Unicode Version
လင်းတဝဲတဲ့ရွာ(စ/ဆုံး)
——————————
တကယ်တော့ ဘိုးဘွားပိုင်မြေလည်း မဟုတ်၊ အစိုးရ
သည်မြေက
ပိုင် မြေလည်းမဟုတ်သလို သာသနာ
ပိုင်မြေဟုလည်း ပြောရခက်သည်။
ဘုရားတည်ထားသည့် ဝတ္တကမြေ
အဖြစ် ရပ်ရွာက သတ်မှတ်ထားသော်
လည်း နှစ်ကာလတွေကြာ၍ ရာသီဥတု
ဒဏ်ကြောင့် စေတီတန်ဆောင်းများ
ပြိုကျပျက်စီးနေခဲ့သဖြင့် ထိုကုန်းမြေ တွင် ဘုရားဖူးမြော် ဝတ်ပြုသူလည်းမရှိ။
ရွာသားများ၏ငှက်ပစ်ရာ၊သမီးရည်းစား အတွဲများချိန်းဆိုရာ ဘုရားအိုအဖြစ်ဖြင့်
သာ ရှိနေသည်။ အခု – သည် မနက်
စောစောစီးစီး ထိုဘုရားမြေကိစ္စဖြင့်
ဆရာတော် ဦးပညာဝံသ ခေါင်းရှုပ်နေရ
ပါသည်။ ကျောင်းပေါ်တွင်ရန်ကုန်မှလာ
သော လူမျိုးခြား ကုမ္ပဏီပိုင်ရှင် သူဌေး
တစ်ဦးနှင့် တပည့်တပန်းများ လာ၍
ဆရာတော်ထံမှ မိန့်မြွက်သံကို နားစွင့်
နေကြ၏။
ဆရာတော်ထံမှ တတောက် တောက်ဖြင့် “တက်”ခေါက်သံလိုလို
ကြားနေရသည်။ အမှန်က ဆရာတော်
ကွမ်းသီးညှပ်သံဖြစ်၏။ဒါကဆရာတော်
တစ်ခုခုတွေးတောပြီဆို လုပ်နေကျ
ထုံးစံ။ ကပ္ပိယကြီး ဦးလှမိုးမှာ အရိပ်
တကြည့်ကြည့် ဖြစ်နေရာမှ အချိန်ကြာ
လာတော့ မနေသာဘဲ ဆရာတော့် အနားကပ်၍အကြံပေးရတော့၏။
“ဆရာတော် – ဒီမြေကို ရောင်း
လိုက်ရင်ဒီကောင်တွေက ဘာလုပ်မယ်
ဆိုတာ မပြောနိုင်ဘူး။ သူတို့ပြောတာ
တော့ ဟိုတယ်ဆောက်မယ် ပြောပေ
မယ့် တခြားအဆောက်အအုံ ဖြစ်နေရင်
ရှုပ်ကုန်မယ်။ ဆရာတော် ခွင့်မပြုပါနဲ့ –
ဘုရား”
ဆရာတော်က ဦးလှမိုးစကားကို
မျက်ခုံးပင့်၍ …
“ငါက ခွင့်မပြုချင်ဘူး။ ဒါပေမဲ့ –
ငါပိုင်တဲ့မြေလည်း မဟုတ်တော့ ခက်
တယ်-ကပ္ပိယရဲ့
ဟုပြောလေရာ ထိုဆွေးနွေးမှုကို
ကြားဟန်တူသော ဧည့်သည်များထဲမှ
မန်နေဂျာဖြစ်ဟန်တူသူ ရှေ့တိုးလာပြီး
ခပ်ရို့ရို့ပြော၏။
“ဒီလိုပါ ခင်ဗျ – ဒီမြေဟာ ဆရာ
တော် မပိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ – ဆရာတော်ရဲ့ထောက်ခံချက်ပဲ
လိုချင်တာပါ။ ကျွန်တော်တို့က ဒီမြေကို
အစိုးရဆီမှာ သွားပြီး တင်ဒါသွင်းရင်
သိန်းသောင်းနဲ့ချီပြီး ပေးဝယ်ရပါလိမ့်
မယ်။ နောက်ပြီး- အစိုးရကဆောက်ခွင့်
ပြုရင်တော့ ကောင်းပါ့။ မဆောက်ခွင့် မပြုဘဲ နိုင်ငံတော်ပိုင်အဖြစ် သိမ်းလိုက် ရင် ရွာအတွက်လည်း နစ်နာပါတယ်။
ဒါကြောင့် – ဒီရွာကို စည်ကားစေချင်တဲ့
ရည်ရွယ်ချက်နဲ့ ဟိုတယ်ဆောက်ဖို့ပါ။
နေရာရှုခင်းကလည်းကောင်းလေတော့
နိုင်ငံခြားသားဧည့်သည် အဝင်အထွက်
များလာရင် ရွာရဲ့ စီးပွားရေးလည်း
ကောင်းတာပေါ့ ခင်ဗျာ။ ဒါကြောင့် –
ဆရာတော်သာ ထောက်ခံပေးမယ် ဆို
ရင် ဟော့ဒီမှာ လောလောဆယ် ဆရာ
တော်အတွက် သီးသန့်လှူတာပါ။ သိန်း (၁၀၀)ပါ”
ရုတ်တရက်ဆိုသလိုပင် ငွေထုပ်
ကြီးက အဖွေးသား ဆရာတော့်ရှေ့သို့
ရောက်လာ၏။ ကပ္ပိယရင်တွေ တဒိုင်း
ဒိုင်းခုန်သွား၏။ ကဲ – ဆရာတော် ဘာ
ဆက်လုပ်မည်နည်း။ နေရင်းထိုင်ရင်း
သိန်းတစ်ရာရမည့်ကိစ္စ၊ ငြင်းလျှင်ရော
ဘာထူးမည်နည်း။ ဆရာတော် ခေါင်းခါ
လိုက်သည်။ နဖူးမှ ချွေးများကို သိပ်ရင်း
သင်္ကန်းကို ပြင်ရုံလိုက်သည်။ မန်နေဂျာ
က နောက်ထပ်ငွေ တစ်ထုပ်ကို ထုတ်၍
ရှေ့သို့ ပုံလိုက်ပြန်၏။
“ဆရာတော် – နည်းလို့လား။ နောက်ထပ် သိန်း(၂၀၀)ပါ။ စုစုပေါင်း
သိန်း(၃၀၀)ပေါ့။ ဒီငွေနဲ့ ဆရာတော်
အေးအေးဆေးဆေး ဆွမ်းခံစရာမလို၊
ထိုင်စား – စား”
“ဟေ့ – ခွေးတွေ – တိတ်စမ်း။ အခု ချက်ချင်း ကျောင်းတိုက်ထဲက ထွက် သွားကြစမ်း – ထွက်သွားကြ-တောက်” ဆရာတော် “ဝုန်း”ခနဲ ထရပ်ပြီး ကွမ်းအစ်နှင့် ကောက်ပစ်ပါလေတော့
ရာ အနှီသူဌေးနှင့် လူတစ်စုသည် ဝရုန်း သုန်းကားဆင်းပြေးကြလေတော့သည်။ ကျောင်းပြင်ရောက်တော့ မကျေမချမ်း
ဖြင့် သူတို့ဘာသာသူတို့ နားမလည် နိုင်သောဘာသာစကားများဖြင့်ပြောပြီး
ထွက်သွားကြ၏။ ဆရာတော်ကားအာဂ သာသနာပြု ဆရာတော်ပါတကား။
အထက်ပါ အဖြစ်အပျက်များ ဖြစ် ပွားပြီး သုံးလခန့်အကြာ၌ မွန်ပြည်နယ်
မုဒုံခရိုင်အတွင်းရှိ ပေါလေးရွာတွင်
လင်းတကြီးများ ရာနှင့်ချီ၍လာ၍ နား
ကြသည်ဟူသောသတင်းတစ်ခုထိုနယ်
တစ်ဝိုက်၌ ထွက်ပေါ်လာ၏။ လင်းတ
အကောင်(၃၀)ခန့်သည်ရွာတစ်ရွာလုံး
ပျံဝဲ၍တဂီးဂီးတဂစ်ဂစ်ဖြင့် ကျက်သရေ
ယုတ်ညံ့လောက်အောင် အသံပေး၍
တစ်ရွာလုံး နံစော်ညစ်ပတ်အောင် မစင်
စွန့်၏။ ရွာထဲက ကလေးများနှင့် အမျိုး
သမီးငယ်များ ထိတ်လန့်ပြီး မသွားရဲ၊
မလာရဲကြ။ သည်ကြားထဲ ဘယ်က
ဘယ်လို ရောက်လာမှန်းမသိသော
မတုတ်ဆိုသည့် အရူးမကလည်း ရွာ
စဉ်ရိုးတစ်လျှောက်တွင် ပေါက်ကရ
လျှောက်အော်နေတော့ ခက်သည်။
“ဟေး-သွားကြ-ပြောင်းကြ
တော့။ ရွာက မကြာခင်ပျက်တော့မှာ။
ကပ်ဆိုးဘေးဆိုးကျမှာမို့လို့ လင်းတ
တွေ ဝဲနေကြတာ။ နင်တို့ မတွေ့ကြဘူး လား။ ငါတော့ ကြောက်တယ် – ဟား- ဟား-ဟား။ငါမနေဘူး- ငါလည်း သွား မယ်။ နင်တို့ ပြောင်းကြတော့” ရွာသားတွေ လန့်ကုန်သည်။ ဘာ
လုပ်၍ ဘာကိုင်ရမှန်းမသိ ယောက်
ယက်ခတ်ပြီး စီးပွားရေး မလုပ်နိုင်ကြ
တော့ချေ။ စီးပွားရေး မလုပ်နိုင်ရုံမက
ကျန်းမာရေးတွေလည်း ချူချာလာပြီး
ရွာမှာ လင်းတချေးများဖြင့် ညစ်ပတ်
နံစော်ကာ တိရစ္ဆာန်ဌာနေသို့အလား
ထင်ရ၏။ ရွာသူကြီး ဦးရွှေမောင်လည်း
ရွာသားများကိုခေါ်ယူပြီး ထိုကိစ္စ ဆွေး
နွေး၏။ ဆွေးနွေးတိုင်ပင်လည်း အဖြေ
မထွက်ချေ။ သည်လင်းတတွေကို
မောင်းမထုတ်နိုင်ကြ။ လင်းတဆိုတာ
ကလည်း သိသည့်အတိုင်းပင်။ လူတစ်
ရပ်နီးနီး အကောင်ကြီးများဖြစ်ပြီး လူ
သားကိုတောင် စားတတ်သည်မဟုတ် လော။ တောလင်းတကြီးများ ရန်ကို ကာကွယ်ရုံမှတစ်ပါး မောင်းမထုတ်နိုင်
ကြတော့ ဗေဒင်မေး၊ နတ်ဆရာမေးနှင့် တစ်နေ့တော့ နတ်ကတော် ဒေါ်ဝင်းဝင်း ထံမှ အသံတစ်သံ ထွက်လာ၏။
“ဟဲ့ – အခုလိုဖြစ်နေတာတွေဟာ
ရွာထိပ်က စေတီအိုကြောင့်တဲ့။ အဲဒီ
စေတီအိုမှာရှိတဲ့ ဥစ္စာစောင့်တွေက
သိုက်ပြောင်းချင်လို့ စေတီကို ဖြိုဖျက်
ပေးဖို့တောင်းဆိုတာတဲ့။ ငါကွင်းပိုင်ကြီး
ကို မေးပြီးပြီ။ နင်တို့ ဒီစေတီကို အမြန်
ဆုံးဖြိုဖျက်လိုက်ကြ။ ဘုရားကဟောင်း
နေမင့်ဟာ…”
နတ်ကတော် ဝင်းဝင်း စကား
ကြောင့် တစ်ရွာလုံး ဘုရားကို ဖြိုဖျက် ချဖို့မှာ သူကြီးထံ သွားကြ၏။ သူကြီး လည်းတွေဝေသွားသည်။
“ဒီကိစ္စဟာ ငါတို့ချည်း ဆုံးဖြတ်လို့ မဖြစ်နိုင်ဘူး။ ဘိုးဘေးစဉ်ဆက် တည် ထားခဲ့တဲ့ ဒီဘုရားကို ငါတို့စိတ်နဲ့ ငါတို့ ဖြိုချရင် ငရဲကြီးလိမ့်မယ်။ ဒီတော့ ဆရာ
တော်ကို သွားလျှောက်ရအောင်”
“ဟုတ်တယ် – ဆရာတော်ကတော့
ရွာသားတွေကို ကယ်တင်ချင်စိတ်ရှိရင် ခွင့်ပြုမှာပဲ”
ဒီလိုနှင့် တစ်ရွာလုံး ရွာလုံးကျွတ် နီးနီး ဆရာတော်ထံသို့ထွက်ခဲ့ကြတော့
သည်။ ဆရာတော်ကား ရွာထဲ ဆွမ်းခံ
မကြွတာ ကြာချေပြီ။ ကျောင်းဝင်းထဲ
ရွာသူရွာသားများ အုတ်အုတ် ကျက်
ကျက်ဖြစ်တော့ ကပ္ပိယကြီး ထွက်လာ
၏။
“ဟေ့ – ကျောင်းဝင်းထဲ ဆူဆူညံ
ညံနဲ့ ဘာကိစ္စလဲကွ”
“ဆရာတော်ကို တွေ့ချင်တယ်။
ဆရာတော်ကယ်တင်မှ ရမှာမို့လို့ပါ”
အသံဗလံတွေကြားတော့ ဆရာ
တော်ထွက်လာ၏။အားလုံးဆရာတော်
ကိုတွေ့တော့ အံ့အားသင့်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် ဆရာတော်
သည် အရိုးပြိုင်းပြိုင်းကျနေပြီး ကမ္မဋ္ဌာန်း
ရုပ်ပေါက်နေခြင်းကြောင့် တည်း။
တကယ်တော့ ဆရာတော့်အသက်က
(၅၀)ခန့်သာ။ ထိုမျှလောက် အိုစာ
မသွားသင့်။ သည်ရက်ပိုင်းအတွင်း ဤ မှာ ဆရာတော် ပြောင်းလဲသွားခြင်း ကြောင့် ရွာသားများ အံ့အားသင့်ကုန် ၏။ ဆရာတော်သည် ရွာသားများကို
ကျောင်းပေါက်ဝလှေ ကားထက်မှ ရပ်
“မင်းတို့ တစ်တွေ ဘာကို လာ
တောင်းဆိုတာလည်းဆိုတာငါသိတယ်။
ဒီကိစ္စကို ငါခွင့်မပြုဘူး။ ဘာကြောင့်
လည်းဆိုတော့ဒါဟာသမားရိုးကျဖြစ်စဉ် မဟုတ်လို့ပဲ- အဟွတ် – ဟွတ်” ဟုပြောရင်း ချောင်းက ဆိုးသည်။
သွေးတွေလည်းပါ၏။
“ဟာ”
“ဟင်”
တစ်ရွာလုံး ဝမ်းနည်းသွားကြ၏။ အားလုံးအထင်မှာတော့ ဆရာတော်
ကိုပင် နတ်ကိုင်လိုက်ပြီဟု ထင်နေကြ
၏။ သည်တော့ – သူကြီးက …
“ဒါဆို – ဘယ်လိုဆက်လုပ်မလဲ – ဆရာတော်ဘုရား- မကြံတတ်တော့ ဘူးလား”
ဟုမေးရာ ဆရာတော်က ပြန်၍
တည်ငြိမ်ကာမိန့်တော်မူသည်။
“ဒီပြဿနာတွေကို ဖြေရှင်းပေး
နိုင်မယ့် ပုဂ္ဂိုလ်တစ်ယောက် ရန်ကုန်မှာ ရှိတယ်။ တစ်ယောက်သွားခေါ်ချေ။ ငါ
ဒါပဲပြောမယ်”
ထိုစကားအဆုံးတွင် ကျောင်းရှေ့
သို့ ကားနှစ်စီး ထိုးဆိုက်လာပြီး ကားထဲ
မှ ယခင်လာဖူးသော ကုမ္ပဏီ လုပ်ငန်း
ရှင်နှင့် ဝန်ထမ်းများ ဆင်းလာသည်။
ပြီးတော့ – မန်နေဂျာဖြစ်သူက သူကြီး
ထံကပ်၍ …
“ဘာတွေဆက်လုပ်ကြဦးမှာလဲ-
သူကြီးရယ်။ ကျွန်တော်တို့ ပြောသလို
လုပ်လိုက်ပါ။ ဒီရွာကို မြို့လိုဖြစ်အောင်
လုပ်ပေးမယ်။ ရွာသူရွာသားတွေ မနစ်
နာစေရဘူးဗျာ။ အားလုံး ရွှေသီးသွားရ
စေ့မယ်။ ကျွန်တော်တို့ကုမ္ပဏီက နိုင်ငံ
ကျော်ပါ”
ဟု ပြောရာ ရွာသားများကလည်း
မျှော်လင့်ချက်မျက်လုံးများဖြင့်ငေးမော
နေကြ၏။ ကဲ- သူကြီး- ဘာဆက်လုပ် မည်နည်း။ ဆရာတော် ခေါ်ခိုင်းသည့် ပုဂ္ဂိုလ်ကရော မည်သူနည်း။
နေချစ်ချစ်တောက်ပူသော နွေနေ့
လယ်ခင်းတစ်ခု၌ ကျွန်ုပ်သည် နယ်မှ
ဧည့်သည်လာမည်ဟု ကြိုတင်သံကြိုး
ရိုက်ထားသဖြင့် အောင်မင်္ဂလာအဝေး
ပြေးကားဝင်းထဲတွင် ထီးတစ်ချောင်း
ဖြင့် ရောက်လာမည့် ဧည့်သည်ကို
စောင့်ကြိုနေရလေ၏။ တကယ်တော့-
လာမည့်သူကို တစ်ခါမျှ မသိကျွမ်းဖူး
သလို အကြောင်းကိစ္စလည်း မရှိပါချေ။
လွန်ခဲ့သည် နှစ်ရက်က ဖုန်းဆက်
အကြောင်းကြားထားသဖြင့် သာ လာ
စောင့်နေရခြင်းဖြစ်သည်။ ဖုန်းဆက်သူ
မှာ ဆရာတော်တစ်ပါးဖြစ်ပြီး မွန်ပြည်
နယ်၊ မုဒုံခရိုင်အတွင်းရှိ ရွာတစ်ရွာမှ
ဖြစ်ပြီး သူတို့ရွာကပ်ဆိုးဘေးဆိုးကျနေ
ခြင်းကို အကူအညီလှမ်းတောင်းခြင်း
ဖြစ်သည်။
ကြိုတင်ချိန်းဆိုထားသော အချိန်
တွင် ကျွန်ုပ် စောင့်ကြိုနေသော ဧည့်
သည် ရောက်လာသည်။ အရပ်ရှည်
ရှည်၊သွားခေါခေါ၊ အသားဖြူဖြူ၊မွန်ကြီး
တစ်ယောက် ဖြစ်၏။ သူက ရောက်
ရောက် ချင်း.
