ရေမျောဝိညာဉ်

ရေမျောဝိညာဉ်(စ/ဆုံး)

—————————-

လွန်ခဲ့တဲ့ နှစ်အနည်းခန့်က အဖြစ်အပျက်လေး
တစ်ခုတော်တော်တော့ကြာခဲ့ပါပြီ။
ဝါဆိုဝါခေါင် ရေတွေကြီးတုန်းက မြစ်ကမ်းနဲ့
နီးစပ်တဲ့အိမ်တွေမှန်သမျှရေတွေဝင်ကြတယ်ဗျ။

တချို့အိမ်တွေကြတော့လည်းလုံးဝနေလို့
မဖြစ်တော့တဲ့အခါတွေမှာ ဘုန်းကြီးကျောင်း
ဒါမှမဟုတ်ဆွေမျိုးတွေအိမ်မှာသွားနေကြရတယ်ဗျ
တချို့နေလို့ဖြစ်တဲ့ သူတွေကြတော့လည်း
ဒီလိုပဲဖြစ်သလိုနေကြရတယ်ဗျ။

ရေတွေကအိမ်ထဲအပြည့်ဆိုတော့
စိတ်ညစ်မိမှာအမှန်ပါပဲ
တစ်ခါတလေ ရေနဲ့အတူမျောလာတဲ့မြွေဆိုးတွေလည်းပါသေး
သဗျ။

မြွေတွေတင်ပဲလားဆိုတော့မဟုတ်သေးဘူး
နာနာဘာဝဝိညာဉ်တွေလည်းပါလာတတ်ပြီး
သရဲတကယ်ခြောက်ခံရတဲ့အိမ်တွေလည်း
အများကြီးရှိသဗျ။

အချိန်ကည၉နာရီကျော်ပြီဖြစ်သည်
ကိုစိုးထွန်းတစ်ယောက်မအိပ်သေး
ဇနီးဖြစ်သူနှင့်ထိုင်၍စကားပြောနေတုံး

“အဟင့် ဟင့် ဟီး ဟီး”

“ဟင် ဘာသံလဲဟ”

“ငိုသံလိုပဲတော့် ရှင်လည်းကြားလား

“အေးငါကြားတယ်ကွ ဘေးအိမ်ကမခင်မြ
လည်းမဟုတ်လောက်ဘူး ”

“တစ်ယောက်ယောက်ငိုနေတာဖြစ်မှာပါ
မခင်မြမဟုတ်ရင်ကြီးစိန်တို့အိမ်ကနေမှာ

“ဟုတ်လောက်မယ် ”

ငိုသံကခဏအတွင်းကွယ်ပျောက်သွားလေသည်
ဤသို့ဖြင့် ငိုရှိုက်သံမကြောင်းမပြောဖြစ်တော့ပဲ
အိပ်ရာဝင်လိုက်ကြတော့သည်။

မနက်လင်းတော့ အကြော်ဝယ်သွားရင်
မခင်မြနှင့်ကိုစိုးထွန်း၏မိန်းမမတင်စိန်
တို့တွေ့ကြရာ မနေ့ညကငိုသံအကြောင်း
မေးမိတော့သည်။

“ဟယ် မခင်မြ မေးစရာရှိလို့ မနေ့ညက
ရှိုက်ကြီးတငင်ငင်နဲ့ငိုနေတာဘယ်သူတုံး”

“အေးဟဲ့ ငါလည်းကြားတယ် ငါကနင်တို့အိမ်က
ထင်နေတာ”

“မဟုတ်ဘူး မနေ့ညကကျွန်မတို့လင်မယား
စကားပြောနေတုန်းငိုသံကြားလို့
မနက်မှမခင်မြကိုမေးကြည့်ဦးမယ်ဆိုပြီး
ပြောနေသေးတာ”

“အေးဟယ် ဒါဆိုဒီငိုသံကြီးကဘယ်က
လာတာလဲ ငါတော့ဒီအသံကြီးကြားရတာ
ကြက်သီးမွှေးညှင်းများတောင်ထတယ်”

