” လက်စားချေခြင်း ”(စ/ဆုံး)

Unicode version

” လက်စားချေခြင်း ”(စ/ဆုံး)
——————————

မော်မော်သည် စိတ်ပျက်လက်ပျက်နှင့်သာ လိုက်ခဲ့လေသည်။ ပြပွဲကြီးမှာ လူတွေရော၊ ဆိုင်တွေပါ စည်လှပါသည်။ ဓာတ်မီးတွေ ပွင့်နေလိုက်ကြသည်မှာ မိုးပေါ်က ကြယ်တွေစုပြုံပြီး ဆင်းလာနားနေသလား အောက်မေ့ရပေသည်။ ပိုးဖဲ၊ စိန်ရွှေများ အရောင်ကြောင့် လူတိုင်း၏ ဟန်သည် လှပမော်ကြွားကာ နေပေသည်။ အားလုံး ကြည့်၍ ကောင်းလှသည်။ အို တထောင့်က ထိုင်ပြီး တမေ့တမောကြည့်နေဖို့သာ ကောင်းတော့သည်။

မော်မော်ကတော့ အားလုံးနှင့် ဆန့်ကျင်ကာ မကျေမနပ် ဖြစ်လေသည်။ မော်မော်သည် သွားစရာ လာစရာရှိလျှင် သူငယ်ချင်း အပေါင်းအဖော်များနှင့်သာ သွားလာမြဲ ဖြစ်ပေသည်။ မိဘများနှင့် သွားရသည်မှာ အင်မတန်ရှုပ်သည်။ နည်းနည်းမှ မလွတ်လပ်ပေ။ အရာရာမှာ သူတို့မျက်နှာ ထားတာကိုပဲ ကြည့်ကြည့်ပြီး နေရသည်။ ယခုပြပွဲကိုကား အိမ်သားတွေ သွားလျက်နှင့် မလိုက်ဘဲ သူငယ်ချင်းများနှင့် သွားမည်ဆိုက ဆူပူမည်ကို ကြောက်၍ လိုက်ခဲ့ရသည်။

သူသိသည့် အတိုင်း လိုက်လာပြီး နည်းနည်းမှ မပျော်သည်ကို တွေ့ရသည်။ မပျော်သည့်ပြင် စိတ်တောင် ညစ်ရသေးသည်။ သူ့မေမေ၊ ဖေဖေတို့သည် ရှေးလည်းဆန်၍ ကပ်စေးလည်း နဲသဖြင့်အလွန်အမင်း ခွကျလေသည်။ ခုကြည့်ပါလား၊ ပြပွဲကိုကလေးတွေ တန်းလန်းတန်းလန်းနှင့် လာသည်။ ဟိုဟာလိုချင်၊ ဒီဟာလိုချင် ပူဆာသည့် ကလေးကပူဆာ၊ ငိုသည့်ကလေးကငို၊ သူတို့ကို ပျောက်မှာစိုး၍ လက်မလွှတ်တမ်း ဆွဲထားရသေးသည်။

မော်မော် ညီမလေး အနီကတော့ တမျိုးဖြစ်သည်။ ခွကျလိုက်သည်မှာလည်း သူ့အပြင်မရှိဘူး။ မော်မော်ထက် ထွားကျိုင်းသော်လည်း အင်မတန် ကလေးဆန်သည့်အနီကို မိဘများထက် မော်မော်ကြောက်လေသည်။ အနီသည် အေးစက်စက်နှင့် ထိအောင်တိအောင် ထုနှက်တတ်သည်။

အနီသည် ကလေးအငယ်ဆုံး ကလေးကို တချိန်လုံးချီလာသည်။ မော်မော်လောက် လှလှပပ ဝတ်စားမလာသော်လည်း အတော်သပ်သပ်ရပ်ရပ်ကား ပြင်ဆင်ထားသဖြင့် ကလေးချီထားသည်နှင့် မလိုက်ဘဲ ဖြစ်ကာ အပျိုလုပ်လွန်းသော သားသည်မအေပေါက်စနှင့် တူနေပေသည်။ မော်မော်က သူ့လက်ညောင်းသည်ကို သနားသော်လည်း ကူချီရမှာရှက်သဖြင့် မသိချင်ယောင်ဆောင်ကာ လမ်းလျှောက်နိုင်သော ကလေးကိုသာ လက်တွဲ၍ထိမ်း၏။

နှစ်ပတ်လောက် အနှံ့လျှောက်ပြီးသော် မောလာသဖြင့် လက်ဝှေ့ထိုးပွဲတခုရှေ့မှာ မြက်ခင်းပေါ် ထိုင်ပြီး အပန်းဖြေကြလေသည်။ မော်မော်က မတ်တတ်သာ ရပ်နေ၏။ သူ့စိတ်ကို ရိပ်မိသော အနီက တချက်ရယ်ကာ တို့တော့ညောင်းရင် ထိုင်တာပဲ။ ဘယ်သူမှဂရုမစိုက်ဘူးဟု ဆိုကာ ခြေဆင်းပြီး ပစ်ထိုင်လိုက်လေသည်။

သူတို့ ထိုင်နေရာနှင့် ခပ်နီးနီးမှာ ချင်းသုပ်ဆိုင်တဆိုင်ရှိသည်။ ဆိုင်မှာ ချင်းသုပ်ထက် စားပွဲ၊ ကုလားထိုင်ကို ရောင်းခြင်းဖြစ်ပေသည်။ ချင်းသုပ်ကို မစားရက်အောင် အလှဆုံးပြင်ကာ သုပ်သူကနယ်ပေးပြီး လက်မပေအောင် ဇွန်းဖြင့်စားစေခြင်းဖြင့် အပြင်မှာတမူးလောက်ကို တကျပ်နှင့် ရောင်းနေလေသည်။ ပိုက်ဆံ အရမ်းမဲ့ပေါသူများနှင့် မိန်းမပျိုများ ပြပွဲခေါ်လာသည့် ငနဲစသောသူများသာ ထိုင်စားနေသည်။

အောက်လင်း လက်ဆွဲ ဓာတ်မီးကြီးမှ လင်းလွန်းလှ၍ မော်တို့တသိုက်ထိုင်နေသည်မှာ သူတို့ခြေရင်းမှာလိုဖြစ်အောင် ထင်ပေါ်နေလေသည်။

အမောပြေကြသည့်အခါ ကလေးတို့မှာ ချင်းသုပ်ဆိုင်ကို မြင်လာလေ၏။ အော်ကြီးဟစ်ကျယ် ပူဆာကြပြန်သည်။ မေမေ ဖေဖေတို့သည် ကလေးများကို လက်ဆွဲကာ မတန်မရာရောင်းသော ဆိုင်ရှေ့မှ ထွက်လာသည်။ ထို့နောက် ပွဲဈေးတန်းသို့ လျှောက်လာကာ တမတ်ဖိုးရောင်းသော မုန့်ဟင်းခါးဆိုင်မှ တထွာသာသာ ဗြက်ကျယ်သည့် ထိုင်ခုံကလေးများမှာ ငုတ်တုတ် ထိုင်ကြလေသည်။