“ဟေး- စာရေးဆရာ – တွေ့ရတာ
ဝမ်းသာတယ်ကွယ်”
ဟု နှုတ်ဆက်တော့ ကျွန်ုပ်လည်း အလိုက်သင့်နှုတ်ဆက်ရ၏။ ထို့နောက်
ကားဖြင့် အိမ်သို့ ခေါ်ခဲ့ပြီး အိမ်ရောက်
တော့ နေရာထိုင်ခင်းပေးကာ အနားယူ
စေ၏။ ကျွန်ုပ်က ၎င်းအား မုန့်နှင့် အချို
ရည် ကျွေးမွေးဧည့်ခံပြီး စတင်မေးရ
သည်။
“ကဲ- နောင်ကြီး နာမည်လေးနဲ့
လာရင်းကိစ္စကို ပြောပါဦး”
“ဟုတ်ကဲ့ – ကျွန်တော့် နာမည် ကို အောင် ဘော်ပါ။ လာရင်းကိစ္စ
ကတော့ ဆရာတော် ဦးပညာဝံသ လွှတ်ပြီး ဆရာ့ကို အပင့်ခိုင်းတာပါပဲ။
ရော့ – စာကို ဖတ်ကြည့်ဦး” ကိုအောင်ဘော်က စာတစ်စောင် ပေးရာ ကျွန်ုပ်လည်း ဖောက်ဖတ်
ကြည့်တော့ ဖုန်းဆက်ပြောထားသည့်
အတိုင်း ဖြစ်နေ၏။ သူတို့ရွာနာမည်မှာ
“ပေါလော”ဖြစ်ပြီးလွန်ခဲ့သည့်(၃)လက
ရန်ကုန်မှ ဆောက်လုပ်ရေးကုမ္ပဏီ
တစ်ခုသည် ဘုရားတည်ထားသော
ကုန်းမြေကိုလာဝယ်နေသည်ဟု ဆို၏။
ဆရာတော်က ခွင့်မပြုတော့ သူတို့
လှည့်ပြန်သွားသော်လည်းရွာ၌ကပ်ဆိုး
ဘေးဆိုးကျရောဂါထူကာ လင်းတငှက်
ကြီးများ ပျံဝဲနေသည်ဟု သိရသည်။
ယခုအခါရွာသားများမှာ ဘုရားကုန်းမြေ
ကို ဖြိုဖျက်ရန် ဆန္ဒပြနေသဖြင့် ဆရာ
တော်မှာ ထိုကိစ္စကို ဖြေရှင်းရန် မစွမ်း
သာသဖြင့်ကျွန်ုပ်ထံသို့အကူအညီလှမ်း
တောင်းရခြင်း ဖြစ်၏။ ထူးခြားသည်မှာ
ရှက်ဖွယ်လည်း ကောင်း၏။ ကျွန်ုပ်ကား
စာသာ ရေးတတ်သည်။ ထိုကဲ့သို့ ဂမ္ဘီရ
ကိစ္စများ၌ တကယ်လုပ်ကိုင်ဖို့ရာ
မတတ်သာပါချေ။ ဆရာတော်ကလည်း
ကျွန်ုပ်နာမည်နှင့် စာကို ဖတ်ဖူးနေကျ
ဟုဆိုသဖြင့် ကျွန်ုပ် ရေးသော ဇာတ်
လမ်းများထဲကအတိုင်း ဖြေရှင်းပေးနိုင်
လိမ့်မည်ဟု ယူဆထားပုံရသည်။ ဒီ
တော့ – ကျွန်ုပ်လည်း ရိုးသားစွာဖြင့် ကိုအောင်ဘော်ကိုရှင်းပြရတော့၏။
“ဒီလိုပါ – ကိုအောင်ဘော်၊ ခင်ဗျား တို့ရွာရဲ့ကိစ္စကကျွန်တော်ချည်းပဲတော့ မလုပ်နိုင်ဘူး။ ကျွန်တော်က အတွေ့ အကြုံပဲရှိတာ။ ဘာပညာမျှမတတ်ဘူး။ ဒီတော့ – တတ်တဲ့ပညာရှင်တွေကို ခေါ် ပေးမယ်။ ခင်ဗျားတို့ဘက်ကသာ ဧည့် ဝတ်ကျေပါစေ”
“ဟာ – စိတ် ချပါ – ဆရာရယ်။ အောင်မြင်အောင်သာ ကူညီပေးပါ။ ကျွန်တော်တို့ရွာက တောသူဌေးတွေ ချည်းပဲ။ ကျေးဇူးမမေ့ပါဘူး”
သည်လိုနှင့် ကျွန်ုပ်သည် ထို
ပြဿနာများကို ဖြေရှင်းရန်အတွက်
ထုံးစံအတိုင်း ဆရာကြီး ဦးခင်စိုးကို
အကြောင်းကြားတော့ ဆရာစိုးက ဖုန်း
ဆက်ပြော၏။
“ဝေယံသိန်းလား-အေး- ဆရာ
ပြောမယ်ကွယ်။ မင်း အခုသွားရှင်းမယ့် ကိစ္စကို ဆရာ မကူညီနိုင်ဘူး။ ငါက အခု ယိုးဒယားက ရွာတစ်ရွာမှာ ကဝေ သောင်းကျန်းနေတယ်ဆိုလို့ သွားရဦး မယ်။ ဒီတော့ – ငါ့မိတ်ဆွေတစ်ယောက် လွှတ်ပေးမယ်။ မင်း သူနာမည် မှတ်
ထား- ထိပ်တင်မိုးတဲ့။ သူက စုံစမ်းစစ် ဆေးရေး အဖွဲ့ချုပ်ကပဲ။ ပြီးတော့ – သူက ဒီသမထပိုင်းနှင့် အင်းအိုင်လက် ဖွဲ့ပညာတွေလည်း တတ်တယ်။ မင်းကို သူကကူညီပေးလိမ့်မယ် -ဒါပဲ” ဆရာစိုးစကားကြောင့် ကျွန်ုပ်
လည်း ထိပ်တင်မိုးဆိုသူကို အချိန်း အချက်လုပ်ပြီး ခရီးထွက်ရန် ပြင်ဆင် ရတော့၏။ နောက်တစ်နေ့ နံနက်စော
စောတွင်မှာတော့ ကျွန်ုပ်တစ်ခါမျှ မမြင် ဘူးသော ဆရာထိပ်တင်မိုးသည် အိမ် သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ
ပါတော့၏။
သူသည် အရပ်အမောင်းကောင်း ပြီး နဖူးကျယ်ကာ မျက်လုံးများက စုံထောက်မျက်လုံးပီပီစူးရှလှ၏။အသား
က ခပ်လတ်လတ်ဖြစ်ပြီး နှုတ်ခမ်းကိုခပ်
စေ့စေ့ထားကာ လက်ဆွဲ ဟမ်းဘတ်စ်
အိတ်တစ်လုံးဖြင့် အိမ်ထဲဝင်လာတော့
သည်။ အသက်က (၃၀)ခန့် ရှိသဖြင့်
လျင်မြန်ဖျတ်လတ်ဦးလိမ့်မည်။ သူက ကျွန်ုပ်ကိုတွေ့သည်နှင့် ပြုံး၍ .. “တွေ့ရတာ ဝမ်းသာတယ်ဗျာ။ ဆရာစိုး အကူအညီတောင်းလို့ လာရ တာ။ ဌာနကို ခွင့်ယူထားရတယ်လေ။ အခုတာဝန်ကနေပြည်တော်မှာကျတာ
ဆိုတော့ နောင်ဆို အဲဒီ့ပဲသွားနေရမှာ” ဟုပြောရာ ကျွန်ုပ်လည်း စား
သောက်စရာများဖြင့် ဧည့်ခံပြီး ဖြစ်ရပ်
အလုံးစုံကို ပြောပြလိုက်၏။ ကျွန်ုပ်
ရှင်းပြချက်ကို သူက စာအုပ်တစ်အုပ်
ဖြင့် စုံစေ့စွာ မှတ်သားပြီး သူ့မှတ်ချက်
ကိုပြောပြ၏။
“အင်း- ခက်တယ်ဗျာ။ အခုခေတ် မှာက မြေယာအရေးအခင်းတွေ ဖြစ်နေ ကျဆိုတော့ သိပ်တော့မဆန်းပါဘူး။
ဒါပေမဲ့ − ခုဟာက ရွာမှာ လင်းတတွေ
ဝဲပြီး ရောဂါတွေ ထူတဲ့အထိ ဖြစ်လာ
တာဆိုတော့ ဒါဟာ အောက်လမ်းပညာ
တွေ ပါမယ်ထင်တယ်။ သေချာတာက
ဒီဆောက်လုပ်ရေး ကုမ္ပဏီက သူဌေး
တွေနဲ့ သက်ဆိုင်မယ်ထင်တယ်။ ဒီ
ကောင်တွေက ဝိသမလောဘ သမား
တွေဗျ။ ပြီးတော့ – ဘာလူမျိုးလဲ-လူမျိုး
ခြားလား”
ဟုမေးရာ ကို အောင်ဘော်က
ခေါင်းညိတ်ပြ၏။ ထို့နောက် ကိုထိပ်
တင်မိုးသည် ခရီးထွက်ရန် ကျွန်ုပ်အား
ပြင်ဆင်ချက်ပေးပြီး ထိုနေ့ညနေ၌ မုဒုံ
ကားဖြင့် ခရီးထွက်ခဲ့ကြလေတော့
သည်။
တစ်ညအိပ်ခရီးသာ ကားစီးလိုက်
ရပြီး မိုးလင်းတော့ မုဒုံရောက်၏။ ထိုမှ တစ်ဆင့် ရွာသို့ ဆိုင်ကယ်ငှားပြီး သုံးဦး
သားထွက်ခဲ့ကြရင်းပတ်ဝန်းကျင်အခြေ
အနေကိုလည်း လေ့လာရသေးသည်။
ထိုရွာသည် ရှုခင်းရှုကွက်ကောင်းပြီး
တောင်ကုန်းငယ်များဖြင့် ရှမ်းမောမြေ
ကုန်းများကဲ့သို့ လှပ၏။ ရာဘာစိုက်ခင်း
နှင့် ဆီအုန်းများလည်း စိုက်ပျိုးမှုကိုတွေ့
ရသည်။ ရွာသို့ ရောက်တော့ ရောက်
ရောက်ချင်းပင်ဆရာတော်ဦးပညာဝံသ
ရှိရာသို့ သွားရ၏။ ရေနံချေးများ သုတ်
လိမ်းထားသော မွန်ကျောင်းတိုက်ကြီး
တစ်တိုက် ကားရွာလယ်တွင် ထီးထီး
မတ်မတ် ရှိနေသည်။ ဦးပဉ္စင်းနှင့် ကိုရင်
လေးအချို့ ဘောလုံးကန်နေကြသေး
သည်။ တွေ့ရပြီး ကျောင်းပေါ်သို့ ရောက်
သည်နှင့် ဆရာတော် ဦးပညာဝံသကို
ဖူးတွေ့ရလေတော့၏။
ဆရာတော်သည် ရောဂါဝေဒနာ
တစ်ခုခု ခံစားနေရဟန်ရှိ၏။
“ဒကာတို့ ရောက်လာတော့ ဘုန်း ကြီး အားတက် သကွယ်။ ကဲ – ကဲ –
အနားယူပါဦး။ ပြီးမှ – ဆွေးနွေးကြတာ ပေါ့ – အဟွတ် – ဟွတ်”
ဆရာတော်က နေရာထိုင်ခင်းပေး ပြီး အနားယူစေ၏။ ကျွန်ုပ်တို့လည်း
ဆရာတော်ကျွေးသော နံနက်စာနှင့် မုန့်ကုလားမည်း၊ ဒူးရင်းယို စသော
ဆွမ်းဘုဉ်း
သွားရည်စာများပါစားကြ၏။
ပေးပြီးသောအခါ၌ ဆရာတော်သည်
ကျွန်ုပ်တို့နှင့် စကားပြောလေသည်။
ကိုထိပ်တင်မိုးသည် ဆရာတော်အား
လျှောက်တင်၏။
“တပည့်တော် – ဆရာတော်ရဲ့ခွင့်
ပြုချက်ရမယ်ဆိုရင် အဲဒီစေတီပျက်ကို
သွားကြည့်ချင်ပါတယ်။ တပည့်တော်
ကတော့ ဒီကိစ္စမှာ သဘာဝမဆန်ဘဲ
အောက်လမ်းနည်းတွေ၊ ဆေးဝါးတွေ
သုံးထားတယ်လို့ ထင်မိပါတယ်”
ထိုစကားကြောင့် ဆရာတော်က
အားတက်သွားပြီး…
“အင်း- ဘုန်းကြီးလည်း ဒီလိုပဲ
ထင်ပါတယ်။ ခက်တာက ပြဿနာကို
သိပေမယ့် ဘယ်လိုစလုပ်ရမှန်းကိုမသိ
တာပါပဲ။ ဒီတော့ – မင်းတို့ အဆင်ပြေ သလိုသာ ဆောင်ရွက်ကြပါကွယ်။ လိုအပ်တာမှန်သမျှကိုကူညီပါ့မယ်”
ဟုပြောရာကျွန်ုပ်ကဝင်၍…
“ဆရာတော် ဘု ရား – တပည
တော်တို့ လာပြီးနေတာကို တခြားရွာ
တွေ မသိပါစေနဲ့ – ဘုရား။ ဒီကိစ္စ သိုသို သိပ်သိပ်လုပ်ရမှာမို့ပါ”
ဟု ပြောရာ ဆရာတော်က ခေါင်း တဆတ်ဆတ် ညိတ်ပြလေသည်။ သို့နှင့်ပင် ညနေစောင်း၌ ရေမိုးချိုးပြီး
ကျွန်ုပ်နှင့် ကိုထိပ်တင်မိုးသည် ကပ္ပိယ
ကြီး၏လမ်းပြမှုဖြင့် ဘုရားကုန်းသို့ သွား
ကြတော့၏။ လမ်းတွင် ကိုထိပ်တင်မိုး
အား ကျွန်ုပ်က သူ့အလုပ်ကို သိချင်
သဖြင့် မေးမိသည်။
“ဒါနဲ့ – ကိုမိုး- ခင်ဗျားက အစိုးရ ဌာနက အလုပ်လည်းလုပ်တယ်။ လော
ကီဝိဇ္ဇာပညာတွေလည်းလိုက်စားတယ်
ဆိုတော့ ဘယ်လိုများတုံးဗျ။ ပြောပြနိုင်
မလား”
“ဪ – ဒါလား- ဒါက ဒီလိုပါ။ လူဆိုတာ ဆန္ဒနဲ့ဘဝ ထပ်တူ ဘယ်
တော့မှ မကျဘူးဗျ။ လုပ်နေတာက
တစ်ခု၊ ဖြစ်နေတာက တခြားဆိုတာ
အမြဲပါပဲ။ ကျုပ်လည်း စားဝတ်နေရေး
အတွက် စုံထောက် လုပ်နေရပေမယ့်
ဝါသနာက ဝိဇ္ဇာလမ်းဗျ။ ကျုပ်လိုင်းက
“အင်းလေ”။ ဘိုးဘိုးအောင်လိုပေါ့ဗျာ”
ထိုစကားကြောင့် ကျွန်ုပ်လည်း စိတ်ဝင်စားသွားပြီး ..
