ရွှေပင်လယ်မှာသာတဲ့လ

ရွှေပင်လယ်မှာသာတဲ့လ(စ/ဆုံး)
——————————-

ရေလှိုင်းရိုတ်သံ လေတိုးသံနဲ့ ပင်လယ်ပြင်၏ မနက်ခင်းသည် သာယာဖွယ်အတိ ဖြစ်နေ၏ပင်လယ်ကမ်းစပ် သဲသောင်ပြင်အနား တည်ရှိနေတဲ့ “အုန်းတော”ရွာငယ်လေးမှာ တံငါအလုပ်ဖြင့်အသက်မွေး ဝမ်းကြောင်း ပြုရသည်မို့ မတက်လင်းသည်နှင့် ငါးဖမ်းဖို့ရာ စက်လှေများဆီသို့ ကိုယ်စီ ဆင်းကြရလေသည်။

“..ကိုမြင့်စိုး….တော်တစ်ယောက်ထဲ….
…..ဖြစ်ပါ့မလားတော့်…”

ဇနီးဖြစ်သူ မကြည်မြင့်သည် မိမိတစ်ယောက်ထဲငါးဖမ်းသွားမည်ကို စိတ်မချ၍ ပြောနေသည်ကိုသိပါသော်လဲ အရွယ်မရောက်သေးသော
သားလေး”ကျော်မင်း”ကို ပင်လယ်ပြင်ထဲ ခေါ်
မသွားချင်သောကြောင့်။

“….ရပါတယ်ဟာ….ငါလုပ်နေကြပါ….နင်သာ….
….ကလေးတွေကို….ဂရုစိုက်…”

ထိုသို့ပြောရင်း ငါးဖမ်းပိုက်ကို ပခုံးပေါ် တင်လျှက်စက်လှေဆီသို့ ဇနီးနဲ့ သားသမီးများကို ကျောခိုင်းကာ ထွက်သွားတော့သည်။