မော်က ထိုင်လည်းမထိုင်၊ မုန့်လည်းမစားဘဲ မီးရောင်ကို ကျောပေးပြီး ရပ်သည်။ မေမေ ဖေဖေတို့က မော်မော်ကို “စားမလား” တခွန်းသာ မေးပြီးသူတို့ဟာ သူတို့ စားကြသည်။ အနီမှာ ပထမက မစားဘဲနေသော်လည်း မော်မော်ကိုခွတိုက်ကာ တရှူးရှူးတရှဲရှဲ ဝင်စားလေ၏။

အနီ မုန့်စားသဖြင့် သူချီထားသည့် ကလေးကို မော်မော်ချီရ၏။ အင်္ကျီ ကျေမည်လည်းစိုး ချီလည်း မချီချင်သဖြင့် တွန့်ဆုတ်တွန့်ဆုတ်နေမိကာ အနီက သူ့မျက်လုံးသွားရာကို လိုက်ကြည့်ပြီး သရော်သောမျက်နှာဖြင့် “ဟိုလူတွေကမမကိုအပျိုမှန်းသိပါတယ်” ဟုပြောလိုက်လေသည်။

မော်မော်ကို မြင်သဖြင့် တကောက်ကောက် လိုက်လာသော ထိုလူသုံးယောက်ကို အနီကဆိုလိုသည်။ မော်မော်သည် ရှက်လည်းရှက်၊ နာလည်းနာကာ မျက်ရည်များဝေလာပြီး ဘာမျှမပြောဘဲ နှုတ်ခမ်းကိုကိုက်၍ နေလေသည်။

မော်မော်သည် သူ့တအိမ်သားလုံးကို မုန်းတီးသည်။ တခါတရံ မေမေ့ကိုတော့ ချစ်စိတ်ဝင်သည်။ သူ့ကို ဘယ်သူကမှ မချစ်၊ ဂရုမစိုက်ဟု ယုံကြည်သည်။ တနေ့နေ့တော့ ငါနဲ့တွေ့ကြဦးမှာပေါ့လေ ဟုတေးထားသည်မှာ ကြာပြီ။ သူ့အိမ်သားများသည် သူ့အားဂရုမစိုက်သည်ကတော့ မှန်သည်။ မေမေနှင့် ဖေဖေသည် ငွေငွေငွေနောက်သာ လိုက်ကာ တနေ့တနေ့ ကုန်ဈေးတန်းက အထည်ဂိုဒေါင်မှာသာ အချိန်ကုန်သည်။ ထို့ကြောင့် သားသမီးများသည် ကိုယ့်ဟာကိုယ် နေတတ်သလို နေကြရသည်။

မော်မော်သည် သူ့အိမ်သားများကဲ့သို့ မဟုတ်ဘဲ အပေါင်းအသင်း များပေသည်။ ဘယ်သွားသွား တယောက်တည်း သွားရဲသည်။ မိဘများ ချောင်လည်သော်လည်း မော်မော်က အိမ်မှာ မလွတ်မလပ် ကုပ်ပြီး မနေချင်သဖြင့် ရုံးတွင် စာရေးဝင်လုပ်ရာ သူ့စိတ်နှင့် သူ့ကိုယ် နေချင်သလောက် နေနိုင်ပါသည်။

မုန့်ဟင်းခါး စားပြီးသည့် အချိန်မှာ မော်မော်သည် သူတို့ကို ဘယ်လိုခွာထုတ်ရမည်ကို စဉ်းစားပြီးသားဖြစ်၏။ ထို့ကြောင့် “မေမေ…ဟောဟို ဘိုင်စကုတ်ပြတဲ့ဆီ သွားရအောင်” ဟုဆိုလိုက်သည်။ သူသွားချင်သည် ဆိုသောနေရာမှာ ပြပွဲတခုလုံးတွင် အမှောင်ဆုံးဖြစ်၏။ ဘိုင်စကုတ်မှာ ရုံမဆောက်ဘဲ လဟာပြင်မှာအခမဲ့ ပြသဖြင့် မီးရောင်အနည်းဆုံးနေရာကို ရွေးရပေသည်။

မေမေသည် သူတို့ ညီအစ်မ စိတ်ကောက်နေကြမှန်းသိ၍ အလိုလိုက် ချော့မော့ဖို့ စိတ်ရှိကာ “ကိုင်း…လာ၊ဘိုင်စကုတ် ကြည့်ရအောင်ဟေ့” ဟု ကလေးတို့ကို ခေါ်ရင်း အိမ်ပြန်တော့မည် ပြင်သော ဖေဖေ့ကိုလက်မောင်းမှ ကိုင်ဆွဲလာလေသည်။

ဘိုင်စကုတ်ကြည့်၍ တပိုင်းတောင် မကုန်ခင် မော်မော်သည် ရှေ့တိုးရင်းတိုးရင်း ပျောက်ကွယ်သွား၏။ မိဘတို့သည် “မော်မော်-မော်မော်” နှင့်တကြော်ကြော် အော်ပြီး ခေါ်သေးသည်။ မတွေ့ရပေ။ သူတို့သည် ပြပွဲကို တပတ်ပတ်ကာ ရှာသေးသည်။

ဘိုင်စကုတ် ပြနေရာသို့ ပြန်ရောက်သော် ကလေးတို့သည် မောပန်းနေကြပြီး အငယ်ဆုံးကလေးနှစ်ယောက်မှာ မေမေ ဖေဖေတို့ လက်မောင်းပေါ်ဝယ် ကိုယ်စီ အိပ်ပျော်နေကြသည်။ မိဘတို့သည် ကိုယ်လက်နာ နေကြလေပြီ။

“စိန်ဂျွန်း သူနာပြု တပ်သွားတိုင်မလား။ ကလေးပျောက်တယ်ဆိုရင်တော့ အော်လန်ကြီးနဲ့ အော်ပေးတာပဲ” ဟုမေမေက ပြောသည်။ အနီက စိတ်မကောင်းဖြစ်မိသဖြင့် “ရှက်စရာကြီးပါ မေမေရယ်…မမဟာ ကလေးမှ မဟုတ်ဘဲ။ သူ စိတ်ဆိုးနေဦးမယ်” ဟု မော်မော်ဘက်က ပြော၏။ ဖေဖေက တွေဝေနေရာမှ “သူလည်း ကလေးမှမဟုတ်ဘဲလေ။ ပြန်တတ်သားပဲလေ။ တို့ကို ရှာမတွေ့ရင် အိမ်ပြန်မှာပေါ့။ ခါတိုင်းလည်း သူတယောက်တည်း သွားနေကျဟာ၊ ပူစရာမရှိပါဘူး” ဟုဖြေပြော၏။

