ရေစက်ဆိုး(စ/ဆုံး)
—————–
“ကြောက်ပါပြီ အမေ သားနောက်မလုပ်တော့ပါဘူး´´
မနက်လင်းကတဲ့က ငစိုးတို့သားအမိတေးသံသာလေးကတော့ကြားနေကြမို့ မထူးဆန်းတော့တော့ပါဘူး
“ပြောပေါင်းများနေပြီ ဝယ်မစားနိူင်တာလည်းမဟုတ်ဘူး သူများအသက်ကို ကိုယ်တိုင်သတ်ပြီးစားနေတာ တော်တော်ငတ်သလား
ပြောစမ်း´´
ဒေါ်အေးမိ စိတ်တိုမိတယ် ပြောပေါင်းလည်းများနေပြီ ရိုက်တုံးခနပဲကြောက်တာ နောက်တော့ပြန် ပြန်လုပ်တာပဲ ဘယ်လိုစရိုက်ဆိုးမှန်းကိုမသိဘူး
ရိုက်လို့အားရမှဒေါ်အေးမိ ငစိုးနားကထွက်လာခဲ့တယ် ရိုက်တဲ့သူသာ လက်ညောင်းသေမယ် ငစိုးဆိုတဲ့ကောင်က အကြောမာပ
အမေလုပ်သူထွက်သွားတော့မှ မြေပေါ်ကျနေတဲ့ဌက်အသေလေးကိုယူပြီးလယ်ကွင်းဘက်ထွက်လာခဲ့တယ်
“ဘကြီးတောရေ ဘကြီးတော´´
“ဝေ့ ကောင်လေး ဘာဖြစ်လာပြန်ပြီလည်းအမေနဲ့´´
“ကျုပ်ကိုအမေရိုက်တယ် ´´
“အမေ မကြိုက်တာမလုပ်ပါနဲ့လားကွာ´´
ငစိုးဘာမှမပြောပဲ ယူလာတဲ့ဌက်အသေကိုအမွှေးနုတ် စနွမ်းမှုန့် အချို့မှုန့် ဆားနဲ့နယ်ပြီးဘကြီးတောမီးဖိုမှာကင်ပြီး“ဘကြီးတောရေ ကျုပ်ထမင်းစားအုန်းမယ်´´
ထမင်းကိုခူး ကင်ထားတဲ့ဌက်ကင်နဲ့ထမင်းကိုအားရပါးရစားနေတဲ့ငစိုးကိုကြည့်ရင်း သက်ပြင်းလေးချနေမိတော့တယ်ဘကြီးတောတယောက်
ငစိုးကဘကြီးတောရဲ့တူလေး
အကိုကြီးရဲ့သားလေးပေါ့
ဖအေခြေရာကိုတထပ်ထဲ့အမွေရတဲ့ ကလေးပေါ့
မိဘတွေကအကုသိုလ်အလုပ်လုပ်ရင်
အရမ်းမုန်းတာ ဒီကြားထဲ့တမိပေါက် တယောက်ထွန်းလို့ပြောရအောင်လည်း ကောင်းတဲ့သူမဟုတ် စုန်းပြူး ငစိုးဖအေက
အကောင်ပလောင်သတ်ဖြတ်ရတာ ဝါသနာ
အရမ်းကြီး သူများအသားလေးနဲ့မှထမင်းစားဝင်တာ ငစိုးဖအေသာဒင်က နောက်ဆုံးတော့လည်း အဲ့သူဝါသနာပါတဲ့အကောင်တွေလက်ချက်နဲ့ဆုံးခဲ့ရတာ ကြာပေါ့
ခုသူ့သားကလည်းသူဖအေလိုပါပဲ
ငယ်စဉ်ကတဲ့က ရွာထဲ့တောထဲ့ လေးဂွတလက်နဲ့ဌက်တွေပစ် ခွေးတွေပစ် ကြာတော့ရွာထဲ့ကခွေးတွေသူလာရင်ဝေးဝေးထွက်ပြေးရတော့ရတယ်
တောထဲ့သွား တွေ့သမျှအကောင်ပစ် တခါကလည်းသစ်ခေါင်းထဲ့မှာအကောင်ခွေနေတာတွေ့တော့ ဘာကောင်မှန်းမသိအတင်းအခေါင်းထဲ့ကိုလက်နှိက်ပြီးယူလိုက်တာ လင်းမြွေကြီးဖြစ်နေတာ
အဲ့လင်းမြွေလည်းအလွတ်မပေးဘူး
အမြီးကနေ ခါဆန့်လိုက်တော့တာ
သေသွားတဲ့မြွေကို တုံးတစ်ပြီး ကြက်သွန်ဖြူ ဂျင်း နှိုင်းခြင်းနဲ့ကိုယ်တိုင်ချက်စားနေလိုက်တာမြင်ရတာ စိတ်မချမ်းမြေ့လိုက်တာ ဘကြီးတောတယောက်