“ဟ-တယ်ဟုတ်ပါလား- လုပ်စမ်း
ပါဦး။ ဗဟုသုတပေါ့။ ကျွန်တော်တို့ နားလည်နိုင်မယ့် အင်းအကြောင်းလေး
ပေါ့- သိချင်လို့ပါ”
ဟု တောင်းဆိုရာ ကိုထိပ်တင်မိုး က ဘုရားကုန်းသို့ မတက်သေးဘဲ မုခ် ဦးလှေကားတွင် ထိုင်ပြီး ဆေးလိပ်ဖွာ လိုက်သေးသည်။ ပြီးမှ …
“ခင်ဗျား သိ ချင်တော့လည်း
အကြမ်းဖျင်း ပြောရတာပေါ့။ “အင်း”ဆို
တာ နာမ်ခေါ်တဲ့သော့တစ်ခုပဲ။ အင်း
တိုင်းမှာ အင်းစောင့်နတ်ရှိတယ်။ အင်း
တိုင်း ကောင်းတာမဟုတ်ဘူး။ အင်းဆို
တာမကောင်းတဲ့ဘက်ရော၊ ကောင်းတဲ့
ဘက်မှာပါ စွယ်စုံအသုံးချလို့ရတယ်။
အင်းသွင်းတယ်ဆိုတာကိုယ်ခိုင်းချင်တဲ့
အောက်နတ် (သို့မဟုတ်) နာနာဘာဝ
တစ်မျိုးမျိုးကို အင်းရေးဆွဲပြီး ခေါ်တာ။
နှိုးတာဆိုပါတော့ဗျာ။ (၁၃၀၀)ပြည့်
တောင်သူလယ်သမားအရေးတော်ပုံမှာ
တုတ်ပြီးဓားပြီးတယ်ဆိုတဲ့ဂဠုန်ဆရာစံ
ကလည်း အဲဒီအင်းတွေနဲ့ ရန်သူကို နိုင်
အောင် တိုက်ခဲ့တာပဲ။ အင်းကောင်းရင်
မင်းလောင်းတောင် ပြတ်သတဲ့။ အင်း
သွင်းတယ်ဆိုတာ မြင်းသွားရှစ်ကွက်၊
ခြောက်ကွက်စသဖြင့်ပေါ့။ မိမိစေစားလို
သူရဲ့နာမ်ကိုအင်းရဲ့အလယ်တည့်တည့်
အကွက်ထဲ ထည့်တာပဲဆိုပါတော့။
အကြောင်းအရာမျိုးစုံအတွက် အင်းမျိုး
စုံ လုပ်လို့ရတယ်။ ဈေးရောင်းကောင်း
တဲ့အင်း၊ ပီယအင်း။ သေနတ်ပြီး၊ တုတ်
ပြီးဓားပြီးအင်းရှိသလိုမကောင်းတဲ့ဘက်
မှာ သုံးတဲ့အင်းတွေလည်း ရှိတယ်။
အောက်နတ်လို့ခေါ်တဲ့ အသူရကာယ်
တွေ၊ နတ်ဘီလူး၊ ရက္ခိုသ်တွေကို ခေါ်
ခိုင်းတဲ့ သဘောပေါ့ဗျာ”
ဟု ရှည်လျားစွာ ရှင်းပြသော်
ကျွန်ုပ်ကမရှင်းသဖြင့် ထပ်မေးရ၏။
“ဒါဖြင့်ရင် – အင်းအိုင်စမဆိုတာ
လူတိုင်းလုပ်နိုင်လား။ အင်းတွေ ဒီ လောက် ကောင်းမှဖြင့် ဘာလို့များ ကမ္ဘာက ဒီပညာကို စိတ်မဝင်စားသလဲ ဗျာ။ မပေါက်လို့လား”
“ဒါက ဒီလိုရှိတယ်။ အင်းမှာ စည်း ကမ်းရှိတယ်လေ။ အင်းသွင်းမယ့် လူ
သာ စရဏအား ကောင်းရတယ်။
အကျင့်သီလပေါ့ဗျာ။ နောက်ပြီး- မိမိ အင်းသွင်းတိုင်း သစ္စာပြုပြီး အင်းကို
မကျိုးမပေါက်အောင် အင်းဆံသွင်းရ
တယ်။ အင်းဆံရေးတဲ့ အခါမှာလည်း
ကျွန်တော်တို့ သာမန်ရေးသလို ရေးရ
တာမျိုးမဟုတ်ဘူးလေ။ ရေးဆွဲပုံရေးဆွဲ
နည်း ရှိသေးတယ်။ အဓိက,ကတော့
ကျင့်ကြံမှုပေါ့။ တစ်ဆက်တည်း အချိုး
ချ၊ ပုံချနည်းတွေကလည်း စုံတယ်။ မီးရှို့
ပြာချပြီး ရေစိမ်သောက်တာမျိုး၊
ဖယောင်းတိုင်မှာပတ်ပြီး မီးထွန်းတာ မျိုး၊ ကိုယ်မှာလိမ်းပြီး ဆောင်ထားတာ
မျိုးပေါ့ဗျာ။ ရန်ကုန်မှာ ပေါပါတယ်။ ဒါမျိုးက ဘုန်းကြီးတွေထဲမှာတောင်
လိုက်စားတဲ့လူရှိတယ်။ကဲ-ကဲ- ဘုရား တက်ကြဦးစို့”
သို့နှင့်ပင် လေကန်ပြီးသကာလ
ဘုရားကုန်းပေါ်သို့ တက်ကြရတော့ သည်။ ဘုရားကုန်းပေါ်ရောက်တော့ ရွာကိုမိုးကာ ပျံဝဲနေသည့် လင်းတကြီး များကို တွေ့ရသည်မှာ အသည်းယား ဖွယ်ပင်တည်း။
စေတီမှာ ခါးလယ်မှစ၍ပြိုကျပျက် စီးနေပြီးမွန်လက်ရာဖြစ်ကာပန်းကနုတ် များမှာ ကျဲကျဲကြီး ဖော်ထားသည်ကို
တွေ့ရ၏။ တန်ဆောင်ငယ်များလည်း ပြိုပျက်ကာ ပြုပြင်မည် သူ မရှိချေ။
ကျွန်ုပ်ကကပ္ပိယအား
“ကပ္ပိယ-ဒီစေတီကို ခင်ဗျားတို့ ရွာကနည်းနည်းချင်းဖဲ့ပြီးပြုပြင်ပါ့လား။
ဘာလို့မပြင်ကြတာလဲ”
ဟုမေးရာ ကပ္ပိယဦးလှမိုးက တစ်
နေရာသို့လက်ညှိုးထိုးပြတော့ထိုအရာ
ကိုကြည့်ပြီး အံ့အားသင့်သွားရသည်။
ထိုအရာကား ကျောက်စာ တစ်ချပ်ပင်
ဖြစ်ပြီး မွန် – မြန်မာ နှစ်ဘာသာဖြင့် ရေး
ထိုးထားခြင်းဖြစ်သည်။
“ဝဋ်ကြွေးတော်ပြေစေတီ၊ ပျက် လျှင် ဝဋ်ကြွေးပြေပြီမှတ်။ ပြုပြင်လျှင်
ကြမ္မာဆိုး၊ ဘေးဆိုးကျစေ” အထက်ပါအတိုင်း အဓိပ္ပာယ် ရသောစာကို ရေးထားသဖြင့် လွန်စွာမျှ
အံ့အားသင့်ရသည်။ ဘုရားပျက်စီးသွား ခြင်းကို ဝဋ်ကြွေးကျေပြီဟု မူလတည်ခဲ့ သူကယူဆဟန်ရှိသည်။ကိုထိပ်တင်မိုး
သည် ပတ်ဝန်းကျင်ကို လှည့်ပတ်
ကြည့်ပြီးနောက် ဦးလှမိုးအား…
“ကျုပ် မနက်ဖြန်မနက်စောစော ကြက်တစ်ကောင် လိုချင်တယ်။ ကန်
မယ်”
တော့ပွဲလည်း ပြင်ချင်တယ်။ လိုအပ် တာတွေစီစဉ်ပေးနိုင်မလား။
ခင်ဗျားတို့
ရွာရဲ့ ကပ်ဆိုးဘေးဆိုး ပျောက်ရစေ့
ဟုပြောရာ ကပ္ပိယလည်း ရနိုင်
ကြောင်း ကတိပေးသည်။ သို့ဖြင့်
ကျွန်ုပ်တို့လည်းမှောင်စပျိုးပြီမို့ဘုန်းကြီး
ကျောင်းသို့ ပြန်ပြီး ညစာစားကြလေ
သည်။ ဆရာတော်ကြီးမှာ ကျန်းမာရေး
ချူချာနေလင့်ကစား ပဋ္ဌာန်းရွတ်ခြင်း၊
မေတ္တာပို့ခြင်းတို့ကို ပွားများနေလေ၏။
ထို့နောက် အာလာပ သလ္လာပပြောကာ
အိပ်ရာဝင်ခဲ့ကြ၏။
နံနက်မိုးလင်းသော် ကပ္ပိယသည်
ကိုထိပ်တင်မိုးအလိုရှိသမျှကိုယူဆောင်
၍ကျွန်ုပ်တို့နှင့်အတူ ဘုရားကုန်းပေါ်သို့
လိုက်ခဲ့လေသည်။ အချိန်ကား(၆)နာရီ
ခွဲခန့်ပင် ရှိဦးမည်။
“ခင်ဗျားတို့ရွာကို ဆေးဝါး၊ မန္တန်
တွေ၊ အောက်လမ်းနည်းတွေနဲ့ လုပ်၊
မလုပ် အခုပဲ သိရမယ်။ ကန်တော့ပွဲ
ပြင်ပါ၊ ဆီမီးပူဇော်ပါ”
ကိုထိပ်တင်မိုး၏ စကားကြောင့် ကျွန်ုပ်တို့လည်း သူပြောသလို စီမံပေးရ
၏။ကပ္ပိယဦးလှမိုးသည်အယုံအကြည်
မရှိ၍လားမသိ၊ စိတ်မပါ လက်မပါ လုပ်
နေရဟန်ရှိသည်ကို တွေ့ရ၏။ ကိုထိပ်
တင်မိုးသည် ကန်တော့ပွဲပြင်ပြီးသော
အခါအသင့်ယူလာသောကြက်ဖကြီးကို
ရှေ့တွင်ချသည်။ပြီးတော့သူ့လွယ်အိတ်
ထဲမှအရန်သင့်လုပ်ထားသောအင်းပြား
တစ်ချပ်ကိုထုတ်ကာ မီးရှို့လေ၏။ ပြာ
ကျသွားသောအခါ ဖန်ခွက်ငယ်တစ်
လုံးထဲသို့ပြာမှုန့်များကိုထည့်ကာရေစင်
ထည့်၍ လက်ညှိုးဖြင့် မွှေသည်။ ပါးစပ်
မှလည်း “နမောတေ” အစချီပြီး ဂါထာ
မန္တန် ရွတ်ဖတ်လေ၏။ ပြီးသော် – ထိုရေ ကို ငုံလိုက်ပြီး “ဖွီး”ခနဲ ကြက်ဖ၏ ခေါင်း ကိုမှုတ်ထုတ်လိုက်လေတော့သည်။ *3305-3305″
ထိုအခါ ကြက်ဖသည် ရပ်နေရာမှ တတောက်တောက်ဖြင့် လျှောက်သွား
ပြီး စေတီဝန်းကျင်ရှိ တစ်နေရာသို့ ဦးတည်သွားနေကြောင်း တွေ့ရလေ၏။ ကိုထိပ်တင်မိုးက..