နောက်ဆုံးတွင် သူတို့ အိမ်ပြန်ကြလေသည်။ ကိုးနာရီတော့ခွဲပြီ။ သို့သော် ပြပွဲမှာ ယခုမှ စည်၍ ကောင်းစရှိသေးသည်။ သူတို့မှာ လူရှင်းသည့် ခုနစ်နာရီလောက်ကတည်းက လာခဲ့ကြပါသည်။

မော်မော်သည် သူ့မိဘများ ခေါ်သံကအတင်းလွတ်အောင်တိုးရင်း သူ့နာမည်ကို လူတွေအလယ်မှာ အော်နေသည့် ရိုင်းစိုင်းမှုကို စိတ်ဆိုးနေသေးသည်။ ထို့နောက် သူခိုးမျက်စိဖြင့် မိဘများကိုရှာရင်းလျှောက်သည်။ မိဘများကို တွေ့လိုသည်ထက် ရှောင်ပြေးရအောင် သူက အရင်တွေ့မှ ဖြစ်ပေမည်။မော်မော်သည် အတင့်ရဲကာ မီးရောင်မှာ ခပ်ကြော့ကြော့လျှောက်လာပြီး မေမေဖေဖေတို့ ခုလောက်ဆိုပြန်ပြီ။

နောက်ဆုံးမှာ ဟောခနဲ ယောင်မိသည်။ စောစောက လူသုံးယောက်နှင့် သွားတိုးလေသည်။

သူတို့ကို သိတယ်လည်း ဆိုနိုင်သည်၊ မသိဘူးလည်း ဆိုနိုင်သည်။ ထိုလူသုံးယောက်မှာ ဘိုင်စကုတ်ကြမ်းပိုး မည်မျှကျသည်ကိုတော့ မသိပေ။ မော်မော်ကြည့်သမျှ ဘယ်ရုံမှာမဆို အမြဲတွေ့သည်။ စနေတနင်္ဂနွေ ကြည့်သူချင်းချင်း ဖြစ်သမို့လားတော့မဆိုနိုင်။ ဆုံမိတတ်သည်မှာကား မော်မော်တို့က နှစ်ကျပ်ခွဲတန်းရှေ့ဆုံးက ကြည့်မြဲမှာ သူတို့ကနှစ်ကျပ်တန်းနောက်ဆုံးမှာ ချည်းရှိလေသည်။

သူတို့ မှတ်မိသည်မှာလည်း အမြဲတမ်း သည်လူသည်လူချည်း သုံးယောက်တည်း တွဲတတ်သောကြောင့်ဖြစ်သည်။လဘိုင်စကုတ်ပြ၍ ရယ်စရာရှိလျှင် သူတို့က ပထမဆုံးနင်းကန်ပြီး ရယ်တတ်၏။ တခြားလူများလည်း သည်တော့မှ နားလည်သူကလည်၊ မလည်သူကမလည်နှင့် ရောယောင်လိုက်ရယ်ကြလေသည်။ မော်မော်တောင် နားမလည်ဘဲ သူတို့ရယ်သဖြင့် ရယ်ရသည့်အခါမျိုး ရှိသေးသည်။

သူတို့ကလည်း စနေ၊ တနင်္ဂနွေတိုင်း ပွဲဆက်ကြည့်သူ မော်မော်ကို မှတ်မိသည်။ ဘိုင်စကုတ် မပြသေးခင်နှင့် အားလပ်ချိန်မှာ သမင်လည်ပြန်ကြည့်တတ်သည်။

သူတို့အကြောင်း သိသမျှမှာ ဒါပဲဖြစ်သည်။ သို့သော်မော်မော်သည် သူတို့အား အင်္ဂလိပ်ဘိုင်စကုတ်ကြည့်သူ၊ နားလည်သူများဖြစ်၍ ခေတ်ပညာတတ်သူများမှန်း သိကာ အထင်ကြီးလေသည်။

မော်မော်သည် ခဏမျှ ခြေလှမ်းတုံ့နေစဉ် သူတို့အထဲမှ တယောက်က လာကာ “ဪ…တယောက်တည်းအဖော်ကွဲ လာသလား” ဟု သိကျွမ်းဖူးသလို မေးသည်။

“ဟုတ်…ဟုတ်ကဲ့”

“ကျွန်တော်တို့ ကူရှာပေးပါ့မယ်။ မိန်းကလေးတယောက်တည်း မကောင်းပါဘူး။ လာပါ၊ မတွေ့မချင်း ကျွန်တော် စောင့်ရှောက်ပါ့မယ်။ မတွေ့လည်း အိမ်လိုက်ပို့ပါ့မယ်”

ဤသို့ နှစ်ယောက်သား လျှောက်ခဲ့သည်။ ကျန်သည့်အဖော်နှစ်ယောက်ကား လစ်ကြလေပြီ။ မော်မော်သည် ပြပွဲကြီး ပျော်စရာကောင်းပုံကို သိလာလေသည်။ နှစ်ယောက်သား ရင်းနှီးလာကာ စကားတွေ ကြွယ်ကြလေ၏။ ထိုလူက သူ့ကိုယ်သူ ကိုမြထွန်းကလေ ဘာညာနှင့် ပြောသဖြင့် နာမည်သိရသည်။

ကိုမြထွန်းသည် မော်မော်က ကွဲသည့်အဖော်များကို ဟိုသည်ဝင်ကြည့်ဖို့ထက် ဂရုမစိုက်သည်ကို တွေ့သဖြင့် ရှာဖို့ဘာမှ မပြောတော့ချေ။ သူတို့နှစ်ယောက်သည် လူညပ်သည့် နေရာများတွင် ရှောင်ရင်းတိမ်းရင်း တယောက်နှင့်တယောက် ပွေ့ဖက်မိလျက်သား ဖြစ်ရချေသည်။

လူရှင်းသည့်အခါ မော်မော်သည် ကိုမြထွန်း၏ ခါးကို သိုင်းထားသည့် မိမိလက်များကို ရုပ်လိုက်သော်လည်း သူ့ပခုံးပေါ်က ကိုမြထွန်း၏ လက်များကားမလျှောပြေချေ။

သူတို့သည် လူတောထဲ မတိုးတော့ဘဲ မှောင်ခိုလာကာ နောက်ဆုံးတွင် ထွက်ပေါက်ဝင်ပေါက်လည်းမဟုတ်ဘဲ တဖက်က မည်းမှောင်သည့် ကွင်းပြင်သို့ ရောက်သည့် နေရာကလေးသို့ ရောက်ကာ မြက်ခင်းပေါ်ထိုင်ကြသည်။ သည်နေရာမှာ လူလည်းမရှိ၊ မီးရောင်လည်း မလင်းသဖြင့် မော်မော်သည် မြေကြီးပေါ်ထိုင်ရမှာ မရှက်တော့ချေ။

