ရွာလုံးကျွတ်(စ/ဆုံး)
——————–
အုံ့မှိုင်းညို့ဆိုင်းနေသော ရိုးမတောကြီးရဲ့တောင်ခြေတစ်နေရာက ရွာကလေး။
တစ်ရွာလုံးသည် မုဆိုးအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုကြလေသည်။
အိမ်ခြေအားဖြင့် ၃၀ ကျော်ကျော်ခန့်သာရှိပီး ကြက်
ဝက်စသည့် တိရိစ္ဆာန်ငယ်လေးများသာမွေးမြူထားပြီး
လယ်ယာစိုက်ပျိုးရေးအတွက် ကျွဲနွားများပင်လျှင်မရှိသည့်
လယ်ယာစိုက်ပျိုးရေးမလုပ်သည့် မုဆိုးရွာ။
ဘာသာရေးမရှိ မည်သည့်ဘာသာမှမကိုးကွယ်
ရိုးရာနတ်ပူဇော်ခြင်းသာလျှင်သိကြလသည်။
သာသနာပြု မည်သည့်ဘာသာရေးခေါင်းဆောင်များပင်
မရောက်ကြပေ။
အင်မတန်ခေါင်လွန်းလှသည့်ရွာပင်ဖြစ်သည်။
” ဖထီးရေ ဖထီး ”
” ဝေ့ ဖိုးခွား ဘာလဲဟ ”
မုဆိုးကြီး စောမူဟဲ သူ၏တဲအိမ်အတွင်းမှ ထွက်လာပီး ထူးလိုက်သည်။
မုဆိုးကြီးစောမူဟဲသည် အသက် ၅၀ ကျော်မျှအရွယ်ရှိတောကျွမ်းသည့်မုဆိုးကြီးဖြစ်သည်။
အရွယ်နှင့်မလိုက်အောင် သန်မာဖျတ်လတ်၍ အမြဲတမ်း တက်ကြွနေသော
လူငယ်တစ်ယောက်အလားပင်။
” ဖထီး ဒီနေ့တောတက်မလို့ဆို ”
” အေးကွ ရိက္ခာ နည်းနည်းပြတ်တော့မယ်ဝေ့ ”
” နတ်ဆရာက ၃ ရက်အတွင်းတောမတက်ကြဖို့ပြောထားလို့ လာပြောတာ ဖထီးရေ ”
” ဟေ ဒါဆိုရိက္ခာမရှိရင် မင်းတို့နတ်ဆရာက
ကျွေးမှာလားလို့မေးလိုက်ကွာ ”
ခပ်ရွတ်ရွတ်ပြောလိုက်သော ဖထီးစောမူဟဲ၏စကားကြောင့်
ဖိုးခွားခဗျာ ဘာပြောရမှန်းတောင်မသိပဲ
” အာ အာ့တော့ ဘယ်သိမလဲဗျ ”
” အေး ဖိုးခွား ငါကတော့ ဒီနေ့အမဲလိုက်ရမှာပဲကွ ”
” အာ့တော့ ဖထီးသဘောပဲလ ကျုပ်ကလာပြောပြတာ
သွားဘီဗျို့ ”
ထွက်သွားသော ဖိုးခွားနောက်ကျောကိုကြည့့်ကာ
ဖထီိးမှာခေါင်းတယမ်းယမ်းဖြင့်
” က်ိ က်လိ က်လိ ”
ကျေးငှက်သံတို့ဖြင့်သာယာနေသောရိုးမတောကြီးအတွင်းမှာ သားကောင်တွေရဲ့
သေမင်းတမန် တစ်ယောက်ကတော့ဖြင့် သားကောင်ရှာလို့ကောင်းဆဲ
” ဟူးးးး ဒီနေ့ဘယ်လိုဖြစ်တာလဲဟ ”
နဖူးမှကျလာသော ချွေးက်ိုလက်ဖြင့်သုတ်ကာ
ဖထီးမှာညည်းတွားလိုက်သည်။