“အဲဒီကြက်ဖဟာ အောက်လမ်း
ပညာနဲ့လုပ်ထားတဲ့ အစီအရင်တွေကို
ဖော်လိမ့်မယ်။ ပြီးရင် – အဲဒီ့အစီအရင်
တွေကို ဘယ်သူတွေ လုပ်လဲဆိုတာ သက်သေပြလိမ့်မယ်။ စောင့်ကြည့်
နေ
ဟု ပြောသဖြင့် ကျွန်ုပ်လည်း အံ့
အားသင့်ရသည်။ ကြက်ဖသည်တစ်နေ
ရာအရောက်၌ တုန့်ခနဲ ရပ်သွားပြီး မြေ
သားကိုခြေဖြင့်ယက်တော့၏။ သို့သော်
မြေသားကျစ်နေသဖြင့် ကျွန်ုပ်က ဝိုင်း
တူးပေးသည်။ ထိုအခါ စာခြောက်ရုပ်
ကဲ့သို့သော အရုပ်လေးတစ်ရုပ်ကို တွေ့
ရ၏။ ထိုအရုပ်ကိုကျွန်ုပ်သိရသလောက် ဆိုလျှင်အာဖရိကတောင်ပိုင်း၌အသုံးပြု
သော (Voo Doo)ဗူးဒူးခေါ်အရုပ်မျိုး ဖြစ်၏။ မိစ္ဆာဒိဋ္ဌိအောက်နတ်လည်း ဖြစ် ၏။ ကိုထိပ်တင်မိုးက ပြုံး၍… “ဒီအရုပ်က အသက်ရှိတယ်။ ရွာ ကိုလင်းတတွေဝဲအောင် ဒါကလုပ်တာ။ အဲဒါကို ပြန်ချလိုက် – ကိုဝေယံ၊ ကြက် က ပိုင်ရှင်ဆီ သွားပို့လိမ့်မယ်”
ဟုပြောရာ ကျွန်ုပ်လည်း အရုပ်ကို
မြေပေါ်ပြန်ချပေးရ၏။ ထိုအခါ ကြက်ဖ
သည် အရုပ်ကိုချီ၍ပြေးသွားသောအခါ
ကျွန်ုပ်တို့လည်း ၎င်းပြေးရာသို့ ကြည့်
လိုက်တော့ ကြက်ဖသည် ကပ္ပိယ ဦးလှ
မိုးထံသို့ ရောက်လျှင်ရောက်ချင်း အရုပ်
ကိုပစ်ချလိုက်တော့သည်။ဦးလှမိုးသည်
ကြက်ဖကို စူးစူးဝါးဝါးကြည့်ကာ အသံ
နက်ကြီးဖြင့် ..
“ဟာ – ဒီကြက်စုတ် – သေပေ
တော့”
ဟုဆိုကာ ကြက်ဖကြီးကို ကောက်
ကိုင်လိုက်၏။ ထိုစဉ်မှာပင် ကိုထိပ်တင်
မိုးသည် လွယ်အိတ်ထဲက သေနတ်ကို
ထုတ်၍ ဦးလှမိုးကို ချိန်ရွယ်လိုက်တော့
၏။
“မလှုပ်ပါနဲ့ – ကပ္ပိယကြီး။ ခင်ဗျား
ဆိုတာ ကျုပ် အစတည်းက သိတယ်။
လက်ပူးလက်ကြပ်မိအောင် ဖမ်းရတာ
ပဲ။ ကိုဝေယံ – သူ့ကို လက်ထိတ်ခတ်
လိုက်ပါ”
ကျွန်ုပ်လည်း ဦးလှမိုးအား လက် ထိတ်ခတ်ပြီး ရွာထဲသို့ ခေါ်ဆောင်သွား ရလေ၏။ ထိုအခါ ရွာထဲ၌ လင်းတငှက် များမရှိတော့သည်ကိုထူးဆန်းစွာတွေ့
ရ ပြန်သည်။ ရွာသူရွာသားများ ဝိုင်း၍ တုတ်၊ ဓား၊ ခဲများဖြင့် လာကြပြီး ဦးလှမိုး ကို ရိုက်နှက်ကြရန် ကြံကြ၏။
“နေကြပါဦးကွယ် – အကြောင်းစုံ မသိရသေးဘဲ ရမ်းမလုပ်ကြပါနဲ့ဦး။ ဒီအမှုမှာ သူ့ချည်းပဲ ဖမ်းရမယ် မထင် ဘူး။ တရားခံတွေ ရှိလိမ့်ဦးမယ်။ ကဲ-
စစ်မေးမြန်းကြကွာ”
သူကြီးက တောင်းပန်တော့မှ ရွာ
သားများလည်း ငြိမ်သွားသည်။ ထိုအခါ
ကိုထိပ်တင်မိုးက ရွာသားများနှင့် ဆရာ
တော်ဘက်သို့လှည့်ကာ …
“မနက်က (၄)နာရီလောက်ကြီး ကျုပ် အပေါ့ထသွားတော့ ဆွမ်းစား ဆောင်ဘက် လှည့်ကြည့်မိတယ်။ အဲဒီ့ မှာ ကပ္ပိယဟာ ဆရာတော် ဘုဉ်းပေး မယ့် ဆန်ပြုတ်ထဲကို ဆေးမှုန့်တွေ ထည့်နေတာ တွေ့လိုက်ရတယ်။ ဒါနဲ့ – မသင်္ကာလို့ လိုက်ချောင်းတော့ ကပ္ပိယ ဟာ ဆရာတော်ကို အနုနည်းနဲ့ လုပ်ကြံ နေတာပဲလို့ သိလိုက်ရတယ်။ ဒီတော့ – ဒီရွာကသစ္စာဖောက်ဟာသူပဲပေါ့။ကျန်တာ ဆက်မေးကြတာပေါ့”
ဟု ရှင်းပြရာ ရွာသားများမှာ လွန် စွာမှ ဒေါသူပုန်ထပြီး ကပ္ပိယကို ရိုက် နှက်ကြရန် ပြုသူကပြု၊ ဆွဲသူက ဆွဲဖြင့်
ရုန်းရင်းဆန်ခတ် ဖြစ်သွားသေးသည်။ သူကြီးက စိတ်မထိန်းနိုင်သဖြင့် ကပ္ပိယ
ကြီးကို ပါးနှစ်ချက် ဆင့်၍ရိုက်လိုက်၏။
အတန်ကြာမှ ကပ္ပိယက … “အားလုံးပဲ – ကျုပ်ကို သတ်ချင် သတ်ကြပါ။ ကျုပ်ကခွေးတစ်ကောင်ပါ။
တကယ်တော့ – ဒီကိစ္စမှာ အစက ကျုပ်
မပါဝင်ပါဘူး။ လွန်ခဲ့တဲ့သုံးလလောက်
က ရန်ကုန်ဆောက်လုပ်ရေးကုမ္ပဏီက
လူတစ်စု ဆရာတော်ကို ဘုရားမြေ
နေရာလိုချင်လို့ ဆွေးနွေးလာပါတယ်။
ဆရာတော်ကခွင့်မပြုတော့သူတို့လည်း
မကျေမချမ်းနဲ့ ပြန်သွားတယ်။ နောက်
တစ်ပတ်အကြာတော့ကျုပ်ဆီကိုတိတ်
တဆိတ်ရောက်လာပြီး အရုပ်တစ်ရုပ်
ကို ဘုရားကုန်းပေါ်မှာ မြှုပ်ပေးဖို့ရယ်၊
ဆရာတော်ကိုဖြည်းဖြည်းချင်းလုံးပါးပါး
ပျံလွန်တော်မူဖို့ရယ် ပစ္စည်းတွေ လာ
ပေးပြီးငွေသား သိန်း(၂ဝ)နဲ့လာဘ်ထိုး
ပါတယ်။ ကျုပ်လည်း နတ်ကတော်
မဝင်းဝင်းနှင့် တိတ်တိတ်ပုန်းနေနေ တော့ အိမ်ထောင်ပြုချင်တာနဲ့ လက်ခံမိ ပါတယ်။ အဲဒီ့အရုပ်ကို ဘုရားကုန်းပေါ် မှာ မြှုပ်ပြီးကတည်းကပဲ လင်းတတွေ
ရောက်လာတာပါ။ ရွာသားတွေ ဝမ်း လျှောတာကတော့ လင်းတချေးကြောင့်
ရေမသန့်လို့ ဝမ်းပျက်ကြတာပါ။ ပြီး
တော့ – မတုတ်ဆိုတဲ့မိန်းမကို အရူးမလို
ဟန်ဆောင်ခိုင်းပြီး ဟိုးဘက်ရွာငယ်
တစ်ရွာက ခေါ်လာပါတယ်။ ပြီးတော့ –
မဟုတ်မဟတ်တွေ လျှောက်ပြောပြီး
ရွာကို ထိတ်လန့်အောင် လုပ်တာပါပဲ။
ကျုပ်ကို သတ်ပစ်ပါဗျာ”
ဟူ၍ ရှည်လျားစွာ ရှင်းပြရာ ရွာ သားများသည် နတ်ကတော်မ ဝင်းဝင်း နှင့် မတုတ်ကိုလည်းဖမ်း၍ ရိုက်နှက် ကြိုးတုပ် ဖမ်းဆီးထားလိုက်ကြ၏။ ကိုထိပ်တင်မိုးသည် ရန်ကုန်မှ ရုံးချုပ် သို့ ဖုန်းဆက်ပြီး အဆိုပါ ဆောက်လုပ် ရေးကုမ္ပဏီသို့ ဖမ်းဝရမ်း ထုတ်စေ သည်။ သက်သေအဖြစ် တရားခံ ရွာမှ
သုံးယောက်ကို ဖမ်းခေါ်သွားမည် ဖြစ် ကြောင်း အားလုံးကို ပြောပြတော့ တစ် ရွာလုံး ငြိမ်းချမ်းသွားသည်။ ကျွန်ုပ်
♡.
“ကဲ- ဆရာတော်ကို ဆေးကုကြဖို့ လုပ်ပါဦး။ ကျွန်တော် ပြောချင်တာက ခင်ဗျားတို့တစ်တွေက စီးပွားလည်းရှာကြ။ ကိုယ့်အမျိုး
ဘာသာသာသနာကို
လည်း စောင့်ရှောက်ကြဗျာ။ ဆန်တစ်
ပြည် ငွေတစ်မတ်နဲ့တော့ အမျိုးမဖျက်
ကြပါနဲ့။ မိစ္ဆာဒိဋ္ဌိလမ်းစဉ်တွေ မလိုက်
ကြနဲ့။ စာတွေ၊ ပေတွေ ဖတ်ရှုကြပါလို့
ကျွန်တော်မှာချင်ပါတယ်”
သည်။
ဟူ၍ ပြောပြီး နိဂုံးချုပ်ပေးလိုက်
ထို့နောက် ကျွန်ုပ်နှင့် ကိုထိပ်တင်
မိုးအား ဉာဏ်ပူဇော်ခအဖြစ် ရွာမှ ငွေ
သားအချို့ကို ကန်တော့ရာ ကျွန်ုပ်တို့က
ထိုငွေသားထဲမှ တစ်ဝက်အား ဘုရား
ပြုပြင်ရန် လှူလိုက်၏။ ဆရာတော်က
ဝင်၍…
“ဒီစေတီကို ပြုပြင်ဖို့ စီစဉ်ရမယ်။
ငွေမလောက်ရင် မြို့ပေါ်တွေထိ အလှူ
ခံလိုက်ရမယ်။ ကျိန်စာသင့်လည်း သင့် ပါစေတော့။ ကောင်းတာလုပ်တာပဲ ဘာမျှကြောက်စရာမလိုဘူး”
ဟူ၍ပြောသဖြင့် ရွာသားများ
လည်း အားတက် သွားကြလေ၏။
ကျွန်ုပ်တို့လည်း တရားခံ(၃)ဦးကို ဖမ်း
ကာ ကားဖြင့် ရွာထဲမှထွက်ခဲ့ကြ၏။
ထွေလာဂျီကားကိုထိုအခါကပထမဆုံး
စီးဖူးချင်ပင်တည်း။ ရွာလေးက သာယာ
လှပေ၏။
သို့သော် ရွာထိပ်၌ကား လင်းတ
တစ်ကောင်သည် မပျံနိုင်သေးပဲ သစ်
ကိုင်း၌နားပြီး ကျွန်ုပ်တို့ကို လှမ်းကြည့်
နေ၏။ သူ ဘာကြောင့်မပျံသေးသနည်း
ဟု ကျွန်ုပ် စဉ်းစားနေမိသည်။ ကိုထိပ် တင်မိုးက သေနတ်ဖြင့် မိုးပေါ်ထောင် ပစ်ခြောက်လိုက်မှသာ။ “ဒိန်း”
“ဂီး-ဂစ်-ဂစ်”
ဟုအသံပေး၍ သူလာရာ လမ်းဆီ
သို့ ကမူးရှူးထိုး ထပျံသွားလေတော့
သတည်း။
သဒ္ဓိအားဖြင့် အမြင်ရှင်းပါစေ…
Zawgyi Version
လင္းတဝဲတဲ့႐ြာ(စ/ဆုံး)
——————————
တကယ္ေတာ့ ဘိုးဘြားပိုင္ေျမလည္း မဟုတ္၊ အစိုးရ
သည္ေျမက
ပိုင္ ေျမလည္းမဟုတ္သလို သာသနာ
ပိုင္ေျမဟုလည္း ေျပာရခက္သည္။
ဘုရားတည္ထားသည့္ ဝတၱကေျမ
အျဖစ္ ရပ္႐ြာက သတ္မွတ္ထားေသာ္
လည္း ႏွစ္ကာလေတြၾကာ၍ ရာသီဥတု
ဒဏ္ေၾကာင့္ ေစတီတန္ေဆာင္းမ်ား
ၿပိဳက်ပ်က္စီးေနခဲ့သျဖင့္ ထိုကုန္းေျမ တြင္ ဘုရားဖူးေျမာ္ ဝတ္ျပဳသူလည္းမရွိ။
႐ြာသားမ်ား၏ငွက္ပစ္ရာ၊သမီးရည္းစား အတြဲမ်ားခ်ိန္းဆိုရာ ဘုရားအိုအျဖစ္ျဖင့္
သာ ရွိေနသည္။ အခု – သည္ မနက္
ေစာေစာစီးစီး ထိုဘုရားေျမကိစၥျဖင့္
ဆရာေတာ္ ဦးပညာဝံသ ေခါင္းရႈပ္ေနရ
ပါသည္။ ေက်ာင္းေပၚတြင္ရန္ကုန္မွလာ
ေသာ လူမ်ိဳးျခား ကုမၸဏီပိုင္ရွင္ သူေဌး
တစ္ဦးႏွင့္ တပည့္တပန္းမ်ား လာ၍
ဆရာေတာ္ထံမွ မိန႔္ႁမြက္သံကို နားစြင့္
ေနၾက၏။
ဆရာေတာ္ထံမွ တေတာက္ ေတာက္ျဖင့္ “တက္”ေခါက္သံလိုလို
ၾကားေနရသည္။ အမွန္က ဆရာေတာ္
ကြမ္းသီးညႇပ္သံျဖစ္၏။ဒါကဆရာေတာ္
တစ္ခုခုေတြးေတာၿပီဆို လုပ္ေနက်
ထုံးစံ။ ကပၸိယႀကီး ဦးလွမိုးမွာ အရိပ္
တၾကည့္ၾကည့္ ျဖစ္ေနရာမွ အခ်ိန္ၾကာ
လာေတာ့ မေနသာဘဲ ဆရာေတာ့္ အနားကပ္၍အႀကံေပးရေတာ့၏။
“ဆရာေတာ္ – ဒီေျမကို ေရာင္း
လိုက္ရင္ဒီေကာင္ေတြက ဘာလုပ္မယ္
ဆိုတာ မေျပာႏိုင္ဘူး။ သူတို႔ေျပာတာ
ေတာ့ ဟိုတယ္ေဆာက္မယ္ ေျပာေပ
မယ့္ တျခားအေဆာက္အအုံ ျဖစ္ေနရင္
ရႈပ္ကုန္မယ္။ ဆရာေတာ္ ခြင့္မျပဳပါနဲ႔ –
ဘုရား”
ဆရာေတာ္က ဦးလွမိုးစကားကို
မ်က္ခုံးပင့္၍ …
“ငါက ခြင့္မျပဳခ်င္ဘူး။ ဒါေပမဲ့ –
ငါပိုင္တဲ့ေျမလည္း မဟုတ္ေတာ့ ခက္
တယ္-ကပၸိယရဲ႕