တဦးတည်းတူလေးမို့ အချစ်ပိုပင်မဲ့
မကောင်းတာကို ပြောပြလည်း
နားမဝင် ပြန်မပြော နားမထောင်
လူဆိုတာသူဗီဇနဲ့သူလာတာဆို ဟုတ်မှာ
ဘကြီးတောက ကုသိုလ်သမား
ဥပုသ်စောင့် တရားအားထုတ် သက်သက်လွှတ်စား အဆင်မပြေဘူးငစိုးနဲ့
အချိန်တွေပြောင်းလာလည်း မပြောင်းလဲဒါကတော့ငစိုးပေါ့ အကုသိုလ်အလုပ်တွေလုပ်နေတုံး ခုထိ ပြောပါများတော့ ငစိုးတယောက်
ဘကြီးတောဆီမလာတော့ပါဘူး သူမလာပင်မဲ့သူသတင်းတွေကတော့ ကြားနေရမြဲပါ
“ငစိုးတယောက် ဟိုတနေ့ကများကွာ ဌက်ပစ်တာ မရတော့ သူအိမ်ကကြက်ကလေးကို လေးဂွနဲ့ပစ်ပြီး ချက်စားလို့ သူမအေနဲ့စကားများကြသေးတယ်
“ဟုတ်လာ ဒီကောင်ကတော့မရတော့ပါဘူး
မအေကဝယ်ကျွေးနိူင်တာကို သူကိုယ်တိုင်သတ်စားရမှာပိုချိုတာတဲ့´´
“ကြောက်စရာကြီးပါ ခုဘဝတော့လုပ်ထားပေါ့
နောင်ဘဝကြတော့ ကောင်းကောင်းခံရမှာ´´
ရွာထဲ့ကလူများစကားကိုကြားတော့“ဟွန့်
သူတို့ကြတော့ အသားမစားတာကြနေတာပဲ အရမ်းရီ ရတယ် လူတွေများ´´
“ဲသူတို့ကအသေသားပဲစားကြတယ်ဟဲ့ နင့်လိုအစားတလုပ်နဲ့ သူများအသက်ကိုရန်ရှာနေတာမဟုတ်ဘူး´´
“အမေကလည်းဗျာ တိရစ္ဆာန်ဆိုတာ လူချွတ်မှကျွတ်တာဗျာ ´´ငစိုးစကားမဆုံသေးဘူး မအေလုပ်သူ တွေ့ရာနဲ့ကောက်ပေါက်လို့ ပြေးခဲ့ရတော့တယ်ငစိုးတယောက်
ဒီနေ့ရွာစပ်နားအထိ ငစိုးရောက်တာတောင် ဘာ
အကောင်ပလောင်မှမရသေး ရှေ့ဆက်လာရင်း
လာရင်းနဲ့တောထဲ့ရောက်မှန်းမသိရောက်လာမိတော့တယ်
ဂွကအဆင့်သင့်ကိုင်ထား ခြေသံလုံလုံနဲ့ညောင်ပင်ကြီးနားကပ်လာနေမိတယ်ငစိုးတယောက်
ဌက်တွေဆူညံသံများကြောင့် ငစိုးရင်ထဲ့ပျော်သွားမိတယ် ဟင်းစားတော့ ရပြီ
အပင်ပေါ်လှမ်းကြည့်လိုက်တော့ ဌက်တွေကပျံဝဲနေကြတယ် သူတို့ရဲ့ရန်သူငစိုးရောက်နေမှန်းသိကြသလို အော်ဟစ်သတိပေးသလို
ငစိုးကိုရန်လုပ်ရန်အသင့်ပြင်နေကြသလိုပါပဲ
ဂရုမစိုက်ပါဘူး ငစိုးတယောက်
တခြားအကောင်ထက် ဌက်ကိုငစိုးကပိုခုံမင်မိတယ် ဒါကြောင့် ဌက်ကိုပဲအဓိကပြစ်မှတ်ထားတာပေါ့
ညောင်ပင်အပေါ်ကိုမော့ကြည့် မြင်ကွင်းရှင်းတဲ့အကောင်ကို သေချာချိန် လေးဂွနဲ့ပစ်လိုက်တယ်
“ဖလန့် ဖလန့်´´အတောင်ပျံကိုထိသွားပြီး အပင်အောက်မကျပဲ သစ်ပင်ကြားညှပ်နေပါတော့တယ်
“ဟာကွာ´´ အဆူဖြိုးဆုံးဌက်ကို သေချာရွေးပစ်ပါတယ်ဆိုမှ
ငစိုးလေးဂွနဲ့အောက်ပြုတ်ကျအောင် ပစ်လည်းမရ တခြားအကောင်တွေကလည်း