“ကျွန်မအထင် သရဲခြောက်တာများလား

“ငါတစ်သက်နဲ့တစ်ကိုယ်ဒီမှာနေလာတာ
ကြာပေါ့အေ ဘယ်ကသရဲကရှိမှာလဲ”

“ပြောမရဘူးလေ မခင်မြကလည်း
သရဲဆိုတာသူရောက်လာချင်ရင်
ရောက်လာတတ်တာပဲလေ”

“အေးအေး ငါသွားဦးမယ် အိမ်မှာမနက်စာ
စားဖို့စောင့်နေကြသေးတယ်အေ
နောက်မှပြောကြတာပေါ့”

“ဟုတ်ပြီ ဟုတ်ပြီ နောက်မှအေးဆေးပြောကြတာပေါ့”

…………………………

ညရောက်တော့ မတင်စိန်တို့လင်မယား
နားစွင့်ပြီးအိပ်နေပေမယ့် ငိုသံကပေါ်မလာပါ
နောက်တော့လင်မယား၂ယောက်အိပ်ပျော်သွား
ကြလေသည်။

ည၁ချက်ထိုးလောက်ရောက်တော့ ကိုစိုးထွန်း
အပေါ့သွားချင်လာသဖြင့်အိမ်အောက်
ဆင်းလာရင်း အမှတ်မထင် တွေ့လိုက်ရသည့်
မြင်ကွင်းတစ်ခု ကိုစိုးထွန်းမျက်စေ့ကိုပွတ်ကြည့်
လိုက်ရာ
နောက်ကျောပေးပြီးထိုင်နေသော အမျိုးသမီး
တစ်ယောက်

“ဟိတ် မင်းဘယ်သူလည်း ဘာထိုင်လုပ်နေတာလဲ

“အဟင့် ဟင့် အီးဟီးဟီး”

“ဟိတ်မေးနေတယ်လေ မကြားဘူးလား”

“ကိုစိုးထွန်း ရှင်ဘယ်သူနဲ့ပြောနေတာလဲ

“သြော် မိန်းမ ဟိုမှာလေ

“ဟင် ဘယ်ရောက်သွားတာလဲ

“ဘာလဲ ဘယ်သူလဲ

“စောနကဟိုနားလေးက ကုတင်ပေါ်မှာ
ထိုင်နေတာပဲ မိန်းကလေးတစ်ယောက်
အခုမင်းရောက်လာပြီးမေးလိုက်တော့မရှိတော့ဘူး

“ရှင်အမြင်မှားတာလားမှမသိတာ

“မမှားဘူး ငါသေချာမြင်လိုက်တယ်

“ရှင်မြင်တာ လူတော့မဖြစ်နိုင်ဘူး
သရဲမပဲဖြစ်မယ်”

“ဘယ်လို”

“ဟုတ်တယ်လေ မနေ့ညကလည်း
အမျိုးသမီးငိုသံကြီးကြားရတယ်
အခုလည်းမိန်းကလေးတစ်ယောက်ကို
ရှင်မြင်တယ်ဆိုကတည်းက
ဒါရိုးရိုးတော့မဟုတ်တော့ဘူး ကျွန်မတို့အိမ်မှာ
တစ်ခုခုတော့ရှိနေပြီ”

“ဘယ်လိုဖြစ်ပြီး အိမ်မှာသရဲကရောက်နေရတာလည်းမသိဘူး

“နေပါစေဦး နောက်နေ့မှ ဆရာအောင်ဆီ
သွားမေးပြီးဒီသရဲမကိုနှင်ရမယ်”

“ကဲ လာလာပြန်အိပ်စို့ မနက်ကြ
အလုပ်သွားရဦးမယ်မလား”

“အင်း”

လင်မယား၂ယောက်ပြန်အိပ်မည်အပြု

“အမယ်လေး သရဲ သရဲမကြီး
လာကြပါဦး

“ဟင် မခင်မြ အသံပဲ”

“သရဲမျကီးဆိုပဲ ”