ပြပွဲထဲမှာ အလင်းရောင်နှင့် လူတွေ၊ သည်မှာတော့ အမှောင်။ မော်မော်နှင့် ကိုမြထွန်း။ ပြပွဲမှာ အသံဗလံနှင့် လေညစ်၊ သည်မှာတော့ တိတ်ဆိတ်ခြင်းနှင့် သန့်ရှင်း လန်းဆတ်သည့် လေ။ သည်ဆန့်ကျင်ဘက်နှစ်ခုဟာ ခုလို နီးကပ်စွာ တဆက်စပ်တည်း တမြေရာကွက်တည်းမှာ ရှိလိမ့်မယ်လို့ ဘယ်သူတွေးမိပါမလဲ။

မော်မော်သည် ကြောက်သလိုလို ပျော်သလိုလို စွန့်စားခန်းတွေ ရင်ဆိုင် တိုးနေရသလို ဖြစ်မိသည်။ မော်မော်သည် အသက်ငယ်သော်လည်း သည်နေရာ၏ အဓိပ္ပာယ်ကို ရိပ်မိနားလည်ပေသည်။

သူတို့ နေရာလေးမှာ လေတင်ကဖြစ်၍ တခါတရံလေပြန်ဝှေ့လာမှ ဓာတ်စက်သီချင်း၊ လူသံ၊ သူသံတို့ကို ကြားရသည်။

ကိုမြထွန်းသည် စီးကရက်တလိပ်ကို ညှိ၍သောက်ရာ သူ့မျက်လုံးများကို လက်ခနဲမြင်ရသည်။ မော်မော်သည် သူ့မျက်လုံးထဲက တခုခု ဘာမှန်းမသိသော တခုခုကို ကြည့်ရင်း ချမ်းတုန်မိသလို ဖြစ်လာလေ၏။

“ကလေးရယ်…” ဟုကိုမြထွန်းက ပျော့ပြောင်းချော့မော့စွာ ခေါ်သည်။ သူသည် တမော်တည်းမော်ရာက ကလေးကလေးနှင့် ဖြစ်လာသည်ကို မော်မော်သတိထားခဲ့မိသည်။ မော်မော်ကလည်း ကိုမြထွန်းကိုဖြင့် အနှစ်နှစ်အလလက ချစ်ကြိုက်လာသူလို ခင်မင်ရင်းနှီးမိလေသည်။

ကိုမြထွန်းက မြက်ခင်းပေါ် ကျောချ၍ လှဲလိုက်ကာမော်မော့်ကို ပွေ့လိုက်လေသည်။

မော်မော် အိမ်ပြန်ရောက်သော် ၁၁နာရီခွဲ ပြီးပေပြီ။

မေမေက မအိပ်ဘဲ စောင့်နေသည်။ ဖေဖေကမူ တရေးရ၍ ဆေးပြင်းလိပ် ထသောက်သည်။

အိမ်တွင်းသို့ ရောက်သည်နှင့် အပျော်စိတ်ပျောက်ကာ ဝမ်းသာပြောင်လှောင်ချင်စိတ် ပေါက်လာလေသည်။ “ယခုမှ မေမေတို့ ဖေဖေတို့ကိုနိုင်ပြီ။ ငါမှန်းသိပလား…ကိုင်း…မှတ်” ဟုစိတ်တွင်းမှ အခြောက်တိုက် ကြိမ်းလိုက်သည်။ သို့သော် သူပြုခဲ့သည့် အမှုသည် သူ့မိဘများထက် သူ့ကိုပို၍ မှတ်စေမည်လား ဘာလားတော့ မသေချာချေ။

သူ့ဖေဖေက ဆူမလို့လားမသိ၊ စကားပြောရန် ပါးစပ်ဟလိုက်သည်နှင့် တပြိုင်နက် “သိပ်တော်တဲ့ မေမေနဲ့ဖေဖေ၊ သမီးကလေးတယောက်တည်း ပစ်ထားပြီးအိမ်ပြန်အိပ်ကြတယ်” ဦးအောင် ပြောလိုက်ကာ သူ့အခန်းတွင်းသို့ ဝင်၍ပြေးလေသည်။

သူ့မေမေက သမီးလေးသည် ငိုယိုရန် ပြေးဝင်သွားသည်ဟု ထင်လေသည်။

မော်မော်ကတော့ မှန်ထဲက ပန်းလျစွာပြက်ရယ်ပြု၍ ပြုံးနေသော မော်မော်ကို တချက်ကြည့်ကာအဝတ်အစားမလဲဘဲ စားပွဲတွင်ထိုင်၍ တွေးနေလေသည်။

#ကြည်အေး
#လက်စားချေခြင်း

Zawgyi Version

” လက္စားေခ်ျခင္း ”(စ/ဆုံး)
——————————

ေမာ္ေမာ္သည္ စိတ္ပ်က္လက္ပ်က္ႏွင့္သာ လိုက္ခဲ့ေလသည္။ ျပပြဲႀကီးမွာ လူေတြေရာ၊ ဆိုင္ေတြပါ စည္လွပါသည္။ ဓာတ္မီးေတြ ပြင့္ေနလိုက္ၾကသည္မွာ မိုးေပၚက ၾကယ္ေတြစုၿပဳံၿပီး ဆင္းလာနားေနသလား ေအာက္ေမ့ရေပသည္။ ပိုးဖဲ၊ စိန္ေ႐ႊမ်ား အေရာင္ေၾကာင့္ လူတိုင္း၏ ဟန္သည္ လွပေမာ္ႂကြားကာ ေနေပသည္။ အားလုံး ၾကည့္၍ ေကာင္းလွသည္။ အို တေထာင့္က ထိုင္ၿပီး တေမ့တေမာၾကည့္ေနဖို႔သာ ေကာင္းေတာ့သည္။

ေမာ္ေမာ္ကေတာ့ အားလုံးႏွင့္ ဆန႔္က်င္ကာ မေက်မနပ္ ျဖစ္ေလသည္။ ေမာ္ေမာ္သည္ သြားစရာ လာစရာရွိလွ်င္ သူငယ္ခ်င္း အေပါင္းအေဖာ္မ်ားႏွင့္သာ သြားလာၿမဲ ျဖစ္ေပသည္။ မိဘမ်ားႏွင့္ သြားရသည္မွာ အင္မတန္ရႈပ္သည္။ နည္းနည္းမွ မလြတ္လပ္ေပ။ အရာရာမွာ သူတို႔မ်က္ႏွာ ထားတာကိုပဲ ၾကည့္ၾကည့္ၿပီး ေနရသည္။ ယခုျပပြဲကိုကား အိမ္သားေတြ သြားလ်က္ႏွင့္ မလိုက္ဘဲ သူငယ္ခ်င္းမ်ားႏွင့္ သြားမည္ဆိုက ဆူပူမည္ကို ေၾကာက္၍ လိုက္ခဲ့ရသည္။

