ရောက်ရှိခဲ့သော တမလွန်

ရောက်ရှိခဲ့သော တမလွန်(စ/ဆုံး)

—————————

အေးစက်နေတဲ့
ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေရင်းက
ထထိုင်လိုက်တယ်
ပိန်းပိတ်အောင်မှောင်နေတဲ့ ပတ်ဝန်းကျင်
ဘာသံမှမကြားရအောင်တိတ်ဆိတ်နေခဲ့တယ်

ဟင်….
သူမဆီသွားဖို့ သူထွက်လာခဲ့တာ
ဘယ်ရောက်နေခဲ့တာလဲ????
သူမရော…… ဘယ်မှာလဲ..????
အချိန်မတိကျတာ သူမမကြိုက်ဘူး
စိတ်ဆိုးနေတော့မှာပဲ…

သူထိုင်နေရာကထလိုက်တယ်
သူမဆီသူသွားရအုံးမယ်
ခြေလှမ်းလိုက်တယ် ခြေထောက်ကမြေကြီးနဲ့မထိသလို
ပေါ့ပါးနေတယ် သူအဲ့ဒါကိုဂရုမစိုက်နိုင်ဘူး
သူမဆီကိုပဲ စိတ်ရောက်နေခဲ့တယ်

အမြန်ဆုံးပြေးထွက်လာခဲ့တယ်
ကွင်းပြင်တွေကို ဖြတ်ကျော်လာခဲ့ပီး
မီးရောင်ပြပြလင်းနေတဲ့ လမ်းမီးတိုင်တွေကို
လှမ်းမြင်နေရတယ် ဥဒဟိုသွားလာနေတဲ့
ယိုင်တိုင်တိုင် ချိနဲ့နဲ့ ပုံဆိုးပန်းဆိုးလူတွေကိုလည်း
တစ်လမ်းလုံး တွေ့မြင်နေရတယ်

သူဘယ်နေရာကိုရောက်နေတာလဲ???
သူတို့ကရော ဘယ်သူတွေလဲ????
ညဘက်ကြီး ဘာလို့လူတွေအဲ့လောက်များနေတာလဲ???
သူမကရော ဘယ်မှာလဲ???
သူအိမ်ကထွက်လာတာ သူမဆီကိုလေ…
ပြေးနေရင်းနဲ့ကို အတွေးတွေကရှုပ်ယှက်ခတ်လာတယ်

ပြေးနေတာရပ်ပီး ဖြေးဖြေးချင်းပတ်ဝန်းကျင်ကို
စူးစမ်းကြည့်မိတယ် အချို့က တစ်စုံတစ်ခု
သဲသဲမဲမဲရှာဖွေနေကြတယ် အချို့ကတစ်စုံတစ်ခုကို
လုယက်စားသောက်နေကြတယ် အော်ဟစ်သံ
ငြီးငြူသံတွေနဲ့ ကြောက်မက်ဖွယ် ရုပ်အဆင်းတွေကို
မြင်မိတော့ သူသွေးပျက်မတတ်ကြောက်လန့်သွားတယ်

လမ်းသွားရင်းနဲ့ သူ့ကိုစောင်းငဲ့ကြည့်သွားကြတယ်
ရန်လိုတဲ့မျက်နှာထားတွေ တွေ့ရပေမယ့်
ရန်မမူသွားကြဘူး….ရင်ဘတ်ကိုဖြည်းဖြည်းဖိပီး
အသက်ကို မောမောပန်းပန်းရှုရှိုက်လိုက်တယ်
ရှိသမျှ သတ္တိတွေ အကုန်ထုတ်ပီး
ရှေ့ကိုတလှမ်းချင်းဆက်လှမ်းလိုက်တယ်

အခုထိ သူဘာတွေဖြစ်ပီး ဘယ်နေရာရောက်နေလဲဆိုတာ
အဖြေသေချာမထွက်သေးဘူး…
ဟော….ရှေ့မှာလူတစ်ယောက် ပုံပန်းသဏ္ဍန်ကသူ့လိုပဲ
ဓာတ်တိုင်ကိုမှီပီး ထိုင်နေတယ်..သူ့ကိုမေးကြည့်ရင်
အဖြေတော့ ထွက်ကောင်းပါရဲ့….

