လက်ပံပင်မှာစောင့်နေမယ်(စ/ဆုံး)
———————————-
စောစောစီးစီး ဒေါ်မွှေးသူရဲ့အသံထွက်လာပါတယ်
“မတူဘူး လုံးဝသဘောမတူဘူးသမီး
ဘယ့်နဲ့လမ်းဘေးကကောင်လောက်တောင်
အဆင့်မရှိတဲ့သူကိုမှညဉ်းကလင်တော်ချင်တာလား
“မေမေရယ် အစ်ကို့ကိုဒီလိုမပြောပါနဲ့
သူကရိုးသားကြိုးစားသူပါမေမေရယ်
“တော်စမ်းပါအေ ရိုးသားကြိုးစားတာတွေ
ငါမသိဘူး ငါသိတာကညဉ်းအကောင်က
ဆင်းရဲတဲ့လမ်းဘေးက အကောင်သာသာပဲ
ငါသဘောတူတဲ့ ဆန်စက်ပိုင်ရှင် ဦးမြဌေးရဲ့သား
နဲ့ပဲနင်လက်ထပ်ရမယ်
ငါပြောပြီးပြီ နင်ဒီနေ့ကစပြီး
အဲဒီကောင်နဲ့ပက်သက်ဖို့မကြိုးစားနဲ့
အိမ်ထဲကလည်းမထွက်ရဘူး
ထွက်ရင်အသေပဲ
မိခင်ဖြစ်တဲ့ ဒေါ်မွှေးသူရဲ့ တစ်ချက်လွတ်အမိန့်
ကြောင့်စိတ်ဆင်းရဲနေရသူ
မွှေးခင်ဟာ ချစ်သူနဲ့ဝေးရတော့မယ်
အခြေအနေမှာ မျက်ရည်စက်လက်နဲ့ပေါ့ဗျာ
သူမ မချစ်တဲ့သူနဲ့နေရမယ့်ဘဝမျိုးထက်
ဆင်းရဲနေပါစေ ချစ်ရတဲ့သူနဲ့သာ
ပျော်ပျော်ပေါင်းသင်းနေထိုင်ချင်မိတဲ့
သူ့စိတ်ကူးလေး အခုတော့ ပြက်စီးခဲ့ပါပြီလားဗျာ
••••••
ညနေခင်းရောက်တော့ မိခင်ဖြစ်သူ
ဒေါ်မွှေးသူမရှိတုန်း
မွှေးခင်ဟာ ခိုးထွက်လာပြီး
သူတို့တွေ့နေကြနေရာလေးဖြစ်တဲ့
ရွာထိတ်က လက်ပံပင်ကြီးဆီကိုထွက်
လာပါတယ်
“ဟာ မျှော်လိုက်ရတာခင်ရယ်
“အခုတောင်အမေမရှိတုန်းခိုးထွက်လာတာ
ကိုရဲ့ မေမေသိရင်သတ်မှာ
“ဘာဖြစ်လို့လဲ ခင်
“ဘာဖြစ်ရမှာလဲ အခုကိုနဲ့ခင်တို့ချစ်သူ
တွေဖြစ်နေတာကိုမေမေသိသွားပြီ
ကိုရဲ့အဲဒါကြောင့်မေမေကဒေါသထွက်ပြီး
ဆန်စက်ပိုင်ရှင်ဦးမြဌေး သားနဲ့
ပေးစားတော့မယ်အကို
“ဟင် ဒါဆို ကိုတို့ဝေးရတော့မှာလား
ခင်ရယ်
“ခင်တို့ထွက်ပြေးရအောင်
အစ်ကို နော်
“ဒါဆို ဒီကေန့ည ၉နာရီတိတိမွာ
အစ်ကိုဒီအပင်အောက်မှာစောင့်နေမယ်
ခင်လာဖြစ်အောင်လာခဲ့ပါ
“ဟုတ်ကဲ့အစ်ကို
ခင်လာဖြစ်အောင်လာပါ့မယ်
မေမေအိပ်မှအိမ်ကထွက်လို့ရမှာ
ဆိုတော့ နည်းနည်းတော့နောက်ကြလိမ့်မယ်
အစ်ကို သည်းခံပြီးစောင့်ပေးပါ