ခင်ပွန်းဖြစ်သူ၏ ကျောပြင်အားကြည့်ရင်း
မကြည်မြင့်တစ်ယောက် စိတ်မချမ်းမြေ့ရပါပေ
ကိုမြင့်စိုးနှင့် အိမ်ထောင်ကြပြီးကတည်းက
ဒီအုန်းတောရွာလေးမှာ တံငါလုပ်ရင်း အခြေချနေထိုင်လာခဲ့ကြတာ အခုဆို သားကြီး ကျော်မင်းနဲ့သမီးငယ်လေး “ပိုပိုချစ်”တို့တစ်သက်ပင် ရှိခဲ့လေပြီ အိမ်ထောင်ရေး ကံကောင်းတယ်လို့ပဲ ဆိုရမလား အခုချိန်ထိ ခင်ပွန်းဖြစ်သူက မိမိကို ပင်ပင်ပန်းပန်း ဘာမှမခိုင်းခဲ့ပေ သူများဆီမှာ နေ့စားနဲ့ငါးခွဲ ငါးပိသိပ် ငါးခြောက်လှန် အလုပ်တောင်မှပေးမလုပ်ခဲ့ပါ သူသာလျှင် ပင်လယ်ပြင်နဲ့အတူမိသားစုအတွက် ပင်ပင်ပန်းပန်း ရုန်းကန်ကျွေးခဲ့သူပါလေ သမီးလေးကို လက်မှာဆွဲလျှက် ကိုမြင့်စိုးစက်လှေလေးနဲ့ ထွက်သွားတာကို ကမ်းစပ်ကကြည့်နေရင်း မြင်ကွင်းက ပျောက်ကွယ် သွားတော့မှ အိမ်သို့ ပြန်ခဲ့လေသည်။

~~~~~

“…ဟဲ့….မကြည်မြင့်….မကြည်မြင့်ရေ…”

အိမ်ရှေ့မှခေါ်သံကြောင့် မကြည်မြင့် ချက်လက်စထမင်းအိုးကို ထင်းထည့်လိုက်ပြီး မီးဖိုချောင်မှ​ထွက်လာခဲ့လိုက်သည်။

“….ဟော့….မတင်ညွန့်ပါလား….အိမ်ထဲဝင်
လေ…”

“..မဝင်တော့ပါဘူး….မကြည်မြင့်ရယ်….
….ဒီည…..မုန်တိုင်းရှိတယ်လို့….ရေဒီယိုက……
…..ကြေငြာလို့ဟ…..ငါ့ယောကျ်ားကို….ကမ်းစပ်မှာ
…..သွားစောင့်မလို့…..နင်လိုက်ဦးမလားလို့….ဝင်
ခေါ်တာဟ…”

မကြည်မြင့် ရင်ထဲဝယ် စိုးထိတ်လျှက် ဒီလို
အခြေအနေမျိုးဆိုရင် ကိုယ့်ရဲ့အိမ်သားများကို
ပင်လယ်ကမ်းစပ်ကနေ ရင်တထိတ်ထိတ်နဲ့ သွားကြိုစောင့်ရတာ အုန်းတောရွာလေး၏ အလေ့အထဖြစ်နေပါပြီ။

…..အင်း….လိုက်မှာပေါ့…..ခဏစောင့်
နော်….ကျွန်မထမင်းအိုးကျက်တာနဲ့…..သွားကြ
တာပေါ့..”

အိမ်ရှေ့က ကွပ်ပစ်ပေါ် မတင်ညွန့် ဝင်ထိုင်လိုက်ပြီး။

“…အေး….အဲ့ဒါဆိုလဲ….မြန်မြန်လုပ်ဟ….မှောင်
တော့မယ်ဟ…”

စလောင်းနှုတ်ခမ်းများ ပိန်နေသော
ထမင်းအိုးကို မီးပြင်းပြင်းထိုးလိုက်ပြီး အမြန်ကျက်အောင်လုပ်ခါ မတင်ညွန့်နဲ့အတူ ကလေးနှစ်ယောက်ကို လက်မှာဆွဲလျှက် ပင်လယ်ကမ်းစပ် သဲသောင်ခုံသို့ သွားကြတော့သည်။

ကမ်းစပ်သို့ ရောက်တဲ့အခါ အတော်ပင် နေညို
နေခဲ့ပြီဖြစ်သည် အတော်ကြာသည်အထိ စောင့်
နေပါသော်လဲ တခြားငါးဖမ်းသမားတို့၏ လှေ
များသာ တစ်စီးပြီး တစ်စီး ဝင်ခဲ့သည်ကိုမြင့်စိုးရဲ့ငါးဖမ်းဖက်လှေကတော့ ပေါ်မလာသေးပေ။

“..ဟဲ့….မကြည်မြင့်….နင့်ယောကျ်ား….ပြန်မလာ
သေးဘူးလားဟ…”

ပိုက်ကွန်များကို ထမ်းလျှက် ဘေးနားသို့ ရောက်လာသော ကိုမြင့်စိုးနှင့် တစ်ရွာထဲနေ ငါးဖမ်းဖော်သူငယ်ချင်းဖြစ်တဲ့ ကိုကျော်မြက မကြည်မြင့်အား မေးလိုက်ခြင်းပင် ဖြစ်သည်။

“..တော့်သူငယ်ချင်းက….အခုထိပြန်မလာသေး
ဘူးတော့်….ကျုပ်လဲ….စောင့်နေတာကြာပြီ…”

ကိုကျော်မြ လှိုင်းလေ အနည်းငယ်ထန်လာသောပင်လယ်ပြင်အား ကြည့်လိုက်ပြီးနောက်။

“..ပြန်လာမှာပါ….မှောင်တော့မယ်ဟ…နင်
ကလေးတွေနဲ့…..အိမ်ပြန်တော့လေ….အိမ်ကပဲ
စောင့်နေပေါ့ဟာ…”

မကြည်မြင့် ကလေးနှစ်ယောက်ကို လက်မှာဆွဲ
ပင်လယ်ပြင်သို့သာ ခေါင်းတမော့မော့ဖြင့်
ကြည့်ကာ။

“…ကျုပ်မပြန်ချင်သေးပါဘူးတော်…ကျုပ်
ယောကျ်ား….ပြန်လာတဲ့အထိ….စောင့်ဦးမယ်…”

“…ကဲ….ပြောမရရင်လဲ….သဘောပဲဟေ့…”

ကိုကျော်မြ သူမအား ကျောခိုင်းကာ ရွာပေါ်သို့
ပြန်တတ်သွားတော့သည်။

“..မေမေ…ဟိုးမှာ….လှေတစ်စီး….ဝင်လာတယ်…”

သားလေး၏ ညွှန်ပြရာဘက်သို့ မကြည်မြင့်
ကြည့်လိုက်တော့ လှေငယ်တစ်စင်း ကမ်းဘက်သို့ ဦးတည် မောင်းနှင်လာတာကို လှိုင်းတံပိုးများကြားဝိုးတဝါး လှမ်းမြင်လိုက်ရသည် လှေပေါ်၌ ကိုမြင့်စိုးသူမိန်းနှင့် ကလေးများကို လက်ယမ်းပြနေ၏။

“….ဟဲ့သား….အဲ့ဒါမင်းအဖေရဲ့….လှေပဲ…
….လာကမ်းစပ်ဆင်းရအောင်…”

သားအမိတွေ အခုမှ အပူလုံးကြကာ ကမ်းစပ်သို့ပျော်ပျော်ပါးပါး ပြေးဆင်းလိုက်ကြသည်
ကိုမြင့်စိုးရဲ့ လှေလေး ကမ်းစပ်သို့ ထိုးစိုက်လာ
ခဲ့သည်။

“…ကိုမြင့်စိုးရယ်….လှိုင်းလေထန်နေ
တာ….အစော…ပြန်ခဲ့ပါလားတော့်….ကျုပ်
ဖြင့်….စိတ်ပူရလို့……..သေတော့မယ်…”

ဇနီးသည်ရဲ့ မျက်စောင်းလှလှကို ကလေးနှစ်ယောက်ရသော်ငြားလဲ သဘောကြနှစ်သက်ရင်း လှေဝမ်းထဲမှ မိလာသာသော ငါးများကို ခြင်းထဲသို့ ထည့်ကာ။

“..စိတ်ပူရအောင်လို့တော့….ဘယ်ဟုတ်မလဲ
ကွာ….ဒီနေ့က….ပြန်ခါနီးမှ….ငါးက…ပိုထိနေ
လို့…..နည်းနည်းနောက်ကြသွားတာပါ….မိန်းမ
ရယ်…”

လှေကို ကျောက်ကြိုးချပြီးနောက် ငါခြင်းအား ပုခုံးပေါ်တင် ပိုက်များကို လက်တစ်ဖက်က ပွေ့တော့ဇနီးဖြစ်သူ မကြည်မြင့်က။

“…ကဲ….အဲ့ဒီပိုက်တွေ…ကျုပ်ကိုပေးစမ်းပါ…..
…..ကျုပ်ကူသယ်ပါ့မယ်….ဒီလောက်ကတော့…..
….ကျုပ်သယ်နိုင်ပါတယ်…”

ကိုမြင့်စိုးလက်ထဲမှ ပိုက်များကို လက်တစ်ဖက်ဖြင့် ပွေ့ရင်း ကလေးနှစ်ယောက်နဲ့အတူ ဇနီးသည် ပုခုံးအားဖက်ခါ ပျော်ပျော်ရွှင်ရွှင်ဖြင့် သူတို့မိသားစုလေးအိမ်ပြန်လိုက်ကြသည်။

