သွားကြပါသည်
ရပ်မကြည့်ရဲ မစပ်စုရဲကြပေ။
ဘာလို့လဲဆိုတော့ အေးကြည်မက အဆောင် ၏ လိုင်းမှုးဖြစ်သောကြောင့်ပါ။

ရွှေပြည်သာမြို့နယ် ရှိ ရပ်ကွက်တခုမှာ ပေလေးဆယ် ငါးဆယ် အကွက်ပေါ်တွင်အလယ်လျှောက်လမ်းထားပြီး ဟိုဘက် ငါးခန်း ဒီဘက်ငါးခန်း
ကို အဆောင်ခန်းများငှားထားခြင်းဖြစ်ပြီး
အဆောင်ပိုင်ရှင်သည် မြိုထဲမှာ နေထိုင်ကြသူများဖြစ်ပြီး အစစ အရာရာ အေးကြည်မကို
အပ်ထားသည့်အတွက် အဆောင်တခုလုံး
အေးကြည်မဟေ့.:. .ဆိုလျှင် မီးသေကြသည်

အေးကြည်မ တို့က ထိပ်ဆုံး မျက်နှာစာ အခန်းမှာ
နေကြခြင်းဖြစ်ပြီး
ကျော်မျိုး နှင့် အေးကြည်မ တို့မှာ သားသမီး မရှိ
အိမ်ထောင်ပရိဘောဂ သိတ်မရှိ၍ အခန်းမှာ
ကျယ်ဝန်း၍ပင်နေပါသည်
ကျော်မျိုးက ပန်ရံ လက်သမား နှစ်မျိုးလုံးကို
အလျဥ်းသင့်လျှင် သင့်သလို လုပ်တတ်သည်။
တခါတရံ ဆိုဒ်ကြီး တခုခုမှာ အလုပ်ရလျှင်
ပြတ်ရက်မရှိ အလုပ်လုပ်ရပြီး နေ့စားခမှာ တနေ့ တစ်သောင်းခွဲ ရသည်မို့ အေးကြည်မတို့မှာ
ငွေစ ရွှင်သည်။
ဆိုဒ်ကြီးမှာ မဆင်းရပဲ ဆိုဒ်သေး ပုဒ်ပြတ် အလုပ်လေးတွေလောက်သာ လုပ်ရသောလ များတွင်
ငှကျေုခြှတော၍ သုံးရပါသည်။

ကျော်မျိုး ဆိုသည့် အေးကြည်မ ယောကျာ်းသည်
အရပ်အမောင်းကောင်းပြီး
ရင်အုပ်ကျယ်ကျယ်နှင့့်ရုပ်ရည်ချောမောသူဖြစ်သည်။
ပခုံးနှင့် ကျောဘက် တပြင်လုံး tattoo. အပြည့်ထိုးထားပြီး ဂုတ်ဝဲကျော်ကျော်ခန့်ဆံပင်ကို အပြောင်စည်းနှောင်ထားသည့်အတွက် အေးကြည်မ မျက်လုံးထဲမှာတော့ အေးကြည်မ လင် လောက်
ချောမောခန့်ညား သူ မရှိဟုတောင် စိတ်ကြီးဝင်နေမိသည်

အေးကြည်မ ကရန်ကုန်သူ မဟုတ် မော်လမြိုင်သူပါ
အသားအရည်လှပြီး မျက်ခုံးမျက်လုံး အလွန်လှသည်။
အေးကြည်မ မျက်လုံးလေးများသည် ဝိုင်းစက်နေပြီး ကော့ညွုတ်နေသော မျက်တောင်ရှည်ကြီးများက ပို၍ မျက်ဝန်းအလှကို ထင်ပေါ်စေသည်
အေးကြည်မ ရော ကျော်မျိုးရော အသက်အရွယ်အားဖြင့် မတိမ်းမယိမ်း ရှိကြသည်