“အင်းပါ အစ်ကိုသည်းခံပြီး
စောင့်နေပါ့မယ်
“ဒါဆို ခင်အိမ်ပြန်ရဦးမယ်
မေမေ ရောက်နေမှာဆိုးလို့
“ကောင်းပြီလေ
ချစ်သူနှစ်ဦးနေဝင်ချိန်ဆည်းဆာ
ကိုတောင်ကြည့်ခွင့်မရပဲ
ချက်ချင်းပဲပြန်လာရသည်
အိမ်ရောက်တော့ မိခင်ဖြစ်သူကမရောက်
သေးလို့တော်သေးသည်
*****
ည၇နာရီ
“သမီးအိပ်ချင်ရင်အိပ်တော့
မေမေစာရင်းတွက်လိုက်ဦးမယ်
“ဟင် မေမေ စာရင်းတွက်ရင်တော်
တော်နဲ့အိပ်မှာမဟုတ်ဘူး
ငါဘယ်လိုလုပ်ရပါ့မလဲ
မွှေးခင်တစ်ယောက်တည်းစဉ်းစားပြီး
ဗျာများနေသည်
“မေမေရယ် တနေကုန်ပင်ပန်းထားတာပဲ
စာရင်းကိုမနက်ဖြန်မှ သမီးတွက်ထားလိုက်ပါ့
မယ် အခုတော့အိပ်တော့လေ
“အမယ် နင်ကစာရင်းတွက်တက်လို့လား
“မေမေ့သမီးပါနော်
ဒီလောက်ကတော့အလွယ်လေး
လာပါ အိပ်ကြစို့
“အေးအေး လာပြီ ဘုရားလေးတော့ရှိခိုးပါရစေ
မိခင်ဖြစ်သူအားအတင်းချော့မော့ပြီး
အိပ်ခိုင်းလိုက်ရသည်
တော်တော်ကြာမှ အိပ်ပျော်သွားတဲ့
မိခင်အားရှိခိုး၍
စာတစ်စောင်ထားခဲ့ပြီး
မွှေးခင် အိမ်ကနေထွက်ချလာသည်
” မွှေးခင်လာနိုင်ပါ့မလားကွာ
အချိန်ကလည်းတော်တော်လင့်နေပြီ
“အစ်ကို မွှေးခင် ရောက်ပြီ
“ဟာ ဝမ်းသာလိုက်တာ ခင်ရယ်
ဒီတသက်တို့မဝေးရတော့ဘူးနော်
ကိုခန့်က မွှေးခင်အားဝမ်းသာအားရ
ပွေ့ဖက်ထားပြီး ပျော်ရွှင်နေမိသည်
“အစ်ကိုရေ အချိန်မရဘူး
မေမေ နောက်ကလိုက်လာရင်
အခတ်သား သွားကြအောင်
“ကောင်းပြီ သွားကြရအောင်
“ဟိတ် မင်းတို့နှစ်ယောက်က
ဘာလုပ်နေကြတာလဲဒီအချိန်ကြီး
“ဟင် ကိုလှိုင်ဦး
ဟုတ်သည် ကိုလှိုင်ဦးက ဒီရွာထဲမှာ
လူဆိုးလူမိုက်ဖြစ်ပြီး
မွှေးခင်အားအသေရရအရှင်ရရ
ဖြစ်နေသူတစ်ဦးထဲအပါအဝင်ဖြစ်သည်
“ငါ့ကိုမြင်တာ သရဲမြင်တာကြ
နေတာပဲ မွှေးခင်ရယ်
“ကိုလှိုင်ဦး ခင်ဗျား မူးနေရင်
ကို့လမ်းကိုသွားပါ
“အမယ် မင်းကဘာကောင်မလို့
ငါ့ကိုလာအမိန့်ပေးနေတာလဲ
သေချင်လို့လား ကဲကွာ
“ခွက်”
“အား”
“အစ္ကို
“ရှင် လူယုတ်မာ ကျွန်မချစ်သူကို
ထိစရာမလိုဘူး