သူသိသည့္ အတိုင္း လိုက္လာၿပီး နည္းနည္းမွ မေပ်ာ္သည္ကို ေတြ႕ရသည္။ မေပ်ာ္သည့္ျပင္ စိတ္ေတာင္ ညစ္ရေသးသည္။ သူ႔ေမေမ၊ ေဖေဖတို႔သည္ ေရွးလည္းဆန္၍ ကပ္ေစးလည္း နဲသျဖင့္အလြန္အမင္း ခြက်ေလသည္။ ခုၾကည့္ပါလား၊ ျပပြဲကိုကေလးေတြ တန္းလန္းတန္းလန္းႏွင့္ လာသည္။ ဟိုဟာလိုခ်င္၊ ဒီဟာလိုခ်င္ ပူဆာသည့္ ကေလးကပူဆာ၊ ငိုသည့္ကေလးကငို၊ သူတို႔ကို ေပ်ာက္မွာစိုး၍ လက္မလႊတ္တမ္း ဆြဲထားရေသးသည္။

ေမာ္ေမာ္ ညီမေလး အနီကေတာ့ တမ်ိဳးျဖစ္သည္။ ခြက်လိုက္သည္မွာလည္း သူ႔အျပင္မရွိဘူး။ ေမာ္ေမာ္ထက္ ထြားက်ိဳင္းေသာ္လည္း အင္မတန္ ကေလးဆန္သည့္အနီကို မိဘမ်ားထက္ ေမာ္ေမာ္ေၾကာက္ေလသည္။ အနီသည္ ေအးစက္စက္ႏွင့္ ထိေအာင္တိေအာင္ ထုႏွက္တတ္သည္။

အနီသည္ ကေလးအငယ္ဆုံး ကေလးကို တခ်ိန္လုံးခ်ီလာသည္။ ေမာ္ေမာ္ေလာက္ လွလွပပ ဝတ္စားမလာေသာ္လည္း အေတာ္သပ္သပ္ရပ္ရပ္ကား ျပင္ဆင္ထားသျဖင့္ ကေလးခ်ီထားသည္ႏွင့္ မလိုက္ဘဲ ျဖစ္ကာ အပ်ိဳလုပ္လြန္းေသာ သားသည္မေအေပါက္စႏွင့္ တူေနေပသည္။ ေမာ္ေမာ္က သူ႔လက္ေညာင္းသည္ကို သနားေသာ္လည္း ကူခ်ီရမွာရွက္သျဖင့္ မသိခ်င္ေယာင္ေဆာင္ကာ လမ္းေလွ်ာက္ႏိုင္ေသာ ကေလးကိုသာ လက္တြဲ၍ထိမ္း၏။

ႏွစ္ပတ္ေလာက္ အႏွံ႔ေလွ်ာက္ၿပီးေသာ္ ေမာလာသျဖင့္ လက္ေဝွ႔ထိုးပြဲတခုေရွ႕မွာ ျမက္ခင္းေပၚ ထိုင္ၿပီး အပန္းေျဖၾကေလသည္။ ေမာ္ေမာ္က မတ္တတ္သာ ရပ္ေန၏။ သူ႔စိတ္ကို ရိပ္မိေသာ အနီက တခ်က္ရယ္ကာ တို႔ေတာ့ေညာင္းရင္ ထိုင္တာပဲ။ ဘယ္သူမွဂ႐ုမစိုက္ဘူးဟု ဆိုကာ ေျခဆင္းၿပီး ပစ္ထိုင္လိုက္ေလသည္။

သူတို႔ ထိုင္ေနရာႏွင့္ ခပ္နီးနီးမွာ ခ်င္းသုပ္ဆိုင္တဆိုင္ရွိသည္။ ဆိုင္မွာ ခ်င္းသုပ္ထက္ စားပြဲ၊ ကုလားထိုင္ကို ေရာင္းျခင္းျဖစ္ေပသည္။ ခ်င္းသုပ္ကို မစားရက္ေအာင္ အလွဆုံးျပင္ကာ သုပ္သူကနယ္ေပးၿပီး လက္မေပေအာင္ ဇြန္းျဖင့္စားေစျခင္းျဖင့္ အျပင္မွာတမူးေလာက္ကို တက်ပ္ႏွင့္ ေရာင္းေနေလသည္။ ပိုက္ဆံ အရမ္းမဲ့ေပါသူမ်ားႏွင့္ မိန္းမပ်ိဳမ်ား ျပပြဲေခၚလာသည့္ ငနဲစေသာသူမ်ားသာ ထိုင္စားေနသည္။

ေအာက္လင္း လက္ဆြဲ ဓာတ္မီးႀကီးမွ လင္းလြန္းလွ၍ ေမာ္တို႔တသိုက္ထိုင္ေနသည္မွာ သူတို႔ေျခရင္းမွာလိုျဖစ္ေအာင္ ထင္ေပၚေနေလသည္။

အေမာေျပၾကသည့္အခါ ကေလးတို႔မွာ ခ်င္းသုပ္ဆိုင္ကို ျမင္လာေလ၏။ ေအာ္ႀကီးဟစ္က်ယ္ ပူဆာၾကျပန္သည္။ ေမေမ ေဖေဖတို႔သည္ ကေလးမ်ားကို လက္ဆြဲကာ မတန္မရာေရာင္းေသာ ဆိုင္ေရွ႕မွ ထြက္လာသည္။ ထို႔ေနာက္ ပြဲေဈးတန္းသို႔ ေလွ်ာက္လာကာ တမတ္ဖိုးေရာင္းေသာ မုန႔္ဟင္းခါးဆိုင္မွ တထြာသာသာ ျဗက္က်ယ္သည့္ ထိုင္ခုံကေလးမ်ားမွာ ငုတ္တုတ္ ထိုင္ၾကေလသည္။

ေမာ္က ထိုင္လည္းမထိုင္၊ မုန႔္လည္းမစားဘဲ မီးေရာင္ကို ေက်ာေပးၿပီး ရပ္သည္။ ေမေမ ေဖေဖတို႔က ေမာ္ေမာ္ကို “စားမလား” တခြန္းသာ ေမးၿပီးသူတို႔ဟာ သူတို႔ စားၾကသည္။ အနီမွာ ပထမက မစားဘဲေနေသာ္လည္း ေမာ္ေမာ္ကိုခြတိုက္ကာ တရႉးရႉးတရွဲရွဲ ဝင္စားေလ၏။