~~~~~

မိသားစု ဝမ်းရေးကို ပင်လယ်ပြင် ငါးဖမ်းရင်း
အခြေပြု ဖြေရှင်းလာခဲ့တာ သားလေးတောင်
၁၀နှစ်အရွယ် ရောက်ခဲ့လေပြီ နွေကျောင်းပိတ်
ရက်များဆိုရင် ဖခင်ဖြစ်သူ ကိုမြင့်စိုးနဲ့အတူ
ပင်လယ်ပြင်မှာ ငါးဖမ်းလိုက်ခါ ဝိုင်းကူပေးသည့်အတွက် အားကိုးအားထား ပြုနေရပြီ ဖြစ်သည်ကျောင်းဖွင့်တဲ့အခါတော့ ငါးဖမ်းလိုက်ဖို့ရာ ဖခင်ဖြစ်သူက ခွင့်မပြုသောကြောင့် ကျောင်းစာကိုသာအာရုံစိုက်ခဲ့ရ၏။

အခုတော့ မကြာမီ နွေကျောင်းပိတ်ရက် ရောက်လာတော့မှာမို့ ငါးဖမ်းလိုက်ရန် ဖခင်အား ပူဆာထားသည်။

“….အဖေ….ကျောင်းပိတ်ရင် …..သား…အဖေနဲ့
အတူ…ငါးဖမ်းလိုက်မယ်နော်…”