သစ်ပင်အကွယ်မှကျော်ထွက်လိုက်သောအခါ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဖထီးမှာထူးဆန်းသွားသည်။
သစ်ခက်များဖြင့်ပြုလုပ်ထားသော တဲအိမ်ငယ်လေးအတွင်းမှာ ဂတုံးနဲ့လူတစ်ယောက်
မျက်လုံးမှိတ်ကာ တည်ငြိမ်စွာထိုင်နေသည်ကိုတွေ့ရလေသည်။
အပြင်ဖက်တွင်လဲ အဝါရောင် အဝတ်စများမြေကြီးပေါ်တွင့်ဖြန်လှမ်းထားသည်။
ဖထီးမှာ အမြင်မတော်ဘူးထင်သဖြင့်သစ်ခက်များဖြင့်တိုင်စိုက်ကာ
အဝတ်တွေကိုအပေါ်သို့တင်ပေးလိုက်သည်။
” သာဓု သာဓု သာဓု ”
ထိုလူဆီမှအသံထွက်လာဖြင့်
” ဝေ့ ဒီတောထဲမှ တစ်ယောက်ထဲနေတာလား ”
” ဟုတ်တယ် ဒကာကြီး ”
” ဒကာကြီးဆိုတာဘာလဲ ကျုပ်နာမည်က စောမူဟဲ ”
” ဒီမှာတစ်ယောက်ထဲနေတာ မကြောက်ဘူးလားဝေ့ ”
” မကြောက်ပါဘူး ဒကာ အေးချမ်းပါပေတယ် ”
” ဒါဆိုလဲ ကျုပ်သွားဦးမယ် ”
” ကောင်းပါဘီ ”
ဖထီးစောမူဟဲတစ်ယောက် အမဲလိုက်ရန်ထွက်သွားလေတော့သည်။
ညနေစောင်းသော် ရွာထဲသို့ ချေတစ်ကောင်ထမ်းကာဝင်လာသော ဖထီးအားမိသာစုများက
ဝမ်းသာအားရကြိုဆိုကြလေသည်။
” ဖိုးခွား ဘယ်လဲဟေ့ ”
” ရွာထဲမှာ ကလေး ၂ယောက်ဆော့ရင်း ဗိုက်အောင့်တယ်ပြောလို့ နတ်ဆရာဆီသွားမလို့ ဖထီးရေ ”
” အေးအေး သေချာလဲလုပ်ကြဦးဝေ့ ”
” ဟုတ် ဖထီး ”
ကလေးတွေနေမကောင်းဖြစ်ရင် ဆေးဆရာကမရှိလေတော့ နတ်ဆရာသည်ပင်လျှင်
ဆေးဆရာဖြစ်သည်။
ဆေးဆရာဆီသွားလျှင်လဲ နတ်စာကျွေးခိုင်းမည်သာဖြစ်သည်ကို ဖထီးကသိနေသည်။
ရိုးရာဓလေ့တစ်ခုလိုပင်ဖြစ်နေသည်မဟုတ်ပါလားး။
ညနေစောင်းသော် စကောကဲ့သို့ဗန်းတစ်ခုထဲထည့်၍ ကြက်ကောင်လုံးကျော်နဲ့
ထမင်းတို့ကိုထည့်၍ရွာထိပ်သစ်ပင် ၁ ပင်ဆီမှာသွား၍ကျွေးရသည်။
ကျွေးပီးရွာသားများပြန်သွားချိန်တွင် စောထော်လေးနှင့်စောမူဝါး တို့၂ယောက်
ဒယီးဒယိုင်ဖြင့် အရက်မူးလာကာ ရွာထိပ်သစ်ပင်သို့ရောက်သော် ခုနရွာသားများထားခဲ့သော
နတ်စာဗန်းကိုတွေ့သဖြင့်
” ဟေ့ မူဝါး မုတ်ဆိတ်ပျားစွဲတာပဲကွ ”
” ဟေဟေး ဟုတ်ပကွာ နတ်စာကျွေးထားတာထင်တယ် ”
” ဘယ်နတ်ကစားမှာတုန်းကွာ အလကားဟာတွေ ”