ဟုေျပာေလရာ ထိုေဆြးေႏြးမႈကို
ၾကားဟန္တူေသာ ဧည့္သည္မ်ားထဲမွ
မန္ေနဂ်ာျဖစ္ဟန္တူသူ ေရွ႕တိုးလာၿပီး
ခပ္႐ို႕႐ို႕ေျပာ၏။
“ဒီလိုပါ ခင္ဗ် – ဒီေျမဟာ ဆရာ
ေတာ္ မပိုင္ဘူးဆိုတာ သိပါတယ္။ ဒါေပမဲ့ – ဆရာေတာ္ရဲ႕ေထာက္ခံခ်က္ပဲ
လိုခ်င္တာပါ။ ကြၽန္ေတာ္တို႔က ဒီေျမကို
အစိုးရဆီမွာ သြားၿပီး တင္ဒါသြင္းရင္
သိန္းေသာင္းနဲ႔ခ်ီၿပီး ေပးဝယ္ရပါလိမ့္
မယ္။ ေနာက္ၿပီး- အစိုးရကေဆာက္ခြင့္
ျပဳရင္ေတာ့ ေကာင္းပါ့။ မေဆာက္ခြင့္ မျပဳဘဲ ႏိုင္ငံေတာ္ပိုင္အျဖစ္ သိမ္းလိုက္ ရင္ ႐ြာအတြက္လည္း နစ္နာပါတယ္။
ဒါေၾကာင့္ – ဒီ႐ြာကို စည္ကားေစခ်င္တဲ့
ရည္႐ြယ္ခ်က္နဲ႔ ဟိုတယ္ေဆာက္ဖို႔ပါ။
ေနရာရႈခင္းကလည္းေကာင္းေလေတာ့
ႏိုင္ငံျခားသားဧည့္သည္ အဝင္အထြက္
မ်ားလာရင္ ႐ြာရဲ႕ စီးပြားေရးလည္း
ေကာင္းတာေပါ့ ခင္ဗ်ာ။ ဒါေၾကာင့္ –
ဆရာေတာ္သာ ေထာက္ခံေပးမယ္ ဆို
ရင္ ေဟာ့ဒီမွာ ေလာေလာဆယ္ ဆရာ
ေတာ္အတြက္ သီးသန႔္လႉတာပါ။ သိန္း (၁၀၀)ပါ”
႐ုတ္တရက္ဆိုသလိုပင္ ေငြထုပ္
ႀကီးက အေဖြးသား ဆရာေတာ့္ေရွ႕သို႔
ေရာက္လာ၏။ ကပၸိယရင္ေတြ တဒိုင္း
ဒိုင္းခုန္သြား၏။ ကဲ – ဆရာေတာ္ ဘာ
ဆက္လုပ္မည္နည္း။ ေနရင္းထိုင္ရင္း
သိန္းတစ္ရာရမည့္ကိစၥ၊ ျငင္းလွ်င္ေရာ
ဘာထူးမည္နည္း။ ဆရာေတာ္ ေခါင္းခါ
လိုက္သည္။ နဖူးမွ ေခြၽးမ်ားကို သိပ္ရင္း
သကၤန္းကို ျပင္႐ုံလိုက္သည္။ မန္ေနဂ်ာ
က ေနာက္ထပ္ေငြ တစ္ထုပ္ကို ထုတ္၍
ေရွ႕သို႔ ပုံလိုက္ျပန္၏။
“ဆရာေတာ္ – နည္းလို႔လား။ ေနာက္ထပ္ သိန္း(၂၀၀)ပါ။ စုစုေပါင္း
သိန္း(၃၀၀)ေပါ့။ ဒီေငြနဲ႔ ဆရာေတာ္
ေအးေအးေဆးေဆး ဆြမ္းခံစရာမလို၊
ထိုင္စား – စား”
“ေဟ့ – ေခြးေတြ – တိတ္စမ္း။ အခု ခ်က္ခ်င္း ေက်ာင္းတိုက္ထဲက ထြက္ သြားၾကစမ္း – ထြက္သြားၾက-ေတာက္” ဆရာေတာ္ “ဝုန္း”ခနဲ ထရပ္ၿပီး ကြမ္းအစ္ႏွင့္ ေကာက္ပစ္ပါေလေတာ့
ရာ အႏွီသူေဌးႏွင့္ လူတစ္စုသည္ ဝ႐ုန္း သုန္းကားဆင္းေျပးၾကေလေတာ့သည္။ ေက်ာင္းျပင္ေရာက္ေတာ့ မေက်မခ်မ္း
ျဖင့္ သူတို႔ဘာသာသူတို႔ နားမလည္ ႏိုင္ေသာဘာသာစကားမ်ားျဖင့္ေျပာၿပီး
ထြက္သြားၾက၏။ ဆရာေတာ္ကားအာဂ သာသနာျပဳ ဆရာေတာ္ပါတကား။
အထက္ပါ အျဖစ္အပ်က္မ်ား ျဖစ္ ပြားၿပီး သုံးလခန႔္အၾကာ၌ မြန္ျပည္နယ္
မုဒုံခ႐ိုင္အတြင္းရွိ ေပါေလး႐ြာတြင္
လင္းတႀကီးမ်ား ရာႏွင့္ခ်ီ၍လာ၍ နား
ၾကသည္ဟူေသာသတင္းတစ္ခုထိုနယ္
တစ္ဝိုက္၌ ထြက္ေပၚလာ၏။ လင္းတ
အေကာင္(၃၀)ခန႔္သည္႐ြာတစ္႐ြာလုံး
ပ်ံဝဲ၍တဂီးဂီးတဂစ္ဂစ္ျဖင့္ က်က္သေရ
ယုတ္ညံ့ေလာက္ေအာင္ အသံေပး၍
တစ္႐ြာလုံး နံေစာ္ညစ္ပတ္ေအာင္ မစင္
စြန႔္၏။ ႐ြာထဲက ကေလးမ်ားႏွင့္ အမ်ိဳး
သမီးငယ္မ်ား ထိတ္လန႔္ၿပီး မသြားရဲ၊
မလာရဲၾက။ သည္ၾကားထဲ ဘယ္က
ဘယ္လို ေရာက္လာမွန္းမသိေသာ
မတုတ္ဆိုသည့္ အ႐ူးမကလည္း ႐ြာ
စဥ္႐ိုးတစ္ေလွ်ာက္တြင္ ေပါက္ကရ
ေလွ်ာက္ေအာ္ေနေတာ့ ခက္သည္။
“ေဟး-သြားၾက-ေျပာင္းၾက
ေတာ့။ ႐ြာက မၾကာခင္ပ်က္ေတာ့မွာ။
ကပ္ဆိုးေဘးဆိုးက်မွာမို႔လို႔ လင္းတ
ေတြ ဝဲေနၾကတာ။ နင္တို႔ မေတြ႕ၾကဘူး လား။ ငါေတာ့ ေၾကာက္တယ္ – ဟား- ဟား-ဟား။ငါမေနဘူး- ငါလည္း သြား မယ္။ နင္တို႔ ေျပာင္းၾကေတာ့” ႐ြာသားေတြ လန႔္ကုန္သည္။ ဘာ
လုပ္၍ ဘာကိုင္ရမွန္းမသိ ေယာက္
ယက္ခတ္ၿပီး စီးပြားေရး မလုပ္ႏိုင္ၾက
ေတာ့ေခ်။ စီးပြားေရး မလုပ္ႏိုင္႐ုံမက
က်န္းမာေရးေတြလည္း ခ်ဴခ်ာလာၿပီး
႐ြာမွာ လင္းတေခ်းမ်ားျဖင့္ ညစ္ပတ္
နံေစာ္ကာ တိရစာၦန္ဌာေနသို႔အလား
ထင္ရ၏။ ႐ြာသူႀကီး ဦးေ႐ႊေမာင္လည္း
႐ြာသားမ်ားကိုေခၚယူၿပီး ထိုကိစၥ ေဆြး
ေႏြး၏။ ေဆြးေႏြးတိုင္ပင္လည္း အေျဖ
မထြက္ေခ်။ သည္လင္းတေတြကို
ေမာင္းမထုတ္ႏိုင္ၾက။ လင္းတဆိုတာ
ကလည္း သိသည့္အတိုင္းပင္။ လူတစ္
ရပ္နီးနီး အေကာင္ႀကီးမ်ားျဖစ္ၿပီး လူ
သားကိုေတာင္ စားတတ္သည္မဟုတ္ ေလာ။ ေတာလင္းတႀကီးမ်ား ရန္ကို ကာကြယ္႐ုံမွတစ္ပါး ေမာင္းမထုတ္ႏိုင္
ၾကေတာ့ ေဗဒင္ေမး၊ နတ္ဆရာေမးႏွင့္ တစ္ေန႔ေတာ့ နတ္ကေတာ္ ေဒၚဝင္းဝင္း ထံမွ အသံတစ္သံ ထြက္လာ၏။
“ဟဲ့ – အခုလိုျဖစ္ေနတာေတြဟာ
႐ြာထိပ္က ေစတီအိုေၾကာင့္တဲ့။ အဲဒီ
ေစတီအိုမွာရွိတဲ့ ဥစၥာေစာင့္ေတြက
သိုက္ေျပာင္းခ်င္လို႔ ေစတီကို ၿဖိဳဖ်က္
ေပးဖို႔ေတာင္းဆိုတာတဲ့။ ငါကြင္းပိုင္ႀကီး
ကို ေမးၿပီးၿပီ။ နင္တို႔ ဒီေစတီကို အျမန္
ဆုံးၿဖိဳဖ်က္လိုက္ၾက။ ဘုရားကေဟာင္း
ေနမင့္ဟာ…”
နတ္ကေတာ္ ဝင္းဝင္း စကား
ေၾကာင့္ တစ္႐ြာလုံး ဘုရားကို ၿဖိဳဖ်က္ ခ်ဖို႔မွာ သူႀကီးထံ သြားၾက၏။ သူႀကီး လည္းေတြေဝသြားသည္။
“ဒီကိစၥဟာ ငါတို႔ခ်ည္း ဆုံးျဖတ္လို႔ မျဖစ္ႏိုင္ဘူး။ ဘိုးေဘးစဥ္ဆက္ တည္ ထားခဲ့တဲ့ ဒီဘုရားကို ငါတို႔စိတ္နဲ႔ ငါတို႔ ၿဖိဳခ်ရင္ ငရဲႀကီးလိမ့္မယ္။ ဒီေတာ့ ဆရာ
ေတာ္ကို သြားေလွ်ာက္ရေအာင္”
“ဟုတ္တယ္ – ဆရာေတာ္ကေတာ့
႐ြာသားေတြကို ကယ္တင္ခ်င္စိတ္ရွိရင္ ခြင့္ျပဳမွာပဲ”
ဒီလိုႏွင့္ တစ္႐ြာလုံး ႐ြာလုံးကြၽတ္ နီးနီး ဆရာေတာ္ထံသို႔ထြက္ခဲ့ၾကေတာ့
သည္။ ဆရာေတာ္ကား ႐ြာထဲ ဆြမ္းခံ
မႂကြတာ ၾကာေခ်ၿပီ။ ေက်ာင္းဝင္းထဲ
႐ြာသူ႐ြာသားမ်ား အုတ္အုတ္ က်က္
က်က္ျဖစ္ေတာ့ ကပၸိယႀကီး ထြက္လာ
၏။
“ေဟ့ – ေက်ာင္းဝင္းထဲ ဆူဆူညံ
ညံနဲ႔ ဘာကိစၥလဲကြ”
“ဆရာေတာ္ကို ေတြ႕ခ်င္တယ္။
ဆရာေတာ္ကယ္တင္မွ ရမွာမို႔လို႔ပါ”
အသံဗလံေတြၾကားေတာ့ ဆရာ
ေတာ္ထြက္လာ၏။အားလုံးဆရာေတာ္
ကိုေတြ႕ေတာ့ အံ့အားသင့္သြားၾက၏။
အဘယ္ေၾကာင့္ဆိုေသာ္ ဆရာေတာ္
သည္ အ႐ိုးၿပိဳင္းၿပိဳင္းက်ေနၿပီး ကမၼ႒ာန္း
႐ုပ္ေပါက္ေနျခင္းေၾကာင့္ တည္း။
တကယ္ေတာ့ ဆရာေတာ့္အသက္က
(၅၀)ခန႔္သာ။ ထိုမွ်ေလာက္ အိုစာ
မသြားသင့္။ သည္ရက္ပိုင္းအတြင္း ဤ မွာ ဆရာေတာ္ ေျပာင္းလဲသြားျခင္း ေၾကာင့္ ႐ြာသားမ်ား အံ့အားသင့္ကုန္ ၏။ ဆရာေတာ္သည္ ႐ြာသားမ်ားကို
ေက်ာင္းေပါက္ဝေလွ ကားထက္မွ ရပ္
“မင္းတို႔ တစ္ေတြ ဘာကို လာ
ေတာင္းဆိုတာလည္းဆိုတာငါသိတယ္။
ဒီကိစၥကို ငါခြင့္မျပဳဘူး။ ဘာေၾကာင့္
လည္းဆိုေတာ့ဒါဟာသမား႐ိုးက်ျဖစ္စဥ္ မဟုတ္လို႔ပဲ- အဟြတ္ – ဟြတ္” ဟုေျပာရင္း ေခ်ာင္းက ဆိုးသည္။
ေသြးေတြလည္းပါ၏။
“ဟာ”
“ဟင္”
တစ္႐ြာလုံး ဝမ္းနည္းသြားၾက၏။ အားလုံးအထင္မွာေတာ့ ဆရာေတာ္
ကိုပင္ နတ္ကိုင္လိုက္ၿပီဟု ထင္ေနၾက
၏။ သည္ေတာ့ – သူႀကီးက …
“ဒါဆို – ဘယ္လိုဆက္လုပ္မလဲ – ဆရာေတာ္ဘုရား- မႀကံတတ္ေတာ့ ဘူးလား”
ဟုေမးရာ ဆရာေတာ္က ျပန္၍
တည္ၿငိမ္ကာမိန႔္ေတာ္မူသည္။
“ဒီျပႆနာေတြကို ေျဖရွင္းေပး
ႏိုင္မယ့္ ပုဂၢိဳလ္တစ္ေယာက္ ရန္ကုန္မွာ ရွိတယ္။ တစ္ေယာက္သြားေခၚေခ်။ ငါ
ဒါပဲေျပာမယ္”
ထိုစကားအဆုံးတြင္ ေက်ာင္းေရွ႕
သို႔ ကားႏွစ္စီး ထိုးဆိုက္လာၿပီး ကားထဲ
မွ ယခင္လာဖူးေသာ ကုမၸဏီ လုပ္ငန္း
ရွင္ႏွင့္ ဝန္ထမ္းမ်ား ဆင္းလာသည္။
ၿပီးေတာ့ – မန္ေနဂ်ာျဖစ္သူက သူႀကီး
ထံကပ္၍ …
“ဘာေတြဆက္လုပ္ၾကဦးမွာလဲ-
သူႀကီးရယ္။ ကြၽန္ေတာ္တို႔ ေျပာသလို
လုပ္လိုက္ပါ။ ဒီ႐ြာကို ၿမိဳ႕လိုျဖစ္ေအာင္
လုပ္ေပးမယ္။ ႐ြာသူ႐ြာသားေတြ မနစ္
နာေစရဘူးဗ်ာ။ အားလုံး ေ႐ႊသီးသြားရ
ေစ့မယ္။ ကြၽန္ေတာ္တို႔ကုမၸဏီက ႏိုင္ငံ
ေက်ာ္ပါ”
ဟု ေျပာရာ ႐ြာသားမ်ားကလည္း
ေမွ်ာ္လင့္ခ်က္မ်က္လုံးမ်ားျဖင့္ေငးေမာ
ေနၾက၏။ ကဲ- သူႀကီး- ဘာဆက္လုပ္ မည္နည္း။ ဆရာေတာ္ ေခၚခိုင္းသည့္ ပုဂၢိဳလ္ကေရာ မည္သူနည္း။
ေနခ်စ္ခ်စ္ေတာက္ပူေသာ ေႏြေန႔
လယ္ခင္းတစ္ခု၌ ကြၽႏ္ုပ္သည္ နယ္မွ
ဧည့္သည္လာမည္ဟု ႀကိဳတင္သံႀကိဳး
႐ိုက္ထားသျဖင့္ ေအာင္မဂၤလာအေဝး
ေျပးကားဝင္းထဲတြင္ ထီးတစ္ေခ်ာင္း
ျဖင့္ ေရာက္လာမည့္ ဧည့္သည္ကို
ေစာင့္ႀကိဳေနရေလ၏။ တကယ္ေတာ့-
လာမည့္သူကို တစ္ခါမွ် မသိကြၽမ္းဖူး
သလို အေၾကာင္းကိစၥလည္း မရွိပါေခ်။
လြန္ခဲ့သည္ ႏွစ္ရက္က ဖုန္းဆက္
အေၾကာင္းၾကားထားသျဖင့္ သာ လာ
ေစာင့္ေနရျခင္းျဖစ္သည္။ ဖုန္းဆက္သူ
မွာ ဆရာေတာ္တစ္ပါးျဖစ္ၿပီး မြန္ျပည္
နယ္၊ မုဒုံခ႐ိုင္အတြင္းရွိ ႐ြာတစ္႐ြာမွ
ျဖစ္ၿပီး သူတို႔႐ြာကပ္ဆိုးေဘးဆိုးက်ေန
ျခင္းကို အကူအညီလွမ္းေတာင္းျခင္း
ျဖစ္သည္။
ႀကိဳတင္ခ်ိန္းဆိုထားေသာ အခ်ိန္
တြင္ ကြၽႏ္ုပ္ ေစာင့္ႀကိဳေနေသာ ဧည့္
သည္ ေရာက္လာသည္။ အရပ္ရွည္
ရွည္၊သြားေခါေခါ၊ အသားျဖဴျဖဴ၊မြန္ႀကီး
တစ္ေယာက္ ျဖစ္၏။ သူက ေရာက္
ေရာက္ ခ်င္း.