ပေါက်ပြဲနေသော ပိုက်များကို ချုပ်ကာ ပြန်လည်မွန်းမံနေသော ကိုမြင့်စိုးက ချုပ်လက်စ ပိုက်အားခဏပစ်ချလိုက်ပြီး နံဘေးရှိ ဆေးလိပ်ခွက်ထဲမှဖက်ကြမ်း ဆေးပေါ့လိပ့်အား မီးညှိ ဖွာရှိုက်လိုက်ပြီး။

“…ကျောင်းပိတ်ရင်တော့…ငါ့သားလိုက်ချင်
လိုက်ပေါ့….အဖေကတော့….ငါ့သားကို…မလိုက်
စေချင်ဘူးကွာ…..ပင်လယ်က….အန္တာရယ်များ
တယ်ကွ…”

ဖခင်ဖြစ်သူ၏ စေတနာမေတ္တာကို နားလည်ပါသော်လဲ ကျောင်းပိတ်ရက်ပဲ အကူအညီပေးရတာမို့ အဖေ့ကို နားစေချင် သက်သာစေချင်တဲ့အခါအတူလိုက်ဖို့ မနည်း​ဖြောင့်ဖြခဲ့ရသည်။

“…ကျောင်းပိတ်ရက်လေးပါပဲ… အဖေ..ကျောင်း
ဖွင့်ရင်….အဖေဖြစ်စေချင်တဲ့…..ပညာတတ်ဖြစ်
အောင်…..ကျွန်တော်ကြိုးစားပါ့မယ်…”

ဖခင်ဖြစ်သူ ကိုမြင့်စိုး ပြုံးလျှက်ပင် ဘာမှပြန်မ​
ပြောပဲ ပိုက်အပေါက်များကိုသာ ပြန်ဖာနေတော့သည်။

နွေရာသီ ကျောင်းများပိတ်ဖို့ တစ်ပတ်ခန့် အလို
ပင်လယ်ကမ်းခြေတစ်လျှောက် လေပြင်းများ
တိုက်ခတ်လျှက် လှိုင်းခေါင်းဖြူကြီးများ ကမ်းစပ်ကျောက်ဆောင်များသို့ တစ်ဝုန်းဝုန်းဖြင့် ပြေးရိုတ်နေသည် အချိန်အခါမဟုတ် နွေရာသီမှာ မိုးများအုံဆိုင်းလျှက် သဲသောင်ခံရှိ ငါးစင်များမှ တင်လှန်ထားသော ငါးခြောက်များကို ရုတ်သူကရုတ်ဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြ၏ ပင်လယ်နဲ့ လှိုင်းလေဟာ ပုံမှန် ဖြစ်ရိုးဖြစ်စဥ်ဆိုပေမယ့် အခုပုံစံနွေခေါင်ခေါင်
မှာ မိုးကြီး မုန်တိုင်းထန်တော့မည့် အလားအလာပင်။

“…အမေ…အဖေရော….ပြန်မလာသေးဘူးလား…”

ကျောင်းမှ ပြန်လာသော သားဖြစ်သူက လွယ်အိတ်လေးကို တိုင်မှာချိတ်ရင်း မေးလာတော့။

“..မင်းအဖေ….မနက်ထဲကသွားတာ….အခုထိ….
ပြန်မလာသေးလို့…အမေလဲ…စိတ်ပူနေတာ….
….မင်းအဖေသိပ်ပြီး…နေမကောင်းဘူး….ဒီနေ့….
….နားဖို့ပြောတာကို…ဇွတ်ဆင်းသွား
တာ…သားရေ”

သားဖြစ်သူမှာ ထိုစကားကြားတော့ ကမ်းစပ်သို့
ပြေးဆင်းကာ ဖခင်ဖြစ်သူ ပြန်အလာကို သောင်ခုံပေါ်ဆော့ရင်း စောင့်နေရှာသည် မကြည်မြင့်လဲလုပ်စရာရှိသည်များ လုပ်ပြီးနောက် သမီးကိုလက်မှာဆွဲကာ ကမ်းစပ်သို့ လိုက်သွားလေတော့သည်။

နေကလဲ အတော်ပင်စောင်းနေခဲ့ပြီ ယောကျ်ားဖြစ်သူအတွက် အပူမီးတောက်တို့က မကြည်မြင့်ရင်ထဲတစ်စစနှင့် တောက်လောင်နေပါတော့သည်။

“….အမေ…မိုးလဲချုပ်တော့မယ်….အဖေက..
…..ပြန်မလာသေးဘူးလား….”