၂ ယောက်သားထိုင်ကာ အားရပါးရစားကြလေသည်။
စားပီးနောက်
” စားဒယ်ကွာ ဘယ်ကောင်ကို သောက်ဂရုစိုက်ရမှာတုန်း ”
” & * ပဲ မကျေနပ်ရင်လဲသေလိုက် ”
မူးမူးနဲ့ပြောချင်ရာပြောပြီးစားထားသောဗန်းကို သေးနဲ့ကော့ပန်းကာ
၂ယောက်သားထွက်သွားလေတော့သည်။
ထွက်သွားသော အရက်သမား ၂ယောက်ကိုသစ်ပင်အကွယ်မှ လျှာတန်းလန်းဖြင့်
စိုက်ကြည့်နေသော အကောင်တစ်ကောင်ကို၎င်းတို့ ၂ယောက်တွေ့မြင်ခဲ့ရပါလျှင်
၂ရက်ခန်ုကြာသော်
စောထော်လေးနဲ့စောမူဝါးတို့ ၂ယောက်တောပစ်ထွက်ကြသည်။
တောထဲရောက်သော် ရုတ်တရက်အလင်းရောင်ပျောက်သလိုဖြစ်ကာ
အနည်းငယ်မှောင်မည်းသွားစဉ် သစ်ပင်အကွယ်မှ နွားပေါက်အရွယ်ရှိခွေးနက်ကြီးတစ်ကောင်ပြေးထွက်လာကာ စောထော်လေးအားလျှင်မြန်စွာ ကိုက်ဆွဲသွားလေသည်။
စောမူဝါးမှာလည်းဘာမှပြင်ဆင်ချိန်ပင်မရလိုက်ပဲ အံအားသင့်နေလေသည်။
ထို့နောက်အသ်ိဝင်လာကာ ခွေးနောက်သို့လိုက်လေသော် အစအနပင်မမြင်ရတော့ချေ။
ထို့နောက်တောဆက်မလိုက်တော့ပဲ ရွာသို့ပြန်ကာ အကျိုးအကြောင်းပြောပြလိုက်ပီးနောက်
ရွာသားများစုကာ တောထဲလိုက်ရှာပါသော်လည်း အကြောင်းမထူးသဖြင့်အားလုံး
လက်လျော့ကာ ရွာပြန်ကြလေသည်။
ညသို့ရောက်သော် လူအများအိပ်ချိန်၌
” အားးးးးး ”
” သွား သွား ငါ့နားမလာနဲ့ ”
” ဟဲ့ခွေး ဟဲ့ခွေးး ”
အသံနက်ကြီးနဲ့ထအော်လိုက်သော စောမူးဝါးရဲ့အသံကြောင့်
တစ်ရွာလုံးလန့်နိူးသွားလေတော့သည်။ရွာသားများစောမူဝါးအိမ်သို့ရောက်သော်
အိပ်ယာထဲ၌ ချွေးတစ်ရွဲရွဲဖြင့် ထိတ်လန့်နေသောယစောမူဝါးကိုတွေ့ရလေသည်။
” ဟေ့ မူဝါး ဘာဖြစ်တာလဲကွ ”
” အိမ်မက်မက်တာပါဗျာ ကျုပ်ကိုခွေးနက်ကြီးတွေ လိုက်ဆွဲနေလို့ ”
” စိတ်စွဲနေလို့ဖြစ်မှာပါကွာ ပြန်အိပ်လိုက်တော့ဟေ့ ”
“ဟုတ်ကဲ့ဖထီး ”
” အေးအေး ဒါဆို ငါတို့ပြန်မယ်ဟေ့ ”
ဖထီးတို့ပြန်သွားပြီးနောက် စောမူဝါးမှာ ကယောင်ခြောက်ခြားဖြင့် လိုက်ကြည့်နေစဉ်
လှေခါးထိပ်မှ လျှာတန်းလန်းနဲ့ခွေးခေါင်းကြီးပေါ်လာပီး စောမူဝါးထံတစ်လှမ်းခြင်း
လှမ်းလာလေသည်။