အနီ မုန႔္စားသျဖင့္ သူခ်ီထားသည့္ ကေလးကို ေမာ္ေမာ္ခ်ီရ၏။ အက်ႌ ေက်မည္လည္းစိုး ခ်ီလည္း မခ်ီခ်င္သျဖင့္ တြန႔္ဆုတ္တြန႔္ဆုတ္ေနမိကာ အနီက သူ႔မ်က္လုံးသြားရာကို လိုက္ၾကည့္ၿပီး သေရာ္ေသာမ်က္ႏွာျဖင့္ “ဟိုလူေတြကမမကိုအပ်ိဳမွန္းသိပါတယ္” ဟုေျပာလိုက္ေလသည္။

ေမာ္ေမာ္ကို ျမင္သျဖင့္ တေကာက္ေကာက္ လိုက္လာေသာ ထိုလူသုံးေယာက္ကို အနီကဆိုလိုသည္။ ေမာ္ေမာ္သည္ ရွက္လည္းရွက္၊ နာလည္းနာကာ မ်က္ရည္မ်ားေဝလာၿပီး ဘာမွ်မေျပာဘဲ ႏႈတ္ခမ္းကိုကိုက္၍ ေနေလသည္။

ေမာ္ေမာ္သည္ သူ႔တအိမ္သားလုံးကို မုန္းတီးသည္။ တခါတရံ ေမေမ့ကိုေတာ့ ခ်စ္စိတ္ဝင္သည္။ သူ႔ကို ဘယ္သူကမွ မခ်စ္၊ ဂ႐ုမစိုက္ဟု ယုံၾကည္သည္။ တေန႔ေန႔ေတာ့ ငါနဲ႔ေတြ႕ၾကဦးမွာေပါ့ေလ ဟုေတးထားသည္မွာ ၾကာၿပီ။ သူ႔အိမ္သားမ်ားသည္ သူ႔အားဂ႐ုမစိုက္သည္ကေတာ့ မွန္သည္။ ေမေမႏွင့္ ေဖေဖသည္ ေငြေငြေငြေနာက္သာ လိုက္ကာ တေန႔တေန႔ ကုန္ေဈးတန္းက အထည္ဂိုေဒါင္မွာသာ အခ်ိန္ကုန္သည္။ ထို႔ေၾကာင့္ သားသမီးမ်ားသည္ ကိုယ့္ဟာကိုယ္ ေနတတ္သလို ေနၾကရသည္။

ေမာ္ေမာ္သည္ သူ႔အိမ္သားမ်ားကဲ့သို႔ မဟုတ္ဘဲ အေပါင္းအသင္း မ်ားေပသည္။ ဘယ္သြားသြား တေယာက္တည္း သြားရဲသည္။ မိဘမ်ား ေခ်ာင္လည္ေသာ္လည္း ေမာ္ေမာ္က အိမ္မွာ မလြတ္မလပ္ ကုပ္ၿပီး မေနခ်င္သျဖင့္ ႐ုံးတြင္ စာေရးဝင္လုပ္ရာ သူ႔စိတ္ႏွင့္ သူ႔ကိုယ္ ေနခ်င္သေလာက္ ေနႏိုင္ပါသည္။

မုန႔္ဟင္းခါး စားၿပီးသည့္ အခ်ိန္မွာ ေမာ္ေမာ္သည္ သူတို႔ကို ဘယ္လိုခြာထုတ္ရမည္ကို စဥ္းစားၿပီးသားျဖစ္၏။ ထို႔ေၾကာင့္ “ေမေမ…ေဟာဟို ဘိုင္စကုတ္ျပတဲ့ဆီ သြားရေအာင္” ဟုဆိုလိုက္သည္။ သူသြားခ်င္သည္ ဆိုေသာေနရာမွာ ျပပြဲတခုလုံးတြင္ အေမွာင္ဆုံးျဖစ္၏။ ဘိုင္စကုတ္မွာ ႐ုံမေဆာက္ဘဲ လဟာျပင္မွာအခမဲ့ ျပသျဖင့္ မီးေရာင္အနည္းဆုံးေနရာကို ေ႐ြးရေပသည္။

ေမေမသည္ သူတို႔ ညီအစ္မ စိတ္ေကာက္ေနၾကမွန္းသိ၍ အလိုလိုက္ ေခ်ာ့ေမာ့ဖို႔ စိတ္ရွိကာ “ကိုင္း…လာ၊ဘိုင္စကုတ္ ၾကည့္ရေအာင္ေဟ့” ဟု ကေလးတို႔ကို ေခၚရင္း အိမ္ျပန္ေတာ့မည္ ျပင္ေသာ ေဖေဖ့ကိုလက္ေမာင္းမွ ကိုင္ဆြဲလာေလသည္။

ဘိုင္စကုတ္ၾကည့္၍ တပိုင္းေတာင္ မကုန္ခင္ ေမာ္ေမာ္သည္ ေရွ႕တိုးရင္းတိုးရင္း ေပ်ာက္ကြယ္သြား၏။ မိဘတို႔သည္ “ေမာ္ေမာ္-ေမာ္ေမာ္” ႏွင့္တေၾကာ္ေၾကာ္ ေအာ္ၿပီး ေခၚေသးသည္။ မေတြ႕ရေပ။ သူတို႔သည္ ျပပြဲကို တပတ္ပတ္ကာ ရွာေသးသည္။

ဘိုင္စကုတ္ ျပေနရာသို႔ ျပန္ေရာက္ေသာ္ ကေလးတို႔သည္ ေမာပန္းေနၾကၿပီး အငယ္ဆုံးကေလးႏွစ္ေယာက္မွာ ေမေမ ေဖေဖတို႔ လက္ေမာင္းေပၚဝယ္ ကိုယ္စီ အိပ္ေပ်ာ္ေနၾကသည္။ မိဘတို႔သည္ ကိုယ္လက္နာ ေနၾကေလၿပီ။

“စိန္ဂြၽန္း သူနာျပဳ တပ္သြားတိုင္မလား။ ကေလးေပ်ာက္တယ္ဆိုရင္ေတာ့ ေအာ္လန္ႀကီးနဲ႔ ေအာ္ေပးတာပဲ” ဟုေမေမက ေျပာသည္။ အနီက စိတ္မေကာင္းျဖစ္မိသျဖင့္ “ရွက္စရာႀကီးပါ ေမေမရယ္…မမဟာ ကေလးမွ မဟုတ္ဘဲ။ သူ စိတ္ဆိုးေနဦးမယ္” ဟု ေမာ္ေမာ္ဘက္က ေျပာ၏။ ေဖေဖက ေတြေဝေနရာမွ “သူလည္း ကေလးမွမဟုတ္ဘဲေလ။ ျပန္တတ္သားပဲေလ။ တို႔ကို ရွာမေတြ႕ရင္ အိမ္ျပန္မွာေပါ့။ ခါတိုင္းလည္း သူတေယာက္တည္း သြားေနက်ဟာ၊ ပူစရာမရွိပါဘူး” ဟုေျဖေျပာ၏။