“အကို” …ပြန်မထူးဘူး…. “အကို” သူကိုမော့ကြည့်လာတယ်
နည်းနည်းတော့ အားတတ်သွားတယ်..

‘အခု ဒီနေရာက ဘယ်ရပ်ကွက်လဲဗျ’…… ကျတော်လမ်းပျောက်နေလို့….

“မင်းကဘယ်သွားချင်လို့တုန်း” ……

“ဟုတ်ကဲ့ကျတော် ရွှေပြည်သာ…..ရပ်ကွက်ကိုသွားချင်လို့ပါအကို”

“အေး အာ့ဆို အဲ့တန်းတန်းသွား လမ်းမကြီးတွေ့ရင်ညာကွေ့လိုက် မင်းသွားချင်တဲ့နေရာ ရောက်ပီ”

“ဟုတ်ကဲ့ ကျေးဇူးပါဗျာ ကျတော် နောက်တစ်ခုလောက် မေးလို့ရမလားဗျ”

“ဘာမေးမို့လဲ မြန်မြန်မေး ငါသွားရတော့မယ်”

“ဟုတ် အခုဒီနေရာက ဘယ်လိုနေရာမျိုးလဲ ဒီလောက်များတဲ့ လူတွေကရော ညဘက်ကြီး ဘာလို့လျောက်သွားနေကြတာလဲ”

“မင်းသိချင်ရင် မင်းသွားမယ့်နေရာကို အရင်သွား အဖြေကအဲ့မှာရှိတယ် ဒါပဲ ငါသွားတော့မယ်”

ပြောပြောဆိုဆိုနဲ့ ထိုလူကထပီးထွက်သွားတယ်
သူသိချင်တာကိုလည်း အဖြေမပေးသွားဘူး
ဘာပဲပြောပြော သူသွားရမယ့်လမ်းကိုသိပီပဲ
ပတ်ဝန်းကျင်ကိုခဏမေ့ပီး သူထပ်ပီးပြေးထွက်လာခဲ့တယ်
ရှေ့မှာတွေ့ပါပီ လမ်းမကြီး..
အယ်.. သူဒီလမ်းမကြီးကိုမြင်တော့ အိမ်ပြန်လမ်းကို
မှတ်မိသွားတယ်…

ဆက်ပီး ပြေးလာခဲ့တာ ရှေ့ဆိုသူတို့ရပ်ကွက်ရောက်ပီ
အိမ်တော့အရင်မပြန်ချင်ဘူး သူမတို့အိမ်ဘက်အရင်သွားမယ်…တစ်လမ်းလုံးတိတ်ဆိတ်နေရာမှ လမ်းမှာတွေ့သမျှခွေးတွေက သူ့ကိုထိုးဟောင်ကြပါလေရော ဒီလမ်းထဲကခွေးတွေ သူ့ကိုမသိတဲ့ ခွေးမရှိသလောက်ပဲ သူမတို့အိမ်ကို ချောင်းပေါက်မတတ်လာနေတာကို ဒီနေ့မှထူးထူးဆန်းဆန်း

“ဟေ့ယောင်တွေ ငါကွ ဘာလို့ထိုးဟောင်နေတာလဲ”

ပိုဆိုးပီ ဟန့်ကာမှ ပိုတောင်ထိုးဟောင်နေပီ ဟောင်ချင်လည်းဟောင်ကွာ သူကတော့ဆက်လျောက်လာခဲ့တယ်
သူမတို့အိမ်လေးက အမှောင်ချလို့ အိပ်ပျော်နေပီထင်ပါရဲ့
မနက်မှပဲ ပြန်ချော့တော့မယ် အိမ်ပြန်အုံးမှ အိမ်မှာအမေစိတ်ပူနေတော့မယ်…တစ်လမ်းလုံး ခွေးတစီစီနဲ့ စိတ်ရှုပ်စွာနဲ့အိမ်ပြန်လာခဲ့တယ်