အခုလာမည့် ကဆုန်လ မှာ အေးကြည်မက အသက်သုံးဆယ်ပြည့်မည်ဖြစ်ပြီး
ကျော်မျိုးကတော့ သီတင်းကျွတ်လမှာ အသက်
နှစ်ဆယ့်ကိုးနှစ်ပြည့် မြောက်မည်ဖြစ်ပါသည်
ကျော်မျိုး မှာ ပဲခူးသားဖြစ်ပြီး မော်လမြိုင်သူ
အေးကြည်မ နှင့် ရန်ကုန်မှာ အမှတ်မထင် လာဆုံတွေ့ကြရင်း အကြောင်းပါခဲ့ရခြင်းဖြစ်ပါသည်
ကျော်မျိုး သည် သူ့အိမ်တွင် သားအငယ်ကောင်ဖြစ်ပြီး မကြာခဏ ရန်ဖြစ် အချုပ်ကျ မူးယစ်ရမ်းကားတတ်သူဖြစ်သဖြင့် မိဘများက ပစ်ပယ်ထားကြပြီး အရေးတယူ မလုပ်ကြပေ။
သူငယ်ချင်းတဦးအိမ်တွင် ကပ်နေပြီး ကျပန်းအလုပ်လုပ်ရသူဖြစ်ပါသည်
အေးကြည်မ က အဖေ မကြိုက်သည့် အလုပ်ကို
လုပ်ရန် ရန်ကုန်တတ်လာသူမို့ လေလွင့်သူ
အချင်းချင်း သံယောဇဥ် ငြိုစွန်းခဲ့ကာ
နောက်ဆုံးမှာတော့ အတူတူ နေဖြစ်သွားကြခြင်းဖြစ်သည်

အေးကြည်မ မှာ ကျော်မျိုးနှင့် မဆုံခင်က အတူနေချစ်သူ ရှိခဲ့သေးသည်။
အေးကြည်မ ရန်ကုန် တတ်လာစက ရွှေအပြည့် ငွေအပြည့် လည်း ဖြစ်ပြန်
သူငယ်ချင်းတယောက်၏ အမ အလှပြင်ဆိုင်တွင်
သင်တန်းတတ်နေသည့်အချိန်မို့ အလွန်တရာ လှချင်တိုင်းလှနေခဲ့သည်။
အလှပြင်သင်တန်း ပြီးတော့ အေးကြည်မ ကိုယ်ပိုင်ဆိုင်လေးဖွင့်ချင်သည်
သို့သော် အရင်းအနှီးက ကြီးလွန်းသည်
ငွေအမောက်ကို မလိုက်နိူင်ပေ။

မော်လမြိုင်မှ ဖခင်ထံ အကျိုးအကြောင်းပြောပြီး
အရင်းအနှီးတောင်းကြည့်တော့
မရသည့်အပြင် အဆဲအဆိုခံရပြန်သည်
နေချင်သလိုနေ ပြန်မလာနဲ့…….ဟု ရာဇသံအပေးခံရပြန်သည်။
အေးကြည်မလည်း သူများဆိုင်မှာသာ လစားလေးနဲ့ ဝင်လုပ်ပြီး အခန်းလေးတခန်းငှားကာ
ရန်ကုန်မြို့ကြီးထဲမှာ ဘဝကို ရပ်တည်ခဲ့သည်

စိုပြေဦး ဆိုသည့် ချစ်သူတယောက်ရလာပြီး
အတူနေထိုင်ကြရာမှ နောက်ဆုံးမှာ အေးကြည်မရဲ့
လက်ဝတ်လက်စားတချို့ပင် ပွန်းပဲ့ကုန်သည်။
စိုပြေဦး က ဘာအလုပ်မှ မလုပ်။
အေးကြည်မ တလုပ်စာကိုသာ မျှော်ကိုးပြီးစားချင်သည်။
နောက်ပိုင်း မကြာခဏ ရန်ဖြစ်ကြရသည်။
အေးကြည်မ. အစပိုင်းမှာ သီးခံခဲ့ပါသည်။
စိုပြေဦး ကလည်း လူချောလေးမို့ တွဲသွားတဲ့အခါတိုင်း အားကျသလို ငေးကြည့်ခံရသည်ကို
အေးကြည်မ နှစ်သက်သည် သာယာသည်
ဘဝတူသူငယ်ချင်းများ၏ ယောကျာ်းများက
အေးကြည်မ လင်ယောကျာ်းလောက်ရုပ်ရည်မရှိ၍
အေးကြည်မမှာ အမြဲတမ်း ဂုဏ်ယူပီတိဖြစ်နေရသည်