“မွှေးခင်ကလည်း ကွာ ဒီကောင့်က်ု
ငါကြည့်မရတာကြာပြီ
ဒါကြောင့်သူ့ကိုငါသတ်ချင်နေတာ
“ဟင် ဖြန်း ဖြန်း
မွှေးခင်စိတ်တိုတိုနဲ့ ကိုလှိုင်ဦးပါးအား
နှစ်ချက်ရိုက်လိုက်သည်
“မွှေးခင်နင်ငါ့ကိုရိုက်တယ်
ဟုတ်လား ကဲသေပေတော့
မွှေးခင်အား လည်ပင်းညှစ်သတ်တော့သည်
“ခွေးမသား သေစမ်းကွာ
“ဒုတ်”
ကိုခန့်က တုတ်ဖြင့်ရိုက်ချ
လိုက်တော့ ကိုလှိုင်ဦး ခေါင်းကွဲ
သွားပြီး မွှေးခင်အားလက်က
လွှတ်လိုက်ကာ ပုဆိုးကြားမှာထည့်ထားတဲ့ဓားဖြင့်
ကိုခန့် ကို အငြိုးတကြီးဖြင့်
ဝင်လုံးတော့သည်
“စွပ် စွပ်”
“အား
“အစ္ကို
“သေအဲ့ဒီမှာ သေ
ထြီ
ကိုလှိုင်ဦးကအသေသတ်ပြီးသား
ကိုခန့်အလောင်းကို တံတွေးဖြင့်
ထွေးလိုက်သေးသည်
“မွှေးခင် ငါနင့်ကိုချစ်တယ်
“မချစ်နဲ့နင့်လိုခွေးတိရစ္ဆာန်ကို
ငါနောက်ဘဝထိမချစ်ဘူး
“နင်ငါ့ကို ခွေးလို့မပြောနဲ့
“ပြောတယ် နင်ကခွေးထက်ရိုင်းတဲ့
တိရစ္ဆာန် လိုအကောင်
“ဟာ ကဲကွာ စွတ် စွတ်
“အ နင့်ကို တစ်သက်မကြေဘူး
ငါနင့်ကို ငါနင့်ကိုလက်စားချေမယ်
မွှေးခင်တို့ချစ်သူနှစ်ဦးခင်ဗျာ
ကံဆိုးလှပေသည်
ခိုးရာထွက်ပြေးကြမယ့်ညကြမှ
လူမိုက် လှိုင်ဦးကြောင့်
သေကွဲ ကွဲခဲ့ရသည်
••••••
“အမလေး သမီးရဲ့
ကံဆိုးလိုက်တာ အမေ့သမီးလေးကို
သတ်တဲ့ကောင်ကို အမေမကျေဘူး
‘”ဟယ် သနားပါတယ် အဲဒါတွေအကုန်
ဖြစ်ရတာ ဒေါ်မွှေးသူကြောင့်
ဖြစ်ရတာဟ
“ဟုတ်တယ် သူတာသဘောတူရင်
ဒီလိုအဖြစ်မျိုး ကြုံရမှာမဟုတ်ဘူး
လူတွေက ဂရုဏာဒေါသဖြင့်
ကွယ်လွန်သွားတဲ့သူတွေအစား
ပြောဆိုနေကြလေသည်
ကိုလှိုင်ဦး အားရှာဖွေဖမ်းဆီးပြီး
ထောင်ချလိုက်ကြသည်
လူသတ်မှုဖြင့်ထောင်၇နှစ်ကြသွားလေသည်
••••••
“ဟဲ့ နွား တည့်တည့်သွားလေ
“ရှုး ရှုး ”
“ဟင် နွားတွေဘာလို့ရှေ့ဆတ်မသွားပါလိမ့်
နှာတွေမှုတ်ပြီး ကြောက်နေပါလား
“အစ်ကို ကျွန်မလှည်းကြုံလိုက်ခဲ့ပါရစေရှင်
“ဟုတ်ညီမတို့ကဘယ်ကိုလိုက်ချင်တာလဲ
“ဟုတ်ကဲ့ ကျွန်တော်တို့က ရှေ့ကရွာကို