လင်မယားနှစ်ယောက်အိမ်ပေါ်မှ
အမြန်ဆင်း၍ ရေတွေဖြတ်ကာ
မခင်မြအိမ်ဘက်သို့ သွားတော့သည်။

“မခင်မြ ဘာဖြစ်တာလဲဗျ

“ငါ တရေးနိုးရေထသောက်နေတုံး
မီးဖိုချောင်ထဲကငိုသံကြားလို့
သွားကြည့်တာ နောက်ကျောပေးရပ်ကြီးနဲ့
ငါ့ကိုခေါင်းကြီးလှည့်ပြတာအေ့
ငါ့ရင်တွေတုန်နေတာအခုထိမရပ်သေးဘူး”

“ခင်ဗျားတစ်ယောက်တည်းဖြစ်လား
ကျွန်တော်တို့လာနေပေးရမလား”

“အေး မင်းတို့လာနေပေးတော့
ငါအဖော်ရတာပေါ့ငါတော့တစ်ယောက်တည်း
မနေရဲတော့ဘူး”

“သရဲမက နည်းနည်းတော့ဆိုးလာပြီ
စောနကလည်း ကိုစိုးထွန်းကိုခြောက်သေးတယ်

“စိုးထွန်း နင့်လည်းခြောက်တယ်ဟုတ်လား

“ဟုတ်တယ် မခင်မြ

“ဒီတိုင်းနေလို့တော့မဖြစ်ဘူး
တစ်ခုခုလုပ်မှရတော့မယ် မိတင်စိန်

“ဟုတ်တယ် မခင်မြ ကျွန်မလည်း
စဉ်းစားထားပြီးပြီ ဒီသရဲမကိုနှင်ဖို့
ဆရာအောင်ဆီသွားရမှာပဲ”

“ဟိုဘက်ရပ်ကွက်ကဆရာအောင်လား

“ဟုတ်တယ် မခင်မြ သူကပယောဂတို့
စုန်း အောက်လမ်း ကဝေ သရဲတစ္ဆေ
အကုန်နိုင်တယ်လို့ကြားတယ်”

“ဒါဆိုလည်း ဆရာအောင်ကိုပဲ
ပင့်ပြီးနှင်ကြတာပေါ့ ကြာရင်
ဒီသရဲမနဲ့တော့မလွယ်ဘူး”

ထိုနေ့ညက ဤမျှဖြင့်သာပြီးဆုံးသွားသည်။

နောက်တစ်နေ့မနက်လင်းသည်နှင့်
ဆရာအောင်၏နေအိမ်သို့ သွားကြလေသည်။

“ဆရာအောင် ဆရာအောက်ရှိလားခင်ဗျ”

“ဟုတ်ရှိပါတယ် ဆရာရှိပါတယ်
အိမ်ထဲကြွပါရှင့်”

မိန်းမငယ်လေးတစ်ဦးမှချိုသာစွာအိမ်ပေါ်
ဖိတ်ခေါ်လေသည်။

“လာ မခင်မြ ”

ကိုစိုးထွန်းတို့ လင်မယားနှင့်အတူ
မခင်မြလည်းလိုက်လာခြင်းပင်

“လာရင်းကိစ္စလေးပြောပါဦး ဆရာ့ကို”

“လာရင်းကိစ္စကတော့ ဆရာရေ
အခုတလောအိမ်ကိုဘယ်ကသရဲမရောက်နေ
တယ်မသိဘူး ညတိုင်းခြောက်လှန့်နေလို့ပါဆရာ

“ဘယ်နှရက်လောက်ရှိပြီလဲ”

“အလွန်ဆုံး၂ရက်၃ရက်ပါပဲဆရာ

“ဆရာလိုက်ခဲ့ပါ့မယ် ဟိုရောက်တော့
အခြေအနေကြည့်ပြီးလုပ်ကြတာပေါ့”

“ကျေးဇူးတင်ပါတယ်ဆရာ ဒါပေမဲ့
အိမ်ကရေတွေဝင်နေတယ်ဆရာရဲ့
ဆရာ့ကိုအားနာလို့ ”

“သြော် ဒါလား ဘာမှအားနာစရာမလိုပါဘူး
အားလုံးကိုကူညီရမှာဆရာ့တာဝန်ပါပဲ

“ဟုတ်ကဲ့ ဆရာ”