အဆင်မပြေမှု့တွေ များလာတော့ အေးကြည်မ
စိုပြေဦး ကို စိတ်ပျက်နေချိန်မှာ အလှပြင်ဆိုင်
မလှမ်းမကမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်
လာရောက်အလုပ်ဆင်းသည့် ကျော်မျိုး ကို
မြင်မိသည့်အချိန်မှ စ ၍ အစွဲလန်းကြီးစွဲလန်းနေခဲ့မိသည်
အသေးအဖွဲ့လေးကအစ စိုပြေဦးကို သီးမခံချင်တော့ပေ။
အဆုံးသတ်မှာတော့ စိုပြေဦးနှင့် ဂွပြဲသည့်အထိ
တင်းမာလာခဲ့သည်။

အေးကြည်မ မှာ နေတဓူဝ ကျော်မျိုးကို
မြင်သာအောင်တမျိုး သိသာအောင်တမျိုး အထာပေးရသည်မှာ ရင်ခုန်ကြည်နူးစရာလို ခံစားနေရသည်
ကျော်မျိုး က အစပိုင်းမှာ အရေးမလုပ်သလို
နေသည့်အပြင် ရွံ့ရှာသလို ဆက်ဆံခဲ့သေးသည်။
ထိုစဥ်က အေးကြည်မ မှာ ဝမ်းနည်းမဆုံးဖြစ်ပြီး
အတော်လေးကို ကြေကြေကွဲကွဲ ခံစားခဲ့ရသေးသည်

မတူမတန်သလို ဆက်ဆံရသည့်အတွက် အေးကြည်မ အဝေးကနေသာ တိတ်တခိုးရင်ခုန်ပြီး
စောင့်ကြည့်နေခဲ့သည်
တညနေ…… အတော်လေးကို မှောင်ရီပျိုးပြီး
လူခြေကျဲပါးနေသည့်အချိန် အေးကြည်မလည်း
အလှပြင်ဆိုင်ကနေ နေထိုင်ရာ အဆောင်သို့
လမ်းလျှောက်ပြန်ရင်း ကွောမြွြုးအလုကလြုပနြတေဲ့
ဆောက်လက်စ တိုက်ကြီးရှေ့ကနေ မူဟန်နွဲ့နွဲ့လေး
ဖြတ်လျှောက်လာခဲ့တယ်။
အဲ့နေ့က အေးကြည်မ ရဲ့ခွေလိပ်လိပ်ဆံပင်တွေကို
ဖားလျားချထားခဲ့တယ်
ပြန်ခါနီးမို့ မျက်နှာကိုလည်းအနည်းငယ်
ကာလာရောင်စုံတင်ထားခဲ့သေးတယ်
သေချာတာက အေးကြည်မ သိတ်လှ နေခဲ့တယ်

“”ရွှတ် ရွှတ် ပြန်တော့မှာလား””

လှည့်ကြည့်လိုက်တော့ ခြံ တံခါး အုတ်ရိုးလေးကိုမှီပြီး ကျော်မျိုးက အေးကြည်မ ကိုလှမ်းခေါ်နေတယ်
အဲ့ အချိန်မှာ အပေါစားဆန်တာတွေ သိက္ခာကျမှာတွေ အေးကြည်မ မစဥ်းစားနိူင်ဘူး
အပျော်လွန်ပြီး လူသူမရှိတဲ့ ဆောက်လက်စ တိုက်ကြီးထဲမှာ ကျော်မျိုးဆန္ဒရော အေးကြည်မဆန္ဒပါ
ပြည့်စေခဲ့မိတယ်
အတော်လေး ညဥ်နက်တဲ့အထိ တိုက်ကြီးထဲမှာ
ဆန္ဒ တွေ အစွမ်းကုန်ရွက်လွှင့်ခဲ့ကြတယ်
အေးကြည်မ ပျော်လိုက်တာ မပြောပါနဲ့။
ကျော်မျိုးဟာ အေးကြည်မရဲ့ မင်းသားလေးတပါးဖြစ်ခဲ့တာမို့ပါ။