သားဖြစ်သူက လှိုင်းထန်နေသော ပင်လယ်ပြင်
အားကြည့်ရင်း မေးလာတော့ ခါတိုင်းလိုပဲ လှိုင်းလုံးတွေကြား ယောကျ်ားဖြစ်သူ၏ လှေကလေးပေါ်လာမလား လှမ်းမျှော် ကြည့်မိသည် သို့သော်အခြားစက်လှေများသာ တစ်စီးပြီးတစ်စီး ပြန်ဝင်လာခဲ့သည် ကိုမြင့်စိုး၏ လှေမှာတော့ အရိပ်အယောင်ပင် မမြင်ရချေ ရုတ်တရက် မိုးတွေ ရွာချလာသည်မို့ ကလေးနှစ်ယောက်နဲ့အတူ အိမ်သို့ပြန်ပြေးရတော့သည်။

ညသည် လေသံမိုးသံတို့ဖြင့် ဆူညံလျှက် ပတ်ဝန်းကျင်ရှိ အပင်ကြီးများ ယိမ်းထိုးလှုပ်ရှားလျှက် အိမ်အလယ်၌ ထွန်းညှိထားသော ရေနံဆီ မီးခွက်ကြီး၏ အလင်းရောင်က အိမ်ပေါက်ဝအား ဝိုးတဝါးမျှ လှမ်းမြင်နေရသည်ည် အိပ်ပျော်နေပြီဖြစ်သော ကလေးနှစ်ယောက်ကို စောင်လုံအောင် ခြုံပေးရင်း ခေါင်းအုံးထက်သို့ မကြည်မြင့်ရဲ့ မျက်ရည်စတို့က တစ်ဖောက်ဖောက်မကြာခဏ ယိုင်လုလု တဲအိမ်လေးရဲ့ အပေါက်ဝဆီသို့ လှမ်းမျှော်ကာ ကြည့်ရသည်က အမောပင် ကိုမြင့်စိုးများ ပြန်ဝင်လာမလား စောင့်မျှော်ရင်းနဲ့ငိုခဲ့ရတာ မနက်မိုးလင်းသည် အထိပင်။

“…အောက်….အီး….အီး…..အွတ်…”

လင်းကြက်တွန်သံနဲ့အတူ ညက လေမိုးများလဲ
ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

“…ဟဲ့…..မကြည်မြင့်……မကြည်မြင့်…”

အိမ်ရှေ့မှ မိမိအား ခေါ်သံကြောင့် မကြည့်မြင့်
အိပ်ယာထဲမှ လူးလဲထလိုက်ပြီး ထွက်ကြည့်လိုက်တော့။

“…ဟာ….ကိုကျော်မြပါလား…”

“…အေး….ဟုတ်တယ်ဟ….နင့်ယောကျ်ားရဲ့…..
…စက်လှေအပိုင်းအစတစ်ချို့ကို…ကျောက်ကြီး
….ကမ်းခြေဘက်မှာ…..တွေ့တယ်ဟ….အဲ့ဒါ….
…..ဟုတ်မဟုတ်…လိုက်ကြည့်ဦးဟ…..ငါတော့…
….မြင့်စိုးရဲ့…စက်လှေလို့ပဲ….ထင်တယ်ဟာ…”

“…ရှင်…”

ကြားရသော စကားကြောင့် မကြည်မြင့် ထမီကိုခပ်တိုတိုဝတ်ခါ ကျောက်ကြီး ကမ်းခြေဘက်သို့ပြေးထွက်သွားပါတော့သည် ကျောက်ကြီးကမ်းခြေဆိုသည်မှာ အုန်းတောရွာလေးနှင့် သိပ်မဝေးလှပေ ကျောက်ဆိုင် ကျောက်တုံးကြီးများ ပေါများလွန်းလို့ထိုနေရာကို ကျောက်ကြီး ကမ်းခြေဟု ဒေသအခေါ်ရှိကြသည်။

သဲသောင်ခံတစ်လျှောက် အရူးတစ်ယောက်လို
မနားားတမ်း ပြေးလာမိတာ တစ်ဖြေးဖြေးနဲ့
ကျောက်ကြီး ကမ်းခြေဆီသို့ မကြည့်မြင့် ရောက်လာခဲ့လေ၏ မကြည်မြင့် ကျောက်တုံးကျောက်ဆိုင်တွေကြား ဟိုဟိုဒီဒီ လိုက်ရှာရင်း တစ်နေရာအရောက်။