………………………………

ကိုစိုးထွန်းတို့လင်မယားနှင့်အတူ
ဆရာအောင်လည်းအိမ်သို့လိုက်ပါခဲ့လေသည်

“ရေတွေကအခုထိမကျသေးဘူးပေါ့

“အရင်ရက်တွေထက်စာရင်နည်းနည်းတော့
ကျသွားတယ်ဆရာ

“ပိုးကောင်မွှားကောင်အန္တရာယ်လည်း
ဂရုစိုက်ကြဦး

“ဟုတ်ကဲ့ ဆရာ

အိမ်အပေါ်သို့ ရောက်လာကြလေသည်။

ဆရာအောင်က ဘုရားစင်ရှေ့နားသွား၍ဖယောင်းတိုင်အမွှေးတိုင်စသည့်အရာများကပ်လှူပူဇော်၍ဘုရားအား
ရှိခိုးကန်တော့နေသည်။
ပြီးမှချောင်းတစ်ချက်ဟန့်လိုက်ပြီး

“အဟမ်း ဤနေရာ ဤအိမ်၌
ခိုအောင်း၍နေသော ဝိညာဉ်သရဲအား
ငါဆရာဆင့်ခေါ်မယ် မည်သူမှနှောင့်ယှက်ခြင်း
မပြုရ အခုချက်ချင်းဝင်ရောက်စေ”

ဆရာ၏အမိန့်သံဆုံးသွားသည်နှင့်တပြုင်နက်
မတင်စိန်၏ကိုယ်ခန္ဓာတစ်ခုလုံး
တုန်တုန်ယင်ယင်ဖြစ်လာပြီး မျက်ထောင့်နီကြီး
ဖြင့်စိုက်ကြည့်နေလေသည်။

“ကျွန်မကိုခေါ်တာ ဘာကြောင့်လဲ

“ဟင် မိန်းမဘာဖြစ်တာလဲ

“အသာနေ ဒါမတင်စိန်ကိုသရဲမဝင်ပူးကပ်နေတာ
စိုးထွန်း အသာကြည့်နေ”

မမြခင်ကကိုစိုးထွန်းအားပြောလိုက်ခြင်းပင်.

“အေး ငါခေါ်လိုက်ရတဲ့အကြောင်းက
နင်ဘာဖြစ်လို့ဒီအိမ်ကိုရောက်ပြီး
လိုက်ပြီးခြောက်လှန့်နေရတာလဲ”

“ကျွန်မဒီကို ရေစီးနဲ့မျောပြီးပါလာတာ
ကျွန်မနေတဲ့အပင်ကရေကြီးလို့
ရေနဲ့အတူမျောသွားတယ် ကျွန်မလည်း
နေစရာရှာရင်းနဲ့ဒီအိမ်ကိုရောက်ပြီး
ခိုကပ်နေတာပဲ ”

“လူနေအိမ်တွေမှာခိုကပ်ပြီးမနေရဘူးဆိုတာ
နင်မသိဘူးလား”

“ငါနေလို့ရလို့လာနေတာ
သူတို့ကဘုရားတရားအားနည်းတော့
ငါအိမ်ထဲအလွယ်ဝင်လို့ထွက်လို့ရတာပေါ့
အိမ်စောင့်နတ်ကလည်းသူတို့လင်မယားကိုသတိ
ပေးချင်နေတာနဲ့ငါ့ကိုနေခွင့်ပြုထားတော့
ငါကြိုက်တော့နေရာငါနေလို့ရတာပေါ့
ဟီး ဟီး ဟီး ”

“ကြားလား မင်းတို့လင်မယား
ဘုရားတရားမလုပ်လို့ သူအလွယ်တကူနေလို့
ရေနတာတဲ့ ”

“ဟုတ်ကြားပါတယ်ဆရာ”