ငစိုးလေးဂွသံကြားတော့ လန့်ပြီးအဝေးကိုပျံသန်းသွားကြတော့တယ်
နေဝင်ချိန်ကရောက်တော့မယ် ငစိုးနေဝင်တဲ့အထိတောထဲ့မနေလို ပြန်ရန်စိတ်ကူးမိတယ်
ပစ်ထားတဲ့ဌက်ကိုလည်း သံယောဇဉ်မပြတ်
.“ဟူး´´နောက်ဆုံးတော့အရသာလောဘကငစိုးကိုနောက်ဆုံးအနိူင်ယူသွားလေတော့တယ် အပင်ပေါ်တတ်ဘို့ဆုံးဖြတ်လိုက်တယ်
အပင်ကကြီး ပင်စည်ကကြီးမို့
တတ်ရတာအဆင်မပြေ ဇွဲမလျော့ပဲဖက်တွယ်တတ်လာခဲ့တော့တယ်
“ဖလန့် ဖလန့်´´ငစိုးသစ်ပင်ပေါ်တတ်ပြီး ဌက်ညှပ်နေတဲ့နေရာနား ရောက်ခါနီးလေ ဌက်ကလေးကသေဘေးကိုကြောက်လို့ရှုန်းလေ
ငစိုးအတွက်ကတော့ ဌက်ကလေးကရှုန်းသံက သူ့ကိုတွန်းအားပေးသလိုခံစားရပြီး ကြိုးစားတတ်လာတော့တယ်
ရောက်ပါပြီ ငစိုးတယောက် သစ်ပင်ကြားညှပ်နေတဲ့ဌက်ကလေးကို လှမ်းဆွဲလိုက်တယ်
.“အား ´´ဌက်ကလေးရဲ့အလန့်တကြား ကြောက်ကန် ကန်ထိုးဆိတ်ဒါကြောင့် ငစိုးလက်ခုံသွေးထွက်လာပါတော့တယ်
“ငါ….ဌက်စုတ် ဒီနေ့တော့ကင်စားပစ်ပြီသာ မှတ်´´´
ငစိုးရအောင် လက်လှမ်းသော်လည်း
ဌက်ကလေးကရှုန်းကန် လက်တဘက်က ပင်စည်ဖက်ထားရသေးတာမို့ ထင်သလောက်
မလွယ်
ငစိုး မရလေ ဒေါကန်လေ
ဌက်ကလေးကလည်း သေဘေးနဲ့နီးလေ ပိုမိုရှုန်းကန်လေပါပဲ
ငစိုးတယောက် ပင်စည်ကိုခြေထောက်နှစ်ဘက်နဲ့သေချာချိတ် လက်နဲ့ဌက်ကိုလှမ်းအဆွဲ
ဌက်ကလေးက ကြာတော့မောပန်းလာတော့
မရှုန်းနိူင်ပဲ ငစိုးရဲ့လက်ထဲ့မီလုလုဖြစ်နေတော့တယ်
ငစိုးဌက်ကလေးကို လှမ်းဆွဲတာတောင် မရပဲ သစ်ကိုင်းကြားညှပ်နေတုံးကြာတော့ ငစိုးစိတ်မရှည်ချင်
ဌက်ကလေးလည်းမရှုန်းနိူင်ပဲ ကြောက်ရွံတဲ့အကြည့်တွေနဲ့ကြည့်နေမိတယ်ငစိုးကို
ငစိုးကတော့ လောဘဇောတိုက်နေတော့.သနားရကောင်းမှန်းမသိ
ကြိုးစားပြီးဆွဲယူလည်းမရ ကြာတော့လက်တောင်အန်သေလာပြီ ဒီလောက်တောင်ဒုက္ခပေးတဲ့ဌက်
“ကဲ့ကြာ´´
ဘောင်းဘီအိတ်ထဲ့မှာဓားပါလာတာသတိရမိပြီး
ဓားနဲ့ဌက်ကလေးရဲ့အတောင်ပံကိုလှမ်းခုတ်လိုက်တော့တယ်
အတောင်ပံကိုခုတ်မိသွားတဲ့ဌက်ကလေးက
သွေးရှုးသွေးတန်းနဲ့ထပြန်လေတော့မှ
သစ်ကိုင်းကြားကလွတ်မြောက်သွားပါတော့တယ်
.ဒါပင်မဲ့ အတောင်ပံတဘက်အခုတ်ခံရတဲ့ဌက်ကလေးက မပျံနိူင်ပဲ အောက်တို့ကျသွားပါလေတော့တယ်
ငစိုးလည်းဌက်ကလေးပြုတ်ကျတာမြင်တော့
ဝမ်းသာအားရအပင်ပေါ်ကနေဆင်းလာခဲ့့တယ်
ငစိုးမြေပြင်အောက်ရောက်တော့ ဌက်ကလေးကဆန့်ငင် ဆန့်ငင်နဲ့ အသက်ငင်နေပါတော့တယ် “ဒီလောက်တောင် ဒုက္ခပေးတဲ့ဌက်´´ကောက်ယူပြီး ဌက်တောင်ပံတွေကိုဓားနဲ့လှီး