စောမူဝါးမှာ ကြောက်လွန်းလှသဖြင့်အသံပင်မထွက်နိူင်တော့ပေ။
ခွေးကြီးမှာစောမူဝါး ကို လျှပ်တပြက်ကိုက်ချီ၍
အိမ်ပေါ်မှဝုန်းခနဲခုန်ချသွားလေတော့သည်။
နောက်နေ့ရောက်သော် အိမ်ပေါ်မှပျောက်ခြင်းမလှပျောက်သွားသော
စောမူဝါးအကြောင်းကိုပြောနေကြလေတော့သည်။
ဤသို့ဖြင့် ညနေရောက်တိုင်း ရွာထဲသို့ခွေးနက်ကြီးများဝင်လာကာ
လျှောက်သွားနေကြသဖြင့် မုဆိုးရွာဖြစ်တဲ့အတ်ိုင်း လက်နက်များဖြင့်
ပစ်ခတ်ကြပါသော်လည်း ထူးဆန်းစွာပင် တစ်ချက်မှမထိသောကြောင့်
အားလုံးအိမ်တံခါးပိတ်ကာ အထဲမှသာချောင်းကြည့်နေရလေသည်။
” အားးးးး ”
အော်သံနဲ့အတူ ရွာပြောင်းပြေးရန်ပြင်ဆင်နေသော အားထီတို့မိသားစုမှာ ကံဆိုးလှစွာ
ခွေးများကိုက်ချီသွားသည်ကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသဖြင့်
ရွာသူရွာသားများမှာ ကိုယ့်ကံကြမ္မာကိုစိုးထိတ်နေကြဘီ။
အခုဆိုရင်ခွေးနက်ကြီးတွေက အိမ်ပေါ်အထိတက်ဆွဲနေကြသဖြင့် အားလုံးက
အကာကွယ်မဲ့သလို ကြောက်ရွံ့နေကြသည်ဖြစ်ကာ တစ်အိမ်ပီးတစ်အိမ်
တစ်ယောက်ပီးတစ်ယောက်ပျောက်ခြင်းမလှပျောက်ကုန်ကြသည်။
ယခုဆိုလျှင် ဖထီးတို့မိသားစုနဲ့ဘေးအိမ်တစ်အိမ်သာလျှင်ကျန်တော့သည်။
ဖထီးကားမိသားစုက်ိုအိမ်အောက်သို့ပင်မဆင်းခိုင်းပဲ အိမ်ပေါ်မှသာအခြေနေကြည့်နေစဉ်
” အားးး အမလေးးးး ”
” ကယ်ကြပါဦးးရှင် ”
ဟိုဖက်အိမ်မှအော်ဟစ်သံများထွက်လာသဖြင့်
ကံဆိုးကြရှာလေပြီဆိုတာကို ဖထီးအတတ်သိလိုက်ပြီ။
ယခုဆိုလျှင် တစ်ရွာလုံး တစ်အိမ်ထဲ ဖထီးတို့မိသားစုသာလျှင်ကျန်နေတော့သည်။
အိမ်ပါတ်ချာလည်တွင် ခွေးနက်ကြီးသုံးကောင်မှာ အိမ်ပေါ်တက်ရန် နေရာရှာနေသည်။
” ဝုန်းးး ”
ထရံကိုထိုးဖောက်ကာထွက်လာသော ခွေးကြီးမှ အမိုးအားကိုက်ဆွဲသွားလေသည်။
အပေါက်ဖြစ်သွားသောနေရာမှနေ၍ ကျန်ခွေးများဝင်လာကာ ဖထီးမျက်စိရှေ့တွင်ပင် မိသားစုများတစ်ယောက်ပီးတစ်ယောက်ပါကုန်သဖြင့် ဓားကိုင်ထားသောဖထီးမှာ
အိမ်ပေါ်မှခုန်ချပီးထွက်ပြေးလေတော့သည်။