ကျော်မျိုး ကို အေးကြည်မ နေထိုင်တဲ့ အခန်းကို
ခေါ်သွားလိုက်တယ်။
အေးကြည်မနဲ့ ကျော်မျိုးညားခဲ့ကြတယ်
ကျော်မျိုးက အလုပ်လုပ်တော့ စိုပြေဦးထက်စာရင်
တော်လွန်းနေတာမို့ အေးကြည်မ မှာ ပိုပြီး
ဂရုတစိုက်နဲ့ ပြုစုပေးမိတယ်
ကျော်မျိုး နဲ့ အေးကြည်မ နဲ့ညားနေပြီဆိုတာ
သိကြတဲ့ ကျော်မျိုးသူငယ်ချင်းတချို့က ကျော်မျိုးအလစ်မှာ အေးကြည်မကို အကဲစမ်းချင်နေကြသေးတယ်
ဘယ်ရမလဲ.:. ….အေးကြည်မတို့က တော့်ရုံရုပ်ရည်မျိုးဆို လှည့်တောင်မကြည့်ဘူး။
ယောကျာ်းပီသပြီး ချောမောလွန်းတဲ့ ကျော်မျိုးကိုတော့ ဘယ်လို့မှ မစွန့်လွှတ်နိူင်အောင်အေးကြည်မ
အချစ်ပိုမိတာဆန်းသလား

အိမ်ထောင်ဦးတုန်းကတော့ ကျော်မျိုးဟာ
အသောက်အစား နည်းပါးခဲ့ပါသေးတယ်
နောက်ပိုင်းမှာတော့ အလုပ်မရှိရင်မရှိသလို
သောက်စား ပြသနာရှာ နဲ့ အေးကြည်မမှာ
မျက်ရည်နဲ့ မျက်ခွက်ဖြစ်ခဲ့ရတယ်
မမြဲချင်လို့ ကွဲမယ် ဆိုရင် ကွဲမှာ ကျိန်းသေနေတဲ့
အိမ်ထောင်ရေးကို အေးကြည်မဘက်က
ချစ်တဲ့စိတ်တခုတည်းနဲ့ သီးခံပြီး ပေါင်းသင်းခဲ့တယ်
ခြေပါ လက်ပါ ရိုက်နှက်တတ်တဲ့အထိ ဖြစ်လာတယ်
မူးလာရင် မျိုးစုံအောင်ဆဲရေးတိုင်းထွာတယ်
အိမ်ရှင်တွေနှင်ချလို့ ပြောင်းခဲ့ရတဲ့နေရာတွေလည်းမနည်းတော့သလို အေးကြည်မလည်း
အလုပ်တွေ ခဏ ခဏ ပြုတ်ခဲ့ရပါပြီ

“”မင်း ကို ဘယ်လိုစိတ်နဲ့ ငါယူခဲ့မိလည်းဆိုတာ
စဥ်းစားလို့ကိုမရဘူး
တခါတလေ ငါ့အပေါင်းအသင်းတွေကြားမှာ အရမ်းရှက်တယ်””. ……..လို့
အမူးလွန်လာရင် ပြောနေတတ်တယ်
အဲလိုအပြောခံရတိုင်း အေးကြည်မမှာ ကျော်မျိုး
ပုဆိုးစကိုဆွဲပြီး ရှစ်မခိုးရုံတမယ်ပဲ
တောင်းပန်နေမိတယ်
အေးကြည်မ မခွဲနိူင်ဘူးလေ
ရေစက်ဆိုးလား……ဆုတောင်းမှားခဲ့ကြတာလား
ဘာကြောင့်ပဲ ဖြစ်ဖြစ် အေးကြည်မကိုပစ်သွားမှာ
အရမ်းကြောက်နေမိတယ်

အေးကြည်မနဲ့ အရမ်းခင်မင်ရတဲ့ အမတယောက်ရဲ့
လိုင်းခန်းလေးကို အေးကြည်မ လိုင်းမှုး လုပ်ပေးတယ်
အလှပြင်ဆိုင်မဖွင်နိူင်ပေမယ့်
အလှပြင် တဲ့ အခါ ဆံပင်လူပ်တဲ့အခါ သုံးရတဲ့
စက် ဆေး လိုအပ်တာတွေ ဝယ်ခြမ်းထားလို့
အေးကြည်မရဲ့ နီးစပ်ရာ ဖောက်သည်တွေကို စျေးအနည်းငယ်လျှော့ပြီး အခန်းမှာ လုပ်ပေးတဲ့အတွက်
ဝင်ငွေ တချို့ကိုအေးကြည်မရှာနိူင်ခဲ့တယ်
အခန်းခ လာယူတဲ့နေ့ကျရင်လည်း
အိမ်ရှင်က မုန့်ဖိုးသုံးသောင်း ပေးခဲ့လို့
အေးကြည်မ မှာ သိတ်ပြီးတော့ ကြပ်ကြပ်တည်းတည်းတော့ မရှိဘူး