ဖြတ်နေပါတော့တယ်
ရာသီတွေ အလီလီပြောင်းလို့
ငစိုးတယောက် အိမ်ထောင်ရက်သားကျလို့
ဘဝကိုသာယာစွာဖြတ်သန်းနေပါတော့တယ်
“ကိုစိုးနော် မြပြောထားတယ်နော် အကောင်တွေသတ်ဖြတ်တာမလုပ်ရဘူးနော်´´
“စိတ်ချပါ မိန်းမရယ် မင်းမကြိုက်တာကိုဘာမှ
မလုပ်ပါဘူး အိမ်မှာသာအေးဆေးနေ´´
ဒေါ်အေးမိ သားဖြစ်သူငစိုးနဲ့ချွေးမပြောသံတွေကြားရတော့ ပြုံးနေမိတယ် အလိမ္မာချွေးမလေးရထားလို့ ပျော်နေမိတယ်
သမီးလေးကြောင့်သားငစိုးလည်း မကောင်းမှုတွေမလုပ်ခဲ့တာကြာခဲ့ပါပြီ ခုဆိုသူတို့မိသားစုလေးက အေးချမ်းသာယာတဲ့မိသားစုကလေးဖြစ်နေခဲ့ပါပြီ
“အမေ အမေ ကျူပ်မိန်းမ ကိုယ်ဝန်လွယ်ထား
ရပြီ´´
“ဟေ ဟုတ်လို့လားဟယ်´´
.“ဟုတ်ပါတယ်ဆိုအမေရ ရွာထဲ့ကဆေးခန်းကဆရာမလေးပြောလိုက်တာ´´
အော် တော်ပါသေးရဲ့ ယူလာတာလေးငါးနှစ်တောင်ရှိခဲ့ပြီ ကလေးကမရ မရလေကလေးပိုလိုချင်ပဲသားငစိုးက
ငစိုးရဲ့ပျော်နေပုံလေးကြည့်ရင်း ပီတီဝေနေတာကတော့ အမေဒေါ်အေးမိပေါ့
အေးချမ်းသာယာတဲ့ဒေါ်အေးမိ ဘဝလေးထဲ့ကမြေးလေးထပ်မံရောက်လာတော့မယ်ကြားတော့ပျော်နေမိတော့တယ်
“မိန်းမရေ ဆေးကိုအမြဲသောက်နော် မမေ့နဲ့´´
.“စိတ်ချပါ ဆေးခန်းကဆရာမလေးပေးတဲ့ဆေးတွေ အချိန်မှန်သောက်ပါတယ်´´
“မွေးမဲ့ရက်ကနီးလာပြီတဲ့ဆရာမလေးက ပစ္စည်းတွေအစုံရှိတယ် ဘာမှအားငယ်စရာ
ကြောက်စရာမလိုဘူးတဲ့ အိပ်ရေးဝဝအိပ်
လမ်းများများလျှောက်တဲ့´´
ဒေါ်အေးမိ ဆေးခန်းကပြန်လာပြီး ပြောနေကြတဲ့ငစိုးတို့လင်မယားကိုလှမ်းကြည့်ရင်း ပြုံးနေမိတော့တယ် ငစိုးတယောက်ဖအေနေရာရောက်တော့မှာပါလား
မယ်မြဗိုက်နာလို့ အစောကြီးကထဲ့က ဆရာမလေးကိုပြေးခေါ်ကလေးကထွား တဦးလည်းတဦးမို့ မွေးရခက်နေပါတော့တယ်
မိန်းမလုပ်သူရဲ့အော်သံနားထောင်ပြီး ပူပန်သောကရောက်နေရသူကငစိုးပါ
“ဆရာမလေး မမွေးသေးဘူးလား အဆင်မပြေရင် မြို့တတ်ကြရအောင်´´
“တဦးလည်းတဦး ကလေးကလည်းထွားလို့ပါ
မိခင်က ကျန်းမာရေးကောင်းတယ် စိတ်ချ
မစိုးရိမ်ရပါဘူး တခြားသူတွေဆိုသုံးလေးရက်လောက်နာတတ်ကြပါတယ် တယောက်နဲ့တယောက်မတူကြဘူးလေ´´
ဆရာမလေးရဲ့အခန်းထဲ့က စကားကြားလည်းစိတ်ကပူမိသေး မိန်းမတခုခုဖြစ်မှာအရမ်းဆိုးနေမိတယ် အဲ့လောက်ခက်ရင်မမွေးခိုင်းပါဘူး
မျောက်မီးခဲကိုင်ထားသလို ငစိုးထိုင်လိုိ့မရ ထလို့မရ ဖြစ်နေတာမြင်ပြီး