“ေဟး- စာေရးဆရာ – ေတြ႕ရတာ
ဝမ္းသာတယ္ကြယ္”
ဟု ႏႈတ္ဆက္ေတာ့ ကြၽႏ္ုပ္လည္း အလိုက္သင့္ႏႈတ္ဆက္ရ၏။ ထို႔ေနာက္
ကားျဖင့္ အိမ္သို႔ ေခၚခဲ့ၿပီး အိမ္ေရာက္
ေတာ့ ေနရာထိုင္ခင္းေပးကာ အနားယူ
ေစ၏။ ကြၽႏ္ုပ္က ၎အား မုန႔္ႏွင့္ အခ်ိဳ
ရည္ ေကြၽးေမြးဧည့္ခံၿပီး စတင္ေမးရ
သည္။
“ကဲ- ေနာင္ႀကီး နာမည္ေလးနဲ႔
လာရင္းကိစၥကို ေျပာပါဦး”
“ဟုတ္ကဲ့ – ကြၽန္ေတာ့္ နာမည္ ကို ေအာင္ ေဘာ္ပါ။ လာရင္းကိစၥ
ကေတာ့ ဆရာေတာ္ ဦးပညာဝံသ လႊတ္ၿပီး ဆရာ့ကို အပင့္ခိုင္းတာပါပဲ။
ေရာ့ – စာကို ဖတ္ၾကည့္ဦး” ကိုေအာင္ေဘာ္က စာတစ္ေစာင္ ေပးရာ ကြၽႏ္ုပ္လည္း ေဖာက္ဖတ္
ၾကည့္ေတာ့ ဖုန္းဆက္ေျပာထားသည့္
အတိုင္း ျဖစ္ေန၏။ သူတို႔႐ြာနာမည္မွာ
“ေပါေလာ”ျဖစ္ၿပီးလြန္ခဲ့သည့္(၃)လက
ရန္ကုန္မွ ေဆာက္လုပ္ေရးကုမၸဏီ
တစ္ခုသည္ ဘုရားတည္ထားေသာ
ကုန္းေျမကိုလာဝယ္ေနသည္ဟု ဆို၏။
ဆရာေတာ္က ခြင့္မျပဳေတာ့ သူတို႔
လွည့္ျပန္သြားေသာ္လည္း႐ြာ၌ကပ္ဆိုး
ေဘးဆိုးက်ေရာဂါထူကာ လင္းတငွက္
ႀကီးမ်ား ပ်ံဝဲေနသည္ဟု သိရသည္။
ယခုအခါ႐ြာသားမ်ားမွာ ဘုရားကုန္းေျမ
ကို ၿဖိဳဖ်က္ရန္ ဆႏၵျပေနသျဖင့္ ဆရာ
ေတာ္မွာ ထိုကိစၥကို ေျဖရွင္းရန္ မစြမ္း
သာသျဖင့္ကြၽႏ္ုပ္ထံသို႔အကူအညီလွမ္း
ေတာင္းရျခင္း ျဖစ္၏။ ထူးျခားသည္မွာ
ရွက္ဖြယ္လည္း ေကာင္း၏။ ကြၽႏ္ုပ္ကား
စာသာ ေရးတတ္သည္။ ထိုကဲ့သို႔ ဂမၻီရ
ကိစၥမ်ား၌ တကယ္လုပ္ကိုင္ဖို႔ရာ
မတတ္သာပါေခ်။ ဆရာေတာ္ကလည္း
ကြၽႏ္ုပ္နာမည္ႏွင့္ စာကို ဖတ္ဖူးေနက်
ဟုဆိုသျဖင့္ ကြၽႏ္ုပ္ ေရးေသာ ဇာတ္
လမ္းမ်ားထဲကအတိုင္း ေျဖရွင္းေပးႏိုင္
လိမ့္မည္ဟု ယူဆထားပုံရသည္။ ဒီ
ေတာ့ – ကြၽႏ္ုပ္လည္း ႐ိုးသားစြာျဖင့္ ကိုေအာင္ေဘာ္ကိုရွင္းျပရေတာ့၏။
“ဒီလိုပါ – ကိုေအာင္ေဘာ္၊ ခင္ဗ်ား တို႔႐ြာရဲ႕ကိစၥကကြၽန္ေတာ္ခ်ည္းပဲေတာ့ မလုပ္ႏိုင္ဘူး။ ကြၽန္ေတာ္က အေတြ႕ အႀကဳံပဲရွိတာ။ ဘာပညာမွ်မတတ္ဘူး။ ဒီေတာ့ – တတ္တဲ့ပညာရွင္ေတြကို ေခၚ ေပးမယ္။ ခင္ဗ်ားတို႔ဘက္ကသာ ဧည့္ ဝတ္ေက်ပါေစ”
“ဟာ – စိတ္ ခ်ပါ – ဆရာရယ္။ ေအာင္ျမင္ေအာင္သာ ကူညီေပးပါ။ ကြၽန္ေတာ္တို႔႐ြာက ေတာသူေဌးေတြ ခ်ည္းပဲ။ ေက်းဇူးမေမ့ပါဘူး”
သည္လိုႏွင့္ ကြၽႏ္ုပ္သည္ ထို
ျပႆနာမ်ားကို ေျဖရွင္းရန္အတြက္
ထုံးစံအတိုင္း ဆရာႀကီး ဦးခင္စိုးကို
အေၾကာင္းၾကားေတာ့ ဆရာစိုးက ဖုန္း
ဆက္ေျပာ၏။
“ေဝယံသိန္းလား-ေအး- ဆရာ
ေျပာမယ္ကြယ္။ မင္း အခုသြားရွင္းမယ့္ ကိစၥကို ဆရာ မကူညီႏိုင္ဘူး။ ငါက အခု ယိုးဒယားက ႐ြာတစ္႐ြာမွာ ကေဝ ေသာင္းက်န္းေနတယ္ဆိုလို႔ သြားရဦး မယ္။ ဒီေတာ့ – ငါ့မိတ္ေဆြတစ္ေယာက္ လႊတ္ေပးမယ္။ မင္း သူနာမည္ မွတ္
ထား- ထိပ္တင္မိုးတဲ့။ သူက စုံစမ္းစစ္ ေဆးေရး အဖြဲ႕ခ်ဳပ္ကပဲ။ ၿပီးေတာ့ – သူက ဒီသမထပိုင္းႏွင့္ အင္းအိုင္လက္ ဖြဲ႕ပညာေတြလည္း တတ္တယ္။ မင္းကို သူကကူညီေပးလိမ့္မယ္ -ဒါပဲ” ဆရာစိုးစကားေၾကာင့္ ကြၽႏ္ုပ္
လည္း ထိပ္တင္မိုးဆိုသူကို အခ်ိန္း အခ်က္လုပ္ၿပီး ခရီးထြက္ရန္ ျပင္ဆင္ ရေတာ့၏။ ေနာက္တစ္ေန႔ နံနက္ေစာ
ေစာတြင္မွာေတာ့ ကြၽႏ္ုပ္တစ္ခါမွ် မျမင္ ဘူးေသာ ဆရာထိပ္တင္မိုးသည္ အိမ္ သို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာ
ပါေတာ့၏။
သူသည္ အရပ္အေမာင္းေကာင္း ၿပီး နဖူးက်ယ္ကာ မ်က္လုံးမ်ားက စုံေထာက္မ်က္လုံးပီပီစူးရွလွ၏။အသား
က ခပ္လတ္လတ္ျဖစ္ၿပီး ႏႈတ္ခမ္းကိုခပ္
ေစ့ေစ့ထားကာ လက္ဆြဲ ဟမ္းဘတ္စ္
အိတ္တစ္လုံးျဖင့္ အိမ္ထဲဝင္လာေတာ့
သည္။ အသက္က (၃၀)ခန႔္ ရွိသျဖင့္
လ်င္ျမန္ဖ်တ္လတ္ဦးလိမ့္မည္။ သူက ကြၽႏ္ုပ္ကိုေတြ႕သည္ႏွင့္ ၿပဳံး၍ .. “ေတြ႕ရတာ ဝမ္းသာတယ္ဗ်ာ။ ဆရာစိုး အကူအညီေတာင္းလို႔ လာရ တာ။ ဌာနကို ခြင့္ယူထားရတယ္ေလ။ အခုတာဝန္ကေနျပည္ေတာ္မွာက်တာ
ဆိုေတာ့ ေနာင္ဆို အဲဒီ့ပဲသြားေနရမွာ” ဟုေျပာရာ ကြၽႏ္ုပ္လည္း စား
ေသာက္စရာမ်ားျဖင့္ ဧည့္ခံၿပီး ျဖစ္ရပ္
အလုံးစုံကို ေျပာျပလိုက္၏။ ကြၽႏ္ုပ္
ရွင္းျပခ်က္ကို သူက စာအုပ္တစ္အုပ္
ျဖင့္ စုံေစ့စြာ မွတ္သားၿပီး သူ႔မွတ္ခ်က္
ကိုေျပာျပ၏။
“အင္း- ခက္တယ္ဗ်ာ။ အခုေခတ္ မွာက ေျမယာအေရးအခင္းေတြ ျဖစ္ေန က်ဆိုေတာ့ သိပ္ေတာ့မဆန္းပါဘူး။
ဒါေပမဲ့ − ခုဟာက ႐ြာမွာ လင္းတေတြ
ဝဲၿပီး ေရာဂါေတြ ထူတဲ့အထိ ျဖစ္လာ
တာဆိုေတာ့ ဒါဟာ ေအာက္လမ္းပညာ
ေတြ ပါမယ္ထင္တယ္။ ေသခ်ာတာက
ဒီေဆာက္လုပ္ေရး ကုမၸဏီက သူေဌး
ေတြနဲ႔ သက္ဆိုင္မယ္ထင္တယ္။ ဒီ
ေကာင္ေတြက ဝိသမေလာဘ သမား
ေတြဗ်။ ၿပီးေတာ့ – ဘာလူမ်ိဳးလဲ-လူမ်ိဳး
ျခားလား”
ဟုေမးရာ ကို ေအာင္ေဘာ္က
ေခါင္းညိတ္ျပ၏။ ထို႔ေနာက္ ကိုထိပ္
တင္မိုးသည္ ခရီးထြက္ရန္ ကြၽႏ္ုပ္အား
ျပင္ဆင္ခ်က္ေပးၿပီး ထိုေန႔ညေန၌ မုဒုံ
ကားျဖင့္ ခရီးထြက္ခဲ့ၾကေလေတာ့
သည္။
တစ္ညအိပ္ခရီးသာ ကားစီးလိုက္
ရၿပီး မိုးလင္းေတာ့ မုဒုံေရာက္၏။ ထိုမွ တစ္ဆင့္ ႐ြာသို႔ ဆိုင္ကယ္ငွားၿပီး သုံးဦး
သားထြက္ခဲ့ၾကရင္းပတ္ဝန္းက်င္အေျခ
အေနကိုလည္း ေလ့လာရေသးသည္။
ထို႐ြာသည္ ရႈခင္းရႈကြက္ေကာင္းၿပီး
ေတာင္ကုန္းငယ္မ်ားျဖင့္ ရွမ္းေမာေျမ
ကုန္းမ်ားကဲ့သို႔ လွပ၏။ ရာဘာစိုက္ခင္း
ႏွင့္ ဆီအုန္းမ်ားလည္း စိုက္ပ်ိဳးမႈကိုေတြ႕
ရသည္။ ႐ြာသို႔ ေရာက္ေတာ့ ေရာက္
ေရာက္ခ်င္းပင္ဆရာေတာ္ဦးပညာဝံသ
ရွိရာသို႔ သြားရ၏။ ေရနံေခ်းမ်ား သုတ္
လိမ္းထားေသာ မြန္ေက်ာင္းတိုက္ႀကီး
တစ္တိုက္ ကား႐ြာလယ္တြင္ ထီးထီး
မတ္မတ္ ရွိေနသည္။ ဦးပၪၥင္းႏွင့္ ကိုရင္
ေလးအခ်ိဳ႕ ေဘာလုံးကန္ေနၾကေသး
သည္။ ေတြ႕ရၿပီး ေက်ာင္းေပၚသို႔ ေရာက္
သည္ႏွင့္ ဆရာေတာ္ ဦးပညာဝံသကို
ဖူးေတြ႕ရေလေတာ့၏။
ဆရာေတာ္သည္ ေရာဂါေဝဒနာ
တစ္ခုခု ခံစားေနရဟန္ရွိ၏။
“ဒကာတို႔ ေရာက္လာေတာ့ ဘုန္း ႀကီး အားတက္ သကြယ္။ ကဲ – ကဲ –
အနားယူပါဦး။ ၿပီးမွ – ေဆြးေႏြးၾကတာ ေပါ့ – အဟြတ္ – ဟြတ္”
ဆရာေတာ္က ေနရာထိုင္ခင္းေပး ၿပီး အနားယူေစ၏။ ကြၽႏ္ုပ္တို႔လည္း
ဆရာေတာ္ေကြၽးေသာ နံနက္စာႏွင့္ မုန႔္ကုလားမည္း၊ ဒူးရင္းယို စေသာ
ဆြမ္းဘုဥ္း
သြားရည္စာမ်ားပါစားၾက၏။
ေပးၿပီးေသာအခါ၌ ဆရာေတာ္သည္
ကြၽႏ္ုပ္တို႔ႏွင့္ စကားေျပာေလသည္။
ကိုထိပ္တင္မိုးသည္ ဆရာေတာ္အား
ေလွ်ာက္တင္၏။
“တပည့္ေတာ္ – ဆရာေတာ္ရဲ႕ခြင့္
ျပဳခ်က္ရမယ္ဆိုရင္ အဲဒီေစတီပ်က္ကို
သြားၾကည့္ခ်င္ပါတယ္။ တပည့္ေတာ္
ကေတာ့ ဒီကိစၥမွာ သဘာဝမဆန္ဘဲ
ေအာက္လမ္းနည္းေတြ၊ ေဆးဝါးေတြ
သုံးထားတယ္လို႔ ထင္မိပါတယ္”
ထိုစကားေၾကာင့္ ဆရာေတာ္က
အားတက္သြားၿပီး…
“အင္း- ဘုန္းႀကီးလည္း ဒီလိုပဲ
ထင္ပါတယ္။ ခက္တာက ျပႆနာကို
သိေပမယ့္ ဘယ္လိုစလုပ္ရမွန္းကိုမသိ
တာပါပဲ။ ဒီေတာ့ – မင္းတို႔ အဆင္ေျပ သလိုသာ ေဆာင္႐ြက္ၾကပါကြယ္။ လိုအပ္တာမွန္သမွ်ကိုကူညီပါ့မယ္”
ဟုေျပာရာကြၽႏ္ုပ္ကဝင္၍…
“ဆရာေတာ္ ဘု ရား – တပည
ေတာ္တို႔ လာၿပီးေနတာကို တျခား႐ြာ
ေတြ မသိပါေစနဲ႔ – ဘုရား။ ဒီကိစၥ သိုသို သိပ္သိပ္လုပ္ရမွာမို႔ပါ”
ဟု ေျပာရာ ဆရာေတာ္က ေခါင္း တဆတ္ဆတ္ ညိတ္ျပေလသည္။ သို႔ႏွင့္ပင္ ညေနေစာင္း၌ ေရမိုးခ်ိဳးၿပီး
ကြၽႏ္ုပ္ႏွင့္ ကိုထိပ္တင္မိုးသည္ ကပၸိယ
ႀကီး၏လမ္းျပမႈျဖင့္ ဘုရားကုန္းသို႔ သြား
ၾကေတာ့၏။ လမ္းတြင္ ကိုထိပ္တင္မိုး
အား ကြၽႏ္ုပ္က သူ႔အလုပ္ကို သိခ်င္
သျဖင့္ ေမးမိသည္။
“ဒါနဲ႔ – ကိုမိုး- ခင္ဗ်ားက အစိုးရ ဌာနက အလုပ္လည္းလုပ္တယ္။ ေလာ
ကီဝိဇၨာပညာေတြလည္းလိုက္စားတယ္
ဆိုေတာ့ ဘယ္လိုမ်ားတုံးဗ်။ ေျပာျပႏိုင္
မလား”
“ဪ – ဒါလား- ဒါက ဒီလိုပါ။ လူဆိုတာ ဆႏၵနဲ႔ဘဝ ထပ္တူ ဘယ္
ေတာ့မွ မက်ဘူးဗ်။ လုပ္ေနတာက
တစ္ခု၊ ျဖစ္ေနတာက တျခားဆိုတာ
အၿမဲပါပဲ။ က်ဳပ္လည္း စားဝတ္ေနေရး
အတြက္ စုံေထာက္ လုပ္ေနရေပမယ့္
ဝါသနာက ဝိဇၨာလမ္းဗ်။ က်ဳပ္လိုင္းက
“အင္းေလ”။ ဘိုးဘိုးေအာင္လိုေပါ့ဗ်ာ”
ထိုစကားေၾကာင့္ ကြၽႏ္ုပ္လည္း စိတ္ဝင္စားသြားၿပီး ..