“….ဟင်…”

သူမြင်လိုက်ရသည့် မြင်ကွင်းသည်ကား လက်ကိုင်ပဝါလေးနဲ့ ကျစ်လစ်နေအောင် စည်းထားသောကော်ထမင်းဘူးလေး တစ်ဘူး သစ်သား အပိုင်းအစများကြားမှာ ရေလှိုင်းများရိုတ်ခတ်လျှက် ပေါ်နေခြင်းပင်ဖြစ်၏ အမြန်ပြေးသွားပြီး ထမင်းဘူးလေးအား ကောက်ယူကာ ကြည့်လိုက်တော့။

“..ဒါ…..ဒါ…..ကိုမြင့်စိုးရဲ့….ထမင်းချိုင့်ပဲ….
…..ငါကိုယ်တိုင်….ထည့်ပေးခဲ့တာ…”

ထမင်းဘူးလေးကို ဖြည်ကြည့်တော့ အထဲမှ ထမင်းများကို စားထားပြီး သေခြာပြန်ထုပ်ထားခြင်း ဖြစ်သည်။

“…အဟင့်…ဟင့်…..ကိုမြင့်စိုးရေ…..တော်ကျုပ်
ဆီ….ပြန်မလာနိုင်တော့ဘူးလား…..အီး…ဟီး…..
…အဖြစ်ဆိုးလိုက်တာတော်….ကျုပ်တို့သားအမိ
တွေကို…..တော်ပစ်ထားခဲ့ပြီလားတော်…”

ကမ်းစပ်၌ ခြေပစ်လက်ပစ် ထိုင်ချလျှက် ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့သည်
အနောက်မှ ပြေးလိုက်လာကြသည့့် ရွာသား
တစ်ချို့က မကြည်မြင့်အား ဖြောင့်ဖျကာ ရွာသို့
ပြန်ခေါ်ခဲ့ပြီး ကိုမြင့်စိုးအတွက် နာရေးကိစ္စကို
ရွာလူကြီးများက စီမံကြလေတော့သည်။

အလောင်းမရှိသော နာရေးမှာ တိတ်ဆိတ်လျှက် ဆွေမျိုးညာတိ နည်းပါးသည်က တစ်ကြောင်းမို့နာရေးလာသူ သိပ်မရှိခြင်း ဖြစ်ပေလိမ့်မည်ကလေးနှစ်ယောက်မှာလဲ ဖခင်ဖြစ်သူ သေဆုံးပြီဟု သိရကတည်းက ငိုကြွေးနေခဲ့ကြသည်။