ေနာက္ဆုံးတြင္ သူတို႔ အိမ္ျပန္ၾကေလသည္။ ကိုးနာရီေတာ့ခြဲၿပီ။ သို႔ေသာ္ ျပပြဲမွာ ယခုမွ စည္၍ ေကာင္းစရွိေသးသည္။ သူတို႔မွာ လူရွင္းသည့္ ခုနစ္နာရီေလာက္ကတည္းက လာခဲ့ၾကပါသည္။

ေမာ္ေမာ္သည္ သူ႔မိဘမ်ား ေခၚသံကအတင္းလြတ္ေအာင္တိုးရင္း သူ႔နာမည္ကို လူေတြအလယ္မွာ ေအာ္ေနသည့္ ႐ိုင္းစိုင္းမႈကို စိတ္ဆိုးေနေသးသည္။ ထို႔ေနာက္ သူခိုးမ်က္စိျဖင့္ မိဘမ်ားကိုရွာရင္းေလွ်ာက္သည္။ မိဘမ်ားကို ေတြ႕လိုသည္ထက္ ေရွာင္ေျပးရေအာင္ သူက အရင္ေတြ႕မွ ျဖစ္ေပမည္။ေမာ္ေမာ္သည္ အတင့္ရဲကာ မီးေရာင္မွာ ခပ္ေၾကာ့ေၾကာ့ေလွ်ာက္လာၿပီး ေမေမေဖေဖတို႔ ခုေလာက္ဆိုျပန္ၿပီ။

ေနာက္ဆုံးမွာ ေဟာခနဲ ေယာင္မိသည္။ ေစာေစာက လူသုံးေယာက္ႏွင့္ သြားတိုးေလသည္။

သူတို႔ကို သိတယ္လည္း ဆိုႏိုင္သည္၊ မသိဘူးလည္း ဆိုႏိုင္သည္။ ထိုလူသုံးေယာက္မွာ ဘိုင္စကုတ္ၾကမ္းပိုး မည္မွ်က်သည္ကိုေတာ့ မသိေပ။ ေမာ္ေမာ္ၾကည့္သမွ် ဘယ္႐ုံမွာမဆို အၿမဲေတြ႕သည္။ စေနတနဂၤေႏြ ၾကည့္သူခ်င္းခ်င္း ျဖစ္သမို႔လားေတာ့မဆိုႏိုင္။ ဆုံမိတတ္သည္မွာကား ေမာ္ေမာ္တို႔က ႏွစ္က်ပ္ခြဲတန္းေရွ႕ဆုံးက ၾကည့္ၿမဲမွာ သူတို႔ကႏွစ္က်ပ္တန္းေနာက္ဆုံးမွာ ခ်ည္းရွိေလသည္။

သူတို႔ မွတ္မိသည္မွာလည္း အၿမဲတမ္း သည္လူသည္လူခ်ည္း သုံးေယာက္တည္း တြဲတတ္ေသာေၾကာင့္ျဖစ္သည္။လဘိုင္စကုတ္ျပ၍ ရယ္စရာရွိလွ်င္ သူတို႔က ပထမဆုံးနင္းကန္ၿပီး ရယ္တတ္၏။ တျခားလူမ်ားလည္း သည္ေတာ့မွ နားလည္သူကလည္၊ မလည္သူကမလည္ႏွင့္ ေရာေယာင္လိုက္ရယ္ၾကေလသည္။ ေမာ္ေမာ္ေတာင္ နားမလည္ဘဲ သူတို႔ရယ္သျဖင့္ ရယ္ရသည့္အခါမ်ိဳး ရွိေသးသည္။

သူတို႔ကလည္း စေန၊ တနဂၤေႏြတိုင္း ပြဲဆက္ၾကည့္သူ ေမာ္ေမာ္ကို မွတ္မိသည္။ ဘိုင္စကုတ္ မျပေသးခင္ႏွင့္ အားလပ္ခ်ိန္မွာ သမင္လည္ျပန္ၾကည့္တတ္သည္။

သူတို႔အေၾကာင္း သိသမွ်မွာ ဒါပဲျဖစ္သည္။ သို႔ေသာ္ေမာ္ေမာ္သည္ သူတို႔အား အဂၤလိပ္ဘိုင္စကုတ္ၾကည့္သူ၊ နားလည္သူမ်ားျဖစ္၍ ေခတ္ပညာတတ္သူမ်ားမွန္း သိကာ အထင္ႀကီးေလသည္။

ေမာ္ေမာ္သည္ ခဏမွ် ေျခလွမ္းတုံ႔ေနစဥ္ သူတို႔အထဲမွ တေယာက္က လာကာ “ဪ…တေယာက္တည္းအေဖာ္ကြဲ လာသလား” ဟု သိကြၽမ္းဖူးသလို ေမးသည္။

“ဟုတ္…ဟုတ္ကဲ့”

“ကြၽန္ေတာ္တို႔ ကူရွာေပးပါ့မယ္။ မိန္းကေလးတေယာက္တည္း မေကာင္းပါဘူး။ လာပါ၊ မေတြ႕မခ်င္း ကြၽန္ေတာ္ ေစာင့္ေရွာက္ပါ့မယ္။ မေတြ႕လည္း အိမ္လိုက္ပို႔ပါ့မယ္”

ဤသို႔ ႏွစ္ေယာက္သား ေလွ်ာက္ခဲ့သည္။ က်န္သည့္အေဖာ္ႏွစ္ေယာက္ကား လစ္ၾကေလၿပီ။ ေမာ္ေမာ္သည္ ျပပြဲႀကီး ေပ်ာ္စရာေကာင္းပုံကို သိလာေလသည္။ ႏွစ္ေယာက္သား ရင္းႏွီးလာကာ စကားေတြ ႂကြယ္ၾကေလ၏။ ထိုလူက သူ႔ကိုယ္သူ ကိုျမထြန္းကေလ ဘာညာႏွင့္ ေျပာသျဖင့္ နာမည္သိရသည္။

ကိုျမထြန္းသည္ ေမာ္ေမာ္က ကြဲသည့္အေဖာ္မ်ားကို ဟိုသည္ဝင္ၾကည့္ဖို႔ထက္ ဂ႐ုမစိုက္သည္ကို ေတြ႕သျဖင့္ ရွာဖို႔ဘာမွ မေျပာေတာ့ေခ်။ သူတို႔ႏွစ္ေယာက္သည္ လူညပ္သည့္ ေနရာမ်ားတြင္ ေရွာင္ရင္းတိမ္းရင္း တေယာက္ႏွင့္တေယာက္ ေပြ႕ဖက္မိလ်က္သား ျဖစ္ရေခ်သည္။