အိမ်ရှေ့ရောက်တော့ မီးတွေထိန်ထိန်လင်းလို့ လူတွေကအများကြီး အိမ်ထဲလှမ်းကြည့်မိတော့ အမေ့ဘေးမှာ သူမ ညကြီး သူမကဘာလို့သူ့အိမ်ရောက်နေတာလဲ အတော်ပဲသူရှင်းပြပီး တစ်ခါထဲချော့ရမယ် အတွေးနဲ့ပြုံးပီး အိမ်ထဲဝင်လိုက်တယ် အမေနဲ့သူမရဲ့နား သူဝင်ထိုင်လိုက်တယ်
ဟင်….အမေငိုနေတယ် သူမလည်းငိုနေပါလား အိမ်မှာ ဘာတွေဖြစ်နေတာလဲ…

သူအမေ့ကိုခေါ်လိုက်တယ် “အမေ” အမေကမထူးဘူး ငိုပဲငိုနေတယ် “အမေ သားခေါ်နေတယ်လေ” အမေကသူ့ဘက်တောင်လှည့်မကြည့်ဘူး ခေါ်နေတာမထူးတော့ သူစိတ်ရှုပ်သွားတယ် သူမကိုခေါ်ကြည့်တယ် “သွန်း” မထူးဘူး “သွန်းမောင်ခေါ်နေတယ်လေ သွန်းမောင့်ကိုပြန်ထူးကွာ သွန်း”သူစိတ်မရှည်စွာ သူမကိုဆွဲလှည့်လိုက်တယ် သူ့လက်ထဲ ဘာမှမပါလာခဲ့ဘူး

သူအရမ်းအံသြသွားတယ် အဲ့ချိန်မှာအမေက “သားရယ် ဖြစ်မှဖြစ်ရလေချင်း” ဆိုပီးအော်ငိုတော့တာပဲ သူအရမ်းကြောက်သွားခဲ့တယ် ဟာ…. ဘာတွေလဲ… မတွေးတတ်တော့ဘူး…သူမကလည်း “မောင်ရယ် မဂ်လာဖိတ်စာရိုက်မယ့်နေ့မှ ထားသွားရက်တယ် မောင်သိပ်ရက်စက်တယ်တဲ့”

ဒါဆို…ဒါဆို ကျတော်က…… ဟာမဖြစ်သင့်ဘူးဗျာ ဘယ်လိုမှမဖြစ်နိုင်ဘူး မယုံနိုင်ဘူး အမေနဲ့သွန်းကိုကြည့်ပီး ကျတော်ဘာဆက်လုပ်ရမလဲ ကျတော်စိတ်ကူးယဥ် အိမ်လေး သွာယပါပီဗျာ ကျတော်သိပ်ချစ်ရတဲ့ အမေ ကျတော်သိပ်ချစ်ရတဲ့ သွန်း ကျတော်ဘာကိုမှ မပိုင်ဆိုင်ရတော့ဘူးပေါ့….ကျတော်ငိုချင်တယ် ကျတော့်မျက်ဝန်းက မျက်ရည်ကျမလာဘူး ကျတော်မရှိဘဲ အမေဘယ်လိုနေမလဲ… သွန်းကရော…ကျတော်မရှိဘဲ…ဘယ်လိုရှေ့ဆက်မလဲ…

ကျတော်ရင်ဘတ်တစ်ခုလုံး စုတ်ပျက်သတ်သွားပီ.. ဒါကြောင့်လမ်းမှာတွေ့တဲ့လူက အိမ်ရောက်ရင်အဖြေသိမယ်ပြောခဲတာကိုး ကျတော်လမ်းမှာတွေ့ခဲ့ တာတွေက လူတွေမှမဟုတ်ခဲ့တာ ကျတော်ကရော ကျတော်က ဘယ်ကိုသွားပီး ဘာတွေလုပ်ရမလဲ ကျတော် မသိတော့ဘူး ကျတော်ဘာမှကိုမသိတော့ပါဘူး…..

#နတ်သွန်းအိမ်

ပထမဦးဆုံးရေးသော ဝတ္ထုတိုဖြစ်ပါသည် လိုအပ်ချက်များ အကြံပြုပေးပါဗျ လေးစားစွာဖြင့်…