.“ဟဲ့ ငစိုး ထိုင်ရင်လည်းထိုင်
ထရင်လည်းထ မျက်စိနှောက်တယ်´´
ငစိုးမအေလုပ်သူစကားကြောင့် ထိုင်လိုက်ရပင်မဲ့
စိတ်ကမအေး မိန်းမလုပ်သူကနာလိုအော်လေ
ိစိတ်ကပူလေ
“အူဝဲ အူဝဲ မွေးပြီယောကျာ်းလေးရှင့် ယောကျာ်းလေး ´´
ဆရာမလေးအော်သံကြောင့် ငစိုးဝမ်းသာသွားတော့တယ်“အမေ ယောကျာ်းလေးတဲ့ အမေရ´´
“ကြားပါတယ်ဟ ငါ´´အမေပြောနေရင်းအခန်းထဲ့တို့ဝင်သွားပါလေတော့တယ်
အမေဝင်သွားပြီးမှစကားသံတွေတီးတိုးပြောနေသံကြားနေရပါတော့တယ်
“အမေ. အမေ မယ်မြဘာဖြစ်လို့လည်း´´
မီးနေခန်းကထွက်လာတဲ့အမေမျက်နှာအုံ့မှိုင်းနေပါတော့တယ်
အမေသူလက်ကိုဆွဲသွားပြီး အိမ်နဲ့ဝေးရာနေရာခေါ်သွားပြီး“အဲ့ဒါနင့်ကြောင့် နင့်ကြောင့်´´အမေပြောရင်း သူကျောကိုရိုက်ပါတော့တယ်
“ဘာဖြစ်လို့လည်းအမေ. ကျွန်တော်မိန်းမဘာဖြစ်လို့လည်း´´အမေတယောက်ဘယ်လောက်မေးမေး မဖြေနိူင်ပဲ ရှိုက်ခါငိုနေပါတော့တယ်
“မယ်မြ. မယ်မြရေ မိန်းမ´´ငစိုးတယောက်မိန်းမအတွက်စိတ်ပူပြီး မယ်မြရှိရာ ပြေးလာမိပါတော့တယ်
“ရှုး တိုးတိုး ကိုငစိုး မမြပင်ပန်းလို့မှေးနေတယ်´´
“ဟူး တော်ပါသေးရဲ့´´
“ဆရာမ ကျွန်တော်သားလေးကြည့်လိုရမလား´´
ဆရာမကပြန်မဖြေပဲ ကျွန်တော်မျက်နှာကိုငေးကြည့်နေလေတော့တယ်
“ဆရာမ ဆရာမ´´
“အော် ကလေးနဲ့မိခင်ပင်ပန်းလို့အိပ်နေကြပြီ
နောက်ရက်မှကြည့်ပါ´´
“ဗျာ´´
ဆရာမကလိုအပ်တာ လုပ်ပေးပြီး မှာစရာရှိတာ
အမေကိုမှာခဲ့ပြီး အိမ်တို့ပြန်သွားပါလေရော
ငစိုးတယောက်ဆရာမ မျက်နှာကြည့်ရတာ
စိတ်ထဲ့ဘဝင်မကျ အမေကတမျိုး
မ်ိန်းမနဲ့ကလေးရှိရာ အိမ်ခန်းထဲ့ဝင်မယ်လုပ်ရော
.“ဟဲ့ ဟဲ့ မီးနေခန်းထဲ့ယောကျာ်းလေးမဝင်ရဘူးလေ´´
“မဟုတ်တာ အမေကလည်း ကျုပ်ကမယ်မြယောကျာ်းပါ ကျုပ်မှမဝင်ရင်ဘယ်သူဝင်မှာလည်း မဟုတ်တဲ့အယူအဆကို ကျုပ် လက်မခံဘူး´´
အမေနဲ့ငစိုးအချေအတင်ပြောနေကြတုံး
အိမ်ခန်းထဲ့က ရှိုက်သံသဲ့သဲ့ကိုကြားလိုက်ရတော့
ငစိုးတယောက် အတင်းဝင်ရောက်သွားပါတော့တယ်
“မိန်းမ ဘာဖြစ်လို့လည်း နေရတာ မကောင်းဘူးလား ဆရာမလေးပြန်ခေါ်ပေးမယ်လေ´´
မယ်မြပြန်မဖြေပဲ ငိုရှိုက်နေလျက်
“သမီးမယ်မြ မငိုရဘူးသမီးရဲ့ ခေါင်းကိုက်လိမ့့်မယ် ကံ ကံရဲ့အကျိုးပေါ့ငါ့သမီးရယ်´´
“ကျွန်မ မကျေနပ်နိူင်ဘူးအမေ သားလေးကိုရဘို့အောင် ဘယ်လောက်တောင်စောင့်ခဲ့ရလည်း
ခုတော့ ခုတော့´´
ဘာတွေလည်း ဘာတွေပြောနေကြတာလည်း