“ဟ-တယ္ဟုတ္ပါလား- လုပ္စမ္း
ပါဦး။ ဗဟုသုတေပါ့။ ကြၽန္ေတာ္တို႔ နားလည္ႏိုင္မယ့္ အင္းအေၾကာင္းေလး
ေပါ့- သိခ်င္လို႔ပါ”
ဟု ေတာင္းဆိုရာ ကိုထိပ္တင္မိုး က ဘုရားကုန္းသို႔ မတက္ေသးဘဲ မုခ္ ဦးေလွကားတြင္ ထိုင္ၿပီး ေဆးလိပ္ဖြာ လိုက္ေသးသည္။ ၿပီးမွ …
“ခင္ဗ်ား သိ ခ်င္ေတာ့လည္း
အၾကမ္းဖ်င္း ေျပာရတာေပါ့။ “အင္း”ဆို
တာ နာမ္ေခၚတဲ့ေသာ့တစ္ခုပဲ။ အင္း
တိုင္းမွာ အင္းေစာင့္နတ္ရွိတယ္။ အင္း
တိုင္း ေကာင္းတာမဟုတ္ဘူး။ အင္းဆို
တာမေကာင္းတဲ့ဘက္ေရာ၊ ေကာင္းတဲ့
ဘက္မွာပါ စြယ္စုံအသုံးခ်လို႔ရတယ္။
အင္းသြင္းတယ္ဆိုတာကိုယ္ခိုင္းခ်င္တဲ့
ေအာက္နတ္ (သို႔မဟုတ္) နာနာဘာဝ
တစ္မ်ိဳးမ်ိဳးကို အင္းေရးဆြဲၿပီး ေခၚတာ။
ႏႈိးတာဆိုပါေတာ့ဗ်ာ။ (၁၃၀၀)ျပည့္
ေတာင္သူလယ္သမားအေရးေတာ္ပုံမွာ
တုတ္ၿပီးဓားၿပီးတယ္ဆိုတဲ့ဂဠဳန္ဆရာစံ
ကလည္း အဲဒီအင္းေတြနဲ႔ ရန္သူကို ႏိုင္
ေအာင္ တိုက္ခဲ့တာပဲ။ အင္းေကာင္းရင္
မင္းေလာင္းေတာင္ ျပတ္သတဲ့။ အင္း
သြင္းတယ္ဆိုတာ ျမင္းသြားရွစ္ကြက္၊
ေျခာက္ကြက္စသျဖင့္ေပါ့။ မိမိေစစားလို
သူရဲ႕နာမ္ကိုအင္းရဲ႕အလယ္တည့္တည့္
အကြက္ထဲ ထည့္တာပဲဆိုပါေတာ့။
အေၾကာင္းအရာမ်ိဳးစုံအတြက္ အင္းမ်ိဳး
စုံ လုပ္လို႔ရတယ္။ ေဈးေရာင္းေကာင္း
တဲ့အင္း၊ ပီယအင္း။ ေသနတ္ၿပီး၊ တုတ္
ၿပီးဓားၿပီးအင္းရွိသလိုမေကာင္းတဲ့ဘက္
မွာ သုံးတဲ့အင္းေတြလည္း ရွိတယ္။
ေအာက္နတ္လို႔ေခၚတဲ့ အသူရကာယ္
ေတြ၊ နတ္ဘီလူး၊ ရကၡိဳသ္ေတြကို ေခၚ
ခိုင္းတဲ့ သေဘာေပါ့ဗ်ာ”
ဟု ရွည္လ်ားစြာ ရွင္းျပေသာ္
ကြၽႏ္ုပ္ကမရွင္းသျဖင့္ ထပ္ေမးရ၏။
“ဒါျဖင့္ရင္ – အင္းအိုင္စမဆိုတာ
လူတိုင္းလုပ္ႏိုင္လား။ အင္းေတြ ဒီ ေလာက္ ေကာင္းမွျဖင့္ ဘာလို႔မ်ား ကမာၻက ဒီပညာကို စိတ္မဝင္စားသလဲ ဗ်ာ။ မေပါက္လို႔လား”
“ဒါက ဒီလိုရွိတယ္။ အင္းမွာ စည္း ကမ္းရွိတယ္ေလ။ အင္းသြင္းမယ့္ လူ
သာ စရဏအား ေကာင္းရတယ္။
အက်င့္သီလေပါ့ဗ်ာ။ ေနာက္ၿပီး- မိမိ အင္းသြင္းတိုင္း သစၥာျပဳၿပီး အင္းကို
မက်ိဳးမေပါက္ေအာင္ အင္းဆံသြင္းရ
တယ္။ အင္းဆံေရးတဲ့ အခါမွာလည္း
ကြၽန္ေတာ္တို႔ သာမန္ေရးသလို ေရးရ
တာမ်ိဳးမဟုတ္ဘူးေလ။ ေရးဆြဲပုံေရးဆြဲ
နည္း ရွိေသးတယ္။ အဓိက,ကေတာ့
က်င့္ႀကံမႈေပါ့။ တစ္ဆက္တည္း အခ်ိဳး
ခ်၊ ပုံခ်နည္းေတြကလည္း စုံတယ္။ မီးရႈိ႕
ျပာခ်ၿပီး ေရစိမ္ေသာက္တာမ်ိဳး၊
ဖေယာင္းတိုင္မွာပတ္ၿပီး မီးထြန္းတာ မ်ိဳး၊ ကိုယ္မွာလိမ္းၿပီး ေဆာင္ထားတာ
မ်ိဳးေပါ့ဗ်ာ။ ရန္ကုန္မွာ ေပါပါတယ္။ ဒါမ်ိဳးက ဘုန္းႀကီးေတြထဲမွာေတာင္
လိုက္စားတဲ့လူရွိတယ္။ကဲ-ကဲ- ဘုရား တက္ၾကဦးစို႔”
သို႔ႏွင့္ပင္ ေလကန္ၿပီးသကာလ
ဘုရားကုန္းေပၚသို႔ တက္ၾကရေတာ့ သည္။ ဘုရားကုန္းေပၚေရာက္ေတာ့ ႐ြာကိုမိုးကာ ပ်ံဝဲေနသည့္ လင္းတႀကီး မ်ားကို ေတြ႕ရသည္မွာ အသည္းယား ဖြယ္ပင္တည္း။
ေစတီမွာ ခါးလယ္မွစ၍ၿပိဳက်ပ်က္ စီးေနၿပီးမြန္လက္ရာျဖစ္ကာပန္းကႏုတ္ မ်ားမွာ က်ဲက်ဲႀကီး ေဖာ္ထားသည္ကို
ေတြ႕ရ၏။ တန္ေဆာင္ငယ္မ်ားလည္း ၿပိဳပ်က္ကာ ျပဳျပင္မည္ သူ မရွိေခ်။
ကြၽႏ္ုပ္ကကပၸိယအား
“ကပၸိယ-ဒီေစတီကို ခင္ဗ်ားတို႔ ႐ြာကနည္းနည္းခ်င္းဖဲ့ၿပီးျပဳျပင္ပါ့လား။
ဘာလို႔မျပင္ၾကတာလဲ”
ဟုေမးရာ ကပၸိယဦးလွမိုးက တစ္
ေနရာသို႔လက္ညႇိဳးထိုးျပေတာ့ထိုအရာ
ကိုၾကည့္ၿပီး အံ့အားသင့္သြားရသည္။
ထိုအရာကား ေက်ာက္စာ တစ္ခ်ပ္ပင္
ျဖစ္ၿပီး မြန္ – ျမန္မာ ႏွစ္ဘာသာျဖင့္ ေရး
ထိုးထားျခင္းျဖစ္သည္။
“ဝဋ္ေႂကြးေတာ္ေျပေစတီ၊ ပ်က္ လွ်င္ ဝဋ္ေႂကြးေျပၿပီမွတ္။ ျပဳျပင္လွ်င္
ၾကမၼာဆိုး၊ ေဘးဆိုးက်ေစ” အထက္ပါအတိုင္း အဓိပၸာယ္ ရေသာစာကို ေရးထားသျဖင့္ လြန္စြာမွ်
အံ့အားသင့္ရသည္။ ဘုရားပ်က္စီးသြား ျခင္းကို ဝဋ္ေႂကြးေက်ၿပီဟု မူလတည္ခဲ့ သူကယူဆဟန္ရွိသည္။ကိုထိပ္တင္မိုး
သည္ ပတ္ဝန္းက်င္ကို လွည့္ပတ္
ၾကည့္ၿပီးေနာက္ ဦးလွမိုးအား…
“က်ဳပ္ မနက္ျဖန္မနက္ေစာေစာ ၾကက္တစ္ေကာင္ လိုခ်င္တယ္။ ကန္
မယ္”
ေတာ့ပြဲလည္း ျပင္ခ်င္တယ္။ လိုအပ္ တာေတြစီစဥ္ေပးႏိုင္မလား။
ခင္ဗ်ားတို႔
႐ြာရဲ႕ ကပ္ဆိုးေဘးဆိုး ေပ်ာက္ရေစ့
ဟုေျပာရာ ကပၸိယလည္း ရႏိုင္
ေၾကာင္း ကတိေပးသည္။ သို႔ျဖင့္
ကြၽႏ္ုပ္တို႔လည္းေမွာင္စပ်ိဳးၿပီမို႔ဘုန္းႀကီး
ေက်ာင္းသို႔ ျပန္ၿပီး ညစာစားၾကေလ
သည္။ ဆရာေတာ္ႀကီးမွာ က်န္းမာေရး
ခ်ဴခ်ာေနလင့္ကစား ပ႒ာန္း႐ြတ္ျခင္း၊
ေမတၱာပို႔ျခင္းတို႔ကို ပြားမ်ားေနေလ၏။
ထို႔ေနာက္ အာလာပ သလႅာပေျပာကာ
အိပ္ရာဝင္ခဲ့ၾက၏။
နံနက္မိုးလင္းေသာ္ ကပၸိယသည္
ကိုထိပ္တင္မိုးအလိုရွိသမွ်ကိုယူေဆာင္
၍ကြၽႏ္ုပ္တို႔ႏွင့္အတူ ဘုရားကုန္းေပၚသို႔
လိုက္ခဲ့ေလသည္။ အခ်ိန္ကား(၆)နာရီ
ခြဲခန႔္ပင္ ရွိဦးမည္။
“ခင္ဗ်ားတို႔႐ြာကို ေဆးဝါး၊ မႏၲန္
ေတြ၊ ေအာက္လမ္းနည္းေတြနဲ႔ လုပ္၊
မလုပ္ အခုပဲ သိရမယ္။ ကန္ေတာ့ပြဲ
ျပင္ပါ၊ ဆီမီးပူေဇာ္ပါ”
ကိုထိပ္တင္မိုး၏ စကားေၾကာင့္ ကြၽႏ္ုပ္တို႔လည္း သူေျပာသလို စီမံေပးရ
၏။ကပၸိယဦးလွမိုးသည္အယုံအၾကည္
မရွိ၍လားမသိ၊ စိတ္မပါ လက္မပါ လုပ္
ေနရဟန္ရွိသည္ကို ေတြ႕ရ၏။ ကိုထိပ္
တင္မိုးသည္ ကန္ေတာ့ပြဲျပင္ၿပီးေသာ
အခါအသင့္ယူလာေသာၾကက္ဖႀကီးကို
ေရွ႕တြင္ခ်သည္။ၿပီးေတာ့သူ႔လြယ္အိတ္
ထဲမွအရန္သင့္လုပ္ထားေသာအင္းျပား
တစ္ခ်ပ္ကိုထုတ္ကာ မီးရႈိ႕ေလ၏။ ျပာ
က်သြားေသာအခါ ဖန္ခြက္ငယ္တစ္
လုံးထဲသို႔ျပာမႈန႔္မ်ားကိုထည့္ကာေရစင္
ထည့္၍ လက္ညႇိဳးျဖင့္ ေမႊသည္။ ပါးစပ္
မွလည္း “နေမာေတ” အစခ်ီၿပီး ဂါထာ
မႏၲန္ ႐ြတ္ဖတ္ေလ၏။ ၿပီးေသာ္ – ထိုေရ ကို ငုံလိုက္ၿပီး “ဖြီး”ခနဲ ၾကက္ဖ၏ ေခါင္း ကိုမႈတ္ထုတ္လိုက္ေလေတာ့သည္။ *3305-3305″
ထိုအခါ ၾကက္ဖသည္ ရပ္ေနရာမွ တေတာက္ေတာက္ျဖင့္ ေလွ်ာက္သြား
ၿပီး ေစတီဝန္းက်င္ရွိ တစ္ေနရာသို႔ ဦးတည္သြားေနေၾကာင္း ေတြ႕ရေလ၏။ ကိုထိပ္တင္မိုးက..