လူရွင္းသည့္အခါ ေမာ္ေမာ္သည္ ကိုျမထြန္း၏ ခါးကို သိုင္းထားသည့္ မိမိလက္မ်ားကို ႐ုပ္လိုက္ေသာ္လည္း သူ႔ပခုံးေပၚက ကိုျမထြန္း၏ လက္မ်ားကားမေလွ်ာေျပေခ်။

သူတို႔သည္ လူေတာထဲ မတိုးေတာ့ဘဲ ေမွာင္ခိုလာကာ ေနာက္ဆုံးတြင္ ထြက္ေပါက္ဝင္ေပါက္လည္းမဟုတ္ဘဲ တဖက္က မည္းေမွာင္သည့္ ကြင္းျပင္သို႔ ေရာက္သည့္ ေနရာကေလးသို႔ ေရာက္ကာ ျမက္ခင္းေပၚထိုင္ၾကသည္။ သည္ေနရာမွာ လူလည္းမရွိ၊ မီးေရာင္လည္း မလင္းသျဖင့္ ေမာ္ေမာ္သည္ ေျမႀကီးေပၚထိုင္ရမွာ မရွက္ေတာ့ေခ်။

ျပပြဲထဲမွာ အလင္းေရာင္ႏွင့္ လူေတြ၊ သည္မွာေတာ့ အေမွာင္။ ေမာ္ေမာ္ႏွင့္ ကိုျမထြန္း။ ျပပြဲမွာ အသံဗလံႏွင့္ ေလညစ္၊ သည္မွာေတာ့ တိတ္ဆိတ္ျခင္းႏွင့္ သန႔္ရွင္း လန္းဆတ္သည့္ ေလ။ သည္ဆန႔္က်င္ဘက္ႏွစ္ခုဟာ ခုလို နီးကပ္စြာ တဆက္စပ္တည္း တေျမရာကြက္တည္းမွာ ရွိလိမ့္မယ္လို႔ ဘယ္သူေတြးမိပါမလဲ။

ေမာ္ေမာ္သည္ ေၾကာက္သလိုလို ေပ်ာ္သလိုလို စြန႔္စားခန္းေတြ ရင္ဆိုင္ တိုးေနရသလို ျဖစ္မိသည္။ ေမာ္ေမာ္သည္ အသက္ငယ္ေသာ္လည္း သည္ေနရာ၏ အဓိပၸာယ္ကို ရိပ္မိနားလည္ေပသည္။

သူတို႔ ေနရာေလးမွာ ေလတင္ကျဖစ္၍ တခါတရံေလျပန္ေဝွ႔လာမွ ဓာတ္စက္သီခ်င္း၊ လူသံ၊ သူသံတို႔ကို ၾကားရသည္။

ကိုျမထြန္းသည္ စီးကရက္တလိပ္ကို ညႇိ၍ေသာက္ရာ သူ႔မ်က္လုံးမ်ားကို လက္ခနဲျမင္ရသည္။ ေမာ္ေမာ္သည္ သူ႔မ်က္လုံးထဲက တခုခု ဘာမွန္းမသိေသာ တခုခုကို ၾကည့္ရင္း ခ်မ္းတုန္မိသလို ျဖစ္လာေလ၏။

“ကေလးရယ္…” ဟုကိုျမထြန္းက ေပ်ာ့ေျပာင္းေခ်ာ့ေမာ့စြာ ေခၚသည္။ သူသည္ တေမာ္တည္းေမာ္ရာက ကေလးကေလးႏွင့္ ျဖစ္လာသည္ကို ေမာ္ေမာ္သတိထားခဲ့မိသည္။ ေမာ္ေမာ္ကလည္း ကိုျမထြန္းကိုျဖင့္ အႏွစ္ႏွစ္အလလက ခ်စ္ႀကိဳက္လာသူလို ခင္မင္ရင္းႏွီးမိေလသည္။

ကိုျမထြန္းက ျမက္ခင္းေပၚ ေက်ာခ်၍ လွဲလိုက္ကာေမာ္ေမာ့္ကို ေပြ႕လိုက္ေလသည္။

ေမာ္ေမာ္ အိမ္ျပန္ေရာက္ေသာ္ ၁၁နာရီခြဲ ၿပီးေပၿပီ။

ေမေမက မအိပ္ဘဲ ေစာင့္ေနသည္။ ေဖေဖကမူ တေရးရ၍ ေဆးျပင္းလိပ္ ထေသာက္သည္။

အိမ္တြင္းသို႔ ေရာက္သည္ႏွင့္ အေပ်ာ္စိတ္ေပ်ာက္ကာ ဝမ္းသာေျပာင္ေလွာင္ခ်င္စိတ္ ေပါက္လာေလသည္။ “ယခုမွ ေမေမတို႔ ေဖေဖတို႔ကိုႏိုင္ၿပီ။ ငါမွန္းသိပလား…ကိုင္း…မွတ္” ဟုစိတ္တြင္းမွ အေျခာက္တိုက္ ႀကိမ္းလိုက္သည္။ သို႔ေသာ္ သူျပဳခဲ့သည့္ အမႈသည္ သူ႔မိဘမ်ားထက္ သူ႔ကိုပို၍ မွတ္ေစမည္လား ဘာလားေတာ့ မေသခ်ာေခ်။

သူ႔ေဖေဖက ဆူမလို႔လားမသိ၊ စကားေျပာရန္ ပါးစပ္ဟလိုက္သည္ႏွင့္ တၿပိဳင္နက္ “သိပ္ေတာ္တဲ့ ေမေမနဲ႔ေဖေဖ၊ သမီးကေလးတေယာက္တည္း ပစ္ထားၿပီးအိမ္ျပန္အိပ္ၾကတယ္” ဦးေအာင္ ေျပာလိုက္ကာ သူ႔အခန္းတြင္းသို႔ ဝင္၍ေျပးေလသည္။

သူ႔ေမေမက သမီးေလးသည္ ငိုယိုရန္ ေျပးဝင္သြားသည္ဟု ထင္ေလသည္။

ေမာ္ေမာ္ကေတာ့ မွန္ထဲက ပန္းလ်စြာျပက္ရယ္ျပဳ၍ ၿပဳံးေနေသာ ေမာ္ေမာ္ကို တခ်က္ၾကည့္ကာအဝတ္အစားမလဲဘဲ စားပြဲတြင္ထိုင္၍ ေတြးေနေလသည္။

#ၾကည္ေအး
#လက္စားေခ်ျခင္း