ဖထီးနောက်သို့ လျှာတန်းလန်းဖြင့် ပြေးလိုက်လာသော ခွေးကြီးများမှာ
မြင်ရသူများအဖို့ခြောက်ခြားစရာပင်။
ပြေးရင်းပြေးရင်းဖြင့် ဖထီးခလုတ်တိုက်လဲလေရာ လိုက်လာသောခွေးကြီးများ
မှီလုမှီခင်ဖြစ်သဖြင့် ဖထီးတစ်ယောက် မျက်စိမှိတ်ခါ သေခြင်းတရားကို ရင်ဆိုင်စဉ်
” ဝုန်း ဖြောင်း ဂျွတ်ဂျွတ် ”
ရုတ်တစ်ရက် သစ်ကိုင်းကြီးသည် ဖထီးနဲ့ခွေးများအကြားကျိုးကျလာလေသည်။
ထိုစဉ်
” ယဿာ နုဘာဝတော
ယက္ခာ ၊ နေဝဒေဿန္တိ ဘီသနံ
ယဥှိစေဝါ နုယုဉ္စန္တော ၊ ရတ္တိန္ဒိဝ မတန္ဒိတော။
သုခံ သုပတိ သုတ္တောစ
ပါပံ ကိဉ္စိန ပဿတိ
ဧဝမာဒိ ဂုဏုပေတံ ပရိတ္တံ တံဘဏာမဟေ
ကရဏီယ မတ္ထ ကုသလေန ယန္တသနံ္တ ပဒံ
အဘိသမေစ္စ သက္ကောစ ဥဇူစ သုဟူဇူစ
သုဝစော စဿ မုဒုအနတိမာနီ
သန္တုဿကောစ သုဘရောစ
အပ္ပကိစ္စောစ သလ္လဟုကဝုတ္တိ
သန္တိနြ္ဒိယောစ နိပကောစ
အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ
န စ ခုဒ္ဒ မာရေစ ကိဉ္စိ
ယေန ဝိညူပရေ ဥပဝဒေယျုံ သုခိနောဝ ခေမိနော ဟောန္တု သဗ္ဗသတ္တာစ ဘဝန္တု သုခိတတ္တာ
ယေ ကေစိပါဏ ဘူတတ္ထိ တဿဝါ ထာဝရာဝ
နဝသေသာ ဒီဃ ဝါယေဝ မဟန္တာ မဇ္စျိမာ ရဿကာ အဏုကထူလာ
ဒိဌာ ဝါယေဝ အဒိဌာ ယေဝဒူရေ ဝသန္တိ အဝိဒူရေ ဘူတာဝ သမ္ဘဝေသီဝ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ
န ပရောပရံ နိကုဗ္ဗေထ နာတိမညေထ ကတဌစိန ကဉ္စိ ဗျာရောသနာ ပဋိဃ သည နာညမညဿ ဒုက္ခ မိစ္ဆေယျ ”
ကြည်လင်ပြတ်သားနှစ်လိုဖွယ်ရာရှိသောအသံနဲ့အတူ ပေါ်လာသော
တောထဲမှာဖထီးတွေ့ခဲ့သောပုဂ္ဂိုလ်၏ရွတ်ဖတ်မှုကြောင့် ခွေးနက်ကြီးများမှာ
တဖြည်းဖြည်းနောက်သို့ဆုတ်ရင်းဆုတ်ရင်း တောတွင်းသို့ပြေးဝင်
ပျောက်ကွယ်သွားလေတော့သည်။
– – – – – – – – – – – – – – — — – – – – – – –
တစ်လခန့်ကြာသော်
တစ်ခြားကျေးရွာအတွင်းသို့ ဆွမ်းခံကြွရောက်လာသော် ရဟန်းတစ်ပါးနဲ့အတူ
တည်ငြိမ်အိနြေ္ဒရှိစွာ အထမ်းထမ်းလာသော ကပ္ပိယကြီးမှာ
ယခင်က ကြမ်းတမ်းခက်ထန်လှသော မုဆိုးကြီးစောမူဟဲသာလျှင်ဖြစ်ပေတော့သည်။
ပြီးပါပြီ။