ရင်းနှီးပြီးစိတ်ချရသူအချို့ကို နေ့ပြန်တိုးပေးထားတယ်။
ငွေအမောက်ကတော့ မများဘူးပေါ့။
ကျော်မျိုး ကဘယ်လောက်ဆိုးဆိုး အလုပ်ကပြန်ရင် ပိုက်ဆံအကုန်ပြန်အပ်တယ်
အပ်ပြီးခါမှ ပြန်တောင်းသုံးလိုက်ရင် တကယ့်ကို
အချီကြီးတွေ တောင်းတတ်တဲ့သူ
ပြည့်နှက်နေပြီဖြစ်တဲ့ တကိုယ့်လုံးက tattoo တွေကို ကျော်မျိုး အားမရဘူး
ထပ်ကာ ထပ်ကာ ထိုးချင်နေတယ်
တခါထိုးရင် အနည်းဆုံး သုံးသောင်း ငါးသောင်း
တောင်းတတ်တယ်
ငွေကုန်ကြေးကျများလို့ ပြောရင် ကျော်မျိုးပြောနေကျစကားတခွန်းရှိတယ်

“”မင်းက နှမြောတွန့်တိုနေတာလား
မင်းနဲ့ ငါမှာ ငိုစားရယ်စား ခလေးရှိလို့လား
မင်း မွေးပေးနိုင်လို့လား””

အဲ့ဒီ စကားက အေးကြည်မ အတွက်အထိခိုက်ဆုံးစကားပဲ
အဆောင်မှာ အပျိုမ တခုလတ်မ မုဆိုးမတချို့ရှိတယ်
အမှန်တိုင်းပြောရရင် ကိုယ့်လင်ကိုစိတ်မချလို့
အေးကြည်မမှာ အမြဲတမ်း လှနေအောင်နေရတယ်
ကံကောင်းချင်တော့ အဲကောင်မတွေက
အေးကြည်မ မျက်နှာလောက်ကို မလှကြဘူး
ပြောရရင်တော့ရီစရာပေါ့ အေးကြည်မ က
ဖင်လုံးလေးက မို့မို့မောက်မောက်လေး
မကိတ် တကိတ်လေးပေါ့.:. …

မကိတ်တကိတ်ဖြစ်အောင်လည်း အတော်လေး
လေ့ကျင့်ထားရတာ။
ညတိုင်းမအိပ်ခင် လိုင်းပေါ်က လေ့ကျင့်ခန်းတွေကို
ဆေ့ ပြီး ကြိုးစားလုပ်ထားရတာလေ
တခြား မိန်းမတွေထက် လှနေဖို့လိုတယ်
ရင်သားကတော့ သိတ်မရှိတာ အမှန်ပဲ
ဆေးလူးလည်း ခဏပဲ။ ဘယ်လိုမှ စိတ်တိုင်းမကျဘူး
ဒါပေမယ့် ရပါတယ်
အုံကောင်းကောင်း ဖော့ခွက်ကောင်းကောင်း
အတွင်းခံ ဘရာတွေကပေါမှ ပေါ ။
အေးကြည်မ မှာ တနေ့ တနေ့ စိတ်ရောလူပါ
ဘယ်လောက်ပင်ပန်းတယ်မှတ်လဲ.:. :
ကိုယ့်လင် အခြားမိန်းမတွေဆီ
စိတ်ရောက်မှာလဲ စိုးရ
ခလေးမမွေးနိူင်တဲ့ ကိုယ့်ဘဝကို ကိုယ့်ရင်နာရနဲ့
တခါတလေ စိတ်မကောင်းလွန်းလို့ မျက်ရည်ကျမိတဲ့အထိပါပဲ။

အစစ သီးခံပေးထားခဲ့တော့ အခုလည်း
အလုပ်မဆင်းရတာကို ချက်ချင်းပြန်မလာပဲ
အရက်ဆိုင်မှာ သောက်စားမူးယစ်နေခဲ့ပြန်တယ်