ဆရာအောင်က ဆက်ပြီးသရဲဝင်ပူးနေသော
မတင်စိန်ဘက်ကိုလှည့်ကာ

“အေးကောင်းပြီ မင်းကိုငါဒီအိမ်မှာ
နေခွင့်မပြုနိုင်သလိုအထက်ဆရာကြီးတွေကလည်း
နင့်ကိုနေခွင့်မပေးဘူး အထက်ပုဂ္ဂိုလ်ကြီးတွေရဲ့
အမိန့်ကိုနင်လွန်ဆန်ဝံ့သလား”

“မလွန်ဆန်ရဲပါဘူး ဆရာ

“အေးဒါဖြင့် ဒီနေ့ညနေစောင်းတာနဲ့
နင်ဒီအိမ်ကထွက်သွားရမယ်
ဘယ်လူနေအိမ်မှခိုကပ်ခွင့်မပေးဘူး
ငါနင့်ကိုနေစရာရှာပေးမယ်နင်နေမှာလား”

“ဟုတ်နေပါ့မယ် ဆရာ

“ကောင်းပြီ နင့်ကိုရွှေဘုန်းရှင်ဘုရား
မှာနေခွင့်ပြုတယ် ငါလှမ်းပြီးအကြောင်းကြား
ထားပြီးပြီနင်အဲ့ဒီကိုသွားနေရမယ်ကြားလား”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ”

မတင်စိန်အားဝင်ရောက်ပူးကပ်နေသော
သရဲမလည်းဆရာအောင်ကိုကန်တော့ပြီး
ပူးကပ်နေရာမှထွက်ခွာသွားတော့သည်။

“မိန်းမ မိန်းမ ‘

“ဟင်”

“ရော့ ဒီရေတိုက်လိုက်

“ဟုတ်ကဲ့ ဆရာ

“ရော့ မိန်းမသောက်လိုက်ဦး

“ကျွန်မခေါင်းထဲမှာမူးနောက်နောက်နဲ့
ဘာဖြစ်သွားတာလည်း

“နင့်ကိုဒီအိမ်မှာကပ်နေတဲ့သရဲမကဝင်ပူးပြီး
ပြောသွားတာဟဲ့

“ဟင် မမြခင်ပြောတာတကယ်လား

“တကယ်ပေါ့မိန်းမရ

“ကဲ ဘာမှစိတ်မပူနဲ့တော့ ညနေစောင်းတာနဲ့
သရဲမထွက်သွားလိမ့်မယ်
ပြီးတော့သရဲမပြောသွားတာမင်းတို့ကြားတယ်
မလား ဘုရားတရားအားနည်းနေကြတယ်တဲ့
အဲတော့ ဘုရားတရားများများလုပ်ကြ
ကုသိုလ်ကောင်းမှုပြုတိုင်း၃၁ဘုံသားတွေကို
အမျှအတန်းပေးကြ ဆရာဒါပဲမှာချင်တယ်”

“ဟုတ်ကဲ့ပါဆရာ ဒီနေ့ကစပြီး
သေချာလေးဂရုစိုက်ပြီးလုပ်ပါ့မယ်ဆရာ”

“အေးကောင်းပြီ ကောင်းပြီ
ဆရာသွားဦးမယ်ကွဲ့”

“ဆရာ့ကိုကန်တော့ပါရစေ

“သာဓု သာဓု သာဓု

ကိုစိုးထွန်းလည်း ဆရာအောင်အားပြန်၍
လိုက်ပို့လိုက်တော့သည်။

ညရောက်တော့ လင်မယားနှစ်ယောက်
ဘုရားဝတ်ပြုကြပြီးအိပ်ရာဝင်ခဲ့ကြလေသည်
ဘာသံထပ်ကြားရဦးမလဲဆိုပြီးနားစွင့်ရင်း

မနက်လင်းသည်ထိတစ်စုံတစ်ရာ
ချိုးချိုးချွတ်ချွတ်သံပင်မကြားရတော့ပေ။
သရဲမလည်းဆရာနေခွင့်ပြုသော ဘုရား၌
ရောက်ရှိနေမှာမလွဲဧကန်ပင်ဖြစ်လိမ့်မည်။

ပြီးပါပြီ။

လိုအပ်ချက်များအတွက် နားလည်ပေးစေလိုပါသည်။
#အောင်ဓူဝံ#နိုဝင်ဘာ၇#2022