ငစိုးစ်ိတ်မရှည်တော့ဘူး
မိန်းမအနားကိုသွား မိန်းမမျက်နှာကိုသေချာကြည့် မိန်းမငိုနေတာကလွဲရင်ကျန်းမာတဲ့ပုံမို့ စိတ်အေးပြီ
သားလေးကိုအကြည့်
“ငါ့သားကြီးက အသားလေးကိုဖွေးနေတာပဲ
ကြီးလာရင်ကြိုက်မဲ့သူဝိုင်းဝိုင်းလည်နေမှာ
လာစမ်းပါအုန်းကွာ အဖေဆီ´´
အနှီးထုပ်လေးနဲ့အိပ်ပျော်နေတဲ့သားလေးကိုကောက်အချီ“အူဝဲ အူဝဲ´´စူးစူးဝါးဝါးအော်ငိုပါတော့တယ်
“ဟင် ဘာဖြစ်တာလည်း အိပ်နေလို့ချီလိုက်တာကို´´
“ပေး ပေး ကလေးကို´´မယ်မြလှမ်းယူတော့သားလေးကအငိုတိတ်သွားပါတော့တယ်
“ကြည့်စမ်း သားလေးကတော့ကွာ ဖေကြီးကချစ်လို့ချီတာကို´´
အနောက်ကနေရပ်ကြည့်နေတဲ့အမေက“သူတို့သားအမိတတွေ နားပါစေ´´
အမေစကားကိုဘဝင်မကျပင်မဲ့ ဘာမှပြန်မပြောခဲ့ပါဘူး
မိန်းမမွေးပြီးလို့လေးငါးရက်ရှိတာတောင် ငစိုးမှာသားလေးကိုချီခွင့်မရသေး
အမေနဲ့မိန်းမကလည်း ဝင်ခွင့်မပေး
မီးနေသည်မို့ စိတ်မကောင်းမဖြစ်စေချင်လို့
မပြောပဲနေလိုက်တယ်
ဒီနေ့မိန်းမ မီးထွက်မှာမို့စျေးကိုလိုအပ်တာလေးသွားဝယ်တော့ လူတွေကသူကိုမမြင်ဘူးသလို ကြည့်နေကြတယ် ဘာလည်းဒီလူတွေက
သူလိုအပ်တာဝယ်ပြီး စျေးအပြန်“ကြားပြီးပြီလာ ငစိုးသားလေးလေ မွေးလာတာ………..´´
ကြားလိုက်ရတဲ့စကားကြောင့် ပြောနေသူကိုဆွဲထိုးလိုက်တော့တယ်“ငါ့သား
ငယ်ငယ်လေးကို မဟုတ်တာပြောအုန်း နောက်တခါဒီထက်ဆိုးမယ်´´
“ကိုဖေတင် ဘာဖြစ်သွားသေးတယ်´´
.“ကျုပ်ယောကျာ်းကိုတော်ကဘာလို့ ထိုးရတာလည်း´´
“ငါ့သားလေးကိုမဟုတ်တာပြောလို့လေ.´´
“ဒီမယ်ကိုငစိုး ကျုပ်ယောကျာ်းကမဟုတ်တာမပြောဘူး ´´
“ဘာ´´
လူတွေကသူကိုဝိုင်းကြည့်နေတာမို့
“တောက်´´စိတ်တိုတိုနဲ့ထွက်လာမိတော့တယ်
ဘာတွေလည်း လူတွေက
ငါ့ကိုပဲကြည့်နေတယ်
ငစိုးအိမ်ကိုအပြေးလာရင်း
“အမေ အမေ မိန်းမ မိန်းမ´´
အိမ်ခန်းအပြင်ဘက်မှာသားလေးကိုရေချိုးပေးနေတဲ့အမေနဲ့မိန်းမသူကိုမြင်လိုက်တာနဲ့မျက်နှာတွေကပျက်နေရော
“သားနေအုန်း ကလေးရေချိုးနေတုံးလေ´´အမေကအတင်းတားတာကို အတားမခံပဲ မိန်းမကိုယ်နဲ့ကွယ်ထားတဲ့သားလေးကိုလှမ်းအကြည့်
“ဟင် ဘုရား ဘုရား´´မျက်စိတခုလုံးမှောင်မိုက်သွားပါတော့တယ်
“အမေ အမေ ကျုပ်သားကိုကြည့်ပါအုန်းဗျာ
ကြည့်ပါအုန်းအမေရ´´
“အစကတဲ့ကဘာလို့မပြောကြတာလည်း ကျုပ်ကို´´
ငစိုးတယောက်သားကိုမြင်ရတော့ ဆောက်တည်ရာမရဖြစ်နေပါတော့တယ် သားရဲ့ဖြစ်အင်ကိုမြင်ရတော့ ဝမ်းနည်း ဒေါသဖြစ်မှုတွေကြောင့်