လိုက်ချင်လို့ပါဗျ
“ညီလေးတို့က လင်မယားလား
“ဟုတ် ပြောပါတော့ဗျာ
“ကဲ ဒါဖြင့်တက်ကြလေ
“ဟုတ်ကဲ့ရှင့်/ဗျ
လှည်းကြုံလိုက်လာတဲ့ လူနှစ်ဦးကို
ခေါ်လာခဲ့ရာ လက်ပံပင်နားအရောက်
“ဒါနဲ့ ညီမ လေး တို့က ဒီရွာကလား
“ဟုတ်ပါတယ်ရှင့် ညီမတို့ကဒီလက်ပံပင်ကြီးမှာ
နေတာလေ
“ဟင် လက်ပံပင်မှာနေလို့မှမရတာညီမရဲ့
“ရတာလေအစ်ကိုရဲ့ ညီမတို့ကလူမှမဟုတ်တာ
“ဗျာ ”
“ဟီး ဟီး ဟီး”
နှစ်ယောက်စလုံးက
သွားကြီးတွေဖြဲပြီးရယ်ပြပြီး
လက်ပံပင်ကြီးပေါ်ကို လေးဘက်ထောက်
လျှက်တက်သွားကြသည်
“သရဲ သရဲဗျို့
နွားလှည်းအား အတင်းမောင်းပြီးပြေး
ရတော့သည် နွားများကလည်း
အခုမှပေါ့ပါးသွားသလို
တဟုန်ထိုးပြေးသွားကြသည်
••••••
“အမေ သားတို့ လက်ပံပွင့်သွားကောက်မလို့
ဒေါ်တင်တင်၏သား ခိုင်စိုးကပြောလိုက်သည်
“မကောက်ပါနဲ့သားရယ် အဲဒီအပင်ကြီးက
သရဲချောက်တယ်တဲ့ အခုတလော
“ဟာ အမေကလည်း အခုမှမနက်ခင်းရှိသေးတာ
ဘယ်ကသရဲကခြောက်မှာလဲ ဗျ
“အေးပါ သားကောက်ချင်သပါ့ဆိုလည်း
သွားသွား အကြာကြီးတော့လုပ်မနေနဲ့
“ဟုတ်ကဲ့ အမေ သားနဲ့သားသူငယ်ချင်း
ဂျူ လိုင်မိုးရောပါမှာဗျ
“ဟို မိရွှေလုံး သမီးလား
“ဟုတ်တယ်အမေ
“အေးပါ နှစ်ယောက်ဆိုတော့ကောင်းတာ
ပေါ့
ရွာလယ်လမ်းမှာနေတဲ့ ဂျူ လိုင်မိုး အား
ဝင်ပြီးခေါ်ရသေးသည်
“ဟာ အပွင့်တွေကိုနီရဲနေတာပဲ
လှလိုက်တာနော် ခိုင်စိုး
“အေးဟ လှလိုက်တာ လာ
အမြန်သွားကောက်ကြအောင်
တော်ကြာသူများတွေလာနေလိမ့်မယ်
တောင်းလေးတွေကိုယ်စီဖြင့်
လက်ပံပွင့်ကောက်ရတာလည်း
အညာဓလေ့လိုဖြစ်နေပြီး
အရမ်းပျော်စရာကောင်းတယ်ဗျ
ကလေးနှစ်ဦး လက်ပံပွင့်ကောက်နေတုန်း
လက်ပံပွင့်ထည့်သည့်တောင်းနှစ်ခုကို
တစ်စုံတစ်ခုက ဆွဲယူသွားသလို
တောင်းတွေက ထားတွဲနေရာမှာရှိမနေ
“ဟင် ငါခုနက တောင်းကို ဒီနားလေးထားထား
တာပါ ဘယ်လိုလုပ် ဟိုဘက်ရောက်နေပါလိမ့်
ဂျူ လိုင်မိုးရွှေ့ထားတာနေမှာပါ
ခိုင်စိုးကအခုလိုတွေးလိုက်မိသည်