“အဲဒီၾကက္ဖဟာ ေအာက္လမ္း
ပညာနဲ႔လုပ္ထားတဲ့ အစီအရင္ေတြကို
ေဖာ္လိမ့္မယ္။ ၿပီးရင္ – အဲဒီ့အစီအရင္
ေတြကို ဘယ္သူေတြ လုပ္လဲဆိုတာ သက္ေသျပလိမ့္မယ္။ ေစာင့္ၾကည့္
ေန
ဟု ေျပာသျဖင့္ ကြၽႏ္ုပ္လည္း အံ့
အားသင့္ရသည္။ ၾကက္ဖသည္တစ္ေန
ရာအေရာက္၌ တုန႔္ခနဲ ရပ္သြားၿပီး ေျမ
သားကိုေျချဖင့္ယက္ေတာ့၏။ သို႔ေသာ္
ေျမသားက်စ္ေနသျဖင့္ ကြၽႏ္ုပ္က ဝိုင္း
တူးေပးသည္။ ထိုအခါ စာေျခာက္႐ုပ္
ကဲ့သို႔ေသာ အ႐ုပ္ေလးတစ္႐ုပ္ကို ေတြ႕
ရ၏။ ထိုအ႐ုပ္ကိုကြၽႏ္ုပ္သိရသေလာက္ ဆိုလွ်င္အာဖရိကေတာင္ပိုင္း၌အသုံးျပဳ
ေသာ (Voo Doo)ဗူးဒူးေခၚအ႐ုပ္မ်ိဳး ျဖစ္၏။ မိစာၦဒိ႒ိေအာက္နတ္လည္း ျဖစ္ ၏။ ကိုထိပ္တင္မိုးက ၿပဳံး၍… “ဒီအ႐ုပ္က အသက္ရွိတယ္။ ႐ြာ ကိုလင္းတေတြဝဲေအာင္ ဒါကလုပ္တာ။ အဲဒါကို ျပန္ခ်လိုက္ – ကိုေဝယံ၊ ၾကက္ က ပိုင္ရွင္ဆီ သြားပို႔လိမ့္မယ္”
ဟုေျပာရာ ကြၽႏ္ုပ္လည္း အ႐ုပ္ကို
ေျမေပၚျပန္ခ်ေပးရ၏။ ထိုအခါ ၾကက္ဖ
သည္ အ႐ုပ္ကိုခ်ီ၍ေျပးသြားေသာအခါ
ကြၽႏ္ုပ္တို႔လည္း ၎ေျပးရာသို႔ ၾကည့္
လိုက္ေတာ့ ၾကက္ဖသည္ ကပၸိယ ဦးလွ
မိုးထံသို႔ ေရာက္လွ်င္ေရာက္ခ်င္း အ႐ုပ္
ကိုပစ္ခ်လိုက္ေတာ့သည္။ဦးလွမိုးသည္
ၾကက္ဖကို စူးစူးဝါးဝါးၾကည့္ကာ အသံ
နက္ႀကီးျဖင့္ ..
“ဟာ – ဒီၾကက္စုတ္ – ေသေပ
ေတာ့”
ဟုဆိုကာ ၾကက္ဖႀကီးကို ေကာက္
ကိုင္လိုက္၏။ ထိုစဥ္မွာပင္ ကိုထိပ္တင္
မိုးသည္ လြယ္အိတ္ထဲက ေသနတ္ကို
ထုတ္၍ ဦးလွမိုးကို ခ်ိန္႐ြယ္လိုက္ေတာ့
၏။
“မလႈပ္ပါနဲ႔ – ကပၸိယႀကီး။ ခင္ဗ်ား
ဆိုတာ က်ဳပ္ အစတည္းက သိတယ္။
လက္ပူးလက္ၾကပ္မိေအာင္ ဖမ္းရတာ
ပဲ။ ကိုေဝယံ – သူ႔ကို လက္ထိတ္ခတ္
လိုက္ပါ”
ကြၽႏ္ုပ္လည္း ဦးလွမိုးအား လက္ ထိတ္ခတ္ၿပီး ႐ြာထဲသို႔ ေခၚေဆာင္သြား ရေလ၏။ ထိုအခါ ႐ြာထဲ၌ လင္းတငွက္ မ်ားမရွိေတာ့သည္ကိုထူးဆန္းစြာေတြ႕
ရ ျပန္သည္။ ႐ြာသူ႐ြာသားမ်ား ဝိုင္း၍ တုတ္၊ ဓား၊ ခဲမ်ားျဖင့္ လာၾကၿပီး ဦးလွမိုး ကို ႐ိုက္ႏွက္ၾကရန္ ႀကံၾက၏။
“ေနၾကပါဦးကြယ္ – အေၾကာင္းစုံ မသိရေသးဘဲ ရမ္းမလုပ္ၾကပါနဲ႔ဦး။ ဒီအမႈမွာ သူ႔ခ်ည္းပဲ ဖမ္းရမယ္ မထင္ ဘူး။ တရားခံေတြ ရွိလိမ့္ဦးမယ္။ ကဲ-
စစ္ေမးျမန္းၾကကြာ”
သူႀကီးက ေတာင္းပန္ေတာ့မွ ႐ြာ
သားမ်ားလည္း ၿငိမ္သြားသည္။ ထိုအခါ
ကိုထိပ္တင္မိုးက ႐ြာသားမ်ားႏွင့္ ဆရာ
ေတာ္ဘက္သို႔လွည့္ကာ …
“မနက္က (၄)နာရီေလာက္ႀကီး က်ဳပ္ အေပါ့ထသြားေတာ့ ဆြမ္းစား ေဆာင္ဘက္ လွည့္ၾကည့္မိတယ္။ အဲဒီ့ မွာ ကပၸိယဟာ ဆရာေတာ္ ဘုဥ္းေပး မယ့္ ဆန္ျပဳတ္ထဲကို ေဆးမႈန႔္ေတြ ထည့္ေနတာ ေတြ႕လိုက္ရတယ္။ ဒါနဲ႔ – မသကၤာလို႔ လိုက္ေခ်ာင္းေတာ့ ကပၸိယ ဟာ ဆရာေတာ္ကို အႏုနည္းနဲ႔ လုပ္ႀကံ ေနတာပဲလို႔ သိလိုက္ရတယ္။ ဒီေတာ့ – ဒီ႐ြာကသစၥာေဖာက္ဟာသူပဲေပါ့။က်န္တာ ဆက္ေမးၾကတာေပါ့”
ဟု ရွင္းျပရာ ႐ြာသားမ်ားမွာ လြန္ စြာမွ ေဒါသူပုန္ထၿပီး ကပၸိယကို ႐ိုက္ ႏွက္ၾကရန္ ျပဳသူကျပဳ၊ ဆြဲသူက ဆြဲျဖင့္
႐ုန္းရင္းဆန္ခတ္ ျဖစ္သြားေသးသည္။ သူႀကီးက စိတ္မထိန္းႏိုင္သျဖင့္ ကပၸိယ
ႀကီးကို ပါးႏွစ္ခ်က္ ဆင့္၍႐ိုက္လိုက္၏။
အတန္ၾကာမွ ကပၸိယက … “အားလုံးပဲ – က်ဳပ္ကို သတ္ခ်င္ သတ္ၾကပါ။ က်ဳပ္ကေခြးတစ္ေကာင္ပါ။
တကယ္ေတာ့ – ဒီကိစၥမွာ အစက က်ဳပ္
မပါဝင္ပါဘူး။ လြန္ခဲ့တဲ့သုံးလေလာက္
က ရန္ကုန္ေဆာက္လုပ္ေရးကုမၸဏီက
လူတစ္စု ဆရာေတာ္ကို ဘုရားေျမ
ေနရာလိုခ်င္လို႔ ေဆြးေႏြးလာပါတယ္။
ဆရာေတာ္ကခြင့္မျပဳေတာ့သူတို႔လည္း
မေက်မခ်မ္းနဲ႔ ျပန္သြားတယ္။ ေနာက္
တစ္ပတ္အၾကာေတာ့က်ဳပ္ဆီကိုတိတ္
တဆိတ္ေရာက္လာၿပီး အ႐ုပ္တစ္႐ုပ္
ကို ဘုရားကုန္းေပၚမွာ ျမႇဳပ္ေပးဖို႔ရယ္၊
ဆရာေတာ္ကိုျဖည္းျဖည္းခ်င္းလုံးပါးပါး
ပ်ံလြန္ေတာ္မူဖို႔ရယ္ ပစၥည္းေတြ လာ
ေပးၿပီးေငြသား သိန္း(၂ဝ)နဲ႔လာဘ္ထိုး
ပါတယ္။ က်ဳပ္လည္း နတ္ကေတာ္
မဝင္းဝင္းႏွင့္ တိတ္တိတ္ပုန္းေနေန ေတာ့ အိမ္ေထာင္ျပဳခ်င္တာနဲ႔ လက္ခံမိ ပါတယ္။ အဲဒီ့အ႐ုပ္ကို ဘုရားကုန္းေပၚ မွာ ျမႇဳပ္ၿပီးကတည္းကပဲ လင္းတေတြ
ေရာက္လာတာပါ။ ႐ြာသားေတြ ဝမ္း ေလွ်ာတာကေတာ့ လင္းတေခ်းေၾကာင့္
ေရမသန႔္လို႔ ဝမ္းပ်က္ၾကတာပါ။ ၿပီး
ေတာ့ – မတုတ္ဆိုတဲ့မိန္းမကို အ႐ူးမလို
ဟန္ေဆာင္ခိုင္းၿပီး ဟိုးဘက္႐ြာငယ္
တစ္႐ြာက ေခၚလာပါတယ္။ ၿပီးေတာ့ –
မဟုတ္မဟတ္ေတြ ေလွ်ာက္ေျပာၿပီး
႐ြာကို ထိတ္လန႔္ေအာင္ လုပ္တာပါပဲ။
က်ဳပ္ကို သတ္ပစ္ပါဗ်ာ”
ဟူ၍ ရွည္လ်ားစြာ ရွင္းျပရာ ႐ြာ သားမ်ားသည္ နတ္ကေတာ္မ ဝင္းဝင္း ႏွင့္ မတုတ္ကိုလည္းဖမ္း၍ ႐ိုက္ႏွက္ ႀကိဳးတုပ္ ဖမ္းဆီးထားလိုက္ၾက၏။ ကိုထိပ္တင္မိုးသည္ ရန္ကုန္မွ ႐ုံးခ်ဳပ္ သို႔ ဖုန္းဆက္ၿပီး အဆိုပါ ေဆာက္လုပ္ ေရးကုမၸဏီသို႔ ဖမ္းဝရမ္း ထုတ္ေစ သည္။ သက္ေသအျဖစ္ တရားခံ ႐ြာမွ
သုံးေယာက္ကို ဖမ္းေခၚသြားမည္ ျဖစ္ ေၾကာင္း အားလုံးကို ေျပာျပေတာ့ တစ္ ႐ြာလုံး ၿငိမ္းခ်မ္းသြားသည္။ ကြၽႏ္ုပ္
♡.
“ကဲ- ဆရာေတာ္ကို ေဆးကုၾကဖို႔ လုပ္ပါဦး။ ကြၽန္ေတာ္ ေျပာခ်င္တာက ခင္ဗ်ားတို႔တစ္ေတြက စီးပြားလည္းရွာၾက။ ကိုယ့္အမ်ိဳး
ဘာသာသာသနာကို
လည္း ေစာင့္ေရွာက္ၾကဗ်ာ။ ဆန္တစ္
ျပည္ ေငြတစ္မတ္နဲ႔ေတာ့ အမ်ိဳးမဖ်က္
ၾကပါနဲ႔။ မိစာၦဒိ႒ိလမ္းစဥ္ေတြ မလိုက္
ၾကနဲ႔။ စာေတြ၊ ေပေတြ ဖတ္ရႈၾကပါလို႔
ကြၽန္ေတာ္မွာခ်င္ပါတယ္”
သည္။
ဟူ၍ ေျပာၿပီး နိဂုံးခ်ဳပ္ေပးလိုက္
ထို႔ေနာက္ ကြၽႏ္ုပ္ႏွင့္ ကိုထိပ္တင္
မိုးအား ဉာဏ္ပူေဇာ္ခအျဖစ္ ႐ြာမွ ေငြ
သားအခ်ိဳ႕ကို ကန္ေတာ့ရာ ကြၽႏ္ုပ္တို႔က
ထိုေငြသားထဲမွ တစ္ဝက္အား ဘုရား
ျပဳျပင္ရန္ လႉလိုက္၏။ ဆရာေတာ္က
ဝင္၍…
“ဒီေစတီကို ျပဳျပင္ဖို႔ စီစဥ္ရမယ္။
ေငြမေလာက္ရင္ ၿမိဳ႕ေပၚေတြထိ အလႉ
ခံလိုက္ရမယ္။ က်ိန္စာသင့္လည္း သင့္ ပါေစေတာ့။ ေကာင္းတာလုပ္တာပဲ ဘာမွ်ေၾကာက္စရာမလိုဘူး”
ဟူ၍ေျပာသျဖင့္ ႐ြာသားမ်ား
လည္း အားတက္ သြားၾကေလ၏။
ကြၽႏ္ုပ္တို႔လည္း တရားခံ(၃)ဦးကို ဖမ္း
ကာ ကားျဖင့္ ႐ြာထဲမွထြက္ခဲ့ၾက၏။
ေထြလာဂ်ီကားကိုထိုအခါကပထမဆုံး
စီးဖူးခ်င္ပင္တည္း။ ႐ြာေလးက သာယာ
လွေပ၏။
သို႔ေသာ္ ႐ြာထိပ္၌ကား လင္းတ
တစ္ေကာင္သည္ မပ်ံႏိုင္ေသးပဲ သစ္
ကိုင္း၌နားၿပီး ကြၽႏ္ုပ္တို႔ကို လွမ္းၾကည့္
ေန၏။ သူ ဘာေၾကာင့္မပ်ံေသးသနည္း
ဟု ကြၽႏ္ုပ္ စဥ္းစားေနမိသည္။ ကိုထိပ္ တင္မိုးက ေသနတ္ျဖင့္ မိုးေပၚေထာင္ ပစ္ေျခာက္လိုက္မွသာ။ “ဒိန္း”
“ဂီး-ဂစ္-ဂစ္”
ဟုအသံေပး၍ သူလာရာ လမ္းဆီ
သို႔ ကမူးရႉးထိုး ထပ်ံသြားေလေတာ့
သတည္း။
သဒၶိအားျဖင့္ အျမင္ရွင္းပါေစ…