အခန်းထဲ့ကပစ္စည်းများကိုရိုက်ခွဲနေပါတော့တယ်
.“သားငစိုး တော်ပါတော့ကွယ်´´
“အကို မြတောင်းပန်ပါတယ် သားလေးလန့်နေတော့မယ်´´
အမေနဲ့မိန်းမရဲ့ငိုသံများကလည်း ကျုပ်ရဲ့အသိကိုမထိန်းပေးနိူင်ပါဘူး ဘာလုပ်ရမှာလည်း
“သားငစိုး တော်လောက်ပါပြီကွယ်´´
“ဟင် ဘကြီးတော´´
“အေး ဘကြီးပါလူကလေးရဲ့ စိတ်ကိုလျော့´´
“ကျုပ်ဘယ်လိုဖြေရမှာလည်း ဘကြီးရယ်
ကျုပ်သားလေးကိုကြည့်ပါအုန်း´´
“ဘကြီးကြားပြီးပါပြီ´´
“ဟင် တရွာလုံးအကုန်သိပြီး ကျုပ်တယောက်ထဲ့မသိတာပါလား´´
“မင်းမအေနဲ့မင်းမိန်းမကိုအပြစ်မတင်ပါနဲ့့သူတို့ကမင်းစိတ်ဆင်းရဲရမှာစိုးလို့ မပြောကြတာ´´
“ဘကြီးတော ဘကြီးပြောပြပါအုန်း ကျုပ်ဘာလုပ်ရမှာလည်း ´´
“အရင်အရင်ဘဝက မကောင်းတဲ့အကုသိုလ်တွေကြောင့် ယခုဘဝမှာဒီလိုတွေ့ကြုံခံစားနေကြရတာပါ ကံ ကံရဲ့အကျိုးတွေပေါ့´´
“ကောင်းသာလုပ်ရင် ကောင်းတဲ့အကျိုးကိုခံစားရမယ် မကောင်းတာလုပ်ရင်
မကောင်းတဲ့အကျိုးခံစားရမှာပါ´´
ဘကြီးတောပြောနေတာနားထောင်ရင်း အရင်က
သူသတ်ဖြတ်စားသောက်ခဲ့တဲ့ဌက်ကလေးတွေ တိရစ္ဆာန်တွေမြင်ယောင်မိပါတော့တယ်
သားလေးနဲ့သူကဘယ်လိုရေစက်ဆိုးလည်းမသိပါဘူး သားလေးကိုချီလိုက်တိုင်း ခါးခါးသီးသီးကိုငိုတော့တာ
အော် ဘဝကလည်း သားရယ်လို့မှမချီနိူင်တဲ့ဘဝ
တွေးပြီး မျက်ရည်ကျရတာကအခါခါ
အချီမခံတဲ့အပြင်သူမြင်ရင်ငိုပါလေရော
သူမှာသားလေးကို အဝေးကခိုးကြည့်နေရတဲ့ဘဝ
သားလေးနှစ်နှစ်ကျော်ရောက်တဲ့အထိ အကပ်မခံ သားလေးရဲ့စကားပြောသံလေး ကြားနေရတာနဲ့ပီတီဖြစ်နေရတာ
အရွယ်ရောက်လာလေလေ ပိုချစ်စရာကောင်းလေပါပဲ “ဘုတ်´´သူအနားကိုဘော်လုံးလေးလိမ့့်လာလို့လက်ကလေးနဲ့ကောက်အပေး သားကသူကိုမြင်တာနဲ့ ငိုပြီးပြေးသွားပါတော့တယ်
“သား ဘာဖြစ်တာလည်း´´
.“ကြောက်တယ်အမေ သားကြောက်တယ်
ဟိုလူကြီးကို´´
“သားကလည်း အဲ့ဒါ သားအဖေလေ´´
မယ်မြဘယ်လောက်ပြောပြော သူမအေရဲ့နောက်ကနေထွက်မလာတော့ဘူး သားကဒီလိုဆက်ဆံတော့ ကြာတော့ခံပြင်းဒေါသထွက်လာပါတော့တယ်ငစိုးတယောက်
“လာစမ်း ဘာလည်းမင်းက ငါကမင်းဖအေကွ´´
မယ်မြနောက်မှပုန်းနေတဲ့သားကိုဒေါသနဲ့အတင်းဆွဲခေါ်မိတယ်.“လွှတ် လွှတ် ခင်ဗျား ကသားအဖေမဟုတ်ဘူး´´
.“ဘာ´´သားရဲ့စကားကြောင့်ငစိုးဒေါသအရှိန်ပိုမြင့်လာပြီး သားကိုဆောင့်တွန်းလိုက်မိတယ်
.