“”အေးကြည်မ အေးကြည်မ. “”

“”ဘာလို့ ခေါ်နေတာတုန်းရှင်ကလဲ
အခု မူးနေပြီ မို့လား အိပ်တော့လေ””

“”ငါ့ကို မူးတယ် မူးတယ် မပြောနဲ့ အေ့
ငါကမူးနေတာထက် ရှုးနေတာ၊ ရှုးနေခဲ့လို့
မင်းကိုယူခဲ့တာ အေးကြည်မ. ငါလေ ငါ
ငါ ခလေးလိုချင်တယ် ငါ့ရဲ့သွေးသားစစ်စစ်
ငါ့ခလေးကို ငါလိုချင်တယ်
မင်း ငါ့အပေါ် ကောင်းတာ ငါသိပါတယ်
ငါလည်း မင်းကိုတကယ်ချစ်ခဲ့တာပါ
ဟီး……..ဒါပေမယ့် ငါမပျော်တော့ဘူး
ငါ ခလေး လိုချင်တယ် အေ့ “”

ငိုသံပါကြီးနဲ့ ပြောပြီး ငိုနေတဲ့ ကျော်မျိုးကို
အေးကြည်မ မျက်ရည်တွေနဲ့ ကြည့်နေမိတယ်
ရင်ထဲမကောင်းလိုက်တာ
အေးကြည်မဆိုတဲ့ ကျုပ် ဘာလုပ်ပေးရမလဲ
အေးကြည်မဘဝက သူများအမျိုးသမီးတွေ
မြုံနေလို့ og ပြလို့ရတဲ့သူမဟုတ်။
ညောင်ပင်မှာ သွားပြီးလည်း သားဆု ပန်လို့ မရ။
အေးကြည်မ. ဆိုတဲ့ ကျုပ်က. လောကကြီးကို
ယောကျာ်းဆိုတဲ့ လူသားတဦးအဖြစ်မွေးဖွားလာခဲ့တာလေ။
မောင်အေးကြည် တဖြစ်လဲ အေးကြည်မ ဖြစ်နေခဲ့တာလေ။

ယောကျာ်းတယောက်ရဲ့ဘဝက မြင့်မြတ်တယ်ဆိုတာ အေးကြည်မ သိပါတယ်
ဒါပေမယ့် ဘယ်လိုလုပ်မလဲ……
အေးကြည်မ. ယောကျာ်းတယောက်မဖြစ်ချင်ခဲ့ဘူး
မိန်းမစင်စစ် ဧကန် ဖြစ်ချင်တယ်
လွဲချော်နေတဲ့ ဘဝတခုမှာ ရှင်သန်ရတာ အရမ်းမွန်းကြပ်လွန်းတယ်
သေဆုံးခြင်းရဲ့နောက်မှာ တခါတည်းပြန်လည်ရှင်သန်ခွင့်ရရင် အေးကြည်မ သေဆုံးလိုက်ချင်တယ်

အေးကြည်မ. ဘာတွေမှားနေတာလဲ
ဘယ်ကနေ စပြီးမှားယွင်းလာခဲ့တာလည်း….
ငယ်ရွယ်စဥ်ခလေးဘဝထဲက လိုတာထက်ပိုပြီး
လှချင်မိတယ်
အမျိုးသမီးတယောက်ရဲ့ မူနွဲ့နွဲ့ဟန်ပန် ပြောပုံဆိုပုံ
ဝတ်ပုံစားပုံ အားလုံးကို အေးကြည်မ နှစ်သက်တယ်
ရှင်သန်မူ့အမှားကြောင့် မိသားစုရဲ့ ပြစ်တင်ရှုံချ
ဖယ်ကျဥ်မှု့တွေ ခံခဲ့ရတယ်။
အရွယ်လေးရောက်လာတော့ ဆန်ကျင်ဘက်မိန်းမသားတွေကို စိတ်မဝင်စား။
ပုရိသ ယောကျာ်းသားတွေကိုသာ အေးကြည်မ ရင်ခုန်လာမိတယ်