“ဟော့တော် ငါ့တောင်းကို နင့်ရွှေ့သေးလား
ခိုင်စိုး
“ဟင့်အင်း မရွှေ့ပါဘူး
“ဒါဆိုငါ့တောင်းက ဘာလို့
ဟိုဘက်ရောက်နေတာလဲမသိဘုး
“ဟင် ဟုတ်လား ငါ့တောင်းရောပဲဟ
ငါက နင်ရွှေ့ထားတယ်ထင်နေတာ
“ငါလည်းမလုပ်ဘူး
နင်လည်းမရွှေ့ဘူးဆိုရင်
ဘယ်သူလုပ်တာလဲ
“ငါတို့လုပ္တာပါ
“အမယ်လေး သရဲကြီး ပြေးပြေး
ခိုင်စိုး
လက်ပံပင်ကြီးနောက်ကနေ အသံထွက်လာကာ
မျက်နာတစ်ခြမ်းမရှိတော့တဲ့
လူနှစ်ယောက်ကဖြေလိုက်သည်
“အမေရေ လုပ်ပါဦး သရဲ ကြီး
ရွာထဲကိုအော်ပြီးကလေးနှစ်ယောက်
ပြေးလာကြသည်
“သရဲ ကြီး ဗျို့
“ဟဲ့ စောစောစီးစီး ဟိုကလေးနှစ်ယောက်
ဘာတွေမြင်ပြီးလန့်လာတာလဲ
ဒေါ်မိရွှေလုံးက မေးလိုက်သည်
“အမေ သမီးတို့ကိုသရဲခြောက်လို့
လက်ပံပင်ကြီးက
“ဟင် ဟုတ်လား သမီးလာလာ
အမေရေမန်းတိုက်မယ်
ဒေါ်မိရွှေလုံးလည်းအိမ်ပေါ်
ဘုရားစင်ရှိ ရေမန်းဘူးအား
ယူလာပြီး ကလေးနှစ်ယောက်ကို
တိုက်လိုက်သည်
“ကဲ ဘာမှမကြောက်နဲ့တော့
အိမ်လည်းပြန်ရောက်ပြီပဲ
သူတို့လိုက်မလာနိုင်ပါဘူး
ဘယ်လိုဖြစ်တာလဲသမီး
“သမီးနဲ့ခိုင်စိုး လက်ပံပွင့်ကောက်နေတုန်း
အပွင့်ထည့်တဲ့တောင်းကို
တစ်ယောက်ယောက်ရွှေ့ထားသလို
ဖြစ်နေလို့ ခိုင်စိုးကိုမေးလိုက်တာ
သူလည်းမရွှေ့ဘူးတဲ့
အဲဒီလိုနဲ့ လက်ပံပင်ကြီးနောက်ကနေ
မျက်နာတစ်ခြမ်းမရှိတော့တဲ့
သရဲကြီးနှစ်ကောင်က
ငါတို့လုပ်တာဆိုပြီး
ဖြေလိုက်တာ ဒါနဲ့သမီးတို့ပြေးလာကြတာ
“အေး နောက်တစ်ခါ သွားမကောက်ကြနဲ့
ကြားလားခိုင်စိုးနဲ့သမီး
“ဟုတ်ကဲ့ အမေ
ဟုတ်ကဲ့အန်တီ
“အင်း ဒီသရဲနှစ်ကောင်လည်း
ဘယ်တော့များမှကျွတ်မလဲမသိဘူး
ကွယ်
တစ်နေ့ပြီးတစ်နေ့ ခြောက်ခံရတဲ့လူပေါင်းလည်း
မနည်းတော့ ပရိတ်တွေရွတ်လည်း
ခဏပဲငြိမ်သွားပြီးနောက်ကြခြောက်မြဲ
ခြောက်ဆဲပင် နောက်တော့လက်ပံပင်ကြီးအား
အမြစ်ကနေတူးပြီးလှဲရန် တစ်ရွာလုံး
ပြောကြတော့ ပိုဆိုးလာသည်
“နင်တို့တွေ ဒီအပင်ကို ခုတ်ရဲခုတ်ကြည့်
ငါ့အကြောင်းကောင်းကောင်းသိမယ်