“အား အမေကြောက်တယ် သားကြောက်တယ်´´
“အကိုသားလေးကြောက်နေပါပြီ တော်ပါတော့´´
“မင်းနဲ့အမေအလိုလိုက်ထားလို့ ကလေးကငါ့ကိုမခင်တာ ငါ့ကိုအနားကပ်မခံတာ´´
မယ်မြကမြေကြီးမှာလဲနေတဲ့သားလေးကို
လက်ညှိုးထိုးပြရင်း “ရှင်က ရှင့်ကိုဘာမှပြန်မလုပ်နိူင်တဲ့ကလေးကို အနိူင်ကျင့်မလို့လား
ရှင်ကဖအေမဟုတ်ဘူးလား´´
ငစိုးမယ်မြစကားကိုပြန်မဖြေနိူင်ပဲငေးကြည့်နေမိတယ် မယ်မြတို့သားအမိကို
“လာ ထ သားလေး´´
သားလေးကိုပွေ့ချီပြီးအိမ်ထဲ့ဝင်သွားတဲ့မယ်မြတို့သားအမိကြည့်နေရင်း အိမ်ဘေးဘက်ကိုလျှောက်လာမိတယ်
“သား အမေပြောမယ် အဲ့ဒါကသားအဖေလေ
အဖေကိုအဲ့လိုမပြောဘူး ငရဲကြီးတတ်တယ်´´
`ဟင်အင် သားမုန်းတယ်သူ့ကို´´
“ဟင် ဘာလို့မုန်းတာလည်းသားက
ပြောပြအမေကို´´
သားအမိနှစ်ယောက်ပြောနေသံကို ငစိုးကြားတော့ငြိမ်ပြီးနားထောင်နေမိတယ် အတန်ကြာတဲ့ထိဖြေသံမကြားရလို့ ထရံအပေါက်ကနေချောင်းကြည့်မိတယ်ငစိုးတယောက်
“ပြောလေ သား ပြောပြ အမေ့ကို´
“သူလေသားကို´´သားလေးခမျာစကားမ
ဆက်နိူင်တော့ပဲ ငိုနေပါတော့တယ် မယ်မြလည်းစိတ်မကောင်းဖြစ်မိရင်း သားလေးကိုထွေးပွေ့ထားလိုက်တယ်
သားလေးအငိုတိတ်တဲ့အထိစောင့်နေလိုက်တော့တယ်“အမေ သားကအရင်ဘဝကဌက်ကလေးဖြစ်ခဲ့တာ´´
.“ဟင်´´ငစိုးရင်ထဲ့တုန်လှုပ်သွားမိတယ်
“ဟုတ်လာ သားကမှတ်မိတယ်လား အရင်ဘဝအကြောင်း´´
သားလေးဝမ်းနည်းစွာပြောပြနေပါတော့တယ်
“အမေပြောတဲ့သားအဖေဆိုတဲ့လူကြီးက သားကိုရက်ရက်စက်စက်သတ်ခဲ့တာ ခုလိုသားလက်တွေမပါလာတာ အဲ့လူကြီးကြောင့် ဟီး ဟီး´´သားလေးကပြောပြရင်း
ငိုနေပါတော့တယ်
“ဘုရား ဘုရား ဘယ်လိုကံမျိုးပါလိမ့် တိတ်ပါသားရယ် တိတ်´´မယ်မြသားလေးကိုအငိုတိတ်အောင်ချော့နေပင်မဲ့ မယ်မြမျက်လုံးအိမ်က မျက်ရည်များစီးကျနေပါတော့တယ်
သားလေးရဲ့စကားကိုကြားလိုက်ရတဲ့အခိုက်မှာ
လောကကြီးတခုလုံးအမှောင်ကျသွားပါတော့တယ် “ငါ့အမှားကြောင့် ငါ့သားလေးဒီလို လက်တွေမပါလာရတာ ငါ့လောက်မိုက်တဲ့သူ ငါပဲရှိတယ် ´´ငစိုးတယောက်ပြောရင်း မျက်ရည်များကျနေပါတော့တယ်
“သားလေးရယ် အဖေကိုခွင့်လွှတ်ပါနော်
အဖေ မသိခဲ့လို့ပါ´´
သားလေးကိုတောင်းပန်ရင်း သားအနားတိုးလာမိတယ် သားလေးကသူအနားကပ်လေ
နောက်ကိုဆုတ်လေဖြစ်ပြီး မအေနောက်နားပုန်းကွယ်နေပါတော့တယ်
“သား အဖေကိုကြည့်ပါအုန်း´´
သူရဲ့ငိုသံကြီးနဲ့ပြောနေသံကြောင့် သားလေးကအမေနောက်ကနေ ငိုနေရင်းလှမ်းအကြည့်
“ဘုရား ဘုရား သားလေးအကြည့်က ကြောက်ရွံ မုန်းတီးတဲ့အကြည့်ပါလား ´´
“ဟီး ဟီး အဖေမှားပါတယ်သားရယ်
အဖေမှားခဲ့ပါတယ်´´မယ်မြသားလေးကိုပွေ့ဖက်ထားရင်း ငိုနေတဲ့ခင်ပွန်းသည်ကို ကျောခိုင်းထွက်လာခဲ့တော့တယ်
ပြီးပါပြီ