ပထမဆုံး နာရေးညမို့ ရွာသားတစ်ချို့ အစောပိုင်းရောက်လာခဲ့ကြသော်လဲ ညဥ့်နက်တော့ လူသိပ်မရှိတော့ပေ ညကလဲ ပို၍ တိတ်ဆိတ်လာ၏မှန်လင်းမီးအိမ်လေးအောက် ကိုမြင့်စိုး၏ အင်္ကျီနှင့်အသုံးအဆောင် ပစ္စည်းတစ်ချို့ ခေါင်းရင်း၌ ချထားသည်ကိုကြည့်ရင်း သေတာတောင် အလောင်းမပါတဲ့ နောက်ဆုံးခရီးကို မကြည့်မြင့်ကြည့်ရင်းနဲ့ ရင်ထဲ မချိနိုင်ခဲ့ပါ။

~~~~~~

“…ဟဲ့….မိတုတ်…”

ကမ်းနား ငါးစင်တွေနား ငါးရွေးနေကြသော
အုန်းတောရွာမှ မိတုတ်နှင့် မခင်လှတို့ အပြန်လှန်စကားပြောနေခြင်းပင်ဖြစ်သည်။

“..ဘာလဲ….ခင်လှရဲ့…”

မခင်လှ ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်ပြီးလေသံတိုးတိုးဖြင့် မိတုတ်အနားသို့ကပ်ခါ။

“..ဟဲ့….ညက…ကျုပ်ယောကျ်ား….ကိုသံချောင်း
….လှေထဲမှာ….ပုဆိုးကျန်ခဲ့လို့…..ဆင်းယူတာ….
….ကမ်းစပ်မှာ….ကိုမြင့်စိုးကြီးတစ်ယောက်…..
….မကျွတ်လွတ်ပဲနဲ့…..ဆေးလိပ်ကြီးဖွာရင်း….
…..လမ်းလျှောက်နေတာကို….မြင်ခဲ့ရတယ်တဲ့..”

“…ဟင်…”

မိတုတ် ရွေးနေသော ငါးများကို ခြင်းတောင်းထဲသို့လောင်းထည့်ရင်း။

“….ဟုတ်လို့လား…မခင်လှရယ်….တော်ကြာ….
….သူ့မိန်းမ….မကြည်မြင့်….ကြားသွားရင်…
….မကောင်းပါဘူးတော်…”

မခင်လှက စိတ်မရှည်ဟန်ဖြင့်။

“….ဟဲ့….ဟုတ်လို့ပေါ့ဟဲ့…..ကျုပ်ယောကျ်ား….
….တစ်ကယ်မြင်ခဲ့ရတာပါဆို…”

“…ကဲ….ဟုတ်ရင်လဲ…စိတ်ထဲမှာပဲထားတော်ရေ
…တော်ကြာ…မကြည်မြင့်သိသွားရင်…ပို
ဝမ်းနည်းနေပါ့မယ်…”

“…အေးပါဟာ..”

ကိုမြင့်စိုးတစ်ယောက် မကျွတ်တဲ့ သတင်းသည်
အုန်းတောရွာလေးတွင် တစ်စစနှင့် ပြန့်နှံ့လာ၏
ငါးဖမ်းသမားများကို ရေနှင့်ပက်ခြင်း လှေနံအားသိသိသာသာ တစ်ဖက်ထဲ တတ်နင်းခြင်း ဆေးလိပ်ဖွာလျှက် ကမ်းစပ်မှာ လမ်းလျှောက်နေခြင်း စသဖြင့် လူပြောများလာသည်။

ဒီလိုနဲ့ ကိုမြင့်စိုး ရက်လည်သောနေ့သို့ ရောက်ရှိလာခဲ့သည် ဘုန်းကြီးများနဲ့ ရက်လည်ဆွမ်းကျွေး တရားနာပြီး အမျှဝေတော့ ကလေးနှစ်ယောက်နှင့် မကြည်မြင့်တို့ မျက်ရည် မဆည်နိုင်ကြပါ ထိုနေ့ညက ရက်လည်ကိစ္စများနဲ့ ပင်ပန်းထားသောကြောင့်အစောပဲ အိပ်ပျော်သွားခဲ့သည်။

“…မကြည်မြင့်….မိန်းမ….ထစမ်းပါဦးဟာ…”

ခေါ်သံကြောင့် မကြည်မြင့် ထကြည့်လိုက်တော့ကိုမြင့်စိုးတစ်ယောက် ရေများ ရွှဲစိုလျှက် သူမအရှေ့၌ မတ်တပ်ရပ်နေသည်။

“….ကို…..ကိုမြင့်စိုး….တော်….တော်ဘယ်လိုဖြစ်
ရတာလဲ….အီး….ဟီး…”

ငြိုးငယ်သော မျက်နှာနှင့် ကိုမြင့်စိုး မျက်ရည်တို့စီးကြလာရင်း။

“…မငိုပါနဲ့…မိန်းမရယ်..အားလုံးဟာ…ဖြစ်ပြီး
ရင်….ပျက်သွားကြတာ….သဘာဝပါပဲ….
…..ငါသေသွားပေမယ့်…မင်းကလေးနှစ်ယောက်
ကို….အကောင်းဆုံး….ထိန်းသိမ်းစောင့်ရှောက်