တစ်ရွာလုံးတစ်ယောက်မကျန်
သေသွားမယ် ဟင်း
ထို့ကြောင့် ဘယ်သူမှမခုတ်ရဲတော့
အချိန်တွေကြာပြီး၅နှစ်လောက်ကြာတော့
ရွာထဲကလူမိုက်ကြီး ကိုလှိုင်ဦး ပြန်လွတ်လာသည်
အရင်လိုဆိုးမြဲသောက်ဆဲ အရက်တွေ
ကိုလှိုင်ဦး တစ်ယောက်သူ့ကို
စောင့်နေတဲ့ သူတွေရှိတာကို
မေ့နေလေရဲ့
တစ်နေ့ က်ုလှိုင်ဦးတစ်ယောက်
ဟိုဘက်ရွာမှ ကြက်တိုက်ပြီးညနေခင်း
အပြန်မိုးချုပ်သွားတော့
လက်ပံနားအရောက်
“ဘုတ် ဘုတ်”
အပင်ပေါ်ကခုန်ချလာတဲ့ အသံနှစ်ခု
အားကြားလိုက်သည်
ကိုလှိုင်ဦးက ပထမလှည့်ပြီးကြည့်တော့
ဘာမှမတွေ့သေး
အပုပ်နံ့ကြီးရလာလို့လှည့်ကြည့်လိုက်တော့
“ဟင် မွှေးခင်နဲ့ကိုခန့်
နင် နင် တို့ မကျွတ်ကြသေးဘူးလား
“ငါတို့နင့်ကိုသတ်ဖို့စောင့်နေတာ
နှစ်ပေါင်းမနည်းတော့ဘူး
ဒီနေ့ နင်ရဲ့အပြစ်ကို
နင်ပြန်ခံရမယ် ဟားဟားဟား
“ဟင် ငါ ငါ ငါ့နားမလာကြနဲ့
သွား သွားစမ်း
ဓားအားရမ်းပြီးထိုးပေမယ့်
လေကိုသာထိုးမိသလို ဖြစ်နေသည်
“နင့်အလှည့်ကြနင်ကြောက်နေပြီလား
နင့်ကြောင့်ငါတို့သေခဲ့ရတာ
“မင်းကြောင့်ငါတို့တွေ အသေဆိုးနဲ့
သေခဲ့ရသလို မင်းလည်းသေရမယ်
သရဲနှစ်ကောင် ရှေ့ကိုတိုးလာပြီး
“အား အား အား
••••••
မနက်လင်းတော့ ရွာထဲ ကြွက်ကြွက်ညံသွားတာက
ကိုလှိုင်ဦးတစ်ယောက် လက်ပံပင်ကြီးရဲ့အောက်
မှာ ဗိုက်ပွင့်ပြီးဇက်ကျိုးကာသေနေသည်
ဆိုတဲ့သတင်းဖြစ်သည်
တစ်ရွာလုံးကလူတွေလည်း သဘောပေါက်သွား
ကြတာက သရဲနှစ်ကောင်ဖြစ်တဲ့
မွှေးခင်နဲ့ကိုခန့်က
လက်စားခြေဖို့စောင့်နေကြတာကိုး
ဆိုတာသိသွားကြလေသည်။
အခုတော့ လက်စားခြေဖို့
စောင့်နေတဲ့ သရဲနှစ်ကောင်လည်း
ဆန္ဒတွေပြည့်ဝသွားပြီဖြစ်လို့
နောက်ထက်ခြောက်လှန့်ခြင်း
လုံးဝမရှိတော့ပေ
သူတို့ကျွတ်သွားကြတာလား
ဒါမှမဟုတ် သူတို့ဘယ်ရောက်သွားတာလဲ
ဆိုတာကိုတော့ မွှေးခင်ရယ်ကိုခန့်ရယ်က
လွဲပြီးဘယ်သူသိမှာလဲဗျာ။
အားလုံးရွှင်လန်းချမ်းမြေ့ပါစေဗျာ။
အောင်ဓူဝံ…ရေစကြို မြို့