ဒါတွေအားလုံးက အေးကြည်မဆိုတဲ့ ကျုပ်က
ဖန်တီးလုပ်ဆောင်ခဲ့တာမဟုတ်ဘူး။
သူ့အလိုလို တွေ ဖြစ်လာခဲ့တာ။
ဒါကြောင့် အေးကြည်မ ကျော်မျိုး ကို
သူများဇနီးမယားတွေထက် အလိုပိုလိုက်ခဲ့တယ်
ညှာတာခဲ့တယ် ပေးဆပ်ခဲ့တယ်
ကျော်မျိုး အပေါင်းအသင်းတွေကြားမှာ ဘာတွေသိမ့်ငယ်နေရှာလဲဆိုတာ အေးကြည်မ သိပါတယ်

အေးကြည်မ လေ……..
သိတ်မွေးပေးချင်တာပေါ့
ကျော်မျိုးနဲ့ တူတဲ့ သားလေးတွေ သမီးလေးတွေ
ဘယ်လိုမှ မဖြစ်နိူင်တဲ့ အခြေအနေမှာ
အေးကြည်မ မကြာခဏ မျက်ရည်ကျနေရတာ
ဘယ်သူသိနိုင်မလဲ
အေးကြည်မ. ဒီဘဝကနေ သေဆုံးခဲ့ရင်
ဘဝတခုခု မှာ ကျော်မျိုးနဲ့ ပြန်ဆုံပြီး
စစ်မှန်တဲ့ ပေါက်ဖွားမှု့နဲ့ ရင်၌တည်သော ချစ်ခြင်းရဲ့မျိုးဆက်လေးတွေ မွေးဖွားပေးချင်ပါတယ်

အေးကြည်မ သိနေပါပြီ…..
ခင်ပွန်းသည်ကို ရေရှည်မှာ ဖမ်းဆွဲဆုပ်ကိုင်ထားလို့ မရနိူင်တော့ဘူး ဆိုတာကို………
အမူးလွန်ပြီး အိပ်ပျော်နေရှာပြီဖြစ်တဲ့ ခင်ပွန်းသည်ကို ယူကြုံးမရတဲ့ ခံစားချက်အချို့နဲ့သာ
အေးကြည်မ ငေးကြည့်နေမိပါတော့တယ်

#########

နှစ်အနည်းငယ် ကြာသောအခါ

………………

အေးကြည်မ. ဘဝတခုမှာ အသားကျအောင်နေ နေခဲ့ပါပြီ။
အဆင်ပြေလားဆိုတော့…….
မပြေ ပြေအောင်နေရတာပေါ့
တခါတလေ လွမ်းတဲ့စိတ်လေးနဲ့ အေးကြည်မ
ငိုမိတာပေါ့……
ချစ်ရသူ ပျော်ရွှင်ဖို့ စွန့်လွှတ်ခြင်းဆိုတဲ့
ခေါင်းစဥ်ကို အေးကြည်မ ရွေးချယ်ခဲ့ပါတယ်

Profile. မှာ ခလေးပုံလေးထားပြီး
ပုံအမှန်မတင်ပဲ acc လေးတခုကို အေးကြည်မသုံးနေခဲ့တယ်

ခင်ပွန်းသည် ကျော်မျိုးရဲ့ acc လေးထဲမှာ
Friend အဖြစ် တိတ်တိတ်ကလေးနေနေခဲ့တယ်
ခင်ပွန်းသည် နဲ့ ချစ်စရာကောင်းတဲ့ သားသားမီးမီး
ဇနီး မိသားစုဝင်ပုံလေးတွေ တတ်လာတိုင်း
Love ပေးခဲ့တယ်
အေးကြည်မ ပေးခဲ့တဲ့ love လေးတခုဟာ
တကယ့်ကို ရင်၌ တည်သော ချစ်ခြင်းတရားတခု
ဖြစ်တယ်ဆိုတာ
မေတ္တာတရားရဲ့ အတိမ်အနက်ကို ခံစားဘူးသူတိုင်း
သိကြမှာပါ။
ယနေ့အချိန်ထိလည်း.::. ……

အေးကြည်မ ဟာ အေးကြည်မ ပါပဲ

##################

မေတ္တာတရားတွေ နေရာမလွဲပဲ ဘဝတခု
တည်ဆောက်နိူင်ကြပါစေ

အားလုံး စိတ်ချမ်းသာလို့ ကိုယ့်ကျန်းမာပါစေ

#ယွန်းနှင်းဆီခိုင်