ပေးပါ….ငါ့သားသမီးတွေကို…ပညာတတ်
တွေ….ဖြစ်စေချင်တယ်ဟာ….မင်းတို့
အတွက်….ငါမစွမ်းဆောင်နိုင်တော့ပေမဲ့
….မင်းကို….ငါယုံကြည်ပါတယ်…”

ကိုမြင့်စိုး မျက်ရည်များ တစ်သွင်သွင်စီးကြလာရင်းကပဲ မကြည်မြင့်အား ကြည့်ပြီး။

“…ငါ့မိန်းမ….မင်းလဲ…အရွယ်ရှိသေးတာမို့……
…..နောက်အိမ်ထောင်ပြုခဲ့ရင်လဲ….ငါကျေနပ်နေ
မှာပါ….ငါ့အတွက်…..တစ်ခုပဲလုပ်ပေးပါမိန်းမ…. ငါ့ကလေးနှစ်ယောက်ကို….ပညာတတ်တွေဖြစ်
အောင်….ငါ့လို…..တံငါသည်ဘဝမရောက်
အောင်….မင်းစောင့်ရှောက်ပေးပါကွာ…”

ယောကျ်ားဖြစ်သူ ကိုမြင့်စိုး ငိုရင်းပြောလာတဲ့
စကားတွေက မကြည်မြင့်ရင်ထဲ မီးစနဲ့ ထိုးနေသလိုမချိနိုင်ခဲ့ပါဘူး။

“….ကိုမြင့်စိုးရယ်….အဖြစ်ဆိုးလိုက်တာတော်…..
….စိတ်ချပါ….ကျုပ်သားသမီးတွေကို…ကောင်း
ကောင်း…..စောင့်ရှောက်ပါ့မယ်….ကျုပ်ကို… နောက်အိမ်ထောင်ပြုဖို့လဲ…မတိုက်တွန်းပါနဲ့…. ကျုပ်သေသည်အထိ…တော်ကလွဲရင်….ဘယ်သူ့ကိုမှ… လင်မတော်ဘူး…စိတ်ချ…”

ကိုမြင့်စိုး မျက်ရည်တို့ သုတ်ပြီးနောက်။

“..မနက်ဖြန်ကို….မင်းတို့သားအမိတွေ…ကမ်းစပ်
ကို….လာခဲ့ကြပါ….ငါနောက်ဆုံးအကြိမ်…ကြည့်
သွားချင်လို့ပါနော်..”

မကြည်မြင့်လဲ မျက်ရည်မဆည်နိုင်သည့်ကြားမှ။

“…စိတ်ချပါတော်….ကျုပ်လာဖြစ်အောင်…လာခဲ့
ပါ့မယ်…”

ထိုသို့ပြောပြီး ကိုမြင့်စိုးတစ်ယောက် အမြင်
အာရုံဏ်ထဲမှ တစ်ဖြေးဖြေး ​ပျောက်ကွယ်သွားပါတော့သည်။

ပင်လယ်ပြင်သည် ရာသီဥတု သာယာလျှက် လှိုင်းကြက်ခွပ်လေးများ မြူးတူးနေကြရင်း ဖြတ်တိုက်လာသော လေနုအေးအေးသည် မကြည်မြင့်၏ဆံစလေးတို့ကို တိုးတိုက်သွား
လျှက်။

“..ကိုမြင့်စိုးရေ….တော်…နောက်ဆံမတင်းပါနဲ့
နော်…ကျုပ်တို့ကို….စိတ်ချခဲ့ပါ….တော်ကောင်း
ရာမွန်ရာကို….စိတ်ချချနဲ့သွားပါတော့…
.အဟင့်……ဟင့်…”

မကြည်မြင့်၏ ငိုရှိုက်သံသည် ပင်လယ်ထက်သို့
ပဲ့တင်လျှက် ငြိမ်သက်နေသော ရေပြင်၏ တစ်နေရာရာမှာတော့ သူတို့သားအမိတွေကို ကိုမြင့်စိုးတစ်ယောက် ကြည့်နေမည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။

ညအမှောင်ကို ခွင်းဖို့
လရောင်ဆိုတာ လင်းတယ်။

ဘဝအမှောင်ကို လင်းဖို့ကြ
အဖေဆိုတဲ့ အလင်းရောင်က
ထာဝရ ထွန်းလင်းပေးသူပါ။

ဘာပဲ ဖြစ်ဖြစ်
ရွှေပင်လယ်မှာ သာတဲ့”လ”ကို
သူတို့ သားအမိတွေ ကောင်းစွာ
မြင်ခဲ့ရကြသည် မဟုတ်ပါလား။

ပြီးပါပြီ။
.
ဆက်လက်ကြိုးစားပါဦးမည်။
.
.

အားပေးခဲ့ကြသော စာဖတ်ပရိတ်သက် တစ်ယောက်ခြင်းဆီတိုင်းကို ဂါဝရထား အထူးပင်ကျေးဇူးလျှက်
.
.
.Friend မဖြစ်သေးဘူးများလဲ ကျွန်တော်ရဲ့အကောင့်နဲ့Pageလေးကို အပ်ထားခြင်းဖြင့် ရေးသမျှ မလွတ်တမ်းဖတ်နိုင်ပါတယ်

#လေလွင့်လူ(တွံတေး)
#(ခတတွေ)-ပှဥှးမနား